အခန်း (၂၈၅-၂၈၆)
Vol. 22 Ch. 285-286
အပိုင်း(၂၈၅)
ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီ
ကျိရှောင်ယု၏ အကြည့်ကိုတွေ့သောအခါ ကုအန်လည်း သဘောတူလိုက်ရ၏။
ထို့နောက်တွင်တော့ သူတို့သုံးယောက် စားသောက်ဆိုင်တစ်ဆိုင်ထဲ ၀င်သွားခဲ့ကြသည်။ ကုအန် ဒုတိယထပ်ရှိ ပြတင်းပေါက်ဘေးဝိုင်းကိုရွေးကာ ထိုင်လိုက်၏။ သူထိုနေရာတွင်ထိုင်ကာ လမ်းပေါ်ရှိ မြင်ကွင်းများကိုကြည့်ရတာ ကြိုက်၍ ဖြစ်၏။
ဒြပ်ငါးမျိုးခိုးယူခြင်း ကုအန်နှင့်ကျိရှောင်ယုကိုတစ်ချက်ကြည့်ပြီးနောက် လက်ဖက်ရည်ခွက်ကိုတစ်ချက်ကိုင်လိုက်ကာ လက်ဖက်ရည်မျက်မှာပြင်ကိုကြည့်၍ ပြောလိုက်သည်။
“ငါတို့အခုမှပထမဆံုးအကြိမ်တွေ့တာဆိုပေမယ့် ဒီကောင်မလေးမှာ မွေးရာပါ ကမ္ဘာဦးတာအိုအဆောင်ရှိနေတာကို ငါသိတယ် ပြောရရင် မင်းနဲ့ငါက အသိအကျွမ်းဟောင်းတွေပဲ မင်းရဲ့အတိတ်ဘ၀တွေတုန်းက မင်းနဲ့ငါနဲ့ကြားမှာ နှောင်ကြိုးတွေရှိခဲ့တယ်”
သူပြောပြီးသည့်နောက် ကုအန်ကိုတစ်ချက် ကျိရှောင်ယုကိုတစ်ချက်ကြည့်လိုက်၏။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကိုသေချာမသိသောကြောင့် သူသတိထား၍ ပြောနေခြငိးဖြစ်သည်။
ကုအန်သူ့သဘောထားကိုနားလည်သွားကာ ပြောလိုက်၏။
“တာအိုမိတ်ဆွေလွတ်လွတ်လပ်လပ်ပြောပါ သူကလည်း သူ့အတိတ်ဘ၀ကိုအရမ်းစိတ်၀င်စားပါတယ်”
ကျိရှောင်ယု ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“အဲ့တာက ဘယ်လောက်ကြာပြီလဲ”
ဒြပ်ငါးမျိုးခိုးယူခြင်းပြုံးလိုက်ကာ ပြောလိုက်၏။
“အဲ့တာက နှစ်၂သောင်းနီးနီးလောက်တော့ရှိပြီ”
ကုအန်နှင့်ကျိရှောင်ယုတို့မျက်နှာများ ရုတ်ချည်းပြောင်းလဲကာ အံ့အားသင့်သွားကြပြီး ကုအန်က ဟန်ဆောင်ပြနေခြင်းဖြစ်ကာ ကျိရှောင်ယုကတေ့ာ ကျိမိသားစုသက်တမ်းကပင် နှစ်၂သောင်းမရှိသည်ကို သိသောကြောင့် အမှန်တကယ် အံ့အားသင့်သွားခြင်းဖြစ်သည်။
“ရှင်က လွန်ခဲ့တဲ့ နှစ်၂သောင်းတုန်းက ဘယ်သူလဲ နောက်ပြီးဘာလို့အဓိပတိဂိုဏ်းကို လာခဲ့တာလဲ” ကျိရှောင်ယု သတိထား၍ မေးလိုက်၏။
ဒြပ်ငါးမျိုးခိုးယူခြင်းသည် သူတို့စကားဝိုင်းကို အခြားဝိုင်းများမှ မကြားရစေရန် စည်းချထားသည်ကိုလည်း ကုအန် သတိပြလိုက်မိသည်။
ဒြပ်ငါးမျိုးခိုးယူခြင်းဖြေလိုက်၏။
