အခန်း (၂၆၉-၂၇၀)
Vol. 21 Ch. 269-270
အပိုင်း(၂၆၉)
ပိုသန်မာသော ခန္ဓာ
ကျိရှောင်ယုစကားကိုကြားသောအခါ ကုအန် စိတ်၀င်စားသွားခဲ့သည်။
အဘယ်ကြောင့်သူမတွင် ထိုကဲ့သို့သော အတွေးမျိုး ရှိနေရသနည်း။
သူမအတိတ်ဘ၀တွင် သူမမသေခင် ကုအန်ကူညီပေးဖူးပါသော်လည်း ထိုစဉ်က ဆရာသခင်ဓားအရှင်သရုပ်မှန်ဖြင့် ကူညီခဲ့ခြင်းဖြစ်သည်။
ကျိရှောင်ယုသည် သူ့သရုပ်မှန်ကို တစ်ချိန်လုံးသိနေခြင်း ဖြစ်နိုင်ပါသလော။
ထိုအရာကတော့ မဖြစ်နိုင်ပေ။ အစွန်းကိုးပါးယင်ယန်ခန္ဓာသည် ထောက်လှမ်းခြင်းများကို ကာကွယ်ပေးထားနိုင်သည်။ သူ့သရုပ်မှန်ကိုသိရှိရန်မှာ သူ့ထက် ကျင့်ကြံခြင်းအများကြီးမြင့်နေဖို့ လိုအပ်၏။
ထိုအရာသည် ကုအန်ဟူသော သရုပ်မှန်ကြောင့်ပေလော။
ကုအန် ရုတ်တရက် သူတို့ငယ်ဘ၀က ကျိရှောင်ယုသူ့ကို ကယ်တင်ခဲ့ခြင်းကို ပြန်တွေးမိသွားခဲ့သည်။ သေချာတွေးကြည့်ပါက ကျိရှောင်ယုသည် သူ့ကိုသာကယ်တင်ပေးခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သော ကြင်နာမှုမျိုးကို အခြားအစေခံများပေါ် မပြသခဲ့ပေ။ သူမသည် ထိုကဲ့သို့သော ကိစ္စများတွင်လည်း ၀င်ပါလေ့မရှိပေ။
ကုအန်ပြုံးကာ ပြောလိုက်၏။
“ညီမလေးက အစ်ကို့ကိုဒီလောက်ယုံမှတော့ အစ်ကိုကလည်းညီမလေးကို ကောင်းကောင်းဆက်ဆံရတော့မှာပေါ့ ညီမလေးဒီဆေးတောင်ကြားမှာရှိနေသရွေ့ အေးအေးဆေးဆေးကျင့်ကြံလို့့ရတယ် ဘယ်သူမှ ညီမလေးကိုအန္တရာယ်မပေးစေရဘူး”
ကျိရှောင်ယုခေါင်းညိတ်ပြလိုက်ပြီးနောက် အနောက်အရပ်သို့ခရီးသွားမှတ်တမ်းအကြောင်း စတင်ပြောကြလေတော့သည်။
သူမထိုစာအုပ်ဖတ်ပြီးနောက်တိုင်း ထိုစာအုပ်အပေါ်ပို၍ပို၍ပင် စိတ်၀င်စားမှုတိုးလာခဲ့၏။
သူတို့ ၂ယောက် တစ်နာရီခန့်စကားပြောပြီးမှ ကျိရှောင်ယုပြန်သွားခဲ့သည်။
…..
ဆောင်းဦးသို့ရောက်ရှိလာခဲ့သည်။
ကုအန်လည်း အမတရှာဖွေကျွန်းသို့ တစ်ဖန်ရောက်ရှိလာခဲ့ပြန်၏။ အာဃာတစ္ဆေများ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် ကျွန်းသည် အနည်းငယ်ခြောက်ကပ်သွားသော်လည်း ခြုံကြည့်ပါက လုံးလုံးကြီး ခြောက်ကပ်နေခြင်းတော့လည်း မဟုတ်ပေ။
အမတရှာဖွေကျွန်း၏ခွန်အားက ကြောက်စရာကောင်းလှသည်။ အချုပ်အနှောင်မဲ့အမတအဆင့်ကိုကျော်လွန်နေသော အာဃာတစ္ဆေလာမတိုက်သေးသရွေ့ ကျွန်း၏ အခြေခံအုတ်မြစ်ကို ထိခိုက်ဖို့ မလွယ်လှပေ။
ကုအန် ဟူရှောင်ကျင်းကိုဆက်သွယ်ခဲ့ပြီး ဟူရှောင်ကျင်းလည်း သူ့ဆီ ချက်ချင်းရောက်လာခဲ့၏။
ဦးညွတ်အရိုအသေေ့းလိုက်ပြီးနောက် ဟူရှောင်ကျင်း အမတရှာဖွေကျွန်းတိုက်ခိုက်ခံရမှုအကြောင်း စတင်ပြောပြခဲ့သည်။ အာဃာတတစ္ဆေများအကြောင်းပြောရာတွင် သူ့မျက်နှာပေါ်၌ အကြောက်တရားများဖြင့် ပြည့်နေခဲ့၏။
“အဲ့ဒီကောင်တွေက သေသွားရင်တောင် အသက်ရှူကြိမ် ငါးခါလောက်အတွင်း ပြန်ဖွဲ့တည်လာနိုင်ကြတယ် သူတို့က အတော်ဒုက္ခပေးတယ် ကံကောင်းလို့ ကျွန်းသခင်က နတ်သိုင်းသုံးပြီးသူတို့ကို အဝေးကိုပို့ပစ်လိုက်နိုင်ခဲ့တာ”
ဟူရှောင်ကျင်း ပြောနေရင်း ကြက်သီးပင်ထလာခဲ့သည်။
ကုအန်သူ့ကိုနှစ်သိမ့်ကာ ပြောလိုက်၏။
“အဆင်ပြေပါတယ် အခုပြီးသွားပြီပဲ စိတ်လည်းမပူပါနဲ့အမတရှာဖွေကျွန်းတည်တံ့လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပြီ လွယ်လွယ်ပြိုကွဲသွားမှာမဟုတ်ဘူး”
“ကျွန်တော်က အာဃာတတစ္ဆေဘုရင်တစ်ကောင် ရောက်လာမှာကိုကြောက်မိတာ…” ဟူရှောင်ကျင်း သက်ပြင်းချလိုက်၏။
“အမတရှာဖွေကျွန်းမှာ တစ္ဆေဘုရင်သဘောကျလောက်စရာ ဘာများရှိလို့လဲ”
“တကယ်တော့ အာဃာတတစ္ဆေဘုရင်တွေက ကောင်းကင်ရတနာတွေကိုရှာဖွေတာမဟုတ်ဘူး သန်မာတဲ့သူတွေကိုသတ်ဖြတ်ပြီး သူတို့ကို သူတို့ကိုယ်ပိုင်ရည်ရွယ်ချက်တွေအတွက် အသုံးပြုကြတာ”
ဟူရှောင်ကျင်းခေါင်းညိတ်ပြလိုက်ပြီး ခံစားချက်လည်းပြန်ကောင်းသွားခဲ့သည်။
ထို့နောက် သူကုအန်ကိုဆေးပင်များ၀ယ်ရန် လမ်းပြခဲ့ပြီး ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းမှ သတင်းအသစ်များကို ပြောပြပေးခဲ့၏။
ကုအန်လည်း နားထောင်နေခဲ့သည်။ လတ်တလောတွင် သမုဒ္ဒရာ၏ နေရာမျိုးစုံ၌ အာဃာတတစ္ဆေများ၏တိုက်ခိုက်မှုကို ခံနေကြရသည်။ တစ္ဆေများ၏အရေအတွက်ကလည်း ပိုမိုများပြားလာသောကြောင့် ပင်လယ်အခြေပြုဂိုဏ်းများက စတင်လှုပ်ရှားနေခဲ့ကြသည်။ ဟူရှောင်ကျင်းတစ်ခါမှမကြားဖူးသော ဂိုဏ်းများပင် ပေါ်လာခဲ့ပြီး သူတို့၏အင်အားကြောင့် ဟူရှောင်ကျင်း အံ့အားပင်သင့်သွားခဲ့ရ၏။
ပင်လယ်နက်စိတ်ဝိညာဉ်နန်းတော်၊ သေမျိုးအထွတ်အထိပ်လောက၊ ပင်လယ်ဗုဒ္ဓဂိုဏ်း၊ ခရမ်းရောင်ဆေးလုံးနန်းတော်၊ အမတကြွေလွင့်ချောက်၊ ကျယ်ပြန့်သောစွမ်းအင် တာအိုပညာရှင်ဂိုဏ်း၊ အချိန်နတ်မျှော်စင်…..
