← Chapters

နောက်ကျမှရရှိသော အထူးဆုလာဘ်

Vol. 10 Ch. 150

နောက်ကျမှရရှိသော အထူးဆုလာဘ်

Vol. 10 Ch. 150

အကယ်၍ နွယ်ပင်များက ငါးမီတာထက်ကျော်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိပါက ငါးမီတာအထက်ရှိသော နေရာအားလုံးသည် သစ်ပင်အိမ်၏ မူလဘေးကင်းဇုန်အတိုင်း အလုပ်လုပ်နေဦးမည်ဖြစ်သည်။

ဤသို့ဆိုလျှင် သူသည် ငါးမီတာစည်းပေါ်တွင် ဟိုဘက်ဒီဘက်ခုန်ကာ နွယ်ပင်များကို မျှားထုတ်နိုင်သည်။

ထို့နောက် ငါးမီတာအထက်ကနေ အန္တရာယ်ကင်းကင်းဖြင့် ပြန်လည်တိုက်ခိုက်ကာ ရမှတ်များ စုဆောင်းနိုင်သလို၊ ဗီဇပြောင်းနွယ်ပင်ရည်များကိုလည်း ပိုမိုရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် သူ၏သစ်ပင်အိမ်အောက်ခြေတွင် အပင်တစ်ပင်မှမရှိပေ။

မိုးသက်မုန်တိုင်းကာလမတိုင်မီကတည်းက သစ်ပင်အိမ်ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ ချုံပုတ်များနှင့် မြက်ပင်များကို သူ အကုန်ရှင်းလင်းထားခဲ့ခြင်း ဖြစ်သည်။

မိုးရာသီပြီးဆုံးသွားချိန်တွင်လည်း သစ်ပင်အိမ်အမိုးအောက်ရှိ နေရာကို သစ်ပင်အိမ်က နယ်မြေစိုးမိုးထားသကဲ့သို့ ဖြစ်နေသဖြင့် ဘာအပင်မှ ထပ်မပေါက်လာတော့ပေ။

ထို့ကြောင့် ယခု သူ့သစ်ပင်အိမ်အောက်၌ မြက်ပင်တောင်မရှိဘဲ မြေပြင်အတိုင်းသာ ရှိနေသဖြင့် နေရာကျယ်ဝန်းလှရာ၊ သစ်ပင်အိမ်အောက်မှာတင် ပေါက်ကွဲစေတတ်သောမြှားများကို စိတ်ကြိုက်အသုံးပြုနိုင်ပြီဖြစ်သည်။

မီးမြှားများကိုမူ အသုံးပြုရန် မစဉ်းစားတော့ပေ။

အကယ်၍ နွယ်ပင်များက မီးစွဲလောင်ပြီး ရမ်းခါရာမှ ဘေးကသစ်ပင်များကို မီးကူးသွားပါက ဒုက္ခရောက်ကုန်လိမ့်မည်။

ပေါက်ကွဲစေသောမြှားဖြင့် တစ်ချက်တည်း အပြတ်ရှင်းပစ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

သို့သော် ယခုက ထိုအကြောင်း ဆွေးနွေးရမည့်အချိန် မဟုတ်သေးပေ။

"အားလုံး သဘောတူရင်တော့ ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာ ငါ ကြေညာလိုက်တော့မယ်။ ငါတို့ သစ်ပင်အိမ်အတွက် သစ်သားချပ်ဝတ်တွေ ရောင်းမယ်လို့ပေါ့။ မင်းတို့လည်း လုပ်ပြီး အရောင်းအဝယ်ကဏ္ဍမှာ တင်ထားကြ။ ဈေးကိုတော့ ကုန်ကြမ်းတန်ဖိုးရဲ့ နှစ်ဆလောက်ပဲ ထားလိုက်ပါ။ သိပ်လည်း ဈေးမတင်ပါနဲ့၊ သူတို့ဆီမှာ အမြတ်ထုတ်စရာလည်း ဘာမှ သိပ်မကျန်တော့ဘူးလေ"

"ကောင်းပါပြီ အကြီးအကဲရွှီ"

