← Chapters

အခန်း (၅၂၄)

Vol. 53 Ch. 524

အခန်း (၅၂၄)

Vol. 53 Ch. 524

မသေမျိုးဂိုဏ်းကြီး သုံးခုက အလည်အပတ် ရောက်ရှိလာကြပြီး ပြန်ထွက်သွားသည်။

ပါးနပ်သောတပည့်များစွာသည် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို မပီပြင်စွာ ခံစားမိနေကြသည်။

ထောင်ယွမ်စံအိမ်ဖျက်ဆီးခံရခြင်းနှင့် နန်ဟုန်သား‌တော်ခုနစ်ပါး၏အထောက်တော်များ၊ အပြင်စည်းအကြီးအကဲများ၏ လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးမှုတို့သည် နန်ဟုန်နယ်မြေအတွင်း၌ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေမည်ဟု ယူဆရသည်။

သို့သော် ကောင်းကင်ဓား နတ်သမီးအပါအဝင် နန်ယန်ဂိုဏ်းသို့သွားရောက်စုံစမ်းခဲ့ကြသော ထိုကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လျက် မိမိတို့၏ ဂိုဏ်းများသို့ အလျင်စလို ပြန်လာခဲ့ကြ၏။

လူတိုင်း ထင်မှတ်ထားသည့်အတိုင်း နန်ယန်ဂိုဏ်းနှင့် ပဋိပက္ခများ ဖြစ်ပွားလာမည့်အစား...

သူတို့က တပည့်များနှင့် အပြင်စည်း အကြီးအကဲ အချို့ကို ပြတ်သားစွာ ထပ်မံဖမ်းဆီးလိုက်ကြသည်။

"အသုံးမကျတဲ့ကောင်တွေ။"

ကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲလျူ သည် သူ၏ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်၏။

မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ ဂရုမစိုက်ပေ။ ဤမျှရှားပါးသော အခွင့်အရေးကို ဤမျှ လွယ်လွယ်ကူကူ ဖြုန်းတီးပစ်လိုက်သည်ကိုသာ သူ သိသည်။

ဒီ ကောင်းကင်ဓား နတ်သမီးက တကယ့်ကို ရက်ရောလွန်းတာပဲ။

သူမက အပြင်စည်း အကြီးအကဲတွေရဲ့အသက်ကိုသုံးပြီး မျက်နှာလိုမျက်နှာရ လုပ်တာ၊ တကယ့်ကို ချီးကျူးစရာပဲ။

"..."

ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ဦးအနေဖြင့် လျူရှင်းရှန်းသည် သူ၏ ခံစားချက်များကို မျက်နှာပေါ်တွင် ပြသလေ့မရှိပေ။

သို့သော် ဤအချိန်တွင်မူ သူ၏ မျက်ခွံများမှာ တဆတ်ဆတ်တုန်ယင်နေပြီး မကြာခင်က မြင်ကွင်းတစ်ခု သူ၏မျက်စိထဲတွင် ပေါ်လာ၏။

နန်ယန် ရတနာနယ်မြေ ပြန်လည်ပေါ်ပေါက်လာကြောင်း သူ သိရှိချိန်တွင်၊ သူ၏ တာအိုချပ်ကို အသုံးပြု၍ ချက်ချင်းသွားရောက်ခဲ့ရာ အသိဉာဏ်တိမိကောသော သာမန်လူများကိုသာ တွေ့ခဲ့ရသည်။

ထိုလူများကို နဂါးတစ်ကောင်၏ အရှိန်အဝါရှိသည်ဟု သူက ဟန်ဆောင်ပန်ဆောင် ချီးကျူးခဲ့သေး၏။

ထိုအချိန်က ရှန်းအမည်ရှိသော လူငယ်လေး၏ စွမ်းအားမှာ မည်မျှရှိသည်ကို သူမှတ်မိနေသည်။ နန်ယန် ရတနာနယ်မြေ တစ်ခုလုံးတွင် အသန်မာဆုံး လူနှစ်ဦးမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၁ တွင်သာ ရှိသည်။

ထိုလူငယ်က နန်ယန်ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ထိုနှစ်ဦးထက်အနည်းငယ်မျှသာ ပိုသန်မာနိုင်သော်လည်း သိပ်တော့ကွာခြားမည် မဟုတ်ပေ။

