← Chapters

အခန်း (၄၄၉၁-၄၄၉၅)

Vol. 224 Ch. 4491-4495

အခန်း (၄၄၉၁-၄၄၉၅)

Vol. 224 Ch. 4491-4495

အပိုင်း (၄၄၉၁) ပြည့်စုံသော ဖျက်ဆီးခြင်း စွမ်းအင်

လင်းဟန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ သူက တကယ်တမ်း ကျောက်တောအုပ်က ထွက်လာခဲ့တာ မဟုတ်မှန်း တွေ့လိုက်ရတယ်။ ဒီထင်ယောင်ထင်မှားမှု အတွက် တစ်ခုတည်းသော အကြောင်းရင်းက ဒီကျောက်ချပ်ကြီး အနားက ဧရိယာဟာ ရှင်းလင်းနေတာပဲ။

တကယ်တမ်းတော့ သူက ကျောက်တောအုပ် အတွင်းထဲမှာ ရှိနေဆဲ ဖြစ်ပေမဲ့ ဘယ်နေရာ ဘယ်ထောင့်မှန်းမှာ မသိပါဘူး။

ဒီကျောက်ချပ်ကြီးက ထူးခြားလို့လား။

လင်းဟန်က လျှောက်သွားကြည့်လိုက်တယ်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး သူ့နှလုံးသားက ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့တယ်။

ဒါက တကယ်ပဲ ဖျက်ဆီးခြင်း စွမ်းအင် စိတ်ဝိညာဉ် ကားချပ်ရဲ့ နဝမမြောက် အပိုင်း ဖြစ်နေတယ်။

တစ်ခုသိထားရမှာက စိတ်ဝိညာဉ် ကားချပ်ရဲ့ အပိုင်း ရှစ်ခုကို ဘာမှန်းမသိတဲ့ တိရိစ္ဆာန် သားရေချပ် တချို့ပေါ်မှာ ရေးထားခဲ့ပေမဲ့ အခုကျတော့ရော။ ဖျက်ဆီးခြင်း စွမ်းအင် စိတ်ဝိညာဉ် ကားချပ်ရဲ့ နဝမမြောက် အပိုင်းကို ကျောက်ပြားပေါ်မှာ ရေးထွင်းထားတယ်။

သူက လှုံ့ဆော်မှု တစ်ခုကို ခံစားရတာ မထူးဆန်းတော့ဘူး။ လက်စသတ်တော့ ဒီလိုကိုး။

သောက်ကျိုးနည်း။ ဖျက်ဆီးခြင်း စွမ်းအင်ကို နောက်ဆုံးခေတ်က မဟာဧကရာဇ်က ဖန်တီးထားခဲ့တာများ ဖြစ်နိုင်မလား။

ဒါက အံ့သြစရာပဲ။

ဖျက်ဆီးခြင်း စွမ်းအင်က ကြယ်ကိုးပွင့်ကို ကျော်လွန်ပြီး အတိတ်တုန်းက မဟာဧကရာဇ်တွေ အနေနဲ့တောင် ဒါကို အရင်က တစ်ခါမှ မထိတွေ့ဖူးကြဘူး။

ဒီနေရာကို ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ သင်္ချိုင်းလို့ ခေါ်ဆိုနိုင်တာက မထူးဆန်းတော့ဘူး။ အရင် မဟာဧကရာဇ်က တကယ့်ကို အံ့သြဖွယ် ကောင်းပြီးတော့ အားလုံးကို အံ့အားသင့်စေတယ်။

ပြဿနာက ဒါက သူနဲ့ ဘာများသက်ဆိုင်မှု ရှိလဲ။

မူလဇစ်မြစ်ကမ္ဘာနဲ့ အတိတ်က မဟာဧကရာဇ် အကြားမှာ သေချာပေါက် ဆက်သွယ်မှု တစ်ခု ရှိပေမဲ့ အဲဒါက ဘာများဖြစ်နေမလဲ။

လင်းဟန်က သိချင်လာပေမဲ့ သူက အဖြေမဖော်ထုတ်နိုင်ပါဘူး။

ဒါပေမဲ့လည်း သူက သူ့စိတ်ထဲက ဒီမေးခွန်းကို ချက်ချင်းပဲ ဘေးဖယ်ထားလိုက်တယ်။ အခုချိန် အရေးအကြီးက အကြောင်းရင်းကို သိရဖို့ မဟုတ်ပဲ ဖျက်ဆီးခြင်း စွမ်းအင် စိတ်ဝိညာဉ် ကားချပ်ရဲ့ နဝမမြောက် အပိုင်းကို ကျင့်ကြံအားထုတ်ဖို့နဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ ဖြစ်ပါတယ်။

သူက ချက်ချင်းပဲ ဖတ်လိုက်တယ်။

ဝှမ်း။ သူ့ခန္ဓာကိုယ်ထဲက သန်းပေါင်းများစွာသော ဒိုင်မန်းရှင်းတွေက ချက်ချ်ငးပဲ သူတို့တွေကို လှုံ့ဆော်ခံလိုက်ရသလိုမျိုး တုန်ခါလာပေမဲ့ အော်ဟစ် အားပေးနေတဲ့ ပုံစံမျိုးလည်း ဖြစ်နေတယ်။ နားလည်လို့ မရနိုင်တဲ့ အရာတစ်ခုကို သူက အတင်းအကျပ် စုပ်ယူလိုက်ကာ သူ ဘာလုပ်ရမလဲ ဆိုတာကို နားလည်သွားတယ်။

ဒီခံစားချက်က တကယ်ပဲ ထူးဆန်းတယ်။

ဒါပေမဲ့လည်း သူက ဒါကို ရှစ်ကြိမ်တောင် အတွေ့အကြုံ ရှိထားတာကြောင့် တကယ်လို့ ဒါကို နောက်တစ်ကြိမ် အတွေ့အကြုံ ရလာခဲ့ရင်တောင် ကိစ္စမရှိဘူး။

နေ့တစ်ဝက် အတွင်းမှာ လင်းဟန်က စိတ်ဝိညာဉ် ကားချပ်ရဲ့ နဝမမြောက် အပိုင်းကို တတ်မြောက် သွားပါပြီ။

ဝုန်း။ ဖျက်ဆီးခြင်း စွမ်းအင်က စိမ့်ထွက်လာပြီး လင်းဟန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ လောင်ကျွမ်း လာခဲ့တယ်။ ဒီစွမ်းအင်က အမှောင်ထုထက်တောင် သိပ်သည်းပြီး ဖော်ပြလို့ မရနိုင်တဲ့ ဖိအား တစ်ခုကို ထုတ်လွှတ်နေတယ်။

ဂျိန်း။

ရုတ်တရက် မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးထဲမှာ မိုးခြိမ်းသံကြီး တစ်ခု ထွက်လာတယ်။ လင်းဟန်ရဲ့ ခေါင်းအထက်မှာ မိုးကြိုးကပ်ဘေး တိမ်တိုက်တွေ တလိပ်လိပ် ပေါ်လာပြီး တစ်လွှာချင်းစီ ဖုံးအုပ်နေကြတယ်။

လင်းဟန်က ကြက်သည်းမွှေးညှင်း ထသွားခဲ့မိတယ်။ မိုးကောင်းကင် ကပ်ဘေးက ကိုယ်တွင်း နတ်ဆိုးတစ်ကောင် ဆင်းသက်လာတာပဲ ဖြစ်စေပေမဲ့ အခုတော့ ကြည့်ရတာ နတ်ဘုရား မိုးကြိုး တကယ်ပဲ ပစ်ချတော့မဲ့ ပုံစံ ဖြစ်နေတယ်။

ဒါ နောက်စရာ မဟုတ်ဘူးလေ။

တကယ်လို့ ကောင်းကင်ဘုံ တာအိုက သတ်ဖို့ စိတ်ကူးထားရင် သူတောင် တစ်ယောက်တောင် သေခြင်းတရား လမ်းကို လျှောက်ရုံပဲ ရှိပါတယ်။

ပြဿနာက ကောင်းကင်ဘုံ တာအိုမှာ သူ့ကိုယ်ပိုင် စည်းကမ်းတွေနဲ့ ကစားလေ့ ရှိတာကြောင့် သေချာပေါက် အထိန်းအကွပ်မဲ့စွာ ပြုမှုလာမှာတော့ မဟုတ်ပါဘူး။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းဥပဒေ စွမ်းအားကို ဖျက်ဆီးမဲ့ ကြီးကြီးမားမား အရာတစ်ခုကို မလုပ်သရွေ့ပေါ့။

ငါက ပြည့်စုံတဲ့ ဖျက်ဆီးခြင်း စွမ်းအင်ကိုပဲ တတ်မြောက်ထားတာလေ။ ဒါက မင်းကို အရမ်း ဒေါသထွက်စေဖို့ လိုအပ်လို့လား။

အင်း ဖျက်ဆီးခြင်း စွမ်းအင်က တကယ်တော့ ဟာသ မဟုတ်ပါဘူး။ ဒါက အဆင့်မြင့် စွမ်းအင် အားလုံးထက် သာလွန်တဲ့ အရာတစ်ခု ဖြစ်တယ်။

ဒါပေမဲ့လည်း သူက တကယ်ပဲ မိုးကြိုးပစ်ချ ခံရတော့မှာလား။

ဒါက အရမ်းကို များသွားပြီ။

ဂျိန်း။ လျှပ်စီးမိုးကြိုး တစ်ခု ပစ်ချလာပြီး မယုံနိုင်အောင်ကို မြန်ဆန်နေပါတယ်။

လင်းဟန် ဖြစ်တော့ရော ဘာလုပ်ရမှာလဲ။ သူက လုံးဝကို ရှောင်တိမ်းနိုင်စွမ်း မရှိပါဘူး။

ဒါက သူတော်စင် တစ်ပါးရဲ့ တိုက်ခိုက်မှု တစ်ခုနဲ့ ယှဉ်လို့ ရသလို ပိုပြီးတော့တောင် သန်မာအားကောင်း နိုင်ပါတယ်။

ဒါပေမဲ့လည်း လင်းဟန်က သူ ဒဏ်ရာ မရခဲ့ဘူး ဆိုတာကို တွေ့လိုက်ရတယ်။

ဟင် ကောင်းကင်ဘုံ တာအိုကလည်း လူတွေကို အရူးလုပ်တာပဲလား။

ဂျိန်း ဂျိန်း ဂျိန်း။ မိုးကြိုးလျှပ်စီးတွေ တစ်ခုပြီး တစ်ခု လင်းဟန်ကို ပစ်ခတ်လာခဲ့တယ်။

မဟုတ်ဘူးူ။ လင်းဟန်ကိုပဲ မဟုတ်ဘူး။ ကျောက်ချပ်ကိုတောင် ပစ်မှတ်ထားပြီး သဲလွန်စ တစ်ခု မကျန်ပဲ ပျောက်ကွယ်သွားအောင် အတင်းအကျပ် ဖျက်ဆီးပစ်နေတာပဲ။

လင်းဟန်က သိချင်လာတယ်။ ဘာကြောင့်လဲဆိုတော့ မိုးကြိုးက ကျောက်တုံးတစ်တုံးကို ထိမှန်သွားရင် ကျောက်တုံးက ပျက်စီးခြင်း တစ်ခုကို ခံစားရပေမဲ့ သူ့ကို ထိမှန်တဲ့ အချိန်မှာ သူက လုံးဝကို မထိခိုက်ဘူးတဲ့လား။

နောက်ပြီး မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက အင်ပါယာ လမ်းကြောင်းကို ဖြစ်ပေါ်ထားခဲ့တာ မဟုတ်ဘူးလား။ မင်းက တခြားသူတွေကို ဖျက်ဆီးခြင်း စွမ်းအင်ကို ကျင့်ကြံအားထုတ်စေချင်တဲ့ စိတ်မရှိဘူးဆိုရင် ဘာဖြစ်လို့ ဒီနေရာမှာ ချန်ထားရတာလဲ။

ဒီမှာ ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ သင်္ချိုင်းကို တည်ဆောက်ထားပြီးတော့ အခုတော့ ကောင်းကင် ကပ်ဘေး တစ်ခုကို စေလွှတ်ပြီးတော့ ဒါကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါက မလိုအပ်တဲ့ လုပ်ဆောင်ချက် တစ်ခု မဟုတ်ဘူးလား။

ဝုန်း ဝုန်း ဝုန်း။

နတ်ဘုရား လျှပ်စီးတွေ အရူးအမူး ပစ်ခတ်လာတယ်။ ပြီးတော့ လျင်မြန်စွာနဲ့ တည်ငြိမ်လာပြီး နှစ်မိနစ်တောင် မပြည့်သေးခင် မိုးကြိုးပစ်တာတွေ ရပ်သွားကာ မိုးကြိုးတိမ်တိုက်တွေလည်း ပျောက်ကွယ်သွားခဲ့တယ်။

အာ ဒါက ကျောက်ချပ်ကို ဖျက်ဆီးပစ်ဖို့ တမင်သက်သက် လုပ်တယ်ဆိုတာ သိသာမနေဘူးလား။

လင်းဟန်က သူ့ကိုယ် အတွင်းဘက်ကို ပြန်ကြည့်လိုက်တယ်။ ကောင်းကင်ဘုံ ကပ်ဘေးရဲ့ အကြိမ်ပေါင်းများစွာ ထိမှန်ခံရပြီးတဲ့ နောက်မှာ သူက ထိခိုက်ခြင်း မရှိပေမဲ့ တစ်ခုခု ခံစားနေရတာက ထူးဆန်းနေတယ်။

ဒါက သူ့ကို အံ့အားသင့်သွားစေပြီး သူ့အမူအရာလည်း ထူးဆန်းလာတယ်။

သူက တကယ်ပဲ ဒဏ်ရာနည်းနည်းမှ မခံစားရပေမဲ့ ဘာမှမပြောင်းလဲ သွားတာတော့ မဟုတ်ဘူး။

ဒါက ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲက ကျင့်ကြံခြင်း အသီးပေါ်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် အနက်ရောင် ချိန်းကြိုးတွေ ပေါ်လာခဲ့တယ်။

လဗြွတ်။ ဒါက ဘာကြီးလဲ။

လင်းဟန်က သူ့လက်တွေ ခြေထောက်တွေကို လှုပ်ရှားကြည့်လိုက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ စွမ်းအင်တစ်ခု ထွက်လာတယ်။ စည်းမျဉ်းဥပဒေ စွမ်းအားတွေ ထွက်လာပြီး သူ့တိုက်ပွဲ စွမ်းရည်ကို နည်းနည်းလေးမှ သက်ရောက်မှု မရှိခဲ့ဘူး။

ဟင်။ ဒီအနက်ရောင် ချိန်းကြိုးတွေက ဘာများအသုံးဝင်လဲ။

ဒါက မိုးကောင်းကင် ကပ်ဘေး သူ့ကို တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လင်းဟန်က ဟန်ပြသက်သက်လို့တော့ မထင်မိဘူး။

“ငါ စဉ်းစားလို့ မရနိုင်တဲ့ အသုံးဝင်မှု တချို့တော့ ရှိရမယ်။ ဒါက ဟန်ပြသက်သက်တော့ မဟုတ်ဘူး”

