← Chapters

ဒြပ်စင်ငါးပါးမှော်ဝင်ဓား

Vol. 4 Ch. 380

ဒြပ်စင်ငါးပါးမှော်ဝင်ဓား

Vol. 4 Ch. 380

ယွိမင်နတ်ဘုရားမှာ ကြားလိုက်ရသည့် စကားများကြောင့် ရင်ထဲတွင် နင့်သွားရလေသည်။

စူးလီသည် ထိုစကားများကို ပြောခြင်းမှာ စိတ်ရင်း အမှန်ဖြင့်လား၊ စိတ်ရင်း မမှန်ဘူးလား ဆိုသည်ကို မသိသည့်တိုင် ချင်းရွှမ်နတ်တံခါးကို တိုက်ခိုက်ရန် အတွက် ထိုက်စန့် နတ်ဘုရားဂိုဏ်းကို စည်းရုံးရန်မှာ မလွယ်ကူကြောင်း ယွိမင်နတ်ဘုရား သဘောပေါက် သွားလေသည်။

"ဒါပေမဲ့ ဝူချင်ကျီက ခင်ဗျားတို့ဂိုဏ်းရဲ့ ဆရာသခင် တစ်ပါးပဲ၊ တကယ်ပဲ ဒီကိစ္စကို ဒီတိုင်း လွှတ်ထားလိုက်တော့မှာလား"

ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။

စူးလီက ရယ်မောလိုက်ရင်း…

"ဒီကိစ္စမှာ ဆန်းကျန်းရန် နတ်ဘုရားလွန်တယ် ဆိုတာ ကျုပ်သိပါတယ်၊ သူလုပ်လို့ အားလုံးရဲ့ ဂုဏ်သိက္ခာလည်း ကျကုန်ပြီ၊ ဒီလိုလုပ်၊ ကျုပ်က ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ အမည်ကို အသုံးပြုပြီး ဆန်းကျန်းရန် နတ်ဘုရားဆီကို စာတစ်စောင် ရေးပေးလိုက်မယ်၊ သူအကျိုးသင့် အကြောင်းသင့် စဉ်းစားနိုင်မယ်လို့ မျှော်လင့်ရတာပဲ"

"အဲဒီလောက် လွယ်မယ် မထင်ဘူး၊ ဆန်းကျန်းရန် နတ်ဘုရားက လွယ်လွယ်နဲ့ စိတ်ထားပြောင်းတတ်တဲ့ သူမျိုးမှ မဟုတ်တာ"

ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။

စူးလီက ကျောက်သားစားပွဲကို လက်ဖြင့် တစ်ချက် ပုတ်လိုက်ရင်း…

"ဒါဖြင့် ထိုက်စု နတ်ဘုရားဂိုဏ်းက နတ်ဘုရား သုံးပါးကို ဘာလို့ သွားပြီး အကူအညီ မတောင်းရတာလဲဗျ၊ ပြီးတော့ ရှန်စန်းကျန်းရန်လည်း ရှိတာပဲ၊ သူက တရားမျှတမှု ရှိအောင် ဆုံးဖြတ် ပေးနိုင်တာပဲ မဟုတ်ဘူးလား၊ ကျုပ်တို့အားလုံးက တန်ခိုးစွမ်းအားတွေ ရှိကြပေမယ့် ဘဝတွေဆိုတာက အပြစ်ကင်းစင် ကြပါတယ်ဗျာ၊ အခြေအနေတွေသာ ပိုဆိုးကုန်မယ်ဆိုရင် ယွမ်ကျိုး နယ်တစ်ခုလုံး ဒုက္ခတွေ ရောက်ကုန်လိမ့်မယ်"

စူးလီမှာ ချင်းရွှမ်နတ်တံခါးနှင့် ပတ်သက်သည့် ကိစ္စတွင် ပါဝင် ပတ်သက်လိုခြင်း မရှိသည်မှာ ထင်ရှားနေလေပြီ။ သူက ကွမ်းချင်း နတ်ဘုရား ဂိုဏ်းအနေဖြင့် ဖြစ်ပြီးသည့် ကိစ္စများကို ဒီအတိုင်း ထားလိုက်ရန်ပင် ဆန္ဒရှိနေလေသည်။

