← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 21 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 21 Ch. 267-268

အပိုင်း(၂၆၇)

အထွတ်အထိပ်ရတနာခန္ဓာ၊ အရင်ဘ၀၏အိပ်မက်

“ဒီလို အခြေခံအုတ်မြစ်မျိုး ရှားတယ် ရှားတယ်”

လက်ကိုးချောင်းနတ်အရှင်အံ့အားသင့်နေခဲ့ပြီး လျှာကိုပင်သပ်နေခဲ့သည်။

ကျိရှောင်ယုကတော့ မျက်ခုံးများအနည်းငယ်တွန့်ကွေးသွားကာ သူ့ကိုကျော်၍ ကုအန်ဘေးသို့လျှောက်သွားကာ ကုအန်ဘေးတွင်ရပ်၍ သူ့ကိုခပ်တည်တည်ကြည့်နေခဲ့၏။

ကုအန်ရယ်မောကာ ပြောလိုက်သည်။

“စီနီယာ ကလေးကိုမခြောက်ပါနဲ့”

လက်ကိုးချောင်းနတ်အရှင်ထရပ်လိုက်ကာ ကုအန်ဘက်လှည့်၍ သက်ပြင်းချကာ ပြောလိုက်၏။

“ကုအန်ဒီကောင်မလေး ပါရမီက သာမန်မဟုတ်ဘူး မင်းသူငယ်တုန်း ဆက်ဆံရေးကောင်းရအောင်တည်ဆောက်ထား အနာဂတ်မှာ သူကမင်းအသက်ကို ကယ်ရင်ကယ်ပေးမှာ”

ကုအန် သာမန်အတိုင်းပြောလိုက်သည်။

“ကျွန်တော်က အဓိပတိဂိုဏ်းကဘယ်တော့မှမှ ထွက်မသွားတာ ဘာအန္တရာယ်ကြုံမှာလဲ”

“မှန်တယ်”

လက်ကိုးချောင်းနတ်အရှင်ပြုံး၍ ပြောလိုက်ပြီး ကျိရှောင်ယုကို တစ်ချက်ကြည့်ကာ ထွက်ခွာသွားခဲ့သည်။

ကုအန်ကျိရှောင်ယုကိုကြည့်၍ ရယ်မောလိုက်ကာ

“အစ်ကို့နာမည်က ကုအန်တဲ့ အခုကစပြီး အစ်ကို့ကို တောင်ကြားသခင်လို့ ခေါ်လို့ရတယ်”

ကျိရှောင်ယု အသာအယာခေါင်းညိတ်ပြလိုက်၏။ သူမအကြည့်ကတည်ငြိမ်နေခဲ့ပြီး ကုအန်ကို လုံး၀မမှတ်မိသလိုပင်။

ထိုအဖြစ်က ကုအန်ကိုအနည်းငယ်နောင်တရသွားစေခဲ့သည်။ ယခုဘ၀က ကျိရှောင်ယုသည် အရင်ဘ၀ကကျိရှောင်ယုနှင့် တူတော့ပုံ မပေါ်ပေ။

ထို့နောက် ကုအန် ကျိရှောင်ယု၏လက်သေးသေးလေးကိုဆွဲကာ အိမ်များရှိရာသို့ ခေါ်သွားခဲ့သည်။

ကျိရှောင်ယု အမူအရာကအနည်းငယ်မသက်မသာဖြစ်နေပုံပေါ်သော်လည်း သူမရုန်းမထွက်ခဲ့ပေ။

ထို့နောက် ကုအန် သူ့ကိုအန်းရှင်းဆီခေါ်သွားပြီး ဂရုစိုက်ပေးဖို့ အန်းရှင်းကို အပ်ခဲ့လိုက်၏။

သူ့တွင်လည်း သူ့အကြံနှင့်သူ ရှ်ိပေသည်။ ကျိရှောင်ယုသည် အနှေးနဲ့အမြန်အမြင့်သို့ရောက်မည့်သူဖြစ်၏။ ထို့ကြောင့် သူမသာ အန်းရှင်းနဲ့ ဆက်ဆံရေးကောင်းရှိနေပါက သူမသည်အနာဂတ်တွင် အန်းရှင်းအတွက်ထင်ရှားသော အထောက်အပံ့တစ်ခုဖြစ်လာနိုင်ပေသည်။

နောက်ဆုံးတွင်တော့ အန်းရှင်းသည် သူ့တပည့်သာဖြစ်ပြီး သူ့တပည့်၏ကောင်းကျိုးကို သူကြည့်ပေးရပေဦးမည်သာ။

သို့သော် မကြာခင်တွင် ကုအန်တံခါးခေါက်သံကြားလိုက်ရပြီး အပြင်ဘက်မှ ကလေးသံလေးတစ်သံထွက်လာခဲ့သည်။

“တောင်ကြားသခင် ကျွန်မ၀င်လာလို့ရမလား”

ကုအန်ပြန်ပြောလိုက်၏။

“၀င်ခဲ့ပါ”

တံခါးပွင့်သွားပြီး ကျိရှောင်ယု အထဲရောက်လာခဲ့သည်။

သူမသည် ကြာပန်းဖြူဂါ၀န်ကို၀တ်ဆင်ထားပြီး ဆံပင်များကိုရိုးရှင်းစွာပင် စုထုံးထားပြီး သူမပုံစံက နတ်သက်ကြွေလာသော နတ်သမီးလေးတစ်ပါးနှင့်ပင် တူနေခဲ့သည်။

သူမစားပွဲဆီသို့ရောက်လာကို ကုအန်ကိုကြည့်၍ ပြောလိုက်၏။

“တောင်ကြားသခင် ကျွန်မတစ်ယောက်တည်းနေလို့ရမလား”

သူမအသံက ကလေးသံဖြစ်နေသော်လည်း ပြောနေပုံက ရင့်ကျက်ကာ လူကြီးဆန်လှသည်။

“ဘာလို့လဲ” ကုအန်သူမကိုကြည့်၍ ပြုံးကာ မေးလိုက်၏။

ကျိရှောင်ယု ဖြေလိုက်သည်။

“ကျွန်မတစ်ယောက်တည်းနေရတာကိုကြိုက်တယ် နောက်ပြီး ကျင့်ကြံနေချိန် အနှောင့်ယှက်မခံချင်ဘူး”

ကုအန်တခဏတွေးပြီးနောက် ပြောလိုက်၏။

“အစ်ကို့အိမ်အောက်ထပ်မှာနေရင်ရော ဘယ်လိုလဲ”

သူ့အိမ်သည်နှစ်ထပ်အိမ်ဖြစ်ပြီး ပုံမှန်အားဖြင့်သူက အပေါ်ထပ်တွင်သာ နေတတ်ပေသည်။

ကျိရှောင်ယုတခဏတွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

ကုအန်ကြင်နာစွာပြုံးလိုက်ကာ

“တကယ်လို့ ညီမလေးတစ်ခုခုလိုရင် အစ်ကို့ဆီသာလာခဲ့နော် အစ်ကို့မျိုးရိုးနာမည်က ကု ဆိုပေမယ့် အစ်ကိုက ကျိမိသားစုထဲမှ ကြီးပြင်းလာတာပါ”

ကျိရှောင်ယု စိတ်၀င်တစားမေးလိုက်သည်။

“တောင်ကြားသခင်က ကျိမိသားစုထဲမှာမွေးတာလား”