“ဒါပေမဲ့ မိုးကောင်းကင် တာအိုက ဒါကြောင့် စိတ်တိုပြီးတော့ ငါ့ကို တိုက်ခိုက်ဖို့ မိုးကြိုးလျှပ်စီးတွေ လွှတ်လိုက်တာပဲ။ ဒီတော့ ဒါက ကောင်းတဲ့အရာတော့ မဟုတ်လောက်ဘူး။ ဟုတ်တယ်မလား”

လင်းဟန်က သူ့နှာခေါင်းကို ပွတ်လိုက်တယ်။ ဖျက်ဆီးခြင်း စွမ်းအင်ကို အပြည့်အ၀ အခြေအနေထိ ကျင့်ကြံအားထုတ်တာက အရမ်းကောင်းတဲ့ အရာတစ်ခု ဖြစ်ပေမဲ့ သူ့အတွက်တော့ အတွင်းအန္တရာယ် တစ်ခုကို အမြစ်တွယ်သွားစေတဲ့ ပုံစံပဲ။

“ဘာပဲဖြစ်ဖြစ် ငါ ဒီနေရာကို ရောက်လာတဲ့ အချိန်မှာ တံတားကို ဖြတ်ကျော်ရမှာပဲ။ အခုချိန်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စဉ်းစားနေရင် အသုံးမဝင်ဘူး”

သူက ထရပ်လိုက်ပြီးတော့ ထွက်သွားဖို့ ပြင်လိုက်တဲ့ အခါမှာ သူ့ခြေထောက်အောက်က မြေပြင်ဟာ ပြင်းထန်စွာ တုန်ခါလာတာကို ခံစားလိုက်ရတယ်။

ဘာတွေ ဖြစ်နေတာလဲ။

ကျယ်လောင်တဲ့ အသံကြီး တစ်ချက် မြည်သွားပြီး လေဟာနယ် တစ်ခုလုံး အက်ကွဲကာ ပွင့်သွားတယ်။ လင်းဟန်က ချက်ချင်းပဲ ခုခံလို့မရတဲ့ အားတစ်ခုကြောင့် လွင့်ထွက်သွားတယ်။ ဒီဖြစ်စဉ်မှာ သူက တခြားသူတွေကိုတောင် မြင်တွေ့ရတယ်။

ဥပမာ တင်းရှူ၊ အစ်ကိုမျောက်၊ ရွှေရောင်မျိုးဆက်နဲ့ မြောက်ပိုင်း ဥစ္စာဓနမြို့ထဲမှာ နေနေတဲ့ စုန်လန်ကိုတောင် တွေ့လိုက်ရပါတယ်။

အင်ပါယာ လမ်းကြောင်း ပြီးသွားတာများ ဖြစ်နိုင်မလား။

လင်းဟန်က ယန်ရီဟွမ်၊ ဟဲလျှိုနဲ့ ဖန်မြောင်လင်းတို့ အားလုံး ခေါင်းရှုပ်နေတဲ့ ပုံစံကို မြင်တွေ့ခဲ့ရတယ်။ ဒါကိုကြည့်ရင် အင်ပါယာ လမ်းကြောင်းက အတိတ်တုန်းက ဒီနေရာမှာ အဆုံးသတ်သွားတာ မဟုတ်ဘူးဆိုတာ တွေ့နိုင်တယ်။ ဒါပေမဲ့ အခုတော့ အပြောင်းအလဲ တချို့ ဖြစ်ပြီးတော့ ရုတ်တရက် ရပ်လာခဲ့တာ ဖြစ်မယ်။

လေဟာနယ်က နောက်တစ်ကြိမ် အက်သွားပြီး လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျ လာခဲ့တယ်။

ဒီနေရာက ထပ်တူလမင်းဂြိုလ်ပဲ။

ဟိုဧရာမ ကျောက်တံခါးကြီးက ဖြည်းဖြည်းခြင်း ပိတ်နေတယ်။ ဒါက အရမ်းကို မျက်စိဆွဲဆောင်မှု ရှိပြီးတော့ ဘယ်သူကမှ မှားယွင်းပြီး မြင်လိမ့်မှာ မဟုတ်ပါဘူး။

ရုတ်တရက် သူတော်စင်တွေနဲ့ ကြီးမြတ်သော အရှင်သခင်တွေ အားလုံး လှုပ်ရှားလာပြီး သူတို့ရဲ့ မျိုးဆက်တွေနဲ့ အမွေဆက်ခံသူတွေကို ရှာဖွေနေကြတယ်။

အခု သူက ဒီနေရာကို ရောက်လာတော့ လင်းဟန်က လေဟာနယ် ဆုံမှတ်တွေကို နောက်တစ်ကြိမ် ထိန်းချုပ်လာနိုင်တယ်။ သူက မြေကမ္ဘာချီကို သူ့မျက်လုံးတွေ နားတွေအဖြစ် သုံးပြုကာ ခဏလောက် အာရုံခံကြည့်ပြီးတော့ တောင်ကိုးလုံး သူတော်စင် ဒီနေရာမှာ ရှိမနေဘူး ဆိုတာကို တွေ့လိုက်ရတယ်။

ဟုတ်ပါတယ်။ အဘိုးကြီးက အင်ပါယာလမ်းကြောင်းကို သူ ငရဲပြည်လမ်းကနေ ဝင်သွားခဲ့တာကို မသိပါဘူး။ ဒီလမ်းကြောင်းက အရမ်းကို သိုဝှက်လွန်းပြီးတော့ သိတဲ့လူက အရမ်းကို နည်းပါတယ်။

ဒါကြောင့် အဘိုးကြီးက သူ့ကို ဒီနေရာမှာ စောင့်မနေတာက ပုံမှန်ပဲ။

“လင်းဟန်”

မြေကမ္ဘာတုန်လောက်စေတဲ့ အသံတစ်သံ ထွက်လာတယ်။ သူတော်စင် တစ်ယောက် ဒေါသတကြီး ပျံသန်းလာပြီး မီတာသန်းချီ မြင့်မားတဲ့ လူဘီလူးကြီး တစ်ယောက် အဖြစ်ကို တန်းပြီး ပြောင်းလဲလိုက်တယ်။ သူ့ခေါင်းက ဂြိုလ်တစ်လုံး အရွယ်အစားလောက် ရှိပြီးတော့ လင်းဟန်ကို တိုက်ရိုက် ကြည့်နေခဲ့တယ်။

“သေစမ်း”

နောက်ထပ် သူတော်စင် တစ်ယောက်ကလည်း ပုံရိပ်ယောင် တစ်ခု ကိုယ်ထင်ပြလာပြီး လူဘီလူးကြီး တစ်ကောင် အဖြစ်ကို အသွင်ပြောင်းလဲ သွားခဲ့တယ်။

တတိယမြောက် စတုတ္တမြောက်နဲ့ တစ်ယောက်ပြီး တစ်ယောက် ရှိလာကာ သူတော်စင်တွေက သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားကို သုံးပြီးတော့ မီတာသန်းနဲ့ချီ မြင့်မားတဲ့ လူကြီးတွေ အဖြစ်ကို ပြောင်းလဲလိုက်တယ်။ ဒီလိုနဲ့ ထပ်တူလမင်းဂြိုလ်ရဲ့ ဘယ်ထောင့်မှာပဲဖြစ်ဖြစ် လင်းဟန် ပုန်းနေပါစေ သူတို့တွေက အသာလေး တစ်ချက် ဖမ်းဆုပ်လိုက်တာနဲ့ သတ်ပစ်နိုင်စွမ်း ရှိပါလိမ့်မယ်။

ဒီကောင်လေးကို သေချာပေါက် အသက်ရှင်ခွင့်မပြုနိုင်ဘူး။

သူတော်စင် တစ်ပါးက အရမ်းကို လက်မြန်ခြေမြန်ရှိပြီး လင်းဟန်ကို သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အခွင့်အရေး တစ်ခုတောင် မပေးခဲ့ဘူး။ ဧရာမ လက်ကြီးတစ်ဖက်က မိုးပေါ်ကနေ ဆင်းသက်လာပြီး လင်းဟန်ဆီကို ရိုက်ချလိုက်တယ်။

သူတော်စင် လှုပ်ရှားလာတဲ့ အချိန်မှာ ကြီးမြတ်သော အရှင်သခင်အဆင့်ပဲ ရှောင်တိမ်းနိုင်တယ်။ နောက်ပြီး သူက လေဟာနယ်ကို စုတ်ဖြဲပြီးတော့ ချက်ချင်း ထွက်ပြေးမှပဲ ရပါမယ်။ တကယ်လို့ သူသာ နည်းနည်းလေး နှေးသွားရင် လေဟာနယ်လည်း ရှုပ်ထွေးသွားပြီး သေသွားရလိမ့်မယ်။

သူတော်စင်က မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းဥပဒေ စွမ်းအားတွေနဲ့ အရောတဝင် ရှိတာကြောင့် သူက မယုံနိုင်အောင် အစွမ်းထက်တယ်။

လင်းဟန်က ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ပဲ ဖြစ်ပြီးတော့ ရှောင်တိမ်းဖို့ အခွင့်အရေးတောင် မရှိဘူး။

သူက လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်ပြီး ထပ်တူလမင်းဂြိုလ်က ပြင်းထန်စွာ တုန်ခါသွားတယ်။ ဂြိုလ်ရဲ့ သုံးပုံတစ်ပုံခန့်က အတွင်းကို ချိုင့်ဝင်သွားပါတယ်။

Chapter4491 end

*****

အပိုင်း (၄၄၉၂) ပရိယာယ်မာယာ

လင်းဟန် သေသွားပြီလား။

သူ သေချာပေါက် သေရမယ်။ သူတော်စင် တစ်ယောက် လှုပ်ရှားပြီး သူ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်တာ ဖြစ်ပြီးတော့ တကယ်လို့ သူ မသေသေးဘူးဆိုရင် ဒီကမ္ဘာကြီးထဲမှာ တရားမျှတမှုဆိုတာ ရှိပါဦးမလား။

ဒီမြင်ကွင်းက အင်ပါယာသားတော်တွေ အများအပြားနဲ့ တင်းရှူ၊ ယန်ရီဟွမ်နဲ့ တခြားသူတွေ အပါအဝင် အားလုံးကို အရမ်းအံ့အားသင့် သွားစေခဲ့တယ်။

ဒီမယုံနိုင်အောင် တမူထူးခြားတဲ့ ပါရမီရှင်နဲ့ ပလ္လင်အတွက် တိုက်ရိုက်ရည်ရွယ်ထားသူက တကယ်ပဲ ဒီလိုပုံစံနဲ့ သေသွားရပြီလား။

အရမ်းကို တည်ငြိမ်မနေတဘူးလား။ ဒီလိုမျိုး ထိုက်တန်မှုမရှိတဲ့ သေဆုံးမှု တစ်ခုလား။ အရမ်း ရိုးရှင်းမနေဘူးလား။

ဒါပေမဲ့ သေချာတွေးကြည့်ရင် သူတော်စင် တစ်ယောက်ကတောင် လှုပ်ရှားလာပြီဆိုတော့ ဘယ်ဂိုဏ်းအရှင်သခင် အဆင့်တစ်ယောက်က လွတ်မြောက်နိုင်မှာတဲ့လဲ။

ဒါပေမဲ့လည်း သူတိုပက ဒါကို နည်းနည်းလေးတော့ လက်မခံနိုင်သေးဘူး။ ဒီနေရာအထိ လမ်းတစ်လျှောက်လုံး လင်းဟန်က ဆန်းကြယ်မှုတွေ အများအပြားကို ဖန်တီးခဲ့တယ်။ ဒါကြောင့် သူတော်စင် တစ်ယောက်က လုပ်တယ်ဆိုရင်တောင် သူတို့က နည်းနည်းတော့ မသေချာဘူး ဆိုတာကို ခံစားနေရဆဲပါပဲ။

သူတို့က အတည်ပြုနိုင်ဖို့အတွက် လင်းဟန်ရဲ့ အလောင်းကို ရှာဖွေချင်နေခဲ့တယ်။

ဒါပေမဲ့ သူတော်စင် တစ်ပါးဆီက ရိုက်ချက်တစ်ချက်နဲ့ အရာအားလုံး ကြေမွပျက်စီးသွားပြီး သူတော်စင်ရဲ့ အစွမ်းထက် သိုင်းဆန္ဒ တစ်ခုပဲ တမြေ့မြေ့ ပူလောင်လို့ နေပါတယ်။ တကယ်လို့ လင်းဟန်က သူ့ရဲ့ အကြွင်းအကျန် ဝိညာဉ်လေး ကျန်ခဲ့မယ်ဆိုရင်တောင် သူတော်စင်ရဲ့ သိုင်းဆန္ဒကြောင့် လုံးဝကို ပျက်စီးသွားရပါလိမ့်မယ်။

ဘာကြောင့် သူတို့က အရမ်းကို ရှည်ရှည်ဝေးဝေးတွေ တွေးနေတာလဲ။ လင်းဟန်ရဲ့ မှတ်ဉာဏ်တွေကို ထုတ်ယူဖို့ အကြွင်းအကျန် ဝိညာဉ်တချို့ကို ချန်ထားလို့ မရဘူးလား။

ဒီလိုဆိုရင် လင်းဟန်က ဘာကြောင့် အရမ်းကို အစွမ်းထက်နေတာလဲ ဆိုတာကို ရှင်းသွားလိမ့်မယ်။

ဒါပေမဲ့ သူတော်စင်က လှုပ်ရှားလာတာကို သူတို့တွေ မြင်လိုက်ရတဲ့ အချိန်မှာ လူတိုင်းက ဘာကြောင့် သူ ဒီလိုလုပ်တာလဲ ဆိုတာကို နားလည်သွားတယ်။

အဲဒီသူတော်စင်က မီးတိမ်တိုက် အင်ပါယာကလန်ရဲ့ မီးသူတော်စင် ဖြစ်ပါတယ်။

သူတို့ကလန်ရဲ့ ရွှေရောင်မျိုးဆက်လည်းသေတယ်။ ငွေရောင်မျိုးဆက်လည်း သေပြီးတော့ သာမန်အင်ပါယာ သားတော်တွေက ပိုပြီးတော့တောင် စောစောစီးစီး သေသွားခဲ့ရတယ်။ သူတို့ကလန် အတွက်တော့ နောက်ထပ် မဟာဧကရာဇ် တစ်ပါးကို မွေးထုတ်ပေးဖို့ ဆိုတာ ဖြစ်နိုင်ချေ လုံးဝကို မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။

ဒါကြောင့် သူတို့က မဟာဧကရာဇ် တစ်ပါးကို မမွေးထုတ်နိုင်တော့ဘူး ဆိုမှတော့ တခြားအင်ပါယာ ကလန်တွေက သူတို့အပေါ်မှာ အခွင့်ကောင်းယူတာကို လက်မခံချင်ပါဘူး။ သူတို့က လင်းဟန်ကို တိုက်ရိုက် သတ်ဖြတ်ပြီး လင်းဟန်ရဲ့ ခွန်အား လျှို့ဝှက်ချက်ကို ရယူမဲ့ လူတိုင်းရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ် ရပါမယ်။

မင်းမေကြီးတော်။

သူတော်စင်တွေ တော်တော်များများက စိတ်ထဲကနေ ကျိတ်ပြီးတော့ ကျိန်ဆဲလိုက်တယ်။ သူတို့က ဘယ်လောက်ပဲ လူသတ်ချင်နေပါစေ သူတို့အတွက်တော့ လင်းဟန်ကို သတ်ပစ်ဖို့ လိုအပ်ပေမဲ့ တချိန်တည်းမှာ လင်းဟန်ရဲ့ လျှို့ဝှက်ချက်ကိုလည်း ရယူချင်နေခဲ့တယ်။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။

လင်းဟန်အပြင် တင်းရှူ၊ ယန်ရီဟွမ်နဲ့ တခြားသူတွေလည်း ရှိနေသေးတယ်။

“မင်းတို့တွေ..”

