← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 22 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 22 Ch. 281-282

အပိုင်း(၂၈၁)

အသိအမှတ်ပြုလောက်စရာ ဖန်းအန်

ပင်လယ်နဂါးကိုကြည့်ပြီး ကုအန်ထိုကောင်၏အရှိန်အဝါကိုရင်းနှီးနေသလို ခံစားလိုက်ရသောကြောင့် သေချာကြည့်လိုက်၏။

“အာ”

“သူ့မှာ ကောင်းကင်နဂါးနဲ့တူတဲ့အရှိန်အဝါရှိနေပါလား”

“ဒါပေမယ့် ကောင်းကင်နဂါးမဟုတ်တာသေချာတယ်”

ကောင်းကင်နဂါးသည် လတ်တလော ရှေးဟောင်းကောင်းကင်ဂိုဏ်း၏ မြင့်မြတ်သားရဲအဖြစ်ရှိနေခြင်းဖြစ်ပြီး ကုအန် နတ်အာရုံအရ ထိုကောင်သည် ဂိုဏ်းထဲတွင်သာရှိနေဆဲဖြစ်သည်။

ကုအန်ပင်လယ်နဂါးကိူစစ်ဆေးကြည့်လိုက်ပြီး ချက်ချင်းနားလည်သွားခဲ့၏။

တကယ်တော့ ထိုကောင်သည် ကောင်းကင်နဂါး၏သွေးအဆီအနှစ်ကိုရရှိသွားပြီး အရေခွံလဲသွားသည့် မြွေမိစ္ဆာတစ်ကောင်သာ ဖြစ်နေခဲ့သည်။

ကုအန်အကြည့်က နဂါးခေါင်းပေါ်ရှိ ကောင်လေးဆီရောက်ရှိသွားခဲ့၏။

[ရှုကျင်(အခြေခံတည်ဆောက်ခြင်းအဆင့် ၉): ၃၂/၃၅၀/၃၀၈၀]

သက်တမ်းအကန့်အသတ် ၃ထောင်ကျော်နှင့်ဆိုလျှင် အရင်ခေတ်ကဆိုပါက ထိုသူ့ကို ထိပ်တန်းပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်မည်ဖြစ်သော်လည်း အခုခေတ်တွင်တော့ သာမန်ပါရမီရှင်တစ်ယောက်သာ ဖြစ်နိုင်ပေသည်။

အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ပိန်သွယ်ကာ ခေါင်းတွင်သရဖူတစ်ခုဆောင်းထားသော ရှုကျင်သည် အလွန်တက်ကြွနေပုံပေါက်နေခဲ့ပြီး သူ့အသက်က ၁၆ ၁၇ သာရှိသေးသည့်ပုံပင်။

ပင်လယ်နဂါး၏ ခြေထောက်အောက်တွင် ၁၀ကျန်းခန့်ရှိသော လေပွေတစ်ခုရှိနေပြီး ထိုလေပွေကြောင့် သူသွားသည့်နေရာတိုင်းက အဆောက်အဦးများက ပျက်ဆီသွားခဲ့ရ၏။

ကျိရှောင်ယုကြည့်နေရင်း မျက်မှောင်ကြုံ့သွားကာ ၀င်လှုပ်ရှားဖို့ ပြင်လိုက်သည်။

ကုအန် သူမလက်ကိုဆွဲထားလိုက်ကာ ပြုံးလိုက်ပြီး

“မလောနဲ့”

ကျိရှောင်ယု သူ့ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။

“ဒီနေရာက သေမျိုးကမ္ဘာလေ ကျင့်ကြံသူတောင်နည်းနည်းပဲရှိတာ ဘယ်လိုလုပ်သူတို့ကို တားနိုင်မှာလဲ…”

သူမစကားမဆုံးသေးခင်တွင် မြို့ထဲ၌ ဓားဟိန်းသံတစ်သံထွက်ပေါ်လာခဲ့၏။

ထို့နောက်တွင်တော့ ချက်ချင်းပင် ပင်လယ်နဂါးထံမှ အော်သံကြီးတစ်ချက်ထွက်လာခဲ့ပြီး သူ့ကျောရိုးပေါ်မှသွေးများက လမ်းမပေါ် ပြန့်ကျဲသွားခဲ့သည်။

သာမန်လူများ ကြောက်လန့်တကြားအော်ဟစ်ကာ ထွက်ပြေးကုန်ကြပြီး ရှုကျင်လည်း ခေါင်မိုးတစ်ခုပေါ် ခုန်တက်လိုက်၏။

သူခေါင်မိုးပေါ် ရောက်ရှိသွားသည်နှင့် ဓားတစ်လက်ကသူ့လည်ပေါ် တင်ထားသည်ကို တွေ့လိုက်ရပြီး ကြောက်ရွံ့မှုကြောင့် သူ့သူငယ်အိမ်များကျဉ်းမြောင်းသွားကာ မျက်နှာမှချွေးအေးများ ထွက်လာခဲ့သည်။

“မင်းး…ဘယ်သူလဲ ဘာလိုချင်လို့လဲ”

ရှုကျင်တုန်ရီစွာပြောလိုက်စဉ် သူ့နောက်မှအသံတစ်သံထွက်လာခဲ့၏။

“အတော်လေးရမ်းကားပြီး အဆင်အခြင်မဲ့တာပဲ မင်းကထိုက်ကန်မင်းဆက်ရဲ့ ဥပဒေတွေကို ချိုးဖောက်ဖို့ ကြိုးစားနေတာလား”

စားသောက်ဆိုင်ထဲတွင်

ကုအန် သူ့အကြည့်ကိုပြန်ရုတ်လိုက်ကာ ကျိရှောင်ယုကိုပြုံးပြ၍ ပြောလိုက်သည်။

“မြင်လား”

လှုပ်ရှားလိုက်သူသည် ဝိညာဉ်အခြေတည်အဆင့်တစ်ယာက်ဖြစ်ပြီး သူ့အရှိန်အဝါကိုဖုံးကွယ်ထားသည့် ကျင့်စဉ်တစ်မျိုးသုံးထား၍ ကျိရှောင်ယု သူ့ကိုသတိမထားမိခဲ့ခြင်း ဖြစ်၏။

ကျိရှောင်ယု ဓားကျင့်ကြံသူကိုသေချာကြည့်ပြီးသည့်နောက် ကုအန်ဘက်လှည့်လိုက်ကာ

“ဒီနေ့ခေတ် ဧကရာဇ်က တကယ်ပဲ ကောင်းကောင်းအုပ်ချုပ်နေတာပဲ ညီမလေးထင်တာက သူ့ကျင့်ကြံသူတွေနဲ့ပတ်သက်တဲ့ ဥပဒေတွေက ဟန်ပြသက်သက်ပဲထင်ထားခဲ့တာ ဒါပေမယ့် ညီမလေးမှားသွားတယ် သူတို့ကတကယ်ဆောင်ရွက်နေကြတာ အဲ့ဒီဓားကျင့်ကြံသူရဲ့ အရှိန်အဝါက မရိုးရှင်းဘူး သူ့ဓားကိုထုတ်လိုက်တဲ့အချိန်က ထွက်လာတဲ့ ဓားဆန္ဒကသန်မာတယ်”

ကုအန်ပြောလိုက်သည်။

“အခုခေတ်မှာ ထိုက်ကန်မင်းဆက်က နဂါးတွေကျားတွေပုန်းအောင်းနေတဲ့နေရာဖြစ်နေပြီ နေရာတိုင်းမှာ ကြီးမြတ်တဲ့ကျင့်ကြံသူတွေရှိနေကြပြီ”

