အခန်း (၄၄၇၆-၄၄၈၀)
Vol. 224 Ch. 4476-4480
အပိုင်း (၄၄၇၆) အင်ပါယာရဲ့ မူလ
မူလရင်းမြစ်လည်း လျှောက်လာပြီး လင်းဟန်နဲ့ တစ်နေရာတည်းမှာ ရပ်လိုက်တယ်။
“တကယ်လို့ ငါ့လျှို့ဝှက်နည်းစနစ်ကို မသုံးဘူးဆိုရင် ဒီနေရာထိပဲ ငါ လျှောက်နိုင်တယ်”
သူက ပြောလိုက်တယ်။
လင်းဟန်က ခေါင်းညိတ်လိုက်တယ်။ သူက ကျယ်လောင်စွာ မာန်တစ်ချက် သွင်းပြီးတော့ လက်သီး တစ်ချက် ထိုးလိုက်တယ်။ သူ့အရှေ့မှာ ရန်သူ တစ်ယောက် ရှိနေသလိုမျိုး သူက သွေးလမ်းကြောင်း တစ်ခု ဖောက်ထွက်ဖို့ လုပ်နေတယ်။
ဒါက သက်ရောက်မှု ရှိပါတယ်။ အတားအဆီး အားလုံးကို သူက ကျော်ဖြတ်ပြီး အရှေ့ကို ဆက်တိုး လာခဲ့တယ်။
ဒါပေမဲ့လည်း သူက ကျွန်းနဲ့ ကီလိုမီတာ ငါးရာလောက် အကွာကို ရောက်တဲ့ အချိန်မှာတော့ လင်းဟန်က နောက်တစ်ကြိမ် တားဆီးခံလိုက်ရတယ်။
ခုခံမှုက အရမ်းကို ကြီးမားလွန်းပြီး သူက နည်းနည်းလေးမှ ရှေ့မဆက်နိုင်တော့ဘူး။
သူတို့က တကယ်ပဲ ရှေ့တိုးနိုင်စွမ်း မရှိတော့ဘူးလား။
လင်းဟန်က ဖျက်ဆီးခြင်း စွမ်းအင်ကို လည်ပတ်ပြီး သူ့လက်သီးကို မြှောက်ကာ နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်တယ်။ ချက်ချင်းပဲ သူက နောက်တစ်ကြိမ် ရှေ့ကို စတင်ချီတက် သွားခဲ့တယ်။
ဖျက်ဆီးခြင်း စွမ်းအင်က တကယ့်ကို အံ့သြဖွယ်ကောင်းပြီး အထူးသဖြင့် သူက စိတ်ဝိညာဉ် ကားချပ်ရဲ့ အပိုင်းရှစ်ပိုင်းလောက် ရရှိထားပြီး ပြီးပြည့်စုံဖို့ ခြေတစ်လှမ်း အကွာပဲ လိုတော့တဲ့ အချိန်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း နောက်ထပ် ကီလိုမီတာ နှစ်ရာ့ငါးဆယ်လောက် ရှေ့တိုးပြီးတဲ့ နောက်မှာတော့ သူက ဆက်ပြီးတော့ ရှေ့မဆက်နိုင်တော့ဘူး။ ခုခံမှုက အရမ်းကို ကြီးမားပြီးတော့ ဖျက်ဆီးခြင်း စွမ်းအင်ရဲ့ အဆင့်က ဘယ်လောက်မြင့်မြင့် ဘာမှမတတ်နိုင်ပါဘူး။
ဒါက ရွံဓားတစ်ချောင်းကို ထက်ရှတဲ့ ဓားတစ်ချောင်းက အလွယ်တကူ လှီးဖြတ်ပစ်တာနဲ့ တူညီပြီး ရွံဓားက တောင်ငယ်လေးတစ်လုံးလောက် ကြီးမားနေပါစေ ဘယ်လိုလုပ် အဖြတ်မခံရပဲ နေမှာလဲ။
ရှေးဦးဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်။
လင်းဟန်က သူ့ဝှက်ဖဲကို နောက်တစ်ကြိမ် သုံးလိုက်တယ်။ အင်ပါယာ တစ်ပိုင်း လက်နက်က သူ့ခေါင်းထက်မှာ ဝဲပျံနေပြီး ခုခံမှု စွမ်းအား တစ်စိတ်တစ်ပိုင်းကို ချေဖျက်ပေးကာ သူ့ကို နောက်ထပ် ရှေ့တိုးလို့ ရစေခဲ့တယ်။
နောက်ဆုံးတော့ သူက ကျွန်းပေါ်ကို ခြေချလိုက်တယ်။ ဒါပေမဲ့ သူက ဒီအဆင့်ကို ရောက်လာပြီး တကယ်ပဲ နည်းနည်းလေးမှ ရှေ့ဆက်မတိုးနိုင်ဘူး။ ကျွန်းပေါ်က ခုခံမှုဟာ အရမ်းကို သန်မာလွန်း နေပါတယ်။
လင်းဟန်က ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့ အရိပ်အယောင် တစ်ခုလ ပေါ်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာကနေ သူမြင်ရတာက အပြင်ကနေ မြင်ရတာနဲ့ ကွဲပြားခြားနားနေလို့ပါပဲ။
ဒီနေရာမှာ ရွှေရောင်သွေးကြောပုံစံ သင်္ကေတ အမျှင်တွေ ရှိနေပြီး ပုံရိပ်ယောင် အမျိုးအစား တစ်ခုခုလိုပဲ။ ဒါပေမဲ့လည်း လင်းဟန်က သူတို့ကို တစ်ချက် ကြည့်လိုက်ရုံနဲ့ ခုခံမှုကြောင့် သူက အနောက်ကို ပြန်ကန်ခံလိုက်ရတယ်။
ဘန်း။ သူက အမြောက်ကနေ ပစ်လိုက်တဲ့ အမြောက်ဆံလိုက်ပဲ မယုံနိုင်အောင် လျင်မြန်တဲ့ အမြန်နှုန်း တစ်ခုနဲ့ လွင့်ထွက်သွားပါတယ်။
ဒီလိုနဲပ အဲဒီရွှေရောင်သွေးကြောပုံစံ သင်္ကေတတွေက ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တယ်။
လင်းဟန်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် ပေါ်လာခဲ့တယ်။ ဒီကျွန်းပေါ်က ခုခံမှုက တကယ်ပဲ မယုံနိုင်အောင် သန်မာပေမဲ့ ကျွန်းပေါ်ကို တက်ဖို့က ဖြစ်နိုင်သေးတယ်။ ဒါဆိုရင် ရွှေရောင်သွေးကြောပုံစံ သင်္ကေတတွေက ဘာသဘောလဲ။
ကျင့်ကြံခြင်း နည်းစနစ် အမျိုးအစား တစ်ခုခုလား။
အဲဒီလိုပုံစံလည်း မဟုတ်ဘူး။
လင်းဟန်က သူ့ခေါင်းကို မြန်မြန်ပဲ ခါလိုက်တယ်။ လမ်းကြောင်းတစ်ခုများ ဖြစ်နိုင်မလား။
ဒီလိုမျိုး လမ်းကြောင်းကနေ တစ်ဆင့် လူတစ်ယောက်ဟာ ခုခံမှု သက်ရောက်ခံရခြင်း မရှိပဲ ကျွန်းထဲကို ဝင်နိုင်မှာလား။
လင်းဟန်က သူ့ကိုယ်သူ အာရုံပြန်စုပြီးတော့ ကျွန်းဆီကို နောက်တစ်ကြိမ် ဦးတည်လိုက်တယ်။
အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေတယ်။ သူက အစွမ်းကုန်သုံးပြီးတော့ လမ်းဖောက်နေပြီး သူ့ဝှက်ဖဲ အားလုံးကို ထုတ်ဖော်လိုက်တယ်။ သူက ကျွန်းပေါ်ကို နောက်တစ်ကြိမ် ခြေချလိုက်ပြီး ရွှေရောင်သွေးကြောပုံစံ သင်္ကေတတွေ ပြန်ပေါ်လာတာကို တွေ့လိုက်တယ်။
သူက အလျင်အမြန်ပဲ အဲဒါကို မှတ်သားလိုက်ပေမဲ့ ခဏလေးမှာ သူဟာ နောက်တစ်ကြိမ် လွင့်ထွက် သွားခဲ့ပြန်တယ်။
တစ်ကြိမ်ပြီး တစ်ကြိမ်။
လင်းဟန်က အရမ်းကို စိတ်အားထက်သန်ပြီး ပြန်ပြန်ပြေးဝင် သွားခဲ့တယ်။
သိပ်မကြာခင် သူက နောက်တစ်ကြိမ် လွင့်ထွက်လာပြန်တယ်။
မူလရင်းမြစ်က သူ့ရဲ့ သွားလိုက် လာလိုက်ကို ကြည့်ပြီးတော့ ဆွံ့အသွားခဲ့မိတယ်။
ဒါကို ကစားပွဲတစ်ခုလို့ မင်းထင်နေတာလား။ ဒါက တကယ်ပဲ ပျော်စရာကောင်းလို့လား။
တစ်ကြိမ်ပြီး တစ်ကြိမ် လင်းဟန်ဟာ အသားကျလာခဲ့တယ်။ သူ လွင့်ထွက်သွားတဲ့ အကြိမ်တိုင်း ရွှေရောင် သွေးကြောပုံစံ သင်္ကေတတွေကို နည်းနည်းစီ ကြည်လင်စွာ တွေ့မြင်ရပါတယ်။ ဒီဖြစ်စဉ်က အရမ်းကို နှေးပေမဲ့ တစ်သတ်မတ်တည်း ဖြစ်တယ်။
ရက်အနည်းငယ် ကြာပြီးတဲ့ နောက်မှာ ယန်ရီဟွမ်နဲ့ တခြားသူတွေလည်း ပြေးလာတယ်။ ဒီကျွန်းက သိပ်မကြီးမားတာကြောင့် လင်းဟန်ရဲ့ ပုံစံကို သူတို့ ရပ်နေတဲ့ နေရာကနေ လှမ်းမြင်နိုင်ပါတယ်။ အဓိကကတော့ သူက အကြိမ်တိုင်း အဝေးကြီးကို လွင့်ထွက်သွားတဲ့ အတွက်ကြောင့် ဖြစ်တယ်။
“သူ ဘာလုပ်နေတာလဲ”
လင်းဟန်က ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေတာကို မြင်တော့ ယန်ရီဟွမ်နဲ့ တခြားသူတွေ အားလုံးက အရမ်းကို ခေါင်းရှုပ်သွားခဲ့တယ်။
“အာ”
မူလရင်းမြစ်က ပခုံးတွန့်ပြလိုက်ပြီး အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူလည်း လုံးဝကို ခေါင်းရှုပ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
ဝှစ်။ လင်းဟန်က နောက်တစ်ကြိမ် လွင့်ထွက်သွားတယ်။
“အစ်ကိုလင်း ဒါက ပျော်စရာကောင်းလို့လား”
ယန်ရီဟွမ်က မနေနိုင်တော့ပဲ တစ်ချက်ပြုံးကာ မေးလိုက်တယ်။
လင်းဟန်က အဝေးကနေ ပျံသန်းလာပြီးတော့ ခေါင်းညိတ်လိုက်တယ်။
“ဒါက ပျော်စရာကောင်းတယ်”
အဲဒီလို ပြောပြီးတဲ့ နောက်မှာ သူက ကျွန်းဆီကို နောက်တစ်ကြိမ် ဦးတည်သွားတယ်။
ယန်ရီဟွမ်၊ ဟဲလျှိုနဲ့ ဖန်မြောင်လင်းတို့ အားလုံး သူတို့ရဲ့ ခေါင်းတွေကို ခါလိုက်တယ်။ သူတို့က အင်ပါယာ လမ်းကြောင်းကို အကြိမ်အနည်းငယ် လျှောက်ပြီးပါပြီ။ ဒါကြောင့် အင်အားသုံးပြီး ဒီကျွန်းပေါ် ခြေချဖို့ မဖြစ်နိုင်ဘူးဆိုတာကို နားလည်ထားတယ်။ သူတို့က ခုခံမှုအား နည်းလာတဲ့ အချိန်ထိ စိတ်ရှည်လက်ရှည် စောင့်နေရုံပဲ ရှိတယ်။
ဒါပေမဲ့လည်း လင်းဟန်က ဒီတစ်ကြိမ် ခုခံမှု အတားအဆီးကို အတင်းတိုးဝင်သွားတဲ့ အချိန်မှာ သူတို့အားလုံး အံ့အားသင့်သွားပုံ ပေါ်လာခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ လင်းဟန်က ကျွန်းပေါ်ကို ခြေချလိုက်တြံအပြင် သူက အရှေ့ကို ခြေတစ်လှမ်းတောင် လှမ်းလိုက်တယ်။
ဘာ။
ယန်ရီဟွမ်နဲ့ တခြားသူတွေ အားလုံး အံ့သြသွားကြတယ်။ ဒါက ခြေလှမ်းသေးသေး တစ်ခု ဆိုပေမဲ့ သူ့ရဲ့ လက္ခဏာက အရမ်းကို ကြီးမားလွန်းတယ်။
ဒီခြေလှမ်းနဲ့အတူ ဒုတိယမြောက် ခြေလှမ်းတစ်ခု ရှိလာလိမ့်မယ် မဟုတ်လား။
သူတို့ရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေ အရှေ့မှာ လင်းဟန်က တကယ်ပဲ ဒုတိယမြောက် ခြေလှမ်းကို လှမ်းလိုက်တယ်။ အဲဒါက တည်ငြိမ်ပြီးတော့ မြဲမြံမှု ရှိပါတယ်။
သောက်ကျိုးနည်း။
“ဒီကောင်က တစ်မူထူးခြားတယ် ဆိုတာကို ငါသိပေမဲ့ ဒီလောက်ထိတော့ သူက မထူးကဲနိုင်ဘူးလေ ဟုတ်တယ်မလား”
ယန်ရီဟွမ်က အံ့ကိုကြိတ်လိုက်မိတယ်။
ဒီလိုမျိုး နှိုင်းယှဉ်မှု တစ်ခုနဲ့အတူ သူတို့မှာ သိက္ခာ နည်းနည်းများ ကျန်ဦးမှာလား။
ကျွန်းပေါ်မှာ ရွှေရောင်သွေးကြောပုံစံ သင်္ကေတတွေ ရှိလိမ့်မယ်ဆိုတာကို သူတို့ မသိပါဘူး။ ပြီးတော့ ဒီသွေးကြောပုံစံ သင်္ကေတတွေက ကျွန်းကိုရောက်ဖို့ လမ်းကြောင်း ဖြစ်တယ်။ တကယ်လို့ သူတို့က ဒီလမ်းကြောင်းအတိုင်း လိုက်သွားရင် ခုခံအားက အကြီးအကျယ် လျော့ကျသွား လိမ့်မယ်။
ဒါပေမဲ့လည်း ပထမခြေလှမ်းက ကျွန်းပေါ်ကို ခြေချဖို့ပဲ ဖြစ်ပါတယ်။ ယန်ရီဟွမ်နဲ့ မူလရင်းမြစ်လို လူထူးလူဆန်းတွေတောင် ဒါကို မလုပ်နိုင်ပါဘူး။
ကမ္ဘာကြီးထဲက လူတွေကို လိုက်မေးကြည့်ပါ။ မူလရင်းမြစ်ရွှေကို ပိုင်ဆိုင်ထားနိုင်တဲ့လူ ဘယ်လောက် ရှိလို့လဲ။
“မကောင်းတော့ဘူး။ ဒီလိုသာဆိုရင် အင်ပါယာ မူလက”
ဟဲလျှိုက ချက်ချင်း ပြောလိုက်တယ်။
ယန်ရီဟွမ်နဲ့ ဖန်မြောင်လင်းတို့က ဘာမှမပြောပေမဲ့ သူတို့ရဲ့ အမူအရာတွေက အရမ်းကို ရှုံ့မဲ့ နေကြတယ်။