အကယ်၍ သူသာ ကောင်းကင်ဓားဂိုဏ်းတွင် ရှိနေပါက အလွန်ဆုံး အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

သို့သော် ဤအချိန်တိုအတွင်းဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက လျူရှင်းရှန်း၏ ပုံမှန် တည်ငြိမ်မှုကို ရုတ်တရက် ဖျက်ဆီးပစ်လိုက်၏။

နန်ယန်ဂိုဏ်းသည် ကျင့်ကြံခြင်းအဆင့်နိမ့်သော ဒေသခံအုပ်စုတစ်စုမှ ထောင်ယွမ်စံအိမ်ကို အမြစ်ပြတ်ချေမှုန်းနိုင်စွမ်းရှိသော ဖြစ်တည်မှုတစ်ခုအဖြစ် ရှင်းပြ၍မရအောင် ပြောင်းလဲသွားခဲ့သည်။

သေချာသည်မှာ လျူရှင်းရှန်း၏ မျက်လုံးထဲတွင် ထောင်ယွမ်စံအိမ်မှာ အရေးပါသော အင်အားစုတစ်ခုဟု မသတ်မှတ်နိုင်ပေ။

သို့သော် နန်ယန်ဂိုဏ်း၏ ထိတ်လန့်ဖွယ် ကောင်းလောက်အောင်လျင်မြန်သော တိုးတက်လာမှုက လူတို့၏ ရင်ထဲတွင် နက်ရှိုင်းသော အကြောက်တရားကို သွင်းပေးလိုက်၏။

ဤသည်မှာ နက်နဲသောအခြေခံအုတ်မြစ် ရှိသည်ဟုဆိုကာ ပေါ့ပေါ့တန်တန်လျစ်လျူရှုထား၍ ရသော ကိစ္စမျိုး မဟုတ်ပေ။

လက်ရှိ ရှန်းယီသည် လျူရှင်းရှန်းအား တစ်ချိန်က ရွှမ်ချင်းကို အမှတ်ရစေပြီး၊ အထူးသဖြင့် တာအိုပေါင်းစည်းခြင်း ရတနာနယ်မြေကို ပိုင်ဆိုင်ထားသော ရွှမ်ချင်းကို ပို၍ပင် အမှတ်ရစေသည်။

နောက်ကျသွားပြီ။

ဤအတွေးက သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည့်ခဏမှာပင် လျူရှင်းရှန်း၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ပေါ်လာ၏။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အလယ်အလတ်အဆင့်မျှသာရှိသော လူငယ်ကျင့်ကြံသူတစ်ဦးထံမှ ခြိမ်းခြောက်မှုကို သူ တကယ်ပဲ ခံစားနေရသည်။

ဤအတွေးနှင့်အတူ...

လျူရှင်းရှန်းသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး အလင်းကန့်လန့်ကာ၏ အပြင်ဘက်သို့ လျှောက်သွားလိုက်၏။

သူ အပြင်သို့ လှမ်းထွက်တော့မည့် ဆဲဆဲတွင်

နူးညံ့သော လက်သေးသေးလေးတစ်ခုက ရုတ်တရက်ဝင်ရောက်လာပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။

"ဟက်"

လျိုရှင်းရှန်းသည် သူ၏ ပခုံးပေါ်မှ ပြန်ရုတ်သွားသောလက်သေးသေးလေးကို ငုံ့ကြည့်လိုက်ရာ သူ၏ နဖူးပေါ်မှ ချွေးများမှာ ရုတ်တရက် ပိုမို များပြားလာ၏။

"ငါ ပြောမယ်၊ နင့်ခေါင်းထဲမှာ ချေးတွေ ပြည့်နေတာလား"

သူမ၏ အသံနှင့်အတူ သေးသွယ်သော ပုံရိပ်လေးတစ်ခု လွင့်မျောဝင်လာ၏။ သူမမှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်သာ ရှိပုံရသည်။

