← Chapters

သွေးစွန်းနေသော မက်မွန်ပန်းများ ၃

Vol. 53 Ch. 521

သွေးစွန်းနေသော မက်မွန်ပန်းများ ၃

Vol. 53 Ch. 521

ခရမ်းရွှေရောင်မီးတောက်များမှာ ကောင်းကင်ဘုံဖီးနစ်တစ်ကောင် ပျံသန်းနေသကဲ့သို့ တဟုန်းဟုန်း တောက်လောင်နေပြီး မိစ္ဆာဝိညာဉ်များကို ဖယ်ရှားရှင်းလင်းပစ်နေသည်။

အခြေအနေ ဆိုးရွားလာသည်ကို မြင်သောအခါ ထောင်ယွမ်စံအိမ်သခင် သည် လက်ချောင်းများကို ပွတ်တိုက်ကာ ဂါထာမန္တန်တစ်ခုကို ထပ်မံ ရွတ်ဆိုလိုက်ပြန်၏။

ဧရာမ မျက်နှာတစ်ထောင် မိစ္ဆာဝိညာဉ်ကြီး က တိုက်ရိုက် ရိုက်ချလိုက်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ပင်။

မရေမတွက်နိုင်သော မျက်နှာများမှာ မီးခိုးရောင်မြူခိုးများထဲသို့ ဝင်တိုက်မိသွားပြီး၊ နက်ရှိုင်းသော ကျင်းကြီးအတွင်း၌စူးရှသော အော်ဟစ်ငိုယိုသံများ ဟိန်းထွက်သွားတော့သည်။

နောက်ဆုံးတွင် မီးခိုးရောင်မြူခိုးများ ကင်းစင်သွားသောအခါများစွာသော မျက်နှာများမှာ အစိတ်စိတ်အမွှာမွှာကွဲအက်သွားပြီး သူတို့၏ ကြောက်မက်ဖွယ်ကောင်းမှုတွင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်တစ်ခုကို ထပ်ပေါင်းထည့်လိုက်သကဲ့သို့ ဖြစ်သွား၏။

ဤဒူးထောက်နေသော ဧရာမမျက်နှာတစ်ထောင် ရုပ်တုကြီးရှေ့တွင် ရှန်းယီသည် လက်နှစ်ဖက်ကို ဘေးချကာရပ်နေပြီး သူ၏ ဝတ်ရုံဖြူလေးမှာ လေထဲတွင် အနည်းငယ်လွင့်တက်နေကာ ထူထပ်လှသောနာကျည်းမှုများကို ဖယ်ရှားပစ်နေသည်။

သူ၏ ဝတ်ရုံဖြူပေါ်တွင် ခရမ်းရွှေရောင် မီးတောက်များက ကခုန်နေကြ၏။

၎င်းမှာ ဧရာမနေမင်းကြီးကို နောက်ခံထားသော ခရမ်းရောင်တိမ်တိုက်များနှင့် တူလှသည်။

ကြောက်မက်ဖွယ်ကောင်းသော ရုပ်တုကြီးမှာ ထိုသွယ်လျသောပုံရိပ်လေး၏ရှေ့တွင် ဒူးထောက်နေရသည်။

ရှန်းယီသည် ခြေလှမ်းများကို ဖွဖွလေး လှမ်းလိုက်ပြီး ရုပ်တုကြီး၏ ခေါင်းပေါ်သို့ တက်ကာ၊ ကျောရိုးတစ်လျှောက်ကျော့ရှင်းစွာ လျှောက်လှမ်းသွားပြီး ကောင်းကင်ပေါ်ရှိ အိုမင်းရင့်ရော်နေသော အဘိုးကြီးထံသို့ ချဉ်းကပ်သွား၏။

တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးအတွက် ဤဝတ်ရုံမှာပေါ့ပေါ့ပါးပါး ဝတ်ဆင်ရသော အဝတ်အစားမျှသာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဝတ်ရုံ၏ စွမ်းအားဖြည့်တင်းမှုနှင့်အတူ တဟုန်းဟုန်းတောက်လောင်နေသော ခရမ်းရွှေရောင်မီးတောက်ပလ္လင်ကြီးမှာ ထောင်ယွမ်စံအိမ်တစ်ခုလုံးကိုပင် အရည်ပျော်သွားစေနိုင်စွမ်း ရှိပုံရသည်။

သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကျယ်ဝန်းသောဝတ်ရုံလက်စအောက်ရှိ သူ၏ လက်မောင်းတွင် ထက်ရှသော လက်ပတ်ချပ်ဝတ် တစ်စုံရုတ်တရက် ပေါ်လာသည်။ ၎င်းတို့သည်လည်း မီးခိုးရောင်ဖြစ်သော်လည်း၊ အမှောင်တာအိုနန်းတော်အတွင်း ပြည့်နှက်နေသော နာကျည်းမှု မီးခိုးရောင်မြူခိုးများနှင့် မတူဘဲ ဤချပ်ဝတ်တန်ဆာ၏ မီးခိုးရောင်မှာ အရာအားလုံး၏အဆုံးသတ်ဖြစ်သော ဟင်းလင်းပြင် နှင့် ပိုတူလေ၏။

ခရမ်းရောင်ဟုန်မုန့်ချီဖြင့် ဖုံးလွှမ်းကာ ကွေရှမသေမျိုးချပ်ဝတ်ဖြင့် ကာကွယ်ထား၏။

ရှန်းယီသည် ထောင်ယွမ်စံအိမ်သခင်၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။

ထိုအချိန်တွင် နက်ရှိုင်းသောကျင်းကြီးအတွင်းရှိ အရာအားလုံးမှာရပ်တန့်သွားသကဲ့သို့ ရှိနေသည်။

စစ်သူကြီး တောက်ဟိုင် နှင့် မိုးပြာရေနတ်ဆိုးကြံ့တို့မှာ အဆုံးမဲ့ ယတိုက်ပွဲတစ်ခုတွင် နပန်းလုံးနေကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသည့် ကျောက်စိမ်းနတ်ဆိုးကြံ့ကြီးသည်လည်း လှောင်ပြောင်ရယ်မောလိုက်ကာ သူ၏ ကျယ်ပြန့်သော လက်ဖဝါးများကို ခေါင်းပေါ်သို့ မြှောက်လိုက်ပြီး လက်သီးများကို တူလိုမျိုး ဆုပ်ကိုင်ကာ ကောင်းကင်မှ ဆင်းသက်လာပြီး မိုးပြာရေနတ်ဆိုးကြံ့ကြီး၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ထုချလိုက်တော့သည်။

ဘုန်း

တိုက်ခိုက်ရန်အခွင့်အရေး ယူရမည့် တောက်ဟိုင်သည် ယခုအခါ အဆပေါင်းများစွာတိုးလာသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။

သူသည် မိုးပြာရေနတ်ဆိုးကြံ့ကြီး၏ ခေါင်းကို အောက်မှပင့်ကာ ထောက်ထားပြီးတစ်ဖက်လူကို အတင်းအကျပ်မော့ကြည့်စေကာ တိုးတိုးလေး ပြောလိုက်သည်။ "ကြည့်စမ်း။"

မိုးပြာရေနတ်ဆိုးကြံ့ကြီးသည် တောက်ဟိုင်၏ ညာဘက်ပခုံးကိုလက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သော်လည်း တောက်ဟိုင်မှာ မည်သည့် တုံ့ပြန်မှုမျှမရှိဘဲ အပေါ်သို့သာ ဆက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"မင်း ဘာကို ကြည့်နေတာလဲ"

"အစစ်အမှန်ကောင်းကင်ကို... ကြည့်နေတာ..."

စစ်သူကြီး တောက်ဟိုင်၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများမှာ ရူးသွပ်မှုအဖြစ် ပြောင်းလဲသွားသည်။

ထိုစကားကြောင့် မိုးပြာရေနတ်ဆိုးကြံ့ကြီးမှာ အလိုအလျောက် အပေါ်သို့ မော့ကြည့်လိုက်မိသည်။ နောက်တစ်ခဏတွင် ကောင်းကင်တစ်ခုလုံးပြည့်နှက်နေသော ထိုခရမ်းရွှေရောင်မျက်လုံးများ၏ စိုက်ကြည့်မှုအောက်တွင် သူ၏ တစ်ကိုယ်လုံး အေးစက်သွားသည်ကို ခံစားလိုက်ရ၏။

လူတိုင်းနီးပါး၏မြင်ကွင်းထဲတွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုဖြူဝင်းပြီးချောမောလှသော မျက်နှာသည် ဖြည်းဖြည်းချင်း လှည့်ကြည့်လာရာ၊ ၎င်း၏ ခရမ်းရွှေရောင် မျက်လုံးများထဲတွင် မိုးမြေ၏ နိယာမများ အားလုံး ပါဝင်နေသကဲ့သို့ ရှိနေသည်။