“အင်ပါယာမူလ ဟုတ်လား။ အဲဒါက ဘာလဲ”
မူလရင်းမြစ်က ဘေးကနေ မေးလိုက်တယ်။
ယန်ရီဟွမ်က အနည်းငယ် တုံ့ဆိုင်းပြီးတော့မှ ပြောလိုက်တယ်။
“ကောင်းပြီ။ ကြည့်ရတာ အဲဒီကောင်က အင်ပါယာမူလကို အရင်ဆုံး ရတော့မဲ့ ပုံစံပဲ။ ဒီတော့ ဒါကို လျှို့ဝှက်ချက် တစ်ခုလိုမျိုး ထိန်းထားဖို့ မလိုတော့ဘူး”
သူက ခဏလောက် စကား ဖြတ်ပြီးတော့မှ ဆက်ပြောလိုက်တယ်။
“အင်ပါယာမူလက မဟာဧကရာဇ် သေပြီးတဲ့ နောက်မှာ သူ့စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးတောင် အဲဒါကို မရှင်းလင်းပစ်နိုင်ဘူး”
ဟဲလျှိုက ဆက်ပြီးတော့ ပြောလိုက်တယ်။
“တကယ်လို့ အင်ပါယာ မူလကို ငါတို့ သန့်စင်နိုင်ရင် မဟာဧကရာဇ် တာအိုကို အောင်မြင်တဲ့ အချိန်က သူ့ အတွေ့အကြုံတွေကို ဖမ်းဆုပ်မိနိုင်စွမ်း ရှိလိမ့်မယ်။ ဒါက ငါတို့တွေ ဧကရာဇ် ဖြစ်လာဖို့ အဆင့်ချိုးဖျက်ဖို့ ကြိုးစားတဲ့ နေရာမှာ အရမ်းကို အထောက်အကူ ဖြစ်လိမ့်မယ်”
မူလရင်းမြစ်က အော်လို့ တစ်ချက် ရေရွတ်လိုက်တယ်။ ယန်ရီဟွမ်နဲ့ တခြားသူတွေက တချိန်လုံး ဒီနေရာမှာ စောင့်ကြပ်နေတာ မထူးဆန်းတော့ဘူး။ သူတို့တွေက အင်ပါယာ လမ်းကြောင်းကို တစ်ကြိမ်မက ဝင်လာခဲ့တာကြောင့် ဒီနေရာက သူတို့ရဲ့ လက်ထဲမှာ ရှိနေသလိုမျိုးပဲ ဆိုတာ နားလည်ပါတယ်။ နောက်ပြီး သူတို့တွေက အရင်က အင်ပါယာ မူလကိုတောင် ရရှိထားခဲ့တယ်။
သူက ဒါကို နှလုံးသားထဲ မထည့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်ပိုင် လမ်းကြောင်းကို သူက လျှောက်နေပါပြီ။ ဒီလမ်းကြောင်းကို အဆုံးထိပဲ စောင့်ရမှာ ဖြစ်ပြီးတော့ ဧကရာဇ် နေရာက သူ့မျက်စိ အရှေ့မှာ ဖြစ်လာလိမ့်မယ်။
“အင်ပါယာ မူလက နင့်ရဲ့ သိုင်းပညာ ကိုယ်ပိုင်းလမ်းကြောင်းကို ဖွင့်ဖို့ ကူညီပေးနိုင်သလို နင့် ကို လမ်းကြောင်းတွေ အနည်းငယ် မှားပြီးတော့ လျှောက်တာကိုလည်း ပြင်ဆင်ပေးနိုင်တယ်”
ဖန်မြောင်လင်းက ဆက်ပြောလိုက်တယ်။
အခုမှ မူလရင်းမြစ်ရဲ့ အမူအရာက အံ့အားသင့်တဲ့ အမူအရာ ဖြစ်သွားတယ်။ သူက လမ်းကြောင်း အနည်းငယ်မှားပြီး လျှောက်လှမ်းဖို့ ကူညီနိုင်တယ်ဆိုတော့ ဒီအကူအညီဟာ တကယ်ပဲ အရမ်းကို ကြီးမားလွန်းပါတယ်။
သူ့ အကြည့်တွေက လင်းဟန်ဆီကို ကျရောက်သွားတယ်။ ဒီကောင်က သိုင်းပညာရဲ့ လမ်းကြောင်းပေါ်မှာ သူ့ထက် ဝေးဝေးကို လျှောက်နေပြီး အခု သူက အင်ပါယာမူလကို ရယူနိုင်စွမ်း ရှိသွားခဲ့ရင် သူက အနောက်မှာ ပိုပြီးတော့တောင် ကျန်ခဲ့နိုင်တယ်။
သူ့နှလုံးသားထဲမှာ မြန်မြန်လုပ်မှ ရမယ်ဆိုတဲ့ လှုံ့ဆော်မှု တစ်ခု ရှိနေပြီး သူက တုံ့ဆိုင်းမှု တစ်ခုတောင် ရှိနေတယ်။ ဒါက သူ့ရဲ့ ရှည်လျားတဲ့ ဘဝမှာ တစ်ခါမှ မကြံဖူးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။
မူလဇစ်မြစ်ကမ္ဘာထဲမှာ အထွတ်အထိပ်ကို တက်လှမ်းနိုင်စွမ်း ရှိပြီးတော့ သူက ဒုက္ခတွေ အခက်အခဲတွေ မရေမတွက်နိုင်အောင် ကြုံတွေ့ဖူးပါတယ်။ နောကဆုံးမှာ သူက အောင်မြင်စွာ လျှောက်လှမ်းနိုင်ပြီး ကမ္ဘာသစ် တစ်ခုကို ဝင်လာခဲ့တယ်။ အဲဒီလိုပဲ သူက ဂုဏ်ယူဝင့်ကြွားစွာ တောက်ပလာတယ်။ ရွှေရောင်မျိုးဆက်တောင် ကျင့်ကြံခြင်း အဆင့်တူမှာ သူ့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ဘူး။
ဒါပေမဲ့လည်း အခု သူက သူ့ပြိုင်ဘက်နဲ့ တွေ့နေပြီ။ ကြည့်ရတာ သူက လင်းဟန်အတွက် ဘယ်လိုနည်းနဲ့မှ ပြိုင်ဘက် မဟုတ်သလိုပဲ။
သူက နှစ်ဆ ကြိုးစား လုပ်ဆောင်ရမယ်။ မဟုတ်ရင် အင်ပါယာ ပလ္လင်က လင်းဟန်ရဲ့ လက်ထဲကို တကယ်ပဲ ကျရောက်သွားနိုင်ချေ ရှိပါတယ်။
ခေတ်တစ်ခေတ်မှာ မဟာဧကရာဇ် တစ်ယောက်ပဲ ပေါ်လာနိုင်ပါတယ်။
လင်းဟန်ကို ပြောရမယ်ဆိုရင် မရေမတွက်နိုင်အောင် ကြိုးစားပြီးတဲ့ နောက်မှာတော့ သူက ရွှေရောင်သွေးကြော ပုံစံ သင်္ကေတတွေကို နောက်ဆုံးမှာ နားလည်သွားတယ်။ ပထမ ခြေလှမ်းက ခုခံမှု အနည်းဆုံး နေရာ ဖြစ်တယ်။ ဒါက အရမ်းကို အံ့အားသင့်စရာ ကောင်းပေမဲ့ သူ တတ်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိပါတယ်။
သူ့စိတ်ထဲမှာ လျှပ်စီးတွေ တလက်လက် တောက်ပနေပြီး ရွှေရောင်သွေးကြောပုံစံ သင်္ကေတတွေ ပေါ်လာခဲ့တယ်။ သူက ဒုတိယ ခြေလှမ်းကို ပြတ်သားစွာ လှမ်းလိုက်ပြီး အဲဒီနောက် တတိယမြောက်နဲ့ စတုတ္ထမြောက် ခြေလှမ်းတွေ လှမ်းလိုက်တယ်။
သာမန်လူတွေ အမြင်မှာတော့ ဒီကျွန်းရဲ့ အတားအဆီးက လုံးဝကို ပြိုင်ဘက်ကင်း ဖြစ်ပေမဲ့ လင်းဟန်ရဲ့ ခြေလှမ်းတွေ အောက်မှာ ချောမွေ့တဲ့ လမ်းကြောင်းတစ်ခုလို့ သတ်မှတ်လို့ မရနိုင်ပေမဲ့ အတားအဆီး တစ်ခု ဖြစ်ဖို့ မလုံလောက်တော့ပါဘူး။
ဒီနေရာမှာ ဘာကို ဖွက်ထားလို့ ယန်ရီဟွမ်နဲ့ တခြားသူတွေက ရယူဖို့ ဆုံးဖြတ်ထား ကြတာလဲ။
Chapter 4476 end
*****
အပိုင်း (၄၄၇၇) စည်းမျဉ်းဥပဒေ စွမ်းအားများရဲ့ လျှို့ဝှက်ချက်
လင်းဟန်က ဖြည်းဖြည်းခြင်း ရှေ့ကို တိုးသွားပေမဲ့ ခြေလှမ်းတိုင်းက အရမ်းကို မြဲမြံမှု ရှိတယ်။
သူလှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက အရမ်းကို တိကျပြီးတော့ အရမ်းကို အာရုံစိုက် ထားရတယ်။
ကျွန်းပေါ်က ခုခံမှုက အနိမ့်ဆုံးထိ လျော့ကျသွားမှပဲ သူ့ကို ရှေ့တိုးခွင့် ပြုပါတယ်။ မဟုတ်ရင် သူ ခြေလှမ်းတစ်ချက် မှားသွားတာနဲ့ ချက်ချင်းပဲ လွင့်ထွက်သွားလိမ့်မယ်။
သူ့နောက်မှာ ယန်ရီဟွမ်နဲ့ တခြားသူတွေလည်း စတင်ပြီးတော့ ကြိုးပမ်းလုပ်ဆောင် လာကြတယ်။ သူတို့လို ပါရမီရှင်တွေက ဘယ်လိုလုပ် တခြားသူတွေကို အရှုံးပေးမှာလဲ။ လင်းဟန်တောင် လုပ်နိုင်တယ် ဆိုမှတော့ သူတို့လည်း လုပ်နိုင်ရမယ်လို့ တွေးထားပါတယ်။
ဘန်း ဘန်း ဘန်း။ သူတို့တွေက ထပ်ခါတလဲလဲ ကြိုးစားခဲ့ပြီး တစ်ကြိမ်ပြီး တစ်ကြိမ် လွင့်ထွက် သွားခဲ့တယ်။
လင်းဟန်က သူတို့ကို လျစ်လျူရှူထားခဲ့တယ်။ သူ့ရဲ့ အာရုံစိုက်ခြင်းကို လက်ရှိမှာ အမြင့်ဆုံးထိ တပ်လှန့်ထားတယ်။
ဒုတိယခြေလှမ်းကို သူလှမ်းလိုက်တဲ့ အချိန်မှာ သူ့မျက်လုံးထဲက ရွှေရောင် သွေးကြောပုံစံ သင်္ကေတ ပျောက်သွားတာကို မြင်လိုက်ရပြီး သူ့ကိုယ်ပိုင် မှတ်ဉာဏ်တွေကိုပဲ အားကိုးလို့ ရနိုင်ပါတော့မယ်။ ဒါကြောင့် တစ်ဖက်မှာ သူက အရမ်းကို ကြောက်စရာကောင်းတဲ့ တွန်းကန်အားကို ခုခံနေရဆဲ ဖြစ်ပြီး တစ်ဖက်မှာ သူ့ဦးနှောက်ကို အလုပ်ပေးကာ မှတ်မိအောင် ကြိုးစားနေရတယ်။ သူက ခြေလှမ်းတစ်လှမ်းမှာ အမှားလေးတစ်ခုတောင် လုပ်လို့ မရနိုင်ပါဘူး။
ဒါက တာဝန်နှစ်ခုကို တပြိုင်နက်တည်း လုပ်ခြင်း ဖြစ်ပါတယ်။ ဘယ်တစ်ခုပဲ ဖြစ်ဖြစ် အမှားလုပ်မိရှု် သူက ရှေ့ကို ဆက်တိုးနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး။
ဒါက နီးကပ်တယ်။ စွမ်းရည်နဲ့ ပတ်သက်ရင်ပဲ ဖြစ်ဖြစ် နားလည်ဆင်ခြင်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ဖြစ် လင်းဟန်က ကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရှိပြီးတော့ နည်းနည်းလေးမှ အမှားမရှိပါဘူး။
သူက ရှေ့ကို ဆက်လာခဲ့တယ်။ ဒီကျွန်းက မြေပြန့်ဖြစ်ပြီးတော့ တောင်တွေ မရှိပါဘူး။ နောက်ပြီး ကျောက်တုံးကြီးတွေတောင် နည်းနည်းမှ မရှိဘူး။ ဒါက မြေပြန့်ကုန်းမြေ တစ်ခု ဖြစ်ပြီးတော့ သူ့အမြင်အာရုံကို လုံး၀ သက်ရောက်ခြင်း မရှိဘူး။
နေ့တစ်ဝက်ကို နည်းနည်းလေး ကျော်လာပြီးတဲ့ နောက်မှာ လင်းဟန်က ချွေးတွေ ရွှဲနစ် လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အလွန်အမင်း အာရုံစူးစိုက်မှုကြောင့် သူက အနည်းငယ် မူးဝေပြီး အမြင်အာရုံ ဝေဝါးလာသလို ခံစားရတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ သူက ကျွန်းရဲ့ နှလုံးသားဖြစ်တဲ့ အလယ်ဗဟိုနဲ့ နီးကပ်လာခဲ့တယ်။
သူ့အရှေ့တည့်တည့်မှာ ကျောက်တုံးတစ်ခု စိုက်ထူထားပြီး ကျွန်းပေါ်မှာ အရမ်းကို မြင့်မြင့်မားမား စိုက်ထူထားတဲ့ တစ်ခုတည်းသော ကျောက်တုံး ဖြစ်တယ်။
ကျောက်တုံးထိပ်မှာ သလင်းရောင် ပုလဲသုံးလုံး ရှိပြီးတော့ အားလုံးက နို့နှစ်ရောင် ရှိပါတယ်။ အနီးကပ် သေချာကြည့်ရင် ပုလဲတွေ အတွင်းမှာ ရှေးဦးဖရိုဖရဲ အရှိန်အဝါတွေ တလိပ်လိပ် တိုးနေပြီး အစိုင်အခဲပုံစံမျိုး မဟုတ်ပဲ အငွေ့ပုံစံပဲ ရှိနေတယ်။
လင်းဟန်ရဲ့ စိတ်က သက်တောင့်သက်သာ မရှိသေးဘူး။ သူက သတိထားပြီးတော့ ရှေ့ကို ဂရုစိုက်ကာ တိုးလာခဲ့တယ်။
နောက်ထပ် ဆယ်မိနစ် ကြာပြီးတဲ့ နောက်မှာတော့ သူဟာ ကျောက်တုံးကြီးရဲ့ အရှေ့ကို ရောက်လာခဲ့တယ်။ သူ့လက်ကို ဆန့်ထုတ်ပြီး ပုလဲသုံးလုံးကို ဖမ်းဆုပ်လိုက်တယ်။
ဒါက ယန်ရီဟွမ်နဲ့ တခြားသူတွေ လိုချင်နေတဲ့ အရာတွေ ဖြစ်လောက်တယ်။
သူ့လက်ချောင်းတွေက ဒီပုလဲသုံးလုံးနဲ့ ထိလိုက်တဲ့ အချိန်မှာ သူတို့ကို မဖမ်းဆုပ်မိပဲ ပုလဲသုံးလုံးက တစ်လုံးပြီး တစ်လုံး ပျက်စီးသွားကာ အငွေ့တန်း သုံးခုအဖြစ်ကို ပြောင်းလဲပြီး သူ့လက်ဝါးထဲကို ပေါင်းစပ်သွားခဲ့တယ်။
ဟ ဒါကြီးဘာကြီးလဲ။
