အခန်း (၂၇၉-၂၈၀)
Vol. 22 Ch. 279-280
အပိုင်း(၂၇၉)
ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာ၊ ရှန်ရှင်းကျိ၏ ကြောက်ရွံ့မှု
ရှန်ရှင်းကျိပြောပြီးသွားသည်နှင့် သူ့မျက်လုံးများ ထက်ရှသွားကာ ယုယင်ယင်ဆီ ဦးတည်သွားခဲ့၏။
လက်ကိုးချောင်းနတ်အရှင် သူ့ကိုအမြန်ဖမ်းဆွဲထားလိုက်ကာ ဆူလိုက်သည်။
“မင်းတကယ်ကြီး အဆင်အခြင်မဲ့လုပ်ရဲလို့လား ဒီကောင်မလေးက ကြယ်ပင်လယ်အဖွဲ့အစည်းကနော် နောက်ပြီး ဒီနေရာကလည်း ဆရာသခင်ဓားအရှင်ပိုင်တာ မင်းပြဿနာမရှာတာကောင်းလိမ့်မယ်!”
ရှန်ရှင်းကျိ ခပ်တင်းတင်းပြန်ပြောလိုက်သည်။
“မိစ္ဆာတွေကို ရှင်းလင်းတာက ကိုယ်တော်တို့ ပင်လယ်ဗုဒ္ဓဂိုဏ်းရဲ့ တာ၀န်ပါပဲ ဘယ်လိုလုပ် သန်မာတာကိုကြောက်ပြီး လျစ်လျူရှုထားလို့ဖြစ်မှာလဲ”
သူအမြန်ပင် လက်ကိုးချောင်းနတ်အရှင်လက်ထဲမှ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။
လက်ကိုးချောင်းနတ်အရှင် အသံနက်နက်ဖြင့် ပြောလိုက်သည်။
“ကမ္ဘာပေါ်မှာ မိစ္ဆာတွေမရေတွက်နိုင်အောင်ရှိတယ် ဒီမိစ္ဆာက မိစ္ဆာအဖြစ်တောင်ပြောင်းလဲမသွားသေးဘူး မင်းဘာလို့ တိုက်ရိုက်ကြီးပြုမူနေမှာလဲ မင်းတာ၀န်ကိုမမေ့ပါနဲ့ မင်း၀င်ပါဖို့လိုသေးတဲ့ ကပ်ဘေးကြီးတွေရှိနေသေးတယ်”
သူခေါင်းကိုက်လာခဲ့ပြီး ထိုကောင်သည် လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းကထက်ပင် ပို၍ ခေါင်းမာလာခဲ့၏။
ယုယင်ယင်သည် ဆရာသခင်ဓားအရှင်နှင့်ဘာမှမဆိုင်မှန်း သူသိသော်လည်း ဤနေရာတွင်တစ်ခုခုဖြစ်သွားလျှင် ဆေးတောင်ကြား၏ အေးချမ်းမှုပျက်ဆီးသွားမှာကို သူစိတ်ပူနေခဲ့သည်။
ရှန်ရှင်းကျိ မျက်မှောင်ကြုံ့သွားကာ သူ့အကြည့်က ယုယင်ယင်ဆီရောက်ရှိနေခဲ့၏။
ယုယင်ယင်လည်း တစ်ခုခုကိုသတိထားမိသွားပြီး လှည့်ကြည့်လိုက်လေသည်။
သူတို့အကြည့်များက အဆုံးမဲ့သော နှင်းများကိုဖြတ်ကာ ဆုံတွေ့သွားခဲ့ကြသည်။
အကြောင်းပြချက်အချို့ကြောင့် ယုယင်ယင်သူ့ကိုတွေ့သောအခါ စိတ်မသက်မသာဖြစ်သွားကာ အနည်းငယ်ကြောက်ရွံ့သလိုခံစားလိုက်ရ၏။
သူမမသိစိတ်က ရှန်ရှင်းကျိ၏အကြည့်ကိုအလိုလိုလွှဲလိုက်မိကာ ပြေးထွက်သွားခဲ့သည်။
ခပ်ဝေးဝေးသို့ ရောက်သောအခါ သူမနောက်ပြန်လှည့်ကြည့်လိုက်မိပြီး ရှန်ရှင်းကျိကသူမကို စိုက်ကြည့်နေဆဲဖြစ်သည်ကိုတွေ့လိုက်သောအခါ သူမခြေလှမ်းများကို အရှိန်မြှင့်လိုက်မိ၏။
သူမအမြန်လျှောက်နေခဲ့ပြီး တစ်ခုခုကိုတိုက်မိသွားမှ အသိ၀င်သွားခဲ့လေသည်။
သေချာကြည့်လိုက်သောအခါ သူမကုအန်ကိုတိုက်မိသွားသည်ကို တွေ့လိုက်ရ၏။
နှင်းများအလယ်တွင် အပြာရောင်၀တ်စုံကို၀တ်ဆင်ထားသော ကုအန် မှန်တစ်လက်ကို ခေါက်ယပ်တောင်တစ်ချောင်းလိုကိုင်ထားခဲ့ပြီး မှန်အလင်းတန်းက သူ့ခေါင်းပေါ်ရှိသရဖူအောက်မှ ဆံပင်များကိုထိုးနေခဲ့ကာ နှဖူးပေါ်တွင် ရွှေရောင်မျဉ်းကြောင်းလည်းရှိနေသောကြောင့် ခန့်ညားလွန်းနေသော သူ့ပုံရိပ်ကို ယုယင်ယင်ငေးကြောင်၍ စိုက်ကြည့်နေခဲ့မိသည်။
ပထမဆုံးအကြိမ်အနေနှင့် ယုယင်ယင်ကုအန်တွင် ကျက်သရေတစ်မျိုးရှိနေသလို ခံစားလိုက်ရ၏။ အကယ်၍ ဤကမ္ဘာပေါ်တွင်သာ အမတအစစ်များရှိနေခဲ့လျှင် ထိုအမတများက ယခုလိုသာ ဖြစ်နေကြပေလိမ့်မည်။
“ဘာဖြစ်လို့လဲ” ကုအန် မေးလိုက်၏။ ဒါပေါ့ ဘာဖြစ်နေလဲဆိုတာသူသိသော်လည်း မသိချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။
ယုယင်ယင်သူမအကြည့်ကိုပြန်လွှဲလိုက်ပြီး ဘာကြောင့်မှန်းမသိသော်လည်း ကုအန်ရှေ့တွင်ဆို သူမပိုစိတ်အေးသွားသလို ခံစားနေရ၏။
“ခုနကပဲ ဘုန်းကြီးတစ်ပါးက ငါ့ကိုစိုက်ကြည့်နေခဲ့တာ…” ယုယင်ယင်ခပ်လောလော ပြောလိုက်သည်။
ကုအန်ရယ်မောလိုက်၏။
“နင်ကအကြောက်အလန့်မရှိတဲ့သူမလား ဘယ်လိုလုပ်သာမန်ဘုန်းကြီးတစ်ပါးကို ကြောက်နေတာလဲ”
ယုယင်ယင်မျက်စောင်းထိုးလိုက်သည်။
“ငါလည်းဘာကြောင့်မှန်းမသိဘူး သူ့အကြည့်တွေက မလွယ်ကူသလိုခံစားရတယ်”
“မလွယ်ကူသလိုလား နင်တစ်ခုခုမဟုတ်တာလုပ်ထားသေးလား သူ့သင်္ကန်းကိုခိုးထားတာမျိုး”
“ဖွီ နင်ကငါ့ကို၀က်ဝံနက်လိုမျိုးထင်နေတာလား”
ကုအန် စနောက်လိုက်ပြီး ယုယင်ယင်လည်း လုံး၀စိတ်သက်သာရာရသွားခဲ့၏။
