← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 21 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 21 Ch. 265-266

အပိုင်း(၂၆၅)

နှစ်သန်းချီအတွင်း တွေ့ရခဲသော

ကုအန် သစ်ရွက်ထဲတွင် အားကုန်ထည့်ခဲ့ခြင်းမဟုတ်ဘဲ လှိုင်းများပြိုကွဲသွားစေရန်အတွက် လုံလောက်သောအားကိုသာ ထည့်ခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်ရှိ လှိုင်းကိုတော့ သူဂရုစိုက်ဖို့ပျင်းရိနေခဲ့၏။ ထိုလှိုင်းများကို တားဆီးနိုင်မည့်သူ မရှိဘူးဟု သူမယုံပေ။

အကယ်၍ ကုအန် ၀င်မပါလျှင်ပင် ထိုလှိုင်းများကိုတားဆီးနိုင်သည့်သူ သမုဒ္ဒရာထဲတွင် ရှိနေဆဲသာ။ ထိုသူများက အချိန်မကျသေး၍သာ မလှုပ်ရှားသေးခြင်းဖြစ်ပြီး သူတို့လှုပ်ရှားမည့်အချိန်က အဓိပတိဂိုဏ်းကို လှိုင်းလုံးများဖုံးလွှမ်းသွားမည့်အချိန်လည်း ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။

ထိုအချက်ကတော့ သူ့ခန့်မှန်းချက်သာ ဖြစ်၏။

နှစ်ရက်ကြာသောအခါ ဆန်းကြယ်သောကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်က ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းတစ်ဖက်ရှိ လှိုင်းများကို ဖြိုခွဲလိုက်သည်ကို ကုအန်‌တွေ့ခဲ့ရသည်။ ထိုလူက သူ့ကိုတော့ ခြိမ်းခြောက်နိုင်စွမ်းမရှိသော်လည်း အပူအပင်မဲ့ကမ္ဘာဦးအမတဖြစ်မှန်းတော့ ကုအန် အတည်ပြုနိုင်၏။

လှိုင်းများကိုဖြိုခွဲပြီးသည့်နောက် ထိုကျင့်ကြံသူလည်း ပျောက်ကွယ်သွားခဲ့သည်။

ဤကုန်းမြေပေါ်တွင် ပုန်းအောင်းနေသော ကုအန်လို ဆန်းကြယ်သည့် အစွမ်းထက်ကျင့်ကြံသူများစွာ ရှိပေသည်။ ကုအန်ကတော့ မြို့ထဲတွင်ပုန်းအောင်းနေသော်လည်း ထိုကျင့်ကြံသူအများစုသည် သူတို့ဂူများထဲတွင် တံခါးပိတ်ကျင့်ကြံနေကြကာ ကမ္ဘာ့ရေးရာကိစ္စများကို လျစ်လျူရှုထားတတ်ကြ၏။

အရင်က ကုအန် ကမ္ဘာကြီးကိုစူးစမ်းကြည့်ခဲ့စဉ်က သူဖောက်မမြင်ရသော နေရာများရှိသည်ကို တွေ့ခဲ့ရသည်။

သုံးရက်ကြာသောအခါ ပင်လယ်ပြင်ရှိသတင်းက အဓိပတိဂိုဏ်းဆီ ရောက်ရှိလာခဲ့၏။

ဆရာသခင်ဓားအရှင်က စွမ်းအားကြီးကမ္ဘာခြားနတ်အာဃာတတစ္ဆေတစ်ကောင်ကို သတ်ဖြတ်ကာ ကပ်ဘေးကို ဖြေရှင်းပေးလိုက်ခြင်း!

အဓိပတိဂိုဏ်းချက်ချင်းပင် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပြီး သတင်းကလည်းလျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

ကုအန်ကတော့ ထိုသတင်းကိုသူ့တောင်ကြားမှတပည့်များဆွေးနွေးနေသည်ကိုကြားသော်လည်း အိမ်ပေါ်မှဆင်းမလာဘဲ စာသာဆက်ဖတ်နေခဲ့လိုက်၏။

ဤမျှလောင်စွက်ဖက်မှုက သူ့ကိုပျော်ရွှင်မသွားစေပေ။ ထိုအက်ကွဲကြောင်းကြီးလုံး၀ ပျောက်သွားလျှင်တော့ သူပျော်ကောင်းပျော်မိပေလိမ့်မည်။

သို့သော် ညနေစောင်းသို့နီးကပ်လာချိန်တွင် ကုအန်တောင်အကူအညီမဲ့သွားရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့လေသည်။

ထိုသည်မှာ လွန်ခဲ့သောရက်အနည်းငယ်ကထွက်သွားသော ယုယင်ယင်ပြန်လာခြင်းပင်။

သူမပြန်လာပြီးသည့်နောက် ကုအန်ကိုချက်ချင်းလာရှာပြီး သူမကြားခဲ့ရသောသတင်းများကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောကာ ဆရာသခင်ဓားအရှင်ကို လေးစားအားကျဟန်ဖြင့် ပြောပြနေခဲ့သည်။

သူမအခြေအနေကိုလည်း ပိုမိုရှင်းလင်းစွာ နားလည်သွားခဲ့ဧ်။် ကပ်ဘေးမှာ ကောင်းကင်နှင့်မြေပြင်အားလုံးကို ဖုံးလွှမ်းသွားနိုင်သော လှိုင်းလုံးကြီးများ မြင့်တက်လာခြင်းဖြစ်ပြီး ထိုလှိုင်းလုံးကြီးထဲတွင် ကြယ်ပင်လယ်အဖွဲ့အစည်းပင် ရင်မဆိုင်နိုင်သော ကမ္ဘာခြားနတ်အာဃာတတစ္ဆေတစ်ကောင်ပါလာခြင် းဖြစ်သည်။

သူမထိုအာဃာတတစ္ဆေဘယ်လောက်ကြောက်စရာကောင်းမှန်းပင် ကုအန်ကိုရှင်းပြပေးနေခဲ့သေး၏။

ကုအန်လည်း ရေလိုက်ငါးလိုက်နေပေးလိုက်ပြီး အာဃာတတစ္ဆေကိုကြောက်ချင်‌ယောင်ဆောင်ပေးနေခဲ့သည်။ သူမဆရာသခင်ဓားအရှင်အကြောင်း စိတ်လှုပ်ရှားစွာ ပြောသောအခါတွင်မူ သူလည်းစိတ်ကျေနပ်သွားခဲ့ရသည်။