"နားလည်ပါပြီ"

ရွှီရှင်းက ဒေသတွင်းဆက်သွယ်ရေးလိုင်းတွင် စူးစမ်းရှာဖွေသူများ အဖွဲ့မှ သစ်သားချပ်ဝတ်များ ရောင်းချပေးမည့်အကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ကြေညာလိုက်ရာ တစ်နယ်မြေလုံး ဆူညံသွားတော့သည်။

"အကြီးအကဲကြီး အသက်ရှည်ပါစေ"

"ဒီလိုအခြေအနေမျိုးကို စူးစမ်းရှာဖွေသူများ အဖွဲ့ပဲ ကိုင်တွယ်နိုင်တာ"

"ငါတို့နယ်မြေမှာ ဒီလိုအကြီးအကဲမျိုး ရှိနေတာ တကယ်ကံကောင်းတာပဲ"

"မြန်မြန်လေး ရောင်းပေးပါအကြီးအကဲ ငါ့အိမ်အောက်က နွယ်ပင်တွေက ရူးနေကြပြီ"

ထိုစဉ် လီဝမ်ရှီးထံမှ သီးသန့်စာတစ်စောင် ရောက်လာသည်။

"သစ်ပင်အိမ်အတွက် သံချပ်ဝတ်ရော လုပ်လို့ရမလား"

ချပ်ဝတ်များ ထုတ်လုပ်နေရင်း ရွှီရှင်းက ပြန်စာပို့လိုက်သည်။

"မရဘူး၊ သံချပ်ဝတ်တော့ မရှိဘူး။ ဒါပေမဲ့ မင်းလိုချင်ရင် သစ်ပင်အိမ်အတွက် အလိုအလျောက် သံမြှားသေနတ်တော့ လုပ်ပေးလို့ရတယ်"

"သံမြှားသေနတ်လား...အင်း လုပ်ပေးပါလာား ဒီသစ်သားတစ်ခုက အလိုအလျောက်စနစ်ဆိုပေမဲ့ သိပ်တိကျမှုမရှိဘူး"

"ခဏစောင့်ဦး၊ အရင်ဆုံး မင်းလည်း ရောင်းဖို့ ချပ်ဝတ် အရင်လုပ်လိုက်ဦး။ အခု အဲဒါက ဝယ်လိုအား အရမ်းများနေတာ"

"အော်... ဟုတ်ကဲ့ပါရှင် ၊ အရင်ရောင်းလိုက်ပါ့မယ်"

သူ့တွင်ရှိသမျှ သစ်တုံးများကို အသုံးပြု၍ သစ်သားချပ်ဝတ်များ လုပ်ကာ အရောင်းအဝယ်ကဏ္ဍတွင် ကုန်ကြမ်းတန်ဖိုး၏ နှစ်ဆဖြင့် တင်လိုက်သည်။

သူသည် အဆင့်စာရင်း၏ ထိပ်ဆုံး၌ ရှိနေသဖြင့် သူ၏အရောင်းအဝယ်မှာ အပေါ်ဆုံး၌ ပေါ်နေပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အကုန်ရောင်းထွက်သွားတော့သည်။

"ဟိုး... ဘယ်သူတွေက ဒီလောက်မြန်မြန် ဝယ်သွားတာလဲ"

"ဟေ့... အကုန်လုံး သိမ်းကြုံးမဝယ် ပါနဲ့ဦး ပင်စည်က သုံးမီတာပဲ ရှိတာဆိုတော့ တစ်ယောက်ကို ခြောက်ခုဆို လောက်နေပြီဥစ္စာ"

စူးစမ်းရှာဖွေသူများ အဖွဲ့၏ တခြားအဖွဲ့ဝင်များကပါ ချပ်ဝတ်များ တင်ရောင်းပေးလိုက်သည့်အခါမှသာ ဆူညံသံများက တဖြည်းဖြည်း ငြိမ်ကျသွားသည်။

