← Chapters

ဂုဏ်ထူးဆောင်စစ်သား

Vol. 78 Ch. 1101

ဂုဏ်ထူးဆောင်စစ်သား

Vol. 78 Ch. 1101

"ငါ နားလည်ပြီ"

လီဖူချန်းက အသက်ကို နက်ရှိုင်းစွာ ရှုသွင်းလိုက်တယ်။

နတ်ဘုရားကမ္ဘာတစ်ခုအနေနဲ့ နတ်ဘုရားတွေရဲ့အရေအတွက်က စုတ်ပြတ်လွန်းတယ်လို့ သူ ခံစားမိနေတာ အံ့ဩစရာမရှိဘူးပဲ။

တောက်ပကမ္ဘာက အသေးစားချီလီယိုခါဇန်တစ်ခုသာဖြစ်တယ်လေ။ ဒါက လုံးဝမျက်စိဖမ်းစားစရာဟုတ်မနေပါဘူး။

နှိုင်းယှဉ်မှုတစ်ခုပြုလုပ်ရင် ၎င်းက စကြာဝဠာရှိပလိန်းတစ်ခုနဲ့ ညီမျှပါတယ်လေ။

အသေးစားချီလီယိုခါဇန်မှာ အစစ်အမှန်နတ်ဘုရားတွေက အထွတ်အထိပ်တွေဖြစ်တယ်။ ဆက်လက်ကျင့်ကြံဖို့အတွက်ဆိုရင် သူတို့က အသေးစားချီလီယိုခါဇန်က ထွက်ပြီး အလတ်စားချီလီယိုခါဇန်ကို ဦးတည်ရလိမ့်မယ်။ ဒါပေမယ့် နှစ်တိုင်းမှာ အသေးစားချီလီယိုခါဇန်က အံ့မခန်းပါရမီရှင်တွေကို စုဆောင်းဖို့ အသေးစားချီလီယိုခါဇန်ဆီ လူတွေ စေလွှတ်ကြပါတယ်။

"တောက်ပကမ္ဘာရဲ့ရင်းမြစ်က ထိခိုက်ထားတယ်။ အဲဒါ နတ်ဘုရားစစ်မြေပြင်နဲ့အကြိုနတ်ဘုရားနယ်မြေတို့နဲ့ဆက်စပ်နေတာလား"

လီဖူချန်းက နတ်ဘုရားစစ်မြေပြင်နဲ့အကြိုနတ်ဘုရားနယ်မြေတို့ကို ချက်ချင်းတွေးလိုက်မိတယ်။

နတ်ဘုရားစစ်မြေပြင်နဲ့အကြိုနတ်ဘုရားနယ်မြေတို့ရဲ့ပေါ်ထွက်လာမှုက တစ်မူထူးခြားလွန်းတယ်လေ။ နတ်ဘုရားစစ်မြေပြင်နဲ့အကြိုနတ်ဘုရားနယ်မြေတို့က နတ်ဘုရားကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နတ်ဘုရားကမ္ဘာမှ ဆုတ်ပြဲလာခဲ့တယ်လို့ အခြးသာလွန်သူတွေက ခန့်မှန်းထားခဲ့ကြတယ်။

ဒါပေမယ့် ဘယ်သူက အသေးစားချီလီယိုခါဇန်တစ်ခုကို ဆုတ်ဖြဲနိုင်တာလဲ။

အသေးစားချီလီယိုခါဇန်က ဘယ်လောက်ပဲသေးငယ်နေပါစေ၊ ၎င်းက နတ်ဘုရားကမ္ဘာဖြစ်နေသေးပြီး အစစ်အမှန်နတ်ဘုရားတွေကို ထုတ်လုပ်နိုင်တယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် အစစ်အမှန်နတ်ဘုရားအထက်ကသူတွေကတောင် အသေးစားချီလီယိုခါဇန်တစ်ခုကို ဆုတ်ဖြဲဖို့ ခက်ခဲတဲ့အချိန်တစ်ခုရှိပေလိမ့်မယ်။