လင်းဟန်က သူ့စိတ်ဝိညာဉ် တုန်ခါသွားတာပဲ ခံဏားလိုက်ရပြီး သူ့အတွေးတွေ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာခဲ့တယ်။ သူ့ခြေထောက် အောက်ခြေမှာ သိုင်းပညာ လမ်းကြောင်း ဖြန့်ကျက်လာပြီး သူ့တိုးတက်မှု ဦးတည်ချက်ကို အဆက်မပြတ် လှုံ့ဆော်လာခဲ့တယ်။
ဒါက အချိန်အရက်လို တူညီတဲ့ အာနိသင် ရှိတယ်။
နေဦး။
လင်းဟန်ရဲ့ မျက်လုံးထဲမှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေ စုစည်းလာပြီး ကြယ်တစ်ပွင့်ကနေ ကြယ်ကိုးပွင့် ရှိတယ်။
သီအိုရီအရ ပြောရမယ်ဆိုရင် သူက ဂိုဏ်းအရှင်သခင်အဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို မရောက်သေးသရွေ့ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေကို ထိတွေ့နိုင်စွမ်း မရှိသေးပေမဲ့ အခုတော့ ကြယ်ခုနစ်ပွင့်ပဲ မဟုတ်ပါဘူး။ ကြယ်ရှစ်ပွင့်နဲ့ ကြယ်ကိုးပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေတောင် သူ့အရှေ့မှာ တစ်ခုပြီး တစ်ခု ပေါ်လာပြီး အလွယ်တကူ ရောက်ရှိနိုင် ခဲ့တယ်။
တောင်ပင်လယ် ကောင်းကင်ဘုံထဲနဲပ မတူတာက အဲဒီနေရာမှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေ အလွယ်တကူ စုစည်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်တောင် ပါဝင်နေပြီး သူ့ကို အလွယ်တကူ နားလည်ဆင်ခြင်နိုင်ခွင့် ရစေခဲ့တယ်။
သောက်ကျိုးနည်း။ ဒါက အံ့ဖွယ်ပဲ။
ဒါဟာ ကျင့်ကြံသူ တစ်ယောက်ကို တားဆီးနေတဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်။
မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တာအိုကို သူ့နားလည်ဆင်ခြင်မှုအရ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တာအိုက ဘာလဲ။ စည်းမျဉ်းဥပဒေ စွမ်းအားပဲ မဟုတ်လား။
အခု စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ လျှို့ဝှက်ချက်ကို လေ့လာစူးစမ်းနေတာက ကျင့်ကြံခြင်း အဆင့်ရဲ့ အတားအဆီးဆိုတာ ရှိနေသေးရဲ့လား။
ဒီလိုမျိုး မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ချလက်ကို ဖမ်းဆုပ်မိခြင်းက သူ့အတွက်တော့ သူတော်စင် အဆင့်ကို ချိုးဖျက်တက်ရောက်ဖို့ လမ်းတစ်လျှောက်မှာ အခက်အခဲ မရှိတော့တဲ့ အပြင် ဧကရာဇ် ဖြစ်လာဖို့ သူ့အတွက်တောင် ဖြစ်နိုင်ချေ ရှိပါတယ်။
ဒါပေမဲ့လည်း အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာ အဆုံးအစမဲ့ စည်းမျဉ်းဥပဒေ စွမ်းအားတွေက စတင်မှေးမှိန်လာပြီး သိပ်မကြာခင် သူတို့ကို နောက်တစ်ကြိမ် မမြင်ရတော့ဘူး။
ဒါက ပုလဲသုံးလုံးရဲ့ အာနိသင်တွေ ဆိုတာကို လင်းဟန် နားလည်ပါတယ်။ ဒါက သူ့ကို စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်ကို ခဏတဖြုတ် မြင်တွေ့ခွင့် ပြုပေမဲ့ ဒါဟာ သဘာဝကို ဆန့်ကျင်လွန်းပြီး အချိန်ကြာကြာ ထိန်းထားနိုင်ဖို့ မဖြစ်နိုင်ဘူး။ အသက် တစ်ရှိုက်စာ အချိန်ပဲ ရှိတယ်။
ဒီလိုမျိုး အချိန်တိုတိုလေး အတွင်းမှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေ အားလုံးကို မှတ်မိဖို့ ဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်ဘူး။
စည်းမျဉ်းဥပဒေ စွမ်းအားတိုင်းက မယုံနိုင်အောင် ရှုပ်ထွေးပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ လောဘတကြီး ရှိမယ်ဆိုရင် တစ်ခုတောင် မှတ်မိနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။
လင်းဟန်ကတော့ အရမ်းကို လက်တွေ့ကျတာကြောင့် သူ့မျက်လုံးတွေက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခု အပေါ်မှာပဲ ကျရောက်ခဲ့တယ်။
မှတ်တယ်။ မှတ်တယ်။ မှတ်တယ်။ သူ့မျက်လုံးတွေ ပြူးနေပြီး ဒီစည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ထူးကဲတဲ့ လျှို့ဝှက်ချက် အားလုံးကို မှတ်သားထားချင်နေခဲ့တယ်။
ဒါပေမဲ့လည်း ဒါဟာ တကယ့်ကို မျက်စိတစ်မှိတ်စာ အချိန်ပဲ ဖြစ်ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအား အားလုံး ပျောက်ကွယ်သွားခဲ့တယ်။
လင်းဟန်က အဲဒါကို လေးပုံတစ်ပုံပဲ မှတ်သားထားနိုင်ခဲ့တယ်။
“ဒီလောက်ပဲ ဆိုပေမဲ့ ငါ ဒီစည်းမျဉ်းဥပဒေ စွမ်းအားကို တောက်လျှောက် ဖမ်းဆုပ်တဲ့ အချိန်ကျရင် အကန့်အသတ် အတိုင်းအတာ တစ်ခုထိ စုစည်းနိုင်စွမ်း ရှိလောက်တယ်လို့တော့ ထင်တာပဲ”
လင်းဟန်က စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။ သူက ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်ပြီး တကယ်လို့ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခုကို ရုတ်တရက် ထုတ်ဖော် လိုက်ရင် တစ်စိတ်တစ်ပိုင်း ဖြစ်နေရင်တောင် ဘယ်လောက် ကြောက်စရာကောင်းလိုက်မလဲ။
ကြယ်ခုနှစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားက ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါက ကြီးမြတ်သော အရှင်သခင်အဆင့် စည်းမျဉ်းဥပဒေ စွမ်းအား ဖြစ်တယ်။
ဘာကြောင့် သူက ကြယ်ရှစ်ပွင့် ဒါမှမဟုတ် ကြယ်ကိုးပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေကို မရွေးချယ်ခဲ့တာလဲ။
လဗြွတ်။ သူက ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ပါ။ တကယ်လို့ သူတော်စင်အဆင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေ ဒါမှမဟုတ် အင်ပါယာအဆင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ တစိတ်တစ်ပိုင်းကို မှတ်သားထားရင်တောင် သူက အဲဒါကို အသုံးပြုနိုင်တဲ့ စွမ်းရည် ရှိမှာလား။
ဒါကြောင့် လောဘကြီးတာက အရာအားလုံးကို ပျက်စီးစေနိုင်တာထက် လက်တွေ့ကျတာက ပိုကောင်းပါတယ်။
လင်းဟန်က အရမ်းကို လက်တွေ့ဆန်တဲ့ လူတစ်ယောက် ဖြစ်တယ်။ သူက သူလုပ်နိုင်တာကို များများ လုပ်ရပါမယ်။
နောက်ပြီး သူ့ကိုယ်သူလည်း အရမ်းကို ယုံကြည်မှု ရှိတယ်။ သူ့ကျင့်ကြံခြင်းအဆင့် လုံလောက်အောင် မြင့်မားလာရင် စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်က သူ့ကို တားဆီးနိုင်စွမ်း ရှိလိမ့်မှာလား။
ဒါကြောင့် သူ့ကို အခုချိန်မှာ အထောက်အကူ အများကြီး ဖြစ်စေမဲ့ အရာကိုပဲ ရွေးချယ်လိုက်တယ်။ မဟုတ်ရင် သူ့ကို အနာဂတ်မှာ အကူအညီ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
သူက ကျွန်းပေါ်က ခုခံမှုဟာ သူ့ကို အစွမ်းမပြတော့ဘူး ဆိုတာကို တွေ့လိုက်ရတယ်။
ပုလဲသုံးလုံးကို ရရှိပြီးတဲ့ နောက်မှာ သူဟာ ဒီကျွန်းရဲ့ အသိအမှတ်ပြုခြင်းကို ရရှိသွားခဲ့သလိုပါပဲ။ ဒါကြောင့် သူက သူစိတ်တိုင်းကျ သွားနိုင်လာနိုင် ဖြစ်သွားတယ်။
လင်းဟန်က တန်းပြီးတော့ ထွက်မသွားခဲ့ဘူး။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းဥပဒေ စွမ်းအားတွေကို မမြင်နိုင်တော့ပေမဲ့ ကျင့်ကြံခြင်းရဲ့ လမ်းကြောင်းက ဆင့်ကဲတိုးတက် ပြောင်းလဲ နေပါသေးတယ်။
နေ့တစ်ဝက် ကြာပြီးတဲ့ နောက်မှာတော့ ဒီအာနိသင်က နောက်ဆုံးမှာ ပျောက်ကွယ်သွားပြီး ကျွန်းက ဆက်ပြီးတော့ မတောက်ပတော့ဘူး။ အတားအဆီး အားကလည်း လုံးဝကို ပျောက်ကွယ် သွားခဲ့တယ်။
ဝှစ် ဝှစ် ဝှစ်။ ယန်ရီဟွမ်နဲ့ တခြားသူတွေ အားလုံး ပျံသန်းလာခဲ့တယ်။
“အစ်ကိုလင်း ဂုဏ်ပြုပါတယ်”
သူတို့အားလုံးက လက်တွေကို ဆုပ်ကာ ပြောလိုက်တယ်။ သူတို့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေပေမဲ့ သူတို့ရဲ့ စိတ်ပျက်မှုကိုလည်း ဖုံးကွယ်မထားခဲ့ဘူး။
လင်းဟန်က ခေါင်းညိတ်ပြလိုက်ပြီးတော့ အဲဒီနောက်မှာ မေးလိုက်တယ်။
“မင်းတို့တွေ ဒီပုလဲလုံးလို ပစ္စည်းမျိုးရဲ့ ဇစ်မြစ်ကို သိလား”
“အင်ပါယာ မူလ”
ဖန်မြောင်လင်းက ပြောလိုက်တယ်။ သူမက လင်းဟန်ကို ကြည့်လိုက်တဲ့ အချိန်မှာ သူမရဲ့ မျက်လုံးထဲက စိတ်ပျက်မှုတွေ ပျောက်ကွယ်သွားပြီး အထင်ကြီးလေးစား အားကျမှုတွေ အစားထိုး ဝင်ရောက်လာတယ်။ ဒါက အံ့သြဖွယ် ဖြစ်ပါတယ်။ သူတို့တွေ အင်ပါယာ လမ်းကြောင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် ခြေချခဲ့ပြီးတော့ ကျွန်းကို ရောက်ပြီး ရတနာကို သိမ်းယူနိုင်စွမ်းရှိဖို့ ခုခံမှု စွမ်းအား အနည်းနဲ့အများ လျော့ကျသွားတဲ့ အချိန်ထိ သူတို့တွေ မစောင့်မျှော်ခဲ့တာ မရှိလို့လား။
ဒါပေမဲ့ လင်းဟန်ကျတော့ရော။ သူနဲ့ ယှဉ်လိုက်ရင် သူတို့က လုံးဝကို မတူညီတဲ့ အဆင့်နှစ်ခုမှာ ဖြစ်ပါတယ်။
ဒီအကြည့်က လင်းဟန်ကို တုန်လှုပ်ချောက်ချား သွားစေခဲ့တယ်။ မင်း နောက်တစ်ကြိမ် အယူမှားပြီး စွဲလမ်းတော့မှာတော့ မဟုတ်ပါဘူးနော်။
ကံကောင်းစွာနဲ့ပဲ ဖန်မြောင်လင်းက အင်ပါယာမူလရဲ့ အသုံးဝင်ပုံနဲ့ ဇစ်မြစ်ကို အလျင်အမြန် ရှင်းပြလာခဲ့တယ်။
လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဖန်မြောင်လင်းရဲ့ ပါးစပ်ကနေ အင်ပါယာမူလက သူတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်း လမ်းကြောင်း ဖွင့်ဖို့ ကျင့်ကြံသူတွေကို ကူညီပေးတဲ့အပြင် သူတို့ကျင့်ကြံခြင်း လမ်းကြောင်းရဲ့ တိုးတက်မှုကိုလည်း အရှိန်မြှင့်တင် ပေးတယ်ဆိုတဲ့ အသုံးဝင်မှုကြောင့် ဖြစ်ပါတယ်။ သူတို့က စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်ရဲ့ အာနိသင်တွေကိုတော့ မမြင်ဘူးလား။
