← Chapters

အရှေ့နေဂိုဏ်း

Vol. 78 Ch. 1100

အရှေ့နေဂိုဏ်း

Vol. 78 Ch. 1100

ဒိီတိုက်ပွဲက အရမ်းကြာခဲ့တယ်၊ လှိုင်းသားရဲက စိတ်မရှည်တော့ပါဘူး။

"တောက်၊ ငါ ဒီနေ့ မင်းကို သွားခွင့်ပြုလိုက်မယ်။ နောက်တစ်ခါ ငါ မင်းကို မြင်တဲ့အခါကျရင် မင်း ဒီနေရာမှာပဲ အမြဲတမ်း နေရအောင် လုပ်ပြမယ်"

လှိုင်းသားရဲမှာလဲ ရန်သူတွေရှိတယ်။ သူက သူ့ရဲ့မွေးရာပါနတ်ဘုရားစွမ်းအားများစွာကို ဒီနေရာမှာ အသုံးပြုခဲ့ရင် ပြောင်မြောက်တဲ့ရန်သူတစ်ယောက်က သူ့ကို အလစ်တိုက်ခိုက်ခဲ့ရင် သူက ပျောက်ကွယ်သွားနိုင်တယ်။

သူက အရမ်းဆန္ဒမရှိပေမယ့်လဲ လီဖူချန်းကို သွားခွင့်ပြုရမှာပဲ။

"ဒါဆ်ိုလဲ ကျေးဇူးအများကြီးတင်ပါတယ်"

လီဖူချန်းက သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ကို ရရှိထားတာ အချိန်အတော်ကြာပြီ။ သူ ရပြီးမှ လှိုင်းသားရဲက သူ့ကို ရှာတွေ့ခဲ့တာ။

လှိုင်းသားရဲက အားစက်ကွင်းကို ရုတ်သိမ်းလိုက်တာကို မြင်ပြီးနောက် လီဖူချန်းက အချိန်တောင်ပံကို ချက်ချင်းထုတ်ဖော်ကာ ခြေရာလက်ရာတစ်ခုတောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့တယ်။

…

အနီရောင်စိတ်ဝိညာဉ်တောင်မှ ထွက်လာပြီးနောက် လူနေထိုင်ပုံမရတဲ့တောင်တစ်ခုကို ရောက်ရှိခဲ့တယ်။

သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ရိုးတံနှစ်ခုကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က နောက်ဆုံးမှာ အနီရောင်ပြောင်းသွားတယ်။

သူ့စိတ်ထဲမှာ အနီရောင်လျှပ်စီးတွေလက်နေသလို ခံစားရတယ်။ သူ့ရဲ့ထိုးထွင်းသိမြင်မှုက အနည်းဆုံးအဆများစွာတိုးလာတယ်လို့ လီဖူချန်းက ခံစားမိတယ်။

"မူလအဆုံးစွန်းဓားပညာရဲ့စတုတ္ထဓားကွက်နဲ့စပ်ကြောင်းမဲ့ဓားချီတို့ကို စကောက်ချက်ချရမယ်"

မူလအဆုံးစွန်းဓားပညာရဲ့စတုတ္ထဓားကွက်ဖြစ်တဲ့မူလပြန်သွားဓားပြောင်းလဲခြင်းက ဖန်တီးပြီးနောက် အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုမဖြစ်လာပေမယ့် စပ်ကြောင်းမဲ့ဓားချီကို ဖန်တီးပြီးတာနဲ့ အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုသေချာပေါက်ဖြစ်လာမယ်ဆိုတာ လီဖူချန်းက သိတယ်။