“အရိုးသားဆုံးပြောရရင် အဓိပတိဂိုဏ်းကိုလာခဲ့တဲ့ အဓိကအကြောင်းအရင်းကမင်းကြောင့်ပါ မင်းပြန်လည်မွေးဖွားလာပြီဆိုတာ ငါအာရုံခံခဲ့မိတယ် ရာထူးအဆင့်အတန်းအရဆိုရင်တော့ ငါမင်းကို စီနီယာလို့ လေးလေးစားစားခေါ်သင့်တာပါ တကယ်လို့အဲ့တုန်းကသာ မင်း၀င်မပါပေးခဲ့ရင် ငါဆိုတာအဲ့ဒီအချိန်ကတည်းက ရှိတော့မှာမဟုတ်ဘူး”
အတိတ်အကြောင်းပြောနေရင်း သူမျက်နှာတွင် အတိတ်ကိုလွမ်းဆွတ်နေဟန်များ ပေါ်နေခဲ့သည်။
ကျိရှောင်ယု မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ဘာလို့ကျွန်မကပြန်လည်မွေးဖွားလာခဲ့ရတာလဲ”
ဒြပ်ငါးမျိုးခိုးယူခြင်း ပြောလိုက်သည်။
“မင်းကကပ်ဘေးတွေကို တွေ့ကြုံခဲ့ရတာကိုပဲ ငါသိတယ် မင်းကိုအမုန်းတရားကြောင့် အတင်းအကြပ်ပြန်လည်မွေးဖွားခိုင်းခဲ့တာမဟုတ်ဘူး အဲ့တာကိုတော့မင်းစိတ်အေးအေးထားနိုင်တယ် ကမ္ဘာပေါ်ကဘယ်သူမှမင်းကို အန္တရာယ်မပေးနိုင်ဘူး မင်းကငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးလူလို့တောင် ငါသတ်မှတ်ထားတယ်”
ထိုအရာကတော့ ကုအန်ကိုအမှန်တကယ် အံ့အားသင့်သွားစေခဲ့သည်။ သူကမ္ဘာခြားနတ်နယ်မြေထဲရောက်တုန်းက သူ့စွမ်းအားကိုပြသခဲ့ပြီး ထိုအရာကိုမြင်ပြီးစဉ်မှာပင် ဒြပ်ငါးမျိုးခိုးယူခြင်းက သူတွေ့ဖူးသမျှထဲ ကျိရှောင်ယုက အသန်မာဆုံးလူဟု ထင်နေခဲ့သေးသည်။
ကြည့်ရသည်မှာ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေတွင် ကမ္ဘာဦးတာအိုအဆောင်က အစွမ်းအပြည့်ပြခဲ့ပုံမပေါ်ပေ။
ထို့နောက် ဒြပ်ငါးမျိုးခိုးယူခြင်း ကျိရှောင်ယုစွမ်းအားအကြောင်း ဆက်ပြောပြခဲ့၏။
ထိုဘ၀တွင် ကျိရှောင်ယုသည် သူမကိုယ်သူမ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီဟုခေါ်ပြီး သူနှင့်သူမသည် တစ်ခါသာတွေ့ခဲ့ခြင်းဖြစ်သော်လည်း ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီ၏ ကြင်နာမှုကို သူအမြဲပြန်လည်ပေးဆပ်ချင်နေခဲ့သည်။ ထို့ကြောင့် ဤနှစ်များအတွင်း သူ့လွတ်လပ်ခြင်းကိုသာ ရှာဖွေနေခြင်းဖြစ်၏။
သူ့သရုပ်မှန်ကိုတော့ သူဖွင့်မပြောခဲ့ပေ။ဤကမ္ဘာပေါ်တွင် ကမ္ဘာခြားနတ်အာဃာတစ္ဆေများ၏ သတင်းကပျံ့နေပြီဖြစ်ပြီး သူဂုဏ်သတင်းက မကောင်းလှသောကြောင့်ဖြစ်သည်။
ဒြပ်ငါးမျိုးခိုးယူခြင်း၏ ဇာတ်လမ်းအရ အရင်ဘ၀ကကျိရှောင်ယုဘယ်လောက်သန်မာခဲ့လဲဆိုတာကိုသာ သိနိုင်ပြီး ပြန်လည်မွေးဖွားခြင်း၏လျှို့ဝှက်ချက်ကိုတော့ မသိခဲ့ရပေ။
