အခန်း (၂၈၃-၂၈၄)
Vol. 22 Ch. 283-284
အပိုင်း(၂၈၃)
ညဏ်အလင်းပွင့်ဆရာသခင် ကုအန်
လီယနှင့်ကျန်းပုကူတို့ တွေ့ဆုံခဲ့တာ ၂နှစ်ပင် ကြာသွားခဲ့ပြီဖြစ်သည်။
ဤနှစ်များအတွင်း ပင်လယ်ပြင်က လှုပ်လှုပ်ရှားရှားရှိနေဆဲဖြစ်ပြီး မရေတွက်နိုင်သောကျင့်ကြံသူများ ပင်လယ်ချိုးဖြတ်အက်ကွဲကြောင်းထဲ ၀င်သွားကြပြီး အချို့က ကြောက်စရာကောင်းလောက်အောင် အဆင့်ချိုးဖြတ်နိုင်ခဲ့ကာ အချို့က နောင်တတရားဖြင့် သေဆုံးသွားခဲ့ကြသည်။
အဓိပတိဂိုဏ်းကတော့ အေးချမ်းနေဆဲသာဖြစ်ပြီး ဂိုဏ်းတပည့်များက ကြိုးစားကာ ကျင့်ကြံနေခဲ့ကြ၏။
ဆေးတောင်ကြားက နေ့ရက်များကတော့ ပို၍ပင် အေးချမ်းနေသေးသည်။
ထိုနေ့တွင် ကုအန် မနက်စောစောကတည်းက ဆန်းကြယ်တောင်ကြားသို့ရောက်နေကာ တစ်ယောက်ယောက်လာမှာကို စောင့်နေခဲ့၏။
မွန်းတည့်ခါနီးချိန်တွင် ၀တ်စုံနက်၀တ်ဆင်ထားသော
လီယ ကောင်းကင်မှဆင်းသက်လာကာ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူပြတင်းပေါက်မှကျော်၀င်မလာတော့ဘဲ ကုအန်၏အိမ်ပြတင်းပေါက်ကိုကြည့်ကာ ရှေ့ဆက်မသွားဘဲ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့၏။
မြေပြင်ပေါ် လှဲလျောင်းနေသော သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူ့ကိုထူးဆန်းသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူ့ခံစားချက်မကောင်းနေသည်ကို ကြည့်ရုံဖြင့်မြင်နိုင်ပြီး သူ့တည်ရှိမှုတစ်ခုလုံးက စိတ်ဓာတ်ကျဆင်းနေသလိုပင်။
“စီနီယာအစ်ကိုလီ ဘာလို့ရောက်လာတာလဲ” လုကျိကျားအမြန်ရောက်လာကာ စိတ်လှုပ်ရှားစွာ မေးလိူက်၏။
လီယလည်း ကြောင်အနေရာမှ နိုးထလာပြီး အားတင်း၍ပြုံးပြလိုက်ကာဖြေလိုက်သည်။
“မင်းတို့ စီနီယာအစ်ကိုကုကိုတွေ့ရအောင်ပါကွာ”
“စီနီယာအစ်ကိုကြီးက အပေါ်ထပ်မှာရှိတယ် ပုံမှန်ဆိုသူက ဆန်းကြယ်တောင်ကြားမှာအကြာကြီးနေလေ့မရှိဘူး ဒီနေ့တော့ မနက်ကတည်းကရောက်နေတာ အစ်ကိုလီကိုစောင့်နေတာပဲ ဖြစ်ရမယ်” လုကျိကျား ထင်ရာပြောလိုက်သည်။
သူလည်း လီယတစ်ခုခုမှားနေသည်ကို ခံစားမိသောကြောင့် စကားကိုထိန်းပြောနေခဲ့ရ၏။
လီယခေါင်းညိတ်ပြလိုက်ပြီးလှေကားပေါ်သို့ တက်သွားခဲ့လိုက်သည်။
ဒုတိယထပ်သို့ရောက်သောအခါ သူတံခါးကိုတွန်းဖွင့်လိုက်ပြီး အခန်းထဲ၀င်သွားခဲ့၏။
ကုလားထိုင်တွင်ထိုင်ကာ စာအုပ်ဖတ်နေသော ကုအန် လီယကိုတွေ့သောအခါ စာအုပ်ကိုချလိုက်ပြီး အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုလီ ဘာကိစ္စရှိလို့ရောက်လာတာလဲ”
ကုအန်ကိုကြည့်ကာ လီယမျက်လုံးများ ရုတ်တရက်နီရဲလာခဲ့၏။ ထို့နောက် သူစားပွဲတွင်၀င်ထိုင်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ အံကိုကြိတ်ထားလိုက်မိသည်။
ကုအန်အပြုံးလည်း ပျောက်ကွယ်သွားပြီး စိတ်သောကရောက်သွားဟန်ဖြင့် ပြောလိုက်၏။
“ဘာဖြစ်လို့လဲ ဘာဖြစ်လာခဲ့တာလဲ”
ကျန်းပုကူက တစ်ခါက ကုအန်သည် သူ့တစ်ဦးတည်းသော ဆွေမျိုးအကြီးအကဲဟုပြောခဲ့ဖူးသောကြောင့် လီယ ကုအန်အကြည့်ကို ရင်မဆိုင်ရဲခဲ့ပေ။
“ကျန်းပုကူ…”လီယ ခက်ခက်ခဲခဲစတင်လိုက်လေသည်။
“သူဘာဖြစ်လို့လဲ” ကုအန် ရုတ်တရက်မတ်တပ်ထရပ်လိုက်မိသည်။
လီယအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကျန်းပုကူဘာဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြလိုက်၏။
နားထောင်ပြီးသောအခါ ကုအန်လည်း လီယလိုစိတ်ဓာတ်ကျသွားဟန်ဖြင့် ခုံပေါ်ထိုင်ကျသွားခဲ့သည်။
“နေပါဦး အစ်ကိုပြောတာသူက ကမ္ဘာခြနတ်အာဃာတတစ္ဆေတစ်ကောင်ဖြစ်လာတယ်ဆို အဲ့တာဆိုသူကဒီမှာပဲရှိနေသေးတယ်လို့ ဆိုလိုတာမလား” ကုအန်တစ်ခုခုကိုတွေးမိသွားဟန်ဖြင့် အမြန်မေးလိုက်၏။
လီယ သူ့ဘက်ခေါင်းလှည့်လာကာ ဖြေလိူက်သည်။
“သူကဒီမှာရှိနေတုန်းပါပဲ ဒါပေမယ့် ကမ္ဘာခြားနတ်အာဃာတတစ္ဆေဖြစ်လာပြီးရင် သူက သူမဟုတ်တော့ဘူး သူကသက်ရှိတွေကို ဝါးမြိုဖို့ပဲသိတော့တဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ ဖြစ်လာတော့မှာ ဘယ်တော့မှလွတ်မြောက်တော့မှာမဟုတ်ဘူး…”
