← Chapters

အစစ်အမှန် ပါရမီရှင်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်း ၂

Vol. 53 Ch. 529

အစစ်အမှန် ပါရမီရှင်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်း ၂

Vol. 53 Ch. 529

နဂါးမျိုးနွယ်ဆင်းသက်လာသူသည် ပင်လယ်စပါးအုံးမြွေထက် အင်အားအနည်းငယ်သာ သာလွန်သော်လည်း တကယ်တမ်း တိုက်ခိုက်ချိန်တွင် ဤတစ်ချက်တည်းနှင့်ပင် ပင်လယ်စပါးအုံးကို သတ်ဖြတ်ရန် လုံလောက်ခဲ့သည်ကို မြင်လိုက်ရသည်။

“ဘယ်လိုလဲ”

ထိုလက်ချောင်းငါးချောင်း ဖိချလိုက်သည့် စက္ကန့်ပိုင်းအတွင်း ခယ်ရှစ်စန်း၏ လူငယ်မျက်နှာပေါ်တွင်ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး လှံသွားကို အဖြူရောင်ဝတ်ရုံဆီသို့ ကြမ်းတမ်းစွာ ထိုးစိုက်လိုက်၏။

နန်ယန်အဖြူရောင်ဝတ်ရုံပေါ်ရှိ တလက်လက်တောက်ပနေသော သင်္ကေတများကိုလှံက ဖောက်ထွင်းမြင်နေရပြီး အားအနည်းဆုံးနေရာကို ချက်ချင်း ရှာတွေ့သွားသည်။

သို့သော် လှံသွားက ထိုပုံရိပ်ကို ဖျက်ဆီးလိုက်သည့် အခိုက်အတန့်တွင်၊သူ၏အပြုံးက ရုတ်တရက် တောင့်တင်းသွား၏။

ချက်ချင်းပင်၊ သူ၏နှလုံးသားအနောက်ဘက်မှ ပူလောင်သောနာကျင်မှုတစ်ခုက ထိုးဖောက်ဝင်ရောက်လာသည်။

ဘန်း

လှံသွားထက်များစွာပို၍ ကြမ်းတမ်းပြင်းထန်သော ရှန်းယီ၏ ဒူးတိုက်ချက်က နဂါးမျိုးနွယ်၏ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဖျက်ဆီးပစ်လိုက်သည်။

ခရမ်းရောင်ဟုန်မုန့်ချီလေးခုသည် ပြိုင်ဘက်၏ အာရုံကိုလွှဲရန်ရည်ရွယ်ထားခြင်း ဖြစ်သည်။

သူသည် ရပ်နေပြီး တခြားသူတွေကို ပြင်ဆင်ခွင့်ပေးကာ၊သူတို့ရှေ့မှာတင် မိမိကိုယ်ကို အားဖြည့်ဖို့ လျှို့ဝှက်ကျင့်စဉ်ကို သုံးလောက်အောင်တော့ အရူးတစ်ယောက် မဟုတ်ပေ။

“ဂရား”

ခယ်ရွှမ်ကျန့် နှင့် နဂါးလှံံတို့က တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ပြီး၊ ဒေါသတကြီး နောက်လှည့်ကာ နဂါးရှည်ကြီး အမြီးရမ်းသကဲ့သို့ လှံကို ပြန်လည်ရိုက်ချလိုက်၏။

သို့သော် ထိုသို့လှည့်လိုက်သော အခိုက်အတန့်တွင်၊ သူသည် ကြမ်းတမ်းပြီး ရက်စက်သော မျက်လုံးများကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ အမြင်အာရုံက အမိုက်မှောင်တိတိ အဖြစ်သို့ ပြောင်းလဲသွား၏။

ကောင်းကင်ပြည့်နေသော မျက်လုံးများက အေးစက်သောကြယ်များ ကြွေကျလာသကဲ့သို့ ဖြစ်နေပြီး၊ မွေးရာပါ အကြောက်တရားကို ဖြစ်ပေါ်စေသည်။

အသက်တစ်ရှိုက်စာ အတွင်းမှာပင် နဂါးမျိုးနွယ်သည် ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရမတတ် နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် နောက်သို့ လွင့်ထွက်သွားပြီး ရေမျက်နှာပြင်ကို ဖြတ်ကာ လှိုင်းလုံးကြီးများ ထစေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ မူလနေရာ၌ မြင့်မားသောကျင့်ကြံခြင်းများရှိကာ အချိတ်အဆက်မိမိ လှုပ်ရှားတတ်သည့် နဂါးနန်းတော်အစောင့်လေးဦးက ရှန်းယီ၏ လက်မောင်းများကို တင်းကြပ်စွာ ချုပ်ကိုင်ထားလိုက်သည်။