သူမဒြပ်ငါးမျိုးပြန်လည်မွေးဖွားခြင်းကိူကြည့်ကာ မေးလိုက်သည်။
“အခုရှင်ကကျွန်မဆီက ဘာလိုချင်တာလဲ ကျွန်မလက်ရှိအခြေအနေနဲ့ရှင့်ကိုဘာမှမလုပ်ပေးနိုင်ဘူး”
သူမအလွန်သတိထားနေပြီး ဒြပ်ငါးမျိုးခိုးယူခြင်းက သူမကိုသတ်ချင်ကာ သူမအရင်ဘ၀ကိုပြန်ဖော်ထုတ်ဖို့ ကြိုးစားမှာကို စိုးရိမ်နေခဲ့၏။
ကုအန်ကတော့ တိတ်တဆိတ်သာနားထောင်နေပြီး ပြန်လည်မွေးဖွားခြင်းဧကရီဟူသော နာမည်ကိုသာမှတ်ထားလိုက်ပြီး အမတရှာဖွေကျွန်းရောက်မှသာ စုံစမ်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
နှစ်၂သောင်းသည် သေမျိုးများအတွက် အလွန်ရှည်ကြာလွန်းသောအချိန်ဖြစ်သော်လည်း မြေလျှောက်အမတများကဲ့သို့သော အမတများအဖို့တော့ ပြန်လည်မွေးဖွားခြင်းဧကရီအကြောင်း သိရှိနိုင်သေးသည်။
တခဏကြာတွန့်ဆုတ်ပြီးနောက် ဒြပ်ငါးမျိုးခိုးယူခြင်းပြောလိုက်၏။
“သက်ရှိအားလုံးအပေါ်သက်ရောက်မယ့် ကပ်ဘေးကြီးက မကြာခင်ဖြစ်လာတော့မှာ အဲ့ဒီကပ်ဘေးကျရောက်လာရင် ပင်လယ်တွေ ကုန်းမြေတိုက်ကြီးတွေအများကြီး ပျက်ဆီးသွားလိမ့်မယ် ပျက်ဆီးမယ့်အထဲမှာ မင်းအခုနေနေနဲ့ ကုန်းမြေတိုက်ကြီးလည်းပါတယ် ငါလည်းထောင်ချောက်ထဲမှာ နက်နက်ရှိုင်းရှိုင်းနစ်၀င်သွားပြီ မလွတ်မြောက်နိုင်တော့ဘူး ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီမှာ ငါ့ကိုလွတ်မြောက်ခွင့်ပေးနိုင်တဲ့ နတ်သိုင်းတစ်ခုရှိတယ် တကယ်လို့ ငါပြန်လည်မွေးဖွားရမယ်ဆိုရင်တောင် လုပ်ဖို့ဆန္ဒရှိပါတယ်”
ထိုစကားကိုကြားသောအခါ ကုအန် အံ့အားသင့်သွားခဲ့၏။
ဒြပ်ငါးမျိုးခိုးယူခြင်းပြောပုံအရ ကမ္ဘာခြားနတ်နယ်မြေ၏သခင်ကလည်း သေရမည့်ပုံပင်။ အဘယ်ကြောင့် နယ်မြေသခင်၏ရန်သူက သက်ရှိအားလုံးကို ရှင်းလင်းချင်နေရပါသနည်း။
သူအစကတည်းက ကမ္ဘာခြားနတ်နယ်မြေပေါ်လာခြင်းက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးဟု တွေးမိခဲ့ခြင်းဖြစ်ပြီး နယ်မြေသခင်က တစ်ခုခုကို သတိထားနေတာ သေချာပေသည်။ မဟုတ်လျှင် နယ်မြေသခင်၏ခွန်အားနှင့်ဆိုပါက သူ့နယ်မြေထဲကျူးေကျာ်လာသူမှန်သမျှကို အလွယ်တကူ ရှင်းပစ်နိုင်၏။
“ဒါပေမယ့် ကျွန်မက ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီမဟုတ်ဘူး…” ကျိရှောင်ယု တွန့်ဆုတ်စွာ ပြောလိုက်သည်။