ကုအန် သူ့စကားကိုထောက်လိုက်၏။
“သူအဲ့လိုလုပ်နေတာကို အစ်ကိုမြင်ခဲ့ရလား”
လီယတခဏကြောင်အသွားပြီးနောက် ကုအန်ကိုပြန်ကြည့်လိုက်သည်။
ကုအန်အမူအရာကတည်ငြိမ်နေပြီး ပြောလိုက်၏။
“ပုကူက အမြဲတမ်းခက်ခဲကြမ်းတမ်းတဲ့ဘ၀မှာနေထိုင်ခဲ့ရတာ မိစ္ဆာမျိုးနွယ်ရဲ့ သွေးမျိုးဆက်တစ်၀က်ဆိုတဲ့ အမှိုက်ထုပ်ကြီးကိုသယ်ဆောင်ထားရပေမယ့် အခုထိ အသက်ရှင်နေနိုင်ခဲ့တယ် ဘာလို့သူဒီတစ်ကြိမ်မှာရော ကံဆိုးမှုကို ပြောင်းပြန်မလှန်ပစ်နိုင်ရမှာလဲ”
“ဒါပေမယ့်…”လီယ တွန့်ဆုတ်နေခဲ့သည်။
“စီနီယာအစ်ကို ဒီကိစ္စကအစ်ကို့အမှားမဟုတ်ပါဘူး ပင်လယ်ချိုးဖြတ်အက်ကွဲကြောင်းထဲ၀င်ဖို့ သူကိုယ်တိုင်ရွေးချယ်ခဲ့တာလေ ၀န်ထုပ်၀န်ပိုးအများကြီးဖြစ်မနေပါနဲ့ နောက်ပြီး သူအန္တရာယ်ကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ ကျွန်တော်ံယုံတယ်”
“ဂျူနီယာညီလေးကု ငါ…”လီယ စပြောလိုက်၏။
“အစ်ကို့ကို ကြည့်ပါဦး ပုကူအစ်ကို့ကို ဒီလိုပုံစံနဲ့မြင်ရင် သူရယ်နေမှာ သေချာတယ် အစ်ကိုတို့က သေခြင်းရှင်ခြင်းတွေကို အတူတူဖြတ်ကျော်ခဲ့ကြတဲ့ ညီအစ်ကိုတွေပဲမဟုတ်လား အစ်ကိုက သူ့ကိုသေစေချင်လို့လား အစ်ကိုသူ့ကို ယုံကြည်ရမယ်လေ သူကသေချာပေါက် ဒီအန္တရာယ်ကနေ လွတ်မြောက်လာနိုင်မှာ တကယ်လို အစ်ကိုကြိုးကြိုးစားစားကျင့်ကြံမနေရင် သူအစ်ကို့ကို ကျော်တက်သွားလိမ့်မယ် အန္တရာယ်တွေပြီးရင် ကံကောင်းခြင်းတွေလာတတ်တာကို သိတယ်မလား သူ့ကိုအထင်မသေးလိုက်နဲ့”
ကုအန်ပြုံးကာ စိတ်၀င်စားနေဟန်ဖြင့် ပြောလိုက်သည်။
ကုအန်သူ့ကိုနှစ်သိမ့်နေမှန်းသိသော်လည်း လီယ မတွေးဘဲ မနေနိုင်ခဲ့ပေ။ ကျန်းပုကူ အမှန်တကယ်ပင် လွတ်မြောက်လာနိုင်မည်လော။
ကုအန် သူ့ကိုသေချာထိုင်ဖို့ ပြောလိုက်ပြီးနောက် ဤနှစ်များအတွင်း သူ့အတွေ့အကြုံများကို စတင်မေးမြန်းလေတော့သည်။
လီယသူ့အတွေ့အကြုံများကို ပြောပြနေစဉ် ကုအန်ကလည်း မေးခွန်းများမေးကာ သူ့ကိုအာရုံလွှဲနေခဲ့သည်။ ကုအန်ထိုသို့ လုပ်နေလေလေ လီယပို၍ရှက်လာလေလေပင်။
ကျန်းပုကူက မရှ်ိတော့ပေ။ ဂျူနီယာညီလေးကုရင်ထဲက ပူဆွေးမှုကလည်း သူ့အောက်လျော့မှာမဟုတ်ပေ။ ထိုအချိန်တွင်တောင် ဂျူနီယာညီလေးကုက သူ့ကိုနှစ်သိမ့်ပေးနေခဲ့သေး၏။
ထိုအချိန်တွင် လီယ ပုခုံးပေါ်၌ အမတစိတ်ဝိညာဉ်ပေါ်လာခဲ့ပြီး လီယက ထိုအရာကို သတိမပြုမိခဲ့ပေ။ သူကုအန်ကို လူလိမ်ဟူသောပုံစံဖြင့် ကြည့်ရှုနေခဲ့သော်လည်း ထိုအဖြစ်အပျက်ကို လီယမသိခဲ့ပေ။
သူတို့ညီအစ်ကိုနှစ်ယောက် အချိန်အတန်ကြာ စကားပြောနေခဲ့ကြပြီး ညနေစောင်းချိန်ရောက်မှ လီယထရပ်လိုက်ပြီး ကုအန်ကိုပြောလိုက်သည်။
“ငါဒီတစ်ကြိမ်ပြန်လာတာဂျူနီယာညီလေးကုကို ဒီကိစ္စပြောပြဖို့ သက်သက်ပါပဲ ကျေးဇူးပါညီလေးကု ငါမျှော်လင့်ချက်ရှိနေသေးသရွေ့ လက်လျှော့မှာမဟုတ်ဘူး ကြိုးစားကျင့်ကြံပြီး အနှေးနဲ့အမြန် ကျန်းပုကူကို ရအောင်ကယ်တင်မယ်!”
သူ့မျက်လုံးထဲတွင်လည်း တက်ကြွသည့် အရိပ်အယောင်များပြန်ပေါ်လာခဲ့လေသည်။
ကုအန်လည်း သူ့ကိုအားပေးခဲ့လိုက်၏။
ထို့နောက်တွင်တော့ လီယထွက်ခွာသွားခဲ့သည်။
သူပြတင်းပေါက်မှခုန်မသွားဘဲ လှေကားမှသာ ဆင်းသွားခဲ့ခြင်းဖြစ်ပြီး ကုအန်သူ့ကို လိုက်မပို့ခဲ့ပေ။
လီယ သွေးအကျဉ်းထောင်မဟာသူတော်စင်ရှေ့ရောက်သောအခါ သူ့ကိုလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“နွားသိုးကြီး ငါဂရုစိုက်တဲ့လူတွေကို ဘယ်တော့မှအန္တရာယ်ထဲ မကျရောက်စေရတော့ဘူးလို့ ငါကျိန်ဆိုတယ် နောက်ပြီး မင်းသခင်ကိုရော ငါကာကွယ်မယ်!”
ပြောပြီးသည်နှင့် သူကောင်းကင်ပေါ်ခုန်တက်ကာ ပျောက်ကွယ်သွားခဲ့လေသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်မျက်လုံးလှန်ကြည့်လိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။
“ရူးနေတဲ့ကောင် ဘယ်သူကဘယ်သူ့ကိုကာကွယ်နေတာလဲ နောက်ပြီးမင်းကဘာလို့ငါ့ကိုလာပြောပြနေတာလဲ ငါကမင်းအဖေမလို့လား”
….