ထို့နောက် ကုအန် သူ့အိမ်သို့လျှောက်သွားလိုက်ပြီး သူ့နောက်မှ သွေးအကျဉ်းထောင်မဟာသူတော်စင်လိုက်လာပြီး ယုယင်ယင်ကို အထင်သေးဟန်ဖြင့် ကြည့်နေခဲ့သည်။
ယုယင်ယင်လည်း ချက်ချင်းစိတ်တိုလာခဲ့ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ကျိန်ဆဲလိုက်၏။
လူတစ်ယောက်နှင့်နွားသိုးတစ်ကောင်သည် စတင်ငြင်းခုန်ကုန်ကြပြီး ကုအန်သူတို့ကြား ၀င်မပါခဲ့ကြပေ။
နောက်ရက်များတွင် ရှန်ရှင်းကျိ အဓိပတိဂိုဏ်းတွင်သာနေခဲ့ပြီး တပည့်များ၏ဆရာသခင်ဓားအရှင်အပေါ် အမြင်ကို လိုက်စုံစမ်းနေခဲ့သည်။
သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
ထို့နောက် ရှန်ရှင်းကျိ ဆေးတောင်ကြားသို့ပြန်လာခဲ့ပြီး ဆရာသခင်ဓားအရှင်က လမ်းမှန်လမ်းစဉ်ကိုလိုက်ကာ သာမန်လူများ၏အသက်ကိုတောင် တန်ဖိုးထားသူမှန်း သိသွားသောကြောင့် မိစ္ဆာကိုသုတ်သင်ရုံဖြင့် ဆရာသခင်ဓားအရှင်ကို အနှောင့်အယှက်မပေးတော့ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဆေးတောင်ကြားကိုရောက်သောအခါ သူယန်ကျင်းနှင့် လီလင်းထျန်တို့ကို ဆုံခဲ့ရသည်။
ယန်ကျင်း လီလင်းထျန်ကိုဆွဲခေါ်သွားခဲ့ပြီး လက်ရည်စမ်းဖို့ ခေါ်သွားခဲ့၏။ လီလင်းထျန်မလိုက်ချင်သော်လည်း ယက်ကန်ယက်ကန်ဖြင့် ပါသွားခဲ့ရသည်။
သူတို့နှစ်ယောက်ကိုမြင်သောအခါ ရှန်ရှင်းကျိအကြည့်ပ သူတို့ဆီရောက်သွားပြီး ယန်ကျင်းကိုတားဖို့ လှုပ်ရှားလိုက်၏။
ယန်ကျငိးသူ့ကိုကြည့်ကာ မျက်မှောင်အနည်းငယ်ကြုံ့သွားခဲ့သည်။ သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားသော်လည်း သူ့သာမန်မဟုတ်သော အရှိန်အဝါကြောင့် သူ့ပုံစံက ပါရမီရှင်တစ်ယောက်လို ဖြစ်နေခဲ့၏။
သူ့ဘေးတွင်ရပ်နေသောအခါ လီလင်းထျန်ပင် သူ့အရိပ်လွှမ်းခံနေခဲ့ရသည်။
လီလင်းထျန် ရှန်ရှင်းကျိကိုကြည့်ကာ ပြောလိုက်၏။
“ဘုန်းကြီး ဘာလိုချင်လို့လဲ”
ရှန်ရှင်းကျိပြောလိုက်သည်။
“အော်မိတောဖော ဒီနိမ့်ကျတဲ့ကိုယ်တော်က ဒကာလေးတို့နှစ်ယောက်မှာ သာမန်မဟုတ်တဲ့ အရှိန်အဝါတွေနဲ့ အရိုးတွေရှိတာ သတိထားမိခဲ့ပါတယ် ဘာလို့ ကိုယ်တော်တို့ ပင်လယ်ဗုဒ္ဓဂိုဏ်းကို၀င်ပြီး မဟာတာအိုကိုမကျင့်ကြံကြတာလဲ”
ပင်လယ်ဗုဒ္ဓဂိုဏ်းလား!
ယန်ကျင်း မပြောနိုင်သေးခင်တွင် လီလင်းထျန်း ၀င်ပြောလိုက်သည်။
“ကျုပ်တို့ကို ဘုန်းကြီးဖြစ်လာစေချင်တာလား မဖြစ်နိုင်တာ!”
သူသည် အိမ်ရှေ့စံတစ်ယောက်ဖြစ်လေရာ အဘယ်သို့ ဘုန်းကြီးဖြစ်လာနိုင်မည်နည်း။
“ဘုန်းကြီးဆိုတာ သတ်မှတ်ချက်သက်သက်တစ်ခုပါပဲ ဗုဒ္ဓတစ်ပါးဖြစ်လာတယ်ဆိုတာကမှ ထာ၀ရတည်မြဲတဲ့ မဟာဝာာအိုတစ်ခုပါ” ရှန်ရှင်းကျိ ခပ်အေးအေးပြောလိုက်၏။
လီလင်းထျန် ခေါင်းကုတ်လိုက်ပြီး ထိုဘုန်းကြီးသည် ရူးနေတာမဟုတ်ရင် ထူးနေတာဟု တွေးလိုက်မိသည်။ ရုတ်တရက် သူထိုဘုန်းကြီးကို မစော်ကားရဲတော့ပေ။
ဆေးတောင်ကြားတွင် သူကြီးမြတ်သည့်ကျင့်ကြံသူများစွာကို တွေ့ခဲ့ဖူးသောကြောင့် သူအရင်လို မောက်မာမနေတတ်တော့ပေ။
ယန်ကျင်း ပြောလိုက်၏။
“ကြင်နာတဲ့ကမ်းလှမ်းချက်အတွက်ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော့်မှာက ဆရာတစ်ယောက်ရှိပြီးသားပါ အဲ့တာကြောင့် နောက်ဆရာတစ်ယောက်မလိုချင်တော့ပါဘူး နှုတ်ဆက်ပါတယ်”
ပြောပြီးသည်နှင့် သူရှန်ရှင်းကျိကိုဖြတ်သွားကာ တောင်ကြားမှ ထွက်သွားခဲ့လေသည်။
လီလင်းထျန်လည်း သူ့နောက်မှ အမြန်လိုက်သွားခဲ့၏။
ရှန်ရှင်းကျိသူတို့ပုံရိပ်များကိုကြည့်နေရင်း တစ်ခုခုကိုတွေးနေခဲ့မိသည်။
တစ်နေရာတွင်
အိမ်အောက်တွင် ကုအန်နှင့်ကျိရှောင်ယုတို့ ပုခုံးချင်ယှဉ်ရပ်ကာ နှင်းကျနေသော ရှုခင်းကိုကြည့်ရှုနေခဲ့ကြသည်။
ကျိရှောင်ယု ရှန်ရှင်းကျိကိုသတိထားမိသွားကာ ပြောလိုက်၏။
“ဒီဘုန်းကြီးက သာမန်ဟုတ်ပုံမပေါ်ဘူး သူကယန်ကျင်းအတွက် ပြဿနာဖြစ်လာမလားဆိုတာ သိချင်မိတယ်”
သူမယန်ကျင်းနှင့်တစ်ခါမှ လက်ရည်မစမ်းဖူးပါသော်လည်း ယန်ကျင်းက သာမန်မဟုတ်တာကိုတော့ သူမသိပေသည်။
ကုအန်က ယန်ကျင်းကိုအလွန်သစ္စာရှိသွားအောင် မည်သို့ပြုလုပ်ခဲ့လဲဆိုတာ သူမစိတ်၀င်စားသွားခဲ့ပြီး လေ့လာကြည့်ခဲ့ရာ ယန်ကျင်းကိုကုအန်ကသူ့ဆေးများသုံး၍ ပျိုးထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိသွားသောအခါ သူမကုအန်ကိုပို၍ပင် လေးစားအားကျလာခဲ့၏။