"အသေးစားချီလီယိုခါဇန်တစ်ခုကို ဆုတ်ဖြဲတာလား။ ဟမ့်၊ တစ်ယောက်ယောက် ဒါကို လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" တစ်စုံတစ်ယောက်က လီဖူချန်းရဲ့မေးခွန်းကို ကြားတဲ့အခါ သူက ခေါင်းကို လျင်မြန်စွ ခါယမ်းလိုက်တယ်" အသေးစားချီလီယိုခါဇန်တစ်ခုက အသေးစားချီလီယိုခါဇန်ဖြစ်ပြီး ၎င်းရဲ့အဆင့်က မမြင့်ပါဘူး။ ဒါပေမယ့် ဒါက အခြားနတ်ဘုရားကမ္ဘာတွေနဲ့ နှိုင်းယှဉ်ရင်ပေါ့လေ။ အသေးစားချီလီယိုခါဇန်တစ်ခုက နတ်ဘုရားဘုရင်တစ်ယောက်နဲ့အနည်းဆုံးယှဉ်နိုင်တယ်။ နတ်ဘုရားဘုရင်တွေက နတ်ဘုရားဟင်းလင်းပြင်ရဲ့အထွတ်အထိပ်တွေဖြစ်တယ်"

"နတ်ဘုရားဘုရင်လား။ နတ်ဘုရားဟင်းလင်းပြင်လား"

ယနေ့မှာ လီဖူချန်းက သူ့အတွက် အရမ်းအရေးကြီးတဲ့အချက်အလက်အမြောက်အများကို ရရှိခဲ့တယ်။ ဒါက သူ့ရဲ့အမြင်ကို ကျယ်ပြောစေခဲ့တယ်။

နတ်ဘုရားဘုရင်ကို ဘေးဖယ်ထားလိုက်အုံး၊ ၎င်းက အစစ်အမှန်နတ်ဘုရားတွေထက်သာလွန်တဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။

နတ်ဘုရားဟင်းလင်းပြင်က ဗလာဖြစ်ပေမယ့် ၎င်းက အဆုံးမဲ့ဖြစ်နိုင်ချေတွေနဲ့ ပြည့်နေတယ်။ ယခုထိတိုင် နတ်ဘုရားဟင်းလင်းပြင်က ဘယ်လောက်ကြီးမားသလဲကို တစ်ယောက်မှ မသိကြဘူး။ နတ်ဘုရားကမ္ဘာအားလုံးက နတ်ဘုရားဟင်းလင်းပြင်မှာပဲ မွေးဖွားခဲ့တာ။ နတ်ဘုရားဟင်းလင်းပြင်က ကြီးမားလွန်းတာကြောင့် နတ်ဘုရားကမ္ဘာများစွာကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဘူး။ တစ်ယောက်ယောက်က ကမ္ဘာဦးနတ်ဘုရားကမ္ဘာကို ရှာတွေ့တာနဲ့ သူတို့က ကြွယ်ဝချမ်းသာသွားလိမ့်မယ်။ အကြောင်းကတော့ အထဲမှာ အရင်းအမြစ်တွေ အဆုံးမဲ့ရှိတယ်လေ။ ဒါပေမယ့် အန္တရာယ်တွေလဲ အဆုံးမဲ့ရှိတယ်။ ပုံမှန်အားဖြင့် ဒီကမ္ဘာဦးနတ်ဘုရားကမ္ဘာတွေမှာ နတ်ဘုရားသားရဲတွေနဲ့ကြောက်စရာကောင်းတဲ့နတ်ဘုရားသက်ရှိပုံစံတွေရှိကြတယ်လေ။

ဒါပေမယ့် နတ်ဘုရားဟင်းလင်းပြင်ကို စူးစမ်းရှာဖွေခြင်းက လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ အစစ်အမှန်နတ်ဘုရားတွေကတောင် နတ်ဘုရားဟင်းလင်းပြင်မှာ လှည့်လည့်ဖို့ စွမ်းရည်ရှိရုံမျှပဲ။ သူတို့က နတ်ဘုရားကမ္ဘာမှအဝေးကို မသွားရဲကြဘူး။

