← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 21 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 21 Ch. 275-276

အပိုင်း(၂၇၅)

ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စီနီယာ!

ကုအန် လူသားများဧ။် မွေးဖွားခြင်း လက်ထပ်ခြင်း အိမ်ထောင်တစ်ခုစတင်ခြင်းတို့ကိုမြင်နေခဲ့ရပြီး မိစ္ဆာများရှင်သန်နိုင်အောင် တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်နေခြင်း နှင့် လူသားများဘ၀တွင်ဖြစ်နိုင်ချေမျိုးစုံကို မြင်တွေ့နေခဲ့ရသည်။

ထိုထဲတွင် ပျော်ရွှင်နေများပါသလို ပူဆွေးခြင်းများလည်း ပါ၏။

သူသက်ရှိအားလုံး၏ဘ၀များကို လေ့လာနေရသလို ပုံရိပ်မျိုးစုံက သူ့မျက်လုံးထဲ ဖြတ်ပြေးနေခဲ့ကြသည်။

အရင်ဆုံး သူထိုမြင်ကွင်းများကြောင့် မသက်မသာဖြစ်ခဲ့ရပါသော်လည်း တဖြည်းဖြည်းအသားကျလာခဲ့ကာ အဆုံးမဲ့သောမြင်ကွင်းများထဲမှ ကံကြမ္မာကိုပင်မြင်တွေ့လာခဲ့ရသည်။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများက ကံကြမ္မာကို လေ့လာနိုင်ကြပြီး ထိုကံကြမ္မာမှတစ်ဆင့် သက်ရှိအများစု၏ ကံတရားကို မြင်တွေ့နိုင်ကြ၏။

ကံတရားဆိုသည်မှာ ကမ္မတရားပေါ်အခြေခံသောအရာသာဖြစ်ပြီး အမှီအခိုကင်းစွာ စည်းမျဉ်းများကိုဖြစ်တည်စေနိုင်သော အရာမဟုတ်ပေ။

လူတစ်ယောက်‌၏ဘ၀ကို သူ့ရှင်သန်ကျင်လည်ရာပတ်၀န်းကျင်က ခွဲခြားပေးနိုင်သလို သူ့မတူညီသောရွေးချယ်မှုက မတူညီသော ဘ၀လမ်းစဉ်များဆီ ဦးဆောင်သွားစေလိမ့်မည် ဖြစ်သည်။ ရွေးချယ်မှုဆိုသည်မှာ ကမ္မတရားသာဖြစ်ပြီး ဖြစ်ပေါ်လာသည့်ဘ၀လမ်းကြောင်းများကတော့ ကံတရားဖြစ်၏။ သို့သော် ကမ္မတရားနှင့်မတူသည်မှာ ကံကြမ္မာတွင် ကမ္မတရား၏အထက်တွင်ရှိသော သဘာ၀ကပ်ဘေးများကဲ့သို့သော အရာများလည်း ပါ၀င်ပေသည်။

ကံတရားဆိုသည်မှာ ရွေးချယ်မှု ကမ္မတရားများနှင့် ကောင်းကင်နှင့်မြေပြင်၏ နိယာမများအပေါ် အခြေတည်သော အရာသာ ဖြစ်၏။

ကောင်းကင်ဈာန်အမတများနှင့် အပူအပင်မဲ့ကမ္ဘာဦးအမတများက ကမ္မသက်ရောက်မှုများကို လေ့လာနိုင်ကြပြီး အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများကတော့ ကံကြမ္မာတာအိုကို လေ့လာနိုင်ကြသည်။

သက်ရှိအားလုံး၏ ကံကြမ္မာကိုလေ့လာခြင်းဖြင့် ကံကြမ္မာ၏စစ်မှန်သော အနှစ်သာရကို နားလည်သဘောပေါက်သွားစေနိုင်၏။

ကုအန်အသိစိတ်က နစ်မျောနေချိန်တွင် သူဝိညာဉ်ကလည်း ‌အသွင်ပြောင်းလဲနေပြီး သူ့ကျင့်ကြံခြင်းကဆက်လက်တိုးမြင့်လာခဲ့သည်။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၂!

အဆင့်၃!

အဆင့်၄!

ကုအန်အောက်ရှိ ကမ်းပါးကပြိုကျသွားပြီး သူအောက်ဘက်သို့ကျသွားကာ ဖုန်လံုးကြီးပျောက်ကွယ်သွားခဲ့၏။

သွေးနီရောင်ကောင်း‌ကင်အောက်တွင် အာဃာတတစ္ဆေများ လှည့်လည်သွားလာနေကြပြီး ကောင်းကင်တွင်မိုးကြိုးတိမ်တိုက်များရှိနေကာ တိမ်တိုက်များကြားထဲ၌ ဝိုးတဝါးမြင်နေရသော တောင်တစ်လုံးလောက်ကြီးမားသည့် မကောင်းဆိုးဝါးတစ္ဆေကြီးများ ရှိနေခဲ့ကြသည်။

၂နာရီခန့်ကြာသောအခါ နယ်မြေက ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သော်လည်း ကောင်းကင်နှင့်မြေပြင်ကြားရှိ စိတ်ဝိညာဉ်စွမ်းအင်ကတော့ ပါးလျသွားခဲ့၏။

ပင်လယ်ဘေးတွင် ကျောက်တိုင်ပတ်ပတ်လည်ရှ်တစ္ဆေဘုရင်ကိုးပါး သက်ပြင်းချလိုက်နိုင်ကြသည်။

ဖြစ်ရပ်ကြီးက ပြီးဆုံးသွားခဲ့ပြိး ထိုဖြစ်ရပ်အတွင်း သူတို့လည်း တိုက်ခိူက်မခံခဲ့ရပေ။

ထိုအရာသည် ရန်သူတစ်ယောက်တိုက်ခိုက်မှုထက် ကောင်းကင်နှင့်မြေပြင်နိယာမများကြောင့်ဖြစ်သော အဖြစ်အပျက်တစ်ခုသာ ဖြစ်ပုံပေါ်၏။

ကမ္ဘာခြားနတ်‌နယ်မြေသခင် လေထဲတွင် တရားထိုင်နေရင်း သူ့မျက်ခုံးများတွန့်ကွေးသွားခဲ့သည်။

သူ့နတ်အာရုံဖြင့် နယ်မြေတစ်ခုလုံးကိုစစ်ဆေးပြီးသော်လည်း ဤအဖြစ်အပျက်ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမတွေ့ခဲ့ရဘဲ သူ့လို နယ်မြေသခင်ပင် စိတ်ဝိညာဉ်စွမ်းအားများ ဘယ်ထဲပျောက်ဆုံးသွားသလဲဆိုတာ မသိခဲ့ပေ။

ထိုအချက်ကသူ့ကိုမသက်မသာဖြစ်သွားစေခဲ့ပြီး ကမ္ဘာခြားနတ်နယ်‌မြေက သူ့ထိန်းချုပ်မှုအောက်မှ လွတ်သွားသလို ခံစားနေခဲ့ရသည်။

အကယ်၍ ဤအဖြစ်အပျက်က ကောင်းကင်နှင့်မြေပြင်နိယာမများကြောင့်ဖြစ်ပွားခဲ့တာဆိုလျှင်တောင် ထိုနောက်ကွယ်တွင် အကြောင်းအရင်းတစ်ခုရှိနေရမည်ဖြစ်ပြီး သူထိုအကြောင်းအရင်းက ဘာလဲဆိုတာ မမြင်နိုင်ခဲ့ပေ။

သူ့မျက်လုံးများကိုဖြည်းဖြည့်ချင်းဖွင့်လိုက်ပြီး သူ့အကြည့်က ကမ္ဘာခြားနတ်အာဃာတတစ္ဆေဘုရင် ၉ ပါးဆီရောက်ရှိသွားခဲ့သည်။

ထိုကောင်များကတစ်ယောက်ယောက်ကို အပြစ်ပြုမိခဲ့ပြီး ထိုပုဂ္ဂိုလ်က သူတို့ကိုသတိပေးလိုက်ခြင်း ‌ဖြစ်နိုင်ပါသလော။

….