“ဒါပေမယ့် ညီမလေးတို့နှစ်ယောက်လုံးက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တွေလေ ဘာလို့အစ်ကိုက သူ့တည်ရှိမှုကိုမြင်ပြီး ညီမလေးကမမြင်တာလဲ”

“ဘာလို့ မေးတာလဲ ညီမလေးကအစ်ကို့လောက်မတော်ဘူးလို့ ပြောရမှာလား ကျေးဇူးပြုပြီး အစ်ကိုက ညီမလေးထက် အသက် ၁၅၆နှစ်ကြီးတယ်ဆိုတာ သတိရပေးပါဦး”

“ညီမလေးကြားတာတော့ အစ်ကိုကရွှေစာရင်းမှာပါဖူးတယ်ဆို အဲ့တာတောင်အမြဲပါရမီမကောင်းဘူးပဲပြောနေတယ် ကြည့်ရတာ အစ်ကိုကလူတွေကိုအရူးလုပ်နေသလိုပဲ”

“ညီမလေးမှန်ပါတယ် အစ်ကိုကလူတွေကိုအရူးလုပ်နေတာ တကယ်တော့ အစ်ကိုကသေမျိုးကမ္ဘာမှာ လာပုန်းနေတဲ့ အမတတစ်ပါးပဲ”

“ဟီးဟီး”

ကျိရှောင်ယုကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီး ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။

နောက်ဆုံးတွင် နဂါးနှင့်ရှုကျင်ကို ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူကခေါ်သွားခဲ့ပြီး သာမန်လူများအားလုံးလည်း အောင်ပွဲခံလိုက်ကြ၏။

နောက်ရက်များတွင် ကုအန်နှင့် ကျိရှောင်ယုတို့ မြို့ထဲတွင်လျှောက်သွားခဲ့ကြသည်။ သူတ့်ို ရှောင်ချွမ့်ဆီပင် ရောက်ခဲ့ကြသေးသော်လည်း ဝင်မတွေ့ခဲ့ဘဲ ခေါင်မိုးပေါ်မှသာ ကြည့်ရှုခဲ့ကြသည်။

ယခုအခါ ရှောင်ချွမ်သည် မိသားစုတစ်ခုနှင့် အခြေတကျဖြစ်နေပြီဖြစ်ကာ သူ့ဘ၀က လုံး၀ပြည့်စုံနေခဲ့၏။

မြို့ထဲတွင် ၂ရက်နေပြီးနောက် သူတိုအခြားနေရာများဆီ အလည်သွားခဲ့လေသည်။

လ၀က်ခန့်လျှောက်သွားပြီးမှသာ ကျိရှောင်ယု၏လိုအင်ပြည့်၀သွားခဲ့၏။

ကုအန်၏အဖော်ပြုမှုနှင့်အတူ သူမ သေမျိုးဘ၀ကို လေ့လာခွင့်ရခဲ့ပြီး ကုအန်ကလည်း သူ့အတွေ့အကြုံများနှင့် သူမသံသယများကိုဖြေရှင်းပေးခဲ့ပြီး သူမအတွက် အတော်လေးအကျိုးရှိသွားစေခဲ့သည်။

အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

နွေရာသီနှောင်းပိုင်းတွင်

ကုအန် ယန်ကျင်းကို အမတရှာဖွေကျွန်းဆီ ခေါ်လာခဲ့သည်။

ကုအန် ကမ္ဘာခြားနတ်နယ်မြေဆီသွားပြီးကတည်းက အမတရှာဖွေကျွန်းက ကျူးကျော်တာမခံရတော့ပေ။ တစ္ဆေများက ပင်လယ်ပြင်တွင်ရှိနေသေးသော်လည်း ကုန်းမြေပေါ်ကိုတော့ အနည်းငယ်သာ ရောက်လာကြတော့၏။

မြို့ထဲသို့ရောက်သည်နှင့် ကျင့်ကြံသူများ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းမှ တိုက်ပွဲများအကြောင်း ဆွေးနွေးနေသည်ကို ကုအန်တို့ကြားလိုက်ရသည်။

ဤတိုက်ပွဲသည် ဖြစ်ပွဲနေတာ ၁နှစ်ကျော်ပြီဖြစ်ပြီး ရှန်ရှင်းကျိကလည်း ပင်လယ်ဗုဒ္ဓဂိုဏ်းကို ကိုယ်စားပြုပြီး ထိုတိုက်ပွဲ၌ ပါ၀င်နေခဲ့၏။

“အဲ့ဒီကမ္ဘာခြားနတ်အာဃာတတစ္ဆေတွေက တကယ်ဒုက္ခပေးလွန်းတယ် သူတို့က သေလည်းမသေဘူး ဖျက်ဆီးလို့လည်းမရဘူး”

“ပြောကြတာတော့ ဒီနှစ်တွေအတွင်း ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းမှာ ကြွေလွင့်သွားတဲ့ အချုပ်အနှောင်မဲ့အမတ ၁ထောင်လောက်ရှိပြီတဲ့ အဲ့အဆင့်အောက်က သေသွားတဲ့သူတွေဘယ်လောက်များလဲကတော့ ကောင်းကင်ပဲသိလိမ့်မယ်”

“ကြွေလွင့်သွားတာက ကြောက်စရာမဟုတ်ပါဘူး တကယ်ကြောက်စရာက အာဃာတတစ္အေဖြစ်ပြန်ပြောင်းသွားပြီး ငါတို့ကို ပြန်တိုက်ခိုက်မှာကိုပဲ”

“ငါတို့ဒီကပ်ဘေးကို ဘယ်လိုဖြေရှင်းရမလဲ ဘယ်သူသိမှာလဲ”

“ပင်လယ်ဗုဒ္ဓဂိုဏ်းကတော့ အဲ့ဒီတစ္ဆေတွေကို သုတ်သင်နိုင်စွမ်းရှ်ိတယ် ဒါပေမယ့် သူတို့ကလူနည်းနည်းပဲပို့ခဲ့တာ အဲ့ဒီထဲမှာ ကြောက်စရာအကောင်းဆုံးဘုန်းကြီးက ရှန်ရှင်းကျိတဲ့ သူကအခု ကျိန်စာတစ်ခုနဲ့ရင်ဆိုင်နေရတယ် သူ့ကံကြမ္မာဘယ်လိုဖြစ်သွားမလဲ ဘယ်သူသိမှာလဲ”

ရှန်ရှင်းကျိနာမည်ကိုကြားသောအခါ ယန်ကျင်း ကုအန်ကိုကြည့်လိုက်မိသည်။

ကုအန်သူ့အတွေးကို သိနေဟန်ဖြင့် အသံကူးပြောင်းလိုက်၏။ “ဟုတ်တယ် ဆေးတောင်ကြားကိုလာသွားတဲ့ အဲ့ဒီဘုန်းကြီးပဲ”

ယန်ကျင်း ရှန်ရှင်းကျိက သာမန်မဟုတ်မှန်းသိနေသော်လည်း အခုလောက်နာမည်ကြီးနေမည်လို့တော့ ထင်မထားခဲ့ပေ။

မကြာခင်တွင် ဟူရှောင်ကျင်းသူတို့ဆီရောက်လာပြီး နှုတ်ဆက်လိုက်ကာ ထုံးစံအတိုင်းဆေးပင်များ၀ယ်ယူဖို့ ခေါ်သွားခဲ့၏။