ဒီသူတော်စင်တွေက တင်းရှူနဲ့ တခြားသူတွေဆီကို လှမ်းကြည့်လာခဲ့ပြီး သူတို့ရဲ့ မျက်လုံးတွေက ခက်ထန်ကြမ်းကြုတ်လို့ နေကြတယ်။

“ဟီးဟီး မင်းတို့တွေက ဘာများလုပ်ချင်ကြတာလဲ”

တစ်ယောက်ပြီး တစ်ယောက် သူတော်စင်တွေ ပေါ်လာပြီး မီတာသန်းချီမြင့်မားတဲ့ လူဘီလူးကြီးတွေ အဖြစ်ကို ပြောင်းလဲလာကြပြီး တင်းရှူ၊ ယန်ရီဟွမ်နဲ့ တခြားသူတွေကို ကာကွယ်ပေးလိုက်တယ်။

“တကယ်လို့ မင်းတို့ ကလန်တွေ သုတ်သင်ရှင်းလင်းမခံချင်ရင် မင်းတို့ရဲ့ အပြုအမှုတွေကို ထိန်းသိမ်းတာ အကောင်းဆုံးပဲ”

ဟဲလျှိုကို လိုက်ပို့တဲ့ သူတော်စင်အိုကြီးက ပြောလိုက်တယ်။ သူ့ခေါင်းထက်မှာ သွေးရောင်ထီး တစ်ချောင်း အနည်းငယ် တုန်ခါပြီးတော့ မယုံနိုင်အောင် ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေတယ်။

“သွားစို့”

ဒီသူတော်စင်တွေက လေဟာနယ်ကို စုတ်ဖြဲလိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် တင်းရှူနဲ့ တခြားသူတွေနဲ့အတူ ထွက်ခွာသွားကြတယ်။

“ဟေ့ ငါ့ညီရဲ့ အသက်ကို ပြန်ပေး”

အစ်ကိုမျောက်က ကျယ်လောင်စွာ အော်လိုက်တယ်။ သူ့ညာလက်မှာ သူတော်စင် သံတုတ်ကို ကိုင်ဆောင်ထားပြီး သူ့ဘယ်လက်မှာ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို ကိုင်ထားပါတယ်။ သူ့မျက်နှာက ဒေါသတွေနဲ့အတူ ပြည့်နေခဲ့တယ်။

သူက သူတော်စင်တွေကို လုံးဝကို မကြောက်ပဲ တန်းပြီးတော့ ပြေးဝင်လာခဲ့တယ်။

ဘယ်သူတော်စင်ကမှ မလှုပ်ရှားပဲ အဲဒီအစား သူတို့က ရှောင်တိမ်းလိုက်တယ်။

“တိုက်ပွဲသူတော်စင် ဧကရာဇ်ရဲ့ မျက်နှာကို ထောက်ပြီးတော့ မင်းရဲ့ အဆင့်ကို ငါ့ကိုယ်ငါ မနှိမ့်ချတော့ဘူး”

ဒီသူတော်စင်တွေက လေဟာနယ်ကို စုတ်ဖြဲပြီးတော့ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ ဂျူနီယာတွေကို ဖမ်းဆုပ်ကာ ထွက်သွားကြတယ်။ သူတို့က အင်ပါယာတစ်ပိုင်း လက်နက်ကိုတောင် လုယူမသွားခဲ့ဘူး။

တိုက်ပွဲသူတော်စင် ဧကရာဇ်ရဲ့ မျက်နှာကို ထောက်ပြီးတော့ ဆိုတာက အပေါ်ယံ အကြောင်းပြချက် တစ်ခုပဲ ဖြစ်ပါတယ်။ တကယ့်အကြောင်းရင်းက တိုက်ပွဲသူတော်စင် ဧကရာဇ်က မသေသေးမှာကို ကြောက်နေကြတာ ဖြစ်တယ်။ တကယ်လို့ သူ့ရဲ့ တစ်ဦးတည်းသော မျိုးဆက် အစ်ကိုမျောက်သာ အသတ်ခံလိုက်ရမယ်ဆိုရင် တိုက်ပွဲသူတော်စင် ဧကရာဇ်က ရူးသွပ်သွားမယ် မဟုတ်လား။

အတိတ်တုန်းက ဒီမဟာဧကရာဇ်ဟာ သူ့ရဲ့ ကြမ်းတမ်းမှုနဲ့ ရက်စက်မှုက နာမည်ကြီးပါတယ်။ သူက စိတ်မြန်လက်မြန်ရှိပြီးတော့ တိုက်ပွဲကနေပဲ အားလုံးကို ဖြေရှင်းတတ်ပြီး စကားတွေနဲ့ အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး။

မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ ကုန်သွားပြီး တိုက်ပွဲသူတော်စင် ဧကရာဇ်ရဲ့ ခေတ် ကုန်သွားပေမဲ့ မဟာဧကရာဇ်ဟာ စကြဝဠာရဲ့ အဆုံးသတ်ကို သွားပြီးတော့ မသေခြင်းကို ရှာဖွေဖို့ ဖြစ်ပြီး သူသေလား ရှင်လားဆိုတာကို ဘယ်သူမှ မသိကြဘူး။

ဒါက မဟာဧကရာဇ်ပါ။ သူက ခေတ်တစ်ခုလုံးကို အုပ်ချုပ်ခဲ့ပြီးတော့ သူတော်စင်တွေတောင် ခန့်မှန်းမရနိုင်တဲ့အထိ အရမ်းကို အစွမ်းထက်ခဲ့တယ်။ သူက ဆန်းကြယ်မှု တစ်ခုကို လုပ်နိုင်ပါလိမ့်မယ်။

ဒါကြောင့် အခွင့်အရေး မျှင်မျှင်လေး တစ်ခုပဲ ရှိတယ်ဆိုရင်တောင် ဒီသူတော်စင်တွေက အစ်ကိုမျောက်ကို ဘာမှလုပ်ရဲလိမ့်မှာ မဟုတ်ဘူး။

အစ်ကိုမျောက်က နောက်ကနေ လိုက်မသွားပါဘူး။ အဲဒီအစား သူက ချက်ချင်းပဲ တည်ငြိမ် သွားခဲ့တယ်။

သူ့လက်ထဲက ရှေးဦးဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို လင်းဟန်က သူ့ကို ပေးခဲ့တာပါ။ သူက လင်းဟန်ရဲ့ နတ်ဘုရားအာရုံကနေ တစ်ဆင့် ပြောဆိုမှုကို လက်ခံရရှိခဲ့တာကြောင့် လက်ကို ချက်ချင်းမလှန်ခဲ့ဘူး။

ဝှစ်။ သူက စကြဝဠာကို ဖြတ်ကျော်ပြီး သိပ်မကြာခင် ကျိုးပဲ့ပျက်စီးနေတဲ့ ကျောက်တုံး တစ်တုံးကို ဆုပ်ကိုင်လိုက်တယ်။ ဒါက မီးတိမ်တိုက် သူတော်စင်ကြောင့် ပျက်စီးသွားတဲ့ ဂြိုလ်ရဲ့ အပိုင်းအစ တစ်ခု ဖြစ်ပါတယ်။ သူက အဲဒါကို ချက်ချင်းပဲ သိမ်းပြီးတော့ လေဟာနယ်ကို စုတ်ဖြဲကာ လျင်မြန်စွာ ထွက်လာခဲ့တယ်။

နဂါးငွေ့တန်း ဂလက်ဆီတွေ တော်တော်များများကို ဖြတ်ကျော်ခရီးဆက်လာပြီးတဲ့ နောက်မှာတော့ အစ်ကိုမျောက်ဟာ နောက်ဆုံးမှာ ရပ်လိုက်တယ်။

ဝှစ်။ လင်းဟန်ရဲ့ ပုံသဏ္ဍာန် ပေါ်လာခဲ့တယ်။

စောစောက သူ့ခန္ဓာကိုယ်ကို ကျုံ့ပြီးတော့ အဲဒီကျောက်တုံးမှာ ကပ်နေခဲ့တာ ဖြစ်တယ်။

သူတော်စင်က မလှုပ်ရှားခင် လင်းဟန်က လုပ်စရာရှိတာ အနည်းငယ်ကို လုပ်ဆောင် ပြီးပါပြီ။ ဘာကြောင့်လဲဆိုတော့ သူက အင်ပါယာသားတော် တော်တော်များများကို သတ်ခဲ့တယ်ဆိုတာ သိပါတယ်။ သူ အင်ပါယာ လမ်းကြောင်းကနေ ထွက်လာတာနဲ့ အင်ပါယာ ကလန်တွေရဲ့ သူတော်စင်တွေက ဝိုင်းထားကြလိမ့်မယ်။

ပထမ သူက ရှေးဦးဖရိုဖရဲ အထွတ်အထိပ် လျှပ်စီး မျှော်စင်ကို အစ်ကိုမျောက်ကို ပေးထားလိုက်ပြီး သူ့အတွေးတွေကို နတ်ဘုရားအာရုံကနေ တစ်ဆင့် အလျင်အမြန် ပြောခဲ့တယ်။

ဒုတိယက သူဟာ သူ့ခန္ဓာကိုယ်ထဲက ခရမ်းရောင်ကပ်ဘေး အစေ့တွေကို လည်ပတ်ပြီး အကာအကွယ် အလွှာတစ်ခုကို ဖြစ်ပေါ်လိုက်တယ်။

ဒီလိုနဲ့ သူတော်စင်ရဲ့ တိုက်ခိုက်မှုကို ခရမ်းရောင်ကပ်ဘေး အစေ့တွေက လုံးဝကို ချေဖျက် ပစ်လိုက်ပါတယ်။ အဲဒီအချိန် လင်းဟန်က အခွင့်ကောင်းယူပြီးတော့ သူ့ခန္ဓာကိုယ်ကို ကျုံ့ကာ ကျောက်တုံး တစ်တုံးမှာ သူ့ကိုယ်သူ ကပ်လိုက်တယ်။ သူတော်စင်ရဲ့ ကျန်ရှိနေတဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ အားလှိုင်းနဲ့အတူ သူက လေဟာနယ်ထဲကို ပြေးထွက်သွားခဲ့တယ်။

သူ့အသက်အားကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဖိနှိပ်ထားပြီး သူတော်စင်ရဲ့ သိုင်းဆန္ဒက လေဟာနယ်ထဲက နေရာအနှံ့ကို ဖြန့်ကျက်ထားတဲ့ အချက်ကိုပါ ပေါင်းလိုက်ရင် သူ့အရှိန်အဝါကို ထောက်လှမ်းမိဖို့ ဘာအကြောင်းမှ ရှိမနေခဲ့ဘူး။

ဒါကြောင့် သူ့ရဲ့ ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှုနဲ့အတူ တကယ်လို့ သူတော်စင်ရဲ့ တိုက်ခိုက်မှုကို ထိမှန်ခံရမယ်ဆိုရင်တောင် သူက သေချာပေါက် သေတာထက်ဆိုပြီး သူ့စိတ်ဝိညာဉ် အကြွင်းအကျန်ကိုတောင် ရှာတွေ့လိမ့်မှာ မဟုတ်တာ သေချာပါတယ်။

အစ်ကိုမျောက်ကို ဘာဖြစ်လို့ ရှေးဦးဖရိုဖရဲ အထွတ်အထိပ် လျှပ်စီးမျှော်စင်ကို ပေးထားရလဲဆိုရင် ဒါကို မူလရင်းမြစ်ရွှေကနေ သွန်းလုပ်ထားပြီး သူတော်စင် တစ်ယောက်ကြောင့် ထိခိုက်ပျက်စီး သွားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တကယ်လို့ သူ ပျောက်ကွယ်သွားခဲ့ရင် ရှေးဦးဖရိုဖရဲ အထွတ်အထိပ် မျှော်စင်လည်း ပျောက်ကွယ်သွားမယ်ဆိုရင် ဒီပြဇာတ်မှာ ဟာကွက်တစ်ခု ဖြစ်သွားလိမ့်မယ်။

ဒါကြောင့် သူက အစ်ကိုမျောက်ရဲ့ ပူးပေါင်းမှု လိုအပ်ခဲ့တယ်။

ဒီလိုနဲ့ လူတိုင်းက လင်းဟန်ကို သေသွားပြီလို့ပဲ တွေးကြပါလိမ့်မယ်။

“အဲဒီလူယုတ်မာကောင်တွေ”

အစ်ကိုမျောက်က အရမ်းကို ဒေါသထွက်နေဆဲ ဖြစ်ပါတယ်။

“တကယ်လို့ သူတော်စင်ရဲ့ ဖိနှိပ်ခြင်းကြောင့်သာ မဟုတ်ရင် အဘိုးစွန်းက သူတို့အသိုက်ကို သွားပြီးတော့ သူတို့ကို မြေလှန်ပစ်ပါတယ်”

လင်းဟန်က အသာလေး ပြုံးလိုက်တယ်။

“ကျနော်တို့ နည်းနည်းလေး သန်မာလာတဲ့ အချိန်ကျရင် အင်ပါယာ ကလန်တွေဆီကို တစ်ချက် သွားကြည့်ကြတာပေါ့”

“ဟားဟား ဒါက အဘိုးစွန်း လိုချင်နေတဲ့အရာပဲ”

အစ်ကိုမျောက်က တစ်ချက်ပြုံးကာ ပြောလိုက်တယ်။ သူက တိုက်ခိုက်ရတာကို အချစ်ဆုံး ဖြစ်ပါတယ်။

အာ။ တစ်ခုခုများ နားလည်မှုလွဲနေလား။

လင်းဟန်က တစ်ခုခုကို ရုတ်တရက် တွေးလိုက်တယ်။ သူက အင်ပါယာကလန်တွေဆီကို သွားလည်မယ်လို့ ပြောလိုက်တဲ့ အချိန်မှာ သူဆိုလိုတာက သူတို့ကို လျှို့ဝှက်စွာ ချောင်းမြောင်း တိုက်ခိုက်၊ လုယက်တာတွေ လုပ်ဖို့ ဖြစ်ပါတယ်။ သူက အတင်းအဓမ္မကြီး တိုးဝင်သွားဖို့ စိတ်ကူး မရှိဘူး။