ဟွမ်ကျန်းနှင့် ဖော့ဝမ့်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါးသာ ရှိနေလျှင် ယွိမင် နတ်ဘုရားကလည်း ထိုကိစ္စကို အလေးထားနေမည် မဟုတ်ပေ။ သို့သော် ယခုတော့ ချင်းရွှမ် နတ်တံခါးက ပြန်လည် ဦးမော့လာသည့် အချိန်တွင် ကွမ်းချင်းနတ် ဘုရားဂိုဏ်းကတော့ ရှေ့ဆက်ရန် လမ်းပျောက် နေခဲ့ပြီ ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားများသည် မိုးကောင်းကင် အစစ်ဆေးခံရမှုကို ရင်မဆိုင်နိုင်ဘဲ သေဆုံး ကြရမည်ဆိုလျှင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသည် ချင်းရွှမ် နတ်တံခါးကို မည်သည့်အခါမှ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ အခြေအနေဆိုးနှင့် ကြုံတွေ့နေရပြီ ဖြစ်လေသည်။ ထို့ကြောင့် သူက ချင်းရွှမ် နတ်တံခါးကိုလည်း ဒုက္ခပေးချင်နေမိခြင်း ဖြစ်လေသည်။ သူတို့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှ ပဋိပက္ခသည် မည်သည့်အခါမှ ကျေလည်နိုင်မည် မဟုတ်တော့ပေ။

ယွိမင်နတ်ဘုရား၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ လှည့်ပတ် ပြေးလွှား နေလေသည်။ သို့သော် ထိုအတွေးများသည် သူ၏ မျက်နှာထက်တွင်တော့ ပေါ်လာခြင်း မရှိပေ။

"ခင်ဗျားရဲ့ သဘောထားကို ကျုပ်နားလည်ပါပြီ၊ ကျုပ် ခင်ဗျားကို မနှောင့်ယှက် တော့ပါဘူး၊ ဒါပေမဲ့ ကျုပ်မသွားခင် စကားတစ်ခွန်းတော့ ပြာခဲ့ချင်တယ်"

ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။

"ဘာများလဲ"

စူးလီက မေးလိုက်သည်။

"ဆန်းကျန်းရန် နတ်ဘုရားရဲ့ တန်ခိုးစွမ်းအားတွေက အဆက်မပြတ် မြင့်တက်လာနေတယ်၊ တစ်နေ့မှာ သူဟာ ဒုတိယ ရှန်စန်းကျန်းရန်လု ကျိုးယွမ်လိုမျိုး သြဇာအာဏာ ကြီးမားလာလိမ့်မယ်၊ အဲဒီလိုသာ ဆိုရင် အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုမှာ တန်ခိုးစွမ်းအား မြင့်မားတဲ့ ကျောင်းတော်ကြီး ဆိုလို့ နှစ်ခုပဲ ကျန်လိမ့်မယ်"

ယွိမင်နတ်ဘုရားက စူးလီကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"ဒါက ယွမ်ကျိုးနယ် ကျင့်ကြံသူလောကရဲ့ ကံကြမ္မာပါပဲ၊ တစ်ယောက်က တိုးတက် အောင်မြင်လာရင် တစ်ယောက်က ကျဆင်းသွားမှာပဲ၊ ရွှမ်ထျန်း နတ်ဘုရား ဂိုဏ်းဟာ လုကျိုးယွမ် ရှိနေတဲ့အတွက် အင်အား ရှိပြီးသားပဲ၊ ချင်းရွှမ်ကလည်း အင်အား ကြီးမားလာပြီး ကျုပ်တို့ ထိုက်စန့် ဂိုဏ်းကလည်း အမြဲတမ်း အောင်မြင်နေမယ် ဆိုရင် ကျင့်ကြံသူ လောကကို တစ်နည်းမဟုတ် တစ်နည်း ထိခိုက် လာနိုင်တယ်လေ၊ အနိမ့်အမြင့်ဆိုတာ လောကမှ ကြုံတွေ့ရစမြဲပါပဲ၊ ဒါပေမဲ့ ခင်ဗျားပြောတဲ့ စကားကလည်း သဘာဝကျပါတယ်၊ ကျုပ်စိတ်ထဲ မှတ်သားထားပါ့မယ်"