ကုအန်၏ကျင့်ကြံခြင်းကသာမန်သာဖြစ်သော်လည်း သူ့အကျင့်စရိုက်ကတော့ သူမကို တုန်လှုပ်သွားစေခဲ့သည်။
ကုအန် သူမဘက်လှည့်လိုက်ကာ
“သူကအဆင့်မြင့်ဘုန်းကြီးတစ်ပါးပဲလေ ဘယ်လိုလုပ်ယန်ကျင်းအတွက် ပြဿနာဖြစ်စေမှာလဲ ဖြစ်ရင်းဖြစ် သူကကောင်းချီးတွေပဲ ယူလာပေးမှာမဟုတ်လား”
ကျိရှောင်ယု ကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က စစ်မှန်သောအပြုံးကိုတွေ့လိုက်ရသောအခါ ကုအန်စကားများကို ယုံကြည်သွားခဲ့၏။
ထို့နောက် သူတို့စကားစမြည်ဆက်ပြောနေခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ရှန်ရှင်းကျိ ယုယင်ယင်ကိုလည်း လာရှာခဲ့ပြန်၏။ အစကသူမထိုဘုန်းကြီးကို အလွန်ကြောက်ရွံ့နေပါသော်လည်း ဘုန်းကြီးက သူမကိုသာမန်ကိစ္စများသာ မေးမြန်းသောကြောင့် သူမသတိထားစိတ် လျော့နည်းလာခဲ့သည်။
ကုအန် အကြည့်က ရှန်ရှင်းကျိဆီတွင်ရှိမနေသော်လည်း သူ့အာရုံကတော့ ထိုဘူန်းကြီးအပေါ်တွင်သာ ရှိနေခြင်းဖြစ်၏။
အကယ်၍ ယုယင်ယင်အပြင်လောကတွင် ရှန်ရှင်းကျိဖမ်းတာခံရလျှင် သူ၀င်ပါမည်မဟုတ်သော်လည်း ဆေးတောင်ကြားထဲတွင်တော့ မရပေ။
ရှန်ရှင်းကျိ ယုယင်ယင်ကိုအန္တရာယ်မပေးတော့ဘူးဟု ကုအန်ထင်ခဲ့ပါသော်လည်း သူမှားသွားခဲ့သည်။
ညဉ့်နက်ချိန်တွင်
ယုယင်ယင်သူမအခန်းထဲ၌ တရားထိုင်ကာ ကျင့်ကြံနေခဲ့၏။ အခန်းထဲရှ်ိ ဖယောင်းတိုင်အလင်းကြောင့် သူမအရိပ်က နံရံတွင် ယိမ်းထိုးနေခဲ့သည်။
ရုတ်တရက်သူမတစ်ခုခုကိုအာရုံခံလိုက်မိပြီး သူမမျက်လုံးကိုဖွင့်လိုက်ရာ သူမအာရုံထဲပုံရိပ်တစ်ခု၀င်လာသောကြောင့် ကြောက်လန့်တကြားဖြင့် နောက်ဆုတ်လိုက်ရာ နံရံကိုပင် တိုက်မိသွားခဲ့သည်။
“ရှင်ဘာလိုချင်လို့လဲ” ယုယင်ယင်ကြောက်လန့်တကြားအော်မေးလိုက်ပြီး သူမအသံကကျယ်လောင်လွန်းလှကာ အခြားသူများကို သတိပေးလိုမှန်း သိသာနေခဲ့၏။
အိပ်ယာရှေ့တွင်ရပ်နေသော ရှန်ရှင်းကျိ ယုယင်ယင်ကိုလေးနက်သောအမူအရာဖြင့် ငုံ့ကြည့်နေခဲ့သည်။
“အားတွေဖြုန်းမနေပါနဲ့တော့ ကိုယ်တော်စည်းအလွှာတစ်ခုချထားပြီးပြီ ဒကာမလေးအော်သံကို ဘယ်သူမှကြားရတော့မှာမဟုတ်သလို လွတ်မြောက်တော့မှာလည်းမဟုတ်ဘူး” ရှန်ရှင်းကျိ၏ အကြည့်က ဖိအားများပါနေကာ သူ့အသံကအေးစက်နေခဲ့၏။
ယုယင်ယင်အံကိုကြိတ်ကာ မေးလိုက်သည်။
“ရှင်ကဘယ်သူလဲ ကျွန်မနဲ့ဘာရန်ငြှိုးရှိလို့လဲ”
“အော်မိတောဖော ကိုယ်တော်တို့မှ ပုဂ္ဂိုလ်ရေးရန်ငြှိုးမရှိပါဘူး ဒီနိမ့်ကျတဲ့ကိုယ်တော်က ဒကာမလေးကို မသေခင် အကြောင်းပြချက်ကိုပေးသိလိုက်ပါ့မယ် တကယ်တော့ ဒကာမလေးက ပြန်လည်မွေးဖွားလာတဲ့ ကောင်းကင်မိစ္ဆာတစ်ကောင်ပဲ ဒကာမလေးရဲ့ ကျင့်ကြံခြင်း မူလဝိညာဉ်အခြေအနေကို ရောက်ရှိသွားတာနဲ့ အရင်ဘ၀က မှတ်ညဏ်တွေကို ပြန်သတိရလာပြီး ကမ္ဘာကြီးအတွက်ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်” ရှန်ရှင်းကျိပြောလိုက်၏။
ထိုစကားကိုကြားသောအခါ ယုယင်ယင်၏အမူအရာရုတ်ချည်းပြောင်းလဲသွားသော်လည်း ငြင်းရမည့်အစား ကုတင်ပေါ်တွင်သာ ကြောင်အစွာထိုင်နေခဲ့လေသည်။
“ကျွန်မသိပါပြီ…”
သူမခပ်တိုးတိုးရေရွတ်လိုက်ပြီး အပြုံးတစ်ပွင့်သူမမျက်နှာပေါ် ပေါ်လာခဲ့ဧာ်။
ထို့နောက် မျက်လုံးများကိုမှိတ်လိုက်ပြီး သူမကံကြမ္မာကိုလက်ခံဖို့ ပြင်ထားလိုက်လေသည်။
ရှန်ရှင်းကျိလည်း မျက်လုံးမှိတ်လိုက်ကာ သူ့ညာလက်ကိုမြှောက်လိုက်ကာ ယုယင်ယင်ကိုအဆုံးသတ်ဖို့ ပြင်လိုက်၏။
ဖတ်!
ရုတ်တရက်လက်ကြီးတစ်ဖက် ရှန်ရှင်းကျိပုခုံးပေါ်လာခဲ့ရာ သူ့မျက်လုံးများ ရုတ်တရက်ပွင့်သွားခဲ့ပြီး သူဗုဒ္ဓနှလုံးသားလည်း တုန်ရီသွားခဲ့သည်။
ဤဖော်ပြ၍မရသောခံစားချက်က သူ့ကို ကြောက်လန့်သွားစေခဲ့၏။
သူသည် မရေတွက်နိုင်သော မိစ္တာများကို ရင်ဆိုင်ဖူးပြီး ရှုံးနိမ့်ခဲ့ဖူးတုန်းကပင် ယခုလိုကြောက်ရွံ့မှုကို မခံစားခဲ့ရဖူးပေ။
သူလှုပ်မရတော့သလို လင်းရှီများခဲသွားသည်ကိုလည်း ခံစားလိုက်ရသောကြောင့် တုန်လှုပ်သွားခဲ့ရသည်။
သူချက်ချင်းပင် တစ်ယောက်ယောက်ကို သတိရသွားခဲ့၏။
ဆရာသခင်ဓားအရှင်!