လီယထွက်သွားပြီး တစ်လကြာသွားပြီးသည့်နောက် နောက်လူတစ်ယောက်ရောက်ရှိလာခဲ့ပြန်သည်။
ထိုသူမှာ ကိုယ်တော်ရှန်ရှင်းကျိဖြစ်ပြီး သူတတိယတောင်ကြားသို့ ရောက်ရှိလာခဲ့၏။
သူတောင်ကြားအ၀င်၀သို့ရောက်သောအခါ တောင်ကြားထဲရှိတပည့်များသည် တံမြက်စည်းလှဲသည့်သူကလှဲ ရေလောင်းသူကလောင်း တရုတ်ကျားကစားသည့်သူကကစား အချင်းချင်းစနောက်ကျီဆယ်သူက ကျီဆယ် နေခဲ့ကြသည်။ထိုကဲ့သို့သော မြင်ကွင်းမျိုးကိုကြည့်ကာ သူငေးမောနေခဲ့မိသည်။
အရာအားလုံးက အလွန်ဟန်ချက်ညီနေပုံပင်။
အကြောင်းပြချက်အချို့ကြောင့် သူဤနေရာသို့ပြန်ရောက်လာသည်နှင့် စိတ်အေးသွားသလိုခံစားလိုက်ရကာ သူ့နှလုံးသားထဲ ညှို့မှိုင်းနေမှုများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူတောင်ကြားထဲ၀င်သွားခဲ့၏။
မကြာခင်တွင်သူမယုယင်ယင်ကို မြင်သွားခဲ့လေသည်။ ယုယင်ယင်သူ့ကိုတွေ့သည်နှင့် အလိုလိုရှောင်ဖို့ ကြိုးစားလိုက်ချိန်တွင် သူရပ်ပေးဖို့ လှမ်းပြောလိုက်၏။
ရှန်ရှင်းကျိသူမနားသို့ လေးနက်သော အမူအရာဖြင့် ချဉ်းကပ်သွားခဲ့သည်။
ယုယင်ယင်ကြောက်လန့်တကြားမေးလိုက်၏။
“ရှင်ဘာလိုချင်လို့လဲ ကျွန်မဘယ်သူ့ကိုမှ အန္တရာယ်မပေးဖူးဘူးနော်!”
ရှန်ရှင်းကျိမျက်လုံးမှိတ်လိုက်ကာ ပြောလိုက်သည်။
“အောမိတောဖော ဒကာမလေး ဒီဘုန်းကြီးကတောင်းပန်ဖို့ လာခဲ့တာပါ ကိုယ်တော်ခေါင်းမာပြီး အလောတကြီးဆုံးဖြတ်ချက်ချခဲ့မိတယ် ကိုယ်တော်တောင်းပန်ပါတယ် ကိုယ်တော်နောက်ဆို ဒကာမလေးကို မနှောင့်ယှက်တော့ပါဘူး”
ထို့နောက်သူလက်အုပ်ချီ၍ ဦးညွတ်ကာ တောင်းပန်လိုက်လေသည်။
ယုယင်ယင်ကတော့ ကြောင်အနေခဲ့၏။
သူမဘာမှမမေးနိုင်ခင်တွင် ရှန်ရှင်းကျိလှည့်ထွက်သွားခဲ့သည်။
သူ့ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ကာ ယုယင်ယင်ခပ်တိုးတိုးရေရွတ်လိုက်၏။။
“သူဒီနှစ်တွေထဲ ဘာတွေကြုံတွေ့ခဲ့ရတာလဲ သူ့ကြည့်ရတာ စိတ်ဓာတ်ကျနေသလိုပဲ”
သူမသည် ရှန်ရှင်းကျိကို ကြောက်ရွံ့ပါသော်လည်း သူ့ဆီမှ အခုလိုစကားမျိုးကြားလိုက်ရသည့်အခါ ပျော်ဖို့ထက် စာနာသနားသွားမိသည်။
ထို့နောက် ခေါင်းယမ်းလိုက်ကာ ထပ်မတွေးတော့ဖို့သာ ဆုံးဖြတ်လိုက်၏။
ဘာပဲဖြစ်ဖြစ် သူမထိုဘုန်းကြီးနှင့် ခပ်ဝေးဝေးတွင် နေရပေလိမ့်မည်။ အကယ်၍ ထိုဘုန်းကြီး နောက်တစ်ကြိမ်ထပ်ပြီး စိတ်ဖောက်လာလျှင်မည်သို့လုပ်မည်နည်း။
ရှန်ရှင်းကျိ ကျားကစားသော နေရာသို့ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင်တပည့်များ စုဝေးနေကြကာ တောင်ကြားသခင်ကုအန်လည်း ထိုနေရာသို့ချဉ်းကပ်လာသည်ကိုတွေ့သောအခါ အချင်းချင်းခေါင်းညိတ်ပြ၍ နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် သူတို့နှစ်ယောက်လူအုပ်ကြားထဲရပ်ကာ ကစားပွဲကိုကြည့်ရှုနေခဲ့၏။
ရုတ်တရက် ရှန်ရှင်းကျိ အကြံတစ်ခုပေါ်လာပြီး ကုအန်နားကပ်သွားကာ ခပ်တိုးတိုးပြောလိုက်လေသည်။
“တောင်ကြားသခင် ကိုယ်ေတာ်တို့နှစ်ယောက်တည်း စကားပြောလို့ရမလား”
ကုအန်သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“အခန်းထဲမှာ သွားပြောကြရအောင်” ကုအန်ပြောလိုက်သည်။
ရှန်ရှင်းကျိသည် လီယနှင့်တစ်မြို့လုံးကိုကယ်တင်ရန် သူ့ကိုယ်သူစတေးခဲ့သူဖြစ်သောကြောင့် သူထိုဘုန်းကြီးအပေါ် အမြင်ကောင်းရှိ၏။
ထိုဘုန်းကြီးသည် ခေါင်းမာသော်လည်း တကယ့်အန္တရာယ်နှင့်ကြုံရသောအခါ အန္တရာယ်ကိုရင်ဆိုင်၍ သက်ရှိများကို ကယ်တင်ခဲ့ပြီး အပြောသမားသက်သက်မဟုတ်ခဲ့ပေ။
ကျားကစားေနေသာ လက်ကိုးချောင်းနတ်အရှင်လည်း သူတို့နှစ်ယောက်ကိုမြင်လိုက်သော်လည်း အကြည့်လွှဲကာ ကစားပွဲကိုသာ အာရုံစိုက်ထားလိုက်သည်။ ထို့နောက် သူဝေဖန်လိုက်၏။
“မင်းကစားတဲ့ပုံကိုလည်းကြည့်ဦး အဓိပတိဂိုဏ်းအပြင်ဘက် ရွာကကလေးတွေတောင် မင်းထက်ကောင်းကောင်းဆော့တတ်ဦးမယ် မဟုတ်သေးဘူး ဟိုနွားကိုဆော့ခိုင်းလိုက် သူကမှမင်းထက်ကောင်းနေဦးမယ်”
အဝေးမှ သွေးအကျဉ်းထောင်မဟာသူတော်စင် ထိုစကားကိုကြားကာ စိတ်တိုသွားပါသော်လည်း ထိန်းထားလိုက်ရ၏။
နောက်ဆုံးတွင် သူ့သခင်ပြောထားပုံအရ ထိုအဖိုးကြီးသည် ကျင့်ကြံခြင်းကိုဖုံးကွယ်ထားသော အမတတစ်ပါးသာ ဖြစ်သည်။
“ဆက်ဆော့နေလိုက် ခင်ဗျားမကျင့်ကြံရင်အကောင်းဆုံးပဲ ကျုပ်စည်းကိုဖြည်ပြီး အမတဖြစ်လာတဲ့တစ်နေ့မှ ခင်ဗျားကိုကျုပ်စီးတော်သားရဲဖားပြုပ်အဖြစ်ပြောင်းလဲပစ်မယ်” သွေးအကျဉ်းထောင်မဟာသူတော်စင် တစ်ယောက်တည်းကြိတ်တွေးနေခဲ့၏။
တစ်နေရာတွင် ကုအန် ရှန်ရှင်းကျိကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။