ယွိမင်နတ်ဘုရား ထွက်ခွာသွားသည်ကို စူးလီသည် ငေးကြည့် နေခဲ့လေသည်။

ထို့နောက်တွင်မှ သူက ယွိမင်နတ်ဘုရား ပြန်ယူမသွားခဲ့ဘဲ ထားခဲ့သည့် ယင်နှင့်ယန် ကျောက်စိမ်း လက်ဖွဲ့ရတနာကို ကောက်ယူလိုက်ပြီး အနားမှ လူငယ်လေးကို ပေးလိုက်လေသည်။

"ယွိမင်နတ်ဘုရားဟာ တကယ့်ကို ရက်ရောတဲ့သူပဲ၊ ခွန်စန်းတောင်မှာတောင် ဒီလို ရတနာ ပစ္စည်းမျိုး သိပ်ပြီးမရှိဘူး၊ ရော့… ဒါကို ကစားဖို့ယူလိုက်"

လူငယ်လေးက ကျောက်စိမ်း လက်ဖွဲ့ ရတနာလေးကို ယူလိုက်လေသည်။

"ဆရာ၊ ချင်းရွှမ်နတ်တံခါးက တန်ခိုးစွမ်းအား မြင့်မားလာရင် တခြား နတ်ဘုရား ဂိုဏ်းတွေက ကျဆင်း သွားမယ်လို့ ပြောခဲ့တယ်နော်၊ ဒါဆို ဟိုအဘိုးကြီးကို ဘာလို့ မကူညီ လိုက်ရတာလဲဟင်"

စူးလီသည် လူငယ်လေး၏ ခေါင်းကို ဂေါက်ခနဲ နေအောင် ခေါက်လိုက်ပြီး ဒေါသ ထွက်သည့် အမူအရာဖြင့်…

"အမေးအမြန်းတွေ ထူလိုက်တာ"

"အဟီး… ကျွန်တော် နွားတွေကို အစာ သွားကျွေး လိုက်ဦးမယ်နော်"

လူငယ်လေးသည် ကျောက်စိမ်း လက်ဖွဲ့ရတနာကို ယူဆောင်ကာ အဝေးသို့ ခုန်ပေါက် ပြေးလွှား ထွက်ခွာ သွားလေတော့သည်။

လူငယ်လေး ထွက်ခွာသွားသည်ကို ကြည့်ရင်း စူးလီသည် သက်ပြင်း တစ်ချက် ချလိုက်လေသည်။

"သူက ဒုတိယ လုကျိုးယွမ် မဟုတ်ပါဘူး၊ ဆရာ … ဆရာက အနာဂတ်ကို ကြိုမြင်ခဲ့ပေမယ့် အားလုံးကို ထားပြီး ထွက်ခွာ သွားခဲ့တယ်၊ ကျွန်တော် လက်မှာတော့ ထိုက်စန့် နတ်ဘုရားဂိုဏ်းက အဆုံးသတ် ရတော့မယ်"

သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေလေသည်။

အရှ့ပင်လယ်၊ ချင်းရွှမ်နတ်တံခါး…

ထိုက်ယီတောင်ထိပ်…

ဆန်းလျန်သည် အချိန်တစ်နှစ်တိတိ ကြာသည့်တိုက် ထိုက်ယီ တောင်ထိပ်မှ တစ်ဖဝါးမှ မခွာခဲ့ပေ။ ထို့ပြင်… မည်သူ တစ်ဦးတစ်ယောက်မှလည်း ချင်းရွှမ်ခန်းမဆောင်သို့ ရောက်လာခဲ့ခြင်း မရှိပေ။

ဆန်းလျန်ရှေ့ရှိ မြေပြင်တွင် မြေပြင် မီးတောက်က တောက်လောင် နေလေသည်။ သူက မြေပြင် မီးတောက် တောက်လောင်နေသည့် ဆယ်ပေပတ်လည် ဧရိယာ တစ်ခုလုံးကို စိတ်အာရုံ စူးစိုက်ကာ ထိန်းချုပ် ထားလေသည်။

ဆယ်ပေပတ်လည်မှ စွမ်းအားများ ပေါက်ကွဲ ထွက်သွားပါက မြစ်များပင် လောင်ကျွမ်းသွားပြီး သမုဒ္ဒရာပင် ဆူပွက်သွားမည် ဖြစ်လေသည်။ ထိုအခါ သူသည်လည်း ကြီးမားသည့် တန်ဖိုးကို ပြန်လည် ပေးဆပ်ရမည် ဖြစ်လေသည်။

