← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 22 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 22 Ch. 277-278

အပိုင်း(၂၇၇)

သေမျိုးအထွတ်အထိပ်ကမ္ဘာ၏အဆင့်အတန်း

“တာအိုမိတ်ဆွေ မိတ်ဆွေကျွန်တော့်ကို မြင့်မြတ်ခုံရုံးအ‌ေကြာင်းမ်ိတ်ဆက်ပေးနိုင်မှာလား” ကုအန် ပိုင်ကျိယ၏ ကမ်းလှမ်းချက်ကို ချက်ချင်းသဘောမတူဘဲ ပြန်မေးလိုက်သည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် မင်းဆက်တစ်ခုလုံး အမတများဖြင့်ပြည့်နေသည့် မင်းဆက်တစ်ခု ရှိ၏။ ထိုမင်းဆက်က မြင့်မြတ်ခုံရုံးဖြစ်နေနိုင်ပါသလော။

မဖြစ်နိုင်ပေ။ ထိုမင်းဆက်က စွမ်းအားကြီးသော်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် အသန်မာဆုံးတော့ မဟုတ်ပေ။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၏ နတ်အာရုံပင် အစွန်အဖျားနားထိပဲ ကြည့်ရှုနိုင်သော ကုန်းမြေတိုက်ကြီးတစ်ခု ရှိနေသေးသည်။

ထိုကုန်းမြေတိုက်ကြီးကသာ မြင့်မြတ်ခုံရုံးတည်ရှိသောနေရာ ဖြစ်နိုင်၏။

ပိုင်ကျိယကုအန်ကို သံသယမျက်၀န်းများဖြင့် ကြည့်လိုက်သည်။ အဘယ်ကြောင့် ဤလူက မြင့်မြတ်ခုံရုံးကိုပင် မသိနေရပါသနည်း။ သူတံခါးပိတ်ကျင့်ကြံနေတာ မည်မျှကြာသွားခဲ့သနညး်။

ပဟေဠိဖြစ်သွားပါသော်လည်း ပိုင်ကျိယသူသိသလောက် ရှင်းပြပေးခဲ့၏။

မြင့်မြတ်ခုံရုံးသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အစစ်အမှန် အုပ်ချုပ်သူများဖြစ်ကြကာ သူတို့သည် အမတလမ်းစဉ်၏ မူလအစလည်းဖြစ်ခဲ့ပြီး နတ်တာအိုကုန်းမြေတိုက်ကြီးတွင် တည်ရှိကြသည်။

နတ်တာအိုကုန်းမြေတိုက်ကြီးသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် အကြီးဆုံးကုန်းမြေတိုက်ကြီးဖြစ်ပြီး လူသားမျိုးနွယ်ကလည်း ထိုနေရာမှ အစပြုခဲ့ခြင်းဖြစ်ပြီး တဖြည်းဖြည်းနှင့်မှ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးသို့ ပြန့်ပွားသွားခဲ့ခြင်းဖြစ်၏။

မြင့်မြတ်ခုံရုံးသည် ကမ္ဘာရေးရာကိစ္စများတွင် ၀င်မစွက်ဖက်သော်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ လုံခြုံရေးကိုတော့ တာ၀န်ယူထားကြသည်။ ကမ္ဘာဖျက်ကပ်ဘေးသို့မဟုတ် ကောင်းကင်ပြင်ပမှ မိစ္ဆာများ ကျူးကျော်လာကြပါက သူတို့ကလှုပ်ရှားတတ်ကြသည်။ သူတို့သည် ကမ္ဘာအရပ်ရပ်တွင်လည်း ချီကံကြမ္မာဂိုဏ်းများကို ဖြန့်ကျက်ထားသေး၏။ အကယ်၍ ထိုဂိုဏ်းများထဲမှ တစ်ဂိုဏ်းဂိုဏ်းက ကပ်ဘေးတစ်ခုခုဖန်တီးခဲ့လျှင်တော့ မြင့်မြတ်ခုံရုံးက တစ်ယောက်ယောက်ကိုလွှတ်၍ အပြစ်ပေးကြသည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများက အစစ်အမှန်အမတများကဲ့သို့သော တည်ရှိမှုမျိုးဖြစ်ကြ၏။

ချီကံကြမ္မာဂိုဏ်းတိုင်းကလည်း မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာရတနာရာထူးကိုရကြတာတော့ မဟုတ်ကြပေ။ ချီကံကြမ္မာရတနာရာထူးသည် လူတစ်ယောက်၏ ကောင်းကင်နှင့်မြေပြင်နိယာမများအပေါ် နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးပြီး သက်တမ်းကို ဆွဲဆန့်ပေးနိုင်သောကြောင့် မရေတွက်နိုင်သော ကျင့်ကြံသူများက ထိုအရာကို တောင့်‌တနေကြပေသည်။

“သေမျိုးအထွတ်အထိပ်ကမ္ဘာက ရှေးခေတ်တုန်းကလောက် စွမ်းအားမကြီးတော့ပေမယ့် ငါတို့မှာ နက်ရှိုင်းတဲ့အုတ်မြစ်ရှိနေတုန်းပဲ ငါတို့ဘိုးဘေးတွေ အများအပြားက ကောင်းကင်ပြင်ပမှာ သွားလာနေကြတာ တကယ်လို့ ငါတို့အပြင်မှာ တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ရင်လည်း ကူညီပေးကြတယ် အထွတ်အထိပ်ဆရာသခင်ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကလည်း ကျယ်ပြန့်တယ် မြင့်မြတ်ခုံရုံးမှာ ရုံးခန်းတစ်ခုရရုံပဲမကဘူး သောင်းချီတဲ့တပည့်တွေကိုလည်း ကြီးကြပ်အုပ်ချုပ်ရသေးတယ်” ကျိပိုင်ယ သေမျိုးအထွတ်အထိပ်ကမ္ဘာသည် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး ချီကံကြမ္မာဂိုဏ်းလို ဂုဏ်ယူစွာ ပြောပြနေခဲ့သည်။

ကုအန် စိတ်၀င်တစားမေးလိုက်၏။

“သေမျိုးအထွတ်အထိပ်ကမ္ဘာက ကြယ်ပင်လယ်အဖွဲ့အစည်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ ပင်လယ်နက်နန်းတော် ပင်လယ်ဗုဒ္ဓဂိုဏ်းတွေနဲ့ရော ယှဉ်နိုင်လား”

ပိုင်ကျိယသူ့ကိုတစ်ချက်ကြည့်လိုက်ကာ

“ကြယ်ပင်လယ်အဖွဲ့အစည်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေနဲ့ ပင်လယ်နက်နန်းတော်လိုနေရာတွေက ဘယ်လိုလုပ် ငါတို့ သေမျိုးအထွတ်အထိပ်ကမ္ဘာနဲ့ ယှဉ်နိုင်မှာလဲ ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ တည်ထောင်သူက ငါတို့သေမျိုးအထွတ်အထိပ်ကမ္ဘာမှာ ကျင့်ကြံခဲ့တာ အဲ့တာကြောင့် အဲ့ဒီကမျိုးဆက်တပည့်တိုင်းက ငါတို့ရဲ့ ကြင်နာမှုကို အမှတ်ရနေကြတယ် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေနဲ့ ပင်လယ်နက်နန်းတော်ကတော့ တတိယအဆင့်ဂိုဏ်းတွေလောက်ပဲ ရှိတာ ပင်လယ်ဗုဒ္ဓဂိုဏ်းကတော့ ကြောက်စရာကောင်းတယ် ဒါပေမယ့် အဲ့တာကလည်း လွန်ခဲ့တဲ့နှစ်သန်းချီကတည်းက ရှန်ထျန်းက ပင်လယ်ဗုဓ္ဓဂိုဏ်းကို စိတ်၀င်စားနေခဲ့လို့ပဲ”

“ရှန်ထျန်းသူတို့ကို မကြိုက်‌ေတာ့တာနဲ့ သူတို့ဒီကမ္ဘာပေါ်မှာ ရပ်တည်နိုင်ပါဦးမလား ဘယ်သူသိမှာလဲ”

ရှန်ထျန်းသည် ကောင်းကင်ခုံရုံး၏ အရှင်သခင်ဖြစ်ကာ ထိုအမည်က သူ့ဘွဲ့ထူးသာဖြစ်ပြီး သူ့နာမည်အရင်းကိုတော့ ဘယ်သူမှ ခေါ်မရကြပေ။