“ဟုတ်တယ် အစ်ကိုက ကျိမိသားစုရဲ့ အိမ်စေတစ်ယောက်ဖြစ်ခဲ့တာလေ….” ကုအန်သူ့နောက်ကြောင်းများကို အဓိပတိဂိုဏ်းသို့၀င်ချိန်ထိ ပြောပြနေခဲ့၏။

သို့သော့်လည်း ကျိရှောင်ယုနာမည်ကိုတော့ ထုတ်မပြောခဲ့ဘဲ တတိယ‌သခင်မလေးဟူ၍သာ ပြောခဲ့သည်။

ကျိရှောင်ယု တစ်ခုခုမှတ်မိမလားဆိုတာ သူစမ်းသပ်ကြည့်ချင်နေခဲ့၏။

ကျိရှောင်ယု လေးလေးနက်နက်နားထောင်နေခဲ့သည်။ ကုအန်ပြောပြီးသောအခါ သူမေးလိုက်၏။

“တောင်ကြားသခင်ရဲ့မိဘတွေဘယ်သူလဲဆိုတာ မစုံစမ်းကြည့်ဖူးဘူးလား ကျိမိသားစု အစေခံတွေအကုန်လုံးမှာ မှတ်တမ်းတွေရှိတယ်လေ”

ကုအန် ကြက်သေသေသွားခဲ့သည်။

သူအပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သို့ရောက်စဉ်က ကျိမိသားစုသို့ပြန်ကာ အတိတ်၏ကမ္မတရားများကို ပြန်ကြည့်ခဲ့ပြီး သူ့မိဘများ၏မျက်နှာကို မြင်လိုခဲ့၏။ သို့သော် ကံဆိုးစွာဖြင့် သူတို့ကို မမြင်နိုင်ခဲ့ပေ။

ထိုအရာက အချိန်ကြာလွန်းသွား၍လော အခြားအကြောင်းအရင်းများရှိလောဆိုတာကိုတော့ သူမသိပေ။ သို့သော် ကုအန်သူ့ငယ်ဘ၀က ကမ္မတရားများကို ပြန်ကြည့်၍ မရခဲ့ပေ။

“သူတို့သရုပ်မှန်ကိုသိတော့ ဘာထူးမှာလဲ သူတို့သာ အစ်ကို့ကိုသတိရရင် အရင်ကတည်းက ပြန်လာရှာခဲ့ကြှမှာပေါ့” ကုအန် ပြန်ဖြေလိုက်သည်။

ကျိရှောင်ယု ကုအန်ရှေ့ရှိကုထားထိုင်တွင် ၀င်ထိုင်ကာ စားပွဲပေါ်လက်တင်ထားရင်း ပြောလိုက်၏။

“အဲ့တာကထူးဆန်းတယ် ကျွန်မမှာ ကျွန်မမိဘတွေအပေါ် ခံစားချက်နည်းနည်းပဲရှိတယ် အခြားကလေးတွေက သူတို့မိဘတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိကြတယ် ကျွန်မကတော့ အမေအနားကိုကပ်လာရင် သက်တောင့်သက်သာမရှိသလိုတောင်ခံစားရတယ်…”

သူမ၏ခံစားချက်များကို ပြန်ပြောပြခဲ့ပြီး ကုအန်လည်း သေချာနားထောင်နေခဲ့သည်။

ကျိရှောင်ယုသည် အရင်ဘ၀ကမှတ်ညဏ်များကို ပြန်မရခဲ့သော်လည်း သူမပင်ကိုယ်စရိုက်ကတော့ ကျန်နေသေးပုံပင်။ သူမစိတ်ဝိညာဉ်အသိညဏ်နှင့်စိတ်က ဖွံ့ဖြိုးတိုးတက်လာဖို့ လိုနေခြင်းမျိုးမဟုတ်ဘဲ ထိန်းညှိမည့်ကာလသာ လိုနေသည့်ပုံဖြစ်သည်။

ကျိရှောင်ယုက သူမကလေးဘ၀ အတွေ့အကြုံများနှင့် အတွေးများကိုပြောပြနေခဲ့ပြီး ကုအန်ကလည်းသေချာနားထောင်ကာ ဘေးလူအမြင်ဖြင့် အသေးစိတ်ခွဲခြမ်းစိတ်ဖြာပေးနေခဲ့သည်။ သူတို့နှစ်ယောက်သည် အသက်ကို ဖယ်ထားကာ စကားဝိုင်းကောင်းတစ်ခု ဖြစ်ပေါ်နေခဲ့၏။

ပြောနေရင်း ကျိရှောင်ယုမျက်နှာတွင် အပြုံးတစ်ပွင့်ဖြည်းဖြည်းချင်းပေါ်ပေါက်လာခဲ့ပြီး သူမနဂိုအေးစက်စက်အမူအရာကို ဖုံးလွှမ်းသွားခဲ့သည်။

သူတို့ညနေချိန်ထိပြောခဲ့ပြီး ထိုချိန်မှ ကျိရှောင်ယုထရပ်ကာ ပြောလိုက်၏။

“အပြင်မှာမှောင်လာပြီ ကျွန်မကျင့်ကြံရတော့မယ်”

ကုအန်လည်းခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။

ဤကောင်မလေးသည် အရင်ဘ၀ထက်တော့ စကားများလာခဲ့ပုံပေါ်သည်။

သို့သော်လည်း တစ်ခါတလေကလေးတစ်ယောက်နှင့် စကားပြောရခြင်းက ဆိုးတာတော့ မဟုတ်ပေ။

ထိုစဉ် ကျိရှောင်ယု ရုတ်တရက်ပြောလိုက်၏။

“တောင်ကြားသခင် ဘာလို့လဲမသိပေမယ့် ကျွန်မတောင်ကြားသခင်ကို တွေ့‌တွေ့ချင်း အချိန်အကြာကြီးသိခဲ့ဖူးသလို ရင်းနှီးတဲ့ခံစားချက်ရတယ်”

ကုအန်ပြန်ပြောလိုက်သည်။

“အဲ့တာက အစ်ကိုတို့ ရေစက်ပါတယ်ဆိုတာပြနေတယ် အစ်ကို့ဆေးတောင်ကြားကနေ ကြိုဆိုလိုက်ပါတယ်”

ကျိရှောင်ယုလည်း ပြုံးလိုက်ပြီး လူကြီးလေးတစ်ယောက်လိုဦးညွတ်အရိုအသေပေးလိုက်၏။

သူမတံခါးပိတ်သွားပြီးနောက် ကုအန်လည်း ဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေခဲ့လိုက်သည်။

ညရောက်ချိန်တွင် ကုအန်အောက်ထပ်မှကျိရှောင်ယု

စွမ်းအင်စုပ်ယူနေတာကို ခံစားမိခဲ့၏။

သူကမ္ဘာဦးတာအိုအဆောင်၏တည်ရှိမှုကိုလည်း သတိထားမိခဲ့သည်။

ကမ္ဘာဦးတာအိုအဆောင်သည် မယုံနိုင်စရာစွမ်အားများဖြင့်ပြည့်နေပြီး ကျိရှောင်ယု၏ ကျင့်ကြံခြင်းကို ကူညီပေးနေခဲ့၏။

ထို့နောက်တွင်တော့ ကုအန် ကျိရှောင်ယုကိုစစ်ဆေးမနေတော့ဘဲ စာအုပ်ကိုသာ အာရုံစိုက်၍ ဖတ်ခဲ့သည်။

…….