ထို့ကြောင့် သူသည် တစ်နှစ်ပတ်လုံး ထိုက်ယီ တောင်ထိပ်မှ တစ်ဖဝါးမှ မခွာခဲ့ခြင်း ဖြစ်လေသည်။

ဆရာဘွားဘွား ကျိလင်သည် ထျန်းယီရေစင်၊ စကြဝဠာ ကြယ်စင်မြေကြီးနှင့် နှစ်တစ်ထောင် ရေခဲသံမဏိကို ရှာဖွေကာ သူ့ကို ပေးခဲ့လေသည်။

ထိုအချိန်မှစပြီး သူကလည်း ဒြပ်စင် ငါးပါး မှော်ဝင်ဓားကို ပြုလုပ် နေခဲ့လေသည်။

လွန်ခဲ့သော သုံးရက်မစပြီး ကောင်းကင်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ထိုက်ယီ တောင်ထိပ်တွင် ရောင်စဉ်ငါးမျိုး လင်းလက် တောက်ပလာလေသည်။ ထိုရောင်စဉ် ငါးမျိုးသည် လေပြင်း မုန်တိုင်းတစ်ခု အလား ကောင်းကင်ကို ထိုးဖောက် ထွက်သွားလေသည်။

မှော်ဝင်ပစ္စည်းတစ်ခု မကြာခင် ထွက်ပေါ်လာတော့မည့် နိမိတ် လက္ခဏာများပင် ဖြစ်လေသည်။

"ဒီတန်ခိုး စွမ်းအားငါးခု ကောင်းကင်ကို ထိုးဖောက်သွားတာ ကောင်းကင်က သတ္တဝါတွေတော့ သေကုန် ကြတော့မှာပဲ"

ကျိလင်နတ်သမီးက မတ်တတ်ရပ်ရင်း ကောင်းကင်ကို ကြည့်ကာ ပြောလိုက်သည်။

သူမ၏ ဘေးတွင် လင်ကွမ်းနတ်သမီးက မတ်တတ် ရပ်နေလေသည်။

လင်ကွမ်း နတ်သမီးသည် အလွန်မှ ချောမောလှပသည့် နတ်သမီးတစ်ပါး ဖြစ်လေသည်။ သို့သော် သူမသည် ကျိလင်နတ်သမီးနှင့် ယှဉ်လိုက်သည့် အခါတွင်တော့ စကြဝဠာ ခြားသည့်အလား အလှတရားချင်း ကွာခြား လွန်းလှလေသည်။

ကျိလင်နတ်သမီးသည် အဆုံးမရှိသည့် မဟာ တာအိုလမ်းစဉ်ကို အောင်မြင်ထားပြီး တန်ခိုး စွမ်းအားများလည်း အဆမတန် မြင့်မားနေသည့် အတွက် လင်ကွမ်း နတ်သမီးသည် သူမကို ဒေါသ မထွက်ရဲပါ။

"ကျွန်မ နားမလည်တာ တစ်ခုရှိတယ်၊ သူ့ရဲ့ဓားက နှစ်တစ်ထောင် စန္ဒကူးသားနဲ့ ပြုလုပ်ထားတာ မဟုတ်လား၊ မိုးကောင်းကင် မီးတောက်ရယ်၊ ထျန်းယီရေစင်ရယ်၊ စကြဝဠာ ကယ်စင်မြေကြီးရယ်၊ နှစ်တစ်ထောင် ရေခဲ သံမဏိရယ်နဲ့ ယှဉ်လိုက်ရင် ဒီသစ်သားက ဘာဟုတ်တော့မှာလဲ၊ အဲဒီ သစ်သားဓားက ဘယ်လိုလုပ် မှော်ဝင် ဓားတစ်လက် ဖြစ်လာမှာလဲ၊ သူကြိုးကြိုးစားစား လုပ်ခဲ့ပြီးမှ အလကား ဖြစ်သွားမှာ မကြောက်ဘူးလား မသိဘူး"

လင်ကွမ်း နတ်သမီးက ပြောလိုက်သည်။

ကျိလင် နတ်သမီး၏ စိတ်များက ကြည်လင် နေလေသည်။ ထို့ကြောင့် လင်ကွမ်း နတ်သမီးသိချင်သည့် ကိစ္စကို သေသေချာချာ ရှင်းပြလိုက်လေသည်။

