← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 21 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 21 Ch. 273-274

အပိုင်း(၂၇၃)

ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်သိုင်း၊ ကမ္ဘာဦးကမ္မခန္ဓာ

ကုအန် ကျိရှောင်ယုစကားကိုကြားသောအခါ တခဏကြောင်အသွားပြီး မေးလိုက်၏။

“ညီမလေးက အဲ့တာလေးအတွက်ပြန်လာခဲ့တာလား”

ငါ့ဝိညာဉ်ကို ကြည့်ချင်တာလား!

ငါ့ကိုမိစ္ဆာတစ်ကောင်လို့ ထင်နေတာလားဟ!

ကုအန်ထူးဆန်းသလိုခံစားလိုက်ရပြီး ကျိရှောင်ယုအကြံကို ဘယ်လိုတုန့်ပြန်ရမလဲ တွေးနေခဲ့သည်။

ကျိရှောင်ယုသူ့အမူအရာကိုနားလည်သွားဟန်ဖြင့် ပြောလိုက်၏။

“ဒါပေါ့ အဲ့တာကအဲ့ဒီစွမ်းရည်တစ်ခုပဲရှိတာမဟုတ်ဘူး တကယ်လို့ကျင့်ကြံသူတစ်ယောက်က ကိုယ့်ဝိညာဉ်ကိုယ်မြင်လိုက်ရရင် သူ့ရဲ့နားလည်သဘောပေါက်နိုင်စွမ်းကို တိုးလာစေတယ်လေ”

“အစ်ကိုမယုံဘူး အဲ့တာကြောင့်အစ်ကိုကြိုးစားကြည့်မှာမဟုတ်ဘူး” ကုအန် လက်ကာပြကာပြောလိုက်သည်။

ကျိရှောင်ယု သူ့အနားတိုးလာပြီး ခပ်တိုးတိုးပြောလိုက်၏။

“တစ်ခါလောက်လေးကြိုးစားကြည့်ပါ အဲ့တာကနာမှာမဟုတ်ဘူး”

“အစ်ကိုကနာကျင်မှာကိုကြောက်နေတာမဟုတ်ဘူး ဒါပေမယ့် ကိုယ့်ဝိညာဉ်ကိုယ်ပြန်ကြည့်ဖို့ ပြောနေတာက အနှောင့်အယှက်ပေးခံနေရသလို ခံစားနေရတာ ညီမလေးအစ်ကို့ကို မိစ္ဆာတစ်ကောင်လို့ထင်နေတာ မဟုတ်ဘူးမလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တကယ်လို့မိစ္ဆာတစ်ကောင်ဖြစ်နေရင်တောင် ကိစ္စမရှိပါဘူး နောက်ဆုံးတော့…”

“အခုထိ မထင်ဘူးလို့ပြောနေသေးတယ်လား”

ကုအန်စိတ်တိုချင်ယောင်ဆောင်လိုက်ပြီး အင်္ကျီလက်အိုးကိုတစ်ချက်ယမ်းကာ ထွက်ခွာသွားခဲ့၏။

သူထိုရတနာ၏ သဘာ၀ကိုနားမလည်သော်လည်း သူ့ဝိညာဉ်ကသာမန်မဟုတ်တာတစ်ခုခုကိုပြလိုက်မည်စိုးသောကြောင့် ဝေးဝေးနေရန်သာ ဆုံးဖြတ်ခဲ့လိုက်သည်။

ဒါပေါ့ သာမန်အားဖြင့်ထိုမျှစွမ်းအားကြီးသော ရတနာမျိုးကတော့ ရှိမနေနိုင်ပေ။

ကျိရှောင်ယု ထိုနေရာတွင်သာ ရပ်နေပြီး ကုအန်ထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့သည်။

သူမသည် ခေါင်းမာသည့်သူဖြစ်သော်လည်း အတင်းအကြပ်လုပ်တတ်သူမျိုးတော့ မဟုတ်ခဲ့ပေ။

နောက်ရက်များတွင် ကုအန် ကျိရှောင်ယုကို ရှောင်နေခဲ့၏။

ဆောင်းဦးရောက်ရှိလာခဲ့ပြီး ကုအန် ထျန်းယတောင်ကြားမှပြန်ရောက်လာချိန်တွင် သူ့သက်တမ်းက သန်း၃၀ပြည့်ခဲ့လေပြီ။

သူတောတောင်များထဲ လမ်းလျှောက်သွားနေရင်း သူ့နတ်အာရုံက ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းဆ‌ီရောက်ရှိနေခဲ့သည်။

အက်ကွဲကြောင်းတစ်လျှောက်လုံးိကု ကြည့်လိုက်ပါကထိုနေရာတွင်စုဝေးနေသော ကျင့်ကြံသူနှင့်မိစ္ဆာပေါင်း ၁၀သန်းကျော်ရှိနေပြီး ထိုသည်မှာ အက်ကွဲကြောင်းအောက်ခြေမှ အဆုံးမဲ့သော သတ္တဝါများ မပါသေးပေ။

မကြာခင်တွင် ကုအန်အက်ကွဲကြောင်းအောက်ခြေသို့ ဘယ်နေရာက ၀င်ရမလဲဆိုတာ ဆုံးဖြတ်လိုက်၏။

ထို့နောက် ကုအန် ညာခြေကိုတစ်လှမ်းလှမ်းလိုက်ပြီးနောက် သူ့အရှိန်အဝါတစ်ခုလုံးက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၏ အထူးအခြေအနေသို့ တိုက်ရိုက်၀င်ရောက်သွားခဲ့လေသည်။

သူခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းဆီ ရောက်ရှိလာခဲ့၏။

သူအက်ကွဲကြောင်းထဲ ၀င်လိုက်သောအခါ အမှောင်ထုကြီးတစ်ခုထဲ တိုး၀င်လိုက်ရသလို ခံစားနေခဲ့ရသည်။ ပတ်၀န်းကျင်တစ်ခုလုံးက မှောင်မည်းနေပြီး နားကွဲလုမတတ်ကျယ်လောင်သော ရေသံများကိုသာ ကြားနေခဲ့ရ၏။

လမ်းတစ်လျှောက်လုံးတွင် ကျင့်ကြံသူများ မိစ္ဆာများ အာဃာတတစ္ဆေများကိုပင် တွေ့ခဲ့ရသော်လည်း အချို့ကသူ့ကိုဖြတ်သွားကာ အချို့ကသူ့ကိုကျော်သွားကြပြီး ဘယ်သူမှ သူ့ကိုမမြင်နိုင်ခဲ့ကြပေ။

ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးသည် ကုအန်ထင်ထားသည်ထက်ပင် ပိုနက်နေပြီး အခြားကမ္ဘာတစ်ခုသို့ သွားနေရသလို ခံစားနေခဲ့ရသည်။

မိုင်ဆယ်သန်းခန့်ဆင်းသက်ပြီးသောအခါ ခပ်ဖျော့ဖျော့အပြာရောင်အလင်းများ ပေါ်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင်နိယာမများနှင့်တူသော အရှိန်အဝါတစ်မျိုးကိုပင် ကုအန် ခံစားလိုက်ရသည်။

သူထိုအပြာရောင်အလင်းလွှာကိုဖြတ်သန်းသွားပြီးသောအခါ ရှင်းလင်းစွာပင် အခြားကမ္ဘာတစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရ၏။

ဤကမ္ဘာ၏အရှိန်အဝါကို သူရင်းနှီးနေသလိုခံစားနေရပြီး ကမ္ဘာခြားနတ်မြို့တော်ထဲ ရောက်နေသလို ခံစားနေခဲ့ရသည်။