ဒါက အဓိကအားဖြင့် အသေးစားချီလီယိုခါဇန်ပဲဖြစ်ဖြစ်၊ အလတ်စားချီလီယိုခါဇန်ပဲဖြစ်ဖြစ်၊ သူတို့က သူတို့ရဲ့ကိုယ်ပိုင်နတ်ဘုရားကမ္ဘာအားစက်ကွင်းကို ထုတ်လွှတ်ကြလိမ့်မယ်။ ဒီနတ်ဘုရားကမ္ဘာအားစက်ကွင်းက အကွာအဝေးအလွန်ကျယ်ပြန့်ပြီး နတ်ဘုရားဟင်းလင်းပြင်အန္တရာယ်တွေ အထဲမှာ ထွက်ပေါ်လာဖို့ဆိုတာ အရမ်းရှားတယ်။ အန္တရာယ်များတဲ့နတ်ဘုရားဟင်းလင်းပြင်သက်ရှိတွေကတောင် မချဥ်းကပ်ရဲကြဘူး။

အလတ်စားချီလီယိုခါဇန်နဲ့ပင်မချီလီယိုခါဇန်တို့အတွက်ကတော့ သူတို့က ပိုကြီးမားတဲ့အားစက်ကွင်းကို ဖြစ်စေတယ်။ ဒါပေမယ့် ဒိီအားစက်ကွင်းမှာ ချို့ယွင်းချက်တွေရှိတယ်။ ၎င်းက အပေါက်တွေရှိတဲ့ပိုက်ကွန်တစ်ခုနဲ့တူတယ်။ အစစ်အမှန်နတ်ဘုရားတွေက အထဲမှာ ဘေးကင်းတယ်လို့ သတ်မှတ်နိုင်ပေမယ့် လုံးဝအန္တရာယ်မရှိဘူးဆိုတာကိုတော့ အာမမခံပါဘူး။

"ကြည့်ရသလောက် အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်တာက စမှတ်ပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက အလွန်တောက်ပသွားတယ်။ အစစ်အမှန်နတ်ဘုရားဖြစ်ပြီးမှသာလျှင် သူက အခြားအသေးစားချီလီယိုခါဇန်တွေဒါမှမဟုတ်အလတ်စားချီလီယိုခါဇန်ဖြစ်တဲ့ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ဦးတည်ဖို့ စွမ်းရည်ရှိပါလိမ့်မယ်။

စစ်မှုထမ်းခြင်းက ဆက်သွားနေတယ်။

"ငါ့ကို ထည့်လိုက်"

လီဖူချန်းက လျှောက်လာတယ်။

"ကောင်းပြီ၊ စစ်မှုထမ်းကျောက်တုံးပေါ်မှာ အကြောင်းအရာတစ်ခု ချန်ထားခဲ့" စုဆောင်းရာအရပ်ရှိအလယ်ဆင့်နတ်ဘုရားက အလယ်ဗဟိုရှိ ဧရာမအဝါရောင်ကျောက်တုံးတစ်ခုကို ညွှန်ပြကာ လီဖူချန်းကို ပြောလိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ လီဖူချန်းက လျှောက်လာပြီး စစ်မှုထမ်းကျောက်တုံးပေါ်မှာ သူ့ရဲ့လက်ဝါးကို တင်လိုက်တယ်။

အခြားသူတွေလဲ ဒိလိုပဲလုပ်နေတာကို သူ မြင်ခဲ့တယ်။

"နာမည်"

အသံတစ်ခုက လီဖူချန်းရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားတယ်။

"ကျောက်တုံးစိတ်ဝိညာဉ်လား"

လီဖူချန်းရဲ့မျက်လုံးတွေက အံ့အားသင့်မှုတွေဖြစ်သွားတယ်။

သက်ရှိအရာအားလုံးမှာ စိတ်ဝိညာဉ်တွေရှိတယ်။ ဒီစစ်မှုးထမ်းကျောက်တုံးမှာ စိတ်ဝိညာဉ်ဉာဏ်ရည်ရှိပြီး ၎င်းက အထူးစိတ်ဝိညာဉ်ဉာဏ်ရည်ဖြစ်တယ်။

အချိန်တိုအတွင်းမှာ လီဖူချန်းရဲ့ပုံရိပ်နဲ့ချီတည်ရှိမှုကို စစ်မှုးထမ်းကျောက်တုံးမှာ သိုလှောင်ထားလိုက်တယ်။

