← Chapters

မြေတွင်းပေါက်များ နေရာအနှံ့အပြား ပေါ်လာခြင်း

Vol. 10 Ch. 143

မြေတွင်းပေါက်များ နေရာအနှံ့အပြား ပေါ်လာခြင်း

Vol. 10 Ch. 143

လီဝမ်ရှီးက သူမ၏ သတ္တုတွင်းအတွင်း ထူးဆန်းသောအရာတစ်ခု တွေ့ရှိခဲ့သည်ဟု ဆိုလိုက်သဖြင့် ရွှီရှင်း စိတ်ဝင်တစား မေးမြန်းလိုက်သည်။

"ကျွန်မ ဒီတစ်ခါ ယမ်းစိမ်းနဲ့ ရွှေနက်သတ္တု သွားတူးတာ၊ မထင်မှတ်ဘဲ ရွှေနက်တွင်းထဲမှာ ဂူအသစ်တစ်ခု ပေါ်နေတယ်"

ဒါက သူကြုံခဲ့ရတာနဲ့ ဆင်တူနေသည်မဟုတ်ပါလား။

"အဲဒီဂူက ဘယ်လိုပုံစံလဲ.. အောက်ခြေကို မမြင်ရလောက်အောင် နက်ပြီး ဂူဝက မြေကြီးတွေက အနီရောင်ဖျော့ဖျော့ ဖြစ်နေတာလား"

ရွှီရှင်းက မေးလိုက်၏။

"ဟုတ်တယ်၊ ဟုတ်တယ်။ ပြီးတော့ ဂူအတွင်းပိုင်း အနက်ကြီးထဲမှာ အဖြူရောင် အလင်းတန်းလေးတောင် မြင်ရတယ်"

လီဝမ်ရှီးက နွားမကြီး၏ ကျောပေါ်တွင် ထိုင်နေရာမှ မျက်လုံးများ တောက်ပလျက် ထရပ်လိုက်သည် ။

"ရှင် ဘယ်လိုသိတာလဲ။ ရှင်လည်း အဲဒီလိုဂူမျိုး တွေ့ခဲ့တာလား"

"အင်း... ငါ့ဘက်မှာလည်း တစ်ခုရှိတယ်၊ ငါ့အခြေအနေကတော့..."

ရွှီရှင်းက လီဝမ်ရှီးအား နွယ်ပင်များအကြောင်းနှင့် ဂူထဲက ထူးဆန်းသော ရနံ့များအကြောင်း ပြောပြလိုက်သည်။

"နွယ်ပင်တွေ ထွက်လာတယ် ဟုတ်လား"

လီဝမ်ရှီး အံ့အားသင့်သွားသည်။

"အဲဒါက ဘေးကင်းဇုန် အပြင်ဘက်မှာပဲ ဖြစ်တတ်တာ မဟုတ်ဘူးလား"

ကြည့်ရသည်မှာ လီဝမ်ရှီးဘက်တွင် ထိုသို့မဖြစ်ခဲ့ပေ။

ထိုတောင်ကုန်းဧရိယာမှာ တကယ်ပင် ထူးခြားနေပုံရသည်။

"ငါလည်း ဘာဖြစ်နေတာလဲဆိုတာ မသိတော့ဘူး"

ရွှီရှင်း သက်ပြင်းချလိုက်မိသည်။

ဘာလို့ သူ့ကျမှ အမြဲတမ်း ထူးထူးဆန်းဆန်းတွေ ကြုံနေရသနည်း။

"ဒါဆို ရှင် ဆားတူးလို့ မရတော့ဘူးပေါ့"

လီဝမ်ရှီးက စာနာစွာဖြင့် "ခက်တာပဲ၊ ဒါပေမဲ့ ရပါတယ်။ အခု တခြားလူတွေလည်း ဆားတွင်းတွေ ရှာတွေ့နေကြပြီ။ သူတို့က ဆားအချောကို မချက်တတ်ကြတော့ ရှင် သူတို့ဆီကနေ ပြန်ဝယ်လို့ ရတာပဲ"

"အရင်က ငါအများကြီး တူးထားလို့ လောလောဆယ်တော့ လောက်ပါတယ်"

ရွှီရှင်းက ထိုအကြောင်းကို ဆက်မပြောတော့ဘဲ မေးလိုက်သည်။

"နင့်ဂူက ဘယ်လောက်ကြီးလဲ၊ ထူးထူးခြားခြား အနံ့ရော ရလား"

"အင်း..."

