အခန်း (၄၄၈၁-၄၄၈၅)
Vol. 224 Ch. 4481-4485
အပိုင်း (၄၄၈၁) ပုရွက်ဆိတ် အသိုက်
လင်းဟန်က လက်သီးတစ်ချက် ထိုးလိုက်တာက ထောပတ်ကို အပူပေးထားတဲ့ ဓားနဲ့ လှီးဖြတ်လိုက် သလိုပါပဲ။
နတ်ဘုရားပစ္စည်း နှစ်ဆယ့်သုံးခုက ချက်ချင်းပဲ တစ်စစီ ပျက်စီးသွားတယ်။ အဲဒီအချိန် လင်းဟန်ရဲ့ လက်သီးကတော့ ဆက်ပြီးတော့ တိုးဝင်လာခဲ့တယ်။
ဘယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သက်လတ်ပိုင်း ယောက်ျားကလည်း မယုံကြည်နိုင်တဲ့ အမူအရာတစ်ခု ဖြစ်နေပြီး ကွမ်ရှင်းဟန်လို အမူအရာမျိုး ဖြစ်နေခဲ့တယ်။
လဗြွတ်။ ငါ့စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ့်သုံးခုက တကယ်ပဲ မင်းရဲ့ စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်ကို မယှဉ်နိုင်ဘူးလား။ ဒီကမ္ဘာကြီးထဲမှာ စည်းမျဉ်းဥပဒေဆိုတာ ရှိသေးရဲ့လား။ ဒီကမ္ဘာကြီးထဲမှာ တရားမျှတမှုဆိုတာ ရှိသေးရဲ့လား။
မဟုတ်သေးဘူး။ ငါက ကောင်းကင်ဘုံ တာအိုကနေ ဖြစ်ပေါ်ထားတာ။ ဒါကြောင့် ငါက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တရားမျှတမှုကို ကိုယ်စားပြုတယ် မဟုတ်ဘူးလား။
ဝုန်း။ လင်းဟန်က အစွမ်းထက် လက်သီးတစ်လုံးကို ထိုးလိုက်တယ်။
သက်လတ်ပိုင်း ယောက်ျားက လင်းဟန်ကို သူ့တိုက်ကွက် တစ်ရာကို ကာကွယ်ရမယ်လို့ ပြောထားမှတော့ သူက ဒီအချိန်မှာ ရှောင်တိမ်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် သူက တုံ့ပြန်တဲ့ အနေနဲ့ လက်သီးတစ်ချက် ထိုးလိုက်တယ်။ သူ့မှာ စွမ်းအားတွေ စုစည်းဖို့ အချိန်မရှိတာကြောင့် ဒီလက်သီးက စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်နဲ့ပဲ ရောယှက်ထားခဲ့တယ်။
ဒါဆို လုံလောက်တယ်။ နှစ်ဆယ်နဲ့ နှစ်ဆယ် ရင်ဆိုင်ရတဲ့ တိုက်ပွဲတစ်ခုမှာ သူက အရေးနိမ့် မသွားခဲ့ဘူး။
အာ ဒါက တကယ့်ကို ပုံမှန်ဖြစ်ပေမဲ့ ပြဿနာက လင်းဟန်ဟာ နည်းနည်းလေးမှ ပုံမှန်မဟုတ်ခဲ့ဘူး။
တကယ်လို့ ဒါဟာ ပုံမှန်ဆိုရင် စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ့်သုံးခုက ဘယ်လိုလုပ်ပြီး ပျက်စီးကြေမွ သွားမှာလဲ။
လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး စွမ်းအားက ချက်ချင်းပဲ ပေါက်ကွဲထွက် သွားခဲ့တယ်။ စည်းမျဉ်းဥပဒေ စွမ်းအားတွေ တစ်ခုပြီး တစ်ခု ဝင်ဆောင့်သွားတယ်။
သက်လတ်ပိုင်း ယောက်ျားက အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရတဲ့ အချက်ဟာ လင်းဟန်ရဲ့ လက်သီးက တကယ်ပဲ သူ့စည်းမျဉ်းဥပဒေ စွမ်းအားတွေကို ထိုးဖောက်လာတယ်။
တကယ်လို့ သူ့စွမ်းအားက လင်းဟန်ရဲ့ စွမ်းအားထက် သန်မာနေရင်တောင် လင်းဟန်က စကတည်းက ထိပ်တိုက်တွေ့ဆုံမှုကြောင့် နောက်ကို လွင့်ထွက်သွားပါပြီ။ လင်းဟန် ထုတ်ဖော်လိုက်တဲ့ စည်းမျဉ်းဥပဒေစွမ်းအားက နတ်ဘုရားဓား တစ်ချောင်း အဖြစ်ကို ပြောင်းလဲကာ သူ့ဆီကို ဝင်လာဆဲပါပဲ။
ဒီအချိန်ကျမှ သူက အကြောင်းရင်းကို ရှာတွေ့သွားခဲ့တယ်။
မင်းမေကြီးတော် ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားဟ။
သူ့မှာ စည်းမျဉ်းဥပဒေ စွမ်းအား အရေအတွက် အားသာချက် ရှိနေတာတောင် တစ်ဖက်လူကို မယှဉ်နိုင်တာ မထူးဆန်းတော့ဘူး။ လက်စသတ်တော့ ဒီကောင်လေးက တကယ်ပဲ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို လည်ပတ်နိုင်တယ်။
ဘန်း။
ဒိုင်းကာတစ်ခုက သူ့အရှေ့မှာ ချက်ချင်းပဲ စုစည်းလာပြီး လင်းဟန်ရဲ့ စည်းမျဉ်းဥပဒေ စွမ်းအား နတ်ဘုရားဓားကို ကာကွယ်တားဆီးလိုက်တယ်။
ဒီတိုက်ကွက် ဖလှယ်မှုမှာ အနိုင်ရတဲ့လူ မပေါ်ခဲ့ဘူး။
ဒါပေမဲ့လည်း သက်လတ်ပိုင်း ယောက်ျားက နောက်တစ်ကြိမ် မတိုက်ခိုက်ခဲ့ဘူး။ အဲဒီအစား သူက သက်ပြင်းချကာ ပြောလိုက်တယ်။
“မင်း အောင်မြင်တယ်”
စောစောက လင်းဟန်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ သူလည်း ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို သုံးခဲ့ရတယ်။
လင်းဟန်က ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို သုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လင်းဟန်က အံ့သြဖွယ်ကောင်းပြီး ဂိုဏ်းအရှင်သခင်အဆင့်မှာ ဒါကို လုပ်နိုင်စွမ်း ရှိနေတယ်။ သူက ကောင်းကင်ကို ဆန့်ကျင်နိုင်အောင် အစွမ်းထက်ပေမဲ့ သူကျတော့ မတူပါဘူး။ သူက အစောင့်တစ်ယောက် ဖြစ်ပြီးတော့ စည်းကမ်းတွေကို လိုက်နာရပါလိမ့်မယ်။
တကယ်လို့ သူက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို သုံးမယ်ဆိုရင် ကြီးမြတ်သော အရှင်သခင်အဆင့်ကို ရင်ဆိုင်မှပဲ အသုံးပြုနိုင်ပါတယ်။
လင်းဟန်က ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် မဟုတ်ပါဘူး။ သူက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို သုံးခဲ့တယ်ဆိုတော့ ဆက်ပြီးတော့ တိုက်ခိုက်စရာ လိုသေးလို့လား။
သက်လတ်ပိုင်း ယောက်ျားက အရမ်းကို စိတ်ပျက်သွားခဲ့တယ်။ သူ့အတွက်တော့ တစ်ယောက်ယောက်နဲ့ တွေ့ဆုံဖို့ဆိုတာ မလွယ်ပါဘူး။ တိုက်ကွက်တစ်ရာ ကစားနိုင်ပေမဲ့ သူ့ရဲ့ ပျင်းရိငြီးငွေ့မှုကို သက်သာစေတာပဲ ရှိပါတယ်။ ဒါပေမဲ့ အခုကျတော့ရော။ သူက တိုက်ကွက် တစ်ကွက်ပဲ သုံးရပြီးတော့ တိုက်ပွဲ ပြီးသွားခဲ့ပြီ။
“တကယ်လို့ မင်းသာ ဧကရာဇ် ဖြစ်လာနိုင်ရင် သမိုင်းတစ်လျှောက်လုံးမှာ နံပါတ်တစ် ဧကရာဇ် ဖြစ်လာနိုင်တယ်”
သူက ပြောလိုက်တယ်။ အဲဒီနောက် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး မြေပေါ်ကို အင်ပါယာမူလ ပုလဲ သုံးလုံး ကျလာခဲ့တယ်။
သမိုင်းတစ်လျှောက် နံပါတ်တစ် မဟာဧကရာဇ် ဟုတ်လား။
လင်းဟန်က ပြုံးလိုက်တယ်။ သူက ဒီဂုဏ်ပုဒ်ကို အရမ်းသဘောကျပါတယ်။
အင်း။ သူ မဟာဧကရာဇ် ဖြစ်လာတဲ့ အချိန်ကျရင် သူက သမိုင်းတစ်လျှောက် နံပါတ်တစ် မဟာဧကရာဇ် ဖြစ်လာလိမ့်မယ်။
သူက လျှောက်လာပြီး သူ့လက်နဲ့ တစ်ချက် ထိလိုက်တာနဲ့ အင်ပါယာမူလ သုံးလုံးက ချက်ချင်းပဲ အငွေ့အဖြစ်ကို ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာခဲ့တယ်။
သူ့စိတ်ဝိညာဉ်က ချက်ချင်းပဲ လည်ပတ်ပြီး သူ့ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းကြောင်းကို သုံးသပ်မှု စတင်ကာ သူ့အရှေ့မှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်က နောက်တစ်ကြိမ် ထပ်ပေါ်လာခဲ့တယ်။
လင်းဟန်က တုံ့ဆိုင်းခြင်း မရှိပါဘူး။ သူက အရင်က ကျင့်ကြံအားထုတ်ထားတဲ့ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို ရွေါ်ချယ်ပြီးတော့ သူ့အစွမ်းကုန်သုံးကာ မှတ်သားထား လိုက်တယ်။
အရင်က သူဟာ လေးပုံတစ်ပုံလောက်ပဲ မှတ်သားထားနိုင်ပေမဲ့ ဒါကို အပြည့်အ၀ မှတ်မိဖို့ ကြိုးစားရလိမ့်မယ်။
အသက်တစ်ရှိုက်စာ အတွင်းမှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေရဲ့ လျှို့ဝှက်ချက်က ပျောက်ကွယ် သွားခဲ့တယ်။
အနည်းနဲ့ အများဆိုသလို သူက ဒါကို လေးပုံတစ်ပုံလောက် မှတ်သားထားနိုင်ခဲ့ပြီး ယခင်မှတ်သား ထားတဲ့ အပိုင်းနဲ့ ပေါင်းလိုက်ရင် သူက တစ်ဝက်လောက် မှတ်မိသွားခဲ့တယ်။
လင်းဟန်က ကျင့်ကြ့ခြင်း လမ်းကြောင်းကို အပြည့်အ၀ သုံးသပ်မှုကို စတင်လိုက်ပြီး အဆုံးမရှိ ဉာဏ်အလင်းတွေ ပွင့်လာခဲ့တယ်။
နေ့တစ်ဝက် ကြာပြီးတဲ့ နောက်မှာတော့ ဒီအာနိသင်ကလည်း ပျောက်ကွယ်သွားကာ အင်ပါယာမူလရဲ့ အစွမ်းတွေ လုံးဝကို ကုန်ဆုံးသွားတဲ့ အဓိပ္ပါယ်ပါပဲ။
သူက မတ်တပ်ထရပ်ပြီးတော့ နန်းတော်အပြင်ကို လျှောက်လာခဲ့တယ်။
ဟင်။ ဒီတစ်ကြိမ်တော့ ယန်ရီဟွမ်နဲ့ တခြားနှစ်ယောက်ကို သူ မမြင်တော့ဘူး။
ထားလိုက်တော့။ အရှေ့ကို ဆက်သွားတာပေါ့။
လင်းဟန်က ကိုယ်ဖော့သိုင်းကို သုံးပြီးတော့ လျင်မြန်စွာ ချီတက်လာခဲ့တယ်။
သူ့အနောက်မှာ အဆုံးအစမဲ့ အကွာအဝေး ကျန်ခဲ့ပြီး သူက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို နားလည်နိုင်စွမ်းကလည်း ထပ်ပြီးတော့ တိုးတက်လာတယ်။
ဆယ်ရက်ခန့် ကြာပြီးတဲ့ နောက်မှာတော့ သူက တစ်ချက်ပြုံးသွားကာ သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တယ်။ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားက နောက်တစ်ကြိမ် ထပ်ပေါ်လာပေမဲ့ ဒီတစ်ကြိမ်တော့ ဆံချည်မျှင် နှစ်ချောင်းစာ ရောက်လာခဲ့တယ်။
“ပိုအရေးကြီးဆုံးက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို ငါ လည်ပတ်တဲ့ အမြန်နှုန်းကလည်း နှစ်ဆ ဖြစ်လာတယ်”
ဒါက အကောင်းဆုံး အပိုင်းပဲ ဖြစ်တယ်။
ဂိုဏ်းအရှင်သခင်အဆင့် တိုက်ပွဲတစ်ခုမှာ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား တစ်စ ဒါမှမဟုတ် နှစ်ဆ အကြားမှာ များများစားစား ကွာခြားချက် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေကို ချေမှုန်းပစ်နိုင်ပေမဲ့ တကယ်လို့ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား လည်ပတ်တဲ့ အမြန်နှုန်းက နှစ်ဆ ဖြစ်သွားမယ်ဆိုရင် ဒါဟာ အရမ်းကို သိသာထင်ရှားတဲ့ တိုးတက်မှု လက္ခဏာ ဖြစ်သွားလိမ့်မယ်။