ရှန်းယီက နဂါးမျိုးနွယ်၏ နောက်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့က ကြိုတင်လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်ပါက ခယ်ရွှမ်ကျန့်၏ ခဏတာ ပေါ့ဆမှုအတွက် ပေးဆပ်ရမည့်တန်ဖိုးက လွင့်ထွက်သွားရုံထက်များစွာ ပိုကြီးမားသွားနိုင်ပေသည်။

ထျန်းယန် ၄၉ နည်းစနစ်သည် ပထမဆုံးအကြိမ် အသုံးပြုချိန်တွင် အထိရောက်ဆုံး ဖြစ်သည်။

“…”

နဂါးနန်းတော် အစောင့်လေးဦးစလုံးသည် သူတို့၏ မျက်လုံးများကိုမှိတ်ထားပြီး နားများကို ပိတ်ထားကာ သူတို့ ဖိချုပ်ထားသော လက်မောင်းများကိုသာ အာရုံစိုက်ထားကြ၏။

သူတို့က စိတ်ချင်းဆက်သွယ်ထားပုံရပြီး၊

အလွန်အမင်း အစွမ်းထက်သော ထိုကဲ့သို့ ညီမျှသောအင်အားကို ထုတ်လွှတ်ကာ သူတို့၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်ကြီးများကို ပေါင်းစပ်လိုက်ခြင်းက အလွန် ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။

သို့သော် သူတို့အားလုံး မျက်လုံးများကို မှိတ်ထားခဲ့ကြရာ၊ရှန်းယီ၏ ဖြူရော်နေသော မျက်နှာပေါ်တွင် ပေါ်လာသည့် ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသောအပြုံးကို သူတို့ မမြင်လိုက်ကြပေ။

ပြင်းထန်သော နာကျင်မှုများအောက်တွင်၊သူသည် ထိုအေးဆေးတည်ငြိမ်ပြီး တိတ်ဆိတ်သော ဂိုဏ်းချုပ်မှ သွေးရူးသွေးတန်းနှင့် ကြမ်းတမ်းသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထိုခမ်းနားလှသော ခရမ်းရွှေရောင်မျက်လုံးများအတွင်း၊ သွေးရောင်အငွေ့အသက်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာ၏။

တာအိုနန်းတော်အတွင်းမှ နတ်ဆိုးစွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး၊ အပေါ်တွင် လှည့်ပတ်နေသော ကောင်းကင်ဘုံဖီးနစ်ငှက် အား သိပ်သည်းလှသော မိစ္ဆာအငွေ့အသက်များ ရောယှက်သွားစေကာ၊ ဖီးနစ်သစ်ပင်ကိုပင် သွေးရောင်သုံးရောင်ထပ်မံ ပေါင်းထည့်ပေးလိုက်သည်။

ဝုန်း

အစောင့်များက ရှန်းယီကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန် ရည်ရွယ်ထားကြ၏။

သို့သော် ရှန်းယီ လက်မောင်းကို မြှောက်လိုက်သော အခိုက်အတန့်တွင်၊ သူသည် သန်မာသောမြင်းကြီးတစ်ကောင် လေပေါ်သို့ ခုန်တက်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ဝုန်း ဝုန်း ဝုန်း

ရှန်းယီက အစောင့်တစ်ဦး၏ လည်ပင်းကို မျက်နှာ ခရမ်းရောင်သန်းလာသည်အထိ ဆုပ်ကိုင်ထားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်ရိုက်ချလိုက်၏။

ခရမ်းရွှေရောင် မီးတောက်များက ဟိန်းဟောက်ကာပတ်ဝန်းကျင် တစ်ခွင်သို့ ပျံ့နှံ့သွားသည်။

ရှန်းယီ၏ဆုပ်ကိုင်မှုကြောင့် တွဲလောင်းဖြစ်သွားသော လေဆင်နှာမောင်းတစ်ခုကဲ့သို့ အစောင့်တစ်ဦးကိုကြမ်းတမ်းစွာ ရမ်းခါလိုက်ပြီး မြေကြီးကို ဆောင့်ရိုက်ပစ်လိုက်သည်။