"လောကမှ ဘယ်အရာမှ ယင်နဲ့ယန်၊ ဒြပ်စင်စွမ်းအား ငါးမျိုးနဲ့ ကင်းလွတ်ပြီး တည်ရှိတဲ့ အရာရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ ဒြပ်စင် စွမ်းအားငါးမျိုးကို အားမျှချေ တူညီအောင် လုပ်ရတဲ့ အလုပ်က လောကမှ အခက်ဆုံးပဲ၊ ထို့ကြောင့် ဒြပ်စင်ငါးပါးကနေ မှော်ဝင် ရတနာတစ်ခုကို ကျင့်ကြံ ပြုလုပ်မယ် ဆိုရင် အရည်အသွေး တူညီပြီး မြင့်မြတ်တဲ့ ဒြပ်စင်ပစ္စည်း ငါးမျိုးကို ရှာဖွေရမယ်၊ ဒါပေမဲ့ ဆန်းလျန်ရဲ့ ဓားကတော့ မတူဘူး၊ သူက ဓားကို ပြုလုပ်ရင်းနဲ့ တာအိုခန္ဓာ အသစ်ကိုပါ ရရှိ သွားလိမ့်မယ်၊ ဓားကို ပြုလုပ်ပြီးတာနဲ့ အဲဒီဓားဟာ သူ့ရဲ့ အစိတ်အပိုင်းလိုမျိုး ဖြစ်လာလိမ့်မယ်၊ အဲဒီဓားဟာ သာမန် မှော်ဝင်ပစ္စည်းနဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူး၊ ဒီနှစ်တစ်ထောင် စန္ဒကူးသားဟာ သူ့နှလုံးသားပဲ၊ သူ့ရဲ့ကျင့်စဉ် လမ်းတစ်လျှောက် အဲဒီ စန္ဒကူးဓားနဲ့ ဖြတ်သန်းခဲ့တာ၊ အဲဒီ စန္ဒကူးဓားဟာ မိုးကောင်းကင် မီးတောက်နဲ့ ပေါင်းစပ်ပြီးတဲ့ နောက်မှာတော့ ဆန်းလျန်ရဲ့ အသွေးအသားလိုမျိုး ဖြစ်လာတယ်၊ ဒါပေမဲ့ အခြားပစ္စည်း သုံးမျိုးကတော့ ပြင်ပပစ္စည်းတွေပဲ၊ ဒါကြောင့် သူ့ခန္ဓာကိုယ်ထဲကို ပြင်ပအရာတွေ ထည့်သွင်းတဲ့ အခါ အဲဒီဓားဟာ သူ့ရဲ့ ဝိညာဉ် စွမ်းအားနဲ့ တန်ခိုး စွမ်းအားတွေကို ပြန်လည် ဖွဲ့စည်းပြီး ပေါင်းစပ်ပေးရတယ်၊ ဒီဓား ပြုလုပ်တာသာ အောင်မြင်ခဲ့ရင် ဒြပ်စင် ငါးပါးမှော်ဝင်ဓားဟာ ဆန်းလျန်နဲ့ တစ်သားတည်း ကျသွားလိမ့်မယ်၊ အဲဒီ ဓားလိုမျိုး ဟန်ချက် ညီခြင်းကို ဖျက်ဆီးနိုင်တဲ့ မှော်ဝင်ဓားမျိုး လောကမှာ ရှိမှာမဟုတ်ဘူး၊ လူသားရဲ့ ခန္ဓာကိုယ် တစ်ခုတည်းမှာပဲ မျက်လုံးတွေက ပျော့ပြောင်းတယ်၊ အရိုးတွေကတော့ မာတယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြဘူးလို့ မင်းထင်သလား"

ကျိလင်နတ်သမီး၏ စကားများကို နားထောင်ရင်း လင်ကွမ်း နတ်သမီးသည် ခဏတာမျှ တိတ်ဆိတ် ငြိမ်သက်နေလေသည်။ ပြီးမှ သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"ကျွန်မက ကျင့်စဉ်လမ်းနဲ့ ပတ်သက်ရင် အတွေ့အကြုံ များခဲ့ပါတယ်၊ ရှင်တို့တွေရဲ့ ကျင့်စဉ်လမ်း တစ်စိတ်တစ်ပိုင်း ကိုလည်း ကျွန်မ ခန့်မှန်းလို့ ရတယ်၊ ဒါပေမဲ့ အသိဉာဏ် ပညာမှာတော့ ရှင်တို့ကို လိုက်မမီ နိုင်သေးဘူး"

