← Chapters

အခန်း (၄၄၉၆-၄၅၀၀)

Vol. 224 Ch. 4496-4500

အခန်း (၄၄၉၆-၄၅၀၀)

Vol. 224 Ch. 4496-4500

အပိုင်း (၄၄၉၆) ငါ့သမီးကို အနိုင်ကျင့်နေတာလား

ထိပ်ဆုံးအယောက် ငါးဆယ်ကို ဆရာတစ်ယောက်က သင်တန်းကျောင်းရဲ့ အတွင်းဘက် ဧရိယာထဲ ခေါ်ဆောင်သွားတယ်။ သူတို့အားလုံးက အတော်လေးကို ကောင်းမွန်တဲ့ ဇကာတင် လူတွေ ဖြစ်ပြီးတော့ အနာဂတ်မှာ အလေးထား ပြုစုပျိုးထောင်ပေးခြင်း ခံရပါလိမ့်မယ်။

လင်းဟန်က သင်တန်းကျောင်းထဲမှာ ဖြည်းဖြည်းခြင်း လျှောက်လာပြီး သူ့ရဲ့ ချစ်လှစွာသော သမီးကို ရှာဖွေနေခဲ့တယ်။

သူ့နောက်မှာ ချိန်ပင်းက တိတ်ဆိတ်စွာ လိုက်လာခဲ့တယ်။

သူက မကျေနပ်ခဲ့ဘူး။ အစက သူဟာ ပထမနေရာကို ရသင့်ပေမဲ့ အခုတော့ သူ စိတ်ကူးထားသလို ကမ္ဘာကြီးကို တစ်ချက်တည်းနဲ့ မှင်သက်အံ့သြသွားစေမဲ့ သူ့တောက်ပမှုကို ဖော်ပြဖို့ ကံကြမ္မာ မရနိုင်တော့ဘူး။ ဒါကြောင့် သူက လင်းဟန်ကို အရမ်းပဲ မုန်းတီးနေခဲ့မိတယ်။

သူက လင်းဟန် အနောက်ကနေ လျှို့ဝှက်စွာ လိုက်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက လင်းဟန်ကို လူမရှိတဲ့ နေရာတချို့ဆီကို လျှောက်သွားမှာကို စောင့်နေပြီး အဲဒီနောက် ဒီအခွင့်အရေးကို အသုံးချကာ သူ့ကို ထိုးကြိတ်မလို့ ဖြစ်တယ်။

မဟုတ်ရင် သူ့ရဲ့ ဒီမမျှမတ ခံစားရတာကို ဘယ်လိုလုပ် မျိုသိပ်ထားနိုင်မှာလဲ။

တခြားသူတွေရဲ့ ခွန်အားက သူ့လောက် မသန်မာဘူးဆိုတာ သေချာတယ်။ လင်းဟန်က သူ့ရဲ့ မကောင်းဆိုးဝါး ပညာရပ်ကို အားကိုးနေတာပဲ။ ဒါကြောင့် တကယ်လို့ သူ့ကို အနောက်ကနေ တိုက်ခိုက်လိုက်ရင် သေချာပေါက် လင်းဟန်က မကောင်းဆိုးဝါး ပညာရပ်ကို ထုတ်သုံးဖို့ အချိန်ရမှာ မဟုတ်ပါဘူး။

သင်တန်းကျောင်းက အရမ်းကို ကြီးမားပါတယ်။ လင်းဟန်က သူ့နတ်ဘုရားအာရုံကို အသာလေး လှုံ့ဆော်လိုက်ပြီး မကြာခင် လင်းရှီရဲ့ တည်နေရာကို ရှာတွေ့သွားတယ်။

သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်။ အဲဒီနောက် သူက အဲဒီအရပ်မျက်နှာဆီကို ဦးတည်ပြီးတော့ ထွက်လာတယ်။

သိပ်မကြာခင် သူ့အရှေ့မှာ အပင်တွေ ထူထပ်စွာ ပေါက်ရောက်နေတဲ့ သစ်တော တစ်ခု ပေါ်လာတယ်။

လင်းရှီက ဒီနေရာမှာ ဖြစ်တယ်။

ဟင်။

သူက အနည်းငယ် လန့်ဖျပ်သွားခဲ့ပြီး ကောင်းကင်ပေါ်မှာ အရိပ်တစ်ခု ဖြတ်သွားကာ တောအုပ်ထဲကို ဆင်းသွားတာကို မြင်လိုက်ရတယ်။

သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေနဲ့အတူ ပျံသန်းနိုင်တဲ့ လူတွေက အနည်းဆုံး ပင်မဝင်္ကပါ အဆင့်မှာ ရှိပါတယ်။

လင်းဟန်ဆီက အတွေးတစ်ချက်နဲ့ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး တောအုပ်ထဲက အရာအားလုံးကို မြင်ကွင်းကျယ် ပုံရိပ်တစ်ခုနဲ့ မြင်လာရတယ်။

လဗြွတ်။ မင်း ဘာဖြစ်လို့ အထဲကို မဝင်သွားတာလဲ။

သူ့နောက်မှာ ပါလာတဲ့ ချိန်ပင်းက သူ့ခေါင်းကို ကုတ်လိုက်တယ်။ တကယ်လို့ လင်းဟန်က တောအုပ်ထဲကို ဝင်သွားရင် သူက ချက်ချင်းပဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု တစ်ခု လုပ်ပြီးတော့ လင်းဟန်ကို ကြမ်းကြမ်းလေး ရိုက်ပုတ်ပစ်ပါလိမ့်မယ်။

ဒါပေမဲ့ အခု ပတ်ဝန်းကျင်မှာ လူအနည်းငယ် ရှိပြီးတော့ သူ့ကို မြင်နိုင်တဲ့ လူတွေ ရှိနေပါတယ်။ သူက မျက်မြင်သက်သေ နည်းနည်းလောက် ကျန်ခဲ့ဖို့ စိတ်ကူး မရှိပါဘူး။

တကယ်လို့ သူနဲ့ လင်းဟန်ပဲ ရှိတယ်ဆိုရင် ဒါက အဖြစ်အပျက်တွေကို တစ်ဖက်သတ် ပြန်ပြောတာပဲ ဖြစ်သွားပါလိမ့်မယ်။

ဒါတော့ မတတ်နိုင်ဘူး။ သူက လင်းဟန်ကို မဆင်မခြင် လုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ဒီကောင် တောအုပ်ထဲကို မြန်မြန်ဝင်သွားဖို့ မျှော်လင့်ရုံပဲ တတ်နိုင်တယ်။

တောအုပ်ထဲမှာတော့။

လင်းရှီက သူမရဲ့ ဓားသိုင်းကို လေ့ကျင့်နေတယ်။ သူမက ပင်မဝင်္ကပါ အဆင့်ကို အဆင့်တက် ပြီးတော့ နှစ်ပေါင်း တစ်ရာတောင် မရှိသေးပဲ သူမဟာ သေမျိုး တစ်ယောက်ကနေ နတ်ဘုရား လမ်းကြောင်းရဲ့ တတိယမြောက် အဆင့်ကို အဆင့်တက် ရောက်ရှိနေပါပြီ။ သူမရဲ့ အဆင့်တက်နှုန်းက လျင်မြန်တယ်လို့ ပြောရမယ်။

လင်းဟန်ရဲ့ သမီးဆိုတဲ့ အတိုင်းပါပဲ။

ဝှစ်။ အရိပ်တစ်ခု ဆင်းသက်လာတယ်။ ဒါက အပြာရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရတနာ ဓားတစ်လက်ကို နောက်ကျောဘက်မှာ လွယ်ထားတဲ့ ယောက်ျား တစ်ယောက် ဖြစ်တယ်။ သူ့ဆံပင်တွေက ပခုံးကျော်နေပြီး သူ့မျက်နှာပေါ်မှာ ဓားမော့တစ်ချောင်းနဲ့ ခုတ်ခံထားရသလိုမျိုး ကန့်လန့်ဖြတ် အမာရွတ်တစ်ခု ရှိကာ သူရဲကောင်းဆန်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ ပုံစံမျိုး ရှိနေတယ်။

လင်းရှီက ဒါကိုမြင်လိုက်တော့ ချက်ချင်းပဲ သူမရဲ့ ဓားကို သိမ်းပြီးတော့ လက်ဆုပ်ကာ ပြောလိုက်တယ်။

“စီနီယာအစ်ကိုချီ”

အပြာရောင်ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဒီယောက်ျားက ချီမျိုးရိုး ဖြစ်ပြီး သူ့နာမည်က ဝူဝေ့လို့ ခေါ်ပါတယ်။ သူက ငွေလရောင် သင်တန်းကျောင်းထဲမှာ ပါရမီရှင် တစ်ယောက် ဖြစ်တယ်။

သူက လင်းရှီကို ကြည့်ပြီးတော့ ပြောလိုက်တယ်။

“ဂျူနီယာ ညီမလေးက ဓားသိုင်း လေ့ကျင့်နေတာပဲ”

လင်းရှီက အသာလေး ပြုံးရုံသာ ပြုံးပြီးတော့ ဆက်ပြီးတော့ စကားပြောခြင်း မရှိခဲ့ဘူး။ သူမရဲ့ အဓိပ္ပါယ်က အရမ်းကို ရှင်းပါတယ်။ တကယ်လို့ တခြားဘာမှမရှိဘူးဆိုရင် ရှင် ထွက်သွားနိုင်ပြီ။

ချီဝူဝေ့က ဒီလိုမျိုး သတိမပြုမိဘူး။ သူက လင်းရှီကို စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေထဲမှာ ချစ်ခင်မြတ်နိုးခြင်းတွေကို ဖုံးကွယ်မထားနိုင်ခဲ့ဘူး။

“ဂျူနီယာ ညီမလေး မင်းရဲ့ ကျင့်ကြံခြင်း ပါရမီက တကယ့်ကို အံ့မခန်းပဲ။ ငါ မှတ်မိသလောက် မင်း သင်တန်းကျောင်းထဲကို ပထမဆုံး ဝင်ရောက်လာတဲ့ အချိန်တုန်းက မင်းဟာ ဒုတိယ ဆေးကျိုအိုး အဆင့်တစ်ယောက်ပဲ ရှိသေးတယ်။ အခု မင်းက ပင်မဝင်္ကပါအဆင့်ကို အဆင့်တက်သွားပြီ။ ဒီတိုးတက်မှုက တကယ့်ကို အံ့မခန်းပဲ”

လင်းရှီက စိတ်မရှည် ဖြစ်လာပုံ ပေါ်တယ်။

“တကယ်လို့ တခြားဘာကိစ္စမှ မရှိဘူးဆိုရင် စီနီယာချီ ပြန်ပါတော့။ ကျမ ဓားသိုင်း လေ့ကျင့်တာကို အာရုံစိုက်ရဦးမယ်”

ချီဝူဝေ့က သူ့ကို အေးစက်စက် တုံ့ပြန်ခံလိုက်ရတဲ့အတွက် မကျေမနပ် ဖြစ်သွားတာမျိုး နည်းနည်းမှ မပေါ်ခဲ့ဘူး။ သူက လင်းရှီရဲ့ အကျင့်စရိုက်ကို သိထားပါတယ်။ သူက အသာလေး ပြုံးပြီးတော့ ပြောလိုက်တယ်။

“ဂျူနီယာ ညီမလေး ငါ နောက်ဆုံး အကြိမ်တုန်းက မင်းကို ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်း စဉ်းစားပြီးပြီလား”

လင်းရှီရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်ခြင်း ဆန္ဒက ချက်ချင်းပဲ ပေါ်လာခဲ့တယ်။ သူမက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီးတော့ တခြားသူတွေကို ကြင်နာတတ်ပါတယ်။ ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က သူမဟာ တကယ်ပဲ ဒေါသမထွက်တတ်ဘူးလို့ တွေးနေရင်တော့ အမှားကြီး တစ်ခု ဖြစ်သွားလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ သူမဟာ လင်းဟန်ရဲ့ သမီး ဖြစ်တယ်။

“စီနီယာ အစ်ကိုချီ ကျမ ရှင့်ကို နောက်ဆုံးအကြိမ်တုန်းကလည်း သေသေချာချာ အားလုံးကို ရှင်းပြပြီးပြီ”

သူမရဲ့ အပြုအမှု အပြောအဆိုက အေးစက်လာတယ်။

“ကျမက လက်ထပ်ပြီးသား မိန်းမ တစ်ယောက်ပဲ။ ကျေးဇူးပြုပြီးတော့ ရှင့်စကားတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာရှိအောင် ပြုမှုပြောဆိုပါ စီနီယာအစ်ကိုချီ”

“ဂျူနီယာ ညီမလေး ငါ မင်းကို တကယ် သဘောကျတာပါ”

ချီဝူဝေ့က အလျင်အမြန် ပြောလိုက်တယ်။

“မင်း လက်ထပ်ပြီးသား ဖြစ်နေရင်လည်း ငါ စိတ်ထဲ မထားဘူး။ တကယ်ပါ။ ငါ စိတ်ထဲ မထားပါဘူး”

သူမက ဘယ်လောက်တောင် လှပလိုက်လဲ။ သူမရဲ့ ကျင့်ကြံခြင်း သဘာ၀ ပါရမီက ဘယ်လောက် အံ့သြစရာ ကောင်းလိုက်လဲ။ ဒါကြောင့် သူက စိတ်ထဲ ထားလိမ့်မှာ မဟုတ်ပါဘူး။

“ကျမက စိတ်ထဲထားတယ်”

လင်းရှီက အေးစက်စွာ ပြောလိုက်တယ်။

“အခု ရှင် ထွက်သွားနိုင်ပြီ”

သူမက မောင်းထုတ်တဲ့ စကားမပြောခဲ့ဘူး။ ဒါကြောင့် သူမက ယဉ်ကျေးနေပါပြီ။

ချီဝူဝေ့လည်း အေးစက်စက် အမူအရာတစ်ခု ပေါ်လာတယ်။ အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးတဲ့ နောက်မှာတော့ သူက သည်းခံစိတ် ကုန်သွားပါပြီ။

“လင်းရှီ ကျေးဇူးမကန်းနဲ့”

သူက ခက်ထန်စွာ ပြောလိုက်တယ်။

“ငါက ဘယ်သူလဲ။ မဟာဗိုလ်ချုပ် ဟန်ထိုက်ရဲ့ သား ၊ ချီလုံတု။ အရိပ်လ ဆန်းကြယ် အင်ပါယာရဲ့ လရောင်ခြယ်ဂြိုလ်ပေါ်မှာ စခန်းချတဲ့ နဝမမြောက် ဘုရင်ရဲ့ လက်အောက်ကပဲ။ ငါ မင်းကို မျက်နှာသာပေးနေတဲ့ အချက်က မင်းရဲ့ ဘိုးဘေးတွေ ရှစ်ဘဝလောက် ကုသိုလ်ကောင်းမှု လုပ်ခဲ့တဲ့ ကံကောင်းခြင်းတွေကြောင့် ရလာတာပဲ”

“ထွက်သွား”