“တကယ်လို့ ဒီကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို ငါ အပြည့်အ၀ တတ်မြောက်သွားမယ် ဆိုရင် ငါ ဒါကို အသုံးပြုတဲ့ အချိန်ကျရင် အမြန်နှုန်းက ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားနဲ့ အတူတူ ဖြစ်လောက်တယ်”
ဒီလိုမှတော့ သူက ဂိုဏ်းအရှင်သခင်တွေ အကြားမှာ သူ့စိတ်တိုင်းကျ လုပ်နိုင်စွမ်း တကယ် ရှိလာလိမ့်မယ်။ ဘယ်သူမှ သူ့ဆီက တိုက်ကွက်တစ်ကွက်ကိုတောင် ခံနိုင်ရည်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး။
နောက်ထပ် နှစ်ရက် လမ်းလျှောက်ပြီးတဲ့ နောက်မှာတော့ အရမ်းကို ကြီးမားတဲ့ ကုန်းကမူကြီး တစ်ခု သူ့အရှေ့မှာ ပေါ်လာခဲ့တယ်။ အဝေးကနေ အစွမ်းထက်တဲ့ ဖိအားတစ်ခုကို ထုတ်လွှတ် နေပါတယ်။
ဒီကုန်းကမူကြီးက အပေါက်တွေနဲ့ ပြည့်နှက်နေတယ်။ နောက်ပြီး အပေါက်တွေကနေ အနက်ရောင် ဧရာမ ပုရွက်ဆိတ်ကြီးတွေ ဝင်လိုက်ထွက်လိုက်နဲ့ သွားလာနေကြတယ်။ ပုရွက်ဆိတ်တွေရဲ့ အရွယ်အစားက ခွေးတစ်ကောင်လောက် ရှိပါတယ်။
ဒီတော့ ဒီကုန်းကမူကြီးက တကယ်ပဲ ပုရွက်ဆိတ် အသိုက်တစ်ခုပေါ့။
လင်းဟန်က တုံ့ဆိုင်းသွားခဲ့တယ်။ သူ အတင်းဝင်သွားသင့်လား။
အင်ပါယာ လမ်းကြောင်းထဲမှာ အသုံးမဝင်တဲ့ နေရာဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒီနေရာမှာ ပုရွက်ဆိတ် အသိုက်တစ်ခု ရှိတယ်ဆိုတော့ သူ့ခရီးကို အတားအဆီး ဖြစ်စေတာ ဒါမှမဟုတ် ကြီးမားတဲ့ ကံကောင်းခြင်း ပါဝင်နေလိမ့်မယ်။
ဒီလိုဆိုတော့ လင်းဟန်က ဘာပဲဖြစ်ဖြစ် အရဲစွန့်ရပါလိမ့်မယ်။
သူက အရှေ့ကို လျှောက်လာပြီး ပုရွက်ဆိတ် အသိုက်ဆီကို ဦးတည်လာခဲ့တယ်။
သူ အနားကို ရောက်လာတဲ့ အချိန်မှာတော့ ပုရွက်ဆိတ် အများအပြားက ချက်ချင်းပဲ ရပ်သွားပြီး သူ့ဆီကို လှမ်းကြည့်လာခဲ့တယ်။ သူတို့ရဲ့ ပုရွက်ဆိတ် ဦးမှင်တွေက စည်းချက်ကျကျ လှုပ်ရှားနေပြီး သူတို့တွေက ဆက်သွယ်နေတဲ့ အတိုင်းပါပဲ။
လင်းဟန်က ပြုံးပြီးတော့ ပြောလိုက်တယ်။
“လာထား”
ချက်ချင်းပဲ ပုရွက်ဆိတ်ကြီး တစ်ရာကျော်က သူ့ဆီကို ပြေးလာတယ်။ ဝုန်း ဝုန်း ဝုန်း ဝုန်း။ သူတို့တွေက ခွေးအရွယ်အစား ရှိပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက တစ်မူးထူးခြားစွာ လေးလံပြီး တောင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါစေခဲ့တယ်။
ဒီပုရွက်ဆိတ်တွေ အားလုံးဟာ ကြမ်းတမ်းတဲ့ သားရဲဗကာင်တွေ ဖြစ်ပြီးတော့ အသိဉာဏ် မဖွံ့ဖြိုးဘူး ဆိုရင်တောင် သူတို့ဟာ တစ်ကောင်နဲ့ တစ်ကောင်ကို သူတို့ရဲ့ ဦးမှင်တွေ လှုပ်ရှားမှုကနေ တစ်ဆင့် ဆက်သွယ်ကြတယ်။ သူတို့ဟာ မယုံနိုင်အောင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းပြီးတော့ ပုရွက်ဆိတ် တစ်ရာကျော်က တစ်ကောင်တည်းလိုမျိုး သူတို့ရဲ့ ပူးပေါင်းမှုက မယုံနိုင်အောင် ချောမွေ့လို့ နေတယ်။
လင်းဟန်က သူ့လူသတ်အရှိန်အဝါကို ထုတ်ဖော်ရင်းနဲ့ ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ ဝှမ်း။ နတ်ဘုရား ဓားတစ်ချောင်းလိုမျိုး သူ့စိတ်ဝိညာဉ် စွမ်းအားက ချက်ချင်းပဲ ပုရွက်ဆိတ်တွေရဲ့ စိတ်ဝိညာဉ်ထဲကို ထိုးဖောက်ကာ သောင်းကျန်းပါတော့တယ်။
ဖောက် ဖောက် ဖောက်။ ချက်ချင်းပဲ ပုရွက်ဆိတ်တွေရဲ့ အနည်းဆုံး ခုနစ်ဆယ် ရာခိုင်နှုန်းလောက်က အစာအိမ်တွေ ပြောင်းပြန်လှန်သွားကာ မိုးပေါ်ကို မော့ပြီး သေဆုံးသွား ခဲ့ကြတယ်။
ဒါပေမဲ့လည်း ကျန်နေတဲ့ အကောင်နှစ်ဆယ်ကျော် ပုရွက်ဆိတ်တွေက အရမ်းကို ကြမ်းတမ်းစွာနဲ့ လင်းဟန်ဆီကို ဆက်ပြီးတော့ ပြေးဝင်လာခဲ့တယ်။
သူတို့တွေ အားလုံးက ကြယ်ရှစ်ပွင့်နဲ့ ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် အဆင့်တွေ ဖြစ်တာကြောင့် မသေဆုံးသွားပဲ လူသတ်အရှိန်အဝါ တရစပ် တိုက်ခိုက်မှုကို ခုခံနိုင်တာ ဖြစ်ပါတယ။် နောက်ပြီး သူတို့က ဆက်ပြီးတော့ တိုက်ခိုက်မှုကိုတောင် ထုတ်ဖော်နိုင်ပါတယ်။
“လာခဲ့ တိုက်ခိုက်မယ်”
လင်းဟန်က သူ့လက်သီးတွေကို ဝှေ့ယမ်းပြီးတော့ ပုရွက်ဆိတ်တွေကြားထဲ ပြေးဝင်သွားခဲ့တယ်။
သူ့ရဲ့ အခုချိန်မှာ အစွမ်းထက်မှုနဲ့ သူ့အတွက် ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားတွေကို အသုံးပြုစရာ လုံးဝကို မလိုအပ်ခဲ့ဘူး။ သာမန်ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်က အခုတော့ သူ့အတွက် ပြိုင်ဘက် မဟုတ်ပါဘူး။ သူက လက်သီးတွေ တစ်ချက်ပြီး တစ်ချက် ထိုးလိုက်ပြီး ဧရာမ ပုရွက်ဆိတ်တွေ အားလုံး တစ်စစီ ပေါက်ကွဲသွားခဲ့တယ်။
မိနစ်အနည်းငယ် အတွင်းမှာ လက်ကျန် အကောင်နှစ်ဆယ်ကျော်လုံး အသတ်ခံလိုက် ရတယ်။
ဒါပေမဲ့လည်း ဒါဟာ ပုရွက်ဆိတ် အသိုက်တစ်ခု ဖြစ်ပြီးတော့ ပုရွက်ဆိတ်အုံထဲကနေ ပုရွက်ဆိတ်တွေ ပိုပြီးတော့တောင် အများအပြား ပြေးထွက်လာကာ လင်းဟန်ဆီကို ပြေးဝင် လာခဲ့တယ်။
ဒါက ရာဂဏန်း မဟုတ်ပဲ ထောင်ဂဏန်းကိုမှ ထောင်ပေါင်းများစွာ ဖြစ်ပါတယ်။
လင်းဟန်က မကြောက်ပါဘူး။ လူသတ်အရှိန်အဝါကို တရစပ် ထုတ်ဖော်ပြီး ကြယ်ငါးပွင့် ဂိုဏ်းအရှင်သခင် အောက်မှာရှိတဲ့ ပုရွက်ဆိတ်တွေက သူ့အနားကို ကပ်ဖို့တောင် အရည်အချင်း မပြည့်မီခဲ့ဘူး။ သူတို့ဟာ နေရာမှာတင် အသတ်ခံလိုက်ရတယ်။
ဒါပေမဲ့လည်း ပုရွက်ဆိတ်အုပ်ကြီးက သေခြင်းတရားကို အကြောက်အလန့် မရှိပဲ သူတို့တွေကလည်း အရမ်းကို များပြားပါတယ်။ တစ်ရက်နဲ့ တစ်ည တိုက်ခိုက်ပြီးတဲ့ နောက်အထိ လင်းဟန်က ရှေ့ကို ခြေတစ်လှမ်းတောင် မရွှေ့နိုင်သေးပါဘူး။ အဲဒီအစား သူ့နတ်ဘုရား အာရုံကို အလွန်အကျွံ သုံးစွဲခြင်းကြောင့် ကုန်ခမ်းတော့မဲ့ လက္ခဏာတွေတောင် တစ်ခါတရံမှာ ပြလာခဲ့တယ်။
လဗြွတ်။ မင်းတို့ကောင်တွေက တကယ့်ကို အံ့သြစရာပဲ။
လင်းဟန်က ချာခနဲလှည့်ပြီးတော့ ဒီတိုက်ခိုက်မှုကို ခဏလောက် ရှောင်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။ သူက ပထမဆုံး အားပြန်ဖြည့်ပြီး သူ့ရဲ့ အကောင်းဆုံး အခြေအနေကို ပြန်ရောက်မှ နောက်ထပ် တိုက်ပွဲအတွက် ပြန်လာမယ်။
Chapter 4481 end
*****
အပိုင်း (၄၄၈၂) မင်း အဲဒီမှာ ရှိတဲ့ချိန် ခိုးမယ်
ပုရွက်ဆိတ်အုပ်ကြီးက ခဏလောက် လိုက်ပြီးတော့မှ သူတို့တွေဟာ လက်လျော့ပြီး ပြန်လှည့်သွား ခဲ့ကြတယ်။
ဒါတော့ မတတ်နိုင်ဘူး။ ဖီးနစ်ငှက် ပျံသန်းခြင်း ကိုယ်ဖော့သိုင်းနဲ့ဆို လင်းဟန်က ဘယ်လောက်တောင် မြန်ဆန်လိုက်လဲ။
“ပုရွက်ဆိတ်အုပ်ကြီးက အရမ်းကို ဒုက္ခများမှတော့ အသိုက်ထဲမှာ ရတနာတွေ ရှိလောက်တယ်”
လင်းဟန်က တီးတိုးရေရွတ်လိုက်တယ်။
“တကယ်လို့ ငါ သိသွားပြီဆိုရင် ထူးဆန်းတဲ့ အရိပ်ခြေလှမ်းတွေကို သုံးပြီးတော့ အထဲကို ခိုးဝင်သင့်တယ်”
သူက လူရှင်းတဲ့ နေရာတစ်ခုမှာ အားပြန်ဖြည့်လိုက်တယ်။
အဓိကကတော့ စိတ်ဝိညာဉ် စွမ်းအားက နည်းနည်းကုန်သွားခဲ့လို့ ဖြစ်ပါတယ်။ သူက လျှို့ဝှက်ဆန်းကြယ် စွမ်းအားနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ခြင်း မရှိပါဘူး။ သူ့ခန္ဓာကိုယ်ထဲက သန်းပေါင်းများစွာသော ဒိုင်မန်းရှင်းတွေက သူ့ရဲ့ အရင်းအမြစ် ဖြစ်ပြီး သူ့အတွက် တစ်နှစ်ခွဲလော်က မရပ်မနား တိုက်ခိုက်ရရင်တောင် ပြဿနာ မရှိဘူး။
သုံးရက် ကြာပြီးတဲ့ နောက်မှာတော့ သူက အကောင်းဆုံး အခြေအနေကို ပြန်အားပြည့် လာခဲ့တယ်။
ကောင်းပြီ။ သူက ပုရွက်ဆိတ်အုံကို နောက်တစ်ကြိမ် သွားပြီးတော့ အထဲကို ခိုးဝင်ရမယ်။
သူက ပုရွက်ဆိတ်အသိုက်နားကို ရောက်လာခဲ့ပြီး ထူးဆန်းသော အရိပ်ခြေလှမ်းတွေကို အသက်သွင်းလိုက်တယ်။ စည်းမျဉ်းဥပဒေ စွမ်းအား တချို့နဲ့ ပေါင်းလိုက်တော့ အရိပ်တွေထဲကို ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တယ်။ တကယ်လို့ သူ့ဘေးနားမှာ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် လမ်းလျှောက်နေရင်တောင် သူ့တည်ရှိမှုကို အာရုံခံနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။
ဟင်။
လင်းဟန်က လန့်ဖျပ်သွားခဲ့တယ်။ အရင်က သူ ဒီနေရာကို လာတဲ့ အချိန်မှာ အပေါက်တွေထဲကနေ ပုရွက်ဆိတ်တွေ ဝင်လိုက်ထွက်လိုက် လုပ်နေတာကို တွေ့မြင်ခဲ့ရပေမဲ့ အခုတော့ သူက တစ်ကောင်မှ မမြင်မိဘူး။
“လွန်ခဲ့တဲ့ သုံးရက်က ဒီနေရာမှာ ငါ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပေမဲ့ ဒီနေရာကမှာ ဒီလိုမျိုး အပေါက်ကြီး တစ်ခု ပေါက်ကွဲပစ်လိုက်တာကို ငါ မမှတ်မိဘူး”
လင်းဟန်က ပုရွက်ဆိတ်အသိုက်ရဲ့ ထောင့်တစ်ခုကို ကြည့်လိုက်တော့ အဲဒီမှာ ဧရာမ အပိုင်းအစ တစ်ခု ပဲ့ထွက်နေတယ်။
“ငါ့အရှေ့မှာ တစ်ယောက်ယောက် ရှိနေပြီလား”
ဒါက မထူးဆန်းပါဘူး။ ဒီအဆင့်ကို ရောက်လာနိုင်တဲ့ လူတွေ အများကြီး ရှိနေပါသေးတယ်။ အင်ပါယာ သားတော် မင်နဲ့ အင်ပါယာသားတော် ထိုက်တို့ဆိုရင် ကြီးမြတ်သော အရှင်သခင် အဆင့် လက်ရွေးစင်တွေ ဖြစ်ပြီးတော့ ဒီနေရာမှာ သူတို့ စိတ်တိုင်းကျ လုပ်နိုင်ကြတယ်။
