← Chapters

အခန်း (၄၄၈၆-၄၄၉၀)

Vol. 224 Ch. 4486-4490

အခန်း (၄၄၈၆-၄၄၉၀)

Vol. 224 Ch. 4486-4490

အပိုင်း (၄၄၈၆) ရွှေရောင်မျိုးဆက် ပြိုင်ပွဲမှ ထွက်ခွာရခြင်း

အဲဒီအချိန်မှာ နောက်ထပ် လူ ရောက်လာခဲ့တယ်။

ယန်ရီဟွမ်၊ ဖန်မြောင်လင်းနဲ့ ဟဲလျှိုတို့က မတူညီတဲ့ အရပ်မျက်နှာတွေကနေ လာကြပေမဲ့ သူတို့က တချိန်တည်း ရောက်လာခဲ့တယ်။

“ဟင် လင်းဟန် ဘယ်မှာလဲ”

သူတို့က မျက်စိတစ်ချက် ဝှေ့ကြည့်လိုက်ပြီး ချက်ချင်းပဲ မေးလိုက်တယ်။

သူတို့အမြင်မှာတော့ လင်းဟန်က သူတို့ရဲ့ အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်ပါတယ်။ ဒါကြောင့် လင်းဟန်ကို သူတို့တွေ မမြင်ရတဲ့ အချိန်မှာ သူတို့ရဲ့နှလုံးသား တဒိတ်ဒိတ် ခုန်သွားကြတယ်။

တင်းရှူနဲ့ တခြားသူတွေ အားလုံးက နန်းတော်ဆီကို လက်ညိုးထိုး ပြလိုက်တယ်။

ထင်ထားတဲ့ အတိုင်းပဲ။

ယန်ရီဟွမ်နဲ့ တခြားသူတွေ အားလုံး သက်ပြင်းချလိုက်တယ်။ သူတို့က ကြီးမြတ်သော အရှင်သခင် အဆင့်ကို ချိုးဖျက်တက်ရောက်ဖို့ အချိန်တချို့ သုံးခဲ့ရပေမဲ့ နောက်ဆုံးမှာ သူတို့တွေ အကောင်းဆုံး ကြိုးစားခဲ့တာတောင် လင်းဟန်ကို လိုက်မမီနိုင်သေးဘူး။

ဟင်။

အဝေးက ကောင်းကင်မှာ လူတော်တော်များများက လက်ရှိမှာ အပြေးအလွှား လာနေကြတယ်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်။ စုစုပေါင်း အယောက်သုံးဆယ်ခန့် ရှိပါတယ်။

အင်ပါယာသားတော်မင်၊ အင်ပါယာသားတော်ထိုက်၊ ရွှေရောင်မျိုးဆက်တွေနဲ့ ငွေရောင်မျိုးဆက် အနည်းငယ် ဖြစ်တယ်။

မကြာခင် သူတို့တွေ ရောက်လာပြီး ယန်ရီဟွမ်၊ တင်းရှူနဲ့ တခြားသူတွေကို သူတို့တွေက တစ်ချက်ဝှေ့ကြည့်ရင်း သူတို့ရဲ့ ခန္ဓာကိုယ်တွေကနေ သတ်ဖြတ်ခြင်း ဆန္ဒတွေ စိမ့်ထွက်လာခဲ့ ကြတယ်။

ဒီလူတွေက အရမ်းကို တမူထူးခြားပြီး အင်ပါယာသားတော်တွေကို လေးနက်တဲ့ ခြိမ်းခြောက်မှု တစ်ခုကို ပိုင်ဆိုင်ထားကြတယ်။ တကယ်လို့ သူတို့ကို မသတ်ဘူးဆိုရင် အင်ပါယာ ပလ္လင်က အင်ပါယာသားတော်တွေနဲ့ ဘာမှသက်ဆိုင်တော့မှာ မဟုတ်ဘူး။

အချိန်ကိုက်ပဲ။ ဒါက လျှို့ဝှက်ဆန်းကြယ်ဘုံ တစ်ခု ဖြစ်ပြီးတော့ အင်ပါယာ လမ်းကြောင်းမှာ သေဆုံးသွားတဲ့ လူတွေက တကယ်ပဲ အရမ်းကို များပြားလွန်းတာကြောင့် တကယ်လို့ သူတို့ကို သတ်ပစ်လိုက်ရင်တောင် ဘာဖြစ်မှာလဲ။

ဒါက ရှားပါးတဲ့ အခွင့်အလမ်း တစ်ခု ဖြစ်တာကြောင့် သူတို့တွေ သေချာပေါက် လွဲချော်လို့ မဖြစ်ဘူး။

“အရမ်းကောင်းတယ်။ မင်းတို့အားလုံး ဒီနေရာမှာ ရှိနေတာပဲ”

အင်ပါယာသားတော်မင်က ခက်ထန်စွာ ပြောလိုက်ပြီး သူ့မျက်လုံးတွေက အရောင်တလက်လက် တောက်ပလို့ နေတယ်။

ယန်ရီဟွမ်နဲ့ တခြားသူတွေ အနောက်မှာ ဧကရာဇ် တစ်ပိုင်းအဆင့် တစ်ယောက် ရပ်တည်နေတယ်လို့ သံသယ ရှိနေရင်တောင် သူတို့က အထင်သေးနေကြဆဲ ဖြစ်ပါတယ်။ ဒါက အင်ပါယာ ကလန်တွေရဲ့ မာန်မာန ဖြစ်ပါတယ်။ မဟုတ်ရင် တကယ်လို့ မင်းတို့က ဧကရာဇ် တစ်ပိုင်း တစ်ယောက် ဖြစ်နေရင်တောင် ဘာဖြစ်လဲ။

ဧကရာဇ် တစ်ပိုင်း တစ်ယောက်က အင်ပါယာလက်နက် တစ်ခုကို သွန်းလုပ်နိုင်ခြင်း မရှိပါဘူး။ ဒါမှမဟုတ် အင်ပါယာ အမိန့်စာလိပ်ကို မဖန်တီးနိုင်ဘူး။ သူတို့က အချိန်တော်တော်ကြာအောင် တောက်ပနိုင်တာပဲ ရှိပါတယ်။ ဘယ်လိုလုပ်ပြီးတော့ အင်ပါယာ ကလန်တွေရဲ့ ထာဝရ အောင်မြင်မှုကို ယှဉ်နိုင်မှာလဲ။

“အဲဒီတော့ ဘာဖြစ်လဲ”

ဟဲလျှိုက တည်ငြိမ်စွာ မေးလိုက်တယ်။

“မင်းတို့တွေ အတူတူ ရှိနေတယ်ဆိုတော့ ငါတို့က မင်းတို့အားလုံးကို တစ်ခါတည်း သတ်ပစ်နိုင်တော့ အချိန်လည်း မကုန်တော့ဘူးပေါ့”

အင်ပါယာသားတော် ထိုက်က ပြောလိုက်တယ်။

“အိုး”

ယန်ရီဟွမ်က သူ့ခေါင်းကို ခါလိုက်မိပြီးတော့ ပြောတယ်။

“မင်းတို့ မျိုးဆက်ရဲ့ အင်ပါယာသားတော်တွေက စွမ်းရည်များများစားစား မရှိဘူးလို့ ငါတွေးနေတာ။ ဒါပေမဲ့ အခု ကြည့်ရတာတော့ မင်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတောင် အရမ်းကို အားနည်းနေတာပဲ။ အားနည်းတဲ့ ပြိုင်ဘက်တွေကို ရှင်းပစ်လိုက်ရုံနဲ့ အင်ပါယာ ပလ္လင်ကို မင်းတို့တွေ ပိုင်နိုင်မယ်လို့ စဉ်းစားနေတာလား။ မင်းတို့ကောင်တွေက တကယ်ပဲ အရမ်းကို တုံးအလွန်းတယ်”

“အသန်မာဆုံး ယှဉ်ပြိုင်မှုကပဲ ဧကရာဇ်ရဲ့ နေရာကို တည်ဆောက်နိုင်တာ”

အင်ပါယာသားတော်မင်က အေးစက်စွာ ပြက်ရယ်ပြုလိုက်တယ်။

“မင်းက စကားအများကြီး ပြောလွန်းတယ်။ ငါ မင်းနဲ့ အရင်ဆုံး စလိုက်မယ်”

သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ယန်ရီဟွမ်ကို ဖမ်းဆွဲလိုက်တယ်။

ဝုန်း။ ဧရာမ လက်ကြီး တစ်ဖက် ဆန့်ထွက်လာပြီး မိုးကောင်းကင်ကို ဖုံးလွှမ်းကာ နေကို ဖုံးအုပ် သွားခဲ့တယ်။ စည်းမျဉ်းဥပဒေ စွမ်းအားတွေ ပေါ်လာပြီးတော့ မယုံနိုင်အောင် ကြောက်စရာ ကောင်းနေပါတယ်။

ယန်ရီဟွမ်က မကြောက်ပါဘူး။ သူ့မျက်လုံးတွေက အနည်းငယ် ပြူးလာပြီး သူ့လက်ထဲကို နတ်ဘုရား လက်နက်နှစ်ခု ကျလာကာ အင်ပါယာသားတော်မင်ကို ခုတ်ချလိုက်တယ်။

ဒီနတ်ဘုရားလက်နက် နှစ်ခုကို စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့ သွန်းလုပ်ထားတာ ဖြစ်ပြီးတော့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ရဲ့ စွမ်းအားနဲ့ အတူ ပေါင်းစည်း ထားခဲ့တယ်။ ချက်ချင်းပဲ သူတို့က ဧရာမ ဓားကြီး အဖြစ်ကို ပြောင်းလဲသွားတယ်။ ဓားနှစ်လက် ခုတ်ပိုင်းလာပြီး ဧရာမ လက်ဝါးကြီးကို ချက်ချင်းပဲ သုံးပိုင်း ခုတ်ဖြတ်လိုက်တယ်။ စည်းမျဉ်းဥပဒေ စွမ်းအားတွေလည်း အပိုင်းပိုင်း ပြတ်သွားပါတယ်။

ဟင်။ အမ်။ ဟာ။

လူတိုင်းက အံ့အားသင့် သွားပြီးတော့ တင်းရှူအပါအဝင် တခြားသူတွေလည်း အံ့သြကုန်တယ်။

လဗြွတ်။ ယန်ရီဟွမ်က ဘယ်လိုလုပ် ရုတ်တရက် အရမ်းကို အစွမ်းထက်လာရတာလဲ။

အရင်တုန်းက သူဟာ ကြယ်လေးပွင့် ဒါမှမဟုတ် ကြယ်ငါးပွင့် ဂိုဏ်းအရှင်သခင် အဆင့်တစ်ယောက်ပဲ ဖြစ်ပြီးတော့ ဘာကြောင့် ရုတ်တရက်ကြီး ကြီးမြတ်သော အရှင်သခင် အဆင့် တိုက်ပွဲစွမ်းရည်ကို ပေါက်ကွဲလာခဲ့တာလဲ။

“ကြီးမြတ်သော အရှင်သခင် အဆင့်”

“သူက တကယ့်ကို ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ပဲ”

“ဒီလိုမျိုး အချိန်တိုတိုလေး အတွင်းမှာ သူက ဘယ်လိုလုပ်ပြီး ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တစ်ယောက် ဖြစ်သွားတာလဲ”

ဒါက လူတိုင်းကို လုံး၀ အံ့အားသင့် သွားစေခဲ့တယ်။ ဒါဟာ ကျင့်ကြံခြင်းရဲ့ သံမဏိ စည်းကမ်းတွေကို လုံးဝကို ဆန့်ကျင်နေတယ်။ နတ်ဘုရားဆေးပင်က ဘယ်လောက်ပဲ အံ့သြဖွယ်ရြ ကောင်းနေပါစေ ဒီလောက်ထိတော့ အံ့သြစရာ မကောင်းသင့်ဘူး။

ဖန်မြောင်လင်းနဲ့ ဟဲလျှိုတို့ အမူအရာတွေကပဲ တည်ငြိမ်နေတယ်။ ယန်ရီဟွမ်က ကြီးမြတ်သော အရှင်သခင်အဆင့်ကို မရေမတွက်နိုင်အောင် ရောက်ခဲ့ပြီးသား ဆိုတာကို သူတို့တွေ သိထားကြတယ်။ ဒါပေါမဲ့လည်း သူ့ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်ကို ဖြတ်တောက်ပစ်ပြီး နောက်တစ်ကြိမ် အစကနေ စတင်ခဲ့တယ်။ ဒါကြောင့် သူ့အတွက်တော့ အခုချိန်မှာ အထွတ်အထိပ် အဆင့်ကို ပြန်ရောက်ဖို့က အရမ်းကို လွယ်ကူနေပါလိမ့်မယ်။

ယန်ရီဟွမ်ပဲ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်လည်း အတူတူပါပဲ။ နောက်ပြီး သူတို့တွေက ကြီးမြတ်သော အရှင်သခင် အဆင့်ကို ပြန်ရောက်နေကြပါပြီ။

တကယ်တမ်းမှာ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့် နိမ့်လေ သူတို့တွေ အင်ပါယာ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် သူတို့ရဲ့ အကျိုးအမြတ်က ကြီးမားပါလိမ့်မယ်။ ဒါက သူတို့တွေရဲ့ အတွေ့အကြုံ အများအပြားကနေ သုံးသပ်ထားတဲ့ အရာဖြစ်ပေမဲ့ ဒီတစ်ကြိမ် လင်းဟန်ကြောင့် သူတို့တွေဟာ ထောင့်ကို တွန်းပို့ခံရပြီး အချိန်မတိုင်ခင် အဆင့်တက်ရုံပဲ တတ်နိုင်တော့တယ်။

ယန်ရီဟွမ်က အသာလေး ပြုံးပြီးတော့ ပြောလိုက်တယ်။

“အခု မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို သုံးပြီးတော့ တခြားသူတွေကို ဖိနှိပ်ချင်နေသေးလား”

သူက ပြေးထွက်လာပြီး အင်ပါယာသားတော်မင်ကို တန်ပြန်တိုက်ခိုက်မှု တစ်ခု ထုတ်ဖော် လိုက်တယ်။

“အခု မင်းရဲ့လုပ်ရပ် အကျိုးဆက်ကို ပြန်ခံစားစေရမယ်”

ဝုန်း။ သူက လက်ဝါးနှစ်ဖက်ကို ရိုက်ထုတ်လိုက်ပြီး တိုက်ခိုက်မှု ထုတ်ဖော်လိုက်ရင်း ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကိုးခု ရှိနေတယ်။

အင်ပါယာသားတော်မင်က ဒါကြောင့် အံ့အားသင့် သွားခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ သူလည်း ယန်ရီဟွမ်လို ကြယ်နှစ်ပွင့် ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူက တိုက်ခိုက်မှု တစ်ခုတည်းနဲ့ ကြယ်ခုနှစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား ရှစ်ခုကို ထုတ်ဖော်နိုင်ပါတယ်။

ဒါက ချက်ချင်း စွမ်းအင်တစ်ခု ဖြစ်ပြီးတော့ လူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံ ခွန်အားအပေါ် မူတည်တယ်။

စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခုပဲ ပိုတယ်ဆိုရင်တောင ်ဒါဟာ ကြယ်တစ်ပွင့် ကွာခြားချက် တစ်ခု ဖြစ်တယ်။

ဂိုဏ်းအရှင်သခင်အဆင့်ကနေ စပြီးတော့ ကြယ်တစ်ပွင့် ကွာခြားချက်က မိုးနဲ့မြေလို ကွာဟချက်နဲ့ တူပါတယ်။