လင်းရှီက တောအုပ်ရဲ့ အပြင်ဘက်ကို လက်ညိုးထိုး ပြလိုက်တယ်။ သူမက လုံးဝကို ဒေါသထွက် လာခဲ့တယ်။

“ဟင့် ဒီတစ်ကြိမ် မင်း ငါ့စကားကို မနာခံဘူးဆိုရင် ငါ မင်းရဲ့ ယောက်ျားကို သတ်ပစ်ရမယ်”

ချီဝူဝေ့က ပြောလိုက်တယ်။

“သူက ဘာမှမဟုတ်တဲ့ ပင်မဝင်္ကပါအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ငါတို့ ဗိုလ်ချုပ် စံအိမ်ရဲ့ ခွန်အားနဲ့ဆိုရင် လေတစ်ချက် မှုတ်လိုက်သလိုပဲ”

“ရှင်”

လင်းရှီက ဒေါသလည်းထွက် စိတ်လည်းတိုသွားတယ်။ ချီဝူဝေ့က တကယ်ပဲ ဒီလိုမျိုး အရှက်မရှိတဲ့ အကွက်တစ်ခုကို သုံးလိမ့်မယ် မတွေးထားခဲ့မိဘူး။

“ဘယ်လိုလဲ”

ချီဝူဝေ့က ဒီအကွက်ကို မသုံးချင်ပါဘူး။ ဒီလိုသာဆို သူက လင်းရှီရဲ့ ခန္ဓာကိုယ်နဲ့ လိုက်လျောမှုကို ခဏတာပဲ ရရှိမှာ ဖြစ်ပြီးတော့ သူက လောဘကြီးတာကြောင့် ဒီထပ်ပို လိုချင်နေခဲ့တယ်။

ဒါပေမဲ့လည်း တကယ်လို့ သူက သူမရဲ့ ခန္ဓာကိုယ်ကိုတောင် မရနိုင်ဘူးဆိုရင် ဘယ်လိုလုပ် သူမရဲ့ နှလုံးသားကို ရယူနိုင်မှာလဲ။

လင်းရှီက အသံတိတ် သွားခဲ့တယ်။ သူမက သဘောမတူနိုင်ပါဘူး။ ဒါပေမဲ့လည်း သူမနဲ့ ဖူထိုက်ရှင်းကို လရောင်ခြည်ဂြိုလ်ကနေ အောင်အောင်မြင်မြင် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ဘယ်အရာက ကူညီပေးနိုင်မှာလဲ။

“မင်းမှာ စဉ်းစားဖို့ အချိန်အများကြီး မရဘူး။ ငါ့ စိတ်ရှည်သည်းခံမှုက အချိန်အကန့်အသတ် ရှိတယ်”

ချီဝူဝေ့က သူမကို ဖိအားပေးလိုက်တယ်။

“ဟားဟား ငါက ဒီခုနစ်ဘဝမှာ ဒီလိုမျိုး ကံကောင်းခြင်းကို မစုစည်းနိုင်ခဲ့ပါဘူး”

လင်းဟန်က လှုပ်ရှားလိုက်ပြီး တောအုပ်ထဲမှာ ပေါ်လာကာ တည်ငြိမ်စွာ ပြောလိုက်တယ်။

ဟင်။

ချိန်ပင်းက အံ့အားသင့် သွားခဲ့တယ်။ ဘာကြောင့် လင်းဟန်က ပျောက်ကွယ်သွားတာလဲ။

သူက အလျင်အမြန် နောက်ကနေ ပြေးလိုက်ပြီး တောအုပ် အစပ်ကို ရောက်လာခဲ့တယ်။ အဲဒီနောက် သူက သတိထားပြီးတော့ ဝင်လာခဲ့တယ်။

တောအုပ်ထဲမှာ လင်းဟန်ရဲ့ အသံကို ကြားပြီးတဲ့ နောက်မှာ လင်းရှီက ချက်ချင်းပဲ စိတ်လှုပ်ရှားစွာ ကြည့်လာခဲ့တယ်။

သူမရဲ့ အဖေ ဖြစ်သူ အသံကို သူမက ဘယ်လိုလုပ် မမှတ်မိပဲ နေမှာလဲ။

အခု သူမက အကူအညီမဲ့နေတဲ့ အချိန် ဖြစ်ပေမဲ့ သူမရဲ့ အဖေက အချိန်ကိုက် ပေါ်လာခဲ့တာက သူမရဲ့ ခံစားချက်တွေ နွေးထွေးပြီးတော့ တစ်ယောက်ယောက်ကို မှီခိုချင်လာတယ်။

တချိန်တည်းမှာ သူမရဲ့ အဖေကို သူမက ယုံကြည်မှုတွေနဲ့ ပြည့်နေတယ်။ လင်းဟန် ပေါ်လာတာနဲ့ မဖြေရှင်းနိုင်တာ ဘာမှမရှိတော့ပါဘူး။

ဒါက အမှန်တရား ဖြစ်ပြီးတော့ သမီး တစ်ယောက်ရဲ့ သူမ ဖခင်အတွက် အထင်ကြီးလေးစား အားကျမှု တစ်ခုလည်း ဖြစ်တယ်။

“မင်း ဘယ်သူလဲ”

ချီဝူဝေ့က လန့်သွားတယ်။ ဘာကြောင့် လူတစ်ယောက် ရုတ်တရက် ပေါ်လာတာလဲ။

ခုနစ်ဘ၀ ဟုတ်လား။

မင်းက လင်းရှီရဲ့ စီနီယာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား။ အော် သူက စောစောက ရှစ်ဘဝလို့ ပြောခဲ့ပြီး မင်းက မျိုးဆက် တစ်ခုကိုတောင် ဖယ်ထားတယ်။

သူက စိတ်မရှည်စွာ ပြောလိုက်တယ်။

“ငါ ဒေါသမထွက်ခင် ချက်ချင်း ထွက်သွားစမ်း”

ဒါပေမဲ့လည်း အဲဒီနောက်က မြင်ကွင်းဟာ သူ့မျက်နှာကို ညိုမည်းသွားစေခဲ့တယ်။

လင်းရှီက တောအုပ်ထဲကနေ ပျံသန်းလာတဲ့ ငှက်တွေလိုမျိုး လင်းဟန်ရဲ့ ရင်ခွင်ထဲကို ပြေးဝင်သွားကာ သူ့ကို တင်းကျပ်စွာ ဖက်ထားတယ်။

လဗြွတ်။

ချီဝူဝေ့က ဒေါသချောင်းချောင်း ထွက်သွားပြီး မယုံနိုင်အောင် စိတ်ပျက်မှု တစ်ခုကို ခံစားလိုက် ရတယ်။

လင်းရှီက အကျင့်သိက္ခာရှိတဲ့ အမျိုးသမီး တစ်ယောက်လို့ သူက အမြဲတမ်း တွေးနေခဲ့တယ်။ သူမကို သူ ဘယ်လောက်ပဲ စည်းရုံးသိမ်းသွင်းသိမ်းသွင်း သူမက သူ့လက်ထဲကို မကျလာခဲ့ဘူး။ ဒါပေမဲ့ အခုကရော။ သူမက တကယ်ပဲ သူမကိုယ်သူမ တစိမ်းယောက်ျား တစ်ယောက်ရဲ့ ရင်ခွင်ထဲ ပြေးဝင်သွားတာလား။

ဒါက သေချာပေါက် ဖူထိုက်ရှင်း မဟုတ်ပါဘူး။

လဗြွတ်။ မင်းက ဒီလိုလူစားမျိုးပေါ့ ဟုတ်လား။ မင်းက င့ါအရှေ့မှာတော့ ဟိတ်ဟန်တစ်ခွဲသား ဟန်ဆောင်နေရဲတယ်။ ဘယ်လောက် အရှက်ကင်းမဲ့လိုက်လဲ။

လင်းဟန်က သူ့သမီးရဲ့ ပခုံးကို ပုတ်ပြီးတော့ ချီဝူဝေ့ဘက်ကို လှည့်ကာ ပြောလိုက်တယ်။

“ကိုယ့်ကိုကိုယ် သတ်သေလိုက်”

သူ့သမီးကို ခြိမ်းခြောက်ရဲတယ်ဆိုတော့ တကယ့်ကို သေကြောင်းကြံတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။

အဲဒီအချိန် ချိန်ပင်းကလည်း ခိုးကြောင်ခိုးဝှက်နဲ့ အထဲကို ဝင်လာပါပြီ။ သူက သစ်ရွက်တွေ ထူထပ်နေတဲ့ နေရာကနေ လှမ်းကြည့်ပြီးတော့ အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်မိတယ်။

ဒါက ချီဝူဝေ့ ဖြစ်ပါတယ်။ သူက ချီဝူဝေ့ကို ဘယ်လိုလုပ် မမှတ်မိရမှာလဲ။ ချီဝူဝေ့က တကယ်ပဲ စစ်မှန်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်တယ်။

လင်းဟန်က ချီဝူဝေ့ကို တကယ်ပဲ အတိုက်အခံ လုပ်ရဲတာလား။

Chapter 4496 end

*****

အပိုင်း (၄၄၉၇) ငါ့ကို သူရဲကောင်း တစ်ယောက်လို့ ခေါ်

ချီဝူဝေ့က သူ့ဘာသာသူ သဘောကျပြီးတော့ ရယ်မောလိုက်မိတယ်။

“မင်းရဲ့ ယုံကြည်မှုက ဘယ်ကနေ ရလာတာလဲ”

သူက သူ့ခေါင်းကို ခါလိုက်တယ်။

“ငါ ဘယ်သူလဲ ဆိုတာကို မင်းသိလား”

“မင်းက အလောင်းတစ်လောင်းပဲ”

လင်းဟန်က တည်ငြိမ်စွာ ပြောလိုက်တယ်။

“မင်း အသက်ရှင်နေတဲ့ အချိန်တုန်းက မင်းဘယ်သူပဲ ဖြစ်ဖြစ် အရေးမပါဘူး။ သေပြီးရင်တော့ မင်းက အလောင်းတစ်ခု ဖြစ်သွားမှာပဲ။ မင်း ဘယ်သူလဲ ဆိုတာကို ဘယ်သူကမှ အလေးထားမှာ မဟုတ်ဘူး”

“ရိုင်းပျလိုက်တာ”

ချီဝူဝေ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ်။ လင်းဟန် ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီးတော့ သူက ရုတ်တရက် တစ်ခုခုကို သတိထားမိသွားကာ ပြောလိုက်တယ်။

“ငါသိပြီ။ ဒီနေ့ သင်တန်းကျောင်းက ကျောင်းသားသစ်တွေ ခေါ်ယူတဲ့နေ့ပဲ။ နောက်ပြီး မင်းက ဆင်တူဝတ်စုံကို ဝတ်ဆင်ထားတာ မဟုတ်ဘူးဆိုတော့ မင်းက အခုမှ သင်တန်းကျောင်းကို ဝင်လာကာစပဲ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ”

သူက သတိပြန်ဝင်လာ တယ်။ လင်းဟန်က အရမ်းကို မောက်မာနေပြီး သူ့ကို အလေးအနက် မထားတာက မထူးဆန်းတော့ဘူး။ လက်စသတ်တော့ ဒီကောင်က လူသစ်ပဲ။

ဒါပေမဲ့လည်း ဒါက သူ့ကို ပိုပြီးတော့တောင် ဒေါသထွက် လာခဲ့တယ်။

သူက လူသစ် တစ်ယောက် ဖြစ်ပြီးတော့ လင်းရှီက သူ့ရင်ခွင်ထဲကို သူမကိုယ်တိုင် ပြေးဝင်သွားတယ်။ နှိုင်းယှဉ်ကြည့်ရင် သူက ဘာများတန်လို့လဲ။ သူက လူသစ် တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူးလား။

သူက ဘယ်လိုလုပ် ဒေါသအိုး မပေါက်ကွဲပဲ နေနိုင်မှာလဲ။

ခွေးမ။ တကယ်လို့ မင်း ယောက်ျား တစ်ယောက် ရှာချင်တယ်ဆိုရင်လည်း အဆင့်အတန်း မြင့်မားတဲ့ တစ်ယောက်ယောက်ကို ရှာသင့်တယ်။

“မင်းက တကယ့်ကို သေချင်နေတာပဲ”

ချီဝူဝေ့က ခက်ထန်စွာ ပြောလိုက်ပြီး သူ့သတ်ဖြတ်ခြင်း ဆန္ဒတွေ ရောယှက်လာခဲ့တယ်။

သူက ပြောနေရင်းနဲ့ ချိန်ပင်းရဲ့ အရပ်မျက်နှာဘက်ကိုတောင် ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူ သတိမပြုမိဘူးလို့ ထင်နေတာလား။

ဘယ်လောက် တုံးအလိုက်လဲ။

ဒီအကြည့်က ချိန်ပင်းရဲ့ နှလုံးသားကို တဒိတ်ဒိတ် အခုန်မြန်သွားစေခဲ့တယ်။ သူက စိတ်ကြီးဝင်တယ် ဆိုပေမဲ့ ကိုယ့်အကြောင်းကို သိပါတယ်။ သူ့အနေနဲ့ ချီဝူဝေ့ကို ယှဉ်နိုင်စရာ အကြောင်း လုံးဝကို မရှိပါဘူး။ သူကိုယ်တိုင်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သူ့နောက်ခံပဲ ဖြစ်ဖြစ်ပေါ့။

သူက လင်းဟန်နဲ့ မဟာမိတ်တွေလို့ တွေးနေတယ်ဆိုတာ သိသာပါတယ်။

သူ မှားသွားပြီ။ တကယ်လို့ သူက ဒီအတွက်ကြောင့် ချီဝူဝေ့ရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ်ဆိုရင် တကယ်လို့ သူ သေသွားရင်တောင် တမလွန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ပင်မဝင်္ကပါအဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ အကြည့်တစ်ချက် ဝှေ့ကြည့်ခံ လိုက်ရတော့ သူ့နှလုံးသား တုန်လှုပ်သွားပြီး ထွက်ပြေးဖို့ မဆိုနဲ့ လက်ချောင်း တစ်ချောင်းတောင် မလှုပ်နိုင်ခဲ့ဘူး။

မကောင်းတော့ဘူး။ သူတော့ သွားပြီ။ သူ့နှလုံးသားထဲကနေ စူးစူးဝါးဝါး အော်ဟစ်နေခဲ့တယ်။

ပထမတော့ သူက လင်းဟန်ကို သင်ခန်းစာ တစ်ခု ပေးချင်တာပဲ ရှိပေမဲ့ အခုကျတော့ရော။ ကြည့်ရတာ သူက ကံဆိုးမိုးမှောင် ကျတော့မယ်နဲ့တူတယ်။

လင်းဟန်က သူ့ခေါင်းကို ခါလိုက်ပြီးတော့ ပြောလိုက်တယ်။

“မင်း မရွေးချယ်တော့ဘူးလား။ ဒါဆိုရင် ငါ မင်းရဲ့ ဆုံးဖြတ်ချက်ကို ချအောင် ကူညီပေးနိုင်တယ်”

“မင်း သေရမယ်”