ဘာတွေ ဖြစ်နေတာလဲ။
“ဟိုတုန်းက မင်းတို့တွေ အင်ပါယာ မူလတွေကို ဘယ်လောက်များများ အမြဲတမ်း ရခဲ့လဲ”
လင်းဟန်က မေးလိုက်တယ်။
“ဘယ်လိုလုပ် အနည်းငယ် ဖြစ်နိုင်မှာလဲ။ ဒါပေါ့။ တစ်ခုပဲ ရှိတယ်”
ယန်ရီဟွမ်က တစ်ချက်ပြုံးကာ ပြောလိုက်တယ်။
လင်းဟန်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် ပေါ်လာခဲ့တယ်။ ကြည့်ရတာ ဒါက အကြောင်းရင်း ဖြစ်မယ်။
သူက ခုခံမှု စွမ်းအားကို ရင်ဆိုင်ပြီး ကျွန်းကို ရောက်လာတာကြောင့် မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက သူ့အတွက် ဆုလာဘ်ကို အများကြီး ပိုပြီးတော့ ရက်ရက်ရောရော ပေးတာ ဖြစ်မယ်။ အင်ပါယာ မူလက သုံးခုတောင် ရှိပါတယ်။ ပြီးတော့ အင်ပါယာမူလ သုံးခုရဲ့ ပူးပေါင်း အာနိသင်က စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ လျှို့ဝှက်ချက်တွေကို ဖမ်းဆုပ်မိစေခဲ့တယ်။
ဟင် ဒါက အင်ပါယာမူလရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်များ ဖြစ်နိုင်မလား။
တကယ်တော့ သိုင်းပညာရဲ့ လမ်းကြောင်းက လူတစ်ယောက် ကိုယ့်ဘာသာကို လျှောက်ရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အကူအညီ နည်းနည်းလေးမှ မရှိပဲ လျှောက်လှမ်းနိုင်တယ်။ တကယ်လို့ သူတို့ မလျှောက်နိုင်ဘူးဆိုရင်တောင် သူတို့ကို အရိပ်အမြွက်တွေ ဘယ်လောက်ပဲပေးပေး အကူအညီ ဘယ်လောက်ရရ အသုံးဝင်လိမ့်မှာ မဟုတ်ဘူး။
ကြည့်လေ ယန်ရီဟွမ်နဲ့ တခြားသူတွေက အင်ပါယာလမ်းကြောင်းကို ဘယ်နှစ်ကြိမ်တောင် လျှောက်ခဲ့ပြီး အင်ပါယာ မူလကို ဘယ်နှစ်ကြိမ်တောင် ရခဲ့ကြလဲ။ သူတို့က အခုချိန်ထိ သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းကြောင်းကို ဖွင့်နိုင်စွမ်း မရှိကြသေးပါဘူး။
Chapter 4477 end
*****
အပိုင်း (၄၄၇၈) ကျောက်လိပ်
လင်းဟန်က ဒါကို မပြောပြခဲ့ဘူး။
မဟုတ်ရင် ယန်ရီဟွမ်နဲ့ တခြားသူတွေက ဘယ်လောက်တောင် မနာလို ဖြစ်ကြမလဲ ဆိုတာ မသိနိုင်ပါဘူး။
“သွားကြစို့။ အင်ပါယာမူလကို ယူသွားပြီဆိုမှတော့ ဒီကျွန်းမှာ ဆက်နေလို့က ဘာမှအဓိပ္ပါယ် မရှိတော့ဘူး”
ဟဲလျှိုက ပြောလိုက်တယ်။
“ငါတို့အရှေ့မှာ အင်ပါယာမူလ ရှိနေသေးလား”
လင်းဟန်က မေးလိုက်တယ်။
ယန်ရီဟွမ်နဲ့ တခြားသူတွေ အားလုံး ပြုံးလိုက်ပေမဲ့ အဖြေတော့ မပေးခဲ့ဘူး။
သူတို့က လင်းဟန်ကို အချက်အလက် နည်းနည်းလေးမှ မရစေချင်တာ ဖြစ်ကောင်း ဖြစ်နိုင်သလို သတင်း အချက်အလက်တွေ နည်းနည်းလေးမှ ပေါက်ကြားစေဖို့ ဆန္ဒမရှိတာလည်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ လင်းဟန် ဝင်ပါလာရင် ဒါဟာ မမျှတတဲ့ ပြိုင်ဆိုင်မှု တစ်ခု ဖြစ်သွားမယ်။ ဘယ်သူမှ ဘာမှမလုပ်နိုင်ပဲ ရပ်ကြည့်နေရုံပဲ ရှိပါလိမ့်မယ်။
လူသားတွေဟာ တစ်ကိုယ်ကောင်းဆန်တာ ပုံမှန်ပါပဲ။ ဧကရာဇ် ဖြစ်လာဖို့ အရည်အချင်း ပြည့်မီခြင်းနဲ့ ပါဝင်နေတဲ့ အချိန်ဆို ပိုလို့တောင် တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။
သူတို့ငါးယောက် လူစုခွဲလိုက်ပေမဲ့ ယေဘူယျ အရပ်မျက်နှာကတော့ တူညီပြီး သူတို့တွေ ရှေ့ကို ဆက်ထွက်လာကြတယ်။
လင်းဟန်က အရှေ့ကို ခရီးဆက်လာရင်းနဲ့ သူမြင်တွေ့ခဲ့တဲ့ စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်တွေကို ခွဲခြမ်းစိတ်ဖြာ နေခဲ့တယ်။
အရင်တုန်းက ခဏလေးပဲ ဆိုပေမဲ့ သူက မှတ်ဉာဏ်ထဲမှာ လုံးဝကို မှတ်သားထားတယ်။ အခု သူက ဒါကို တကယ်ပဲ စတင်ပြီးတော့ နားလည်ဆင်ခြင်မှု လုပ်နေပါပြီ။
သူက အလုပ်နှစ်ခု တပြိုင်နက်တည်း လုပ်နေတယ်။ သူ့ပျံသန်းခြင်း မြင့်မားတဲ့ အမြန်နှုန်းကို ထိန်းထားချိန်မှာ သူ့ရဲ့ နားလည်ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကလည်း နစ်မျောနေတဲ့ အခြေအနေ တစ်ခုထဲ ဝင်လာခဲ့တယ်။
“ဒါက အဲဒီလို မဟုတ်သေးဘူး”
လင်းဟန်က အဆက်မပြတ် တီးတိုးရေရွတ်နေခဲ့တယ်။ ရံဖန်ရံခါ သူက မျက်မှောင်ကြုတ်ပြီး တစ်ခါတလေ သူက ပြုံးကာ သူ့အမူအရာက အမျိုးမျိုး ပြောင်းလဲနေတယ်။
သူက ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ပဲ ဖြစ်ပြီးတော့ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခုကို နားလည်ဆင်ခြင်နေတယ်။ ဒါက ခက်ခဲလွန်းပါတယ်။
တကယ်လို့ သူက တောင်ပင်လယ် ကောင်းကင်ဘုံကို သွားခဲ့ရင် ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေ သူ့အရှေ့မှာ ကိုယ်ထင်ပြလာခဲ့ရင်တောင် ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေရုံပဲ တတ်နိုင်ပါလိမ့်မယ်။ ဂိုဏ်းအရှင်သခင်ရဲ့ အထွတ်အထိပ် အဆင့်ကို မရောက်သေးပဲနဲ့ သူက အဲဒါကို နားလည်ဆင်ခြင်နိုင်ဖို့ အကြောင်း မရှိပါဘူး။
တကယ်လို့ သူတို့တွေ တောင်ပင်လယ် ကောင်းကင်ဘုံကို သွားရင် သေချာပေါက် အဆင့် ချိုးဖျက် တက်ရောက်နိုင်မယ်လို့ ဘယ်သူမှ မပြောပါဘူး။ အဆင့်ချိုးဖျက် တက်ရောက်ဖို့ အခက်အခဲ အနည်းငယ် လျော့ကျသွားတာပဲ ရှိပါလိမ့်မယ်။
အရင်က တောင်ပင်လယ် ကောင်းကင်ဘုံ ပွင့်တဲ့ အချိန်မှာ သက်တမ်း ကုန်ခါနီးနေတဲ့ လူတွေက သူတို့တွေ အသက်အရွယ် အိုမင်းပြီးတော့ သေရမယ်ဆိုတာကို စိုးရိမ်ပူပန်မှုနဲ့အတူ အားလုံး ထွက်လာခဲ့တယ်။ တောင်ပင်လယ် ကောင်းကင်ဘုံဖွင့်တဲ့ အချိန်မှာ သူတို့ကိုယ်သူတို့ အောင်အောင်မြင်မြင် အဆင့်တက်နိုင်စွမ်း ရှိမလား ဆိုတာကို ဘယ်သူမှ မပြောရဲခဲ့ဘူး။
ဒါပေမဲ့လည်း အင်ပါယာမူလကတော့ ကွဲပြားခြားနားပါတယ်။ ဒါက စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်ကို တိုက်ရိုက်ဖော်ပြပြီး လင်းဟန်ကို ကြိုပြီးတော့ အဆင့်မြင့် စည်းမျဉ်းဥပဒေ စွမ်းအားကို ဖမ်းဆုပ်နားလည်ဖို့ အခွင့်အလမ်း ပေးတယ်။
ဒါက အရမ်းအရမ်းကို ခက်ခဲပါသေးတယ်။
“မဟာဧကရာဇ် တစ်ပါးရဲ့ စွမ်းအားဆိုတဲ့ အတိုင်းပါပဲလား”
“မဟုတ်ဘူး။ ငါ့သုံးသပ်ချက် အရဆိုရင် ဒါက မဟာဧကရာဇ်ဆီက သိုင်းဆန္ဒ သေးသေးလေး တစ်ခုပဲ ဖြစ်လောက်တယ်”
“မဟာဧကရာဇ်က အရမ်းကို သန်မာလွန်းတယ်လို့ သူတို့အားလုံး ပြောကြတယ်။ သေပြီးတဲ့ နောက်မှာ သူ့ဝိညာဉ်က ငရဲပြည်ကို ဝင်မသွားပဲ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တိုက်ရိုက် စုပ်ယူပြီးတော့ တစ်သားတည်း ဖြစ်သွားစေခဲ့တယ်။ ဒါကြောင့် ဒါဟာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ဖြစ်ပေါ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဘုံ တစ်ခု ဖြစ်နေပြီး အင်ပါယာ လမ်းောကာင်းလို့ ခေါ်မှတော့ မဟာဧကရာဇ်ရဲ့ သိုင်းဆန္ဒ နည်းနည်းလေး ချန်ထားခဲ့တာက ပုံမှန်ပဲ မဟုတ်ဘူးလား”
လင်းဟန်ရဲ့ စိတ်ထဲမှာ အတွေးတွေ ပေါ်လာပေမဲ့ သူက ချက်ချင်းပဲ အဲဒီအတွေးတွေကို ထုတ်ပစ် လိုက်ပြီး စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ လျှို့ဝှက်ချက်တွေကို အာရုံစိုက်ကာ သုံးသပ်နေခဲ့တယ်။
တကယ်လို့ သူက ဂိုဏ်းအရှင်သခင်အဆင့်မှာ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို အသုံးပြုနိုင်ခဲ့ရင် သူ့ရဲ့ အံ့မခန်းမှုက သေချာပေါက် အကြီးအကျယ် တိုးလာလိမ့်မယ်။
လဝက် ကြာပြီးတဲ့ နောက်မှာတော့ သူ့အရှေ့မှာ ဧရာမကျွန်းကြီး တစ်ကျွန်း ပေါ်လာခဲ့တယ်။
လင်းဟန်က အောက်ကို ပျံဆင်းလာပြီး သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
သူက သူ့အရှေ့ကို လက်တစ်ဖက် ဆန့်ထုတ်ပြီးတော့ ခါလိုက်တယ်။ ချက်ချင်းပဲ ပင့်ကူမျှင် တစ်ခုထက်တောင် ပါးလွှာတဲ့ အလင်းတန်း တစ်ခုက သူ့အရှေ့မှာပေါ်လာတယ်။ ဒါက မှင်လို နက်မှောင်နေပေမဲ့ မယုံနိုင်အောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ် နေခဲ့တယ်။
ဒါက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားဖြစ်တဲ့ စည်းမျဉ်းဥပဒေ စွမ်းအား အမျှင် ဖြစ်ပါတယ်။
သူက နောက်ဆုံးတော့ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို အသုံးပြုနိုင်ပေမဲ့ အနည်းငယ်ပဲ စုစည်းနိုင်ပါတယ်။ နောက်ပြီး သူက အတွေးတစ်ချက်နဲ့ လှုပ်ရှားနိုင်စွမ်း မရှိပါဘူး။ စည်းမျဉ်းဥပဒေ စွမ်းအား ပေါ်လာပေမဲ့ သူက အဲဒါကို လှုံ့ဆော်ဖို့ အချိန်တချို့ လိုအပ်နေတယ်။
“ဒီလိုဆိုရင်တောင် ဒါက လက်တွေ့ကျတဲ့ တန်ဖိုးကြီးတစ်ခု ရှိနေသေးတာပဲ”
လင်းဟန်က ခေါင်းညိတ်လိုက်တယ်။ တကယ်တော့ ဒါဟာ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်အတွက် ဒါကို အသုံးပြုဖို့ မဖြစ်နိုင်လောက်ပါဘူး။ သူက ဂိုဏ်းအရှင်သခင်အဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်မှပဲ ဒီထူးကဲတဲ့ လျှို့ဝှက်ချက်တွေရဲ့ အနည်းငယ်ကို ဖမ်းဆုပ်မိနိုင်ပြီး သူ့ရဲ့ အဆင့်ချိုးဖျက် တက်ရောက်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခု သူက ဒါကို တိုက်ပွဲမှာ အသုံးပြုနိုင်တာက ဘယ်လောက်တောင် ကောင်းကင်ဘုံကို ဆန့်ကျင်နေလိုက်လဲ။