ဤနေရာတွင်လည်း ကမ္ဘာငယ်လေးများစွာ ပါ၀င်နေပြီး ကုအန် စိတ်ဝိညာဉ်စွမ်းအင်အကြွယ်၀ဆုံးနှင့် သူတို့ကုန်းမြေတိုက်ကြီးထက် အဆရာချီကြီးသော ကမ္ဘာငယ်လေးတစ်ခုဆီ ဦးတည်သွားခဲ့၏။

လမ်းတစ်လျှောက်တွင် ပျံသန်းနေရင်း ကုအန်သူ့လိုကမ္ဘာကူးပြောင်းနေသော မိစ္ဆာများ ကျင့်ကြံသူများကိုမြင်တွေ့ခဲ့ရပြီး ထိုထဲတွင် အနိမ့်ဆုံးမှာ မြေလျှောက်အမတများဖြစ်ကြပေသည်။

‌အနိမ့်ဆုံး မြေလျှောက်အမတအဆင့်သို့ရောက်သူများသာ ထိုကဲ့သို့ ကမ္ဘာတစ်ခုနှင့်တစ်ခုကူးပြောင်းနိုင်ကြခြင်းဖြစ်၏။

ထိုအဆင့်ထက်နိမ့်သူများအတွက်တော့ ကမ္ဘာကူးပြောင်းရန် ကမ္ဘာပြောင်းအစီအရင်လိုဟာမျိုး လိုအပ်ကြသည်။

ကုအန် ကမ္ဘာခြားနတ်အာဃာတတစ္ဆေများကိုလည်းတွေ့ခဲ့ရပြီး ထိုကောင်များက အမှောင်ထုထဲတွင်လျှောက်သွားကာ ဖြတ်သွားသော ကျင့်ကြံသူများကို အချိန်မရွေးခုန်အုပ်ဖို့့ ဟန်ပြင်နေခဲ့သည်။

ကုအန် အများကြီးကြည့်မနေတော့ဘဲ သူ့ညာခြေကိုတစ်လှမ်းလှမ်းလိုက်ရာ ချက်ချင်းပင် ချောက်ကမ်းပါးတစ်ခုသို့ရောက်ရှိသွားခဲ့၏။

ထိုနေရာတွင် ကောင်းကင်ကသွေးရောင်တောက်နေပြီး တိမ်များကမည်းနက်နေကာ များစွာသောလများကိုကောင်းကင်တွင် ဝိုးတဝါးမြင်နေခဲ့ရသည်။

ကုအန် တင်ပလ္လင်ခွေ၍ထိုင်လိုက်ပြီး သက်တမ်းအလွှာကိုတိုက်ရိုက်ဖွင့်လိုက်၏။

ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များအလွန်ကြွယ်၀ပြီး ဆေးပင်များနှင့်ပြည့်နေသော တတိယတောင်ကြားထက်ပင် ပို၍ကြွယ်၀နေပေရာ ကျင့်ကြံသူများ မိစ္ဆာများ ဤနေရာသို့အလုအယက်လာနေကြခြင်းက အံ့ဩစရာတော့ မဟုတ်တော့ပေ။

ကုအန်ချက်ချင်းအဆင့်မချိုးဖြတ်ဘဲ သူ့ပတ်ပတ်လည်ကို နတ်အာရုံသုံး၍ စစ်ဆေးကြည့်လိုက်သည်။

ဤကမ္ဘာကြီးသည် အလွန်ကျယ်ပြန့်သော်လည်း သစ်ပင်များ ပန်းပင်များကိုတွေ့ရှိရန်ခက်ခဲလှပြီး မုန်တိုင်းကြီးများက အဝေးရှိတောင်ကြီးများကို မွှေနောက်နေခဲ့ပြီး များစွာသောအငြှိုးကြီးဝိညာဉ်များက တစ္ဆေများလို အော်ဟစ်နေခဲ့ကြသည်။

ပျက်ဆီးခြောက်ကပ်နေခြင်း၊ ညှို့မှိုင်းခြင်း။

ဤသည်မှာ ဤကုန်းမြေအပေါ် ကုအန်၏ခံစားချက်သာဖြစ်၏။ ကုန်းမြေကြီးတစ်ခု ထိုမျှအခြေအနေထိရောက်သွားစေရန် မည်သို့သောအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ရပါသနည်း။

အကယ်၍ ဤကမ္ဘာထဲရှိအရာအားလုံးကသာ အာဟာရဓာတ်ကြွယ်၀နေခဲ့ပါက ဤနေရာတွင်စိတ်ဝိညာဉ်စွမ်းအင်က မည်သို့သောအခြေအနေထိ ကြွယ်၀နေပါမည်နည်း။

ကုအန် သူ့အကြည့်ကိုရုတ်လိုက်ကာ စနစ်ကိုဖွင့်လိုက်သည်။

[အမည်: ကုအန်]

[သက်တမ်း: ၁၇၄/၃၀၀၀၄၉၀၁]

[ခန္ဓာ: ဆန်းကြယ်မြင့်မြတ်ခန္ဓာ]

[ကျင့်ကြံခြင်းအဆင့်: အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉]

….

သူ့သက်တမ်းကိုကြည့်ကာ ကုအန်မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

ထို့နောက် ကိစ္စကြီးတစ်ခုကိုလုပ်တော့မည့်ဟန်ဖြင့် သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်၏။

သူအရင်ဆုံး သူ့ခန္ဓာကိုအဆင့်မြှင့်ဖို့ ရည်ရွယ်ထားခဲ့ပြီး ခန္ဓာထဲသို့ သက်တမ်း ၁သန်းစမ်းထည့်ကြည့်ရန် ကြံထားခဲ့သည်။

မူလတာအိုခန္ဓာမှ ဆန်းကြယ်မြင့်မြတ်ခန္ဓာသို့ပြောင်းလဲရန် သက်တမ်း ၅သိန်းသုံးခဲ့ရသောကြောင့် ထိုခန္ဓာကိုအဆင့်ထက်မြှင့်ရန် သက်တမ်း ၁သန်းက လုံလောက်နိုင်မလား သူသိချင်နေခဲ့၏။

သက်တမ်းထည့်!

စာတန်းများစွာပေါ်ပေါက်လာခဲ့ပြီး သူ့အရိုးများပိုသန်မာလာကြေ‌ာင်း အသိပေးချက်များ တက်လာခဲ့သည်။

သို့သော် နောက်ဆုံးတွင်သက်တမ်း ၁သန်းက မလုံလောက်ခဲ့ပေ။

ကုအန်အနည်းငယ်စိတ်ပျက်သွားပြီး စိတ်ကိုပြင်ဆင်လိုက်ကာ နောက်တစ်ကြိမ်ကြိုးစားဖို့ ပြင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူတစ်ခါကို သက်တမ်းတစ်ထောင်သာထည့်ပြီး ဆက်တိုက်သက်တမ်းများ ထည့်နေလိုက်၏။

စာတန်းများဆက်တိုက်ပေါ်လာခဲ့ပြီး ကုအန်၏မျက်နှာပျက်လာခဲ့သည်။

နောက်ဆုံးတော့!