ချီဝူဝေ့က လင်းဟန်ဆီကို ပြေးဝင်လာရင်းနဲ့ ကြုံးဝါးလိုက်တယ်။ သူက လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်ပြီး လင်းဟန်ကို သတ်မိမှာကို စိတ်ထဲမထားပါဘူး။ သူ့နောက်ခံနဲ့ဆို သူက နောက်ဆက်တွဲ ပြဿနာကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်း နိုင်ပါတယ်။

ဝုန်း။ သူက လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်ပြီး ပင်မဝင်္ကပါအဆင့် တိုက်ပွဲစွမ်းရည် ထွက်ပေါ်လာခဲ့တယ်။

လင်းဟန်က လက်ချောင်း တစ်ချောင်းကို ဆန့်ထုတ်ပြီး အသာလေး လှုပ်ရှားလိုက်တယ်။ ဘုန်း။ အားတစ်ခုက ချက်ချင်းပဲ ချီဝူဝေ့ရဲ့ နဖူးကို ထိုးဖောက်သွားပြီး အနောက်ဘက်ကနေ ဖောက်ထွက်ကာ သွေးရေပန်း တစ်ခု ဖြစ်လာတယ်။

ချီဝူဝေ့ရဲ့ မျက်လုံးတွေ ပြူးသွားတယ်။ သူက မယုံကြည်နိုင်ခဲ့ဘူး။ သူက တကယ်ပဲ လင်းဟန် အတွက် ပြိုင်ဘက် မဟုတ်ဘူးလား။

ဘာမဟုတ်တဲ့ ကျောင်းသားသစ် တစ်ယောက်။ မင်းက ကျောင်းသားသစ် တစ်ယောက်ပဲလေ။

ဒီလိုမျိုး လက်မခံနိုင်မှုနဲ့အတူ သူက ကျယ်လောင်စွာ လဲကျသွားပြီး သူ့အသက်ဓာတ်က လုံးဝကို ငြိမ်းသွားခဲ့တယ်။

လဗြွတ်။

မလှမ်းမကမ်းက ချိန်ပင်းက သတိလစ်လုမတတ် ကြောက်လန့်သွားခဲ့တယ်။

သူ ဘာတွေမြင်နေခဲ့တာလဲ။

ချီဝူဝေ့က လင်းဟန်ရဲ့ တိုက်ကွက် တစ်ကွက်တည်းနဲ့ တကယ်ပဲ အသတ်ခံလိုက်ရတယ်။

သောက်ကျိုးနည်း။ ဒီကောင့်မှာ ဘယ်လိုစွမ်းရည်တွေ ရှိနေလို့ ပင်မဝင်္ကပါအဆင့် တစ်ယောက်တောင် သူ့ဆီက တိုက်ခိုက်မှု တစ်ခုကို ခံနိုင်ရည် မရှိရတာလဲ။

နောက်ပြီး သူတော့ သွားပြီ။

ချီဝူဝေ့က သေသွားပြီ။ ဒီတော့ သူ ပျော်သင့်တယ်။ သူက ဒီအရှုပ်ထွေးထဲ မပါတော့ဘူး။ ဒါပေမဲ့ လင်းဟန်က သူ့ကို ချမ်းသာပေးမှာလား။

သူက လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ သူ့ကို သေချာပေါက် သတ်ပစ်ပါလိမ့်မယ်။

လင်းဟန်က ချီဝူဝေ့ကို စိတ်ထဲ မထည့်ပါဘူး။ သူက လင်းရှီကို တောက်ပစွာ ပြုံးပြပြီးတော့ မေးလိုက်တယ်။

“ဝမ်းနည်းစရာ တစ်ခုခုများ ခံစားနေရလား”

“အဆင်ပြေပါတယ်”

လင်းရှီက သူမရဲ့ ခေါင်းကို ခါလိုက်တယ်။ သူမနဲ့ ဖူထိုက်ရှင်းက ကမ္ဘာအနှံ့ လှည့်လည်ဖို့ ထွက်လာတယ် ဆိုမှတော့ သူမတို့ဟာ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြတယ်။ ဒါပေမဲ့လည်း ချီဝူဝေ့က အရမ်းကို စက်ဆုပ်စရာကောင်းလွန်းတာကြောင့် သူမက သူ့ကို အခုချိန် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကို မသိခဲ့ဘူး။

“သွားစို့”

လင်းဟန်က သူ့သမီး ပခုံးကို ပုတ်လိုက်တယ်။ သူက ဘက်လိုက်တယ်လို့ ပြောရမယ်။ သူ့သားသမီး အားလုံးထဲမှာ သူက ဒီသမီးကို အချစ်ဆုံး ဖြစ်ပါတယ်။

“ဟုတ်”

လင်းရှီက ခေါင်းညိတ်လိုက်တယ်။

အဖေနဲ့ သမီးက ခြေလှမ်းကျဲကျဲတွေနဲ့ ထွက်သွားပြီး ချီဝူဝေ့ သေဆုံးခြင်းကို အလေးအနက် မထားပဲ တခြားသူရဲ့ အလောင်းက ဒီနေရာမှာ လှဲလျောင်းနေတဲ့ အတိုင်းပါပဲ။

တော်တော်ကြာပြီးတဲ့ နောက်မှာတော့ ချိန်ပင်းက နောက်ဆုံးမှာ မြေပေါ်ကို ပုံလျက်သား လဲကျသွား ခဲ့တယ်။

“ငါ ငါ တကယ် အသက်ရှင်နေသေးတာလား”

သူက အသက်ကို မောပန်းကြီးစွာ ရှူလိုက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံး လုံးဝကို ချွေးတွေ စိုရွှဲနေတာကို ခံစားလိုက်ရတယ်။

လင်းဟန်က ဘယ်လိုလုပ် သူ့ကို ရှာမတွေ့ပဲ နေမှာလဲ။

မဖြစ်နိုင်ဘူး။

ချီဝူဝေ့တောင် သူ့ရဲ့ သဲလွန်စတွေကို ရှာတွေ့ခဲ့မှတော့ ချီဝူဝေ့ထက်တောင် ပိုပြီးတော့ သန်မာတဲ့ လင်းဟန်က ဘယ်လိုလုပ် သတိမထားမိပဲ နေလိမ့်မှာလဲ။

တစ်ဖက်လူက သူ့ကို မသတ်သွားခဲ့ဘူး။ ဒါက လုံးဝကို အထင်အမြင်သေးခြင်း ဖြစ်ပါတယ်။

ပထမတော့ ချိန်ပင်းက သူဟာ ကံကောင်းသွားတယ်လို့ ခံစားရပေမဲ့ အခုတော့ သူ့အမူအရာက ရှုံ့မဲ့သွားခဲ့တယ်။

သူက လုံးဝကို လျစ်လျူရှူထားခြင်းကို ခံခဲ့ရတယ်။

ဒီလိုမျိုး အထင်သေးခြင်းက သူ့ကို အကြီးအကျယ် အရှက်ရစေပါတယ်။ တစ်ဖက်လူက သူရှိနေတာကို တကယ်တော့ စိတ်ထဲတောင် မထည့်ပါဘူး။ သူ့ကို နှုတ်ပိတ်ဖို့အတွက် သတ်ဖို့ကို အထင်သေးနေတယ်။

“သေစမ်း သေစမ်း”

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးတော့ လည်ပင်းက သွေးကြောတွေ ထောင်လာတယ်။

“မင်း ဒီအတွက် သေချာပေါက် နောင်တ ရစေရမယ်။ ငါ့ကို မသတ်လိုက်တာက မင်းဘဝရဲ့ အကြီးမားဆုံး အမှားပဲ”

သူက သင်တန်းကျောင်းရဲ့ အထက်လူကြီးတွေရှိတဲ့ နေရာကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားခဲ့တယ်။

သူက သူတို့ကို အကြောင်းစုံ ပြောပြရမယ်။ ဟမ့်။ တကယ်လို့ သူက ချီဝူဝေ့ကို သတ်လိုက်ရင် ဒီအတိုင်း ထွက်သွားလို့ ရနိုင်မှာတဲ့လား။

သေလိုက်။

“ဖေဖေ အားလုံး အဆင်ပြေရဲ့လား”

တော်တော်ကြာအောင် လျှောက်လာပြီးတဲ့ နောက်မှာ လင်းရှီက ရုတ်တရက် မေးလိုက်တယ်။

“အဆင်ပြေပါတယ်”

လင်းဟန်က ခေါင်းကို ခါလိုက်တယ်။

“တကယ်လို့ ချီကလန်က သမီးတို့ကို လိုက်ရှာရင်ရော ဘယ်လိုလုပ်မလဲ”

သူမက နောက်တစ်ကြိမ် မေးလိုက်တယ်။

“ဒါဆိုရင် အဖေ သူတို့အားလုံးကို သတ်လိုက်မယ်”

လင်းဟန်က တည်ငြိမ်စွာ ပြောလိုက်တယ်။

“အဲဒီကောင်က မင်းကို ခြိမ်းခြောက်ရဲတဲ့ အကြောင်းရင်းက သူ့နောက်ခံကြောင့်ပဲ။ ဒါကြောင့် တကယ်လို့ အဖေက သူတို့ဆီက အကြွေးတောင်းဖို့ အရင်ဆုံး မရှာပဲ သူတို့က အဖေ့ကို ဆက်ပြီးတော့ တွန်းအားပေးရင်တော့ ရက်စက်ကြမ်းကြုတ်တယ်လို့ အပြစ်မတင်နဲ့ပေါ့”

သူ့ကိုယ်ပိုင် လူတွေကို သူက ဘယ်လောက်တောင် ကာကွယ်ပေးတတ်လဲ။ နောက်ပြီး ဒါက သူ အချစ်ဆုံး သမီး ဖြစ်ပါတယ်။ အခု တစ်စုံတစ်ယောက်က သူ ချစ်ရတဲ့ သမီးကို အဓမ္မ ရယူဖို့ မလျော်ကန်တဲ့ နည်းလမ်းတွေကို သုံးတယ်ဆိုတော့ သူက ဘယ်လိုလုပ် ဒေါသမထွက်ပဲ နေမှာလဲ။

ဒါပေမဲ့လည်း သူက သေမင်း နတ်ဘုရားတစ်ပါး မဟုတ်ပါဘူး။ ဒါကြောင့် သူက ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ ချီကလန်က ခေါင်းမာမာနဲ့ သူတို့အတွက် ဘယ်ဟာက ကောင်းလဲ ဆိုတာကို နားမလည်ဘူးဆိုရင်တော့ အဲဒါက သူလိုချင်တဲ့ အရာပဲ။

သူတို့တွေက လင်းရှီရဲ့ နေရာကို ရောက်လာတဲ့ အချိန်မှာ ဖူထိုက်ရှင်းက အပြင်ကို ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတယ်။ လင်းရှီက မရင်းနှီးတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက်မောင်းကို ဖက်ထားတာကိုမြင်တော့ သူက ခဏလောက် လန့်ဖျပ်သွားတယ်။ ပြီးတော့မှ သူက ဝမ်းသာအားရ အမူအရာတစ်ခု ပေါ်လာခဲ့တယ်။

“ယောက္ခထီးကြီး”

သူက လင်းရှီကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဒါကြောင့် လင်းရှီက အားနာမှု နည်းနည်းလေးမှ မရှိပဲ လက်မောင်းကို ကိုင်ထားနိုင်စွမ်း ရှိတယ်ဆိုမှတော့ လင်းဟန်ကလွဲပြီး တခြားဘယ်သူများ ဖြစ်နိုင်မှာလဲ။

ရုပ်ရည်သွင်ပြင် ကိုက်ညီမှု မရှိတာက ပြဿနာ မဟုတ်ပါဘူး။ နတ်ဘုရားလမ်းကြောင်း အထက်က လူတွေက သူတို့ရဲ့ ရုပ်ရည်ကို အလွယ်တကူ ပြောင်းလဲပစ်နိုင်ပါတယ်။

လင်းဟန်က ခေါင်းညိတ်ပြလိုက်တယ်။ ဒီကောင် ဖူထိုက်ရှင်းလည်း ပင်မဝင်္ကပါ အဆင့်ကို အဆင့်တက်နေပြီး သူ့စွမ်းရည်တွေက လင်းရှီထက် အားနည်းမနေဘူး။

သူက အမြဲတမ်းလိုလို သူ့ရဲ့ ဒီတပည့်အပေါ်မှာ အရမ်းကို မျှော်လင့်ထားပြီး ဖူထိုက်ရှင်းကလည်း သူ့မျှော်လင့်ချက်တွေကို စိတ်မပျက်စေခဲ့ဘူး။

အခန်းထဲကို ရောက်ပြီးတဲ့ နောက်မှာတော့ လင်းရှီက ဒီနှစ်တွေ အတွင်းမှာ သူမအဖေရဲ့ အတွေ့အကြုံတွေကို မေးလိုက်တယ်။

လင်းဟန်က အရေးကြီးတဲ့ အတွေ့အကြုံတချို့ကို ပြောပြပြီးတော့ သဘာ၀ ရတနာတွေ အများအပြားကို ထုတ်ယူကာ သူတို့နှစ်ယောက်ကို ပေးလိုက်တယ်။ ဒါက လင်းရှီနဲ့ ဖူထိုက်ရှင်းကို စစ်မှန်ခြင်း ပင်ကိုယ်အဆင့်ကို တစ်ဟုန်ထိုး တက်ရောက်နိုင်အောင် ကူညီပေးဖို့ လုံလောက်တယ်။

အဲဒီအချိန်မှာပဲ အပြင်ကနေ အုတ်အုတ်ကျက်ကျက် ဆူညံသံ တစ်ခုကို ကြားလိုက်တယ်။

“အထဲမှာရှိတဲ့ လူတွေ အပြင်ကို မြန်မြန်ထွက်ခဲ့”

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်တယ်။

ဖူထိုက်ရှင်းက ခဏလောက် လန့်သွားတယ်။ ငွေလရောင် သင်တန်းကျောင်းကို လင်းရှီနဲ့အတူ ဝင်လာပြီးတဲ့ နောက်မှာ သူက သိုသိုသိပ်သိပ် နေခဲ့တယ်။ ဘာကြောင့် သူတို့က ရုတ်တရက် ရန်စလာခဲ့တာလဲ။

ဘာတွေ ဖြစ်နေတာလဲ။

အဲဒီအချိန် လင်းရှီက ရှင်းပြလိုက်တယ်။

“အဖေက ချီဝူဝေ့ကို သတ်ပစ်လိုက်တယ်”

“အရမ်းကောင်းတယ်”

ဖူထိုက်ရှင်းက ချက်ချင်းပဲ လက်ခုပ်တီးလိုက်တယ်။

“အဲဒီခွေးကောင်က အမြဲတမ်း မင်းကို ထူးထူးဆန်းဆန်း ကြည့်နေတာ။ သူက ဒီတစ်ကြိမ် မင်းကို တစ်ခုခု လုပ်ချင်နေတာ ဖြစ်မယ်။ အဲဒါကို တိုက်တိုက်ဆိုင်ဆိုင် ယောက္ခထီးကြီးက သူ့ကို တွေ့သွားတာလား”