ကျန်အစောင့်သုံးဦးမှာ တဟုန်ထိုးလာနေသော မီးတောက်များကြောင့် ဖိအားပေးခံရကာ ဦးစွာ ဆုတ်ခွာရန် ကြိုးစားလိုက်ကြ၏။ သို့သော် သူတို့ လေထဲသို့ မတက်နိုင်မီမှာပင် သူတို့၏ ခြေသလုံးများကိုထင်ရှားပြီး သန်မာသော လက်ကြီးများက ဆွဲကိုင်လိုက်ပြီး သူတို့၏ အဖော်ဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရက်စက်စွာ ဆောင့်ရိုက်ချလိုက်တော့သည်။

ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ် သည် မူလက ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ ကန့်သတ်ထားသော်လည်း၊ခရမ်းရောင်ဟုန်မုန့်ချီ၏ ကြွယ်ဝလှသော အားဖြည့်မှုကြောင့် ကြောက်မက်ဖွယ် အဆင့်တစ်ခုအထိ တက်လှမ်းသွားခဲ့သည်။

ခန္ဓာကိုယ် လေးခုစလုံး မြေကြီးထဲသို့ နစ်ဝင်သွား၏။

ရှန်ယီက ရှေ့သို့ ကိုင်းကာ ထိုးကြိတ်လိုက်ရာ ထိုးချက်တိုင်းက သွေးများကို မြင့်မားစွာ ပန်းထွက်စေခဲ့သည်။

သူတို့၏ အသေအလဲ ရုန်းကန်မှုများကို အင်အားသုံး၍ နှိမ်နှင်းလိုက်သည်။

သွေးများကအဖြူရောင် ဝတ်ရုံကို အနီရောင်အဖြစ် ဆိုးသွင်းသွားပြီး ထိုချောမောသော မျက်နှာကိုလည်း ပေကျံသွားစေ၏။

တစ်ချိန်က တည်ငြိမ်နေခဲ့သော ထိုမျက်လုံးများသည် ယခုအခါ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။

“သူ့ကို ဒီအရှင်သခင်အတွက် ဖမ်းချုပ်ထားစမ်း”

ရေကန်ဘေးမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။ ခယ်ရွှမ်ကျန့်သည် သူခံလိုက်ရသော ပြင်းထန်သည့် တိုက်ခိုက်မှုမှ နောက်ဆုံးတွင် ပြန်လည်နာလန်ထလာပြီး၊ နဂါးလှံကို ကိုင်ဆောင်ကာလှိုင်းလုံးများကို ဖြတ်ကျော်၍ ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် တိုက်ပွဲထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

ဤတစ်ကြိမ်တွင်မူ သူသည် ဂါထာမန္တန်များကိုသာ အားကိုးနေခြင်း မဟုတ်တော့ပေ။

နဂါးဂျိုနှစ်ချောင်းမှ မျက်စိကျိန်းလောက်သော အလင်းတန်းများ ထွက်ပေါ်လာသည်။

မှိုင်းညို့ညို့အဝါရောင် အဆိပ်များက လှံကိုယ်ထည်မှ ထွက်ပေါ်လာပြီး၊ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ စိမ်းလန်းသော ရေကန်သည်ပင် အဆိပ်ငွေ့များဖြင့် ပြည့်နှက်သွားပုံရ၏။

ကြီးမြတ်သော နဂါးနန်းတော်လေးခု၏ သွေးမျိုးဆက်များမှာ ကွဲပြားကြသည်။

အရှေ့နန်းတော်၏ မြင့်မြတ်လှသော ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ နှင့် နှိုင်းယှဉ်ပါက၊ တောင်ပိုင်းနန်းတော်၏ အဝါရောင်အဆိပ်နဂါးမှာ ယုတ်မာကောက်ကျစ်သော မျိုးဆက် ဖြစ်သည်။

နဂါးမျိုးနွယ်၏ အမိန့်ကို ကြားလိုက်ရသဖြင့်၊

အသက်ရှူပင်မဝတော့သော အစောင့်လေးဦးက သူတို့၏ လက်များကို ဆန့်ထုတ်ကာ လူငယ်၏ လက်မောင်းများကို ဖမ်းဆုပ်ရန် အတင်းအကျပ် ကြိုးစားလိုက်ကြသေးသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ထျန်းယန် ၄၉ နည်းစနစ်က ပွင့်ထွက်လာပြီး၊ သွေးပေနေသော လက်သီးများအောက်တွင် ခေါင်းလေးလုံးစလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားတော့သည်။