တကယ်တော့ သူတို့အားလုံးကို အင်ပါယာလက်နက်နဲ့ မဟာဧကရာဇ်အဆင့် ဝင်္ကပါတွေက ကာကွယ်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့က ဧကရာဇ် မဖြစ်လာဘူးဆိုရင် သူတော်စင်တွေတောင် အင်ပါယာလက်နက်တွေနဲ့အတူ အတင်းဝင်သွားရဲလိမ့်မှာ မဟုတ်ဘူး။

အစ်ကိုမျောက် ခင်ဗျားက လွယ်လွယ်လေး တွေးစမ်းပါ။ တကယ်လို့ အင်ပါယာကလန်ကို အတင်းဝင်သွားချင်ရင် ဧကရာဇ် ဖြစ်လာပြီးတဲ့ နောက်မှပဲ လုပ်နိုင်မယ်။

သူတို့က တောင်ကိုးလုံး သူတော်စင်ကို ပထမဆုံး ဆက်သွယ်ပြီး သူနဲ့ လင်းဟန် မသေဘူး ဆိုတာကို သတင်းပို့နိုင်ခဲ့တယ်။ အဲဒီနောက ်သူတို့က နတ်ဘုရားပင်လယ်ဂြိုလ်ဆီကို ဦးတည် လာခဲ့တယ်။

ဒီအချိန်တွေမှာ လင်းဟန်က အစ်ကိုမျောက်ကို ဖီးနစ်ငှက် နတ်ဘုရား ပျံသန်းခြင်းကို သင်ပေးခဲ့တယ်။

တကယ်လို့ ကံကောင်းခြင်း ရှိမယ်ဆိုရင် သူတို့က အတူတကွ မျှဝေခံစားရပါမယ်။

ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက်က လမ်းကို ဦးဆောင်တာတောင် အကွာအဝေးက အရမ်းကို ဝေးလွန်းတာကြောင့် နတ်ဘုရားပင်လယ်ဂြိုလ်ကို ရောက်ဖို့ နှစ်လကျော်လောက် အချိန်ယူခဲ့ရတယ်။

ဒီအချိန်မှာ မြောက်ပိုင်းအမှောင်နိုင်ငံရဲ့ နာမည်က ကမ္ဘာအနှံ့ ပျံ့နှံ့နေပါပြီ။

တခြားအကြောင်းရင်း မရှိပါဘူး။ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံအားထုတ်ပြီးတဲ့ နောက်မှာ ချန်ဖေးရန်က နောက်ဆုံးတော့ ဂိုဏ်းအရှင်သခင်အဆင့်ကို ချိုးဖျက်တက်ရောက် သွားခဲ့ပါပြီ။

“ဟ ကောင်လေးရန်က နောက်ဆုံးတော့ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်လာပြီပဲ”

အစ်ကိုမျောက်က သက်ပြင်းချလိုက်တယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က ဒီကောင်လေးက အဘိုးစွန်းအနားကနေ ဖင်ပြောင်လေးနဲ့ လိုက်နေတုန်းပဲ ရှိသေးတယ်”

သူတို့က အင်ပါယာနန်းတော်ဆီကို တိုက်ရိုက်ဦးတည်လာပေမဲ့ သူတို့နှစ်ယောက်စလုံး သူတို့ကိုယ် သူတို့ ရုပ်ဖျက်ထားခဲ့တယ်။

အထူးသဖြင့် လင်းဟန်အတွက် ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အောင်အောင်မြင်မြင် ရုပ်ဖျက်ထားတာကြောင့် ဒီအခွင့်အလမ်းကို သု့းပြီးတော့ လျှို့ဝှက်စွာနဲ့ သန်မာလာအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ သူအကြောင်း ပေါ်မသွားချင်ဘူး။

သူတို့က လူမြင်တဲ့ တံခါးပေါက်တွေကနေ ဖြတ်မသွားခဲ့ဘူး။ တကယ်လို့ သူတို့က အဲဒီလိုသွားရင် သူတို့ရောက်လာတာကို တစ်ယောက်ယောက်က ကြေညာဖို့ တောင်းဆိုလိမ့်မယ်။ ဒါဆိုရင် ဘယ်လောက် ပြဿနာ တက်သွားမလဲ။

သူတို့နှစ်ယောက်က အင်ပါယာ နန်းတော် အထက်ကို တိုက်ရိုက် ပျံသန်းသွားပြီး အစွမ်းထက်ဆုံး အရှိန်အဝါကို ရှာဖွေလိုက်တယ်။

သိပ်မကြာခင် သူတို့က ချန်ဖေးရန်ရဲ့ တည်နေရာကို ရှာတွေ့သွားခဲ့တယ်။ ဟူး။ သူတို့က မိုးပေါ်ကနေ ဆင်းလာခဲ့တယ်။

ချန်ဖေးရန်ရဲ့ အမူအရာက ပြောင်းလဲသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့အရှေ့က လူနှစ်ယောက် ဘယ်လို ရောက်လာလဲ ဆိုတာကို သူ သတိမပြုမိတာကြောင့် ဖြစ်တယ်။

ရန်သူတော်ကြီး တစ်ယောက်။

Chapter 4492 end

*****

အပိုင်း (၄၄၉၃) ချန်ဖေးရန်ရဲ့ သုန်မှုန်မှု

ချန်ဖေးရန်ဟာ လက်ရှိမှာ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့ သူက အဆင့်တက်တာ သိပ်မကြာသေးဘူး ဆိုရင်တောင် သူ့ကို ကြီးကျယ်ခမ်းနားတဲ့ လက်ရွေးစင် တစ်ယောက်လို့ သတ်မှတ်နိုင်ဆဲပါပဲ။

အခုတော့ လူစိမ်းနှစ်ယောက်က သူ့အရှေ့ကို အသံမထွက်ပဲ ပေါ်လာခဲ့တယ်။ ဒါက ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ။

နောက်ပြီးတော့ သူတို့နှစ်ယောက်တည်းပဲလား။

သူက စကားတစ်ခွန်းမှ မဆိုပဲ တိုက်ရိုက်လှုပ်ရှားလိုက်တယ်။ စကားပုံတောင် ရှိပါတယ်။ ပထမဆုံး လှုပ်ရှားတဲ့ လူက အနိုင်ရမယ်တဲ့။

“ကောင်လေးရန် မင်းက မင်းရဲ့ အကြီးအကဲတွေကို မလေးမစား လုပ်နေတာလား”

အစ်ကိုမျောက်က နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်တယ်။ သူက ရှေ့ကိုတိုးပြီး ချန်ဖေးရန်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ သူ့ကို လှုပ်လို့မရအောင် ထိန်းလိုက်တယ်။

ဟင်။

ချန်ဖေးရန်က ချက်ချင်းပဲ လန့်ဖျပ်သွားခဲ့တယ်။ ဒီကမ္ဘာကြီးထဲမှာ သူ့ကို ကောင်လေးရန်လို့ ခေါ်တာ တစ်ယောက်ပဲ ရှိပါတယ်။

“ဦးရီးတော် ဦးရီးတော်မျောက်လား”

သူက အစ်ကိုမျောက်ကို ကြည့်ပြီးတော့ အံ့အားလည်းသင့် ဝမ်းလည်းဝမ်းသာ သွားခဲ့တယ်။

“မင်းရဲ့ ဘိုးဘိုးစွန်းပဲ”

အစ်ကိုမျောက်က ခေါင်းညိတ်လိုက်တယ်။

လဗြွတ်။

ချန်ဖေးရန်က သူ့စိတ်ထဲကနေ ကျိန်ဆဲလိုက်မိတယ်။ ခင်ဗျားက ကျုပ်ရဲ့ ဦးရီးတော်လေ။ ကျုပ် အဘိုး မဟုတ်ဘူး။

အစ်ကိုမျောက်ရဲ့ ရေပန်းစားတဲ့ စကားလုံးက အရမ်းကို ဆိုးလာတယ်။

“နောက်ပြီး ဒီတစ်ယောက်က…”

ချန်ဖေးရန်က လင်းဟန်ဆီကို လှည့်ကြည့်လိုက်တယ်။ သူက လင်းဟန်ဆီက ထွက်နေတဲ့ အရှိန်အဝါကို ဝိုးတိုးဝါးတား အာရုံခံနိုင်ပြီး ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ရဲ့ အရှိန်အဝါ ဖြစ်ကာ သူ့ထက်တောင် ပိုမိုသန်မာနေတယ်ဆိုတာ သိပါတယ်။

ဒါကြောင့် သူ့ရဲ့ အဆိုးဆုံး အိပ်မက်ထဲမှာတောင် သူက ဒီလူကို လင်းဟန်လို့ မချိတ်ဆက် မိပါဘူး။

ဘယ်လိုဟာသလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟုတ်တယ်မလား။

“ဒါက မင်းရဲ့ ဦးလေးလင်းလေ”

အစ်ကိုမျောက်က ခပ်ထန်ထန်လေး ပြောလိုက်တယ်။ သူ့သွားတွေကို ဖြဲလိုက်ကာ သူ့ရဲ့ ကြမ်းတမ်းတဲ့ သဘာဝကို ထုတ်ဖော်လာတယ်။

လင်း။ ဦးလေးလင်း ဟုတ်လား။

ချန်ဖေးရန်က ခေါင်းစားသွားတယ်။ ဘာကြောင့် နောက်ထပ် ဦးလေး ရှိလာတာလဲ။

လင်းဟန်က တစ်ချက်ပြုံးလိုက်တယ်။

“ကောင်လေးရန် မင်းက ငါ့ကို မြန်မြန်ကြီး မေ့သွားပြီလား”

ဒီအသံ ပိုင်ရှင်က လင်းဟန်ပဲ။

ချန်ဖေးရန်က ချက်ချင်းပဲ မှင်သက်အံ့သြ သွားခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူက တစ်ယောက်ယောက်ကို စဉ်းစားနိုင်ပေမဲ့ သေချာပေါက် လင်းဟန်ကို စဉ်းစားမိမှာ မဟုတ်ပါဘူး။

အဲဒီအချိန်က သူဟာ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အစစ်အမှန် အရှင်သခင် ဖြစ်ပေမဲ့ လင်းဟန်ကရော။ သူက နတ်ဘုရားလမ်းကြောင်းကိုတောင် ခြေမချရသေးပဲ သူတို့အကြားက ကွာဟချက်က အဆုံးအစမရှိဘူးလို့ ပြောနိုင်ပါတယ်။

အခု သူက ဂိုဏ်းအရှင်သခင်အဆင့်ကို အဆင့်တက်လာခဲ့တယ်။ အချိန်နဲ့ ပတ်သက်ရင် ဒါဟာ အရမ်းကို လျင်မြန်နေပါပြီ။ နှစ်ပေါင်း တစ်ရာထက်တောင် နည်းတယ်။ ဒါပေမဲ့ ယှဉ်ကြည့်ရင် လင်းဟန်က နတ်ဘုရားလမ်းကြောင်းပေါ်မှာ ခြေလှမ်းဆက်တိုက် ခြောက်လှမ်း လှမ်းခဲ့တယ်။ ဒါက ဟာသ မဟုတ်ဘူးလား။

သူက ပါရမီရှင် တစ်ယောက်လို့ သတ်မှတ်လို့ ရနေပါပြီ။ ဒါဆိုရင် လင်းဟန်ကရော။

ဖြောင်း။

အစ်ကိုမျောက်က ချန်ဖေးရန်ရဲ့ နောက်စေ့ကို တစ်ချက်ရိုက်ပြီးတော့ ပြောလိုက်တယ်။

“မင်း ဘာကိစ္စ ရပ်နေတာလဲ။ မြန်မြန် သူ့ကို နှုတ်ဆက်လိုက်လေ။ စီနီယာတွေကို ဘယ်လို လေးစားရမလဲ ဆိုတာကို မင်း မသိဘူးလား”

ချန်ဖေးရန်က အရမ်းကို စိတ်ပျက်သွားခဲ့တယ်။ ပထမတော့ သူက ဂိုဏ်းအရှင်သခင် အဆင့်ကို အဆင့်တက်ပြီးတဲ့နောက်မှာ သူဟာ အံ့သြဖွယ်ကောင်းနေပြီလို့ တွေးထားခဲ့တယ်။ အစ်ကိုမျောက်ကလည်း ထပ်ပြီးတော့ အဆင့်တက်ပြီးတော့ သူ့ကို လုံး၀ ဖိနှိပ်ထားနိုင်ဦးမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ နောက်ပြီး လင်းဟန်ကလည်း သူနဲ့ အဆင့်တူထိ အဆင့်တက်လာခဲ့တယ်။

တကယ်လို့ သူက သူ့ဘ၀ အနိမ့်အမြင့်ကို ကြီးကြီးမားမား တွေ့ကြုံခဲ့ဖူးတယ်ဆိုရင်တောင် သူ့နှလုံးသားက ဒါကို နည်းနည်းလေးမှ လက်ခံနိုင်စွမ်း မရှိသေးပါဘူး။

“မင်းက တကယ် လင်းဟန်လား”

သူက မေးလိုက်တယ။်

“ဒါပေါ့ အမှန်ပဲလေ”

လင်းဟန်က တစ်ချက်ပြုံးကာ ခေါင်းညိတ်လိုက်တယ်။

သူက ချန်ဖေးရန်ရဲ့ အံ့အားသင့်မှုကို နားလည်ပေးနိုင်ပါတယ်။ လူအများစုရဲ့ ကျင့်ကြံခြင်း ဖြစ်စဉ်အရ တကယ်လို့ သူတို့ဟာ ဂိုဏ်းအရှင်သခင် အဆင့်ကို အဆင့်တက် သွားခဲ့ရင်တောင် သူတို့အားလုံးက သူတို့ရဲ့ မှုန်ဝါးတဲ့ အမြင်တွေထဲမှာပဲ ရှိနေကြတယ်။ ချန်ဖေးရန်လိုမျိုး ပါရမီရှင်တွေကတော့ သူတို့ရဲ့ အကောင်းဆုံး အချိန်တွေမှာ အဆင့်တက်တာ သေချာပါတယ်။

ဒါပေမဲ့ သူနဲ့ ယှဉ်လိုက်ရင်တော့ ဒါဟာ ပက်ကျိ တစ်ကောင်ရဲ့ အမြန်နှုန်းသာသာပဲ ရှိပါတယ်။

ဒါတော့ မတတ်နိုင်ဘူး။ လင်းဟန်ကို ဘယ်သူက ယှဉ်လို့ ရမှာလဲ။

ရွှေရောင်မျိုးဆက်၊ ယန်ရီဟွမ်နဲ့ ဟိုးနှစ်ပေါင်းများစွာက ပါရမီရှင်ဟောင်းတွေအပြင် တခြားမူလဇစ်မြစ်ကမ္ဘာ အုပ်ချုပ်သူတွေရောပေါ့။

ဒါက သူ့ကို ရဲဝံ့စွာ အဆင့်တက်ဖို့ ရွေးချယ်စေတဲ့ အကြောင်းအရာ ဖြစ်ပြီးတော့ သူက ခဏလေးတောင် ရပ်လို့ မရနိုင်ဘူး။

“မင်းက တကယ် ဂိုဏ်းအရှင်သခင် တစ်ယောက်လား”