“စီနီယာ ကျွန်တော်ကြားတာတော့ ထန်ဟိုင်နဲ့ အခြားသူတွေ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းမှာ အန္တရာယ်ကြုံခဲ့ရတယ်တဲ့ သူတို့ကံကြမ္မာကတော့ မရှင်းလင်းဘူး…” ဟူရှောင်ကျင်း သတိထားနေဟန်ဖြင့် ပြောလိုက်သည်။

ကုအန်ခပ်အေးအေးပြန်ပြောလိုက်၏။

“လူတိုင်းမှာ သူတို့ကိုယ်ပိုင်ကံကြမ္မာတွေရှိကြတယ် မတူညီတဲ့ရွေးချယ်မှုတွေက ကွဲပြားတဲ့ကံတရားတွေဆီ ဦးတည်သွားစေတာ အမတတွေအနေနဲ့ သူတို့ကြိုပြင်ဆင်ထားပြီးသား ဖြစ်မှာပါ”

ဟူရှောင်ကျင်း ခေါင်းညိတ်လိုက်ကာ အာဃာတတစ္ဆေဘုရင်များ၏ ခွန်အားအကြောင်း တွေးတောနေခဲ့သည်။

လတ်တလောတွင် ဆရာသခင်ဓားအရှင်မှလွဲပြီး ဘယ်သူမှ ထိုတစ္ဆေဘုရင်များကို တစ်ယောက်ချင်းမဖိနှိပ်နိုင်ကြသေးပေ။

ဆရာသခင်ဓားအရှင်က ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းတိုက်ပွဲတွင် ဝင်မပါသော်လည်း အာဃာတတစ္ဆေများ‌နည်းပါးသွားမှုနှင့် တစ္ဆေဘုရင်များ ပြန်ဆုတ်သွားခြင်းက ဆရာသခင်ဓားအရှင်နှင့် သက်ဆိုင်နေရမည်ဟု လူတိုင်းက ယုံကြည်နေကြသည်။

ကုအန် တိတ်တဆိတ်သာနေခဲ့ပြီး ယန်ကျင်းက ဟူရှောင်ကျင်းနှင့်စကားပြောနေခဲ့၏။

“စကားမစပ် ပင်လယ်ပြင်မှာ အခုတလောနာမည်ကြီးနေတဲ့ အနောက်အရပ်သို့ခရီးသွားခြင်းဆိုတဲ့ စာအုပ်ရှိတယ် စီနီယာတို့ဖတ်ပြီးပြီလား”

ဟူရှောင်ကျင်းရုတ်တရက် သတိရသွားဟန်ဖြင့် မေးလိုက်သည်။

ယန်ကျင်းခေါင်းညိတ်လိုက်ကာ

“ဖတ်ပြီးပါပြီ ဘာဖြစ်လို့လဲ”

သူစိတ်ထဲလည်း ခံစားသွားခဲ့ရသည်။ သူ့ဆရာသည် ကျင့်ကြံခြင်းတွင်သာ နက်နဲရုံမကဘဲ စာအရေးအသားတွင်လည်း တော်လွန်းလှပြီး သူ့စာအုပ်က ထိုမျှဝေးသောနေရာအထိပါ ပျံ့နှံ့နေခဲ့သည်။

ကုအန်လည်း အံ့အားသင့်သွားပြီး ကြိတ်၍ တွက်ချက်လိုက်၏။ ထိုအဖြစ်အပျက်တွင် သူ့စာအုပ်ကို ကြော်ငြာပေးနေရာ၌ ကြယ်ပင်လယ်အဖွဲ့အစည်းက အဓိကနေရာကပါ၀င်နေပြီး ကူညီနေသူနောက်တစ်ယောက်လည်း ရှိနေသေးကာ ထိုလူက ရှန်ရှင်းကျိဖြစ်သည်။

စိတ်၀င်စားစရာပဲ!

ကုအန် သူ့ကိုယ်သူကာကွယ်နေနိုင်ပြီဖြစ်သောကြောင့် ပြဿနာဖြစ်မှာတော့ မကြောက်တော့ပေ။

ဒါပေါ့ သူ့ကိုဘယ်သူမှလာမနှောင့်ယှက်ရင်တော့ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဟူရှောင်ကျင်း စာအုပ်ကိုထုတ်ကာ ထိုစာအုပ်ကို ပင်လယ်ပြင်ရှိဂိုဏ်းပေါင်းများစွာက ချီးကျူးနေကြောင်း ပြောပြခဲ့၏။

တံခါးပိတ်ကျင့်ကြံခြင်း၀င်သွားတာ ကြာပြီဖြစ်သောကျင့်ကြံသူများမှ လွဲ၍ ပင်လယ်ပြင်ရှိကျင့်ကြံသူအတော်များများက ထိုစာအူပ်ကိုဖတ်နေခဲ့ကြသည်။

အချို့က ဤစာအုပ်ထဲရှ်ိ အမတကျင့်ကြံခြင်းကမ္ဘာက စိတ်ကူးယဉ်ဆန်လွန်းသည်ဟု ခံစားကြရပြီး အချို့ကတော့ ထိုစာအုပ်သည်လက်တွေ့ကိုထင်ဟပ်နေသည်ဟုပြောကြပြီး အချို့ကတော့ ထိုစာအုပ်သည် သမိုင်းစာအုပ်တစ်အုပ်ဟုပင် ပြောနေခဲ့ကြ၏။

နတ်ဘုရားတို့၏ရာထူးများကတော့ အနောက်အရပ်သို့ခရီးသွားခြင်းလောက် မကျော်ကြားသော်လည်း ဟူရှောင်ကျင်းလို စိတ်၀င်စားသူများကတော့ နတ်ဘုရားတို့၏ရာထူးများကိုပါ ရှာဖတ်ခဲ့ကြသည်။

နှစ်နာရီခန့်ကြာမှ ဆရာတပည့်၂ယောက် အဓိပတိဂိုဏ်းဆီပြန်လာခဲ့ကြသည်။

တောအုပ်ကိုဖြတ်သွားနေရင်း ယန်ကျင်း စကား‌များနေခဲ့၏။

“ဆရာ မမြဲသောထျန်းနဲ့ အာဃာတတစ္ဆေဘုရင်ကြားမှာ ဘယ်သူက ပိုသန်မာလဲ” ယန်ကျင်း စိတ်၀င်တစားမေးလိုက်သည်။

သူဟူရှောင်ကျင်းထံမှ ဆရာသခင်ဓားအရှင်သည် ကြယ်ပင်လယ်အဖွဲ့အစည်းထဲ၌ တစ္တေဘုရင်တစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရမှန်း ကြားခဲ့ရ၍ စိတ်၀င်စားနေခဲ့၏။

ဟူရှောင်ကျင်းသည် အဆင့်နိမ့်ကျင့်ကြံသူသာ ဖြစ်သောကြောင့် ဖြစ်ရပ်ကိူသာ သိခဲ့ခြင်းဖြစ်သည်။ ထိုတစ္ဆေဘုရင်၏နာမည်နှင့် ဆရာသခင်ဓားအရှင်ဘာလို့ လှုပ်ရှားလဲဆိုတာကို မသိခဲ့ပေ။

ယန်ကျင်း မမြဲသောထျန်း၏ နှောင့်ယှက်မှုကို မခံရတော့သော်လည်း သူ့စိတ်ထဲဖိအားကတော့ ရှိနေဆဲဖြစ်ကာ တစ‌်နေ့တွင်မမြဲသောထျန်းသူ့ဆီလာရှာလိမ့်မည်ဟု ထင်နေခဲ့သည်။