"လက်ရှိအချိန်မှာ ငြင်းပယ်ရင်တော့ နောက်ကျသွားပြီ။ အချက်အလက်တွေကို စစ်မှုးထမ်းကျောက်တုံးမှာ သိုလှောင်ပြီးတာတာနဲ့ အရှေ့နေဂိုဏ်းကို သစ္စာဖေါက်လို့မရဘူး။ မင်း ဒါကို မှတ်ထားရမယ်" အလယ်ဆင့်နတ်ဘုရားက လီဖူချန်းကို ပြောလိုက်တယ်။

"နားလည်ပါပြီ"

လီဖူချန်းက နောင်တမရပါဘူး။

အရှေ့နေဂိုဏ်းနဲ့ပူးပေါင်းပြီးနောက် လီဖူချန်းကို သင်္ဘောကြီးတစ်စင်းဆီ ခေါ်ဆောင်လာတယ်။

ဒီသင်္ဘောက ကြီးမားလွန်းပြီး ၎င်းက ခရမ်းရောင်လမြို့မှမိုင်သောင်းအကွာမှရှိတဲ့တောင်တန်းတစ်ခုအထက်ကောင်းကင်မှာ ရှိတယ်။

အောက်ကနေကြည့်ရင် ၎င်းက ကောင်းကင်ကိုဖုံးအုပ်ထားတဲ့အနက်ရောင်တိမ်တစ်ခုနဲ့တူတယ်။

အပေါ်ကနေကြည့်ရင် ၎င်းက အဆင့်၁နတ်ဘုရားမြို့တစ်မြို့ထက် ပိုမသေးပါဘူး။

"ဒါက သင်္ဘောအမျိုးအစားနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ......ဒါ့ပြင် ၎င်းရဲ့အဆင့်က မနိမ့်ဘူး"

သင်္ဘောပေါ်တက်ပြီးနောက် သ‌င်္ဘောကုန်းပတ်က အလယ်ဆင့်နတ်ဘုရားနတ်ဘုရားတွေ၊ အဆင့်မြင့်နတ်ဘုရားတွေနဲ့ ပြည့်သွားတယ်။

ဒီလူတွေက အသစ်စုဆောင်းထားတဲ့စစ်သားတွေမှန်း သိသာတယ်။

စစ်သားအဆင့်ကိုစမ်းသပ်တဲ့နေရာအချို့ရှိပြီး စစ်သားအဆင့်တံဆိပ်ကို ထုတ်ပေးနေတယ်။

"လာ၊ တစ်ယောက်ပြီးမှတစ်ယောက်လာ။ အလျင်လိုစရာမလိုဘူး"

စစ်သားတစ်ယောက်ရဲ့အဆင့်ကို သတ်မှတ်ဖို့က အရမ်းရိုးရှင်းတယ်။

စစ်သားစမ်းသပ်ရေးကွင်းမှာ တိုက်ခိုက်ရေးရုပ်သေးလေးရုပ်ရှိတယ်။ ပထမတိုက်ခိုက်ရေးရုပ်သေးနဲ့ဆယ်ကွက်ဖလှယ်နိုင်တဲ့သူတွေက အ‌ဆင့်နိမ့်စစ်သားတွေဖြစ်တယ်၊ ဒုတိယတိုက်ခိုက်ရေးရုပ်သေးနဲ့ဆယ်ကွက်ဖလှယ်နိုင်တဲ့သူတွေက အလယ်ဆင့်စစ်သားတွေဖြစ်တယ်၊ တတိယတိုက်ခိုက်ရေးရုပ်သေးနဲ့ဆယ်ကွက်ဖလှယ်နိုင်တဲ့သူတွေက အဆင့်မြင့်စစ်သားတွေဖြစ်တယ်။

အဆင့်မြင့်စစ်သားအထက်မှာ ဂုဏ်ထူးဆောင်စစ်သားတွေရှိတယ်။

very rare for soldiers of this grade to appear.