သူက ကျွန်းအနီးကို အရင်ဆုံး လှည့်လည်သွားလာလိုက်ပေမဲ့ နတ်ဘုရားဆေးပင် နည်းနည်းမှ ရှာမတွေ့ခဲ့သလို အတားအဆီး နည်းနည်းလေးမှလည်း မကြုံခဲ့ရဘူး။ ဒီနေရာမှာ အင်ပါယာ မူလကို ဖွက်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။
“ဟဲလျှို”
သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်တော့ ကျွန်းပေါ်မှာ ဟဲလျှိုလည်း ပေါ်လာတာကို မြင်လိုက်ရတယ်။ ဒါပေမဲ့လည်း တစ်ဖက်လူက သူ့ကို မနှုတ်ဆက်ခဲ့ဘူး။ အဲဒီအစား သူက ကျွန်းရဲ့ တခြားဘက်ခြမ်းကို တိုက်ရိုက်သွားခဲ့တယ်။
ဒီကျွန်းက အရမ်းကို ကျဉ်းမြောင်းပြီးတော့ ရှည်လျားပါတယ်။ ဟဲလျှိုက တခြားဘက်ခြမ်းဆီ ရောက်လာတဲ့ အချိန်မှာ သူက တကယ်ပဲ ကမ်းစပ်က ကျောက်တုံး တစ်တုံးပေါ်ကို ခြေချလိုက်တယ်။ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ပေါ်လာခဲ့တယ်။ ဒီကျောက်တုံးက တကယ်ပဲ လှုပ်ရှားပြီးတော့ ပင်လယ်လိပ် တစ်ကောင် အဖြစ်ကို ပြောင်းလဲကာ သူ့ကို ပင်လယ်ထဲကို သယ်ဆောင်ကာ ထွက်သွားတယ်။
ဟင်။
လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ ဒီကျွန်းရဲ့ အသုံးဝင်မှုက ဖြတ်ကူးတဲ့ ဆုံမှတ်တစ်ခုပဲလား။
သူက ကျိတ်ပြီးတော့ ဝမ်းသာအားရ ဖြစ်သွားခဲ့တယ်။ ကံကောင်းတာက ဟဲလျှိုဟာ အချိန်ကိုက် ပေါ်လာခဲ့တယ်။ မဟုတ်ရင် သူက ဘာလုပ်လို့ ဘာကိုင်ရမှန်း သိမှာ မဟုတ်ပါဘူး။
တကယ်တော့ ဟဲလျှိုက အင်ပါယာ လမ်းကြောင်းကို အကြိမ်တော်တော်များများ လျှောက်လှမ်းထားခဲ့တာကြောင့် နောက်တစ်ဆင့်က ဘယ်လိုလဲ ဆိုတာကို သူက သိနေတာ သဘာဝပါပဲ။
တစ်ဖက်လူက သူ့ကို လျစ်လျူရှူထားခဲ့တယ်။ လင်းဟန်က ဒါကို နားလည်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အရှေ့မှာ သေချာပေါက် အင်ပါယာ မူလ ရှိနေသေးတယ်။ သူက လင်းဟန်ကို ဒီနေရာမှာ တားဆီးဖို့ အကောင်းဆုံး ကြိုးစားနေတယ်။ ဒါမှ သူက အဲဒါကို ရယူဖို့ အခွင့်အရေး တစ်ခု ရှိပါလိမ့်မယ်။
လင်းဟန်က ပြုံးလိုက်တယ်။ သူလည်း ကျွန်းရဲ့ တခြားဘက်ခြမ်းကို ရောက်လာပြီး သူ့ရဲ့ ရှာဖွေမှုကို စတင်လိုက်တယ်။
ဒီနေရာက ကမ်းခြေမှာ ကျောက်တုံးတွေ ဖုံးလွှမ်းနေပြီး အားလုံးက လိပ်ပုံသဏ္ဍာန်တွေ ရှိကြတယ်။ လိပ်တွေရဲ့ ကျောဘက်ပေါ်မှာ သွေးကြောပုံစံ သင်္ကေတတွေလည်း ရှိပြီးတော့ အရမ်းကို ရှုပ်ထွေးပါတယ်။
သူ ဘယ်လိုရွေးချယ်သင့်လဲ။
လင်းဟန်က ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာကြောင့် ကျောက်တုံး တစ်တုံးပေါ်ကို ခုန်တက်လိုက်တယ်။ ချက်ချင်းပဲ အဲဒီကျောက်တုံးက လှုပ်ရှားပြီးတော့ ကျောက်တုံးကနေ ခြေလက် လေးချောင်း ထွက်လာပြီး ပင်လယ်လိပ် တစ်ကောင် အဖြစ်ကို ပြောင်းလဲသွားတယ်။ အဲဒီနောက် ဖြည်းဖြည်းခြင်း လှည့်ပြီးတော့ ပင်လယ်ဘက်ကို ဦးတည်သွားပါတယ်။
ကျောက်လိပ်က ဖြည်းဖြည်းခြင်း အရှိန်မြင့်လာပြီးတော့ နည်းနည်းလေးမှ မနှေးသွားခဲ့ဘူး။
လင်းဟန်က အနည်းငယ် ခေါင်းရှုပ်သွားတယ်။ ဘာကြောင့် ကျောက်လိပ်ကို ပင်လယ်ကို ဖြတ်ကူးဖို့ လမ်းကြောင်းတစ်ခုလိုမျိုး သုံးရတာလဲ။ တကယ်လို့ သူ့အမြန်နှုန်းက မနှေးသွားဘူး ဆိုရင်တောင် ကျင့်ကြံသူ တစ်ယောက် တိုက်ရိုက် ပျံသန်းတာလောက် မြန်မှာမို့လား။
ဒါပေမဲ့လည်း သူက မကြာခင်မှာ အကြောင်းရင်းကို ရှာတွေ့သွားခဲ့တယ်။
ပင်လယ်ထဲကို ဝင်လာပြီး မကြာခင်မှာ အချိန်နဲ့အမျှ ပင်လယ်ကနေ ဓားအလင်းတန်းတွေ ပစ်ခတ် နေတာကို တွေ့လိုက်ရတယ်။
လင်းဟန်က ကြည့်ရုံသာ ကြည့်ပေမဲ့ ဒီဓားအလင်းတန်းကို တားဆီးကာကွယ်နိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူးဆိုတာ နားလည်နေပါပြီ။ ဒါက ကြီးမြတ်သော အရှင်သခင်အဆင့်တွေကိုတောင် ချက်ချင်း သတ်ပစ်နိုင်ပါတယ်။
ဒါပေမဲ့လည်း ကျောက်လိပ်မှာ တိုက်ပွဲစွမ်းရည် မရှိပေမဲ့ ဓားအလင်းတန်းကို ကာကွယ်နိုင်ပြီး လိပ်ရဲ့ ကျောပေါ်က လုံခြုံတဲ့ နေရာတစ်ခု ဖြစ်နေတယ်။
လက်စသတ်တော့ ဒီလိုကိုး။
လင်းဟန်က နားလည်သွားပြီးတော့ ခေါင်းညိတ်လိုက်တယ်။ ကျောက်လိပ်ကို သုံးပြီးတော့ ပင်လယ်ကို ကူးဖြတ်တာက မထူးဆန်းတော့ဘူး။
ဟင် နေပါဦး။
တော်တော်ကြာအောင် ကူးခတ်ပြီးတဲ့ နောက်မှာ ဒီကျောက်လိပ်က တကယ်ပဲ ပြန်လှည့်ပြီးတော့ ပြန်သွားတာကို လင်းဟန်က အံ့အားသင့်ဖွယ် တွေ့လိုက်ရတယ်။
သူ့အရှေ့မှာ စောစောတုန်းက ကျွန်းဟာ လျင်မြန်စွာနဲ့ ပြန်ပေါ်လာခဲ့တယ်။
ဘာဖြစ်လို့ မင်းက ပြန်လာတာလဲ။
ကျောက်လိပ်က ကမ်းစပ်ဆီကို ကူးလာပြီးတော့ အဲဒီနောက် ရပ်သွားတယ်။ သူ့ခြေလက်တွေကို ပြန်ရုပ်သိမ်းပြီး ဧရာမ ကျောက်တုံးတစ်တုံး အဖြစ်ကို ပြန်ပြောင်းသွားပါတယ်။
လင်းဟန်က အနည်းငယ် အံ့သြသွားခဲ့တယ်။ ဒါကို တစ်နေ့တာ ခရီးစဉ်လို့ သတ်မှတ်ရမှာလား။
ဘာတွေ ဖြစ်နေတာလဲ။
သူက နောက်ထပ် ကျောက်တုံးပေါ်ကို ခုန်တက်လိုက်ပြီး ချက်ချင်းပဲ ကျောက်တုံးကနေ ခြေလက်လေးချောင်း ဆန့်ထွက်လာကာ ပင်လယ်လိပ် တစ်ကောင် အဖြစ်ကို နောက်တစ်ကြိမ် ပြောင်းသွားကာ လင်းဟန်ကို ပင်လယ်ထဲ သယ်ဆော်ငသွားတယ်။
ဒီတစ်ကြိမ် လိပ်က သုံးရက် ခရီးဆက်ပြီး လင်းဟန်ကို ဖြည်းဖြည်းခြင်း နောက်တစ်ကြိမ် ပြန်ခေါ် လာပါတယ်။
မင်းမေကြီးတော်ပဲ။
လင်းဟန်က နောက်တစ်ကြိမ် တတိယမြောက် ကျောက်တုံးပေါ်ကို မျက်လုံးစုံမှိတ်ကာ ခုန်မတက်တော့ဘူး။ တကယ်လို့ သူက ပင်လယ်ကို ကူးဖြတ်ချင်ရင် ဒီကျောက်လိပ်တွေကို တက်စီးရမယ်ဆိုတာက သေချာတယ်။ ဒါပေမဲ့ တကယ်လို့ သူက တစ်ခုချင်းစီကို အခုလိုမျိုး စမ်းကြည့်မယ်ဆိုရင် လအနည်းငယ် အချိန်ယူရလောက်တယ်။ ဒါမှမဟုတ် နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ် အနည်းငယ်လောက် အချိန်ယူပြီးမှ မှန်ကန်တဲ့ ကျောက်တုံးနဲ့ ကံကောင်းထောက်မပြီး တွေ့နိုင်ပါလိမ့်မယ်။
လှည့်ကွက်တစ်ခုကတော့ ရှိရမယ်။
လင်းဟန်ရဲ့ စိတ်ထဲမှာ အတွေးတစ်ချက် လက်ခနဲ ဖြစ်သွားပြီးတော့ ကျောက်တုံးပေါ်က သွေးကြောပုံစံ သင်္ကေတတွေကို သူ့အကြည့်တွေကျသွားခဲ့တယ်။
ဒါနဲ့များ ဆက်စပ်မှု ရှိမလား။
လင်းဟန်က ပထမနဲ့ ဒုတိယ ကျောက်တုံးကို ရှာပြီးတော့ သူတို့ပေါ်က သွေးကြောပုံစံ သင်္ကေတတွေကို ဂရုတစိုက်နဲ့ နှိုင်းယှဉ်ကြည့်လိုက်တယ်။
တော်တော်ကြာပြီးမှ သူက ပြုံးလိုက်မိတယ်။
ကျောက်တုံးတိုင်းပေါ်က သွေးကြောပုံစံ သင်္ကေတတွေဟာ ဝင်္ကပါတစ်ခု ဖြစ်ပြီးတော့ ဝင်္ကပါကနေ ထွက်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းက သူ့ကို သယ်သွားမဲ့ ကျောက်လိပ်ရဲ့ လမ်းကြောင်းနဲ့ ထပ်တူ တူညီမှု ရှိပါတယ်။
“ရိုးရိုးလေးပဲ။ လမ်းမှားရင် ပြန်လှည့်လာရမယ်”
“ဒါကြောင့် လမ်းမှန်က သေချာပေါက် ဒီကျွန်းရဲ့ အဆုံးသတ် မဟုတ်ဘူး”
ဒီအတွေးနဲ့အတူ လင်းဟန်က နောက်တစ်ကြိမ် ဆက်ပြီးတော့ ရှာဖွေနေခဲ့တယ်။
သူက ကျောက်တုံးတွေ တော်တော်များများကို ဖယ်ပစ်လိုက်ပြီး သူ့တိုးတက်မှုက အရမ်းကို မြန်ဆန်ပါတယ်။
ဟင်။
နောက်တစ်ယောက် ရောက်လာပြီ။
ကွမ်ရှင်းဟန်။
Chapter 4478 end
*****
အပိုင်း (၄၄၇၉) ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား
လင်းဟန်ရဲ့ နှုတ်ခမ်းတွေထောင့်မှာ အပြုံးတစ်ခုက အမှတ်မထင် ပေါ်လာခဲ့တယ်။
သူက မှန်ကန်တဲ့ ကျောက်တုံးကို ရှာတွေ့ခါနီးမှာ စိတ်အခြေအနေက ကောင်းမွန်နေတယ်။ နောက်ပြီး ကွမ်ရှင်းဟန်က တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်ကျမှ သူ့ကိုယ်သူ သူ့တံခါး၀ အရှေ့ကို ပို့ဆောင်လာခဲ့တာက သူ့ကို ဝမ်းသာပျော်ရွှင် သွားစေခဲ့တယ်။
“လင်းဟန်”
ကျွန်းက အရမ်းကို ကြီးမားပေမဲ့ သူ့အမြင်အာရုံနဲ့ ကွမ်ရှင်းဟန်က လင်းဟန်ကို ချက်ချင်းပဲ ရှာတွေ့ခဲ့တယ်။
သူ့မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှုတွေ တလက်လက် တောက်ပလာခဲ့တယ်။ တကယ်တော့ ရွှေရောင်မျိုးဆက်တွေ အများအပြား ပူးပေါင်းထားတာတောင် လင်းဟန်ကို ဖမ်းဆီးနိုင်စွမ်း မရှိခဲ့ဘူး။ ဒီဘာမဟုတ်တဲ့ လူက လွှမ်းမိုးဗိုလ်ကျနိုင်အောင် အစွမ်းထက်ပါတယ်။
“ကျေးဇူးတင်တယ်”
လင်းဟန်က အလေးအနက် ပြောလိုက်တယ်။
ဟင် ဘာတွေ ဖြစ်နေတာလဲ။
ကွမ်ရှင်းဟန်က မျက်မှောင်ကြုတ် သွာခးဲ့တယ်။ ဒီကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားက သူ့အတွက် မှင်သက်အံ့သြစရာ ကောင်းလွန်းပါတယ်။ တစ်ဖက်လူက ကျေးဇူးတင်စရာကောင်းလောက်အောင် လုပ်နိုင်တဲ့ အရာမျိုး သူ တစ်ခုခု လုပ်ခဲ့တဲ့ ပုံစံလည်း မရှိပါဘူး။
လင်းဟန်က အကြောင်းရင်းမရှိပဲ ပြောတတ်တဲ့ လူစားမျိုး မဟုတ်ူဘးဆိုတာကို သူ နားလည်ပေမဲ့ ဒါက တကယ်ပဲ သူ့ကို ခေါင်းစားစေခဲ့တယ်။
“ဘာအတွက်လဲ”
သူက မေးလိုက်မိတယ်။
လင်းဟန်က ပြုံးပြီးတော့ ပြောလိုက်တယ်။
“အဝေးကြီးကနေ သေဖို့ မင်း လာတဲ့အတွက် ကျေးဇူးတင်တာ။ လက်ဆောင်က အရေးမကြီးဘူး မိတ်ဆွေဆက်ဆံရေးက အရေးပါတယ်ဆိုတဲ့ အတိုင်းပဲ။ ဒါကြောင့် မင်းရဲ့ အသက်ကို ငါ လက်ခံပေးမယ်”
မင်းမေကြီးတော်။