ရွှီရှင်းကလည်း ရလာသော ကုန်ကြမ်းများဖြင့် နောက်ထပ်တစ်သုတ် ထပ်မံလုပ်ဆောင်ကာ ရောင်းပေးလိုက်ပြန်သည်။

သစ်ပင်အိမ်ချပ်ဝတ်သည် ဤအစီအစဉ်တွင် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်နေသဖြင့် လူတိုင်း ဝယ်ယူနေကြခြင်းဖြစ်သည်။

ယခု ဆက်သွယ်ရေးလိုင်း၌ လူပေါင်း ၃,၀၅၈ ယောက် ကျန်ရှိနေသေးသဖြင့် လူတိုင်း ဆယ်ခုစီ ဝယ်မည်ဆိုလျှင်ပင် အခုရေ ၃၀,၀၀၀ ကျော် လိုအပ်မည်ဖြစ်သည်။

အရောင်းအဝယ်များ အနည်းငယ် အေးသွားချိန်တွင် ရွှီရှင်းက ခေတ္တအနားယူရန် ဆုံးဖြတ်လိုက်သည်။

အခုဆိုလျှင် လူတိုင်းနီးပါး သူတို့အိမ်များတွင် ချပ်ဝတ်များ တပ်ဆင်ပြီးလောက်ပြီဖြစ်သည်။

တခြားဘာမှ ထူးထူးခြားခြား ထပ်မဖြစ်လာပါက လူတိုင်း ဘေးကင်းနိုင်ပြီဖြစ်သည်။

အလုပ်များ ပြီးသွားချိန်တွင် ရွှီရှင်းက လီဝမ်ရှီးထံ စာပို့လိုက်သည်။

"သံမြှားသေနတ် လိုချင်သေးလား"

"လိုချင်တယ်"

လီဝမ်ရှီးက ဗီဒီယိုချက်ချင်းခေါ်လာသဖြင့် ရွှီရှင်းကလည်း လက်ခံလိုက်သည်။

ဤမိန်းကလေးမှာ အခုမှ နိုးလာပုံရကာ ဆံပင်များကလည်း အနည်းငယ်ရှုပ်ပွနေပေမဲ့ အားအင်ကတော့ ပြည့်ဝနေဆဲပင်။

"ဟိုလေ... မြှားတွေကိုလည်း သံနဲ့ပဲ လုပ်ပေးလို့ရမလား အဲဒါလေးပါ လိုချင်လို့..."

"ရတာပေါ့၊ ပြဿနာမရှိဘူး။ အပြာရောင်အဆင့် သံမြှားသေနတ်တောင် လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ ကုန်ကြမ်းတော့ မင်းပေးရမယ်"

"အပြာရောင်အဆင့် သံမြှားသေနတ်လား"

လီဝမ်ရှီး မျက်လုံးများ ပြူးသွားပြီးမှ ပြန်မှိန်သွားသည်။

"ဒါပေမဲ့... ကျွန်မ ဆီမှာ အပြာရောင်အဆင့် သစ်သားမှ မရှိတာ..."

"အပြာရောင်အဆင့် သံမြှားသေနတ်က အပြာရောင်အဆင့် သစ်သားမလိုပါဘူး"

ရွှီရှင်းက ရှင်းပြလိုက်သည်။

"အပြာရောင်အဆင့် သံတုံးတွေနဲ့ အပြာရောင်အဆင့် သားရဲအကြောတွေပဲ လိုတာ"

"အဲဒါတွေ အကုန်ရှိတယ် အပြာရောင်အဆင့် မြှားသေနတ်ပဲ လိုချင်တယ်"

လီဝမ်ရှီးက ကုန်ကြမ်းများအပြင် ဆုလာဘ်အနေဖြင့် အပြာရောင်သံတုံး အပိုအချို့ပါ ပို့ပေးလာသည်။

သူသည် မြှားသေနတ် နှစ်လက်နှင့် မြှားအစင်း ၂၀ ကို လုပ်ပေးလိုက်ပြီး လီဝမ်ရှီးထံ ပို့ပေးလိုက်၏။

ဗီဒီယိုဖုန်းချပြီးနောက် သူသည် အပြင်ထွက်ပြီး နွယ်ပင်များကို မျှားထုတ်ရန် ပြင်ဆင်လိုက်သည်။