"ကျင့်စဉ်လမ်းနဲ့ ပတ်သက်တဲ့ အသိဉာဏ် ပညာဆိုတာ တစ်ယောက်တည်း အပိုင် သိမ်းထားကောင်းတဲ့ အရာမှ မဟုတ်တာ၊ ငါတို့ အသိဉာဏ်တွေက ချင်းရွှမ်ရဲ့ မျိုးဆက်ပေါင်းများစွာ ဆင်းသက် လာခြင်းကနေ ရရှိခဲ့ကြတာ၊ ချင်းရွှမ်က ကျင့်ကြံသူတိုင်းက အောင်မြင်မှု ရခဲ့တယ်လို့ မင်းထင်သလား၊ ကျရှုံးသွားတဲ့ သူတွေလည်း တစ်ပုံကြီးပဲ၊ ဒါပေမဲ့ အားလုံးက တာအိုကျင့်ကြံသူ စိတ်ထားတွေ ရှိကြတဲ့အတွက် အားလုံးကို တန်းတူ လေးစားသင့်တယ်၊ ပြီးခဲ့တဲ့ မျိုးဆက်ကသာ သွေးနဲ့ချွေးနဲ့ မရင်းခဲ့ဘူးဆိုရင် နောက်မျိုးဆက်ဟာ ဘယ်လိုလုပ် အောင်မြင်မှု ရရှိနိုင်မှာလဲ၊ ဒီအနှစ်သာရကို ကြည့်မယ်ဆိုရင် မင်းတို့ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းဟာလည်း မဆိုးလှပါဘူး"

ကျိလင်၏ စကားများက ဘက်လိုက်မှု မရှိသည့် စကားများ ဖြစ်လေသည်။

သူမ၏ စကားများကြောင့် လင်ကွမ်းနတ်သမီးမှာ အရင်ဆုံး အံ့သြသွားရပြီး နောက်ပိုင်းတွင်တော့ ကျိလင်နတ်သမီး၏ သူရဲ့ကောင်းဆန်သည့် စိတ်ထားကို လေးစား သွားခဲ့ရလေသည်။

လင်ကွမ်းနတ်သမီးသည် ခဏတာမျှ တိတ်ဆိတ် ငြိမ်သက်နေပြီးမှ…

"နောက်ဆုံးတော့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ရလဒ်တွေအပေါ်မှာ အများကြီး ဂရုစိုက် နေခဲ့တာပဲ"

ကျိလင်နတ်သမီးက ပြုံးလိုက်ရင်း…

"မင်းကို ငါ့ရဲ့အစေခံ အဖြစ်ခေါ်ထားတာကို ထိုက်စန့် နတ်ဘုရားဂိုဏ်းနဲ့ ထိုက်စု နတ်ဘုရားဂိုဏ်းက မှားတယ်လို့ စာတွေပို့ကြတဲ့ အကြောင်းကို မင်းကိုငါပြောပြတုန်းက မင်းဘာလို့ ငါ့ကို စကား ပြန်မပြောခဲ့တာလဲ"

ကျိလင် နတ်သမီး၏ အမေးစကားကြောင့် လင်ကွမ်း နတ်သမီးမှာ စိတ်ရှုပ်ထွေး သွားရလေသည်။

"ကျွန်မနှလုံးသားက မှားတယ်လို့ မခံစားရလို့ပါ၊ ဒါပေမဲ့ လူသားတစ်ယောက် အနေနဲ့ ဆိုရင်တော့ အဲဒီလို မဟုတ်ဘူးလေ"

"မင်းက လေးစားစရာ ကောင်းတဲ့ နတ်သမီးတစ်ပါးပါ၊ ငါတို့တွေရဲ့ ရပ်တည်ချက်သာ မကွဲပြားဘူးဆိုရင် ငါတို့တွေဟာ မိတ်ဆွေတွေတောင် ဖြစ်နိုင်သေးတယ်"

***

All Chapters