ရှန်ယီက ဖြည်းညှင်းစွာ လှည့်လာ၏။

အနီရင့်ရောင်စိုစွတ်နေသော ဆံပင်များက သူ၏ ဖြူရော်သော မျက်နှာပေါ်တွင် ကပ်နေပြီး၊ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင်မီးတောက်များ ကခုန်နေသော်လည်း ထိုမျက်လုံးများထဲမှ မိစ္ဆာ အငွေ့အသက်များကို မလောင်ကျွမ်းစေနိုင်ပေ။

ထိုမျက်လုံးအိမ်များထဲတွင်၊နဂါးလှံကို ကိုင်ဆောင်ထားသော ခယ်ရှစ်စန်းက ဒေါသတကြီး ပြေးဝင်လာပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း ကြီးမားလာ၏။

မိုးပြာနဂါးကြယ်ခွဲလှံက ထပ်မံ၍ ထိုးစိုက်လာပြန်သည်။

တစ်ချိန်တည်းမှာပင်၊ အနန္တအက်ပါယာနတ်ဆိုးနန်းတော် အတွင်း၌မတ်မတ်ထောင်နေသော တာအိုမဏ္ဍိုင်များသည် တစ်ပြိုင်နက်တည်း တောက်ပလာကြသည်။

ဧကရာဇ်၏ပုလ္လင်အပေါ်ယံရှိ နတ်ဆိုးဧကရာဇ်၏ လက်အောက်ခံနတ်ဆိုးကိုးကောင် နိုးထလာကြသည်။

သူတို့က သောင်းကျန်းကြမ်းတမ်းစွာ ထွက်ပေါ်လာပြီး၊တုန်လှုပ်ချောက်ချားဖွယ် ဟိန်းဟောက်သံများ ပေါက်ကွဲထွက်လာ၏။

ထောင်ပေါင်းများစွာသော နတ်ဆိုးများက ၎င်းတို့ကိုဦးညွှတ်ရှိခိုးကြသည်။

ပင်လယ်အော်ကြောင့်ပိုင်းခြားထားသော နေရာတွင်၊နဂါးလှံသည် အနီရောင်အင်မော်တယ်နတ်ဆိုးနှင့် မိုးကြိုးပစ်သကဲ့သို့ ဝင်တိုက်မိပြီး၊ သူတို့၏သွေးနီရောင်နှင့် မှိုင်းညို့သောအဝါရောင်တို့ ရောယှက်ကာ သူတို့ကြားတွင် မျဉ်းတစ်ကြောင်း ဖြစ်ပေါ်လာသည်။

လှံက ထိုမျဉ်းကြောင်းကို ဖြတ်ကျော်သွားသည့် အခိုက်အတန့်တွင်၊ ၎င်းအပေါ်ရှိ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် နတ်ဆိုးစွမ်းအင်၏ ဆိုးယုတ်ခြင်းစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ခယ်ရွှမ်ကျန့် တစ်ခဏမျှ မှင်သက်သွား၏။

စိတ်ဝိညာဉ်နည်းစနစ်များကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း၊ ဤကဲ့သို့ သန့်စင်သော နတ်ဆိုးစွမ်းအားမျိုးနှင့် မကြုံတွေ့ရသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဖတ်

ရှန်ယီက ဂရုမစိုက်စွာဖြင့် လက်ကို မြှောက်လိုက်ပြီး၊ နဂါးမျိုးနွယ်၏ ထိတ်လန့်နေမှုအောက်တွင် လှံသွားကို ခိုင်မြဲစွာ ဖမ်းဆုပ်လိုက်၏။

ကြယ်ခွဲဟူသော နာမည်ကို ခံယူထားသော်လည်း၊ နတ်ဆိုးစွမ်းအားများ ကူးစက်ခံရသဖြင့် ၎င်း၏ ထက်ရှမှုမှာက ရုတ်တရက် လျော့ကျသွားသည်။

သို့သော် ထိုသို့ဖြစ်နေလျှင်ပင် ၎င်းသည် သာမန် အရေပြားသက်သက်ဖြင့် ခုခံနိုင်စွမ်းရှိသော အရာမျိုး မဖြစ်သင့်ပေ။