ကွမ်ရှင်းဟန်က နောက်ဆုံးတော့ လင်းဟန် သူ့ကို စနောက်နေမှန်း သတိပြုမိသွားခဲ့တယ်။ သူက ဒေါသချောင်းချောင်း ထွက်သွားပြီး သူ့အမူအရာက သုန်မှုန်လို့နေတယ်။ သူက ခက်ထန်စွာ ပြောလိုက်တယ်။
“မင်းက ကိုယ်ဖော့သိုင်းကိုပဲ အားကိုးနေတာပဲ။ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုမှာ ငါ မင်းကို အချိန်မရွေး ချေမှုန်းဖျက်ဆီးပစ်နိုင်တယ်”
“ဒါဆိုရင် လာထားလေ”
လင်းဟန်က စိန်ခေါ်လိုက်တယ်။
“တကယ်လို့ မင်း မလာရင် မင်းက အယုတ်တမာ ခွေးကောင်ပဲ”
ကွမ်ရှင်းဟန်က ဒေါသကို မထိန်းထားနိုင်တော့ပဲ လင်းဟန်ဆီကို ပြေးဝင်လာခဲ့တယ်။ သူ့လက်တွေကို ပုဆိန်တွေလိုမျိုး ဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်တယ်။ စည်းမျဉ်းဥပဒေ စွမ်းအားတွေက သူ့လက်ဝါးမှာ ရစ်ပတ်လာပြီး စုစုပေါင်း ဆယ့်ခြောက်ခု ရှိတယ်။
ဟင်။ သူက အဆင့်တက်ပြီးတော့ ကြယ်ကိုးပွင့် အဆင့်ကို တက်သွားပြီပဲ။
ဒါက ပုံမှန်ပါပဲ။ ဒီနေရာမှာ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ သူက ကြယ်ရှစ်ပွင့် ဂိုဏ်းအရှင်သခင် အဆင့်တစ်ယောက် ဖြစ်နေပြီး သူ့အတွက်တော့ နောက်တစ်ဆင့် တက်တာက ပုံမှန်ပဲ။
လင်းဟန်က ကျယ်လောင်စွာ ရယ်မောပြီးတော့ ဝင်လာတဲ့ တိုက်ခိုက်မှုကို အကြောက်အလန့် ကင်းစွာနဲ့ ရင်ဆိုင်လိုက်တယ်။ သူက လက်သီးတစ်ချက် ထိုးလိုက်တာနဲ့ စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ငါးခုက တပြိုင်နက်တည်း ပွင့်လန်းလာခဲ့တယ်။
ဘန်း။
တိုက်ကွက်တစ်ကွက် ဖလှယ်မှုမှာ ကွမ်ရှင်းဟန်ရဲ့ ခန္ဓာကိုယ်က ဒယိမ်းဒယိုင် ဖြစ်သွားပြီး သူက အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရတယ်။ တစ်ဖက်မှာ လင်းဟန်ကတော့ သူ့ထက် အနည်းငယ် ပိုပြီးတော့ နောက်ဆုတ်သွားရကာ တိုက်ပွဲစွမ်းရည်မှာ ကွာခြားချက်က လွှမ်းမိုးနိုင်ခြင်း မရှိပါဘူး။
ဒါက။
သူက ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်ပြီးတော့ လင်းဟန်ဆီက ထုတ်လွှတ်တဲ့ အရှိန်အဝါကို သုံးသပ်ကြည့်ရင် လင်းဟန်က ကြယ်နှစ်ပွင့် ဂိုဏ်းအရှင်သခင် အဆင့်တစ်ယောက်ပဲ ရှိပါတယ်။
ဒါကြောင့် သူနဲ့ လင်းဟန်အကြားမှာ အဆင့်သေး ခုနစ်ဆင့် ကွာဟချက် ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း သူ့ကို အံ့အားသင့်သွားစေခဲ့တာက အကြွင်းမဲ့ အားသာခြင်း တစ်ခု မရှိခဲ့ဘူး။ အများဆုံး သူက အနည်းငယ် အသာစီးရတာပဲ ရှိပါတယ်။
မဟုတ်ဘူး။ လင်းဟန်က ဒီတိုက်ကွက် ဖလှယ်မှုမှာ ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။ နောက်ပြီး ဘေးထွက်ဆိုးကျိုး နည်းနည်းမှလည်း မခံစားရဘူး။ သူက ချက်ချင်းပဲ ပြန်ပြေးဝင်လာပြီး ဒါကို လက်ရည်တူ တစ်ခုလို့ပဲ သတ်မှတ်နိုင်ပါတယ်။
သောက်ကျိုးနည်း။ ကြယ်ခုနစ်ပွင့် အသာစီးရထားမှုနဲ့အတူ ဂုဏ်သိက္ခာရှိတဲ့ ရွှေရောင်မျိုးဆက် တစ်ယောက်က တစ်စုံတစ်ယောက်ကို လက်ရည်တူပဲ တိုက်ခိုက်နိုင်စွမ်း ရှိတာလား။
သူ တကယ် သေချင်သွားတယ်။
“ဟားဟား ဘာရွှေရောင်မျိုးဆက်လဲ”
လင်းဟန်က အထင်သေးစါာ ပြောလိုက်တယ်။
“တကယ်လို့ မင်း နောက်ထပ် နှစ်အနည်းငယ်လောက် မကျင့်ကြ့ဘူးဆိုရင် ငါမင်းကို လက်တစ်ဖက်တည်းနဲ့ သေအောင် ရိုက်ပစ်နိုင်စွမ်း ရှိတယ်”
ဒီစကားတွေက အရမ်းကို ထိပါတယ်။ ကွမ်ရှင်းဟန်က လုံးဝကို ငြင်းဆန်နိုင်စွမ်း မရှိဘူး။
တကယ်လို့ လင်းဟန်လည်း ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင်အဆင့်တစ်ယောက် ဖြစ်မယ်ဆိုရင် သူကိုယ်တိုင်လည်း နားလည်သဘောပေါက်ပါတယ်။ သူက လင်းဟန်ဆီက တိုက်ကွက် တစ်ကွက်ကိုတောင် မယှဉ်နိုင်ဘူး။
“သေစမ်း”
သူက အသာလေး ကျိန်ဆဲပြီးတော့ တိုက်ပွဲရဲ့ စည်းချက်ကို နှေးချလိုက်တယ်။
ဒီလိုမျိုး မြန်မြန်ဆန်ဆန် တရစပ် တိုက်ခိုက်တာမျိုးက လင်းဟန်ကို သတ်ဖြတ်နိုင်စွမ်း မရှိဘူး ဆိုတာကို သူ နားလည်ပါတယ်။ နောက်ပြီး လင်းဟန်ရဲ့ ခံစစ်ကိုလည်း ထိုးဖောက်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် သူက စည်းမျဉ်းဥပဒေ စွမ်းအားတွေကို လှုံ့ဆော်ဖို့ အချိန်တချို့ လိုအပ်နေတယ်။ အဲဒီနောက်မှ စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ရှစ်ခု ဒါမှမဟုတ် နှစ်ဆယ်ကို တပြိုင်နက်တည်း ထုတ်ဖော်ရပါမယ်။ သူက လင်းဟန်ကို မသတ်နိုင်ဘူး ဆိုတာကို မယုံဘူး။
လင်းဟန်က ဘယ်လိုလုပ် မပြောနိုင်မှာလဲ။ သူက ကျယ်လောင်စွာ ရယ်မောပြီးတော့ တိုက်စစ် တစ်ခုကို ထုတ်ဖော်လိုက်ပြီး ကွမ်ရှင်းဟန်ကို ရွေးချယ်စရာမရှိ ပုတ်ထုတ်အောင် ဖိအားပေး လိုက်တယ်။ သူက စည်းမျဉ်းဥပဒေ စွမ်းအားတွေ လှုံ့ဆော်ဖို့ အချိန်မရတော့ဘူး။
ဘန်း ဘန်း ဘန်း။
သူတို့နှစ်ယောက်က တိုက်ကွက်တွေ အဆက်မပြတ် ဖလှယ်နေခဲ့တယ်။ အခြေအနေကို သုံးသပ်ကြည့်ရင် ကွမ်ရှင်းဟန်က အနည်းငယ် အသာစီး ရရှိနေပါသေးတယ်။ တကယ်တော့ စွမ်းအား ဒါမှမဟုတ် စည်းမျဉ်းဥပဒေ စွမ်းအင်တွေပဲ ဖြစ်ဖြစ် ကွမ်ရှင်းဟန်က အသာစီးမှု တစ်ခု ရရှိထားတယ်။ ဒါပေမဲ့လည်း လင်းဟန်ရဲ့ အရမ်းကို အားကောင်းတဲ့ ခံစစ်နဲ့ ရင်ဆိုင်ရတော့ ဒီအားသာချက် နည်းနည်းလေးက အနိုင်အဖြစ် ပြောင်းလဲဖို့ မလုံလောက်သေးပါဘူး။
ဒါက ကွမ်ရှင်းဟန်ကို စိုးရိမ်ပူပန်လာစေခဲ့တယ်။ အစ်ကိုမျောက် ရုတ်တရက် နောက်ကျမှ ရောက်လာရင် ဘယ်လိုလုပ်မလဲ။
တကယ်လို့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် လှုပ်ရှားမှု လုပ်လာရင် သူ သေချာပေါက် သေရလိမ့်မယ်။
သူက နောက်တစ်ကြိမ် တိုက်ပွဲရဲ့ စည်းချက်ကို ဖြည်းချလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ထူးထူးခြားခြား နှေးနေတယ်။ သူက လင်းဟန်ဟာ တစ်ခုခု မှားနေတာကို သတိမထားမိ စေချင်ခဲ့တယ်။
လင်းဟန်ရဲ့ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝမှုနဲ့ တိုက်ပွဲအခြေအနေ အာရုံခံနိုင်ခြင်းတို့ကြောင့် သူက ဘယ်လိုလုပ် သတိမထားမိပဲ နေနိုင်မှာလဲ။
ဒါပေမဲ့လည်း သူက ဆက်ပြီးတော့ တိုက်ခိုက်ဖို့ စိတ်မပါတော့ဘူး။
မင်းက တိုက်ပွဲကို မြန်မြန် အဆုံးသတ်ချင်တယ် ဆိုမှတော့ ငါ မင်းဆန္ဒကို လိုက်လျောပေးရမှာပေါ့။
စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ခုနစ်ခု၊ ဆယ့်ရှစ်ခု၊ ဆယ့်ကိုးခုနဲ့ စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်။
ကွမ်ရှင်းဟန်က ပြုံးလိုက်မိတယ်။ နောက်ဆုံးတော့။
“သေစမ်းကွာ”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးတော့ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရင်း စည်းမျဉ်းဥပဒေ စွမ်းအား အလင်းတန်း နှစ်ဆယ်က တပြိုင်နက်တည်း ပေါ်လာကာ နတ်ဘုရား ဓားတစ်ချောင်းမှာ စုစည်းသွားပြီး လင်းဟန်ဆီကို ကြမ်းတမ်းစွာ ခုတ်ပိုင်းလာခဲ့တယ်။
အလင်းတန်း နှစ်ဆယ်။ ဒီလောက်နဲ့ဆို မသေတဲ့ ဂိုဏ်းအရှင်သခင်အဆင့်ဆိုတာ ရှိလို့လား။
လင်းဟန်က ရယ်မောလိုက်ပြီးတော့ ပုတ်ထုတ်ဖို့ လက်သီးတစ်ဖက်ကို မြှောက်လိုက်တယ်။
“မင်း သေချင်နေတာပဲ”
ကွမ်ရှင်းဟန်က အေးစက်စက် လှောင်ပြောင်ပြီးတော့ ပြောလိုက်တယ်။ ဒါက ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ် ဖြစ်ပြီးတော့ သူတို့ရဲ့ ချက်ချင်းပေါက်ကွဲမှု စွမ်းအားက မယုံနိုင်စရာ ကောင်းလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းပါတယ်။ ဒါက သေချာပေါက် လင်းဟန်ကို ချက်ချင်း သတ်ပစ်နိုင်ပါတယ်။
ဘန်း။
လင်းဟန်ရဲ့ လက်သီးက စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ နတ်ဘုရားဓားနဲ့ ရင်ဆိုင်လိုက်ပါပြီ။ ဒါပေမဲ့လည်း ကွမ်ရှင်းဟန် မျှော်လင့်ထားတဲ့ လင်းဟန်ရဲ့ လက်မောင်း ချက်ချင်း ပြတ်ထွက်သွားမဲ့ မြင်ကွင်းက မပေါ်လာခဲ့ဘူး။ အဲဒီအစား နတ်ဘုရားဓားက ပျက်စီးသွားခဲ့တယ်။
ဘာ။
ကွမ်ရှင်းဟန်ရဲ့ အမူအရာက အံ့အားသင့်မှုတွေနဲ့အတူ ပြည့်လာခဲ့တယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်။ ဘယ်လိုလုပ် ပျက်စီးသွားနိုင်မှာလဲ။
လင်းဟန် ထုတ်ဖော်လိုက်တဲ့ စည်းမျဉ်းဥပဒေ စွမ်းအားက ဘယ်လောက်များလဲ။ သုံးဆယ်လား။
မဟုတ်ဘူး။ သူက အလင်းတန်း ဆယ့်ငါးခုပဲ ရှိနေသေးတယ်။ သူက သေချာ ရေတွက်နိုင်ပါတယ်။ ဂုဏ်သိက္ခာ ကြီးမြတ်တဲ့ ရွှေရောင်မျိုးဆက် တစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအား အလင်းတန်းတွေကို မှားယွင်းရေတွက်မိနိုင်မှာလဲ။
ဒါပေမဲ့လည်း ဒီစည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ငါးခုက စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်ကနေ ဖြစ်ပေါ်ထားတဲ့ နတ်ဘုရားဓားကို ဖျက်ဆီးပစ်ခဲ့တယ်။
ဒါက လုံးဝကို ယုတ္တိမရှိပါဘူး။
သူတို့နှစ်ခုလုံးက ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေ ဖြစ်ပြီးတော့ တစ်ခုထက် တစ်ခု အားမနည်းပါဘူး။ ဒါကြောင့် စည်းမျဉ်းဥပဒေစွမ်းအားတွေကို ဘယ်သူက ပိုပြီးတော့ သိပ်သည်းနိုင်လဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါက လုံးဝကို အမှန်တရားဖြစ်တယ။်