ကမ္ဘာကြီး၏ ကျယ်ပြောမှုက ဟူရှောင်ကျင်းကို တုန်လှုပ်သွားစေခဲ့သည်။
ကုအန်ကတော့ သူ့နတ်အာရုံဖြင့် စစ်ဆေးစဉ်က ဤကမ္ဘာပေါ်တွင် ကြယ်ပင်လယ်အဖွဲ့အစည်းနှင့် အင်အားတူသော ဂိုဏ်းပေါင်း ၁၀၀ကျော်ရှိနေသည်ကို တွေ့ခဲ့ရသောကြောင့် ဘာမှ အံ့အားသင့်မနေခဲ့ပေ။
အချို့ဂိုဏ်းများသည် ကောင်းကင်ပြင်ပသို့ပင် သွားနိုင်ကြသော်လည်း ဤကမ္ဘာကြီးထဲတွင်သာ ရှိနေကြသေးသည်။ အပြင်ကမ္ဘာ၌ သေမျိုးများအတွက်အလွန်အန္တရာယ်များသော အရာများ ရှိနေ၍ ဖြစ်နိုင်၏။
ကုအန် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတစ်ခုလုံးကို အုပ်မိုးထားပြီး ကောင်းကင်ဈာန်အမတအဆင့်အောက်များကို ကောင်းကင်ပြင်ပြထွက်ခွင့်မပေးသော စွမ်းအားကြီးကိုလည်း စိတ်၀င်စားနေမိသည်။ ဤအရာက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီး ကိုယ်တိုင်၏စွမ်းအားပေလော သို့မဟုတ် ပိုအဆင့်မြင့်သော အင်အားစုကြီးတစ်ခုခု၏ လုပ်ရပ်ပေလော။
ဘာပဲဖြစဖြစ် ကုအန် ကောင်းကင်အပြင်ထွက်ကြည့်ဖို့တော့ နည်းနည်းလေးမှ အစီအစဉ်မရှိပေ။
ကောင်းကင်ဈာန်အမတများက ကောင်းကင်အပြင်ထွက်ကြည့်ဖို့ အနိမ့်ဆုံးလိုအပ်ချက်ဆိုလျှင် သူအနည်းဆုံး ထိုအဆင့်ထက် အဆင့်ကြီး၂ဆင့်လောက်မြင့်နေမှသာ ထွက်ကြည့်မည်ဖြစ်သည်။
ဟူရှောင်ကျင်းက ဆေးပင်များအကြောင်းပြောသောအခါ ကုအန်အတွေးများက လက်တွေ့လောကဆီပြန်ရောက်လာခဲ့၏။
အာဃာတတစ္ဆေများနှင့်ယှဉ်ပါက သူ သူ့သက်တမ်းတိုးလာဖို့ကို ပိုစိတ်၀င်စားပေသည်။
နှစ်များကုန်လွန်လာခဲ့ပြီး ဤကမ္ဘာကြီးပေါ်တွင် ကပ်ဘေးများစွာကို ကြုံတွေ့ခဲ့ရကာ အခုထိအသက်ရှင်နိုင်သေးသူဟု အနည်းငယ်သာ ရှိ၏။
အသက်ရှည်ရှည်နေနိုင်ခြင်းနှင့် လုံး၀မသေတော့ခြင်းမှာ ကုအန် ဂရုအစိုက်ဆုံးအရာများသာ ဖြစ်သည်။
……
မျက်စိတစ်မှိတ်အတွင်း အချိန် ၅နှစ်ကုန်ဆုံးသွားခဲ့၏။
ကုအန်သက်တမ်းကလည်း ၂၈သန်းကျော်သွားကာ သန်း၃၀ကိုပင် နီးကပ်လာခဲ့ချေပြီ။
ဤ၅နှစ်အတွင်း သမုဒ္ဒရာသည် အဆုံးမဲ့သောကပ်ဘေးများကို ရင်ဆိုင်ခဲ့ရပြီး အမတရှာဖွေကျွန်းပင် နောက်ထပ် ၂ကြိမ် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်။ သို့သော် အဓိပတိဂိုဏ်းရှိသော ကုန်းမြေတိုက်ကြီးကတော့ အေးချမ်းနေပြီး သမုဒ္ဒရာကပ်ဘေး၏အကျိုးသက်ရောက်မှုကို မခံခဲ့ရပေ။
တောအုပ်ထဲတွင်
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကျောပေါ်တွင်ထိုင်ကာ ယန်ကျင်းနှင့် လီလင်းထျန်တို့ လက်ရည်စမ်းနေသည်ကို ကြည့်ရှုနေခဲ့၏။
လီလင်းထျန်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၂ ကိုရောက်ရှိနေပြီဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှ်ိသေးဟန်ပေါ်သော ယန်ကျင်း၏ဖိနှိပ်ခြင်းကို ခံနေရမြဲသာ။ တကယ်တော့ ယန်ကျင်းက စိတ်ဝိညာဉ်အခြေတည်အဆင့်ကို ရောက်ရှိနေပြီးဖြစ်သည်။ သူ့အဆင့်ကို အခြေခံတည်ဆောက်ခြင်းထိ ဖိနှိပ်ထားသည့်တိုင်အောင် သူ့ခွန်အားက ယန်ကျင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။
ဘန်းး!