စာအုပ်တစ်အုပ်ထဲက ဒဏ္ဍာရီထဲတွင် ဆရာသခင်ဓားအရှင်သည် တစ်ယောက်ယောက်ကိုမသတ်ခင် သူ့ပုခုံးကိုအသာအယာပုတ်တတ်သည်ဟု ဆိုထားခဲ့သည်။
သူအစကထိုအရာကို ပုံပြင်တစ်ခုဟုသာထင်ထားခဲ့ပြီး အခုလို မှန်ကန်နေမည်လို့တော့ မတွေးခဲ့ဖူးပေ။
“အပြင်လူတွေ အဓိပတိဂိုဏ်းထဲမှာသတ်ဖြတ်ဖို့ ခွင့်မပြုဘူး”
ကုအန်၏အက်ကွဲကွဲအသံကြီးက ရှန်ရှင်းကျိနားထဲရောက်လာခဲ့ပြီး ထိုအသံကငြင်းပယ်မရသော အာဏာတစ်မျိုးကို သယ်ဆောင်ထားခဲ့သည်။
ထို့နောက် ရှန်ရှင်းကျိ သူ့ပုခုံးပေါ်တွင် လက်မရှိတော့သည်ကို ခံစားလိုက်ရပြီး ထိုအခါမှ စိတ်သက်သာရာရသွားခဲ့၏။
သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူ့နှဖူးမှချွေးအေးများကို သုတ်လိုက်ပြီး သူ့စိတ်ကအခုထိ မတည်ငြိမ်နိုင်သေးပေ။
ထိုအခိုက်တွင် သူတကယ်သေပြီလို့ပင် ခံစားလိုက်ရလေသည်။
ယုယင်ယင်ကိုကြည့်ရင်း သူ့မျက်လုံးများ ရှုပ်ထွေးနေခဲ့၏။
“အော်မိတောဖော…”
ရှန်ရှင်းကျိ၏အသံထွက်ပေါ်လာခဲ့ပြီးနောက် တံခါးဖွင့်သံလည်း ထွက်လာခဲ့သည်။
ယုယင်ယင်လည်းမျက်လုံးဖွင့်လိုက်ကာ ရှန်ရှင်းကျိပျောက်ကွယ်သွားတာကို ကြည့်ရှုနေခဲ့၏။
သူ့ခုနက အသံက သက်ပြင်းချလိုက်တာမဟုတ်လား!
သို့သော် ယုယင်ယင်သေေဘးမှလွတ်မြောက်လာသော်လည်း စိတ်သက်သာရာရမသွားဘဲ စိတ်ပျက်လက်ပျက်သာ ဖြစ်နေခဲ့သည်။
ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာတစ်ကောင်…
ကြယ်ပင်လယ်အဖွဲ့အစည်းတွင် ကြီးပြင်းခဲ့စဉ်က သူမကောင်းကင်မိစ္ဆာအကြောင်းပုံပြင်များကို ကြားခဲ့ဖူး၏။ သူမအဖေက သူမငယ်စဉ်က သူမကိုကျင့်စဉ်သင်ကြားပေးဖို့ တွန့်ဆုတ်နေတာ အံ့ဩစရာမဟုတ်တော့ပေ။ သူမအဓိပတိဂိုဏ်းကိုသွားမည်ဟုပြောခဲ့တုန်းကလည်း သူမအဖေ အတော်ကျေနပ်သွားခဲ့သေးသည်။
ထိုညတွင် ယုယင်ယင်တစ်ညလုံး နံရံကိုမှီကာ အတွေးနွံနစ်နေခဲ့၏။
နောက်တစ်နေ့မနက်တွင် သူမကိုယ်သူမသပ်ရပ်အောင် ပြင်ဆင်လိုက်ကာ အိမ်မှထွက်လာခဲ့လိုက်သည်။
တောင်ကြားမှတပည့်များ လေ့ကျင့်ခန်းလုပ်နေသည်ကိုတွေ့သောအခါ သူမကိုယ်သူမ ကမ္ဘာခြားမှလာသူလို ခံစားလိုက်ရပြီး အားကျသွားခဲ့မိ၏။
ထိုလူများတွင် သာမန်ပါရမီသာရှိသော်လည်း သူတို့တွင် အနာဂတ်ကတော့ ရှိနေသေးသည်။
သူမအတွက်ကရော!
ကံဆိုးစွာမွေးဖွားလာခဲ့ကာ ဖခင်၏ချစ်ခြင်းမခံခဲ့ရသလို မိခင်၏ဖယ်ကြဉ်ခြင်းကိုလည်း ခံခဲ့ရပြီး သူမကိုလူတိုင်းက ကျိန်စာတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ကြ၏။
သူမရှန်ရှင်းကျိကိုလည်း သတိထားမိသွားခဲ့သည်။ ထိုဘုန်းကြီးသည် တပည့်များလေ့ကျင့်ခန်းလုပ်နေပုံကိုကြည့်ကာ အတွေးနွံနစ်နေပုံ ရ၏။
“သူငါ့ကိုသနားသွားတာလား ဒါမှမဟုတ် သူ့လက်တွေညစ်ပတ်မှာကြောက်လို့လား” ယုယင်ယင်ထိုနေရာတွင်ရပ်ကာ ငေးကြောင်နေခဲ့သည်။
မနက်ခင်းလေ့ကျင့်ခန်းပြီး၍ တပည့်များ လူစုခွဲသွားချိန်ထိ သူမဝင်ပေါက်တွင်သာ ရပ်နေခဲ့သေးသည်။
အချိန်မည်မျှကုန်သွားလဲ မသိပေ။
ကုအန်သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ သူမနားမှဖြတ်သွားစဉ် အော်ပြောလိုက်၏။
“မိန်းကလေးယု နေ့ခင်းကြောင်တောင်အိပ်မက်မက်နေတာလား နင့်မှာလုပ်စရာမရှိဘူးဆိုရင် ငါနဲ့နှင်းတွေရှင်းဖို့ လိုက်ခဲ့ပါလားငါ့တောင်ကြားမှာအလကားနေရင် ဒီလောက်တော့ ကူညီပေးသင့်တယ်မဟုတ်လား”
ယုယင်ယင်အသိပြန်၀င်လာခဲ့ပြီး ကုအန်၏မကျေမနပ်ဖြစ်နေသော အမူအရာကိုတွေ့သောအခါ အလိုလိုခေါင်းညိတ်သဘောတူလိုက်မိသည်။
ကုအန်လည်း ကျေနပ်သွားဟန်ရပြီး ပြောလိုက်၏။
“တွေးတာကောင်းတယ်”
ထို့နောက်သူသွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီး၍ ရှေ့ဆက်သွားခဲ့သည်။
ထိုအခါမှ ယုယင်ယင်အသိသေချာပြန်၀င်သွားခဲ့ပြီ့း ကုအန်၏မောက်မာနေသော မျက်နှာကြည့်ကာ ခြေဆောင့်၍ ပြောလိုက်၏။
“ငါ့ကိုအောက်ခြေသိမ်းအလုပ်တွေ လာလုပ်ခိုင်းနေတာပဲ!”