ဒြပ်ငါးမျိုးခိုးယူခြင်း လက်ကာပြလိုက်ကာ
“မင်းစိုးရိမ်စရာမလိုပါဘူး ငါကမင်းကိုအတင်းကူညီခိုင်းနေတာမဟုတ်ပါဘူး ကပ်ဘေးကျလာရင် ဘယ်သူမှ ကိုယ့်ကိုကိုယ်ကယ်တင်နိုင်မှာမဟုတ်ဘူး အဲ့ဒီအချိန်ကျ မင်းရဲ့ မူလအသိစိတ်ကလည်း နိုးထလာမှာသေချာတယ် အဲ့ဒီအခါကျရင်သာ ငါ့ကိုသတိရပေးပါ”
ထိုစကားကြောင့် ကျိရှောင်ယုမျက်ခုံးများ ပို၍်ပင်တွန့်ကွေးသွားခဲ့၏။
ဒြပ်ငါးမျိုးခိုးယူခြင်း ကုအန်ကိုကြည့်လိုက်ကာ ပြောလိုက်သည်။
“ဒီသတင်းကိုမဖြန့်တာကိုကောင်းလိမ့်မယ် အကျိုးဆက်ကို အဓိပတိဂိုဏ်းမပြောနဲ့ ချီကံကြမ္မာဂိုဏ်းတွေတောင် ခံနိုင်မှာမဟုတ်ဘူး ဒီကကျင့်ကြံသူတွေ ကပ်ဘေးကိုသတိမထားမိဘဲ သူတို့ဖာသာ ပျော်ပျော်ရွှင်ရွှင်ကျင့်ကြံနေကြတာ ပိုကောင်းပါတယ်”
ကုအန်ခေါင်းညိတ်ပြကာပြောလိုက်၏။
“ကျွန်တော်စည်းမျဉ်းကိုနားလည်ပါတယ် ကျွန်တော်သိချင်တာက ကပ်ဘေးက ဘယ်အချိန်မှာဖြစ်လာမှာလဲဆိုတာပဲ တကယ်လို့ သက်တမ်းရာစုနှစ်အနည်းငယ်မှဆိုရင်တော့ ကျွန်တော်စိတ်အေးနိုင်ပါပြီ”
ဒြပ်ငါးမျိုးခိုးယူခြင်း ရယ်မောလိုက်ပြီး ဤဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်လေးက အတော်လေးရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ကျိရှောင်ယုကုအန်ကိုတစ်ချက်ကြည့်လိုက်ပါသော်လည်း သူ့စကားကြောင့် သူတို့ကြားလေထု တင်းမာမှုလျော့သွားတာကိုတော့ သူမလက်ခံရမည်ဖြစ်၏။
“အဲ့တာက ဆယ်စုနှစ်အနည်းငယ်အတွင်းလည်း ဖြစ်လာနိုင်သလို ရာစုနှစ်အနည်းငယ်အတွင်းလည်း ဖြစ်လာနိုင်တယ် ဒီဇာတ်လမ်းတွေရဲ့နောက်ကွယ်မှာ စိတ်ကူးလို့မရအောင် စွမ်းအားကြီးတဲ့လူတွေရှိနေတယ် ငါပြောနိုင်တာကတော့ သမုဒ္ဒရာကမြင့်တက်လာတာနဲ့ ကပ်ဘေးကစပြီဆိုတာပဲ”
ဒြပ်ငါးမျိုးခိုးယူခြင်း၏စကားကြောင့် ကျိရှောင်ယုမျက်ခုံးများ ထပ်မံတွန့်ကွေးသွားခဲ့ပြန်သည်။
ပြောပြီးသည့်နောက် သူထရပ်ကာ ပြောလိုက်၏။
“ကောင်းပါပြီ ဒါကငါပြောချင်တာအကုန်ပါပဲ ဒါဆိုမင်းတို့ကို မနှောင့်ယှက်တော့ပါဘူး”
ထို့နောက် လက်သီးဆုပ်အရိုအသေပေးလိုက်ကာ ထွက်ခွာသွားခဲ့လေသည်။
သူထွက်သွားသည်နှင့် မမြင်ရသော စည်းကလည်းပျောက်ကွယ်သွားခဲ့၏။
ကုအန်ကျိရှောင်ယုဘက်လှည့်ကြည့်ကာ ခပ်ဟဟရယ်မောလိုက်ပြီး
“ညီမေလးမှာ အံ့ဩစရာနောက်ခံရှိမှာသေချာတယ် အနာဂတ်မှာညီမလေးကိုစချင်ရင် နှစ်ခါပြန်စဉ်းစားရတော့မှာပဲ”