ဤအဖြစ်အပျက်ကြီးက ယုယင်ယင်အပေါ်သက်ရောက်မှုအလွန်ကြီးမားသွားခဲ့ပြီး သူမထိုအကြောင်းတစ်ယောက်ယောက်ကို ပြောပြချင်နေခဲ့ကာ အဓိပတိဂိုဏ်းမှတပည့်တစ်ယောက်က ပြောပြဖိုအသင့်တော်ဆုံးသာ ဖြစ်၏။

ဆရာသခင်ဓားအရှင်၏နှစ်သက်မှုကို ရရှိထားခြင်းမှာ အဓိပတိဂိုဏ်းကို ကောင်းကင်ကပေးသောကောင်းချီးသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ ထိုမျှသန်မာသောလူတစ်ယောက်သာ ကြယ်ပင်လယ်အဖွဲ့အစည်းတွင်နေထိုင်ခဲ့လျှင် မည်မျှကောင်းမွန်နေပါမည်နည်း။

ကုအန် နားထောင်နေရင်း တစ်ခုခုမှားနေသလို ခံစားနေရ၏။

ဘာလို့သူငါ့ကို ဒါတွေလာပြောပြနေတာလဲ!

သူမသည် သူ့ကို ဆရာသခင်ဓားအရှင်မှန်း ခန့်မှန်းမိသွားခြင်းပေလော။

တခဏလောက် ကုအန် ယုယင်ယင်ကို ဖြုံသွားမိသည်။

ယုယင်ယင်ကတော့ ကုအန်‌အတွေးကို သတိမထားမိပေ။ သူမစိတ်ထဲရှိတာကိုသာ ပြောနေပြီး သူမစိတ်ထဲ ကုအန်က ဆရာသခင်ဓားအရှင်လို့တော့တစ်ခါမှ မတွေးခဲ့ဖူးပေ။

အချိန်ကြာသောအခါ ယုယင်ယင်အားရအောင်ပြောပြီးမှ ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။

ကုအန်လည်း သူမ၏ဆရာသခင်ဓားအရှင်အပေါ်လေးစားမှုကြောင့် တောင်ကြား‌တွင်ခဏတော့ နေခွင့်ပေးလိုက်ဦးမည်ဟု ဆုံးဖြတ်လိုက်၏။

နောက်ရက်များတွင် အဓိပတိဂိုဏ်းတွင်း ဆရာသခင်ဓားအရှင်အကြောင်းသာ ပြောဆိုနေကြပြီး ပင်လယ်ရပ်ခြားမှကျင့်ကြံသူများကြောင့် ကမ္ဘာခြားနတ်အာဃာတတစ္ဆေ၏သတင်းမှာလည်း ပျံ့နှံ့သွားခဲ့သည်။

သက်ရှိစိတ်ဝိညာဥ်ဖြစ်သလို ဖျက်ဆီးမရသော မသေမျိုးတစ္ဆေ!

ကမ္ဘာခြားနတ်အာဃာတတစ္ဆေများသည် သက်ရှိများမှ ပြောင်းလဲသွားခြင်းဖြစ်သောကြောင့် အတော်လေးကြောက်စရာကောင်းလှ၏။

ယုယင်ယင်သည် နေ့တိုင်းလိုလိုအပြင်စည်းမြို့သို့သွားကာ ဆရာသခင်ဓားအရှင်၏ ခွန်အားအကြောင်း သတင်းဖြန့်ပေးနေခဲ့သည်။ ထိုအကြောင်း တပည့်များသေချာသိမှ ဆရာသခင်ဓားအရှင်ကို အဓိပတိဂိုဏ်းက ပိုလေးစားသွားမည်ဟု သူမခံစားရသောကြောင့် လုပ်နေခြင်း ဖြစ်၏။

ဆရာသခင်ဓားအရှင်လှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင်လည်း ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် ကျင့်ကြံသူများ ပိုပိုသာ များလာခဲ့သည်။

ဤအဖြစ်အပျက်က ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စောင့်ရှောက်ရသော ကျိုးယိကျင်းကိုပို၍ပင် အလုပ်ရှုပ်သွားစေသော်လည်း သူမမောမပန်းဘဲ အားအင်အပြည့်ဖြင့် ကြိုးစားနေခဲ့၏။

သူသည်ယခုအခါ သူ့ကိုယ်သူ ဆရာသခင်ဓားအရှင်၏လူဟု သတ်မှတ်ထားပြီးဖြစ်သည်။

နောက်ဆုံးတွင် ဆရာသခင်ဓားအရှင်သည် သူ့ပုခုံးကို ပုတ်သွားခဲ့ဖူးပေသည်။

ဘယ်သူက ထိုကဲ့သို့သော ဂုဏ်သရေမျိုးကို ရရှိနိုင်မည်နည်း။

ကုအန် ပင်လယ်အက်ကွဲကြောင်းရှိ ဂိုဏ်းအသီးသီးမှလူများကို လေ့လာနေခဲ့ပြီး တဖြည်းဖြည်းနှင့် ဤနေရာတွင်လူပေါင်း ၅ သန်းကိုပင် ကျော်လာပြီဖြစ်သည်။ ကြည့်ရသည်မှာအက်ကွဲကြောင်းသတင်းက သမုဒ္ဒရာတစ်ခုလုံးကို ပျံ့နှံ့သွားပုံပင်။

သူ့အကြည့်က ကောင်းကင်ဆီသို့ရောက်ရှ်ိသွားခဲ့ပြီး ကောင်းကင်ဈာန်အမတများလည်း တစ်ယောက်ပြီးတစ်ယောက် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲ ပြန်၀င်လာ‌ေနကြသည်ကို တွေ့လိုက်ရ၏။

ရှင်းလင်းစွာပင် ပင်လယ်ပြင်ရှ်ိ အင်အားစုကြီးများက စစ်ကူခေါ်နေကြခြင်းဖြစ်သည်။

ဤအရာမှာလည်း ကောင်းသောအရာသာဖြစ်၏။

သို့သော်လည်း ကုအန် တစ်ခုခုကိုမှတ်မိလိုက်ပြီး များပြားလာသောကျင့်ကြံသူအရေအတွက်ကြောင့် အာဃာတတစ္ဆေများလည်းတိုးလာမလားဟု တွေးနေမိသည်။

ကုအန်ထိုဂိုဏ်းကြီးများ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအနက်ပိုင်းထဲရှိ ပြဿနာကို ဂိုဏ်းကြီးများက သူတို့ကိုယ်တိုင်သာဖြေရှင်းနိုင်ဖို့သာ မျှော်လင့်နေခဲ့မိသည်။