ရှန်ရှင်းကျိလည်း သူ့နောက်မှလိုက်လာပြီး တံခါးကိုပြန်ပိတ်လိုက်၏။
သူ့ကိုထိုင်ခိုင်းပြီးသောအခါ ကုအန်လက်ဖက်ရည်သွားဖျော်လိုက်လေသည်။
စောင့်ဆိုင်းနေရင်း ရှန်ရှင်းကျိ အခန်းကိုဟိုဟိုဒီဒီကြည့်လိုက်သောအခါ စာအုပ်မျိုးစုံကိုတွေ့လိုက်ပြီး ထိုထဲတွင် သူ့အကြိုက် အနောက်အရပ်သို့ခရီးသွားခြင်းလည်း ပါနေ၏။
ဤနေရာတွင် ထိုစာအုပ်ကိုတွေ့သောကြောင့် သူကုအန်ကိုပို၍ပင် သဘောကျသွားခဲ့သည်။
ကုအန် လက်ဖက်ရည်ပူပူကို သူ့ရှေ့တွင်ချပေးလိုက်ပြီး ပြုံးကာပြောလိုက်၏။
“တာအိုမိတ်ဆွေက ဘာကိုဆွေးနွေးချင်လို့လဲ”
ရှန်ရှင်းကျိအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။
“ဒီလိုပါဒကာလေး ကိုယ်တော့်မှာ တစ်ဘ၀လုံး မိစ္တာတွေကိုသုတ်သင် မကောင်းဆိုးဝါးတွေကိုရှင်းလင်းပြီး သက်ရှိတွေကို ကယ်တင်နေတဲ့ မိတ်ဆွေကောင်းတစ်ယောက်ရှိပါတယ် ဒါပေမယ့် ရုတ်တရက် သူကိုယ်တိုင်က ပြန်လည်မွေးဖွားလာတဲ့ မိစ္ဆာတစ်ကောင်ဆိုတာ သိသွားခဲ့တယ် သူဘာလုပ်သင့်သလဲ”
ကုအန် တွေးတောကာ ပြောလိုက်၏။
“အတိတ်နဲ့ပစ္စုပ္ပန်ကြား ဆက်ဆံရေးက အရမ်းအရေးပါလို့လား ဘယ်အပြစ်ကများ ပြန်လည်မွေးဖွားပြီးတာတောင် မသန့်စင်နိုင်တာရှိလိမ့်မလဲ ဘာလို့သူကအဲ့တာကိုတွေးနေသင့်တာလဲ ဘာလို့ သူလျှောက်နေတဲ့လမ်းကိုပဲ ဆက်မလျှောက်ရတာလဲ”
“ဒါပေမယ့် သူကတကယ်တော့ မိစ္ဆာတစ်ကောင်လေ…”ရှင်ရှင်းကျိပြောလိုက်၏။
“အဲ့တော့ဘာဖြစ်လဲ မိစ္ဆာတိုင်းကလုံး၀ဆိုးပြီး လူသားတိုင်းကလုံး၀ကောင်းနေလို့လား ကိုယ်တော်က အဲ့ဒီမိတ်ဆွေနဲ့ တကယ်ကြီး ခပ်ဝေးဝေးမှာ နေသင့်တယ်လို့ထင်လား တာအိုမိတ်ဆွေ ဒီလိုဆိုရင်တော့ မိတ်ဆွေက အရမ်းစိတ်ပျက်စရာကောင်းတယ်လို့ ကျွန်တော်ပြောရလိမ့်မယ်”
ကုအန် ရှန်ရှင်းကျိကို စတင်ဝေဖန်လိုက်လေသည်။
ရှန်ရှင်းကျိလည်း ဒေါသထွက်မသွားဘဲ သေချာနားထောင်နေခဲ့၏။
တရုတ်ကျားကစားနည်းကိုတီထွင်ခဲ့သော ကုအန်တွင် သာမန်မဟုတ်သော အတွေးအမြင်များရှိမှာသေချာကာ ကုအန်အမြင်များက ပွင့်လင်းလှပြီး ကုအန်စိတ်ဓာတ်က သူ့ထက်မြင့်မားမှန်း သူသေချာသိနေခဲ့သည်။
ကျင့်ကြံခြင်းဆိုသည်မှာ ကျင့်ကြံခြင်းအဆင့်သက်သက်သာ မဟုတ်ပေ။
ကုအန်တခဏပြောပြီးသောအခါ သူလည်းလန်းဆန်းသွားခဲ့၏။ ရှန်ရှင်းကျိသူ့အကြံကိုယူယူမယူယူသူဂရုမစိုက်ပေ။ သို့သော် သူ့အမြင်များကိုပြောပြလိုက်ရသည့်အတွက် သူကတော့ စိတ်ပေါ့သွားခဲ့ရသည်။
ရှန်းရှင်းကျိအတွေးနစ်သွားကာ မေးလိုက်၏။
“သားသတ်ဓားကိုကိုင်ထားတဲ့လူတစ်ယောက်က တကယ်ပဲချက်ချင်း စစ်မှန်တဲ့ဗုဒ္ဓတစ်ပါးဖြစ်လာနိုင်ပါ့မလား”
ကုအန် သေချာပြန်ဖြေပေးလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ အဲ့တာကအကျိုးအကြောင်းမသင့်ဘူး မကောင်းမှုအပြစ်တွေဆိုတာ ကောင်းမှုတွေနဲ့ဆေးကြောသန့်စင်ပစ်ဖို့လ်ုတယ် နောက်ပြီး မိတ်ဆွေရဲ့ သူငယ်ချင်းကလည်း သူ့ဘ၀မှာ ဘာမကောင်းတာမှမလုပ်ခဲ့ဘဲ လူတွေရဲ့အသက်တွေကိုတောင် ကယ်ခဲ့သေးတယ်မလား”
ရှန်ရှင်းကျိခေါင်းညိတ်ပြလိုက်ပြီးတွန့်ကွေးနေသော သူ့မျက်ခုံးများ ပြေလျော့သွားခဲ့၏။
သူစတင်တွေးတောနေခဲ့သည်။
ကုအန်လည်း သူ့ကိုမနှောင့်ယှက်ဘဲ စာအုပ်တစ်အုပ်သာ ထုတ်ဖတ်နေခဲ့၏။
အခန်းက တိတ်ဆိတ်နေခဲ့သည်။
နာရီ၀က်ခန့်ကြာမှ ရှန်းရှင်းကျိ ထရပ်လိုက်ကာ ကုအန်ကိုဦးညွတ်အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
“အောမိတောဖော ကိုယ်တော့်သံသယတွေကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဒကာလေး
ကုအန်လက်ကာပြကာ ပြောလိုက်၏။
“ဘာကျေးဇူးတင်စရာလိုမှာလဲ ကိုယ်တော်တကယ်ကျေးဇူးတင်ကြောင်းပြချင်တယ်ဆိုရင် တောင်ကြားကကျွန်တော့်တပည့်တွေကိုသာ သူတို့ကျင့်ကြံခြင်းကို နည်းနည်းလမ်းညွှန်ပေးလိုက်ပါ”
ရှန်ရှင်းကျိမငြင်းခဲ့ဘဲ သူ့စိတ်ထဲတွင်လည်းခံစားသွားခဲ့ရသည်။ ကုအန်သည် အမှန်တကယ်ပင် နက်နဲလှသောသူဖြစ်ပြီး သူများအတွက်ကိုသာ စဉ်းစားပေးသူဖြစ်၏။
သူမေးလိုက်သည်။
“ဒကာလေး ဒကာလေးအခန်းထဲမှာစာအုပ်တွေအများကြီး မြင်မိတယ် ကိုယ်တော်ဖတ်ဖို့ တစ်အုပ်လောက်ပေးလို့ရမလား”
ထိုစကားကိုကြားသောအခါ ကုအန် သူ့အခန်းကိုတစ်ချက်လှည့်ပတ်ကြည့်လိုက်၏။
ရှန်ရှင်းကျိ အကြံပေးလိုက်သည်။
“ဒကာလေးလက်ထဲကစာအုပ်ကို ကိုယ်တော်လေ့လာကြည့်ဖို့ ငှားလိုက်ရင်ရော”
ကုအန်အမူအရာချက်ချင်းပြောင်းလဲသွားပြီး သူ့လက်ထဲက အဓိပတိလျှို့ဝှက်မှတ်တမ်းများကို ပိတ်လိုက်ကာ ပြောလိုက်၏။
“ဒီတစ်ခုတော့ မရဘူး!”
