← Chapters

ညဘက် ဗီဇပြောင်းလဲခြင်း

Vol. 10 Ch. 144

ညဘက် ဗီဇပြောင်းလဲခြင်း

Vol. 10 Ch. 144

ရွှီရှင်းသည် သစ်ပင်အိမ်ပြတင်းပေါက်မှ လှမ်းကြည့်စဉ်က ဤတောင်ကုန်းကြီး အနီရောင်မြူခိုးများ ဖုံးလွှမ်းနေသည်ကို မမြင်ခဲ့ပေ။

ဤအနီရောင်မြူခိုး များသည် နေဝင်မိုးချုပ်ပြီးနောက်မှသာ စတင်ပျံ့နှံ့လာခြင်း ဖြစ်ရပေမည်။

မျက်စိတစ်ဆုံးကြည့်လိုက်ရာ တောင်ကုန်းအပြင်ဘက် တစ်ဝိုက်လုံးတွင် အနီရောင်မြူခိုးဖျော့ဖျော့များ ရစ်သိုင်းနေ၏။

တောင်ကုန်းအရင်းအမြစ်ဇုန် တစ်ခုလုံးမှာလည်း ထူထပ်လှသော အနီရောင်မြူခိုးတံတိုင်းကြီးများဖြင့် ဝန်းရံထားသဖြင့် အတွင်းပိုင်းကို လုံးဝ မမြင်ရတော့ပေ။

အနီရောင် အဆုံးနေရာမှာ သူတို့ရှေ့က ဆားတွင်းဝပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်က မြူခိုးတံတိုင်းကြီးမှာ ဤဘီလူးကြီး၏ ပါးစပ် ဟု တင်စားရမည့် ဂူဝမှ အပြင်သို့ အဆက်မပြတ် မှုတ်ထုတ်နေခြင်းကြောင့် ဖြစ်၏။

ရွှီရှင်း သတိပြုမိသည်မှာ ဘီလူးကြီး၏ မျက်လုံးအိမ် များထဲတွင် ဖြူဖွေးသော အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်းပင်။

၎င်းမှာ မျက်လုံးတစ်စုံကို ဖွင့်ကာ သူ့ကို စိုက်ကြည့်နေသည့်အလား ခံစားရစေသည်။

"ဖြူဖွေးတဲ့ အလင်းရောင်လား"

ဆားတွင်း အတွင်းပိုင်း အနက်ကြီးထဲက ဂူထဲတွင်လည်း ဤဖြူဖွေးသော အလင်းမျိုး ထွက်နေခဲ့သည်ကို ရွှီရှင်း သတိရလိုက်၏။

အခြားရှင်ကျန်သူများ၏ ဂူများထဲတွင်လည်း ထိုသို့ပင် ဖြစ်နေကြောင်း စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် ဆွေးနွေးခဲ့ကြဖူးသည်။

ရွှီရှင်းက သူ၏ ပစ္စည်းခွဲခြားနိုင်စွမ်းဖြင့် ကြည့်လိုက်သော်လည်း မည်သည့်အဆင့် အလင်းရောင် မှ မတွေ့ရပေ။

အရင်းအမြစ်မဟုတ်လျှင် ဘာကြောင့် အလင်းထွက်နေရသနည်း။

ဒါဟာ တကယ်ပဲ ဒီဘီလူးကြီးရဲ့ မျက်လုံးတွေလား..။

ထိုအလင်းစက်များကို စိုက်ကြည့်ရင်း ရွှီရှင်း၏ ဂုတ်သားများ စိမ့်တက်သွားသဖြင့် အကြည့်ကို အမြန်လွှဲကာ မြူခိုးများဖုံးနေသော အရင်းအမြစ်ဇုန်အတွင်းပိုင်းကို ကြည့်လိုက်သည်။