လီလင်းထျန် လွင့်ထွက်သွားကာ သစ်ပင်ကြီးတစ်ပင်ကို ၀င်တိုက်မိသွားပြီး နှစ်ထောင်ချီသက်တမ်းရှိသော အပင်ကြီးမှ သစ်ရွက်များ ကြွေကျလာခဲ့သည်။
ဆယ်ကျန်းခန့်အဝေးရှိ ယန်ကျင်းကတော့ သူ့ခြေထောက်ကို ပြန်ရုတ်ပြီး သူ့၀တ်စုံကိုဖုန်ခါနေခဲ့၏။
လီလင်းထျန် မြေပေါ်ထိုင်နေရင်း နာကျင်မှုကြောင့် ရင်ဘတ်ကို ဖိထားရသည်။
ထိုစဉ် သွေးအကျဉ်းထောင်မဟာသူတော်စင်၏အသံထွက်လာခဲ့၏။
“လီလင်းထျန် မင်းကျင့်ကြံခြင်းရလဒ်တွေက အရမ်းအားနည်းတယ် ဒီလိုပုံစံနဲ့ မင်းကိုယ်မင်းလီလင်းထျန်လို့ ခေါ်ရဲသေးတယ်လား”
ထိုစကားကြောင့် လီလင်းထျန် စိတ်တိုသွားသော်လည်း ယန်ကျင်းနှင့် ကုအန်တို့ရှိနေသောကြောင့် ဒေါသကိုဖိနှိပ်ထားလိုက်ရသည်။
“သေစမ်းကွာ…ဒီကောင်ကဘယ်လိုမွန်းစတားမျိုးလဲ”
လီလင်းထျန် ခက်ခက်ခဲခဲထရပ်လိုက်ပြီး ယန်ကျင်းကို ကြောက်ရွံ့စွာကြည့်နေခဲ့၏။
ကံကောင်းစွာဖြင့် ဤအရာက လက်ရည်စမ်းပွဲတစ်ခုဖြစ်နေ၍သာ တော်သေးသည်။ သေခြင်းရှင်ခြင်းအခြေအနေသာဆို သူဆိုးဆိုးရွားရွားသေနေရပေလိမ့်မည်။
ဤနှစ်များအတွင်း ယန်ကျင်း၏ ကြမ်းကြုတ်မှုက ပိုမိုကြီးမားလာခဲ့ပြီး သူ့လို ဘာကိုမှမကြောက်တတ်သောသူတောင် ယန်ကျင်းကို စော်ကားမိမှာကို ကြောက်ရွံ့နေခဲ့ရ၏။
“ကျင်းအာ မင်းလွန်သွားတယ် တောင်းပန်လိုက်” ကုအန် အသံထွက်ပေါ်လာခဲ့သည်။ ယန်ကျင်းလည်း လီလင်းထျန်ကိုကြည့်လိုက်ပြီး သူ့ကိုယ်တွင် အတွင်းဒဏ်ရာပါရသွားသည်ကို တွေ့လိုက်ရသောအခါ အပြစ်ရှိစိတ်ကိုခံစားလိုက်ရပြီး သူ့ဆီအမြန်တက်လာခဲ့လိုက်၏။
“တောင်းပန်ပါတယ် ငါခုနကလွန်သွားမိတယ်” ယန်ကျင်း လီလင်းထျန်ရှေ့တွင်ရပ်နေကာ သူ့မျက်နှာပေါ်တွင် နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ့အမူအရာကြောင့် ယန်ကျင်း စိတ်သက်သာရာရမည့်အစား ပို၍ပင် ဆိုးသွားခဲ့ရသည်။
သူအားတင်း၍ ပြုံးလိုက်ကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ် ငါကကျွမ်းကျင်ဖို့လိုအပ်နေသေးလို့ပါ”
သူရုတ်တရက် တတိယတောင်ကြားမှပင် ထွက်သွားချင်သွားခဲ့သည်။
သူအစက ယန်ကျင်းနားတွင် နေပါက သူ့အတွက်သင်ယူစရာများ ရလာမည်ဟုထင်ထားခြင်းဖြစ်သော်လည်း အခုတော့ အဘယ်ကြောင့် သူတို့ကြား ကျင့်ကြံခြင်းကွာဟချက်က ပိုပိုကြီးလာသလိုပင် သူခံစားနေရပါသနည်း။
အနိုင်ဟူသော ခံစားချက်က ဘာလဲဆိုတာကိုပင် သူမေ့လုမေ့ခင်ဖြစ်လာခဲ့ရသည်။ ဤနှစ်များအတွင်း သူတစ်ခါမှကို မနိုင်ခဲ့ဖူးသေးပေ။
လူကြီးတစ်ယောက်ဖြစ်လာပြီးကတည်းက သူယန်ကျင်းနှင့်သာ လက်ရည်စမ်းတော့ပြီး တောင်ကြားမှ တပည့်များကို အနိုင်မကျင့်တော့ပေ။
ကုအန် သူတို့ကိုတောင်ကြားဆီ ပြန်ခေါ်လာခဲ့ပြီး ပင်လယ်ကိုနတ်အာရုံသုံး၍ စစ်ဆေးနေခဲ့၏။
ငါးနှစ်ကြာပြီးနောက် သူတို့ကုန်းမြေတိုက်ကြီးပတ်ပတ်လည်ရှိ ပင်လယ်ပြင်တွင် အာဃာတတစ္ဆေအရိပ်အယောင်များ တွေ့လာခဲ့ရပြီး အရေအတွက်ကနည်းသော်လည်း ထိုအရာက ကောင်းသောနိမိတ်တော့ မဟုတ်ပေ။
ပေတစ်ထောင်မြင့်သောပုံရိပ်ကြီးနှင့် ပင်လယ်လှိုင်းလုံးကြီး ဖြစ်ပေါ်လာပြီးကတည်းက ကုအန် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအပေါ် သတိထားနေခဲ့သော်လည်း ဤနှစ်များအတွင်း မည်သည့်အန္တရာယ်မှ ပေါ်မလာခဲ့ပေ။ ဤသည်မှာ သူတို့ဆက်တိုက်ကံကောင်းနေ၍တော့ မဖြစ်နိုင်ပေ။ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအောက်ရှိ ဆန်းကြယ်လှသော တည်ရှိမှုကြီးက တစ်ခုခုအစီအစဉ်ချနေခြင်းသာ ဖြစ်နိုင်ပေသည်။
ကုအန်စိတ်ထဲ အဆင့်ချိုးဖျက်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့ရ၏။
အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉ နှင့်ဆိုပါက ကုအန်ဘယ်ကပ်ဘေးကိုမှမကြောက်ပေ။ အကယ်၍ သူမနိုင်လျှင်တောင် အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။ သို့သော် သူ့ဆေးတောင်ကြားများနှင့် သူဂရုစိုက်သောသူများက ကျန်ရှိနေသေးသည်။
ထိုသူများကိုပါကယ်တင်၍ ထွက်ပြေးပြန်လျှင်လည်း သူ့ကျင့်ကြံခြင်းအစစ်ကို လူတိုင်းသိကုန်ကြပေလိမ့်ဦးမည်။
“သေစမ်းကွာ ကောင်းကင်တာအို မင်းကငါ့သက်တမ်း သန်း၁၀၀စုမယ့်လမ်းကြောင်းကို လိုက်ဖျက်ဆီးနေတာပဲ” ကုအန်တစ်ယောက်တည်းတွေးကာ စိတ်တိုလာခဲ့သည်။
သူ့အောက်ရှိ နွားသိုးကတော့ ကုအန်အတွေးများကိုမသိဘဲ လီလင်းထျန်ကိုသာ လိုက်စနေခဲ့ပြီး လီလင်းထျန်လည်း မျက်နှာကြီးပင်နီလာကာ ပေါက်ကွဲထွက်တော့မလို ဖြစ်နေခဲ့၏။
သူတို့တောင်ကြားအ၀င်၀ဆီချဉ်းကပ်လာသောအခါ ကုအန် ၀င်ပေါက်ရှိပုံရိပ်တစ်ခုကို သတိထားမိသွားပြီး နွားသိုးကိုအရှိန်မြှင့်ဖို့ အချက်ပြ၍ ပုတ်လိုက်လေသည်။
နောက်ဆုံးတွင်တော့ လီလင်းထျန်က နွားသိုးထက်ပိုမြန်မြန်ပြေးနိုင်နေပြီဖြစ်ပြီး လေအလျင်လို ပြေးသွားခဲ့၏။
“ညီမလေးယု ဒီကိုဘာလို့ရောက်နေတာလဲ” လီလင်းထျန် ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