ပုံမှန်အားဖြင့် အလယ်ဆင့်နတ်ဘုရားအတတ်တွေကို ဖန်တီးခဲ့တဲ့အလယ်ဆင့်နတ်ဘုရားတွေကပဲ ဂုဏ်ထူးဆောင်စစ်သားတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီအဆင့်စစ်သားတွေထွက်ပေါ်လာဖို့ဆိုတာ အရမ်းရှားတယ်။

"အဆင့်နိမ့်စစ်သား" "အဆင့်နိမ့်စစ်သား"

"အဆင့်နိမ့်စစ်သား" "အဆင့်နိမ့်စစ်သား"

အလယ်ဆင့်နတ်ဘုရားအားလုံးက စမ်းသပ်ပြီးပြီ။

အဲဒါက တစ်ယောက်ယောက်ရဲ့စမှတ်ကို ဆုံးဖြတ်နိုင်တာကြောင့် ဒီစမ်းသပ်မှုက အရမ်းအရေးကြီးတယ်။

စမှတ်ပိုမြင့်လေ၊ အရှေ့နေဂိုဏ်းရဲ့စဦးအခြေအနေမှာရရှိမယ့်အရင်းအမြစ်က ပိုကောင်းလေလေပဲ။

"ဂုဏ်ထူးဆောင်စစ်သား"

"ဘာ။ ဂုဏ်ထူးဆောင်စစ်သားတစ်ယောက်တစ်ကယ်ရှိနေတာလား"

အလယ်ဆင့်နတ်ဘုရားအတတ်ကို ဖန်တီးနိုင်တဲ့ အလယ်ဆင့်နတ်ဘုရားတွေက နည်းလွန်းတယ်လေ။ ဒါ့ပြင် ဒီလိုအလယ်ဆင့်နတ်ဘုရားတွေက အ‌ရှေ့နေဂိုဏ်းကို စောလျင်းစွာပူးပေါင်းလိုခြင်းမရှိပါဘူး။ အရှေ့နေဂိုဏ်းနဲ့မပူးပေါင်းခင် သူတို့က အဆင့်မြင့်နတ်ဘုရားတွေဖြစ်လာတဲ့အထိ စောင့်ရမယ်။ ပြီးရင်တော့ သူတို့ရဲ့အဆင့်အတန်းက ပိုမြင့်မားပေလိမ့်မယ်။

ဂုဏ်ထူးဆောင်စစ်သားက လီဖူချန်းဆိုတာ သံသယရှိစရာမလိုပါဘူး။

သူ့စွမ်းရည်ကို ဖုန်းကွယ်ပြီးနောက် သူက စတုတ္ထတိုက်ခိုက်ရေးရုပ်သေးကို ဖိနှိပ်နိုင်ရုံမျှဖြစ်ပြီး အလွယ်တကူအနိုင်မယူနိုင်ခဲ့ပါဘူး။

"ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒါ မင်းရဲ့ဂုဏ်‌ထူးဆောင်စစ်သားတံဆိပ်ပဲ" စမ်းသပ်ခြင်းကိုစစ်ဆေးနေတဲ့အဆင့်မြင့်နတ်ဘုရားက လီဖူချန်းကို ကြည့်လိုက်တယ်။

စစ်သားအဆင့်တွေကို သင်္ဘောအမျိုးအစားနတ်ဘုရားအသုံးအဆောင်ပစ္စည်းထဲမှာ စတင်ပြလာတယ်။

အဆင့်နိမ့်စစ်သားတွေက အဆိုးဆုံးသာမန်အခန်းတွေမှာပဲ နေရတယ်။ လီဖူချန်းက ဖြတ်ကျော်သွားတဲ့အခါ သူက တစ်ချက်ကြည့်လိုက်ပြီး အိပ်ရာတစ်ခု၊ စားပွဲတစ်ခု၊ ကုလားထိုင်တစ်လုံးနဲ့ လုံလောက်ရုံမျှပဲရှိတယ်ဆိုတာ သတိပြုမိခဲ့တယ်။  အလယ်ဆင့်စစ်သားတွေက အနည်းငယ်ပိုကောင်းတယ်၊ အဆင့်မြင့်စစ်သားတွေက အတ်ော‌လေးကျယ်ဝန်းတဲ့အခန်းတစ်ခန်းရှိပြီး ဂုဏ်ထူးဆောင်စစ်သားတွေမှာ အိပ်ခန်းနဲ့ဧည့်ခန်းရှိတယ်၊ ဧည့်ခန်းက မကြီးပါဘူး။