ကောင်းကင်ပြာကြီးအောက်တွင် ပင်လယ်ကလည်းပြာလဲ့နေပြီး ကျွန်းများကလေထဲတွင် ပေါလောပေါ်နေကြကာ ကျေးငှက်များက အတူတကွပျံသန်းနေကြပြီး ကျင့်ကြံသူများလည်း ဥဒဟို၀င်ထွက်သွားလာနေခဲ့ကြသည်။

ကျွန်းမျောကြီးတစ်ခုပေါ်တွင် နန်းတော်ကြီးများတည်ရှိကာ မြေပြင်က ပင်လယ်ပြင်ကဲ့သို့ပင် ပြာလဲ့ကာ တောက်ပနေခဲ့၏။

အန်းဟောင် ရေကန်တစ်ခုထဲတွင် တင်ပလ္လင်ခွေထိုင်နေပြီး သူ့ပတ်ပတ်လည်တွင် မြူများက၀န်းရံထားကာ သူ့ဆံပင်နက်‌များက လေတွင်အနည်းငယ်မျောလွင့်နေပြီး သူ့ကိုယ်မှ မီးတောက်လို အလင်းရောင်အနည်းငယ် တောက်ပနေခဲ့သည်။

ထိုစဉ် ရေကန်ဘေးတွင် ပုံရိပ်တစ်ခုပေါ်လာခဲ့ပြီး ထိုပုံရိပ်မှာ အမတတစ်ပါး၏ အရှိန်အဝါရှိပြီး ၀တ်ရုံရှည်ကို၀တ်ဆင်ထားကာ လက်ထဲတွင် မြင်းမြှီးယပ်ကိုကိုင်ထားသည့် သူတစ်ယောက်ဖြစ်သည်။ သူ့ပတ်ပတ်လည်တွင်လည်း ပုံသဏ္ဍာန်မတူညီသော ဓားသုံးချောင်းက ပေါလောပေါ်နေခဲ့ကြသည်။

“တပည့် ဒီကာလအတွင်းမင်းကြယ်ပင်လယ်အဖွဲ့အစည်းက လုံး၀ ထွက်သွားလို့မဖြစ်ဘူး ဆရာ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကိုသွားရမယ် ဘယ်တော့ပြန်လာရမလဲဆိုတာ မသိဘူး” ၀တ်ရုံရှည်နှင့်လူ ပြောလိုက်သည်။

သူသည် သူတော်စင်ဖူချန်းဟု လူသိများသူဖြစ်ပြီး ဤနေရာ၌ အန်းဟောင်၏ဆရာဖြစ်သည်။

အန်းဟောင်မျက်လုံးများပွင့်လာကာ သူ့ကိုကြည့်၍ မျက်မှောင်ကြုံ့လိုက်ပြီး

“ဘာလို့ထွက်သွားလို့မရတာလဲ ကျွန်တော့်မှာကမ္ဘာခြားနတ်မြို့တော်လည်းမရှိဘူးလေ”

ရှင်းလင်းစွာပင် သူလီယ ကန့်သတ်ခံထားရခြင်းကို မကျေနပ်ပေ။ ဘာပဲပြောပြော သူနှင့်လီယသည် ဂိုဏ်းတစ်ခုထဲမှလာသော အသိအကျွမ်းများဟု ပြော၍ရသောကြောင့် ထိုသို့သောသူမျိုး အခုလိုခံစားနေရတာကို သူမည်သို့ပျော်နိုင်မည်နည်း ။

သူတော်စင်ဖူချန်း ခေါင်းကိုယမ်းလိုက်ကာပြောလိုက်၏။

“မင်းအခြေအနေက ကွဲပြားတယ် မင်းပြဿနာကပိုကြီးတယ် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲမှာ ရှေးဟောင်းရတနာခန္ဓာကိုပိုင်တဲ့ ကမ္ဘာခြားနတ်အာဃာတတစ္ဆေတစ်ကောင်ရှိတယ် သူကတစ်ခါတုန်းက ကောင်းကင်အပြင်ကိုတက်လှမ်းနိုင်ခဲ့ပြီးတော့ သူ့ဘွဲ့ထူးက မမြဲသောထျန်းတဲ့ အဲ့ဒီ မမြဲသောထျန်းက တစ်ကမ္ဘာလုံးက ရတနာခန္ဓာတွေအားလုံးကိုဝါးမြိုဖို့ စီစဉ်ထားခဲ့တာ သူမင်းကိုလည်း မလွဲမသွေ ပစ်မှတ်ထားလာမှာပဲ နောက်ပြီး သူ့တာအိုအဆင့်ကလည်း မြေလျှောက်အမတအဆင့်ထက်မြင့်တယ်”

မြေလျှောက်အမတ တစ်ပါးထက် သန်မာတယ်!

အန်းဟောင်မျက်နှာအနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူအမတလမ်းစဉ်အဆင့်များအကြောင်းသိပြီဖြစ်သော်လည်း သူသိသလောက်က မြေလျှောက်အမတထိသာ သိထားခြင်းဖြစ်သည်။ ထိုအထက်အဆင့်များကိုတော့ အလွယ်တကူထုတ်မပြောဖို့ ဂိုဏ်းကတားမြစ်ထားခဲ့သည်။

သူတော်စင်ဖူချန်း နှစ်သိမ့်ပေးလိုက်၏။

“တကယ်လို့မင်းသာ ကြယ်ပင်လယ်အဖွဲ့အစည်းထဲမှာနေရင် သူမင်းကိုဘာမှလုပ်မရပါဘူး အဲ့တော့ အပြင်လျှောက်မသွားနဲ့ ဂိုဏ်းက ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအောက်ခြေက ကမ္ဘာခြားနတ်အာဃာတတစ္ဆေတွေအားလုံးကို သတ်ပြီးတဲ့အချိန်ထိစောင့်နေ”

အန်းဟောင်ခေါင်းညိတ်ပြလိုက်သည်။

သူမမြဲသောထျန်း၏ခွန်အားကို ကံစမ်း၍ စိန်ခေါ်လိမ့်မည်မဟုတ်ပေ။

သူ့ပါရမီကအရမ်းကောင်းသော်လည်း ခွန်အားအရာတွင်တော့ သူသည်သမုဒ္ဒရာတွင်အောက်ခြေအဆင့်သာရှ်ိသေးမှန်း သူသိ၏။

ထို့နောက်တွင်တော့ သူဝောာ်စင်ဖူချန်း သူ့ကိုညွှန်ကြားချက်အနည်းငယ်ပေးကာ ပြန်သွားခဲ့သည်။

အန်းဟောင်လည်း သူညာလက်ကိုမြှောက်လိုက်ကာ မီးတောက်တစ်ခု သူ့လက်ဖဝါး‌ေပါ်တွင်တောက်လောင်လာခဲ့ပြီး ထိုမီးတောက်က နေလုံးလေးတစ်ခုအဖြစ် သိပ်သည်းသွားခဲ့၏။ နေလုံးအလင်းရောင်က သူ့မျက်နှာကိုဟပ်နေခဲ့ပြီး သူ့မျက်နှာ တည်ကြည်နေခဲ့လေသည်။

….