အင်ပါယာသားတော်မင်က ပြေးထွက်လာရင်းနဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။

အင်ပါယာသားတော် တစ်ယောက် အနေနဲ့ ရွှေရောင်မျိုးဆက်ရဲ့ အလံကို လွှင့်ထူရင်း သူက တိုက်ပွဲမှာ သရဲဘောကြောင်စရာ အကြောင်း မရှိပါဘူး။

သူက အိပ်မက်မက်နေဆဲ ဖြစ်ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအားမှာ သူ့ရဲ့ အားနည်းချက် အတွက် ဖာထေးဖို့ အင်ပါယာ စာလိပ်ကို အားကိုးနိုင်တယ်။ ဒါပေမဲ့လည်း သူတို့တွေ တိုက်ကွက် ဖလှယ်တဲ့ အချိန်မှာ သူ့ပြိုင်ဘက်က သူ့ထက် သန်မာနေတာကို တွေ့လိုက်ရတယ်။

သောက်ကျိုးနည်း။ မင်းလည်း အင်ပါယာစာလိပ်ကို ကျင့်ကြံအားထုတ်ထားတာ ဖြစ်နိုင်မလား။

မဟုတ်ရင် တစ်ဖက်လူရဲ့ စွမ်းအားက သူ့ထက် သန်မာနေတာကို ရှင်းပြလို့ မရနိုင်ပါဘူး။ ဒီစွမ်းအားက မယုံနိုင်အောင် သန့်စင်ပြီးတော့ အင်ပါယာစာလိပ်ကို ကျင့်ကြံအားထုတ်ထားမှပဲ ရရှိနိုင်တယ်။

ဒီ အင်ပါယာစာလိပ် ဆိုတာဟာ အင်ပါယာကလန် တစ်ခုရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။ တခြားသူတွေကို သင်မပေးတဲ့ လျှို့ဝှက်ချက် တစ်ခု ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အင်ပါယာ လက်နက်ကို ထိန်းချုပ်မှု ပါဝင်နေလို့ ဖြစ်ပါတယ်။ ဘယ်အင်ပါယာကလန်က တခြားလူ တစ်ယောက်ကို အင်ပါယာစာလိပ် သင်ကြားပေးရဲမှာလဲ။ အင်ပါယာကလန်တွေ အကြားမှာတောင် အင်ပါယာစာလိပ်ကို ကျင့်ကြံအားထုတ်နိုင်တဲ့ လူက အရမ်းကို နည်းလွန်းတယ်။

လင်းဟန်က အင်ပါယာစာလိပ်ကို ကျင့်ကြံအားထုတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကောင်းကင်တက်လျမ်းခြင်း မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိထားခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယန်ရီဟွမ်က ဘာကို အားကိုးထားလဲ။

သူ့နောက်မှာ ရပ်နေတာက ဧကရာဇ် တစ်ပိုင်းအဆင့် တစ်ယောက် မဟုတ်ဘူးလား။

ဧကရာဇ် တစ်ပိုင်းအဆင့် တစ်ယောက်က ဘယ်လိုလုပ် အင်ပါယာစာလိပ် တစ်ခုကို ဖန်တီးနိုင်မှာလဲ။

ဒါဟာ မဟာဧကရာဇ်ရဲ့ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကောင်းချီးပေးခြင်း စုစည်းမှု ဖြစ်ပါတယ်။ မဟာဧကရာဇ် တစ်ယောက်ပဲ ဒါကို ဖန်တီးနိုင်ပြီး မျိုးဆက်တွေကို လက်ဆင့်ကမ်း ပေးနိုင်တာပါ။

ဝုန်း ဝုန်း ဝုန်း။

သူတို့နှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်ေ်နခဲ့တယ်။ တိုက်ကွက် တစ်ဒါဇင်ကျော်ပြီးတဲ့ အချိန်မှာ အင်ပါယာသားတော်မင်က အရေးနိမ့်လာတာကို တွေ့မြင်နိုင်ပါတယ်။

ဒါက လူတိုင်းကို သက်ပြင်းချသွားစေခဲ့တယ်။ ရွှေရောင်မျိုးဆက်က တကယ့်ကို အပြင်းအထန် ရိုက်ခတ် ခံရတော့မယ်။

ပထမ အစ်ကိုမျောက်က ဘယ်နေရာကမှန်းမသိ ပေါ်လာခဲ့ပြီး သူတစ်ယောက်တည်းနဲ့ အင်ပါယာသားတော် သုံးယောက်ကို တိုက်ခိုက်ယှဉ်ပြိုင်ခဲ့တယ်။ ကောင်းပြီ။ အစ်ကိုမျောက်က အဲဒီအချိန်တုန်းက ကျင့်ကြံခြင်းအဆင့်မှာ အားသာချက် ရှိတယ်လို့ ပြောလို့ရတယ်။ တကယ်တော့ ကြယ်နှစ်ပွင့်နဲ့ ကြယ်တစ်ပွင့် တိုက်ခိုက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုကရော။

သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက လုံးဝကို တူညီနေပြီး ယန်ရီဟွမ်က အင်ပါယာသားတော်မင်ကို အတင်းအကျပ် ဖိနှိပ်ထားခဲ့တယ်။ သူက တခြားဘာများ ပြောနိုင်မှာလဲ။

ရွှေရောင်မျိုးဆက်က တကယ့်ကို စင်မြင့်ထက်ကနေ မကျေမနပ်နဲ့ ထွက်ခွာရတော့မယ်။

“မဟုတ်ဘူး”

အင်ပါယာသားတော်မင်က ကြုံးဝါးလိုက်တယ်။ သူက ဒါကို လက်မခံနိုင်ပါဘူး။

သူက ရှေးဘိုးဘေးဘုရင် ဝမ်ထန်းရဲ့ မျိုးဆက် ဖြစ်ပြီးတော့ သူ့အနားမှာ တောက်ပနေတဲ့ ရောင်လျှံ တစ်ခုနဲ့ ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ရှေးဘိုးဘေးဘုရင် ဝမ်ထန်းနဲ့ အနီးစပ်ဆုံး လူလို့ ခေါ်ကြတယ်။ သူက အာခံနေပြီး ကျင့်ကြံခြင်း အဆင့်တူ တိုက်ပွဲတစ်ခုမှာ အရှုံးကို လက်မခံနိုင်ပဲ အထူးသဖြင့် ဒီလိုမျိုး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှု တစ်ခုမှာပေါ့။

ကျင့်ကြံခြင်း အဆင့်တူ တိုက်ပွဲတစ်ခုမှာ သူက မယှဉ်နိုင်ခဲ့ဘူး။

အင်ပါယာသားတော်တွေ အားလုံးရဲ့ အမူအရာတွေ ပြောင်းလဲသွားကာ သူတို့တွေက ဘာပြောလို့ ပြောရမှန်းမသိ ဆွံ့အကုန်တယ်။ အစွမ်းထက်ဆုံး ရွှေရောင်မျိုးဆက်လည်းဖြစ် အင်ပါယာ သားတော် အားလုံးကို အမြင့်ဆုံး ပလ္လင်ဆီကို တွန်းတင်ပေးတာနဲ့ ညီမျှတဲ့ မျိုးဆက်တောင် ရှုံးနိမ့် နေတယ်။ သူတို့အားလုံး မြေပေါ်ကို ပြင်းထန်စွာ ပြုတ်ကျတာနဲ့ အတူတူပါပဲ။

ယန်ရီဟွမ်က အစပိုင်းမှာ တည်ငြိမ်ပြီးတော့ အေးဆေးကာ ဘာကိုမှ စိတ်ထဲ မထည့်ထားတဲ့ အတိုင်းပါပဲ။ ဒါပေမဲ့လည်း အခုတော့ သူက အင်ပါယာသားတော်မင်က သူ့ကို ကြမ်းတမ်းစွာ တိုက်ခိုက်ပြီး မောင်းထုတ်ခံရတဲ့ နောက်မှာတော့ သူက ခက်ထန်တဲ့ သတ်ဖြတ်ခြင်း ဆန္ဒ တစ်ခုကို ဖော်ပြလာတယ်။ ဒီကောင်က တကယ်ပဲ သူ့ကို သတ်ဖို့ ကြိုးစားတယ်။

ဒါက လူတိုင်းကို အံ့အားသင့် သွားစေခဲ့တယ်။ ယန်ရီဟွမ်က အင်ပါယာသားတော်ကို တကယ်ပဲ သတ်ရဲလား။

ဒါပေမဲ့လည်း မျက်မြင်သက်သေတွေ အများကြီး ရှိနေပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ လူတိုင်းကို သတ်ချင်နေတာများ ဖြစ်နိုင်မလား။ မဟုတ်ရင် တကယ်လို့ မင်းအနောက်မှာ ဧကရာဇ် တစ်ပိုင်း အဆင့်တစ်ယောက် ရပ်တည်နေရင်တောင် အင်ပါယာ ကလန်တွေက ဒီကိစ္စကို ဘယ်လိုလုပ် လက်လျော့ပေးနိုင်မှာလဲ။ သူတို့က သေချာပေါက် အကြွေးတောင်းဖို့ အင်ပါယာ လက်နက်ကို ထုတ်ယူလာပါလိမ့်မယ်။

အင်ပါယာသားတော်မင်က သူ့အစွမ်းကုန် သုံးပြီးတော့ ပြန်တိုက်ခိုက်ပေမဲ့ သူက ပိုပိုပြီးတော့ အရေးနိမ့်လာခဲ့တယ်။ တကယ်လို့ ဒီအတိုင်း ဆက်သွားရင် သူ သေချာပေါက် သေလိမ့်မယ်။

သူက ဆက်ပြီးတော့ မတိုက်ခိုက်ရဲတော့ပဲ သူ့အသက် အတွက် အလျင်အမြန်ပဲ ချာခနဲလှည့်ကာ ထွက်ပြေးဖို့ ပြင်လိုက်တယ်။

Chapter 4486 end

*****

အပိုင်း (၄၄၈၇) ခရမ်းရောင် ကပ်ဘေးအစေ့

ပြောရမယ်ဆိုရင် လင်းဟန်က နန်းတော်ထဲကို ဝင်သွားပြီးတဲ့ နောက်မှာ ဒီနေရာမှာ အားကောင်းတဲ့ လေပြင်းတွေ တိုက်ခတ်နေတယ်။ သူတို့ကို ထိတွေ့လို့ မရနိုင်ပါဘူး။

ခရမ်းရောင်လေပြင်း။

ဘယ်လိုလုပ် လေမှာ အရောင် ရှိနိုင်ရတာလဲ။

လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ သူက အနီးကပ် ကြည့်လိုက်တယ်။ ဒီလေပြင်းက ဘာကြောင့် ခရမ်းရောင် ရှိနေရလဲဆိုရင် လေပြင်းထဲမှာ ခရမ်းရောင် အရာဝတ္တု အမျိုးအစား တစ်ခု ရှိနေတာကြောင့် ဖြစ်တယ်။

ဒါပေမဲ့လည်း ဒီအရာဝတ္တုကို ကြည့်ရတာ ဂတ်စ်ငွေ့ တစ်ခု ဖြစ်ပုံရပြီး အရေပြားနဲ့ ထိမှန်သွားတဲ့ အချိန်မှာ သူက ဘယ်အရာမှ မခံစားခဲ့ရဘူး။

လင်းဟန်က မျက်လုံးနည်းစနစ်ကို အသက်သွင်းပြီး ပတ်ဝန်းကျင်ကို သေချာဂရုစိုက်ကာ လေ့လာကြည့်လိုက်တယ်။

မဟုတ်ဘူး။ ဒီခရမ်းရောင် အရာဝတ္တုက အရမ်းကို သေးငယ်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပြီးတော့ ဒီမှာ အရမ်းကို များပြားတဲ့ ပမာဏ တစ်ခု ရှိတယ်။ ဒါကြောင့် လေထဲမှာ မျောလွင့်နေရင် ခရမ်းရောင် လေပြင်းတစ်ခု ပုံသဏ္ဍာန် ဖြစ်သွားလိမ့်မယ်။

ဒီအရာဝတ္တုတွေ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားတဲ့ အချိန်မှာ အရေပြားထဲကို စိမ့်ဝင်သွားပြီး တကယ်ပဲ ဖြည်းဖြည်းခြင်း စုပ်ယူသွားခဲ့တယ်။

ဟင်။

လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ ဒီခရမ်းရောင် အရာဝတ္တုက သူ့ခန္ဓာကိုယ်ထဲ ဝင်သွားပြီးတဲ့ နောက်မှာ အရေပြား အောက်မှာ ပုန်းကွယ်ပြီး ပါးလွှာတဲ့ အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။

ဒါက အရေပြား ဒုတိယ အလွှာတစ်ခု ဖြစ်သွားတဲ့ အတိုင်းပါပဲ။

လင်းဟန်က ခဏလောက် အာရုံခံကြည့်ပြီးတဲ့ နောက်မှာ ဒီခရမ်းရောင် အလွှာက အရမ်းကို ခိုင်မာတောင့်တင်းမှု ရှိတာကို ခံစားလိုက်ရတယ်။

“ဒါက ကြယ်ခြောက်ပွင့်နဲ့အထက် ဂိုဏ်းအရှင်သခင် တစ်ယောက်ရဲ့ စွမ်းအားအပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနိုင်မလား”

လင်းဟန်က တီးတိုးရေရွတ်လိုက်ပြီး သူ့မျက်လုံးတွေမှာ အံ့အားသင့်မှုတွေ ပြည့်လာခဲ့တယ်။

ပိုအရေးအကြီးဆုံးက ခရမ်းရောင် အရာဝတ္တုက သူ့ခန္ဓာကိုယ်ထဲကို အဆုံးအစမဲ့ စိမ့်ဝင်လာနေဆဲ ဖြစ်ပြီးတော့ အဲဒီအလွှာဟာ ပိုပြီးတော့ ထူထပ်လာခဲ့တယ်။

သောက်ကျိုးနည်း။ ဒီနှုန်းနဲ့ဆိုရင် ကြီးမြတ်သော အရှင်သခင်အဆင့် ဒါမှမဟုတ် သူတော်စင် အဆင့် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်စွမ်း ရှိလိမ့်မယ် မဟုတ်ဘူးလား။

ဒါဆိုရင် သူ စိတ်တိုင်းကျ လုပ်နိုင်စွမ်း ရှိလာမယ် မဟုတ်လား။

အရမ်းကို ပုံကြီးချဲ့လွန်း မနေဘူးလား။

လင်းဟန်က အရှေ့ကို လျှောက်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လေက အဆက်မပြတ် တိုက်ခတ်နေပြီး သူက ခရမ်းရောင် အရာဝတ္တုကို အဆက်မပြတ် စုပ်ယူနေပါတယ်။

သူ့အမြန်နှုန်းက အရမ်းကို လျင်မြန်ပြီးတော့ ခရမ်းရောင် အရာဝတ္တုက အဆက်မပြတ်ကို သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပြီး အဲဒီအလွှာကလည်း ပိုပြီးတော့ ထူထပ်လာခဲ့တယ်။

မဟုတ်ဘူး။ အဲဒါက ထူထပ်လာတာ မဟုတ်ပဲ သိပ်သည်းလာခဲ့တာပဲ။

ဥပမာ တကယ်လို့ လက်သည်းခွံ အရွယ်အစား ခရမ်းရောင်အရာဝတ္တု တစ်ရာ ရှိတယ်ဆိုရင် အခုက တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့ငါးဆယ် ဖြစ်လာပြီး အဆက်မပြတ် တိုးလာပါတယ်။