ပိုင်ကျိယ အခြားဂိုဏ်းများအကြောင်းအထင်သေးဟန်ဖြင့် ပြောဆိုပြီး ကုအန်ကိုဆွဲဆောင်ဖို့ ကြိုးစားနေခဲ့၏။

သူကုအန်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းဘယ်လိုထင်လဲ တာအိုမိတ်ဆွေမုန့် ဒီကောင်းကင်ပြင်ပမှာ မြင့်မြတ်ခုံရုံးရဲ့ ချုပ်နှောင်မှုတွေမရှိပေမယ့် ဒီနေရာမှာလည်း နောက်ခံကအရေးပါနေတုန်းပဲ သေမျိုးအထွတ်အထိပ်ကမ္ဘာက ထင်ရှားတဲ့ ဂုဏ်သတင်းရှိတယ်”

ကုအန် တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။

“အရိုးသားဆုံးပြောရရင် ကျွန်ဝောာ့်မှာမြင့်မြတ်ခုံရုံးက ချီကံကြမ္မာရတနာရာထူးနဲ့ ပတ်သက်ပြီး တွေးထားတာလေးတွေရှိပါတယ်”

ချီကံကြမ္မာရတနာရာထူးသည် ကြားရတာကောင်းသော်လည်း တကယ်တော့ ရှုပ်ထွေးသောအရာများစွာ ပါ၀င်ပတ်သက်နေခဲ့သည်။ မြင့်မြတ်ခုံရုံးက ချီကံကြမ္မာရတနာရာထူးများအားလုံးကို ချီကံကြမ္မာမှတစ်ဆင့် ထိန်းချုပ်ထားခြင်းဖြစ်၏။

“ဘယ်လိုအဓိပ္ပာယ်မရှိတာလဲ တကယ်လို့မင်းမလိုချင်ရင်လည်း ငါမင်းကိုအတင်းအကြပ်မပေးပါဘူး အဲ့တာကိုတစ်ယောက်ယောက်အတွက်ပဲ ချန်ထားလိုက်မယ် လူပေါင်းများစွာက ချီကံကြမ္မာရတနာရာထူးကို ရဖို့ အရိုးကြေကြေအရေခမ်းခမ်း တိုက်ခိုက်နေကြတာကွ မင်းသာ ချီကံကြမ္မာရတနာရာထူးကိုပိုင်ဆိုင်ထားရင် ကမ္ဘာပေါ်မှာရှ်ိတဲ့ဘယ်ဂိုဏ်းမဆို မင်းကိုလေးစားကြလိမ့်မယ် မင်းကတစ်ဖက်လူကိုမစော်ကားသရွေ့ မင်းကိုသူတို့က ဧည့်သည်တော်ကြီးအဖြစ် ဆက်ဆံကြလိမ့်မယ် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ကောင်းကင်ဈာန်အမတတိုင်း ချီကံကြမ္မာရတနာရာထူးကို ရနိုင်ကြတာမဟုတ်ဘူးလေ” ပိုင်ကျိယ ခေါင်းယမ်းကာ ရယ်မော၍ ရှင်းပြလိုက်သည်။

ကုအန်စိတ်၀င်တစားမေးလိုက်၏။

“အဲ့တာက အရမ်းရှားပါးတာပဲ ဘာလို့ ကျွန်တော့်ကိုပေးရတာလဲ ကျွန်တော်တို့က အခုမှ‌တွေ့ကြတာလေ နောက်ပြီး မိတ်ဆွေက ကျွန်တော့်ကိုဖိတ်ခေါ်ထား…”

ပိုင်ကျိယ ချောင်းဟမ့်ကာ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါကမင်းရဲ့ပါရမီနဲ့ နောက်ခံမရှိတာကိုမြင်မိလို့ကွ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှာ အဲ့လိုဂိုဏ်းမရှိတဲ့ ကောင်းကင်ဈာန်အမတဆိုတာ အရမ်းကိုရှားလွန်းတယ် လူသားအထွတ်အထိပ်ကမ္ဘာက စွမ်းအားကြီးပေမယ့် လုံး၀ပြိုင်ဘက်ကင်းနေတာတော့ မဟုတ်ဘူး ဒါပေါ့ ငါတို့ဂိုဏ်းကို၀င်ပြီးတဲ့အချိန် မင်းကမဟုတ်တာတွေလုပ်နေရင်တော့ ဂိုဏ်းကမင်းကိုအခွင့်ထူးပေးထားမှာမဟုတ်ဘူး ငါတို့ လူသားအထွတ်အထိပ်ကမ္ဘာမှာလည်း ကောင်းကင်ဈာန်အမတအဆင့်ကို ကျော်လွန်နေတဲ့ တည်ရှိမှုတွေရှိတယ်”

ကောင်းကင်ဈာန်အမတအဆင့်သို့ရောက်သွားပါက အဆင့်ငယ်လေးများ ချိုးဖြတ်ခြင်းကပင် အလွန်ခက်ခဲလှသည်။ သူနောက်ဆုံးအဆင့်ငယ်ချိုးဖြတ်ခဲ့သည်ကပင် လွန်ခဲ့သော နှစ်တစ်သောင်းက ဖြစ်၏။

ကုအန် အံ့အားသင့်မသွားခဲ့ပေ။ လူသားအထွတ်အထိပ်ကမ္ဘာလိုနေရာမျိုးတွင် အပူအပင်မဲ့ကမ္ဘာဦးအမတများ ပုန်းအောင်းနေမည်ဟု သူခန့်မှန်းမိထားပြီးသားပင်။

သူဆက်မေးလိုက်သည်။

“ဘာလို့ မိတ်ဆွေတို့က အခြားဂိုဏ်းက ကောင်းကင်ဈာန်အမတတွေကို ခန့်အပ်ဖို့မကြိုးစားတာလဲ ဥပမာဆို ကြယ်ပင်လယ်အဖွဲ့အစည်းမှာလည်း ကောင်းကင်ဈာန်အမတအဆင့်တွေရှိကြတယ်လေ”

ပိုင်ကျိယခေါင်းယမ်းကာ ပြောလိုက်၏။

“ဘယ်လိုလုပ် သူတို့ကိုလွယ်လွယ်ခေါ်လို့ရမှာလဲ ကမ္မတရားတွေ ဆက်ဆံရေးတွေကိုမပြောနဲ့ဦး အဲ့ဒီကောင်းကင်ဈာန်အမတတွေက သူတို့ဂိုဏ်းတွေထဲမှာ နယ်မြေတွေအပိုင်စားရထားပြီး အရင်းအမြစ်တွေလည်း အများကြီးရထားကြတယ်လေ တကယ်လို့ သူတို့က လူသားအထွတ်အထိပ်ကမ္ဘာကို၀င်ခဲ့ကြပြီး တူညီတဲ့ ရာထူးအဆင့်အတန်းမျိုးရခဲ့ရင်တောင် သူတို့ဂိုဏ်းတုန်းကလို အရင်းအမြစ်တွေရဖို့ကတော့ ခက်တယ်လေ ဒါပေါ့ သူတို့က သူတို့ဂိုဏ်းတွေမှာ နှစ်ပေါင်းသောင်းနဲ့ချီ သိန်းနဲ့ချီပြီး အုတ်မြစ်လည်းတည်ဆောက်ထားကြတယ်လေ”

ကုအန်လည်း ထိုအရာက အကျိုးအကြောင်းသင့်သည်ဟု ခံစားလိုက်ရသည်။

တခဏကြာတွေးပြီးသည့်နောက် သူပြောလိုက်၏။

“ဒီလိုဆိုရင်တော့ ကျွန်တော်လူသားအထွတ်အထိပ်ကမ္ဘာကို ၀င်ပါ့မယ် ဒါပေမယ့် ကျွန်တော်လူသားအထွတ်အထိပ်ကမ္ဘာကို အခုတော့မသွားနိုင်သေးဘူး”