ဖောင်း ဖောင်း ဖောင်း

နက်ရှိုင်းသောကျင်းကြီးအတွင်း၌ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ဟိန်းထွက်လာပြီး၊ မရေမတွက်နိုင်သော သွေးများပန်းထွက်လာကာ တောင်ပေါ်ရှိ မက်မွန်ပန်းများထက်ပင် ပိုမို တောက်ပနေတော့သည်။

ပုံရိပ်တစ်ခုပြီးတစ်ခု ချက်ချင်းပင်အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။

ကျင်းကြီးမှာ တစ်ခဏချင်းအတွင်းမှာပင် ဆူပွက်နေသော သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။

ရှန်းယီသည် မျက်နှာတစ်ထောင် မိစ္ဆာဝိညာဉ် ရုပ်တုကြီးပေါ်တွင် ရပ်နေသည်။ မြေမှုန့်ပင် မတင်နိုင်အောင်ဖြူဖျော့နေသော ကျောက်စိမ်းကဲ့သို့ သူ၏လက်ချောင်းထိပ်လေးများဖြင့် အနက်ရောငါသံမှိုတစ်ခုကို ကိုင်ဆောင်ထားပြီး၊ အဘိုးကြီး၏ နဖူးတည့်တည့်သို့ စိုက်သွင်းလိုက်သည်။

ပြင်းထန်လှသော နာကျင်မှုရိုက်ခတ်လာမှသာလျှင် ထောင်ယွမ်စံအိမ်သခင်သည် မှင်သက်မှုမှ သတိပြန်လည်လာပြီး၊ ဗီဇအရ တာအိုနည်းစနစ်တစ်ခုကို ရွတ်ဆိုရန် ကြိုးစားလိုက်သော်လည်း တာအိုနန်းတော် နှင့် သူ၏ ဆက်သွယ်မှုမှာ ရုတ်တရက် အတင်းကျပ်ပိတ်ဆို့ခံလိုက်ရလေ၏။

သူ ထိုသို့ မှင်သက်သွားသည့် ခဏလေးအတွင်းမှာပင်...

သူ၏ ခန္ဓာကိုယ်မှာ ဆန်းကြယ်သော သံကြိုးဆယ်ချောင်းဖြင့် ချည်နှောင်ခံလိုက်ရပြီး၊ သူ၏ နဖူး၊ ပါးစပ်၊ နှာခေါင်း၊ ခြေလက်များနှင့် ရင်ဘတ်တို့ကို သီးခြားစီ ချိတ်ပိတ်ခံလိုက်ရသည်။

အမှောင်တာအိုနန်းတော်အတွင်း၌ ဒုတိယမြောက် တာအိုနည်းစနစ်ကို စတင် စုစည်းနေပြီ ဖြစ်သည်။ သို့သော် ယခင်ကထက် များစွာ နှေးကွေးနေ၏။

ထောင်ယွမ်စံအိမ်သခင်သည် သူ့ရှေ့မှ လူငယ်လေး ဝတ်ရုံလက်စကို ခေါက်တင်လိုက်သည်ကို ထိတ်လန့်တကြား ကြည့်နေမိသည်။ ထိုချောမောသောမျက်နှာမှာ ပြောင်းလဲမှု မရှိသော်လည်း ယခုအခါတွင်မူ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခု စွန်းထင်နေ၏။

ရုတ်တရက်အရပ်မျက်နှာ အနှံ့အပြားမှ ပြင်းထန်လှသော လက်သီးချက်များ ကျဆင်းလာတော့သည်။။

သူသည် ပြီးပြည့်စုံခြင်းထိကျွမ်းကျင်ထားသော ထျန်းယန် ၄၉ ကို နောက်တစ်ကြိမ် အစွမ်းကုန် အသုံးပြုလိုက်ပြန်သည်။

ဂိုဏ်းချုပ်ဝတ်ရုံ၏ လက်ထဲတွင် ရွှမ်ချင်း၏ လက်ဆောင်၊ စိတ်ဝိညာဉ်နည်းစနစ် နှစ်ခုနှင့် ဆန်းကြယ်သောသံကြိုးများ အားလုံး ပေါင်းစပ်သွားသည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ရှိသူကို အဆင့်ကြီး နှစ်ဆင့်ကျော်လွန်ပြီး တိုက်ခိုက်နေခြင်းဖြစ်ပေ၏။ ဤအလွန်အမင်း အဓိပ္ပာယ်မဲ့လှသော စွမ်းဆောင်ရည်မှာ နန်ယန်ဂိုဏ်းသား အားလုံး၏ မျက်စိရှေ့တွင် ရှင်းလင်းစွာ ပေါ်လွင်နေတော့သည်။