သူမကျိန်ဆဲလိုက်သော်လည်း ဒေါသတော့ထွက်မနေခဲ့ပေ။
သူရုတ်တရက် သူ့ကိုတစ်ကမ္ဘာလုံးကလက်မခံရင်တောင် ဒီဆေးတောင်ကြားက လက်ခံနေဦးမည်ဖြစ်ပြီး သူ့ဘ၀ကအရမ်းလည်းဆိုးမနေပါဘူးဟု ခံစားလိုက်ရသည်။
သူမအတွက်အဆိုးဆုံးကိစ္စကတော့ သူမသည် ကျင့်ကြံ၍မရသောကြောင့် ကုအန်လိုပင် သက်တမ်းရာဂဏန်းအနည်းငယ်အရောက်တွင် သေဆုံးသွားရပေလိမ့်မည်။ နောက်ဘ၀ဘာဖြစ်မလဲဆိုတာကိုတော့ သူမထပ်ဂရုစိုက်မေနတော့ပေ။
နောက်ဘ၀ဆိုသည်မှာ သူမဟုတ်တော့မည် မဟုတ်ပေ။
အပိုင်း(၂၈၀)
နယ်မြေအားလုံးအရှင်၊ အမတများ၏ခေါင်းဆောင်
ရှန်ရှင်းကျိလည်း သစ်ပင်အောက်တွင်ရပ်နေရင်း အတွေးနွံနစ်နေခဲ့သည်။
ယုယင်ယင်ကိစ္စနှင့်ပတ်သက်ပြီး သူပဟေဠိဖြစ်နေဆဲဖြစ်၏။
သူဆရာသခင်ဓားအရှင်၏စွမ်းအားကြောင့် တုန်လှုပ်သွားခဲ့ရသလို သူ့အတွေးများကိုလည်း သံသယ၀င်သွားခဲ့ရသည်။
လွန်ခဲ့သောရက်အနညး်ငယ်က သူ့စုံစမ်းမှုများအရ ဆရာသခင်ဓားအရှင်သည် သာမန်လူများ၏အသက်ကိုပင် ကယ်တင်ကာ ဂိုဏ်းကိုလည်းလမ်းမှန်လမ်းစဉ်ပေါ် ပို့ဆောင်ပေးပြီး ကမ္ဘာကြီးကိုပင် ကယ်တင်နိုင်စွမ်းရှိသူ ဖြစ်၏။
ဆရာသခင်ဓားအရှင်၏ကျင့်ကြံခြင်းအဆင့်နှင့်ဆိုပါက သူယုယင်ယင်၏ ကမ္မချည်နှောင်မှုများကိုလည်းသတိထားမိမှာ သေချာပေသည်။
သူသည် အဓိပတိဂိုဏ်းတွင်းဘယ်သူမှ အသတ်မခံစေချင်ခြင်းပေလော သို့မဟုတ် ယုယင်ယင်သည် အသတ်မခံရသင့်ဘူးဟု ထင်နေခြင်းပေလော။
ရှန်ရှင်းကျိ အတွေးနွံနစ်နေပြီး လက်ကိုးချောင်းနတ်အရှင်တောင်ကြားဆီ တရုတ်ကျားကစားဖို့ ရောက်လာမှ သတိ၀င်သွားခဲ့၏။
“ဘာလို့ကိုယ်ေတာ်ကဒီအခြေအနေရောက်နေတာလဲ ကိုယ်တော်ဆရာသခင်ဓားအရှင်နဲ့ တွေ့လာပြီလား” လက်ကိုးချောင်းနတ်အရှင် ရှန်ရှင်းကျိရှေ့တွင်ရပ်ကာ ပြုံး၍ပြောလိုက်သည်။
ရှန်ရှင်းကျိမျက်လုံးများကိုပိတ်လိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။
“အောမိတောဖော….”
ထိုအခါ လက်ကိုးချောင်းနတ်အရှင်၏အပြံးပျောက်ကွယ်သွားခဲ့၏။ သူမျက်မှောင်ကြုံ့သွားကာ အလေးအနက်အသံဖြင့် မေးလိုက်သည်။
“ကိုယ်တော်တကယ်ကြီး လှုပ်ရှားရဲခဲ့တာလား ကိုယ်တော်သေချင်နေတာလား ငါကြားတာတော့ တစ္ဆေဘုရင် မမြဲသောထျန်းက ဆရာသခင်ဓားအရှင်ရဲ့ တစ်ချက်တည်းနဲ့ဖိချေတာကို ခံလိုက်ရတာတဲ့နော် အဲ့ဒီ မမြဲသောထျန်းက ကောင်းကင်ဈာန်အမတအဆင့် အထွတ်အထိပ်ကိုတောင်ရောက်နေခဲ့တာ!”
ရှန်ရှင်းကျိမထူးခြားဟန်ဖြင့် မျက်လုံးများကို ပိတ်ထားခဲ့၏။
သို့သော် လက်ကိုးချောင်းနတ်အရှင် သူသင်္ကန်းထဲရှိ ဘယ်လက်တုန်ရီနေသည်ကို သတိထားမိနေခဲ့သည်။
ဒီကလေးက သေရမှာမကြောက်တာ မဟုတ်လောက်ဘူးမလား!
လက်ကိုးချောင်းနတ်အရှင်တွေးနေလိုက်ပြီး ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။
ဤကိုယ်တော်အခုလိုကြောက်လန့်နေတာကိုမြင်ရဖို့က အတော်လေးခက်ခဲလှပေသည်။
“လာပါ ကျားသွားကစားရအောင် အဖြူအနက်တွေကြားထဲက စိတ်ဝိညာဉ်ညဏ်ပညာက မင်းကိုနားလည်သွားအောင်ကူညီပေးလိမ့်မယ်”
လက်ကိုးချောင်းနတ်အရှင် ရှန်ရှင်းကျိကို စကားတပြောပြောနှင့် ဆွဲခေါ်သွားခဲ့၏။
“ငါပြောရဦးမယ် ကုအန်မှာလည်း သေချာတဲ့ နတ်သဘာ၀တစ်ခုတော့ရှ်ိတယ်ကွ ဒီလိုနက်နဲလွန်းတဲ့ တရုတ်ကျားကစားနည်းကိုတီထွင်ဖို့ဆိုတာက သူ့နောက်မှာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရှိရင်ရှိ မဟုတ်ရင် အမတတစ်ပါးပါးက သူ့ကိုအိပ်မက်ထဲမှာ လာလမ်းညွှန်သွားတာပဲဖြစ်လိမ့်မယ်”
သူပြောနေသော်လည်း ရှန်ရှင်းကျိကတော့ ကြောင်ငေးနေပြီး သေချာနားထောင်မနေခဲ့ပေ။
သို့သော် နောက်ရက်များတွင် တရုတ်ကျားကစားရင်း သူ့ စိတ်ရှုပ်မှုများသောကများ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး လက်ကိုးချောင်းနတ်အရှင်ပြောသောစကားကို သူနားလည်သွားခဲ့လေသည်။
ဒီတရုတ်ကျားကစားနည်းက တကယ်ပဲ သာမန်မဟုတ်ပေ!