ချန်ဖေးရန်က မေးလိုက်တယ်။

တကယ်တော့ လင်းဟန်ရဲ့ အရှိန်အဝါကို သူက အာရုံခံနိုင်ပေမဲ့ ဒါက တကယ်ပဲ အံ့သြစရာ ကောင်းလွန်းနေပါတယ်။ သူက နောက်တစ်ကြိမ် အတည်ပြုရမယ်။

“ဟုတ်တယ်လေ”

လင်းဟန်က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်တယ်။

ချန်ဖေးရန်က သက်ပြင်းချလိုက်ပြီးတော့ ပြောတယ်။

“ငါက ဂိုဏ်းအရှင်သခင်အဆင့်ထိ ချိုးဖျက်တက်ရောက်ဖို့ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ် ထားခဲ့ရတယ်။ မင်းက အသက် တစ်ရာတောင် မရောက်သေးပဲ ငါနဲ့ တန်းတူ ဖြစ်နေပြီ”

ဒါက သူ့မာနကို တကယ်ပဲ ထိမှန်တဲ့ ရိုက်ခတ်မှု ဖြစ်ပါတယ်။

လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။

“မှားနေပြီ။ ငါတို့က အဆင့်တူ မဟုတ်ဘူး။ ငါက ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် အဆင့် တစ်ယောက် ဖြစ်ပြီးတော့ ငါက မင်းထက် ပိုပြီး အစွမ်းထက်တယ်”

ဖူး။

ချန်ဖေးရန်က သူ့နှလုံးသားကို ဓားနဲ့ အကြိမ်ကြိမ် ထိုးစိုက်ခံရပြီးတော့ သူ့ခံစားချက်တွေ ပိုမိုဆိုးဝါးလာသလို ခံစားရတယ်။

မင်း င့ါကို ဒီလိုမျိုး အနိုင်ကျင့်တာက ကောင်းရဲ့လား။

“ဟားဟားဟား”

အစ်ကိုမျောက်က ကျယ်လောင်စွာ ရယ်မောပြီးတော့ ပြောလိုက်တယ်။

“ကောင်လေးရန် ဘိုးဘိုးစွန်းရဲ့ အကူအညီ လိုအပ်တာများ ရှိသေးလား”

“အခုတော့ မဟုတ်ပါဘူး”

ချန်ဖေးရန်က သူ့ခေါင်းကို တစ်ချက်ခါပြီးတော့ ပြောလိုက်တယ်။

“ကျုပ် စွမ်းအားတွေ စုစည်းနေတုန်းပဲ။ အချိန်ကျလာရင်တော့ နတ်ဘုရားပင်လယ်ဂြိုလ်ကို လွတ်လပ်အောင် ဦးဆောင်ပြီး ချန်ကလန်ရဲ့ အင်ပါယာကို ပြန်လည်တည်ဆောက်မယ်”

“ကောင်းပြီ”

အစ်ကိုမျောက်က ခေါင်းညိတ်ပြီးတော့ လင်းဟန်ကို ပြောလိုက်တယ်။

“ညီလေး သွားကြစို့”

“ဦးရီးတော်မျောက်”

ချန်ဖေးရန်က အလျင်စလို အော်လိုက်တယ်။

“ဒီအတိုင်း ထွက်သွားတော့မလို့လား”

“ဘာဖြစ်လို့လဲ”

အစ်ကိုမျောက်က ချာခနဲလှည့်ပြီးတော့ မေးလိုက်တယ်။ သူက ဟိုဟိုဒီဒီ ကွေ့ပတ် နေတာကို မုန်းတီးပြီးတော့ သူ့လုပ်ရပ်တွေက အရမ်းကို ပွင့်လင်းပါတယ်။

“နည်းနည်းလေး ပိုပြီးတော့ ယဉ်ကျေးလို့ မရနိုင်ဘူးလား”

ချန်ဖေးရန်က စိတ်တိုတိုနဲ့ မေးလိုက်တယ်။ ဒီဦးရီးတော်မျောက်က အရမ်းကို တဲ့တိုးဆန်လွန်း လှပါတယ်။ ကံကောင်းတာက စောစောတုန်းက သူ ယဉ်ကျေးပြတာဟာ ဟန်ဆောင်တာ မဟုတ်ပါဘူး။ မဟုတ်ရင် သူက သေလောက်အောင် ဒေါသထွက်သွားမှာ သေချာတယ်။

အစ်ကိုမျောက်က မျက်လုံးတွေ ပြူးပြလိုက်ပြီး အဝေးကို တန်းပြီးတော့ လျှောက်သွားလိုက်တယ်။

လင်းဟန်က ထွက်မသွားခဲ့ဘူး။ အဲဒီအစား သူက လေးနက်တဲ့ အမူအရာ တစ်ခုနဲ့ မေးလိုက်တယ်။

“ငါ့ရဲ့ မျိုးဆက်တွေနဲ့ မိတ်ဆွေတွေရော ဘယ်လိုနေကြလဲ”

“ကောင်းပါတယ်”

ချန်ဖေးရန်က ခေါင်းတစ်ချက်ညိတ်ပြီးတော့ ပြောလိုက်တယ်။ သူက နည်းနည်းလေးမှ ဟန်ဆောင် မနေဘူး။ ပထမအချက် လင်းဟန်က သူ့ရဲ့ စီနီယာ ဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် ဒီအချက်ကို သူက ဝန်ခံရလိမ့်မယ်။ ဒုတိယအချက် လင်းဟန်ရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်ပဲ သူ့ထက် မြင့်မားနေတာကြောင့် သူက သူ့ရဲ့ လေးစားသမှုကို ထိန်းထားရပါမယ်။

“ဒါပေမဲ့ မင်းရဲ့ သမီးနဲ့ သမက်က နတ်ဘုရားပင်လယ်ဂြိုလ်ကနေ ထွက်ပြီးတော့ လရောင်ခြည်ဂြိုလ်ပေါ်က သင်တန်းကျောင်း တစ်ခုခုကို သွားကြတဲ့ ပုံစံပဲ”

ဟင်။ လင်းရှီက လရောင်ခြည်ဂြိုလ်ကို သွားတာလား။

လက်ရှိ လရောင်ခြယ်ဂြိုလ်က မိုးပြာနဂါး ဆန်းကြယ် အင်ပါယာရဲ့ ပိုင်နက် မဟုတ်တော့ပေမဲ့ အရိပ်လ ဆန်းကြယ်အင်ပါယာရဲ့ အုပ်ချုပ်မှုအောက်က လက်အောက်ခံ ဂြိုလ်တစ်လုံး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆန်းကြယ်အင်ပါယာ တစ်ခုရဲ့ အချုပ်အခြာနေရာ တစ်ခါ ဖြစ်ဖူးတာကြောင့် လရောင်ခြယ်ဂြိုလ်ရဲ့ သိုင်းပညာအဆင့်အတန်းက အနီးနားက စကြဝဠာထဲမှာ ထိပ်တန်း အနည်းငယ်ထဲက တစ်ခု ရှိနေဆဲပါပဲ။

လင်းရှီနဲ့ ဖူထိုက်ရှင်းတို့ အတွက်တော့ သိုင်းပညာ ကျင့်ကြံအားထုတ်ဖို့ လင်းရှီနဲ့ ဖူထိုက်ရှင်း အတွက်တော့ ပုံမှန်ပါပဲ။ တကယ်တော့ ကျင့်ကြံခြင်း အခြေအနေတွေက ဒီနေရာကထက် အများကြီး ပိုကောင်းပါလိမ့်မယ်။

လင်းဟန်က ချန်ဖေးရန်ကို လက်ဝှေ့ယမ်းပြီးတော့ ထွက်သွားလိုက်တယ်။

ချန်ဖေးရန်။

“……..”

မင်းတို့တွေက ဒီကို ငါ့မာနသိက္ခာကို ရိုက်ချိုးဖို့ လာတာများလား။

ငါ့အတွက် ဂိုဏ်းအရှင်သခင်အဆင့်ကို အဆင့်တက်တာက လွယ်တာမဟုတ်ဘူး။ ပြီးတော့ ငါ့ရဲ့ အလားအလာကို အစွမ်းပြနိုင်ပြီလို့ တွေးထားခဲ့တာ။ ဒါပေမဲ့ အခုတော့ အစ်ကိုမျောက်က ကြီးမြတ်သော အရှင်သခင်အဆင့်ကို အဆင့်တက်ပြီး သူ့ထက် သာလွန်နေဆဲ ဖြစ်တယ်။ နောက်ပြီး လင်းဟန်က ပိုပြီးတော့တောင် ကြမ်းတယ်။ လင်းဟန်က နောက်ကျမှ စတင်ပေမဲ့ သူ့ကို ကျော်သွားပြီး အခုဆို ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်နေပြီ။

သူက ကျရှုံးမှုရဲ့ ဥပမာ တစ်ခု ဖြစ်နေပြီ။

ဒါက အရမ်းဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။

လင်းဟန်က ပထမဆုံး သူ့ဇာတိမြို့ကို အလည်သွားကာ မူလဇစ်မြစ် ကမ္ဘာကနေ ခေါ်ထုတ်လာတဲ့ သူ့မိတ်ဆွေဟောင်းတွေဆီ သွားခဲ့တယ်။ အဲဒီအချိန် လင်းကျန်းရွှယ်လိုမျိုး တခြားမျိုးဆက်တွေက နတ်ဘုရားပင်လယ်ဂြိုလ်ပေါ်မှာ နေထိုင်နေခဲ့ကြတယ်။ ချန်ဖေးရန်က သူတို့ကို ဂရုစိုက်တော့ သူတို့က အရမ်းကို သက်တောင့်သက်သာ ရှိကြတယ်။

လင်းဟန် ပြန်လာတာကို မြင်တော့ လင်းကလန်က လူတိုင်း၊ ကံကြမ္မာ ကောင်းကင်ဘုံ အရှင်၊ ကောင်းကင်ဘုံ အရှင်သခင်ဝူလဲ့နဲ့ တခြားသူတွေ အားလုံး ဝမ်းသာအားရ ဖြစ်ကုန်တယ်။

လင်းဟန်က လူတိုင်းကို အစ်ကိုမျောက်နဲ့ မိတ်ဆက်ပေးပြီးတော့ ဒီနှစ်တွေအတွင်း သူ့အတွေ့အကြုံတွေကို အကြမ်းဖျင်း ရှင်းပြလိုက်တယ်။

အဲဒီနောက် သူက မှော်ဆေးလုံးတွေနဲ့ သဘာ၀ ရတနာ အများအပြားကို ထုတ်ပြီးတော့ သူတို့ကို ဝေပေးလိုက်တယ်။ သူ့အတွက် ဒါက လုံးဝကို အသုံးမဝင်တော့ပေမဲ့ လင်းကျန်းရွှယ်နဲ့ တခြားသူတွေ အတွက်တော့ မယုံနိုင်အောင် အဖိုးတန်ပါတယ်။

ဒီလူတွေ ကမ္ဘာသစ်ကို ရောက်လာနိုင်တဲ့ အချက်က သူတို့ဟာ မူလဇစ်မြစ် ကမ္ဘာထဲမှာ ကောင်းကင်ဘုံ အရှင်သခင် အဆင့်ထိ ကျင့်ကြံအားထုတ် ထားခဲ့ကြတယ်။ သူတို့က သူတို့ပါရမီတွေကို သက်သေပြ ပြီးပါပြီ။ ဒါကြောင့် ကမ္ဘာသစ်ကို ရောက်လာပြီးတဲ့ နောက်မှာ သူတို့ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုကလည်း အရမ်းကို လျင်မြန်ပါတယ်။

တိုးတက်မှု အမြန်ဆုံးလူက ကျိဝူမင် ဖြစ်ပြီးတော့ သူက ဆေးကျိုအိုး သန့်စင်ခြင်း အဆင့်မှာ ဖြစ်နေပါပြီ။

ဒါပေမဲ့လည်း အတိတ်တုန်းက ကျိဝူမင်ဟာ လင်းဟန်ရဲ့ အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပြီး အခုတော့ ဒီကွာဟချက်က အရမ်းကို ကျယ်လွန်းနေပါပြီ။

လင်းဟန်က စုံစမ်းမှုတချို့ကို လုပ်လိုက်တယ်။ လင်းရှီနဲ့ ဖူထိုက်ရှင်းက လရောင်ခြည်ဂြိုလ်ပေါ်က ငွေလရောင် သင်တန်းကျောင်းကို ဝင်သွားခဲ့တယ်။ သူတို့တွေ သွားတာ သုံးနှစ် ရှိပါပြီ။

သူ့သမီးကို သူက လွမ်းဆွတ်သတိရတာကြောင့် လင်းဟန်က လရောင်ခြယ်ဂြိုလ်ပေါ်က သူ့သမီးဆီကို တစ်ယောက်တည်း သွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက် သူ့ရဲ့ နောက်ထပ် ဦးတည်ချက်ကို စီစဉ်ရပါလိမ့်မယ်။

Chapter 4493 end

*****

အပိုင်း (၄၄၉၄) ငွေလရောင် သင်တန်းကျောင်း

အစ်ကိုမျောက်က သူသမီးဆီကို သူနဲ့အတူ အလည်သွားဖို့ မလိုပါဘူး။

လင်းဟန်က လေဟာနယ်ကို စုတ်ဖြဲပြီးတော့ လရောင်ခြည်ဂြိုလ်ဆီကို ဦးတည်လာခဲ့တယ်။ ဂိုဏ်းအရှင်သခင် အဆင့်ကို အဆင့်တက်ပြီးတဲ့ နောက်မှာ သူက လေဟာနယ်ကို စုတ်ဖြဲ ဖွင့်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပါပြီ။

ဒါပေမဲ့လည်း ဒါက တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါလောက် မမြန်တာကို တွေ့လိုက်ရတယ်။

ဒါတော့ မတတ်နိုင်ပါဘူး။ သူက ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ပဲ ရှိသေးတယ်။ ကြီးမြတ်သော အရှင်သခင် အဆင့်ကို ရောက်ပြီးမှ သူူ့ရဲ့ လေဟာနယ်ကို ဖြတ်ပြီးတော့ ခရီးသွားတဲ့ အမြန်နှုန်းက သေချာပေါက် တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါထက် ပိုမြန်ပါလိမ့်မယ်။

ဒါပေမဲ့ သူက လေဟာနယ်ထဲကို ဝင်သွားပြီဆိုတော့ နောက်ဆုတ်လို့ မရနိုင်တော့ဘူ။ တကယ်လို့ သူက လမ်းတစ်ဝက်မှာ ထွက်လာရင် ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။ တည်ေ်နရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခုက သူအသုံးပြုဖို့ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။

ဒါကြောင့် လဝက် အချိန်လောက် ယူပြီးတဲ့ နောက်မှ လင်းဟန်က လရောင်ခြယ်ဂြိုလ်ပေါ်ကို ရောက်လာခဲ့တယ်။

အခြေအနေတွေက ပြောင်းလဲနေခဲ့တယ်။

လင်းဟန်က မြို့ကြီးတစ်မြို့ အရှေ့မှာ ရပ်ပြီးတော့ သူ့မျက်လုံးတွေနဲ့ မြို့ရိုးကို ကြည့်လိုက်တယ်။ သူ့နှလုံးသားထဲမှာ အားကောင်းတဲ့ ခံစားချက် တစ်ခု ထွက်ပေါ်လာတယ်။