ခယ်ရှစ်စန်း အမှတ်မထင် တံတွေးမျိုချလိုက်မိသည်။

ထို့နောက် ခမ်းနားသော ဝတ်ရုံလက်များ လွင့်ခါနေမှုကြားတွင်၊သွေးများ ပန်းထွက်သွားပြီး အဖြူမီးခိုးရောင်ချပ်ဝတ်တန်ဆာ တစ်စုံကို မြင်လိုက်ရသည်။

အဖြူရောင် အရိုးနှင့်တူပြီး အလွန်ခိုင်ခံသော သံမဏိကဲ့သို့ပင်။

ချွန်ထက်သောအတွန့်အတက်များဖြင့် ချဲ့တန်စာဆင်ထားပြီး ၎င်းသည် လက်မောင်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်။

ထိုမသေမျိုးချပ်ဝတ်တန်ဆာ ရှေ့တွင်၊ ဟိန်းဟောက်နေသော နဂါးလှံသည် ၎င်းအတွင်းရှိ ကြောက်မက်ဖွယ် အရှိန်အဝါများ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဘန်း

နဂါးလှံ၏ သနားစဖွယ် ညည်းညူသံများကြားတွင်၊ရှန်းယီက ၎င်းကို သူ့ဆီမှလုယူလိုက်ပြီး၊ နဂါးမျိုးနွယ်၏ ကြောက်ရွံ့နေသော မျက်လုံးများနှင့် သူ၏အကြည့်တို့ ဆုံတွေ့လိုက်စဉ် သူသည် ခရမ်းရွှေရောင်အလင်းတန်းဖြင့် တစ်ဖန် ပြန်လည် တောက်ပလာသည်။

လှံကို ဝှေ့ယမ်းနေသော အရပ်ရှည်ရှည် ပုံရိပ်ကြီး၏ ဝန်းရံမှုအောက်တွင် ခယ်ရွှမ်ကျန့် တစ်ခဏမျှ အရှိုက်မိလိုက်ရသကဲ့သို့ ကြက်သေသေသွားသည်။

အဝါရောင်အဆိပ်နှင့် ပတ်သက်၍ သူ၏ ကျွမ်းကျင်မှုများသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ချောမောသော မျက်နှာတစ်ခုက သူ့ကို ငုံ့ကြည့်နေပြီး၊လှံသွားက လည်ထွက်ကာ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားသည်။

ဖွပ်

ဖွပ်

ခယ်ရွှမ်ကျန့်၏ လည်ပင်း ဖောက်ထွင်းခံလိုက်ရပြီး ရင်ဘတ်ကြီးပွင့်ထွက်သွားကာ ပါးစပ်ထဲတွင် သွေးများပြည့်နေလျက် နားလည်နိုင်စွမ်းမရှိစွာ အသံမြည်နေတော့သည်။

သူ လုပ်နိုင်သမျှမှာ သူ့ရှေ့ရှိ လူငယ်ကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေရန်သာ ဖြစ်သည်။

၎င်းသည် သွေးရောင်များနှင့်အတူ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်အလင်းတန်းများ မှေးမှိန်သွားကာ ဝတ်ရုံလက်ကိုညင်သာစွာ ခါယမ်းလိုက်သည်နှင့် အဖြူရောင်မီးခိုးချပ်ဝတ်တန်ဆာ ပျောက်ကွယ်သွားသည်။

လှံကို လေးနက်ပြီး အာရုံစူးစိုက်စွာဖြင့် ကိုင်ထားရုံသာ ရှိတော့၏။

“ငါ… ငါက နည်းနည်း… အသာစီးရသွားပုံပဲ။”

ခယ်ရွှမ်ကျန့်က တစ်ပြိုင်နက်တည်း ငိုချင်သလိုရယ်ချင်သလိုလိုဖြစ်နေပြီး သူ၏ ငယ်ရွယ်သော မျက်နှာမှာ တွန့်လိမ်နေသည်။

သူ၏ စုတ်ပြဲနေသော ဝမ်းဗိုက်ထဲမှ နူးညံ့သော ခရမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