ကျိရှောင်ယု ပြန်ပြောလိုက်၏။
“အစ်ကိုအခုလာနောက်နေတာလား”
“သူ့စကားတွေကိုကြားပြီးတော့ ညီမလေးဘယ်လိုထင်လဲ”
“ညီမလေးမပျော်ဘူး ညီမလေးနဲ့အစ်ကိုပြောတဲ့တတိယသခင်မလေးက တစ်ယောက်တည်းဆိုတာ ခန့်မှန်းမိပြီးသားဆိုပေမယ့် ညီမလေးခန့်မှန်းချက်က မှားနေဖို့သာ မျှော်လင့်နေတာ အခုလို ဘ၀တွေအများကြီးရှိနေမှန်းသိလိုက်ရတော့ ပိုမပျော်တော့ဘူး” ကျိရှောင်ယုတည်ငြိမ်စွာ ပြောလိုက်သည်။
ကုအန်သူမကိုကြည့်ရင်း အတွေးနွံနစ်သွားခဲ့၏။
ပုံမှန်အားဖြင့်တော့ သူအရင်ဘ၀ကကျိရှောင်ယုနှင့် ယခုကျိရှောင်ယုကို သူတို့စရိုက်များကမတူလျှင်တောင် သူ့စိတ်ထဲ အတူတူပဲဟု သတ်မှတ်ထားခြင်းဖြစ်သည်။
သို့သော်လည်း ဝိညာဉ်ကအတူတူဖြစ်နေလျှင်တောင် မတူညီသော အတွေ့အကြုံများမှတ်ညဏ်များက မတူညီသောလူအဖြစ်ပြောင်းလဲသွားအောင် ထုဆစ်ပေးသွားမည်ဖြစ်သည်။
လူသားတစ်ယောက်၏အနှစ်သာရဆိုသည်မှာ ဝိညာဉ်တစ်ခုထက် ပို၏။
ကုအန်သူမကိုနှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။
“တကယ်လို့ညီမလေးမပျော်ရင် ကျင့်ကြံခြင်းမှာသာအာရုံစိုက်ပေါ့ ဒါဆိုဒီဘ၀သက်တမ်းကပိုရှည်လာပြီး ညီမလေး ညဏ်အလင်းတွေဘာတွေလည်းပွင့်ရင်ပွင့်သွားမှာပေါ့”
ကျိရှောင်ယု ခေါင်းယမ်းလိုက်ကာ
“ညီမလေးက ညဏ်အလင်းမပွင့်နိုင်ဘူး တဖြည်းဖြည်းနဲ့သေသွားရမှာ ညီမလေးကျင့်ကြံရတဲ့အကြောင်းပြချက်က အသက်ကိုပိုဆွဲဆန့်ပြီး ဒီဘ၀ကို ပိုပြီးခံစားတွေ့ကြုံကြည့်ချင်လို့ပါ”
သူမခဏရပ်လိုက်ကာ ဆက်ပြောလိုက်သည်။
“နေပါဦး အစ်ကိုကလည်းသက်တမ်း ရာဂဏန်းအနည်းငယ်လောက်ပဲ အသက်ရှင်ရမှာလေ ဘာလို့ညီမလေးကိုလာနှစ်သိမ့်နေတာလဲ စိတ်မပူပါနဲ့ညီမလေးမပျော်ရင်တောင် ဒီအရှိတရားကြီးကို လက်ခံနိုင်ပါတယ်”
ကုအန် ဆက်မပြောဖို့သာ ရွေးချယ်လိုက်၏။ ထို့နောက်တွင်တော့ စားပွဲထိုးခေါ်ကာ အစားအစာများမှာလိုက်ပြီး ဆေးတာအိုပြိုင်ပွဲအကြောင်းသာ စကားလွှဲခဲ့လိုက်သည်။
ကျိရှောင်ယုအာရုံလည်း ပြောင်းလဲသွားခဲ့ပြီး သူမပုံစံက သူမနှင့် ဒြပ်ငါးမျိုးခိုးယူခြင်းတို့စကားဝိုင်းက ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလိုပင်။
…