ဒါပေမဲ့ အခုကျတော့ရော။ အမှန်တရားက ပျက်စီးပြိုလဲသွားခဲ့ပြီ။
ကွမ်ရှင်းဟန်က ရှောင်တိမ်းဖို့ အချိန်မရတော့ဘူး။ နောက်ပြီး တကယ်လို့ သူက ထွက်ပြေးချင်တယ် ဆိုရင်တောင် ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းထက် သူက ဘယ်လိုလုပ် ပိုမြန်နိုင်မှာလဲ။
သူက ဒါကို ထိပ်တိုက်ရင်ဆိုင်ရုံပဲ တတ်နိုင်ပါတယ်။
ကျယ်လောင်တဲ့ မာန်သွင်းသံ တစ်ချက်နဲ့အတူ သူက လက်ဝါးနှစ်ဖက်ကို ရိုက်ထုတ်လိုက်ပြီး နောက်ထပ် စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ခြောက်ခုကို စုစည်းလိုက်တယ်။
သူက တကယ်လို့ စည်းမျဉ်းဥပဒေ စွမ်းအားမှာ အရေအတွက် အားသာချက် တစ်ခု ရှိနေသေးမယ် ဆိုရင် လင်းဟန်ကို သူ ရှုံးနိမ့်မယ်လို့ မယုံကြည်ပါဘူး။
ဒါပေမဲ့လည်း အမှန်တရားက သူ့မျက်နှာကို နောက်တစ်ကြိမ် ဖြတ်ရိုက်သွားခဲ့တယ်။
ဝုန်း။ လင်းဟန်ရဲ့ လက်သီးက ထောပတ်ကို ဓားပူူပူ တစ်ချောင်းနဲ့ လှီးဖြတ်လိုက် သလိုပါပဲ။ သူ စုစည်းထားတဲ့ စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ခြောက်ခုက ချက်ချင်းပဲ ပျက်စီးသွားခဲ့တယ်။ သူ့လက်ဝါးတွေကို အထွတ်အထိပ် နတ်ဘုရားဓား တစ်ချောင်းနဲ့ ထိုးခွဲသွားသလိုမျိုး လက်ချောင်းတွေ ကျိုးပြီးတော့ သွေးတွေ ပန်းထွက်လာခဲ့တယ်။
ဒီလက်သီးက သူ့ပေါ်ကို တောင်ကြီးတစ်လုံး ပိကျလာသလိုမျိုးနဲ့ တူပြီးတော့ သူ့မျက်နှာကို တိုက်ရိုက် ထိမှန်သွားတယ်။
အဲဒီအချိန်မှာပဲ ဒီစည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ငါးခု အကြားမှာ ဆံချည်မျှင် တစ်မျှင်စာထက်တောင် ပါးလွှာတဲ့ စည်းမျဉ်းဥပဒေ စွမ်းအားတစ်ခု ရှိနေသေးတာကို ကွမ်ရှင်းဟန်က နောက်ဆုံးမှာ တွေ့ရှိသွားခဲ့တယ်။
ဆယ့်ခြောက်ခုမြောက် စည်းမျဉ်းဥပဒေ စွမ်းအား။
ဒါပေမဲ့လည်း တကယ်လို့ စည်းမျဉ်းဥပဒေစွမ်းအား ဆယ့်ခြောက်ခု ရှိနေရင်တောင် နှစ်ဖက်စလုံး ညီတူမျှတူ ဖြစ်သင့်တယ် မဟုတ်ဘူးလား။ နောက်ပြီး ဒီစည်းမျဉ်းဥပဒေ စွမ်းအားက အရမ်းကို အားနည်းလွန်းနေတာပဲလေ။ ဆံချည်မျှင် တစ်မျှင်စာလောက်ပဲ ရှိတယ်။ ဒီတော့ သူ့ထက် ပိုပြီးတော့ အားနည်းသင့်တယ်။
မဟုတ်ဘူး။
သူ့မျက်လုံးတွေ ရုတ်တရက် ပြူးသွားခဲ့တယ်။ လဗြွတ်။ ဒါက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားပဲ။
ချက်ချင်းပဲ ကွမ်ရှင်းဟန်က သူ့ခေါင်းတွေ ထူပူသွားသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို အေးစက်မှု တစ်ခုက လွှမ်းခြုံသွားခဲ့တယ်။
မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။ ကြယ်နှစ်ပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်က တကယ်ပဲ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို အသုံးပြုနိုင်တာလား။
မင်းက ဒီလိုမျိုးဆိုရင် ဘယ်လိုလုပ် ကစားလို့ ရနိုင်မှာလဲ။
ကောင်းကင်ဘုံ တာအို ခင်ဗျား တကယ်ကို မမျှတဘူး။
ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်က ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခုကို သုံးနေတာက ကျင့်ကြံခြင်းရဲ့ အမှန်တရားကို လုံး၀ ဖျက်ဆီးပစ်လိုက်တာပဲ။
ချက်ချင်းပဲ သူ့စိတ်ထဲမှာ အတွေးတွေ မရေမတွက်နိုင်အောင် ပေါ်လာပေမဲ့ သူက ဘာမှမလုပ်နိုင်ဘူး။ သူက ဒီလက်သီး အနားကပ်လာတာကို ဘာမှမတတ်နိုင်ပဲ ကြည့်နေရတယ်။ ဝုန်း။ အနက်ရောင် စွမ်းအင်တစ်ခု ပျံ့နှံ့လာပြီး သူ့ကို သေမင်းနဲ့ တိုက်ရိုက် ရင်ဆိုင်ရတဲ့ အေးစိမ့်မှု တစ်ခုကို ခံစားစေတယ်။
စောစောက သူဟာ အံ့အားသင့်ပေမဲ့ တည်ငြိမ်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အစားထိုး တံဆိပ်တော် ရှိနေတယ်။
ဒါပေမဲ့ အခုတော့ ဒီလိုမျိုး အေးစိမ့်မှုက သူ့အရိုးတွေထဲကို တိုက်ရိုက်စိမ့်ဝင်လာပြီး သူ့မျက်လုံး သူငယ်အိမ်ကို အမှတ်မထင် ကျုံ့သွားစေခဲ့တယ်။
Chapter 4479 end
*****
အပိုင်း (၄၄၈၀) အနက်ရောင်ကျူးကဲ့ နန်းတော်
ဝုန်း။
လက်သီးတစ်ချက်တည်းနဲ့ ကွမ်ရှင်းဟန်ရဲ့ စိတ်ဝိညာဉ် ပျက်စီးသွားခဲ့တယ်။ အစားထိုး တံဆိပ်တော်က ဖျက်ဆီးခြင်း စွမ်းအင်နဲ့ ရင်ဆိုင်ရတော့ ဘာများအသုံးဝင်မှာလဲ။
နောက်ထပ် ရွှေရောင်မျိုးဆက် သေသွားခဲ့ရပြီ။
လင်းဟန်က သူ့လက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး ဒေါသလည်း မထွက်သလို ပျော်လည်း မပျော်ပါဘူး။
အခုဆို သူ့ပစ်မှတ်က ကွမ်ရှင်းဟန်လို ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ကို မဟုတ်တော့ဘူး။ အဲဒီအစား သူ့ပစ်မှတ်က လက်ကျန် ကြီးမြတ်သောအရှင်သခင့်အဆင့် လက်ရွေးစင် နှစ်ယောက် ဖြစ်တဲ့ အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော် ထိုက်တို့ ဖြစ်ပါတယ်။
“တကယ်လို့ အခု ငါ သူတို့ကို တိုက်ခိုက်ရင် သူတို့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်။ သူတို့ကို စွမ်းအင်ကျောက်စိမ်းတုံးနဲ့ လှည့်စားလို့ပဲ ရနိုင်မယ်”
လင်းဟန်က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်တယ်။ သူက တကယ်တော့ ကြယ်နှစ်ပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ပဲ ရှိပါတယ်။ တကယ်လို့ သူက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား နည်းနည်းလေး တစ်ခုကို ဖြစ်ပေါ်ထားမယ် ဆိုရင်တောင် ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို နားလည်တတ်မြောက်နေပြီဖြစ်တဲ့ ရွှေရောင်မျိုးဆက်နဲ့ တိုက်ခိုက်ရင် အဲဒါဟာ သေချင်နေလို့ပဲ ဖြစ်လိမ့်မယ်။
“ဒါပေမဲ့ ဂိုဏ်းအရှင်သခင်တွေ အထဲမှာ ငါ့ပြိုင်ဘက် တစ်ယောက်မှ မရှိနိုင်တော့ဘူး”
မေးကြည့်လေ။ ဘယ်ဂိုဏ်းအရှင်သခင်ကများ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားဒဏ်ကို ခံနိုင်ရည် ရှိနိုင်မှာလဲ။ နည်းနည်းလေး ဆိုရင်တောင်ပေါ့။
လင်းဟန်က ကွမ်ရှင်းဟန်ရဲ့ အလောင်းကို ရှာဖွေကြည့်ပေမဲ့ တန်ဖိုးရှိတာ ဘာမှ ရှာမတွေ့ခဲ့ဘူး။ နတ်ဘုရားဆေးပင်တွေ ရှိနေမယ် ဆိုရင်လည်း သူတို့ကို သန့်စင်ပစ်ပါလိမ့်မယ်။ မဟုတ်ရင် ကွမ်ရှင်းဟန်က ဘယ်လိုလုပ် ကြယ်ကိုးပွင့်ကို အဆင့်တက်နိုင်မှာလဲ။
သူက ကမ်းစပ်ကို ပြန်လာခဲ့ပြီး သူ ရှာတွေ့ထားတဲ့ ကျောက်တုံးကို အတည်ပြု ပြီးပါပြီ။ ဒါကြောင့် သူက အဲဒီပေါ်ကို ခြေချလိုက်တယ်။ ချက်ချင်းပဲ ကျောက်တုံးက ခြေလက်တွေ ထွက်လာပြီးတော့ ပင်လယ်လိပ် တစ်ကောင် အဖြစ်ကို ပြောင်းလဲသွားကာ ပင်လယ်ထဲကို ဆင်းသွားတယ်။
ဒီတစ်ကြိမ် ကျောက်လိပ်အတွက် ပြန်လာစရာ မရှိပါဘူး။
လဝက်တိတိ ကြာပြီးတဲ့ နောက်မှာတော့ သူ့အရှေ့မှာ ကမ်းရိုးတန်းတစ်ခု ပေါ်လာခဲ့တယ်။
သူက နောက်ဆုံးတော့ ပင်လယ်ကြီးကို ဖြတ်ကူးလာခဲ့တယ်။
ပင်လယ်ကနေ ဓားအလင်းတန်းတွေ ပစ်ခတ်လာခြင်း မရှိတာကို မြင်တော့ လင်းဟန်က လွှားခနဲ ခုန်ပြီးတော့ ကျွန်းဆီကို ပျံသန်းလာခဲ့တယ်။
ဒါက မျက်စိတစ်ဆုံး မြင်နေရတဲ့ ကြီးမားကျယ်ပြန့်သော လွင်ပြင်ကြီး တစ်ခု ဖြစ်ပါတယ်။
သူ ဘယ်အရပ်မျက်နှာကို ရွေးချယ်သင့်လဲ။
လင်းဟန်က တစ်ချက်ဝှေ့ကြည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
အဝေးမှာ အလင်းတိုင် တစ်ခုက မိုးပေါ်ကို တစ်ဟုန်ထိုး မြင့်တက်နေတယ်။
သူက ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးပြီးတော့ အဲဒီအရပ်မျက်နှာဆီကို ဦးတည်လာခဲ့တယ်။
နာရီဝက်ခန့် ကြာပြီးတဲ့ နောက်မှာတော့ လင်းဟန်က အလင်းတိုင်ကြီး ထိုးထွက်နေတဲ့ နေရာကို ရောက်လာခဲ့တယ်။
ဟင်။ နောက်ထပ် နန်းတော် တစ်ခု။
“အနက်ရောင်ကျူးကဲ့ နန်းတော်”
လင်းဟန်က မျက်စိတစ်ချက် ဝှေ့ကြည့်လိုက်ပြီး နန်းတော်ရဲ့ တံခါးတွေပေါ်မှာ ဆိုင်းပုဒ်တစ်ခု ချိတ်ဆွဲထားပြီး အဲဒီမှာ စာလုံးတွေ ရေးထားတယ်။
“ဟူး အစ်ကိုလင်း ငါ တကယ်ပဲ မင်းကို မတွေ့ချင်ဘူး”
ယန်ရီဟွမ်၊ ဟဲလျှိုနဲ့ ဖန်မြောင်လင်းတို့ လျှောက်လာခဲ့တယ်။
သူတို့တွေက အင်ပါယာလမ်းကြောင်းကို အကြိမ်ပေါင်းများစွာ လျှောက်လာခဲ့ဖူးပြီး သူတို့ရဲ့ ခရီးမှာ နှောင့်နှေးခြင်း မရှိခဲ့ဘူး။ သူတို့တွေ ဘယ်နေရာကို သွားသင့်တယ် ဆိုတာကို သိနေပြီး သူတို့ရဲ့ ပန်းတိုင်က အရမ်းကို ရှင်းလင်းပါတယ်။
ဒါပေမဲ့ သူတို့တွေ စောစောစီးစီး လာကြပေမဲ့ နန်းတော်ခန်းမထဲကို အရင်ကလိုပဲ ဝင်နိုင်စွမ်း မရှိပဲ ဒီနေရာရဲ့ ခုခံမှုအားက ထူးထူးခြားခြား သန်မာလို့ နေတယ်။
လင်းဟန်က ပြုံးလိုက်တယ်။
“တောင်းပန်ပါတယ်။ ငါအရင်ဆုံး သွားလိုက်ဦးမယ်”
သူက ရှေ့ကို လျှောက်လာခဲ့တယ်။
သူ့ဆီကို ခုခံမှုအားလှိုင်းတွေ ရိုက်ခတ်လာခဲ့ပြီး သူက အတွင်းပိုင်းကို နက်သထက် နက်အောင် တိုးဝင်သွားကာ ခုခံမှုလှိုင်းတွေက လျင်မြန်စွာ ပိုမိုသန်မာလာတော့ သူ့ခြေလှမ်းတွေကို နှေးသွားစေခဲ့တယ်။ လင်းဟန်က ကျယ်လောင်စွာ မာန်တစ်ချက် သွင်းလိုက်ပြီး တိုက်ပွဲစွမ်းရည်ကို အပြည့်အ၀ ထုတ်ဖော်ကာ အရှေ့ဘက်ကို ပေါက်ကွဲလိုက်တယ်။