နွေရာသီ၏အပူက ပြင်းလွန်းလှသည်။

တတိယတောင်ကြားတွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီး၍ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာခဲ့၏။ ယနေ့တွင် သူထျန်းယတောင်ကြားသို့ ဆေးပင်ရိတ်သိမ်းရန် သွားခဲ့ရပြီး ဆန်းကြယ်တောင်ကြားတွင်လည်း တစ်နာရီလောက် ၀င်နားခဲ့သေးသည်။

ကုအန်ခပ်လှမ်းလှမ်းရှိ ဆန်းကြယ်သန့်စင်ပင်အောက် လှမ်းကြည့်လိုက်၏။

ထိုအပင်အောက်တွင် ကျိရှောင်ယုရပ်နေ‌ကာ အပင်ကိုစိုက်ကြည့်နေပြီး သူမဘေးတွင်တော့ လီလင်းထျန်ရှိနေပြီး တစ်ခုခုပြောနေခဲ့သည်။

ကုအန်နွားသိုးကိုပုတ်လိုက်ပြီး ထိုနေရာသွားဖို့ အချက်ပြလိုက်၏။

“ကောင်မလေး ငါ့ဓားပညာက တကယ့်အံ့ဖွယ်ပဲနော် နင်မသင်ချင်တာသေချာလား”

“နင်သင်သင့်တယ်နော် နင့်ပါရမီကသာမန်မဟုတ်တာ ငါသိတယ် နင်ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လျှို့ဝှက်သိုင်းတစ်ခုခုတော့ လို‌တယ်”

“ဘာလို့ပြန်မဖြေတာလဲ ငါက လက်ရှိမင်းဆက်ရဲ့ အိမ်ရှေ့မင်းသားနော်”

သူဘာပြောပြော ကျိရှောင်ယုကသူ့ကိုလျစ်လျူရှုထားသောကြောင့် သူစိတ်တိုလာခဲ့သည်။

ထိုအခိုက်တွင် ကုအန်အသံထွက်ပေါ်လာခဲ့၏။

“အရင်ဆုံး မင်းဓားပညာနဲ့ ကျင်းအာကိုနိုင်အောင်လုပ်ပါဦး ပြီးမှသူများကိုစည်းရုံး”

လီလင်းထျန်အမြန်လှည့်ကြည့်လိုက်ပြီး မအီမသာဖြစ်၍ ရှုံ့မဲ့သွားခဲ့သည်။

ကုအန် ‌နွားသိုးပေါ်မှဆင်းလာပြီး ကျိရှောင်ယုဆီလမ်းလျှောက်လာကာ

“သူမကိုမနှောင့်ယှက်ပါနဲ့ မဟုတ်ရင် အစ်ကိုမင်းကို ကျင်းအာကိုလေ့ကျင့်ခိုင်းမှာနော်”

လီလင်းထျန်မျက်နှာအနည်းငယ်ပြောင်းလဲသွားပြီးနောက် ချက်ချင်းထွက်သွားခဲ့သည်။

ကုအန် ကျိရှောင်ယုဆီရောက်သောအခါ သူမက ဆန်းကြယ်သန့်စင်ပင်ကို စိုက်ကြည့်နေဆဲပင်။

သူမနောက်တွင်တော့ သွေးအကျဉ်းထောင်မဟာသူတော်စင်က လီလင်းထျန်ကို နာအောင်ပြောနေပြီး ထိုနွားသိုးသည် လီလင်းထျန်းကိုတွေ့တိုင်း နှိမ်နှိမ်ပြော‌တတ်သည်။

ကုအန် ကျိရှောင်ယုကိုကြည့်ကာ ကြိတ်၍ အံ့အားသင့်သွားခဲ့၏။

သူမသည် တောင်ကြားထဲရောက်ပြီး တစ်လတည်းနှင့် ညဏ်အလင်းပွင့်နေခြင်းပေလော။

ဒါက ကြမ်းလွန်းတယ်!

သူကျိရှောင်ယုကိုမနှောင့်ယှက်ဘဲ အခြားတပည့်များမနှောင့်ယှက်စေရန်ဘေးတွင်သာ စောင့်ရှောက်ပေးနေခဲ့သည်။

ဆည်းဆာချိန်မတိုင်ခင်တွင် ကျိရှောင်ယု အသိပြန်၀င်လာခဲ့၏။

ဤအရာက သူမ၏အလိုလိုတုန့်ပြန်မှုဟု ကုအန်ထင်ပြီး သူမသည် ညရောက်လျှင်ကျင့်ကြံဖို့ အလိုလိုတုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ကျိရှောင်ယု ကုအန်ကိုလှည့်ကြည့်ကာ ပြုံးလိုက်၏။

“တောင်ကြားသခင်အစ်ကို ဘာလို့ဒီမှာရှိနေတာလဲ ဒီနေ့အတွက်အလုပ်တွေပြီးပြီလား”

ကုအန်သူမခေါင်းကိုပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုပြီးတာကြာပါပြီ ညီမလေးအခုဘာတွေစဉ်းစားနေတာလဲ”

ကျိရှောင်ယုသည် ကုအန်ခေါ်ခိုင်းသောကြောင့် သူ့ကိုအစ်ကိုဟုခေါ်နေပြီဖြစ်ပြီး အစကတော့ သူမအူကြောင်ကြောင်ဖြစ်နေပါသော်လည်း နောက်တော့ အသားကျသွားခဲ့သည်။

ကျိရှောင်ယု ပြန်စဉ်းစားလိုက်ကာ ပြောလိုက်သည်။

“ညီမလေး မှတ်ညဏ်အချို့ကိုပြန်မြင်နေရတဲ့ပုံပဲ အဲ့တာကညီမလေးမှတ်ညဏ်တွေ ဒါပေမယ့် ညီမလေးတစ်ခါမှအဲ့တာတွေကို မတွေ့ကြုံခဲ့ဖူးဘူး”

“အို့ ညီမလေးဘာမြင်ခဲ့ရလို့လဲ”

“ညီမလေးက ကောင်းကင်ပေါ်မှာရပ်နေချိန် လူတွေမိစ္ဆာတွေအများကြီးက ညီမလေးရှေ့မှာ ဒူးထောက်နေတာကို မြင်ခဲ့ရတာ”

ပြောနေရင်း ကျိရှောင်ယုမျက်နှာ သဘာ၀မကျဖြစ်သွားခဲ့၏။ သူမအိပ်မက်မက်နေသလိုခံစားရပါသော်လည်း ထိုအရာများကို သူမအမှန်တကယ်မြင်လိုက်ရခြင်း ဖြစ်သည်။

အပိုင်း(၂၆၈)

ကမ္ဘာခြားနတ်အာဃာတတစ္ဆေဘုရင်၊ပင်လယ်ဗုဒ္ဓဂိုဏ်း

ကုအန် မေးလိုက်သည်။

“ညီမလေး ဘာတွေမြင်ခဲ့သေးလဲ”

ကုအန်ကသူ့ကိုသံသယမရှ်ိတာကိုတွေ့သောအခါ ကျိရှောင်ယု ဆက်ပြောပြခဲ့သည်။

သူမသည် သူမနောက်မှလူပေါင်းများစွာ လိုက်ဖမ်းနေသည်ကိုမြင်ခဲ့ရသလို ပင်လယ်ကြမ်းပြင်သို့ နန်းတော်တစ်ခုကိုရှာဖွေရန် ခုန်ဆင်းသွားသည်ကိုလည်းမြင်ခဲ့ရပြီး ကောင်းကင်ရှိကြယ်များကို ခူးဆွတ်နေသည်ကိုပင် မြင်ခဲ့ရသည်။

နားထောင်ပြီးသည့်နောက် ကုအန်ပြောလိုက်ဧ။။်။

“ညီမလေးအားရင် ဒီကိုခဏခဏလာလို့ရတယ်နော်”