ကုအန် သာမန်အတိုင်းပြန်ဖြေလိုက်၏။

“မင်းဆရာလည်း သေချာမသိဘူး အနာဂတ်မှာမင်းသူ့ကိုရင်ဆိုင်ရရင် သိလိမ့်မယ်”

“အဲ့ဒီအနာဂတ်က စောမလာဖို့ ကျွန်တော်မျှော်လင့်ပါတယ်”

“သူ့ကျင့်ကြံခြင်းအဆင့်နဲ့ဆို သူပြောတဲ့ မကြာခင်ဆိုတာ နှစ်ရာချီ ထောင်ချီဖြစ်မှာပါ အရမ်းစိတ်ပူမနေနဲ့”

“ဟုတ်တယ် ကျွန်တော်အလေလိုက်နေလို့မဖြစ်ဘူး”

ယန်ကျင်းတက်ကြွနေခဲ့ပြီး သူ့တွင်အခြားမေးခွန်းတစ်ခုရှိနေသေးသော်လည်း သူမမေးချင်ခဲ့ပေ။

မေးခွန်းမှာ သူ့ဆရာက ဘယ်အဆင့်လဲဆိုတာသာဖြစ်၏။

သူ့ဆရာကို အချုပ်အနှောင်မဲ့အမတတစ်ပါးဟု ယူဆရသော်လည်း ဟူရှောင်ကျင်းပြောပုံအရ ဆရာသခင်ဓားအရှင်အလွယ်တကူရှင်းပစ်ခဲ့သော တစ္ဆေဘုရင်က အချုပ်အနှောင်မဲ့အမတ မဟုတ်နိုင်ခဲ့ပေ။

သူ့နောက်မေးခွန်းမှာ သူ့စီနီယာအစ်ကို ဘယ်အဆင့်ရောက်နေပြီလဲဆိုတာသာ ဖြစ်သည်။

သို့သော်လည်း ထိုမေးခွန်းများကို သူမမေးရဲခဲ့ပေ။

….

နန်းတော်ထဲတွင် အန်းဟောင် မျက်လုံးများဖြည်းဖြည်းချင်းပွင့်လာကာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်၏။

ထိုစဉ် ရုတ်တရက်ရေကန်ဘေးတွင် ပုံရိပ်တစ်ခုပေါ်လာခဲ့ပြီး ထိုပုံရိပ်က ချိကျူရှောင်သာဖြစ်သည်။

ချိကျူရှောင်အန်းဟောင်ကိုကြည့်ကာ အံ့အားသင့်သွားခဲ့၏။

“ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ၉ အထင်ကြီးစရာပဲကောင်လေး အသက်၁၀၀ကျော်လေးနဲ့ ဒီအဆင့်ရောက်နေတာ တကယ်ကြောက်စရာကောင်းတယ် ငါတို့ဂိုဏ်းက မင်းကိုအရင်းအမြစ်တွေအများကြီးပုံအောထောက်ပံ့နေတယ်ဆိုပေမယ့် မင်းကလည်း အကုန်လုံးကိုကောင်းကောင်းစုပ်ယူနိုင်တယ် အဲ့တာက မင်းပါရမီက ဒီကမ္ဘာမှာပြိုင်ဘက်ကင်းဆိုတာ ညွှန်ပြနေတယ်

အန်းဟောင်သူ့ကိုပြောလိုက်သည်။

“ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အထက်မှာ တစ်သားတည်းဖြစ်ခြင်းအဆင့်နဲ့ ဆန်းကြယ်နှလုံးသားအဆင့်ရှိသေးတယ် ပြီးမှ မဟာယနအဆင့်ကိုရောက်မှာ မဟာယနအဆင့်ကို နှစ်၅၀၀အတွင်း‌ေရာက်တာက မြန်တယ်လို့သတ်မှတ်လို့မရပါဘူး”

ချိကျူရှောင်မျက်လုံးလှန်ကြည့်လိုက်ကာ

“မင်းလက်ရှိအလျင်နဲ့ဆို နှစ်ငါးရာအတွင်းမဟာယနအဆင့်ရောက်ဖို့က အလွယ်လေးပါ မင်းနှစ်၅၀၀အတွင်း နိဗာနအဆင့်ကိုရောက်သွားမယ်လို့တောင် ငါသံသယရှိတယ် မင်းပင်ကိုယ်ပါရမီက စိတ်ကူးလို့တောင်မရဘူး”

သု့လေသံက အန်းဟောင်ပါရမီကိုအားကျနေသံများ ပါနေခဲ့သည်။

အန်းဟောင်ခေါင်းယမ်းကာ ပြောလိုက်၏။

“ကျွန်တော့်ဆရာမှာ နောက်တပည့်တစ်ယောက်ရှိသေးတယ် ဆရာပြောတာတော့ သူ့ပါရမီကလည်း ကျွန်တော့်အောက်မကျဘူးတဲ့ အရိုးသားဆုံးပြောရရင် သူကျွန်တော့်ကိုလိုက်မှီသွားမှာကို ကျွန်တော်ကြောက်နေမိတယ်”

ဆရာသခင်ဓားအရှင်အကြောင်းပြောသောအခါ ချိကျူရှောင်စိတ်၀င်စားသွားပြီး တင်ပလ္လင်ခွေထိုင်လိုက်ကာ

“မင်းဆရာကတကယ်ပဲ ဘယ်သူများလဲ သူကဘယ်ဂိုဏ်းကလဲ အဓိပတိဂိုဏ်းကလို့တော့မပြောနဲ့နော် ဒီလိုကျင့်ကြံခြင်းမျိုးနဲ့ဆို သူကချီကံကြမ္မာဂိုဏ်းတွေကမဟုတ်ရင် မြင့်မြတ်ခုံရုံးကပဲဖြစ်ရမယ်”

“ကျွန်တော်လည်း တကယ်မသိဘူး”

အကယ်၍ သူသိရင်လည်း ထုတ်ပြောမည်မဟုတ်ပေ။

ချိကျူရှောင် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့၀တ်စုံထဲမှ စာအူပ်များစွာထုတ်ကာ သူ့ကိုပေးလိုက်ပြီး ပြောလိုက်၏။

“အနောက်အရပ်သို့ခရီးသွားခြင်းကိုတစ်ချက်ကြည့်ကြည့် ဒါကလည်း အဓိပတိဂိုဏ်းကပ‌ဲ ဒီစာအုပ်က ပင်လယ်ပြင်မှာ အရမ်းနာမည်ကြီးနေတယ် အဲ့တာကြောင့် ငါတောင်အဓိပတိဂိုဏ်းကို နောက်တစ်ခေါက်လောက်ထပ်သွားချင်လာတယ်”

အနောက်အရပ်သို့ ခရီးသွားခြင်းလား!