သူ့ခန့်မှန်းချက်က တကယ့်ကို ကွက်တိပဲ။

လင်းဟန်က မတ်တပ်ထရပ်ပြီးတော့ တံခါးတွေကို တွန်းဖွင့်ကာ အပြင်ကို ထွက်လာတယ်။

“မင်းက ချီဝူဝေ့ကို သတ်လိုက်တဲ့ လူသတ်သမားလား”

ဝင်ပေါက်မှာ လူတစ်ဒါဇင်ကျော်ခန့် ရှိနေပြီး ဦးဆောင်လာတဲ့လူက အသက်လေးဆယ်ခန့် ရှိနေပါပြီ။ သူက လင်းဟန် အပြင်ကို ထွက်လာတာကို မြင်တာနဲ့ ချက်ချင်းပဲ အော်လိုက်တယ်။

“လူသတ်သမား ဟုတ်လား”

လင်းဟန်က သူ့ခေါင်းကို ခါလိုက်တယ်။

“ခင်ဗျား စကားအသုံးအနှုန်းက မှားနေတယ်။ ကျုပ်က လူသတ်သမား မဟုတ်ဘူး”

“သူပဲ”

ချိန်ပင်းက အလျင်အမြန် ခုန်ထွက်လာပြီး သူ့ညာလက်နဲ့ လင်းဟန်ကို လက်ညိုးထိုးပြလိုက်တယ်။ သူက ဒီသက်လတ်ပိုင်း ယောက်ျားကို လင်းဟန်က အကြောက်အကန် ငြင်းလိုက်မှာကို ကြောက်နေပုံ ပေါ်ပါတယ်။

လင်းဟန်က ပြုံးပြီးတော့ ပြောလိုက်တယ်။

“စိတ်မလှုပ်ရှားပါနဲ့။ စိတ်မလှုပ်ရှားပါနဲ့။ ငါက တကယ်ပဲ သူ့ကို သတ်လိုက်တဲ့ လူဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ငါ့ကို လူတွေအတွက် မကောင်းဆိုးဝါးကို ရှင်းပေးတဲ့ သူရဲကောင်းလို့ ခင်ဗျားက ခေါ်သင့်တာ”

Chapter 4497 end

*****

အပိုင်း (၄၄၉၈) ပုန်ကန်တာလား

သူရဲကောင်း ဟုတ်လား။

သက်လတ်ပိုင်း ယောက်ျားက ဒေါသထွက်လာတယ်။ လင်းဟန်ကို လက်ညိုးထိုးပြီးတော့ သူက မေးလိုက်တယ်။

“ချီဝူဝေ့က ဘယ်သူလဲ ဆိုတာ မင်းသိလား”

“ငါ မသိဘူး”

လင်းဟန်က သူ့ခေါင်းကို တစ်ချက် ခါပြီးတော့ တုံ့ပြန်လိုက်တယ်။

“ဘာဖြစ်ဖြစ် ငါ စိတ်မဝင်စားဘူး”

သူက ရွှေရောင်မျိုးဆက်ကိုတောင် ဒီလိုမျိုး သတ်ပစ်ခဲ့သေးတာပဲ။ ဒီကမ္ဘာကြီးထဲမှာ သူ မသတ်ရဲတဲ့လူ ဘယ်သူ ရှိမှာလဲ။

နောက်ပြီးတော့ သူ့သမီးကို ခြိမ်းခြောက် အကျပ်ကိုင်ကာ တပ်မက်ရဲသေးတယ်ဆိုတော့ ဒါက သေချာပေါက် သေချင်နေတာပဲ။

“ချီဝူဝေ့က မဟာဗိုလ်ချုပ် ဟန်ထိုက်၊ ချီလောင်တုရဲ့ တစ်ဦးတည်းသောသားပဲ”

သက်လတ်ပိုင်း ယောက်ျားက ကျယ်လောင်စွာ ပြောလိုက်တယ်။

“မဟာဗိုလ်ချုပ် ဟန်ထိုက်က နဝမမြောက်ဘုရင်ရဲ့ အောက်က အစွမ်းထက်ဆုံး ဗိုလ်ချုပ်ပဲ။ မင်းက ချီဝူဝေ့ကို သတ်လိုက်တယ်။ ဒါက မင်းအတွက် ကံဆိုးမှုကြီး တစ်ခုကို သယ်လာတာပဲ”

အဲဒီအချိန် ချိန်ပင်းက ခေါင်းစောင်းပြီး တီးတိုးပြောလိုက်တယ်။

ဒီစကားတွေကိုကြားတော့ သက်လတ်ပိုင်း ယောက်ျားရဲ့ အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲ သွားခဲ့တယ်။

“မင်းက တကယ်ပဲ သင်တန်းကျောင်းက ဒီနေ့မှ လက်ခံလိုက်တဲ့ ကျောင်းသားအသစ် တစ်ယောက်လား”

သူက အံ့အားသင့် သွားခဲ့တယ်။ ချီဝူဝေ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်စွမ်း ရှိမှတော့ သူ့အတွက် စမ်းသပ်မှု ဝင်လုပ်စရာ လိုမှာလား။ သူက သေချာပေါက် တိုက်ရိုက် အရွေးချယ်ခံရလိမ့်မယ်။

ဒီတော့ သူ့မှာ ဒီလိုမျိုး အစွမ်းထက် ခွန်အားမျိုး ရှိနေရဲ့သားနဲ့ ဘာကြောင့် သူ့ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားရတာလဲ။ သူ့ ရည်ရွယ်ချက်က ဘာလဲ။

သူက တမင်သက်သက် ချီဝူဝေ့ကို ပစ်မှတ်ထားနေတာလား။

ဒါမှမဟုတ် သူက ချီဝူဝေ့ကို အသုံးချပြီး မဟာဗိုလ်ချုပ်ဟန်ထိုက်ကို တိုက်ခိုက်ပြီး နဝမမြောက် ဘုရင်ကို တိုက်ရိုက်ပစ်မှတ်ထားဖို့ ကြိုးစားနေတာလား။

မိုးပြာနဂါးဆန်းကြယ် အင်ပါယာက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာနီးပါးတုန်းက ပျက်စီးသွားခဲ့ပြီ ဆိုတာကို သိထားသင့်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက သူတို့ရဲ့ မကောင်းတဲ့ ဆန္ဒတွေကို လက်မလျော့သေးပဲ ပြန်လည်တည်ဆောက်ချင်နေခဲ့တယ်။

“မင်းက သူပုန် တစ်ယောက်ပဲ”

သက်လတ်ပိုင်း ယောက်ျားက လင်းဟန်ရဲ့ နောက်ခံကို သေချာသိသွားတဲ့ အတိုင်းပဲ။ ဒါက သူ့ကို အကြီးအကျယ် အံ့အားသင့် သွားစေခဲ့ပြီး သူက စကြဝဠာ ကွန်ယက်ကို အလျင်အမြန် သုံးပြီးတော့ သင်တန်းကျောင်းရဲ့ တခြားခေါင်းဆောင်တွေကို ဆက်သွယ်လိုက်တယ်။ သူ့အရှေ့က လူဟာ သူ ရင်ဆိုင်လို့ ရနိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

သူက စစ်မှန်ခြင်း ပင်ကိုယ်အဆင့်မှာ ရှိပေမဲ့ ပုန်ကန်သူတွေ အထဲမှာ စိတ်ဝိညာဉ်နတ်သူငယ် အဆင့် ကျင့်ကြံသူတွေ မရှားပါဘူး။ နောက်ပြီး လင်းဟန်က တစ်ယောက်တည်း လာရဲပြီး လူသတ်မှုကိုတောင် အများအရှေ့မှာ ကျူးလွန်ရဲတယ်ဆိုတော့ သူ့ကိုယ်ပိုင် ခွန်အားကို ယုံကြည်မှု ရှိကြောင်း ပြသနေပါတယ်။

လင်းဟန်က သူ့ဘာသာသူ သဘောကျပြီးတော့ ရယ်မောလိုက်မိတယ်။

“ကျုပ်က ဘယ်အချိန်တုန်းက သူပုန်တစ်ယောက် ဖြစ်သွားတာလဲ။ ခင်ဗျားက တကယ့်ကို ရယ်ရတာပဲ”

သူက ခဏလောက် စကားစဖြတ်ပြီးတော့ အဲဒီနောက် ဆက်ပြောလိုက်တယ်။

“တကယ်လို့ အရေးကြီးတာ မရှိဘူးဆိုရင် ဒူးထောက်လိုက်”

မင်းညီမကြီး ဒူးထောက်ပါလား။

သက်လတ်ပိုင်း ယောက်ျားက ဒူးမထောက်နိုင်ပါဘူး။ သူက သင်တန်းကျောင်းရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီးတော့ အရိပ်လဆန်းကြယ် အင်ပါယာကိုလည်း ကိုယ်စားပြုပါတယ်။ ဘယ်လိုလုပ် ပုန်ကန်သူတွေ အရှေ့မှာ ဒူးထောက်နိုင်မှာလဲ။

“မမောက်မာနဲ့။ မဟာဗိုလ်ချုပ်ဟန်ထိုက်လည်း သတင်းတွေ ရပြီးတော့ မကြာခင်မှာ ရောက်လာလိမ့်မယ်”

သူက သုန်မှုန်စွာ ပြောလိုက်တယ်။

“ဪ”

လင်းဟန်က ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးတွေမှာ သတ်ဖြတ်ခြင်း ဆန္ဒ တလက်လက် တောက်ပလာတယ်။

တကယ်လို့ ဒီမဟာဗိုလ်ချုပ်ဟန်ထိုက်ကလည်း သူရောက်လာတာနဲ့ သတ်ဖြတ်ခြင်းနဲ့ တိုက်ခိုက်ခြင်း အကြောင်းကို အော်ကြီးဟစ်ကျယ် ပြောနေရင် သူက လူတစ်ယောက် ထပ်သတ်ရုံပဲ ရှိတာပေါ့။

အဲဒီအချိန်မှာပဲ အဝေးကနေ လူတစ်ဒါဇင်ကျော်လောက် လျင်မြန်စွာ နီးကပ်လာတာကို တွေ့လိုက်ရတယ်။

“ငါ့တူကို ဘယ်သူ သတ်လိုက်တာလဲ”

အဲဒီလူတွေထဲမှာ ခေါင်းဆောင်က ပိုးဖဲကတ္တီပါ ဝတ်စုံကို ဆင်မြန်းထားတယ်။ သူက ဂုဏ်သိက္ခာ ကြီးမြတ်ပြီးတော့ သြဇာအာဏာ ကြီးမားပုံပေါ်ကာ မယုံနိုင်စရာကောင်းတဲ့ လူသတ်အရှိန်အဝါ တစ်ခုလည်း ရှိနေပြီး သူ့ကို ကြည့်လိုက်တာနဲ့ လူတွေကို ကြောက်လန့်သွားစေနိုင်တယ်။ ဒါပေမဲ့လည်း လူငယ် တစ်ယောက်က ပြေးထွက်လာပြီး လင်းဟန်ကို အော်ဟစ်လိုက်တယ်။

သင်တန်းကျောင်းက သက်လတ်ပိုင်း ယောက်ျားက ချာခနဲလှည့်ကာ သူ့ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူက အလျင်အမြန်ပဲ လက်တွေကို ဆုပ်ကာ နှုတ်ဆက်လိုက်တယ်။

“ဗိုလ်ချုပ် လျှိုကို ဂါရဝပြုပါတယ်”

ဝတ်ကောင်းစားလှတွေနဲ့ ဦးဆောင်လာတဲ့ ယောက်ျားက မဟာဗိုလ်ချုပ် ဟန်ထိုက်ရဲ့ အမိန့်အောက်က ကြမ်းတမ်းတဲ့ ဗိုလ်ချုပ် တစ်ယောက် ဖြစ်ပါတယ်။ သူ့မျိုးရိုးက လွီ ဖြစ်ပြီးတော့ သူ့နာမည်က လျှို ဖြစ်တယ်။ သူတို့နှစ်ယောက်စလုံးဟာ စစ်မှန်ခြင်း ပင်ကိုယ်အဆင့် ဖြစ်ပေမဲ့ သူက သူ့ဘဝတစ်ခုလုံး တိုက်ပွဲဝင်ခဲ့ပြီး သူ့တိုက်ပွဲစွမ်းရည်ကို တိုက်ပွဲကနေ တစ်ဆင့် သန့်စင်ထားခဲ့တယ်။ တကယ်လို့ သူတို့နှစ်ယောက် တိုက်ကွက်တွေ ဖလှယ်မယ်ဆိုရင် ဆယ်ကွက် အတွင်းမှာ သူက အသတ်ခံလိုက်ရနိုင်ချေ ရှိပါတယ်။

နောက်ပြီး အဆင့်အတန်းမှာလည်း သူ့ထက်ပိုမြင့်ပါတယ်။ ဒါကြောင့် တကယ်လို့ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ တူညီနေမယ် ဆိုရင်တောင် သူက အရမ်းကို လေးစားတဲ့ပုံစံ ရှိနေပါသေးတယ်။

လွီလျှိုက ခေါင်းညိတ်ပြီးတော့ သူ့အကြည့်တွေက လင်းဟန်ပေါ်ကို ကျသွားတယ်။ တိုက်ပွဲပေါင်း ရာချီနေတဲ့ အတွေ့အကြုံရင့် ဗိုလ်ချုပ်တစ်ယောက် အနေနဲ့ သူ့အမြင်က ကောင်းမွန်ပါတယ်။ ဖျတ်ခနဲ တစ်ချက် ကြည့်လိုက်တာနဲ့ သူက လင်းဟန်ပေါ်ကို ကျသွားတယ်။

ဒါပေမဲ့လည်း သူက မျက်မှောင်ကြုတ် သွားခဲ့တယ်။ သူက လင်းဟန်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို တကယ်ပဲ ဖောက်ထွင်းမမြင်ရပါဘူး။

ဒီကောင်လေးရဲ့ ကျင့်ကြံခြင်း အဆင့်က သူ့ထက် သာနေတာများ ဖြစ်နိုင်မလား။

မဖြစ်နိုင်ဘူး။

ဒီကောင်လေးက အသက်ဘယ်လောက်ပဲ ရှိသေးလို့လဲ။ ဘယ်လောက်ပဲ ပါရမီရှိရှိ ဒီလိုမျိုး အသက်ငယ်ငယ်ရွယ်ရွယ်မှာ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အစစ်အမှန် အရှင်သခင် အဆင့်ကို ဘယ်လိုလုပ် အဆင့်တက်နိုင်မှာလဲ။

ဒါကြောင့် သူက ချက်ချင်းပဲ သူ့နှလုံးသားထဲက မသက်မသာ ဖြစ်မှုကို အနည်းငယ် ဖိနှိပ်လိုက်တယ်။

သူ့အရှေ့က ဒီလူငယ်ဟာ အရမ်းကို တည်ငြိမ်ပါတယ်။ ပြီးတော့ ဒီနေရာမှာ စစ်မှန်ခြင်း ပင်ကိုယ်အဆင့် လက်ရွေးစင်တွေ အများကြီး ရှိတာကြောင့် သူက ဘာကို ကြောက်ရမှာလဲ။