သူမသည် ကျောက်စိမ်းဘူးသီးတစ်ခုပေါ်တွင် ရပ်လျက်လက်နှစ်ဖက်ကို နောက်ပစ်ထား၏။

သူမသည် သူမနှင့် လုံးဝမလိုက်ဖက်သော ကြီးမားနေသောဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး ရယ်စရာကောင်းသော်လည်း၊ ၎င်းက သူမကို ပို၍ပင်ကလေးဆန်ပြီး ချစ်စရာကောင်းအောင် ပြုလုပ်ပေးထားသည်။

သို့သော် ဤလိမ္မာရေးခြားရှိပုံရသော မျက်နှာလေးတွင် စိုးမိုးလိုသောအရှိန်အဝါတစ်ခု ရှိနေသည်။

ကောင်းကင်ဓားဂိုဏ်း၏ ကျောက်စိမ်းဖြူမြို့တော် အကြီးအကဲရှစ်ဦးအနက်မှ တစ်ဦးကို ရင်ဆိုင်နေရချိန်တွင်ပင် သူမသည် အထက်စီးဆန်သော အမူအရာပြည့်နှက်နေသေး၏။

"နင့်ကို ခေါ်ဖို့လူလွှတ်လိုက်တယ်လေ၊ နားမလည်ဘူးလား"

သူမက စကားပြောရင်း လျူရှင်းရှန်း၏ မျက်နှာပေါ်ရှိ တွဲကျနေသောအရေပြားကို လှမ်းဆွဲလိမ်လိုက်ပြီးနောက် ဖွဖွလေးပုတ်လိုက်သည်။

"ဒီလိုအချိန်မျိုးမှာ ငါ့အတွက် ပြဿနာရှာမလာနဲ့၊ ကြားလား နားလည်ရင် ခေါင်းညိတ်ပြ။"

ဂျွတ် ဂျွတ်

လျူရှင်းရှန်းသည် လက်ချောင်းများကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး သူ၏ မျက်လုံးများမှာ မီးဟုန်းဟုန်းတောက်လုမတတ် ဖြစ်နေသည်။

'အိုမင်းနေပြီဆိုပြီး အနိုင်မကျင့်နဲ့' ဟု ပြောချင်နေသကဲ့သို့ အနိုင်ကျင့်ခံနေရသောဒေါသတစ်ရပ်ကို သူ ခံစားနေရသည်။

သို့သော် ကံမကောင်းစွာဖြင့်၊ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်အသွင်အပြင်ရှိသော ဤမိန်းကလေးသည် သူမ၏ပြန်လည်မွေးဖွားခြင်း စက်ဝန်း၏ အကောင်းဆုံးအချိန်၊ အစွမ်းအထက်ဆုံး အခြေအနေသို့ ရောက်ရှိနေခြင်းပင်။

သူမ၏ နတ်ဘုရားဓားသာ ဓားအိမ်မှ ထွက်လာပါက သူမ၏ ထက်ရှမှုကို ခုခံရန် အလွန် ခက်ခဲလှသည်။

"ဒီအဘိုးကြီးက အပြင်ထွက်ပြီး စိတ်ပြေလက်ပျောက် လမ်းလျှောက်ချင်ရုံလေးပါ။"

လျူရှင်းရှန်းက မျက်လုံးများကို မှိတ်ကာ ဩရှရှ အသံဖြင့် ပြောလိုက်၏။

ထိုအခါ သေးသွယ်သော မိန်းကလေးက မျက်ခုံးပင့်လိုက်ပြီး သူမ၏ပါးစပ်လေး တွန့်ကွေးသွားကာ ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။

"ဘယ်သူက ဂရုစိုက်လို့လဲ"

ထိုစကားကိုချန်ရစ်ခဲ့ပြီး အဘိုးကြီး၏ မျက်နှာကို ပုတ်ခဲ့သော သူမ၏လက်ကို သူ၏အဝတ်အစားများပေါ်တွင် အေးအေးဆေးဆေးသုတ်လိုက်ကာ လှည့်၍ အလင်းကန့်လန့်ကာထဲမှ ထွက်ခွာသွားတော့သည်။

လျူရှင်းရှန်းတစ်ယောက်တည်း နေရာတွင် ကျန်ရစ်ခဲ့ပြီး သူ၏အသက်ရှူသံများမှာ အနည်းငယ် မမှန်မကန်ဖြစ်နေ၏။