“ကိစ္စမရှိပါဘူး လူသားအထွတ်အထိပ်ကမ္ဘာကမင်းကို ချုပ်နှောင်ထားမှာမဟုတ်ဘူး မင်းမရှိရင် ဂိုဏ်းထဲကမင်းတပည့်တွေက ပိုတောင်ပျော်ကြသေးတယ် သူတို့လွတ်လွတ်လပ်လပ်နေလို့ရတယ်လေ ငါ့တပည့်သားမြေးတွေဆို ငါ့ကိုမေ့တောင်မေ့နေကြပြီ” ပိုင်ကျိယတစ်ယောက်တည်းရယ်မောကာ ပြောလိုက်သည်။

ထို့နောက် သူတောင်ထိပ်တစ်လုံးပုံထွင်းထားသော ကျောက်စိမ်းပြားတစ်ပြား ထုတ်ပေးလိုက်၏။

“ဒါက သေမျိုးကျောက်စိမ်းပြားပဲ အထွတ်အထိပ်အရှင်သခင်တစ်ယောက်ရဲ့ သရုပ်ကိုကိုယ်စားပြုတယ် တကယ်လို့မင်း လူသားအထွတ်အထိပ်ကမ္ဘာကတပည့်တွေ ဒါမှမဟုတ် ငါတို့ဂိုဏ်းနဲ့ပူးပေါင်းထားတဲ့ဂိုဏ်းတွေနဲ့ရင်ဆုိင်ရရင် ဒီကျောက်စိမ်းပြားကိုပြလို့ရတယ် ဒါပေါ့ မင်းကျင့်ကြံခြင်းနဲ့ဆိုရင် မင်းက သေမျိုးအထွတ်အထိပ်ကမ္ဘာမှာ ရဲရဲကြီး ရပ်နေလို့ရတယ်” ပိုင်ကျိယ ရယ်မောလိုက်ပြန်သည်။

ကုအန် ကျောက်စိမ်းပြားကိုယူလိုက်ပြီး သေချာစစ်ဆေးကြည့်နေခဲ့၏။

သူမေးလိုက်သည်။

“ကျွန်တော်က ဒီကျောက်စိမ်းပြားကိုယူ ရမ်းရမ်းကားကားလုပ်ပြီးမှ ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ”

ပိုင်ကျိယရယ်မောလိုက်ကာ

“တကယ်လို့ မင်းမကောင်းတာတွေလုပ်ရင် မြင့်မြတ်ခုံရုံးနဲ့ရင်ဆိုင်ရမှာပေါ့ သူတို့စစ်ဆေးတဲ့အချိန် မင်းကသေမျိုးအထွတ်အထိပ်ကမ္ဘာမှာရှိမနေရင် မြင့်မြတ်ခုံရုံးကလည်း သေမျိုးအထွတ်အထိပ်ကမ္ဘာကို အပြစ်တင်နိုင်မှာမဟုတ်ဘူး တကယ်တော့ မင်းဒီကျောက်စိမ်းပြားကိုထုတ်ပြလိုက်ရင် သေမျိုးအထွတ်အထိပ်ကမ္ဘာအတွက်လည်း အင်အားတိုးလာစေတယ်ကွ ကမ္ဘာကြီးက ငါတို့မှာ နောက်ထပ်ကောင်းကင်ဈာန်အမတတစ်ပါးရှိသေးမှန်း သိသွားကြတာပေါ့”

ထိုအရာကြောင့် ကုအန်မြင့်မြတ်ခုံရုံးကိုပိုပြီး သတိထားမိသွားခဲ့သည်။

ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက ကုန်းမြေတိုက်ကြီးကို တိုက်ရိုက်ဒုက္ခမပေးရဲခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ သူတို့ မြင့်မြတ်ခုံရုံးကိုကြောက်နေကြ၍ ဖြစ်၏။

ထိုအချိန်တုန်းက ကြယ်ပင်လယ်အဖွဲ့အစည်းက တပည့်များစွာလွှတ်၍ သက်သေများစုဆောင်းခဲ့ခြင်းမှာလည်း မြင့်မြတ်ခုံရုံးကိုတိုင်ဖို့သာ ဖြစ်နိုင်ပေသည်။

မြင့်မြတ်ခုံရုံးသည် ကမ္ဘာကြီးကိုကာကွယ်ပေးသော်လည်း ဂိုဏ်းများကိူမဟုတ်ပေ။ ကမ္ဘာကြီးက ကျယ်ပြန့်လှသောကြောင့် သူတို့တစ်ကမ္ဘာလုံးကိုတော့ ကယ်တင်နိုင်မည်မဟုတ်သောကြောင့် နာကျင်ခံစားရသူများကတော့ ရှိနေဆဲသာ ဖြစ်၏။

ကုအန် သေမျိုးအထွတ်အထိပ်ကမ္ဘာ၏ အာဏာအဆင့်အတန်းများအကြောင်း ဆက်လက်မေးမြန်းခဲ့ပြီး ပိုင်ကျိယလည်း သူတို့ဂိုဏ်း၏ မဟာမိတ်များအပြင် ရန်သူများကိုပါ ပြောပြပေးခဲ့သည်။

ခြုံငုံကြည့်ပါက သေမျိုးအထွတ်အထိပ်ကမ္ဘာတွင် ရန်သူဖက် မိတ်တွေမဟာမိတ်များက ပိုများပြီး ထိုကြောင့်လည်း သူတို့သည် သေမျိုးကမ္ဘာတွင် အသန်မာဆုံးသူများအဖြစ် ရပ်တည်နေနိုင်ကြခြင်း ဖြစ်နိုင်၏။

သူတို့ဆက်ပြောနေရင်း စကားဝိုင်းက ကောင်းကင်ပြင်ပအကြောင်း ရောက်ရှိသွားခဲ့သည်။ ကုအန် ကျိပိုင်ယသူ့အကြောင်း သေမျိုးကမ္ဘာတွင် မစုံစမ်းစေရန် တမင်တကာပင် သူကကောင်းကင်ပြင်ပတွင် စူးစမ်းလေ့လာမည်ဖြစ်မှန်း သဲလွန်စပေးခဲ့၏။

အချိန်အတန်ကြာစကားပြောပြီးမှ ကုအန် ထွက်ခွာသွားခဲ့သည်။ သူမဟာကောင်းကင်စိတ်ဝိညာဉ်မြေဆီသို့ မသွားဘဲ အာကာသဆီသို့သာ ပိုနက်နက်ပျံသန်းသွားခဲ့၏။

ကျိပိုင်ယထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်နေပြီး အတွေးနွံနစ်နေခဲ့သည်။

“သူက ကြယ်ပင်လယ်အဖွဲ့အစည်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေနဲ့ ပင်လယ်နက်နန်းတော်‌ေတွအကြောင်းပြောခဲ့တယ်ဆိုတော့ အဲ့ဒီဒေသကများ ဖြစ်နိုင်လောက်လားဒါပေမယ့် အဲ့လိုနေရာကနေ ဘယ်လိုလုပ်နောက်ခံမရှ်ိဘဲ ကောင်းကင်ဈာန်အမတတစ်ပါးကို မွေးထုတ်နိုင်ခဲ့တာလဲ ထူးဆန်းတယ် ထူးဆန်းတယ်”

….

ပိုင်ကျိယနှင့် ခွဲခွာပြီးသောအခါ ကုအန် အသံမဲ့အပျက်အဆီးနယ်မြေသို့ သွားချင်ယောင်ဆောင်ခဲ့၏။ ကောင်းကင်ဈာန်အမတများ၏ နတ်အာရုံမှလွတ်သွားသောအခါမှသာ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကိုသုံး၍ သေမျိုးကမ္ဘာဆီ ပြန်သွားခဲ့သည်။

ကုအန် ဝိညာဉ်ကခန္ဓာထဲပြန်၀င်သွားခဲ့ပြီး သူအပျင်းကြောတစ်ချက်ဆန့်လိုက်၏။ အချိန်က အာရုံတက်ချိန်သို့ပင် မရောက်သေးပေ။

သူအောက်ထပ်မှ ကျိရှောင်ယု ကျင့်ကြံနေသည်ကိုလည်း အာရုံခံမိနေခဲ့သည်။

“ကောင်းကင်ပြင်ပက ကျယ်ပြောလွန်းပေမယ့် သေမျိုးကမ္ဘာက ပိုပြီး အေးချမ်းတယ်” ကုအန် ပြုံးရင်းတွေးလိုက်၏။