အခန်းထဲကို ဝင်ရောက်ပြီးနောက် လီဖူချန်းက ငန့်ရှင်းကာ စတင်နေထိုင်ခဲ့တယ်။

နောက်ရက်အနည်းငယ်မှာတော့ စစ်သားတွေ ပိုရောက်ရှိလာတယ်။

အခြားသူတွေထံမှ ဒီသင်္ဘောက အရှေ့နေဂိုဏ်းရဲ့နေတစ်ထောင်သင်္ဘောဆိုတာ လီဖူချန်းက သိခဲ့တယ်။ ၎င်းက အလယ်ဆင့်သင်္ဘောအမျိုးအစားနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး အကြီးမားဆုံးစစ်သားစုဆောင်းရေးသင်္ဘောဖြစ်တယ်။ အနီးနားရှိအဆင့်၂နဲ့အဆင့်၁မြို့တွေက နေတစ်ထောင်သင်္ဘောဆီ စု‌ဆောင်းထားတဲ့စစ်သားတွေကို ‌ပို့ဆောင်ကြတယ်။

လီဖူချန်းက အဆင့်မြင့်နတ်ဘုရားစမ်းသပ်ရေးကွင်းဆီ လျှောက်သွားတယ်။

အဆင့်မြင့်နတ်ဘုရားစမ်းသပ်ရေးကွင်းမှာ တိုက်ခိုက်ရေးရုပ်သေးတွေက အလယ်ဆင့်စမ်းသပ်ရေးကွင်းထက် ပိုများတယ်။

.

စုစုပေါင်းခြောက်ရုပ်ရှိတယ်။

သူတို့က အဆင့်နိမ့်စစ်မှူး၊ အလယ်ဆင့်စစ်မှူး၊ အဆင့်မြင့်စစ်မှူး၊ အဆင့်နိမ့်တပ်မှူး၊ အလယ်ဆင့်တပ်မှူး၊ အဆင့်မြင့်တပ်မှူးတို့ကို ကိုယ်စားပြုတယ်။

ဒါနဲ့ပတ်သက်ပြီး နားလည်လွယ်ပါတယ်။ အလယ်ဆင့်နတ်ဘုရားအဆင့်က အကူးအပြောင်းတစ်ခုမျှပဲ။ အဆင့်မြင့်နတ်ဘုရားအဆင့်က နတ်ဘုရားတစ်ယောက်ရဲ့မွေးရာပါထိုးထွင်းသိမြင်မှုရဲ့စစ်မှန်တဲ့ပြယုဂ်လေ။

သာမန်အဆင့်မြင့်နတ်ဘုရားတစ်ယောက်နဲ့အဆင့်မြင့်နတ်ဘုရားတစ်ယောက်အဆင့်မှာနှစ်မရေမတွက်များစွာသောင်တင်နေတဲ့အဆင့်မြင့်နတ်ဘုရားတစ်ယောက်မှာ ခြားနားချက်က အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ရှိတယ်။

နတ်ဘုရားကမ္ဘာရဲ့ရင်းမြစ်ထိခိုက်မှုကြောင့် မတိုးတက်နိုင်တဲ့အဆင့်မြင့်နတ်ဘုရားအချို့လဲရှိတယ်။ သူတို့ရဲ့ခွန်အားက အကြိုအစစ်အမှန်နတ်ဘုရားတွေနဲ့ ယှဉ်နိုင်ပြီး သာမန်အဆင့်မြင့်နတ်ဘုရားတွေက သူတို့ကို မယှဉ်နိုင်ပါဘူး။

အလယ်ဆင့်နတ်ဘုရားစမ်းသပ်ကွင်းနဲ့ ယှဉ်ရင် အဆင့်မြင့်နတ်ဘုရစမ်းသပ်ကွင်းက ပိုလွတ်လွတ်လပ်လပ်ရှိနေတယ်။ နေ့တစ်ဝက်ကြာပြီးတောင်မှ အဆင့်မြင့်နတ်ဘုရားတစ်‌ယောက်ကပဲ စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်။

လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ ပုံမှန်အားဖြင့် ဒီအဆင့်မြင့်နတ်ဘုရားတွေက အဆင့်နိမ့်စစစ်မှူးတွေနဲ့အလယ်ဆင့်စစ်မှူးတွေပဲဆိုတာ မြင်လိုက်ရတယ်။ အဆင့်မြင့်စစ်မှူးတွေက အရမ်းနည်းပြီး တပ်မှူးတစ်ယောက်မှ မထွက်ပေါ်လာသေးပါဘူး။

နောက်ဆုံးမှာတော့ စစ်သားစုဆောင်းခြင်းက ပြီးစီးသွားပါပြီ။ နေတစ်ထောင်သ‌င်္ဘောက နေအလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ချက်ချင်း ပျောက်ကွယ်သွားတယ်။

အုန်း.......