ခဲခဲလေးကတော့ ကုတင်ပေါ်တွင် အမြီးလေးဖက်ပြီး ဟောက်နေတုန်းပင်။

မီမီနှင့် ငွေရောင်ဘုရင်ကတော့ နိုးနေပြီဖြစ်သည်။

ရွှီရှင်း အပြင်ထွက်ရန် ပြင်နေသည်ကို မြင်သောအခါ သူတို့နှစ်ကောင်စလုံး အနားသို့ ရောက်လာကြသည်။

သားရဲနှစ်ကောင်စလုံး၏ ကိုယ်ပေါ်ရှိ သွေးရောင်အစင်းကြောင်းများသည် မနေ့ကထက် ပိုမိုရင့်လာသည်ကို ရွှီရှင်း သတိထားမိလိုက်သည်။

မကြာခင်မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲများ ဖြစ်လာကြတော့မည်။

"ဒီနေ့ မင်းတို့ လိုက်စရာမလိုဘူး၊ အိမ်မှာပဲ အနားယူကြ"

ထိုစကားကို ကြားသောအခါ သားရဲနှစ်ကောင်က ဇွတ်မလိုက်တော့ဘဲ ပြန်အိပ်ကြသည်။

ဤကောင်များ အခုတလော အမြဲအိပ်နေခြင်းမှာ ဆင့်ကဲပြောင်းလဲရန်အတွက် အင်အားစုဆောင်းနေခြင်း ဖြစ်နိုင်သည်။

ရွှီရှင်း အပြင်ထွက်ခါနီးမှာပင် ကျိချောင်းယန်ထံမှ စာတစ်စောင် ရောက်လာသည်။

"မိုးရာသီ အဆင့်စာရင်းအတွက် ဆုလာဘ်တွေကို ဒီနေ့ ထုတ်ယူလို့ရပြီတဲ့"

ရွှီရှင်း ချက်ချင်းပင် အဆင့်စာရင်းထဲသို့ ဝင်ကြည့်လိုက်ရာ သူ့နာမည်ဘေးတွင် ဆုထုတ်ယူရန် ခလုတ်တစ်ခု ပေါ်နေသည်ကို တွေ့ရသည်။

ခလုတ်ကို နှိပ်လိုက်သောအခါ အသံတစ်ခု ထွက်ပေါ်လာ၏။

[ဤဆုလာဘ်သည် အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိသော အထူးဆုလာဘ်ဖြစ်ပြီး သစ်ပင်အိမ်၏ အလှဆင်မှုအဆင့်နှင့် သက်ဆိုင်ပါသည်။ ရှင်ကျန်သူ၏ သစ်ပင်အိမ်သည် ဒုတိယအဆင့်သို့ အဆင့်မမြှင့်ရသေးသောကြောင့် အလှဆင်မှုအဆင့်၏ လုပ်ဆောင်ချက်အချို့ကို ကြိုတင်ဖွင့်ပေးပါမည်။]

[ဤဆုလာဘ်သည် အထူးစွမ်းရည်တစ်ခုဖြစ်သော: ကျပန်းမြှင့်တင်မှု ဖြစ်ပါသည်။]

[သစ်ပင်အိမ်၏ အလှဆင်မှုအဆင့် ၁၀၀ ထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်၊ ယနေ့အတွက် ရရှိသော ကျပန်းမြှင့်တင်မှုမှာ: အမြင်အာရုံ မြှင့်တင်ခြင်း ဖြစ်ပြီး အာနိသင်မှာ တစ်ရက်ကြာ ခံပါမည်။]

အသံဆုံးသွားသည်နှင့် ရွှီရှင်း၏ မျက်လုံးများထဲသို့ အေးမြသော ခံစားချက်တစ်ခု စီးဝင်သွားသည်။

တစ်ခဏအတွင်းမှာပင် သူ့မျက်စိရှေ့ရှိ ကမ္ဘာကြီးမှာ မယုံနိုင်လောက်အောင် ကြည်လင်သွားတော့သည်။