အသက် ၁၆နှစ်အရွယ် ကျိရှောင်ယုသည် အပြာရောင်ဂါ၀န်လေးကို၀တ်ဆင်ထားကာ ခါးတွင်ခါးပတ်တစ်ခုဖြင့်ပတ်ထားပြီး သူမ၏လှပသောမျက်နှာလေးကို မိတ်ကပ်များလိမ်းခြယ်ထားခဲ့ပြီး သူမဆံပင်ရှည်များကိုမူ ခရမ်းရောင်သရဖူအောက်တွင် ထုံးဖွဲ့ထားလေရာ သူမပုံစံက ပန်းချီကားထဲမှ နတ်သမီးလေးတစ်ပါးနှင့်ပင် တူနေခဲ့သည်။ ဖြတ်သွားသော တောင်ကြာားမှ တပည့်များပင် သူမကိုနှစ်ခါပြန်မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။
သူမအရင်ဘ၀နှင့်ယှဉ်ပါက သူမကပိုလှပလာခဲ့ပြီး အရင်လို အေးစက်စက်အမူအရာမျိုးလည်း မရှိတော့ပေ။
အစကပြုံးနေသော ကျိရှောင်ယု လီလင်းထျန်ကိုမြင်သောအခါ သူ့အပြုံးပျောက်ကွယ်သွားပြီး ဘေးသို့ ခြေတစ်လှမ်းတိုး၍ ရှောင်နေလိုက်၏။
ထိုခြေလှမ်းက လီလင်းထျန်ကို ပို၍ပင် နာကျင်သွားစေခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် ရောက်လာသောအခါ ကျိရှောင်ယုပြုံးကာပြောလိုက်၏။
“အစ်ကိုတောင်ကြားသခင် အလုပ်တွေပြီးပြီလား”
ကုအန်ခေါင်းညိတ်ကာ မေးလိုက်၏။
“ညီမလေးမှာ ဆွေးနွေးစရာတစ်ခုခုရှ်ိလို့လား”
“အထဲမှာပြောရအောင်” ကျိရှောင်ယုပြောလိုက်ပြီး ကုအန်ကိုအိမ်ထဲဦးဆောင်ခေါ်သွားခဲ့သည်။
လီလင်းထျန်ကတော့ သူမနောက်ကျောကိုကြည့်နေပြီး တစ်ခုခုပြောဖို့ တွန့်ဆုတ်နေခဲ့၏။
ကုအန်ကသွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီး၍ ကျိရှောင်ယုနောက်လိုက်သွားစဉ် ယန်ကျင်းကလည်း ဆက်လက်ကျင့်ကြံဖို့ ထွက်သွားခဲ့သည်။ သူ မမြဲသောထျန်းကို အနိုင်ယူနိုင်လောက်သည်ထိ မသန်မာသေးပေ။
ထိုအခါ လီလင်းထျန်သာ တောင်ကြားအ၀င်၀တွင် ကြောင်အအဖြင့် ကျန်ရစ်နေခဲ့လေတော့သည်။
တစ်ဖက်တွင်
ကျိရှောင်ယု ကုအန်ကို အပေါ်ထပ်ကိုခေါ်သွားခဲ့ပြီး ကုအန်စားပွဲတွင်ထိုင်ပြီးသောအခါ အပျင်းကြောဆန့်၍ ပြောလိုက်၏။
“ဘာကိစ္စရှ်ိလို့လဲ ညီမလေး”
ကျိရှောင်ယုလည်း ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိစာရွက်များကိုယူကာ စတင်ရေးသားလေတော့သည်။
ကုအန် စာအုပ်တစ်အုပ်ထုတ်ကာ ဖတ်နေရင်း သူမကိုစောင့်နေခဲ့၏။
သူအဆင့်ချိုးဖျက်ပါက သူ့ခန္ဓာနှင့် ကျင့်စဉ်ဘယ်ဟာကို အဆင့်မြှင့်ရမလဲဆိုတာလည်း တွေးနေမိသည်။
သူ့ဆန်းကြယ်မြင့်မြတ်ခန္ဓာက ရတနာခန္ဓာများထက်ပို၍ သန်မာပြီး ဒြပ်ငါးမျိုးရတနာခန္ဓာမှတစ်ဆင့် မူလတာအိုခန္ဓာသို့ပြောင်းလဲပြီးမှ နောက်ဆုံးတွင် ဆန်းကြယ်မြင့်မြတ်ခန္ဓာကို ရရှိခဲ့ခြင်းဖြစ်၏။
သို့သော် ဆန်းကြယ်မြင့်မြတ်ခန္ဓာကိုလည်း အဆင့်မြှင့်၍ ရသေးသည်။ နောက်ဆုံးတွင် သန်မာခြင်းလမ်းစဉ်ဆိုသည်မှာ အဆုံးမရှ်ိပေ။
အချိန်အတန်ကြာပြီးနောက်
ကျိရှောင်ယု ရေးတာကိုရပ်တန့်လိုက်ပြီး ကုအန်ကိုကြည့်၍ နှုတ်ခမ်းဆူကာ မေးလိုက်သည်။
“ဘာလို့အစ်ကို ညီမလေးဘာရေးနေလဲဆိုတာ လုံး၀ဂရုမစိုက်တာလဲ”
ကုအန်စာအုပ်ကိုချပြီး ပြုံးလိုက်ကာ
“အစ်ကိုကညီမလေးပြီးတဲ့ထိ စောင့်မနေရဘူးလား အစ်ကိုကညီမလေးထက် နှစ်၁၅၀လောက်ပိုအသက်ရှင်လာတာပါ အဲ့လိုအလွယ်လေးစိတ်၀င်စားအောင် လုပ်လို့တော့ဘယ်ရမလဲ”
ကျိရှောင်ယု သူမရေးထားသော ဒါဇင်နှင့်ချီသည့် စာရွက်များကို ကုအန်ဆီတွန်းပေးလိုက်ကာ ပြောလိုက်၏။
“ဒါက ညီမလေးမနေ့ညက နားလည်သဘောပေါက်ခဲ့တဲ့ ကျင့်စဉ်တစ်ခုပဲ တစ်ချက်ကြည့်ပါဦး”
ကုအန်စာရွက်များကိုယူပြီး တစ်ရွက်ခြင်းဖတ်ရှုနေခဲ့သည်။
ဖတ်ပြီးသည့်နောက် ကုအန်အံ့အားသင့်သွားကာ မေးလိုက်၏။
“အံ့ဩစရာကောင်းလိုက်တဲ့ ကျင့်စဉ် ညီမလေးတကယ်ကြီးဒါကို နားလည်သဘောပေါက်ခဲ့တာလား”
ဤနည်းစနစ်သည် ကုအန်ကျင့်စဉ်များလောက်မကောင်းသော်လည်း အမှန်တကယ်ပင် ကောင်းမွန်လွန်းလှသည်။ အဓိပတိဂိုဏ်းထဲတွင်ဆိုလျှင် တန်ဖိုးထားရလောက်မည်ဖြစ်သော ကျင့်စဉ်တစ်ခုဖြစ်ပြီး အတွင်းစည်းဂိုဏ်းသားများပင် မ၀ယ်နိုင်လောက်ပေ။
ကျိရှောင်ယု ဖြေလိုက်သည်။
“ဟုတ်တယ် အဲ့လိုမျိုးပဲ ဒီကျင့်စဉ်က ကြွက်သားတွေ ခြင်ဆီတွေကိုသန့်စင်ပေးနိုင်တယ် အစ်ကိုက အမြဲအစ်ကို့ပါရမီနိမ့်ကျတာကိုအပြစ်တင်နေတာ ဒီကျင့်စဉ်ကို စမ်းကြည့်လို့ရတယ် ဒါကအစ်ကို့ စွမ်းအင်စုပ်ယူတဲ့ကျင့်စဉ်ကိုလည်း သက်ရောက်မှုရှိမှာမဟုတ်ဘူ အဲ့တာကြောင့် စိတ်အေးအေးထား ကျင့်လို့ရတယ်”
ကုအန်မျက်ခုံးအနည်းငယ်ပင့်လိုက်ကာ မေးလိုက်သည်။
“အစ်ကိုဒါကို အခြားသူတွေကိုပြန်သင်ပေးလို့ရလား”
ထိုအခါ ကျိရှောင်ယု မျက်ခုံးများအနည်းငယ်တွန့်ကွေးသွားခဲ့၏။
ကုအန် ခပ်ဟဟရယ်မောလိုက်ကာ
“ခွင့်မပြုရင်လည်း မေ့လိုက်ပါတော့ ကျေးဇူးအများကြီးတင်ပါတယ်ညီမလေး”
Htet Paing:
အပိုင်း(၂၇၀)
ကြယ်ပင်လယ်အဖွဲ့အစည်း၏ကပ်ဘေး
“အစ်ကို အခြားသူတွေကိုလည်း သင်ပေးလို့ရပါတယ် ဒါပေမယ့် တတ်မတတ်ကတော့ ပြောရခက်တယ် ဒီကျင့်စဉ်က ခန္ဓာကိုယ်ကိုပြုပြင်ဖို့ ဆေးပင်တွေအများကြီးလိုတယ် ညီမလေးအစ်ကို့ကိုပေးတယ်ဆိုတာက အစ်ကို့မှာဆေးတောင်ကြားတွေပိုင်ထားလို့ပေးတာ”