ဖုန်လုံးကြီးအလယ်တွင် ကုအန် တင်ပလ္လင်ခွေကာထိုင်နေခဲ့၏။ သက်တမ်းအလွှာက ဖုန်မှုန့်များကို တားဆီးမပေးသော်လည်း ဖုန်မှုန့်များက သူ့အနားသို့ မကပ်နိုင်ခဲ့ပေ။ သူ့တည်ရှိမှုတစ်ခုလုံးမှ ခုနှစ်ရောင်ခြင်အလင်းတောက်နေခဲ့ပြီး သူ့နှဖူးပေါ်ရှိ ရွှေရောင်မျဉ်းလေးက ရွှေရောင်များတောက်နေပြီး နှဖူးကြားထဲတွင် မျက်လုံးတစ်လုံးပေါလောပေါ်နေသလို ဖြစ်နေခဲ့သည်။

သူ့ကျင့်ကြံခြင်းသည် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၉ သို့ရောက်ရှိခဲ့ချေပြီ။

သူ့မျက်လုံးများကို မဖွင့်ရသေးသည့်အကြောင်းအရင်းမှာ သူအံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၏ ဆန်းကြယ်မှုများကို ဂရုတစိုက်လေ့လာနေ၍ ဖြစ်၏။

သူ့ဝိညာဉ်က အံ့ဖွယ်ဓမ္မအမတဝိညာဉ်အဖြစ်ပြောင်းလဲသွားပြီဖြစ်ပြီး သူ့ခန္ဓာကိုဘယ်လိုပဲဖျက်ဆီးပစ်ပါစေ သူ့ဝိညာဉ်ရှိနေသရွေ့ သူ့ခန္ဓာကို ချက်ချင်းပြန်လည်တည်ဆောက်၍ ရမည်ဖြစ်သည်။ ထိုအချက်က အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၏ စွမ်းအားကြီးစွမ်းရည်တစ်ခုလည်းဖြစ်၏။

သို့သော် အံ့ဖွယ်ဓမ္မနယ်ပယ်ကမ္ဘာဦးအမတများတွင်လည်း ကောင်းကင်ကံကြမ္မာကရှိနေဆဲဖြစ်ပြီး ထိုအရာက သူတို့သက်တမ်းသည် အကန့်အသတ်ရှ်ိနေဆဲဟုဖော်ပြနေခြင်းဖြစ်သည်။ သူကံကြမ္မာတာအိုမှတစ်ဆင့် ထိုအရာကို ရှင်းရှင်းလင်းလင်းကြီး အာရုံခံမိနေခဲ့သည်။

အချိန်အတန်ကြာသောအခါ

သူ့မျက်လုံးများပွင့်လာသောအခါ သူ့နှဖူးပေါ်ရှိ ရွှေရောင်မျဉ်းကတစ်ချက်လက်သွားပြီး ကမ္ဘာဦးနတ်မျက်လုံးပုံရိပ်ယောင်ကို ရွှေရောင်မျဉ်းထဲ စုပ်ယူသွားခဲ့၏။

ဤရွှေရောင်မျဉ်းက သူ့ကိုပို၍ပင် နတ်မင်းဆန်နေစေခဲ့သည်။

သူထိုအရာကိုဖုံးကွယ်ဖို့ မှော်သိုင်းတစ်ခုခုသုံးမထားပါက ထိုရွှေရောင်မျဉ်းကို သူ့ကိုယ်ထဲစုပ်ယူထား၍လည်း မရပေ။

အနည်းငယ်တွေးပြီးသည့်နောက် ကုအန် ဒီတိုင်းသာထားဖို့ ဆုံးဖြတ်လိုက်၏။ နောက်ဆုံးတွင် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်နှင့်ဆိုပါက သူ့ကမ္ဘာဉီးနတ်မျက်လုံးကို ဘယ်သူမှ ဖောက်မြင်နိုင်မည်လည်း မဟုတ်ပေ။

ကုအန်စနစ်ကိုဖွင့်ကြည့်လိုက်သောအခါ သူ့သက်တမ်းက ၂သန်း၂သိန်းကျော်သာကျန်တော့သည်ကို တွေ့လိုက်ရသည်။

သက်တမ်းအလွှာကုန်ကျမှုက အတော်များတာပဲ!

ကုအန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မတ်တပ်ထရပ်လ်ုက်ပြီး ခေါင်းလှည့်ကြည့်လိုက်၏။

သူမမြဲသောထျန်း၏တည်နေရာကို တွေ့ရှိထားပြီးဖြစ်သောကြောင့် ချက်ချင်းပင် အစွန်းကိုးပါးယင်ယန်ခန္ဓာကိုသုံး၍ ခရမ်းနက်ရောင်ပုံရိပ်အဖြစ်ပြောင်းလဲလိုက်လေသည်။ သူ့သက်တမ်းအလွှာကိုလည်း ရုတ်သိမ်းလိုက်၏။

ထို့နောက် ခြေတစ်လှမ်းတည်းဖြင့် သူမမြဲသောထျန်း၏နောက်တွင် ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် မမြဲသောထျန်းသည် လတ်တလောဖြစ်သွားသော မူမမှန်သည့်ဖြစ်ရပ်ကြီးအကြောင်း အခြားတစ္ဆေဘုရင်များနှင့် ဆွေးနွေးနေခဲ့စဉ် ရုတ်တရက် တစ္ဆေဘုရင်များ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြ၏။

သူလည်းထိုအရာကိုသတိထားလိုက်မိစဉ်တွင်တော့ လက်ကြီးတစ်ဖက်က သူ့ပုခုံးပေါ် ကျလာခဲ့လေပြီ။

ဖတ်!

သူ့ရိုက်ချက်ကြောင့် သူ့နှလုံးသားတစ်ခုလုံးချောက်နက်ကြီးထဲ ကျသွားခဲ့ရပြီး တစ်ကိုယ်လုံးတွင်ကြောက်ရွံ့သည့်ခံစားချက်က ထိုးတက်လာခဲ့သည်။

အခြားတစ္ဆေဘုရင် ၈ ပါးလည်း ချက်ချင်းခုန်ဆုတ်လိုက်ကြပြီး ကုအန်နှင့် ဝေးဝေးတွင်သာ ရပ်နေခဲ့ကြ၏။

နယ်မြေသခင်လည်း ကုအန်ကိုကြည့်နေပြီး သူ့နတ်အာရုံက ထိုပုံရိပ်ကိုဖောက်မမြင်နိုင်သောကြောင့် သူ့စိုးရိမ်မှုက အထွတ်အထိပ်သို့ရောက်ရှ်ိလာခဲ့ရသည်။

ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ ကမ္ဘာခြားနတ်နယ်မြေသခင်ကို စစ်ဆေးလိုက်သောအခါ သူ့အဆင့်ကိုပဲ မြင်နိုင်ခဲ့၏။

အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၅!

အဆင့်မချိုးဖြတ်ခင်ကဆိုလျှင် ကုအန် သူ့ကိုချက်ချင်းသတ်ဖြတ်နုိင်ဖို့ အခွင့်အရေး ၉၀ရာခိုင်နှုန်းသာရှိပြီး အတော်လေး အန္တရာယ်များလှသည်။

ကံကောင်းစွာဖြင့် အခုတော့ သူအဆင့်ချိုးဖြတ်ခဲ့ပြီး‌ချေပြီ။

ကုအန် အနားရှိ ကျောက်တိုင်ကိုလည်း တစ်ချက်ကြည့်လိုက်၏။

အာဃာတတစ္ဆေများအားလုံးသည် ထိုကျောက်တိုင်နှင့် ကမ္မတရား‌ချိတ်ဆက်နေခြင်းဖြစ်ပြီး သူတို့စွမ်းအားများက ထိုထဲမှလာခြင်းဖြစ်သည်။

“မင်းကဘယ်သူလဲ ဘာလိုချင်တာလဲ” တစ္ဆေဘုရင်တစ်ကောင်အသံနက်ကြီးဖြင့်မေးလိုက်ပြီး သူ့အသံကတောင့်တင်းနေခဲ့၏။