သူ၏ မျက်လုံးများထဲရှိ တာအိုပေါင်းစည်းခြင်းရတနာနယ်မြေအပေါ် တပ်မက်မှုမှာ အဆပေါင်းများစွာ ပိုမိုပြင်းထန်လာတော့သည်။

…

နန်ယန်ဂိုဏ်း

ရွှမ်ချင်းသည် စာအုပ်ငယ်တစ်အုပ်ကို ကိုင်ဆောင်ထားပြီး သူ၏လက်ချောင်းထိပ်လေးဖြင့် ရုပ်သေးဂိုဏ်း နှင့် ထောင်ယွမ်စံအိမ်တို့၏ အမည်များကို တစ်ခုချင်းစီ ဖျက်ပစ်နေသည်။

ဂိုဏ်းချုပ်က ဤစာအုပ်ကို လွှဲပြောင်းယူပြီးကာစပင် ရှိသေးသည်။ မိသားစု ၁၈၂ စုအနက် နှစ်စုမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မည်သည့် မဟာမိတ်ဂိုဏ်းတွင်မဆို ဤသည်မှာ တာဝန်ခံရမည့်ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ကံမကောင်းစွာဖြင့်၊ နန်ယန်ရတနာနယ်မြေအတွင်း၌ ဂိုဏ်းချုပ်ရှန်းကို အမိန့်ပေးနိုင်သော အာဏာရှိသူ တစ်ဦးမျှ မရှိသေးပေ။

ရွှမ်ချင်းကိုယ်တိုင်အနေဖြင့်မူ သူ မေးခွန်းထုတ်ရန်ပင် မကြိုးစားတော့ပေ။ ယခုရက်ပိုင်းအတွင်း ဂိုဏ်းချုပ်ရှန်းကို သူ စောင့်ကြည့်လေ့လာခဲ့မှုအရ၊ တစ်ဖက်လူတွင် သူ၏ လုပ်ရပ်များအတွက် ကိုယ်ပိုင်အကြောင်းပြချက်များ ရှိရမည်ဟု သူ ယုံကြည်ထားသည်။

"ပိုပြီး သတိထားပါ။"

ရွှမ်ချင်းက ဘေးဘက်သို့ လှည့်ကာ နောက်တစ်ကြိမ် သတိပေးရုံသာ သတိပေးလိုက်၏။

သစ်ပင်မြင့်လေ လေတိုက်ခံရလေ ဟူသော စကားရှိသည်။

ဂိုဏ်းချုပ်ရှန်း၏ သစ်ပင်မှာ မမြင့်သေးသော်လည်း အလွန်တရာ လျင်မြန်စွာ ကြီးထွားနေ၏။

မဟာမိတ်ဂိုဏ်းများ၏ ဆက်ခံသူများအားလုံးတွင် အခြားဂိုဏ်းများမှ ကျောက်စိမ်းဖြူမြို့တော်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သော ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။

ဂိုဏ်းချုပ်ရှန်းတွင် ဤစွမ်းအားမျိုး မရှိသေးသည်မှာ ရှင်းလင်းနေပြီး၊ ထို့ထက်ပို၍ သူသည် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူများကိုသာ ရင်ဆိုင်ရမည် မဟုတ်ပေ။

"ကောင်းပါပြီ။"

ရှန်းယီက သူ့ရှေ့ရှိ ဘိုးဘေးရုပ်တုကို ကြည့်လိုက်၏။

ဤသည်မှာ မသေမျိုးဂိုဏ်းတစ်ခု၏ တစ်ဦးတည်းသော တာအိုပေါင်းစည်းခြင်း အဆင့်ရှိ ဧရာမ ပုဂ္ဂိုလ်ကြီး ဖြစ်ရမည်။

ကံမကောင်းစွာဖြင့် နန်ယန်ဂိုဏ်းအတွက်မူ ၎င်းမှာ ယခုအခါ သာမန်ရုပ်တုတစ်ခုမျှသာ ဖြစ်နေပြီဖြစ်သည်။