သူက နန်းတော်ခန်းမရဲ့ အဆုံးထိ လျှောက်လာပြီး အဲဒီနေရာမှာ ကျောက်စိမ်းစားပွဲ တစ်ခု ရှိနေတာကို မြင်လိုက်ရတယ်။ အဲဒါက အရမ်းကို ပါးလွှာပြီးတော့ အပေါ်မှာ စာလုံးတချို့ ရေးထားပါတယ်။

လင်းဟန်က သေချာဂရုစိုက်ပြီးတော့ လေ့လာလိုက်တယ်။ ဒါက ခရမ်းရောင် အရာဝတ္တု အကြောင်းကို ဖော်ပြချက် ဖြစ်ပါတယ်။

ဒါကို ခရမ်းရောင်ကပ်ဘေး အစေ့လို့ ခေါ်တယ်။ ဒါကို အပြည့်အ၀ စုပ်ယူလိုက်တဲ့ အချိန်မှာ သူ့ခံစစ်က ကြယ်ငါးပွင့်အောက်မှာရှိတဲ့ သူတော်စင် တစ်ယောက်ရဲ့ စွမ်းအား အပြည့်အ၀ တိုက်ခိုက်မှုကိုတောင် ကာကွယ်နိုင်အောင် ဖြစ်ပေါ်လာပါလိမ့်မယ်။

ဒါပေမဲ့ တိုက်ခိုက်မှု အားကို စုပ်ယူလိုက်တဲ့ အကြိမ်တိုင်း ခရမ်းရောင်ကပ်ဘေး အစေ့က သူ့အသက်အား တစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားရလိမ့်မယ်။ သူ့ရဲ့ အသက်အား အားလုံး ကုန်သွားတဲ့ အချိန်မှာတော့ သူ့အစွမ်းအာနိသင်တွေ ဆုံးရှုံးသွားပြီး ခန္ဓာကိုယ်ကနေ အလိုအလျောက် ထွက်သွား ပါလိမ့်မယ်။

သီအိုရီအရ ပြောရမယ်ဆိုရင် သူက သူတော်စင် တစ်ယောက်ဆီက တိုက်ကွက် ငါးကွက်ကို ခံနိုင်ရည် ရှိနိုင်ပါတယ်။ ဒါပေါ့။ အမြင့်ဆုံး အကန့်အသတ်က ကြယ်လေးပွင့်ကနေ ကြယ်ငါးပွင့် သူတော်စင် တစ်ယောက် ဖြစ်ရပါမယ်။ တကယ်လို့ သူက ကြယ်ကိုးပွင့် သူတော်စင် တစ်ယောက်ဆီက တိုက်ခိုက်မှု တစ်ခုကို ခံရမယ်ဆိုရင် ခရမ်းရောင် ကပ်ဘေးအစေ့က လင်းဟန်ကို ကာကွယ်ပေးနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။ သူက သေချာပေါက် သေရလိမ့်မယ်။

တကယ်လို့ ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်နေရင် သူက တိုက်ခိုက်မှု ရှစ်ဆယ်လောက်ထိ ခံနိုင်ရည် ရှိနိုင်ပြီး အမြင့်ဆုံး အကန့်အသတ်က ကြယ်ကိုးပွင့် ကြီးမြတ်သော အရှင်သခင် အဆင့် ဖြစ်ပါတယ်။

“မင်း ဒါကို အသုံးပြုဖို့ မလိုအပ်ဘူးဆိုရင် မင်းခန္ဓာကိုယ်ရဲ့ နက်ရှိုင်းတဲ့ အတွင်းဘက်မှာ သိုလှောင် ထားနိုင်တယ်။ မဟုတ်ရင် မင်း တိုက်ခိုက်တဲ့ အကြိမ်တိုင်း မင်းရဲ့ အသက်ဓာတ် တစ်စိတ် တစ်ပိုင်း ကုန်ခမ်းသွားလိမ့်မယ်။ တကယ်လို့ မင်းက ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်နဲ့ တိုက်ခိုက်ရင်တောင် ခရမ်းရောင်ကပ်ဘေး အစေ့ကို သူ့အသက်အား လုံး၀ ကုန်သွားအောင် ဖြစ်စေလိမ့်မယ်”

လင်းဟန်က သူ့ဘာသာသူ တီးတိုးရေရွတ်နေခဲ့တယ်။

နေ့တစ်ဝက် ကြာပြီးတဲ့ နောက်မှာတော့ နန်းတော်ထဲက ခရမ်းရောင် လေပြင်းတွေ တစ်ဝက်ကျော်က အားနည်းလာပြီး ခရမ်းရောင် ကပ်ဘေး အစေ့ တစ်ဝက်လောက်နီးနီးက သူ့ရဲ့ စုပ်ယူခြင်းကို ခံလိုက်တယ်။

ဒါပေမဲ့လည်း ဒါကလည်း အဆုံးစွန်ထိကို ရောက်သွားပြီး သူက နောက်ထပ် ခြေတစ်လှမ်း မလှမ်းနိုင်တော့ဘူး။

လင်းဟန်က ခရမ်းရောင်ကပ်ဘေး အစေ့ အားလုံးကို စုပ်ယူနိုင်စွမ်း မရှိတာကို အနည်းငယ် နောင်တ ခံစားနေခဲ့ရပြီး တခြားသူတွေကို အကျိုးဖြစ်ထွန်း စေပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတစ်ယောက်တည်း တစ်ဝက်ကျော်လောက်ကို ရယူထားခဲ့ပြီး တခြားသူတွေကတော့ ကျန်တာကို ဝေမျှရုံပဲ တတ်နိုင်ပါတယ်။ သူတို့အကြားက ကွာဟချက်ဟာ နည်းနည်းလေးပဲ မဟုတ်ဘူး။

ဒီအတွေးနဲ့ သူ့စိတ်ထဲက အတွေးတွေ ရှင်းသွားခဲ့တယ်။

လင်းဟန်က ခဏလောက် ဟိုဟိုဒီဒီ ရှာဖွေခဲ့တယ်။ ဒီနေရာမှာ လူတစ်ယောက်ကို ထွက်သွားလို့ ရနိုင်တဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု ရှိနေတယ်။

သူ ထွက်လာခဲ့တယ်။

တုံ့ဆိုင်းခြင်း မရှိပဲ သူက ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပါတယ်။

လေဟာနယ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်က ချက်ချင်း ပြောင်းသွားတယ်။

လင်းဟန်က နောက်တစ်ကြိမ် ကြည့်လိုက်တော့ သူက ရေခဲပြင် တစ်ခုကို ရောက်နေပါပြီ။ အအေးလှိုင်း တစ်ခုက သူ့ဆီကို ရိုက်ခတ်လာပြီး သူ့ကို တဆတ်ဆတ် တုန်သွားစေတယ်။

“လဗြွတ်။ ဘာဖြစ်လို့ အရမ်းကို အေးနေတာလဲ”

လင်းဟန်က အံ့ကိုကြိတ်လိုက်ပြီး အအေးဓာတ်က သူ့အရိုးတွေထဲထိ စိမ့်ဝင်လာခဲ့တယ်။

သူက ရှေ့ကို ခြေတစ်လှမ်းတိုး လိုက်ပြီး သူ လှုပ်ရှားလိုက်တာနဲ့ အအေးဓာတ်က ပိုပြီးတော့တောင် အားကောင်းလာတယ်။ လေထုက ဓားတွေ အဖြစ်ကို ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ထိုးခုတ်နေတဲ့ အတိုင်းပါပဲ။ သူ့အဝတ်အစားတွေက အအေးဓာတ် စိမ့်ဝင်လာတာကို နည်းနည်းလေးမှ မကာကွယ်နိုင်ပါဘူး။

“ဒီနေရာမှာတော့ ခရမ်းရောင် ကပ်ဘေး အစေ့တွေကို ငါ သုံးလို့ ဖြစ်ပါ့မလား”

လင်းဟန်က တွေးလိုက်တယ်။

အတွေးတစ်ချက်နဲ့ သူက သူတော်စင်အဆင့် တုတ်ကို ထုတ်လိုက်ပြီး အတွင်းက ပုလဲလုံးကို အသက်သွင်း လိုက်တယ်။ ချက်ချင်းပဲ သူ့ကို အလင်းဒိုင်းကာ တစ်ခုက ဖုံးလွှမ်း သွားခဲ့တယ်။

လေပြင်း တိုက်ခတ်လာပေမဲ့ ဒါကို မထိုးဖောက်နိုင်ခဲ့ဘူး။

ဟားဟား အလုပ်ဖြစ်တယ်။

လင်းဟန်က ခေါင်းညိတ်ပြီးတော့ သူ့ညာလက်ထဲက တုတ်ကို မြှောက်ပြီးတော့ အရှေ့ကို လျှောက်လာခဲ့တယ်။

နေ့တစ်ဝက်လောက် လျှောက်လာပြီးတဲ့ နောက်မှာတော့ အပူချိန်က တကယ်ပဲ တိုးလာတာကို တွေ့လိုက်ရတယ်။ အရမ်းကို အေးနေသေးပေမဲ့ သဘာ၀ ရတနာရဲ့ အကာအကွယ် မရှိရင်တောင် သူက လုံး၀ မကြောက်တော့ပါဘူး။

ထားလိုက်တော့ ဘာပဲဖြစ်ဖြစ် ငါ့မှာ င့ါကို ကာကွယ်ပေးမဲ့ ရတနာ တစ်ခု ရှိနေမှတော့ စည်းကမ်းတွေကို လိုက်နာသင့်လား။

ခဏလောက် လျှောက်ပြီးတဲ့ နောက်မှာတော့ သူက လတ်ဆတ်မွှေးကြိုင်တဲ့ ရနံ့တစ်ခုကို ရလိုက်တယ်။

သူက နှာခေါင်းကို ရှုံ့လိုက်ပြီး မွှေးရနံ့ အနောက်ကို အလျင်အမြန် လိုက်လာကာ မကြာခင်မှာ လိုဏ်ဂူ တစ်ခုကို ရှာတွေ့သွားခဲ့တယ်။

လိုဏ်ဂူက မနက်ရှိုင်းပါဘူး။ ခြေလှမ်းအနည်းငယ် လှမ်းပြီးတော့ ဝင်လိုက်တာနဲ့ အဆုံးကို ရောက်လာခဲ့တယ်။ မြေပေါ်မှာ တွင်းတစ်ခု ရှိနေပြီး နို့နှစ်ရောင် အရည်တွေနဲ့ ပြည့်နေတယ်။ အဲဒီကနေ လတ်ဆတ်မွှေးကြိုင်တဲ့ မွှေးရနံ့ တစ်ခု ထွက်ပေါ်လာတာ ဖြစ်တယ်။

“ဒါက ဘာစိတ်ဝိညာဉ်နို့လဲ”

“အင်း အရင်ဆုံး မြည်းစမ်းကြည့်မယ်”

လင်းဟန်က တစ်ငုံလောက် စုပ်လိုက်ပြီး ချက်ချင်း သူ့ခန္ဓာကိုယ်က နွေးထွေးလာတာကို ခံစားရကာ သူ့အသက်ဓာတ်က ပြင်းထန်စွာ တောက်လောင်လာခဲ့တယ်။

“ဒါက လူတစ်ယောက်ရဲ့ အသက်အားကို လှုံ့ဆော်ပြီး အားကောင်းသန်မာလာစေတဲ့ ရတနာ အရည်ပဲ”

သူ့မျက်နှာပေါ်မှာ ဝမ်းသာအားရတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်။

ဒါဟာ ကြီးမားတဲ့ အကျိုးအမြတ်ပဲ။

သူက အခုအရမ်းကို ငယ်ရွယ်ပြီး အသက်ဓာတ်တွေ အားမာန်တွေနဲ့ ပြည့်ဝနေပေမဲ့ လူတချို့ဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကျင့်ကြံခြင်းအဆင့်တစ်ခုမှာ တစ်ဆို့နေတတ်ကြတယ်။ သူတို့တွေမှာ အဆင့်တက်ဖို့ မျှော်လင့်ချက်တွေ ရှိပေမဲ့ သူတို့မှာ လုံလောက်တဲ့ အားအင်တွေ မရှိတာကြောင့် သူတို့အသက်ဓာတ်က လျော့ကျလာပြီး သူတို့တွေကို အဆင့်တက်နိုင်စွမ်း မရှိတဲ့ အဖြစ်ကို ဦးတည်လာပါတယ်။ မဟုတ်ရင် သူတို့ရဲ့ အသက်အားက အလကား လောင်ကျွမ်းပြီး တန်းသေသွားပါလိမ့်မယ်။

ဒါကြောင့် ဒီလိုမျိုး ရတနာအရည်ကို ကျင့်ကြံခြင်း အတားအဆီးမှာ တစ်ဆို့နေတဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးတွေကို ရောင်းချမယ်ဆိုရင် ဒီအတွက် တန်ရာတန်ဖိုး ကြီးကြီးမားမား တစ်ခု ပေးဖို့ ဆန္ဒရှိတဲ့ လူတွေ အများကြီး ရှိမယ်ဆိုတာ ယုံကြည်ပါတယ်။

သူက ရတနာ အရည်တွေကို ကျောက်စိမ်းပုလင်း တစ်လုံးထဲကို ဂရုတစ်စိုက် ထည့်လိုက်ပြီး အဲဒီအချိန် လိုဏ်ဂူရဲ့ အပေါ်ဘက် နံရံပေါ်ကနေ အရည်တစ်စက် ကျလာခဲ့တယ်။

လင်းဟန်က အလျင်အမြန်ပဲ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီးတော့ အဲဒါကို ဖမ်းယူလိုက်ပြီး ဒီအရည်စက်ကိုလည်း သိမ်းဆည်းလိုက်တယ်။

အင်း။ ဒီရတနာအရည်စက်က မြေအောက်ကနေ စိမ့်ထွက်လာတာ မဟုတ်ပဲ အပေါ်ကနေ ကျလာတာပဲ။

လင်းဟန် မော့ကြည့်လိုက်တော့ လိုဏ်ဂူနံရံတွေက အနည်းငယ် စိုစွတ်နေတာကိုပဲ မြင်ရတယ်။ ရတနာ အရည်တစ်စက်က ဖြည်းဖြည်းခြင်း ဖြစ်တည်လာခဲ့တယ်။

“ဒါကို ကြည့်ရတာ အရည်တစ်စက် ဖြစ်ဖို့ နေ့တစ်ဝက်လောက် အချိန်ယူရလိမ့်မယ်”

သူက တူးထုတ်ပြီး ရတနာ အရည်စက်ရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ ကြိုးစားကြည့်ပေမဲ့ မအောင်မြင်ခဲ့ဘူး။

ကျောက်နံရံက အရမ်းကို ခိုင်ခံပြီး ဖျက်ဆီးခြင်း စွမ်းအင်ကို သုံးလိုက်တဲ့ အချိန်မှာ အရမ်းကို အန္တရာယ်များတဲ့ ဖိအားတစ်ခုကို ခံစားရတယ်။

သူက ကျောက်တုံးကို ထိုးဖောက်လိုက်တဲ့ အချိန်မှာ ကြီးမားတဲ့ သတ်ဖြတ်ခြင်း ဆန္ဒ ဖြစ်လာနိုင်တယ်။

ထားလိုက်တော့။ သူ့အကျိုးအမြတ်ကလည်း မနည်းပါဘူး။ သူက ဒီနေရာမှာ ဖြည်းဖြည်းခြင်း စောင့်နေဖို့ အချိန်မရှိပါဘူး။ သူ့အရှေ့မှာ ပစ္စည်းကောင်းတချို့ ရှိနေသေးမလား ဆိုတာ ဘယ်သူ သိမှာလဲ။