“ပုရွက်ဆိတ်အသိုက်ထဲမှာ ကြီးမြတ်သော အရှင်သခင်အဆင့် တည်ရှိမှု ရှိမယ်လို့ ငါထင်တယ်။ သူတို့တွေက အင်ပါယာသားတောၤမင်နဲ့ တခြားသူတွေကို အလွယ်တကူ အောင်မြင်ခွင့် ပေးမှာ မဟုတ်ဘူး”
သူက ပုရွက်ဆိတ်အသိုက်ပေါ်ကို သူ့လက်ဖိပြီးတော့ တိတ်တဆိတ် အာရုံခံလိုက်တယ်။
တော်တော်ကြာမှ သူက တစ်ချက် ပြုံးလိုက်တယ်။
သူက တုန်ခါမှုတွေကို အာရုံခံမိနိုင်တယ်။ ပုရွက်ဆိတ်အသိုက်ရဲ့ နက်ရှိုင်းတဲ့ အတွင်းဘက်မှာ တိုက်ပွဲတစ်ခု ဖြစ်နေတာ ဖြစ်လောက်တယ်။ ဒါကြောင့် ဒီလိုမျိုး တုန်ခါမှု တစ်ခု ရှိနေတာပဲ။
“သူတို့တွေ တိုက်ခိုက်နေတုန်းဆိုတော့ ပုရွက်ဆိတ် အသိုက်ထဲမှာ ဘာရတနာပဲရှိရှိ သူတို့တွေကို ယူမသွားရသေးဘူးဆိုတာ သေချာတယ်”
“ငါ မြန်မြန်လုပ်ရမယ်”
လင်းဟန်က လှုပ်ရှားလိုက်ပြီးတော့ ပုရွက်ဆိတ် အသိုက်ထဲကို ဝင်လာခဲ့တယ်။ အဲဒီနောက် သူက လျင်မြန်စွာ ရှေ့ကို တိုးလာတယ်။
ထူးဆန်းတဲ့ အရိပ်ခြေလှမ်းတွေက သူ့ခြေရာတွေကို ကိုယ်ယောင်ဖျောက်ဖို့ ဖြစ်ပေမဲ့ သူ့ခြေလှမ်းတွေက နှေးသွားလိမ့်မယ်လို့တော့ မဟုတ်ပါဘူး။ ဖီးနစ်ငှက် နတ်ဘုရား ပျံသန်းခြင်းကို ယှဉ်လို့ မရပေမဲ့ သာမန်သူတော်စင်အဆင့် ကိုယ်ဖော့သိုင်းထက်တော့ အနည်းငယ် လျင်မြန်မှု ရှိပါတယ်။
ဒီပုရွက်ဆိတ် အသိုက်က အရမ်းကို ကြီးမားပါတယ်။ လင်းဟန်က နာရီဝက်လောက် လျှောက်လာတာတောင် သူ့အရှေ့မှာ ဖြစ်နေတဲ့ တိုက်ပွဲကို မမြင်ရသေးဘူး။
ပုရွက်ဆိတ်တွေက ကြီးမားတယ် ဆိုပေမဲ့ သူတို့က သာမန်ခွေးတစ်ကောင် အရွယ်အစားပဲ ရှိပြီးတော့ သူတို့ရဲ့ နောက်ခြေထောက်တွေကို ထောက်ပြီး ရပ်လိုက်တဲ့ အချိန်မှာ လူသားတွေရဲ့ အမြင့်ကို ရောက်ဖို့တော့ လိုပါသေးတယ်။ ဒါကြောင့် ဒီနေရာက လမ်းကြောင်းကို အတင်းတိုးချဲံ ထားပြီးတော့ နေရာအနှံ့အပြားမှာ ဧရာမ ပုရွက်ဆိတ်တွေရဲ့ အလောင်းတွေ ရှိနေတယ်။
လင်းဟန်က မျက်စိတစ်ချက် ဝှေ့ကြည့်ပြီးတော့ စိတ်ထဲကနေ ကျိတ်ကာ ခေါင်းညိတ်လိုက်တယ်။ ပုရွက်ဆိတ်တွေပေါ်က ဒဏ်ရာတွေကို ကြည့်ရတာ ပုရွက်ဆိတ်အုံထဲကို အတင်းဝင်လာတာက အနည်းဆုံး လူသုံးဆယ်လောက် ရှိလိမ့်မယ်။
ရွှေရောင်မျိုးဆက်တွေ ဖြစ်လောက်တယ်။
ဒီလူတွေ အားလုံးဟာ အင်ပါယာကလန်တွေရဲ့ မျိုးဆက်တွေ ဖြစ်တာကြောင့် သူတို့တွေ ပူးပေါင်းဖို့ အတွက်က အရမ်းကို လွယ်ကူပါတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး အားလုံးက ဂရုစိုက်တာကြောင့်နဲ့ အင်ပါယာ ကလန်တွေရဲ့ သိက္ခာကြောင့် သူတို့ရဲ့ စိတ်တွေ ရုတ်တရက် ပြောင်းလဲသွားတာမျိုး မရှိပါဘူး။
လင်းဟန်က ရှေ့ကို ဆက်တိုးလာခဲ့တယ်။ နောက်ထပ် ဆယ်မိနစ်လောက် လျှောက်လာပြီးတဲ့ နောက်မှာ တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ အားလှိုင်းတွေက မယုံနိုင်အောင် သိသာလာတယ်။
သူ ရောက်ခါနီးပြီ။
သူက အားလှိုင်းတွေကြောင့် သူ့ လှုပ်ရှားမှုကို ရှာတွေ့သွားမှာကို ရှောင်လွဲဖို့ အရှိန်ကို အနည်းငယ် လျော့ချလိုက်တယ်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့ နောက်မှာ ရုတ်တရက် အရှေ့မှာ လမ်းကြောင်းတစ်ခု ပွင့်သွားပြီး ဧရာမ မြေအောက်လိုဏ်ဂူ တစ်ခု ပေါ်လာခဲ့တယ်။ အဲဒါက စက်လုံးပုံသဏ္ဍာန် ရှိပြီးတော့ အကျယ်အဝန်းက အနည်းဆုံး ငါးကီလိုမီတာခန့် ရှိတယ်။
ဒီမြေအောက်လိုဏ်ဂူရဲ့ အလယ်ဗဟိုမှာ ဧရာမ အဖြူရောင် ပိုးကောင်ကြီး တစ်ကောင် လဲလှောင်းနေတယ်။ သူ့အနေားမှာ မရေမတွက်နိုင်တဲ့ အနက်ရောင် ပုရွက်ဆိတ်ကြီးတွေက ဝိုင်းရံကာ ကာကွယ်ပေးထားပြီး တစ်ယောက်ယောက် အနားကပ်လာမှာကို ကာကွယ်နေကြတယ်။
ပုရွက်ဆိတ်တွေနဲ့ တိုက်ခိုက်နေတာ လူသုံးဆယ်လောက် ရှိပါတယ်။
ထင်ထားတဲ့အတိုင်း သူတို့အားလုံးက အင်ပါယာသားတော်တွေ ဖြစ်ပြီးတော့ အများစုက ရွှေရောင်မျိုးဆက်တွေ ဖြစ်ပါတယ်။ ငွေရောင်မျိုးဆက်မှာ လူနည်းစုပဲ ဂိုဏ်းအရှင်သခင် အဆင့်ကို အဆင့်တက်ထားတဲ့ လူတွေ ဖြစ်ပါတယ်။
ဦးဆောင်သူတွေက အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော် ထိုက် ဖြစ်တယ်။ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် နှစ်ယောက်က အဓိက အင်အား ဖြစ်ပြီးတော့ ကျန်တဲ့ ဂိုဏ်းအရှင်သခင်အဆင့်တွေက ရန်သူတွေရဲ့ ပူးပေါင်းအားကို အမှည့်ချွေဖို့အတွက် တာဝန်ယူထားကြတယ်။
ပုရွက်ဆိတ်အုံလိုက်ကြီးကလည်း အရမ်းကို အစွမ်းထက်ပါတယ်။ သူတို့မှာ ကြီးမြတ်သော အရှင်သခင်အဆင့် ပုရွက်ဆိတ်အထီး ခုနစ်ကောင် ရှိပြီးတော့ သူတို့ရဲ့ အရွယ်အစားတွေက နွားပေါက်လေးတွေ အရွယ်ခန့် ရှိပြီးတော့ အကြွင်းမဲ့ ခွန်အားကို ပိုင်ဆိုင်ထားကြတယ်။ စွမ်းအားနဲ့ ပတ်သက်ရင် သူတို့ဟာ အင်ပါယာသားတော် မင်နဲ့ အင်ပါယာ သားတော်ထိုက်ထက် သာလွန်နေပေါတယ်။
ဒါပေမဲ့လည်း သိုင်းပညာရှင်တွေရဲ့ ခွန်အားက သူတို့ပိုင်ဆိုင်တဲ့ သိုင်းပညာ နည်းစနစ်တွေနဲ့ နတ်ဘုရားအာရုံတွေက စည်းမျဉ်းဥပဒေ စွမ်းအားတွေကို အသုံးပြုနိုင်တဲ့ အချက်ကြောင့် ဖြစ်ပါတယ်။ နောက်ပြီး စစ်မှန်ခြင်း ပင်ကိုယ်အဆင့်ကနေ စပြီးတော့ နတ်ဘုရား အာရုံက ပိုပိုပြီး အရေးပါလာကာ တိုက်ပွဲစွမ်းရည်မှာ ကြီးမားတဲ့ အခန်းတစ်ခုကို ရယူထားတယ်။
ဒါကြောင့် ခုနစ်ယောက်နဲ့ နှစ်ယောက် တိုက်ပွဲတစ်ခု ဖြစ်ပေမဲ့ သူတို့တွေက စွမ်းအားနဲ့ ပတ်သက်ရင် အသာစီး မရရင်တောင် အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော် ထိုက်တို့က ကြီးမြတ်သော အရှင်သခင်အဆင့် ပုရွက်ဆိတ်ထီး ခုနစ်ကောင်ကို ထိန်းထားနိုင်ဆဲပါပဲ။
တစ်ဖက်မှာတော့ တခြားအင်ပါယာသားတော်တွေက လူသတ်စက်တစ်ခုလိုမျိုး ပုရွက်ဆိတ် အုံလိုက်ကြီးကို သတ်ဖြတ်နေကြတယ်။ ပုရွက်ဆိတ်တွေ အရေအတွက်က များပြားပြီး လမ်းကြောင်း အသီးသီးကနေ ပြေးထွက်လာပေမဲ့ ခံစစ်လိုင်းကလည်း အဆက်မပြတ် နောက်ကို ဆုတ်နေရတယ်။
ဒါက ပုရွက်ဆိတ်အုပ်ကြီးကို ရူးသွပ်သွားစေတယ်။ သူတို့ရဲ့ ဘုရင်မက ခံစစ်ကြောင်းရဲ့ အနောက်မှာ ရှိနေပြီး သူတို့မျိုးနွယ်စု တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ သူတို့တွေ သူမကို သေချာပေါက် ဆုံးရှုံးလို့ မဖြစ်ဘူး။
ဒါကြောင့် ကပ်ဘေးဒုက္ခကြီး ရှိပေမဲ့ ပုရွက်ဆိတ်အုပ်ကြီးက ပိုပြီးတော့တောင် ပြင်းထန်လာတယ်။
လင်းဟန်က သူတို့ကို တစ်ချက်ဝှေ့ကြည့်လိုက်တယ်။ ဒီနေရာမှာ ဘယ်လိုရတနာမျိုး ရှိနေလို့လဲ။
ဒီပုရွက်ဆိတ် ဘုရင်မတော့ မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။
အင်း ဒါဆိုရင် ဘာများဖြစ်မလဲ။
လင်းဟန်က တစ်ချက် ဝှေ့ကြည့်လိုက်တော့ ပုရွက်ဆိတ် ဘုရင်မရဲ့ ဘေးနားမှာ အနက်ရောင် မြက်တစ်ပင် ရှိနေတယ်။ အဲဒါက လက်ချောင်းတစ်ချောင်းစာလောက် ရှည်ပြီးတော့ ထိပ်ဖျားမှာ မြက်စေ့တွေက နှမ်းစေ့ အရွယ်အစားရှိပါတယ်။
အဲဒါက ဘာပစ္စည်းလဲ။
လင်းဟန်က အရင်တုန်းက ဒီလိုမျိုး နတ်ဘုရားဆေးပင်ကို ဆေးပင်လက်စွဲစာအုပ်ထဲမှာ မမြင်ဖူးပါဘူး။ ဒါပေမဲ့လည်း သူက နတ်ဘုရားချီရဲ့ လှိုင်းတစ်ခုကို ဝိုးတိုးဝါးတား အာရုံခံစားမိ နိုင်ပါတယ်။
ဒီမြက်စေ့တွေမှာ တကယ်ပဲ နတ်ဘုရားချီ ပါဝင်နေတာလား။
လင်းဟန်က လန့်ဖျပ်သွားခဲ့တယ်။ ဒါက တကယ်ပဲ သူ မျှော်လင့်မထားမိတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းပုံစံက အရမ်းကို ဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက နတ်ဘုရားဆေးနဲ့ ဆက်စပ်မှု မရှိပဲ နတ်ဘုရားချီကို ပြုစုပျိုးထောင်နိုင်စွမ်း ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့လည်း သူက ဒါကို မြင်လိုက်ပြီဆိုတော့ သူ့အတွက်တော့ လွဲချော်သွားစရာ အကြောင်းရင်း ရှိမှာတဲ့လား။
လင်းဟန်က တိတ်တဆိတ် လှုပ်ရှားလိုက်ပြီးတော့ တိုက်ပွဲကနေ ခိုးကြောင်ခိုးဝှက် ဖြတ်ကာ ပုရွက်ဆိတ်တန်းကို ဖြတ်ကျော်ပြီး ပုရွက်ဆိတ် ဘုရင်မ အနားကို ကပ်လာခဲ့တယ်။
ဒီအချိန်အတွင်းမှာ တိုက်ပွဲရဲ့ အားလှိုင်းတွေကြောင့် သူ့ကိုယ်သူ ထွက်ပေါ်လာလုနီးပါး ဖြစ်တဲ့အထိ ဖိအား ဖြစ်လာခဲ့တယ်။ ကံကောင်းတာက သူ့ရဲ့ ထူးဆန်းသော အရိပ်ခြေလှမ်းကို ကျွမ်းကျင်မှုဟာ စစ်နတ်ဘုရား နန်းတော်ရဲ့ သတ်ဖြတ်ခြင်း သူတော်စင်ကို ယှဉ်လို့ရနိုင်လု နီးပါး ရှိတာကြောင့် သူ့လှုပ်ရှားမှုတွေ တည်ငြိမ်စေခဲ့တယ်။
သူက ပုရွက်ဆိတ်ဘုရင်မရဲ့ အရှေ့ကို ရောက်လာခဲ့ပါပြီ။ ဒီနေရာကနေဆို အဲဒီ အနက်ရောင် မြက်ပင်ကို သူ ခူးနိုင်ပါတယ်။
ဒါပေမဲ့ တကယ်လို့ သူက အဲဒါကို ခူးယူဖို့ လှုပ်ရှားလိုက်ရင် သေချာပေါက် ကိုယ်ယောင်ဖျောက်တာ ပေါ်သွားလိမ့်မယ်။
လင်းဟန်က ပြုံးလိုက်တယ်။ သူက ချက်ချင်းပဲ အနက်ရောင် မြက်ပင် အားလုံးကို ခူးလိုက်မယ်။ ပြီးရင် သူ့ကို ရှာတွေ့သွားတော့ရော ဘာဖြစ်မှာလဲ။ ဖီးနစ်ငှက် နတ်ဘုရား ပျံသန်းခြင်းကို သုံးလိုက်တာနဲ့ သူက ချက်ချင်းပဲ အဝေးကို ထွက်ပြေးသွားနိုင်ပါတယ။်