စပ်ကြောင်းမဲ့၊ စပ်ကြောင်းမဲ့၊ အပေါက်အဟကို ဝင်ဖို့ စပ်ကြောင်းမဲ့ကို အသုံးပြုခြင်း။ ဒီနတ်ဘုရားအတတ်နဲ့ ရင်ဆိုင်ရတဲ့အခါ အလွန်အမင်းထူးကဲတဲ့နတ်ဘုရားအတတ်တစ်ခုဒါမှမဟုတ်အကြွင်းမဲ့ခုခံမှုနတ်ဘုရားအတတ်တစ်ခုမဟုတ်ရင် စပ်ကြောင်းမဲ့ဓားချီရဲ့ရှေ့မှာ အသုံးဝင်မှာမဟုတ်ဘူး။ ရှိတာမရှိတာက ကွာခြားမှာမဟုတ်ဘူး။

အချိန်ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းက အတွေးတစ်ခုကို တဖြည်းဖြည်းရရှိလာတယ်။

မူလပြန်သွားဓားပြောင်းလဲခြင်းကို ပြောင်းလဲတဲ့အခက်အခဲက ဓားချီမူလပြန်သွားခြင်းကို ပြောင်းလဲတာနဲ့ တူညီတယ်။ ဒါက သူ့ရဲ့ထိုးထွင်းသိမြင်မှုက ယူလာတဲ့အခွင့်အလမ်းတစ်ခုမှန်း သိသာတယ်။

နောက်ထပ်သုံးလကြာပြီးနောက်.......

"မျှော်လင့်ထားတဲ့အတိုင်းပဲ"

လီဖူချန်းက သက်ပြင်းချလိုက်တယ်။

မူလပြန်သွားဓားပြောင်းလဲခြင်းက အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုမဖြစ်ခဲ့ဘူး၊ ၎င်းက အလယ်ဆင့်နတ်ဘုရားအတတ်ဖြစ်တယ်။

ဒါနဲ့ပတ်သက်ပြီး စဉ်းစားပြီးနောက် ခံစားမိလာတယ်။ အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုက ဖန်တီးဖို့ ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲ။

ဒါပေမယ့် ဒါက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဖြစ်ပေမယ့် မူလပြန်သွားဓားပြောင်းလဲခြင်းက အားကောင်းလွန်းတယ်။ ၎င်းက အဆုံးစွန်းတိုက်ခိုက်ရေးနတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။

ဒါ့ပြင် မူလပြန်သွားဓားပြောင်းလဲခြင်းဖြစ်စေဒါမှမဟုတ်မူလအဆုံးစွန်းဓားပညာရဲ့ပထမသုံးကွက်ဖြစ်စေ၊ နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲပြီးနောက် သူတို့ရဲ့ပုံစံက ပြောင်းလဲသွားတယ်ဆိုတာ လီဖူချန်းက သဘောပေါက်ခဲ့တယ်။

ဒါက နတ်ဘုရားကမ္ဘာရဲ့စည်းမျဉ်းနဲ့ အများဆုံးဆက်စပ်တယ်။ တကယ်တော့ နတ်ဘုရားကမ္ဘာမှာ   နတ်ဘုရားကမ္ဘာရဲ့စည်းမျဉ်းတွေနဲ့ပဲ ကိုက်ညီအောင် လုပ်ရမယ်၊ ခွင်းဝူစကြာဝဠာရဲ့စည်းမျဉ်းဒါမှမဟုတ်နတ်ဘုရားစစ်မြေပြင်ရဲ့စည်းမျဉ်းတို့နဲ့ ကိုက်ညီစရာမလိုဘူးလေ။

အခြားသူတွေက အလယ်ဆင့်နတ်ဘုရားအတတ်တွေကို ထုတ်ဖော်တဲ့အခါ မ‌ထုတ်ဖော်ခင် သူတို့က ခွန်အားကို စုဆောင်းဖို့ လိုအပ်တယ်။ ဒါပေမယ့် လီဖူချန်းက မူလပြန်သွားဓားပြောင်းလဲခြင်းကို ထုတ်ဖော်တဲ့အခါ စားရတာဒါမှမဟုတ်သောက်ရတာနဲ့ ဘာမှမကွာပါဘူး။ အရေးကြီးတဲ့အချက်ကတော့ အဲဒါက အလွန်အမင်းအားကောင်းတယ်။