သူက လိုဏ်ဂူထဲကနေ ထွက်လာပြီး ချက်ချင်းပဲ တုန်လှုပ်သွားတယ်။ အရမ်းအေးပါတယ်။

နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး လိုဏ်ဂူကို ပြန်သွားလိုက်တာနဲ့ အပူချိန်က လျင်မြန်စွာ တိုးလာတယ်။

လင်းဟန်က ခေါင်းညိတ်လိုက်တယ်။ တကယ်ပဲ သဘာ၀ ပုလဲ မရှိရင်တောင် သူက ဒီနေရာကို ဖြတ်ကျော်နိုင်ပါသေးတယ်။ သူက အပူချိန် မြင့်တက်လာတဲ့ အချိန်မှာ ခရီးသွားပြီးတော့ အပူချိန် လျော့ကျလာတဲ့ အချိန်မှာ အအေးဒဏ်ကို ရှောင်ဖို့ နားခိုစရာတစ်ခု ရှာရမယ်။

ဘယ်သူက ဂရုစိုက်မှာလဲ။

လင်းဟန်က အရှေ့ကို လျှောက်လာတယ်။ သူ့မှာ သဘာ၀ ရတနာ တစ်ခု ရှိတာကြောင့် သူ့စိတ်တိုင်းကျ လုပ်နိုင်ပါတယ်။

နောက်ထပ် နေ့တစ်ဝက်လောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာ သူက ဒုတိယ လိုဏ်ဂူ တစ်ခုကို ရှာတွေ့သွားပေမဲ့ လတ်ဆတ်တဲ့ မွှေးရနံ့က ဒီနေရာကနေ ထွက်လာခြင်း မရှိပါဘူး။ သူက သာမန်မျက်စိနဲ့ တိုက်ရိုက် မြင်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူက တစ်ချက်လောက် ဝင်ကြည့်ရပါမယ်။

လင်းဟန်က ဝင်ပြီးတော့ ခဏလောက် ရှာဖွေကြည့်တယ်။ ဒီနေရာမှာ ရတနာ အရည် လုံး၀ မရှိပါဘူး။ တခြားပစ္စည်းတွေကိုလည်း မမြင်ဘူး။

ဒါက အအေးဓာတ်ကို ရှောင်ဖို့အတွက် အသုံးချနိုင်တဲ့ လိုဏ်ဂူတစ်ခုပါပဲ။

လင်းဟန်က သက်ပြင်းချလိုက်ပြီး အရှေ့ကို ဆက်လျှောက်လာလိုက်တယ်။

Chapter 4487 end

*****

အပိုင်း (၄၄၈၈) စည်းမျဉ်းဥပဒေ စွမ်းအားများရဲ့ လမ်းကြောင်း

လင်းဟန်က တောက်လျှောက်ကို လျှောက်လာခဲ့တယ်။ လမ်းမှာ သူက အအေးဒဏ်ကို ရှောင်ဖို့ အသုံးပြုနိုင်တဲ့ လိုဏ်ဂူတွေ တော်တော်များများကို ရှာတွေ့ခဲ့ပေမဲ့ နတ်ဘုရားဆေးပင် ဒါမှမဟုတ် ရတနာ အရည်တွေ ရှိမနေတာကြောင့် သူက အကျိုးအမြတ် နည်းနည်းလေးမှ မရရှိခဲ့ဘူး။

ဒီအကြောင်းကို စဉ်းစားကြည့်တော့လည်း အဆင်ပြေပါတယ်။ ရတနာ အရည်က တကယ်ပဲ အရမ်းကို အဖိုးတန်လွန်းတယ်။ တကယ်လို့ ကောင်းကောင်းအသုံးပြုမယ်ဆိုရင် သူ့အတွက် ကြယ်ခုနစ်ပွင့် နတ်ဘုရားဆေးပင် တော်တော်များများနဲ့ အလဲအလှယ် လုပ်လို့ ရနိုင်တယ်။

သုံးရက်လောက် လျှောက်ပြီးတဲ့ နောက်မှာတော့ လင်းဟန်ဟာ ရေခဲလွင်ပြင်ကနေ နောက်ဆုံးမှာ ထွက်လာပြီး သူ့အရှေ့တည့်တည့်မှာ ချောက်ကမ်းပါး တစ်ခု ပေါ်လာခဲ့တယ်။

လင်းဟန်က တစ်ချက် စဉ်းစားလိုက်ပြီးတော့ ဧကရာဇ်ကိုးပါး အရွယ်ဆယ်ရွက်လေး ဆေးလုံးကို အရင်ဆုံး သန့်စင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ခွန်အားကို အတတ်နိုင်ဆုံး တိုးမြင့်ရပါလိမ့်မယ်။

သူက တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာပြီးတော့ မှော်ဆေးလုံးကို ထုတ်ကာ သူတို့ကို စတင်သန့်စင် လိုက်တယ်။

တစ်လုံး၊ နှစ်လုံး၊ သုံးလုံး။ သူက စုစုပေါင်း ဆေးဆယ့်တစ်လုံး ဖော်စပ်ခဲ့တယ်။ အရင်က တစ်လုံး စားပြီးတော့ တစ်လုံးကို စွေ့ချင်းချန်ကို ပေးခဲ့တယ်။ အခု ကိုးလုံးပဲ ကျန်ပါတော့တယ်။

ဆေးတစ်လုံးချင်းစီတိုင်းမှာ နတ်ဘုရားချီတွေ ပေါများပြီးတော့ ကျင့်ကြံခြင်းရဲ့ အသီးကို အားကောင်း သန်မာလာစေခဲ့တယ်။ သူက ရှစ်လုံးမြောက် ဆေးလုံးကို စားပြီးတဲ့ နောက်မှာတော့ ကျင့်ကြံခြင်းရဲ့ သစ်သီးပေါ်က ရွှေရောင်မျဉ်းကြောင်းက နောက်ဆုံးမှာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်လာခဲ့တယ်။

ကြယ်နှစ်ပွင့် ဂိုဏ်းအရှင်သခင်အဆင့် အထွတ်အထိပ် အဆင့်။

သူက ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင်အဆင့်ကို ချိုးဖျက်တက်ရောက်ဖို့ အချိန်တချို့ယူကာ ကြိုးစားခဲ့တယ်။ သူက အဆင့်သေး အဆင့်တက်တာပဲ ဖြစ်လို့ သူ့အတွက်တော့ စွမ်းအင်တွေ အများအပြား စုစည်းဖို့ မလိုအပ်ခဲ့ဘူး။ သူက အရင်ဆုံး သူ့ကျင့်ကြံခြင်းအငဆ့်ကို အောင်မြင်စွာ အဆင့်တက်ပြီး အဲဒီနောက် ဖြည်းဖြည်းခြင်း တည်ငြိမ်အောင် လုပ်နိုင်ပါတယ်။

ကျင့်ကြံခြင်း တာအိုသစ်ပင်ကလည်း ကြိးထွားလာပြီး သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ စည်းချက်နဲ့ ယိမ်းနွဲ့လို့ နေတယ်။

လင်းဟန်က နောက်ဆုံးမှော်ဆေးလုံးကို သုံးလိုက်ပြီး ကျင့်ကြံခြင်းရဲ့ အသီးပေါ်မှာ တတိယမြောက် ရွှေရောင်မျဉ်းကြောင်းက မှိန်မှိန်လေးကနေ ပြတ်သားစွာ ထင်လာခဲ့တယ်။

ဒီအဆင့်တက်မှုက ခြောက်ရက်လောက် အချိန်ယူခဲ့ရတယ်။

လင်းဟန်က ချောက်ကမ်းပါးကို ပြန်လာခဲ့တော့ လူတွေတော်တော်များများ ရောက်နှင့်နေပြီ ဆိုတာကို တွေ့လိုက်ရတယ်။

ပုံမှန်အတိုင်း ယန်ရီဟွမ်၊ ဖန်မြောင်လင်းတို့နဲ့ မူလဇစ်မြစ်ကမ္ဘာတွေရဲ့ အုပ်ချုပ်သူတွေ ဖြစ်တဲ့ တင်းရှူ၊ မူလရင်းမြစ်နဲ့ တခြားသူတို့လည်း ရှိနေတယ်။ ဒါ့အပြင် အင်ပါယာသားတော်မင်၊ အင်ပါယာသားတော်ထိုက်နဲ့ တခြားရွှေရောင်မျိုးဆက်တွေလည်း ရောက်နေပေမဲ့ ဒီအစွမ်းထက်ဆုံး အင်ပါယာသားတော် နှစ်ယောက်ရဲ့ အမူအရာတွေက စိတ်ပျက်လက်ပျက် ဖြစ်နေပုံ ပေါ်ကာ သူတို့တွေဟာ ကြီးမားတဲ့ ရိုက်ခတ်မှု တချို့ကို ခံစားထားခဲ့ရပုံ ပေါ်တယ်။

နောက်ပြီး သုံးသပ်ကြည့်ရင် အင်ပါယာသားတော်တွေက တစ်မူထူးခြားပေမဲ့ အမှားတစ်ခုခုကို လုပ်ထားတဲ့ ကလေးတွေနဲ့ တူနေတယ်။

ဒါက ရှားတယ်။

နောက်ပြီး အစ်ကိုမျောက်လည်း ရောက်နေတယ်။ သူက လက်ရှိမှာ ချောက်ကမ်းပါးကို ဖြတ်ကျော် နေပါတယ်။

သူတို့က ချောက်ကမ်းပါး ဝင်ပေါက်မှာ မဟုတ်ပဲ တစ်ဖက်က ချောက်နက်ပေါ်မှာ ဖြစ်ပါတယ်။ ဒီချောက်ကမ်းပါး နှစ်ဖက်ကို ကြိုးမျှင်တွေနဲ့ ချိတ်ဆက်ထားတယ်။ အနီးကပ် သေချာကြည့်ရင် ဒီကြိုးမျှင်တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအားတွေကနေ ဖြစ်ပေါ် ထားတာကို တွေ့ရှိနိုင်တယ်။

တကယ်လို့ လူတစ်ယောက်က အဲဒီပေါ်မှာ နင်းဖြတ်မယ်ဆိုရင် စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ကြိုးမျှင်တွေ တုန်ခါလာပြီး အလွယ်တကူ လဲကျသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီပေါ်မှာ လျှောက်တဲ့ လူတွေက စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့အတူ လှုံ့ဆော်ပြီး စည်းမျဉ်းဥပဒေ စွမ်းအားနဲ့အတူ ရွေ့လျားကာ စည်းမျဉ်းဥပဒေ စွမ်းအားနဲ့ တစ်သားတည်း ဖြစ်လာရပါမယ်။

လင်းဟန်က ငွေရောင်မျိုးဆက် တစ်ယောက်ဟာ လမ်းလျှောက်နေရင်း စည်းမျဉ်းဥပဒေ စွမ်းအား ချည်မျှင်ပေါ်ကနေ ပြုတ်ကျတာကို မြင်လိုက်တယ်။ သူက ရေကန်ထဲကို ပြုတ်ကျသွားတဲ့ ကျောက်တုံး တစ်တုံးနဲ့ တူတယ်။ ချောက်ကမ်းပါးရဲ့ အခြေထိကို တိုက်ရိုက် ပြုတ်ကျသွားခဲ့ပြီး အပေါ်ကို ပြန်တက်မလာခဲ့ဘူး။

ထင်ထားတဲ့ အတိုင်းပဲ ဒီနေရာမှာ ပျံသန်းခွင့် မပြုထားဘူး။

လင်းဟန်က လျှောက်လာတယ်။ သူက အစ်ကိုမျောက်ကို နှုတ်မဆက်ပါဘူး။ ဒီအချိန်မှာ အစ်ကိုမျောက်က စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့ လှုံ့ဆော်မှုမှာ အာရုံစိုက်နေရတယ်။ သူက အစ်ကိုမျောက်ကို အနှောင့်အယှက် ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး။

“ဟေ့ လင်းဟန်”

တင်းရှူနဲ့ တခြားသူတွေက သူတို့ရဲ့ ခရီးကိုတောင် မစရသေးပါဘူး။ သူတို့အားလုံး လင်းဟန်ကို နှုတ်ဆက်လိုက်ကြတယ်။

လင်းဟန်က ခေါင်းညိတ်ပြပြီးတော့ သူတို့ကို မေးခွန်းတချို့ မေးလိုက်တယ်။

တင်းရှူနဲ့ တခြားသူတွေက ဒီနေရာကို ပထမဆုံး လာဖူးတာ ဆိုပေမဲ့ သူတို့က အချိန်တော်တော် ကြာတဲ့အထိ စောင့်ကြည့်နေခဲ့ကြတယ် မဟုတ်လား။ နောက်ပြီး ယန်ရီဟွမ်နဲ့ တခြားသူတွေက အကြိမ်ပေါင်းများစွာ လာခဲ့ဖူးတာကြောင့် သတိူု့ဆီကနေ အခြေအနေတွေကို စုံစမ်းမေးမြန်း ကြည့်နိုင်ပါတယ်။

လင်းဟန်က အမှန်တရားကို အနည်းနဲ့အများတော့ ခန့်မှန်းကြည့်ခဲ့တယ်။ လူတစ်ယောက်က စည်းမျဉ်းဥပဒေ စွမ်းအား ကြိုးမျှင်တွေ အပေါ်ကနေပဲ ဒီနေရာကို ဖြတ်ကျော်နိုင်ပါတယ်။ ပျံသန်းခြင်းက မဖြစ်နိုင်ပါဘူး။ ချောက်ကမ်းပါးရဲ့ အောက်ခြေကို တိုက်ရိုက် ပြုတ်ကျ သွားလိမ့်မယ်။ ဒါက စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ချည်မျှင်တွေ အပေါ်ကနေ ပြုတ်ကျသလို ရလဒ် အတူတူ ဖြစ်ပါတယ်။ ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ချည်မျှင်တွေကို နောက်ထပ် တွေ့မြင်နိုင်စွမ်း ရှိတော့မှာ မဟုတ်သလို စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ချည်မျှင်တွေကို ထိတွေ့နိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး။

ဒါက ချောက်ကမ်းပါးကို ဖြတ်ကူးဖို့ ဖြစ်နိုင်ချေ ဆုံးရှုံးသွားတဲ့ အဓိပ္ပါယ် ဖြစ်ပြီးတော့ အင်ပါယာ လမ်းကြောင်း ပိတ်တဲ့ အချိန်ထိ စောင့်ပြီးတော့မှ ဒီလျှို့ဝှက်ဆန်းကြယ်ဘုံကနေ ထွက်နိုင်မှာ ဖြစ်တယ်။

ဒါကြောင့် လူတိုင်းအတွက် အခွင့်အရေးက တစ်ခါပဲ ရှိပါတယ်။

နောက်ပြီး ဒီနေရာမှာ စည်းမျဉ်းဥပဒေ စွမ်းအား ချည်မျှင်တွေ အများအပြား ရှိပြီးတော့ လူကတော့ လေးဆယ်လောက်ပဲ ရှိပါတယ်။ လူတိုင်းအတွက် ကြိုးစားဖို့ လုံးဝကို လုံလောက်တယ်။

“မင်းတို့တွေက ဘာကို စောင့်နေတာလဲ”

လင်းဟန်က တစ်ချက်ပြုံးကာ မေးလိုက်တယ်။

“နင့်ကို စောင့်နေတာ”

စွေ့ချင်းချန်က ပြောလိုက်တယ်။

“ငါ့ကို စောင့်နေတာ ဟုတ်လား”

လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ အရမ်းဒွိဟ ဖြစ်မနေဘူးလား။ ငါတို့အကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးလေ။

“ငါတို့က မင်းနဲ့ ပြိုင်မလို့ စောင့်နေကြတာ”

ကောင်းကင်ချေဖျက်သူက ပြောလိုက်တယ်။

“ဘယ်သူ အရင်ဆုံး ဖြတ်ကျော်နိုင်မလဲ ကြည့်မယ်လေ”

“အင်း”

ကျင်းဟောင်ရန်နဲ့ တခြားသူတွေက ခေါင်းညိတ်လိုက်တယ်။

လဗြွတ်။ မင်းတို့တွေ အရမ်းကို အားနေတာလား။ ဒါက တကယ် လိုအပ်လို့လား။

သေချာစဉ်းစားကြည့်တော့ သူ့ရဲ့ တစ်မူထူးခြားတဲ့ ထူးချွန်ထက်မြက်မှု အတိုင်းအတာက ကမ္ဘာကြီးထဲမှာ နံပါတ်တစ် ဖြစ်နေပါပြီ။ ဒါကြောင့် ပါရမီရှင်တိုင်းက သူ့ကို အနိုင်ယူချင်နေကြပြီး ကမ္ဘာကြီးရဲ့ နံပါတ်တစ် နေရာကို ရယူချင်နေကြတယ်။ မဟုတ်ရင် သူတို့က အမြဲတမ်း တစ်ခုခု မှားနေသလို ခံစားရပါလိမ့်မယ်။

လင်းဟန်က သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်တယ်။ လူတိုင်းက အခုဆို သူ့ကို စောင့်ကြည့် နေကြပြီလား။

“ကောင်းပြီလေ။ ပြိုင်ကြတာပေါ့”

သူက တစ်ချက်ပြုံးကာ ပြောလိုက်တယ်။ ထူးချွန်ထက်မြက်မှုနဲ့ နားလည်ဆင်ခြင်နိုင်တဲ့ စွမ်းရည်နဲ့ ပတ်သက်လာရင် သူက ဘာကို ကြောက်နေရမှာလဲ။

သူတို့ ခုနစ်ယောက်က ချည်မျှင် တစ်ခုစီကို ရွေးချယ်ပြီးတော့ တပြိုင်နက်တည်း ခြေတစ်ဖက်စီ ချလိုက်ကြတယ်။

စည်းမျဉ်းဥပဒေ စွမ်းအား ချည်မျှင်တွေက ချက်ချင်းပဲ ပြန်ကန်ထွက် လာခဲ့တယ်။ ဒါက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအား ဖော်ပြခြင်း ဖြစ်တာကြောင့် တခြားသူတွေကို ထိတွေ့ခွင့် ဘယ်လိုလုပ် ပြုနိုင်မှာလဲ။

ဒါကြောင့် လူတစ်ယောက်က အဲဒါနဲ့အတူ လှုံ့ဆော်မှု ရှိရမယ်။

အခု လူတိုင်းရဲ့ ခြေထောက်တွေက စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ကြိုးမျှင်တွေ အပေါ်ကို ခြေချလိုက်တယ် ဆိုပေမဲ့ သူတို့ဟာ တကယ်တမ်းတော့ လေပေါ်ကို ခြေချလိုက်တာပါပဲ။ သူတို့က တခြားခြေထောက်ကို အားကိုးပြီးတော့ သူတို့ရဲ့ ဟန်ချက်ကို ထိန်းသိမ်းဖို့ ချောက်ကမ်းပါးပေါ် ရပ်နေရတယ်။

မူလဇစ်မြစ်ကမ္ဘာ အုပ်ချုပ်သူ ခုနစ်ယောက်လုံးက ရွှေရောင်မျိုးဆက်ထက် သာလွန်နေခဲ့တယ်။ ယန်ရီဟွမ်နဲ့ ဖန်မြောင်လင်းလို လူတွေတောင် အနည်းငယ် နိမ့်ကျနေကြတယ်။ သူတို့ရဲ့ နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်ပြီး စည်းမျဉ်းဥပဒေ စွမ်းအားတွေကို လျင်မြန်စွာ လေ့လာစမ်းစစ် နေခဲ့ကြပါတယ်။

ဒါက နောက်ထပ် ခြေလှမ်းလှမ်းဖို့ ဘယ်သူ ပထမဆုံး ဖြစ်မလဲ ဆိုတာ မူတည်လိမ့်မယ်။ ဒါက သူတို့ကို ပထမဆုံး အခွင့်အလမ်း ရယူနိုင်မှာ ဖြစ်ပါတယ်။

မိနစ်ဝက်ခန့် ကြာပြီးတဲ့ နောက်မှာတော့ လူခုနစ်ယောက်က သူတို့ရဲ့ ဒုတိယ ခြေလှမ်းကို တပြိုင်နက်တည်း လှမ်းလိုက်ကြတယ်။

နားလည်ဆင်ခြင်နိုင်တဲ့ စွမ်းရည်နဲ့ ပတ်သက်ရင် သူတို့တွေ ဘယ်သူကမှ တခြားသူထက် မနိမ့်ကျခဲ့ဘူး။

လင်းဟန်က စိတ်ထဲကနေ ကျိတ်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။ မူလဇစ်မြစ်ကမ္ဘာရဲ့ ခေါင်းဆောင်တွေဆိုတဲ့ အတိုင်းပဲ။ သက်ရှိတွေ သန်းပေါင်းများစွာကနေ ရှေ့ကို ထွက် ရပ်တည်နိုင်စွမ်း ရှိမှတော့ သူတို့ရဲ့ နားလည်ဆင်ခြင်နိုင်တဲ့ စွမ်းရည်က အထင်ကြီးစရာ ကောင်းပြီးတော့ ဒီအကြောင်းနဲ့ ပတ်သက်ကာ ပြောနေစရာတောင် မလိုဘူးဆိုတာ အသေချာပဲ ဖြစ်တယ်။

ဒါကြောင့် ဒါဟာ တကယ်ပဲ ကံကြမ္မာကိစ္စ တစ်ခု ဖြစ်ပြီး သူတို့တွေ ကမ္ဘာအသစ်ကို ရောက်လာပြီးတဲ့ နောက်မှာ မြင့်မားတဲ့ အဆင့်တစ်ခုဆီကို ကျင့်ကြံအားထုတ် ရပါမယ်။

ပြီးတော့ ကံကြမ္မာအရ ကြုံတွေ့သူတွေကလည်း ကံကောင်းခြင်း၊ ကိုယ်ကျင့်စရိုက်တွေနဲ့ ဆက်စပ်နေတယ်။ ဥပမာ တကယ်လို့ လင်းဟန်က မူလရင်းမြစ်ရွှေကို ရနိုင်မယ်ဆိုရင် သူ့အတွက် ကံကောင်းခြင်း တစ်ခု ဖြစ်ပါလိမ့်မယ်။ တကယ်လို့ သူက တင်းရှူနဲ့ တခြားသူတွေထက် ပိုပြီးတော့ ထူးချွန်ထက်မြက်တယ်လို့ ပြောမယ်ဆိုရင်တော့ ဒါဟာ ရိုးရှင်းတဲ့ ကိစ္စ တစ်ခု မဟုတ်ခဲ့ဘူး။

ဒုတိယ ခြေလှမ်းကို လှမ်းပြီးတဲ့ နောက်မှာ သူတို့ရဲ့ အမြန်နှုန်းတွေ လျင်မြန်လာပြီး တတိယမြောက်နဲ့ စတုတ္ထမြောက် ခြေလှမ်းတွေကို လျင်မြန်စွာ လှမ်းလိုက်ကြတယ်။

ဒါပေမဲ့လည်း ဒဿမမြောက် ခြေလှမ်းကို ရောက်သွားတဲ့ အချိန်မှာ စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ကြိုးမျှင်တွေက စတင်ပြီးတော့ ပြင်းပြင်းထန်ထန် တုန်ခါလာပြိး လူတိုင်းကို ရပ်တန့်သွား စေခဲ့တယ်။

သူတို့တွေ ရှေ့ကို နည်းနည်းမှ ဆက်မလျှောက်နိုင်တော့ဘူး။ မဟုတ်ရင် သူတို့တွေ သေချာပေါက် ပြုတ်ကျပါလိမ့်မယ်။

ယန်ရီဟွမ်နဲ့ တခြားသူတွေဖြစ်တဲ့ ရွှေရောင်မျိုးဆက် အပါအဝင် စောင့်နေကြတယ်။ သူတို့က စည်းမျဉ်းဥပဒေ စွမ်းအား အစအနတွေ တည်ငြိမ်မှာကို စောင့်ပြီးတော့မှ လျှောက်ကြပါလိမ့်မ့ယ်။

ဒါပေမဲ့လည်း လင်းဟန်နဲ့ တခြားသူတွေကတော့ ဒီနည်းလမ်းကို မစဉ်းစားခဲ့ဘူး။

တကယ်လို့ အဲဒီလိုသာဆိုရှု် ဘယ်လိုလုပ် အနိုင်ရတဲ့လူ တစ်ယောက် ထွက်ပေါ် လာနိုင်တော့မှာလဲ။

တကယ်လို့ လူတစ်ယောက်ဟာ ပထမနေရာအတွက် တိုက်ခိုက်ချင်တယ်ဆိုရင် တခြားသူတွေ မလုပ်နိုင်တဲ့ အရာတစ်ခုကို လုပ်ရပါလိမ့်မယ်။

ဒါကြောင့် သူတို့ခုနစ်ယောက်စလုံးက သူတို့ရဲ့ စိတ်တွေကို သုံးသပ်ဆင်ခြင်ပြီး စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ ကြိုးမျှင်တွေ ပြင်းပြင်းထန်ထန် တုန်ခါလာတဲ့ အချိန်မှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့ ဘယ်လိုမျိုး ဆက်ပြီးတော့ တုံ့ပြန်ရမလဲ ဆိုတာကို ဆင်ခြင်နေကြတယ်။

ခက်ခဲမှု အဆင့်က ချက်ချင်းပဲ အဆပေါင်း တစ်ဒါဇင်ကျော် ဒါမှမဟုတ် အဆပေါင်း တစ်ရာကျော်တောင် တိုးလာခဲ့တယ်။

အချိန်တော်တော်ကြာမှ လင်းဟန်က နောက်ဆုံးမှာ အရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တယ်။

သူ့ခြေလှမ်းကို ချလိုက်ချိန်မှာ အသင်္ချေ တာအိုနဲ့ တခြားသူတွေလည်း တပြိုင်နက်တည်း သူတို့ရဲ့ ခြေထောက်တွေကို မြှောက်လိုက်ကြတယ်။

လင်းဟန်က ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

လင်းဟန်က အသာလေး ပြုံးပြီးတော့ ဒုတိယမြောက် ခြေလှမ်းကို ထပ်လှမ်းလိုက်တယ်။

ဒါက တခြားသူတွေထက် လျင်မြန်တယ်ဆိုတာ သိသာပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်းရှူနဲ့ တခြားသူတွေက သူတို့ခြေထောက်တွေကို မြှောက်လိုက်ပေမဲ့ သူတို့ရဲ့ ရွေ့လျားမှုက အရမ်းကို နှေးကွေးနေခဲ့တယ်။

တတိယမြောက် ခြေလှမ်း၊ စတုတ္ထမြောက် ခြေလှမ်း။ လင်းဟန်ရဲ့ အမြန်နှုန်းက လျင်မြန်လာတယ်။ သူ့နတ်ဘုရားအာရုံကို ပြီးပြည့်စုံအောင် သန့်စင်ထားတာကြောင့် သူ့ရဲ့ စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့ တုံ့ပြန်မှုဟာ ပိုပြီးတော့တောင် မြန်ဆန်လာတာ ဖြစ်တယ်။

သူက သူတို့ကို နောက်ကောက်ကျအောင် ဖြတ်ထားပြီးတော့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး။

ဟူး။

တင်းရှူနဲ့ တခြားသူတွေ အားလုံးက ဒါကို မြင်ကြတယ်။ စိတ်မသက်မသာ ခံစားရတာကလွဲရင် သူတို့က အရှုံးကို လက်ခံရုံပဲ ရှိပါတော့တယ်။

Chapter 4488 end

*****

အပိုင်း (၄၄၈၉) ကောင်းကင်ဧကရာဇ်ရဲ့ သင်္ချိုင်း

စိတ်ပျက်လက်ပျက် ဖြစ်ရုံပဲ ရှိပါတယ်။ ဒီအဆင့်ကို ဖြတ်ကျော်တဲ့ အမြန်နှုန်းက ခွန်အားနဲ့ မသက်ဆိုင်ပါဘူး။ ဒါက လူတစ်ယောက်ရဲ့ စည်းမျဉ်းဥပဒေ စွမ်းအားတွေကို နားလည်ဆင်ခြင်မှု အပေါ်မှာပဲ လုံးဝကို အခြေခံထားတယ်။

ပြီးတော့ ဒါက လူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံ ခွန်အားနဲ့ သက်ဆိုင်ပါတယ်။

နောက်တစ်နည်း ပြောရမယ်ဆိုရင် လင်းဟန်ရဲ့ နတ်ဘုရားအာရုံက သူတို့ထက်တောင် ပိုပြီးတော့ ပြီးပြည့်စုံနေခဲ့တယ်။

ဒါက တင်းရှူနဲ့ တခြားသူတွေကို ကြီးမားတဲ့ ရိုက်ခတ်မှု တစ်ခု ဖြစ်သွားစေခဲ့တယ်။ ဘာကြောင့် သူတို့က လင်းဟန်ထက် ထောင့်ပေါင်းစုံကနေ နိမ့်ကျနေရတာလဲ။

သူတို့အားလုံးက မူလဇစ်မြစ်ကမ္ဘာရဲ့ အရှင်သခင်တွေ ဖြစ်တာကြောင့် ဘာဖြစ်လို့ သူတို့ အကြားမှာ ဒီလိုမျိုး ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေရတာလဲ။

သိပ်မကြာခင် လင်းဟန်က သူတို့အရှေ့မှာ လျှောက်သွားတဲ့ ရွှေရောင်မျိုးဆက်ကို ကျော်ဖြတ်သွားတယ်။ အဲဒီနောက် သူက အစ်ကိုမျောက်၊ ယန်ရီဟွမ်နဲ့ တခြားသူတွေကို လိုက်မီလာခဲ့တယ်။

ယန်ရီဟွမ်နဲ့ တခြားသူတွေတောင် စည်းမျဉ်းဥပဒေ စွမ်းအား ကြိုးမျှင်တွေပေါ် လမ်းလျှောက်တာက ပထမဆုံးအကြိမ် မဟုတ်ပဲ သူတို့တွေ စည်းမျဉ်းဥပဒေ စွမ်းအားပေါ် လမ်းလျှောက်တဲ့ အကြိမ်တိုင်း ကွဲပြားခြားနားပါတယ်။ သူတို့က ဘာလုပ်ရမလဲ ဆိုတာကိုပဲ သိနားလည်ပြီး အဲဒါကလွဲရင် သူတို့မှာ တခြားအားသာချက် တကယ် မရှိဘူး။

ဒါကြောင့် လင်းဟန်က သူတို့ကို ကျော်သွားခဲ့တယ်။

တစ်နာရီကျော်လောက် ကြာပြီးတဲ့ နောက်မှာတော့ လင်းဟန်က ချောက်ကမ်းပါးရဲ့ တစ်ဖက်ခြမ်းကို ရောက်လာခဲ့ပါတယ်။