……
အေးစက်သောဆောင်းရာသီကုန်လွန်သွားခဲ့ပြီး အဓိပတိဂိုဏ်း၏ နွေဦးပွဲတော်သို့ နောက်တစ်ကြိမ်နီးကပ်လာခဲ့ပြန်သည်။
လီရွှမ်တောက်၏ ဆော်ဩမှုကြောင့် ယခုအခါ တစ်ကမ္ဘာလုံးက နွေဦးပွဲတော်ကို ကျင်းပနေပြီဟု ပြော၍ရပေသည်။
တတိယတောင်ကြားတွင်
လီလင်းထျန် ယန်ကျင်းဘေးတွင်ခါးထောက်ကာ ရပ်နေရင်း အဝေးရှိ သစ်ပင်အောက်တွင် အတွေးနွံနစ်နေဟန်ရသော ရှန်ရှင်းကျိကိုကြည့်၍ မျက်မှောင်ကြုံ့သွားခဲ့သည်။
“ဘာလို့ အဲ့ဒီဘုန်းကြီးက မပြန်သေးတာလဲ သူဒီမှာနေတော့ဖို့ စီစဉ်ထားတာလား”
ယန်ကျင်းသူ့ဘေးတွင် မီးအိမ်များလုပ်နေရင်း မထူးခြားဟန်ဖြင့် ပြောလိုက်၏။
“သူနေချင်နေလို့ရတာပဲ မင်းကိစ္စမှမဟုတ်တာ ငါ့ဆရာကမင်းကိုတောင် မောင်းထုတ်လို့လား”
လီလင်းထျန် မျက်စောင်းတစ်ချက်ထိုးလိုက်ကာ
“ငါကမတူဘူး ငါကမင်းဆရာရဲ့ ဂျူနီယာညီလေးလေ ငါ့အစ်ကိုကလည်း မင်းဆရာနဲ့ အကောင်းဆုံးညီအစ်ကိုဆက်ဆံရေးရှိတယ်”
ယန်ကျင်းရုတ်တရက်သူ့ကိုကြည့်ကာ မေးလိုက်သည်။
“စကားမစပ် မင်းအစ်ကိုအကြောင်းရောကြားမိသေးလား သူကကြယ်ပင်လယ်အဖွဲ့အစည်းမှာကျင့်ကြံနေတာဆိုတော့ အန်းဟောင်နဲ့သိမှာပေါ့ ဟုတ်တယ်မလား”
“အဆက်အသွယ်တော့မရှိသေးဘူး ဒါပေမယ့် သူကအန်းဟောင်နဲ့ဆက်ဆံရေးကောင်းရှိပါတယ် နှစ်ယောက်လုံးက အဓိပတိဂိုဏ်းရဲ့ ဒဏ္ဍာရီလာပါရမီရှင်တွေပဲဟာကို ပြောရရင် ငါသူတို့နဲ့တစ်ခါမှ အပြင်မှာမတွေ့ဖူးဘူး ငါ့အစ်ကိုက ငါ့တည်ရှိမှုအကြောင်း သိတောင်သိပါ့မလား” လီလင်းထျန် ပြန်ပြောလိုက်သည်။
သူလီယအကြောင်းပြောသောအခါ အားကျသောအရိပ်အယောင်တစ်စွန်းတစ်စသူ့မျက်လုံးထဲ ပေါ်လာခဲ့၏။
“မင်းအစ်ကိုရဲ့ ခြေရာအတိုင်းမင်းလိုက်လို့ရတာပဲ ငါကြားတာတော့ ထိုက်ကန်မင်းဆက်နဲ့ ကြယ်ပင်လယ်အဖွဲ့အစည်းက ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆို မင်းအဖေဧကရာဇ်မှာ နည်းလမ်းအချို့ရှိမှာသေချာတယ်”
“မေ့လိုက်ပါတော့ ငါမင်းနဲ့ကျင့်ကြံတာပိုကောင်းတယ် အရိုးသားဆုံးပြောရရင် ငါကတော့ မင်းကကမ္ဘာပေါ်မှာ အသန်မာဆုံးပါရမီရှင်လို့ထင်တယ် ငါ့အစ်ကိုလီယဖြစ်ဖြစ် အန်းဟောင်ဖြစ်ဖြစ်မင်းနဲ့ယှဉ်ရင် ဘာမှဟုတ်တော့မှာမဟုတ်ဘူး”
လီလင်းထျန် သူ့ခံစားချက်များကို အရိုးသားဆုံးထုတ်ပြောပြလိုက်လေသည်။
သူ့တစ်ဘ၀လုံးတွင် သူယန်ကျင်းကို အားအကျဆုံးဖြစ်၏။
ယန်ကျင်းသည် ပြိုင်ဘက်ကင်းပါရမီရှိရုံသာမက ကြိုးစားလည်းကျင့်ကြံသလို မည်သည့်ဂုဏ်သတင်းကိုမှလည်း မမက်မောပေ။
“ငါကအသန်မာဆုံးဆိုတာတော့ မဖြစ်နိုင်ဘူး ငါ့မှာလည်း နောက်ကလိုက်ရမယ့် ရည်မှန်းချက်ပန်းတိုင်တစ်ခုရှိပါတယ်” ယန်ကျင်းခေါင်းယမ်းကာ ရယ်မော၍ ပြောလိုက်သည်။
လီလင်းထျန်ချက်ချင်းစိတ်၀င်စားသွားပြီး မေးမြန်းလိုက်သော်လည်း ကံဆိုးစွာဖြင့် ယန်ကျင်းက ပြောမပြခဲ့ပေ။
တစ်နေရာတွင်
ကုအန် ရှန်ရှင်းကျိနားသို့ ချဉ်းကပ်သွားခဲ့၏။ ထိုအခိုက်တွင် ရှန်ရှင်းကျိသည် မြေပေါ်ထိုင်ကာ အနောက်အရပ်သို့ခရီးသွားခြင်း၏ ဖမ်းစားခြင်းကိုခံထားရခြင်းဖြစ်သည်။
“တာအိုမိတ်ဆွေ ပွဲတော်ကနီးကပ်လာနေပြီ ကျွန်တော်တို့နဲ့အတူတူပါဝင်ဆင်နွှဲမှာလား” ကုအန်ပြုံးကာ မေးလိုက်၏။
ရှန်ရှင်းကျိလည်း အာရုံပြန်ကပ်သွားကာ ချက်ချင်းမတ်တပ်ရပ်၍ ဦးညွတ်အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
“အောမိတောဖော ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ် နိမ့်ကျတဲ့ ကိုယ်တော်တစ်ပါးအနေနဲ့ မငြင်းဆန်ရဲပါဘူး ကိုယ်တော်ဘာများ ကူညီလုပ်ကိုင်ပေးရဦးမလဲ”
ကုအန်လက်ကာပြကာ ပြုံး၍ ပြောလိုက်သည်။
“ကိုယ်တော်က ဧည့်သည်ပဲ ဘာမှလုပ်စရာမလိုပါဘူး ဒါပေါ့ ကိုယ်တော်စိတ်ကောင်း၀င်နေချိန် တောင်ကြားကတပည့်တွေကို သင်ကြားပေးရင်တော့ ကျွန်တော်ကျေးဇူးတင်မိမှာပါ”
ရှန်ရှငး်းကျိ စိတ်မ၀င်စားဘဲ မနေနိုင်တော့ပေ။
“ဒကာလေးက ဘာများသင်ချင်တာလဲ”
“ကျွန်တော့်အတွက်မဟုတ်ပါဘူး တောင်ကြားကတပည့်တွေအတွက်ပါ”
“ဒကာလေးကရော မဟာယနဗုဒ္ဓဘာသာရဲ့သင်ကြားမှုတွေကိုနာယူပြီး အမတကံကြမ္မာကိုမရယူချင်ဘူးလား”
“ကျွန်တော်လား မေ့လိုက်ပါတော့ ကျွန်တော့်လက်ရှိအခြေအနေက အတော်လေးကောင်းနေတယ် ကျွန်တော်အပြင်ထွက်ပြီး မသတ်ဖြတ်ချင်ဘူး ကျွန်တော့်မှာ အထွတ်အထိပ်အမတရတနာကိုင်တဲ့ လီယ ဆိုတဲ့ စီနီယာအစ်ကိုတစ်ယောက်ရှိတယ် သူကအတော်လေးစွမ်းအားကြီးတယ်ဆိုပေမယ့် သူ့အောင်မြင်မှုတွေနောက်မှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ကျွန်တော်ပဲသိတယ် ကျွန်တော်က သဘာ၀အားဖြင့် ခပ်ပျော့ပျော့လူပါ လူမသတ်ရဲပါဘူး ကျွန်တော့်အတွက်က ဆေးတောင်ကြားမှာနေတာ အကောင်းဆုံးပါပဲ”
ကုအန်ရယ်မောကာ လွတ်လပ်စွာပြောလိုက်ပြီး ရှန်ရှင်းကျိပင် သူ့ကိုအထင်ကြီးသွားခဲ့သည်။
သူတို့တခဏကြာစကားပြောပြီးမှ ကုအန်ထွက်ခွာသွားခဲ့၏။
ရှန်ရှင်းကျိထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်က ာ ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဤဆေးတောင်ကြားလေးသည် သေးငယ်သော်လည်း အတော်လေးဆန်းကြယ်လှ၏။
ဤနေရာတွင် ပြိုင်ဘက်ကင်းအမြင့်သို့ရောက်နေသော ကြီးမြတ်သည့်ကျင့်ကြံသူကြီးများ၊သာမန်ပါရမီမဟုတ်သော ဂျူနီယာများ၊ ကြမ္မာဆိုးကပ်ဘေးကြယ်များနှင့် ဘ၀ကိုသိမြင်ထားသော တောင်ကြားသခင်တစ်ယောက်တို့ ရှိနေခဲ့ကြသည်။
အကယ်၍သူသာဤနေရာတွင် ဗုဒ္ဓတရားများကို ကျင့်ကြံပါက အတော်လေး အောင်မြင်မှုရရှိပေလိမ့်မည်။
သို့သော်ကံဆိုးစွာဖြင့် သူပင်လယ်ချိုးဖျက်အက်ကွဲကြောင်းဆီ သွားရပေဦးမည်။
ထိုနေရာမှအသက်ရှင်လျက်ပြန်လာနိုင်လျှင်တော့ ဤတောင်ကြားတွင် နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်ကြံနိုင်၏။
…..