အန်းဟောင်ထိုစာအုပ်ကိုကြားဖူးပြီး ရေးသားသူမှာ အဓိပတိဂိုဏ်းက ဖန်းအန်ဖြစ်၏။

ဖန်းအန်ဘယ်သူဆိုတာလဲ သူသိပြီး သူ့ဂျူနီယာညီမလေးပင် ထိုလူ့‌လက်အောက်တွင် ရှိ‌ေနေသေးသည်။

အန်းဟောင် သူနှင့်ကုအန်စတွေ့ခဲ့သည့် လုပိုင်ထျန်းအထွတ်အထိပ်သို့ ပြန်ရောက်စဉ်ကာလကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

သို့သော် ကုအန်၏ ပါရမီနှင့်ကျင့်ကြံခြင်းက သာမန်သာဖြစ်၏။ ထိုကဲ့သို့သော ပါရမီမျိုးဖြင့် ပင်လယ်ပြင်တွင် သူ့ဂုဏ်သတင်းကိုဖြန့်ကျက်နိုင်သော ဖန်းအန်မှာ အမှန်တကယ်ပင် အသိအမှတ်ပြုလောက်စရာ ကောင်းနေခဲ့လေသည်။

အပိုင်း(၂၈၂)

ကံကြမ္မာ

ကုအန်ယန်ကျင်းနှင့် တတိယတောင်ကြားသို့ ပြန်ရောက်သောအခါ အပေါ်ထပ်တန်းတက်မသွားဘဲ အန်းရှင်းကိုရှာကာ လိုအပ်သည်များကို စီစဉ်ပေးပြီး ကျင့်ကြံခြင်းအရင်းအမြစ်များ ပေးခဲ့၏။

အန်းရှင်း၏သက်တမ်းအကန့်အသတ်သည် ၂၃၀ ဖြစ်သောကြောင့် သူမစည်းကိုချိုးဖျက်ရန် နှစ်ပေါင်းများစွာ ကျန်နေသေးသည်။

ဤနှစ်များအတွင်း ကုအန်သူမကို ဆေးပေါင်းများစွာပေးထားသောကြောင့် သူမစည်းကိုချိုးဖျက်ပါက သူမကျင့်ကြံခြင်းသည် ရီလန့်ကိုပင် ကျော်လွန်သွားနိုင်ပေသည်။

“ဆရာ ဒီနှစ်တွေအတွင်း ကျွန်မအစ်ကိုအန်းဟောင်အကြောင်း သတင်းကြားမိသေးလား” အန်းရှင်းရုတ်တရက်မေးလိုက်၏။

သူမနှင့် အန်းဟောင်မ‌ေတွ့ရတာကြာပြီဖြစ်သော်လည်း သူတို့နှစ်ယောက်သည် ကလေးဘ၀ကတည်းက အတူတူကြီးပြင်းလာကြသူများဖြစ်သောကြောင့် သူတို့ကြားဆက်ဆံရေးက စိမ်းကားမသွားခဲ့ပေ။

သူမနှင့်အန်းဟောင်သည် အနာဂတ်တွင် မတူညီသောကမ္ဘာများတွင် နေထိုင်ရမည်မှန်း သူမသိပါသော်လည်း အန်းဟောင် အန္တရာယ်ကင်းရဲ့လားဆိုတာ သူမစိတ်မ၀င်စားဘဲ မနေနိုင်ခဲ့ပေ။

ကုအန်စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

“သူကအဆင်ပြေနေပါတယ် အခုဆို ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ အသန်မာဆုံး ပါရမီရှင်တောင်ဖြစ်နေပြီး နောက်ပြီး အံ့ဩစရာကောင်းတဲ့ ကမ္ဘာဦးမီးတောက်ခန္ဓာကိုကျင့်ကြံထားတယ်”

ဤသတင်းအချက်အလက်များကို သူ့ကိုလုပိုင်ထျန်းပြောပြပြီးသားဖြစ်သောကြောင့် ထိုသတင်းများကိုပြောခြင်းက သူ့ကျင့်ကြံခြင်းစနစ်ကိုပေါ်သွားစေမည် မဟုတ်ပေ။

အန်းရှင်းသေချာနားထောင်နေပြီး သူမမျက်နှာပေါ် တောက်ပသောအပြုံးတစ်ပွင့်ပွင့်လန်းလာခဲ့သည်။

သူမအန်းဟောင်အပေါ် မနာလိုစိတ်လည်းနည်းနည်းလေးမှမဖြစ်ခဲ့ပေ။ သူမနှင့်အန်းဟောင်သည် အမတလမ်းစဉ်ကို အတူတူစတင်ခဲ့ကြသူများဖြစ်သော်လည်း သူတို့ကြားကွာဟချက်က အလွန်ကြီးမားလွန်းလှသည်။ တစ်ခါတရံဆိုလျှင် သူမအန်းဟောင်ကို တကယ်သိရဲ့လားလို့တောင် သံသယဖြစ်မိပြီး တောင်ကြားတွင်လည်း သူမနှင့်အန်းဟောင်သိကြောင်း ဘယ်သူ့ကိုမှ ပြောမပြခဲ့ပေ။

ယခုအခါ ကိစ္စအားလုံးကအဆင်ပြေနေသည်ဖြစ်ပြီး သူမအမတလမ်းစဉ်ကို ဆက်လက်မလျှောက်လှမ်းနိုင်ရန် မျှော်လင့်ချက်မရှိတော့သော်လည်း သူမဘ၀က အပူအပင်မဲ့ကာ စိတ်၀င်စားစရာကောင်းနေခဲ့သည်။

ကုအန် ပြောပြီးသောအခါ အန်းရှင်းသူမပါးနှစ်ဖက်ကိုအုပ်၍ ရယ်မောလိုက်ကာ

“ကျွန်မအစ်ကိုကတကယ်အထင်ကြီးစရာပဲ အနာဂတ်မှာ သူဘယ်လိုကြီးမြတ်တဲ့ပုံရိပ်တစ်ခုဖြစ်လာမလဲဆိုတာကိုတောင် တွေးရခက်တယ်”

ကုအန်ပြုံး၍ ပြောလိုက်သည်။

“ဒါဆို သူ့ကိုအနာဂတ်မှာတွေ့ရဖို့ ကြိုးစားပြီးကျင့်ကြံ”

ထို့နောက် သူမစိတ်ဝိညာဉ်ကြွက်ဖြူအကြောင်း မကျေနပ်ဟန်ဖြင့် တိုင်ကြားခဲ့၏။

စိတ်ဝိညာဉ်ကြွက်ဖြူသည် သန်မာလာသည်နှင့်အမျှ သူမထိန်းချုပ်ရန်ခက်လာပြီး ယခုအခါ ထိုကောင်က ကုအန်စကားကိုသာ နားထောင်တော့သည်။ ဆေးတောင်ကြားထဲတွင် သူကဘုရင်လုပ်နေပြီး မကြာခဏဆိုသလို တပည့်များကိုလည်း လှည့်စားကာ ကစားတတ်သေးသည်။

ဒါပေါ့ သူကတပည့်များကို စနောက်ရုံသာဖြစ်ပြီး အန္တရာယ်တော့မဖြစ်စေခဲ့ပေ။ ထို့ကြောင့်လည်း ကုအန်သူ့ကိုအပြစ်မပေးခြင်းဖြစ်၏။

တစ်ခါက စိတ်ဝိညာဉ်ကြွက်ဖြူ အန်းရှင်းကိုမတော်တဆဒဏ်ရာရအောင် လုပ်ခဲ့မိပြီး ထိုစဉ်က ကုအန်သူ့ကို အပြစ်ပေးပြီးကတည်းက သူထိုလုပ်ရပ်မျိုး နောက်တစ်ခါမလုပ်ရဲတော့ပေ။

ထို့နောက် ကုအန် အန်းရှင်းနှင့် ဆေးတောင်ကြားကဘာမဟုတ်သော ကိစ္စလေးများအကြောင်း ပြောဆိုနေခဲ့ကြ၏။ သူသည် နေ့တစ်၀က်ကို ကမ္ဘာရေးရာကိစ္စများ ဆွေနွေးပြောဆိုကာ အချိန်ကုန်စေခဲ့ပြီး နောက်နေ့တစ်၀က်ကို အန်းရှင်းနဲ့ ဆေးတောင်ကြားက အတိုအထွာလေးများအကြောင်းပြောနေသည်မှာ ရယ်စရာတော့ကောင်းသည်ဟု ခံစားလိုက်ရသည်။

အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့၏။

ဆောင်းဦးလေက ဆေးတောင်ကြားတွင် တိုက်ခတ်နေခဲ့သည်။

အိမ်ထဲ၌

ကုအန်ကုလားထိုင်ကိုမှီကာ လက်ထဲရှိစာအုပ်ကိုဖတ်ရှုနေခဲ့သည်။ ထိုစာအုပ်က အဆောင်များအကြောင်းဖြစ်၏။ ယခုအခါ သူတာအိုမှော်သိုင်းများအကြောင်းဖတ်ရှုနေပြီဖြစ်ပြီး သူ့ကျင့်ကြံခြင်းအဆင့်နှင့်ဆိုပါက ထိုအရာများက သူ့အတွက် ရိုးရှင်းလွန်းနေခဲ့သည်။

သူဖတ်နေရသည့်အကြောင်းအရင်းကတော့ သူဖတ်နေပြီး တစ်ခုခုကိုနားလည်သွားလျှင် ပျော်စရာကောင်း၍ ဖြစ်၏။

ရုတ်တရက် ကုအန်မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

လီယ ကမ္ဘာခြားနတ်မြို့တော်စွမ်းအားကို အလွန်အကျွံအသုံးပြုနေခဲ့ချေပြီ။

လီယက ကြယ်ပင်လယ်အဖွဲ့အစည်းမှာ ကျင့်ကြံနေတာမဟုတ်ဘူးလား!

ကုအန်ချက်ချင်း မျက်စိမှိတ်၍ နတ်အာရုံသုံးကာ ရှာလိုက်သောအခါ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲ၌ တစ္ဆေဘုရင်၏ ဖိနှိပ်မှုကိုခံထားရသော လီယကိုတွေ့လိုက်ရသည်။

ထိုနေရာတွင် လီယတစ်ယောက်တည်းသာမဟုတ်ဘဲ အခြားဂိုဏ်းများမှလူများလည်း ရှိနေခဲ့၏။

အကယ်၍ လီယတွင် ကမ္ဘာခြားနတ်မြို့တော်ကိုပိုင်ထားသည်ဆိုလျှင်တောင်သူက တစ္ဆေဘုရင်၏ပြိုင်ဘက်တော့ ဟုတ်မနေခဲ့ပေ။

ကုအန်ဝင်ပါဖို့ ဆန္ဒမရှိဘဲ လီယမသေသေးသရွေ့ သူ၀င်ပါမည်မဟုတ်ပေ။ နောက်ဆုံးတွင် အမတကျင့်ကြံခြင်းကမ္ဘာထဲ၌ ရွက်လွှင့်ရာတွင် ဘယ်ခရီးက ချော‌မွေ့နေပါမည်နည်း။

ထို့နောက် သူ့အာရုံက နောက်ထပ်တည်ရှိမှုတစ်ခုဆီရောက်ရှိသွားခဲ့ပြီး သူကံတရား၏ ကြောက်မက်ဖွယ်စွမ်းအားကိုမအံ့ဩဘဲ မနေနိုင်တော့ပေ။

….

ကမ္ဘာခြားနတ်နယ်မြေထဲရှိ ကမ္ဘာငယ်လေးတစ်လုံးထဲတွင်

ကြက်သွေးရောင် ကောင်းကင်အောက်၌ ဖုန်မှုန့်များက နဂါးများ ဖီနစ်များလို ကမ္ဘာအနှံ့ပျံ့နှံ့နေကြပြီး အာဃာတတစ္ဆေများက အစုလိုက်အပြုံလိုက် ပျံသန်းနေကြရာ မြင်ကွင်းမှာ ကြက်သီးထစရာပင်။

အာဃာတတစ္ဆေဘုရင်တစ်ကောင် ကောင်းကင်ပေါ်တွင် မောက်မာစွာရပ်နေခဲ့ပြီး ထိုကောင်၏ မျက်နှာပေါ်တွင် အချိုးညီညီရှိနေသော သွေးကြောင်းကြီးများရှိနေကာ သူ့အဖြူရောင်ဆံပင်များက မီးတောက်များနှယ် ဝဲကျနေခဲ့သည်။ သူ့လက်ခြောက်ဖက်လုံးတွင် မတူညီသော လက်နက်ခြောက်မျိုးကိုကိုင်ဆောင်ထားပြီး လေထဲရှ်ိ မီတာတစ်ထောင်လောက်မြင့်သော တစ္ဆေသားရဲကြီးထိပ်တွင် ရပ်နေခဲ့၏။

ဤသားရဲကြီးသည် လေပေါ်တွင် ပေါလောပေါ်နေကာ သူ့ကိုယ်က ကျားနှင့်ခြင်္သေ့ပေါင်းထားသလိုဖြစ်ပြီး သူ့ခေါင်းက ကျားသစ်ခေါင်းဖြစ်ကာ အမြှီးသုံးချောင်း ပါရှိပေသည်။

အာဃာတတစ္ဆေဘုရင်၏အကြည့်က ဖုန်မှုန့်များဖြင့် ပြည့်နေသော မြို့ကြီးတစ်မြို့ဆီရောက်နေပြီး ထိုမြို့က ကမ္ဘာခြားနတ်မြို့တော်သာ ဖြစ်၏။ မိုင်တစ်ရာခန့်ရှိသော မြို့ကြီးသည်အာဃယတတစ္ဆေများကို တားဆီးခုခံထားခဲ့ပြီး မြို့ထဲတွင်ကျင့်ကြံသူထောင်ချီက ဒေါသ ကြောက်ရွံ့မှု အမုန်း အစရှိသောမျက်လုံးများဖြင့် အပြင်ကိုကြည့်ရှုနေခဲ့ကြသည်။

မြို့၏အမြင့်ဆုံးမျှော်စင်ပေါ်တွင်တော့ အနက်ရောင်၀တ်စုံ၀တ် လီယရှိနေပြီး သူ့ပုခုံးပေါ် အနက်ရောင် အမတစိတ်ဝိညာဉ်က ရပ်နေခဲ့၏။

လီယမျက်ခုံးများတွန့်ကွေးသွားကာ သူ့အမူအရာ တည်သွားခဲ့သည်။

“ကမ္ဘာခြားနတ်မြို့တော်က တကယ်ကြီး နတ်အသွင်ပြောင်းခြင်းအဆင့်လေးတစ်ယောက်လက်ထဲ ကျရောက်သွားတာပဲ ကောင်လေး မင်း၀န်ပိလာသလိုမခံစားရဘူးလား မင်းအားနည်းတဲ့ခန္ဓာကိုယ်လေးက ဘယ်လိုလုပ်နတ်မြိ့့တော်ရဲ့ စွမ်းအားကို ခံနိုင်မှာလဲ”

တစ္ဆေဘုရင် လှောင်ပြောင်လိုက်လေသည်။ သူ့အမည်က ကျန်းလျူတောက် ဖြစ်ပြီး သူ့ကောင်းကင်ဈာန်အမတအဆင့် ၉ နှင့်ဆိုပါက လီယက သူ့အတွက်ပုရွက်ဆိတ်လေးတစ်ကောင်နှင့် မခြားပင်။