“မင်းသေပြီ။ မင်းသေပြီသာမှတ်”

သူက လင်းဟန်ကို လက်ညိုးထိုးပြီးတော့ ပြောလိုက်တယ်။

“မင်းက တကယ်ပဲ ငါ့တူကို သတ်ရဲတယ်ပေါ့။ ဟမ့်။ ဘယ်လောက် ရိုင်းစိုင်းလိုက်လဲ”

သူက ဒေါသတကြီး အပြစ်တင် ကြိမ်းမောင်းပေမဲ့ သူ့နှလုံးသားထဲမှာ အရမ်းကို ဝမ်းသာအားရ ပျော်ရွှင်မှု တစ်ခု ရှိနေတယ်။

ဘာကြောင့်လဲဆိုတော့ ချီကလန်ရဲ့ အဖွဲ့ဝင်က အရမ်းကို နည်းပါးပြီး ချီဝူဝေ့အပြင် သူက ဒီမျိုးဆက်ရဲ့ နောက်ထပ် တစ်ယောက် ဖြစ်ပါတယ်။ အခု ချီဝူဝေ့ သေသွားပြီဆိုတော့ သူ့ကိုပဲ အာရုံစိုက်ပြီးတော့ ပြုစုပျိုးထောင်လာတော့မယ် မဟုတ်လား။

အချိန်တော်တော်ကြာတဲ့အထိ သူက ချီဝူဝေ့ တစ်ခုခု ဖြစ်သွားမှာကိုပဲ လိုချင်နေတာ ဖြစ်ပါတယ်။ သူက ချီဝူဝေ့ကို ငယ်ငယ်လေးနဲ့ သေသွားတာကို လိုချင်နေပေမဲ့ အဲဒါက အိပ်မက်ပဲ မက်နိုင်တယ်။ သူက တကယ်တော့ နည်းနည်းလေးမှ မလှုပ်ရှားရဲဘူး။

မမျှော်လင့်ပဲ သူ့အိမ်မက်တွေက တကယ် ဖြစ်လာခဲ့တယ်။

ဒီတော့ သူက မပျော်ရွှင်ပဲ ဘယ်လိုလုပ် နေမှာလဲ။

သူက ဘယ်လိုလုပ် ဝမ်းမြောက်ဝမ်းသာ မဖြစ်ပဲ နေမှာလဲ။

လင်းဟန်က သူ့ကို ဖျတ်ခနဲ ကြည့်ပြီးတော့ တစ်ချက်ပြုံးကာ ပြောလိုက်တယ်။

“မင်းရဲ့ လျှို့ဝှက်ပြီး ပျော်ရွှင်နေတဲ့ အမူအရာကို ကြည့်ရတာ ချီဝူဝေ့ကို မင်း သေချင်နေတာ ကြာနေပြီ ဖြစ်မယ် ဟုတ်တယ်မလား”

လဗြွတ်။ မင်း ဘယ်လိုလုပ် ပြောနိုင်တာလဲ။

လူငယ်က အံ့အားသင့် သွားပေမဲ့ သူ့အတွက်တော့ ဒါကို ဝန်ခံဖု့ိဆိုတာ မဖြစ်နိုင်ပါဘူး။ သူက အလျင်အမြန်ပဲ ပြောလိုက်တယ်။

“အဓိပ္ပါယ် မရှိတာ။ ငါနဲ့ ချီဝူဝေ့က အရမ်းကို ချစ်ခင်တဲ့ သွေးသားရင်းချာတွေပဲ။ သူ့ကိုယ်စားတောင် ငါက အသေခံလိုက်ချင်တာ”

လင်းဟန်က ပြုံးပြီးတော့ ပြောလိုက်တယ်။

“သူ့အစား သေဖို့ဆိုတာ မင်းအတွက်တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းကို ကောင်းမှုတစ်ခု လုပ်တဲ့အနေနဲ့ ကူညီပြီးတော့ မင်းရဲ့ တူတော်မောင်နဲ့ မရဏပြည်မှာ အတူဆုံတွေ့ရအောင် ပို့ပေးနိုင်တယ်”

ဒါက။ မင်း အရမ်းကို မောက်မာလွန်းတယ်။ မဟုတ်ဘူးလား။ ဒီနေရာမှာ လက်ရွေးစင်တွေ အများကြီး ရှိပါတယ်။

လွီလျှိုရဲ့ အမူအရာကလည်း အေးစက်သွားပြီးတော့ သူက ပြောလိုက်တယ်။

“လူငယ်လေး မင်းက အရမ်းကို မောက်မာလွန်းတယ်။ ဒီနေရာမှာ ငါ ရှိနေမှတော့ မင်း ဒူးထောက်ပြီး မင်းရဲ့ သေခြင်းကို လက်ခံရုံကလွဲပြီး တခြားမင်းလုပ်နိုင်တာ ဘာမှမရှိဘူး”

သူက တိုက်ခိုက်ဖို့ ပြင်လိုက်တယ်။

ချိန်ပင်းက အရမ်းကို မျှော်လင့်နေပါတယ်။ ချီဝူဝေ့က လင်းဟန်ရဲ့ တစ်ချက်တည်း သတ်ဖြတ်ခြင်းကို ခံလိုက်ရပေမဲ့ ဒီဗိုလ်ချုပ်လျှိုက စစ်မှန်ခြင်း ပင်ကိုယ်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပြီး အဲဒါက သေချာပေါက် ကွဲပြားခြားနားပါတယ်။

လင်းဟန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးတော့ ပြောတယ်။

“ငါ သူ့ကို သတ်တယ်။ ပြီးတော့ မင်း ငါ့ကို တားဖို့ ကြိုးစားကြည့်နိုင်တယ်”

ချီကလန်က လူငယ်ဟာ တကယ့်ကို ဘဝမြင့်ပါတယ်။ သူ့လက်တွေကို အနောက်ကို ပစ်ထားပြီးတော့ သူက ပြောလိုက်တယ်။

“ငါ ဒီနေရာမှာ မလှုပ်ပဲ ရပ်နေမယ်။ မင်း ငါ့ကို ဘယ်လို သတ်မလဲဆိုတာ ကြည့်ရအောင်”

လက်ရွေးစင်တွေ တော်တော်များများ စောင့်ကြပ်နေမှုနဲ့အတူ သူတို့က ဘယ်လိုလုပ်ပြီးတော့ ဒီတိုင်း ရပ်ကြည့်နေမှာလဲ။

လင်းဟန်က လက်ညိုးတစ်ချောင်းကို ဆန့်ထုတ်ပြီး သူ့လက်ချောင်းကို သာမန်ကာလျှံကာ လှုပ်လိုက်တယ်။ သန်မာအားကောင်းတဲ့ အားတစ်ခုနဲ့ ချီကလန်ဆီက လူငယ်ဆီကို ပစ်ခတ် လိုက်တယ်။

“အတင့်ရဲလိုက်တာ”

လွီလျှိုက ဒေါသထွက်သွားပြီး လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်ကာ ဒီအားကို ဖျက်ဆီးပစ်ဖို့ စိတ်ကူးလိုက်တယ်။

ဒါပေမဲ့လည်း လက်ဝါးရိုက်ချက် ရိုက်ထုတ်လိုက်တဲ့ အချိန်မှာ အဲဒီအားက လုံးဝကို သက်ရောက်မှု မရှိခဲ့ဘူး။

ဘာ။

ဖူးဆိုတဲ့ အသံနဲ့အတူ အားကောင်းတဲ့ စွမ်းအင်လှိုင်းက ချီကလန်ဆီက လူငယ်ရဲ့ ဦးခေါင်းကို ထိုးဖောက်သွားခဲ့ပါပြီ။

လူငယ်က လင်းဟန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့တယ်။ အခုထိတောင် သူက တကယ် သေရတော့မယ် ဆိုတာကို မယုံကြည်နိုင်သေးဘူး။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။

တကယ်လို့ သူ သိခဲ့မယ်ဆိုရင် သူက ဒီလိုမျိုး ဟိတ်ဟန်ထုတ်နေခဲ့မှာ မဟုတ်ပါဘူး။

သူ့စိတ်ထဲမှာ နောက်ဆုံးအတွေး တစ်ချက် ပေါ်သွားခဲ့တယ်။ အဲဒီနောက် သူက မြေပေါ်ကို ပြိုလဲကျသွားတယ်။ သေပြီ။

ဒီမြင်ကွင်းကို မြင်တော့ လူတော်တော်များများက အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်မိတယ်။

သောက်ကျိုးနည်း။ ဒီကောင်က ဘယ်လောက် သန်မာတာလဲ။

တကယ်လို့ သူက တစ်ယောက်ယောက်ကို သတ်ချင်ရင် စစ်မှန်ခြင်းပင်ကိုယ်အဆင့် လက်ရွေးစင်တွေတောင် သူ့ကို တားဆီးနိုင်စွမ်း မရှိဘူးလား။

ချိန်ပင်းရဲ့ ခြေထောက်တွေ တဆတ်ဆတ် တုန်လာခဲ့ပြီး သူက ချွေးတွေ စိုနစ်လာခဲ့တယ်။

သူက တကယ်ပဲ သတင်းပို့ပြီးတော့ လင်းဟန်ရဲ့ အရှေ့ကိုတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ထွက်ပြီးတော့ အတင်းအဖျင်း ပြောရဲခဲ့တယ်။ သူက တကယ့်ကို အသက်ရှင်ရတာ ငြီးငွေ့ နေတာ ဖြစ်မယ်။

သူက အော်ငိုတော့မယ်။ မင်းက အရမ်းကို အံ့သြစရာကောင်းနေပြီး ဘာဖြစ်လို့ ကျောင်းသားသစ် တစ်ယောက်လို ဟန်ဆောင်နေတာလဲ။

တော်တော်ကြာမှ လွီလျှိုက နောက်ဆုံးမှာ သတိကပ်လာခဲ့တယ်။ သူက လင်းဟန်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

“လူကြီးမင်းက ဘယ်သူများလဲ”

ဒါက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အစစ်အမှန် အရှင်သခင် တစ်ယောက် ဖြစ်နိုင်ချေ များပါတယ်။

ဒီလိုမျိုး ငယ်ရွယ်တဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အစစ်အမှန် အရှင်သခင် တစ်ယောက် ရှိနေတာကို မယုံကြည်နိုင်ပေမဲ့ ဖြစ်နိုင်ချေ ဒီတစ်ခုပဲ ရှိပါတယ်။ မဟုတ်ရင် စောစောက သူ့ တိုက်ခိုက်မှုမှာ သူထုတ်ဖော်လိုက်တဲ့ အားက လုံးဝကို သက်ရောက်မှု မရှိ ဖြစ်သွားတယ်။

Chapter 4498 end

*****

အပိုင်း (၄၄၉၉) ဒါက ဘာသတ်ဖြတ်ခြင်း ဆန္ဒလဲ

လင်းဟန်က အဖြေမပေးပဲ သူ့ခေါင်းကိုမော့ကာ မိုးကောင်းကင်ဆီ လှမ်းကြည့်လိုက်တယ်။

ရွှပ်။ ပုံရိပ်တစ်ခုက လေဟာနယ်ကို စုတ်ဖြဲပြီး ရောက်လာကာ မြေပေါ်ကို ရုတ်တရက် ဆင်းသက် လာခဲ့တယ်။

ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်း ဆန္ဒ တစ်ခု ပျံ့နှံ့လာပြီး လူတစ်ယောက်ရဲ့ နှလုံးသားကို ကြောက်ရွံမှုနဲ့ တုန်ခါသွားစေနိုင်တယ်။

ဒါက ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း ယောက်ျား တစ်ယောက် ဖြစ်ပါတယ်။ သူ့ဘယ်ဘက် မျက်လုံးကနေ နှုတ်ခမ်းထောင့်အထိ သူ့မျက်နှာပေါ်မှာ အမာရွတ် တစ်ခုလည်း ရှိနေပြီး သူ့ရုပ်ရည်ကို ခက်ထန်သွားစေခဲ့တယ်။

သူက အနီရောင် ဝတ်ရုံရှည် တစ်ထည်ကို ဝတ်ဆင်ထားပြီး လေတစ်ချက် တိုက်ခတ်လိုက်တာနဲ့ လေထဲမှာ တဖျပ်ဖျပ် လွင့်နေတယ်။

မဟာဗိုလ်ချုပ်ဟန်ထိုက် ချီလောင်တု။

“မဟာဗိုလ်ချုပ်ကို ဂါရဝပြုပါတယ်”

ချက်ချင်းပဲ သင်တန်းကျောင်းက လူတွေနဲ့ လွီလျှို အပါအဝင် အားလုံးက ချီလောင်တုရှေ့မှာ ဒူးထောက်လိုက်ကြတယ်။

ဒါက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အစစ်အမှန် အရှင်သခင် တစ်ယောက် ဖြစ်ပါတယ်။

စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်။ သူတို့တွေ ဘယ်နေရာကို သွားသွား လက်ရွေးစင်တွေလို့ ခေါ်ဆိုဖို့ ထိုက်တန်သလို လူလေးစားခံရတဲ့ အဆင့်အတန်း ရှိကြတယ်။

ချီလောင်တုက သူ့လက်ကို မြှောက်ပြီးတော့ လူတိုင်းကို ထရပ်ဖို့ အချက်ပေးလိုက်တယ်။ သူ့အကြည့်တွေက လင်းဟန်ပေါ်ကို ကျသွားခဲ့တယ်။

သူ မြင်လိုက်ရတာက သူ့ကို အံ့အားသင့် သွားစေခဲ့တယ်။

သူက တကယ်ပဲ လင်းဟန်ကို ဖောက်ထွင်းပြီး မမြင်နိုင်ခဲ့ဘူး။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီလူရဲ့ အသက်အားက အရမ်းကို ပြင်းထန်ပြီး သူ့အသက်ဓာတ်က အံ့မခန်း ဖြစ်ပါတယ်။ သူက တကယ့်ကို ငယ်ရွယ်ပြီးတော့ အသက် ရာဂဏန်း အနည်းငယ်ပဲ ရှိနိုင်ပါတယ်။

ဒါပေမဲ့လည်း သူက အသက်ရာဂဏန်း အနည်းငယ်ပဲ ရှိသေးပြီး သူနဲ့အဆင့်တူ ဖြစ်လာနိုင်တဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ထိ ကျင့်ကြံအားထုတ်ထား ပြီးပြီလား။

တကယ်လို့ ချန်ဖေးရန်သာ ဒီအကြောင်းကို သိသွားရင် သူက သေချာပေါက် ဟိတ်ဟန် တစ်ခွဲသားနဲ့ သူတို့အတွက်တော့ တန်းတူရင်ဘောင်တန်းနေဖို့ မဖြစ်နိုင်ဘူးလို့ ပြောလိမ့်မယ်။ နောက်ပြီး သူတို့အတွက် ဒီဘဝမှာ ဘယ်လိုမှ အဆင့်တူ ဖြစ်နိုင်ဖို့ဆိုတာ မရှိပါဘူး။