သို့သော် ကျိရှောင်ယုခေါင်းယမ်းလိုက်ကာ

“မေ့လိုက်ပါတော့ ညီမလေးအလိုလိုသိစိတ်က အဲ့ဒီမှတ်ညဏ်တွေကို မထိဖို့ပြောနေတယ်”

ပြောပြီးသည့်နောက် ကျိရှောင်ယုလှည့်ထွက်သွားခဲ့သည်။

ကုအန်သူမနောက်ကျောကိုကြည့်နေရင်း ပြန်လည်မွေးဖွားခြင်းက သူမပါရမီကိုသာတိုးမြှင့်စေဖို့မဟုတ်ဘူးဟု ခံစားလိုက်ရ၏။

သေချာတွေးကြည့်ပါက ကျိရှောင်ယု၏ ကမ္ဘာဦးတာအိုအဆောင်တွင်ပါ၀င်သော စွမ်းအားက အလွန်ကြီးမားလှပြီး နိဗာနအဆင့်ကိုရောက်ဖို့ ကောင်းကောင်းကြီး လုံလောက်ပေသည်။

ဤပြန်လည်မွေးဖွားခြင်းတွင်ပုန်းကွယ်နေသော အခြားအကြောင်းပြချက်များ ရှ်ိနေပါသလော။

ကုအန်ခေါင်းယမ်းလိုက်ပြီး ထိုအကြောင်းကိုသူအများကြီး မတွေးချင်တော့ပေ။ နောက်ဆုံးတွင် ကျိရှောင်ယုကလည်း သူ့တောင်ကြားတွင် အမြဲတန်းနေမည့်သူ ဟုတ်မနေခဲ့ပေ။

…..

နွေရာသီကုန်ချိန်တွင် ကုအန် အမတရှာဖွေကျွန်းသို့ ရောက်လာခဲ့၏။

သူ့နတ်အာရုံဖြင့်စစ်ဆေးကြည့်လိုက်သော်လည်း အမတရှာဖွေတာအိုပညာရှင်ကို ဘယ်မှာမှမတွေ့ရတော့ပေ။ ထိုလူအမှန်တကယ် ထွက်ပြေးသွားခြင်းပေလော။

သူခေါင်းယမ်းလိုက်ကာ လမ်းမများပေါ် လျှောက်ကြည့်နေခဲ့လိုက်သည်။ ဤတစ်ကြိမ်တော့ သူဟူရှောင်ကျင်းကိုမခေါ်ခဲ့တော့ပေ။

ဆေးမျိုးစေ့များ ၀ယ်မည့်အပြင် ဤတစ်ခေါက်တွင် သူ မမြဲသောထျန်း၏အကြောင်းကိုလည်း စုံစမ်းချင်နေခဲ့၏။

ယခုအခါ ပင်လယ်ပြင်တွင် တိုက်ပွဲများက နေရာအနှံ့တွင်ဖြစ်ပွားနေပြီဖြစ်ပြီး ကောင်းကင်ဈာန်အမတများကြားထဲတွင်ပင် ပဋိပက္ခများဖြစ်လာခဲ့ကြသည်။ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲမှလည်း အာဃာတ‌တစ္ဆေများ ပိုပိုထွက်လာခဲ့ကြပြီး အချို့က အုပ်စုလိုက်ထွက်လာခြင်းဖြစ်ကာ အချို့ကတော့ တစ်ကောင်တည်းဖြစ်သည်။

ထိုတစ်ကောင်တည်းထွက်လာသော အာဃာတတစ္ဆေများမှာ အလွန်သန်မာကြ၏။ ဤနေရာကို သတင်းအချက်အလက်ရရန်လာခြင်းဖြစ်သောကြောင့် ကုအန် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကိုတော့ ဆက်ကြည့်မနေခဲ့တော့ပေ။

လမ်းပေါ်မှလူများပြောသော သတင်းများနှင့်ပင် လုံလောက်နေပြီဖြစ်သည်။

ပြောကြသည်မှာ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းတွင် ကမ္ဘာခြားနတ်အာဃာတတစ္ဆေဘုရင် ၉ ပါးရှိပြီး တစ်ကောင်ချင်းစီက အလွန်သန်မာကြကာ ဂိုဏ်းကြီးများနှင့်ပင် ယှဉ်နိုင်သည်ဟု ဆိုကြသည်။ ထိုထဲမှ အချို့ဆိုလျှင် အထွတ်အထိပ်အမတရတနာများကိုပင် ကိုင်ဆွဲထားကြသေးသည်။

ကြယ်ပင်လယ်အဖွဲ့အစည်းက ထိုထဲမှ တစ္ဆေဘုရင်တစ်ပါးနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အတော်လေးလည်း ဆုံးရှုံးမှုကြီးမားခဲ့ရသည်။

လူသိများသော အာဃာတတ‌စ္ဆေဘုရင် သုံးပါးမှာ မမြဲသောထျန်း၊ ဖီဆန်သောကျုးယူနှင့် ယင်ယန်အပျက်အဆီးတို့ ဖြစ်ကြ၏။

သူတို့သုံးယောက်လုံးသည် ကောင်းကင်ကိုပင်လှုပ်ခါနိုင်သော စွမ်းရည်များရှိကြသူများ ဖြစ်ကြသည်။

မမြဲသောထျန်းသည် ကြယ်ပင်လယ်အဖွဲ့အစည်းနှင့်ပင် ယှဉ်တိုက်နိုင်ပြီး အဖွဲ့အစည်းမှ ပါရမီရှင်တစ်ယောက်ကို ဝါးမြိုကာ အေးအေးဆေးဆေးပြန်ထွက်သွားသောကြောင့် သူ့အမည်က ထိုတိုက်ပွဲမှစ ထင်ရှားသွားခဲ့သည်။

ဖီဆန်သောကျူးယူကတော့ ကျူးယူပင်လယ်မြူများကို ဖန်တီးကာ ပင်လယ်ပြင်ကိုအကြီးအကျယ်ပျက်ဆီးစေခဲ့ပြီး သူ့မြူများထဲ ဖြတ်သန်းသွားသော ပင်လယ်သတ္တဝါမှန်သမျှက အရိုးဖြူများအဖြစ် ပြောင်းလဲသွားကြရသည်။

ယင်ယန်အပျက်အဆီးက ပို၍ပင်ကြောက်စရာကောင်းသေးပြီး ထိုကောင်‌သည် ဝိညာဉ်များကိုဖမ်းကာ တိုက်ရိုက်တစ္ဆေစစ်သားများအဖြစ် ပြောင်းလဲပစ်သူဖြစ်သည်။

ထိုတစ္ဆေဘုရင်သုံးပါးက စုပေါင်း၍မတိုက်ခိုက်ကြသော်လည်း တစ်ယောက်ချင်းစီကပင် ပင်လယ်ပြင်အတွက် ကပ်ဘေးကို ယူဆောင်‌လာပေးကြသူများ ဖြစ်ကြ၏။

ပင်လယ်ပြင်တွင် သတင်းကောင်းလည်း ရှိနေသေးသည်။ ထိုသတင်းကောင်းမှာ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းတွင် အထွတ်အထိပ်အမတရတနာတစ်ခုပေါ်လာခဲ့ပြီး ထိုရတနာကို ပင်လယ်ဗုဒ္ဓကျောင်းတော်မှ ဘုန်းကြီးတစ်ပါးက ရရှိသွားသည်ဟု ပြောကြသည်။