သူသည်ကောင်းကင်ကြမ္မာရှင် ပါရမီရှင်လည်းဟုတ်မနေပေ။ ထို့ကြောင့် ဤကမ္ဘာပေါ်ရှိ ကိစ္စတိုင်းကို သူ့ကိုမှီခိုမနေသင့်ကြပေ။

သို့သော် ကိစ္စများက ထိုမျှလောက်ထိတော့လည်း ဖြစ်မလာနိုင်သင့်ပေ။ ဤကမ္ဘာပေါ်တွင် အမတစိတ်ဝိညာဉ်မင်းဆက်များဖြင့် ပြည့်နှက်နေပြီး သူ့နတ်အာရုံကို ချီကံကြမ္မာဖြင့်တားဆီးထားနိုင်သော ဆန်းကြယ်သည့်နေရာမျိုးပင် ရှိနေသေးသည်။

ထို့အပြင် ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေနှင့် ကြယ်ပင်လယ်အဖွဲ့အစည်းတို့လုံး၀ မယှဉ်နိုင်သော အင်အားစုများကိုလည်း တွေ့ခဲ့ဖူးသေးသည်။

ကြယ်ပင်လယ်အဖွဲ့အစည်းသည် သမုဒ္ဒရာ၏ အုပ်ချုပ်သူ၏ဆိုသော်လည်း နောက်ထပ်အုပ်ချုပ်သူများစွာ ရှိနေသေး၏။

ကုအန်၏အဆင့်အရ သူဂိုဏ်းများ အင်အားစုများ၏ ချီကံကြမ္မာကို ကြည့်ရှုနိုင်ပြီး သူ့ကြည့်ရှုမှုအရ အဓိပတိဂိုဏ်း၏ ချီကံကြမ္မာသည် ကြယ်ပင်လယ်အဖွဲ့အစည်း၏ တစ်သောင်းပုံတစ်ပုံသာရှိပြီး ကြယ်ပင်လယ်အဖွဲ့အစည်းကလည်း ထိုအမတစိတ်ဝိညာဉ်မင်းဆက် ချီကံကြမ္မာ၏ တစ်သောင်းပုံတစ်ပုံသာရှိပေသည်။

ဤကမ္ဘာကြီး၏ တကယ့်ပထမတန်းစားအင်အားစုများသည် ကောင်းကင်အပြင်ဘက်တွင်ပင် အခြေချနိုင်ကြပြီး အရင်းအမြစ်များစွာ ရရှိနိုင်ကြကာ ထိုအရာက ကြယ်ပင်လယ်အဖွဲ့အစည်းရှင်နိုင်သောအရာမဟုတ်ဘူးဟု ကုအန် ထင်၏။

ဆရာသခင်ဓားအရှင်ကြောင့် အုတ်အော်သောင်းနင်းဖြစ်မှုက ကုအန်ကိုတော့ သက်ရောက်မှုမရှိခဲ့ပေ။

သို့သော် သူယန်ကျင်းကို သင်ကြားချိန်ကိုတော့ ပိုသုံးနေခဲ့သည်။

သူလှိုင်းများကို ဖြိုခွဲပြီးချိန်၌ ယန်ကျင်းအာရုံက ထင်မြင်မှုများသည် အကြိမ်ပိုစိပ်လာခဲ့ပြီး သူ့ကျင့်ကြံခြင်းကိုပင် ထိခိုက်လာနေခဲ့ချေပြီ။

တစ်ခါကဆိုလျှင် ကုအန် သင်ကြားနေစဉ်တွင် ယန်ကျင်း ရုတ်တရက် ကြောင်ငေးသွားခဲ့ဖူး၏။ ကုအန်သူ့ကို ပြန်လှုပ်နှိုးလိုက်သောအခါ သူ့တစ်ကိုယ်လုံး ချွေးအေးများဖြင့် ရွှဲသွားခဲ့ရသည်။ သူ့အာရုံက ထင်မြင်မှုများသည် ပုံရိပ်ယောင်များဆိုတာထက် တကယ်ဖြစ်နေသလိုကိုခံစားနေရပြီး ထိုအရာက သူ့ကိုအမှန်တကယ်နာကျင်စေခဲ့၏။

ကံဆိုးစွာဖြင့် ကုအန်လည်း သူ့ကိုထိုသို့ဖြစ်စေနေသည့် ကမ္မာစွမ်းအား အရင်းအမြစ်ကို ဖယ်ရှားမပေးနိုင်ခဲ့ပေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။

နှစ်ကုန်ချိန်သို့ရောက်ရှိလာခဲ့ပြီး နှင်းများက တောင်တန်းများ တောအုပ်များအားလုံးကို ဖုံးအုပ်ထားခဲ့၏။

ဆန်းကြယ်တောင်ကြားအပြင်ဘက် မိုင်တစ်ရာလောက်ဝေးသောတောအုပ်ထဲတွင် ကုအန် ယန်ကျင်းကို အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်း သင်ကြားပေးနေခဲ့သည်။

ယန်ကျင်းတွင် မြင့်မားသောပါရမီနှင့်နားလည်နိုင်စွမ်းကိုပိုင်ဆိုင်ထားသော်လည်း အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းက နက်နဲလှပြီး သူ့အတွက်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့၏။

တခဏအကြာတွင် ယန်ကျင်း သစ်ပင်တစ်ပင်နှင့်ပင် ၀င်တိုက်မိတော့မလိုဖြစ်သွားခဲ့သော်လည်း သူ့ကိုယ်သူအချိန်မီ ထိန်းလိုက်နိုင်ခဲ့သည်။

သူကုအန်ကိုပြန်လှည့်ကြည့်ကာ တစ်ခုခုပြောဖို့ပြင်လိုက်သော်လည်း သူ့မျက်ခုံးများ ရုတ်တရက်တွန့်ကွေးသွားခဲ့၏။

ထို့နောက် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ နှင်းပြင်ပေါ် ဒူးထောက်ကျသွားခဲ့လေသည်။

ကုအန်လည်းတစ်ခုခုမှားနေသည်ကို အာရုံခံလိုက်မိပြီး တစ်ခုခုဖြစ်ပါက အဓိပတိဂိုဏ်းသတ်မထိမထားမိစေရန် ဤတောအုပ်ကို ပတ်၀န်းကျင်မှ သီးသန့်ခွဲထုတ်ပစ်လိုက်၏။

သူယန်ကျင်းဆီချဉ်းကပ်သွားလိုက်ပြီး ယန်ကျင်းပုခုံးပေါ်လက်တင်ကာ လင်းရှီသုံး၍ သူ့ကိုကူညီပေးလိုက်သည်။