အထဲသို့ ဝင်ရန်အတွက် ဤမြူခိုးထူထပ်သော နေရာကို အရင်ဖြတ်ရပေလိမ့်မည်။

သူ တွန့်ဆုတ်နေမိ၏။

မြူခိုးအတွင်းက အန္တရာယ်ကို သူ မခန့်မှန်းနိုင်ပေ။

ထို့အပြင် ဤမြူခိုးများကို ရှူမိပါက ခန္ဓာကိုယ်ကို မည်သို့ သက်ရောက်မှု ရှိမည်နည်း။

အနီရောင်မြူခိုးများသည် မြေအောက်ကမ္ဘာနှင့် ဆက်နွှယ်နေသည်မှာ သေချာလှသည်။

"အီး"

ခဲခဲလေးက ရွှီရှင်းကို တွန်းကာ အော်လိုက်သည်။

၎င်းသည် အန္တရာယ်ကို အာရုံရနေသဖြင့် ရွှီရှင်းကို အထဲမဝင်စေချင်ခြင်း ဖြစ်၏။

ပြန်ဆုတ်တာက အကောင်းဆုံးပါပဲ။

အသက်ကို ရင်းပြီး စွန့်စားရန် မထိုက်တန်ပေ။

ချန်ယင်တို့ မိသားစု ကိစ္စကိုလည်း နောက်မှသာ အစီအစဉ်ဆွဲရမည်။

ဒါနဲ့... ဒီအခြေအနေတွေက သူတို့ နတ်စင်မှာ ယဇ်ပူဇော်လိုက်လို့ ဖြစ်လာတာ မဟုတ်လား..။

ရွှီရှင်း သူ၏ နာရီကို ဖွင့်ကြည့်ပြီး စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် မေးမြန်းကြည့်သော်လည်း ကျောက်ရှောင်ချွမ်းကသာ သူ၏ ဂူဝတွင် အနံ့ဆိုးများကြောင့် မူးဝေနေကြောင်း ပြန်ဖြေသည်။

ထို့နောက် ကျိချောင်းယန်ထံသို့ သူ ဖုန်းခေါ်လိုက်ရာ ကျိချောင်းယန်ကလည်း သူ၏ သစ်ပင်အိမ်မှ ကြည့်ရသလောက် ထူးခြားမှု မရှိကြောင်း၊ သို့သော် နတ်စင်ဆီသို့ သွားကြည့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖုန်းချပြီးနောက် ရွှီရှင်းသည် မြူခိုးဖုံးနေသော နေရာကို စိုက်ကြည့်ရင်း အတွေးထဲ နစ်ဝင်နေမိသည်။

ထိုစဉ်မှာပင် မီမီက ရှေ့သို့ နှစ်လှမ်းတိုးကာ အနီရောင်မြူခိုးများအတွင်းသို့ လွှားခနဲ ခုန်ဝင်သွားတော့သည်။

မီမီ၏ ကျောပေါ်တွင် အိပ်နေသော လင်းနို့မှာမူ အမြန်ပျံဆင်းကာ ရွှီရှင်း၏ ပုခုံးပေါ်သို့ လာနား၏။

မီမီ မြူခိုးများအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်မှာ ကွဲအက်သွားပြီး များပြားလှသော သွေးရောင်နွယ်ပင်များ မြေပေါ်သို့ ထိုးထွက်လာကာ မီမီကို ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

မီမီမှာမူ အလွန်လျင်မြန်သဖြင့် ထိုနွယ်ပင်များမှာ ၎င်းကို မထိနိုင်ပေ။

မီမီသည် ဆားတွင်းဝကို တစ်ပတ်ပတ်ကာ နွယ်ပင်များကြားမှ ပါးနပ်စွာ ရှောင်တိမ်းပြီး ရွှီရှင်းအနားသို့ ပြန်ထွက်လာခဲ့၏။

၎င်း၏ အပြုအမူမှာ ရွှီရှင်းအား အထဲမဝင်နဲ့ ဟု သတိပေးလိုက်ခြင်း ဖြစ်ပုံရသည်။

အနီရောင်မြူခိုးများအတွင်းက မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားချေပြီ။

