← Chapters

တောင်ကုန်းဘီလူးကြီးလား

Vol. 10 Ch. 141

တောင်ကုန်းဘီလူးကြီးလား

Vol. 10 Ch. 141

ဆားတွင်းပြီးနောက် ဤတွင်းမှာ ယနေ့ သူတွေ့ရှိသည့် ဒုတိယမြောက် အဆုံးမရှိသော တွင်းနက်ကြီး ဖြစ်သည်။

ဒီတွင်းကလည်း မြေအောက်ကမ္ဘာကို ဆက်သွယ်ထားတာလား..။

ရွှီရှင်းသည် တွင်းထဲသို့ ငုံ့ကြည့်လိုက်ရာ အနီရောင်ဘယ်ရီသီး၏ ညကြည့်စွမ်းရည် ရှိနေသော်လည်း အောက်ခြေကို မမြင်ရဘဲ မှောင်အတိ ကျနေဆဲပင်။

သူသည် တွင်းဝရှိ မြေကြီးတစ်ဆုပ်ကို ကောက်ယူကြည့်လိုက်၏။

[ညစ်ညမ်းနေသော မြေဆီလွှာ (မီးခိုးရောင်): အမည်မသိ အင်အားစုများ၏ ညစ်ညမ်းစေမှုကို ခံထားရသော မြေကြီးဖြစ်ပြီး ရှင်ကျန်သူများအတွက် အသုံးမဝင်ပါ။]

ထင်ထားသည့်အတိုင်းပင် ဤမြေမျိုး ဖြစ်နေပြန်ပြီ။

ဤတွင်းကြီးမှာ မူလကတည်းက ရှိနေခဲ့တာလား...။

ဆားတွင်းထဲတွင် အသစ်ပေါ်လာသော ကျင်းကြီးကို သတိရရင်း ရွှီရှင်း တစ်ခုခုကို နားလည်သွားပုံရသည်။

ဖြစ်နိုင်သည်မှာ မြေအောက်ကမ္ဘာနှင့် ဆက်သွယ်ထားသော ဤကျင်းများသည် သူတို့၏ ဒုတိယရှင်သန်ရေးအဆင့်နှင့် သက်ဆိုင်နေခြင်းလား။

ဒုတိယအဆင့်တွင်မူ သူတို့သည် မြေအောက်ကမ္ဘာနှင့် တကယ်တမ်း စတင်ထိတွေ့ကြရတော့မည် ထင်၏။

ရွှီရှင်းသည် ကန်လယ်က တွင်းနက်ကြီးကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ကမ်းခြေသို့ ပြန်ကူးလာခဲ့သည်။

သူသည် ချန်ယင်မိသားစုကဲ့သို့ ဇွတ်မခုန်ချရဲပေ။

ချန်ယင်တို့မှာ ကျောက်သားခန္ဓာကိုယ် ရှိသူများဖြစ်၍ ရေဖိအားဒဏ် မစိုးရိမ်ရသော်လည်း သူကမူ ထိုသို့မဟုတ်ချေ။

ကမ်းစပ်တွင် သားရဲသုံးကောင်မှာ စောင့်ဆိုင်းနေကြသည်။

ခဲခဲလေးမှာ ဆယ်မိနစ်ကျော်ကြာ တိတ်ဆိတ်နေသော ရေပြင်ကို စိုးရိမ်တကြီး ကြည့်နေရှာ၏။

ရွှီရှင်း ရေပေါ်ပြန်တက်လာသည်ကို မြင်မှသာ ၎င်းမှာ သက်ပြင်းချနိုင်တော့ပြီး "အီးးး" ဟု အော်ကာ သူတို့ရှိရာကို အချက်ပြတော့သည်။

ရွှီရှင်း ကမ်းပေါ်တက်လာသောအခါ သားရဲသုံးကောင်မှာ မူလနေရာ၌ မရှိတော့ဘဲ ကန်၏ အခြားတစ်ဖက်တွင် ရောက်နေကြပြီး ငွေရောင်ဘုရင်နှင့် မီမီတို့မှာ မြေကြီးကို ကုတ်ခြစ်နေကြသည်ကို တွေ့ရ၏။