ချက်ချင်းပင် ကုအန်သူ့ကိုတိုက်ခိုက်လာသော အမည်မသိကမ္မစွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူခုခံနိုင်ပါသော်လည်း တခဏတွန့်ဆုတ်သွားပြီးနောက် တမင်သက်ရောက်ခံလိုက်ရချင်ယောင်ဆောင်လိုက်၏။

ထိုအခါ သူ့စိတ်က ယန်ကျင်းရောက်ရှိနေသော ဆန်းကြယ်လှသည့် ပုံရိပ်ယောင်နယ်မြေတစ်ခုထဲ ရောက်ရှိသွားခဲ့သည်။

ယန်ကျင်းလည်း သူ့ဘေးမှ သူ့ဆရာပုံရိပ်ကိုမြင်လိုက်ရသောအခါ သက်ပြင်းချလိုက်နိုင်ခဲ့၏။

သူတစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက်တစ်ခုခုကိုခံစားလိုက်မိပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ရှေ့ရှိ နှင်းပြင်များပေါ်မှ လျှောက်လာသော အနက်ရောင်အရိပ်တစ်ခုကိုတွေ့လိုက်ရပြီး အရိပ်၏ပုံသဏ္ဍာန်အရ ထိုအရိပ်ကချပ်၀တ်တစ်စုံကို ၀တ်ထားပုံပင်။

“ဆန်းကြယ်အာဏာရှင်ခန္ဓာ နှစ်တစ်သန်းအတွင်း ရှားရှားပါးပါးမြင်ရတဲ့ ခန္ဓာတစ်ခုပဲ!”

လောဘများဖြင့်ပြည့်‌ေန‌ေသာ အေးစက်စက်အသံကြီးတစ်သံ သူ့ရှေ့မှထွက်ပေါ်လာခဲ့ပြီး သေချာနားထောင်ကြည့်ပါက ထိုအသံကြီးသည် တစ်ခုခုကိုဝါးမြိုနေပုံရပြီး ကြားရသူကို ကြောက်စိတ်ကြောင့် အရိုးထဲထိ အေးစိမ့်သွားစေနိုင်ပေသည်။

အပိုင်း(၂၆၆)

မင်းသေရင်သေ မသေရင်ငါသေမယ်

ဆန်းကြယ်အာဏာရှင်ခန္ဓာ!

ယခုအကြိမ်သည် ကုအန် ယန်ကျင်း၏ခန္ဓာအကြောင်းပထမဆုံးကြားဖူးခြင်းဖြစ်ပြီး ထိုအရာကြောင့် သူဆန်းကြယ်အရိပ်အပေါ် ပို၍ စိတ်၀င်စားသွားခဲ့သည်။

ထိုပုဂ္ဂိုလ်သည် အမတရှာဖွေတာအိုပညာရှင်ပြောသော ရှေးဟောင်းရတနာခန္ဓာပိုင်ရှင်သာ ဖြစ်ရပေလိမ့်မည်။

ပုံရိပ်ယောင်ကမ္ဘာထဲတွင် ရေခဲများ နှင်းများဖြင့်သာဖုံးလွှမ်းနေပြီး ထိုနှင်းလွှာများကြားထဲ အနက်ရောင်အရိပ်ရှိနေပုံမှာ ပုံရိပ်ကိုပို၍ ကြောက်စရာကောင်းနေစေခဲ့သည်။

ယန်ကျင်းအံကြိတ်လိုက်ကာ မေးလိုက်၏။

“ခင်ဗျားကဘယ်သူလဲ ဘာလို့ကျုပ်ကို လိုက်ပြီးနှောင့်ယှက်နေတာလဲ”

သူဤပုဂ္ဂိုလ်ကိုအရင်ကမြင်ဖူးသည်မှာ ထင်ရှားပေသည်။

ပုံမှန်အခြေအနေတွင် သူကြောက်ရွံ့မည်ဖြစ်သော်လည်း ယခုတော့ သူ့ဆရာဘေးတွင်ရှိနေသောကြောင့် ကြောက်ရမည့်အစား ဒေါသပင်ထွက်ပြနေခဲ့၏။

ထိုစဉ်အရိပ်ရပ်တန့်သွားပြီး သူ့အေးစက်နေသော မျက်လုံးအစုံကိုဖွင့်လိုက်ကာ အကြည့်များက ယန်ကျင်းဆီရောက်သွားသောကြောင့် ယန်ကျင်းတုန်ရီသွားခဲ့သည်။

“မင်းနဲ့ငါနှစ်ယောက်လုံးက ကောင်းကင်နဲ့‌ေမြပြင်ရဲ့ ချီကံကြမ္မာက ပျိုး‌ေထာင်‌ေပးထားတဲ့ ရတနာခန္ဓာတွေပဲ မင်းရဲ့ ဆန်းကြယ်အာဏာရှင်ခန္ဓာက သာမန်ရတနာခန္ဓာတွေထက် ပိုသန်မာလို့ ဒီအရှင်ကမင်းကိုအတော်လေး နှစ်သက်မိတယ် လွန်ခဲ့တဲ့နှစ်တစ်သန်းက ဒီအရှင်က မင်းလို ဆန်းကြယ်အာဏာရှင်ခန္ဓာတစ်ခုကိုဝါးမြိုခဲ့ဖူးတယ် အဲ့တာက ငါ့ချီသွေးတွေကိုတိုးမြှင့်ပေးခဲ့တယ် ငါအခုထိအဲ့ဒီအရသာကို မှတ်မိနေတုန်းပဲ” အရိပ် အတိတ်ကိုတမ်းတနေဟန်ဖြင့် ပြောလိုက်၏။

သူ့စကားလုံးများက ယန်ကျင်းကို ကြက်သီးမွှေးညှင်းထသွားစေခဲ့သည်။

ထိုကောင်သည် သူ့ကိုစားချင်နေခြင်းပေလော။

ကုအန်ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ ပြောလိုက်သည်။

“မင်းနာမည်ကိုပြောပါ ဒီသေမျိုးကမ္ဘာမှာ မင်းကဂုဏ်သိက္ခာကြီးမားတဲ့သူလားဆိုတာ ကြည့်လိုက်ကြတာပေါ့”

အရိပ်၏အကြည့်ကုအန်ဆီရောက်သွားကာ ပြုံးလိုက်သည်။

“ဒီအရှင်ရဲ့ နာမည်က မမြဲသောထျန်း တဲ့ မင်းကြားဖူးလား”

မမြဲသောထျန်းလား!