သူသည် စွန့်စားခန်းများထွက်ရန် မလိုသောကြောင့် အသံမဲ့အပျက်အဆီးနယ်မြေသို့သွားစရာလည်းမလိုသလို ကောင်းကင်မိစ္ဆာများနှင့် တိုက်ခိုက်စရာလည်း မလိုပေ။

သူ့အတွက်က အချိန်တစ်ခုသာ လိုတာဖြစ်သည်။

ပုံမှန်လေးသာ သက်တမ်းစုဆောင်းနေပါက သူ့သက်တမ်းသည် သက်တမ်း ၁၀၀၀၀အတွင်းမည်မျှ တက်သွားနိုင်လိမ့်မည်နည်း။

သက်တမ်း ၁၀၀၀၀သည် ကောင်းကင်ဈာန်အမတများအတွက်ပင် ဘာမှမဟုတ်သောကြောင့် အံ့ဖွယ်ဓမ္မနတ်အမတများအဖို့တော့ ပြောစရာပင် မလိုတော့ပေ။

ထို့နောက် ကုအန် ခရီးသွားမှတ်တမ်းကိုထုတ်ကာ စတင်ဖတ်ရှုခဲ့၏။

လ၀င်ကာ နေထွက်လာခဲ့သည်။

အာရုံတက်ချိန်တစ်ခုက ဆေးတောင်ကြားဆီရောက်ရှိလာခဲ့ပြန်၏။

ကုအန် ထကာ သူ့အ၀တ်အစားများကိုလဲလိုက်ပြီး တပည့်များနှင့်အတူ လေ့ကျင့်ခန်းလုပ်ရန် အောက်ဆင်းလာခဲ့သည်။

လူတစ်ထောင်နီးနီး လေ့ကျင့်ခန်းအတူတူလုပ်နေသောမြင်ကွင်းမှာ အတော်လေးကြည့်ကောင်းနေခဲ့၏။

ကျိရှောင်ယုလည်း အိမ်ထဲမှ ထွက်လာခဲ့သည်။ သူမသည် လေ့ကျင့်ခန်းအတူတူလိုက်မလုပ်သော်လည်း တပည့်များလုပ်နေသည်ကို ကြည့်ရခြင်းက သူမအကျင့်တစ်ခုဖြစ်လာခဲ့သည်။

လေ့ကျင့်ခန်းပြီးသည့်နောက် လီလင်းထျန် သူမဆီစိတ်လှုပ်ရှားစွာပြေးလာပြီး ပြောလိုက်၏။

“ညီမလေးယု အစ်ကိုအခုပဲ အတော်လေးစွမ်းအားကြီးတဲ့ နတ်သိုင်းတစ်ခုသင်လာတယ် ကြည့်ချင်လား”

ကျိရှောင်ယု သူ့ကိုလှည့်ပင်မကြည့်ဘဲ သူ့အကြည့်က ကုအန်ဆီသာ ရောက်နေခဲ့သည်။

လီလင်းထျန် သူမအကြည့်ကိုသတိထားမိသွားပြီး မနာလိုသွားမိ၏။ သူပြောလိုက်သည်။

“ညီမလေးယု အစ်ကို့ စီနီယာအစ်ကိုကုက အတော်လေးနွေးထွေးတတ်တဲ့သူပါ သူ့ကို သူ့ဂျူနီယာညီမလေးရော တာအိုဂိုဏ်းကမြင့်မြတ်သမီးတော်ရောက ခံစားချက်ရှိနေကြတာ အရင်ကထွက်သွားတဲ့ စီနီယာလုကလည်း သူ့ကိုတာအိုလက်တွဲဖော်လုပ်ချင်နေတာ”

ကျိရှောင်ယု မျက်မှောင်အနည်းငယ်ကြုံ့သွားကာ သူ့ကိုတစ်ချက်ကြည့်၍ မေးလိုက်သည်။

“ဘာလို့ကျွန်မကို အဲ့တာတွေလာပြောနေတာလဲ”

လီလင်းထျန် လုပ်ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြောလိုက်၏။

“အစ်ကိုက ညီမလေးမသိမှာကြောက်လို့ပါ”

ကျိရှောင်ယု အေးစက်စက်တုန့်ပြန်လိုက်သည်။

“ဘာလို့နင်က ယန်ကျင်းလောက်မတော်လဲသိလား”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ နင့်စိတ်က မသန့်စင်လို့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ နင်ကအချစ်ရေးအချစ်ရာကိစ္စတွေကို တွေးနေတယ် အဲ့တာက ရယ်စရာလည်းကောင်းသလို ထိုက်လည်းမထိုက်တန်ဘူး ငါ့မှာ သူ့အပေါ်ခံစားချက်ရှိတယ် ဒါပေမယ့် ငါ့ရည်ရွယ်ချက်က အမတလမ်းစဉ်ကိုလျှောက်လှမ်းဖို့ပဲ အဲ့တာကသူ့အတွက်လည်းအတူတူပဲ အဲ့တာကြောင့်လည်း သူ့မှာအချစ်ရေးအချစ်ရာကိစ္စတွေရှိပေမယ့် တာအိုလက်တွဲဖော်ရှိမနေတာပဲ”

ကျိရှောင်ယု တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ ပြောပြီးသည်နှင့် သူလီလင်းထျန်ကိုဖြတ်ကာ ကုအန်ဆီလျှောက်သွားခဲ့၏။

လီလင်းထျန် ထိုနေရာတွင်လည်း ရပ်နေခဲ့ပြီး သူ့မျက်နှာကမအီမသာဖြစ်သွားပါသော်လည်း ဒေါသတော့ထွက်မသွားခဲ့ပေ။ ထိုအစား သူကျိရှောင်ယုပြောစကားများကိုသာ ပြန်တွေးနေခဲ့မိသည်။

တကယ်ပဲ သူ့တွင်ခံစားချက်များ ရှိနေခဲ့၏။ သူသည် မည်သို့သောကျင့်ကြံသူတစ်ယောက် ဖြစ်နေပါသနည်း။

သေချာတွေးကြည့်ပါက ယန်ကျင်းသည် ကျင့်ကြံခြင်းကိုသာ ဂရုစိုက်သူဖြစ်သည်။ ကျင့်ကြံခြင်းနှင့် အောက်ခြေသိမ်းအလုပ်များအပြင် သူကဘာကိုမှကို မလုပ်ပေ။

လီလင်းထျန် ရင်ဘတ်ကိုပွတ်နေရင်း မနေ့ညက ယန်ကျင်းနှင့် လက်ရည်စမ်းခဲ့ခြင်းကို ပြန်တွေးနေခဲ့၏။

ကုအန် လီလင်းထျန်းနှင့် ကျိရှောင်ယုကြားစကားဝိုင်းကို အာရုံမစိုက်ခဲ့ပေ။ သူကျိရှောင်ယုနှင့် စကားအနည်းငယ်ပြောပြီးနောက် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီး၍ ယန်ကျင်းနှင့်အတူ တတိယတောင်ကြားမှ ထွက်ခွာလာခဲ့သည်။

ယနေ့သည် ရိတ်သိမ်းရမည့် နေ့တစ်နေ့ ဖြစ်၏။

တစ်လကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့တွင် ကုအန် ကောင်းကင်ဖီးနစ်တောင် နျန်းချူဂူသို့ ရောက်ရှိလာခဲ့၏။

ထျန်းယောင်အာ သူ့ကိုမြင်သောအခါ စိတ်လှုပ်ရှားစွာ သူ့ဆီပြေးလာပြီး ပြောလိုက်သည်။

“သခင် အပြင်ကမ္ဘာဂူမှာ ပြောင်းလဲမှုရှ်ိတယ် အချို့အမတဆေးပင်တွေက ရင့်မှည့်ကုန်ကြပြီ”

ကုအန် စိတ်၀င်စားသွားပြီး ထျန်းချင်းနှင့် ထျန်းပိုင်တို့ကိုခေါ်ကာ အပြင်ကမ္ဘာဂူထဲ သွားခဲ့ကြ၏။

ထျန်းချင်းနှင့် ထျန်းပိုင်တို့က ကုအန် လက်မောင်းများကို တွဲခိုထားလေရာ ထျန်းယောင်အာပင် ကုအန်အနားကိုကပ်ဖို့ ခက်နေခဲ့ရသည်။

အပိုင်း(၂၇၈)