"ဘာဖြစ်လို့လဲ အောက်မှာ တစ်ခုခု ရှိနေလို့လား"

သူ အနားသို့ လျှောက်သွားရင်း မေးလိုက်သည်။

"အီးးး အီးးး"

ခဲခဲလေးက လက်ကလေးများဖြင့် တစ်ခုခုကို အသည်းအသန် ပုံဖော်ပြနေသည်။

"ဓားငယ်လေးလား... နတ်စင်ဓားပါလားဟ"

ရွှီရှင်း၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားသည်။

"မင်းတို့ ရှာတွေ့ခဲ့တာလား"

"အီးးး"

ခဲခဲလေးက ခေါင်းငြိမ့်ပြ၏။

ရွှီရှင်းက ခဲခဲလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"တကယ် တော်တယ်"

ငွေရောင်ဘုရင်နှင့် မီမီတို့မှာ နတ်စင်ဓားကို မြေကြီးထဲမှ တစ်ဝက်ခန့် တူးထုတ်ပြီးချေပြီ။

၎င်းမှာ ဓားသွားကို အောက်စိုက်လျက် မြေကြီးထဲသို့ ပစ်ထားသည့်အလား ရှိနေသည်။

ချန်ယင်တို့၏ ခွန်အားနှင့်ဆိုလျှင် ဤသို့ဖြစ်နိုင်ပေသည်။

ရွှီရှင်းသည် နတ်စင်ဓားကို ဆွဲထုတ်လိုက်ပြီး ကန်အောက်ခြေကို စိုးရိမ်တကြီး တစ်ချက်ကြည့်လိုက်မိ၏။

သူတို့ ဘယ်လိုအခြေအနေ ရှိနေကြမလဲ။

ညကျရင်တော့ နတ်စင်ဆီကို တစ်ခေါက်ပြန်လာကြည့်ရပေမည်။

သူသည် ငွေရောင်ဘုရင်ကို စီးကာ နတ်စင်သို့ အရင်သွားပြီး နတ်စင်ဓားကို မူလနေရာတွင် ပြန်ထားလိုက်သည်။

ထို့နောက် တောအုပ်အတွင်း ဆက်လက်စူးစမ်းစရာ မရှိတော့သဖြင့် ပြန်ရန် ပြင်ဆင်လိုက်၏။

အပြန်လမ်းတွင် ဆားတွင်းဝသို့ ရောက်သောအခါ သူ အမှတ်မထင် လှမ်းကြည့်လိုက်မိသည်။

ထိုမြင်ကွင်းကြောင့် သူ ကျောစိမ့်သွားရ၏။

"ရပ်စမ်း ငွေရောင်ဘုရင်... ဟိုတွင်းဝကို သွားရအောင်"

စက္ကန့်ပိုင်းအတွင်း တွင်းဝသို့ ရောက်သွားသည်။

ရွှီရှင်း ကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ထားခဲ့သော တွင်းဝမှာ ယခုအခါ ပွင့်နေချေပြီ။

ထို့ပြင် သူပိတ်ခဲ့သော ကျောက်တုံးကြီးများမှာလည်း အနီးနားတွင် လုံးဝ ရှာမတွေ့တော့ပေ။

တွင်းထဲကို လှမ်းကြည့်လိုက်သော်လည်း အရာအားလုံးမှာ သာမန်တွင်းတစ်ခုကဲ့သို့ပင်။

သို့သော် ထိုသာမန်ဆန်လွန်းနေမှုကပင် ရွှီရှင်းကို သတိထားမိစေခဲ့သည်။

မြေပြင်မှာ အရမ်းသန့်ရှင်းနေသည်။

သူပစ်ထားခဲ့သော နွယ်ပင်ပြတ်များ၊ ကျောက်စများနှင့် ဆားခဲများမှာ လုံးဝ မရှိတော့ပေ။

ဒီတွင်းက အနာပြန်ကျက်ရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်ပါ သန့်ရှင်းရေး လုပ်နိုင်တာလားဟ။