[သင်သည် ကောင်းကင်နှင့်မြေပြင်၏စစ်မှန်သည့်အဓိပ္ပာယ်ကို နှစ်တစ်သောင်းကြာ လေ့လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်၏အဓိပ္ပာယ်‌ဖြင့် သင့်ခန္ဓာကိုပြုပြင်နိုင်ခဲ့ကာ သင့်အရိုးများကပြောင်းလဲသွားခဲ့သည်။ သင်၏ ဆန်းကြယ်မြင့်မြတ်ခန္ဓာကလည်း ကမ္ဘာဦးကမ္မခန္ဓာအဖြစ် အဆင့်မြင့်သွားခဲ့သည်။]

ဝုန်းးး

ကောင်းကင်နှင့်မြေပြင်၏စိတ်ဝိညာဉ်စွမ်းအားများက ရုတ်တရက် သူ့ဆီတိုး၀င်လာခဲ့ကြပြီး မြေပြင်တွင် လှပကာ ထည်ဝါလှသော စိတ်ဝိညာဉ်စွမ်းအင်ပင်လယ်ကြီးတစ်ခုပေါ်ပေါက်လာခဲ့၏။

ကုအန်မျက်နှာတွင်လည်း အပြုံးတစ်ပွင့်ရှိနေခဲ့သည်။

သူ့ခန္ဓာကိုအဆင့်မြှင့်ရန် သက်တမ်း ၁သန်း၆သိန်း အသုံးပြုခဲ့ရ၏။

ဘယ်သူက ထိုမျှအကုန်ကြခံနိုင်ပါမည်နည်း ။

ကုအန်တွန့်ဆုတ်သွားခဲ့ပြီး သူ့ကျင့်စဉ်ကိုရော အဆင့်မြှင့်သင့်သလားဟု တွေးနေခဲ့သည်။

ထိုအဆင့်မြှင့်ခြင်းကြောင့် သူအဆင့်ချိုးဖြတ်ရာတွင် သက်တမ်းမလောက်တော့မှာကို သူစိုးရိမ်နေခဲ့၏။

သူ့အဆင့်ချိုးဖြတ်ခြင်းက အဆင့်မြင့်လာလေလေပို၍ ခက်ခဲလာလေလေဖြစ်သည်။ ယခုအခါချိုးဖြတ်မှုကလည်း နောက်ဆုံးအကြိမ်ချိုးဖြတ်ခြင်းထက် သက်တမ်းလျော့စရာတော့ အကြောင်းမရှိပေ။

‌မြေပြင်ကတုန်ခါနေခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ရှိစိတ်ဝိညာဉ်စွမ်းအားများ ကျဆင်းလာခဲ့သောကြောင့် မရေတွက်နိုင်သော အာဃာတတစ္ဆေများ အံ့အားသင့်ကုန်ခဲ့ကြသည်။

ကမ္ဘာအခြားတစ်ဖက်တွင် ပင်လယ်ဘေးရှိ မမြဲသောထျန်း ရုတ်တရက်ထရပ်လိုက်ပြီး ဘေးဘီဝဲယာကို ကြောက်လန့်တကြားကြည့်နေခဲ့၏။

သူ့ခြေထောက်အောက်ရှိ ကမ်းခြေက တုန်ခါနေပြီး စိတ်ဝိညာဉ်စွမ်းအင်ကျဆင်းမှုကြောင့် လှိုင်းလုံးများထိုးတက်လာကာ လေပြင်းများလည်း တိုက်ခတ်လာခဲ့သည်။

“အဲ့တာ သူဖြစ်နိုင်လား” မမြဲသောထျန်း အံကိုကြိတ်ထားလိုက်၏။

အချိန်က ၂လကြာသွားပြီဖြစ်သော်လည်း ထိုလူ သူ့ဆီလာသတ်မှာကို သူကြောက်ရွံ့နေ‌ဆဲပင်။

“စိတ်ဝိညာဉ်စွမ်းအင်ကျဆင်းမှုက ဒီကမ္ဘာကြီးရဲ့

နိယာမတွေ အဓိကရုန်းဖြစ်မှုနဲ့ ဆက်စပ်နေတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး”

အေးစက်စက်အသံတစ်သံ ကျောက်တိုင်ဆီမှထွက်ပေါ်လာခဲ့ပြီး ထိုအခါမှ မမြဲသောထျန်းလည်း စိတ်အေးသွားခဲ့ပြီး သက်ပြင်းချလိုက်နိုင်ခဲ့သည်။

မမြဲသောထျန်း ပြန်ပြောလိုက်၏။

“နယ်မြေသခင် ဘယ်တော့ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်ကိုရပြန်ရပြီး ကမ္ဘာခြားနတ်နယ်မြေကို ထိန်းချုပ်နိုင်မှာလဲ ကျင့်ကြံသူတွေက ပိုပိုပြီး‌ေဖာက်၀င်လာကြပြီ အနှေးနဲ့အမြန်ပြဿနာဖြစ်လာလိမ့်မယ်”

ကျောက်တိုင်ထဲကအသံ အဖြေမပေးခဲ့ပေ။

…..

ကမ်းပါးရှိ သက်တမ်းအလွှာထဲတွင်

ကုအန်သူ့ခန္ဓာကိုယ်မှနာကျင်မှုကို တောင့်ခံထားရင်း ဝေခွဲမရဖြစ်နေခဲ့၏။

အရင်ကတော့ ဒြပ်ငါးမျိုးတာအိုကျင့်စဉ်မှ ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်သို့ပြောင်းလဲရန် သက်တမ်း ၇သိန်းလိုအပ်ခဲ့သည်။

ထိုကျင့်စဉ်ကိုဆက်မြှင့်ပါက အနည်းဆုံးတော့ သက်တမ်း ၂သန်းလောက် ကုန်ကျနိုင်၏။

လုပ်လိုက်ကြတာပေါ့!

သူကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်ကို အန်းဟောင်နှင့်ယန်ကျင်းဆီလွှဲပေးလိုက်ပြီဖြစ်သ‌ောကြောင့် သူ့ကျင့်စဉ်ကို အဆင့်ထက်မြှင့်သင့်ပေသည်။

ဆရာတစ်ယောက်အနေနှင့် ဆရာစားတစ်ကွက်တော့ ချန်ထားရမည်ဖြစ်ပြီး သူအဘယ်သို့ သူ့တပည့်များနှင့်အဆင့်တူသော ကျင့်စဉ်ကို ကျင့်လိုဖြစ်ပါမည်နည်း။

ကုအန်ချက်ချင်း ကျင့်စဉ်ထဲ သက်တမ်းတစ်သန်းထည့်လိုက်လေသည်။

မျှော်လင့်ထားသလိုပင် သူမအောင်မြင်ခဲ့ပေ။

သူနောက်ထပ်သက်တမ်း ၁သန်းထည့်လိုက်ပြန်၏။

ကျရှုံးခဲ့ပြန်သည်။

သက်တမ်း ၅သိန်း!

ကျရှုံး!

သက်တမ်း၂သိန်း!

ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်ကို ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်ကျင့်စဉ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါပြီ သို့သော် ကျင့်စဉ်တွင်တော့ အနည်းငယ်သာ အောင်မြင်မှုရရှိခဲ့၏။!

သက်တမ်း ၂သန်း၇သိန်း!