ကျိရှောင်ယုပြောပြီးသည့်နောက် ထရပ်ကာ ထွက်သွားခဲ့သည်။
“ဒီလိုပဲထွက်သွားတော့မှာလား” ကုအန် မမေးဘဲ မနေနိုင်ခဲ့ပေ။
“ကျင့်ကြံရဦးမယ်”
ကျိရှောင်ယု လှည့်ပင်မကြည့်ဘဲ ပြောသွားခဲ့၏။ ဤတစ်ကြိမ်တွင် သူထွက်သွားပြီးနောက် တံခါးပင်ပိတ်ပေးမသွားခဲ့ပေ။
ကုအန်ပြုံးကာ ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
“ကောင်မလေးတစ်ယောက်ရဲ့ စိတ်မျိုးပဲရှိနေသေးတာပဲ”
တကယ်တော့ သူကျိရှောင်ယုပေးခဲ့သော ကျင့်စဉ်ကို အခြားသူကိုသင်ပေးဖို့ စိတ်ကူးမရှိပေ။
သူ့တွင်လည်း ထိုကဲ့သို့သောကျင့်စဉ်များရှ်ိနေပြီး သူဒီတိုင်းမေးလိုက်ခြင်းသာ ဖြစ်၏။
လူတစ်ယောက်၏ ခန္ဓာကို ပြောင်းလဲပေးသော ကျင့်စဉ်များသည် ရှားပါးကာ အဖိုးတန်သော ပစ္စည်းများလိုအပ်တတ်ပြီး ကျင့်စဉ်နည်းစနစ်တစ်ခုတည်းရှိရုံဖြင့် မပြည့်စုံနိုင်ပေ။
ထို့နောက် ကုအန်သေမျိုးကမ္ဘာကြီးတစ်ခုလုံးကို နတ်အာရုံသုံး၍ စစ်ဆေးလိုက်ပြီး အဆင့်ချိုးဖြတ်ဖို့ သင့်တော်သောနေရာကို ရှာဖွေလိုက်၏။
နောက်တစ်ခါ အဆင့်ချိုးဖြတ်မှုသည် မည်မျှကြီးမားသွားမလဲမသိနိုင်သောကြောင့် သူဤတစ်ကြိမ်ကို သက်ရှိများနှင့် ဝေးကွာသောနေရာတွင်သာ လုပ်ချင်နေခဲ့သည်။
အရင်တစ်ခါသူ့အဆင့်ချိုးဖြတ်မှုက ကြီးမားလွန်းသောကြောင့် သူပြဿနာပင်ဖြစ်ခဲ့ရ၏။
သူဘယ်နေရာမှာပဲ အဆင့်ချိုးဖြတ်ဖြတ် သက်ရှိများကို တစ်နည်းနည်းနဲ့တော့ သက်ရောက်မှုရှိသွားလိမ့်မည်ဟု သူခံစားနေခဲ့ရသည်။
ရုတ်တရက် သူ့အကြည့်က ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးထဲရှ်ိ ကျယ်ပြန့်လှသော စွမ်းအင်များဆီ ရောက်ရှိသွားခဲ့၏။
ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲသွား၍ အဆင့်ချိုးဖြတ်လျှင်မည်သို့ဖြစ်သွားလိမ့်မည်နည်း။
ကုအန် ထိုအကြံသည်ကြိုးစားကြည့်ဖို့ ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။
ငါသက်တမ်း သန်း၃၀ပြည့်ရင် အဆင့်ချိုးဖြတ်မယ်!
…..
ခန်းမကြီးတစ်ခုထဲတွင် အန်းဟောင် ရေကန်လေးတစ်ခုထဲ၌ တရားထိုင်နေပြီး သူ့မျက်လုံးများကအနည်းငယ်တွန့်ကွေးနေကာ စိတ်မသက်မသာဖြစ်သလို ခံစားနေခဲ့ရ၏။
ရုတ်တရက် သူ့မျက်လုံးကိုဖွင့်လိုက်ရာ သူ့အမြင်အာရုံထဲ သွေးနီရောင်များဖြင့် ပြည့်သွားခဲ့ပြီး သူ့ပတ်၀န်းကျင်တစ်ခုလုံး ယမ်းခါသွားခဲ့ကာ သူ့အသိစိတ်နောက်ကျိသွားခဲ့သည်။
ထို့နောက် အနက်ရောင်လေထုကြီးတစ်ခုက ခန်းမထဲလျင်မြန်စွာ ချဉ်းနင်း၀င်ရောက်လာသည်ကို တွေ့လိုက်ရ၏။
အနက်ရောင်လေထုက ရေကန်ဘေးတွင်ရပ်တန့်သွားကာ လူပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ အန်းဟောင် မတ်တပ်ရပ်ချင်သော်လည်း မရပ်နိုင်သည်ကို တွေ့လိုက်ရ၏။
“ကမ္ဘာဦးမီးတောက်ရတနာခန္ဓာ နောက်မှကျင့်ကြံတာဆိုပေမယ့် မွေးရာပါခန္ဓာတွေကိုတောင် ကျော်လွန်နေတယ် အသိအမှတ်ပြုစရာပဲ”
အသံတစ်သံထွက်ပေါ်လာခဲ့သည်။ အကယ်၌ ယန်ကျင်းနှင့်ကုအန်တို့ရှိနေပါက ထိုအသံသည် မမြဲသောထျန်း၏အသံဖြစ်မှန်း မှတ်မိသွားကြပေလိမ့်မည်။
အန်းဟောင် မမြဲသောထျန်းကိုစိုက်ကြည့်နေခဲ့ပြီး သူမလှုပ်နိုင်သော်လည်း ကြောက်ရွံ့စိတ်တော့ ဖြစ်မနေခဲ့ပေ။
အနက်ရောင်လေထုပျောက်ကွယ်သွားသောအခါ မမြဲသောထျန်း၏ ချောမောသော်လည်း အပြစ်သားဆန်လှသော မျက်နှာကြီးပေါ်ထွက်လာခဲ့သည်။ သူအန်းဟောင်ကို လောဘများဖြင့်ပြည့်နေသောမျက်လုံးများဖြင့် ငုံ့ကြည့်နေခဲ့၏။
“အထွတ်အထိပ်ရတနာခန္ဓာ မင်းလည်းနောက်မှကျင့်ကြံထားတာပဲ” အန်းဟောင်ခပ်အေးအေးပြောလိုက်သည်။
ထိုစကားကြောင့် မမြဲသောထျန်း၏သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။ သူ့မျက်လုံးများထဲ အဓိပ္ပာယ်များဖြင့်ပြည့်လာကာ အေးစက်စက်ရယ်မောလိုက်ပြီး
“ကြည့်ရတာမင်းကလည်း မရိုးရှင်းဘူးပဲ ပြီးပြည့်စုံတယ် ငါမင်းကိုဝါးမြိုပြီးရင် ဆန်းကြယ်အာဏာရှင်ခန္ဓာဆီ သွားရမယ်”
အန်းဟောင်ရေကန်ထဲတွင်ထိုင်နေရင်း သူ့ကိုအသံတစ်သံမှမထွက်ဘဲ စိုက်ကြည့်နေခဲ့သည်။
“ကြယ်ပင်လယ်အဖွဲ့အစည်းကအဆင်သင့်ဖြစ်တာ သေချာအောင်လုပ်ထား ကြယ်ပင်လယ်အဖွဲ့အစည်းက အရင်တုန်းကလို အင်အားမျိုးရှိနေသေးလားဆိုတာ ငါသိချင်မိတယ်”
မမြဲသောထျန်းပြောပြီးသည်နှင့် အခိုးအငွေ့လိုပျောက်ကွယ်သွားခဲ့၏။
အန်းဟောင်လည်း ရုတ်တရက်နိုးထလာခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်း အာရုံပြန်လည်ခံစားသွားနိုင်ခဲ့သာည်။
သူရေကန်၏အစွန်နားထိအားတင်း၍ သွားလိုက်ပြီး သူ့မျက်နှာပေါ်တွင် ချွေးအေးများကျနေစဉ် သူ့မျက်လုံးများကတော့ ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“အထွတ်အထိပ်ရတနာခန္ဓာ ဘာလို့လဲ…”
အန်ဟောင် တစ်ယောက်တည်းရေရွတ်လိုက်ပြီး သူ့အသံက သားရဲကြီးတစ်ကောင်၏မာန်ဖီနေသံနှင့်ပင် တူနေခဲ့သည်။
…..