မထိတ်လန့်ဘဲ နေရန်မှာ မဖြစ်နိုင်ပေ။

ယခုအချိန်အထိ ရှန်းယီသည် စစ်မှန်သော ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ဦး လှုပ်ရှားသည်ကို မမြင်တွေ့ဖူးသေးသလို၊ သူတို့နှင့် ပတ်သက်၍ မည်သည့် သဘောတရားမျှမသိရှိသေးပေ။

ထိုသူတို့ကို ရင်ဆိုင်ရန် ဗျူဟာဆိုသည်မှာ ဝေလာဝေးပင်။

သို့သော် ရှန်းယီ ပို၍ နားလည်ထားသည်မှာ ထိတ်လန့်နေ၍ အသုံးမဝင်ခြင်းပင်။

စစ်မှန်သော အကျပ်အတည်း ရောက်လာသည့်အခါ ရှင်သန်နိုင်ရေးအတွက် ပိုမိုသေချာမှုရှိစေရန် မိမိ၏ စွမ်းအားကို မြှင့်တင်ထားခြင်းက ပိုကောင်းပေမည်။

[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ရှိ မိုးပြာရေနတ်ဆိုးကြံ့ကို သတ်ဖြတ်ပြီး။ စုစုပေါင်း သက်တမ်း ၂၁၇၀၀၀ နှစ် ရရှိပြီး၊ ကျန်ရှိသော သက်တမ်း ၁၂၆၀၀၀ ၊ စုပ်ယူခြင်းပြီး]

[လက်ကျန် နတ်ဆိုးသက်တမ်း: ၄၉၅၀၀၀ နှစ်]

ထောင်ယွမ်စံအိမ်သို့ သွားရောက်စဉ်က ရေနေနတ်ဆိုးအုပ်စုနှင့် ကြုံတွေ့ခဲ့ရခြင်းက ရှန်းယီကို အခြေခံစွမ်းအားအချို့ ပေးစွမ်းခဲ့၏။ ချင်းဟွာကို ပေးခဲ့သော နတ်ဆိုးမူလနှစ်ခုကိုပါ ထည့်သွင်းတွက်ချက်ပါက မထင်မှတ်ဘဲ နှစ်ပေါင်း ၅၀၀၀၀၀ ကျော်သွားခဲ့သည်။

နတ်ဆိုးများမှာ အရေအတွက် မများ

ပြားဘဲကျင့်ကြံခြင်းအဆင့် နိမ့်သော်လည်း၊ သူတို့၏ သက်တမ်း အရည်အသွေးမှာ နဂါးငါးခန်းမ ထက် အဆင့်တစ်ဆင့် ပိုမြင့်နေသည်မှာ ထင်ရှားနေ၏။

"ဒါက ဘယ်သူ့ရဲ့ လက်နက်လဲ"

ရှန်းယီသည် မိုးပြာရေနတ်ဆိုးကြံ့ထံမှ သိမ်းဆည်းရမိခဲ့သော လက်စွပ်ထဲမှ လက်ကိုင်ရှညဓားမကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။

ရွှမ်ချင်းက ၎င်းကို အနီးကပ် ကြည့်ရှုလိုက်ပြီး သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်၏။ "တောင်ပိုင်း နဂါးနန်းတော်..."

ဂိုဏ်းချုပ်ရှန်းက နန်ဟုန်နယ်မြေသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရန်သူများ၏ ဝိုင်းရံပိတ်ဆို့မှုကို မည်သို့ခံလိုက်ရသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။

"အကြောင်းပြချက် ရှိလား"

အကယ်၍ ၎င်းမှာ တောက်ဟိုင်ကဲ့သို့ နှစ်ဖက်စလုံး အသိအမှတ်ပြုထားသော ပုဂ္ဂိုလ်ရေး ရန်ငြိုးတစ်ခု ဖြစ်ပါက ပြဿနာသိပ်ကြီးမည် မဟုတ်ပေ။

"ရှိလည်းရှိတယ်၊ မရှိလည်း မရှိဘူး။"