လီဖူချန်းက ဆန္ဒရှိရင် သူက မူလပြန်သွားဓားပြောင်းလဲခြင်းရဲ့စွမ်းအားကို အကန့်အသတ်မဲ့ချက်ချင်းပေါက်ကွဲထွက်စေကာ ရန်သူကို တိုက်ခိုက်နိုင်တယ်။

ဒီနတ်ဘုရားအတတ်က လှိုင်းသားရဲရဲ့ကောင်းကင်ဘုံမြေကြီးဒေါသကို ကဏ္ဍတိုင်းမှာ ကျော်ဖြတ်ခဲ့တယ်။

‌နောက်တော့ လီဖူချန်းက သူ့ရဲ့စိတ်ဝင်စားမှုအားလုံးကို စပ်ကြောင်းမဲ့ဓားချီပေါ်မှာ အာရုံစိုက်ခဲ့တယ်။

မူလအဆုံးစွန်းဓားပညာနဲ့ ယှဉ်ရင် စပ်ကြောင်းမဲ့ဓားချီကို ပြောင်းလဲခြင်းက ဆယ်ဆပိုခက်ခဲတယ်။

တစ်နှစ်ကြာပြီးနောက် လီဖူချန်းက စပ်ကြောင်းမဲ့ဓားချီကို နတ်ဘုရားအတတ်တစ်ခုအဖြစ်သို့ မပြောင်းလဲနိုင်သေးဘူး။

"အလောတကြီးဖြစ်စရာမလိုပါဘူးလေ"

လီဖူချန်းက တုံ့ဆိုင်းမနေခဲ့ဘူး၊ သူ့ရဲ့ဝတ်စုံကို လဲပြီးနောက် ခရမ်းရောင်လမြို့ဆီ ပျံသန်းသွားတယ်။

ခရမ်းရောင်လမြို့က လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက အတော်လေးသက်ဝင်လှုပ်ရှားနေတာ ပုံမှန်ထက်ပိုတယ်။ လီဖူချန်းက မေးကြည့်လိုက်တယ်၊ အရှေ့နေဂိုဏ်းက စစ်သားသစ်တွေစုဆောင်းဖို့ ရောက်လာမှန်း သိလိုက်ရတယ်။

အရှေ့နေဂိုဏ်းက အစစ်အမှန်နတ်ဘုရားအဆင့်ဂိုဏ်းတစ်ခုဖြစ်ပြီး ဂိုဏ်းထဲမှာ အစစ်အမှန်နတ်ဘုရားတွေများစွာရှိတယ်။

အရှေ့နေဂိုဏ်းက အလယ်ဆင့်နဲ့အဆင့်မြင့်နတ်ဘုရားတွေကိုပဲ စုဆောင်းတယ်။ အဆင့်နိမ့်နတ်ဘုရားတွေကို မစုဆောင်းပါဘူး။

ဒါ့အပြင် အရှေ့နေဂိုဏ်းက နှစ်တိုင်း စစ်သားမစုဆောင်းပါဘူး။ သူတို့က ပုံမှန်အားဖြင့် ဆယ်နှစ်တစ်ကြိမ်၊ တစ်ခါတစ်ရံမှာ နှစ်နှစ်ဆယ်တစ်ကြိမ် စုဆောင်းလေ့ရှိတယ်။

အလယ်ဆင့်နတ်ဘုရားတစ်ယောက်က အရှေ့နေဂိုဏ်းကို ဝင်ရောက်ခဲ့ရင် သူတို့က အနည်းဆုံးပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို ရရှိပေလိမ့်မယ်။ သူတို့က ထူးခြားတဲ့ခွန်အားရှိရင် အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို ရရှိလိမ့်မယ်။

အရှေ့နေဂိုဏ်းကိုဝင်ရောက်ခဲ့တဲ့အဆင်မြင့်နတ်ဘုရားတွေအတွက်ကတော့ သူတို့က နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ကြိုက်ရာရွေးချယ်ခွင့်ရလိမ့်မယ်။