အပိုင်း(၂၈၄)
ပြန်လည်မွေးဖွားလာသော ချီကံကြမ္မာရှင်တစ်ယောက်
လူမှုရေးကိစ္စများတွင်သာ အာရုံစိုက်နေသောကြောင့် သူကုအန်လက်ထဲရှိ စာအုပ်ထဲတွင်ဘာပါလဲဆိုတာ နတ်အာရုံသုံး၍ စစ်ဆေးမကြည့်မိခဲ့ပေ။ ကုအန်သူ့ကို ငြင်းလိုက်ချိန်ထိပင် သူ့မသင့်တော်သောအတွေးများ မတွေးခဲ့မိပေ။
သူကုအန်ကိုဘာကြောင့်လဲမေးခဲ့ပြီး ကုအန်လည်း ဗုဒ္ဓဂိုဏ်းသားများအနေနှင့် ဤကဲ့သို့ ဘာသာရေးနှင့်မသက်ဆိုင်သော စာအုပ်များမဖတ်သင့်ကြောင်းပြောကာ လမ်းမှန်လမ်းစဉ်နှင့်မိစ္ဆာလမ်းစဉ်ဟူသော စာအုပ်မိတ္တူတစ်စောင်သာ ထုတ်ပေးလိုက်သည်။
လမ်းမှန်လမ်းစဉ်နှင့်မိစ္ဆာလမ်းစဉ် စာအုပ်သည် ဆရာသခင်ဓားအရှင် ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် လမ်းမှန်လမ်းစဉ်ဟူသော စာလုံးကိုရေးခဲ့သည့်ဖြစ်စဉ်အကြောင်း ရေးထားခြင်းဖြစ်ပြီး ထိုစာအုပ်ထဲတွင် အဓိပတိဂိုဏ်း၏အမှောင်ခြမ်းများအကြောင်းလည်း ပါ၀င်ပေသည်။ သို့သော်လည်း စာဖတ်သူများက ထိုအမှောင်ခြမ်းများကိုအထင်သေးရမည့်အစား အဓိပတိဂိုဏ်းကိုသာ ထိုအမှားများကိုပြင်ဆင်ကာ လမ်းမှန်လမ်းစဉ်ကိုဆက်လက်လျှောက်လှမ်းဖို့ အားပေးခဲ့ကြသည်။
ထိုစာအုပ်သည် နတ်ဘုရားတို့၏ရာထူးများ အနောက်အရပ်သို့ခရီးသွားခြင်းများလောက် နာမည်မကြီးသော်လည်း ဂိုဏ်းထဲတွင် ထိုစာအုပ်ကိုထပ်ကာထပ်ကာဖတ်သူများစွာ ရှ်ိကြ၏။
ရှန်ရှင်းကျိစာအုပ်ကိုယူလိုက်ပြီး စာအူပ်ပေါ်ကနာမည်ကိုတွေ့သောအခါ စိတ်၀င်စားသွားကာ ကုအန်ကိုကျေးဇူးတင်စကားပြော၍ ထွက်သွားခဲ့လေသည်။
သူထွက်သွားမှ ကုအန် အဓိပတိလျှို့ဝှက်မှတ်တမ်းများစာအုပ်ကိုထုတ်ကာ ဆက်ဖတ်နေခဲ့လိုက်သည်။
…..