ရှန်းယီက လက်ကိုင်ရှည် ဓားမကြီးကို လက်စွပ်ထဲသို့ ပြန်ထည့်လိုက်၏။

နန်ဟုန် သားတော်ခုနစ်ပါးနှင့် နဂါးနန်းတော်ကဲ့သို့သော အင်အားစုများအတွက်၊ တစ်ဖက်နှင့်တစ်ဖက်နယ်ကျွံကျူးကျော်ခြင်း မရှိသရွေ့ အခြား မည်သည့်အရာမျှ အကြောင်းပြချက်အဖြစ် မသတ်မှတ်နိုင်ပေ၊ သာမန်လူသားများ၏ အသက်များဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။

"ဒါဆိုရင်တော့ ပြဿနာပဲ။"

ရွှမ်ချင်းက မျက်လုံးများကို မှိတ်လိုက်၏။ ယခု သူ၏ ခန္ဓာကိုယ်မှာ သစ်သားကိုယ်ထည်မျှသာ ရှိတော့သည်ကို ထည့်မပြောနှင့်၊ သူ၏ အထွတ်အထိပ်အချိန်၌ပင် နန်ဟုန် သားတော်ခုနစ်ပါးနှင့် နဂါးနန်းတော်ကြားရှိ ချိန်ခွင်လျှာကို အလွယ်တကူ ဖျက်ဆီးရန် သူ မဝံ့ရဲခဲ့ပေ။

ရိုးရိုးရှင်းရှင်းပြောရလျှင် ယနေ့ ဂိုဏ်းချုပ်ရှန်းက နဂါးနန်းတော်မှ စစ်သူကြီးတစ်ဦးကို လွတ်လပ်စွာ သတ်ဖြတ်နိုင်ပါက၊ မနက်ဖြန်တွင် နဂါးနန်းတော်ကလည်း မသေမျိုးဂိုဏ်းတစ်ခုမှ တိုက်ရိုက်တပည့်တစ်ဦးကို ကြားဖြတ် တိုက်ခိုက်နိုင်ပေသည်။

နှစ်ဖက်စလုံး တကယ်တမ်း စစ်ဖြစ်ကြပြီဆိုပါက နန်ဟုန်နယ်မြေတွင် ငြိမ်းချမ်းရေး ရှိတော့မည် မဟုတ်ပေ။

၎င်းက အခြားသော နဂါးနန်းတော်များကိုပင် ဆွဲဆောင်လာနိုင်ပေ၏။

"နောက်မှ ဖြစ်လာမယ့်ကိစ္စတွေကို မပြောကြရအောင်၊ အခု အရေးတကြီး လိုအပ်နေတာက ဂိုဏ်းချုပ်ကိုယ်ပိုင် လုံခြုံရေးကို သေချာအောင် လုပ်ဖို့ပါပဲ။"

"ဂိုဏ်းချုပ်ရဲ့ လမ်းစဉ်ကို ကာကွယ်ပေးဖို့ အနည်းဆုံး ကျောက်စိမ်းဖြူမြို့တော်ကျင့်ကြံသူ တစ်ဦးတော့ လိုအပ်တယ်၊ အဲဒီလိုမှ မဟုတ်ရင် နန်ယန်ရတနာနယ်မြေထဲကနေ မထွက်ဖို့ကြိုးစားပါ။"

နဂါးနန်းတော်၏ စစ်သူကြီးများသည် နဂါးမျိုးဆက်များ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ နန်ဟုန်နယ်မြေတွင် ကိုယ့်သဘောနှင့်ကိုယ် ရမ်းကားနေကျ သူများသည် သူတို့၏ ဒေါသကို အလွယ်တကူ မျိုသိပ်ထားတတ်သူများ မဟုတ်ပေ။

နဂါးမျိုးဆက်တိုင်းတွင် ကျောက်စိမ်းဖြူမြို့တော်၏ စွမ်းအား မရှိကြသော်လည်း၊ အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

"ဟူး။"

ယခုအချိန်တွင် ရှန်းယီ အလိုအပ်ဆုံးမှာ နတ်ဆိုးကျောက်တိုင်များပင် ဖြစ်သည်။ နန်ယန်ရတနာနယ်မြေ အတွင်းရှိ အရင်းအမြစ်များကိုသာ မှီခိုနေခြင်းက သူ၏ အနန္တအင်ပါယာနတ်ဆိုးနန်းတော် ကို ထောက်ပံ့နိုင်မည် မဟုတ်ပေ။

သို့သော် ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူများဆိုသည်မှာ... အလွယ်တကူ ဖိတ်ခေါ်၍ ရသူများ မဟုတ်ပေ။

ထိုအချိန်မှာပင်...