ဒါ ဟုတ်ပါတယ်၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါ၊ စစ်မှန်တဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

သာမန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲဆိုရင်တောင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် ဆယ်ဆဒါမှမဟုတ်အဆတစ်ရာပိုသန်မာပါသေးတယ်။

"နတ်ဘုရားအသုံးအဆောင်ပစ္စည်းတဲ့လား"

လီဖူချန်းက သိလိုတဲ့အမူအရာဖြစ်လာတယ်၊ အရင်က သူက နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူးလေ။

သူ သိထားတာအရ နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သန့်စင်ဖို့ဆိုရင် ကြမ်းတမ်းရက်စက်တဲ့အခြေအနေနှစ်ခုကို ကျေနပ်ဖို့လိုတယ်။ ပထမ၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းထုလုပ်သူတစ်ယောက်ဖြစ်ရမယ်၊ နတ်ဘုရားအဆင့်အင်းကွက်ကို ရေးဆွဲနိုင်ရမယ်။ ဒုတိယ၊ ပါဝင်ပစ္စည်းတွေက နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့လိုတယ်၊ အလုံအလောက်လဲ ရှိရပါမယ်။ နတ်ဘုရားအဆင့်ပါဝင်ပစ္စည်းတွေပိုများလေလေ၊ အောင်မြင်မှုနှုန်းက ပိုမြင့်လေလေပဲ။ ဥပမာအားဖြင့် လီဖူချန်း ကြေးနီပုဆိန်ရွာမှရရှိခဲ့တဲ့နတ်ဘုရားအဆင့်ပစ္စည်းတွေက နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်ဖို့မလုံလောက်ပါဘူး။ ဘာမှမရှိတာထက် ပိုကောင်းရုံမျှပါပဲ။

ဒါပေမယ့် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကိုလဲ အဆင့်တွေခွဲထားတယ်။ နတ်ဘုရားအဆင့်တွေလိုပဲ၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းစသဖြင့်......ခွဲထားတယ်။

အဆင့်မြင့်နတ်ဘုရားတစ်ယောက်က အရှေ့နေဂိုဏ်းကို ဝင်ရောက်တဲ့အခါ သူတို့က အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်လိမ့်မယ်။ ဒါ့ပြင် ၎င်းက အရေအတွက်အမြောက်များသန့်စင်ထားတဲ့စံနတ်ဘုရားအသူံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ ၎င်းမှာ လုပ်ဆောင်ချက်တစ်ခု၊ သာမန်စွမ်းအားပဲရှိပြီး ထူးခြားတာဘာမှမရှိပါဘူး။

ဒါပေမယ့် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။   ဘယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဆို အဆင်မြင့်နတ်ဘုရားတွေကို တိုက်ခိုက်စေဖို့ လုံလောက်တယ်။

အချို့သောအဆင့်မြင့်နတ်ဘုရားတွေမှာ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိပေမယ့် ထပ်မလိုချင်တဲ့သူ ဘယ်သူရှိမှာလဲ။

"တစ်ချက်ကြည့်ဖို့ ငါ ‌အရှေ့နေဂိုဏ်းကို ဝင်ရမယ့်ပုံပဲ"

အရှေ့နေဂိုဏ်း ကို ဝင်ရောက်ခြင်းက သူ့အနေနဲ့ နတ်ဘုရားကမ္ဘာအပေါ် ပိုနားလည်စေနိုင်လိမ့်မယ်လို့ လီဖူချန်းရဲ့မသိစိတ်က သူ့ကို ပြောခဲ့တယ်။