အဲဒီအချိန်မှာ ပုရွက်ဆိတ် ဘုရင်မက ရုတ်တရက် လှုပ်ရှားလာပြီး သူ့ဘက်ကို လှည့်ကြည့်လာ ခဲ့တယ်။
ဘယ်လောက်တောင် အာရုံထက်လိုက်တဲ့ကောင်လဲ။
ဒီတော့မှ ပုရွက်ဆိတ်ဘုရင်မက ကြီးမြတ်သော အရှင်သခင်အဆင့်မှာ ရှိတယ်ဆိုတာကို လင်းဟန်က သတိပြုမိသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက အရမ်းကို နီးကပ်လွန်း နေတာကြောင့် ထူးဆန်းသော အရိပ်ခြေလှမ်းကို သူက အရမ်းကို ကျွမ်းကျင်ပိုင်နိုင်ထားတယ် ဆိုရင်တောင် ပုရွက်ဆိတ်ဘုရင်မက သူ့ကို အာရုံခံနိုင်နေဆဲ ဖြစ်ပါတယ်။
ချက်ချင်းဆိုသလို ပုရွက်ဆိတ်ကြီးတွေ တစ်ဒါဇင်ကျော်ခန့်က လင်းဟန်ဆီကို ပြေးဝင်လာခဲ့တယ်။ သူတို့က လင်းဟန်ကို ရှာမတွေ့ပေမဲ့ ပုရွက်ဆိတ်ဘုရင်မရဲ့ အမိန့်အတိုင်း လှုပ်ရှားလာခဲ့ကြတာ ဖြစ်တယ်။
အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူး။
လင်းဟန်က အလျင်အမြန်ပဲ လှုပ်ရှားလိုက်ပြီး တစ်ချက် ဖမ်းဆုပ်မှုနဲ့အတူ အနက်ရောင် မြက်ပင်တွေ အားလုံး သူ့လက်ထဲကို ကျသွားခဲ့တယ်။
သူလည်း ကိုယ်ယောင်ဖျောက်ရာကနေ ပေါ်သွားတယ။်
ဟင်။
အင်ပါယာသားတော်မင်နဲ့ တခြားရွှေရောင်မျိုးဆက်တွေက ဒါကိုမြင်ပြီး လန့်သွားတယ်။ ဘာကြောင့် သူတို့ထဲက တစ်ယောက်က ပုရွက်ဆိတ်အုပ်ကြီး အလယ်ဗဟိုကို ခိုးကြောင်ခိုးဝှက် ဝင်သွားပြီးတော့ နတ်ဘုရားဆေးပင်တွေကို အောင်အောင်မြင်မြင်နဲ့ ခူးလိုက်နိုင်တာလား။
အရမ်းတော်တဲ့ကောင်ပဲ။
သူတို့အားလုံး ဝမ်းသာအားရ ဖြစ်သွားခဲ့တယ်။ ပုရွက်ဆိတ်အုပ်ကြီးနဲ့ တိုက်ပွဲဖြစ်နေလို့ ဘာအကျိုးအမြတ်မှ မရှိပါဘူး။ အခု သူတို့တွေ နတ်ဘုရားဆေးပင်တွေ ရပြီဆိုတော့ နောက်ဆုတ်လို့ ရပါပြီ။
ဒါပေမဲ့လည်း မကြာခင်မှာ သူတို့တွေက ဒေါသထွက်တဲ့ အမူအရာတွေ ပေါ်လာပြီးတော့ ဒေါသကြောင့် သေလုနီးပါး ဖြစ်ကုန်တယ်။
ဒါက သူတို့တွေထဲက တစ်ယောက်မဟုတ်ပဲ လင်းဟန် ဖြစ်နေတယ်။
“လင်းဟန်”
“အတင့်ရဲလိုက်တာ”
“နတ်ဘုရားဆေးပင်ကို ချထားလိုက်စမ်း”
ရွှေရောင်မျိုးဆက်တွေ အားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လင်းဟန်ကို တစ်စစီ စုတ်ဖြဲပစ်ချင်နေ ကြတယ်။
Chapter 4482 end
*****
အပိုင်း (၄၄၈၃) ဒေါသ
ရွှေရောင်မျိုးဆက်ရဲ့ အဖွဲ့သားတွေက ဒေါသထွက်ဖို့ အကြောင်းရင်း ရှိပါတယ်။
သူတို့က သေအောင် တိုက်ခိုက်နေပြီး နှစ်ရက်ကျော်လောက် ခက်ခက်ခဲခဲ တိုက်ခိုက်နေရတယ်။ သူတို့လမ်းတစ်လျှောက် ပုရွက်ဆိတ်ကြီးတွေ ဘယ်လောက်တောင် သတ်ခဲ့လဲ။ သူတို့အားလုံး သွေးတွေ စိုရွှဲပြီးတော့ ဒဏ်ရာတွေ ဗလပွ ဖြစ်နေခဲ့တယ်။ သူတို့က သူတို့ရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်တွေကို ရိတ်သိမ်းနိုင်လုနီးပါး အချိန်ကျမှ လင်းဟန်က ရုတ်တရက် ပြေးထွက်လာပြီး သူတို့တွေ မျှော်လင့်တောင့်တနေတဲ့ အရာကို အလွယ်တကူ ရယူသွားတယ်။
သူတို့က ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။
“လင်းဟန် မင်း တကယ် သေချင်နေတာလား”
“ဘယ်လောက် စက်ဆုပ်စရာကောင်းလဲ”
“အား”
တကယ်လို့ သူတို့အားလုံး ရူးသွားသလိုမျိုး လင်းဟန်ဆီကို ပြေးဝင်လာခဲ့တယ်။
ဒါပေမဲ့လည်း ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေမှာ အသိဉာဏ် များများစားစား မရှိခဲ့ဘူး။ ဧရာမ ပုရွက်ဆိတ်တွေရဲ့ အမြင်မှာ လင်းဟန်က ဒီကျူးကျော်သူတွေနဲ့အတူတူပါပဲ။ အင်ပါယာ သားတော်တွေက ရှေ့တန်းကို ပြေးဝင်လာတာကို မြင်လိုက်တော့ သူတို့အားလုံးက အစွမ်းကုန် သုံးပြီးတော့ ခုခံကာ သူတို့ရဲ့ ပုရွက်ဆိတ် ဘုရင်မကို ထိခိုက်သွားမှာ ကြောက်နေကြတယ်။
ဒီလိုမျိုး ရှေ့တန်းက ဘယ်လိုလုပ် အလွယ်တကူ ထိုးဖောက်လို့ ရနိုင်မှာလဲ။
အင်ပါယာ သားတော်တွေ အားလုံးက ချက်ချင်းပဲ တားဆီးခံလိုက်ရတယ်။ အရင်က သူတို့ဟာ ခံစစ်လိုင်းကို ထိုးဖောက်နိုင်စွမ်း မရှိပဲ ဖြည်းဖြည်းခြင်းစီ ရှေ့ကို တက်လာခဲ့၇တယ်။ အခု သူတို့တွေ ဘယ်လောက် ဒေါသထွက်နေပါစေ သူတို့တွေ ထုတ်ဖော်နိုင်တဲ့ တိုက်ပွဲစွမ်းရည်က ခံစစ်လိုင်းကို ဖျက်ဆီးဖို့ မလုံလောက်ပါဘူး။
သူတို့တွေက ဒေါသတွေနဲ့အတူ ရူးတော့မယ်။ လင်းဟန်က သူတို့ ပိုင်ဆိုင်ရမဲ့ ပစ္စည်းကို လုယူသွားတာပဲ။ ဒီတော့ မင်းတို့ ငတုံးပုရွက်ဆိတ်တွေက ဘာကြောင့် သူတို့ကို တားနေသေးလဲ။
တကယ်တမ်းတော့ လင်းဟန်လည်း ဧရာမ ပုရွက်ဆိတ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။ တကယ်တော့ သူက ပုရွက်ဆိတ်ဘုရင်မနဲ့ အနီးဆုံး ဖြစ်တာကြောင့် သူ့အတွက်တော့ ဧရာမ ပုရွက်ဆိတ်ကြီးတွေ အရူးအမူး တိုက်ခိုက်ခံရတာက ပုံမှန်ပါပဲ။ ဒါကြောင့် သူက ချက်ချင်းပဲ နောက်ဆုတ်ပြီး သူနဲ့ ပုရွက်ဆိတ် ဘုရင်မ အကြားမှာ အကွာအဝေး တစ်ခုကို ခြားထားလိုက်တယ်။
ထင်ထားသလိုပဲ။ ပုရွက်ဆိတ်တွေ အများအပြားက သူ့ကို တိုက်ခိုက်နေဆဲ ဖြစ်ပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှု ခွန်အားက သိသိသာသာ လျော့ကျသွားခဲ့တယ်။
တကယ်တော့ သူက တစ်ယောက်တည်း ဖြစ်ပြီးတော့ သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက ရွှေရောင်မျိုးဆက် လက်ရွေးစင်တွေနဲ့ ယှဉ်လို့မရပါဘူး။ သူတို့တွေက အရေအတွက် အားသာချက် ရှိပြီးတော့ သူတို့ထဲမှာ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် နှစ်ယောက်လည်း ပါဝင်နေတယ်။
လင်းဟန်က အရမ်းကို သက်တောင့်သက်သာ ဖြစ်သွားခဲ့တယ်။ တစ်ဖက်မှာ သူက ခုခံရင်းနဲ့ သေစေလောက်တဲ့ တိုက်ခိုက်မှု တစ်ခုမှ မထုတ်ဖော်ခဲ့ဘူး။ သူက ပုရွက်ဆိတ်တွေနဲ့ မျှခြေကို ထိန်းထားပြီး အဲဒီနောက် အင်ပါယာသားတော်တွေဆီကို လှမ်းကြည့်လိုက်တယ်။
“အားလုံးပဲ ကျေးဇူးတင်တယ်နော်”
ဒီစကားတွေက အရမ်းကို စိတ်တိုစရာကောင်းပါတယ်။ အင်ပါယာသားတော်တွေ အားလုံးက စကတည်းက မယုံနိုင်အောင် ဒေါသထွက်နေပြီး ဒီစကားတွေကို ကြားလိုက်တဲ့ အချိန်မှာ လင်းဟန်ကို ပိုပြီးတော့တောင် တစ်စစီ စုတ်ဖြဲပစ်ချင် လာခဲ့တယ်။
“လင်းဟန် မင်းက အင်ပါယာ ကလန်တွေရဲ့ အဖွဲ့သား အများကြီးကို ရန်စခဲ့တယ်။ မင်း ထွက်သွားတာနဲ့ အင်ပါယာ ကလန်တွေရဲ့ အဖွဲ့သား အားလုံးက မင်းကို အမဲလိုက်ကြလိမ့်မယ်”
“ဒီတစ်ကြိမ် မင်းမှာ ဘာနောက်ခံပဲရှိရှိ အသုံးဝင်မှာ မဟုတ်ဘူး”
“မင်း လူသေတစ်ယောက် ဖြစ်နေပြီ”
အင်ပါယာသားတော် အားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ လင်းဟန်က အရမ်းကို တစ်မူထူးခြားပြီး သူတို့တွေကို အသက်ရှူနိုင်ရုံ အတိုင်းအတာထိ ဖိနှိပ်ထားတယ်။ ဘယ်လိုလုပ် သူတို့က ဒီလိုမျိုး လူတစ်ယောက်နဲ့ ပလ္လင်အတွက် ယှဉ်ပြိုင်နိုင်မှာလဲ။
ဒါကြောင့် ဒီလိုပြိုင်ဘက်မျိုးကို ရှင်းပစ်မှပဲ ဖြစ်မယ်။
တကယ်တော့ ဗုဒ္ဓသို့ကျားက လင်းဟန်ကို ပစ်မှတ်ထားလို့ မရဘူးလို့ မပြောထားပါဘူး။ ဒါက သူတို့ကို ဟာကွက်တစ်ခု ပေးထားခြင်း ဖြစ်တယ်။
လင်းဟန်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
“လာလေ”
သူက အမဲလိုက်ပြီး တိုက်ခိုက်ခံရပေမဲ့ ဘယ်အချိန်တုန်းက သူဟာ အမြဲတမ်း လွှမ်းမိုးခံရဖူးလို့လဲ။
ဒီလိုမျိုး ပိုဖြစ်လေ သူ့တိုက်ခိုက်ရေး စိတ်ဓာတ်က ပိုပြီးတော့ တိုးလာလေပါပဲ။ အခုဆို သူက ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်နေပါပြီ။ နောက်တစ်နည်း ပြောရမယ်ဆိုရင် သူ့ထက် ခွန်အားအရာမှာ သာလွန်တဲ့ လူတွေက ကြီးမြတ်သော အရှင်သခင် အဆင့်တွေနဲ့ သူတော်စင်တွေပဲ ရှိပြီးတော့ စုစုပေါင်း ဘယ်လောက် ရှိလို့လဲ။
မုန်တိုင်းကို ဒီထက်ပိုပြီးတော့တောင် ပြင်းထန်လာပါစေ။
အင်ပါယာသားတော်တွေလည်း တည်ငြိမ်သွားပြီး စကားစစ်ထိုးပွဲ တစ်ခုမှာ လင်းဟန်ကို အနိုင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့က လင်းဟန်ကို ခက်ထန်စွာ စိုက်ကြည့်ရုံသာ စိုက်ကြည့်နေပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်ခြင်း ဆန္ဒတွေ ရှိနေတယ်။
“သွားစို့”
သူတို့က တိုက်ခိုက်တာကို ရပ်လိုက်တယ်။ နတ်ဘုရား ဆေးပင် မရှိမှတော့ ဒီနေရာမှာ ဘာဆက်လုပ် နေရမှာလဲ။
အင်ပါယာသားတော်တွေ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့တယ်။ သူတို့မှာ တခြားအကြံ ရှိပြီးတော့ အဲဒါက လင်းဟန်ကို တားဆီးကာ ပုရွက်ဆိတ်အသိုက် အပြင်မှာ သူ့ကို သတ်ဖို့ ဖြစ်တယ်။
သူတို့တွေ နောက်ကို ဆုတ်လာတာနဲ့ ပုရွက်ဆိတ်တွေ အများအပြားက သူတို့နောက်ကို လိုက်လာပြီး ကြီးမြတ်သော အရှင်သခင်အဆင့် ပုရွက်ဆိတ်ကြီး တစ်ကောင်က လင်းဟန်ဆီကို ပြေးဝင်လာတယ်။
သူက ဒါကို မယှဉ်နိုင်ပါဘူး။
လင်းဟန်က အလျင်အမြန်ပဲ လှည့်ထွက်ပြေးသွားတယ်။ ဒီအချိန်မှာ သူက အစွမ်းထက် တိုက်ပွဲစွမ်းရည် တစ်ခုကို ပေါက်ကွဲလိုက်တယ်။ သူက လက်သီးတစ်ချက် ထိုးလိုက်ပြီး စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့ စွမ်းအင်ကို တပြိုင်နက်တည်း ရောယှက်ကာ ချက်ချင်းပဲ သူ့အရှေ့ မီတာသုံးရာနီးနီး ဧရိယာ တစ်ခုကို ရှင်းပစ်လိုက်တယ်။