ကုအန်သည်ရုတ်တရက်ပေါ်လာခြင်းဖြစ်ပြီး သူတို့သူ့ကိုလုံး၀ပင်သတိမထားမိသလို သူ့ကျင့်ကြံခြင်းအဆင့်ကိုလည်း မမြင်နိုင်လေရာ မည်သို့မကြောက်ရွံ့ဘဲ နေနိုင်ပါမည်နည်း။

အရေးအကြီးဆုံးအချက်ကတော့ ကုအန်သည် ကမ္ဘာခြားနတ်အသက်ကျောက်ပြားကိုကြည့်နေခြင်း ဖြစ်သည်။

ကုအန်သူ့မေးခွန်းကိုမဖြေဘဲ ပြန်သာမေးလိုက်သည်။

“မမြဲသောထျန်းရဲ့ စွမ်းအားကိုနှုတ်မလား မင်းတို့အကုန်အတူတူသေကြမလား”

ထိုစကားကိုကြားသည်နှင့် တစ္ဆေဘုရင်များ၏မျက်နှာများ ပြောင်းလဲသွားခဲ့ကြပြီး တုန်လည်းတုန်လှုပ်သလို ဒေါသလည်းထွက်သွားကြသည်။

သို့သော် ဘယ်သူမှမငြင်းရဲကြသလို လှုပ်ပင်မလှုပ်ရဲကြဘဲ နယ်မြေသခင်ကိုသာ ကြည့်နေခဲ့ကြ၏။

မမြဲသောထျန်းတုန်ရီနေခဲ့ပြီး ဘာမှမပြောနိုင်ဘဲ နယ်မြေသခင်ကိုသာ အသနားခံပုံဖြင့် ကြည့်ရှုနေခဲ့သည်။

နယ်မြေသခင်၏မျက်နှာမည်းမှောင်နေပြီး ကုအန်ကို စိုက်ကြည့်နေခဲ့၏။

ကုအန်မလောဘဲ သူ့ဆုံးဖြတ်ချက်ကိုသာ စောင့်နေပြီး မမြဲသောထျန်းကို စိတ်ပျက်အားငယ်မှုကို ခံစားခိုင်းထားလိုက်သည်။

ဤကောင်သည် သူ့တပည့်နှစ်ယောက်လုံးကို ဖိနှိပ်ဖူးသည်ဖြစ်ရာ သူ့ကိုတိုက်ရိုက်သတ်လိုက်ခြင်းက သက်ညှာလွန်းရာ ရောက်နေပေလိမ့်မည်။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်သို့ရောက်ပြီးသည့်နောက် ကုအန် ကမ္ဘာခြားနတ်နယ်မြေသခင်နောက်တွင် တက်လှမ်းသွားသည့်တည်ရှိမှုတစ်ခုရှိနေတာကို ပိုသေချာလာခဲ့ပြီး ကျောက်တိုင်ထဲတွင်လည်း များစွာသော အပူအပင်မဲ့ကမ္ဘာဦးအမတများ၏အရှိန်အဝါများ ပါရှိနေသောကြောင့် ကမ္ဘာခြားနတ်နယ်မြေသခင်နောက်ကွယ်တွင် ဂိုဏ်းကြီးတစ်ခုရှိနေသည်ဟု ခန့်မှန်းလိုက်မိသည်။

ထို့အပြင် ဤနယ်မြေထဲတွင် သူရင်းနှီးသောအရှိန်အဝါတစ်ခုလည်း ရှိနေသောကြောင့် သူကျောက်တိုင်ကို ရိုးရိုးရှင်းရှင်းဖျက်ဆီးပစ်လိုက်၍လည်း မရပေ။

ကမ္ဘာခြနတ်နယ်မြေသခင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ညာလက်ကိုမြှောက်၍ ဖမ်းဆုပ်လိုက်သည့် လက်ဟန်တစ်ခု လုပ်လိုက်လေသည်။ ထိုအခါ ကျောက်တိုင်ထဲမှ ဝိညာဉ်တစ်ခုပျံထွက်လာခဲ့ပြိး ဝိညာဉ်မှာ အသက်ဓာတ်ကင်းမဲ့နေသလို ဝိညာဉ်အခွံသာ ရှိနေခဲ့၏။

မမြဲသောထျန်းမျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့်ပြည့်နှက်သွားပြီး သူမုန်းတီးသည့်ခံစားချက်ပင် ဖြစ်လာခဲ့ရသည်။ သို့့သော် သူ့မုန်းတီးမှုက ကုအန်ကိုမဟုတ်ဘဲ ကမ္ဘာခြားနတ်နယ်မြေသခင်ကိုသာ ဖြစ်သည်။

အကယ်၍ သူသာစကားပြောနိုင်နေခဲ့လျှင် နယ်မြေသခင်ကို ကျိန်ဆဲနေပေလိမ့်မည်။

အခြားတစ္ဆေဘုရင်များလည်း သူ့မျက်လုံးထဲရှိ အကြည့်ကို နားလည်နေခဲ့ကြပြီး သူတို့လည်း စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ကြရသည်။

ကုအန် သူ့ညာလက်ကိုညှစ်လိုက်ရာ သူ့လက်ထဲရှိ မမြဲသောထျန်း ပြာမှုန်အဖြစ်ပြောင်းလဲသွားခဲ့၏။ ထို့နောက် အင်္ကျီလက်အိုးကိုတစ်ချက်ယမ်းလိုက်ရာ မမြဲသောထျန်း၏ ဝိညာဉ်အစစ်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

သူဘာသက်တမ်းမှ မရလိုက်သော်လည်း မမြဲသောထျန်းကတော့ မတည်ရှိတော့ပေ။

ကုအန် ကမ္ဘာခြားနတ်နယ်မြေသခင်ကို အသံကူးပြောင်း၍ စကားတစ်ခွန်းပြောခဲ့ပြီးသည့်နောက် လှည့်ထွက်သွားခဲ့၏။

ကမ္ဘာခြနတ်‌နယ်မြေသခင် မျက်လုံးများကျဉ်းမြောင်းသွားကာ အော်ပြောလိုက်သည်။

“နေပါဦး!”

ကုအန် လှည့်မကြည့်ဘဲ ကျောပေး၍သာ ရပ်နေခဲ့၏။

ကမ္ဘာခြားနတ်နယ်မြေသခင် သူ့ကိုငုံ့ကြည့်ရင်း ပြောလိုက်သည်။

“ငါ့တစ္ဆေဘုရင်တွေအများကြီးရှေ့မှာ မင်းကိုငါ့တစ္ဆေဘုရင်တစ်ပါးကိုသတ်ခွင့်ပေးလိုက်ရတယ် အခြားတစ္ဆေဘုရင်တွေက အဲ့တာကိုနားမလည်နိုင်ကြဘူး ဘာလို့ ငါ့လက်ဝါးတစ်ချက်ကိုခံယူပြီး သူတို့ကို မင်းစွမ်းအားကိုခံစားခွင့်မပေးမှာလဲ”

သူ့စကားဆုံးသွားသည်နှင့် ကောင်းကင်နှင့်မြေပြင်ကြားရှ်ိ လေများရပ်တန့်သွားကာ ပင်လယ်လှိုင်းများလည်း ရပ်တန့်သွားခဲ့ကြသည်။

တစ္ဆေဘုရင်၈ပါးကတော့ ကုအန်ကိုကြည့်ကာ အသက်ပင်မရှူဝံ့ကြတော့ပေ။

သူတို့နယ်မြေသခင်ကိုသာ ကြိတ်၍ ကျိန်ဆဲလိုက်ကြ၏။ သူတို့ဘာစွမ်းအားကိုမှ မခံစားချင်ကြပေ။

သူတို့ထိုပုဂ္ဂိုလ်ပြသထားသော စွမ်းအားကိုမြင်ပြီးဖြစ်ရာ ဘာကိုသံသယရှိနေရတော့မည်နည်း။

ကမ္ဘာခြားနတ်နယ်မြေသခင်ကိုယ်တိုင်က မကျေမနပ်ဖြစ်နေပြီး သူတို့ကို အကြောင်းပြချက်တစ်ခုအဖြစ်သုံးလိုက်တယ်ဆိုတာကိုလည်း သူတို့သိနေခဲ့ကြသည်။

“ငါ့စွမ်းအားကိုခံစားဖို့လား” ကုအန်အသံထွက်ပေါ်လာခဲ့၏။

သူဖြည်းဖြည်းလှည့်လာခဲ့ပြီး ချက်ချင်းပင် သူ့တည်ရှိမှုတစ်ခုလုံးက အလွန်ကြီးမားလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် ရပ်တန့်နေခဲ့သည်။

အကြီးအသေးရူယီနတ်သိုင်း!