ဆေးတာအိုပြိုင်ပွဲက ဖြည်းဖြည်းချင်းပြီးဆုံးသွားခဲ့ပြီး အနိုင်ရရှိသွားသူမှာ ခရမ်းရောင်ဆေးလုံးနန်းတော်က တပည့်တစ်ယောက်ဖြစ်ပေသည်။ အဓိပတိဂိုဏ်းသားများသည် ထိုဂိုဏ်းအကြောင်းအခုမှကြားဖူးခြင်းဖြစ်ပြီး ရှေးဟောင်းဆေးတာအိုဂိုဏ်းက ပြိုင်ပွဲသို့ ဆေးတာအိုနည်းစနစ်များစွာ ယူလာပေးခဲ့၏။
ခရမ်းရောင်ဆေးလုံးနန်းတော်သည် အဓိပတိဂိုဏ်းသားတစ်အုပ်ကိုပင် သူတို့နန်းတော်၌လာရောက်ကျင့်ကြံရန်ဖိတ်ခေါ်ခဲ့ပြီး ထိုသတင်းကြောင့် ဂိုဏ်းတပည့်များ စိတ်လှုပ်ရှားကုန်ကြသည်။
ကုအန်ကတော့ အဓိပတိဂိုဏ်းကမပြန်သေးဘဲ တဖြည်းဖြည်းအပြင်စည်းတပည့်ဖြစ်လာသော ဒြပ်ငါးမျိုးခိုးယူခြင်းဆီတွင်သာ အာရုံရောက်နေခဲ့၏။
ကုအန်ကလွဲပြီး ဘယ်သူကမှ သူ့ကျင့်ကြံခြင်းအစစ်ကို မသိကြပေ။
ရှန်ရှင်းကျိနှင့် လက်ကိုးချောင်းနတ်အရှင်ပင် သူ့ကျင့်ကြံခြင်းကို သတိမပြုမိဘဲ နွေရာသီကုန်ချိန်တွင်တော့ ထိုကောင်သည် တတိယတောင်ကြား ကျားနယ်မြေ၏ ပုံမှန်ဧည့်သည်တစ်ယောက်ဖြစ်လာခဲ့လေသည်။
တစ်ရက်တွင်
ကုအန်မြောက်ပင်လယ်တောင်တန်းဒေသမှပြန်လာပြီးနောက် ဆန်းကြယ်တောင်ကြားအကြောင်း လုကျိကျားနှင့် ဆွေးနွေးနေခဲ့၏။
ထိုစဉ် သူရုတ်တရက် အဝေးမှတိုက်ပွဲအရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိသည်။
ထိုတိုက်ပွဲက ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲမှ ဖြစ်၏။
ဤဖိအားက ကောင်းကင်ဈာန်အမတအဆင့်ကိုပင် ကျော်လွန်နေခဲ့သည်။
ဤသည်မှာ ကမ္ဘာခြားနတ်နယ်မြေသခင်က တစ်ကွက်လှုပ်ရှားလိုက်ပြီဟု ဆိုလိုနေခဲ့၏။
ကြည့်ရသည်မှာ ဒြပ်ငါးမျိုးခိုးယူခြင်း၏စကားများက မှန်နေသည့်ပုံပင်။
“ကောင်းပြီ အစ်ကိုသဘောတူတယ် ဆန်းကြယ်တောင်ကြားကိုတိုးချဲ့ဖို့ ဂိုဏ်းနဲ့နောက်ကျ တိုင်ပင်လိုက်မယ်” ကုအန် ခေါင်းညိတ်ပြလိုက်၏။
လုကျိကျားလည်း ချက်ချင်းပင် သူ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။ ကုအန်က ဆေးတောင်ကြား၏ အကျိုးအမြတ်များကို နှစ်တိုင်းသူနှင့်အတူ ဝေမျှပေး၏။ ထို့ကြောင့် တောင်ကြားကျယ်လာလေလေ သူ့အတွက် အကျိုးပိုရှိလေလေပင်။
ကုအန်ရုတ်တရက်တစ်ခုခုကို ပြန်တွေးမိသွားကာ ပြောလိုက်သည်။
“မင်းစည်းကို ဒီနှစ်ကုန်ချိန်ကျ ချိုးဖျက်ကြမယ် မင်းမှာရှိသမျှဆေးတွေ အကုန်သုံးထား”
လုကျိကျားမျက်မှောင်ကြုံ့လိုက်ကာ မေးလိုက်သည်။
“ဘာလို့လဲ ကျွန်တော်တို့နည်းနည်းစောင့်လို့မရဘူးလား”
ဘာလို့လဲလား!
မင်းက နှစ်၁၉၀ပဲ နေရမှာမလို့ပေါ့ကွ!