လီဝမ်ရှီး ခဏစဉ်းစားလိုက်သည်။

"အချင်း တစ်မီတာ၊ နှစ်မီတာလောက် ရှိမယ်၊ တကယ့်ကို နက်တယ်။ အနံ့ကတော့... ကျွန်မ သေချာမသိဘူး၊ မရှိဘူးထင်တာပဲ။ သတ္တုတွင်းထဲမှာ ရွှေနက်သတ္တုရဲ့ သံချေးနံ့က အရမ်းပြင်းနေတော့လေ"

"အနီရောင် ဓာတ်ငွေ့တွေရော မြင်လား"

"အနီရောင် ဓာတ်ငွေ့လား မမြင်ပါဘူး၊ ဒါပေမဲ့ ထူးဆန်းတာက ခဏလောက် တူးပြီးတော့ ငါ ခေါင်းတွေ အရမ်းမူးလာတာနဲ့ ချက်ချင်း အပြင်ထွက်ခဲ့တာ။ အပြင်ရောက်တော့ မူးတာ ပျောက်သွားရော"

ထိုမူးဝေသည့် ခံစားချက်မှာ ထိုထူးဆန်းသော ဓာတ်ငွေ့များကို ရှူမိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

လီဝမ်ရှီးမှာ သတ္တုနံ့ကြောင့် ထိုအနံ့ကို သတိမထားမိခဲ့ခြင်း ဖြစ်နိုင်သည်။

ရွှီရှင်းက သူမအား ထိုဂူထဲတွင် နောက်တစ်ကြိမ် သတ္တုသွားတူးမည်ဆိုပါက ကြိုတင်ပြင်ဆင်ထားရန် သတိပေးလိုက်၏။

"အိုကေ ကျွန်မ ခေါင်းက ပေါက်ထွက်တော့မလို ခံစားခဲ့ရတာ၊ အခု ပြန်တွေးကြည့်မှ တကယ် အန္တရာယ်များတာပဲ"

လီဝမ်ရှီး နောက်ကျမှ ကြောက်လန့်သွားသည်။

"ဒါပေမဲ့ ကံကောင်းတာက ဒီတစ်ခေါက် ကျွန်မအများကြီး တူးနိုင်ခဲ့လို့ ကျွန်မတို့အတွက် အကြာကြီး ခံမှာပါ"

သူမ၏ စကားကြောင့် ရွှီရှင်းက မကြားချင်ယောင် ဆောင်ထားလိုက်သည်။

ဤဂူများမှာ သူ့နယ်မြေတစ်ခုတည်းတွင် မဟုတ်သဖြင့် ဒုတိယအဆင့်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်မှာ သေချာလှပေသည်။

"ရွှီရှင်း၊ အခု နွား ရှိလာတော့ ကျွန်မ ရဲ့ သတ္တုတူးတဲ့နှုန်းက အများကြီး မြန်လာပြီ။ ကျွန်မ ရဲ့ သတ္တုတွင်းတွေကို တခြားလူတွေကိုပါ ရောင်းပေးလိုက်ရမလား"

"မင်း စီမံနိုင်ရင် ရောင်းပေးလိုက်ပေါ့။ မင်းဆီမှာ မရှိတဲ့ အရင်းအမြစ်တွေကို သူတို့ဆီကနေ ပြန်လဲလို့ ရတာပေါ့"

"ဒါပေမဲ့ ရှင် က ကျွန်မ လိုချင်တာမှန်သမျှ အကုန်ပေးနေတာပဲလေ၊ လက်နက်၊ ချပ်ဝတ်၊ အစားအသောက် အကုန်ရှိနေတော့ ကျွန်မ ဘာမှမလိုသလိုပဲ"

"အမှတ်ဆိုင် ထဲက ပစ္စည်းတွေနဲ့ လဲလို့ရတာပဲ၊ အဲဒီထဲက ပစ္စည်းတွေက အရမ်းအသုံးဝင်တယ်" ဟု ရွှီရှင်းက အကြံပြုလိုက်သည်။

ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ရွှီရှင်းသည် ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ဖွင့်ကြည့်လိုက်၏။

ထိုနေရာတွင်လည်း အချို့သောသူများမှာ ထိုကဲ့သို့သော ဂူနက်ကြီးများကို ရှာတွေ့ခဲ့ကြသော်လည်း လူနည်းစုသာ ဖြစ်သဖြင့် အာရုံစိုက်မှု သိပ်မရကြသေးပေ။

စူးစမ်းရှာဖွေသူများ အဖွဲ့အတွင်း၌လည်း ဆွေးနွေးနေကြသည်။

ကျောက်ရှောင်ချွမ်း - "အဲဒီဂူထဲမှာ ဘာရှိမယ် ထင်ကြလဲ အရမ်းနက်ပြီး အောက်ကနေ အလင်းတွေ ထွက်နေတယ်"

ကျိချောင်းယန် - "ဂူဝက မြေကြီးတွေက ညစ်ညမ်းနေတဲ့ မြေကြီးတွေပဲ။ မကောင်းတဲ့အရာတွေ ထွက်လာနိုင်လို့ ပိတ်ထားတာ အကောင်းဆုံးပဲ"

ရွှီရှင်းက မေးလိုက်သည် - "ဘေးကင်းဇုန် အပြင်ဘက်က သတ္တဝါတွေ ဘေးကင်းဇုန် အတွင်းထဲမှာ ပေါ်လာတာမျိုး ကြုံရလား"

"မကြုံပါဘူး"

"မကြုံဘူး"

ရွှီရှင်း တွေးတောနေမိသော်လည်း ဆက်မမေးတော့ပေ။

ညမှသာ သွားကြည့်ရမည်။

လောလောဆယ်တွင် အလှဆင်မှုအမှတ်တက်ရန် ပန်းပုထုခြင်းကိုသာ ဆက်လုပ်လိုက်သည်။

သူသည် အပြာရောင်အဆင့် ခရမ်းရောင်သလင်းကျောက်ကို ယူ၍ မီမီ၏ ပုံတူကို ထုရန် ပြင်ဆင်လိုက်၏။

သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက် သူ ရပ်တန့်လိုက်ရသည်။

မရဘူးလား။

သူ့အနေဖြင့် အပြာရောင်အဆင့် ကုန်ကြမ်းပေါ်တွင် အပြာရောင်အဆင့် လက်ရာတစ်ခု ဖြစ်လာအောင် မထုဆစ်နိုင်သေးပေ။

ပန်းပုထုရသည်မှာ အလွန်ခက်ခဲနေပြီး သူ၏ အနုပညာရှင် စွမ်းရည်မရခင်ကအတိုင်း ဘာမှမသိနားမလည်တော့သလို ခံစားနေရသည်။

ဖြစ်နိုင်သည်မှာ သူ၏ ကျွမ်းကျင်မှု အားနည်းနေသေးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ရွှီရှင်းသည် အပြာရောင်သလင်းကျောက်ကို သိမ်းလိုက်ပြီး၊ အစိမ်းရောင်အဆင့် သလင်းကျောက်တစ်ခုကို ယူကာ ကျားသစ်ရုပ်တုတစ်ခုကို အောင်မြင်စွာ ထုလုပ်လိုက်သည်။

[သစ်ပင်အိမ်အတွင်း ကျားသစ်နီ သလင်းကျောက် ပန်းပု (အစိမ်းရောင်အဆင့်) ထားရှိကြောင်း သိရှိရသဖြင့်၊ အလှဆင်မှုအမှတ် +၁၀၊ လက်ရှိအမှတ်: ၁၁၆.၄]

အချိန်မှာ ညနေ ၆ နာရီ နားကပ်နေပြီ ဖြစ်သည်။

ရွှီရှင်းသည် ကျိချောင်းယန်ထံ စာပို့လိုက်၏။

"အလှဆင်မှုအမှတ်ရဲ့ အာနိသင်ကို သိလား။ ငါ့ဆီမှာ အမှတ် ၁၀၀ ကျော်သွားပြီ၊ ဘာမှ ထူးခြားမလာသေးဘူး"