အချိန်နှနှစ်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
ကုအန်သူ့အိမ်သို့ လတ်ဆတ်သောဆေးပင်များနှင့်အတူ ပြန်လာခဲ့သည်။ သူ့စနစ်ကိုစစ်ဆေးကြည့်လိုက်သောအခါ သက်တမ်းသန်း၃၀ပြည့်ဖို့ နှစ်တစ်သိန်းသာ လိုတော့မှန်း တွေ့လိုက်ရ၏။
သန်း၃ဝပြည့့်ရင် ငါအဆင့်ချိုးဖြတ်မယ်!
ကုအန် စားပွဲတွင်ထိုင်ကာ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်နောက်၌ ဘာရှိမလဲဆိုတာ စိတ်ကူးနေခဲ့မိသည်။
တခဏကြာသောအခါ ပုံရိပ်တစ်ခုအခန်းထဲ၀င်လာခဲ့ပြီး အမွှေးနံ့က ကုအန်အာရုံဆီရောက်ရှိလာသောကြောင့် သူ့နတ်အာရုံကို ပြန်သိမ်းလိုက်၏။
ရှန်းကျန် စားပွဲတွင်၀င်ထိုင်ကာ စာအုပ်တစ်အုပ်ကုအန်ရှေ့ချပေးလိုက်ပြီး ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။
“တစ်ချက်ကြည့်ကြည့်”
ကုအန်ချက်ချင်းပင် စားပွဲပေါ်ရှိစာအုပ်ကိုယူကာ စတင်ဖတ်ရှုလေတော့သည်။
သူဖတ်လေလေ သူ့မျက်ခုံးများတွန့်ကွေးလာလေလေပင်။
ထိုသည်ကိုမြင်သောအခါ ရှန်းကျန် ထိတ်လန့်လာပြီး မေးလိုက်၏။
“အဲ့တာက အရမ်းဆိုးတယ်လား”
စာအုပ်မှာ အနောက်အရပ်သို့ခရီးသွားခြင်းကို အတုခိုးထားသော စာအုပ်တစ်အုပ်ဖြစ်ပေသည်။ ထိုစာအုပ်တွင် အဓိကဇာတ်ကောင်မှာ မိစ္ဆာတစ်ကောင်သာဖြစ်ပြီး အထွတ်အထိပ်အမတရတနာကို ရှာဖွေရန် ခရီးဝေးကြီးသို့ ထွက်ရသည့်အကြောင်းကိုရေးထားခြင်းဖြစ်၏။
သိသာစွာပင် ထိုစာအုပ်မှာ စာအုပ်ကောင်းတစ်အုပ်ပင်။
ကုအန် နောင်တရသလို ခံစားလိုက်ရသည်။
ရှန်းကျန်ပြန်လာခဲ့ချေပြီ!
ကုအန်ရုတ်တရက် သူ့ကိုယ်သူ အကျိုးအကြောင်းမသင့်သောလူတစ်ယောက်လို ခံစားလိုက်ရ၏။ ရှန်းကျန် စာရေးနေတုန်းကလည်း သူအနှောင့်အယှက်ဖြစ်သလို ခံစားရပြီး မရေးပြန်တော့လည်း နောင်တရသလို ခံစားခဲ့ရပြန်သည်။
“အဲ့တာက အတော်လေးကောင်းပါတယ် ဆက်လုပ်ထား” ကုအန် စာအုပ်ကိုပိတ်ကာ ရှန်းကျန်ကိုပြန်ပေးလိုက်ပြီး ပြောလိုက်၏။
ရှန်းကျန် ကုအန်၏အထင်အမြင်သေးနေဟန် အမူအရာကိုတွေ့သောအခါ လက်ထဲရှိစာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
ထိုအခိုက်တွင် ခြေသံများ ထွက်ပေါ်လာခဲ့၏။
အဖြူရောင်ဂါ၀န်၀တ်ကျိရှောင်ယုတစ်ယောက် အခန်းထဲ၀င်လာခဲ့ခြင်းဖြစ်သည်။ အသက်၁၈နှစ်ရှိနေပြီဖြစ်သော ကျိရှောင်ယု၏အသွင်သဏ္ဍာန်က ပို၍ပင် လှပလာခဲ့၏။ သူမပုံစံက အပြည့်အ၀ရင့်ကျက်လာခဲ့ပြီး တောက်ပနေသော မျက်လုံးများနှင့် နှဖူးပေါ်ရှိ အနီရောင်မျဉ်းပါးလေးကြောင့် သူမပုံစံက ပို၍ပင် ဆန်းကြယ်နေခဲ့သည်။
ရှန်းကျန်လှည့်ကြည့်လိုက်ပြီး ကျိရှောင်ယု၏ အသွင်သဏ္ဍာန်ကြောင့် သူမလည်း ငေးကြောင်သွားခဲ့ရ၏။
ကျိရှောင်ယု တတိယတောင်ကြားတွင်ရောက်နေတာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ရှန်းကျန်ကမရောက်ဖြစ်တာကြာပြီဖြစ်သောကြောင့် သူတို့တစ်ခါမှ မတွေ့ဖူးသေးပေ။
ကျိရှောင်ယုလည်း ရှန်းကျန်ကို ဂရုတစိုက်ကြည့်နေခဲ့သည်။
ရုတ်တရက်ရှန်းကျန် ရယ်မောလိုက်ပြီး ကုအန်ဘက်လှည့်ကာ မေးလိုက်သည်။
“ကုအန် နင်ကဒီလိုစာအုပ်မျိုးကိုမကြိုက်ဘူးဆိုတော့ အဓိပတိလျှို့ဝှက်မှတ်တမ်းများလို စာအုပ်ကိုပဲကြိုက်တာလား”
ကုအန်အမူအရာရုတ်ချည်းပြောင်းလဲသွားကာ ပြောလိုက်၏။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါဒီလိုစာအုပ်မျိုးကိုကြိုက်တာေပါ့ ဘာအဓိပတိလျှို့ဝှက်မှတ်တမ်းများလဲ ငါတစ်ခါမှမဖတ်ဖူးဘူး”
သူရှန်းကျန်းကိုအဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်သည်။
ရှန်းကျန်ချက်ချင်း သူ့လက်ထဲကစာအုပ်ကို စားပွဲပေါ်ပြန်တင်လိုက်ကာ ပြောလိုက်သည်။
“ဒါဆို နင်ဒါကိုဂရုစိုက်ပြီးဖတ်ပေးနိုင်မလား နောက်တစ်ခါတွေ့ရင် ငါနင့်ကိုမေးခွန်းတွေမေးမယ်”
“ဒါပေါ့ ငါဒါကိုအတော်လေးကြိုက်တယ် နင်နဲ့အပြန်အလှန်ဆွေးနွေးနိုင်မှာသေချာတယ်” ကုအန် လေးလေးနက်နက်ပြောလိုက်၏။