ကုအန်ခေါင်းကိုက်သလိုခံစားလိုက်ရသည်။ ထိုအရာတင်မကဘဲ သူ့သက်တမ်းအလွှာကလည်း လျင်မြန်စွာ သက်တမ်းများကုန်ကျနေပြီး ခဏလေးအတွင်း သက်တမ်းထောင်ပေါင်းများစွာ ကုန်သွားပြီဖြစ်သည်။

အကယ်၍ သူ့တွင်သာ သက်တမ်း ၁သန်းလောက်အပိုမကျန်ပါက ထိုသက်တမ်းအလွှာသည် သူ့ကိုခြောက်ကပ်နေအောင် စုပ်ယူသွားမည်ဟု ကုအန်ခံစားလိုက်ရပြီး အကယ်၍ သူအဆင့်ချိုးဖြတ်ခြင်းမပြီးသေးခင် ထိုအရာကိုဖယ်လိုက်လျှင်လည်း သူ့ကိုယ်သူ ဖော်ထုတ်မိသွားပေလိမ့်မည်။

ကုအန် သူ၏ကျင့်ကြံခြင်းကိုဖုံးကွယ်ပေးသော သူ့ခန္ဓာကျင့်စဉ်ဖြစ်သည့် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်ကို အဆင့်မြှင့်ချင်သေးသော်လည်း ယခုတော့ ထိုအရာကို ဘေးချိတ်ထားရဦးမည့်ပုံပင်။

သူအဆင့်ချိုးဖြတ်ပြီးပါက ထိုအရာကိုအဆင့်မြှင့်ဖို့ သက်တမ်း ၅သန်းလောက်ချန်ထားမည်ဟု တွေးထားလိုက်၏။

ကုအန် ထိုအကြောင်းတိတ်တဆိတ်တွေးနေခဲ့သည်။ ထိုအချိန်တွင် ကုအန်ဆီသို့ မည်သည့်ကျင့်စဉ်နှင့် ပတ်သက်သည့် မှတ်ညဏ်မှရောက်ရှိမလာခဲ့ပေ။ ကြည့်ရသည်မှာ ကမ္ဘာဦးကမ္မခန္ဓာက ဆန်းကြယ်ပုံ‌ရပြီး သူအပြီးသတ်ဖို့ အရင်စောင့်ရမည့်ပုံပင်။

ကုအန်စိတ်ရှည်ရှည်စောင့်နေလိုက်သည်။

တစ်နာရီခန့်ကြာသောအခါ ကမ္ဘာဦးကမ္မခန္ဓာပြောင်းလဲခြင်းက ပြီးဆုံးသွားခဲ့၏။

ကမ္ဘာဦးကမ္မစွမ်းအားသည် အတော်လေးစွမ်းအားကြီးလှပြီး ကမ္မတရားကိုပင် ဖြတ်တောက်ပစ်နိုင်ပေသည်။ ထို့အပြင် ကမ္မစွမ်းအားကိုသုံးပြီးလည်း ရန်သူကို တိုက်ခိုက်နိုင်သေး၏။

ကမ္ဘာပေါ်ရှိ အရာအားလုံးကို ကမ္မစွမ်းအားဖြင့်ချည်နှောင်ထားခြင်းဖြစ်ပြီး ရန်သူ၏ နတ်သိုင်းများ ကျင့်စဉ်များတွင်လည်း ကမ္မတရားများရှိကြသည်။ သူသည် ရန်သူ၏နတ်သိုင်းများကျင့်စဉ်များမှ ကမ္မတရားများကိုချောင်းကြည့်၍ ထိုအရာများ၏ အားနည်းချက်ကို ရှာဖွေနိုင်၏။ အကယ်၍ သူ့ကျင့်ကြံခြင်းကလုံလောက်အောင်သန်မာနေပါက သူတိုက်ရိုက်ပင် ထိုသူ၏တာအိုအဆင့်ကို ဖျက်ဆီးပစ်နိုင်ပေသည်။

ကမ္ဘာဦးကမ္မခန္ဓာက ကမ္ဘာဦးနတ်မျက်လုံးဟူသော အရာတစ်ခုကိုလည်း ထုတ်လွှတ်ပေးပြီး ထိုခန္ဓာတွင်ဆန်းကြယ်မှုများစွာပါသောကြောင့် သူအချိန်ပေး၍ လေ့လာရပေလိမ့်ဦးမည်။

ထို့နောက်တွင်တော့ ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်ကျင့်စဉ်၏ မှတ်ညဏ်များ သူ့‌စိတ်ထဲ တရဟောစီး၀င်လာခဲ့သည်။

ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်ကျင့်စဉ်တွင် ဒြပ်ငါးမျိုးလုံးပါ၀င်ပြီး ထိုဒြပ်များကို ဖရိုဖရဲစိတ်ဝိညာဉ်ပင်လယ်အဖြစ် ပြောင်းလဲသွားစေကာ လင်းရှီကိုပိုသန်မာလာအောင် သန့်စင်ပေးပြီး မူလဓမ္မစွမ်းအားအဖြစ်ပြောင်းလဲပေး၏။

မူလဓမ္မစွမ်းအားဆိုသည်မှာ အားကောင်းကာ ကျယ်ပြန့်သော စွမ်းအားတစ်မျိုးဖြစ်သည်။

ကျင့်စဉ်တိုးမြှင့်လာသည်နှင့် အမျှသူ့ကိုယ်ထဲရှ်ိ လင်းရှီလည်ပတ်နှုန်းကလည်း ပိုမြန်ဆန်လာခဲ့ပြီး အစဉ်မပြတ်သုံးနိုင်သော အဆင့်ကိုပင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ထိုအလျင်ကိုအမှီပြန်လည်ဖြည့်တင်းရန် ကောင်းကင်နှင့်မြေပြင်စိတ်ဝိညာဉ်စွမ်းအားများနှင့် ဆေးများတော့ လိုနေသေးသည်။

ကျင့်စဉ်တွင်နတ်သိုင်းတစ်ခုလည်း ပါရှိပြီး ထိုနတ်သိုင်းက မူလကောင်းကင်ဖမ်းလက် ဟုအမည်ရသော နတ်သိုင်းဖြစ်၏။

အမည်အတိုင်းပင် ထိုသိုင်းက ကောင်းကင်ကိုပင်ဖမ်းနိုင်ပြီး ခုခံခြင်းရော တိုက်ခိုက်ခြင်းပါ နှစ်မျိုးလုံးရကာ ချိတ်ပိတ်သည့်သက်ရောက်မှုပင် ပါနေသေးသည်။

နောက်တစ်နာရီကုန်ဆုံးသွားခဲ့ပြီး ကုအန်မျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာခဲ့၏။

ထို့နောက် သူ့မျက်ခုံးနှစ်ခုကြားတွင် ရွှေသက်‌တန့်ရောင်တောက်နေသော ရွှေမျှင်တစ်ခုပေါ်ပေါက်လာခဲ့သည်။

ကုအန် သူ့ညာလက်ကိုမြှောက်ကာ လက်ထဲတွင် မူလဓမ္မစွမ်းအားကိုသိပ်သည်းလိုက်ပြီး သူ့လက်ကို မူလကောင်းကင်ဖမ်းလက်အဖြစ် ပြောင်းလဲလိုက်၏။

သူသည် ကောင်းကင်ကိုဖမ်းကာ မြေပြင်ကိုချေမွပစ်နိုင်ပြီး သက်ရှိများအားလုံးကိုပင် အစုလိုက်အပြုံလိုက်သတ်နိုင်နေခဲ့လေပြီ!

ကုအန်စိတ်ကိုထိန်းလိုက်ကာ မူလဓမ္မစွမ်းအားကို ပြန်သိမ်းလိုက်ပြီး စနစ်ကိုပြန်ဖွင့်ကြည့်လိုက်သည်။

သူ့သက်တမ်းများ အလျင်အမြန်လျော့ပါးသွားသည်ကိုတွေ့သောအခါ ကုအန် သတိအနေအထားဖြစ်သွားခဲ့၏။

သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်ပုတ်လိုက်ကာ တွေးလိုက်သည်။

“နောက်ခြေလှမ်းက အရေးအကြီးဆုံးအခိုက်အတန့်ပဲ”

ကျင့်ကြံခြင်းချိုးဖြတ်ခြင်း!

အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကို ကျော်လွန်ခြင်း!

အပိုင်း(၂၇၄)

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၉ သို့ချိုးဖြတ်ခြင်း

ကုအန်သူ့လက်ကျန်သက်တမ်း ၂၅သန်းကျော်ကိုကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

ရှေးဟောင်းတရုတ်ပြည်ကဘိုးဘေးတွေ ကောင်းချီးပေးပါစေ!

ထို့နောက် ကုအန် သက်တမ်း ၁၀သန်းကိုတစ်ချက်တည်းဖြင့် သုံးချလိုက်၏။ သူအရင်ကတစ်ခါမှထိုမျှ မလောဖူးပေ။

[သင်သည် နှစ်၆၀၀၀၀ကြာစွမ်းအင်စုပ်ယူခဲ့ပြီး ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြတ့်မြတ်ကျင့်စဉ်တွင် အောင်မြင်မှုများရရှိကာ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ပြီး ကပ်ဘေးကိုဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးနိယာမပုံရိပ်ယောင်လမ်းခြောက်သွယ်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးကျရှုံးခဲ့သည်]

[သင်သည် နှစ်၁၂၀၀၀၀ကြာစွမ်းအင်စုပ်ယူခဲ့ပြီး ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြတ့်မြတ်ကျင့်စဉ်တွင် အောင်မြင်မှုများရရှိကာ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ပြီး ကပ်ဘေးကိုဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးနိယာမပုံရိပ်ယောင်လမ်းခြောက်သွယ်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးကျရှုံးခဲ့သည်]

…..

ကပ်ဘေးတစ်ခါကျော််ဖို့ သက်တမ်း ၁၂၀၀၀၀!

ထိုအရာက လက်ခံ၍ရသော ပမာဏသာဖြစ်၏။ နောက်ဆုံးတွင် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကိုချိုးဖြတ်ရာတွင်ပင် တစ်ခါကပ်ဘေးဖြတ်ရန် သက်တမ်း ၅၀၀၀၀ အသုံးပြုခဲ့ရ၏။ ပိုမြင့်သောအဆင့်သို့ချိုးဖြတ်ရန် သက်တမ်း၁၀၀၀၀သာ ပိုတိုးသွားခြင်းမှာ ကမ္ဘာဦးကမ္မခန္ဓာနှင့် ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်ကျင့်စဉ်တို့ကြောင့်သာ ဖြစ်ပေသည်။

သက်တမ်း ၁၀သန်းက အံ့ဩစရာတစ်ခုခု ယူဆောင်လာလိမ့်မည်လော။

ကျရှုံး!

ကျရှုံး!

ကျရှုံး!

ကုအန်သူ့အကျင့်အတိုင်း စာကိုမဖတ်ဘဲ စာကြောင်း၏အရှည်ကိုသာကြည့်ပြီး ပြောင်းလဲမှုမရှိပါက မအောင်မြင်သေးဘူးဟု သတ်မှတ်ထားခဲ့သည်။

တဖြည်းဖြည်းနှင့် သက်တမ်း၁၀သန်းက သဲထဲရေသွန်ဖြစ်သွားခဲ့ရသည်။

ခန္ဓာနှင့်ကျင့်စဉ်ကိုအဆင့်မြှင့်ရာ၌ ကျရှုံးခဲ့လျှင်တောင် သူ့စိတ်ဝိညာဉ်စွမ်းအင် ဥပဒေသများအပေါ်နားလည်မှုတော့ တိုးလာခဲ့၏။ သို့သော် အဆင့်ချိုးဖြတ်မှုတွင်တော့ ကျရှုံးခြင်းက ကျရှုံးခြင်းသာ ဖြစ်သည်။

ကုအန်သူ့လက်ကျန်သက်တမ်း ၁၅သန်းကိုကြည့်ပြီး ကြောက်သလိုလိုခံစားနေခဲ့ရသည်။

သက်တမ်း၁၀သန်းကိုရရှိဖို့ သူနှစ်နှစ်ဆယ်လောက် ကြိုးစားစိုက်ပျိုးခဲ့ရခြင်းဖြစ်၏။

အကြီးကြီးထပ်ထည့်ရမယ်!

အကြီးကြီးထည့်လိုက်ရင် တဖြည်းဖြည်းတော့ အောင်မြင်သွားမှာပဲ!

ဤတစ်ကြိမ်တွင် သူ၁၀သန်းတော့ မသုံးတော့ဘဲ ၅သန်းထပ်ထည့်လိုက်သည်။

ကျရှုံးသည့်စာတန်းများက ဆက်တိုက်ဆိုသလိုပေါ်ပေါက်လာခဲ့ပြန်သည်။

နောက်ဆုံးတွင်တော့ သက်တမ်း ၅သန်းသုံးပြီးချိန်မှာတောင် အဆင့်ချိုးဖြတ်ခြင်းက မအောင်မြင်ခဲ့ပေ။

နောက်ထပ်သက်တမ်း၅သန်း!

ကုအန်သက်တမ်းက ချက်ချင်းဆိုသလို ၅သန်းသာ ကျန်တော့ပြီး ထိုအရာကြောင့် သူမနက်ဖြန်ပင်သေတော့မလို ခံစားသွားခဲ့ရသည်။

ကုအန် သက်ပြင်းချလိုက်ကာ မျက်လုံးကိုသာ မှိတ်ထားလိုက်၏။ သို့သော် သူမျက်လုံးမှိတ်ထားသော်လည်း စာတန်းများကိုတော့ မြင်နေနိုင်ဆဲပင်။

နောက်ထပ်ကျရှုံးမှု!

ဤတစ်ကြိမ်တွင် သူ့့သက်တမ်း သန်း၂၀က ဒီတိုင်းကြီး အငွေ့ပျံသွားခဲ့ရသည်။

ဤအရာက သူ့ခန္ဓာနှင့်ကျင့်စဉ်ကိုမြှင့်ပြီးမှဖြစ်ပြီး အကယ်၍ ခန္ဓာနှင့်ကျင့်စဉ်ကိုသာ မမြှင့်ခဲ့ပါက အဆင့်ချိုးဖြတ်ဖို့ သန်း၃၀ကျော်ပင် ကုန်ကျသွားနိုင်၏။

ကုအန် အံကိုကြိတ်ကာ နောက်ထပ်သက်တမ်းတစ်သန်း ထည့်လိုက်ပြန်သည်။

[သင်သည် နှစ်၇၃၀၀၀၀ကြာစွမ်းအင်စုပ်ယူခဲ့ပြီး ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြတ့်မြတ်ကျင့်စဉ်တွင် အောင်မြင်မှုများရရှိကာ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ပြီး ကပ်ဘေးကိုဆင့်ခေါ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် နောက်ဆုံးနိယာမပုံရိပ်ယောင်လမ်းခြောက်သွယ်ကပ်ဘေးကို တောင့်ခံနိုင်ခဲ့ပြီး အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့် ၁ သို့ချိုးဖြတ်နိုင်ခဲ့သည်]

[သင်သည်နှစ် ၈၃၀၀၀၀ကြာစွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းက အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့် ၂ သို့ရောက်ရှိသွားခဲ့သည်]

[သင်သည်နှစ် ၉၃၀၀၀၀ကြာစွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းက အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့် ၃ သို့ရောက်ရှိသွားခဲ့သည်]

[သင်သည် နှစ်၁သန်းကြာစွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းက တိုးတက်သွားခဲ့သည်]

သူနောက်ဆုံးတော့ အောင်မြင်ခဲ့ချေပြီ!