ထိုစကားများကို လီယမတုန့်ပြန်ခဲ့ပေ။ ယခုအချိန်တွင် ငြင်းခုန်နေခြင်းက အလကားဖြစ်ပြီး ဒီကပ်ဘေးကဘယ်လိုအသက်ရှင်ရမလဲဆိုတာကသာ အရေးကြီးသောအရာ ဖြစ်၏။

သူ့အင်္ကျီလက်အိုးထဲရှ်ိ လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း လီယ နှာခေါင်းမှ သွေးများလျှံကျလာခဲ့သည်။

မြို့ထဲရှ်ိ ကျင့်ကြံသူများလည်း ထိုအဖြစ်ကို သတိထားမိလိုက်ကြပြီး ထိုထဲ၌ လမ်းပေါ်တွင် တရားထိုင်နေသော ရှန်ရှင်းကျိလည်း ပါ၏။

ရှန်ရှင်းကျိ အဝေးရှ်ိ တစ္ဆေဘုရင်ကိုမြင်သောအခါ သူ့မျက်လုံးထဲ ခက်ခဲသည့်အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

လီယထံမှ ဘာတုန့်ပြန်မှုမှမရသောအခါ ကျန်းလျူတောက် စိတ်အနှောင့်အယှက်ဖြစ်လာခဲ့၏။ ထိုအခါ သူ့ညာလက်တစ်ဖက်ကိုမြှောက်လိုက်ပြီး ထိုလက်တွင် အနက်ရောင်မြူများ၀န်းရံနေသော မှန်တစ်လက်ရှိနေခဲ့သည်။

ထို့နောက် မှန်ထဲမှ ကျန်းလျူတောက်နှင့်အရွယ်အစားတူသောသူတစ်ယောက် အလျင်အမြန်ထွက်လာခဲ့၏။

ထိုသူမှာ ဆံဖြူနှင့်လူတစ်ယောက်ဖြစ်သည်။

မြင်ကွင်း‌ေကြာင့် လီယမျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး နောက်ဆုံးတွင် သူ့မျက်လုံးထဲ ဒေါသများ ပြည့်နှက်လာခဲ့၏။

“မင်းသူ့ကို ပြောင်းရဲတယ်…”

လီယအံကိုကြိတ်ကာပြောလိုက်ပြီး သူ့‌မွှေးညှင်းပေါက်များမှပင် သွေးများထွက်လာခဲ့သည်။

“ကမ္ဘာခြားနတ်မြို့တော် အမတစိတ်ဝိညာဉ် မြို့တော်ကို စွမ်းအားအပြည့်သွင်းလိုက် ငါသူ့ကိုသတ်မယ်!”

လီယ စိတ်ထဲတွင် အော်ဟစ်နေခဲ့ပြီး သူ့ဒေါသကိုမထိန်းနိုင်တော့ပေ။

ဆံဖြူလူမှာ ကျန်းပုကူမှလွဲ၍ အခြားမဟုတ်ခဲ့ပေ။

ထိုအခိုက်တွင် ကျန်းပုကူသည် ကမ္ဘာခြားနတ်အာဃာတတ‌စ္ဆေအဖြစ်ပြောင်းလဲသွားပြီဖြစ်ပြီး သူ့အ၀တ်အစားများက စုတ်ပြဲနေကာ သူ့အမူအရာကအေးးစက်နေပြီး သူ့မျက်လုံးထဲ၌ ဘာခံစားချက်မှမရှိတော့ပေ။

ကျန်းလျူတောက် လီယဒေါသကိုမြင်သောအခါ အားရပါးရရယ်မောလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့မှာ ကမ္မတရားအချိတ်အဆက်တွေရှိနေတယ်ဆိုတာလောက်ပဲ ငါအာရုံခံမိတာ ဒီကောင်ကမင်းအတွက်ဒီလောက်အရေးပါမယ်လို့တော့ ထင်မထားမိဘူး ငါသူ့ကို ဆက်စောင့်ရှောက်ထားလိုက်ရင်ဘယ်လိုလဲ ဒါက အမတဖြစ်ဖို့ အခွင့်အရေးနော်”

လီယပြန်မဖြေခဲ့ဘဲ ထိုအစား သူ့ပုခုံးပေါ်ရှိ အမတစိတ်ဝိညာဉ်ကိုသာ အော်ဟစ်လိုက်၏။

“မင်းမကြားဘူးလား ငါသူ့ကိုသတ်ချင်တယ်!”

အမတစိတ်ဝိညာဉ်လည်း ကြောက်လန့်သွားပြီး စွမ်းအားကုန်ထုတ်လိုက်လေတော့သည်။

ဂျိန်း ဂျလိန်းးးး

ကမ္ဘာခြားနတ်မြို့တော်တုန်ရီလာကာ မြို့တော်ကိုကာကွယ်ပေးထားသော အလင်းလွှာမှ သက်တန့်ရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျန်းလျူတောက်ဆီ တိုး၀င်သွားလေတော့သည်။

အမြှီးသုံးချောင်းတစ္ဆေသားရဲ ကောင်းကင်လှုပ်သွားမတတ် ကြမး်ကြုတ်စွာ ဟိန်းဟောက်လိုက်ကာ ကမ္ဘာခြားနတ်မြို့တော်၏စွမ်းအားကို အတင်းအကြပ်တားဆီးလိုက်၏။

လီယသွေးတစ်လုပ်အန်ထုတ်လိုက်ရကာ သူ့မျက်လုံးများမှလည်း သွေးများစီးကျလာခဲ့သည်။ သူ့အံကိုတင်းတင်းကြိတ်ထားလိုက်ကာ ပြောလိုက်သည်။

“ဆက်လုပ်!”

အမတစိတ်ဝိညာဉ်လည်း အနည်းငယ်တွန့်ဆုတ်သွားပြီးနောက် လက်ဟန်များပြုလုပ်လိုက်ရာ စွမ်းအားများထပ်မံပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အမြှီးသုံးချောင်းတစ္ဆေသားရဲ၏ ဟိန်းသံကိုကျော်လွန်ကာ သူတို့ဆီပိုနီးကပ်လာခဲ့၏။

ကျန်းလျူတောက် နောက်ဆုတ်ပေးလိုက်ရပြီး စိတ်၀င်စားလာခဲ့သည်။

လီယ ဒွာရ၇ပေါက်လုံးမှ သွေးများထွက်နေပြီး သူ့ကျောရိုးလည်း ကွေးနေသော်လည်း သူ့အကြည့်များက ကောင်းကင်ရှိ ကျန်းလျူတောက်ဆီသို့သာ ရောက်နေဆဲဖြစ်ပြီး ထိုကောင့်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေခဲ့၏။

“အောမိတောဖော ဒကာလေးလီ အားစိုက်ထုတ်နေစရာမလိုတော့ပါဘူး အခုလိုလုပ်နေတာက အသုံးမဝင်ဘဲဖြစ်သွားလိမ့်မယ်”

ရှန်ရှင်းကျိ၏ လေးနက်လှသောလေသံက ကောင်းကင်တစ်ခွင့်ပြန့်လွင့်သွားခဲ့သည်။

ထို့နောက် ရွှေရောင်အလင်းတန်းများ ရှန်ရှင်းကျိကိုယ်ကိုလွှမ်းမိုးသွားခဲ့ပြီး သူ့ကိုယ်မှ ဗုဒ္ဓအလင်းရောင်များတောက်လာကာ သူ့လက်ထဲရှိ ပုတီးက အနီရောင်တောက်လာခဲ့၏။