အဲဒီနောက် မာန်တစ်ချက်သွင်းကာ သူက လျင်မြန်စွာ ပြေးထွက်သွားတယ်။
သူ့နောက်မှာ ကြီးမြတ်သော အရှင်သခင်အဆင့် ဧရာမ ပုရွက်ဆိတ်ကြီးက ဇွဲမလျော့ပဲ နောက်ကနေ လိုက်လာတယ်။
ဝှစ် ဝှစ် ဝှစ်။ ပုရွက်ဆိတ်ကြီးက သူ့ဦးမျှင်ကို ဝှေ့ယမ်းကာ အနက်ရောင် အလင်းတန်းတွေ ပစ်ခတ်လိုက်တယ်။ ဒီအနက်ရောင် အလင်းတန်းမှာ တိုက်စားခြင်းတွေနဲ့ ပြည့်နေပြီး လမ်းကြောင်းက နံရံတွေကို ထိလိုက်တာနဲ့ ဧရာမ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားအောင် တိုက်စားခံလိုက်ရတယ်။
နောက်ပြီး အင်ပါယာလမ်းကြောင်းထဲမှာ အရာအားလုံးက အရမ်းကို ထူးကဲတာကြောင့် ဖြစ်တယ်။ မဟုတ်ရင် ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက်ရဲ့ တိုက်ခိုက်မှုက ဘယ်လိုလုပ် ဒီလိုမျိုး ထိခိုက်မှု နည်းနည်းလေးလောက်ပဲ ဖြစ်နိုင်မှာလဲ။
ဒီပုရွက်ဆိတ်ကြီးကို ကြည့်ရတာ ရူးသွားသလိုပဲ။ အနက်ရောင် အလင်းတန်းတွေကို အဆက်မပြတ် ပစ်ခတ်နေရင်းနဲ့ ဧရာမ ပုရွက်ဆိတ်ကြီးတွေတောင် ပြေးလွှားလာပြီး စစ်ကူပေးကာ လင်းဟန်ကို တားဆီးဖို့ အလုပ်ရှုပ်နေကြတယ်။
စဉ်းစားကြည့်ရင် အဓိပ္ပါယ် ရှိပါတယ်။ ကျူးကျော်ခြင်း ခံရပြီးတော့ ပုရွက်ဆိတ် ဘုရင်မတောင် ဖျက်ဆီးခံရလုနီးပါး ဖြစ်မှတော့ ဒီပုရွက်ဆိတ်အထီးတွေက ဘယ်လိုလုပ် မရူးသွပ်ပဲ နေမှာလဲ။
လင်းဟန်က သူ့ခေါင်းကိုတောင် ပြန်လှည့်မကြည့်ပါဘူး။ ဝှမ်း။ လူသတ်အရှိန်အဝါ တိုက်ခိုက်မှု တစ်ခုက အရှေ့ကို ပေါက်ကွဲထွက် သွားခဲ့တယ်။
ချက်ချင်းပဲ ပတ်ဝန်းကျင်က ပုရွက်ဆိတ်ကြီးတွေ လဲပြိုသွားပြီး ကြီးမြတ်သော အရှင်သခင်အဆင့် ဧရာမ ပုရွက်ဆိတ်ကြီးတောင် တဒင်္ဂလောက် သက်ရောက်ခံရပြီး အဲဒါက သူ့ကို ပိုပြီးတော့တောင် ဒေါသထွက်သွားစေကာ အနက်ရောင် အလင်းတန်းတွေကို ပိုပြီးတော့တောင် ပစ်ခတ်လာခဲ့တယ်။
လင်းဟန်က အမှုမဲ့အမှတ်မဲ့ မနေရဲ့ခဲ့ဘူး။ ပုရွက်ဆိတ် လမ်းကြောင်းက အရမ်းကို ကျဉ်းမြောင်းလွန်းပြီး သူ့ခန္ဓာကိုယ်ကို ကျုံ့ဖို့ လိုအပ်ကာ ဒါက ဖီးနစ်ငှက် နတ်ဘုရား ပျံသန်းခြင်းရဲ့ အသုံးဝင်မှုကို အကြီးအကျယ် သက်ရောက်မှု ရှိခဲ့တယ်။ သူ့အတွက်တော့ ကြီးမြတ်သော အရှင်သခင် အဆင့် လက်ရွေးစင် တစ်ယောက် နောက်က လိုက်ဖမ်းမှုကနေ ထွက်ပြေး လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။
သူက ရှေးဦးဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို ထုတ်ဖော်လိုက်ပြီး သူ့ခေါင်းထက်မှာ ဝဲပျံစေခဲ့တယ်။ ဒါက မူလရင်းမြစ်ရွှေနဲ့ သွန်းလုပ်ထားပြီး သေးနိုင် ကြီးနိုင်ပါတယ်။ အရာအားလုံး သူ့စိတ်တိုင်းကျ လုပ်နိုင်တယ်။
ဒီလိုနဲ့ သူက ဘာကိုမှ ဂရုမစိုက်တော့ဘူး။ အနက်ရောင် အလင်းတန်း ဘယ်လောက်ပဲ ပစ်ပစ် ရှေးဦးဖရိုဖရဲ အထွတ်အထိပ် လျှပ်စီး မျှော်စင်က အဲဒါကို တားဆီးကာကွယ်ပါလိမ့်မယ်။
သူက ထွက်ပြေးလာရင်းနဲ့ သူတို့အရှေ့တည့်တည့်မှာ နောက်ဆုံးတော့ ထွက်ပေါက်တစ်ခု ပေါ်လာခဲ့တယ်။
မာန်တစ်ချက်သွင်းပြီးတော့ လင်းဟန်က အရှိန်ကို တင်လိုက်ကာ ရုတ်တရက် ပြေးထွက်လာတယ်။ အဲဒီအချိန်မှာ သူက ဖီးနစ်ငှက် နတ်ဘုရား ပျံသန်းခြင်းကို သုံးပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း နောက်တစ်ကြိမ် အရှိန်မြှင့်သွားခဲ့တယ်။ ဝှစ်။ သူက သူ့ကိုယ်သူနဲ့ ဧရာမ ပုရွက်ဆိတ်ကြီး အကြားမှာ အကွာအဝေးကို ချဲ့ပစ်လိုက်တယ်။
အဲဒီကြီးမြတ်သော အရှင်သခင်အဆင့် ပုရွက်ဆိတ်ကြီးက ခြေလှမ်းအနည်းငယ် ထပ်လိုက်ပြီးတော့ အဝေးကို လင်းဟန် ပြေးဝင်ပျောက်ကွယ်သွားတာကို ဘာမှမတတ်နိုင်ပဲ ကြည့်နေရင်းနဲ့ နောက်ဆုံးမှာ လင်းဟန်က လုံးဝကို ပျောက်ကွယ်သွားခဲ့တယ်။
လင်းဟန်က ပုရွက်ဆိတ်ကြီးကို မျက်ခြေဖြတ်ပြီးတဲ့ နောက်မှာ သူက ချက်ချင်းပဲ ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို အသုံးပြုခြင်း ရပ်လိုက်တယ်။
ဒီကိုယ်ဖော့သိုင်းက တကယ့်ကို အံ့သြဖွယ်ရာကောင်းပေမဲ့ အရမ်းကို မျက်စိပဿဒ ဖြစ်လွန်းပါတယ်။ အဝေးကနေ ကြည့်ရင် တမြေ့မြေ့လောင်ကျွမ်းနေတဲ့ မီးတောက်မီးလျှံတွေကို တွေ့မြင်နိုင်ပါတယ်။
ဒါကြောင့် သူက ချက်ချင်းပဲ ထူးဆန်းသော အရိပ်ခြေလှမ်းကို ပြောင်းလဲသုံးစွဲလိုက်တယ်။
ဝှစ် ဝှစ် ဝှစ်။ ချက်ချင်းပဲ မိုးပေါ်ကနေ အရိပ်နှစ်ခု ပေါ်လာပြီးတော့ ရောက်လာတယ်။
ရွှေရောင်မျိုးဆက်ရဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် နှစ်ယောက်ဖြစ်တဲ့ အင်ပါယာသားတော် မင်နဲ့ အင်ပါယာသားတော် ထိုက်။
ထင်ထားတဲ့ အတိုင်းပဲ။
လင်းဟန်က အေးစက်စွာနဲ့ ပြက်ရယ်ပြုလိုက်တယ်။ သူ သတိထားတာက ဘာမှမမှားပါဘူး။ အင်ပါယာသားတော်တွေက လက်ရှိမှာ သူ့ကို အသည်းအသန် ရှာဖွေနေကြတယ်။
ဒါပေမဲ့လည်း တကယ်လို့ အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော် ထိုက်တို့က ကြီးမြတ်သော အရှင်သခင်တွေ ဖြစ်နေရင်တောင် သူတို့တွေက အရမ်းကြီး နီးကပ်မနေတဲ့ အခြေအနေမှာ အရိပ်ထဲက လင်းဟန်ကို သူတို့တွေ ရှာတွေ့နိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။
လင်းဟန်က အရမ်းကို ကံဆိုးမိုးမှောင်ကျပြီးတော့ ဒီအင်ပါယာသားတော် နှစ်ယောက်က သူ့ဘေးကို ဆင်းသက်လာမှပဲ လင်းဟန်မှာ ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရုံသာ ရှိပါလိမ့်မယ်။
အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော်ထိုက်က အကြည့်တစ်ချက် ဖလှယ်လိုက်တယ်။ သူတို့ နှစ်ယောက်စလုံးက ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကြောင့် ဖြစ်ပေါ်တဲ့ အုတ်အုတ်ကျက်ကျက်ကို သတိပြုမိခဲ့ပြီး ပြေးလာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ သူတို့က ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသေးတယ်။
“ဒီကောင်လေး အနီးနားမှာပဲ ရှိရမယ်”
“သူ့ကို ရှာမယ်”
ရွှေရောင်မျိုးဆက် နှစ်ယောက်က သုန်မှုန်စွာ ပြောပြီးတော့ အရပ်မျက်နှာခွဲကာ ရှာဖွေကြတယ်။
လဗြွတ်။ မင်းတို့ကောင်တွေက စိတ်လှုပ်ရှားနေကြတုန်းပဲလား။
လင်းဟန်က စွမ်းအင်ကျောက်စိမ်း နှစ်ခုကို ထုတ်လိုက်ပြီး လက်တစ်ဖက်စီမှာ ကိုင်ပြီးတော့ အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော်ထိုက်တို့ကို ချိန်ရွယ်လိုက်တယ်။
ပစ်ပြီကွာ။
ဝှစ် ဝှစ်။ စွမ်းအင်ကျောက်စိမ်း နှစ်တုံးကို အရမ်းကို လျင်မြန်တဲ့ အမြန်နှုန်း တစ်ခုနဲ့ ပစ်ခတ် လိုက်တယ်။
“ဟင်”
ဒီလိုမျိုး လှုပ်ရှားမှုက အင်ပါယာသားတော် နှစ်ယောက်ဆီကနေ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ သူတို့နှစ်ယောက်စလုံး ချက်ချင်းပဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ရှာတွေ့ပြီးတော့ လင်းဟန်ကိုလည်း တွေ့သွားခဲ့တယ်။
အင်ပါယာသားတော်မင်က ပုတ်ထုတ်ဖို့ ပြင်လိုက်ပေမဲ့ အင်ပါယာသားတော်ထိုက်က နတ်ဘုရား အာရုံကနေ တစ်ဆင့် စကားတစ်ခု ပြောလိုက်တယ်။
“ရှောင်လိုက်”
အင်ပါယာသားတော်မင်က ခဏလောက် စဉ်းစားလိုက်တယ်။ လင်းဟန်က ကောက်ကျစ်တဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ သူ့ကို ရှာမတွေ့ဘူးဆိုတာလည်း သိနေတယ်။ ဒါပေမဲ့ သူက သူတို့ကို တိုက်ခိုက်လာတယ်ဆိုတော့ ဒါဟာ သာမန်တိုက်ခိုက်မှု ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီအတွေးနဲ့ သူ့နှလုံးသားက ချက်ချင်းပဲ တုန်လှုပ်သွားပြီး အလျင်အမြန် ရှောင်တိမ်း လိုက်တယ်။
စွမ်းအင်ကျောက်စိမ်းတုံး နှစ်ခုက ဘယ်သူ့ကိုမှ မထိမှန်ပေမဲ့ ကျောက်တုံးတွေ သစ်ပင် အမြစ်တွေနဲ့ ဝင်ဆောင့်သွားတယ်။ ဒီပစ္စည်းတွေက အရမ်းကို တည်ငြိမ်မှု မရှိပဲ ချက်ချင်းကို ပေါက်ကွဲသွားပါတယ်။
ဝုန်း။
ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအင် စိမ့်ထွက်လာပြီး မှိုပွင့်ပုံသဏ္ဍာန် စွမ်းအင်လုံးကြီး နှစ်ခု အဖြစ်ကို ပြောင်းလဲကာ အံ့မခန်း အမြန်နှုန်းတစ်ခုနဲ့ အရပ်မျက်နှာ အားလုံးကို ပျံ့နှံ့သွားခဲ့တယ်။
ဒါဟာ သန့်စင်တဲ့ စွမ်းအင် ဖြစ်ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအား အစအန မရှိပေမဲ့ အရမ်းကို သန်မာလွန်းပြီး အတိုင်းအဆမဲ့ ကြောက်မက်ဖွယ်ရာကောင်းနေဆဲ ဖြစ်ကာ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေကို သတ်ဖို့ လုံလောက်ပါတယ်။
Chapter 4483 end
*****
အပိုင်း (၄၄၈၄) ခြိမ်းခြောက်မှု အဟန့်အတား
အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော်ထိုက်တို့ နှစ်ယောက်စလုံး အံ့အားသင့် သွားခဲ့တယ်။
သူတို့က ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေ ဖြစ်တာ မှန်ပေမဲ့ တကယ်တမ်းမှာ သူတို့ဟာ ဒီကျင့်ကြံခြင်း အဆင့်ကို ခြေချကာစပဲ ရှိပါသေးတယ်။ တကယ်လို့ ရွှေရောင်မျိုးဆက် ဖြစ်နေရင်တောင် သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က ကြယ်လေးပွင့် ဒါမှမဟုတ် ငါးပွင့်ပဲ ရှိပါလိမ့်မယ်။ ကြီးမြတ်သော အရှင်သခင် အဆင့်တွေ အကြားမှာ သူတို့က အလယ်အလတ် အဆင့်လို့ပဲ သတ်မှတ်ယူဆ နိုင်ပါတယ်။