အမှောင်တာအိုနန်းတော်အတွင်းမှ မီးခိုးရောင်မြူခိုးများ တဟုန်းဟုန်းတက်လာပြီး၊ အောက်ဘက် မြေပြင်ဆီသို့ ဆိုးယုတ်သော စွမ်းအင်များ ရွာသွန်းချလာသည်။

သို့သော် ထိုကျော့ရှင်းလှသော ပုံရိပ်ကို လိုက်မီရန်ပင် အလွန် ခက်ခဲနေကြသည်။

ဝတ်ရုံဖြူသည် လေထဲတွင် လွင့်မျောနေပြီး၊ လှုပ်ရှားမှုတစ်ခုတိုင်း အိုမင်းရင့်ရော်နေသော အဘိုးကြီး၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရ၏။

အသက်ရှုကြိမ် ဒါဇင်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။

သို့သော် ထောင်ယွမ်စံအိမ်သခင်မှာမူ နှစ်ပေါင်းများစွာကြာသွားသကဲ့သို့ ခံစားရပြီး၊ မိမိကိုယ်တိုင် အကြိမ်တစ်ထောင်မျှထုဆစ်ခံထားရသော သံတုံးတစ်တုံးဖြစ်သွားသော်လည်း ပုံစံမပြောင်းလဲနိုင်သေးသည့်အလား ခံစားနေရသည်။

အဘယ်ကြောင့်ဆိုသော် တူကို ကိုင်ဆောင်ထားသူသည် သံကောင်းတစ်တုံးကို ထုဆစ်ရန် ရည်ရွယ်ချက် မရှိဘဲ၊ သူ၏ ရင်ထဲမှ ဒေါသများကို ဖွင့်ထုတ်နေခြင်းသာ ဖြစ်သောကြောင့်တည်း။

အိုမင်းရင့်ရော်နေသော အဘိုးကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် ခဏမှာပင်။

လက်ချောင်းငါးချောင်းက သူ၏ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်လိုက်၏။

သူ၏ တာအိုဝိညာဉ်၏ ကိုယ်တွင်းအင်္ဂါငါးခုကို ပြတ်သားစွာ ချေမှုန်းပစ်လိုက်သည်။

ပြင်းထန်လှသော ရွှေရောင်မီးတောက်များက သူ့ကို ပြာအဖြစ် လောင်ကျွမ်းသွားစေ၏။

သွေးပင်လယ်ကို နင်းထားသော ရှန်းယီသည် ကောင်းကင်ယံရှိ တာအိုနန်းတော်ကြီး အလွှာလိုက် အလွှာလိုက်ပြိုကျသွားသည်ကို ကြည့်ကာ နောက်ဆုံးတွင် နောက်ကျိသော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"ဟူး။"

သူ၏ နောက်ကွယ်တွင် ကျောက်နံရံများပေါ်ရှိ ပုံရိပ်များမှလွဲ၍ နန်ယန်ဂိုဏ်း၏ အထောက်တော်များနှင့် ပျက်စီးနေသော ကျောက်ရုပ်သေး နှစ်ရုပ်သာ ကျင်းကြီးတစ်ခုလုံးတွင် ကျန်ရှိတော့သည်။

လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့သော လှပသည့် သွေးပန်းပွင့်များမှာ ယခုအခါ မြေပြင်ထဲသို့ စိမ့်ဝင်သွားပြီ ဖြစ်သည်။ သွေးမည်းနှင့် အနံ့ဆိုးထွက်နေသော ရွှံ့နွံများကြောင့် အရိုးတောင်ကြီးမှာ ၎င်း၏ အရောင်အဝါကို ဆုံးရှုံးသွားရ၏။

ရှန်းယီသည် သူ၏ အသက်ရှုသံကို အနည်းငယ် ညှိလိုက်ပြီးနောက် အစီအရင်ဆီသို့ လှည့်လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။

"တစ်ယောက်မှ အရှင်မထားနဲ့။"