တတိယတောင်ကြားသို့ ရောက်ခဲ့ပြီးနောက် ရှန်ရှင်းကျိ ပြန်မသွားဖို့သာ ဆုံးဖြတ်ခဲ့ပြီး ကုအန်ကလည်း ထိုမြေလျှောက်အမတအဆင့် ၉ အမတတစ်ပါးကို နှင်မထုတ်ချင်ခဲ့ပေ။
ယနေ့တွင် အဓိပတိဂိုဏ်း၌ သူဆေးတောင်ကြားက အသန်မာဆုံးနေရာ ဖြစ်နေပြီဖြစ်သည်။ ရှန်ရှင်းက်ျိနှင့် လက်ကိုးချောင်းနတ်အရှင်တို့ေကြာင့် အဓိပတိဂိုဏ်းတွင်သာမကဘဲ ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင်ပင် သူ့တောင်ကြားက အသန်မာဆုံးဖြစ်နေပြီဖြစ်သည်။ ထိုအမတနှစ်ပါးကြောင့် သူအပြင်ထွက်သည့်အခါတွင်လည်း သူ့တောင်ကြားကိုပို၍ စိတ်ချနေခဲ့ရ၏။
ငါးနှစ်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ထိုနှစ်နွေရာသီက အရင်နှစ်များလောက် မပူခဲ့ပေ။ ကုအန် အိမ်ပေါ်ကဆင်းလာခဲ့ပြီး ကောင်းကင်ပေါ်ပျံသနး်နေသော ကျင့်ကြံသူများကို ကြည့်ရှုနေခဲ့၏။
ဤနှစ်တွင် အဓိပတိဂိုဏ်းက နောက်ထပ် ဆေးတာအိုပြိုင်ပွဲတစ်ခုလုပ်ဖို့ စီစဉ်နေခဲ့ခြင်းဖြစ်သည်။
ကုအန်လည်း ထိုပွဲကိုသွားကြည့်ဖို့ စီစဉ်ထားခဲ့၏။ လှေကားမှ ဆင်းလာပြီးသောအခါ သူသွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ ထွက်ခွာလာခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်ထရပ်လိုက်သည်နှင့် ကျိရှောင်ယု သူ့ကိုသတိပြုမိသွားခဲ့၏။
ထိုသည်ကိုမြင်သောအခါ ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်မှဆင်းရုံသာ တတ်နိုင်တော့ပြီး ပြောလိုက်သည်။
“မင်းဒီနေ့ လျှောက်သွားလို့ရတယ်”
ကျိရှောင်ယုရောက်လာပြီဖြစ်ရာ သူတစ်ယောက်တည်း နွားသိုးကိုစီးနေ၍ မဖြစ်တော့ပေ။ သူတို့နှစ်ယောက်အတူတူစီးရင်လည်း ထိုအခါ မည်သည်နှင့် သွားတူနေပါမည်နည်း။
ကုအန်သည် သူ့ဂုဏ်သိက္ခာကိုတန်ဖိုးထားသူ ဖြစ်ပေသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ပျော်ရွှင်သွားကာ ထွက်ခွာသွားသောအခါ ကျိရှောင်ယု မေးလိုက်၏။
“ဘာလို့ဆက်မစီးတော့တာလဲ”
ကုအန် မျက်လုံးကိုလှန်ကြည့်လိုက်ကာ ပြောလိုက်သည်။
“အစ်ကိုစီးနေတဲ့အချိန် ညီမလေးရောက်လာတာေလ ညီမလေးလိုက်ချင်နေတယ်ဆိုတာလည်း သိသာနေတော့ အစ်ကိုကခေါ်သွားဖို့ပဲ တတ်နိုင်တော့တာပေါ့”
သူ့စကားကိုကြားသောအခါ ကျိရှောင်ယုနှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ့မျက်နှာပေါ် တောက်ပသောအပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့၏။
“သွားရအောင် အပြင်စည်းမြို့ထဲမှာ အရင်လျှောက်ကြည့်ကြမယ်”
“ကောင်းပြီလေ”
ထို့နောက် သူတို့နှစ်ယောက်ပျံသန်းကာ ထွက်ခွာသွားခဲ့ကြလေသည်။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ သူတို့နှစ်ယောက် ကောင်းကင်ပြုပြင်စင်မြင့်အောက်ရောက်လာကြပြီး စင်မြင့်ထက်ရှိ လူများလှုပ်ရှားသွားလာနေသည်ကို ကြည့်ရှုနေခဲ့ကြ၏။
ကုအန် စင်မြင့်ပေါ်တွင် အမတလမ်းစဉ်အဆင့်များစွာကို သတိထားမိခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ်အဓိပတိဂိုဏ်းကပိုသန်မာလာသည်ကိုလည်း သူခံစားမိခဲ့သည်။
ပြောကြသည်မှာ ဂိုဏ်း၏အကြီးအကဲခန်းမတွင် ကျင်ကြံသူများစွာတိုးလာသည်ပြောပြီး ခန်းမ၏ ပျမ်းမျှကျင့်ကြံခြင်းလိုအပ်ချက်ကလည်း ပြောင်းလဲသွားခဲ့၏။
ဂိုဏ်းထဲရှိ မြင့်မြတ်မိသားစုများက ပင်လယ်ရပ်ခြားမှ အမတလမ်းစဉ်အဆင့်များကို ခေါ်ကာ ခန့်အပ်ခဲ့ကြပြီး ထိုသို့လုပ်ခြင်းဖြင့် သူတို့လည်းအဖိနှိပ်မခံရတော့သလို အကျိုးအမြတ်များကိုလည်း အရင်အတိုင်းသာ ဆက်ရနေစေခဲ့သည်။
ကုအန် သူ့ထုံးစံအတိုင်း မြင်မြင်သမျှကို သက်တမ်းစစ်ဆေးခြင်းသုံးကာ လိုက်ကြည့်နေခဲ့၏။ သူထိုသို့ လူတိုင်း၏ သက်တမ်းများကိုလိုက်ကြည့်ရခြင်းကို နှစ်သက်ပေသည်။
ကျိရှောင်ယု စပြောလိုက်၏။
“အစ်ကိုနောက်ထပ်ကျိရှောင်ယုတစ်ယောက်ကိုသိတယ်လို့ ကြားတယ်”
ကုအန်တုန့်ပြန်လိုက်သည်။
“ဟုတ်တယ် အစ်ကိုအရင်ကပြောဖူးတဲ့ တတိယသခင်မလေးလေ”
“သူကညီမလေးလား” ကျိရှောင်ယု ရုတ်တရက်မေးလိုက်၏။
ကုအန်သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမသည် အတိတ်မှတ်ညဏ်များကို ပြန်ရသွားခြင်းပေလော။
ကျိရှောင်ယု ရှင်းပြလိုက်၏။
“ညီမေလးမွေးကတည်းက ဒီနာမည်ကိုရခဲ့တာ ဒီနာမည်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်တစ်ခုခုရှိရဦးမယ်လို့ ခံစားရတယ် နောက်ပြီး ကျိရှောင်ယုသေပြီးမကြာခင် ညီမလေးကိုမွေးတာပဲ”
“အစ်ကို့ကို ပထမဆုံးအကြိမ်စတွေ့ကတည်းက တိုက်တိုက်ဆိုင်ဆိုင် နီးကပ်မှုကိုခံစားခဲ့ရတယ် အစ်ကိုကလည်း အခြားကျိရှောင်ယုကို သိနေတယ်လေ အဲ့တာက တိုက်ဆိုင်မှုလို့တော့ ညီမလေးမထင်ဘူး”
သူမကုအန်ကိုကြည့်ကာ ကုအန်အဖြေကိုစောင့်နေခဲ့၏။
ကုအန်သူမနှဖူးလေးကို စမ်းကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်သည်။
“ညီမလေး နေမကောင်းဖြစ်နေတာမဟုတ်ဘူးမလား”
ကျိရှောင်ယုသူ့ကိုမျက်စောင်းထိုးလိုက်ကာ ပြောလိုက်၏။
“ညီမလေးအတည်ပြောနေတာ!”