ကျိချောင်းယန်က ပြန်ဖြေသည် - "ငါလည်း အမှတ် ၁၀၀ ကျော်သွားပြီ၊ ဘာမှ မသိရသေးဘူး။ ဖြစ်နိုင်တာက ဒုတိယအဆင့်ရောက်မှ သိရမှာပါ။ ဒါပေမဲ့ ဒါက အရေးကြီးတဲ့ အချက်အလက်တစ်ခုမို့လို့ မြှင့်ထားတာ ပိုကောင်းပါတယ်"

နေဝင်သွားပြီးနောက် ရွှီရှင်းသည် နတ်စင် ဆီသို့ သွားရန် ပြင်ဆင်လိုက်၏။

ငွေရောင်ဘုရင်နှင့် မီမီတို့မှာမူ အိမ်ထဲ၌သာ ကွေးကွေးလေး အိပ်နေကြသည်။

၎င်းတို့သည် ဗီဇပြောင်းလဲရန် အချိန်နီးကပ်နေပုံရသည်။

ရွှီရှင်းသည် ကောင်းမွန်သော ညစာကို ပြင်ဆင်ကာ ခဲခဲလေးအား တူတစ်စုံပေး၍ ကျွေးလိုက်သည်။

ထို့နောက် သူသည် အပြာရောင်အဆင့် အသီးအနှံများကို စားသုံးကာ မိမိကိုယ်ကိုယ် အစွမ်းထက်အောင် ပြင်ဆင်လိုက်၏။

ယခုည ခရီးစဉ်မှာ အလွန်အန္တရာယ်များနိုင်ပေသည်။

"သွားကြစို့"

ခဲခဲလေးက သူ၏ပုခုံးပေါ် တက်လိုက်ပြီး၊ ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း ထလာကြသည်။

ရွှီရှင်းသည် အိမ်အောက်တွင် ရှိနေသော သွေးရောင်လင်းနို့ကိုလည်း အတူခေါ်ခဲ့၏။

ငွေရောင်ဘုရင်ကို စီးနှင်းကာ တောင်ကုန်းများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ခဲ့သည်။

ခဏအကြာတွင် တောင်ကုန်းအရင်းအမြစ်ဇုန်သို့ ရောက်ရှိသွား၏။

ရွှီရှင်း၏ မျက်နှာမှာ တည်ကြည်သွားခဲ့သည်။

ယနေ့နံနက်က သူရခဲ့သော ထူးဆန်းသော ရနံ့မျိုးကို သူ ထပ်မံရရှိလိုက်ခြင်း ဖြစ်၏။

"ရပ်... ဒီထက် ပိုမကပ်နဲ့တော့"

ရွှီရှင်းသည် တွင်းဝနှင့် မီတာတစ်ရာအကွာတွင် ငွေရောင်ဘုရင်ကို ရပ်ခိုင်းလိုက်သည်။

သူသည် ထို ဘီလူးခေါင်း တောင်ကုန်းကြီးကို စိုက်ကြည့်လိုက်မိ၏။

ညဘက်မှာ နေ့ဘက်နှင့် လုံးဝ မတူတော့ပေ။

သူ့ရှေ့တွင် မြင်တွေ့နေရသည်မှာ အနီရောင် မြူခိုး များ ဖုံးလွှမ်းနေသည့် မြင်ကွင်းပင်။

တောင်ကုန်းတစ်ခုလုံးမှာ အနီရောင်မြူခိုးဖျော့ဖျော့များဖြင့် ဖုံးလွှမ်းနေ၏။

ထိုမြူခိုးများ၏ အရင်းအမြစ်မှာ ဘီလူးကြီး၏ ပါးစပ်နှင့်တူသော ဆားတွင်းဝပင် ဖြစ်သည်။

ဂူဝမှနေ၍ အနီရောင်မြူခိုးများမှာ ဘီလူးကြီး အသက်ရှူထုတ်နေသကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားတော့သည်။

အတွင်းပိုင်း အရင်းအမြစ်ဇုန်တစ်ခုလုံးမှာလည်း အနီရောင်မြူခိုးများအောက်တွင် ပျောက်ကွယ်နေပြီး၊ သွေးရောင်ဖျော့ဖျော့ ခြုံလွှာကြီးတစ်ခု လွှမ်းခြုံထားသည့်အလား ရှိနေလေတော့သတည်း။

---

အခန်း ၁၄၃ ပြီး။

All Chapters