သိန်းဂဏန်းသက်တမ်း၊ မြေလျှောက်အမတတစ်ပါးရောက်ရှိလာမှု

အပြင်ကမ္ဘာဂူသို့ရောက်သောအခါ ကုအန် အဆင့် ၇ ဆေးပင်တစ်ပင် ရင့်မှည့်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် အပင်၏အမြစ်များက ဆက်လက်ကြီးထွားနေဆဲဖြစ်သောကြောင့် ထိုအပင်ဆက်လက်ကြီးထွားနိူင်သေးသည်ဟု ကုအန်ခံစားလိုက်ရ၏။

ကုအန်တခဏကြည့်ရှုပြီးနောက် ဆက်လက်ကြီးထွားနိုင်သေးသောကြောင့် အပင်ကိုမရိတ်သိမ်းခဲ့ပေ။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့် ၉ သို့ရောက်ရှိပြီးသည့်နောက် ကုအန် သက်တမ်းများရိတ်သိမ်းဖို့ လောနေခြင်းမရှိတော့ပေ။

ယခု သူ့ရည်မှန်းချက်က သက်တမ်း သန်းတစ်ရာပြည့်ဖို့သာ ဖြစ်၏။

အကယ်၍ အပြင်ကမ္ဘာမှအပင်များ တစ်ပြိုင်တည်းရင့်မှည်ပြီး သူရိတ်သိမ်းလိုက်ပါက တစ်ခါတည်းနဲ့ သူသက်တမ်း သန်းဆယ်နှင့်ချီပြီး ရရှိမည်ဖြစ်သည်။ ထိုအကြောင်းတွေးရုံနှင့်ပင် သူစိတ်လှုပ်ရှားလာခဲ့၏။

“ငါဂူကိုထပ်ချဲ့ဖို့ စီစဉ်ထားတယ် နောက်ကျရင် မင်းတို့လည်းဒီဂူထဲ ပြောင်းနေလို့ရတယ် ပျင်းရင် သားရဲလေးတွေလည်းမွေးလို့ရတယ် ဒါပေမယ့် သူတို့က စည်းမျဉ်းတွေကိုသိထားရမယ်နော် ဆေးပင်တွေကိုထိခိုက်စေလို့ မဖြစ်ဘူး”

ကုအန် အဆုံးမဲ့သောဆေးပင်စိုက်ခင်းကြီးကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

ထိုစကားကြောင့် ထျန်းယောင်အာတို့စိတ်လှုပ်ရှားသွားကြပြီး အခြားအရာများအကြောင်း စတင်စိတ်ကူးယဉ်ကြလေတော့သည်။

အိမ်မွေးသားရဲများမွေးမြူခြင်းနှင့်ယှဉ်ပါက သူတို့အပြင်ကမ္ဘာကို စူးစမ်းရခြင်းကို ပိုအလိုရှိနေခဲ့ကြ၏။

ကုအန် သူတို့ မဟာယနအဆင့်ရောက်ပါက အပြင်ထွက်နိုင်သည်ဟု ကတိပေးခဲ့ပြီး ထိုအရာကလည်း သူတို့ကောင်းကျိုးအတွက်သာ ဖြစ်သည်။

မဟာယနအဆင့်အကြောင်းကြားလိုက်ရသောအခါတွင်တော့ အမျိုးသမီးများ၏ မျက်နှာများ ညှိုးကြသွားခဲ့ကြသည်။

ထိုအဆင့်သို့ရောက်အောင် သူတို့မည်မျှကြာကြာ လေ့ကျင့်ရလိမ့်မည်နည်း။

“အပြင်ကမ္ဘာက အန္တရာယ်များတယ် တကယ်လို့မင်းတို့အဖမ်းခံလိုက်ရရင် အနိုင်ကျင့်ခံရတယ်ဆိုတာက မင်းဆို့အသေးဆုံးစိတ်ပူရမယ့်အရာပဲ မင်းတို့ကိုအရှင်လတ်လတ်အရေခွံခွာပြီး အသားတွေကိုဆေးလုပ်ပေးပြီး အရိုးတွေကို ကိရိယာတန်ဆာတွေလုပ်ပစ်ကြလိမ့်မယ်” ကုအန် ခေါင်းယမ်းကာ ပြောလိုက်ပြီး သူ့စကားအနည်းငယ်နှင့်ပင် အမျိုးသမီးသုံးယောက်ကြောက်လန့်သွားကြပြီး အပြင်ထွက်ဖို့ မတွေးရဲကြတော့ပေ။

ကုအန်နှင့်မတွေ့ခင်က သူတို့အားလုံးသည် အခက်အခဲများကို ရင်ဆိုင်ခဲ့ကြရသူများသာ ဖြစ်ကြ၏။ ထျန်းယောင်အာဆိုလျှင် ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်၏ ဖမ်းဆီးခြင်းကိုခံထားခဲ့ရပြီး ထျန်းချင်းနှင့်ထျန်းပိုင်တို့က သူတို့မိဘများသေဆုံးသွားပြီးနောက် လျှောက်သွားနေခဲ့ကြရသော မိဘမဲ့လေးများ ဖြစ်ကြသည်။ ထိုအချိန်များအတွင်းက ဒဏ်ရာများက သူတို့အတွက် ကျက်နိုင်တော့မည့်အရာများ မဟုတ်ကြပေ။

ထျန်းချင်း သက်ပြင်းချလိုက်၏။

“ပြဿနာတွေမဖြစ်ရအောင် အိမ်မွေးသားရဲတွေမမွေးတော့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေတာကောင်းမယ်ထင်တယ်”

ထျန်းပိုင်လည်း ကုအန်လက်မောင်းကိုဆွဲဖက်ထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုသည်ကိုမြင်သောအခါ ထျန်းယောင်အာ ထျန်းပိုင်ကို ဆွဲဖယ်လိုက်ပြီး ကုအန်လက်မောင်းနေရာတွင် သူအစား၀င်လိုက်၏။

“အခုလတ်တလော အပြင်ဘက်မှာ ကပ်ဘေးကြီးတစ်ခုဖြစ်တည်လာနေတယ်” ကုအန်စိတ်ထဲရယ်ချင်နေသော်လည်း အပြင်ဘက်တွင်တော့ အလေးအနက်ဖြစ်နေဟန်ဖြင့် သမုဒ္ဒရာကကပ်ဘေးအကြောင်း ပြောပြနေခဲ့သည်။ အမျိုးသမီးသုံးယောက်လည်း စိတ်၀င်တစားနားထောင်နေခဲ့၏။

ပင်လယ်ချိုးဖျက်အက်ကွဲကြောင်း၊ ကမ္ဘာခြားနတ်နယ်မြေ၊ ကမ္ဘာခြားနတ်အာဃာတတစ္ဆေများ နှင့့်အခြားအရာများက သူတို့ကြောက်ရွံ့၍ တုန်ရီသွားစေခဲ့သည်။

မသေနိုင်သလို ဖျက်ဆီး၍လည်းမရသော တစ္ဆေများ သူတို့ထိုကောင်များကို မည်သို့ရင်ဆိုင်ရမလဲပင် မသိကြတော့ပေ။

“သခင် ကပ်ဘေးက သခင့်ကိုရောအကျိုးသက်ရောက်မှုရှိလာမှာလား ကျွန်မတို့ ဂူထဲမှာပဲ ပုန်းနေကြမလား”

“တကယ်လို့ ပင်လယ်ပြင်ကအင်အားစုတွေ မကိုင်တွယ်နိုင်တော့ရင် ကပ်ဘေးက တဖြည်းဖြည်း ငါတို့နေတဲ့ကုန်းမြေတိုက်ကြီးဆီ ရောက်လာလိမ့်မယ်”

“ဘယ်လိုလုပ်ကမ္ဘ‌ာပေါ်မှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ တစ္ဆေတွေရှိနေရတာလဲ”

အမျိုးသမီးသုံးယောက် စတင်ပြောဆိုကြလေတော့သည်။

အပြင်ကမ္ဘာဂူတွင် တစ်နာရီခန့်နေပြီးမှ ကုအန် အဓိပတိဂိုဏ်းဆီ ပြန်ခဲ့၏။

သူတတိယတောင်ကြားသို့သွားခဲ့ပြီး ထုံးစံအတိုင်း လက်ကိုးချောင်းနတ်အရှင် တရုတ်ကျားကစာ‌းနေသည်ကို ကြည့်ရှုဖို့ သွားလိုက်စဉ် လမ်းတွင်ယုယင်ယင်၏တားဆီးခြင်း ခံလိုက်ရသည်။