နန်ယန်ဂိုဏ်း၏အပြင်သို့ ပုံရိပ်အချို့ နောက်တစ်ကြိမ် ဆင်းသက်လာခဲ့ဟ။

ရင်းနှီးပြီးသားဖြစ်သော ယန်ဝမ်ချန့် နှင့် လျိုချန်းယွင်တို့ အပြင်၊ ရှေ့ဆုံးမှ လျှောက်လာသူမှာ ရှန်းယီ အရင်က မြင်ဖူးခဲ့သော မျက်နှာတစ်ခု ဖြစ်သည်။

အနည်းငယ် လေးနက်တည်ကြည်ပုံရသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းလိုက်ပြီးအေးအေးဆေးဆေး ဦးညွှတ်လိုက်၏။

"ချင်းယွဲ့ဂိုဏ်းက အကြီးအကဲ လျိုရှီချန်းက နန်ယန်ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။"

အကယ်၍ ရှန်းယီအနေဖြင့် တစ်စုံတစ်ရာ အကူအညီလိုအပ်ပါက သူ့ကို တောင်းဆိုနိုင်ကြောင်း အရင်က သူ ပြောခဲ့ဖူးသည်။

သို့သော် မထင်မှတ်ဘဲ၊ ရှန်းယီက ချင်းယွဲ့ဂိုဏ်းသို့ သွားရောက်ရှာဖွေမည့်အစား သူက နန်ယန်ဂိုဏ်းသို့ အရင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ယောက် ရောက်လာပြီပဲ။" ရွှမ်ချင်းက ဘေးတိုက်လှည့်ကြည့်ရင်း ပြုံးလိုက်၏။

"..."

သူ့ကို အကာအကွယ်ပေးရန် ချင်းယွဲ့ဂိုဏ်းမှ အကြီးအကဲတစ်ဦးကိုယ်တိုင်ရောက်လာလောက်အောင် မိမိတွင်ကြီးမားသောဩဇာလွှမ်းမိုးမှု ရှိသည်ဟု ရှန်းယီ မထင်ပေ။

အထူးသဖြင့် သူသည် ချင်းယွဲ့ဂိုဏ်း၏ အထောက်တော်တစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ပြီးကာစ အချိန်မျိုးတွင် ဖြစ်သည်။

သူသည် မတ်တပ်ရပ်လိုက်ပြီး အစီအရင်ကြီးကို ရုပ်သိမ်းရန်လက်ကို ဝှေ့ယမ်းလိုက်၏။

ထို့နောက် သူ၏ ပုံရိပ်သည် ဘိုးဘေးခန်းမအတွင်းမှ လျှပ်တစ်ပြက်ထွက်ပေါ်လာပြီး၊ ပြန်လည် ဦးညွှတ်လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အကြီးအကဲလျို... ကျေးဇူးပြုပြီး ဝင်လာပါ။"

"ရှီး။"

ကောင်းကင်ယံရှိ အရပ်ရှည်ရှည်ပုံရိပ်ကို ကြည့်ရင်း...

လျိုချန်းယွင်မှာ ဤဂုဏ်ပြုခံရမှုအတွက် အနည်းငယ် လွှမ်းမိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

ဂိုဏ်းချုပ်ကိုယ်တိုင်ကြိုဆိုခြင်းကို ခံရခြင်း... ၎င်းမှာ ကောင်းကင်ဓားနတ်သမီးပင် မရရှိခဲ့ဖူးသော ဂုဏ်ကျက်သရေတစ်ခုဖြစ်ပြီး သူမ၏ ဖခင်၊ ဤအဘိုးကြီးက တကယ်ကို ရရှိခဲ့၏။

ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းငယ် နိမ့်ကျနေသော်လည်း သူ၏ အဆင့်အတန်းကို အခြားသော တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ဧရာမ ပုဂ္ဂိုလ်ကြီး ခြောက်ဦးက အသိအမှတ်ပြုထားပြီး ဖြစ်သည်။