တစ္ဆေဘုရင် ၈ပါးကတော့ ကြောင်အစွာ မော့ကြည့်နေခဲ့ကြ၏။

ကုအန်သည် ပေတစ်သောင်းအရွယ်အထိကြီးမားသွားခြင်းဖြစ်ပြီး သူ့ခေါင်းက သွေးနီရောင်ကောင်းကင်ကိုထိတော့မလိုပင်ဖြစ်နေကာ သူ့ကိုယ်မှ ခရမ်း‌နက်ရောင် မိစ္ဆာချီများက သမုဒ္ဒရာတစ်စင်းလိုဖြစ်နေပြီး သူ့ပုံစံက ထည်ဝါကာ ပြိုင်ဘက်ကင်းနေခဲ့သည်။

ကုအန် ရှေ့တွင်ည တစ္ဆေဘုရင်များ မကြောက်ဘဲမနေနိုင်ကြတော့ပေ။

ကြီးမားလှသောဖိအားကြီးတစ်ခုက သူတို့ကိုဖိနှိပ်နေပြီး သူတို့့လှုပ်ပင် မလှုပ်နိုင်ကြ‌တော့ပေ။

ကမ္ဘာခြားနတ်နယ်မြေသခင်၏ မျက်နှာလည်းချက်ချင်းပြောင်းလဲသွားခဲ့၏။ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးအနေဖြင့် သူထိုစွမ်းအားကို ပို၍အသေးစိတ်ကျကျ နားလည်နေခဲ့သည်။

ထိုစဉ် ကုအန် သူ့ညာလက်ကိုမြှောက်လိုက်ပြီး လက်ဖဝါးပေါ်၌ တောင်တစ်လုံးလောက်ကြီးမားသော သက်တန့်ရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

မူလကောင်းကင်ဖမ်းလက်!

နတ်သိုင်းဖွဲ့တည်လာသည်နှင့် တစ္ဆေဘုရင်များရော နယ်မြေသခင်ပါ ကောင်းကင်ကြီး သူတို့ပေါ်ပြိုကျလာသလို ခံစားလိုက်ကြရသည်။

“ငါ့လက်ကမြှောက်လိုက်တာနဲ့ အဲ့တာက ပြန်ကျကိုကျလာလိမ့်မယ် ကမ္ဘာခြားနတ်နယ်မြေသခင် ငါ့လက်ဖဝါးကိုမင်းအခုဘယ်လိုတားမှာလဲ”

ကုအန်အသံကကောင်းကင်နှင့်မြေပြင်တစ်ခွင်ဟိန်းထွက်လာခဲ့ပြီး သူ့အသံက ဖန်ဆင်းရှင်တစ်ပါး၏အသံနှယ်ဖြစ်နေခဲ့သည်။

ကမ္ဘာခြားနတ်နယ်မြေသခင် လေပေါ်တွင်ရပ်နေရင်းမှ ပြုတ်ကျသွားခဲ့ပြီး သူပြုတ်ကျသည့်မြေပြင်ပေါ်တွင် အက်ကြောင်းများထသွားခဲ့၏။

သူတုန်ရီနေပြီး ကုအန်၏ဖိအားကို ကြိုးစား၍ ခုခံနေခဲ့ရသည်။

အခြားတစ္ဆေဘုရင်များလည်း မြေပေါ်တွင်ဖိနှိပ်ခံထားရပြီး လုံး၀မရပ်နိုင်ကြတော့ဘဲ ကမ္ဘာခြားနတ်နယ်မြေသခင်ကိုသာ စိတ်ပျက်နေဟန်ဖြင့် ကြည့်နေခဲ့၏။

ကမ္ဘာ‌ခြားနတ်‌နယ်မြေသခင် မြေပြင်တွင် ဒူးထောက်ထားရင်း အံကိုတင်းတင်းကြိတ်ထားလိုက်သည်။

ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် မြေပြင်ကိုထောက်ကာ အားယူထားပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ စီနီယာ!”

သူ့အသံကကောင်းကင်တစ်ခွင်ဟိန်းထွက်လာခဲ့ပြီး မရေတွက်နိုင်သော ကမ္ဘာခြားနတ်အာဃာတတစ္ဆေများထိုအသံကို ကြားလိုက်ရလေသည်။

တစ္ဆေဘုရင်များလည်း နယ်မြေသခင်၏ မာနကြီးလွန်းလှသောခေါင်း ငုံ့၍ ပြောနေသည်ကိုတွေ့မှ စိတ်အေးသွားကာ သက်ပြင်းချလိုက်နိုင်ကြသည်။

သူတို့သည် သန်မာကြကာ ပင်လယ်ပြင်ကိုမွှေနှောက်ပစ်နိုင်စွမ်းရှိကြသော်လည်း ကောင်းကင်၏အင်အားအကြီးဆုံးပုဂ္ဂိုလ်များရှေ့တွင်တော့ ပုရွက်ဆိတ်လေးများလိုသာ ဖြစ်ကြ၏။

…….

အဓိပတိဂိုဏ်း တတိယတောင်ကြားတွင်

ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ လေချွန်၍ ထွက်လာခဲ့လေသည်။

“‌ဟိတ် ဘာတွေအရမ်းပျော်နေတာလဲ” ဘေးမှဖြတ်သွားသော ယုယင်ယင်သူ့ကိုမစဘဲ မနေနိုင်ခဲ့ပေ။

ကုအန်သူမကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“ဒီလိုပါပဲ”

ယုယင်ယင်တခစ်ခစ်ရယ်မောလိုက်ကာ

“တကယ်လို့ နင်သာပင်လယ်မှာမွေးလာခဲ့ရင် အခုအချိန် ဒီလိုပျော်နေရမှာမဟုတ်ဘူး”

ကုအန်ပြန်ပြောလိုက်၏။

“တကယ်လို့ ဆိုတာမျိုးတွေမရှိဘူးမဟုတ်လား လက်ရှိကိုပဲတန်ဖိုးထား ဘ၀ကိုပျော်ပျော်နေစမ်းပါ ဂျူနီယာလေး”

ပြောပြီးသည်နှင့် သူစစ်တုရင်ကစားသည့်နေရာသို့သွားလိုက်ကာ လက်ကိုးချောင်းနတ်အရှင်ကို နောက်သုံးပွဲလောက် ထပ်အနိုင်ယူဖို့ အဆင်သင့်ပြင်ထားလိုက်လေသည်။

လက်ကိုးချောင်းနတ်အရှင်ကို အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးရဲ့ ကြောက်စရာကောင်းတဲ့ တွက်ချက်နိုင်စွမ်းတွေကို ပြလိုက်ကြတာပေါ့!

ယုယင်ယင်ကုအန်နောက်ကျောကိုကြည့်ကာ အနည်းငယ်ဆူပုတ်နေခဲ့၏။ တစ်ခါတလေတွင် အဆင့်နိမ့်ကျင့်ကြံသူဖြစ်ရခြင်းက မကောင်းသောအရာတော့ မဟုတ်ပေ။ အနည်းဆုံးတော့ ထိုသူများသည် ကမ္ဘာကြီးကိုအဆုံးသတ်သွားစေမည့် ကပ်ဘေးများအကြောင်း ဘာမှစိတ်ပူစရာမလိုကြပေ။

အပိုင်း(၂၇၆)

ကောင်းကင်ပြင်ပ

ညနေစောင်းချိန်သို့ ချဉ်းကပ်လာခဲ့ပြီး နေမင်းကြီးက အနောက်အရပ်သို့ ၀င်နေခဲ့ချေပြီ။

ကုအန်ကျောက်စားပွဲတွင်ထိုင်ကာ ကြယ်ခုနှစ်လုံးကြေးမုံဖြင့် ကစားနေရင်း စိတ်မရှည်ဖြစ်နေခဲ့သည်။

တစ်ဖက်တွင်ထိုငိနေသော လက်ကိုးချောင်းနတ်အရှင်၏ အမူအရာကတော့ သုန်မှုန်နေပြီး ဘေးရှိကြည့်ရှုနေသူများလည်း မျက်မှောင်ကြုံ့ကာ ကျားခုံကိုကြည့်ရှုနေခဲ့ကြသည်။

“မဖြေရှင်းနိုင်သေးဘူးမလား အရှုံးကိုလက်ခံလိုက်ပါတော့!”