“ဘာလို့နင့်ကိုယ်က အရမ်းမွှေးနေတာလဲ နောက်ပြီး အနံ့ကတစ်မျိုးတည်းမဟုတ်ဘူး နင်ပြည့်တန်ဆာအိမ်ကိုသွားခဲ့တာမဟုတ်ဘူးမလား” ယုယင်ယင်သူ့ကိုကြည့်ကာ ပြောလိုက်၏။

ကုအန် မျက်နှာရှုံ့မဲ့သွားကာ ဒေါသတကြီးပြန်ပြောလိုက်သည်။

“အဓိပ္ပာယ်မရှ်ိလိုက်တာ နင်ဒီထက်ငြင်ငြင်သာသာလေးပြောလို့မရဘူးလား”

“ကောင်းပြီလေ နင်နံ့သာမျှော်စင်ကို သွားခဲ့တာလား”

“အဲ့ဒီနေရာက နင့်ထက်ပိုသန့်ရှင်းတယ်”

ယုယင်ယင်ကုအန် ထေ့ငေါ့လိုက်တာကိုစိတ်တိုမသွားဘဲ ထိုအစားပြံုးလိုက်၏။

“တကယ်ပဲ ဘယ်ယောင်္ကျားကမှမကောင်းဘူး”

ကုအန်သူမနှင့်ရှုပ်မနေချင်တော့သောကြောင့် သူမကိုကျော်သွားလိုက်လေသည်။

“နေဦး ကြယ်ပင်လယ်အဖွဲ့အစည်းက အဓိပတိဂိုဏ်းကို အချိန်ငါးနှစ်လာကျင့်ကြံဖို့ လူပေါင်း ၁၀၀၀စာ နေရာပေးထားတယ် နင်သွားချင်ရင် ငါနင့်ကိုတစ်နေရာရအောင် ကူညီပေးနိုင်တယ်” ယုယင်ယင်သူ့ကိုတားကာ ပြောလိုက်သည်။

ကုအန်လှည့်ပင်မကြည့်ဘဲ ပြောလိုက်ဧ။ါ။

“ငါ့ဂိုဏ်းချုပ်နဲ့ ဆက်ဆံရေးနဲ့ဆို ငါကနင့်အကူအညီကိုလိုနေဦးမှာလား”

ယုယင်ယင်တုန့်ပြန်လိုက်သည်။

“အဓိပတိဂိုဏ်းက ပါရမီအကောင်းဆုံးတပည့် ၁၀၀၀ကိုရွေးမှာ သေချာတယ် အဲ့လိုဆိုရင် နင်သွားမယ်ဆိုရင်တောင် နင့်ကျင့်ကြံခြင်းနဲ့ဆိုရင် ဖိအားခံစားရလိမ့်မယ် ငါကနင့်ကိုစကားနည်းနည်းလောက်ပြောပေးလိုက်ရင်တော့ နင်ပိုကောင်းတဲ့အတွေ့အကြုံတွေနဲ့ အကျိုးအမြတ်တွေရသွားလိမ့်မယ် နင်ပြန်လာရင် တံခါးပိတ်ကျင့်ကြံပြီး ဝိညာဉ်အခြေတည်အဆင့်တောင် ရောက်ရင်ရောက်သွားလိမ့်ဦးမယ်”

ကုအန်ရပ်လိုက်ကာ သူမကိုကြည့်လိုက်၏။

ထိုကောင်မလေးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသေးသော်လည်း သူမ‌ေလသံက အတော်လေးကြီးကျယ်နေလေရာ သူမ၏ ကြယ်ပင်လယ်အဖွဲ့အစည်းတွင် အဆင့်အတန်းမြင့်မားမှုကို ညွှန်ပြနေခဲ့သည်။

ကုအန်ရုတ်တရက်စိတ်၀င်စားသွားပြီး ယုယင်ယင်ကိုယ်ထဲမှ ကမ္မစွမ်းအားအကြောင်း စတင်စစ်ဆေးလေတော့သည်။

ယုယင်ယင်၏ကျင့်ကြံခြင်းတက်မလာနိုင်အောင် ကမ္မစွမ်းအားတစ်မျိုးက ဖိနှိပ်ထားသည်ကို သူအရင်ကတည်းက သတိထားမိခဲ့ပြီး ပြဿနာများကိုရှောင်ရှားလိုသောကြောင့် ထိုအရာကိုသူမစစ်ဆေးခဲ့ခြင်းဖြစ်၏။

အခုတော့ ကျင့်ကြံခြင်းလည်းပိုမြင့်လာပြီဖြစ်သောကြောင့် သူတစ်ချက်လောက်တော့ ကြည့်၍ရလောက်ပေသည်။

ထိုကမ္မစွမ်းအားကြောင့် ကုအန် ယုယင်ယင်၏ကံကြမ္မာကိုလည်း တိုက်ရိုက်ကြည့်ရှု၍ မရခဲ့ပေ။

ရုတ်တရက်!

ကုအန် ယုယင်ယင်ကိုယ်ထဲမှ အူကြောင်ကြောင်နိုင်လှသော မျက်နှာကြီးတစ်ခုထွက်လာပြီး သူ့ဆီတိုး၀င်လာသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ထိုမျက်နှာကြီးက မီးခိုးအဖြစ်ပြောင်းလဲသွားခဲ့သည်။

ဤအရာသည် ပုံရိပ်‌ယောင်တစ်ခုသာဖြစ်ပြီး မည်သည့်ဖျက်ဆီးနိုင်စွမ်းမှ မရှိပေ။

ဤပုံရိပ်ယောင်ကိုကြည့်ကာ ကုအန် ပဟေဠိဖြစ်သွားခဲ့၏။

“ဘာဖြစ်လို့လဲ ဘာလို့ဘာမှမပြောတာလဲ ငါ့ကိုဘယ်လိုကျေးဇူးတင်ရမလဲ စဉ်းစားနေတာလား အဲ့တာကရိုးရှင်းပါတယ် အနောက်အရပ်သို့ခရီးသွားခြင်းနောက်တစ်အုပ်ရေးပေး အဲ့ဒီထဲမှာ စွန်းဝူခုံး ပွဲတိုင်းအောင်တိုက်ပွဲဗုဒ္ဓဖြစ်သွားပြီး နောက်ပိုင်းဇာတ်လမ်းကို အသားပေးရေးရမယ် တစ်နေ့တစ်နေ့ အဓိပ္ပာယ်မရှိ အရေးမပါတာတွေပဲ လျှောက်လုပ်နေတာရပ်လိုက်တော့” ယုယင်ယင် ပြောလိုက်လေသည်။

ကုအန်ရယ်မောလိုက်၏။ “မဖြစ်နိုင်တာ ဇာတ်လမ်းကဒီမှာပဲရပ်သွားပြီ အချို့ဇာတ်လမ်းတွေက အဆုံးထိရေးဖို့မလိုဘူး စာဖတ်သူတွေ စိတ်ကူးဆက်ယဉ်ဖို့ နေရာလွတ်လေးတွေချန်ထားပေးရတယ်”

ယုယင်ယင်သူ့ကိုမျက်စောင်းတစ်ချက်ထိုးကာမေးလိုက်သည်။

“နင်သွားမှာလား မသွားဘူးလား”

“ငါမသွားပါဘူး ငါ့ကိုစဉ်းစားပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမယ့်ငါက ငါ့ဘ၀ကိုဆေးတောင်ကြားမှာပဲ အေးအေးချမ်းချမ်း ကုန်ဆုံးချင်တာ တကယ်လို့ ငါအဲ့ဒီကိုရောက်သွားပြီး နင်တို့ကြယ်ပင်လယ်အဖွဲ့အစည်းက မြင့်မြတ်သမီးတော်က ငါ့ကိုကြွေသွားရင် ဘယ်လိုလုပ်မလဲ”

“ဖွီ အရှက်မရှ်ိလိုက်တာ ငါတို့ကြယ်ပင်လယ်အဖွဲ့အစည်းမှာ ဘာမြင့်မြတ်သမီးတော်မှမရှိဘူး”

“အမျိုးသမီးပါရမီရှင်တစ်ယောက်လိုက်ကပ်ခံရတာ အတော်လေး စိတ်ညစ်စရာကောင်းတယ်ဟ အခုလိုပေါ့”

“နင်…”

ယုယင်ယင်စတင် တိုက်ခိုက်လိုက်ပြီး ကုအန်လည်း လျင်မြန်စွာရှောင်လိုက်ပြီး ထွက်ပြေးသွားလေတော့သည်။

ဒီကောင်က သူ့အတွက်ဘာကောင်းလဲ တကယ်မသိတာပဲ!