နွယ်ပင်အချို့တွင် သွေးရောင်အစင်းကြောင်းများ ပါရှိပြီး အချို့မှာမူ သွေးရောင်ဆူးများဖြင့် ပြည့်နှက်နေကာ မြူခိုးများကြားတွင် တွန့်လိမ်လှုပ်ရှားနေကြသည်မှာ ဗီဇပြောင်း နွယ်ပင်တောအုပ် ကြီးတစ်ခုအလားပင်။

ရွှီရှင်း၏ အကြည့်အောက်မှာပင် ထိုနွယ်ပင်များသည် ခေတ္တမျှ လှုပ်ရှားပြီးနောက် မြေအောက်သို့ တဖြည်းဖြည်း ပြန်ဝင်သွားကြသည်။

ရွှီရှင်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွား၏။

၎င်းတို့ သေမသွားပေ။

အနီရောင်မြူခိုးများ ဖုံးလွှမ်းနေသော ဧရိယာသည် သစ်ပင်အိမ်၏ ဘေးကင်းဇုန်အဖြစ် မသတ်မှတ်တော့ပေဘူးလား။

သူသည် အနီရောင်မြူခိုးများ ပျံ့နှံ့မှုကို တားဆီးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။

သို့သော် လောလောဆယ်တွင် အထဲ၌ ဘာဖြစ်နေသည်ကို သိရန် လိုအပ်ပေသည်။

ထို့ကြောင့် သူသည် လင်းနို့လေးကို အထဲသို့ ပျံဝင်ခိုင်းလိုက်၏။

လင်းနို့လေးမှာ မြေအောက်သတ္တဝါများ၏ တိုက်ခိုက်မှုကို မခံရသော်လည်း၊ လင်းနို့နောက်သို့ လိုက်သွားသော သာမန်ငှက်ကလေးတစ်ကောင်မှာမူ မြေပေါ်က ထိုးထွက်လာသော နွယ်ပင်တစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး မြေအောက်သို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

မြေအောက်မွန်းစတားတွေက လေထဲက သတ္တဝါတွေကိုလည်း တိုက်ခိုက်တာပဲ....။

လင်းနို့လေး ပြန်ထွက်လာပြီးနောက် ခဲခဲလေးနှင့် ဆက်သွယ်ပြီး ရွှီရှင်း သိလိုက်ရသည်မှာ မြေအောက်ကျင်းကြီးမှာ ယနေ့နံနက်ကထက် ပိုမိုကျယ်ပြန့်လာပြီး၊ ဂူအတွင်းပိုင်း အနက်ဆုံးနေရာက ကြမ်းပြင်တစ်ခုလုံးကို နေရာယူထားကာ အနီရောင်မြူခိုးများကို အဆက်မပြတ် ထုတ်လွှတ်နေခြင်း ဖြစ်၏။

ရွှီရှင်းသည် တောင်ကုန်းများကို ပတ်၍ စူးစမ်းကြည့်ရာ မြူခိုးပါးသော အဝင်ဝတစ်ခုကို တွေ့ရှိခဲ့သည်။

မီမီက အရင်ဝင်သွားသော်လည်း ဘာမှမဖြစ်သဖြင့် ရွှီရှင်းလည်း ငွေရောင်ဘုရင်ကို စီးကာ အထဲသို့ ဝင်ရောက်ခဲ့သည်။

ထိုစဉ်မှာပင် နာရီမှ ကျိချောင်းယန်၏ ဖုန်းခေါ်ဆိုမှု ရောက်လာသည်။

"ရွှီရှင်း... အခြေအနေက တော်တော်ထူးဆန်းတယ်။ နတ်စင်ရဲ့ ပုံသဏ္ဌာန်က လုံးဝကို ပြောင်းလဲသွားပြီ။"

ဟာ....

ဘာတွေ ဖြစ်ကုန်ပြန်တာလဲ..။

---

အခန်း ၁၄၄ ပြီး။

All Chapters