ဒီစွမ်းအင် မုန်တိုင်းက ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် အထွတ်အထိပ် အဆင့်က လူတွေကို သတ်ဖို့ လုံလောက်ပါတယ်။
ဝုန်း။
စွမ်းအင်မုန်တိုင်းက ပြင်းထန်စွာ ပျံ့နှံ့လာတယ်။ ကံကောင်းတာက သူတို့တွေဟာ စွမ်းအင်ကျောက်စိမ်းဆီ တိုက်ရိုက် ဝင်ဆောင့်တာ မဟုတ်ပဲ ရှောင်တိမ်းဖို့ ရွေးချယ်ခဲ့တယ်။ ရလဒ်က သူတို့တွေ ကြိုပြီးတော့ ရှောင်တိမ်းနိုင်ပြီး စွမ်းအင်မုန်တိုင်းကြောင့် တိုက်ရိုက် ထိမှန်ခြင်း မရှိခဲ့ဘူး။
အင်ပါယာသားတော် နှစ်ယောက်စလုံး နောက်ဆုတ်ပြီး စွမ်းအင်မုန်တိုင်းကို ရှောင်လိုက်တယ်။ သူတို့က အနည်းငယ်ပဲ ခြစ်မိသွားပေမဲ့ လုံးဝကို အဆင်ပြေပါတယ်။
လင်းဟန်လည်း အရမ်းကို ဝေးတဲ့ နေရာကို နောက်ဆုတ်သွားခဲ့တယ်။ သူက ဒီပစ္စည်းကို သုံးပြီးတော့ ဒီလူတွေကို တစ်ကြိမ် လှည့်စားပြီးပါပြီ။ ဒါကြောင့် ဘယ်နေရာက လုံခြုံတဲ့ နေရာလဲ ဆိုတာကို သူ သိထားတယ်။
အဝေးမှာ အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော်ထိုက်တို့ နှစ်ယောက်စလုံးက ခက်ထန်တဲ့ သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်ဖော်လာခဲ့တယ်။
အထူးသဖြင့် အင်ပါယာ သားတော်မင်ပေါ့။ အင်ပါယာ သားတော်ထိုက်ရဲ့ သတိပေးမှုကြောင့်သာ မဟုတ်ရင် သူက စွမ်းအင်ကျောက်စိမ်းတုံးကို လက်ဝါးရိုက်ချက် တစ်ချက်နဲ့ လွင့်ထွက်သွားအောင် လုပ်ပစ်ကောင်း လုပ်ပစ်နိုင်ပါတယ်။ တကယ်လို့ အဲဒီလိုသာဆိုရင် သူက အကြီးအကျယ် ဒုက္ခ ရောက်သွားပါလိမ့်မယ်။ တကယ်လို့ သူ မသေခဲ့ရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားလိမ့်မယ်။
ကြီးမြတ်သော အရှင်သခင် အဆင့်မှာ အစားထိုး တံဆိပ်တော်က အသုံးမဝင်တော့ပဲ ဒီစွမ်းအင် မုန်တိုင်းက သူတော်စင် တစ်ယောက်ဆီက တိုက်ခိုက်မှု တစ်ခုနဲ့ ယှဉ်လို့ရပါတယ်။ တကယ်လို့ အစားထိုး တံဆိပ်တော်ကို ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက်က သုံးနိုင်တယ် ဆိုရင်တောင် သူက သေသွားရပါလိမ့်မယ်။
ဒါကြောင့် သူက သေမင်းတံခါးဝကနေ လွတ်လာတယ်လို့ ပြောနိုင်တယ်။
“လင်း ဟန်”
သူက စကား တစ်လုံးချင်းစီ ပြောလိုက်ပြီး လင်းဟန်ကို အစိမ်းလိုက် ဝါးမျိုချင် လာခဲ့တယ်။
လင်းဟန်က အသာလေး ပြုံးပြီးတော့ သူ့လက်တွေကို မြှောက်လိုက်တယ်။ သူ့လက် တစ်ဖက်စီမှာ စွမ်းအင်ကျောက်တုံး တစ်တုံးစီ ပေါ်လာခဲ့တယ်။
သူက ခမ်းခြောက်နေတဲ့ ရေကန်ရဲ့ အောက်ခြေကနေ ဒီပစ္စည်းတွေ တော်တော်များများကို ကောက်ယူခဲ့တယ်။
“ကစားချင်တာလား”
လင်းဟန်က တစ်ချက်ပြုံးပြီးတော့ ရန်စခြင်းတွေ ပြည့်နေတဲ့ အပြုံးနဲ့အတူ မေးလိုက်တယ်။
ဒါက အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော်ထိုက်ကို ဒေါသထွက်သွားစေခဲ့တယ်။
စောစောက သူတို့တွေဟာ ဒီကျောက်စိမ်းစွမ်းအင်တုံးက ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာကို သိနားလည်သွားခဲ့တယ်။ ဒါကို ထိပ်တိုက်ထိမှန်ခံလိုက်လို့ မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် သူတို့တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မယ်။
“ဟမ့် ဒီပစ္စည်းက အရမ်းကို မတည်ငြိမ်ဘူး။ တကယ်လို့ နည်းနည်းလေး တုန်ခါသွားမယ်ဆိုရင် ပေါက်ကွဲသွားလိမ့်မယ်”
အင်ပါယာသားတော်မင်က တည်ငြိမ်စွာ ပြောလိုက်တယ်။
“ငါတို့တွေ အကွာအဝေး ခွဲထားပြီး အဝေးကနေ တိုက်ခိုက်မယ်ဆိုရင် မင်းလက်ထဲမှာ ကျောက်စိမ်းတုံး ပေါက်ကွဲပြီး မင်းက ပထမဆုံး ကံဆိုးသူ ဖြစ်သွားလိမ့်မယ်”
အင်ပါယာ သားတော်ဆိုတဲ့ အတိုင်းပဲ တစ်ချက်ကြည့်လိုက်တာနဲ့ ကိစ္စရဲ့ အတိမ်အနက်ကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပါတယ်။
လင်းဟန်က တစ်ချက်ပြုံးလိုက်တယ်။
“ဒါပေါ့။ ဒါပေမဲ့ ဒါကို အသုံးပြုဖို့ အခွင့်အရေးကို အလုခံပါ့မလား”
အော် မင်းက တိုက်ခိုက်မှု တစ်ခု လုပ်ပြီးတော့ ငါက ရူးမိုက်စွာနဲ့ ဒါကို ပစ်ထုတ်နေရဦးမှာလား။
သူက သေချာပေါက် လှုပ်ရှားမှု တစ်ခု လုပ်ဖို့ မင်းရဲ့ တိုက်ခိုက်မှုတွေ အကြားက အချိန်ကို အခွင့်ရေး ယူလိမ့်မယ်။ ဒီနည်းနဲ့ အင်ပါယာသားတော် နှစ်ယောက်က နောက်ထပ် လှုပ်ရှားမှု တစ်ခု လုပ်လာမယ်ဆိုရင်တောင် သူတို့ရဲ့ တန်ပြန်တိုက်ခိုက်မှုက အနည်းငယ် နောက်ကျမယ် ဆိုတာ သေချာတယ်။ အဲဒီစွမ်းအင်မုန်တိုင်းရဲ့ ဗဟိုချက်က အင်ပါယာသားတော်တွေနဲ့ နီးကပ် သွားနိုင်ပါတယ်။
ဒါက အင်ပါယာသားတော် နှစ်ယောက်ကို မျက်မှောင်ကြုတ် သွားစေခဲ့တယ်။
ဘယ်လိုလုပ်ပြီးတော့ ဂိုဏ်းအရှင်သခင် အဆင့် တစ်ယောက်ကို သတ်ဖို့က အရမ်းကို ခက်ခဲ ရတာလဲ။
“ငါ ဒါကို မယုံဘူး”
အင်ပါယာသားတော်ထိုက်က သရော်လိုက်တယ်။ သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ရိုက်ထုတ်လိုက်ပြီး အဲဒီလက်ဝါးရိုက်ချက်က ဧရာမ တိမ်မည်းတစ်ခု အဖြစ်ကို ပြောင်းလဲကာ လင်းဟန်ကို လွှမ်းခြုံလာခဲ့တယ်။
ဒီတိုက်ခိုက်မှု ဖုံးလွှမ်းထားတဲ့ ဧရိယာက အရမ်းကို ကြီးမားလွန်းပြီး စွမ်းအား အားလှိုင်းတွေ အောက်မှာ စွမ်းအင်ကျောက်စိမ်းတုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်ပါတယ်။
လင်းဟန်က ကျယ်လောင်စွာ ရယ်မောပြီးတော့ စွမ်းအင်ကျောက်စိမ်းတုံးကို သိမ်းလိုက်တယ်။ အဲဒီနောက် ဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို ဆင့်ခေါ်လိုက်ပြီး ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင် လိုက်တယ်။
ဘန်း။
ဒီတိုက်ခိုက်မှုနဲ့အတူ လင်းဟန်က မျက်နှာနီမြန်းသွားပြီး သူ့လည်ချောင်းထဲမှာ ပါးစပ်အပြည့် သွေးတစ်လုတ် တစ်စို့လာခဲ့တယ်။
တကယ်တော့ ဒါဟာ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်တယ်။ တကယ်လို့ သူက ဒီလောက် အဝေးကြီးကနေ တိုက်ခိုက်လာပြီး လင်းဟန်ကလည်း ရှေးဦး ဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို ဆင့်ခေါ်ထားတယ် ဆိုရင်တောင် သူ့ဆီကို သိသိသာသာ ရိုက်ခတ်လာဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အင်ပါယာသားတော် ထိုက်နဲ့ အင်ပါယာသားတော် မင်တို့က ပိုပြီးတော့တောင် အံ့အားသင့် သွားခဲ့တယ်။
ဘာ။ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် လှုပ်ရှားလာတာတောင် ဂိုဏ်းအရှင်သခင် အဆင့်တစ်ယောက်ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သင့်တယ် မဟုတ်ဘူးလား။
ဒါပေမဲ့ အခုတော့ရော။ လင်းဟန်က ပါးစပ်အပြည့် သွေးတစ်လုတ်တောင် မအန်ထုတ် သွားခဲ့ဘူး။
“သေစမ်း”
အင်ပါယာသားတော်မင်လည်း လှုပ်ရှားလိုက်တယ်။ လက်သီး တစ်ချက်နဲ့ သူ့တိုက်ခိုက်မှုက ကြမ်းတမ်းတဲ့ ကျားတစ်ကောင် အဖြစ်ကို ပြောင်းလဲသွားကာ အရိုးတွေအဖြစ် စွမ်းအားကို သုံးပြီးတော့ အသားအဖြစ် စည်းမျဉ်းဥပဒေ စွမ်းအားတွေကို သုံးကာ လင်းဟန်ဆီကို ပြေးဝင်လာတယ်။ သူ့အမြန်နှုန်းက အံ့မခန်း လျင်မြန်ပါတယ်။
လင်းဟန်က တိုက်ပွဲကို အချိန်ဆွဲမနေပါဘူး။ ဒီလူနှစ်ယောက်က ကြီးမြတ်သော အရှင်သခင် အဆင့် လက်ရွေးစင် ဖြစ်ပြီးတော့ တကယ်လို့ သူက သူတို့နဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်ရပါမယ်။ နောက်ပြီး သူက ဂိုဏ်းအရှင်သခင် အဆင့်ရဲ့ အကန့်အသတ်တွေကို ချိုးဖျက်ပြီး နောက်ပိုင်းမှ ဖြစ်ရမယ်။
အခုက တိုက်ခိုက်ဖို့ အချိန်မဟုတ်ဘူး။
လင်းဟန်က မာန်တစ်ချက် သွင်းလိုက်ပြီး ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးပြီးတော့ လျင်မြန်စွာ နောက်ဆုတ်သွားလိုက်တယ်။
“မင်းက ထွက်ပြေးချင်နေတာလား”
အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော် ထိုက်တို့ နှစ်ယောက်စလုံးက အနောက်ကနေ ပြေးလိုက်လာကြတယ်။
ဒါပေမဲ့လည်း စွမ်းအင်ကျောက်စိမ်းတုံး တစ်ခုက ရုတ်တရက် ပြေးဝင်လာတယ်။
အင်ပါယာသားတော် နှစ်ယောက်မှာ ရွေးချယ်စရာ မရှိပဲ ရှောင်တိမ်းလိုက် ကြတယ်။
ဝုန်း။
စွမ်းအင်မုန်တိုင်းက နောက်တစ်ကြိမ် ပျံ့နှံ့လာပြီး အင်ပါယာသားတော် နှစ်ယောက်က သူ့နောက်ကို ဆက်ပြီးတော့ လိုက်ဖမ်းနိုင်စွမ်း မရှိ ဖြစ်သွားတယ်။
စွမ်းအင်မုန်တိုင်း ပျက်ပြယ်သွားတဲ့ အချိန်မှာတော့ လင်းဟန် ဘယ်ကို ရောက်သွားလဲ။
အင်ပါယာသားတော် နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး နှစ်ယောက်စလုံး ရှုံးနိမ့်ခြင်း အရသာကို ခံစားလိုက်ရတယ်။
လင်းဟန်က ထွက်ပြေးလွတ်မြောက် သွားသေးတာလား။
အနာဂတ်မှာ ဒီကောင်က ပိုပိုပြီးတော့ သန်မာအားကောင်းလာပြီး တကယ်လို့ သူတို့ဟာ အင်ပါယာသားတော်တွေ ဖြစ်နေရင်တောင် ကြီးမြတ်သော အရှင်သခင် အဆင့်ကို ရောက်ပြီ ဖြစ်တာကြောင့် အင်ပါယာကလန်က သူတို့ကို ပေးတဲ့ အကူအညီကလည်း နည်းသထက် နည်းလာလိမ့်မယ်။ သူတို့ရဲ့ တိုးတက်မှုက သေချာပေါက် နှေးရင်နှေး ဒါမှမဟုတ် အချိန်အရမ်းကို ကြာမြင့်တဲ့အထိ တန့်နေပါလိမ့်မယ်။