“ဘယ်သူ တွေးမိမှာလဲ။ မင်းက အရမ်းကို ငယ်ရွယ်ပြီးတော့ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ကို ရောက်နေပြီ”

ချီလောင်တုက လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။

လူတိုင်းက အံ့အားသင့် သွားခဲ့တယ်။ ဘာ။ လင်းဟန်က တကယ်ပဲ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့် လက်ရွေးစင် တစ်ယောက်ပေါ့။

တခြားသူတွေ အမြင်မှားကောင်း မှားနိုင်ပေမဲ့ မဟာဗိုလ်ချုပ်ဟန်ထိုက်က ဘယ်လိုလုပ် အမြင်မှား နိုင်မှာလဲ။

သောက်ကျိုးနည်း။ ဒီလိုမျိုး ငယ်ရွယ်တဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့် လက်ရွေးစင် တစ်ယောက်လား။

“ဒါပေမဲ့လည်း မင်းက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ထိ ကျင့်ကြံအားထုတ်ထားတဲ့ အတွက်ကြောင့် ငါတို့ အင်ပါယာထဲမှာ စိတ်တိုင်းကျ ပြုမှုနေနိုင်ပြီလို့ စဉ်းစားနေတာလား”

ချီလောင်တုက အေးစက်စွာ ရယ်မောလိုက်တယ်။

“ဘယ်လောက် ရိုးအလိုက်လဲ”

ဒါက အရိပ်လ ဆန်းကြယ်အင်ပါယာရဲ့ လက်အောက်ခံ ဂြိုလ်တစ်ခု ဆိုပေမဲ့ အရမ်းကို အရေးပါတဲ့ လက်အောက်ခံဂြိုလ် တစ်လုံး ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူတို့က ဒီနေရာမှာ စောင့်ကြပ်ဖို့ နံပါတ်ကိုးဘုရင်ကို စေလွှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါက ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင် အဆင့် လက်ရွေးစင် တစ်ယောက်ပါ။

နံပါတ်ကိုးဘုရင် စောင့်ကြည့်နေမှုနဲ့အတူ မကောင်းဆိုးဝါးတွေနဲ့ န်ဆိုးတွေ အားလုံး နောက်ဆုတ် သွားရလိမ့်မယ်။

လင်းဟန်က အသာလေး ပြုံးပြီးတော့ ပြောလိုက်တယ်။

“အဓိက တရားခံက ဒီနေရာမှာ ရှိနေပြီဆိုတော့ စကားစမြည်လေး ပြောရအောင်။ မင်းရဲ့ သားက မကောင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ပြီး လူတွေအတွက် ငါက မကောင်းဆိုးဝါးကို ရှင်းပေးခဲ့တယ်။ မင်း ငါ့ကို ကျေးဇူးတင်ဖို့ စိတ်ကူး မရှိဘူးလား”

ဘာ ဘာ။

လူတိုင်းက မှင်သက်သွားပြီးတော့ အံ့ကြိတ်လိုက်မိတယ်။

ဒါက ဘယ်လိုဟာသလဲ။

မင်းက သူ့သားကို သတ်ခဲ့ပြီးတော့ သူက မင်းကို ကျေးဇူးတင်တာ ခံချင်သေးတာလား။

အရူးပဲ။ မင်း ရူးသွားပြီ။

ချီလောင်တုက အကြိမ်ကြိမ် ပြက်ရယ်ပြုလိုက်တယ်။

“လူငယ်လေး မင်းရဲ့ သိုင်းပညာ ပါရမီက အံ့မခန်းပဲ ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်။ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ထိ ကျင့်ကြံအားထုတ် ထားခဲ့တယ်။ ဒါပေမဲ့ ကျင့်ကြံခြင်း အဆင့် လျင်မြန်ခြင်းရဲ့ ရလဒ်က သေချာပေါက် အခြေခံ အုတ်မြစ် မတည်ငြိမ်တာပဲ”

“ငါ လူပေါင်း ထောင်သောင်းချီ သတ်ခဲ့တယ်။ ပြီးတော့ သူတို့တွေ အားလုံးက လက်ရွေးစင်တွေပဲ။ ဒီလိုမျိုး လူသတ်အရှိန်အဝါ အငွေ့အသက် တစ်ခုတည်းကိုတောင် မင်း ကာကွယ်နိုင်မှာလား”

သူ့အမူအရာတွေက ရုတ်တရက် လေးနက်လာတယ်။ ဝုန်း။ သတ်ဖြတ်ခြင်း ဆန္ဒက ပျံ့နှ့ပလာပြီး ချက်ချင်းပဲ ပတ်ဝန်းကျင်က လူတွေကို အားနည်းသွားကာ ဒူးထောက်သွားစေပြီး သူတို့အားလုံး မြေပေါ်ကို လဲပြိုသွားစေခဲ့တယ်။

ဒါက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ ဒါက သတ်ဖြတ်သူ နတ်ဘုရားပဲ။

ဒါပေမဲ့လည်း ဒီသတ်ဖြတ်ခြင်း ဆန္ဒကို လင်းဟန်က လုံးဝကို လျစ်လျူရှူထားတယ်။ သူက သူ့ခေါင်းကို ခါပြီးတော့ တစ်ချက်ပြုံးကာ ပြောလိုက်တယ်။

“ဒါက မင်းရဲ့ သတ်ဖြတ်ခြင်း ဆန္ဒ အငွေ့အသက်လား”

ချီလောင်တုက လန့်ဖျပ်သွားတယ်။ ဟင်။ ဘာကြောင့် ဒါက လင်းဟန်ကို သက်ရောက်မှု လုံး၀ မရှိရတာလဲ။

သူက စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်ပြီး သူ့သတ်ဖြတ်ခြင်း ဆန္ဒက အခိုင်မြဲဆုံး ဖြစ်ပါတယ်။ သူ့အငွေ့အသက် တရစပ် ရိုက်ခတ်မှုအောက်မှာ ကျင့်ကြံခြင်းအဆင့်တူမှာရှိတဲ့ လူတွေက သေချာပေါက် သက်ရောက်ခံရပါလိမ့်မယ်။

“မင်း”

သူက လင်းဟန်ကို စိုက်ကြည့်ပြီး သူ့နှလုံးသားထဲမှာ ရုတ်တရက် အေးစိမ့်မှု တစ်ခု ပေါ်လာခဲ့တယ်။

လင်းဟန်က အသာလေး ပြုံးလိုက်တယ်။

“ဒါဆိုရင် မင်းလည်း ငါ့သတ်ဖြတ်ခြင်း အငွေ့အသက်ကို စမ်းသပ်ကြည့်ပေါ့”

ဝှမ်း။

လူသတ်အရှိန်အဝါ တရစပ် ထုတ်လိုက်တယ်။

ချီလောင်တုရဲ့ စိတ်ဝိညာဉ်က ချက်ချင်းပဲ ပျက်စီးသွားပြီး သူ့မျက်လုံးတွေလည်း ချက်ချင်းပဲ ပြူးကျယ်သွားတယ်။ မျက်လုံးတွေထဲမှာ အသက်ဓာတ် နည်းနည်းမှ မရှိတော့ဘူး။

ဝုန်း။ သူက မြေပေါ်ကို ခေါင်းငိုက်စိုက်ကာ လဲကျသွားတယ်။ သူ့ရဲ့ သွေးနီရောင် ဝတ်ရုံရှည်က အနည်းငယ် တဖျပ်ဖျပ် လွင့်နေဆဲ ဖြစ်ပေမဲ့ သူ့ရဲ့ စစ်မြေပြင်ပေါ်က သူရဲကောင်းဆန်တဲ့ ဟိတ်ဟန်ကတော့ နောက်တစ်ကြိမ် ပြသဖို့ ခက်သွားပြီ။

အားလုံး တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။

နံပါတ်ကိုး ဘုရင်ရဲ့ လက်အောက်က အစွမ်းထက်ဆုံး မဟာဗိုလ်ချုပ်ဟန်ထိုက်က အခုလို သေသွားတာလား။

ဒါက အရမ်းကို လွယ်လွန်းပြီး ပြင်းထန်တဲ့ တိုက်ပွဲလည်း မရှိခဲ့ဘူး။ သူက အသံ တစ်စက်မှ မထွက်ပဲ သေသွားတာလား။

ဒါ ဒါ ဒါ။

လူတိုင်းက သေးထွက်လုမတတ် ကြောက်လန့်ကုန်တယ်။ အထူးသဖြင့် ချိန်ပင်းပေါ့။ သူ့ခြေထောက်တွေ အားနည်းသွားတဲ့အပြင် သူ့စိတ်ကိုတောင် ထိန်းချုပ်မှု လွတ်သွားပြီး သူ့မျက်လုံးတွေလည်း ဝေဝါးလာခဲ့တယ်။

“ဟားဟားဟား”

သူက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

“ငါက ဒီကမ္ဘာကြီးထဲမှာ ပြိုင်စံရှားပဲ။ ငါက ပြိုင်ဘက်ကင်း မဟာဧကရာဇ်ပဲ”

သူက ရုတ်တရက် ထရပ်ပြီးတော့ ကခုန်ရင်းနဲ့ ရူးသွပ်ရင်း ပြေးသွားတယ်။

ရူးသွားပြီ။ သူက တကယ်ပဲ အကြောက်လွန်ပြီး သည်းခြေပျက်ကာ ရူးသွားတယ်။

လင်းဟန်က အသာလေး ပြုံးလိုက်တယ်။

“အားလုံးပဲ ပွဲပြီးသွားပြီ။ ဒီတော့ မင်းတို့တွေ ဒီနေရာမှာ ဘာကိစ္စရှိလို့ စုဝေးနေကြတယ်။ မင်းတို့တွေကိုလည်း ငါက ပြုစုပေးတာ လိုချင်လို့လား”

မသိစိတ်ကနေ လူတိုင်းက သူတို့ခေါင်းတွေကို ခါလိုက်ကြတယ်။

ဘာပြုစုမှာလဲ။ လက်ရှိမှာ သူတို့က ဒီဂြိုလ်ဆိုးဆီကနေ အဝေးကို ထွက်သွားချင်တာပဲ သိပါတယ်။

သူတို့ စောစောက ထွက်မသွားတာက ပထမအချက် အရမ်းကို ရုတ်တရက် ဆန်လွန်းပြီး သူတို့တွေ အံ့အားသင့်မှုကနေ သတိပြန်ကပ်ဖို့ အချိန်လိုပါသေးတယ်။ ဒုတိယအချက် သူတို့တွေ ထွက်မသွားရဲဘူး။ လင်းဟန်က စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အစစ်အမှန် အရှင်သခင် တစ်ယောက်ကို တန်းပြီးတော့ သတ်ပစ်နိုင်တယ်။ ပြီးတော့ သူက စကားတစ်ခွန်းမှ မပြောသေးရင် ဘယ်သူကများ ထွက်သွားရဲမှာလဲ။

အခု လင်းဟန်က ပြောလာပြီး သူတို့ကို ထွက်သွားခွင့် ပေးနေတယ်။ သူတို့က အလျင်အမြန်ပဲ မတ်တပ်ထရပ်ကာ တချိုးတည်း ပြေးသွားကြတယ်။

လင်းဟန်က မီးတောက် အနည်းငယ် ပစ်လွှတ်လိုက်ပြီး မြေပေါ်က အလောင်းတွေကို လုံး၀ လောင်ကျွမ်းပစ်လိုက်တယ်။ ဒီလူတွေပေါ်မှာ ဘာရတနာများ ရှိနိုင်မှာလဲ။ သူတို့ကို စုဆောင်းဖို့ စိတ်မပါဘူး။

သူ့အခန်းဆီကို ပြန်လာပြီးတဲ့ နောက်မှာတော့ သူက သူ့သမီးနဲ့ သားမက်ကို အင်ပါယာ နည်းစနစ် အမျိုးမျိုးကို သင်ကြားပေးလိုက်တယ်။

သူက ကြီးကြီးမားမား တစ်ခုကို လုပ်ခဲ့ပေမဲ့ အရိပ်လ ဆန်းကြယ် အင်ပါယာက တကယ်ပဲ မတုံ့ပြန်ခဲ့ဘူး။ နောက်ပိုင်း သုံးရက်က အရာအားလုံး တည်ငြိမ်ပြီးတော့ အနှောင့်အယှက် ကင်းမဲ့နေတယ်။ လူတစ်ယောက်မှ မလာဘူး။

အရိပ်လဆန်းကြယ် အင်ပါယာက ဒီလိုမျိုး သရဲဘောကြောင်လိမ့်မှာတော့ မဟုတ်ဘူး။ အဲဒီအစား လင်းဟန်က သန်မာလွန်းပြီး သူတို့တွေ သူ့ကို တစ်ချက်တည်း သတ်ပစ်ဖို့ မလှုပ်ရှားခင် အပြည့်အ၀ ပြင်ဆင်မှုလုပ်ဖို့ လိုအပ်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ မုန်တိုင်းတစ်ခု တိုက်ခတ်လာတယ်။

ငွေလရောင် သင်တန်းကျောင်းရဲ့ သင်တန်းကျောင်းတံခါးတွေက ပိတ်ထားပါပြီ။ သင်တန်းသား အားလုံး အထုပ်အပိုးတွေ ပြင်ဆင်နေကာ ထွက်သွားပြီး သူတို့တွေ အနာဂတ် တိုက်ပွဲကြီးမှာ အမြောက်ဆန်တွေ ဖြစ်လာမှာကို ရှောင်တိမ်းဖို့ ဖြစ်တယ်။

လင်းဟန်ကတော့ ငြိမ်းချမ်း တိတ်ဆိတ်မှုကြောင့် ပျော်ရွှင်ကျေနပ်နေပြီး ဘာကိုမှ ဂရုမစိုက်ပါဘူး။

အရိပ်လ ဆန်းကြယ် အင်ပါယာရဲ့ လက်ရွေးစင်တွေ သူ့ကို ဝိုင်းရံတိုက်ခိုက်မယ် ဆိုရင်တောင် သူက မကြောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ စွမ်းရည်တွေက လုံလောက်အောင် သန်မာနေတဲ့ အတွက်ကြောင့် သူက အရမ်းကို ယုံကြည်မှု ရှိနေတာ ဖြစ်တယ်။

ဒါပေါ့။ အရိပ်လ ဆန်းကြယ် အင်ပါယာက တကယ်တော့ ရုပ်သေးရုပ် တစ်ရုပ်ပါပဲ။ တကယ်တမ်း အုပ်ချုပ်သူက ဗုဒ္ဓမျိုးနွယ် ဖြစ်ပါတယ်။ ဒါကြောင့် လင်းဟန်က ဗုဒ္ဓမျိုးနွယ်နဲ့ ပတ်သက်ပြီးတော့ပဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့တွေက ကြီးမြတ်သော အရှင်သခင်အဆင့် မဟာလက်ရွေးစင် တစ်ယောက်ကို စေလွှတ်လိုက်မယ်ဆိုရင်တော့ သူတောင်မှ ထွက်ပြေးရုံပဲ တတ်နိုင်မယ်။