ကုအန်သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။

သက်တမ်း ၂၁သန်းသုံးပြီးသည့်နောက် သူအဆင့်ချိုးဖြတ်ရာတွင် အောင်မြင်သွားခဲ့၏။

အဆင့်ငယ်တစ်ဆင့်ကို သက်တမ်း ၁သိန်းကုန်ကြသောကြောင့် ထိုအရာက နည်းသည်ဟုကုအန်ခံစားလိုက်ရသည်။

သူသက်တမ်းများထပ်ထည့်လိုက်ပြီး နောက်ထပ်သက်တမ်း ၁သန်း၃သိန်းကုန်သွားသောအခါ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၉သို့ ရောက်ရှိသွားခဲ့၏။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၅သို့ရောက်ရှိပြီးနောက် အဆင့်ငယ်တစ်ဆင့်ချိုးဖြတ်ဖို့ သက်တမ်း ၂သိန်းလိုလာပြီး အဆင့်၈ရောက်သောအခါ ၃သိန်းလိုလာခဲ့သည်။

သက်တမ်း သန်း၂၀နှင့်၃သိန်း!

ကုအန် လက်တွေ့လောကတွင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါး အဆင့်ငယ်တစ်ဆင့်ချိုးဖြတ်ဖို့ သက်တမ်းဘယ်လောက်လိုလဲဆိုတာ သိချင်သွားခဲ့သည်။

ထိုအရာက သူ့ထက်နည်းနေလျှင်တော့ သူလက်ခံနိုင်မည်ဖြစ်ပြီး သက်တမ်းအသုံးပြုခြင်းက လက်တွေ့လောကကျင့်ကြံခြင်းထက် သက်တမ်းပိုကုန်ကျပေသည်။ အကယ်၍ ထိုအရာကအများကြီးနည်းမနေလျှင်တော့ ထိုမျှများပြားသောသက်တမ်းကြီးကို သူလက်ခံဖို့ ခက်ခဲနေပေလိမ့်မည်။

သူသည်သက်တမ်း ၂၀၀ပင်မပြည့်သေးသူဖြစ်သောကြောင့် ထိုသက်တမ်း သိန်းချီ သန်းချီနေထိုင်ခဲ့သော မွန်းစတားအိုကြီးများဖြင့် အပတ်အသက်မလုပ်လိုလှပေ။

ဟမ် ငါတို့ကြား မျိုးဆက်ကွာဟမှုတစ်ခု ရှိနေတာပဲ!

တွေးနေရင်း သူ့ကိုယ်ထဲ၀င်လာသော မြေကြီးစိတ်ဝိညာဉ်စွမ်းအင်များကို တောင့်ခံထားလိုက်သည်။

ဤအဖြစ်အပျက်ကြီးက ခန္ဓာနှင့်ကျင့်စဉ်အဆင့်မြှင့်တုန်းကထက်ပင် ကြီးမားနေပြီး ကောင်းကင်နှင့်မြေပြင်က တုန်ခါနေခဲ့၏။

မရေတွက်နိုင်သော အာဃာတတစ္ဆေများက ပျံထွက်လာခဲ့ကြပြီး ကောင်းကင်တွင်ပြည့်နေကာ ခြေဦးတည့်ရာ ထွက်ပြေးအော်ဟစ်နေကြသောကြောင့် ကုအန် စိတ်အနှောင့်အယှက်ပင် ဖြစ်နေခဲ့ရသည်။

သို့သော် အဆင့်ချိုးဖြတ်နေစဉ်ဖြစ်သောကြောင့် သူအေးအေး‌ဆေးဆေးစောင့်နေဖို့သာ တတ်နိုင်ပေသည်။

ကမ္ဘာငယ်လေးတိုင်းက နိယာမစွမ်းအားများဖြင့် ချိတ်ဆက်ထားသောကြောင့် ထိုအဖြစ်အပျက်ကြီးက အခြားကမ္ဘာငယ်လေးများဆီသို့လည်း ကူးစက်သွားခဲ့၏။

ကမ္ဘာငယ်လေးတစ်ခုထဲတွင်

ပုံရိပ်တစ်ခုတောင်တန်းများ တောအုပ်များထဲမှ ပျံထွက်လာခဲ့သည်။ ထိုပုံရိပ်သည် ခရမ်းရောင်ဂါ၀န်၀တ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တစ္ဆေလေးတစ်ကောင်က သူမပုခုံးပေါ်တွင် လှဲလျောင်းနေကာ သူမသည် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ ဒုတိယဂူသခင်သာ ဖြစ်၏။

သူမမျက်ခုံးများအနည်းငယ်တွန့်ကွေးသွားပြီး ကမ္ဘာငယ်လေးတစ်ခုလုံးဆီ နတ်အာရုံဖြန့်၍ စစ်ဆေးလိုက်သော်လည်း ဤကပ်ဘေး၏ အရင်းအမြစ်ကို မတွေ့ခဲ့ရပေ။

“အမေ အရင်က ပင်လယ်ထဲမှာစိတ်ဝိညာဉ်စွမ်းအင်ကျဆင်းမှုမျိုးက ဘာလို့ ကမ္ဘာခြားနတ်နယ်‌မြေထဲမှာလည်း ဖြစ်နေရတာလဲ အဲ့တာက လူလုပ်တာလား နိမိတ်ပြဖြစ်ရပ်တစ်မျိုးလား” တစ္ဆေငယ်လေး သတိထားနေဟန်ဖြင့်ပြောလိုက်ပြီး ပတ်၀န်းကျင်ကို စစ်ဆေးနေကာ အမှောင်ထဲမှတစ်ခုခုက သူ့ကိုကြည့်ရှုနေသလို ကြောက်ရွံ့နေခဲ့သည်။

အချိန်အတန်ကြာသောအခါ ဒုတိယဂူသခင်ပြောလိုက်၏။

“ငါလည်းသေချာမသိဘူး ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအင်က ဒီမှာတင်ကျဆင်းနေတာမဟုတ်ဘူး အခြားကမ္ဘာငယ်လေးတွေထဲမှာလည်းကျဆင်းနေတယ် အဲ့တာက ဒီအဖြစ်အပျက်က ငါတို့နဲ့တိုက်ရိုက်မသက်ဆိူင်ဘူးဆိုတာ ပြသနေတယ်”

တစ္ဆေလေးဆက်ပြောလိုက်သည်။

“ကျွန်တော်ကြားတာတော့ ‌ထူးဆန်းပြီးကောင်းကင်ကတောင်ခန့်မှန်းလို့မရတဲ့ နတ်တစ္ဆေဘုရင်တစ်ပါးက ဆရာသခင်ဓားအရှင်သတ်တာခံလိုက်ရတယ်ဆို သူကဒီနေရာကိုရော စိမ့်၀င်လာနိုင်လောက်လား”

ဒုတိယဂူသခင်မျက်နှာ အနည်းငယ်ပြောင်းလဲသွားကာ ချက်ချင်းထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

….