အဲဒီနောက် လင်းဟန်ရဲ့ ကျင့်ကြံခြင်းအဆင့်က လိုက်မီလာမယ်။
“လင်းဟန် တစ်ယောက်တည်း မဟုတ်ဘူး။ ယန်ရီဟွမ်၊ ဟဲလျှိုနဲ့ တခြားသူတွေလည်း ရှိတယ်”
“သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ အားနည်းနေတာကို အခွင့်ကောင်းယူပြီး သူတို့ကို သတ်ရအောင်”
“အင်း”
အင်ပါယာသားတော် နှစ်ယောက်က သဘောတူညီချက် ရပြီးတော့ ခေါင်းညိတ်လိုက်တယ်။ ဒါက ရှားပါးတဲ့ အခွင့်အလမ်း တစ်ခု ဖြစ်ပြီးတော့ သူတို့တွေရဲ့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်တယ်။
လင်းဟန်က အင်ပါယာသားတော် နှစ်ယောက်ကို မျက်ခြေဖြတ်ပြီးတဲ့ နောက်မှာတော့ နေရာတစ်ခု ရှာဖွေပြီး ဒီအနက်ရောင် မြက်ပင်ကို စတင်လေ့လာကြည့်လိုက်တယ်။
ဒါက ဘာပစ္စည်းလဲ ဆိုတာကို သူ မသိသေးပါဘူး။
ဧကရာဇ် ကိုးပါး ဆယ်ရွက် ဆေးလုံးလေးကို ဖော်စပ်ဖို့ နတ်ဘုရားချီ ပါဝင်တဲ့ နတ်ဘုရားဆေးပင်ပဲ လိုအပ်ပါတယ်။ အထူးအမျိုးအစား သတ်မှတ်ချက်တွေတော့ မရှိပါဘူး။
“ငါ့မှာ အဓိက ပါဝင်ပစ္စည်း ရှိပြီဆိုတော့ အခု အကူပစ္စည်းတွေပေါ့”
လင်းဟန်က တီးတိုးရေရွတ်လိုက်တယ်။ သူက ကြယ်ခြောက်ပွင့် နတ်ဘုရားဆေးပင်တွေ အနည်းငယ် ရရှိခဲ့ပေမဲ့ တကယ်လို့ သူတို့ကို မှော်ဆေးလုံးအဖြစ် ဖော်စပ်ဖို့ သုံးမယ်ဆိုရင် မလုံလောက်သေးပါဘူး။
“ဒီနေရာမှာ ရှာတွေ့နိုင်မလား မသိဘူး”
လင်းဟန်လည်း ရှေ့ဆက်တိုးလာရင်းနဲ့ ရှာဖွေနေခဲ့တယ်။ သူက လမ်းမှာ နတ်ဘုရား ဆေးပင်တွေ ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ် မဟုတ်လား။
သူ့ကံက သိပ်မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ ခုနစ်ရက် အတွင်းမှာ သူက အကျိုးအမြတ်တွေ ရရှိခဲ့တယ်။ နတ်ဘုရားချီ ပါဝင်တဲ့ နတ်ဘုရားဆေးပင်တွေ နည်းနည်းမှ မရရှိခဲ့ပေမဲ့ သာမန် ကြယ်ခြောက်ပွင့် နတ်ဘုရားဆေးပင် တော်တော်များများတော့ ရရှိခဲ့တယ်။
“သုံးခုလိုသေးတယ်”
လင်းဟန်ရဲ့ မျက်နှာပေါ်မှာ အားရကျေနပ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ သူက အရာအားလုံး ချောချောမွေ့မွေ့ ရှိမယ်လို့ မတွေးခဲ့မိဘူး။
နောက်ထပ် နတ်ဘုရားဆေးပင် သုံးပင်နဲ့ဆို သူက ဧကရာဇ် ကိုးပါး ဆယ်ရွက် ဆေးလုံးငယ်ကို ဖော်စပ်နိုင်စွမ်း ရှိပါလိမ့်မယ်။ ပြီးတော့ အဲဒါကို ဖော်စပ်လိုက်တာနဲ့ နတ်ဘုရားချီရဲ့ အရည်အသွေးက အကြီးအကျယ် တိုးလာလိမ့်မယ်။
သူက ဆက်လက်ရှာဖွေနေပေမဲ့ သူ့ကံက အဆိုးဘက်ကို ပြောင်းသွားသလိုပဲ။ နှစ်ရက်အတွင်းမှာ သူက နောက်ထပ် နတ်ဘုရားဆေးပင် ရှာမတွေ့နိုင်ခဲ့ဘူး။ ကြယ်ခြောက်ပွင့် မပြောနဲ့ ကြယ်တစ်ပွင့် နတ်ဘုရား ဆေးပင်တောင် ရှာမရခဲ့ပါဘူး။
ဟင်။
သူက ဟိုဟိုဒီဒီ ရှာဖွေနေပေမဲ့ နတ်ဘုရားဆေးပင် နည်းနည်းမှ ရှာမတွေ့ပဲ အဲဒီအစား သူ့အရှေ့မှာ နောက်ထပ် နန်းတော် ပေါ်လာခဲ့တယ်။
ခရမ်းလေပြင်း နန်းတော်။
လင်းဟန်က လျှောက်သွားတော့ တံခါးဝမှာ လူတစ်ယောက် ရပ်နေတာကို မြင်လိုက်တယ်။
သူမရဲ့ ဟန်ပန်အမူအရာက အရမ်းကို ဆွဲဆောင်မှု ရှိတယ်။ စွေ့ချင်းချန်။
သူမက လင်းဟန်ကို ကျောပေးထားပေမဲ့ သူမရဲ့ နတ်ဘုရားအာရုံက အရမ်းကို ထက်ရှပါတယ်။ သူမက ချက်ချင်းပဲ ချာခနဲ လှည့်ပြီးတော့ လင်းဟန်ကို ကြည့်လိုက်တယ်။
မူလဇစ်မြစ်ကမ္ဘာရဲ့ အုပ်ချုပ်သူတွေ ဆိုတဲ့အတိုင်းပဲ သူတို့ ခုနစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မယုံနိုင်အောင် ကောင်းမွန်တဲ့ အထင်ကြီးလေးစားမှု တစ်ခု ရှိကြတယ်။ စွေ့ချင်းချန်က လင်းဟန်ကို နှုတ်ဆက်တဲ့ အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
လင်းဟန်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် လက်ခနဲ ပေါ်လာခဲ့တယ်။
“မိန်းမလှလေးစွေ့ မင်းမှာ ကြယ်ခြောက်ပွင့် နတ်ဘုရားဆေးပင် နည်းနည်းလောက် မရှိဘူးလား”
စွေ့ချင်းချန်က အံ့အားသင့် သွားခဲ့တယ်။
“ရှင်က ဘာလုပ်မလို့လဲ”
“တကယ်လို့ မင်းမှာ ဒီနတ်ဘုရားဆေးပင် သုံးခုရှိရင် ငါမင်းကို ကောင်းတဲ့ အရာတစ်ခု ပေးနိုင်တယ်”
လင်းဟန်က နတ်ဘုရားဆေးပင် သုံးခုရဲ့ အမည်တွေကို ရေရွတ်ပြလိုက်တယ်။
“အဲဒါနဲ့ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို တိုးလာအောင် ကူညီပေးနိုင်တယ်”
“ကောင်းပြီ”
စွေ့ချင်းချန်က တုံ့ဆိုင်းခြင်း မရှိပဲ လင်းဟန်ပြောတဲ့ နတ်ဘုရားဆေးပင် သုံးခုကို ပစ်ပေးလိုက်တယ်။
သူမက အရမ်းကို ပွင့်လင်းသူ ဖြစ်ပြီးတော့ လင်းဟန်ကို သူမရဲ့ ယုံကြည်မှုကို ပြသခဲ့တယ်။
“ငါ့ကို သုံးရက်လောက် စောင့်ပေး”
လင်းဟန်က နတ်ဘုရားဆေးပင်တွေကို ယူပြီးတော့ ချက်ချင်းပဲ ထွက်သွားလိုက်တယ်။
သူက နေရာတစ်ခုကို ရှာဖွေပြီး မှော်ဆေးလုံးတွေကို ဖော်စပ်ရမယ်။
Chapter 4484 end
*****
အပိုင်း (၄၄၈၅) အစ်ကိုမျောက်က အခန့်ညားဆုံးပဲ
စွေ့ချင်းချန်က သူ့ကို မတားပါဘူး။
လင်းဟန်က အဖိုးတန် ကြယ်ခြောက်ပွင့် နတ်ဘုရားဆေးပင် သုံးခုကို ယူသွားပေမဲ့ သူမကို သူက ကတိစကားတစ်ခွန်း ပေးခဲ့တယ်။
ပထမအချက် သူတို့ နှစ်ယောက်စလုံးဟာ မူလဇစ်မြစ်ကမ္ဘာရဲ့ အရှင်သခင်တွေ ဖြစ်တာကြောင့် သူမက လင်းဟန်ကို ယုံကြည်မှု တချို့ ရှိပါတယ်။ ဒုတိယအချက် ဒီနတ်ဘုရားဆေးပင်တွေက ကြယ်ခြောက်ပွင့်ပဲ ရှိပေမဲ့ သူတို့မှာ နတ်ဘုရားချီတွေ မပါဝင်တာကြောင့် သူမက သူတို့ကို ရတနာလို မသတ်မှတ်ထားခဲ့ဘူး။
တကယ်လို့ လင်းဟန်က သူမကို တစ်ပတ်ရိုက်မယ်ဆိုရင် သူမက အနာဂတ်မှာ လင်းဟန်နဲ့ နောက်ထပ် ဆက်ဆံတော့မှာ မဟုတ်ပါဘူး။ ဒါအကုန်ပဲ။
လင်းဟန်က နန်းတော်နဲ့ အဝေးကို ထွက်လာခဲ့တယ်။ ဒီနေရာကို လာတဲ့လူတွေက ဒီနန်းတော်မှာ အသေအကြေ တိုက်ခိုက်ရလိမ့်မယ်။ ဒါကြောင့် သူက အရင်ဆုံး စိတ်လှုပ်ရှားစရာပွဲကို မပါဝင်ဖို့ ဆုံးဖြတ်ထားတယ်။
သူက မှော်ဆေးကျိုအိုးကို ထုတ်ပြီးတော့ ပြင်ဆင်မှုအားလုံး လုပ်လိုက်တယ်။ အဲဒီနောက် မှော်ဆေး သူတော်စင်ရဲ့ ဧကရာဇ်ကိုးပါး အရွက်ဆယ်ရွက် ဆေးလုံးငယ်ကို ဖော်စပ်တဲ့ ဖြစ်စဉ်ကို သူ့ခေါင်းထဲကမှာ ပြန်လည်သရုပ်ဖော် ကြည့်လိုက်ပါတယ်။
ကောင်းပြီ။ ဒီလောက်ဆို လုံလောက်ပြီ။
သူက ယုံကြည်မှုတွေနဲ့အတူ ပြည့်လာခဲ့တယ်။ မှော်ဆေးပညာနဲ့ပတ်သက်ရင် သူက ကျင့်ကြံခြင်း ထက်တောင် ပိုပြီးတော့ ခိုင်မာမှု ရှိနေတယ်။
ဝုန်း။ ဆေးကျိုအိုးရဲ့ မီးတောက်တွေက ပြင်းထန်စွာ တောက်လောင်လာတယ်။ သူက ပါဝင်ပစ္စည်းတွေ ပစ်ထည့်ပြီးတော့ ဖော်စပ်ခြင်းကို စတင်လိုက်ပါတော့တယ်။
အရာအားလုံးက ရေစီးကြောင်းလို ချောမွေ့နေတယ်။ လင်းဟန်က ပထမအကြိမ် သန့်စင်တာ ဆိုပေမဲ့ သူက စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ သန့်စင် ပြီးပါပြီ။ မှော်ဆေးဧကရာဇ်ဆိုတဲ့ သူ့နာမည်နဲ့ သူဟာ တစ်ကြိမ်တည်းနဲ့ လုံးဝကို အောင်မြင်သွားနိုင်ပါတယ်။
ဒါကို ဟိုးအရင်ကတည်းက သိထားသင့်ငပါတယ်။ သူက ကြီးမြတ်သော အရှင်သခင်အဆင့် မှော်ဆေးလုံး တစ်လုံးကို ဖော်စပ်နိုင်စွမ်း ရှိပြီးပါပြီ။
သုံးရက်ကြာပြီးတဲ့ နောက်မှာတော့ သူက သူ့အလုပ်ကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့တယ်။ ဆေးကျိုအိုးထဲမှာ စုစုပေါင်း မှော်ဆေးလုံး ဆယ့်တစ်လုံး ရျိပါတယ်။
မှော်ဆေးလုံး တစ်လုံးစီတိုင်းမှာ နတ်ဘုရားချီ ဘယ်လောက်များများ ပါလဲဆိုတာတော့ မသိဘူး။ အရည်အသွေးကတော့ အကြီးအကျယ် တိုးလာလိမ့်မယ်။ ပြီးတော့ တကယ်လိုပ အရည်အသွေးကို ထိန်းသိမ်းထားနိုင်သေးရင် အံ့သြဖွယ်ရာ ကောင်းသွားပါလိမ့်မယ်။
ဒါပေမဲ့လည်း သူက ဘယ်လိုပဲ စဉ်းစားကြည့် စဉ်းစားကြည့် အဲဒါက မဖြစ်နိုင်ဘူး။
လင်းဟန်က တစ်လုံးကို ယူပြီးတော့ သောက်လိုက်တယ်။ ချက်ချင်းပဲ နတ်ဘုရားချီက သူ့ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့သွားကာ ကျင့်ကြံခြင်းရဲ့ အသီးကို လျင်မြန်စွာ ကြီးထွား လာစေခဲ့တယ်။
ဘယ်လောက်တောင် အားကောင်းတဲ့ နတ်ဘုရားချီ တစ်ခုလဲ။
လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ နတ်ဘုရားချီရဲ့ အရည်အသွေးက တကယ့်ကို မြင့်မားပြီး သူ့စိတ်ထဲမှာ လှိုင်းလုံးတွေ မြင့်တက်လာစေပြီး ပေါက်ကွဲတော့မဲ့ အတိုင်းပါပဲ။
နေ့တစ်ဝက် ကြာပြီးတဲ့ နောက်မှာတော့ သူ့စိတ်က ပြန်လည် ငြိမ်းချမ်းလာခဲ့တယ်။
ကျင့်ကြံခြင်းရဲ့ အသီးကလည်း နောက်တစ်ကြိမ် ကြီးထွားလာပြိး ဒုတိယ ရွှေရောင် မျဉ်းကြောင်းကလည်း အနည်းငယ် သိပ်သည်းလာခဲ့တယ်။
ဟုတ်တယ်။ ဒါကိုကြည့်ပြီးတော့ သုံးသပ်ရရင် ဒီမှော်ဆေးလုံးတွေက သူ့ကို ကြယ်သုံးပွင့် ဖြစ်အောင် တွန်းပို့ဖို့ လုံလောက်ပါလိမ့်မယ်။
လင်းဟန်က မှော်ဆေးလုံးတွေကို ဆက်ပြီးတော့ မဖော်စပ်တော့ဘူး။ စွေ့ချင်းချန်ကို သူ ကတိပေးထားတဲ့ သုံးရက်စောင့်နေဖို့ အချိန်က ပြည့်တာကြောင့် သူက တစ်ကြိမ် ပြန်သွား ရပါလိမ့်မယ်။