ကုအန်အတွေးနွံနစ်သွားခဲ့ပြီး ထိုနာမည်ကိုကြားဖူးသလို ဖြစ်နေခဲ့၏။

မမြဲသောထျန်း ယန်ကျင်းကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒီအရှင်က မကြာခင်‌ဒီသေမျိုးကမ္ဘာထဲဆင်းသက်လာတော့မှာ မင်းကိုတော့ နောက်ဆုံးအဖြစ်ချန်ထားမယ် အခြားရတနာခန္ဓာတွေကို ဝါးမြိုပြီးမှမင်းဆီလာခဲ့မယ် မင်းမှာပုန်းစရာနေရာမရှိဘူး ကောင်းကင်ပြင်ပကိုထွက်နေရင်တောင် ဒီအရှင်က မင်းဆီအရောက်လာမှာ မင်းအတွက် တစ်ခုတည်းသောအခွင့်အရေးက ကြိုးစားကျင့်ကြံ ဆန်းကြယ်အာဏာရှင်ခန္ဓာရဲ့ ဆန်းကြယ်မှုတွေကို ‌ဖော်ထုတ်ပြီး ပိုသန်မာလာအောင်လုပ်ထားဖို့ပဲ”

“မင်းသေရင်သေ မသေရင် ငါသေမယ်”

ယန်ကျင်းအံကိုကြိတ်လိုက်ကာ စိတ်ထဲတွင်ကြောက်ရွံ့နေပါသော်လည်း အနားတွင် သူ့ဆရာရှ်ိနေသောကြောင့် ကြောက်စိတ်ကိုထုတ်မပြလိုဘဲ အသံနက်နက်ဖြင့် ပြောလိုက်၏။

“ဒါဆိုရင်လည်း လာခဲ့လေ ခင်ဗျားဘာလုပ်နိုင်မလဲကြည့်ကြတာပေါ့!”

မမြဲသောထျန်း ကျယ်လောင်စွာအော်ရယ်လိုက်ပြီး ကျယ်ပြန့်လှသော နှင်းထုထဲ ပျောက်ကွယ်သွားခဲ့လေသည်။

ကမ္မစွမ်းအားကဖန်တီးထားသော ပုံရိပ်ယောင်များကလည်း သူနှင့်အတူ ပြိုကွဲသွားခဲ့‌၏။

ယန်ကျင်း သူ့မျက်လုံးများကိုဖွင့်လိုက်ကာ သူ့ဘေးတွင်ရပ်နေသော သူ့ဆရာကို ရှာဖွေလိုက်သည်။

ကုအန်သူ့ကိုထူပေးလိုက်ပြီး ပြောလိုက်၏။

“သူကမင်းကိုစစ်ကြေငြာသွားတာ အချိန်အဝောာ်ကြာတဲ့အထိတော့ လာနှောင့်ယှက်တော့မယ့်ပုံမပေါ်ဘူး မင်းအခု အေးအေးချမ်းချမ်းကျင့်ကြံလို့ရပြီ”

ပုံရိပ်ယောင်နယ်မြေထဲတွင် ကုအန် မမြဲသောထျန်းကို သက်တမ်းစစ်ဆေးခြင်းသုံး၍ မရ‌ခဲ့ပေ။

သို့သော် တစ်ဖက်လူ၏ ကမ္မစွမ်းအားက အနိုင်မယူနိုင်မည့်ပုံ မပေါ်သောကြောင့် သူစိတ်အေးနေခဲ့သည်။

ယန်ကျင်း စိုးရိမ်စွာပြောလိုက်၏။

“ဆရာ ကျွန်တော်ဆေးတောင်ကြားကထွက်သွားသင့်လား ဒါဆို….”

“အဓိပ္ပာယ်မရှိတာ! ကျင့်ကြံခြင်းမှာပဲ အာရုံစိုက် မင်းဒီလိုစကားမျိုးထပ်ပြောရင် ငါမင်းတာအိုအဆင့်ကို ချပစ်မယ်,” ကုအန် ခပ်တင်းတင်းဖြင့် သူ့စကားကိုဖြတ်ပြောလိုက်လေသည်။

ယန်ကျင်း ပါးစပ်ကိုဟလိုက်သော်လည်း ဘာမှမပြောတော့ဘဲ စကားလုံးများကို ပြန်သိမ်းထားလိုက်၏။

မမြဲသောထျန်း၏စွမ်းအားကို သူဖော်ပင်မဖော်ပြတတ်သောကြောင့် ထိုလူ့အပေါ် သူနက်ရှိုင်းသော ခံစားချက်ရှိနေခဲ့သည်။ သူ့ဆရာက ထိုလူ့ကိုမရှုံးနိုင်ဘူးဟု သူယုံသော်လည်း သူ့ကြောင့် သူ့ဆရာထိခိုက်ကာ ပြဿနာဖြစ်ရမှာမျိုးသည် သူမမြင်ချင်ဆုံးအရာသာ ဖြစ်၏။

ကုအန် သူလည်း မမြဲသောထျန်း၏စွမ်းအားကို သေချာမသိသေးသောကြောင့် ထိုလူ့ကို သူအလွယ်လေးကိုင်တွယ်နိုင်သည်ဟု မပြောနိုင်ခဲ့ပေ။ ယခုအဖြစ်အပျက်က ယန်ကျင်းကို ကြိုးစားကျင့်ကြံရန် ဖိအားဖြစ်စေဖို့သာ သူမျှော်လင့်နေခဲ့မိသည်။

“သူပြောတာတော့ သူကအခြားရတနာခန္ဓာတွေကို အရင်ရှာမယ်တဲ့ အဲ့ဒီရတနာခန္ဓာတွေကို အင်အားစုကြီ‌းတွေက သေချာကာကွယ်ထားကြမှာပဲ မင်းမှာကြီးထွားဖို့ အချိန်အများကြီးရှ်ိပါသေးတယ်” ကုအန် နှစ်သိမ့်လိုက်သည်။

“လူတိုင်းမှာ သူတို့ကိုယ်ပိုင်ကပ်ဘေးတွေ ကံကောင်းခြင်းတွေရှိတယ် အဲ့တာတွေကိုကျော်ဖြတ်နိုင်မှသာ လူတစ်ယောက်က ကြီးထွားလာနိုင်တာ အမတကျင့်ကြံခြင်းဆိုတာ ကောင်းကင်ကိုဆန့်ကျင်ရခြင်းပဲ မင်းမှာ အနိုင်မခံအရှုံးမပေးဘဲ ဘာကိုမှ မကြောက်ရွံ့တတ်တဲ့ နှလုံးသားတစ်ခုရှိဖို့လိုတယ်”

ယန်ကျင်းလည်း အသက်ပြင်းပြင်းတစ်ချက်သာ ရှူလိုက်မိ၏။

ဟုတ်ပေသည်။ သူအဘယ်ကြောင့် အများကြီးတွေးနေမည်နည်း။

စစ်သည်တွေလာရင် ပြန်တိုက်ထုတ် ရေတွေလာရင် ရေကာတာဆောက်!