ဒီအချိန်မှာ ရှေ့ဆုံးက လျှောက်နေတဲ့ ယန်ရီဟွမ်က လမ်းရဲ့ သုံးပုံတစ်ပုံပဲ လျှောက်ရပါသေးတယ်။ အဆုံးသတ်ကို ရောက်ဖို့ အဝေးကြီး လိုနေသေးတယ်။

နောက်ပြီး သူ့ရဲ့ အရမ်းကို မြန်ဆန်တဲ့ အမြန်နှုန်းကြောင့် အင်ပါယာသားတော်တွေရဲ့ တာအို နှလုံးသားတွေက မတည်ငြိမ်လာတော့ပဲ သူတို့ဟာ ချက်ချင်းဆိုသလို စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့ တုံ့ပြန်မှု ဆုံးရှုံးသွားကာ အောက်ကို တိုက်ရိုက် ပြုတ်ကျသွားတယ်။ သူတို့တွေ မသေဘူး ဆိုပေမဲ့ နောက်ထပ် ရှေ့ဆက်ဖို့ ဖြစ်နိုင်ချေကို ဆုံးရှုံးသွားပါတယ်။

လင်းဟန်က အစ်ကိုမျောက်ကို စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညီအစ်ကိုနှစ်ယောက်က ပထမဆုံး နန်းတော်ကို ဝင်ပြီးကတည်းက အဆက်အသွယ် ပြတ်သွားပြီး အခုမှ သူတို့ဟာ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ကြတာ ဖြစ်တယ်။ ဒါကြောင့် သူတို့က အတူတူ ရှေ့ဆက်သွား ရပါမယ်။

အင်ပါယာလမ်းကြောင်းကို အဆုံးသတ်ထိ လျှောက်ပြီးတဲ့ နောက်မှာ သူတို့ဟာ နတ်ဘုရားပင်လယ် ဂြိုလ်ကြီးဆီကို ပြန်သွားပြီး မိတ်ဟောင်းဆွေဟောင်းတွေနဲ့ သူငယ်ချင်းတွေကို တွေ့ရပါမယ်။

ဒုတိယမြောက် ဖြတ်လာသူက ယန်ရီဟွမ်နဲ့ အဲဒီနောက် တတိယမြောက်၊ စတုတ္ထမြောက်နဲ့ ပဉ္စမမြောက် နေရာတွေ အားလုံးက အရမ်းကို နီးကပ်နေတယ်။ သူတို့တွေက ဖန်မြောင်လင်း၊ ဟဲလျှိုနဲ့ အစ်ကိုမျောက်တို့ ဖြစ်ပါတယ်။ တကယ်တော့ ဆဌမမြောက် နေရာလည်း အရမ်းကို လျင်မြန်စွာ ရောက်လာတယ်။ အဲဒါက တင်းရှူနဲ့ တခြားသူတွေ ရောက်လာတာ ဖြစ်ပါတယ်။ ဟိုအင်ပါယာသားတော်တွေကတော့ အနောက်မှာ ပြတ်ကျန်ခဲ့တယ်။

ယန်ရီဟွမ်နဲပ ဟဲလျှိုက လင်းဟန်ကို တော်တော်ကြာအောင် စိုက်ကြည့်ပြီးတော့မှ ပြောလိုက်တယ်။

“တကယ်လို့ မင်းကို သတ်လိုက်ရင် အင်ပါယာ ပလ္လင်ကို ငါတို့ ရယူနိုင်မယ်ဆိုရင် ဒီလိုမျိုး ဆွဲဆောင်မှုဒဏ်ကို ငါတို့တွေ ခုခံနိုင်စွမ်းရှိလိမ့်မှာ မဟုတ်ဘူး”

“ဒါဆိုရင်တော့ မင်းတို့အားလုံး ဘိုးဘိုးစွန်းကို ဖြတ်ကျော်မှပဲ ရမယ်”

အစ်ကိုမျောက်က သူ့ပခုံးပေါ်မှာ သူတော်စင် ကုန်ကြမ်းပစ္စည်းကနေ သွန်းလုပ်ထားတဲ့ တုတ်ကို တင်ပြီးတာ့ ယန်ရီဟွမ်နဲ့ ဟဲလျှိုကို အထင်သေးစွာ စိုက်ကြည့်ရင်းနဲ့ သူ့တိုက်ခိုက်ရေး စိတ်ဓာတ်က မိုးထိအောင် မြင့်တက်သွားတယ်။

“ဟားဟား ဒီတော့ မင်း တိုက်ပွဲသူတော်စင် ဧကရာဇ်ရဲ့ မျိုးဆက်တစ်ယောက်ပေါ့”

ယန်ရီဟွမ်က တစ်ချက်ပြုံးကာ ပြောလိုက်တယ်။

“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်”

အစ်ကိုမျောက်က သူ့ကို လျစ်လျူရှူပြီးတော့ လင်းဟန်ကိုပဲ ပြောလိုက်တယ်။

“ညီလေး သွားကြရအောင်”

“ကောင်းပါပြီ”

လင်းဟန်က ခေါင်းညိတ်ပြီးတော့ တင်းရှူနဲ့ တခြားသူတွေဘက်ကို လက်ဝှေ့ယမ်း ပြလိုက်တယ်။

“အားလုံးပဲ ငါအရင်ဆုံး သွားနှင့်တော့မယ်”

တကယ်တော့ ဘယ်သူမှ ဒီနေရာမှာနေဖို့ စိတ်မဝင်စားပါဘူး။ သဘာ၀ ရတနာတွေ မရှိသလို အခွင့်အလမ်းတွေလည်း မရှိတာကြောင့် သူတို့လည်း ထွက်သွားရပါမယ်။

“ဟာ အစ်ကိုလင်း ဘယ်လောက် တိုက်ဆိုင်လိုက်လဲ။ ငါတို့တွေ နောက်တစ်ကြိမ် ဆုံပြီနော်”

ကျင်းဟောင်ရန်က လင်းဟန်ကို စနောက်လိုက်တယ်။ တကယ်လို့ သူက သေကြောင်းမကြံဘူး ဆိုရင် အဲဒီစိတ်က သူ့ကို သေချာပေါက် သတ်ပစ်တော့မဲ့ အတိုင်းပါပဲ။

“အစ်ကိုကျင်း မင်း ဘယ်လိုလုပ် ဒီလောက်ထိတောင် အသက်ရှည်နေရတာလဲ”

လင်းဟန်က သိချင်စိတ်နဲ့ မေးလိုက်တယ်။

ကျင်းဟောင်ရန်က သူ့မေးစေ့ကို ပွတ်သပ်ပြီး တစ်ချက် စဉ်းစားလိုက်တယ်။ တော်တော်ကြာမှ သူက ပြောလာတယ်။

“အဓိကအားဖြင့်တော့ ငါ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့်ပေါ့”

လင်းဟန်က ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ သူက တကယ်ပဲ ဒီကောင့်ကို ကန်ကျောက်ပစ်ချင် လာတယ်။

လူတိုင်းက တောင်ပေါ်ကနေ ဆင်းလာပြီးတော့ သူတို့အရှေ့မှာ နောက်ထပ် တောင်မြင့်မြင့် တစ်လုံး ရှိနေတာကို ဝိုးတိုးဝါးတား တွေ့မြင်နိုင်ပါတယ်။

ဒါပေမဲ့လည်း သူတို့က ဧရာမ လွင်ပြင်ကြီးတစ်ခုကို ဖြတ်ကျော်လာပြီးတဲ့ အချိန်ကျမှ တောင်မြင့်ကြီးရဲ့ အောက်ခြေဆီကို ရောက်လာတဲ့ အချိန်မှာတော့ သူတို့ကို အံ့အားသင့် သွားစေခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ဒါဟာ တောင်မြင့်ကြီး တစ်လုံး တစ်ခု မဟုတ်ပဲ ကြီးမားတဲ့ သင်္ချိုင်းတစ်ခု ဖြစ်နေတယ်။

ဒီနေရာမှာ ဧရာမ ကျောက်တိုင်တစ်ခုကို စိုက်ထူထားပြီး အဲဒီပေါ်မှာ ကောင်းကင်ဘုံ ဧကရာဇ်၏ သင်္ချိုင်းဂူ ဆိုပြီးတော့ ရေးထားတယ်။

လူတိုင်းက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်တယ်။ ဧကရာဇ် တစ်ပါးရဲ့ ဂူသင်္ချိုင်း။

ဒီနေရာမှာ မဟာဧကရာဇ် တစ်ပါးကို မြုပ်နှံထားတာလား။

နောက်ပြီးတော့ ဘယ်မဟာဧကရာဇ်က တကယ်ပဲ သူဟာ ကောင်းကင်ဘုံ ဧကရာဇ် တစ်ပါး ဖြစ်တယ်လို့ အမည်ခေါ်တွင်ရဲမှာလဲ။ ဒါက မဟာဧကရာဇ် တစ်ပါးထက်တောင် ပိုပြီးတော့ အံ့သြဖွယ်ကောင်းနေတယ်။

ယန်ရီဟွမ်၊ ဖန်မြောင်လင်းနဲ့ ဟဲလျှိုတို့က အကြည့်တစ်ချက် ဖလှယ်လိုက်မိတယ်။ သူတို့ရဲ့ မျက်လုံးသူငယ်အိမ်တွေ ပြူးနေပြီး သူတို့ဟာ မယုံနိုင်အောင် အံ့အားသင့်မှု တစ်ခုကို ခံစားနေရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

“အစ်ကိုယန် မင်းတို့တွေ ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ သင်္ချိုင်းဂူ ဇစ်မြစ်ကို သိလား”

ကျင်းဟောင်ရန်က မနေနိုင်တော့ပဲ မေးလိုက်မိတယ်။

သေချင်လုပ်ရပ်တွေကို လုပ်တာကလွဲရင် သူ့ရဲ့ သိချင်စိတ်ကလည်း အရမ်းကို ကြီးမားပါတယ်။

ယန်ရီဟွမ်က အတော်လေးကို ခင်မင်နှစ်လိုဖွယ် ကောင်းနေဆဲ ဖြစ်ပါတယ်။ သူက တစ်ချက်လောက် စဉ်းစားပြီးတော့ ပြောလိုက်တယ်။

“နောက်ဆုံးအကြိမ် ငါလာတုန်းက ဒီနေရာမှာ ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းဆိုတာ မရှိဘူး”

ဘာ။

“ငါလည်း အရင်က မမြင်ဖူးဘူး”

ဟဲလျှိုက သူ့ခေါင်းကို တစ်ချက်ခါပြီးတော့ တုံ့ပြန်လိုက်တယ်။

ဖန်မြောင်လင်းက ဘာမှမပြောပေမဲ့ သူမလည်း သူမရဲ့ ခေါင်းကို ခါပြလိုက်တယ်။

ဒီလူသုံးယောက်က အင်ပါယာ လမ်းကြောင်းကို အကြိမ်များစွာ လာခဲ့ပြီး ပုံမှန်လူတွေလို့ သတ်မှတ်နိုင်ပေမဲ့ အင်ပါယာ လမ်းကြောင်းမှာ တကယ်ပဲ အပြောင်းအလဲ တစ်ခု ဖြစ်နေပြီး သူတို့တောင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မသေချာခဲ့ဘူး။ ဘယ်လိုလုပ် မအံ့သြပဲ နေကြမှာလဲ။

မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအားနဲ့ အင်ပါယာလမ်းကြောင်းကို ဖန်တီးထားပြီး အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်တာများလား။

မှန်တယ်။ တကယ်လို့ အဲဒီလိုသာ မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ အတိတ်တုန်းက မဟာဧကရာဇ်တွေရဲ့ ကျောက်တုံးပန်းချီတွေက ပင်လယ်ပေါ်က ဟိုတံခါးပေါ်မှာ ပေါ်လာနိုင်မှာလဲ။

အင်ပါယာလမ်းကြောင်းကို ဖြတ်လျှောက်ပြီးတဲ့ နောက်မှပဲ တာအိုကို အောင်မြင်မှု ရရှိခဲ့တဲ့ မဟာဧကရာဇ်တွေက အများအပြား ရှိပါတယ်။ ဒါက အချိန်စီးကြောင်းရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါကြောင့် ဒီအင်ပါယာ လမ်းကြောင်းက သူ့ဘာသာသူ ဆင့်ကဲပြောင်းလဲတယ်ဆိုတဲ့ ရှင်းပြချက် တစ်ခုပဲ ရှိပါတယ်။

“ဒါကြောင့် ငါတို့တွေ ကိုယ့်ဘာသာပဲ ဝင်ပြီးတော့ စူးစမ်းလေ့လာရတော့မယ်”

မူလရင်းမြစ်က ခဏလောက် တွေးပြီးတဲ့ နောက်မှာ ပြောလိုက်တယ်။

“ဒါကြောင့် ငါတို့တွေ ဒီနေရာမှာ ရှိနေတာပဲ။ ဘာပဲလာလာ ငါတို့က ဘာကို ကြောက်နေရမှာလဲ”

ကျင်းဟောင်ရန်က အရမ်းကို သူရဲကောင်းဆန်တဲ့ ပုံစံပေါ်နေခဲ့တယ်။

အစ်ကိုမျောက်က ပိုပြီးတော့တောင် ပြတ်သားပါတယ်။ သူက တန်းပြီးတော့ ထွက်လာ လိုက်တယ်။

“သွားကြစို့”

လင်းဟန်က ခေါင်းညိတ်လိုက်ပြီးတော့ အစ်ကိုမျောက်နဲ့ ဘေးချင်းယှဉ်ကာ လျှောက်သွား လိုက်တယ်။

ဒီဖြစ်စဉ်အတွင်းမှာ ဘယ်အင်ပါယာသားတော်ကမှ စကားတစ်ခွန်းမှ မဆိုခဲ့ဘူး။ အင်ပါယာ သားတော်မင်နဲ့ အင်ပါယာသားတော် ထိုက်တို့တောင်မှ လူသစ်လေးတွေလိုမျိုး ဝင်မပါပဲ လုံးဝကို စိတ်မပါလက်မပါ ဖြစ်နေကြတယ်။

ဒါတော့ မတတ်နိုင်ပါဘူး။ အရင်က ယန်ရီဟွမ်ရဲ့ ဆိုးဆိုးဝါးဝါး အနိုင်ယူခြင်းကို အင်ပါယာ သားတော်မင်က ခံစားခဲ့ရပြီး ယန်ရီဟွမ်ရဲ့ မိုင်ပေါင်းမရေမတွက်နိုင်အောင် လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရတယ်။ နောက်ဆုံးမှာ သူက ကံကောင်းထောက်မပြီး အသက်ဘေးက လွတ်မြောက်ခြ့တယ်။ သူ့နှလုံးသားထဲက အရိပ်မည်းက မယုံနိုင်အောင် လေးလံလွန်းတာကြောင့် သူ့ဘာသာသူ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ဘယ်လိုလုပ် လုပ်ရဲတော့မှာလဲ။

ဒါပေမဲ့လည်း သူတို့အားလုံး အင်ပါယာ လမ်းကြောင်းကနေ ထွက်ခွာလာတာနဲ့ သူတို့က သူတို့ကလန်ရဲ့ သူတော်စင်တွေကို လှုပ်ရှားခိုင်းပြီးတော့ ဒီလူတွေကို သတ်ပစ်ခိုင်းဖို့ တွေးထား ကြပါတယ်။ မဟုတ်ရင် ဧကရာဇ် နေရာက သူတို့နဲ့ သေချာပေါက် သက်ဆိုင်တော့မှာ မဟုတ်ဘူး။