ပင်လယ်ကမ်းစပ်တွင်

မမြဲသောထျန်း ကျောက်တိုင်ရှေ့တွင်ရပ်နေရင်း ကြောက်ရွံ့မှုကြောင့်တစ်ကိုယ်လုံးတုန်ရီနေခဲ့သည်။

သူကျောက်တိုင်ဘက်လှည့်ကာ အံကိုကြိတ်၍ မေးလိုက်သည်။

“နယ်မြေသခင် အဲ့တာကတကယ်အဆင်ပြပါ့မလား”

သူ့စကားဆုံးသည်နှင့် ပုံရိပ်ယောင်များ ကျောက်တိုင်တစ်ဝိုက်တွင် တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြပြီး အားလုံးပေါင်း ၈ယောက်ရှိကာ အကုန်လုံးက မမြဲသောထျန်းအောက် အားမနည်းကြပေ။

ကမ္ဘာခြားနတ်အာဃာတတစ္ဆေဘုရင်ကိုးပါး စုဝေးခြင်း!

သူတို့တစ်ယောက်ချင်းစီ၏မျက်နှာများက တင်းမာနေခဲ့ကြသည်။

လူမျက်နှာမြွေကိုယ်နှင့် အမျိုးသမီးတစ်ယောက်ပြောလိုက်၏။

“နယ်မြေသခင် ကမ္ဘာငယ်လေးအကုန်လုံးရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကျဆင်းနေကြတယ် အမည်မသိစွမ်းအားတစ်မျိုးက အဲ့လိုဖြစ်အောင်လုပ်နေတာ အဲ့ဒီစွမ်းအားကို ‌ခြေရာခံလို့လည်းမရဘူး”

သူမမျက်မှောင်ကြုံ့ထားခဲ့ကာ မျက်လုံးထဲ ကြမ်းကြုတ်လိုဟန်များဖြင့် ပြည့်နှက်နေခဲ့သည်။

အခြားတစ္ဆေဘုရင်များလည်း စတင်ပြောဆိုလိုက်ကြပြီး အကုန်လုံးက မလွယ်ကူသည့်အမူအရာများ ရှိနေခဲ့ကြ၏။

“အဲ့တာက ပင်လယ်ဗုဒ္ဓဂိုဏ်းက တက်လှမ်းသွားတဲ့တည်ရှိမှုတစ်ခုခုဖြစ်နိုင်လောက်လား”

“ပင်လယ်ဗုဒ္ဓဂိုဏ်းက ကိုင်တွယ်လို့ရပါတယ် ငါကြောက်တာက အဲ့တာက အမတလမ်းစဉ်မြင့်မြတ်ခုံရုံးရဲ့ လုပ်ရပ်ဖြစ်နေမှာကိုပဲ…”

“အဲ့တာတော့မဖြစ်နိုင်ဘူး ကောင်းကင်နိယာမတွေကို ကျော်လွန်သွားတဲ့သူတွေကလွဲရင် ဘယ်သူကအခုလိုအဖြစ်အပျက်မျိုးကို ဖန်တီးနိုင်မှာလဲ”

“သူတို့ကစည်းမျဉ်းတွေကို မလိုက်နာရင် ငါတို့ဘာလုပ်သင့်လဲ”

“နယ်မြေသခင်ရဲ့ ညွှန်ကြားချက်ကိုစောင့်ကြတာပေါ့ သူကငါတို့ထက်ပိုသိမှာ သေချာတယ်”

အာဃာတတစ္ဆေဘုရင်များ ဆွေးနွေးလိုက်ကြပြီး အားလုံးကျောက်တိုင်ကို ကြည့်လိုက်ကြသည်။

ထိုစဉ် ကျောက်တိုင်မျက်နှာပြင်မှ သွေးများစီးကျလာခဲ့ပြီးဖြူဖျော့နေသော တ‌ေစ္ဆတစ်‌ေကာင်လို ချွန်ထက်နေသော လက်သည်းကြီးများနှင့် လက်ကြီးတစ်ဖက် ထွက်လာခဲ့သည်။

မကြာခင်တွင် ဆံပင်ဖြူများ ရှုပ်ပွကာ အောက်သို့ကျနေသော ခေါင်းတစ်လုံးလည်း ထွက်လာခဲ့၏။ ထိုလူသည် ကိုယ်လုံးတီးလူတစ်ယောက်ဖြစ်ကာ သူ့တစ်ကိုယ်လုံးကို အနက်ရောင် စာလုံးများက ဖုံးအုပ်ထားကာ သွားလာနေကြပြီး သွေးမရှိသောခန္ဓာကိုယ်ပေါ်တွင် မျှော့နက်များလို သွားလာနေ‌ပုံက ကြောက်စရာကောင်းလွန်းလှသည်။

ကမ္ဘာခြားနတ်နယ်မြေ သခင်!

သူပေါ်လာသည်နှင့် အာဃာတတစ္တေဘုရင်များအားလုံး ဒူးတစ်ဖက်ထောက်ကာ ဦးညွတ်လိုက်ကြသည်။

ကမ္ဘာခြားနတ်နယ်မြေသခင်လည်း ကျောက်တိုင်ထဲမှ ဆင်းသက်လာခဲ့ပြီး သူ့ကိုယ်ကို အနက်ရောင်ချပ်၀တ်တစ်ခုက ဖုံးအုပ်သွားခဲ့ကာ ထိုချပ်၀တ်သည် များစွာသော မြေကြေးခွဲများကို တင်းကြပ်စွာထုပ်ထားသလိုဖြစ်နေပြီး ခေါင်းပေါ်တွင် လွတ်မြောက်လိုဟန်ဖြင့် ရုန်းကန်နေသော နဂါးနှစ်ကောင်၏ ဝိညာဉ်ပါရှိသော ကြက်သွေးရောင်သရဖူတစ်ခုလည်း ရှိနေခဲ့သည်။

သူ့မျက်လုံးများကိုဖွင့်လိုက်ရာ မျက်လုံးထဲတွင် သူငယ်အိမ်မပါဘဲ သွေးနီရောင်သာတောက်နေသည်ကို တွေ့လိုက်ရ၏။

“အားလုံးထိုင်ကြပါ ငါသေချာစစ်ဆေးလိုက်ပါ့မယ်”

ကမ္ဘာခြားနတ်နယ်မြေသခင် မထူးခြားဟန်ဖြင့် ပြောလိုက်၏။

ထိုအခါမှ တစ္တေဘုရင်များလည်း သက်ပြင်းချလိုက်နိုင်ပြီး တစ်ယောက်ပြီးတစ်ယောက် ထိုင်ချလိုက်လေသည်။

သူတို့ထိုင်ပြီးသောအခါ ကြောက်မက်ဖွယ် နတ်အာရုံတစ်ခု သူတို့တစ္ဆေခန္ဓာများကို ဖြတ်သွားသည်ကိုခံစားလိုက်ရပြီး သတိအနေအထားဖြစ်သွားခဲ့ကြ၏။

နယ်မြေသခင်သည် သူ့ကျင့်ကြံခြင်းကိုပြန်ရသွားခြင်း ဖြစ်နိုင်ပါသလော။

သူတို့အားလုံးသည် ကောင်းကင်ဈာန်အမတအဆင့် ၉များဖြစ်ကြပြီး အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာကြတော့သူများဖြစ်ကြသည်။ သို့သော် သူတို့အားလုံးပင် နယ်မြေသခင်၏ နတ်အာရုံရှေ့၌ အားနည်းကာ ဘာမှမဟုတ်တော့သလို ခံစားလိုက်ရ၏။