ခရမ်းရောင်လေပြင်း နန်းတော်ကို သူ နောက်တစ်ကြိမ် ပြန်ရောက်လာတဲ့ အချိန်မှာ စွေ့ချင်းချန် တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ကျင်းဟောင်ရန်၊ မူလရင်းမြစ်နဲ့ မူလဇစ်မြစ်ကမ္ဘာရဲ့ တခြားအုပ်ချုပ်သူတွေလည်း ရှိနေတယ်။ သူက အင်ပါယာကလန်တွေက လူတွေကိုတော့ မမြင်မိပါဘူး။
လင်းဟန်က လျှောက်လာပြီးတော့ စွေ့ချင်းချန်ကို မှော်ဆေးလုံး တစ်လုံး ပေးလိုက်တယ်။
“ရော့ ဒါက ငါ မင်းကို ကတိပေးထားတဲ့ ပစ္စည်းပဲ”
စွေ့ချင်းချန်က ဘာမှမမေးပဲ ဆေးလုံးကို သိမ်းထားလိုက်တယ်။
“ဟင် မင်းတို့နှစ်ယောက်က ဘာတွေလဲ”
ကျင်းဟောင်ရန်က နောက်တစ်ကြိမ် သေကြောင်းကြံနေပါပြီ။ သူက လင်းဟန်နဲ့ စွေ့ချင်းချန်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး သူ့အမူအရာမှာ သံသယတွေနဲ့ ပြည့်လာတယ်။
“မင်းတို့အကြားမှာ ဖုံးကွယ်ထားတဲ့ ဆက်ဆံရေး အမျိုးအစား တစ်ခုခု ရှိနေတာလား”
မင်းက ဘယ်လိုဆက်ဆံရေးမျိုးကို ပြောတာလဲ။
စွေ့ချင်းချန်ရဲ့ အကြည့်တွေက ချက်ချင်းပဲ စူးရှလာပြီးတော့ အားကောင်းတဲ့ သတ်ဖြတ်ခြင်း ဆန္ဒ တစ်ခု ထွက်လာတယ်။
လင်းဟန်က သက်ပြင်းချလိုက်တယ်။
“တကယ်လို့ မင်း သေကြောင်းမကြံဘူးဆိုရင် သေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့ မင်း သင်ခန်းစာ မရနိုင်သေးတာလဲ”
ကျင်းဟောင်ရန်က လင်းဟန်ကို လက်ညိုးထိုးပြီးတော့ လေးနက်တဲ့ အမူအရာတစ်ခုနဲ့ ပြောလိုက်တယ်။
“တကယ်လို့ ဘာပြဿနာမှ မရှိဘူးဆိုရင် မင်း ဘာဖြစ်လို့ ချက်ချင်း မရှင်းပြတာလဲ။ ရှင်းပြချက် တစ်ခုက ဖုံးကွယ်မှု တစ်ခုနဲ့ အတူတူပဲလို့ ပြောကြတယ်”
သူက ရင်ဘတ်ကို ထုပြီးတော့ ခြေထောက်ကို ဆောင့်လိုက်တယ်။
“မြတ်စွာဘုရား။ ငါက နတ်မိမယ် တစ်ယောက်ကို နောက်ဆုံးတော့ ချစ်ကျွမ်းဝင်ပြီးတော့ အခုတော့ ဂေါ်ဖီထုတ်ကောင်းတစ်ခုကို ဝက်တစ်ကောင်က ခိုးသွားတာကို ခံလိုက်ရပြီ”
ဒီစကားတွေက လင်းဟန်နဲ့ စွေ့ချင်းချန်ကို သတ်ဖြတ်ခြင်း ဆန္ဒ ဖြစ်လာအောင် အောင်အောင်မြင်မြင် ရန်စလိုက်တယ်။
“ငါ့ရဲ့ ဘယ်အစိတ်အပိုင်းက ဂေါ်ဖီထုတ်နဲ့ တူနေလို့လဲ”
လင်းဟန်က မေးခွန်းထုတ်လိုက်တယ်။
စွေ့ချင်းချန်က ပထမတော့ သတ်ဖြတ်ခြင်း ဆန္ဒတွေနဲ့ ပြည့်နေပေမဲ့ လင်းဟန်ရဲ့ ဒီစကားတွေကို ကြားလိုက်ရတဲ့ အချိန်မှာ သူမက မူးမေ့လုနီးပါး ဖြစ်သွားတယ်။
သောက်ကျိုးနည်း။ နင်က တကယ်ပဲ အရမ်းကို အရှက်မဲ့လွန်းတယ်။ ငါက ဒီနေရာမှာ ဝက်တစ်ကောင် ဖြစ်မသွားဘူးလား။
ဒီလိုနဲ့ လေထုက ချက်ချင်းပဲ မွန်းကျပ်လာတယ်။
“ဘယ်လိုလဲ။ မင်း မဝင်နိုင်ဘူးလား”
လင်းဟန်က မေးလိုက်တယ်။ လွန်ခဲ့တဲ့ သုံးရက်က ဒီနေရာမှာ စွေ့ချင်းချန် ရပ်နေတာကို သူ မြင်ထားခဲ့ပြီးတော့ အခုလည်း အတူတူပဲ ဖြစ်နေတယ်။
“ငါတို့ ဝင်လို့မရဘူး”
မူလရင်းမြစ်က သူ့ခေါင်းကို ခါလိုက်တယ်။
“ဒီအဆင့်က အတော်လေး ထူးခြားတယ်”
“ဘယ်လို ထူးခြားနေလို့လဲ”
လင်းဟန်က မေးလိုက်တယ်။
“နန်းတော်ရဲ့ အဓိက တံခါးကို ရှေးဟောင်း ပစ္စည်း စိတ်ဝိညာဉ် တစ်ခုက စောင့်ကြပ်ထားပြီး သူ့ဆီက အသိအမှတ်ပြုမှုကို ရမှပဲ နန်းတော်ထဲကို ဝင်နိုင်တယ်”
အသင်္ချေတာအိုက ရှင်းပြလိုက်တယ်။
“ဒါပေမဲ့ ပြဿနာက သူ့အသိအမှတ်ပြုမှုကိုရဖို့ ခွန်အား၊ နားလည်ဆင်ခြင်နိုင်တဲ့ စွမ်းရည်တွေနဲ့ မဟုတ်ဘူး။ အဲဒီအစား မင်းက မျက်လုံးထဲမှာ ကြည့်မကောင်းတဲ့ အတွက်ကြောင့်ပဲတဲ့”
“ဟင်”
လင်းဟန်က အံ့ကိုကြိတ်လိုက်တယ်။ ဒါက ထူးဆန်းပါတယ်။
“မင်းတို့ ဘယ်သူမှ မအောင်မြင်ဘူးလား”
သူက မေးလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု တွဲခိုလာခဲ့တယ်။
ဒါက တင်းရှူကို အံ့ကိုကြိတ်ပြီးတော့ မေးလိုက်စေတယ်။
“မင်းအပြုံးက ဘာအဓိပ္ပါယ်လဲ။ ငါတို့တွေက ရုပ်ဆိုးတယ်လို့ ပြောချင်တာလား”
လင်းဟန်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ ဒါက သူဆိုလိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေါ့။ သူက သူတို့ကို စနောက်တာပါ။
“တကယ်လို့ မင်း အစွမ်းရှိရင် သွားကြည့်လိုက်လေ”
တင်းရှူက ရန်စလိုက်တယ်။
လင်းဟန်က အရှေ့ကို ခြေလှမ်းကျဲကျဲ လျှောက်သွားပြီး နန်းတော်ရဲ့ ဝင်ပေါက်ဆီကို ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ပုံသဏ္ဍာန်တစ်ခု ပေါ်လာတယ်။ အဲဒါက အသက်ခြောက်ဆယ် ဝန်းကျင်ရှိတဲ့ အဘိုးကြီး တစ်ယောက် ဖြစ်တယ်။ သူ့မှာ ချွန်ထက်တဲ့ ပါးစပ်နဲ့ မျောက်နဲ့တူတဲ့ မေးရိုး ရှိပြီးတော့ သူ့ပုံပန်းသွင်ပြင်က တစ်မူထူးခြားတယ်လို့ ပြောရမယ်။
“ရှူး ရှူး ရှူး။ တကယ်လို့ မင်းက အရမ်းကို ရုပ်ဆိုးလွန်းရင် မင်းကိုယ်မင်း အရှက်လာမခွဲနဲ့”
အဘိုးကြီးက လင်းဟန်ကို မြင်လိုက်တာနဲ့ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့မျက်နှာပေါ်မှာ အထင်သေးတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။
ဖူး။
သူ့နောက်က တင်းရှူနဲ့ တခြားသူတွေက အသံထွက်အောင် ရယ်လိုက်ကြတယ်။
ဘယ်လိုလဲ။ မင်းလည်း ခံလိုက်ရပြီ မဟုတ်လား။
လင်းဟန်လည်း စိတ်ထဲကနေ ကျိတ်ပြီးတော့ လှောင်ပြောင်လိုက်တယ်။ သူက ကမ္ဘာတုန်အောင် ခန့်ညားချောမောသူလို့ သတ်မှတ်မရနိုင်ပေမဲ့ ခန့်ညားတဲ့ ယောက်ျား တစ်ယောက်လို့ သတ်မှတ် နိုင်ပါတယ်။ ပစ္စည်းဝိညာဉ် လှုပ်ရှားလိုက်တာနဲ့ သေစေနိုင်တဲ့ လက်နက်တစ်ခု နှိုးထလာပြီး သူ့ကို သေလောက်တဲ့ ရိုက်ချက်တစ်ခု ပေးလိမ့်မယ်။
ဟင်။
လင်းဟန်က ရုတ်တရက် အဘိုးကြီးရဲ့ ပါးစပ်ချွန်ချွန်နဲ့ မျောက်နဲ့တူတဲ့ ပါးပုံစံက အရမ်းကို ရင်းနှီးနေသလို သတိရလိုက်မိတယ်။
အစ်ကိုမျောက်လား။
တကယ်ပဲ ဒီအဘိုးကြီးက လူသားအသွင်သဏ္ဍာန် ရှိပေမဲ့ ရှုထောင့်တစ်ခုကနေဆို သူက မျောက်တစ်ကောင်နဲ့ ပိုတူပြီးတော့ အမွှေးနဲ့ အမြီး မရှိတာပဲ ရှိပါတယ်။
လင်းဟန်က ချာခနဲလှည့်ကာ အစ်ကိုမျောက်အဖြစ် အသွင်ပြောင်းလိုက်တယ်။
တင်းရှူနဲ့ တခြားသူတွေက ဒါကိုမြင်တော့ သူတို့ခေါင်းတွေကို ခါလိုက်ကြတယ်။
အဘိုးကြီးက မျောက်တစ်ကောင်နဲ့ တူတယ်ဆိုတာကို သူတို့တွေ ဘယ်လိုလုပ် မမြင်ပဲ နေမှာလဲ။ ဒါကြောင့် သူ့စိတ်နဲ့ ကိုက်ညီဖို့ သူတို့တွေက မျောက်တွေအဖြစ်ကို အသွင်ပြောင်းလဲခဲ့ ပြီးပါပြီ။ ဒါပေမဲ့ ဘာလုပ်လို့ ရမှာလဲ။ သူတို့တွေက ဘယ်လောက်ပဲ မျောက်နဲ့တူတူ သူတို့အားလုံး အဘိုးကြီးရဲ့ ရုပ်ဆိုးတယ်လို့ သတ်မှတ်ခြင်းကို ခံခဲ့ရတယ်။
ဒါက အသုံးမဝင်ဘူး။
လင်းဟန်က ချာခနဲလှည့်ပြီးတော့ အဘိုးကြီးကို တစ်ချက်ပြုံးကာ ပြောလိုက်တယ်။
“တကယ်လို့ ဒီလိုပုံစံဆိုရင်ရော ကျုပ်က ခန့်ညားချောမော မသွားဘူးလား”
“ခန့်ညားတာပေါ့။ မင်းက ကမ္ဘာတုန်လောက်အောင် ခန့်ညားတယ်”
အဘိုးကြီးက ရေရွတ်လိုက်ပြီး သူ့မျက်နှာက ကြယ်တွေနဲ့ ပြည့်နေတယ်။
“ဒီကမ္ဘာကြီးထဲမှာ တကယ်ပဲ ဒီလိုမျိုး ခန့်ညားချောမောတဲ့ လူတစ်ယောက် ရှိနေတာပဲ။ မင်းက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကောင်းချီးပေးခြင်းကို ခံရပြီး မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လှပမှုကို ဖော်ပြနေတယ်”
မင်းမေကြီးတော်။
တင်းရှူနဲ့ တခြားသူတွေ အားလုံး ဘုတ်ခနဲ လဲကျလုနီးပါး ဖြစ်သွားတယ်။ သူတို့အားလုံး စောစောက ရယ်မောလိုက်ကြပေမဲ့ အခုချိန်မှာ အံ့အားသင့် သွားခဲ့ကြတယ်။
လဗြွတ်။ လင်းဟန်က မျောက်တစ်ကောင်အဖြစ် ဟန်ဆောင်တဲ့ အချိန်ကျတော့ ဘာကြောင့် ခန့်ညားချောမော သွားရပြီး သူတို့ကျတော့ ရုပ်ဆိုးရတာလဲ။
ဒါက အဓိပ္ပါယ် မရှိဘူး။ အဓိပ္ပါယ် မရှိဘူူး။
အဲဒီအချိန် လင်းဟန်က စိတ်ထဲကနေ ကျိတ်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။ အစ်ကိုမျောက်က တိုက်ပွဲသူတော်စင် ဧကရာဇ်ရဲ့ မျိုးဆက်တစ်ယောက် ဖြစ်ပြီးတော့ အခန့်ညားဆုံး မျောက်နဲ့ ပတ်သက်ရင် သေချာပေါက် တိုက်ပွဲသူတော်စင် ဧကရာဇ် ဖြစ်တယ်။ ဒါကြောင့် တကယ်လို့ သူက အစ်ကိုမျောက် ပုံစံ တုပလိုက်ရင် စမ်းသပ်မှုကို အောင်မြင်ဖို့ ကိုးဆယ်ရာခိုင်နှုန်း ရှိပါတယ်။
အမှန်တရားက ဒီလိုပါ။
အစ်ကိုမျောက်ရေ ကျေးဇူးပဲ။
လင်းဟန်က အသာလေး ပြုံးပြီးတော့ ချာခနဲလှည့်ကာ တင်းရှူနဲ့ တခြားလူတွေကို မျက်စ ပစ်ပြလိုက်တယ်။ အဲဒီနောက် သူက နန်းတော်ထဲကို ဝင်သွားပါတယ်။
တင်းရှူနဲ့ တခြားသူတွေက ဒါကိုမြင်တော့ အားလုံး ဒေါသထွက်လာတယ်။ သေချာတယ်။ ရုပ်ဆိုးတဲ့ လူတွေကို ဝင်ရောက်တာ တားဆီးခံရပါလိမ့်မယ်။
သူတို့တွေက မကျေနပ်ကြဘူး။ သူတို့လည်း အစ်ကိုမျောက်ပုံစံ ပြောင်းလဲပြီးတော့ အရှေ့ကို လျှောက်လာတယ်။
“မရဘူး မရဘူး။ မင်းတို့အားလုံး အခုဆို ခန့်ညားချောမောလာကြတယ် ဆိုပေမဲ့ ပထမလူ ဝင်သွားပြီ။ မင်းတို့အားလုံး တစ်ရက် စောင့်ရမယ်”
အဘိုးကြီးက သူတို့ကို တားလိုက်တယ်။
တစ်ရက်တောင် စောင့်ရမယ် ဟုတ်လား။
တင်းရှူနဲ့ တခြားသူတွေ အားလုံးက သက်ပြင်းချလိုက်တယ်။ နန်းတော်ထဲမှာ ရတနာတွေ ဘယ်လောက်များများ လင်းဟန်က သေချာပေါက် အားလုံး ယူသွားလိမ့်မယ်။
Chapter 4485 end
*****