ကုအန်က‌ေတာ့ သူမကိုတစ်ချက်တည်းဖြင့် မတော်တဆသတ်လိုက်မိမည်ကို စိုးရိမ်နေခဲ့၏။

ဘ၀က အေးချမ်းစွာသာ ရှေ့ဆက်သွားနေခဲ့သည်။ ကုအန် ကောင်းကင်ပြင်ပကို တစ်ခါသွားပြီးကတည်းက နောက်တစ်ခါမသွားတော့ပေ။ သူ့အတွက် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအကြောင်း အကြမ်းဖျင်းသိရှိသွားခြင်းကပင် လုံလောက်နေချေပြီ။

နှစ်တစ်နှစ်၏ပထမဆုံးနှင်းများ စတင်ကျဆင်းလာခဲ့ပြီး ကုအန်၏ဆေးတောင်ကြားတစ်ခုလုံး ဖြူဖွေးသွားခဲ့သည်။

ကုအန် လှေကားမှဆင်းလာပြီး အိမ်ရှေ့သို့ထွက်ကာ ကျဆင်းလာသော နှင်းများကို လက်ဖြင့်ခံကြည့်နေခဲ့၏။

လက်ဖဝါးပေါ်ရှိ အေးစက်စက်အထိအတွေ့ကြောင့် သူပျော်ရွှင်နေခဲ့မိသည်။

ထိုစဉ် သူ့အကြည့်က တောင်ကြားအ၀င်၀သို့ရောက်ရှိသွားခဲ့ပြီး အဖြူရောင်နှင်းပြင်ကိုဖြတ်လာသော ပုံရိပ်တစ်ခုကို မြင်သွားခဲ့၏။

မြေလျှောက်အမတအဆင့် ၉ တစ်ယောက်!

ထိုပုဂ္ဂိုလ်ရောက်ရှိလာမှုကြောင့်လည်း ကုအန် အောက်ဆင်းလာခဲ့ခြင်း ဖြစ်သည်။

မြေလျှောက်အမတတစ်ပါးသည် ဘာအကြောင်းပြချက်မှမရှိဘဲ ဘာကြောင့်သူ့ဆီရောက်လာခဲ့ရပါသနည်း။

ကုအန် ထိုလူတောင်ကြားထဲ၀င်လာတာကို တိတ်တဆိတ်ကြည့်နေခဲ့လိုက်သည်။

ထိုပုဂ္ဂိုလ်သည် ချောမောသောရဟန်းတစ်ပါးဖြစ်ကာ သင်္ကန်းရုံထားပြီး လက်ထဲ၌ ပုတီးတစ်ကုံးကိုကိုင်ထားခဲ့ကာ သူ့မျက်လုံးများကို မှိတ်ထားခဲ့၏။ ကျဆင်းနေသော နှင်းများက သူ့ပုခုံးပေါ် နှင်းခဲများအဖြစ်ပင် တင်ကျန်ရစ်နေခဲ့ကြသည်။

[ရှန်ရှင်းကျိ(မြေလျှောက်အမတအဆင့်၉): ၄၅၈၆၅/၁၉၀၀၀၀/၉၉၉၉၉၉]

ဟမ်!

သက်တမ်း ကိုးသိန်းကိုးသောင်းကိုးထောင့်ကိုးရာကိုးဆယ့်ကိုး!

ကုအန် ထိုမျှများပြားသောသက်တမ်းမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။

ဤသက်တမ်းသည် နိဗာနအဆင့်အထက်တွင် သူမြင်ဖူးသမျှထဲ အမြင့်ဆုံးဖြစ်၏။

ကိုးဟူသည်မှာ အမြင့်ဆုံးဂဏန်းဖြစ်ပေသည်။ ယန်ကျင်းနှင့် အန်းဟောင်တို့လည်း နိဗာနအဆင့်ရောက်လျှင် သက်တမ်း ကိုးဂဏန်းရမလာမလားဟု ကုအန် သိချင်နေခဲ့၏။

ကုအန်တွေးနေစဉ် ရှန်ရှင်းကျိ ဆေးတောင်ကြား၏ တရုတ်ကျားကစားရာနေရာသို့သွားနေသည်ကို ကြည့်နေလိုက်ပြီး ထိုဘုန်းကြီးသည် လက်ကိုးချောင်းနတ်အရှင်ဆီလာနေမှန်း ထင်ရှားနေခဲ့သည်။

တပည့်များစွာက တောင်ကြားသို့ ရှန်ရှင်းကျိ ရောက်ရှိလာမှုကို သတိထားမိသွားခဲ့ကြ၏။ ကုအန်ကလည်း သူ့ကိုစောင့်သာကြည့်နေပြီး ရှန်ရှင်းကျိကလည်းမျက်လုံးပင် မဖွင့်သောကြောင့် သူ့ရောက်ရှိလာမှုက ရုတ်ရုတ်သည်းသည်းဖြစ်မသွားခဲ့ပေ။

လူအုပ်ထဲသို့ ရှန်ရှင်းကျိရောက်သွားသောအခါ လက်ကိုးချောင်းနတ်အရှင်၏ လောနေသံကိုကြားလိုက်ရသည်။

“မင်းမြန်မြန်ကစားပေးလို့မရဘူးလား မင်းနှေးနှေးလေး ကစားနေပုံက မင်းကိုဆုံးဖြတ်ချက်မပြတ်သားတဲ့ ကစားသမားတစ်ယောက်ဖြစ်လာစေလိမ့်မယ်ကွ!”

လက်ကိုးချောင်းနတ်အရှင် လက်ပိုက်ထားရင်း စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။

သူ့ရှေ့မှ အကြီးအကဲလု ရေရွတ်လိုက်သည် ။

“အကြီးအကဲ ကျွန်တော့်ဆရာနဲ့ ကစားတုန်းက ကျွန်တော့်ထက်တောင်နှေးသေးတယ်လေ”

လက်ကိုးချောင်းနတ်အရှင် သူ့ကိုကြည့်လိုက်ကာ

“ငါကမင်းဆရာကို ပွဲထဲကဆွဲထုတ်သွားပြီး အနိုင်ယူပစ်နိုင်တယ်ကွ မင်းကရောငါ့ကိုအနိုင်ယူနိုင်လို့လား အဲ့တာကတူလို့လား”

ထိုစကားကြောင့် အကြီးအကဲလု မျက်နှာစိမ်းပုတ်သွားခဲ့သည်။ ဘေးနားမှတပည့်များလည်း မကျေမနပ်ဖြစ်ကုန်ကြပြီး လက်ကိုးချောင်းနတ်အရှင်၏ မသင့်တော်သောစကားကြောင့် ဝေဖန်ကုန်ကြဧ။။်

ဒါပေါ့ သူတို့ထိုသို့ပြောရဲခြင်းမှာ လက်ကိုးချောင်းနတ်အရှင်သည် သဘောကောင်းကာ လုံး၀ဒေါသမထွက်တတ်သူမှန်း သိထားကြ၍ ဖြစ်သည်။

ဘာလို့မှန်းမသိဘဲ လက်ကိုးချောင်းနတ်အရှင် တတိယတောင်ကြားသို့ရောက်တိုင်း သူ့ပုံစံအစစ်ကိုထုတ်ပြလေ့ရှ်ိပြီး ထိုခံစားချက်ကိုလည်း သူကြိုက်၏။

လူအုပ်ကြားထဲတွင် အများနှင့်တစ်ယောက်စကားစစ်ထိုးနေချိန်မှာပင် လက်ကိုးချောင်းနတ်အရှင် လူအုပ်ထဲရှိ ရှန်ရှင်းကျိကိုတစ်ချက်ကြည့်လိုက်လေသည်။