ဒီတစ်ကြိမ် သူက ဖျက်ဆီးခြင်း စွမ်းအင်ကို သုံးလိုက်တဲ့အပြင် ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား အနည်းငယ်ကိုလည်း သုံးလိုက်တယ်။ ဒါပေမဲ့လည်း ဒါက စည်းမျဉ်းဥပဒေ စွမ်းအားတွေ အကြားမှာ ညှပ်နေတာကြောင့် အနီးကပ် အကွာအဝေး တစ်ခုကနေ သေချာမလေ့လာဘူးဆိုရင် ဒါကို ရှာတွေ့ဖို့က ဖြစ်နိုင်ချေ ရှိလိမ့်မှာ မဟုတ်ပါဘူး။
ဒါကြောင့် လင်းဟန်က ယန်ရီဟွမ်နဲ့ တခြားသူတွေက သူ့မှာ နောက်ထပ် ဝှက်ဖဲတစ်ခု ရှိနေတာကို ရှာတွေ့သွားမှာ မကြောက်ခဲ့ဘူး။
ဒီအားပါတဲ့ တွန်းထုတ်မှုနဲ့အတူ သူက နန်းတော်ရဲ့ ဝင်ပေါက်ကနေ ခြေဆယ်လှမ်း အကွာကို ရောက်မှပဲ ရပ်သွားခဲ့တယ်။
သူက တကယ်ပဲ ရှေ့ကို ဆက်မတိုးနိုင်တော့ဘူး။
သူက ရှေးဦးဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို ဆင့်ခေါ်လိုက်ပြီး သူ့ခန္ဓာကိုယ်က နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့တယ်။ သူက နောက်ဆုံး ခြေဆယ်လှမ်းကို လျှောက်ပြီးတော့ နန်းတော်ရဲ့ ဝင်ပေါက်မှာ ရပ်လိုက်တယ်။
သူ့ကို အံ့အားသင့် သွားစေခဲ့တာက ဒီနေရာမှာ ရွှေရောင်မြေပုံမရှိသလို ဖိအားလည်း ပျောက်ကွယ် သွားခဲ့တယ်။
လင်းဟန်က လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီးတော့ တံခါးတွေကို တွန်းလိုက်တယ်။
ကျွီ။ နန်းတော်ရဲ့ တံခါးတွေ ပွင့်သွားပြီး လင်းဟန်က နည်းနည်းမှ တုံ့ဆိုင်းခြင်း မရှိပဲ အထဲကို ချက်ချင်းပဲ ဝင်လာခဲ့တယ်။
နန်းတော်ထဲကို ဝင်သွားတဲ့ လင်းဟန်ရဲ့ ပုံရိပ် ပျောက်ကွယ်သွားတာကို မြင်လိုက်တော့ ယန်ရီဟွမ်နဲ့ တခြားသူတွေ အားလုံး မျက်မှောင်ကြုတ် သွားခဲ့တယ်။
“ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူး”
“အင်း မဟုတ်ရင် ငါတို့ နောက်ထပ် အင်ပါယာမူလ နည်းနည်းမှ ရယူနိုင်တော့မှာ မဟုတ်ဘူး”
“ငါတို့ ကြီးမြတ်သော အရှင်သခင်အဆင့်ကို အဆင့်တက်မှပဲ ဖြစ်တော့မယ်”
သူတို့သုံးယောက်က ခေါင်းညိတ်လိုက်တယ်။ ဂိုဏ်းအရှင်သခင်အဆင့် ခွန်အားက လင်းဟန်ကို တားဆီးနိုင်စွမ်း မရှိတော့ဘူး။ ဒါကြောင့် သူတို့က ကြီးမြတ်သော အရှင်သခင်အဆင့်ကို ပြန်ရောက်ရမယ်။ အဲဒီတော့မှ သူတို့ဟာ လင်းဟန်ကို ထိန်းချုပ်ထားနိုင်ပြီး ခုခံမှုအား သူ့အလိုလို ပျောက်ကွယ်သွားတဲ့အထိ စောင့်နေလို့ ရမှာပါ။ ဒီနည်းနဲ့ လင်းဟန်က သူတို့ကို ဘယ်လိုလုပ် အနိုင်ယူလို့ ရနိုင်တော့မှာလဲ။
သူတို့တွေ ပြန်လည်ကျင့်ကြံအားထုတ်တဲ့ အကြိမ်တိုင်း ဒါဟာ ရှားပါးတဲ့ အတွေ့အကြုံ တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ နောက်ခံတွေနဲ့ လူတွေပဲ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို ဖြတ်တောက်ပြီးတော့ အဲဒါကို ပြန်လည်ရရှိနိုင်စွမ်း ရှိအောင် လုပ်နိုင်ပါတယ်။ တကယ်လို့ တခြားလူ တစ်ယောက်သာဆိုရင် သူတို့ရဲ့ အခြေခံအုတ်မြစ်တွေက ပျက်စီးသွားတာ ကြာလောက်ပြီ။ သန်မာလာဖို့ မပြောနဲ့ သူတို့အတွက် အထွတ်အထိပ် အဆင့်ကို ပြန်ရောက်ဖို့တောင် ခက်ခဲပါလိမ့်မယ်။
သူတို့သုံးယောက်က နောက်ကို ပြန်ဆုတ်ပြီးတော့ နေရာတစ်ခုကို ရှာဖွေကာ ကြီးမြတ်သော အရှင်သခင် အဆင့်ကို အမြန်ဆုံး ချိုးဖျက်ချင်နေကြတယ်။
သူတို့အတါက်တော့ ဒါဟာ သိပ်မခက်ပါဘူး။
လင်းဟန်က နန်းတော်ခန်းမထဲကို လျှောက်လာခဲ့တယ်။ အထဲမှာက အပြင်ကနေ ကြည့်ရသလောက် မမှောင်နေပါဘူး။ ကျောက်စိမ်းတုံးတွေ တော်တော်များများ တောက်ပနေပြီး မီးအိမ်တွေနဲ့ တူတယ်။
ခန်းမကြီးရဲ့ အတွင်းမှာတော့ လူတစ်ယောက် ထိုင်နေပြီး သူ့ကို ကျောပေးထားတယ်။
“ဟီးဟီး ဒီနှစ်သန်းပေါင်းများစွာ အတါင်းမှာ အထဲကို ဝင်လာပြီး ငါ့ကို တွေ့နိုင်တဲ့အထဲ မင်းက ကိုးယောက်မြောက်ပဲ”
အဲဒီလူက ပြောလိုက်တယ်။ သူ့အသံက လင်းဟန်ရဲ့ စိတ်ထဲကို တိုက်ရိုက်ပဲ့တင်ထပ် သွားခဲ့တယ်။
ကိုးယောက်တည်းလား။
လင်းဟန်ရဲ့ စိတ်ထဲမှာ အတွေးတစ်ချက် လက်ခနဲ ဖြစ်သွားတယ်။ ခုခံမှုအားက သူ့အလိုလို ပျောက်ကွယ်သွားတဲ့ အချိန်မှာ ဒီလူကို တွေ့မြင်ဖို့ မဖြစ်နိုင်လောက်ဘူး။
“အရင်က လူရှစ်ယောက်က ဘယ်သူတွေလဲ”
လင်းဟန်က သိချင်စိတ်တွေ ဖြစ်လာခဲ့မိတယ်။
“ငါ မမှတ်မိဘူး”
အဲဒီလူက သူ့ခေါင်းကို ခါလိုက်တယ်။ အဲဒီနောက် သူက ထရပ်ပြီးတော့ ချာခနဲလှည့်ကာ လင်းဟန်ကို မျက်နှာချင်းဆိုင်လိုက်တယ်။
ဒါက သက်လတ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက် ဖြစ်တယ်။ သူက အဖြူရောင် ဝတ်စုံရှည် တစ်ထည်ကို ဝတ်ဆင်ထားပြီး အရမ်းကို ဟိတ်ဟန်ကောင်းတယ်။
လင်းဟန်က ခဏလောက် စဉ်းစားလိုက်တယ်။ အဲဒီလူ ရှစ်ယောက်ဟာ နောက်ပိုင်းမှာ မဟာဧကရာဇ်တွေ ဖြစ်လာလောက်တယ်။ နောက်ပြီး သူတို့တွေက အရမ်းကို ကံကောင်းတဲ့ လူတွေ ဖြစ်တယ်။ ဧကရာဇ် မဖြစ်ခင် သူတို့ဟာ မူလရင်းမြစ်ရွှေ ဒါမှမဟုတ် အဲဒါကို ယှဉ်နိုင်တဲ့ ရတနာ တစ်ခုကို ရရှိထားပြီးသား ဖြစ်လိမ့်မယ်။ မဟုတ်ရင် ဒီနေရာက သူတို့ရဲ့ စွမ်းရည်တွေနဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီတွေနဲ့အတူ ဝင်နိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး။
ကံကောင်းခြင်းဟာလည်း အမြဲတမ်း ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ လက်ရွေးစင် တစ်ယောက် ဖြစ်လာနိုင်ဖို့ လူတစ်ယောက်ရဲ့ ကံဟာ သိပ်မဆိုးဖို့ လိုအပ်ပါတယ်။
“တကယ်လို့ မင်း ငါ့ဆီက တိုက်ကွက်တစ်ရာကို ခံနိုင်ရည်ရှိမယ်ဆိုရင် ဒီနေရာက အင်ပါယာမူလကို မင်း ပိုင်လိမ့်မယ်”
သက်လတ်ပိုင်း ယောက်ျားက တည်ငြိမ်စွာ ပြောလိုက်တယ်။
လင်းဟန်က အလျင်အမြန် ပြောလိုက်တယ်။
“တကယ်လို့ ကျုပ်က တိုက်ကွက် နှစ်ရာ ဒါမှမဟုတ် အဲဒီထက် ပိုပြီးတော့တောင် ခံနိုင်မယ်ဆိုရင် စီနီယာက အင်ပါယာမူလတွေ နည်းနည်းပိုပြီးတော့ ပေးမှာလား”
သက်လတ်ပိုင်း ယောက်ျားက ခဏလောက် လန့်ဖျပ်သွားတယ်။ သူက ဒီလိုလောဘကြီးတဲ့ ပြိုင်ပွဲဝင်မျိုးကို အရင်က မတွေ့ဖူးပါဘူး။ မင်းက တိုက်ကွက် တစ်ရာကိုတောင် မဖလှယ်ရသေးပဲ တိုက်ကွက် နှစ်ရာပြီးရင် ဘာလုပ်မလဲ ဆိုတာကို စဉ်းစားနေပြီလား။
“ဟီးဟီး တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်မယ် ဆိုရင်တောင် အင်ပါယာမူလ အများကြီးကို ရမှာ မဟုတ်ဘူး”
သူက တည်ငြိမ်စွာ ပြောလိုက်တယ်။
ဟူး။
လင်းဟန်က သက်ပြင်းချလိုက်ပြီးတော့ ပြောတယ်။
“ကျေးဇူးပြုပြီးတော့ လမ်းညွှန်သင်ပြပေးပါဦး စီနီယာ”
ဒါက ဘယ်လိုအမူအရာမျိုးလဲ။ သူ အနိုင်ရနိုင်မယ်လို့ တကယ်ပဲ ထင်နေတာများ ဖြစ်နိုင်မလား။
သက်လတ်ပိုင်း ယောက်ျားက သူ့ခေါင်းကို ခါပြီးတော့ ဘာပြောလို့ ပြောရမှန်းမသိ ဆွံ့အသွားတယ်။
သူက ရှေ့ကို ခြေလှမ်းကျဲကျဲ လျှောက်လာပြီး လင်းဟန်ဆီကို လျှောက်လာတယ်။
ဘန်း။ သူက ခြေဆောင့်နင်းလိုက်ပြီး စည်းမျဉ်းဥပဒေ စွမ်းအားတွေ တုံ့ပြန်လာကာ သူ့အနောက်မှာ ချွန်ထက်တဲ့ ဓားတွေအဖြစ် ပြောင်းလဲကာ ပေါ်ထွက်လာခဲ့တယ်။
တစ်ခု၊ နှစ်ခု၊ ငါးခု၊ ဆယ်ခု၊ နှစ်ဆယ်။
သူက စည်းမျဉ်းဥပဒေ စွမ်းအားတွေကို ဖြည်းဖြည်းခြင်း စုစည်းနေတယ်။ ဘာကြောင့်လဲဆိုရင် စည်းမျဉ်းဥပဒေစွမ်းအား နှစ်ဆယ်ကတောင် သူ့အကန့်အသတ် မဟုတ်ပါဘူး။
လင်းဟန်က အမှုမဲ့အမှတ်မဲ့ ဖြစ်လိမ့်မှာ မဟုတ်ဘူး။ သူလည်း စည်းမျဉ်းဥပဒေ စွမ်းအားတွေကို စတင်လှုံ့ဆော်ပြီး သူ့အကန့်အသတ်က ဘယ်လောက်လဲ ဆိုတာကို သိချင်နေခဲ့တယ်။
“သွားစမ်း”
သက်လတ်ပိုင်း ယောက်ျားက လင်းဟန်ဆီကို ထိုးညွှန်ပြလိုက်တာနဲ့ ချက်ချင်းပဲ စည်းမျဉ်းဥပဒေ စွမ်းအား ဓားတွေက သူ့နောက်မှာ တပြိုင်နက်တည်း ပေါ်လာခဲ့တယ်။ စုစုပေါင်း နှစ်ဆယ့်သုံးခု ရှိပါတယ်။
ဒါက အရမ်းကို အံ့သြစရာ ကောင်းပါတယ်။ တကယ်လို့ ချက်ချင်း မဖြစ်ပေါ်ထားခဲ့ဘူးဆိုရင် အရမ်းကို အစွမ်းထက်နေဆဲ ဖြစ်ပါတယ်။
လင်းဟန်လည်း စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်ကို စုစည်းထားပြီး နောက်ထပ် မလှမ်းနိုင်တော့ဘူး။ ဒါက သူ့အကန့်အသတ်ကို ကျော်လွန်နေပါလိမ့်မယ်။ စည်းမျဉ်းဥပဒေ စွမ်းအားတွေ ပျက်ပြယ်သွားရင် ဒါမှမဟုတ ်သူကိုယ်တိုင် စည်းမျဉ်းဥပဒေ စွမ်းအားကနေ ပေါက်ကွဲ သွားပါလိမ့်မယ်။
သူက ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီးတော့ ဒီစည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်နဲ့အတူ အရှေ့ကို ပြေးဝင်လာခဲ့တယ်။
သက်လတ်ပိုင်း ယောက်ျားက သူ့ခေါင်းကို ခါလိုက်တယ်။ လင်းဟန်ရဲ့ ယုံကြည်မှုက ဆန်းကြယ်မှု တစ်ခု ဖြစ်တယ်။ သူက စည်းမျဉ်းဥပဒေ စွမ်းအား သုံးခု နည်းနေရဲ့သားနဲ့ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲသေးတယ်။
တစ်ခုသိထားသင့်တာက ဂိုဏ်းအရှင်သခင်အဆင့် တိုက်ပွဲတစ်ခုမှာ လူတစ်ယောက်ဟာ စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခု ကွာခြားချက် ရှိနေရင်တောင် အားထုတ်လို့ မရနိုင်ဘူး။
ဒါပေမဲ့လည်း အမှန်တရားက သူ့ကို ပါးစပ်အဟောင်းသား အံ့အားသင့် သွားစေခဲ့တယ်။
Chapter 4480 end
*****