အကယ်၍သူသာ အားကုန်ထုတ်၍ ကျင့်ကြံခဲ့လျှင် သူသေသွားခဲ့လျှင်တောင် ဘာနောင်တရစရာရှိမည်နည်း။

ထို့နောက်တွင်တော့ သူ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကိုသာ ဆက်လက်လေ့ကျင့်နေခဲ့၏။

နှင်းများထူထဲလှသော ဆောင်းရာသီတွင် ကမ္ဘာကြီးကတစ်ရောင်တည်းဖြစ်နေပြီး ကုအန်နှင့်ယန်ကျင်းတို့ တောအုပ်ထဲတွင် ပျောက်ကွယ်နေခဲ့ကြသည်။

ကုအန်ထင်ထားသလိုပင် မမြဲသောထျန်းလည်းယန်ကျင်းဆီ ပြန်မလာတော့ဘဲ ယန်ကျင်း ထိုပုံရိပ်ယောင်များကို ထပ်မမြင်ခဲ့ရတော့ပေ။

နှစ်သစ်ကူးချိန်သို့ရောက်ရှ်ိလာခဲ့ကာ ပင်လယ်ပြင်ရှိကပ်ဘေး၏ သက်ရောက်ခြင်းမခံရသော အဓိပတိဂိုဏ်းမှာ စည်ကားသိုက်မြိုက်နေခဲ့သည်။

ဤနှစ်တွင် အဓိပတိဂိုဏ်းက ပြိုင်ပွဲအသစ်တစ်ခုကျင်းပပေးဖို့ ပြင်ဆင်နေခဲ့ကြဧ်။။

နှစ်သစ်ကူးပြီးချိန်၌ လုပိုင်ထျန်း နောက်လာမည့်ပြိုင်ပွဲအကြောင်း ကုအန်နှင့်လာရောက်တိုင်ပင်ခဲ့သည်။

ဤတစ်ကြိမ်တွင် အဓိပတိဂိုဏ်းက အပြင်ခန္ဓာပြိုင်ပွဲတစ်ခုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲ၀င်များက စိတ်ဝိညာဉ်စွမ်းအားများ ဓမ္မရတနာများကိုအသုံးမပြုရဘဲ ခန္ဓာအားသက်သက်နှင့် သိုင်းကွက်များကိုသာ အသုံးပြုကြရမည် ဖြစ်သည်။

ဆွေးနွေးပြီးသည့်နောက် လုပိုင်ထျန်း ဂိုဏ်းခွဲအကြောင်း မကျေမနပ်ပြောဆိုခဲ့၏။

ယခုအခါ ဂိုဏ်းခွဲ၏စွမ်းအားက တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ဂိုဏ်းကိစ္စများကို လုပိုင်ထျန်းပင် ၀င်စွက်ဖက်၍ မရတော့ပေ။ ဂိုဏ်းခွဲကို အကြီးအကဲခန်းမနှင့် ဂုဏ်သိက္ခာမျှော်စင်ကသာတာ၀န်ယူထားပြီး ထိုအရာက လုပိုင်ထျန်းကိုအားနည်းသွားအောင် ရည်ရွယ်ထားမှန်း သိသာလှသည်။

ဤအကြောင်းကိုတော့ ကုအန် ဘာမှပြန်မပြောဘဲ နားသာထောင်ပေးခဲ့၏။

အဓိပတိဂိုဏ်းသည် ဘယ်အခြေအနေတွင်ရှိနေပါစေ ဂိုဏ်းတွင်ပဋိပက္ခများကတော့ ရှိနေမည်သာဖြစ်ပြီး ထိုအရာက အဓိပတိဂိုဏ်းသာမကဘဲ နေရာတိုင်းတွင် ဖြစ်တတ်သောအရာသာ ဖြစ်သည်။ ထိုပဋိပက္ခများက ဂိုဏ်းတစ်ခုလုံးကို မပျက်ဆီးစေသရွေ့ ကုအန်ဂရုစိုက်မည် မဟုတ်ပေ။

ဂိုဏ်းခွဲအကြောင်းပြောပြီးသည့်နောက် လုပိုင်ထျန်းစကားများက ကျိမိသားစုဆီရောက်သွားခဲ့ပြန်သည်။

ဆရာသခင်ဓားအရှင်က ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေထဲ ၀င်သွားပြီးကတည်းက ထိုနယ်မြေသည် တည်ရှိနေသေးသော်လည်း အရင်ကလောက်မလွှမ်းမိုးနိုင်တော့ပေ။ သူတို့သည် အဓိပတိဂိုဏ်းနှင့်ပင် မဟာမိတ်ဖွဲ့ခဲ့ရပြီး ထိုအဖြစ်ကြောင့် ကျိမိသားစုက အဓိပတိဂိုဏ်းနှင့် တစ်ဖန်ပတ်သက်လာခဲ့ရပြန်သည်။

လုပိုင်ထျန်းက ကျိမိသားစုအပေါ် အရင်အတိုင်းသာမြင်နေဆဲဖြစ်သော်လည်း လက်ထောက်ဂိုဏ်းချုပ်ကျိဟန်ထျန်းက ရှိနေသေးသည်။ ထို့ကြောင့် ကျိဟန်ထျန်းသည် ကျိမိသားစုကို ဂိုဏ်းခွဲတွင်နေထိုင်ကာ ဂိုဏ်းခွဲတည်ဆောက်ရာတွင်ကူညီဖို့ ပို့ထားလိုက်၏။ ဂိုဏ်းခွဲ၏လျင်မြန်စွာ တိုးတက်လာမှုက ကျိမိသားစုနှင့်လည်း သက်ဆိုင်နေခဲ့သည်။

“မင်းကျိမိသားစုက တတိယသခင်မလေး ကျိရှောင်ယုကိုမှတ်မိလား” လုပိုင်ထျန်းရုတ်တရက်မေးလိုက်သည်။

ကုအန်ခေါင်းညိတ်ပြလိုက်၏။ သို့သော် လုပိုင်ထျန်း၏ နောက်စကားလုံးများကြောင့် သူ့အမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။

“ကျိရှောင်ယုက ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေမှာ သေဆုံးသွားတယ် ဆရာသခင်ဓားအရှင် အဲ့ဒီနယ်မြေကိုရှင်းလင်းတဲ့နေ့‌ကပေါ့” လုပိုင်ထျန်းသက်ပြင်းချကာ ကုအန် အမူအရာကို အကဲခတ်လိုက်သည်။