ကုအန်ထိုကိစ္စကိုတော့ မပြောဘဲ အခြားအကြောင်းအရင်းသာပြောလိုက်သည်။
“အစ်ကို့မှာ ပိုအဆင့်မြင့်တဲ့ ကျင့်စဉ်တစ်ခုရှ်ိတယ် အစ်ကိုမင်းကို မကြာနောက်ကျလွှဲပြောင်းပေးမယ် အဲ့ဒီအခါကျ အခုလိုစည်းဖြည်တာကို အကြိမ်အများကြီး လုပ်နိုင်လာလိမ့်မယ်”
ထိုစကားကြောင့် လုကျိကျားအပျော်လွန်သွားပြီး အမြန်သဘောတူလိုက်လေသည်။
ထို့နောက် ကုအန်သူ့ပုခုံးကို ပုတ်လိုက်ကာ ထွက်သွားခဲ့၏။
လုကျိကျားကတော့ အနာဂတ်အကြောင်းများကိုသာ စိတ်ကူးယဉ်၍ ကျန်ခဲ့လေသည်။
ကုအန်တတိယတောင်ကြားသို့ရောက်သောအခါ ကျားနယ်မြေသို့ သွားလိုက်၏။
လက်ကိုးချောင်းနတ်အရှင်သည် ပြိုင်ဘက်အသစ်တွေ့နေပြီး သူ့ပြိုင်ဘက်က ဒြပ်ငါးမျိုးခိုးယူခြင်း ဖြစ်သည်။
ဒြပ်ငါးမျိုးခိုးယူခြင်းသည် တရုတ်ကျား၏စည်းမျဉ်းများကို နားလည်သွားပြီးသည့်နောက် အလျင်အမြန်ပင် ကျားနယ်မြေကို လွှမ်းမိုးသွားခဲ့၏။ လက်ကိုးချောင်းနတ်အရှင် သူ့ကျင့်ကြံခြင်းကိုဖောက်မမြင်နိုင်သောကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မချင့်မရဲ ဖြစ်နေခဲ့သည်။
ဒါပေါ့ လက်ကိုးချောင်းနတ်အရှင် စိတ်ထဲ၌ ဒြပ်ငါးမျိုးခိုးယူခြင်းက သာမန်လူတော့လုံး၀မဟုတ်ပေ။ ကုအန်နောက်ခံက စုံစမ်းရလွယ်ကူသော်လည်း ဒြပ်ငါးမျိုးခိုးယူခြင်းကတော့ ပင်လယ်ရပ်ခြားမှလာသူဖြစ်သောကြောင့် စုံစမ်းဖို့ မလွယ်လှပေ။
လက်ကိုးချောင်းနတ်အရှင် ဒြပ်ငါးမျိုးခိုးယူခြင်းကိုမော့ကြည့်ကာစိတ်အနှောင့်အယှက်ဖြစ်သလို ခံစားလိုက်ရသည်။
ဒီကောင်က တကယ်ပဲဘယ်သူများလဲ!
ဒြပ်ငါးမျိုးခိုးယူခြင်းကတော့ သူ့ယပ်တောင်ကိုယမ်း၍သာ ပြုံးနေခဲ့၏။ သူလက်ကိုးချောင်းနတ်အရှင်၏ သံသယကိုမကြောက်ရွံ့ခဲ့ပေ။ သူ့ကျင့်ကြံခြင်းနှင့်ဆိုပါက လက်ကိုးချောင်းနတ်အရှင် သူ့ကိုဘယ်လိုမှ ဖောက်မြင်နိုင်မည်မဟုတ်ပေ။
အဓိပတိဂိုဏ်းတစ်ခုလုံးတွင် သူကြောက်သည်က ဆရာသခင်ဓားအရှင်တစ်ယောက်သာရှိပြီး ထိုပုဂ္ဂိုလ်ကလည်း သူဘာပြဿနာမှမရှာသေးသရွေ့ သူ့ကိုနေခွင့်ပြုထားပုံပေါ်ပေသည်။
“ငါရှူံးပြီ” လက်ကိုးချောင်းနတ်အရှင် အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ကာ ပြောလိုက်၏။
သူဒြပ်ငါးမျိုးခိုးယူခြင်းကို ရှုံးနေတာ ၆ကြိမ်ရှိနေပြီဖြစ်ပြီး အနိုင်ကျင့်ခံနေရသလို ခံစားနေခဲ့ရသည်။
ဘေးရှ်ိတပည့်များကတော့ သူ့စိတ်ဓာတ်ကျဆင်းနေမှုကိုကြည့်ကာ ဝိုင်း၀န်းအောင်ပွဲခံနေခဲ့ကြ၏။
ဒြပ်ငါးမျိုးခိုးယူခြင်း ထရပ်လိုက်ကာ ရယ်မောလိုက်သည်။