ကုအန် ထုတ်မပြောဘဲမနေနနိုင်တော့ပေ။ သူနေ့လည်ကတည်းက လက်ကိုးချောင်းနတ်အရှင်နှင့်ကစားနေခြင်းဖြစ်ပြီး သုံးပွဲမပြောနှင့် တစ်ပွဲပင်မပြီးသေးဘဲ လက်ကိုးချောင်းနတ်အရှင်က ကျားစေ့ ၃၇စေ့သာ ချရသေးသည်။

ထိုလူသည် သူ့ကိုအနိုင်မယူနိုင်ခြင်းကြောင့် သူစိတ်မရှည်တော့အောင် လုပ်နေခြင်းပေလော။

ကုအန် လက်ကို‌းချောင်းနတ်အရှင်၏ ရည်ရွယ်ချက်ကို သိနေသောကြောင့် ဘာမှမလုပ်ဘဲ လက်ကိုးချောင်းနတ်အရှင်ကိုသာ စဉ်းစားခိုင်း၍ ဒုက္ခပေးထားလိုက်သည်။

လက်ကိုးချောင်းနတ်အရှင်ကတော့ ထိုအရာကို နားမလည်ခဲ့ပေ။ သူဖြစ်နိုင်ချေမျိုးစုံကို တွက်ချက်ပြီး ကစားနည်းစနစ်များကိုလည်း အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း ကုအန်က သူ့ကစားကွက်ရည်ရွယ်ချက်တိုင်းကို သိနေကာ အလွယ်လေး ဖျက်ဆီးပြသွားခဲ့သည်။

သူမသိသည်မှာ ကုအန် သူ့စွမ်းရည်ကိုသုံး၍ ကံကြမ္မာကိုချောင်းကြည့်ပြီး သူ့ရွှေ့ကွက်များကို ကြိုသိနေတာကိုပင်။

ကုအန် လက်ကိုးချောင်းနတ်အရှင်ဘာရွှေ့မလဲဆိုတာ ကြိုမြင်နေခဲ့ရ၏။ လက်ကိုးချောင်းနတ်အရှင်၏ ကျင့်ကြံခြင်းကမြင့်သော်လည်း ကုအန်ကို ကံကြမ္မာချောင်းကြည့်ခြင်းမှတော့ မတားဆီးနိုင်ခဲ့ပေ။ သူလက်ကိုးချောင်းနတ်အရှင်၏ ကံကြမ္မာကို ၁နာရီလောက်တော့ အလွယ်လေးကြိုကြည့်နိုင်နေခဲ့သည်။

လက်ကိုးချောင်းနတ်အရှင်က နှေးလာလေလေ ကုအန်ကမြန်လာလေလေဖြစ်ပြီး လျင်မြန်စွာ ဘာမှမစဉ်းစားဘဲရွှေ့နေကာ လက်ကိုးချောင်းနတ်အရှင်၏ စိတ်ပိုင်းဆိုင်ရာအကာအကွယ်ကို တိုက်ခိုက်နေခဲ့၏။

ကုအန်စကားကိုကြားသောအခါ လက်ကိုးချောင်းနတ်အရှင်ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။

ပင်လယ်ပြင်တွင်ဆိုလျှင် သူ့ကိုမည်သူက အခုလို ဆက်ဆံရဲပါသနည်း။

တကယ်တော့ သူ့တွင်လည်း ကုအန်ထင်နေသလို ရည်ရွယ်ချက်ရှိနေသောကြောင့် ‌ရှက်လည်းရှက်ဒေါသလည်းထွက်နေခဲ့ခြင်း ဖြစ်သည်။

လက်ကိုးချောင်းနတ်အရှင်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ နောက်တစ်ကွက်ရွှေ့လိုက်၏။

ထပ်!

ထို့နောက် ကျားစေ့ ကျားခုံပေါ်ကျသွားသံက မိုးခြိမ်းသံလို ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး ကြည့်နေသူများ လည်ဆန့်၍ ကြည့်လိုက်မိကြသည်။

လက်ကိုးချောင်းနတ်အရှင်ပင် အံ့အားသင့်သွားပြီး ကျားစေ့ကို ကိုင်ကြည့်လိုက်သေး၏။

ထိုစဉ် ကုအန်နှုတ်ခမ်းများ တွန့်တက်သွားခဲ့ပြီး မှန်ထုတ်၍ ကြည့်နေကာ သူ့ကိုယ်သူ ဆန်းကြယ်ကာ နက်နဲလွန်းသယောင် ဆောင်နေခဲ့သည်။

လက်ကိုးချောင်းနတ်အရှင် ကုအန်ကိုကြည့်နေရင်း ဒေါသထွက်လာကာ တစ်ယောက်‌ယောက်ကို ရိုက်ချင်လာခဲ့သည်။

“မဆော့တော့ဘူး! မဆော့တော့ဘူး!”

လက်ကိုးချောင်းနတ်အရှင်ဒေါသတကြီးအော်ဟစ်လိုက်၏။ ထိုစကားကိုကြားသောအခါ ကုအန်လည်း ချက်ချင်းထရပ်ကာ ထွက်သွားလေတော့သည်။

သူ့ကျောကိုကြည့်ကာ လက်ကိုးချောင်းနတ်အရှင်တစ်ခုခုပြောရန် ပါးစပ်ကိုဟ‌လိုက်သော်လည်း သူ့ရင်ဘတ်ပေါ်တစ်ခုခုတင်ထားသလို လေးလံ၍သာ နေခဲ့၏။

ထို့နောက် ကုအန် လမ်း‌‌ေလျှာက်ထွက်ကာ တတိယတောင်ကြားကို တစ်လက်မမှမကျန် လျှောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူဝေးဝေးပင် မလျှောက်ရသေးခင်တွင် သူ့နားသို့ ယန်ကျင်းရောက်လာပြီး ဘာကြောင့်မှန်းမသိဘဲ သူဒီနေ့ ညဏ်အလင်းပွင့်ကာ စိတ်အေးနေကြောင်းပြောပြခဲ့၏။

ကုအန်ပြုံးလိုက်ပြီး သူ့ကိုနှစ်သိမ့်လိုက်ကာ ထိုအရာက သူ့ကျင့်ကြံခြင်းအောင်မြင်မှုကြောင့်ဟု ပြောလိုက်သည်။

သူ့ဆရာ၏ချီးကျုးမှုကြောင့် ယန်ကျင်းပျော်ရွှင်သွားခဲ့ပြီး လီလင်းထျန်နှင့် လက်ရည်စမ်းဖို့ ထွက်သွားခဲ့၏။

ယန်ကျင်းထွက်သွားသောအခါ အန်းရှင်းရောက်လာပြန်ပြီး စိတ်ဝိညာဉ်ကြွက်ဖြူလေး ထပ်ပျောက်သွားပြီဖြစ်မှန်းလာတိုင်ခဲ့သည်။

ကုအန် သူမကိုလည်း နှစ်သိမ့်ပေးခဲ့၏။

အန်းရှင်းပြန်သွားသောအခါ ထန်ယု ရောက်ရှိလာခဲ့ပြန်သည်။

ဒီနေ့တွင် အခြားနေ့များနှင့်မတူဘဲ တောင်ကြားတွင် ဘာမဟုတ်သောကိစ္စလေးများစွာ ရှိနေခဲ့၏။ ကုအန်ထိုအရာကို ဒေါသထွက်စရာဟုမထင်ဘဲ ရယ်စရာကောင်းသည်ဟုပင် ခံစားလိုက်ရ၏။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါး ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။