ရွှီရှင်း တစ်ခုခုကို သတိရသွားကာ သူရှိနေသော တောင်ကုန်း၏ အသွင်အပြင်တစ်ခုလုံးကို သေချာကြည့်နိုင်ရန် နောက်သို့ တဖြည်းဖြည်း ဆုတ်လိုက်သည်။

တောင်ကုန်းတစ်ခုလုံး၏ ပုံသဏ္ဌာန်မှာ သူ၏မျက်စိရှေ့တွင် ပေါ်လာတော့၏။

"လခွီး... ငါတော့..."

ရွှီရှင်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့သည်။

အကယ်၍သာ ဤတောင်ကုန်းကို ဧရာမ ဦးခေါင်းကြီးတစ်ခုအဖြစ် မြင်ကြည့်လိုက်မည်ဆိုပါက ဤဆားတွင်းဝမှာ ထိုဦးခေါင်းကြီး၏ ဟထားသော ပါးစပ် သာ ဖြစ်ပေလိမ့်မည်။

တွင်းဝအထက်က တောင်ရိုးမှာ လူ၏နှာတံနှင့် တူနေပြီး၊ အပေါ်ဘက်က ချိုင့်ဝင်နေသော ကျင်းနှစ်ကျင်းမှာမူ မျက်လုံးအိမ် များ ဖြစ်နေသည်။

ထိုမျက်လုံးအိမ်များ၏ အထက်က စောင်းနေသော သစ်ပင်နှစ်ပင်မှာမူ မျက်ခုံးမွှေး များအလားပင်။

ကြည့်လေလေ၊ တူလေလေပင်။

တွင်းထဲက ဒဏ်ရာတွေ အလိုအလျောက် ပျောက်ကွယ်သွားတာ၊ ကျောက်တုံးတွေ ပျောက်သွားတာတွေက တိုက်ဆိုင်မှုလို့ ပြောဖို့ အလွန်ခက်ခဲလှသည်။

တွင်းထဲက ကျင်းနက်ကြီးဆိုသည်မှာ ဤသားရဲကြီး၏ အစာရေမျိုပြွန် ဖြစ်နေနိုင်မလား..

"ဒါက ဘာလဲ တောင်ကုန်းဘီလူးကြီးလား။ ဒါ တကယ်ကို အံ့ဩစရာပဲ..."

ရွှီရှင်း အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ထိန်းလိုက်ရသည်။

ဧရာမ မွန်းစတားကြီးရဲ့ ပါးစပ်ထဲမှာ ဆားသွားတူးနေမိတယ်ဆိုတဲ့ အတွေးကြောင့် လက်တွေပင် တုန်ယင်လာသဖြင့် စတော်ဘယ်ရီတစ်လုံးကို အမြန်စားလိုက်ရ၏။

"အီးးး"

ခဲခဲလေးက ရွှီရှင်း၏ ပုခုံးပေါ်မှနေ၍ သူ၏ ထူးဆန်းသော အပြုအမူကို နားမလည်ဟန်ဖြင့် ကြည့်နေသည်။

ရွှီရှင်းက ခဲခဲလေးကို စနောက်ချင်လာသဖြင့် "ခဲခဲ... ကြည့်စမ်း၊ ဒီတောင်ကုန်းက လူခေါင်းနဲ့ မတူဘူးလား"

ခဲခဲလေးမှာ အစပိုင်းတွင် နားမလည်သော်လည်း၊ သေသေချာချာ မြင်လိုက်ရသောအခါတွင်မူ ရွှီရှင်း၏ လက်ထဲမှ ရုန်းထွက်ကာ ကျောဘက်သို့ ကပ်နေတော့၏။

ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း တောင်ကုန်းကြီးကို ကြည့်ကာ ဟိန်းဟောက်ခြင်း၊ အမွှေးများ ထောင်ထလာခြင်းများဖြင့် အသင့်ပြင်ထားကြချေပြီ။