ဖခင်တစ်ယောက် ရှိသည့်အပြင် သူ၌ မိခင်တစ်ယောက်လည်း ရှိသေးသည်။

ထိုခရမ်းရောင်ပုတီးစေ့၏ အလင်းရောင်အောက်တွင်၊ သူ၏ ခန္ဓာကိုယ်ပေါ်၌ အကြေးခွံများ လျင်မြန်စွာပေါ်လာပြီး၊ သူ၏ ပုံစံတစ်ခုလုံး လျင်မြန်စွာ ကြီးမားလာကာ ခြေလက်များက ခြေသည်းများအဖြစ်သို့ ပြောင်းလဲသွားစဉ် သူ၏ နဂါးအသွင်ပြောင်းသွားမှုကို မတားဆီးနိုင်တော့ပေ။

ပိုမို လေးလံလာသော အသက်ရှူသံပြင်းပြင်းများက လေထုထဲတွင် မြည်ဟည်းသွား၏။

ထိုအစောင့်လေးဦးသာ ရှန်ယီ၏ အခြေခံကို မကုန်ခမ်းစေခဲ့လျှင်၊ ယနေ့ သူ တကယ်ပဲ ဒီနေရာမှာ သေသွားနိုင်ကောင်းသည်။

သို့သော် လောကကြီးတွင် အကယ်၍ဆိုသော စကားလုံးများစွာ မရှိပေ။

“ဟား… ဟား…”

“မင်းရဲ့ အရှင်သခင် အတွက် သေစမ်း”

ဝမ်းနည်းကြေကွဲဖွယ် စူးရှသောအသံက ပင်လယ်ကမ်းစပ်ပတ်လည်တွင် ပဲ့တင်ထပ်သွားသည်။

ထိုအချိန်မှာပင်၊ သူ၏ နှလုံးသားဆီသို့ ထွက်ပေါ်လာသော ခရမ်းရောင်ပုတီးစေ့ကို ရုတ်တရက် အနောက်သို့ ပြန်တွန်းသွင်းခံလိုက်ရ၏။

သူ၏ အသွင်ပြောင်းခြင်းကို ထောက်ပံ့ပေးထားသည့် ခက်ခက်ခဲဲခဲရရှိထားသော အသက်စွမ်းအင်များ ရုတ်တရက် ပြန့်ကျဲသွားသည်။

ခယ်ရွှမ်ကျန့် တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ရုတ်တရက် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်၏။-

“ယန်ရှန်းချင်း မင်းလုပ်ရဲတယ်ပေါ့”

စကားမဆုံးမီမှာပင်၊အရှုံးမပေးပဲ ရုန်းကန်နေသောလှံရှည်ကြီးကို ရှန်းယီက ကျွမ်းကျင်စွာ လွှဲယမ်းလိုက်ပြီး နဂါးမျိုးနွယ်၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။

“…”

ယန်ရှန်းချင်းက သူ၏ တုန်ရီနေသော လက်များကို တုန်လှုပ်ချောက်ချားစွာ၊ မယုံနိုင်စွာဖြင့် စိုက်ကြည့်နေ၏။

သူ… သူ နဂါးမျိုးနွယ်ကို တိုက်ခိုက်လိုက်မိသည်။

သူ့တွင် အတွေးသာ ရှိခဲ့ပြီး၊ ဘာမှမသိတော့သော စိတ်အခြေအနေအောက်တွင် သူ တကယ်ပင် လုပ်ခဲ့လိုက်မိသည်လော။

“အဟမ်း။”

လျိုရှီချန်းက ဂါထာမန္တန်ရွတ်ဆိုပြီးစီးသွားသော သူ၏လက်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်၏။

ကံကောင်းစွာဖြင့် အဆုံးသတ်တွင် ယန်ရှန်းချင်းက လှုပ်ရှားလိုက်သဖြင့် သူ လျိုရှီချန်းကို အဆင်ပြေပြေ ကူညီပေးရာ ရောက်သွားသည်။

အသက်အရွယ်တစ်ခုသို့ ရောက်နေပြီဖြစ်ရာ သူ ဂိုဏ်းချုပ်ထံ သွား၍ တောင်းပန်စကား မဆိုချင်တော့ပေ။

ဂိုဏ်းထဲတွင် အချိန်အကြာကြီး နေပြီးနောက်၊

အပြင်ထွက်လိုက်သည်နှင့် ဤကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကိစ္စမျိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

နောင်တွင် အပြင်ထွက်တာကို လျှော့တာ အကောင်းဆုံး ဖြစ်လိမ့်မည်။

All Chapters