ပင်လယ်ဗုဒ္ဓဂိုဏ်းသည် အလွန်ဝေးသောနေရာမှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး အမတရှာဖွေကျွန်းပေါ်မှလူများပင် သေချာမသိကြဘဲ ထိုဂိုဏ်းက အလွန်စွမ်းအားကြီးတယ်ဆိုတာလောက်သာ သိကြ၏။

ကုအန်တစ်နာရီခန့်လျှောက်ကြည့်ပြီးမှ ဆေးမျိုးစေ့များ စတင်၀ယ်ယူခဲ့သည်။

သူ၀ယ်လို့မပြီးခင်တွင် ကောင်းကင်၌မိုးကြိုးတိမ်တိုက်များ ထိုးတက်လာခဲ့ပြီး ကျွန်းတစ်ကျွန်းလုံးက မည်းမှောင်လာခဲ့၏။

ကုအန် ထိုအဖြစ်အပျက်ကိုသတိထားမိသော်လည်း ကြောက်ရွံ့မသွားဘဲ ဆေးပင်များသာ ဆက်၀ယ်နေခဲ့သည်။

သူဆေးပင်၀ယ်သည့် နေရာ၏ဂိတ်တံခါးမှထွက်လာသောအခါတွင်မူ အမတရှာဖွေကျွန်းတစ်ခုလုံးက ညလိုပင်ဖြစ်နေချေပြီ။

ထို့နောက်ကုအန်အကြည့်က အမှောင်ထဲမှထွက်ပေါ်လာသော တစ္ဆေတစ်ကောင်ဆီရောက်ရှိသွားခဲ့သည်။

ထိုကောင်၏ တစ်ကိုယ်လုံးကနက်မှောင်နေပြီး ကိုယ်ပေါ်တွင် သွေးနီရောင်အက်ကြောင်းများရှိနေပြီး သူ့ပုံက လှိုင်းလုံးကြီးထဲက ပေတစ်ထောင်ခန့်မြင့်သောပုံရိပ်နှင့် ဆင်တူနေခဲ့သည်။

အမှောင်ထဲမှ ထွက်လာပြီးသည့်နောက် ပတ်ပတ်လည်သို့ကြည့်လိုက်ကာ သူ့မျက်နှာပေါ်ရှိ မျက်လုံး၆လုံး၏အကြည့်က ကုအန်ဆီ ရောက်ရှိသွားခဲ့သည်။

နားကွဲလုမတတ်ဟိန်းဟောက်သံကြီးနှင့်အတူ တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြပြီး မြို့ပေါ်သို့ မကောင်းဆိုးဝါးထောင်ချီ တက်လာခဲ့ကြ၏။

မျက်လုံး၆လုံး အာဃာတတစ္ဆေလည်း ဟိန်းဟောက်လိုက်ကာ မိုးကြိုးပစ်သလိုခုန်လိုက်ပြီး ကုအန်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ချဉ်းကပ်လာခဲ့သည်။

ဝုန်းး!

မျက်လုံး ၆လုံးအာဃာတတစ္ဆေချက်ချင်း ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့၏။

ကုအန်ရှေ့ဆက်လျှောက်နေလိုက်ပြီး မြို့တစ်ခုလုံးတွင်တော့ တိုက်ပွဲများဖြစ်နေခဲ့ကြသည်။ မြောက်များစွာသော ကျင့်ကြံသူများ မိစ္ဆာများက ကောင်းကင်တွင်ပျံသန်းနေကြပြီး မရေတွက်နိုင်သော အာဃာတတစ္ဆေများက နောက်မှလိုက်နေခဲ့ကြသည်။

ကုအန် မည်သည့်သက်တမ်းမှမရရှ်ိသောကြောင့် အာဃာတတစ္ဆေများကိုလိုက်ဖမ်းမည့် အစီအစဉ်ကို စွန့်ပယ်လိုက်၏။

အကျိုးအမြတ်မရှ်ိလျှင် ဤနေရာတွင် သူအကြာကြီးနေစရာလည်း လို‌မနေတော့ပေ။

ထို့နောက် သူအကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကိုသုံး၍ အမတရှာဖွေကျွန်းမှ ထွက်ခွာလာခဲ့သည်။

အဓိပတိဂိုဏ်းသို့ပြန်ရောက်ပြီးနောက် ကုအန် ဆန်းကြယ်တောင်ကြားသို့ ခပ်အေးအေးပင် လမ်းလျှောက်၀င်သွားခဲ့၏။

နွေအပူကြောင့် တပည့်များက အခန်းထဲတွင်သာ ကျင့်ကြံနေကြသောကြောင့် ကုအန်လည်း သူ့အခန်းထဲ၀င်ကာ အနားယူခဲ့သည်။ ညနေချိန်မှ သူတတိယတောင်ကြားသို့ ပြန်သွားခဲ့၏။

အခုလို လျှောက်သွားနေခြင်းကြောင့် အခြားသူများအမြင်တွင် ကုအန်ကို အလုပ်ရှုပ်သူဟု ထင်နေပါသော်လည်း တကယ်တော့ သူကထိုကဲ့သို့သော ဘ၀နေထိုင်မှုမျိုးကို ပျော်ရွှင်စွာ ခံစားနေခြင်းသာ ဖြစ်သည်။

တတိယတောင်ကြားသို့ပြန်ရောက်သောအခါ ကုအန် လက်ကိုးချောင်းနတ်အရှင်နှင့် လူတစ်ယောက် စစ်တုရင်ကစားနေသည်ကိုတွေ့လိုက်ရပြီး ထိုသူက အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်မှလွဲ၍ အခြားမဟုတ်ပေ။

လုလင်ကျွမ်းကသူမဘေးတွင်ရပ်ကာ ကစားပွဲကိုကြည့်နေသောကြောင့် ကုအန်လည်းစိတ်၀င်စားသွားပြီး ထိုနေရာသို့ သွားလိုက်၏။

သူလုလင်ကျွမ်းဘေးရောက်သောအခါ လက်ကိုးချောင်းနတ်အရှင်ပြုံး၍ ပြောလိုက်သံကို ကြားလိုက်ရသည်။

“မင်းထပ်ရှုံးပြန်ပြီ”

တပည့်များအားလုံးလည်း သူ့ကျွမ်းကျင်မှုကို ဝိုင်းချီူးကျူးလိုက်ကြ၏။

မြင့်မြတ်မိခင်ကတော့ တည်ငြိမ်နေဆဲသာ။ သူလက်ကိုးချောင်းနတ်အရှင်ကိုကြည့်လိုက်ပြီး‌ မေးလိုက်သည်။

“စီနီယာ့ရဲ့ အမည်နဲ့ ဘယ်ဂိုဏ်းကလာသလဲဆိုတာ သိခွင့်ရှိမလား”

လက်ကိုးချောင်းနတ်အရှင် လက်ယမ်းလိုက်ကာ ပြောလိုက်သည်။

“ဒါက စစ်တုရင်တစ်ပွဲပါပဲ အဲ့လောက်စိတ်၀င်စားနေစရာမလိုပါဘူး ပင်လယ်ဗုဒ္ဓဂိုဏ်းကမင်းကို အပြုအမူတွေအကြောင်း သင်မပေးထားဘူးလား”

ထိုစကားကိုကြားသောအခါ မြင့်မြတ်မိခင်အမူအရာအနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သို့သော် သူမဘာမှတော့ ပြန်မပြောခဲ့ပေ။ ထို့နောက် သူမထရပ်လိုက်ပြီး လက်ကိုးချောင်းနတ်အရှင်ကို ဦးညွတ်အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်။