သူ ဒီနေရာကို ပထမဆုံးအကြိမ် လာတုန်းက နတ်ဘုရားလမ်းကြောင်းကိုတောင် ခြေမချ သေးပါဘူး။ ဒါပေမဲ့ အခုကျတော့ရော။ သူက ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်နေပြီး အရိပ်လ ဆန်းကြယ်အင်ပါယာထဲက ပြိုင်ဘက် အားလုံးကို ရှင်းလင်းပစ်ဖို့ လုံလောက်ပါတယ်။

ဒီဆန်းကြယ်အင်ပါယာမှာ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် စောင့်ကြပ်ဖိုပ မရှိဘူး။ မဟုတ်ရင် သူတို့က မိုးပြာနဂါး ဆန်းကြယ်အင်ပါယာက ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးကို ဆွဲထုတ်ဖို့ ဝင်္ကပါနဲ့ သတ်ဖြတ်ခြင်း လက်နက်တွေနဲ့ အတူ ဒုက္ခအရမ်းရောက်ရလိမ့်မှာ မဟုတ်ပါဘူး။

ဒါတောင် ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်က ထွက်ပြေးလွတ်မြောက်ပြီး အန္တရာယ် ချန်ထားခဲ့တယ်။

မျက်စိတစ်မှိတ် အတွင်းမှာ နှစ်ပေါင်းတစ်ရာနီးပါး ကုန်သွားခဲ့တယ်။ သာမန်လူတွေက မိုးပြာနဂါး ဆန်းကြယ်အင်ပါယာနဲ့ ပတ်သက်ပြီးတော့ မေ့လျော့လုနီးပါး ဖြစ်နေလောက်ပြီ။

လင်းဟန်က ခဏလောက် မချိတင်ကဲစွာ သက်ပြင်းချလိုက်ပြီး အဲဒီနောက် မြို့ထဲကို ဝင်လာခဲ့တယ်။

သူက သူ့ရုပ်ရည်ကို ပြောင်းထားပြီးတော့ သူ့အရှိန်အဝါကိုတောင် ရုပ်သိမ်းထားတယ်။ စိတ်ဝိညာဉ် ပြောင်းလဲခြင်း နည်းစနစ်ရဲ့ အကူအညီနဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တောင် သူ့ကို မှတ်မိလိမ့်မှာ မဟုတ်ပါဘူး။

ဒီလိုမျိုး အနည်းငယ် ခြောက်ကပ်တဲ့ ဂြိုလ်လေးတစ်ခုမှာဆိုရင် သူ့ကိုသိတဲ့လူက များများစားစား ရှိလိမ့်မှာ မဟုတ်ဘူး။

လင်းဟန်က ငွေလမင်း သင်တန်းကျောင်းရဲ့ တည်နေရာကို အနီးအနားဝန်းကျင်မှာ မေးမြန်းပြီးတော့ အဲဒီနောက် ကြယ်တာရာ ခြေလှမ်းတွေကို သုံးလိုက်တယ်။ သူ ပြန်ပေါ်လာတဲ့ အချိန်မှာ သူက နောက်တစ်မြို့ထဲကို ရောက်လာခဲ့ပါပြီ။

သူက အရှိန်ကို ဖြည်းလိုက်တယ်။ သူက သူ့သမီးဆီကို သွားလည်တာပဲ ဖြစ်ပါတယ်။ သူ့အတွက်တော့ တိုက်ပွဲတွေ ဆင်နွှဲစရာ မလိုဘူး။

သူက လျှောက်သွားရင်းနဲ့ ငွေလမင်း သင်တန်းကျောင်းကို ရောက်လာခဲ့တယ်။

ဟင် ဒီမှာ လူတွေ အများကြီးပဲ။

သူက မေးမလို့ ပြင်နေတုန်းမှာ သူ့နောက်က လူတွေရဲ့ အရှေ့ကို တွန်းခံလိုက်ရတယ်။

“မြန်မြန်လုပ် စာရင်းပေးသွင်းဖို့ နောက်ဆုံးရက်က ဒီနေ့ပဲ။ မြန်မြန်လုပ်ကြ”

နောက်က လူတွေက အော်ဟစ်ရင်းနဲ့ တွန်းထိုးနေကြတယ်။

စာရင်းပေးသွင်းတာ ပြီးတော့မှာလား။

လင်းဟန်က လူအုပ်အတိုင်း လိုက်လာပြီးတော့ သင်တန်းကျောင်းထဲ ဝင်လာခဲ့တယ်။

လက်စသတ်တော့ ငွေလမင်း သင်တန်းကျောင်းက သင်တန်းသားတွေကို ရံဖန်ရံခါ စုဆောင်းပြီး ဒီနေ့က နောက်ဆုံးရက် ဖြစ်ပါတယ်။ ဒါကြောင့် အဝေးကနေ လာတဲ့ လူတွေက စိုးရိမ်ပူပန် နေကြတာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အရင်ဆုံး စာရင်းသွင်းပြီးတော့မှ သူတို့တွေ အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကတော့ နောက်ပိုင်းကိစ္စ ဖြစ်ပါတယ်။

လင်းဟန်ရဲ့ စိတ်ထဲမှာ အကြံတစ်ခု ပေါ်လာပြီးတော့ သူက ပြုံးလိုက်တယ်။ ကောင်းပြီ။ သူကိုယ်သူ သင်တန်းကျောင်းထဲဝင်ဖို့ စမ်းသပ်ခံပြီး သူ့သမီးနဲ့ ရက်အနည်းငယ်လောက် သင်တန်းဖော် ဖြစ်အောင် လုပ်ရမယ်။

သူက တခြားသူတွေနောက် လိုက်လာပြီးတော့ စာရင်းသွင်းဖို့ ပြင်လိုက်တယ်။ အချက်အလက်နဲ့ ပတ်သက်ပြီး သူက ဟန်လင်းဆိုတဲ့ နာမည်ကိုပဲ သုံးပါတယ်။

အဲဒီညမှာ သူတို့အားလုံး သင်တန်းကျောင်းရဲ့ မြေကွက်လပ်မှာ နေရာချထားပေးတယ်။

ကျင့်ကြံသူတွေက ကျင့်ကြံသူတွေပါပဲ။ တကယ်လို့ သူတို့က ဒီလိုမျိုး အခက်အခဲ နည်းနည်းလေးကို ခံနိုင်ရည်တောင် မရှိဘူးဆိုရင် ဘာကိစ္စ ကျင့်ကြံအားထုတ် နေဦးမှာလဲ။

ဒုတိယနေ့ရဲ့ မနက်ခင်းမှာ စာရင်းသွင်းထားတဲ့ လူတိုင်းကို စုစည်းလိုက်တယ်။ သူတို့တွေက စာရင်းသွင်းပြီးတော့ အဲဒီနောက်မှာ သင်တန်းကျောင်းက သူတို့ထဲကနေ ရွေးချယ်ရမဲ့ အလှည့် ဖြစ်ပါတယ်။

သင်တန်းကျောင်းက တပည့်တွေရဲ့ သဘာ၀ ပါရမီနဲ့ အကျင့်စရိုက်ပေါ် မူတည်ပြီးတော့ ရွေးချယ်ပါလိမ့်မယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ သိုင်းပညာမှာ ပါရမီက နိမ့်ကျနေရင် အရင်းအမြစ်တွေနဲ့ အချိန်တွေကို ဖြုန်းတီးတာမျိုး ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ တကယ်လို့ လူတစ်ယောက်ရဲ့ အကျင့်စရိုက်က နိမ့်ကျနေရင် အနာဂတ် ကပ်ဘေးဒုက္ခ တစ်ခုကို ပြုစုပျိုးထောင်သလို ဖြစ်သွားလိမ့်မယ်။

ဒါပေမဲ့လည်း လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို မျက်လုံးတွေနဲ့ အကဲဖြတ်ဆုံးဖြတ်ဖို့ကတော့ အရမ်းကို ခက်ခဲပါတယ်။ နောက်ပြီး လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ရုပ်ဖျက်ထားနိုင်ပါတယ်။ စကားပုံတောင် ရှိပါတယ် လူတစ်ယောက်ရဲ့ အစစ်အမှန် အကျင့်စရိုက်ကို အချိန်တွေ ကြာမှပဲ သိနိုင်တယ်တဲ့။ ဒါကို ရက်အနည်းငယ်အတွင်းမှာ ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်ပါဘူး။

“ဒီတစ်ကြိမ် လူစုဆောင်းတဲ့ အရေအတွက်က အရမ်းကို ကန့်သတ်ထားတယ်လို့ ငါကြားထားတယ်။ လူတစ်ရာပဲတဲ့”

“တစ်ရာတည်းလား”

“ဟူး ဒါဆိုရင် ငါ့မှာ အခွင့်အရေး မရှိတော့ဘူးဆိုတာ သေချာတယ်”

ဒီလူတွေက သူတို့တွေ ရထားတဲ့ သတင်းအချက်အလက်တွေကို တီးတိုးပြောဆိုနေပြီး အပူတပြင်း ဆွေးနွေးနေကြတယ်။

ဒါပေမဲ့လည်း ဘယ်သူကမှ လက်မလျော့သွားပါဘူး။

သူတို့က မျှော်လင့်ချက်တွေ အပြည့်နဲ့ လာခဲ့ကြတာကြောင့် မယှဉ်ပြိုင်ပဲနဲ့ အမြီးကုပ်ပြီးတော့ အဝေးကို ထွက်ပြေးသွားဖို့ ဆိုတာက မဖြစ်နိုင်ဘူး။

“ဒီတစ်ကြိမ် ထိပ်တန်း ပါရမီရှင် အနည်းငယ်လည်း လာကြတယ်။ တင်းလိန်၊ ရီဇီမိုနဲ့ ဖန်ဖေးပိုင် တို့လို လူတွေပေါ့။ သူတို့အားလုံးက နာမည်ကျော်တွေပဲ”

“ဘာ အဲဒီလူတွေတောင် ဒီမှာ ရှိနေတာလား”

“ဟေ့ဟေ့ဟေ့ ဘာဖြစ်လို့ သူတို့တွေက ငါတို့နဲ့ ပူးပေါင်းတာလဲ။ သူတို့ဆိုရင် သင်တန်းကျောင်းကို အထူးအခွင့်အရေးနဲ့ ဝင်သွားလို့ ရတယ်မဟုတ်ဘူးလား”

“ဟားဟား ငါကြားတာတော့ တင်းလိန်က သူ့ကိုယ်ပိုင် ခွန်အားကို သက်သေပြဖို့ မျှတတဲ့ လူရွေးပွဲမှာ ပါဝင်ဖို့ တောင်းဆိုတယ်တဲ့။ သူ့လုပ်ရပ်ကြောင့် ရီဇီမိုနဲ့ ဖန်ဖေးပိုင်လည်း အထူးစုဆောင်းတဲ့ နေရာတွေကို လက်လျော့လိုက်ပြီး လူရွေးပွဲမှာ အတူတူ ပါဝင်ယှဉ်ပြိုင်ဖို့ လုပ်ကြတာပဲ”

“ဟာ မဖြစ်သင့်ဘူးလေ။ ပထမနေရာမှာ နေရာတစ်ရာစာပဲ ရှိပြီးတော့ အခုဆို နေရာသုံးခု နည်းသွားပြီပေါ့”

လူတိုင်းက သက်ပြင်းချလိုက်တယ်။ သူတို့ကိုယ်သူတို့ ကောင်းကောင်း နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ဒီလူသုံးယောက်အတွက် ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။

“လူစုခွဲထားတာကို ကြည့်ရမယ်။ ငါတို့က သူတို့နဲ့ အဖွဲ့ခွဲ တူညီတာ မဟုတ်ရင် ငါတို့တွေ အဆင့်တက်ဖို့ အခွင့်အရေးတစ်ခု ရှိလိမ့်မယ်”

သိပ်မကြာခင် သင်တန်းကျောင်းက ဆရာတစ်ယောက် ထွက်လာပြီးတော့ ပြိုင်ပွဲရဲ့ စည်းကမ်းတွေကို ကြေညာလိုက်တယ်။ စာရင်းသွင်းထားသူတွေကို အဖွဲ့ဆယ်ခု ခွဲထားပြီး တစ်ဖွဲ့ဆီကနေ လူနှစ်ဆယ်က အရည်အချင်း ပြည့်မီပါလိမ့်မယ်။ အဖွဲ့တစ်ခုချင်းစီက ထိပ်ဆုံး ငါးယောက်ကို သင်တန်းကျောင်းက တိုက်ရိုက် လက်ခံပြီး ကျန်တဲ့ လူတွေက လက်ကျန်နေရာ တစ်ဝက်အတွက်ကို ယှဉ်ပြိုင်ရလိမ့်မယ်။

အဲဒီနောက်မှာ အဖွဲ့ခွဲဖို့ အတွက် အချိန် ဖြစ်ပါတယ်။

တင်းလိန်၊ ရီဇီမိုနဲ့ ဖန်ဖေးပိုင်တို့ အားလုံးက သံသယ ရှိစရာ မလိုအောင် ဇကာတင် ပြိုင်ပွဲဝင်တွေ ဖြစ်ပြီး တူညီတဲ့ ဧရိယာမှာ နေရာချထားလိမ့်မှာ မဟုတ်ပါဘူး။ နောက်ပြီး နာမည်ကျော်ကြားတဲ့ လူငယ်ပါရမီရှင် တချို့လည်း ရှိပြီးတော့ သူတို့တွေကို အဖွဲ့တွေမှာ ညီတူမျှတူ ခွဲထားလိုက်တယ်။

တင်းလိန်နဲ့ တခြားသူတွေနဲ့ အဖွဲ့တူအဖြစ် ကြေညာခံလိုက်ရတဲ့ တခြားလူတွေ အတွက်တော့ သူတု့ိ့အားလုံး အမူအရာတွေက စိတ်ပျက်နေကြတယ်။ ဒါက သူတို့အတွက် သင်တန်းကျောင်းထဲ တိုက်ရိုက်ဝင်ဖို့ နေရာတစ်နေရာစာ နည်းသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

သိပ်မကြာခင် လူတွေကို လူစုခွဲလို့ ပြီးသွားပါပြီ။

လင်းဟန်ကတော့ အတော်လေး ကံကောင်းခဲ့တယ်။ သူ့အုပ်စုထဲမှာ နာမည်ကျော်တဲ့ လူတွေ မပါခဲ့ဘူး။ ဒီတော့ ဒီအုပ်စုထဲက လူလေးရာလောက်ဟာ ပါဝင်ယှဉ်ပြိုင်ပြီး ထိပ်ဆုံး ငါးနေရာ အတွက် မီးကုန်ယမ်းကုန် တိုက်ခိုက်ဖို့ သူတို့လက်တွေကို ပွတ်သပ်နေကြတယ်။

“ဟားဟား ငါ ချိန်ပင်းက တစ်နေရာစာတော့ ရပြီ”

လူငယ် တစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

“ချိန်ပင်း ဟုတ်လား”

“ဘယ်သူလဲ”