သူကတော့ သူ့ပတ်၀န်းကျင်ရှိ အဆင့်နိမ့်ကျင့်ကြံသူလေးများနှင့် အတူနေကာ သူ့ဘ၀ကို ယခုအတိုင်းသာ ဆက်ရှိနေချင်သေးသည်။

အမတလမ်းစဉ်သည် ရှည်လျားလွန်းလှပြီး အမတလမ်းစဉ်‌ေကာင်းကင်အဆင့် ၈ဆင့်၌ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမဆအဆင့်ဆိုသည်မှာ အဆင့်၆သာ ရှ်ိနေသေး၏။

ကောင်းကင်ကိုးဆင့်အထက်တွင်ရော မည်သည့်အရာရှိနေပါမည်နည်း။

သူထိုအရာကိုမျှော်လင့်နေပြီး တက်ကြွမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ

ညအချိန်ကျရောက်လာခဲ့ပြီး ကုအန် ပျင်းရိစွာသူ့အိမ်သို့ ပြန်လာခဲ့၏။

သူအဝေးမှပင် အိမ်အောက်တွင်ရပ်နေ‌ေသာ လှပသည့်ပုံရိပ်လေးတစ်ခုကိုတွေ့နေရပြီး ထိုပုံရိပ်က ကျိရှောင်ယုသာ ဖြစ်သည်။

ကုအန် ကျိရှောင်ယုလက်ထဲတွင် ပစ္စည်းတစ်ခုကိုင်ထားသည်ကိုလည်း မြင်ခဲ့ရ၏။ သူထိုပစ္စည်းနှင့်ပတ်သက်ပြီး စိတ်တော့မရှိပေ။ ထိုရတနာ၏ ကမ္မတရားများကို သူမြင်ပြီးဖြစ်သောကြောင့် ဖြစ်သည်။

အိမ်အောက်တွင် လှဲလျောင်းနေသော နွားသိုးလည်း ကုအန်ကိုမြင်သောအခါ မျက်လုံးမျာ းတောက်ပသွားခဲ့၏။ သူ့သခင်သည် အနည်းငယ်ပြောင်းလဲသွားပြန်ပြီဟု သူခံစားနေခဲ့ရသည်။

သူ့သခင်သည် ပိုသန်မာလာခြင်းပေလော။

ဤအရာက သူ့အတွက်အတိအကျပင်ကောင်းသောအရာသာ ဖြစ်၏။ သူ့သခင်ပိုသန်မာလာလေလေ သူ့အတွက် အကျိုးအမြတ်ပိုရလေလေပင်။

ကုအန် ကျိရှောင်ယုဆီလျှောက်သွားလိုက်ပြီး ပြုံးကာမေးလိုက်၏။

“ဒီအချိန်က ညီမလေးကျင့်ကြံတဲ့အချိန်မဟုတ်လား ဘာလို့ဒီမှာစောင့်နေတာလဲ”

ကျိရှောင်ယုမျက်လုံးများက ညဉ့်အမှောင်ထုအောက်တွင် ရွှေရောင်အနည်းငယ်တောက်နေသော ကုအန် နှဖူးပေါ်ရှိ ရွှေရော်င်မျဉ်းကြောင်းလေးပေါ် ရောက်ရှိသွားခဲ့လေသည်။

သူမ သူမနှဖူးပေါ်ရှ်ိ ထိုကဲ့သို့သောအရာကိုလည်း ထိမကြည့်ဘဲ မနေနိုင်တော့ပေ။ သူမနှဖူး‌ေပါ်တွင်လည်း အနီရောင်အကွက်လေးတစ်ခုရှိနေပြီး သူမဟာက ကုအန်၏တာအိုအမှတ်အသားပုံစံထက်ပို၍ ပြတ်သားပုံပေါ်ပေသည်။

သူမပြုံးလိုက်ကာ ပြောလိုက်၏။

“ဘာမှမဟုတ်ပါဘူး လရောင်ထွက်ကြည့်တာပါ”

သူမလက်ထဲတွင် ကိုင်ထားသော ပစ္စည်းကလည်း ပျောက်ကွယ်သွားခဲ့သည်။

ကုအန် သူမနှင့်ပုခုံးချင်းယှဉ်၍ ရပ်လိုက်ကာ ကောင်းကင်ရှိထိန်ထိန်သာနေသော လမင်းကြီးကိုကြည့်နေရင်း ပြုံး၍ ပြောလိုက်သည်။

“ရှောင်ယု ကောင်းကင်အလွန်မှာ ဘယ်လိုမြင်ကွင်းမျိုးရှိနေမယ်လို့ထင်လဲ”

ထိုစကားကိုကြားသောအခါ ကျိရှောင်ယုလည်း ညဉ့်ကောင်းကင်ကိုကြည့်နေရင်း ပြောလိုက်၏။

“အခြားကမ္ဘာတွေအများကြီး ရှိကောင်းရှိနေနိုင်တယ် ညီမလေးတို့ မိသားစုကအကြီးအကဲတွေပြောတာကြားဖူးတာ ကောင်းကင်ပေါ်က ကြယ်တစ်လုံးချင်းစီက ကမ္ဘာတစ်ခုပဲတဲ့ တာအိုကရိုးရှင်းပါတယ် အရာအားလုံးက တူညီတဲ့နိယာမတွေနောက်ပဲလိုက်ရတယ် ကမ္ဘာပေါ်က အသက်တွေက ဖုန်မှုန့်တွေလို သေးငယ်လွန်းပြီး တာအိုမှာ ကောင်းကင်နဲ့မြေပြင်တွေဆိုတာကလည်း ကြယ်တွေလို သေးငယ်ကြတယ်”

သူမ၏ နက်နဲလှသောစကားများကြောင့် အံ့အားသင့်သွားပြီး ကုအန် သူမကိုလှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

မသိလိုက်မသိဖာသာဖြင့် ဤကောင်မလေးသည် ရင့်ကျက်လာခဲ့ချေပြီ။

“တကယ်လို့တစ်ယောက်ယောက်က မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရင် သူတို့ကတဖြည်းဖြည်းနဲ့ကောင်းကင်ပြင်ပကို ပျံသန်းသွားနိုင်မှာပေါ့” ကျိရှောင်ယု သူ့စကားကိုအဆုံးသတ်လိုက်ပြီး ကုအန်ကို ကြည့်လိုက်သည်။

ကုအန် သူမနှင့်အကြည့်ချင်းဆုံသွားခဲ့ပြီး သူမမျက်လုံးလေးများက လှပနေဆဲဆိုတာ တွေ့သွားခဲ့၏။

သူတို့နှစ်ယောက် ကောင်းကင်ပြင်ပရှ်ိအရာများအကြောင်း စိတ်ကူးယဉ်ကာ ပြောဆိုနေခဲ့ကြသည်။

သူတို့စကားပြောပုံက နှေးကွေးလွန်းလှပြီး ညင်သာစွာစီးဆင်းနေသာ စမ်းချောင်းလေးတစ်ခုနှင့်ပင်တူနေခဲ့၏။

နာရီ၀က်ခန့်ကြာသောအခါ ကုအန် သူမကိုနှုတ်ဆက်လိုက်ပြီး ဒုတိယထပ်မှ သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။

ထို့နောက် စားပွဲတွင်ထိုင်နေရင်း ကုအန် ပြတင်းပေါက်မှ ကြယ်တွေစုံနေသော ကောင်းကင်ကိုကြည့်ကာ တစ်ယောက်တည်းရေရွတ်လိုက်မိ၏။

“မသေမျိုးလမ်းစဉ်ကိုကျင့်ကြံပြီး ကောင်းကင်ပြင်ပကိုပျံတက်သွားဖို့တဲ့လား”

ဘာလို့ဒီညပဲ ကောင်းကင်ပြင်ပကို ထွက်မကြည့်ရမှာလဲ!