လီယသူ့ကိုကြည့်ကာ မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

“ဒကာလေးလီ ဒကာလေးကငယ်ပါသေးတယ် ဒီနိမ့်ကျတဲ့ဘုန်းကြီးကပဲ စတေးပါရစေ အနောက်အရပ်သို့ခရီးသွားခြင်းထဲက ဗောတိဓမ္မပြောသလိုပေါ့ “ငါငရဲကိုမဝင်ရင် ဘယ်သူကဝင်မှာလဲ” မိတ်ဆွေဟောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ဒကာလေးရဲ့ ဆင်ခြင်တုံတရားကိုမဆုံးရှုံးလိုက်ရပါစေနဲ့ ဒကာလေးဒေါသတွေကို ရင်ထဲမှာသိမ်းထားပြီး တိုက်ခိုက်လိုစိတ်ဝိညာဉ်ကိုသာ လောင်စာပေးလိုက်ပါ”

ရှန်ရှင်းကျိ လေးလေးနက်နက်ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် သူကမ္ဘာခြားနတ်မြို့တော်ထဲမှ ထွက်သွားခဲ့၏။

ထို့နောက် သူ့ကိုယ်မှ ဗုဒ္ဓအလင်းရောင်များက ကျန်းလျူတောက်နှင့် တစ္ဆေသားရဲကိုဖုံးလွှမ်းသွားခဲ့သည်။

လီယနှင့်ကျင့်ကြံသူများမျက်လုံးများအောက်တွင် အလွန်ကြီးမားလှသော ပုံရိပ်ယောင်ပုတီးစေ့ကြီးတစ်လုံး ကောင်းကင်တွင်ပေါ်လာခဲ့ပြီး ထိုပုတီးစေ့က ကျန်းလျူတောက်နှင့်တစ္ဆေသားရဲကို သူ့အထဲ ဆွဲထည့်သွားခဲ့၏။

ထို့နောက် ဧရာမပုတီးစေ့ကြီးနှင့်အတူ ကျန်းလျူတောက်နှင့် တစ္ဆေသားရဲတို့လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ကမ္ဘာတစ်ခုလုံးရှိ အာဃာတတစ္ဆေများလည်း ရပ်တန့်သွားကြပြီးနောက် သူတို့လည်း ပျောက်ကွယ်သွားခဲ့ကြပြန်၏။

ထိုနောက်တွင်တော့ လီယ ဒူးထောက်ကာ ဖြည်းဖြည်းချင်း ခေါင်းငိုက်စိုက်ကျသွားခဲ့ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ကျန်း…မဖြစ်ရဘူး…”

သူ့စကားမ‌ဆုံးသေးခင်မှာပင် သူလဲကျသွားလေတော့သည်။

……

မှိန်ပြပြကမ္ဘာကြီး၏ ကမ်းခြေတစ်ခုတွင်

ကျန်းလျူတောက် ရှန်ရှင်းကျိကိုခေါင်းမှကိုင်၍ သဲသောင်ပြင်တစ်လျှောက် တရွတ်တိုက်ဆွဲလာခဲ့၏။ သူ ကမ္ဘာခြားနတ်သက်တမ်းကျောက်ပြားရှေ့ရောက်သောအခါ ရှန်ရှင်းကျိကို ပစ်ချလိုက်သည်။

သူမကျေမနပ်ပြောလိုက်၏။

“နယ်မြေသခင် ဘာလို့ကျုပ်ကို သူ့ကိုစားခွင့်မပေးတာလဲ သူက ပင်လယ်ဗုဒ္ဓဂိုဏ်းကမလို့လား နယ်မြေသခင်တကယ်ကြီးအဲ့လောက် ဂရုစိုက်နေစရာလိုလို့လား”

ကျောက်ပြားထဲမှ နယ်မြေသခင်၏အသံထွက်ပေါ်လာခဲ့သည်။

“သူ့မှာ ထင်ရှားတဲ့ကမ္မချိတ်ဆက်မှုတွေရှိနေတယ် မင်းသူ့ကိုသတ်လို့မရဘူး နောက်ပြီး မင်းကျန်းပုကူနဲ့ ကမ္မချိတ်ဆက်မှုရှ်ိတဲ့ ဘယ်သူ့ကိုမှလည်း သတ်လို့မရဘူး”

ကျန်းလျူတောက် ရုတ်တရက်ဒေါသပင်ထွက်သွားခဲ့ကာ မေးလိုက်၏။

“ဘာလို့လဲ”

“ကောင်းကင်ဖျက်ဆီးသူလို့ခေါ်တဲ့ တည်ရှိမှုတစ်ခုက ငါ့ကို ကျန်းပုကူကိုကာကွယ်ပေးဖို့ ကိုယ်တိုင်တောင်းဆိုထားခဲ့တယ်”

ထိုစကားကြောင့် ကျန်းလျူတောက် တိတ်ဆိတ်သွားခဲ့ရသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူဘာမှမပြောတော့ဘဲ ထွက်သာသွားခဲ့လိုက်၏။

သူထွက်သွားသည်နှင့် နယ်မြေသခင် ကျောက်ပြားထဲမှ ထွက်လာကာ ရှန်ရှင်းကျိကိုငုံ့ကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ကောင်းကင်မိစ္ဆာတစ်ကောင် ပြန်လည်မွေးဖွားလာတာတဲ့လား ပင်လယ်ဗုဒ္ဓဂိုဏ်းကတကယ်ပဲ ဘာလုပ်ဖို့ ကြံစည်နေတာလဲ”

ထို့နောက် သူညာလက်ကိုမြှောက်ကာ သူ့စွမ်းအားဖြင့် ရှန်ရှင်းကျိဒဏ်ရာများကို ကုသပေးလိုက်သည်။

ထိုစဉ်

ဆေးတောင်ကြားထဲ၌ ကုအန် နတ်အာရူံကိုပြန်ရုတ်လိုက်၏။ နယ်မြေသခင်သည် စဉ်းစားတွေးခေါ်တတ်သူဖြစ်ပြီး အကယ်၍ ထိုလူပြဿနာရှာရဲရင်တော့ ကုအန်ဘာဖြစ်ဖြစ် ၀င်ပါခဲ့ရလိမ့်မည်သာ။

သို့သော်လည်း ကျန်းပုကူ ကမ္ဘာခြားနတ်အာဃာတတစ္ဆေဖြစ်သွားခြင်းက ကုအန်ကို သက်ပြင်းချလိုက်မိစေခဲ့သည်။

သူကျန်းပုကူကို တစ်ချိန်လုံး စောင့်ကြည့်မနေနိုင်ခဲ့ဘဲ သူနောက်ဆုံးအကြိမ်စစ်ဆေးခဲ့စဉ်က ကျန်းပုကူသည် ကမ္ဘာခြားနတ်အာဃာတတစ္ဆေအဖြစ်ပြောင်းလဲခံခဲ့ရပြီ ဖြစ်၏။ ကံကောင်းစွာဖြင့် မျှော်လင့်ချက်ရောင်ခြည်လေးက ကျန်ရစ်နေခဲ့သေးသည်။

အကယ်၍ ကမ္ဘာခြားနတ်နယ်မြေသခင် သုတ်သင်ခံလိုက်ရလျှင်တော့ ကမ္ဘာခြားနတ်အာဃာတတစ္ဆေများက သူနှင့်အတူ ပျောက်ကွယ်သွားရပေလိမ့်မည်။ ထိုအရာက ယခုအခါ ကျန်းပုကူသည် နယ်မြေသခင်နှင့် ကံတရားခြင်းချိတ်ဆက်သွားပြီဟု ဆိုလိုနေခဲ့သည်။

All Chapters