ထို့အပြင် လျိုချန်းယွင်သည် ရှန်းယီ၏ အေးစက်စက်နိုင်လှသော စရိုက်ကို အနည်းငယ် သိရှိထားသူ ဖြစ်သည်။

"ဂိုဏ်းချုပ်က သဘောကောင်းလွန်းပါတယ်။"

ပြုံးလေ့ပြုံးထ မရှိသော လျိုရှီချန်းသည် သူ၏ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ပူးယှက်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ရှန်းယီကို အချိန်ယူ၍ အကဲခတ်ကြည့်လိုက်၏။

သူ တကယ်ကို မထင်မှတ်ထားခဲ့ပေ။

ဤမျှ အချိန်တိုအတွင်း တစ်ဖက်လူမှာ ဤမျှ သိသိသာသာပြောင်းလဲသွားပြီး သူ့ကို အနည်းငယ် သူစိမ်းဆန်သွားသလို ခံစားရစေသည်။

ယခင်ကကဲ့သို့ နန်ယန်ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော်လည်း သွေးများပေကျံနေသော သနားစရာ အသွင်အပြင်မျိုးမရှိတော့ဘဲ ဂိုဏ်းခေါင်းဆောင်တစ်ဦး၏ အင်္ဂါရပ်များနှင့် ပြည့်စုံကာ ထူးခြားသော အမူအရာကို ဆောင်ထား၏။

လျိုရှီချန်းက သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒီနေ့ လျိုရှီချန်း လာရတဲ့ အဓိကအကြောင်းရင်းကတော့ ချင်းယွဲ့ဂိုဏ်းကို လျှို့ဝှက်အန္တရာယ်တွေကနေ ရှင်းလင်းပေးပြီး နောက်ထပ်အဖြစ်ဆိုးတွေ မဖြစ်လာအောင် တားဆီးပေးခဲ့တဲ့ ဂိုဏ်းချုပ်ရှန်းကို ကျေးဇူးတင်ဖို့ပါ။"

"ဒါ့အပြင် ယန်မိသားစုဟာ တစ်ချိန်က ချင်းယွဲ့ဂိုဏ်းရဲ့စောင့်ရှောက်မှုအောက်မှာ ရှိခဲ့ပြီး မကြာခဏအဆက်အသွယ် ရှိခဲ့တာကို ထည့်သွင်းစဉ်းစားပြီးတော့... ဂိုဏ်းချုပ်ရှန်းက ဒီနေရာကို အသစ်ရောက်လာသူဖြစ်တဲ့အတွက် လျိုရှီချန်းက လမ်းပြပေးပြီး ပတ်ဝန်းကျင်နဲ့ မိတ်ဆက်ပေးချင်လို့ပါ။"

ဤတစ်ကြိမ်တွင်မူ လျိုရှီချန်းသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်မထားတော့ပေ။

နန်ဟုန် သားတော်ခုနစ်ပါးကြားရှိ လေထုမှာ အလွန် ထူးဆန်းလာခဲ့ပြီး အချို့သူများ၏ ရည်မှန်းချက်များမှာ လူတိုင်းမြင်တွေ့နိုင်လောက်အောင် ပေါ်လွင်နေပြီ ဖြစ်သည်။

ငါ့လုပ်ဖော်ကိုင်ဖက်တွေက ငါ့ကို အပေါင်းအသင်း မလုပ်တော့မှတော့...ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုတော့ဘူး ထင်ပါတယ်။

ကိုယ့်နှလုံးသား ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းက အတွေးများကို ရှင်းလင်းစေ၏။

"..."

ရှန်းယီသည် လေထဲတွင် ရပ်လျက် သူ၏ရှေ့မှ စွမ်းအားကြီးမားသော ကျင့်ကြံသူကို သေချာစွာ စိုက်ကြည့်နေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက နောက်တစ်ကြိမ် အလေးအနက် ဦးညွှတ်လိုက်၏။

"အကြီးအကဲလျိုရဲ့ အကူအညီအတွက် အများကြီး ကျေးဇူးတင်ပါတယ်၊ ရှန်းယီ ဒီနေရာကနေပဲ ကျေးဇူးတင်စကား ဆိုပါတယ်။"

All Chapters