ဒါပေမဲ့လည်း ဒါက အစပဲ ရှိပါသေးတယ်။ အရိပ်လ ဆန်းကြယ်အင်ပါယာကို ဗုဒ္ဓမျိုးနွယ်ရဲ့ အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ကို မြန်မြန်ဆန်ဆန် စေလွှတ်ဖို့က မဖြစ်နိုင်ဘူး။ တစ်ခုသိထားရမှာက သူတို့ဟာ အရိပ်လ ဆန်းကြယ် အင်ပါယာရဲ့ ကြီးမြတ်သော အရှင်သခင်အိုကြီးကို ချောင်းမြောင်းတိုက်ခိုက်တဲ့ အချိန်မှာတောင် ဗုဒ္ဓမျိုးနွယ်က ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ကို မစေလွှတ်ခဲ့ပါဘူး။

တကယ်လို့ ဗုဒ္ဓမျိုးနွယ်ရဲ့ မဟာလက်ရွေးစင်တွေက တိုက်ခိုက်လာမယ်ဆိုရင် သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ပိုင်နက်တွေ အများကြီးရှိနေရင် သူတို့တွေ သေလောက်အောင် အလုပ်ရှုပ်သွားမယ် မဟုတ်လား။

မကြာခင် ရှစ်ရက်မြောက်နေ့ ရောက်လာတယ်။

လင်းဟန်က သူ့ကျင့်ကြံခြင်း ကိုယ်ပိုင်လမ်းကြောင်းကို မျက်လုံးမှိတ်ကာ ဆင်ခြင်သုံးသပ်နေချိန် ရုတ်တရက် သူ့မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာခဲ့တယ်။

နောက်ဆုံးတော့ ရောက်လာပြီပဲ။

သူက တံခါးတွေကို တွန်းဖွင့်ပြီး အပြင်ကို ထွက်လာတယ်။

သူ့အရှေ့မှာ ပိုးဖဲကတ္တီပါ ဝတ်ဆင်ထားတဲ့ ယောက်ျားတစ်ယောက် ရှိနေပြီး သူ့ခေါင်းပေါ်မှာ သရဖူ တစ်ခု ဝတ်ဆင်ထားတယ်။ သူက အရပ်မြင့်မြင့် ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ သြဇာအာဏာ အငွေ့အသက် တစ်ခု ရှိနေတယ်။

သူ့နောက်မှာတော့ ဘုန်းတော်ကြီး ဝတ်စုံတွေ ဝတ်ထားတဲ့ လူကိုးယောက် ရှိနေတယ်။ ယောက်ျားရော အမျိုးသမီးတွေရော ပါဝင်နေပြီး အားလုံးက ခေါင်းတုံး တုံးထားကြတယ်။ သူတို့ခေါင်းပေါ်မှာ အစက်ကိုးစက် ရိုက်နှိပ်ထားတယ်။

အော် ဗုဒ္ဓမျိုးနွယ်ကလည်း လှုပ်ရှားလာပြီပဲ။

“ငါက အရိပ်လ ဆန်းကြယ် အင်ပါယာရဲ့ နံပါတ်ကိုး ဘုရင်ပဲ”

ပိုးဖဲကတ္တီပါ ဝတ်ဆင်ထားတဲ့ ယောက်ျားက ပြောလိုက်ပြီး သူ့အသံက ကျယ်လောင်ပါတယ်။

“မင်းကရော ဘယ်သူလဲ”

လင်းဟန်က သက်ပြင်းချလိုက်တယ်။

“စကားကို ဘယ်လိုမျိုး ကောင်းကောင်းမွန်မွန် ပြောရမလဲ ဆိုတာကို မင်း နားမလည်ဘူးလား”

လဗြွတ်။

နံပါတ်ကိုး ဘုရင်ရဲ့ အရှိန်အဝါက ချက်ချင်းပဲ ခက်ထန်လာတယ်။ မင်းက ဘယ်လိုလူမျိုးလဲ။ ငါက မင်းကို ပုံမှန်အတိုင်း မေးနေတာလေ။

“မင်းရဲ့ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူလဲ”

သူက ဒေါသကို ထိန်းချုပ်ပြီးတော့ လေသံကို ပြောင်းလိုက်တယ်။

လင်းဟန်က အရမ်းကို ငယ်ရွယ်လွန်းတာကြောင့် သူ့နောက်မှာ တစ်ယောက်ယောက် နောက်ခံ ရှိရမယ်။ ဒါက သူ့ကို စိုးရိမ်ပူပန်စေတဲ့ အချက်ပဲ။

Chapter 4499 end

*****

အပိုင်း (၄၅၀၀) ကြီးမြတ်သော အရှင်သခင်အဆင့် သတ်ဖြတ်ခြင်း ဝင်္ကပါ

လင်းဟန်က ခေါင်းညိတ်လိုက်တယ်။

“မင်းကြည့်လေ။ ဒီလိုမျိုးပြောတော့ အသံသိပ်မကျယ်တော့ဘူးပေါ့။ ဒီတော့ မင်းက စကားကို ဘယ်လိုကောင်းကောင်းမွန်မွန် ပြောရမလဲဆိုတာ သိတာပဲ။ ဒီတော့ ဘာဖြစ်လို့ အရမ်းကို ဟိတ်ဟန်ထုတ်ေ်နတာလဲ”

နံပါတ်ကိုး ဘုရင်က နောက်တစ်ကြိမ် သွားတွေ ကြိတ်လိုက်မိတယ်။ ငါ စကားပြောတဲ့ အချိန်မှာ မင်းက ငါ့ကို သရော်တယ်။ ဒါပေမဲ့ ငါ ပုံမှန်အတိုင်း ပြောတဲ့ အချိန်မှာ မင်းက င့ါကို သရော်တုန်းပဲ။

မင်း ဘာလိုချင်နေတာလဲ။

ဟင် တစ်ဖက်က တမင်သက်သက် စကားလမ်းကြောင်းလွှဲနေတာပဲ။

နံပါတ်ကိုး ဘုရင်က ချက်ချင်းပဲ တောင့်သွားတယ်။ သူက လင်းဟန်ရဲ့ လှည့်ကွက်တွေထဲ ကျသွားတော့မလို့။

သောက်ကျိုးနည်း။ ဒီကောင်လေးကို ကြည့်ရတာ ငယ်ရွယ်ပေမဲ့ သူ့နည်းလမ်းတွေက တကယ့်ကို ကောက်ကျစ်ဉာဏ်များလွန်းါပတယ်။ သူက ခေါင်းစဉ်ကို တိတ်ဆိတ်စွာ ပြောင်းသွားခဲ့တယ်။

“မင်းက ငါ့ကို တိုက်ခိုက်လာအောင် ဖိအားပေးဖို့ ဆုံးဖြတ်ထားပုံပဲ”

နံပါတ်ကိုး ဘုရင်က တည်ငြိမ်စွာ ပြောလိုက်တယ်။

လင်းဟန်က သူ့လက်ကို ဖြန့်ပြလိုက်တယ်။

“တကယ်လို့ မင်းကို ငါက ငြိမ်းချမ်းရေးအတွက် လာတယ်လို့ ပြောရင် ငါ့ကို မင်း ယုံကြည်မှာလား”

“ဟားဟား”

နံပါတ်ကိုး ဘုရင်က အေးစက်စွာ ရယ်မောလိုက်တယ်။

သူက ဒါကို ယုံကြည်လိမ့်မှာတဲ့လား။ ဘယ်လိုလုပ် ဒါကို ယုံကြည်နိုင်မှာလဲ။

လင်းဟန်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

“တကယ်လို့ မင်းတို့က ငါ့ကို မယုံကြည်ဘူးဆိုရင် မေ့ထားလိုက်တော့။ မင်းက ဗုဒ္ဓမျိုးနွယ်ရဲ့ အဖွဲ့သားတွေကိုတောင် ဖိတ်ခေါ်ထားမှတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖို့ စိတ်ကူး မရှိဘူးဆိုတာ သိသာနေတာပဲ။ ဒီတော့ အကျိုးမရှိတာတွေကို ဆက်ပြီးတော့ ပြောနေစရာလား။ မြန်မြန် မင်းရဲ့ တိုက်ကွက်ကို ထုတ်ပါ”

“မင်က တကယ်ပဲ အမှန်တရားကို ရင်မဆိုင်ရမချင်း လက်မလျော့တဲ့ ပုံစံပဲ”

နံပါတ်ကိုး ဘုရင်က သရော်လိုက်တယ်။ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး သူ့နောက်က ဘုန်းတော်ကြီးတွေက တစ်ယောက်ပြီး တစ်ယောက် ရှေ့တက်ကာ ထောင့်ကိုးထောင့်ကိုယ်စီမှာ ရပ်လိုက်တယ်။ အဲဒီနောက် သူတို့က စတင်ပြီးတော့ ရွတ်ဖတ်ကြတယ်။

ချက်ချင်းပဲ နံပါတ်ကိုး ဘုရင်ရဲ့ ခန္ဓာကိုယ်ဆီကနေ အလင်းတိုင်တစ်ခု ပေါ်လာပြီး မိုးထိအောင် ထိုးတက်သွားတယ်။ သူ့အရှိန်အဝါက တကယ်ပဲ အကြီးအကျယ် တိုးလာခဲ့တယ်။

ဗုဒ္ဓမျိုးနွယ်ရဲ့ လျှို့ဝှက်နည်းစနစ်၊ ရွတ်ဖတ်မှုကနေ ခွန်အား အကြီးအကျယ် တိုးလာနိုင်တဲ့ ဆုတောင်းပေးခြင်း။

နံပါတ်ကိုး ဘုရင်ဟာ မူလက ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်ပြီးတော့ ဒီလိုမျိုး အစွမ်းတိုးပေးခြင်းကို လက်ခံရရှိပြီးတဲ့ နောက်မှာတော့ သူ့အရှိန်အဝါက တကယ်ပဲ ကြယ်ရှစ်ပွင့်ထိ တိုးသွားခဲ့တယ်။

ကြယ်နှစ်ပွင့်တိတိ။ ဒါက အရမ်းကို အံ့သြစရာ ကောင်းလွန်းတယ်။

နံပါတ်ကိုး ဘုရင်က လှုပ်ရှားလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ရိုက်ထုတ်လိုက်တယ်။ ဟုတ်ပါတယ်။ ကြယ်ရှစ်ပွင့် စွမ်းအားက ဆူပွက်လာပေမဲ့ သူပစ်ခတ်လိုက်တဲ့ စည်းမျဉ်းဥပဒေ စွမ်းအားက အမျှင်ခြောက်ခုပဲ ရှိတယ်။

လင်းဟန်က ခေါင်းညိတ်လိုက်တယ်။ ဒီလိုပဲ ဖြစ်မယ်။ တကယ်လို့ ဗုဒ္ဓမျိုးနွယ်ရဲ့ လျှို့ဝှက်နည်းစနစ်က နံပါတ်ကိုး ဘုရင်ကို စည်းမျဉ်းဥပဒေ စွမ်းအား အလင်းခုနစ်ခု ထွက်အောင် လုပ်နိုင်မယ်ဆိုရင် အဲဒါက တကယ့်ကို အံ့မခန်း ဖြစ်လွန်းပါလိမ့်မယ်။

ဂိုဏ်းအရှင်သခင်အဆင့်မှာ စွမ်းအားက စည်းမျဉ်းဥပဒေ စွမ်းအင်တွေထက် အများကြီး နိမ့်ပါတယ်။

ဒါကြောင့် နံပါတ်ကိုး ဘုရင်က တိုက်ပွဲစွမ်းရည်မှာ ကြယ်ရှစ်ပွင့်ကို ရောက်သွားပုံ ပေါ်ပေမဲ့ တကယ်တမ်း သူ့မှာ စွမ်းအားပဲ ရှိတာပါ။ အစစ်အမှန် တိုက်ပွဲစွမ်းရည်နဲ့ ပတ်သက်ရင် သူ့တိုက်ပွဲစွမ်းရည်ကို ကြယ်တစ်ပွင့်လောက်ပဲ တိုးပေးနိုင်ပြီး ကြယ်ခုနစ်ပွင့်ကိုတောင် မရောက်ခဲ့ဘူး။

လင်းဟန်က သူ့ခေါင်းကို ခါလိုက်တယ်။ ပထမတော့ သူက အရိပ်လ ဆန်းကြယ် အင်ပါယာက အချိန်အကြာကြီး ပြင်ဆင်ထားပြီး ကြီးမားတဲ့ လှည့်ကွက်တချို့နဲ့ ရောက်လာမယ် ထင်ထားပေမဲ့ တကယ်တမ်းမှာတော့ ဒါက သူ့ကို စိတ်ပျက်စေခဲ့တယ်။

“မင်းက ရက်တွေအများကြီး ပြင်ဆင်ပြီးတော့ ငါ့ကို ဒါပဲ ပြတာလား”

လင်းဟန်က သူ့ခေါင်းကို ခါလိုက်ပြီး သူ့အရှိန်အဝါက အနည်းငယ် ပြောင်းလဲသွားခဲ့တယ်။ ဖောက် ဖောက် ဖောက်။ မိုးပေါ်ကနေ ဘုန်းကြီးကိုးယောက်က ချက်ချင်းပဲ ကြိုးပြတ်သွားတဲ့ စွန်တွေလို ပြုတ်ကျလာတယ်။

နံပါတ်ကိုး ဘုရင်က အံ့အားသင့်ပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့တယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။

သူက အလျင်အမြန်ပဲ လင်းဟန်ကို တိုက်ခိုက်လိုက်ပြီး ဘုန်းကြီးကိုးပါး ပြန်လည်ကောင်းမွန်လာဖို့ အချိန်ရအောင် ကြိုးစားလိုက်တယ်။ ဒါမှ သူတို့တွေ ကိုယ့်ကိုကိုယ် ပြန်ထိန်းပြီး သူ့စွမ်းအားကို နောက်တစ်ကြိမ် တိုးပေးနိုင်မှာ ဖြစ်ပါတယ်။

လင်းဟန်က သာမန်ကာလျှံကာ ပုတ်ထုတ်လိုက်တယ်။ နံပါတ်ကိုး ဘုရင်က ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ဖြစ်တာကြောင့် တကယ်လို့ သူ့စွမ်းရည်တွေ အဆတစ်ရာ လျော့ပေးရင်တောင် သူက နံပါတ်ကိုး ဘုရင်ထက် အားနည်းမှာ မဟုတ်ဘူး။

ဘန်း ဘန်း ဘန်း။

သူတို့နှစ်ယောက် အကြားက တိုက်ပွဲက အရမ်းကို ပြင်းထန်ပုံပေါ်တယ်ဆိုပေမဲ့ နံပါတ်ကိုး ဘုရင်က ဒီအတွေးကို သူ့ဘာသာသူ တွေးနေတာပဲ ရှိပါတယ်။ သူက လင်းဟန်ကို အလေးအနက် ထားရလောက်အောင် အရည်အချင်း မပြည့်မီဘူးလို့တောင် ထင်တယ်။