သူကောင်းကင်ဈာန်အမတအဆင့်သို့ ရောက်ခဲ့စဉ်က အမတရှာဖွေကျွန်းသို့သွားခဲ့ပြီး ယခုလို အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်သို့ရောက်သောအခါ ပိုကြီးသောနယ်မြေကို ရှာဖွေသင့်ပေသည်။

ကုအန် နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ပြီး သူအံ့ဖွယ်ဓမ္မအမတဝိညာဉ်ကသူ့ကိုယ်မှ တိုက်ရိုက်ခုန်ထွက်သွားခဲ့ပြီး ကမ္ဘာပြင်ပဆီ ရောက်ရှိသွားခဲ့သည်။

ချက်ချင်းပင် သူကြယ်အပြည့်ဖြင့် ကောင်းကင်ကြားထဲ ရောက်ရှိသွားခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို မပေါ်စီးမှ ကြည့်ရှုနေခဲ့၏။

ကုအန် သူ့အရှိန်အဝါကို ကောင်းကင်ဈာန်အမတအဆင့်အထိ ဖိနှိပ်ထားလိုက်ပြီး အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများပိုင်ဆိုင်သော အရောင်ခုနှစ်ရောင်ကိုလည်း သူ့ကမ္ဘာဦးဝိညာဉ်ထဲ ချိတ်ပိတ်၍ ထည့်ထားလိုက်သည်။

အာကာသထဲမှ ကြည့်ပါက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ကျယ်ပြန့်လှသော ကုန်းမြေတိုက်ကြီးနှင့်တူပြီး နယ်မြေကို ရွှေအလင်းလွှာတစ်ထပ်က အုပ်ထားပြီး ထိုအလင်းလွှာအပြင်ဘက်တွင် နေ၇လုံး ရှိနေခဲ့သည်။

နေများထဲတွင်ဆန်းကြယ်လှသော တည်ရှိမှုများ ရှိနေကြပြီး အာကာသထဲမှကြည့်ပါက သူတို့အရှိန်အဝါကို ပို၍ပင် ခံစားသိရှိနိုင်ပေသည်။

သူတို့အားလုံးသည် အပူအပင်မဲ့ကမ္ဘာဦးအမတများသာ ဖြစ်နေခဲ့ကြ၏။

ကြည့်ရသည်မှာ သူတိုသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို စောင့်ရှောက်ကြသူများ ဖြစ်ပုံပေါ်ပေသည်။

ထို့နောက် ကုအန် နောက်ပြန်လှည့်လိုက်ပြီး အာကာသအနက်ပိုင်းထဲသို့ သွားခဲ့၏။

အာကာသထဲရှ်ိ ကြယ်များအားလုံးမှာ အမှန်တကယ်ပင် ကမ္ဘာများဖြစ်ကြပြီး အချို့က ဂြိုဟ်များဖြစ်ကာ အချို့ကကုန်းမြေတိုက်ကြီးများဖြစ်ကြသည်။ သို့သော် ကမ္ဘာတိုင်းက သက်ရှိများရှိနေတာတော့ မဟုတ်ပေ။ အချို့ကမ္ဘာများတွင် လှည့်လည်သွားလာနေသော ဝိညာဉ်များသာ ရှ်ိကြ၏။

ထိုကမ္ဘာများကိုလည်း ရွှေရောင်အလင်းလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားပြီး ကောင်းကင်ဈာန်အမတအဆင့်အောက်များ ထွက်မလာနိုင်အောင် တားဆီးထားခဲ့သည်။

ကုအန်၏ပျံသန်းသည့်အလျင်က အတော်မြန်သော်လည်း သူကောင်းကင်ဈာန်အမတအဆင့်၏ အလျင်ဖြင့်သာ ပျံသန်းနေခဲ့၏။

အာကာသကြီးသည် ကျယ်ပြန့်လွန်းလှသည်။ ကောင်းကင်ဈာန်အမတတစ်ပါး၏အလျင်နှင့်ဆိုလျှင်တောင်မှ အချိန်တိုလေးအတွင်း အခြားကောင်းကင်ဈာန်အမတတစ်ပါးကို တွေ့ဆုံဖို့ ခက်ခဲလွန်းလှပြီး ပိုသန်မာသောတည်ရှိမှုများကိုတော့ပြောစရာပင် မလိုတော့ပေ။

သို့သော် ကုအန် သူပျံသန်းနေစဉ်အတွင်း အရပ်မျက်နှာပေါင်းစုံမှ သာမန်မဟုတ်သော အရှိန်အဝါများကို အာရုံခံခဲ့မိသည်။

ကောင်းကင်ပြင်ပကလည်း အန္တရာယ်များတာပဲ!

တဖြည်းဖြည်းနှင့် ကုအန် နတ်အာရုံက ကောင်းကင်ဈာန်အမတတစ်ပါးဆီရောက်ရှိသွားခဲ့ပြီးသူ့ဆီ အမြန်ပျံသွားခဲ့လိုက်၏။

ကောင်းကင်ပြင်ပတွင် ဆန်းကြယ်သောအားလှိုင်းများအပြင် အရွယ်အစားပေါင်းစုံဖြင့် ဦးတည်ရာမဲ့ ပျံသန်းနေသော ဥက္ကာခဲကြီးများလည်း ရှိကြသည်။

ထိုဥက္ကာခဲကြီးများထဲမှ ကုန်းမြေတိုက်ကြီးတစ်ခုစာလောက်ကြီးသော ဥက္ကာခဲကြီးတစ်ခုပေါ်တွင် ကောင်းကင်ဈာန်အမတတစ်ပါး ပုန်းအောင်းနေခဲ့၏။

ထိုသူသည် လူသားမျိုးနွယ်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။

ထိုလူသည် တောင်နံရံရှေ့တွင် တရားထိုင်နေရင်း ဖြူစွတ်နေသော တာအို၀တ်စုံကို၀တ်ဆင်ထားကာ ချောမောခန့်ညားလှပြီး သူ့ပုံစံက အသက်၂၀လောက်သာ ရှ်ိသေးပုံပင်။

ကုအန်သူ့အနားရောက်သောအခါ သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။

[ပိုင်ကျိယ(ကောင်းကင်ဈာန်အမတအဆင့် ၃): ၁၂၄၉၀၂/၃၅၀၀၀၀/၄၀၀၀၀၀]

ပိုင်ကျိယလည်း ကုအန်အရှိန်အဝါကို သတိထားမိသွားကာ မျက်လုံးများပွင့်လာခဲ့သည်။ သူ့မျက်ဆံများက ကြည်ပြာရောင်တောက်နေခဲ့ပြီး သလင်းကျောက်နှစ်တုံးနှင့်ပင် တူနေခဲ့၏။

သူထရပ်ကာ ကုအန်ချဉ်းကပ်လာသည်ကို ကြည့်နေခဲ့သည်။

ကုအန် လက်သီးနှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်ကာ ပြောလိုက်သည်။

“ကျွန်တော်က မုန့်လန်ပါ အပြင်ကမ္ဘာမှာလူသစ်ပေါ့ တာအိုမိတ်ဆွေနဲ့တွေ့ဆုံရတာက ကံကြမ္မာကြောင့်သာဖြစ်ပါလိမ့်မယ် မိတ်ဆွေကျွန်တော်နဲ့ မိတ်ဆွေဖွဲ့ချင်ပါသလား”

သူ့စကားကိုကြားသောအခါ ပိုင်ကျိယပြုံး၍ ပြောလိုက်သည်။

“ဆိုတော့ ဒါကမင်းရဲ့ပထမဆုံးအကြိမ် ကောင်းကင်အပြင်ရောက်လာတာပေါ့ အရမ်းအဆင်အခြင်မဲ့နေတာ အံ့ဩစရာမဟုတ်တော့ပါဘူး မင်းငါနဲ့တွေ့တာ ကံကောင်းတယ်မှတ် ငါ့နာမည်က ပိုင်ကျိယတဲ့ အနာဂတ်မှာ မင်းပိုပြီးဂရုစိုက်သင့်တယ် ဒီနေရာမှ ‌လူတစ်ယောက်နဲ့တွေ့တာက မိစ္ဆာတစ်ကောင်နဲ့တွေ့တာထက် ပိုကြောက်စရာကောင်းတယ်”

ကုအန် ပဟေဠိဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။

“ကောင်းကင်ပြင်ပကအရမ်းအန္တရာယ်များတယ်လား”