နန်းတော်ထဲတွင် အန်းဟောင်မတ်တပ်ထရပ်ကာ ရှေ့ရှိသူ့ဆရာ သူတော်စင်ဖူချန်းကို ဦးညွတ်အရိုအသေပေးလိုက်လေသည်။
သူတော်စင်ဖူချန်းအန်းဟောင်ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး
“ဟောင်အာ မင်းမှာဒီလိုကြောက်စရာကောင်းတဲ့ဆရာတစ်ယောက်ရှိနေမယ်လို့ ဆရာထင်မထားခဲ့မိဘူး ဆရာတစ်ယောက်အနေနဲ့ ဆရာမင်းရဲ့အောင်မြင်မှုတွေကို မျှော်လင့်နေမိတယ်”
“ဆရာ ဆရာကကျွန်တော့်ကို သင်ကြားပေးခဲ့ပြီး ဂရုလည်းစိုက်ပေးခဲ့ပါတယ် ကျွန်တော်အဲ့ဒီကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး” အန်းဟောင်လေးလေးနက်နက်ပြန်ပြောလိုက်၏။
ဆရာသခင်ဓားအရှင် ဝင်ပါသွားပြီးကတည်းက အန်းဟောင်၏အဆင့်အတန်းက ကြယ်ပင်လယ်အဖွဲ့အစည်းထဲတွင် လုံး၀ပြောင်းလဲသွားခဲ့သည်။ မကြာခဏဆိုသလိုကြီးမြတ်သည့်ကျင့်ကြံသူများ သူ့ဆီအလည်ရောက်လာတတ်ကြပြီး မြင့်မြတ်မိသားစုများက အမျိုးသမီးတပည့်အချို့ကိုမိတ်ဆက်ပေးကာ သူတာအိုလက်တွဲဖော်ပင် လုပ်ခိုင်းနေကြသော်လည်း သူကတော့ ယဉ်ကျေးစွာ ငြင်းပယ်ခဲ့၏။
အန်းဟောင်ရင်ထဲတွင် တစ်စုံတစ်ယောက်ကရှိထားပြီးဖြစ်သော်လည်း သူ့အတွက် အမတလမ်းစဉ်လောက်ဘာကမှအရေးမကြီးသောကြောင့် သူထိုဆက်ဆံရေးကို ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။
သူ့ဆရာသူ့ကို မိစ္ဆာတစ်ကောင်၏ မေးရိုးများထဲမှ ကယ်တင်ခဲ့ခြင်းက အချစ်နွံနစ်သွားစေဖို့ မဟုတ်ပေ။ သူသည် အမတလမ်းစဉ်၏အထွတ်အထိပ်ကိုရောက်ကိုရောက်ရမည်ဖြစ်ပြီး သူ့ဆရာကိုစိတ်ပျက်စေ၍ မဖြစ်ပေ။
သူတော်စင်ဖူချန်းကျေနပ်စွာ ပြုံးလိုက်ပြီး ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအကြောင်း စတင်ပြောပြခဲ့၏။
ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲမှ အာဃာတတစ္ဆေများပိုထွက်လာခဲ့ပြီး တစ္ဆေဘုရင်ကိုးပါးကလည်း စုဝေးနေခဲ့ကြသည်။ ဂိူဏ်းကြီးများကလည်း ပြင်းပြင်းထန်ထန်တိုက်ခိုက်တော့ဖို့ စီစဉ်နေကြပြီး ထို့ကြောင့်လည်း သူပြန်လာခဲ့ခြင်းဖြစ်သည်။
နားထောင်နေရင်း သူ့ဆရာပြောသော အံ့ဖွယ်ကိစ္စများကြောင့် အန်းဟောင်စိတ်၀င်စားလာခဲ့ပြီး သူကိုယ်တိုင်သွား၍ ရှာဖွေစူးစမ်းချင်သွားခဲ့၏။
သို့သော် သူ့အတွက်အချိန်ကအရေးကြီးပြီး အမြန်ကြီးပြင်းလာဖို့သာ ကျင့်ကြံရမည်ဖြစ်သောကြောင့် သွားချင်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။
“တကယ်လို့ ဒီတိုက်ပွဲက ချောချောမွေ့မွေ့ပြီးသွားပြီး ကမ္ဘာဖျက်ပင်လယ်လှိုင်းကြီးဖြစ်မလာရင်တော့ အကောင်းဆုံးပေါ့” သူတော်စင်ဖူချန်းပြောလိုက်၏။
ထို့နောက် အန်းဟောင်၏ အသိစက်၀န်းကိုချဲ့ထွင်ပေးရန် မြင့်မြတ်ခုံရုံးအကြောင်းပြောပြခဲ့သည်။
အမတတစ်သောင်းနယ်မြေ ဟူသောနာမည်မှာတင် အတော်လေး အထင်ကြီးစရာကောင်းလှသည်။
သူတော်စင်ဖူချန်းက မြင့်မြတ်ခုံရုံး၏အရှင်သခင်အကြောင်းပြောသောအခါတွင်တော့ အန်းဟောင် အဆုံးမဲ့သော စိတ်ကူးယဉ်မှုများထဲ ကျရောက်သွားခဲ့၏။
သေမျိုးကမ္ဘာကြီးကိုအုပ်ချုပ်သော မြင့်မြတ်ခုံရုံးအရှင်သခင်သည် မည်မျှ စွမ်းအားကြီးလိုက်မည်နည်း။
သူသည် နတ်ဘုရားတို့၏ရာထူးများထဲမှ ကောင်းကင်ဧကရာဇ် အနောက်အရပ်သို့ခရီးသွားခြင်းထဲမှ ကျောက်စိမ်းဧကရာဇ်များနှင့် တူနေနိုင်ပါမည်လော။
အန်းဟောင်၏ နာမည်တွင်လည်း ဟောင် ဟူသောစာလုံးပါပေသည်။ သူသည်လည်း တစ်နေ့တွင် ထိုကဲ့သို့သော နယ်မြေအားလုံး၏အရှင်သခင် အမတများ၏ခေါင်းဆောင် ဖြစ်လာနိုင်ပါမည်လော။
တုနှိုင်းမဲ့ရည်မှန်းချက်များက အန်းဟောင် စိတ်ထဲတောက်လောင်လာခဲ့သည်။
….
အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း အချိန် ၁၂နှစ်က ကုန်ဆုံးသွားခဲ့၏။
နွေရာသီတွင်
မြို့တစ်မြို့ထဲ၌ အစိမ်းရောင်၀တ်စုံကို၀တ်ဆင်ထားသောကုအန် ဘေးတွင်အဖြူရောင်၀တ်စုံ၀တ်ကာခမောက်တစ်လုံးဆောင်းထားပြီး မျက်နှာကိုပုဝါဖြင့်ကာထားသော အမျိုးသမီးတစ်ယောက်အဖော်ပြု၍ လမ်းလျှောက်နေခဲ့သည်။
ထိုအမျိုးသမီးမှာ ကျိရှောင်ယုသာ ဖြစ်၏။
“ဘာလို့ ဒီမြို့ကိုလာတာလဲ” ကျိရှောင်ယု စိတ်၀င်တစားမေးလိုက်သည်။
ဤနှစ်အစက သူမသည် သေမျိုးကမ္ဘာသို့သွားကာ တာအိုကို လေ့လာချင်သည်ဟု ပြောခဲ့ပြီး ကုအန်သူမကိုအဖော်ပြုပေးဖို့ မျှော်လင့်နေခဲ့၏။ ကုအန်အစက သဘောမတူသော်လည်း သူမက ဂျီကျနေသောကြောင့် တဖြည်းဖြည်းသဘောတူလိုက်ရသည်။
“အစ်ကို့ဂျူနီယာညီလေးထဲက တစ်ယောက်က ဒီမြို့မှာနေတယ်လေ” ကုအန်ဖြေလိုက်ပြီး သူနှင့်ရှောင်ချွမ်သိကျွမ်းပုံကို ပြောပြလိုက်၏။
ကျိရှောင်ယုလည်း ဂရုတစိုက်နားထောင်နေရင်းသူမနှလုံးသား ခံစားသွားခဲ့ရသည်။
တကယ်တော့ လူတိုင်းတွင် သူမလိုသာမန်မဟုတ်သော ပါရမီမျိုးရှိနေကြခြင်းမဟုတ်ပေ။ လူအများစုတွင် တောင်ကြားမှသူများလိုပင် သာမန်စိတ်ဝိညာဉ်အမြစ်များသာ ရှိနေကြခြင်း ဖြစ်၏။
ရှောင်ချွမ်၏ အမတလမ်းစဉ်အပေါ် လက်လျှော့လိုက်မှုက သူမကိုခံစားသွားရစေခဲ့သည်။
ဒါပေါ့ သူမရှောင်ချွမ့်ဆုံးဖြတ်ချက်ကို လေးသာလေးစားခြင်းဖြစ်သည်။ သူမကတော့ ဘယ်တော့မှ အမတလမ်းစဉ်ကို လက်လျှော့မှာမဟုတ်ပေ။
သူတို့လမ်းလျှောက်ရင်း စကားပြောနေခဲ့ကြ၏။
ထို့နောက် သူတို့စားသောက်ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်ကြပြီး ဒုတိယထပ်ရှ်ိ ပြတင်းပေါက်ဘေးတွင်ရှ်ိသော ဝိုင်း၌ ၀င်ထိုင်လိုက်သည်။
ကျိရှောင်ယု မေးလိုက်၏။
“တကယ်လို့ ရှောင်ချွမ်အရင်သေသွားခဲ့ရင် အစ်ကို၀မး်နည်းမှာလား”
ကုအန်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းတစ်ယောက်ဖြစ်သောကြောင့် ရှောင်ချွမ်ထက် ပိုအသက်ရှည်မှာ သေချာလှသည်။
ကုအန်ပြုံးလိုက်၏။
“တကယ်လို့ သူနောင်တမရှိဘဲ ထွက်သွားရရင် အစ်ကို၀မး်နည်းမှာမဟုတ်ပါဘူး တကယ်လို့သူထွက်သွားခဲ့ရင်တောင် အစ်ကို့ရင်ထဲမှာသူ့အတွက်တစ်နေရာစာ အမြဲရှိနေမှာပဲ”
ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်သည်။
ကုအန်စနောက်လိုက်၏။
“တကယ်လို့အစ်ကိုအရင်ထွက်သွားရင်ရော ညီမလေး၀မ်းနည်းမှာလား”
ကျိရှောင်ယု သူ့ကိုနှစ်သိမ့်မပေးဘဲ ထိုမေးခွန်းကိုအလေးအနက်စဉ်းစားလိုက်ကာ ဖြေလိုက်သည်။
“ညီမလေး ၀မ်းနည်းမှာပေါ့ ဒါပေမယ့်အဲ့တာက ညီမလေးခံစားချက်တွေအပေါ်တော့ သက်ရောက်မှုရှိမှာမဟုတ်ဘူး ညီမလေးလည်းတဖြည်းဖြည်းအဆုံးသတ်ကိုရောက်လာရမှာပဲ ညီမလေးတို့နှစ်ယောက်လုံး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ၀င်ကြရမှာပဲ ဘယ်သူကအရင်၀င်သွားလဲဆိုတာပဲ ကွာပါတယ်”
“ညီမလေးမှာ ရှင်းလင်းတဲ့အမြင်ရှိတာပဲ ဒီနှစ်တွေအတွင်း အစ်ကို့သင်ကြားပေးမှုကို စိတ်မပျက်စေခဲ့ဘူး”
“အစ်ကိုက ညီမလေးကိုဘာသင်ပေးလို့လဲ”
“အစ်ကို့စကားလုံးတွေ လုပ်ရပ်တွေ အဲ့တာတွေက ညီမလေးကိုလွှမ်းမိုးသွားတယ်လေ”
“မှန်တယ်”
ကျိရှောင်ယုခေါင်းညိတ်ကာ သဘောတူလိုက်သောကြောင့် ကုအန်အပြုံးက ပို၍ပင် ကြီးမားလာခဲ့သည်။
ဤကောင်မလေးသည် အလွယ်တကူ လှည့်စား၍ရပြီး အရင်ဘ၀တွေကထက်ပင် ပို၍ ရယ်စရာကောင်းနေခဲ့၏။
ကုအန်တစ်ခုခုပြောဖို့ပြင်လိုက်စဉ်တွင် လေဖြိုခွင်းသံတစ်ခု ကောင်းကင်မှထွက်ပေါ်လာခဲ့လေသည်။
“လမ်းဖယ်ကြ! လမ်းဖယ်ကြ!”
ခပ်ရိုင်းရိုင်းအသံတစ်သံကောင်းကင်တွင် ဟိန်းထွက်လာခဲ့ပြီး ထိုအသံက ကုအန်တို့အာရုံကို ဆွဲဆောင်သွားခဲ့၏။ သူတို့လှည့်ကြည့်လိုက်သောအခါ ပင်လယ်နဂါးတစ်ကောင်သည် ကောင်းကင်မှနိမ့်ဆင်းလာခဲ့ပြီး လမ်းတစ်လျှောက်လုံးကို ပျက်ဆီးသွားအောင် မွှေနောက်သွားသည်ကို တွေ့လိုက်ရသည်။
ပင်လယ်နဂါး၏ခေါင်းပေါ်တွင်တော့ ကောင်လေးတစ်ယောက် ရပ်နေခဲ့၏။