ဒါပေမဲ့ တိုက်ခိုက်ပြီး အချိန်ခဏလေး အတွင်းမှာ နံပါတ်ကိုး ဘုရင်က တိုက်ပွဲဧရိယာကနေ ဒယိမ်းဒယိုင် နောက်ဆုတ်ကာ အဝေးကို ဆုတ်သွားခဲ့ရတယ်။

“ဝင်္ကပါကို အသက်သွင်း”

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ သူ့အမူအရာက ရှုံ့မဲ့နေတယ်။

ဒါက နောက်ဆုံးတိုက်ကွက် ဖြစ်ပြီးတော့ သူ အသုံးမပြုချင်ဆုံး အရာလည်း ဖြစ်ပါတယ်။ ဒါက သူဟာ လင်းဟန်ထက် နိမ့်ကျတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားမယ်။

ဒါပေမဲ့လည်း သူတတ်နိုင်တာ တခြားဘာမှ မရှိခဲ့ဘူး။ သူက ဒီအတိုင်း ဆက်ပြီးတော့ တိုက်ခိုက်နေလို့ မဖြစ်ပါဘူး။

ဝုန်း။ အလင်းတန်းတွေ တော်တော်များများ မိုးပေါ်ကို ထိုးတက်သွားပြီးတော့ ပိုက်ကွန် တစ်ခုလိုမျိုး ရောယှက်သွားခဲ့တယ်။

“ဟားဟား အခု မင်းကို ဝိုင်းထားလိုက်ပြီ။ ဒီတော့ မင်း ဘယ်လို ထွက်ပြေးလွတ်မြောက်မလဲ ဆိုတာကို ကြည့်ဦးမယ်”

နံပါတ်ကိုး ဘုရင်က အေးစက်စွာ ပြောလိုက်တယ်။

ဒါက ကောင်းကင် ပိတ်လှောင်ခြင်း ဝင်္ကပါ ဖြစ်ပြီးတော့ ဂိုဏ်းအရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ကို သတ်ပစ်နိုင်ပါတယ်။

အချိန်က အရမ်းကို နည်းလွန်းပြီး လရောင်ခြယ်ဂြိုလ်မှာ အရင်းအမြစ်ကလည်း နည်းနည်းလေးပဲ ရှိကာ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ကို လုပ်ကြံဖို့ သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို ခင်းဖို့အတွက် လုံလောက်ခြင်း မရှိဘူး။

လင်းဟန်က သူ့လက်တွေကို အနောက်မှာ ပစ်ထားပြီးတော့ တည်ငြိမ်စွာနဲ့ ပြုံးနေခဲ့တယ်။ သူ့လိုမျိုး ဝင်္ကပါ ဂရန်းမာစတာ တစ်ယောက်ရဲ့ အရှေ့မှာ ဝင်္ကပါ ခင်းရဲတယ်ဆိုတော့ သူ့ကို ခေါင်းပြုတ်လုမတတ် ရယ်မောအောင် လုပ်နေတာလား။

သူက ခြေထောက်ကို အသာလေး တစ်ချက် ဆောင့်လိုက်ပြီး မြေကမ္ဘာချီကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပြီးတော့ ဒီမဟာဝင်္ကပါကို အစွမ်းမဲ့အောင် လုပ်နိုင်ပါတယ်။ နောက်ပြီး သူက မဟာဝင်္ကပါကိုတောင် လုပြီးတော့ ထိန်းချုပ်နိုင်ပြီး နံပါတ်ကိုး ဘုရင်ကို ပြန်လှန်တိုက်ခိုက် ပစ်နိုင်တယ်။

အာ စဉ်းစားကြည့်ရတာ အရိပ်လ ဆန်းကြယ်အင်ပါယာရဲ့ လက်ရွေးစင်က ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်တာကြောင့် သူတို့ရဲ့ မျက်လုံးတွေ တောက်ပလာအောင် ဘယ်လို ကမ်းလှမ်းမှု လုပ်နိုင်မှာလဲ။

ပျင်းစရာကောင်းလိုက်တာ။

သူက လက်သီးတစ်ချက် ထိုးလိုက်တယ်။ ဝုန်း။ မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး သဲတွေ ကျောက်တုံးတွေ လွင့်ထွက်ကုန်တယ်။ ချက်ချင်းပဲ မိုးကောင်းကင်ပေါ် ထိုးတက်ကာ တောက်ပနေတဲ့ အလင်းတန်းတွေက မှေးမှိန်သွားခဲ့တယ်။

နံပါတ်ကိုး ဘုရင်က မျက်လုံးတွေ ပြူးပြီးတော့ စိုက်ကြည့်နေမိတယ်။ လဗြွတ်။ သူက လက်သီး တစ်ချက်တည်းနဲ့ မဟာဝင်္ကပါကို ဖျက်ဆီးပစ်လိုက်တယ်။

သောက်ကျိုးနည်း။ ဒါက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။

လင်းဟန်ရဲ့ အရှိန်အဝါကလည်း ဂိုဏ်းအရှင်သခင် အဆင့်မှာရှိတယ် ဆိုတာကို သူက သေချာ အာရုံခံနိုင်ပေမဲ့ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်က လက်သီးတစ်ချက်တည်းနဲ့ မဟာဝင်္ကပါကို ဖျက်ဆီးပစ်တာကို အသာထား မဟာဝင်္ကပါရဲ့ အောက်မှာ တိုက်ကွက် တစ်ရာလောက် ခံနိုင်ရည်စွမ်း ရှိနေရင်တောင် အတော်လေး အထင်ကြီးစရာကောင်းနေပါပြီ။

နှိုင်းယှဉ်ကြည့်ရင် ကွာဟချက်က အရမ်းကို ကြီးမားလွန်းတယ်။

ဒီကောင့်ကို သာမန်ဂိုဏ်းအရှင်သခင်အဆင့် အဆင့်နဲ့ သုံးသပ်လို့ မရနိုင်ပါဘူး။ သူ့ကို ကြီးမြတ်သော အရှင်သခင် တစ်ပိုင်းအဆင့် တစ်ယောက်လိုမျိုး ဆက်ဆံရနိုင်တယ်။

အင်း။ မိုးပြာနဂါး ဆန်းကြယ် အင်ပါယာဆီက ဟိုကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးလိုပဲ။

“နောက်ဆုတ်”

သူက အသာလေး အော်ဟစ်လိုက်ပြီး တခြားသူတွေကို ဦးဆောင်ကာ အဝေးကို ထွက်သွားတယ်။

လင်းဟန်က နောက်ကနေ လိုက်မသွားခဲ့ဘူး။ သူက ချန်ဖေးရန်ကို မျက်နှာသာ တစ်ခု ပေးချင်ပြီး အရိပ်လ ဆန်းကြယ် အင်ပါယာဆီက လက်ရွေးစင် အနည်းငယ်ကို အနိုင်ယူချင်တာပါ။ ဒီလိုနဲ့ ချန်ဖေးရန်က နတ်ဘုရားပင်လယ်ဂြိုလ်ကို ဦးဆောင်ပြီးတော့ လွတ်လပ်လာရင် သူတို့တွေ အများကြီး လုပ်နိုင်စွမ်း ရှိလိမ့်မှာ မဟုတ်တော့ဘူး။

ဘာပဲဖြစ်ဖြစ် အတိတ်တုန်းက ချန်ဖေးရန်ဟာ သူ့ကို တော်တော်များများ ကူညီပေးခဲ့တယ်။ နောက်ပြီး အခု ချန်ဖေးရန်က သူ့ ဂျူနီယာ ဖြစ်နေပါပြီ။ ဒါကြောင့် သူက ချန်ဖေးရန်ကို ဂရုစိုက် ပေးရပါမယ်။

သူက လင်းရှီနဲ့ ဖူထိုက်ရှင်းတို့ကို သူတို့ရဲ့ ကျင့်ကြံခြင်းမှာ ဆက်ပြီးတော့ လမ်းညွှန်ပေးခဲ့တယ်။ သူက နောက်ကျရင် စကြဝဠာ တစ်ခုလုံးကို ပတ်ပြေးနေရမှာ သေချာတယ်။ ဒီတော့ သူ့ကလေးတွေကို သူတို့ရဲ့ ကျင့်ကြံခြင်းမှာ လမ်းညွှန်ပေးဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ ဒီအတွက် သူက အခုချိန်မှာ မိနစ်တိုင်း စက္ကန့်တိုင်းကို အကျိုးရှိရှိ သုံးနေတာ ဖြစ်တယ်။

သူက တတ်နိုင်သလောက် သင်ကြားပေးပြီး သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ပတ်သက်ပြီးတော့ အလေးမထားဘူး။

ရက်ပေါင်း တစ်ဒါဇင်ကျော် ကြာပြီးတဲ့ နောက်မှာတော့ အရိပ်လဆန်းကြယ် အင်ပါယာရဲ့ လက်ရွေးစင်တွေက လရောင်ခြယ်ဂြိုလ်ပေါ်ကို တိတ်တဆိတ် ရောက်လာခဲ့တယ်။

စုစုပေါင်း ဂိုဏ်းအရှင်သခင်အဆင့် လက်ရွေးစင် ကိုးယောက်ရှိပြီး ဗုဒ္ဓမျိုးနွယ်ကနေ လက်ရွေးစင် ငါးယောက်ကိုလည်း စုစည်းထားတာကြောင့် စုစုပေါင်း ဂိုဏ်းအရှင်သခင် ဆယ့်လေးယောက်ရှိကာ အစစ်အမှန် သတ်ဖြတ်ခြင်း ဝင်္ကပါကိုလည်း သယ်ဆောင်လာပြီး ကြီးမြတ်သော အရှင်သခင် အဆင့်တစ်ယောက်ကိုတောင် လုပ်ကြံနိုင်တဲ့ သတ်ဖြတ်ခြင်း ဝင်္ကပါကြီး တစ်ခုကို ဖြစ်ပေါ်စေ နိုင်ပါတယ်။

လင်းဟန်က လေဟာနယ် ဆုံမှတ်တွေကနေ တစ်ဆင့် အရာအားလုံးကို သိမြင်နေတယ်။ သူက မကြောက်ပါဘူး။

ဟုတ်တယ်။ သူ့မှာ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ဝင်္ကပါ ဆရာသခင်တွေနဲ့ ပတ်သက်လာရင် အရိပ်လ ဆန်းကြယ်အင်ပါယာရဲ့ လူတွေက ဘယ်လိုလုပ် သူ့လို ဝင်္ကပါ ဂရန်းမာစတာ တစ်ယောက်ကို ယှဉ်နိုင်မှာလဲ။

အခုဆို သူ့နတ်ဘုရားအာရုံက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ။ အတွေးတစ်ချက်နဲ့ သူက လေဟာနယ် ဆုံမှတ်တွေကို သက်ရောက်အောင် လုပ်နိုင်တယ်။ သူ့အရှေ့မှာ ဝင်္ကပါတစ်ခုကို သူတို့တွေက ခင်းချင်နေတာလား။

ဟီးဟီး သူတော်စင်အဆင့် ဝင်္ကပါတစ်ခု မဟုတ်ရင် သူတို့တွေက သူ့အရှေ့မှာ ဟာသတစ်ခု ဖြစ်သွားလိမ့်မယ်။

ဒါကြောင့် လင်းဟန်က ဂရုမစိုက်ခဲ့ဘူး။

ဂိုဏ်းအရှင်သခင်အဆင့် လက်ရွေးစင်တွေက ဝင်္ကပါတွေကို စတင် ခင်းကျင်းလိုက်တယ်။ နေ့တိုင်း သူတို့က ငွေလရောင် သင်တန်းကျောင်းရဲ့ ပတ်ဝန်းကျင် အနီးအနားကို လှည့်လည်သွာလာ ကြတယ်။

လင်းရှီနဲ့ ဖူထိုက်ရှင်းက အနည်းငယ် စိုးရိမ်ကြပေမဲ့ သူတို့ဟာ လင်းဟန်ကို ပိုပြီးတော့တောင် ယုံကြည်မှု ရှိနေခဲ့တယ်။ လင်းဟန်က ဒါကို အလေးအနက် မထားဘူးဆိုတော့ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေတာ ဖြစ်မယ။် သူက သူ့သမီးနဲ့ သူ့သားမက်ကိုတော့ တစ်ပတ်ရိုက်လိမ့်မှာလား။

ခုနစ်ရက် ကြာပြီးတဲ့ နောက်မှာတော့ ဝင်္ကပါ ပြီးမြောက်သွားတယ်။

အဲဒီအချိန် အရိပ်လဆန်းကြယ် အင်ပါယာရဲ့ လက်ရွေးစင်တွေက နောက်ဆုံးတော့ လူလုံးထွက် ပြလာခဲ့ကြတယ်။

“လူငယ်လေး မင်းက တကယ့်ကို သတ္တိကောင်းတာပဲ”

နံပါတ်ကိုး ဘုရင်က နောက်တစ်ကြိမ် ပေါ်လာခဲ့တယ်။ သူ့အဆင့်အတန်းက အရမ်းကို မြင့်မားပြီး ဂိုဏ်းအရှင်သခင်အဆင့် ဆယ့်လေးယောက်ကျော် လာတာတောင် သူတို့တွေက သူ့ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် ဆက်ဆံနေရဆဲပါ။

“ဒါပေမဲ့လည်း ဒီလိုမျိုး ဂရုမစိုက်တာက မင်းဘဝကို အန္တရာယ်ထဲ ကျရောက်စေလိမ့်မယ်”

လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။

“ငါတို့က တိုက်တောင် မတိုက်ရသေးဘူး မင်းက သေချာနေပြီလား”

“ဟမ့်။ ဒီဝင်္ကပါက ပြီးပြည့်စုံတဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခု မဟုတ်ပေမဲ့ ကြီးမြတ်သော အရှင်သခင်တစ်ပိုင်း အဆင့်တစ်ယောက်ကို သတ်ဖို့က ကိစ္စမရှိဘူး”

နံပါတ်ကိုး ဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်တယ်။

“မင်းရဲ့ ခွန်အားက ဂိုဏ်းအရှင်သခင် အဆင့်ထက် သာလွန်နေပြီလို့တော့ ငါ့ကို မပြောနဲ့”

လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။

“အဲဒီလောက်ထိ မဟုတ်ပါဘူး။ ကျုပ်က ကြီးမြတ်သော အရှင်သခင် တစ်ပိုင်း အဆင့်နဲ့တောင် အဝေးကြီး လိုပါသေးတယ်”

“ဒါဆိုရင် မင်းအခု ခေါင်းငုံ့မယ်ဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်။ မဟုတ်ရင် မင်းက ဘယ်လောက် ပါရမီရှိရှိ ဘာလုပ်ရမှာလဲ။ လူသေတစ်ယောက်ရဲ့ နာမည်က သမိုင်းတစ်လျှောက် ထင်ကျန်ခဲ့မှာ မဟုတ်ဘူး”

နံပါတ်ကိုး ဘုရင်က တည်ငြိမ်စွာ ကြေညာလိုက်တယ်။

ဘုန်း။

အဲဒီအချိန်မှာပဲ မဟာဝင်္ကပါကြီးက ရုတ်တရက် တုန်ခါလာခဲ့တယ်။

Chapter 4500 end

*****

All Chapters