သစ်ပင်အိမ်နံရံပေါ်ရှိ ဖုန်မှုန့်လေးတစ်စကိုပင် အထင်အသား မြင်နေရပြီဖြစ်သည်။

သူ မျက်တောင်ခတ်ကြည့်လိုက်ရာ အရာအားလုံးက အသစ်အဆန်းလိုပင်။

အနားရှိအရာများ ကြည်လင်သွားရုံတင်မကဘဲ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အခါ အရင်က ဝေဝါးနေသော အဝေးမှ မြင်ကွင်းများသည် ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။

သူ့မျက်လုံးများသည် အဝေးကြည့်မှန်ပြောင်းကဲ့သို့ရော၊ အနုကြည့်မှန်ပြောင်းကဲ့သို့ရော လိုသလို ပြောင်းလဲနိုင်သွားသလိုပင်။

"ဒီစွမ်းရည်က တကယ့်ကို အစွမ်းထက်တာပဲ"

ရွှီရှင်း အံ့အားသင့်သွားမိသည်။

ဆယ်ကီလိုမီတာကျော် ဝေးသောနေရာရှိ တခြားရှင်ကျန်သူတစ်ယောက်၏ သစ်ပင်အိမ်ကိုပင် မြင်နေရပြီဖြစ်သည်။

သူသည် ကျပန်းမြှင့်တင်မှု ဆိုသည့် အပိုင်းကို ဝင်ကြည့်လိုက်ရာ ယနေ့မြှင့်တင်မှု ကဏ္ဍတွင် အမြင်အာရုံ မြှင့်တင်ခြင်း၏ ဖော်ပြချက်ကို တွေ့ရ၏။

[ရှင်ကျန်သူ၏ မျက်လုံးများကို အားကောင်းစေပြီး သေးငယ်သောအရာများနှင့် အဝေးကအရာများကို ပိုမိုကြည်လင်စွာ မြင်နိုင်စေပါသည်။]

အောက်တွင်ပါရှိသော ရှင်းလင်းချက်အရ သစ်ပင်အိမ်၏ အလှဆင်မှုအဆင့်ပေါ် မူတည်ပြီး သစ်ပင်အိမ်ထဲ၌ သုံးနာရီထက်ပို၍ ဆက်တိုက်အိပ်စက်သော ရှင်ကျန်သူများသည် တစ်ရက်တစ်ကြိမ် ကျပန်းစွမ်းရည်များ ရရှိမည်ဖြစ်သည်။ အလှဆင်မှုအဆင့် မြင့်လေလေ၊ စွမ်းရည်များ ပိုများလေလေ၊ အချိန်ပိုကြာလေလေ ဖြစ်မည်ဖြစ်သည်။

သူ့၏ အလှဆင်မှုအဆင့်မှာ ၁၀၀ ကျော်နေပြီဖြစ်သဖြင့် တစ်ရက်လျှင် တစ်ခါနှုန်းဖြင့် တစ်ရက်အပြည့်ခံသော စွမ်းရည်ကို ရနိုင်ခြင်းဖြစ်သည်။

နေ့တိုင်း သုံးနာရီခန့် အိပ်ရုံဖြင့် ထူးခြားစွမ်းအားတစ်ခုကို ရနိုင်ခြင်းပင်။

ရွှီရှင်း ပြတင်းပေါက်မှ မြေပြင်ကို လှမ်းကြည့်လိုက်သည့်အခါ သူ၏ မြှင့်တင်ထားသော အမြင်အာရုံကြောင့် မြေပြင်အောက်ရှိ သေးငယ်သော တုန်ခါမှုလေးများကိုပင် သတိထားမိလိုက်သည်။

အဲဒီအရာများ သည် မြေအောက်၌ ပုန်းနေသော နွယ်ပင်များ၏ တည်နေရာများ ဖြစ်ရပေမည်။

"တကယ့်ကို ကောင်းကင်ဘုံက ကူညီတာပဲဟေ့"

---

အခန်း ၁၅၀ ပြီး။

All Chapters