ထိုစကားအဆုံးတွင် ကျောက်စိမ်းနတ်ဆိုးကြံ့ကြီးနှင့် စစ်သူကြီး တောက်ဟိုင်တို့သည် တပြိုင်နက်တည်းခုန်ထွက်သွားပြီး အစီအရင်ဆီသို့ တည့်တည့်မတ်မတ် သွားကြတော့သည်။

သူတို့၏ ထိပ်သီးအစောင့်အရှောက်များ မရှိတော့သဖြင့် ကျန်ရှိနေသော ထောင်ယွမ်စံအိမ်မှ တပည့်များမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၈ ရှိ ကျောက်ရုပ်သေးနှစ်ရုပ်၏ သတ်ဖြတ်မှုကို ခုခံရန် အလွန် ခက်ခဲသွားကြသည်။

ဖောင်း

နုနယ်သောမက်မွန်ပန်းများပေါ်သို့ သွေးများ စင်ဟပ်သွားပြီး ၎င်းတို့ကို ပို၍ပင် တောက်ပသွားစေသည်။

တောအုပ်အတွင်း၌ မျှော်လင့်ချက်မဲ့နေသော ငိုယိုအော်ဟစ်သံများ ဟိန်းထွက်နေ၏။

ဖြစ်စဉ်တစ်ခုလုံးမှာ အချိန်အကြာကြီး မယူခဲ့ပေ။

မကြာမီ မူလ ခန်းမကြီးအတွင်း၌ တုန်ယင်နေသော ပုံရိပ်သုံးခုသာ ကျန်ရှိတော့သည်။

"ဂိုဏ်းချုပ်ရှန်း... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အထင်လွဲပြီး မသတ်ပါနဲ့၊ ကျွန်တော်တို့က မက်မွန်ပန်းတွေကို လာကြည့်ရုံ သက်သက်ပါ"

"ကျွန်တော်တို့က မဟာမိတ်ဂိုဏ်း ကပါ၊ ချင်းယွဲ့ဂိုဏ်းလေ... ချင်းယွဲ့ဂိုဏ်းက ခင်ဗျားတို့ကို အရင်က အများကြီး ကူညီခဲ့ဖူးတာလေ၊ ခင်ဗျား မေ့သွားပြီလား"

ကောင်းကင်ဓားဂိုဏ်း မှ အကြီးအကဲသည် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်နေပြီး၊ ချင်းယွဲ့ဂိုဏ်းမှ တာဝန်ရှိသူမှာ ဆက်သွယ်မှုများကို အသည်းအသန် ရှာဖွေနေသည်။

တုနှိုင်းမဲ့ယဂိုဏ်းမှ တာဝန်ရှိသူ တစ်ဦးတည်းသာ မျက်နှာဖြူရော်ကာ မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချနေ၏။

ထပ်ခါထပ်ခါခင်းကျင်းထားသော ဓာတ်ကြီးငါးပါးမဟာအစီအရင်က သူတို့အားလုံးကို ထောင်ယွမ်အိမ်အတွင်း၌ ပိတ်လှောင်ထားခဲ့ပြီ ဖြစ်သည်။

အဓိက ထိုင်ခုံနေရာ၏ အထက်တွင်

ရှန်းယီသည် နန်ယန်ဂိုဏ်း၏အထောက်တော်များ ယူဆောင်လာသော စာအုပ်ငယ်လေးကို တိတ်ဆိတ်စွာ ဖတ်ရှုနေသည်။

အသက်များအတွက် ပေးချေထားသော မှတ်တမ်းတစ်ခုစီ၏ နောက်ကွယ်တွင် ထိုရိုးရှင်းသော စာလုံးအနည်းငယ်က မရေမတွက်နိုင်သော သက်ရှိများ၏ အသက်ပေါင်းများစွာကို ကိုယ်စားပြုနေ၏။

ကြည့်ရသည်မှာ ကျောချမ်းဖွယ်ကောင်းလှ၏။

နန်ယန်ဂိုဏ်း အထောက်တော်များစွာမှာ မှင်သက်နေကြသည်။

သူတို့အားလုံး ရှန်းယီ၏ ရက်စက်မှုကို မြင်တွေ့ခဲ့ဖူးသော်လည်း အများစုမှာ နတ်ဆိုးများအပေါ်တွင်သာ ဖြစ်သည်။ ယခုလို ကျင့်ကြံသူများအပေါ်တွင် အသုံးပြုခြင်းမှာ ပထမဆုံးအကြိမ်ပင်။