လုလင်ကျွမ်းသူမနောက်ကိုလိုက်မသွားဘဲ သူ့ဘေးမှကုအန်ကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်၏။

“နင်ဒီစီနီယာကို ဘယ်လိုအနိုင်ယူခဲ့တာလဲ”

ထိုစကားကြောင့် လက်ကိုးချောင်းနတ်အရှင်အနည်းငယ်ရှက်သွားပြီး အခြားတပည့်များကိုကစားဖို့ ခေါ်လိုက်လေသည်။

ကုအန်လည်း ဂုဏ်ယူစွာပြုံးနေလိုက်ကာ

“ငါကနင်နဲ့ သေမျိုးတစ်ယောက်လိုပဲ ဆက်ဆံချင်တယ်ဆိုပေမယ့် နင်ကမေးနေမှတော့လည်း ပြောပြရတော့မှာပေါ့ ငါက တကယ်တော့ စစ်တုရင်အမတတစ်ပါးပဲ အဖြူအမည်းထိုက်ကျိကိုသုံးပြီး တာအိုအကြောင်းကိုလေ့လာ‌ရင်း ကမ္ဘာ့ကပ်ဘေးတွေကို တွေ့ကြုံခံစားနေတာ”

လုလင်ကျွမ်းသူ့ကို မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

သူတို့ဘေးရှိ အကြီးအကဲလုမျက်လုံးများပြူးကျယ်သွားပြီး မေးလိုက်၏။

“တောင်ကြားသခင် တောင်ကြားသခင်ကတကယ်ကြီး စစ်တုရင်အမတတစ်ပါးလား”

အခြားတပည့်များလည်း ကုအန်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်ကြသည်။ ဟုတ်ဟုတ်မဟုတ်ဟုတ် ထိုသို့အကြည့်ခံရသောကြောင့် ကုအန် ကျေနပ်သွားခဲ့၏။

“မင်းတို့က သင်ရလွယ်သားပဲ!”

ထို့နောက် ကုအန် ရယ်မောကာပြောလိုက်လေသည်။

“မင်းတို့ကိုစနေတာပါ ငါကစစ်တုရင်အမတဆို ဒီလိုအောက်ခြေသိမ်းအလုပ်တွေ လာလုပ်နေပါ့မလား”

တပည့်များလည်း ရယ်မောလိုက်ကြပြီး ကုအန်ကို ဆက်လက်မြှောက်ပင့်နေလိုက်ကြတော့သည်။

ကုအန်တပည့်များနှင့် ရောရောထွေးထွေးနေနေသည်ကို တွေ့သောအခါ လုလင်ကျွမ်းခေါင်းယမ်းလိုက်ပြီး ပြုံးသာပြုံးလိုက်မိ၏။

လက်ကိုးချောင်းနတ်အရှင်လည်း ကုအန်က အတော်လေးရှုပ်ထွေးသောသူဟု ကောက်ချက်ချလိုက်မိသည်။ တစ်ခါတလေတွင် သူကအတော်လေး လက်တွေ့ကျသောသူဖြစ်ပြီး တစ်ခါတလေတော့လည်း သူလိုငါလိုသာမန်လူတစ်ယောက်သာ ဖြစ်နေပြန်သည်။ ဤကဲ့သို့သော သူ့စရိုက်ကြောင့်လည်း သူ့ကစားကွက်များက မှန်းရခက်နေတာ ဖြစ်ကောင်းဖြစ်နိုင်၏။

ထို့နောက် လုလင်ကျွမ်းကုအန်အား တိတ်ဆိတ်သောနေရာသို့ ဆွဲခေါ်လာခဲ့သည်။

“နင့်အိမ်အောက်ထပ်က ကောင်မလေးကိုငါ့ဆီခေါ်လာပေးလို့ရမလား ငါသူ့ကို ငါ့တပည့်ခန့်ချင်လို့” လုလင်ကျွမ်း စိတ်အားထက်သန်စွာ ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ ကုအန်ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“သူက ကျိမိသားစုရဲ့ကောင်းကင်သမီးတော်လေ ငါ့ဆီမှာ ခဏလာနေတာ နင်သူ့ကိုတပည့်‌ခန့်ချင်တယ်ဆိုရင် နင်လက်ထောက်ဂိုဏ်းချုပ်ကို အရင်သွားမေးရမယ်”

လုလင်ကျွမ်း နှုတ်ခမ်းဆူသွားကာ ပြောလိုက်သည်။

“ကျိဟန်ထျန်းလား သူကသေချာပေါက်သဘောတူမှာမဟုတ်ဘူး သူကငါ့တက်လှမ်းခြင်းဂိုဏ်းတည်ထောင်တာကို ဆန့်ကျင်ထားတာ ငါကအဓိပတိဂိုဏ်းကို လွှမ်းမိုးသွားမှာကို ကြောက်နေတာလေ”

ကုအန် ရယ်မောကာပြောလိုက်၏။

“ဒါဆို နင်ကရောအခုဘာလုပ်နေတာလဲ”

“ငါက ပါရမီကောင်းတဲ့လူတွေ တိမ်မြုပ်နေမှာကို မလိုချင်ရုံပဲ”

“ဒါဆို အဓိပတိဂိုဏ်းက ပါရမီရှင်တွေအကုန်လုံးက တိမ်မြုပ်နေရင် နင်ကအဓိပတိဂိုဏ်းကပါရမီရှင်တွေအကုန်လုံးကို နင့်ဂိုဏ်းခေါ်သွားမှာလား”

“ခွေးကောင်လေး နင်ကငါ့ကိုအဲ့လိုထင်တယ်လား”

သူတို့နှစ်ယောက်ငြင်းခုန်နေရင်း လုလင်ကျွမ်း ကုအန်ကို စတင်ထုထောင်းလေတော့သည်။

ဟူး

ကုအန်ရုတ်တရက် လုလင်ကျွမ်းသူ့ကို လာဘ်ထိုးခဲ့သည့်အချိန်ကိုပင် သတိရသွားခဲ့၏။

အရင်ကတုန်းက လုလင်ကျွမ်းအပြုအမူများက ကောင်းခဲ့သေးသည်။

မိန်းမများသည် အမှန်တကယ်ပင် ပြောင်းလဲတတ်ပေသည်။

ကုအန်ရုတ်တရက်မေးလိုက်၏။

“နင့်ဆရာက ပင်လယ်ဗုဒ္ဓဂိုဏ်းကလား အဲ့တာကဘယ်လိုဂိုဏ်းမျိုးလဲ ဘယ်မှာရှိတာလဲ”

သူထိုနာမည်ကို အမတရှာဖွေကျွန်းပေါ်တွင်လည်း ကြားခဲ့ရသောကြောင့် စိတ်၀င်စားနေခဲ့သည်။

လုလင်ကျွမ်းပြန်ပြောလိုက်၏။

“ဟုတ်တယ် ပင်လယ်ဗုဒ္ဓဂိုဏ်းက အဓိပတိဂိုဏ်းနဲ့အရမ်းဝေးတဲ့နေရာမှာရှိတာ ကျိဟန်ထျန်းတစ်သက်လံုးရှာ‌‌ေတာင် တွေ့နိုင်မှာမဟုတ်တဲ့ နေရာပဲ”