ရှန်းကျန်ကုအန်ကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“ညဏ်ကောင်းတဲ့ ရွှေ့ကွက်လေးပဲ”
ပြီးနောက် သူမထွက်ခွာသွားခဲ့၏။
သူမကျိရှောင်ယုနားကဖြတ်သွားသောအခါ ကျိရှောင်ယုကို ပြုံး၍ခေါင်းညိတ်ပြသွားသောကြောင့် ကျိရှောင်ယု မျက်မှောင်ကြုံ့သွားခဲ့သည်။
ကျိရှောင်ယုလည်း စားပွဲဆီလျှောက်လာလိုက်ပြီး မေးလိုက်၏။
“သူကအစ်ကို့ကိုခြိမ်းခြောက်နေတာလား ညီမလေးကိုပြော ညီမလေးကူညီပေးနိုင်တယ်”
အသက်၁၈နှစ်အရွယ်တွင် သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ သို့ရောက်နေသောကြောင့် သူမ၏စွမ်းဆောင်ရည်အပေါ် အတော်လေး ယုံကြည်ချက်ရှိနေခဲ့သည်။
ကုအန်ရယ်မောကာ ပြောလိုက်၏။
“လုံး၀မဟုတ်ပါဘူး အစ်ကိုသူနဲ့သိတာ နှစ်တစ်ရာကျော်သွားပြီ သူကဒီတိုင်းအစ်ကိုနဲ့ငြင်းခုန်ရတာကို ကြိုက်ရုံပဲ သူ့အကြောင်းမပြောရအောင် ညီမလေးကဘာလို့ဒီရောက်လာတာလဲ”
ကျိရှောင်ယုကုအန်ကိုကြည့်ကာ ပြောလိုက်သည်။
“ညီမလေးခဏထွက်သွားဖို့ စီစဉ်ထားတယ် ကျိမိသားစုမှာ တက်ရောက်ရမယ့် ကိစ္စအချို့ရှိနေလို့ ညီမလေးပြန်ရဦးမယ်”
“ဒါဆိုသွားလေ ညီမလေးကိုလက်ထောက်ဂိုဏ်းချုပ်ဆီခေါ်သွားပေးဖို့ လိုသေးလား”
“ဟုတ်”
ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်ရာ ကုအန်လည်းချက်ချင်းထရပ်လိုက်၏။
သူပင်မမြို့တော်ဆီရောက်ဖူးပြီး ကျိဟန်ထျန်းဘယ်မှာနေလဲဆိုတာလည်း သိရှိပေသည်။
ယခုအခါ သူအဓိပတိဂိုဏ်းရှိနေရာတိုင်းကိုသွားနိုင်ပြီဖြစ်သော်လည်း သူကတော့ အပြင်စည်းမြို့တွင်လျှောက်သွားရခြင်းကိုသာ ပိုနှစ်သက်၏။
အပြင်စည်းမြို့ရှိလူများက ပို၍ ပေါင်းရသင်းရလွယ်ပေသည်။ အတွင်းစည်းမြို့တွင်ဆိုပါက လူများက ခပ်ခွာခွာသာနေကြပြီး ပင်မမြို့တော်တွင်တော့ သူ့လို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ထူးဆန်းသောအကြည့်နှင့်ပင် ကြည့်ကြသေးသည်။
လမ်းတစ်လျှောက်လုံးတွင် ကုအန်နှင့် ကျိရှောင်ယု စကားစမြည်ပြောလာခဲ့ကြသည်။ သူတို့စကားလုံးများက ဘာမှမဟုတ်ဘဲ ဒီတိုင်းစိတ်ထဲရှိတာကိုသာ ပြောနေကြခြင်းဖြစ်၏။
တစ်နာရီခန့်ကြာသောအခါ
ကုအန်နှင်ကျိရှောင်ယုတို့ ကျိစံအိမ် ဂိတ်တံခါးဆီသို့ရောက်ရှိလာခဲ့ကြပြီး ကုအန်ပြောလိုက်သည်။
“၀င်သွားတော့”
ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်ပြီး ဂိတ်တံခါးဆီ သွားခဲ့၏။
ထိုအခါမှ ကုအန်လည်းလှည့်ပြန်လာခဲ့သည်။ ကျိရှောင်ယု လှည့်ပြန်သွားသော ကုအန်ပုံရိပ်ကိုကြည့်ကာ မျက်ခုံးများတွန့်ကွေးသွားပြီး တစ်ခုခုကိုဆုံးရှုံးလိုက်ရသလို ဟာတာတာကြီးခံစားနေခဲ့ရသည်။
ကုအန်လည်း သူမအကြည့်ကို သတိထားမိခဲ့သည်။ သို့သော် ထိုကောင်မလေး အဓိပတိလျဝှက်မှတ်တမ်းများအကြောင်း စပ်စုနေမည်စိုးသောကြောင့် သူပြန်တော့ လှည့်မကြည့်ရဲခဲ့ပေ။
ယခုဘ၀တွင် ကျိရှောင်ယုသည် အရင်ထင်ပိုသံသယများလာတတ်ပြီး သူသိလိုသမျှကို မသိသိအောင်လိုက်မေးမြန်းရှာဖွေနေတတ်သည်။
ပင်မမြို့တော်မှတစ်ဆင့် အတွင်းစည်းမြို့၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီရောက်သောအခါ ကုအန် တောင်အရပ်မှ ထွက်ပေါ်လာသော ကောင်းကင်ဈာန်အမတအဆင့်ထက် ကျော်လွန်နေသည့် တိုက်ပွဲအရှိန်အဝါကို ခံစားမိလိုက်၏။
အပူအပင်မဲ့ကမ္ဘာဦးအမတနီးနီးပဲ ဒါပေမယ့် နည်းနည်းလေးလိုနေသေးတယ်!
သူ့နတ်အာရုံကိုအမြန်ဖြန့်၍ စစ်ဆေးလိုက်ပြီးနောက် သူ့အမူအရာထူးဆန်းသွားခဲ့သည်။
ဘာလို့သူလဲ!
သူရုတ်တရက်တစ်ခုခုကိုတွေးလိုက်မိပြီး ချက်ချင်းနားလည်သွားခဲ့၏။ ထို့နောက် သူမရပ်တန့်တော့ဘဲ ရှေ့သို့သာ ဆက်လျှောက်သွားခဲ့သည်။
သူလမ်းတစ်လျှော့က်လျှောက်သွားနေပြီး တပည့်များသွားလာနေသည်ကို ကြည့်ရှုနေခဲ့၏။
နှစ်ပေါင်းများးစွာကြာပြီးသည့်နောက် အတွင်းစည်းတပည့်များကြားထဲတွင် မိစ္ဆာများ ပိုမိုများပြားလာပြီဖြစ်ပြီး ဤအရာက လူနှင့်မိစ္ဆာအတူတကွနေထိုင်ကြခြင်း၏ စဦးအခြေအနေသာ ဖြစ်ပေသည်။
…..