ကုအန် မျက်နှာပေါ်တွင် တုန်လှုပ်ခြင်း ပူ‌ဆွေးခြင်း ဒေါသများ တစ်ခုပြီးတစ်ခုပေါ်လာခဲ့ပြီး နောက်ဆုံးတွင်တည်ငြိမ်သွားခဲ့၏။

ထို့နောက် သူတိတ်ဆိတ်သွားကာ တစ်ခွက်မော့သောက်လိုက်လေသည်။

ထိုကောင်လေးသည် ကျိရှောင်ယုကိုကြိုက်နေခြင်းပေလော။

တကယ်တော့ ကုအန်၏ အဓိပတိဂိုဏ်းသို့၀င်ခွင့်ကို ကျိရှောင်ယုက စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး အသွင်အပြင်တွင်လည်း ကျိရှောင်ယုရ ရှားပါးသောအလှလေးတစ်ယောက်ဖြစ်သည်။

လုပိုင်ထျန်းတွေးနေရင်း ကုအန်ကိုစောင့်ကြည့်နေခဲ့၏။

ကုအန် လူတိုင်းကို မင်သက်သွား‌ေစနုိင်‌ေသာ သူ့သရုပ်ဆောင်စွမ်းရည်ကို ကြိတ်၍ ချီးကျူးနေခဲ့၏။

အခန်းက တိတ်ဆိတ်နေခဲ့သည်။

အချိန်အတန်ကြာသောအခါ

လုပိုင်ထျန်းတိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

“အသိအကျွမ်းဟောင်းတွေဆိုတာတစ်ချိန်တော့ ထွက်သွားကြမှာပဲလေ မင်းအမတလမ်းစဉ်ကိုလျှောက်လှမ်းရင် ဒါတွေကို တွေ့ကြုံရမှာပါပဲ စကားမစပ် တကယ်စိတ်၀င်စားစရာကောင်းတဲ့ ကိစ္စတစ်ခုရှိသေးတယ်ကွ”

“ဘာများလဲ” ကုအန် သူ့ကိုမျက်လုံးလှန်ကြည့်ကာ မေးလိုက်သည်။

လုပိုင်ထျန်း ဖြေလိုက်၏။

“ကျိမိသားစုထဲမှ ကောင်းကင်သမီးတော်နောက်တစ်ယောက်ပေါ်လာတယ် သူ့နာမည်ကလည်း ကျိရှောင်ယုပဲ ငါအရင်က ကျိရှောင်ယုကိုသာ မမြင်ဖူးရင် သူ့ကိုလည်းအရင်ကျိရှောင်ယုလို့ပဲ ထင်မှာပဲ ဒါပေမယ့် သူတို့မွေးဖွားတဲ့ မိသားစုခွဲကမတူဘူး ပြီးတော့ ဒီကျိရှောင်ယုက အရင်တစ်ယောက်ထက်တောင် ပိုပြီးပါရမီကောင်းသေးတယ်”

ကုအန်စိတ်၀င်တစားမေးလိုက်၏။

“နှစ်ယောက်လုံးက ကျိရှောင်ယု နှစ်ယောက်လုံးကပါရမီကောင်းတယ် အဲ့တာက ပြန်လည်မွေးဖွားတာ ဒါမှမဟုတ် ဝိညာဉ်ပူးတာမျိုး ဖြစ်နေနိုင်လား”

လုပိုင်ထျန်းခေါင်းယမ်းလိုက်ကာ

“ငါတော့မထင်ဘူး သူ့နာမည်ကျိရှောင်ယုဖြစ်နေရတာက သူလည်း ကမ္ဘာဦးတာအိုအဆောင်တစ်ခုပိုင်လို့ မိသားစုကသူ့ကို အရင်ကျိရှောင်ယုနာမည်ပေးခဲ့တာ ကမ္ဘာဦးတာအိုအဆောင်ရဲ့ အရှိန်အဝါအရတော့ သူတို့က မတူဘူး”

“ကမ္ဘာဦးတာအိုအဆောင်ဆိုတာက ရှေးဟောင်းကျင့်ကြံသူတစ်‌ေယာက်မသေခင် သူ့ကျင့်ကြံခြင်းအဆင့်ကနေ ဖြစ်တည်လာတာ ကြည့်ရတာ ကျိမိသားစုက‌ေန အမတတစ်ပါးပေါ်ထွက်ခဲ့ဖူးတဲ့ပုံပဲ ကျိမိသားစုက ကမ္ဘာဦးတာအိုအဆောင်ကို ရရှ်ိခဲ့တာမဟုတ်ဘူး အဲ့ဒီအစားသူတို့က ဖန်တီးခဲ့တာ”

လုပိုင်ထျန်းအသံက ခံစားချက်များဖြင့်ပြည့်နေပြီး တစ်ခုခုကိုတွေးတောနေခဲ့သည်။

ကုအန်လည်း ဘာမှမတုန့်ပြန်ဘဲ သက်ပြင်းသာချလိုက်၏။

ကုအန် စကားဝိုင်းတွင် စိတ်မ၀င်စားတော့သည်ကိုတွေ့သောအခါ လုပိုင်ထျန်းလည်း မနှောင့်ယှက်တော့ဘဲ ပြန်သွားခဲ့လေသည်။

လုပိုင်ထျန်းထွက်သွားပြီးသည့်နောက် ကုအန်မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်ပေါက်လာ‌ခဲ့‌ေလသည်။

ထို‌့နောက် သူစာအုပ်တစ်အုပ်ထုတ်ကာ စတင်ဖတ်ရှုခဲ့၏။

ရွှမ်ထျန်းယီသည် ဂိုဏ်းထဲတွင်မရှိတော့သော်လည်း သူ့စာအုပ်များကို ပြန်ပြန်ပို့ပေးတတ်သည်။

ထို့ကြောင့် အစိမ်းရောင်းသူရဲကောင်းခရီးသွားမှတ်တမ်းက ဆက်ထွက်နေဆဲပင်။

ကုအန် ထိုကဲ့သို့သော ဖြစ်ရပ်မှန်ရေးသည့် စာရေးဆရာများကို သဘောကျပေသည်။

……

နွေဦးကုန်ဆုံးကာ နွေရာသီသို့ရောက်ရှိလာခဲ့ပြီး ရှုမျှော်ခင်းများက ပြောင်းလဲသွားခဲ့ပြန်၏။