“အာ ကြည့်ရတာ ဖူထန်မြို့က အရမ်းကို နာမည်ကြီးတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်မယ်”

“သူက မြို့ငယ်လေး တစ်မြို့ကပဲလေ။ ဒီတော့ သူက ဘာများအရမ်းကို အထင်ကြီးစရာ ရှိမှာလဲ”

အားလုံးက စိတ်အားထက်သန်စွာ ဆွေးနွေးနေပြီး ချိန်ပင်းက ဂုဏ်ယူဝင့်ကြွားလို့ နေပါတယ်။ သူက လူတိုင်းကို ရန်စပြီးတော့ ပြောလိုက်တယ်။

“တကယ်လို့ မကျေနပ်တဲ့လူ တစ်ယောက်ယောက် ရှိတယ်ဆိုရင် အခု ငါ သူ့ကို အရှံုံးပေးအောင် ရိုက်ပစ်မယ်”

“ငါကတော့ မယုံဘူး”

ချက်ချင်းပဲ လူတစ်ယောက်က ပြေးထွက်လာပေမဲ့ ချိန်ပင်းက တိုက်ကွက်တစ်ကွက်ပဲ သုံးလိုက်ပြီး အဲဒီလူက ကြမ်းပြင်ပေါ်မှာ မှောက်သွားတယ်။

သောက်ကျိုးနည်း။ အားလုံးက အံ့အားသင့် သွားခဲ့တယ်။ ဒါက လက်ရွေးစင် တစ်ယောက် ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့တွေ တိုက်ကွက် ထုတ်လိုက်တာနဲ့ တန်းပြီးတော့ နားလည် သွားပါလိမ့်မယ်။

ဒီချိန်ပင်းဆိုတဲ့လူကို လျော့တွက်လို့တော့ မရနိုင်ပါဘူး။

သူက အားလုံးကို ခြိမ်းခြောက်လိုက်နိုင်တာကို မြင်တော့ ချိန်ပင်းက သူ့ကိုယ်သူ ဂုဏ်ယူသွားခဲ့မိတယ်။ အရင်က သူဟာ တချိန်လုံး သိုသိုဝှက်ဝှက်နေခဲ့တယ်။ ဘာကြောင့်လဲဆို သူက ဂုဏ်သတင်း တချို့ကို ရရှိထားတယ်။ သူ့ရည်ရွယ်ချက်က တစ်ခါတည်းနဲ့ ကမ္ဘာကြီးကို အံ့သြတုန်လှုပ်သွားစေဖို့ ဖြစ်ပါတယ်။ မဟုတ်ရင် သူ့နာမည်ဂုဏ်သတင်းက ရီဇီမိုနဲ့ တခြားသူတွေထက် နိမ့်ကျနေမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဟမ်။

သူက လင်းဟန်ဆီကို လှမ်းကြည့်လိုက်ပြီး ဒီလူရဲ့ အမူအရာက လုံးဝကို တည်ငြိမ်နေပြီး သူ့ဆီက အံ့မခန်း ကံကြမ္မာကို နှလုံးသားထဲ လုံးဝကို မထည့်ထားတဲ့ အတိုင်းငပဲ။

ချိန်ပင်းက ချက်ချင်းပဲ မကျေမနပ် ဖြစ်သွားပေမဲ့ သူက ဒေါသချောင်းချောင်း မထွက်ခင် သင်တန်းကျောင်းရဲ့ ဆရာတွေ ရောက်လာပြီးတော့ သီးသန့်တိုက်ခိုက်မှု မလုပ်ဖို့ သူတို့ကို သတိပေးခဲ့တယ်။ မဟုတ်ရင် သူတို့တွေ ပြိုင်ပွဲကနေ အရည်အချင်း မပြည့်မီပဲ ထွက်ရပါမယ်။

ဒါက ချိန်ပင်းကို အဆင်အခြင်မဲ့စွာ မလုပ်ရဲခဲ့ပေမဲ့ သူ့ရဲ့ လင်းဟန်ဆီကို တိုက်ရိုက်ကြည့်တဲ့ အကြည့်က ရန်ငြိုးရန်စတွေနဲ့ ပြည့်နေပါပြီ။

လူတိုင်းက ဒါကိုမြင်ပြီးတော့ လင်းဟန်အတွက် မချိတင်ကဲစွာ သက်ပြင်းချလိုက်ကြပြီး ဒါက လုံးဝကို မထိုက်တန်တဲ့ ကပ်ဘေးတစ်ခုလို့ တွေးနေကြပြီး ချိန်ပင်းက တကယ်ပဲ အရမ်းကို သေးသိမ်လွန်းပါတယ်။

အဲဒီနောက် သဘာ၀ ပါရမီကို စမ်းသပ်ဖို့ အချိန်ကျလာပြီး တစ်ဖွဲ့ချင်းစီကို ခေါ်ထုတ် လိုက်ကြတယ်။

လင်းဟန်ကတော့ ဒါကို သာမန်ကာလျှံကာပဲ ပြုမှုခဲ့တယ်။ သူ့ပါရမီက အဆိုးကြီးလည်း မဟုတ်သလို အကောင်းကြီးလည်း မဟုတ်ဘူး။ စံသတ်မှတ်ချက်နဲ့ ကိုက်ညီပြီး ချိန်ပင်းကတော့ သူ့ရဲ့ သိုင်းပညာ သဘာ၀ ပါရမီက တကယ်ပဲ အမြင့်ဆုံးအဆင့် အေ ဖြစ်နေတယ်။

ဒါပေါ့။ ဒါကလည်း ငွေလရောင် သင်တန်းကျောင်းရဲ့ အကဲဖြတ် စံသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ လင်းဟန်ဆိုရင် ဒီလိုမျိုး ပါရမီက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အစစ်အမှန် အရှင်သခင် အဆင့်ကို ဝင်ဖို့ အရည်အချင်း မီတယ်ဆိုရုံပဲ ရှိပါတယ်။

ချိန်ပင်းရဲ့ စမ်းသပ်မှု ပြီးသွားတဲ့ အခါမှာ သူက လင်းဟန်ကို မောက်မာတဲ့ အပြုံးတစ်ခု ပြုံးပြလိုက်တယ်။

ဟမ့်။

Chapter 4494 end

*****

အပိုင်း (၄၄၉၅) မိုးရွာနေတယ်။ ဒီတော့ ကလေး တင်ပါးကို ရိုက်ဖို့ အချိန်ပဲ

လင်းဟန်က အသာလေး ပြုံးရုံသာ ပြုံးနေခဲ့တယ်။ သူ့လက်ရှိ အဆင့်အတန်းနဲ့ဆို နတ်ဘုရား လမ်းကြောင်းကို ခြေချကာစ ဘာမဟုတ်တဲ့ ကျင့်ကြံသူ တစ်ယောက်ကို နှလုံးသားထဲ ထည့်ထား ရမှာတဲ့လား။

တကယ်လို့ သူ မကျေနပ်ဘူးဆိုရင် လက်ညိုးလေး တစ်ချောင်းတည်းနဲ့ သူ့ကို သေအောင် ချေမွပစ် နိုင်ပါတယ်။

စမ်းသပ်မှု ပထမ အလှည့်ပြီးတဲ့ နောက်မှာ လူတိုင်းကို အမှတ်တစ်ခု ပေးပါတယ်။ ချိန်ပင်းက ပထမနေရာ ဖြစ်ပြီးတော့ လင်းဟန်ကတော့ နှစ်ဆယ်ထဲမှာ ကပ်နေတယ်။ တကယ်လို့ သူက ဂရုမစိုက်ဘူးဆိုရင် သူက ဖယ်ထုတ်ခံရပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ သူက ထပ်ပြီးတော့ တိုးတက်လာရင် အောင်မြင်နိုင်စွမ်း ရှိလိမ့်မယ်။

ဒုတိယ စမ်းသပ်မှုက နားလည်ဆင်ခြင်နိုင်စွမ်း ဖြစ်တယ်။

သင်တန်းကျောင်းက ဆရာတစ်ယောက်က နေရာမှာတင် ဓားသိုင်းနည်းစနစ် တစ်ခုကို သင်ကြားပေးတယ်။ ဘယ်သူမဆို တိတိကျကျ ထပ်ပြီးတော့ ပြသနိုင်မယ်ဆိုရင် အောင်မြင်ပါလိမ့်မယ်။ ဒီတော့ အချိန်နည်းလေ ပိုကောင်းလေပဲ။

လင်းဟန်ရဲ့ ခွန်အားနဲ့ နားလည်ဆင်ခြင်နိုင်တဲ့ စွမ်းရည်နဲ့အတူ သူက တစ်ချက် ကြည့်ပြီးတဲ့ နောက်မှာတော့ ဒီလိုမျိုး ဓားသိုင်းကို သုံးပြုနိုင်ပါတယ်။ ဒါပေမဲ့လည်း သူက အစွမ်းမပြချင်ပဲ သူ့စိတ်ထဲမှာ သူ့ရဲ့ သိုင်းပညာ လမ်းကြောင်းကိုပဲ ဆင်ခြင်သုံးသပ်နေခဲ့တယ်။

အချိန်တိုတိုလေး အတွင်းမှာ ချိန်ပင်းက လေ့ကျင့်ဖို့ ရှေ့ကို ထွက်လာတယ်။ အမှားအယွင်း အနည်းငယ် ရှိပေမဲ့ သူက စမ်းသပ်မှုကို အောင်မြင်သွားခဲ့တယ်။

သူက သူ့ကိုယ်သူ အရမ်းကျေနပ်နေခဲ့တယ်။ သူက နှစ်ကြိမ်ဆက်တိုက် ပထမနေရာကို ရရှိခဲ့တာကြောင့် ဒီအဖွဲ့ထဲမှာ ချွင်းချက်မရှိ နံပါတ်တစ် ဖြစ်သင့်တယ်။

သူက လင်းဟန်ကို နောက်တစ်ကြိမ် ကြည့်လိုက်တဲ့ အချိန်မှာ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ သင်တန်းကျောင်းက လင်းဟန်ကို ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည် ဖြစ်စေ သူ့ကို ကြီးကြီးမားမား ခံစားရအောင် သူက လုပ်ပါလိမ့်မယ်။

ဒုတိယ၊ တတိယမြောက်။ ဓားသိုင်းကို သင်ယူနိုင်တဲ့ လူတွေက အောင်မြင်သွားခဲ့တယ်။

စမ်းသပ်ချက်ကို အောင်မြင်ဖို့ လူနှစ်ဆယ် ပြည့်ခါနီးမှာ လင်းဟန်လည်း အရှေ့ကို လျှောက်လာခဲ့တယ်။ သူ့ဓားကို မြှောက်ဖို့ ခြေထောက်ကို သုံးပြီးတော့ ဓားသိုင်းကို သာမန်ကာလျှံကာ ပြသလိုက်တယ်။

ဒါက သူ စမ်းသပ်ချက်ကို အောင်မြင်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

သူက သာမန်ကာလျှံကာ လုပ်ပေမဲ့ သင်တန်းကျောင်းက အဲဒီဆရာက အံ့အားသင့် သွားခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ လင်းဟန်က ဒီဓားသိုင်းကို အသုံးပြုတာက အရမ်းကို ကျွမ်းကျင်လွန်းတာ တွေ့လိုက်ရတယ်။ လင်းဟန်က သူ့ထက်တောင် ပိုပြီးတော့ ကျွမ်းကျင်နေတယ်။ နောက်ပြီး ဓားသိုင်းမှာ အားနည်းချက် သေးသေးလေး တစ်ခု ရှိပါတယ်။ အဲဒါက သူ့ရဲ့ အမူအကျင့်ကြောင့် ဖြစ်ပြီးတော့ ဘယ်လိုနည်းနဲ့မှ ပြောင်းလဲလို့ မရနိုင်ဘူး။

တခြားသူတွေလည်း ဒီအားနည်းချက်ကို ကူးယူနိုင်ပြီးတော့ လင်းဟန် တစ်ယောက်ပဲ ချွင်းချက် ဖြစ်ပါတယ်။ သူက ဒီအားနည်းချက်ကို အမှန်ပြင်ထားခဲ့တယ်။

ဟင်။

ဒါက တိုက်ဆိုင်မှု တစ်ခုလား။ ဒါမှမဟုတ် ဒီကောင်လေးရဲ့ ကျင့်ကြံခြင်း သဘာ၀ ပါရမီက အံ့သြစရာကောင်းပြီးတော့ အရင်က အချက်တွေကို သူက တမင်သက်သက် လုပ်နေခဲ့တာများလား။

သူက လင်းဟန်ကို နောက်တစ်ကြိမ် ကြည့်လိုက်မိတယ်။

ချိန်ပင်းလည်း ဒါကိုတွေ့ပြီးတော့ ဒေါသထွက်သွားခဲ့မိတယ်။

သူက စမ်းသပ်မှုကို ပထမဆုံး အောင်မြင်ခဲ့ပြီးတော့ ဒီဆရာက သူ့အပေါ်မှာ ဘယ်လိုလုပ် အများကြီး အာရုံမစိုက်တာလဲ။ ဘာဖြစ်လို့ ဘာမှမထင်ရှားတဲ့ လူတစ်ယောက်ကို သူက အာရုံစိုက် နေရတာလဲ။

ချိန်ပင်းက သင်တန်းကျောင်းရဲ့ ဆရာကိုတော့ မလေးမခန့် မလုပ်ရဲပဲ ဒီအကြွေးကို လင်းဟန်ပေါ် နောက်တစ်ကြိမ် ထပ်တင်လိုက်တယ်။

နှစ်ကြိမ်ပြီးသွားတဲ့ နောက်မှာတော့ လူတော်တော်များများက သက်ပြင်းချလိုက်တယ်။ သူတို့က ထိပ်ဆုံး သုံးဆယ်ရဲ့ နောက်မှာ ကျန်ခဲ့တာကြောင့် နောက်ဆုံး ပွဲမှာ အရမ်းကို ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရခဲ့မယ်ဆိုရင်တောင် အသုံးဝင်လိမ့်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အဆင့်တွေကို တိုးလာအောင် လုပ်နိုင်စွမ်း ရှိလိမ့်မှာ မဟုတ်တော့ဘူး။

တတိယပွဲ၊ နောက်ဆုံးပွဲလည်း ဖြစ်ပြီးတော့ တကယ့် တိုက်ပွဲ ဖြစ်ပါတယ်။

“မင်းတို့တွေ မင်းတို့ရဲ့ ပြိုင်ဘက်ကို ရွေးချယ်နိုင်တယ်။ ပြီးရင် တိုက်ခိုက်ကြ။ မင်းတို့ရဲ့ စွမ်းဆောင်ရည်ပေါ် အခြေခံပြီး ငါ မင်းတို့ကို အဆင့်ခွဲပေးမယ်”

သင်တန်းကျောင်းရဲ့ ဆရာဖြစ်သူက ပြောလိုက်တယ်။

လူတိုင်းက အလျင်အမြန်ပဲ သူတို့ကိုယ်ပိုင် အသင်းတွေကို သွားဖွဲ့ပြီး လက်ရည်တူမဲ့ လူတွေကို ရှာဖွေကြတယ်။ မဟုတ်ရင် သူတို့တွေက ဒုက္ခကို တောင်းဆိုတာ ဖြစ်သွားမယ်။