ကုအန် အကူအညီမဲ့စွာ ပြောလိုက်သည်။
“ဘာလို့အစ်ကို့ကိုလာမေးနေတာလဲ အစ်ကိုကဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ပဲလေ ဘယ်လိုလုပ် ပြန်လည်မွေးဖွားခြင်းကို ဖောက်မြင်နိုင်မှာလဲ”
“ဒါပေမယ့် ညီမလေးအစ်ကို့ကိုစသိကတည်းက အစ်ကိုကညီမလေးနာမည်နဲ့ပတ်သက်ပြီး စိတ်ဝင်စားပုံမရဘူးလေ”
“ဘာလို့လဲဆိုတော့ အစ်ကိုက ညီမလေးမရောက်ခင်ကတည်းက အံ့အားသင့်ပြီးသွားလို့ပေါ့ လက်ထောက်ဂိုဏ်းချုပ်ကို မေးကြည့်လို့ရတယ်”
“အဲ့လိုလား”
“ဘာများဖြစ်ရဦးမှာလဲ မိန်းကလေးရဲ့ တကယ်လို့ အဲ့ကိစ္စကအမှန်ဆိုရင်တောင် အစ်ကို၀င်မပါချင်ဘူး တကယ်လို့ညီမလေးကသာ သူဆိုရင် တွေးကြည့်တာနဲ့တောင် ကြောက်စရာကောင်းတယ် အဲ့ဒီကိစ္စကြီးနောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်အကြံအစည်တွေ ရှ်ိနေနိုင်လောက်လဲ အစ်ကို့လို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်လေးက ၀င်ပါမိရင် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားလိမ့်မယ်”
ကုအန်ကြောက်ရွံ့နေဟန်ဖြင့်ပြောလိုက်ပြီး သူဘေးသို့ပင် တိုးသွားလိုက်သေးသည်။
နားထောင်ပြီးသည့်နောက် ကျိရှောင်ယုလည်း ထိုအရာက အကျိုးအကြောင်းသင့်သည်ဟုခံစားလိုက်ရ၏။ သို့သော် ကုအန် အမူအရာနှင့်အပြုအမူကြောင့် သူမရယ်ချင်သွားခဲ့မိသည်။
“ညီကိုကု မင်းရောက်နေတာပဲ”
ကောင်းကင်ပြုပြင်စင်မြင့်ပေါ်မှ ပုံရိပ်တစ်ခုဆင်းလာခဲ့ပြီး ထိုသူက ဝူကျဲဖြစ်၏။
ဝူကျဲသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၂ သို့ ရောက်နေပြီဖြစ်ကာ အဓိပတိဂိုဏ်း၏ပါရမီရှင်အဖြစ် လူသိများသူ ဖြစ်ပေသည်။
ကုအန်သူ့ကို ပြုံး၍နှုတ်ဆက်လိုက်၏။
ဝူကျဲ ကျိရှောင်ယုကိုကြည့်ကာ သူ့အမူအရာက ပဟေဠိဖြစ်သွားခဲ့သည်။
ဘာလို့ညီကိုကုက မိန်းကလေးအဖော်ထပ်ပြောင်းလိုက်တာလဲ!
ဒါကနည်းနည်းတော့…
ကုအန် ချက်ချင်းသူ့ကို ကျိရှောင်ယုနှင့်မိတ်ဆက်ပေးလိုက်သောကြောင့် ဝူကျဲ သိသွားခဲ့ရ၏။
“မင်းက ဒီနှစ်တွေအတွင်း ကျိမိသားစုက ပါရမီအကောင်းဆုံးကောင်မလေးလား”
ကျိရှောင်ယု အသာအယာသာခေါင်းညိတ်ပြလိုက်ပြီး ကုအန်မိတ်ဆက်ပေးမှုကြောင့် အရမ်းလည်း အံ့အားသင့်မသွားခဲ့ပေ။
ဝူကျဲသည် ကျော်ကြားသောပါရမီရှင်တစ်ယောက်သက်သက်သာဖြစ်ပြီး တတိယတောင်ကြားထဲတွင်တော့ ကြီးမြတ်သည့်ကျင့်ကြံသူများစွာ ပုန်းအောင်းနေကြသလို ဂိုဏ်းချုပ်ပင်တောင်ကြားထဲ တစ်ခါတစ်လေရောက်လာတတ်၏။
ထို့နောက်တွင်တော့ ဝူကျဲ ကုအန်နှင့်စကားအနည်းငယ်ပြောကာ ထွက်သွားခဲ့သည်။ အချိန်အနည်းငယ်ကြာလျှင် သူတို့အတူတူထပ်သောက်ကြဖို့လည်း အစီအစဉ်ချထားလိုက်ကြ၏။
သို့သော်လည်း သူတို့ထိုချိန်းဆိုမှုကို ပျက်ကွယ်မည်ဖြစ်မှန်း ကုအန် သိရှိနေခဲ့သည်။
သူ့တွင်အချိန်ရှိသော်လည်း ဝူကျဲတွင်တော့ မရှိပေ။ သူသည်ကျင့်ကြံခြင်းများ တာ၀န်များနှင့် အမြဲလိုလိုအလုပ်ရှုပ်နေတတ်၏။
ကုအန် ထွက်ခွာသွားသော ဝူကျဲနောက်ကျောပုံရိပ်ကိုကြည့်နေရင်း အလွန်ချောမွေ့သောဘ၀ရှိနေတာလည်း ကောင်းသောအရာတော့ မဟုတ်ဘူးဟု ခံစားလိုက်ရသည်။
ဝူကျဲ၏သက်တမ်းအကန့်အသတ်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကအတိုင်း မပြောင်းမလဲသာ ရှ်ိနေသေးသောကြောင့်ဖြစ်၏။
ဒါပေါ့ ဝူကျဲ၏ သက်တမ်း ၇၆၀၀နှင့်ဆိုပါက သူ့အတွက် မဟာယနအဆင့်ကိုကျော်လွန်ဖို့က ခက်ခဲနေမည် မဟုတ်ပေ။ သူကအရင်က ဝူကျဲကို အန်းဟောင်နှင့်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထား၍သာ အနည်းငယ်နောင်တရနေခြင်း ဖြစ်သည်။
ကျိရှောင်ယုလည်း ကုအန်မျက်လုံးထဲရှိ နောင်တကိုမြင်မိလိုက်ပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ကုအန်ပြုံး၍ ပြောလိုက်၏။
“သူ့အတွက် စိတ်မကောင်းဖြစ်မိလို့ပါ အစ်ကိုကသူ့အောင်မြင်မှုက အခုထက်ပိုကြီးမားမယ်လို့ မျှော်လင့်ထားခဲ့တာ”
“သူ့အောင်မြင်မှုက လုံလောက်အောင်မမြင့်မားလို့လား အန်းဟောင်သာပြန်မလာရင် သူကအဓိပတိဂိုဏ်းရဲ့အမြင့်ဆုံး ပါရမီရှင်ပဲလေ” ကျိရှောင်ယု ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။
“ဟားဟားဟား ဟုတ်ပါတယ်လေ”
ကုအန်ဘာမှမပြောတော့ဘဲ ကျိရှောင်ယုကို ကောင်းကင်ပြုပြင်စင်မြင့်ပေါ်သို့ ဦးဆောင်ခေါ်သွားခဲ့၏။
“တတိယသခင်မလေးက ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို တစ်ကြိမ်ကြိုးစားကြည့်ခဲ့ဖူးတယ် ညီမလေးလည်း ကျင့်ကြံခြင်းပိုမြင့်လာရင် ကြိုးစားကြည့်လို့ရတယ်” ကုအန် သာမန်အတိုင်းပြောလိုက်သည်။
ကျိရှောင်ယုလည်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စိတ်၀င်စားလာခဲ့၏။
ထို့နောက်သူတို့နှစ်ယောက်လူအုပ်ကြီးကိုဖြတ်ကာ ကောင်းကင်ပိုင်းဖြတ်ပုဆိန်နား ရောက်လာခဲ့သည်။
ထိုနေရာတွင် ကျိုးယိကျင်း အခမ်းအနားနယ်ေမြဆီ အတင်းတို၀င်လာေသာေကြာင့် တစ်ယောက်ယောက်ကိုရှုံ့ချနေခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားနယ်မြေဟူသောနေရာကို ကျိုးယိကျင်းက သတ်မှတ်ထားခြင်းဖြစ်ပြီး ထိုနေရာကို စိန်ခေါ်သူများကသာ ၀င်ရောက်ခွင့်ရှိပြီး ဆရာသခင်ဓားအရှင်အပေါ် လေးစားမှုကိုပြသဖို့ ထိုသို့စီစဉ်ထားခြင်းဖြစ်ရာ ဂိုဏ်းကလည်း သူ့ကိုခွင့်ပြုထားခဲ့၏။
ထိုစဉ် ကုအန်အကြည့်က လူအုပ်ထဲရောက်သွားခဲ့သည်။
[ဒြပ်ငါးမျိုးခိုးယူခြင်း (ကောင်းကင်ဈာန်အမတအဆင့် ၉): ၀/၀/၀]
ကမ္ဘာခြားနတ်အာဃာတတစ္ဆေဘုရင်!