နတ်ဘုရားကမ္ဘာက မူမမှန်ဘူးလို့ သူ့မှာ ရေးတေးတေးခံစားချက်တစ်ခုရှိတယ်။

နောက်ပိုင်းမှာ လီဖူချန်းက စစ်သားစုဆောင်းရာအရပ်တစ်နေရာဆီ လျှောက်သွားခဲ့တယ်။

"မင်းက အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဆိုရင် ငါတို့အရှေ့နေဂိုဏ်းရဲ့စစ်သားတစ်ယောက်ဖြစ်လာနိုင်တယ်။ မင်းက လုံလုံလောက်လောက်သန်မာရင် အဆင့်နိမ်စစ်သားကို ကျော်လွန်ပြီး အလယ်ဆင့်စစ်သားဒါမှမဟုတ်အဆင့်မြင့်စစ်သားတစ်ယောက်ဖြစ်လာနိုင်တယ်။ အလယ်ဆင့်စစ်သားတွေကို ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို ယူဆောင်ခွင့်ပြုပြီး နှစ်တိုင်းမှာတစ်ရက်ကျင့်ကြံဖို့ အရှေ့နေရေကန်ကို ဝင်ရောက်နိုင်တယ်။ အဆင့်မြင့်စစ်သားတွေဆိုရင်တော့ သူတို့ကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို ယူခွင့်ပြုပြီး နှစ်တိုင်းမှာ သုံးရက်ကျင့်ကြံဖို့ အရှေ့နေရေကန်ကို ဝင်ရောက်နိုင်တယ်။ သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာကိုလဲ ဆယ်နှစ်ပြည့်တိုင်း တစ်ကြိမ်နားထောင်နိုင်တယ်"

စုဆောင်းရာအရပ်မှာ အလယ်ဆင့်နတ်ဘုရားတစ်ယောက်က အရှေ့နေဂိုဏ်းနဲ့ပူးပေါင်းခြင်းရဲ့အကျိုးကျေးဇူးအမျိုးမျိုးကို အာပေါင်အာရင်းသန်သန်ပြောနေတယ်။

ပြောဖို့တောင် မလိုပါဘူး၊ အရှေ့နေဂိုဏ်းနဲ့ ပူးပေါင်းဖို့ ရွေးချယ်တဲ့ အလယ်ဆင့်နတ်ဘုရားတွေများစွာ ရှိတယ်။

ကျန်သူတွေကတော့ လေ့လာစောင့်ကြည့်နေတယ်ဒါမှမဟုတ်ပူးပေါင်းဖို့ဆန္ဒမရှိဘူး။

စစ်သားတစ်ယောက်ဖြစ်ခြင်းက သေခြင်းတရားကို ရင်ဆိုင်ရလိမ့်မယ်။ အရှေ့နေဂိုဏ်းရဲ့ရန်သူက ငှက်မွေးတစ်ထောင်တိုင်းပြည်ဖြစ်ပြီး ၎င်းကလဲ အရှေ့နေဂိုဏ်းထက် မနိမ့်ကျတဲ့အစစ်အမှန်နတ်ဘုရားဂိုဏ်းတစ်ခုဖြစ်တယ်။

အကျိုးအမြတ်က ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ၎င်းတို့ကို နှစ်သက်ခံစားဖို့အတွက် အသက်ရှင်ဖို့လိုအပ်တယ်လေ။

"အရှေ့နေရေကန်လား။ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာလား"

အရှေ့နေရေကန်က အရှေ့နေဂိုဏ်းရဲ့ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေဆိုတာ သိဖို့ လီဖူချန်းက ခန်းမှန်းစရာတောင် မလိုပါဘူး။

အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာအတွက်ကတော့ ၎င်းရဲ့နာမည်အတိုင်းပဲ၊ အစစ်အမှန်နတ်ဘုရားတစ်ယောက်က နတ်ဘုရားကမ္ဘာရဲ့မဟာတာအိုကို ကိုယ်တိုင်ရှင်းပြလိမ့်မယ်ပေါ့။

အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့အဆင့်က အလွန်မြင့်တယ်။ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာကို နားထောင်ခြင်းဖြင့် နှိုင်းဆဆင်ခြင်နားလည်နိုင်ပြီး ဈာန်ဝင်စားခြင်းတွေ ဖြစ်လာကာ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်စေနိုင်မယ်။