ဆန်းကြယ်သန့်စင်ပင်အောက်တွင် ကုအန် ပင်စည်ကိုမှီကာ လှဲနေခဲ့ပြီး သူ့ဘေးရှ်ိ စိတ်ဝိညာဉ်ကြွက်ဖြူကို ပွတ်ပေးနေခဲ့သည်။ သူ့မျက်လုံးများကိုပိတ်ထားကာ အနားယူနေပုံပေါ်သော်လည်း တကယ်တော့ သူရှောင်ချွမ့်ဘ၀ကို ကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။

ရှောင်ချွမ်သည် မိသားစုတစ်ခုနှင့် အသက်မွေး၀မ်းကြောင်းတစ်ခုကိုတည်ဆောက်ထားကာ မြို့တစ်မြို့တွင် ပျော်ရွှင်စွာအခြေချနေပြီး သူ့ပုံရိပ်က ဆေးတောင်ကြားတုန်းကနှင့် မတူဘဲ လုံး၀ပြောင်းလဲသွားခဲ့၏။

သူ့တွင် အိမ်ထောင်ဦးစီးတစ်ယောက်၏ ပုံစံမျိုးပင် ရှိနေခဲ့ချေပြီ။

ရှောင်ချွမ့်တွင် သားတစ်ယောက်သမီးတစ်ယောက်ရှိပြီး အစေခံများစွာလည်း ခန့်ထားခဲ့သည်။ ရှောင်ချွမ်ကောင်းကောင်းရှင်သန်နေသည်ကိုတွေ့မှ ကုအန်လည်း စိတ်အေးသွားခဲ့၏။

ထို့နောက်တွင်တော့ ကုအန်အကြည့်က ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းဆီ ရောက်ရှိသွားခဲ့သည်။

အဝေးမှကြည့်လျှင်ပင် အက်ကွဲကြောင်းကြီးသည် အတော်လေးရှည်လျားနေပြီး မိစ္ဆာများ ကျင့်ကြံသူများက အက်ကွဲကြောင်းတစ်ဝိုက်၀င်ထွက်သွားလာနေကြကာ သက်ရှိစိတ်ဝိညာဉ်များ ကမ္ဘာခြားနတ်အာဃာတတစ္ဆေများကလည်း လွတ်မြောက်လာနေကြပြီး မြင်ကွင်းက အံ့ဩစရာပင်။

ကြည့်ရသည်မှာ ယခုငြိမ်းချမ်းနေမှုသည် မုန်တိုင်းမလာခင် လေပြည်တိုက်ခတ်နေပုံပင်။

တခဏကြည့်ပြီးသောအခါ တစ်ယောက်ယောက်ချဉ်းကပ်လာသည်ကို အာရုံခံမိသောကြောင့် ကုအန် မတ်တပ်ရပ်လိုက်၏။

ထိုစဉ် တိမ်စီးလာသောတစ်ယောက်ယောက် ဆေးတောင်ကြားဆီလျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ထိုသူမှာ ၀တ်ကောင်းစားလှများ၀တ်ဆင်ထားသော ကောင်မလေးတစ်ယောက်နောက်မှလိုက်လာသည့် လက်ထောက်ဂိုဏ်းချုပ် ကျိဟန်ထျန်းသာ ဖြစ်၏။

(လက်ထောက်ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်က အတူတူပဲနော်)

ကုအန် အမြန်ပင်သက်တမ်းစစ်ဆေးခြင်းသုံးလိုက်လေသည်။

[ကျိရှောင်ယု(ချီကျင့်ကြံခြင်းအဆင့် ‌၉): ၁၁/၂၄၀/၉၉၉၉]

ဘုရားသခင် သက်တမ်းအကန့်အသတ် ၉၉၉၉ ကြီးဟ!

အရင်က ကျိရှောင်ယုသည် သက်တမ်းအကန့်အသတ် ၈၉၉၉သာရှ်ိခြင်းဖြစ်ပြီး ပြန်လည်မွေးဖွားပြီးနောက် ၉၉၉၉ ဖြစ်သွားခဲ့၏။ ဤအရာက ပြန်လည်မွေးဖွား၍ ကျင့်ကြံခြင်းကြောင့် ဖြစ်နိုင်ပါသလော။

ကျိဟန်ထျန်းကုအန်ကိုတွေ့ကာ ပြုံးပြလိုက်သည်။ ကုအန် သူ့အနားရောက်လာသောအခါ ပြောလိုက်၏။

“ငါမင်းကို သူ့ကိုစောင့်ရှောက်ပေးစေချင်တယ် သူကကျိရှောင်ယုတဲ့ ကျိမိသားစုဂိုဏ်းခွဲက”

ထိုစကားကိုကြားသောအခါ ကုအန် ငယ်ရွယ်သော ကျိရှောင်ယုကို ငေးကြည့်ချင်ယောင်ဆောင်နေလိုက်သည်။

ကျိရှောင်ယုသည် ၁၁နှစ်သာရှ်ိသေးပြီး သူမအရပ်က ကျိဟန်ထျန်း တံတောင်ကိုပင် မရောက်သေးပေ။ သို့သော် သူမမျက်လုံးများက ရင့်ကျက်နေပြီး အမူအရာကတည်ငြိမ်နေသောကြောင့် ကုအန်အရင်က ကျိရှောင်ယု၏ ရင့်ကျက်မှုကိုပင် သတိရသွားခဲ့သည်။

ကုအန် အတွေးနစ်သွားသည်ကိုတွေ့သောအခါ ကျိဟန်ထျန်းရှင်းပြလိုက်သည်။

“သူက ဒီတိုင်းပဲ ဒီနာမည်ရသွားတာပါ သူမကို‌အခုတော့ ဆေးတောင်ကြားမှာ ကျင့်ကြံခွင့်ပြုလိုက်ဦး နောက်တော့ ငါပြန်လာခေါ်မယ်”

ပြောပြီးသည်နှင့် ကျိဟန်ထျန်းပျံသန်းသွားကာ မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားခဲ့၏။

ကျိရှောင်ယုနှင့် ကုအန်ကတော့ ‌မြက်ခင်းတွင်ရပ်နေကြရင်း ဘာမှမပြောကြဘဲ တိတ်ဆိတ်နေကာ လေထုက တစ်မျိုးဖြစ်နေခဲ့သည်။

ထို့နောက်တွင်တော့ ပုံရိပ်တစ်ခု ကျိရှောင်ယုရှေ့တွင်ပေါ်လာခဲ့၏။ ထိုသူက ဆောင့်ကြောင့်ထိုင်၍ ကျိရှောင်ယုကို အသေးစိတ်စစ်ဆေးနေခဲ့သည်။ ထိုသူမှာ လက်ကိုးချောင်းနတ်အရှင်ကလွဲ၍ အခြားမဟုတ်ပေ။

All Chapters