ထိုကောင်သည် အလွန်ဆန်းကြယ်သော ဖုံးကွယ်နည်းစနစ်တစ်ခုကို သုံးထားခဲ့ခြင်းဖြစ်၏။ ကုအန်ပင် နတ်အာရုံသုံး၍ မစစ်ကြည့်ပါက သူ့ကိုသတိထားမိမည်မဟုတ်ပေ။
ဒြပ်ငါးမျိုးခိုးယူခြင်းသည် ကျောင်းတော်သားတစ်ယောက်ပုံစံ၀တ်ဆင်ထားပြီး ခေါင်းတွင်လည်း ကျောင်းတော်သားဦးထုပ်ကို ဆောင်းထားကာ လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကိုကိုင်ထား၍ စိန်ခေါ်နေသူများကို စိတ်၀င်တစားကြည့်ရှုနေခဲ့၏။
ကုအန်သူ့ကိုတစ်ချက်သာ ကြည့်လိုက်ခြင်းဖြစ်သောကြောင့် သူကုအန်ကိုသတိမထားမိခဲ့ပေ။
ကုအန် ဒြပ်ငါးမျိုးခိုးယူခြင်းကို ကမ္ဘာခြားနတ်နယ်မြေထဲတွင် တွေ့ခဲ့ဖူးပြီး ထိုစဉ်က ထိုကောင်ကအခုလို ပျော့ပြောင်းကာ ယဉ်ပါးသည့်အရှိန်အဝါမျိုး ရှိမနေခဲ့ပေ။ ထိုကောင်သည် သူ့နယ်မြေသို့ပင်လာရဲနေရာ ဘယ်အရာကသူ့ကို ထိုမျှရဲရင့်သွားစေခဲ့သလဲ ကုအန်သိ ချင်နေခဲ့သည်။
သူဒီကို ငါ့ကိုစုံစမ်းဖို့လိုတာလား!
သူနောက်ထပ်ဘာလုပ်မလဲဆိုတာ ကုအန် စိတ်၀င်စားနေခဲ့၏။
မကြာခင်တွင် ဆေးတာအိုပြိုင်ပွဲက မြို့ထဲတွင်စတော့မည်ဖြစ်သောကြောင့် လူအများအပြားက ထိုစိတ်လှုပ်ရှားစရာကို ကြည့်ရှုရန် ကောင်းကင်ပြုပြင်စင်မြင့်ပေါ်မှ ဆင်းသွားခဲ့ကြသည်။
ကုအန်ကိုမြင်သောအခါ သူ့သားကျိုးလင်ဧ။် သူငယ်ချင်းဖြစ်ေသာေကြာင့် ကျိုးယိကျင်း ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်၏။
“စမ်းကြည့်ချင်လား လတ်တလောမင်းကျင့်ကြံခြင်းဘယ်လောက်တိုးတက်လာသလဲ စမ်းကြည့်မလား” ကျိုးယိကျင်း ကုအန်ကိုစနောက်နေသော လေသံဖြင့်ပြောလိုက်သည်။
ကုအန်ကျိရှောင်ယုကို ကြည့်ကာ ပြောလိုက်၏။
“ဘယ်နေ့ကမှ ဒီနေ့ဆိုတာလောက်မကောင်းဘူး နောက်ပြီးဒါကလည်း တစ်ခါတည်းရမယ့်အခွင့်အရေးမဟုတ်ဘူး ညီမလေး အရင်သွားလိုက်ပါ”
ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်ကာ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဆီ လျှောက်သွားလိုက်သည်။
ဒြပ်ငါးမျိုးခိုးယူခြင်း၏ အကြည့်က ကျိရှောင်ယုဆီရောက်သွားသောအခါ သူရုတ်တရက်စိတ်လှုပ်ရှားမှုကို ထုတ်ဖော်လိုက်မိသော်လည်း အမြန်ပြန်ဖိနှိပ်ထားလိုက်၏။
သို့သော် သူ့အပြုအမူက ကုအန်နတ်အာရုံအောက်မှ မလွတ်မြောက်နိုင်ပေ။
နောက်ဆုံးတွင် ကျိရှောင်ယု ကျရှုံးသွားသော်လည်း ဘယ်သူကမှ မရယ်ကြပေ။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထိုပုဆိန်ကိုဘယ်သူကမှ မမနိုင်သေး၍ ထိုအရာက ရယ်စရာပင် မဟုတ်တော့ပေ။
စကားအနည်းငယ်ပြောပြီးနောက် ကုအန် ကျိုးယိကျင်းကိုနှုတ်ဆက်ကာ ထွက်လာခဲ့၏။
သူတို့လူအုပ်ထဲမှ ထွက်လာသောအခါ ဒြပ်ငါးမျိုးခိုးယူခြင်းသူတို့နားသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
“မင်းတို့နှစ်ယောက် စောင်ပါဦး!”
ကုအန်တို့နှစ်ယောက်လည်း နောက်ပြန်လှည့်ကြည့်လိုက်ပြီး ထိုလူ့ကိုမေးခွန်းထုတ်နေဟန်ဖြင့် ကြည့်လိုက်၏။
သူကုအန်တို့ရှေ့ လျှောက်သွားကာ အရိုအသေပေးပြီး ပြောလိုက်သည်။
“ငါ့နာမည်က ဝူရှင်းပါ ငါကပင်လယ်ရပ်ခြားကလာခဲ့တာ ဒီကောင်မလေးဆီမှာ ချီကံကြမ္မာကို ငါသတိထားမိခဲ့တယ် နောက်ပြီး သူကချီကံကြမ္မာရဲ့ ထင်ရှားတဲ့ပြယုဂ်ဆိုတာ သံသယရှိစရာကိုမလိုဘူး အဲ့တာကြောင့် စိတ်၀င်စားရင် ငါတို့တစ်နေရာရာသွားပြီး စကားပြောလို့ရပါတယ်”
ထင်ရှားသောပြယုဂ်ဟူသော စကားကိုကြားသောအခါ ကျိရှောင်ယု မျက်မှောင်ကြုံ့သွားခဲ့၏။
သူမကုအန်ကိုအလိုလိုကြည့်လိုက်မိသည်။ ဒြပ်ငါးမျိုးခိုးယူခြင်း ဘာဆက်ပြောမလဲဆိုတာ သူမစိတ်၀င်စားမိပါသော်လည်း ကုအန်မကျေမနပ်ဖြစ်ေနသည်ကိုလည်း သတိထားမိနေခဲ့၏။