အချို့က လီချင်းဖုန်းတစ်ခါက ပေးခဲ့ဖူးသော သတိပေးချက်ကို ပြန်အမှတ်ရလာကြသည်။ ဂိုဏ်းချုပ်ရှန်းသည် နတ်ဆိုးသတ်ရာတွင်သာ ကျွမ်းကျင်သူ မဟုတ်ပေ။

ထောင်ယွမ်စံအိမ်တွင် လူတစ်ယောက်မှ အရှင်မကျန်တော့သော်လည်း အရာအားလုံး မပြီးဆုံးသေးပုံရသည်။ ဂိုဏ်းချုပ်အနေဖြင့် မဟာမိတ်ဂိုဏ်း၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်သည်မှာ သေချာပါသည်။

ထိုအချိန်တွင်...

ရှန်းယီသည် စာအုပ်ငယ်အတွင်းရှိ ရင်းနှီးသော နာမည်အချို့ထံသို့ နောက်ဆုံးတွင် ရောက်ရှိသွား၏။

သူသည် အကြည့်ကို အနည်းငယ် မြှင့်လိုက်ပြီး ရှေ့ရှိလူများကို ဝေ့ကြည့်လိုက်သည်။

"မင်း မလုပ်ရဲပါဘူး ငါက ကောင်းကင်ဓားဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတစ်ယောက်ကွ" ရှဲ့ချောင်းယွီ၏ မျက်နှာမှာ မသက်မသာဖြစ်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ အော်ဟစ်လိုက်သည်။

"သားတော်ခုနစ်ပါး စုဝေးပွဲ က မကျင်းပရသေးဘူး၊ မင်းက ဂိုဏ်းချုပ် မဟုတ်ဘူး၊မင်းက ဂိုဏ်းချုပ်ဖြစ်ရင်တောင် ကောင်းကင်ဓားဂိုဏ်းကို ဖိနှိပ်လို့မရဘူး"

ချင်းယွဲ့ဂိုဏ်းဂိုဏ်းမှ တာဝန်ရှိသူလည်းပြိုလဲသွားပြီး တုနှိုင်းမဲ့ဂိုဏ်းမှ တာဝန်ရှိသူနှင့်အတူ မြေပြင်ပေါ်တွင် လဲကျသွားသည်။

နန်ယန်ဂိုဏ်းနှင့် အနီးဆုံးဂိုဏ်းမှ အထောက်တော်တစ်ဦးအနေဖြင့် ဤဂိုဏ်းချုပ်၏ စရိုက်ကို သူ ကြားဖူးထားခဲ့သည်။

"..."

ရှန်းယီသည် စာအုပ်ငယ်ကို စားပွဲပေါ်တွင် ညင်သာစွာ ချလိုက်၏။

သူ၏ ဝတ်ရုံဖြူမှာ လှုပ်ရှားမှု မရှိပေ။

အောက်ဘက်မှ ထွက်ပေါ်လာသည်မှာ နှာခေါင်းသံ ပါသော ဖောင်းခနဲ့ သံ သုံးချက်သာ ဖြစ်သည်။

ဖောင်း ဖောင်း ဖောင်း

ခေါင်းသုံးလုံးမှာ တပြိုင်နက်တည်း ပေါက်ကွဲသွားပြီး ခန်းမအတွင်း ကြောက်မက်ဖွယ်ကောင်းမှုများကို ထပ်မံဖြည့်စွက်လိုက်တော့သည်။

နီကျွင်းသည် ဓားကို ဆုပ်ကိုင်ထားကာ သူ၏ ရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်းကို ကြည့်ရင်း ရုတ်တရက်နားမလည်နိုင်သော ခံစားချက်တစ်ခု ရရှိသွား၏။ မိမိဖြစ်စေ၊ ထိုအရာရှိ စီနီယာများဖြစ်စေ အားလုံးမှာ ကိစ္စရပ်များကို အလွန်အကျွံ တွေးတောနေခဲ့ကြပုံရသည်။

ဖြစ်နိုင်သည်မှာ ဂိုဏ်းချုပ်ရှန်း၏ မျက်လုံးထဲတွင် ကိစ္စများမှာ ထိုမျှလောက် ရှုပ်ထွေးလှသည် မဟုတ်ပေ။

သူ၏ ပြိုင်ဘက်မှာ တကယ့် စစ်မှန်သော သားသတ်သမားတစ်ဦး ဖြစ်နေခြင်းပင်။

All Chapters