"အဆင့်မြင့်နတ်ဘုရား‌တွေဆိုရင် ဘယ်လိုအကျိုးအမြတ်ရမလဲကို ငါ သိချင်တယ်"

လီဖူချန်းက အဆင့်မြင့်နတ်ဘုရားတစ်ယောက်အတွက်အကျိုးအမြတ်ကို အတော်လေးသိချင်နေမိတယ်။

လီဖူချန်းကပဲ သိချင်နေ‌တာမဟုတ်၊ အခြားသူတွေလဲ အတူတူပဲဆိုတာ သိသာတယ်။

"ဟေ့၊ မင်း အလယ်ဆင့်နတ်ဘုရားတွေနဲ့ ပတ်သက်ပြီးတော့ ပြောနေတာပဲ။ အဆင့်မြင့်နတ်ဘုရားတွေပတ်သက်တာကိုရော မပြောတော့ဘူးလား" လူအုပ်စုထဲမှာ အလယ်ဆင့်နတ်ဘုရားတစ်ယောက်က ကျယ်လောင်စွာ မေးလိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ စုရပ်ရှိအဆင့်မြင့်နတ်ဘုရားအူပ်သူတွေထဲကတစ်ယောက်က အင့်ခနဲညည်းလိုက်ပြီး ဘာမှမပြောပါဘူး။ အလယ်ဆင့်နတ်ဘုရားအုပ်စုကို အဆင့်မြင့်နတ်ဘုရားတစ်ယောက်အပေါ်ဆက်ဆံမှုတွေကို ပြောပြစရာမလိုဘူးလို့ သူထင်ထားမှန်း သိသာတယ်။

စစ်သားတွေရဲ့အကျိုးအမြတ်နဲ့ပတ်သက်ပြီးပြောနေတဲ့အလယ်ဆင့်နတ်ဘုရားက ရယ်ကာ ပြောလိုက်တယ်"မင်းတို့အားလုံးက အလယ်ဆင့်နတ်ဘုရားတွေပဲလေ။ မင်းတို့ကို အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အကျိုးအမြတ်တွေကို ပြောပြတော့ရော ဘာအသုံးဝင်မှာမို့လို့လဲ။ ဒါပေမယ့် မင်းတို့အားလုံး သိချင်နေမှတော့ ငါ ရှင်းပြရတာပေါ့"

လည်ချောင်းကို ရှင်းပြီးနောက် သူက ဆက်ပြောလိုက်တယ်"အဆင့်မြင့်နတ်ဘုရားတစ်ယောက်က အရှေ့နေဂိုဏ်းကို ဝင်ရောက်တဲ့အခါ သူတို့က အဆင့်နိမ့်စစ်မှူးတစ်ယောက်အနည်းဆုံးဖြစ်လာလိမ့်မယ်။ သူတို့က အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ပြီး အရှေ့ရေကန်မှာ ကျင့်ကြံနိုင်ဖို့ နှစ်တိုင်းမှာတစ်ပတ် ဝင်ရောက်နိုင်တယ်။ ငါးနှစ်ပြည့်တိုင်း သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာကို နားထောင်ခွင့်ရမယ်။ ပြောင်မြောက်တဲ့အလယ်ဆင့်နတ်ဘုရားတွေက အလယ်ဆင့်စစ်မှူးတွေဖြစ်လာပြီး အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်နိုင်တယ်၊ ‌အရှေ့နေရေကန်မှာကျင့်ကြံဖို့အတွက် နှစ်တိုင်းမှာ လဝက်တိတိ ဝင်ရောက်နိုင်တယ်။ သုံးနှစ်ပြည့်တိုင်း သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာကို နားထောင်နိုင်လိမ့်မယ်..........."