“မင်း”

ချိန်ပင်းက လင်းဟန်ကို လက်ညိုးထိုးပြလိုက်တယ်။

“ငါ့ပြိုင်ဘက် လုပ်ပါ”

ဒါက အခွင့်ရေးကောင်း ဖြစ်ပါတယ်။

လင်းဟန်က အသာလေး ပြုံးလိုက်တယ်။

“ရတာပေါ့”

ဒါက မိုးရွာတဲ့ နေ့တစ်နေ့ပဲ။ ဒါကြောင့် တခြားဘာမှလုပ်စရာလည်း မရှိဘူး။

“ပြိုင်ဘက်ကောင်း တစ်ယောက်ကို ရှာတွေ့တဲ့ လူတွေ အခု တက်လာပြီးတော့ အရင်ဆုံး စတင်နိုင်ပြီ”

သင်တန်းကျောင်းက ဆရာဖြစ်သူဟာ ပြောလိုက်တယ်။

“ကျုပ် အရင်သွားမယ်”

ချိန်ပင်းက ကျယ်လောင်စွာ အော်လိုက်ပြီးတော့ ရှေ့ကို ထွက်လာတယ်။

လင်းဟန်ကလည်း အေးအေးလူလူနဲ့ ထွက်လာတယ်။

“ဒီကောင်တော့ သွားပြီ”

“အစကတော့ ဒီကောင်က အဆင့် နှစ်ဆယ်အနားမှာပဲ။ ပထမတော့ သူက အရည်အချင်း ပြည့်မီဖို့ အခွင့်အရေးတစ်ခု ရှိပေမဲ့ သူက ချိန်ပင်းအတွက် သေချာပေါက် ပြိုင်ဘက် တစ်ယောက် မဟုတ်ဘူး။ တကယ်လို့ သူသာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရင် သူ အမှတ် ဘယ်လောက် ရမှာလဲ”

“ဘယ်လောက်တောင် မတန်တဲ့ ကပ်ဘေးတစ်ခုလဲ”

“ရှူး မင်းအသံကို တိုးတိုး ပြောစမ်းပါ”

ဘယ်သူကမှ လင်းဟန်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် မထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ချိန်ပင်းက သူ့ရဲ့ ခွန်အားကို စောစောကပဲ စမ်းသပ်မှု နှစ်ခုမှာ ပြသထားခဲ့တယ်။

“ကောင်လေး မင်း အခု နောင်တရပြီလား”

ချိန်ပင်းက အေးစက်စွာ ပြက်ရယ်ပြုလိုက်တယ်။

လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။

“တကယ်လို့ မင်း တိုက်ခိုက်နိုင်တယ်ဆိုရင် ဗလောင်းဗလဲ ပြောနေတာကို ရပ်လိုက်တော့”

မင်း မင်း ဒီလိုသတ္တိမျိုးကို ဘယ်ကနေ ရတာလဲ။

ချိန်ပင်းက ခဏလောက် လန့်ဖျပ်သွားပြီးတော့မှ ဝါးလုံးကွဲအောင် ရယ်မောလိုက်တယ်။

“ကောင်လေး မင်းက သနားစရာကောင်းလောက်အောင် တုံးအပေမဲ့ မင်းရဲ့ သတ္တိကိုတော့ ငါ ချီးကျူးပါတယ်”

သူက လင်းဟန်ဆီကို လျှောက်လာပြီးတော့ သူ့ညာလက်ကို အမြင့်ဆီ မြှောက်လိုက်တယ်။ သူက လင်းဟန်ကို နာကျင်မှုနဲ့ နောင်တက ဘာလဲဆိုတာ သိသွားအောင် လုပ်ရမယ်။

သူက ညာဘက်လက်ဝါးကို ဆန့်ထုတ်ပြီးတော့ လင်းဟန်ဆီကို ခပ်ကြမ်းကြမ်း တစ်ချက် ရိုက်လိုက်တယ်။

လင်းဟန်ကလည်း လက်ဝါးရိုက်ချက် တစ်ချက်ကို ရိုက်ထုတ်လိုက်တယ်။ ဒီလက်ဝါးရိုက်ချက်က ပေါ့ပေါ့ပါးပါးနဲ့ ဘာစွမ်းအားမှ မရှိတဲ့ အတိုင်းပါပဲ။

ဖြောင်း။ ဒါပေမဲ့လည်း သူ့လက်ဝါးရိုက်ချက်က နောက်မှ ရိုက်ထုတ်လိုက်ပေမဲ့ အရင်ဆုံး ရောက်သွားတယ်။ လင်းဟန်ရဲ့ လက်ဝါးက ချိန်ပင်းရဲ့ မျက်နှာပေါ်ကို ခပ်ဆတ်ဆတ် ကျသွားတယ်။

ထင်ထားတဲ့အတိုင်းပဲ ဒီလက်ဝါးရိုက်ချက်က တကယ်ပဲ အားအများကြီး မပါခဲ့ဘူး။ ဒါက ချိန်ပင်းကို အနည်းငယ် ဒယိမ်းဒယိုင်ပဲ ဖြစ်သွားစေပေမဲ့ ဒီယိမ်းယိုင်မှုကြောင့် ချိန်ပင်းရဲ့ တိုက်ခိုက်မှုဟာ သူ့ပစ်မှတ်ကို လွဲချော်သွားခဲ့ရတယ်။

သောက်ကျိုးနည်း။

တိုက်ပွဲကို ကြည့်နေတဲ့ လူတွေ အားလုံးက အံ့အားသင့် သွားခဲ့ကြတယ်။ နောက်ပြီး သူတို့တွေက ဒါဟာ ကြောက်စရာကောင်းတယ်လို့ တကယ်ပဲ ခံစားမိနေတယ်။

တကယ်လို့ လင်းဟန်မှာ အဆုံးအစမဲ့ ခွန်အားကို ပိုင်ဆိုင်ထားပြီး လက်ဖျောက်လေး တစ်ချက် တီးရုံနဲ့ ချိန်ပင်းကို လွင့်ထွက်သွားစေတယ်လို့ ပြောမယ်ဆိုရင် လူတိုင်းက ဒါကို လက်ခံနိုင်ပါသေးတယ်။ တကယ်တော့ လင်းဟန်က ကျင့်ကြံခြင်းအဆင့်မှာ အားသာချက် တစ်ခု ရှိနေတာလေ။ ကျင့်ကြံခြင်း ကမ္ဘာမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့လူက ကျင့်ကြံခြင်းအဆင့် နိမ့်တဲ့လူထက် အကြွင်းမဲ့ အသာစီးရတာက ပုံမှန်ပါပဲ။

ဒါပေမဲ့လည်း ပြဿနာက လင်းဟန်ရဲ့ လက်ဝါးရိုက်ချက်နောက်ကွယ်က အားဟာ အရမ်းကို နည်းလွန်းပါတယ်။ ချိန်ပင်းကို အနည်းငယ်ပဲ ဒယိမ်းဒယိုင် ဖြစ်စေတဲ့အထိ နည်းတာပါ။

ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ အချက်က ဒီဒယိမ်းဒယိုင် ဖြစ်သွားတာက ချိန်ပင်းရဲ့ တိုက်ခိုက်မှုကို သူ့ပစ်မှတ်ဆီ လွဲချော်သွားခဲ့ရတယ်။

ဒါက တိုက်ဆိုင်မှု တစ်ခုလား။

တကယ်လို့ အဲဒီလိုသာမဟုတ်ရင် လင်းဟန်ရဲ့ သူ့စွမ်းအားအပေါ် ထိန်းချုပ်နိုင်မှုက ဘယ်လောက်တောင် ကျွမ်းကျင်မှု ရှိနေတာလဲ။

သူတို့တွေ ကြက်သီးမွှေးညှင်း ထကုန်တယ်။ သူတို့တွေ ဒီအကြောင်းကို စဉ်းစားလေလေ ပိုပြီးတော့ ကြောက်စရာကောင်းလာတယ်။

အဲဒီအချိန် ချိန်ပင်းက ဒေါသထွက်နေတယ်။ ဒီရိုက်ချက်က သူ့ကို လုံး၀ ထိခိုက်မှု မရှိစေပေမဲ့ မျက်နှာကို လူတွေအရှေ့မှာ အရိုက်ခံလိုက်ရတာက ဘယ်လောက်တောင် ရှက်စရာကောင်းလဲ။

“မင်းက သေဖို့ ထိုက်တန်နေပြီ”

သူက ရူးသွားတဲ့အတိုင်းပဲ လင်းဟန်ကို သူ့အစွမ်း အကုန်လုံးနဲ့အတူ တိုက်ခိုက်လာခဲ့တယ်။

ဒါပေမဲ့လည်း သူက နတ်ဘုရား လမ်းကြောင်းပေါ်ကို ခြေချကာစဆိုတဲ့ အချက်ကို မပြောနဲ့ဦး။ တကယ်လို့ သူက လင်းဟန်လို ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်နေရင်တောင်မှ လင်းဟန်က သူ့ကို စိတ်တိုင်းကျ ရင်ဆိုင်နိုင်ပါတယ်။ ဘယ်လောက် ခက်ခဲမှာမို့လဲ။

ဖြန်း ဖြန်း ဖြန်း။

လင်းဟန်က သူ့လက်ဝါးကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ပေမဲ့ ပါးရိုက်တဲ့ အသံတွေက အကြိမ်ကြိမ် ထွက်ပေါ်လာတယ်။

လူတိုင်းရဲ့ အမြင်မှာတော့ လင်းဟန်က တကယ့်ကို သက်တောင့်သက်သာ ရှိနေတယ်။ သာမန် လက်ဝါးရိုက်ချက် တစ်ချက်ဖြစ်ပြီးတော့ ရှောင်တိမ်းဖို့ အရမ်းကို လွယ်ကူတယ် ထင်ရပေမဲ့ ချိန်ပင်းက သူ့အလိုလို အရှေ့ကို မျက်နှာပေးပြီးတော့ အရိုက်ခံတဲ့ အတိုင်းပါပဲ။

ဒါက အရမ်းကို ထူးဆန်းလွန်းတယ်။ လူတိုင်းက မြင်ကွင်းကြောင့် အံ့အားသင့်နေတဲ့အချိန်မှာ သူတို့တွေ ကြက်သီးမွှေးညှင်းတွေ ထကုန်ကြတယ်။

ချိန်ပင်းက ခေါင်းမာပါတယ်။ သူ့အမြင်တော့ လင်းဟန်ရဲ့ စွမ်းအားနဲ့ အမြန်နှုန်းက သူ့ထက် နှစ်ခုလုံး နိမ့်ကျပါတယ်။ ဒါပေမဲ့ လင်းဟန်ကို ကြည့်ရတာ မကောင်းဆိုးဝါး နည်းစနစ် တစ်ခုခုကို ပိုင်ဆိုင်ထားပုံ ပေါ်ပြီးတော့ သူ့ကို ဘယ်လိုနည်းနဲ့မှ ထိအောင် မတိုက်ခိုက်နိုင်တာ ဖြစ်တယ်။

ဒါကြောင့် သူက အံ့ကိုတင်းတင်းကြိတ်ပြီးတော့ အခွင့်အရေး တစ်ခုကို သူသာ ဖမ်းဆုပ်မိရင် အောင်အောင်မြင်မြင်နဲ့ တန်ပြန်တိုက်စစ် ဆင်နိုင်ရင် လင်းဟန်က စဉ်းတီတုံးပေါ်က အသားတစ်ခု ဖြစ်လာဖို့ မခက်ပါဘူး။

ကံဆိုးတာက ဒီလိုမြင်ကွင်းမျိုးဟာ ဘယ်တော့မှ ဖြစ်ပျက်မလာခဲ့ဘူး။

“ကောင်းပြီ ရပ်တော့”

နောက်ဆုံးမှာ သင်တန်းကျောင်းရဲ့ ဆရာဖြစ်သူက ဆက်ပြီးတော့ ကြည့်မနေနိုင်တော့ပဲ တိုက်ပွဲကို ရပ်ဖို့ အော်လိုက်တယ်။

လင်းဟန်ရဲ့ ရိုက်ချက်တိုင်းက မပြင်းထန်ပေမဲ့ အားတချို့တော့ ရှိနေသေးတယ်။ ပါးရိုက်ချက် ရာနဲ့ချီ ခံရပြီးတဲ့ နောက်မှာတော့ ချိန်ပင်းရဲ့ မျက်နှာက အရမ်းကို ဖူးယောင်နေပြီး အမြင်ဆိုးတယ်။

ချိန်ပင်းက ဘာမှမတတ်နိုင်ပဲ ရပ်လိုက်ရတယ်။ သူက လင်းဟန်ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီးတော့ သူ့ကို အစိမ်းလိုက် ဝါးစားပစ်ချင်နေတယ်။

အခုထိတောင် သူက လင်းဟန်ထက် အားနည်းတယ်လို့ မတွေးပဲ လင်းဟန်က မကောင်းဆိုးဝါး နည်းစနစ် တစ်ခုခုကို တတ်မြောက်ကျွမ်းကျင်ထားတယ်လို့ တွေးနေတာပါ။

“နောက်တစ်ပွဲ”

သင်တန်းကျောင်းရဲ့ ဆရာဖြစ်သူက အော်လိုက်တယ်။

နေ့တစ်ဝက်လောက် အချိန်ယူပြီးတဲ့ နောက်မှာတော့ တိုက်ပွဲ စမ်းသပ်မှုက နောက်ဆုံးမှာ ပြီးဆုံးသွားပြီးတော့ သုံးကြိမ်ပြီးတဲ့ နောက်မှာ တစ်ဖွဲ့ချင်းစီရဲ့ ထိပ်ဆုံး အယောက်နှစ်ဆယ်ကို ဆုံးဖြတ်ပြီးပါပြီ။

လင်းဟန်တို့ အဖွဲ့မှာ ချိန်ပင်းက ပထမနေရာကို မရယူနိုင်ခဲ့ဘူး။

လင်းဟန်ကို သူ ရှုံးနိမ့်ခဲ့ရတဲ့ တိုက်ပွဲက တကယ့်ကို ရှက်စရာကောင်းလွန်းပေမဲ့ ကံကောင်းတာက သူက အားနည်းတာကြောင့် မဟုတ်ပဲ လင်းဟန်က အရမ်းကို သန်မာလွန်းတာကြောင့် ဖြစ်တယ်။ ဒါကြောင့် သူက ထိပ်ဆုံး ငါးယောက်မှာ အဆင့်ဝင်နေဆဲ ဖြစ်တယ်။

လင်းဟန် အတွက်လည်း အတူတူပါပဲ။ နောက်ဆုံးအကြိမ် သူ့ရဲ့ အစွမ်းပြမှုကြောင့် ထိပ်ဆုံး ငါးယောက်ထဲကို ဝင်လာနိုင်ခဲ့ပြီး သင်တန်းကျောင်းက တိုက်ရိုက် ရွေးချယ်ခံလိုက်ရတယ်။ သူ့အတွက် နောက်ထပ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မလိုအပ်တော့ပါဘူး။

Chapter 4495 end

*****

All Chapters