အစ်ကိုမျောက်ရဲ့ မျိုးနွယ် အားလုံးမှာ ခိုင်မာပြီး လွှမ်းမိုးဗိုလ်ကျတဲ့ ကိုယ်ကျင့်စရိုက် ရှိကြတယ်။ သူတို့က ဦးညွတ်ရတာထက် ချိုးဖျက်ခံလိုက်မဲ့ လူတွေ ဖြစ်တယ်။ တကယ်လို့ သူတို့က အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် သူတို့က အဲဒါကို ထိပ်တိုက်ရင်ဆိုင်ကြပါလိမ့်မယ်။ သူက အရှေ့က မှောင်နေတဲ့ လမ်းကြောင်းတစ်ခုထဲကို လျှောက်သွားပြီး မကြောက်မရွံနဲ့ ခြေလှမ်းကျဲကျဲတွေနဲ့ လျှောက်သွားပါတယ်။

လင်းဟန်က အနောက်ကနေ နီးနီးကပ်ကပ် လိုက်လာခဲ့တယ်။ အဲဒီအချိန် သူ့နတ်ဘုရား အာရုံကို ဖြန့်ကျက်ပြီးတော့ သူ့ပတ်ဝန်းကျင်က အရာအားလုံးကို အာရုံခံကြည့်လိုက်တယ်။ သူက အရမ်းကို သတိထားနေခဲ့တယ်။

တကယ်လို့ သူတို့နှစ်ယောက်စလုံး ခေါင်းမာမာနဲ့ အတင်းကြီး ရှေ့ဆက်သွားမယ်ဆိုရင် သေချာပေါက် ကောင်းတဲ့အရာတစ်ခု ဖြစ်မှာ မဟုတ်ဘူး။

တော်တော်ကြာအောင် လမ်းကြောင်းထဲ လျှောက်လာပြီးတဲ့ နောက်မှာတော့ လမ်းကြောင်းရဲ့ အရှေ့က ရုတ်တရက် ပွင့်သွားတယ်။ အတွင်းဘက်က လုံးဝကို ဟောင်းလောင်းပေါက်လို ဖြစ်ပြီးတော့ နေရာက အရမ်းကို ကျယ်လာခဲ့တယ်။ ခုနှစ်ရောင်ခြယ် မီးတောက်တွေ ပန်းထွက်နေပြီး မိုးကောင်းကင်ကို ရေတံခွန်တွေ ထိုးတက်နေကာ ဆန်းကြယ်တဲ့ နတ်ဘုရား သတ္တုတွေ တောက်ပနေပြီး ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ပုံစံမျိုး ဖြစ်နေတယ်။

“သတိထား”

အစ်ကိုမျောက်က ရုတ်တရက် ပြောလိုက်တယ်။ အဲဒီနောက် သူ့တုတ်ကို မြှောက်ပြီးတော့ အရှေ့တည့်တည့်ကို ညွှန်လိုက်တယ်။

“အဲဒီမှာ ဘယ်သူလဲ။ ထွက်ခဲ့စမ်း”

လင်းဟန်က အာရုံစိုက်ကာ ကြည့်လိုက်တော့ မှုန်ဝါးဝါး အရိပ်တစ်ခုကို သူ့အရှေ့တည့်တည့်မှာ မြင်လိုက်ရတယ်။ ဒါပေမဲ့လည်း သူက အဲဒါဟာ လူသား တစ်ယောက်လား ဒါမှမဟုတ် နတ်ဆိုး တစ်ကောင်လား ဆိုတာကိုတော့ သည်းသည်းကွဲကွဲ မမြင်နိုင်ပါဘူး။

“မျောက်ကလေး မင်းက အတော်လေးကို စိတ်မြန်လက်မြန် ရှိတာပဲ”

အိုမင်းနေတဲ့ အသံတစ်သံ ထွက်ပေါ်လာပြီး အဲဒီအရိပ်ကလည်း လမ်းလျှောက်လာတယ်။ သူတို့တွေ အနီးနားကို ရောက်လာတော့ မှုန်ဝါးဝါး အလွှာက မှေးမှိန်သွားပြီး အဘိုးကြီး တစ်ယောက် ထွက်ပေါ်လာပါတယ်။

လင်းဟန်က အံ့သြသွားပြီးတော့ ပြောလိုက်တယ်။

“စီနီယာ။ ခင်ဗျားပါလား”

ဒါက သူ့ကို သင်္ချိုင်းဂူမှာ အချိန်အရက်ကို ပေးခဲ့တဲ့ အဘိုးကြီး ဖြစ်ပါတယ်။ သူ နှိုးထလာတဲ့ အချိန်မှာ အဘိုးကြီးကို မြင်ရတော့ဘူး။ သူက ဒီနေရာမှာ နောက်တစ်ကြိမ် ပေါ်လာလိမ့်မယ်လို့ သူ မထင်မှတ်ထားမိဘူး။

အကြီးအကဲက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်တယ်။

“လူငယ်လေး မင်းက တကယ့်ကို ကံကောင်းတဲ့လူပဲ”

အစ်ကိုမျောက်က သူ့ခေါင်းကို ကုတ်ပြီးတော့ အဲဒီနောက် နောက်တစ်ကြိမ် အော်လိုက်တယ်။

“ဟေ့ ခင်ဗျားက ဘယ်သူလဲ”

“ငါလား”

အဘိုးကြီးရဲ့ မျက်နှာပေါ်မှာ လွမ်းဆွေးတမ်းတတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာပြီးတော့ ပြောလိုက်တယ်။

“ငါ့နာမည် ဟန်ယွမ်လို့ ခေါ်တယ်။ ငါက သင်္ချိုင်းစောင့်ပါ”

တကယ်ပါပဲ။ အရင်က သူတို့တွေဟာ သူ့ကို အချိန်ရဲ့ သင်္ချိုင်းထဲမှာ မြင်ခဲ့ရပြီး အခုတော့ ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ သင်္ချိုင်း ဖြစ်နေတယ်။

“စီနီယာဟန်”

လင်းဟန်က သူ့လက်သီးတွေကို ဆုပ်ပြီးတော့ ဂါရဝပြုလိုက်တယ်။

“စီနီယာက ဒီနေရာကို ဟိုးအရင်ကတည်းက လာခဲ့ဖူးပုံပဲ။ ကျေးဇူးပြုပြီးတော့ ကျနော်တို့ကို လမ်းညွန်သင်ကြားပေးနိုင်မလား”

ဒီအချိန်မှာ တင်းရှူ၊ မူလရင်းမြစ်နဲ့ တခြားသူတွေလည်း နောက်ကနေ လျှောက်လာကြတယ်။ ဒီနေရာမှာ အကြီးအကဲ တစ်ယောက် တကယ်ပဲ ရှိနေတာကို သူတို့တွေ မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူတို့အားလုံး အံ့သြသွားခဲ့ကြတယ်။

Chapter 4489 end

*****

အပိုင်း (၄၄၉၀) ဆင့်ခေါ်ခြင်း

တစ်ခုသိထားသင့်တာက အင်ပါယာလမ်းကြောင်းထဲကို ဝင်ဖို့အတွက် အသက်အရွယ် အကန့်အသတ် တစ်ခု ရှိပြီးတော့ လူတိုင်း ဝင်နိုင်တာမျိုး မဟုတ်ပါဘူး။

ဒါကြောင့် ဒီအဘိုးကြီးက အတော်လေးကို အိုနေတဲ့ ပုံစံ ပေါ်ပြီးတော့ အသက်အရွယ်နဲ့ ပတ်သက်ရင် သူက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ။

ဒါက ဒေသခံ တစ်ယောက်များ ဖြစ်နိုင်မလား။

ဟန်ယွမ်က ပြုံးပြီးတော့ ပြောလိုက်တယ်။

“မစိုးရိမ်နဲ့ မစိုးရိမ်ကြနဲ့။ ငါက ဒီနေရာကို မပိုင်ပါဘူး။ ငါက အရာအားလုံးကို မြင်ပဲမြင်နိုင်ပြီး ဘာကိုမှ ယူမသွားနိုင်ဘူး။ မဟုတ်ရင် မိုးကောင်းကင်က ငါ့ကို ချမ်းသာပေးမှာ မဟုတ်ဘူး”

သောက်ကျိုးနည်း။

ဒါက ဘာအဓိပ္ပါယ်လဲ။

သူက ဒီနေရာရဲ့ ဒေသခံ တစ်ယောက် မဖြစ်နိုင်ပဲ အပြင်လူ တစ်ယောက်များ ဖြစ်နိုင်မလား။ ဒါပေမဲ့လည်း သူက အင်ပါယာလမ်းကြောင်းကို ဝင်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး။ အဲဒီအစား သူက ဝင်ဖို့ ဘာမှန်းမသိတဲ့ နည်းလမ်းတချို့ကို သုံးခဲ့ပုံပဲ။ ဒါကြောင့် သူက စည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ လူငယ်တွေဆီက ကံကြမ္မာ အခွင့်အလမ်းတွေကို လုယူလို့ မရနိုင်ဘူး။

“စီနီယာ ဒီနေရာက တကယ်ပဲ မဟာဧကရာဇ် တစ်ယောက်ကို မြုပ်နှံထားတာလား”

လင်းဟန်က မေးလိုက်တယ်။

ဟန်ယွမ်က သူ့ခေါင်းကို ခါလိုက်တယ်။

“ဒီနေရာမှာ မဟာဧကရာဇ် တစ်ပါးရဲ့ အလောင်း မရှိဘူး။ ဒါပေမဲ့ ဒီနေရာက မဟာဧကရာဇ်နဲ့ ဆက်စပ်နေတဲ့ အခွင့်အလမ်း တစ်ခု ရှိတာတော့ အမှန်ပဲ။ မင်းတို့ထဲက ဘယ်သူ ရမလဲ ဆိုတာကိုတော့ ငါမသိဘူး”

သူ့စကားတွေက လူအုပ်ကြီးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့တယ်။

ဒါက မဟာဧကရာဇ် တစ်ပါးနဲ့ ဆက်စပ်မှု ရှိတယ်ဆိုမှတော့ ဘယ်လိုပဲ ကြီးမားတဲ့ အခွင့်အလမ်းမျိုး ဖြစ်နေပါစေ အံ့မခန်း ဖြစ်နေပါလိမ့်မယ်။

“သွားတော့ ငါလည်း မင်းတို့တွေ အင်ပါယာ လမ်းကြောင်း ပွင့်ပြီးတော့ မင်းတို့နောက် လိုက်ပြီးတော့ ထွက်ဖို့အတွက် စောင့်နေမယ်”

ဟန်ယွမ်က တစ်ချက်ပြုံးကာ ပြောလိုက်တယ်။

“တကယ်တော့ ငါက အဲဒီသောက်ကျိုးနည်း ကောင်းကင်ဘုံကို အချိန်အကြာကြီး လှည့်စားထား ခဲ့တာ။ တကယ်လို့ ငါသာ နောက်တစ်ကြိမ် စည်းကမ်းတွေကို ချိုးဖောက်မယ်ဆိုရင် သေအောင် ရိုက်သတ်ခံရနိုင်တယ်”

ဒီစကားတွေက ကြောက်စရာကောင်းလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်ဘုံက သေအောင် သတ်ဖြတ်ခြင်း ခံရဖို့ အရည်အချင်း ပြည့်မီတဲ့ လူတွေက ဘယ်လောက်များများ ရှိလို့လဲ။

တကယ်လို့ သူက သူတော်စင် တစ်ယောက် ဖြစ်အောင် အဆင့်တက်လိုက်မယ် ဆိုရင်တောင် မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက သူ့ပေါ်ကို ကိုယ်တွင်းနတ်ဆိုးတွေ ဆင်းသက်လာစေတာပဲ ဖြစ်စေပါလိမ့်မယ်။

သူက ခွင့်မလွှတ်နိုင်တာ တစ်ခုခုကို မလုပ်သရွေ့ ကောင်းကင်ဘုံ တာအိုက မိုးကြိုးပစ်ဒဏ် ခတ်ပြီးတော့ သူ့ကို ရှင်းလင်းပစ်မှာတော့ မဟုတ်ပါဘူး။

ဒါကြောင့် လူတစ်ယောက်ကို ကောင်းကင်ဘုံ တာအိုက ရှင်းလင်းဖို့ဆိုရင် အရမ်းကို အစွမ်းထက်နေ ရပါမယ်။

ဟန်ယွမ်က ဒါကို ပြောပြီးတဲ့ နောက်မှာ အသံတိတ်သွားပြီး သူ့ရုပ်သွင်ကလည်း နောက်တစ်ကြိမ် မှုန်ဝါးလာတယ်။ ဘယ်သူမှ သူ့ကို ထိုးဖောက် မမြင်နိုင်ကြဘူး။

ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေတောင် ထိုးဖောက်မမြင်နိုင်ဘူး။ ဒီတော့ ဒီအဘိုးကြီးက ဘယ်လောက်အစွမ်းထက်နေလဲ။

သူတော်စင် တစ်ယောက်လား။

ဘယ်သူမှ သူ့ကို အနှောင့်အယှက် မပေးရဲပါဘူး။ ကမ္ဘာကြီးထဲမှာ ဧကရာဇ် မရှိတဲ့ ခေတ်တစ်ခုမှာ သူတော်စင်တွေကို လေးစားရပါတယ်။ ဘယ်သူက သူတို့ကို မလေးမစား လုပ်ရဲလို့လဲ။

သူတို့က ဟန်ယွမ်ကို ကွေ့ပတ်ပြီး တစ်ယောက်ပြီး တစ်ယောက် အရှေ့ကို ဆက်လျှောက် သွားခဲ့တယ်။

ဒီနေရာမှာ စက်ယန္တရားတွေ အတားအဆီးတွေ မရှိပါဘူး။ အရာအားလုံး အရမ်းကို တည်ငြိမ်နေပြီး သာမန်လိုဏ်ဂူ တစ်ခုလိုပါပဲ။

ဒါပေမဲ့လည်း တော်တော်ကြာအောင် လျှောက်လာပြီးတဲ့ နောက်မှာတော့ အခြေအနေတွေ ပြောင်းလဲလာခဲ့တယ်။

ခုခံမှုအားက နောက်တစ်ကြိမ် ရောက်လာတယ်။

ဒီခုခံမှုအားက ပုံမှန်မဟုတ်ပဲ ကျင့်ကြံခြင်း အဆင့်ပေါ် မူတည်ပြီးတော့ ကွဲပြားခြားနားပါတယ်။ ဥပမာ အစ်ကိုမျောက်က ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်ပေမဲ့ သူက လင်းဟန်နဲ့ ယှဉ်လိုက်ရင် လွယ်ကူနေတာမျိုး မဟုတ်ဘူး။ သူ ခံယူရတဲ့ ဖိအားက အဆတစ်ရာ ဒါမှမဟုတ် အဆတစ်ထောင်ထိတောင် သန်မာပါတယ်။

ဒါပေမဲ့ မီတာသုံးရာလောက် ရှေ့ဆက်လာပြီးတဲ့ နောက်မှာ အစ်ကိုမျောက်လို သန်မာတဲ့ လူတစ်ယောက်တောင် ရပ်လိုက်ရတယ်။

ဒီခုခံမှုက သူ့ကို ရှေ့ဆက်သွားလို့ မရနိုင်တဲ့အထိ အရမ်းကို အားကောင်းနေပါပြီ။ ဒါပေမဲ့လည်း အစ်ကိုမျောက်ရဲ့ လွှမ်းမိုးဗိုလ်ကျတဲ့ သဘာဝနဲ့အတူ သူက ဘယ်လိုလုပ် ဒီအတိုင်း ရပ်ပစ် လိုက်မှာလဲ။