ပြောနေရင်း သူက ရပ်လိုက်တယ်။

"အဆင့်မြင့်စစ်မှူးတွေကရော....." တစ်ယောက်ယောက်က မေးလိုက်တယ်။

သူက မနာလိုအားကျတဲ့အမူအရာနဲ့ ဆက်ပြောလိုက်တယ်"အဆင့်မြင့်စစ်မှူးတစ်ယောက်က အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ပြီး နှစ်တိုင်းတစ်လကျင့်ကြံဖို့ အရှေ့နေရေကန်ကို ဝင်ရောက်နိုင်တယ်။ သုံးနှစ်ပြည့်တိုင်း သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာကို နားထောင်ခွင့်ရလိမ့်မယ်။ အဆင့်မြင့်နတ်ဘုရားတစ်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုသင်ခန်းစာကို နားထောင်တဲ့အခါ အစစ်အမှန်နတ်ဘုရားထံမှလမ်းညွှန်မှုတစ်ခုကို  မေးမြန်းနိုင်လိမ့်မယ်။ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့စကားလုံးတွေက နားထိုင်ကိုတောင် အလင်းပေါက်စေတယ်။  မင်း ဘာတစ်ခုမှ နားမလည်ရင်တောင် အကြီးအကျယ်အကျိုးရှိနိုင်ပါသေးတယ်"

"အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့လမ်းညွှန်မှုတစ်ခုလား"

"ဒီအကျိုးအမြတ်က အရမ်းကောင်းတယ်။ အစစ်အမှန်နတ်ဘုရားနဲ့အဆင့်မြင့်နတ်ဘုရားတွေက အဆင့်တစ်ခုပဲ ခြားပေမယ့် ကျင့်ကြံခြင်းအဆင့်က လုံးဝကွဲပြားတယ်"

"ဒါ ဟုတ်တယ်၊ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ထက် အများကြီးပိုမြင့်တယ်။ ပုံမှန်အားဖြင့် အစစ်အမှန်နတ်ဘုရားတစ်ယောက်က နှစ်တစ်သန်းကျော်အသက်ရှင်နိုင်လိမ့်မယ်။ ဒါ့ပြင် သူတို့က အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို ဝင်နိုင်ထွက်နိုင်တယ်"

(ချီလီယိုခါဇန်= ကမ္ဘာများစွာရဲ့အစုအဝေး)

လူတိုင်းက အပူတပြင်းဆွေး‌နွေးနေကြတော့တယ်။

"အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာလား"

ဒီစကားလုံးကို ကြားတဲ့အခါ လီဖူချန်းရဲ့နှလုံးသားက လှုပ်ခါသွားတယ်။

"လက်ရှိနတ်ဘုရားကမ္ဘာက မပြီးပြည့်စုံတဲ့နတ်ဘုရားကမ္ဘာတစ်ခုများလား"

လီဖူချန်းက ခန့်မှန်းလိုက်တယ်။

ဘေးကအသံတွေကို နားထောင်ပြီးနောက် လီဖူချန်းက ထိတ်လန့်ဖွယ်ရာအမှန်တရားတစ်ခုကို ကြားသိခဲ့ရတယ်။

သူရှိနေတဲ့နတ်ဘုရားကမ္ဘာက နတ်ဘုရားကမ္ဘာများစွာထဲကတစ်ခုဖြစ်တယ်။

နတ်ဘုရားကမ္ဘာကို အသေးစားချီလီယိုခါဇန်၊ အလတ်စားချီလီယိုခါဇန်၊ အဓိကချီလီယို‌ခါဇန်ဆိုပြီး ခွဲခြားထားတယ်။

သူတို့အထဲမှာ အသေးစားချီလီယိုခါဇန်က အဆင့်နိမ့်ဆုံးဖြစ်တယ်။ နတ်ဘုရားကမ္ဘာက ပြီးပြည့်စုံရင်တောင်မှ ၎င်းက အစစ်အမှန်နတ်ဘုရားတွေကိုပဲ ထုတ်လုပ်နိုင်ပြီး အစစ်အမှန်နတ်ဘုရားတွေထက် ပိုသန်မာတဲ့တည်ရှိမှုတွေကို မထုတ်လုပ်နိုင်ဘူး။