အကယ်၍ ဤတောင်ကုန်းကြီးမှာ ဦးခေါင်းတစ်ခုတည်းဆိုလျှင် မီတာ ၆၀၊ ၇၀ ခန့် မြင့်သော ဦးခေါင်းရှိသည့် ဤဘီလူးကြီး၏ အရပ်မှာ မီတာ ၄၀၀၊ ၅၀၀ ခန့် ရှိပေလိမ့်မည်။

၎င်းမှာ မြို့ပြက အထပ်မြင့် အဆောက်အအုံကြီးတွေထက်ပင် ပိုမိုကြီးမားနေပေမည်။

ယခင်က သူတွေ့ခဲ့သော သွေးရောင်ဘီလူးကြီးမှာ မီတာ ၃၀၊ ၄၀ သာ ရှိသဖြင့် ၎င်းနှင့် နှိုင်းယှဉ်ပါက ဤတောင်ကုန်းဘီလူးကြီးမှာ များစွာ ပိုမိုကြီးမားလှပေသည်။

"သွားကြစို့ ငွေရောင်ဘုရင်... ဝက်ဝံနက်ဂူ ဘက်ကို သွားကြည့်ရအောင်။"

သူသည် မိကျောင်းကြီးရှိမရှိ သွားကြည့်ချင်သလို၊ ဤနေရာက အခြေအနေများကိုလည်း မိကျောင်းကြီးအား မေးမြန်းကြည့်ချင်သေးသည်။

မိကျောင်းကြီး မရှိတော့ပါက ရွှီရှင်း၏ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားရပေလိမ့်မည်။

မိနစ်အနည်းငယ်အတွင်း ဝက်ဝံနက်ဂူအပြင်ဘက်ရှိ ချောင်းနားသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် မီတာ ၂၀ ခန့် ရှည်လျားသော မိကျောင်းပုံသဏ္ဌာန် ကျင်းကြီးတစ်ခုကို ရွှီရှင်း တွေ့လိုက်ရ၏။

၎င်းမှာ မိကျောင်းကြီး အိပ်စက်ခဲ့သော နေရာ ဖြစ်ပေလိမ့်မည်။

...ဒါပေမဲ့ မိကျောင်းကြီးကတော့ မရှိတော့ပေ။

သူ အားကိုးခဲ့ရသော၊ သူ့အပေါ် အမြဲတမ်း ဖော်ရွေခဲ့သော မိကျောင်းကြီး မရှိတော့သဖြင့် ရွှီရှင်း စိတ်မကောင်း ဖြစ်သွားမိသည်။

သို့သော် မိမိကိုယ်တိုင် အားကိုးနိုင်အောင် ကြိုးစားခြင်းကသာ အရေးကြီးဆုံးဖြစ်ကြောင်း သူ သတိရလိုက်၏။

သူသည် ဝက်ဝံနက်ဂူအတွင်းသို့ ဝင်ကြည့်လိုက်သော်လည်း ဘာထူးခြားမှုမှ မတွေ့ရတော့ပေ။

မြေအောက်စူးစမ်းစဉ်က ပေါ်လာခဲ့သော အက်ကြောင်းကြီးမှာလည်း လုံးဝ ပိတ်သွားခဲ့ပြီ ဖြစ်သည်။

မိကျောင်းကြီးလည်း မရှိ၊ ဂူထဲမှာလည်း ဘာမှမရှိသဖြင့် ယနေ့အတွက် တောအုပ်စူးစမ်းမှုကို အဆုံးသတ်လိုက်ရန် သူ ဆုံးဖြတ်လိုက်၏။

ယခုအချိန်မှာ သစ်ပင်အိမ်သို့ ပြန်ကာ အလှဆင်မှုများကို မြှင့်တင်ရန် အချိန်တန်ချေပြီ။

---

အခန်း ၁၄၁ ပြီး။

All Chapters