အုန်း.......

အဝေးရှိမြေပြင်က တစ်ခါတစ်ရံမှာ တုန်ခါနေတယ်။ ကောင်းကင်က သက်‌တံရောင်တွေ ပေါက်ကွဲထွက်နေတယ်။

ကမ္ဘာတစ်ခုလုံးက ကသောင်းကနင်းဖြစ်နေသလိုပဲ။

ရွှမ်း......

ကီလိုမီတာအနည်းငယ်ရှည်လျားတဲ့အလင်းမြားတစ်စင်းက နေတစ်ထောင်သင်္ဘောကို ရုတ်တရက် ဖြတ်သွားပြီး နေတစ်ထောင်သင်္ဘောအောက်မြေပြင်မှာ အပေါက်ကြီးတစ်ခုကို ဖန်တီးခဲ့တယ်။

"စစ်မြေပြင်၊ ငါတို့တွေ စစ်မြေပြင်ကို ရောက်လာတာပဲ"

သင်္ဘောကုန်းပတ်ပေါ်မှာ အလယ်ဆင့်စစ်သားတစ်ယောက်က အံ့အားတကြီးတုံ့ပြန်လိုက်တယ်။

အတိတ်မှာ စစ်သားစုဆောင်းခြင်းပြီးရင် သူတို့ကို ‌အရှေ့နေဂိုဏ်းကို ပို့ကြပြီး စစ်မြေပြင်ကို ခေါ်လာတာ ရှားပါတယ်။

"ရှေ့ပိုင်းစစ်မျက်နှာက အရေးပေါ်ဖြစ်နေတယ်။ ငါတို့တွေ နံပါတ်၇စစ်စခန်းကို တိုက်ရိုက်သွားရမယ်"

အရှေ့နေဂိုဏ်းရဲ့အဆင့်မြင့်နတ်ဘုရားတွေထဲကတစ်ယောက်က ထွက်လာပြီး ရှင်းပြခဲ့တယ်။

ဒါကို ကြားပြီးနောက် လူတိုင်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။ သူတို့ရောက်တာနဲ့ စစ်မြေပြင်ကို တန်းသွားရတယ်။ ဒါက သူတို့စိတ်ကူးထားတာထက် ပိုအန္တရာယ်များနေတာပဲ။ ဒါကို ကြိုသိရင် သူတို့က ပြန်စဉ်းစားပြီး အရှေ့နေဂိုဏ်းနဲ့ အလောတကြီးပူးပေါင်းမှမဟုတ်ပါဘူး။

"မစိုးရိမ်ပါနဲ့၊ မင်းတို့တွေ စစ်စခန်းကို ရောက်ရှိတာနဲ့ စုဆောင်းရေးစခန်းမှာ ယာယီထမ်းဆောင်ရလိမ့်မယ်။ လက်ရှိအချိန်မှာ မင်းတို့က ရှေ့တန်းကို သွားစရာမလိုဘူး၊ နောက်တန်းကနေ ထောက်ပံ့ပေးရုံပဲ"

ရှင်းပြလိုက်ပေမယ့် လူတိုင်းက စိတ်အခြေအနေပြန်မကောင်းခဲ့ပါဘူး။ ရှေ့တန်းက အရေးပေါ်ဖြစ်နေတယ်။ ‌နောက်တန်းကနေ ထောက်ပံ့တာနဲ့ ရှေ့တန်းကနေတိုက်ခိုက်တာက ကွာခြားချက်သိပ်မကြီးပါဘူး။ တိုက်ပွဲကို စောစောစီးစီးပူးပေါင်းတာနဲ့နောက်ကျမှပူးပေါင်းတာကြားကွာခြားချက်တစ်ခုမျှပါပဲ။

All Chapters