အလတ်စားချီလီယိုခါဇန်က မယုံနိုင်စရာပဲ။ အစစ်အမှန်နတ်ဘုရားတွေအများကြီးရှိတယ်။ ထိုနေရာမှာ အဆင့်နိမ့်၊အလယ်ဆင့်၊ အဆင့်မြင့်နတ်ဘုရားတွေက ပုရွက်ဆိန်တွေလိုပါပဲ၊ ဘာအဆင့်အတန်းမှ မရှိပါဘူး။

အလတ်စားချီလီယိုခါဇန်ကို အသေးစားချီလီယိုခါဇန်ကြီးမားတဲ့အရေအတွက်တစ်ခုက ဝိုင်းရံထားတယ်။ လီဖူချန်းလက်ရှိရှိနေတဲ့အသေးစားချီလီယိုခါဇန်ကို တောက်ပကမ္ဘာနတ်ဘုရားကမ္ဘာလို့ခေါ်တယ်။ အဆင့်နိမ့်ဆုံးနတ်ဘုရားကမ္ဘာအနေနဲ့ တောက်ပကမ္ဘာနတ်ဘုရားကမ္ဘာက အလတ်စားချီလီယိုခါဇန်ဖြစ်တဲ့ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ဗဟိုပြုကာ လှည့်ပတ်နေတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းမရေမတွက်များစွာက အမည်မသိအ‌ကြောင်းတစ်ခုကြောင့် တောက်ပကမ္ဘာနတ်ဘုရားကမ္ဘာရဲ့ရင်းမြစ်က ထိခိုက်သွားပြီး နတ်ဘုရားကမ္ဘာဥပဒေသတွေကို ပြည့်စုံမှုမရှိဖြစ်စေတယ်။ ထိုအချိန်ကတည်းက အစစ်အမှန်နတ်ဘုရားတွေကိုပဲ ထုတ်လုပ်နိုင််ရုံသာမက နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့က ဆယ်ဆပိုမိုခက်ခဲလာတယ်။

ဒိီပြဿနာကို ဖြေရှင်းဖို့ အစစ်အမှန်နတ်ဘုရားဂိုဏ်းတွေက ရှေးစစ်ပွဲအချိန်အတွင်းတည်ဆောက်ခဲ့တဲ့နတ်ဘုရားကမ္ဘာတည်နေရာရွှေ့ပြောင်းရေးအစီအရင်တွေကို စတင်ရှာဖွေခဲ့တယ်။ အရှေ့နေဂိုဏ်းနဲ့ငှက်မွေးတစ်ထောင်တိုင်းပြည်က ရှေးနတ်ဘုရားကမ္ဘာတည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်က အနီးနားရှိအသေးစားချီလီယိုခါဇန်တစ်ခုနဲ့ ချိတ်ဆက်နိုင်တယ်။

ဒါပေမယ့် တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုသာရှိပြီး အစစ်အမှန်နတ်ဘုရားဂိုဏ်းနှစ်ဂိုဏ်းရှိတယ်။ ဒါကြောင့် စစ်ပွဲတစ်ခုဖြစ်လာတာ သဘာဝပါပဲ။

အရှေ့နေဂိုဏ်းနဲ့ငှက်မွေးတစ်ထောင်တိုင်းပြည်အကြားသဘောတူညီချက်အရ နှစ်ဖက်လုရှိအစစ်အမှန်နတ်ဘုရား‌တွေက မလှုပ်ရှားရဘူး။ စစ်ပွဲရလဒ်ကို ဆုံးဖြတ်ဖို့ အစစ်အမှန်နတ်ဘုရားအောက်နတ်ဘုရားတွေကိုပဲ တိုက်ခိုက်ခွင့်ပြုခဲ့ကြတယ်။

ဒီလိုနဲ့ ဆယ်နှစ်ဒါမှမဟုတ်နှစ်နှစ်ဆယ်ပြည့်တိုင်း စစ်မှုးထမ်းကြရတယ်။

All Chapters