ဝုန်းးး
နားကန်းလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီး ခန်းမအပြင်မှထွက်လာခဲ့၏။ အန်းဟောင် ရေကန်ထဲတွင် တရားထိုင်နေရင်း သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
ခန်းမထဲတွင် ကြီးမြတ်သည့်ကျင့်ကြံသူ ၁ဒါဇင်ကျော်ရှိနေကြပြီး ယောင်္ကျားမိန်းမအစုံပါကာ ထိုထဲတွင် ချိပိုင်နှင့် ချိကျူရှောင်လည်း ပါနေခဲ့သည်။
“ဘယ်လိုလုပ်ဒီကောင်က အရမ်းသန်မာနေတာလဲ
သူတကယ်ကြီး ကြယ်ပင်လယ်အဖွဲ့အစည်းထဲ ဖောက်၀င်လာနိုင်တာလား+
“
“နောက်ဆုံးတော့ သူက ကမ္ဘာခြားနတ်အာဃာတတစ္ဆေဘုရင်ပဲလေ သူသာဒီလောက် အစွမ်းမထက်ရင် သေနေတာကြာပြီ”
“အဲ့တာက အရမ်းစော်ကားလွန်းတယ် ငါတို့ကြယ်ပင်လယ်အဖွဲ့အစည်းထဲဝင်ပြီးတောင် လူတစ်ယောက်ကိုဖမ်းချင်သေးတယ်”
“ဟမ့် ကံကောင်းတာက ဂိုဏ်းချုပ်ဒီမှာရှိနေလို့သာပဲ ငါတို့စိတ်ပူစရာမလိုပါဘူး”
“အဲ့လိုဆိုရင်တောင် သူ့အဟုန်က နည်းနည်းတော့ကြမ်း…”
ဂိုဏ်းအကြီးအကဲများ၏ ဆွေးနွေးနေသံများကို နားထောင်ရင်း အန်းဟောင်မျက်နှာ မည်းမှောင်လာခဲ့၏။
မမြဲသောထျန်းက ထိုမျှမောက်မာလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ ထိုလူသည် ကြယ်ပင်လယ်အဖွဲ့အစည်းထဲကိုပင် အတင်းထိုးဖောက်၀င်ရောက်လာရဲခဲ့သည်။
မမြဲသောထျန်းဆီမှ ဖိအားက ပိုမိုကြီးမားလာသည်ကိုလည်း သူခံစားမိနေပြီး ဤအရာက ထိုလူသည် သူ့ဆီသို့ တဖြည်းဖြည်းပို၍ ချဉ်းကပ်လာနေပြီဆိုတာ ညွှန်ပြနေခဲ့သည်။
တစ်ချိန်တည်းမှာပင် နန်းတော်အပြင်ဘက်၌
ကောင်းကင်ပြာတွင် လေပြင်းများတိုက်ခိုက်နေပြီး တိမ်ပင်လယ်များကို မွှေနောက်သွားခဲ့၏။ ကောင်းကင်ပေါ်မှကြည့်ပါက ကျွန်းမျောကြီးများမှာ ဖုန်မှုန့်များလို ဖြစ်နေခဲ့၏။
ကျွန်းမျောတစ်ကျွန်းချင်းစီပေါ်မှ ကျင့်ကြံသူများပျံတက်လာခဲ့ကြပြီး မှော်အသုံးအဆောင်များကို ကိုင်ဆောင်ကာ တိုက်ပ္ွဲအတွက် အသင့်ပြင်ထားခဲ့ကြသည်။
ထိုစဉ် အန်းဟောင်၏နန်းတော်တံခါးပွင့်သွားခဲ့ပြီး နန်းတော်ထဲမှ လူများထွက်လာကြကာ ထိုထဲတွင် အန်းဟောင်လည်း ပါ၏။
“ဂိုဏ်းချုပ်က ဒီမှာပဲ!” အမျိုးသမီးကျင့်ကြံသူတစ်ယောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အခြားကျင့်ကြံသူများလည်း ထိုအခါမှ သက်ပြင်းချလိုက်နိုင်ခဲ့၏။
ဝေ့ဝဲနေသော ကောင်းကင်ရှိတိမ်တိုက်များကြားထဲမှ အလံတစ်လက်ပေါ်လာခဲ့ကာ ထိုအလံမှ အလင်းတန်းတစ်ခုတောက်ပလာခဲ့ပြီး အလင်းတန်းက အန်းဟောင်နန်းတော်ရှေ့ရှိ ကမ်းပါးထောင့်စွန်းဆီ ကျရောက်လာခဲ့သည်။
အလင်းတနပျောက်ကွယ်သွားသော ခပ်ပွပွအဖြူရောင်၀တ်စုံကို ၀င်ဆင်ထားသော လူတစ်ယောက်ပေါ်လာခဲ့၏။ ထိုလူသည် အမျိုးမျိုးသော ပုံသဏ္ဍာန်မတူသည့် ကျောက်စိမ်းပြားမျိုးစုံကို သူ့ခါးပတ်၌ ချိတ်ဆွဲထားခဲ့ပြီး လေကြောင့် ကျောက်စိမ်းပြားများက လှုပ်ခါနေခဲ့သည်။ သူသည် အန်းဟောင်တို့ကိုကျောပေးကာ ကောင်းကင်သို့ ကြည့်ရှုနေပြီး သူ့နောက်ကျောကိုမြင်နေရရုံနှင့်ပင် သူ့ဆီမှ အထင်ကြီးလောက်စရာ အရှိန်အဝါကို ခံစားနေခဲ့ရ၏။
ကြီးမြတ်သော မင်ထျန်း ကြယ်ပင်လယ်အဖွဲ့အစည်းဂိုဏ်းချုပ် ကောင်းကင်ဈာန်အမတအဆင့်!
ယခုအခိုက်တွင် သူ့မျက်နှာထားက တင်းမာနေပြီး သူ့မုတ်ဆိတ်ရှည်များက လေနှင့်အတူမျောလွင့်နေကာ သူ့မျက်လုံးထဲ ကြမ်းကြုတ်သည့် အလင်းရောင်များက တောက်ပနေခဲ့သည်။ သူ့ဆံပင်ရှည်များကိုမူ အလံများဖြင့် တန်ဆာဆင်ထားသော သရဖူတစ်ခုအောက်တွင် စုစည်းထားခဲ့၏။ ထိုစဉ် သူ့ညာလက်ကိုမြှောက်လိုက်ရာ အလံများထဲမှ တစ်ခု အလျင်အမြန်ပင် သူ့လက်ထဲ ဆင်းသက်လာခဲ့သည်။
ထိုအလံသည် ကြယ်ပင်လယ်အဖွဲ့အစည်း၏ ကြယ်ပင်လယ်ကမ္ဘာဦးညီညွတ်ခြင်းအလံမှလွဲ၍ အခြားမဟုတ်ပေ။
အလံပေါ်မှ ကြယ်ရောင်များတောက်ပနေပြီး ဆန်းကြယ်ကာ ထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်ပေးနေခဲ့သည်။
“ကြယ်ပင်လယ်ကမ္ဘာဦးညီညွတ်ခြင်းအလံ မတွေ့ရတာကြာပြီပဲ”
မမြဲသောထျန်း၏ အေးစက်စက်ရယ်သံက ပျံ့လွင့်လာခဲ့၏။ သူ့အသံဟိန်းထွက်လာပြီးသည့်နောက် ရုတ်တရက် ကောင်းကင်ကိုစုတ်ဖြဲလိုက်သလို အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုအက်ကွဲကြောင်းကြီးက ဓားရာကြီးတစ်ခုလိုဖြစ်နေကာ မြင်ကွင်းမှာ အဝောာ်ေလး ကြောက်စရာပင်။