ကျိပိုင်ယ အရင်အတိုင်းတရားပြန်ထိုင်လိုက်ပြီး ကုအန်ကိုလည်း ထိုင်ဖို့လက်ဟန်ပြလိုက်၏။

ကုအန်လည်း ထိုင်လိုက်ပြီး ပိုင်ကျိယ သူ့ကို ကောင်းကင်ပြင်ပအကြောင်းမပြောခင် ကိုယ့်ကိုက်ုယအရင်မိတ်ဆက်လိုက်လေသည်။

ကျိပိုင်ယသည်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှဖြစ်ပြီး သူသည် သေမျိုးအထွတ်အထိပ်ကမ္ဘာ၏ ထိပ်တန်းဆရာသခင်များထဲမှ တစ်ယောက်ဖြစ်ကာ ကောင်းကင်ပြင်ပကိုရောက်တာ နှစ်၂သောင်းကျော်နေပြီဖြစ်၍ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီ အလည်ပြန်သွားဖို့ ပြင်ဆင်နေသူဖြစ်သည်။

သူပြောပုံအရ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် အမတလမ်းစဉ်မြင့်မြတ်ခုံရုံးက ကြီးမြတ်သည့်ကျင့်ကြံသူများကို ကန့်သတ်ထားသော်လည်း ကောင်းကင်ပြင်ပ‌တွင်တော့ ထိန်းချုပ်မှုမရှ်ိပေ။ အကယ်၍ ဤနေရာတွင်သေသွားလျှင်တောင် ကမ္မတရားများကိုခြေရာခံလိုက်ဖို့ ခက်ခဲလှသောကြောင့် ကျင့်ကြံသူများက ကောင်းကင်ပြင်ပတွင် ပို၍ ရမ်းကာစွာ ပြုမူတတ်ကြသည်။

အပြင်ကမ္ဘာတွင် ကမ္ဘာများစွာရှိသော်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကသာ အဓိကဖြစ်ပြီး ကျန်ကမ္ဘာများက အငယ်စားလေးများသာ ဖြစ်ကြ၏။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့် ယှဉ်နိုင်သော ကမ္ဘာကြီးများအကြောင်းကိုတော့ ပိုင်ကျိယ အများကြီးမပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဤကြယ်များစုံလှသော ကောင်းကင်ကြီးကိုတော့ မဟာကောင်းကင်‌စိတ်ဝိညာဉ်နယ်မြေကသာ ကြီးစိုးထားခဲ့သည်။

ကျင့်ကြံသူများကြားမှ ပဋိပက္ခများအပြင် အာကာသသည် ကောင်းကင်မိစ္ဆာများ၏ ကျက်စားရာနေရာလည်း ဖြစ်၏။ ထိုကောင်များက ရှေးခေတ်ကတည်းက ရှိနေခြင်းဖြစ်ပြီး အဆုံးမဲ့လှကာ ကိုယ်ပိုင်အင်အားစုများပင်ဖြစ်တည်နေခဲ့ကြသည်။ သူတို့သည် အလွန်ရန်လိုလှပြီး လူသားများ မိစ္ဆာများကို မြင်မြင်ချင်း သတ်ပစ်တတ်ကြသည်။

ပိုင်ကျိယပင် အလွန်ကြောက်စရာကောင်းသော ကောင်းကင်မိစ္ဆာတစ်ကောင်ကို တွေ့ခဲ့ဖူးပြီး ထိုကောင်က ကောင်းကင်ဈာန်အမတတစ်ပါးကို တစ်လုပ်တည်းဖြင့် မြိုချပစ်ခဲ့၏။ သူကအခြားကောင်းကင်ဈာန်အမတများထက် မြန်၍သာ ထိုနေရာက လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ မင်းကောင်းကင်ပြင်ပအကြောင်းစိတ်၀င်စားရင် အာကာသထဲအနက်ကြီးမသွားနဲ့ မင်းအသံမဲ့အပျက်အဆီးနယ်မြေထဲ ဝင်သွားမိတာနဲ့ အဲ့ဒီမှာ ‌ကျက်စားကြတဲ့ ကောင်းကင်မိစ္ဆာတွေ ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ ကျိန်စာတွေနဲ့တွေ့ရလိမ့်မယ် အဲ့ဒီထဲ၀င်သွားတဲ့ ကောင်းကင်ဈာန်အမတတွေအဖို့ အသက်ရှင်ဖို့အခွင့်အရေးနည်းနည်းပဲရှ်ိတယ် ဒါပေါ့ မင်းကအဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးမရှိတော့ရင်တော့

ကံသွားစမ်းချင်စမ်းလို့ရတယ် အချို့က အသံမဲ့အပျက်အဆီးနယ်မြေထဲကနေ အခွင့်အလမ်းတွေရပြီး ကောင်းကင်ကိုဖီဆန်နိုင်သွားကြတယ် ပြောကြတာတော့ အရင်က အသံမဲ့အပျက်အဆီးနယ်မြေက ထင်ရှားတဲ့ ကမ္ဘာကြီးတစ်ခုတဲ့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆိုတာ အဲ့ဒီကမ္ဘာကြီးရဲ့ အပိုင်းအစတစ်ခုသက်သက်ပဲ”

ပိုင်ကျိယ ရှည်ရှည်ဝေးဝေးပြောနေပြီး ကုအန်လည်း ဂရုတစိုက်နားထောင်နေခဲ့၏။

သူပိုင်ကျိယဆီမှ မည်သည့်ရန်လိုမှုကိုမှလည်း မခံစားရလေရာ ဤလူသည် အမှန်တကယ်ပင် သဘောကောင်းသူတစ်ယောက်ဖြစ်ပုံပေါ်သည်။

ဒါပေါ့ ကုအန် ချောင်းမြောင်းတိုက်ခိုက်ခံရမှာမျိုးကိုလည်း မကြောက်ပေ။

ပိုင်ကျိယကုအန်ကိုကြည့်ကာ မေးလိုက်၏။

“တာအိုမိတ်ဆွေမုန့်လန် မိတ်ဆွေက ဘယ်ဂိုဏ်းကလဲ”

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ကျယ်ပြန့်လွန်းသော်လည်း ကောင်းကင်ဈာန်အမတများကတော့ အများကြီးမရှ်ိပေ။

ကုအန်ပြန်ပြောလိုက်၏။

“အရိုးသားဆုံးပြောရရင် ကျွန်တော်က ဂိုဏ်းမရှိတဲ့ အချုပ်အနှောင်မဲ့အမတတစ်ယောက်ပါပဲ လွန်ခဲ့‌တဲ့နှစ်တွေတုန်းက ကျွန်တော့်ဂိုဏ်းက ကပ်ဘေးနဲ့ရင်ဆိုင်ခဲ့ရပြီး ပျက်ဆီးသွားခဲ့တယ် အဲ့ဒီကတည်းက ကျွန်တော်တံခါးပိတ်ကျင့်ကြံနေခဲ့တာ”

ပိုင်ကျိယစိတ်၀င်စားသွားကာ မေးလိုက်သည်။

“မိတ်ဆွေက ကောင်းကင်ဈာန်အမတအဆင့်ကို ကိုယ့်ဟာကိုယ်ကျင့်ကြံပြီး တက်ခဲ့တာလား တာအိုမိတ်ဆွေ ကြည့်ရတာ မိတ်ဆွေမှာ အဝောာ်ကောင်းတဲ့ပါရမီရှိပုံပဲ ဘာလို့ကျွန်တော်တို့ သေမျိုးအထွတ်အထိပ်ကမ္ဘာကို မ၀င်တာလဲ ကျွန်တော်မိတ်ဆွေကို အထွတ်အထိပ်ဆရာသခင်တစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်တယ် နောက်ပြီးမိတ်ဆွေ မြင့်မြတ်ခုံရုံးမှာ ချီကံကြမ္မာရတနာရာထူးကိုလည်း ရဦးမှာ ချီကံကြမ္မာနဲ့ဆို မိတ်ဆွေ ကောင်းကင်နဲ့မြေပြင်ရဲ့နိယာမတွေကို လေ့လာတဲ့အခါမှာ ပိုလွယ်ကူလာလိမ့်မယ်”

All Chapters