သူက မာန်တစ်ချက်သွင်းပြီး သူ့လက်ထဲက သံမဏိတုတ်ကို အသက်သွင်းကာ အတားအဆီး အားကို အတင်းထိုးဖောက်ကာ နောက်တစ်ကြိမ် ရှေ့ကို တိုးလာခဲ့တယ်။

သူ့ရဲ့ ကြမ်းတမ်းမှုက တကယ့်ကို ကြောက်စရာကောင်းပြီး သူက နောက်ထပ် မီတာ သုံးဆယ်လောက်ထိ ရှေ့ကို တိုးလာခဲ့တယ်။ ဒါပေမဲ့လည်း ဒီတစ်ကြိမ်တော့ သူက တကယ်ပဲ သူ့အကန့်အသတ်ကို ရောက်လာခဲ့တယ်။ အစ်ကိုမျောက်က သံမဏိတုတ်ကို ဘယ်လောက်ပဲ ဝှေ့ယမ်းဝှေ့ယမ်း နည်းနည်းလေးမှ ရှေ့မဆက်နိုင်ခဲ့ပါဘူး။

ဒါက အစ်ကိုမျောက်ကို ဒေါသတကြီး ဖြစ်စေခဲ့တယ်။ သူက ပါးစပ်ဟပြီးတော့ သူ့သွားချွန်ချွန်တွေ ဖြဲကာ မမြင်ရတဲ့ ပြိုင်ဘက် တစ်ယောက်ကို အသေကိုက်ပစ်ချင်နေတဲ့ အတိုင်းပါပဲ။

အတွေးတစ်ချက်နဲ့ လင်းဟန်က ဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို ဆင့်ခေါ်လိုက်ပြီး သူနဲ့ အစ်ကိုမျောက်ကို ကာကွယ်ကာ သူတို့တွေ ရှေ့ဆက်တိုးဖို့ စိတ်ကူးလိုက်တယ်။

ဒါပေမဲ့လည်း ဒီတစ်ကြိမ်တော့ ဧကရာဇ် တစ်ပိုင်း လက်နက်တောင် အသုံးမဝင်ခဲ့ပါဘူး။ ခုခံမှုအားကို ရင်ဆိုင်ရတဲ့ အခါမှာ အစွမ်းမပြခဲ့ဘူး။

ဟင် ဒါဆိုရင် သူ ဘာလုပ်သင့်လဲ။

လင်းဟန်က သူ့လက်ကို အလျင်အမြန် လှုပ်လိုက်တယ်။ ဝုန်း။ ဖျက်ဆီးခြင်း စွမ်းအင် ပျံ့နှံ့လာပေမဲ့ အာနိသင်က သူထင်မှတ်ထားတာထက် အများကြီး ပိုပြီးတော့ ကောင်းမွန်နေပါတယ်။ သူက တကယ်ပဲ ခုခံမှုအားတွေ အားလုံးကို အနောက်ကို တွန်းပစ်ခဲ့တယ်။

ကံမကောင်းတာက ဒီဖျက်ဆီးခြင်း စွမ်းအင်က သူ့ကိုပဲ ကာကွယ်ပေးနိုင်ပါတယ်။ သူကိုယ်တိုင်က သေလောက်တဲ့ လက်နက်တစ်ခု ဖြစ်တာကြောင့် အစ်ကိုမျောက်ကိုလည်း ကာကွယ်ပေးဖို့ မဖြစ်နိုင်ပါဘူး။

လင်းဟန်က အတားအဆီး နည်းနည်းမှ မရှိပဲ ရှေ့ဆက်တိုးသွားတာကို မြင်တော့ အစ်ကိုမျောက်က ခေါင်းညိတ်လိုက်တယ်။

“ညီလေး မင်း အရင်ဆုံး သွားနှင့်”

လင်းဟန်က ခဏလောက် တုံ့ဆိုင်းသွားပြီးတော့မှ ပြန်ဖြေလိုက်တယ်။

“ကောင်းပြီ”

သူ ဘာပဲရခဲ့ရခဲ့ အစ်ကိုမျောက်ကို မျှဝေပေးလို့ ရပါတယ်။

သူက အရှေ့ကို လျှောက်လာခဲ့ပြီး သူ့နောက်မှာ တင်းရှူ၊ ကောင်းကင် ချေဖျက်သူနဲ့ တခြားသူတွေလည်း ဖျက်ဆီးခြင်း စွမ်းအင်ကို လည်ပတ်ကာ ဒီခုခံမှုအား အောက်မှာ လွတ်လပ်စွာ လှုပ်ရှားလာခဲ့တယ်။ တစ်ဖက်မှာတော့ အသင်္ချေတာအို၊ မူလရင်းမြစ်တို့က မူလဇစ်မြစ် ကမ္ဘာရဲ့ အရှင်သခင်တွေ ဖြစ်ပေမဲ့ သူတို့က ဖျက်ဆီးခြင်း စွမ်းအင်ကို ကျင့်ကြံအားထုတ်ထားခြင်း မရှိတာကြောင့် ဘာမှမတတ်နိုင်ပဲ သက်ပြင်းချရုံပဲ ရှိပါတယ်။

ဆယ်မိနစ်ကျော်လောက် လမ်းလျှောက်လာပြီးတဲ့ နောက်မှာ အတားအဆီး အားက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။

ကျောက်တိုင်တွေနဲ့ တောအုပ် တစ်ခုက သူတို့အရှေ့မှာ ပေါ်လာခဲ့တယ်။ ကျောက်တိုင်တွေက သိပ်သည်းထူထပ်ပြီးတော့ မယုံနိုင်အောင် များပြားလွန်းပါတယ်။ နောက်ပြီးတော့ ကျောက်တိုင် တစ်တိုင်ချင်းစီတိုင်းက တောက်ပနေဆဲ ဖြစ်ပြီးတော့ အရောင်အသွေးကလည်း အမျိုးမျိုး ရှိပါတယ်။

ဟန်ယွမ်ပြောတဲ့ မဟာဧကရာဇ်နဲ့ ဆက်စပ်နေတဲ့ မဟာအခွင့်အလမ်းဆိုတာက ဘယ်နေရာမှာလဲ။

ဟင်။

လင်းဟန်က ရုတ်တရက် လန့်ဖျပ်သွားခဲ့တယ်။ သူက တစ်စုံတစ်ခုက သူ့ကို ဆင့်ခေါ်နေသလို ခံစားချက်တစ်ခု ဖြစ်လာတယ်။

လူသား တစ်ယောက်ကလည်း ဒါမှမဟုတ် တခြားအရာတစ်ခုခုကလား ဆိုတာကိုတော့ ပြောဖို့ ခက်ပါတယ်။ ခဏလေး အတွင်းမှာ သူနဲ့ ချိတ်ဆက်မှု တစ်ခုကို တည်ဆောက်လိုက်ပြီး သူ့ကို အရိပ်မျက်နှာ တစ်ခုကို ဝိုးတိုးဝါးတား ထောက်ပြနေခဲ့တယ်။

သူက တင်းရှူနဲ့ တခြားသူတွေဆီ လှမ်းကြည့်လိုက်တော့ အဲဒီလူ လေးယောက်ကလည်း တခြားသူတွေဆီကို လှမ်းကြည့်နေကြတယ်။

ဒါကို ကြည့်ရတာ လူတိုင်းက အဲဒီအရာက ဆင့်ခေါ်ခြင်းကို ခံနေရတာပဲ။

မဟာဧကရာဇ် တစ်ယောက်က ချန်ထားတဲ့ ရတနာ တစ်ခုလား။

ဒါပေမဲ့ ဘာကြောင့် သူတို့ ဖြစ်ရတာလဲ။

တစ်ခုသိထားသင့်တာက ဒီကောင်းကင်ဘုံ ဧကရာဇ်ရဲ့ သင်္ချိုင်းက နောက်ဆုံးအကြိမ် အင်ပါယာ လမ်းကြောင်း ပွင့်တုန်းက မရှိခဲ့ဘူး။ ဒါကို ယန်ရီဟွမ်နဲ့ တခြားသူတွေက သက်သေထူ ထားခဲ့တယ်။ ဒါဆိုရင် ဒီသုံးသပ်ခြင်းကနေ ဒီကောင်းကင်ဘုံ ဧကရာဇ်လို့ ခေါ်တာက အရင် မဟာဧကရာဇ်ကို ရည်ညွှန်းတာ ဖြစ်နိုင်ချေ များပါတယ်။

ဒီမဟာဧကရာဇ်က ဘယ်သူလဲ။ သမိုင်းမှတ်တမ်းတွေမှာ မရှိပဲ ဒီလိုမျိုး ပုဂ္ဂိုလ် တစ်ယောက်က တကယ်ပဲ ရှိခဲ့တယ် ဆိုတာကို သူတို့တွေ နားလည်သဘောပေါက်ရုံသာ ရှိပါတယ်။

ပြဿနာက ဒီမဟာဧကရာဇ်က ဖျက်ဆီးခြင်း စွမ်းအင်နဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိနေလဲ။

ဒါက မူလဇစ်မြစ်ကမ္ဘာနဲ့ ပတ်သက်တာ မဟုတ်လား။

တကယ်လို့ မပတ်သက်ဘူးဆိုရင် ဘာကြောင့် မူလဇစ်မြစ်ကမ္ဘာရဲ့ အရှင်သခင်တွေပဲ ဒီဖျက်ဆီးခြင်း စွမ်းအင်ကို ကျင့်ကြံအားထုတ်နိုင်ပြီး သူတို့တွေပဲ ဒီနေရာကို လျှောက်လာ နိုင်ရတာလဲ။

တကယ်လို့ ဒီမဟာဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာတွေကို သူတို့ ရှာတွေ့မယ်ဆိုရင် လျှို့ဝှက်ချက် အားလုံးကို ဖော်ထုတ်နိုင်စွမ်း ရှိလိမ့်မလား။

လူတိုင်းက လှုပ်ရှားပြီးတော့ ကျောက်တုံးတောအုပ်ရဲ့ အတွင်းဘက်ဆီကို ဦးတည်လာခဲ့ ကြတယ်။

တော်တော်ကြာအောင် လျှောက်လာပြီးတဲ့ နောက်မှာ သူတို့တွေ ရပ်လိုက်တယ်။

ဒါဟာ ဘာကြောင့်လဲဆိုရင် ဒီလိုမျိုး ခံစားချက်က ဝေဝါးပြီး မယုံနိုင်အောင် အားနည်းနေလို့ ဖြစ်တယ်။

ဒီဖြစ်စဉ် အတွင်းမှာ လင်းဟန်က လူတိုင်းရဲ့ သိမြင်နားလည်ခြင်းက ဘာမှန်းမသိတဲ့ အဲဒီတည်ရှိမှုကြောင့် ကွဲပြားခြားနားတယ် ဆိုတာကို တွေ့ရှိခဲ့ရတယ်။ သူက အစွမ်းထက်ဆုံး ဖြစ်လောက်တယ်။ ဘာကြောင့်လဲဆိုတော့ သူက တချိန်လုံး ဒီဆက်သွယ်ခြင်းကို ပြတ်တောက်ခြင်း မရှိပဲ နောက်အစွမ်းထက်ဆုံးက တင်းရှူ ဖြစ်တယ်။

ဒါဟာ လူတစ်ယောက် တတ်မြောက်ကျွမ်းကျင်တဲ့ ဖျက်ဆီးခြင်း စွမ်းအင်ရဲ့ ခွန်အားနဲ့ ဆုံးဖြတ်တာများလား။

ကြည့်လေ။ လင်းဟန်က ဖျက်ဆီးခြင်း စွမ်းအင် ကားချပ်ရဲ့ အပိုင်းရှစ်ခုကို တတ်မြောက် ကျွမ်းကျင်ထားပြီး သူ့ထက် နည်းတာက တင်းရှူပဲ ရှိပါတယ်။ ဒီအာရုံခံစားခြင်းက လုံးဝကို ဒီအပေါ်မှာ မူတည်နေခဲ့တယ်။

လင်းဟန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြတ်သွားတယ်။ ကြည့်ရတာ မဟာဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာက သူ့ကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တဲ့ ပုံစံပါပဲ။

သူက အရှိန်တင်လိုက်ပြီး ကျောက်တုံးတောအုပ်ကို လွန်းပျံလို ဖြတ်လာခဲ့တယ်။ ဘယ်ကွေ့လိုက် ညာကွေ့လိုက် ပြီးတဲ့ နောက်မှာတော့ မကြာခင်ပဲ သူက အားလုံးကို မျက်ခြေဖြတ်ထားခဲ့တယ်။

ဒီနေရာမှာ ကျောက်တောအုပ်က အရမ်းကို ထူထပ်ပြီး မြင်နိုင်စွမ်းကို အကြီးအကျယ် သက်ရောက်မှု ရှိပါတယ်။ လူတစ်ယောက်က အဝေးကို မမြင်နိုင်ပဲ နတ်ဘုရား အာရုံကို တားဆီးတဲ့ အာနိသင်တွေကို ထုတ်လွှတ်နေတဲ့ အလင်းတန်းတွေ ရှိနေတယ်။ ဒါကြောင့် လူတစ်ယောက်က ခြေလှမ်းအနည်းငယ် အတွင်းမှာ သူတို့ကို မျက်ခြေပြတ်သွားစေ နိုင်ပါတယ်။

လင်းဟန်က မြန်မြန် လမ်းလျှောက် လာခဲ့တယ်။ သူ့ရဲ့ ဦးဆောင်တဲ့ နေရာက လုံခြုံမှု မရှိတာကြောင့် သူက အလျင်လိုနေပါတယ်။

သူက ဟိုဟိုဒီဒီ လျှောက်သွားပြီးတော့ ကွေ့ပတ်သွားလာခဲ့တယ်။ ဒီကျောက်တောအုပ်က အံ့မခန်း ကြီးမားပါတယ်။ နောက်ပြီးတော့ အဲဒီဆန်းကြယ်တဲ့ တည်ရှိမှုကို လင်းဟန်ရဲ့ အာရုံခံနိုင်စွမ်းက အနည်းငယ် အားကောင်းတယ်ဆိုပေမဲ့ ဒါဟာ ဆက်နွယ်မှု ဖြစ်ပါတယ်။ သူ့အနေနဲ့ ရပ်ပြီးတော့ အရပ်မျက်နှာကို ခွဲခြားသုံးသပ်ဖို့ အကြိမ်ကြိမ် ရပ်ခဲ့ရတယ်။

ဒါကြောင့် သူ့အမြန်နှုန်းက တကယ်တော့ အရမ်းကို မြန်ဆန်တယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမဲ့ သူက တခြားသူတွေရဲ့ အရှေ့မှာ ဆိုတာကတော့ သေချာတယ်။

သုံးရက်ကြာပြီးတဲ့ နောက်မှာတော့ လင်းဟန်က အဲဒီဆက်သွယ်မှု ခံစားချက်က အားကောင်းလာတာကို တွေ့ရှိခဲ့ရတယ်။

သူက မဟာဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာနဲ့ အရမ်းကို နီးစပ်နေပြီဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား။

လင်းဟန်က စိတ်လှုပ်ရှားလာပြီးတော့ အရှိန်မြှင့်တင်လိုက်မိတယ်။

နေ့တစ်ဝက် ကြာပြီးတဲ့ နောက်မှာတော့ သူက ကျောက်တောအုပ်ကနေ ထွက်လာခဲ့တယ်။ သူက ဧရာမ ကျောက်ပြားကြီး တစ်ချပ် အရှေ့မှာ ရပ်နေခဲ့တယ်။

Chapter 4490 end

*****

All Chapters