“အရမ်းဝေးတာလဲ နင်ကပင်လယ်ဗုဒ္ဓဂိုဏ်းမှာ သီလရှင်တစ်ပါးဖြစ်လာမှာ မဟုတ်ဘူးမလား”

“အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ ဒီအကြောင်းမပြောကြရအောင်”

လုလင်ကျွမ်းကုအန်ကို ခပ်တင်းတင်းကြည့်ကာ စကားဝိုင်းကိုပြောင်းလိုက်ပြီး သူမြင့်မြတ်မိခင်ကို စော်ကားမိမှာ ကြောက်ရွံ့နေခဲ့သည်။

တခဏစကားပြောကြီးနောက် လုလင်ကျွမ်းထွက်ခွာသွားခဲ့၏။

ကုအန်လည်း သူ့အိမ်ကိုပြန်လာခဲ့လိုက်သည်။

အိမ်သို့ရောက်သောအခါ ကျိရှောင်ယုရုတ်တရက်အခန်းထဲမှ ထွက်လာပြီး တစ်ခုခုပြောစရာရှိကြောင်းပြောလိုက်၏။

ထို့‌ေကြာင့် သူတို့နှစ်ယောက်အပေါ်ထပ်သို့ တက်သွားခဲ့ကြသည်။

စားပွဲတွင်ထိုင်ပြီးသည့်နောက် ကုအန်မေးလိုက်၏။

“ဘာကိစ္စရှိလို့လဲ”

ကျိရှောင်ယု ဖြေလိုက်သည်။

“ခဏနေပါဦး တောင်ကြားသခင်အစ်ကို စာအုပ်တစ်အုပ်အရင်ဖတ်လိုက်”

သူမ၏ကြောက်ရွံ့နေမှုကိုမြင်သောအခါ ကုအန် ရယ်စရာကောင်းသည်ဟုခံစားလိုက်ရပြီး ဘာမှမေးမနေတော့ဘဲ နတ်ဘုရားတို့၏ရာထူးများကို ထုတ်ဖတ်လိုက်‌၏။

“တောင်ကြားသခင်အစ်ကို ဘာလို့အဲ့စာအုပ်ဖတ်တာလဲ သူတို့ပြောတော့အစ်ကိုက အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းဖတ်ရတာ ကြိုက်တာဆို” ကျိရှောင်ယု စိတ်၀င်တစားမေးလိုက်သည်။

ကုအန်မျက်နှာ ချက်ချင်းပြောင်းလဲသွားကာ ခပ်တင်းတင်းမေးလိုက်၏။

“ဘယ်သူပြောတာလဲ”

“ထန်ယု ဖုန့်ချန် ချန်ကျီ သူတို့အကုန်ပြောကြတာပဲ”

“သူတို့ပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားမယောင်နဲ့ ဒီကလေးတွေကို မနက်ဖြန်တော့ အပြစ်ပေးကိုပေးရမယ် သူတို့ဆရာကိုတောင် ဘယ်လိုလုပ် သွားပုတ်လေလွင့်ပြောရဲကြတာလဲ!”

“သွားပုတ်လေလွင့်ပြောတာလား အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကလည်း စာအုပ်ကောင်းတစ်အုပ်မဟုတ်ဘူးလား”

“မမေးပါနဲ့ ကိုယ့်ဟာကိုယ်သာစာအုပ်တစ်အုပ်ဖတ်နေလိုက်”

ကုအန် သူ့ဆီသို့ အနောက်အရပ်သို့ခရီးသွားခြင်း ပစ်ပေးလိုက်ပြီး ကျိရှောင်ယုလည်း အာရုံစိုက်၍ ဖတ်နေခဲ့လိုက်သည်။

တစ်နာရီခန့်ကြာမှ ကျိရှောင်ယု စာအုပ်ကိုချလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။

“သူတို့နောက်ဆုံးတော့ ထွက်သွားပြီ ဒီနေ့တောင်ကြားကိုလူနှစ်ယောက်လာတယ် သူတို့က ညီမလေးကိုအရမ်း စိတ်မသက်မသာဖြစ်စေတယ် သူတို့ထဲကတစ်ယောက်က ညီမလေးကိုသူ့တပည့်တောင်ခန့်ချင်နေတာ ဒါပေမယ့်ညီမလေးငြင်းခဲ့တယ်”

ကုအန် လုလင်ကျွမ်းနှင့် မြင့်မြတ်မိခင်တို့ ထွက်ခွာသွားသည်ကို အာရုံခံလိုက်မိပြီး ကြိတ်၍ အံ့အားသင့်သွားခဲ့၏။

ချီကျင့်ကြံခြင်းအဆင့် ၉ သာရှိသော ကျိရှောင်ယုက မြင့်မြတ်မိခင်၏တည်ရှိမှုကို အာရုံခံနိုင်နေပါသလော။

သူမသည် မြင့်မြတ်မိခင်ထွက်သွားတာကိုတောင် သိရှိနေခဲ့သည်။

ကုအန်မေးလိုက်၏။

“ဘာလို့သူတို့က ညီမလေးကို မသက်မသာဖြစ်စေတာလဲ သူတို့ကိုအရင်ကမြင်ဖူးလို့လား”

ကျိရှောင်ယုဖြေလိုက်သည်။

“မဟုတ်ပါဘူး ဒါပေမယ့် ညီမလေး ဆန်းကြယ်သန့်စင်ပင်အောက်မှာ မိန်းမောနေတုန်းက သူတို့နဲ့တူတဲ့ အရှိန်အဝါရှိတဲ့သူတွေ ညီမလေးကိုလိုက်ဖမ်းနေကြတာကို မြင်ခဲ့ရတယ်”

ဟမ်!

ကျိရှောင်ယုသည် အရင်ဘ၀က ပင်လယ်ဗုဒ္ဓဂိုဏ်း၏ရန်သူ ဖြစ်နေခဲ့ပါသည်လော။

ကြည့်ရသည်မှာ သူမြင့်မြတ်မိခင်ကို ပိုအာရုံစိုက်ရတော့မည့်ပုံပင်။ အကယ်၍ သူမသာ ကျိရှောင်ယုကို မှတ်မိသွားပါက ထိုကိစ္စထဲ တောင်ကြားထဲရှိတပည့်များပါ ပါ၀င်ပတ်သက်မလာအောင် သူသတိထားရပေလိမ့်မည်။

“တောင်ကြားသခင်အစ်ကို အစ်ကိုသူတို့နဲ့ဝေးဝေးနေတာ ပိုကောင်းမယ် သူတို့နဲ့နီးနီးကပ်ကပ်နေလို့ ဘာကောင်းတာမှဖြစ်မလာနိုင်ဘူးလို့ ညီမလေးခံစားရတယ်” ကျိရှောင်ယု လေးလေးနက်နက်ပြောလိုက်၏။

ကုအန်လည်းခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ပြဿနာတွေမဖြစ်အောင် ဒီအကြောင်းတွေကိုညီမလေးဘယ်သူ့ကိုမှပြောလို့မရဘူးနော်”

ကျိရှောင်ယုပြန်ပြောလိုက်၏။

“စိတ်မပူပါနဲ့ ညီမလေးအစ်ကို့ကိုပဲပြောတာပါ အစ်ကိုကလွဲပြီး ဒီကမ္ဘာပေါ်ကဘယ်သူမှမယုံရဘူးလို့ ခံစားရတယ် အဲ့တာကထူးဆန်းတယ်ဆိုပေမယ့် ညီမလေးတကယ်ခံစားရတဲ့အရာပဲ”

All Chapters