တစ်နေရာတွင်

သက်တမ်းအလွှာထဲ၌

ကုအန် သက်တမ်းအလွှာထဲမှာနေနေစဉ် ကမ္ဘာငယ်လေးတစ်ခုလံုးကို လွှမ်းခြံုသွား‌ေသာ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၏ နတ်အာရုံကို အာရုံခံလိုက်မိသည်။

ထိုပုဂ္ဂိုလ်သည် သာမန်အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးမဟုတ်ပေ။

ဂိုဏ်းပေါင်းများစွာက ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကို ဘာမှမလုပ်နိုင်တာ အံ့ဩစရာတော့မဟုတ်တော့ပေ။

ကောင်းကင်ဈာန်အမတအဆင့်ကိုအောင်မြင်ခြင်းကပင် ကောင်းကင်အလွန်သို့ရောက်ရှိသည်ဟု ဆိုလိုနေရာ အပူအပင်မဲ့ကမ္ဘာဦးအမတဆိုလျှင် မည်မျှမြင့်မားနေပါမည်နည်း။ အနည်းဆုံးတော့ အခုထိ ကုအန် အပူအပင်မဲ့ကမ္ဘာဦးအမတအစစ်တစ်ယောက်မှ မတွေ့ခဲ့ဖူးသေးပေ။

ကုအန် စိတ်အေးအေးထားလိုက်ပြီး အဆင့်ချိုးဖြတ်ဖို့သာ စောင့်ဆိုင်းနေလိုက်သည်။

အဆုံးမဲ့သော စိတ်ဝိညာဉ်စွမ်းအင်များက သူ့ကိုယ်ထဲစီး၀င်နေခဲ့ပြီး ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်ကျင့်စဉ်၏ စိတ်ကျင့်စဉ်ကစတင်လည်ပတ်နေပြီး ပိုမြင့်သောအဆင့်များသို့ တက်လှမ်းနေခဲ့၏။

သူ့ဝိညာဉ်ပြောင်းလဲနေသည်ကို ကုအန်ရှင်းရှင်းလင်းလင်းခံစားနေခဲ့ရသည်။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။

ကုအန်စိတ်၀င်စားမှုများဖြင့် ပြည့်နှက်နေခဲ့၏။

သူ့ခြေထောက်အောက်မှ ကမ်းပါးကလည်း တုန်ရီနေကာ အက်ကွဲကြောင်းများပင် စတင်ပေါ်ပေါက်လာခဲ့သည်။ သူစိတ်တော့ မပူမိပေ။ အဆိုးဆုံးမှ ကမ်းပါးပြိုကျရုံသာဖြစ်မည်ဖြစ်ပြီး ပြိုကျကာသူပြတ်ကျသွားရင်လည်း သက်တမ်းအလွှာက သူ့နောက်မှလိုက်လာမည်ဖြစ်သည်။

မရေတွက်နိုင်သော အာဃာတတစ္ဆေများကလည်း ကောင်းကင်တွင် ကင်းလှည့်သလို ဝဲပျံနေကြပြီး သူ့ခေါင်းပေါ်မှပင် ဖြတ်ပျံသွားခဲ့ကြ၏။

အာဃာတတစ္ဆေတစ်ကောင်ကောင် သူ့သက်တမ်းအလွှာထဲ ဖောက်၀င်လာမှာကိုတော့ သူကြောက်နေခဲ့သည်။

အကယ်၍ ထိုအပူအပင်မဲ့ကမ္ဘာဦးအမတသာရှာတွေ့သွားပါက ပြဿနာရှိလာနိုင်၏။

ဤသို့ဆိုလျှင်တော့ သူထိုသူ့ကိုသတ်ပစ်ရုံသာ တတ်နိုင်ပေသည်။

သို့သော်လည်း ကုအန် တစ်ဖက်လူကနောက်ခံတစ်ခုရှိနေသည်ဟူ၍လည်း အမြဲသံသယရှိနေခဲ့၏။

ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးက ပင်လယ်ပြင်ရှိ မရေတွက်နိုင်သော နယ်မြေများကို သက်ရောက်မှုရှိခဲ့ပြီး အချို့နယ်မြေများဆိုလျှင် အပူအပင်မဲ့ကမ္ဘာဦးအမတချောင်းမကြည့်နိုင်အောင် စည်းများပင် ချထားခဲ့ကြသည်။

သို့သော်လည်း အာဃာတတစ္ဆေများကိုတော့ အမြင့်ဆုံး ကောင်းကင်ဈာန်အမတများကိုသာ ရှေ့ထွက်၍ တိုက်ခိုက်ခဲ့ကြသည်။

ကြည့်ရသည်မှာ အမှောင်ထဲတွင် အပူအပင်မဲ့ကမ္ဘာဦးအမတများ၏ ဟန်ချက်ကိုထိန်းညှိပြီး သူတို့၀င်မပါအောင် တားမြစ်ထားသည့် အင်အားစုအချို့ ရှ်ိနေပုံပင်။

ကုအန်တွေးနေရင်း အဆင့်ချိုးဖြတ်ဖို့ စောင့်နေခဲ့သည်။

အချိန်ကနှေးကွေးစွာ ကုန်ဆုံးနေခဲ့၏။

တစ်နာရီခန့်ကြာသောအခါ သူအောင်မြင်သွားခဲ့ချေပြီ။

အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉ မှ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၁သို့!

သူ့ကိုယ်ထဲစီး၀င်နေသော စိတ်ဝိညာဉ်စွမ်းအားများ ထိုးတက်သွားခဲ့ပြီး သူ့ဝိညာဉ်က သူ့ကိုယ်ထဲမှ ချက်ချင်းခုန်ထွက်သွားခဲ့လေသည်။

ကြွယ်၀လှသော စိတ်ဝိညာဉ်စွမ်းအင်များက သူ့ကိုယ်ကို ပြုပြင်နေကြပြီး စွမ်းအင်ထဲရှိ ကောင်းကင်နှင့်မြေပြင်နိယာမစွမ်းအားများက သူ့ဝိညာဉ်နှင့်တွေ့ဆုံကာ ဝိညာဉ်ကို ဆန်းကြယ်သောဖန်ဆင်းခြင်းအခြေအနေတစ်ရပ်သို့ ရောက်ရှ်ိနေစေခဲ့သည်။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၌ စိတ်ဝိညာဉ်ဆိုသည်မှာ ဝိညာဉ်ကိုသာ ရည်ညွှန်း၏။

အဆုံးမဲ့သော ဖန်ဆင်းခြင်းမှတ်ညဏ်များက ကုအန်စိတ်ထဲတိုး၀င်လာခဲ့ပြီး သူသမုဒ္ဒရာထဲတွင် လက်ပစ်ကူးနေရသလို ခံစားနေခဲ့ရသည်။

ထိုသမုဒ္ဒရာသည် ကောင်းကင်နှင့်မြေပြင်နိယာမစွမ်းအားများမှ ဖြစ်တည်လာသော သမုဒ္ဒရာသာဖြစ်၏။

ဖန်ဆင်းခြင်း!

စစ်မှန်သောအဓိပ္ပာယ်!

ကုအန် ထိုမှတ်ညဏ်များထဲ နစ်မြုပ်နေခဲ့ပြီး သူ့ဝိညာဉ်က လွတ်မြောက်သွားကာ ပြန်လည်မွေးဖွားလာတော့မလို ခံစားနေခဲ့ရသည်။

သူ့နတ်အာရုံကလည်း ပြောင်းလဲသွားခဲ့ပြီး ပုံရိပ်ယောင်များစွာကို မြင်နေခဲ့ရ၏။

All Chapters