သူတစ်ချက်သာကြည့်လိုက်ပြီး အကြည့်ကိုရုတ်သွားခဲ့၏။

ထိုအခါ ရှန်ရှင်းကျိမျက်လုံးများပွင့်လာပြီး ကစားပွဲကို လေ့လာကြည့်လိုက်သည်။

နာရီ၀က်ခန့်ကြာပြီးနောက် အကြီးအကဲလုကစားပွဲကို အဆုံးသတ်လိုက်၏။ ထိုအခါ အခြားတပည့်များ တစ်ယောက်တစ်လှည့်၀င်ဆော့ကြပြီး ရှန်ရှင်းကျိကတော့ ဘေးမှသာ ကြည့်ရှုနေခဲ့သည်။ တပည့်များ သူ့ကိုသတိထားမိပါသော်လည်း ဘယ်သူမှ မေးခွန်းမထုတ်ခဲ့ကြပေ။ ယခုအခါ ကြီးမြတ်သည့်ကျင့်ကြံသူများ လက်ကိုးချောင်းနတ်အရှင် တရုတ်ကျားကစားသည်ကို လာကြည့်သည်က ပုံမှန်ကိစ္စသာဖြစ်နေခဲ့ချေပြီ။

ကုအန်လည်း ရှန်ရှင်းကျိကိုဆက်ကြည့်မနေတော့ဘဲ သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးပြီးသာ ဆေးတောင်ကြားထဲ စစ်ဆေးနေခဲ့လိုက်၏။

မွန်းတည့်ချိန်တွင် လက်ကိုးချောင်းနတ်အရှင် နောက်တစ်ပွဲနိုင်သွားခဲ့ပြန်သည်။ သူရှင်ရှင်းကျိကိုကြည့်လိုက်ကာ ပြောလိုက်၏။

“ကိုယ်တော်လေး တစ်ပွဲလောက်ကစားချင်လား”

ရှန်ရှင်းကျိပြန်ပြောလိုက်သည်။

“အော်မိတောဖော ဒါဆို ဒကာကြီးရဲ့လမ်းညွှန်မှုကို ခံယူပါရစေ”

တပည့်များလည်း သူ့အတွက်လမ်းဖယ်ပေးလိုက်ကြ၏။

ထိုင်ပြီးသောအခါ ရှန်ရှင်းကျိ ပထမအကွက်ကိုစရွှေ့လိုက်လေသည်။

သုံးပွဲကြည့်ပြီးသည့်နောက် သူစည်းမျဉ်းများကို သိရှိနေခဲ့ချေပြီ။

လက်ကိုးချောင်းနတ်အရှင်လည်း ကုအန် အရှိန်အဝါကိုအတုယူကာ တစ်ကွက်ထက်တစ်ကွက်ပိုမြန်အောင် ရွှေ့နေခဲ့၏။

မိနစ်သုံးဆယ်အတွင်း ရှန်ရှင်းကျိ ရှုံးသွားခဲ့သည်။

လက်ကိုးချောင်းနတ်အရှင်ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဘယ်လိုနေလဲ ကိုယ်တော်ဒီကစားနည်းကို ဘယ်လိုထင်လဲ”

ရှန်းရှင်းကျိတွေးဆလိုက်ကာ

“ဒီကစားနည်းမှာ တကယ်ပဲ နက်နဲတဲ့နိယာမတွေပါ၀င်နေတယ် ကျားခုံသေ‌းသေးလေးက အဖြစ်အပျက်အနန္တကို ဖော်ပြနိုင်နေတယ် အနက်နဲ့အဖြူကျားတွေက တစ်ခုနဲ့တစ်ခုဝါးမြိုသွားကြပြီးတော့ ကောင်းကင်အောက်က အရာအားလုံးရဲ့ ပြိုင်ဆိုင်ခြင်းနဲ့ အမြဲပြောင်းလဲနေခြင်းကို ညွှန်ပြနေတယ် အဲ့ဒီမှာ စိတ်ပျက်အားငယ်မှုကနေလည်း မျှော်လင့်ချက်ကိုပြောင်းလဲသွားနိုင်ပြီး ပုန်းကွယ်နေတဲ့ ထောင်ချောက်တွေကလည်း သတ်ဖြတ်သွားနိုင်တယ် အတော်စိတ်၀င်စားစရာကောင်းတယ်”

လက်ကိုးချောင်းနတ်အရှင်ထရပ်လိုက်ကာ

“သွားကြစို့ တစ်နေရာရာမှာ သွားစကားပြောရအောင် ကျုပ်တို့သူများတွေ ကစားတာကိုအနှောင့်အယှက်မပေးသင့်ဘူး”

ရှန်ရှင်းကျိလည်း ခေါင်းညိတ်ကာ ထရပ်လိုက်လေသည်။

တပည့်များလည်း ထိုအခါမှ သက်ပြင်းချလိုက်နိုင်ကြသည်။ လက်ကိုးချောင်းနတ်အရှင်မရှိတော့လျှင် သူတို့လည်း ဆရာလုပ်မခံရတော့ဘဲ လွတ်လွတ်လပ်လပ်ကစားနိုင်ကြပေ‌တော့မည်။

လက်ကိုးချောင်းနတ်အရှင်သည် ကစားရာတွင် ကြောက်စရာကောင်းရုံသာမက ဆရာလုပ်ရတာကိုလည်း အတော်ကြိုက်သူဖြစ်ပေသည်။

သူတို့နှစ်ယောက် ဆေးတောင်ကြားလမ်းတစ်လျှောက် လမ်းလျှောက်နေကြရင်း လက်ကိုးချောင်းနတ်အရှင် အဆုံးမဲ့သော ကောင်းကင်ကြီးကိုကြည့်ကာ မေးလိုက်သည်။

“ကိုယ်တော်လေး ဘာလို့ဒီမှာရှ်ိနေတာလဲ ဒီတိုင်းဖြတ်သွားတာလား ဒါမှမဟုတ် ပင်လယ်ဗုဒ္ဓဂိုဏ်းရဲ့ ညွန်ကြားချက်ကြောင့်လား”

လက်နှစ်ဖက်ကိုထပ်ထားရင်း ရှန်ရှင်းကျိ ပြန်ပြောလိုက်သည်။

“ကိုယ်တော့်ကို ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကိုသွားဖို့ လွှတ်လိုက်တာပါ ဒီနေရာကိုဖြတ်သွားရင်းဒကာကြီးရဲ့ အရှိန်အဝါကိုသတိထားမိလို့ ၀င်လာခဲ့တာ မျှော်လင့်မထားဘဲ ဒီဂိုဏ်းထဲမှာ ကိုယ်တော်တို့ဂိုဏ်းကအခြားတပည့်တွေရဲ့ အရှိန်အဝါတွေကိုလည်း အာရုံခံမိခဲ့လို့ ဒီဂိုဏ်းရဲ့ ချီကံကြမ္မာကို လေ့လာကြည့်ခဲ့တာ ဒကာကြီးက ဒီဂိုဏ်းကိုထောက်ပံ့ပေးချင်နေတာလား”

လက်ကိုးချောင်းနတ်အရှင်ရယ်မောလိုက်ကာ

“ဂိုဏ်းကို ထောက်ပံ့ဖို့လား ကိုယ်တော် ဆရာသခင်ဓားအရှင်အကြောင်းမကြားဖူးသေးဘူးလား”

ရှန်ရှင်းကျိ မေးမြန်းဖို့ပြင်လိုက်စဉ်တွင် အဝေးကဖြတ်သွားသော ယုယင်ယင်က သူ့အာရုံကိုဖမ်းစားသွားခဲ့သည်။ သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့၏။

လက်ကိုးချောင်းနတ်အရှင်သူ့အကြည့်ကို သတိထားမိသွားပြီး မေးလိုက်သည်။

“ကိုယ်တော်‌လေးလည်း သူ့ကိုမြင်တယ်လား အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာလုပ်မှာလဲ”

သူ့လေသံက စိတ်၀င်စားနေဟန်ရပြီး အဖြစ်အပျက်ကြီးတစ်ခုကိုကြည့်ရှုဖို့ မျှော်လင့်နေသလိုပင်။

ရှန်ရှင်းကျိအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြန်ပြောလိုက်သည်။

“မိစ္ဆာတစ်ကောင်က ပုံမှန်အားဖြင့် သုတ်သင်ခံရသင့်ပါတယ်”

All Chapters