“ဒီနိုင်ပွဲကိုအောင်ပွဲခံတဲ့အနေနဲ့ ငါကအားလုံးကို အနီးကပ်တိုက်ခိုက်ရာမှာအသုံး၀င်မယ့် မှော်သိုင်းတစ်ကွက် သင်ပေးမယ်ဆိုရင် ဘယ်လိုလဲ”
တပည့်များပို၍ပင်ပျော်ရွှင်သွားကြပြီး သူတို့အောင်ပွဲခံသံများကြောင့် အဝေးရှိတပည့်များပင် သတိထားမိကုန်ကြလေသည်။
အပိုင်း(၂၈၆)
တပည့်တစ်ယောက်ဖြစ်လာတဲ့ ကျန်းပုကူ
လက်ကိုးချောင်းနတ်အရှင်က တပည့်များကို မှော်သိုင်းသင်ပေးမည်ဟု ကြားလိုက်ရသောအခါ ကုအန်ကြိတ်၍ ကျေနပ်သွားခဲ့သည်။ ထိုကောင်သည် အနားကလူများကို ဘယ်လိုဆက်ဆံရမလဲဆိုတာ လက်ကိုးချောင်းနတ်အရှင်ထက် ပိုသိပေသည်။
ဆေးတောင်ကြားတွင် တပည့်အရေအတွက်တိုးလာသည်နှင့်အမျှ သူနှင့်တပည့်များကြား ဆက်ဆံရေးကလည်း ပိုဝေးလာခဲ့သည်။ သူတို့သည် ဆရာတပည့်ဟုသာခေါ်နေခြင်းဖြစ်သော်လည်း အမည်ခံသာ ဖြစ်၏။ သို့သော်လည်း ကုအန် သူတို့တောင်ကြားတွင်နေစဉ် အမတလမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုမိုရစေလိုနေဆဲပင်။
ဒြပ်ငါးမျိုးခိုးယူခြင်း တပည့်များနှင့်အတူ ထွက်သွားဖို့ ပြင်လိုက်စဉ် လမ်းတွင် ကုအန်ကိုတွေ့လိုက်သောကြောင့် နှုတ်ဆက်လိုက်သည်။
သူတို့ထွက်သွားသောအခါ ကုအန် ကျားခုံတွင်၀င်ထိုင်လိုက်ပြီး လက်ကိုးချောင်းနတ်အရှင်ကိုကြည့်ကာ ပြောလိုက်၏။
“ကျွန်တော်တို့ တစ်ပွဲလောက်ကစားကြမလား”
လက်ကိုးချောင်းနတ်အရှင် ထေ့ငေါ့လိုက်၏။
“မကစားဘူး မင်းကစားရဲရင် ဟိုကောင့်ကိုသွားရှာချေ”
“ဒါဆိုရင်တော့မေ့လိုက်တော့ သူကအတော်လေးအားကောင်းပုံရတယ် ကျွန်တော်နိုင်ဖို့မသေချာဘူး အဲ့တာကြောင့် အဆင်အခြင်မဲ့ သွားစလို့မဖြစ်ဘူး”
“မင်းဘာကိုဆိုလိုတာလဲ ငါ့ကိုကျနိုင်ဖို့သေချာတယ်လား”
“ကျွန်တော် စီနီယာ့ကိုရှုံးဖူးလို့လား”
“မင်း…”
လက်ကိုးချောင်းနတ်အရှင်အလွန်ဒေါသထွက်သွားကာ စားပွဲကိုရိုက်၍ ထရပ်ချင်သွားပါသော်လည်း ကုအန်မျက်နှာပေါ်ရှိ အပြုံးကိုမြင်သောအခါ ထိုကောင်သူ့ကိုတမင်စနေခြင်းဖြစ်မှန်း သိသွားခဲ့၏။
ထို့နောက် ကုအန်မေးလိုက်သည်။
“စကားမစပ် စီနီယာမပြန်တာကြာပြီမလား ချူကျင့်ဖုန်းရောဘယ်လိုနေလဲ စီနီယာသူ့ကိုဂရုမစိုက်ဘူးလား”
“စိတ်မပူပါနဲ့ သူကောင်းကောင်းလုပ်နေတယ် သူကတံခါးပိတ်ကျင့်ကြံခြင်း၀င်နေတာ သူပြန်လာရင် မင်းသူ့ကိုမော့ကြည့်နေရလိမ့်မယ်”
သူ့တပည့်က ကုအန်ကိုကျော်တက်သွားသည်ကို တွေးမိသောအခါ ထိုအရာကနယ်ပယ်မတူပါသော်လည်း သူကြိတ်၍ ကျေနပ်သွားခဲ့သည်။
ကုအန်သက်ပြင်းချလိုက်၏။
“အဲ့လိုဆိုရင်တော့ တကယ့်အံ့ဖွယ်ပဲ ကျွန်တော့်မှာက အမတဖြစ်လာဖို့ မျှော်လင့်ချက်မရှိတော့ဘူးလေ သူသာတကယ်ကြီး အမတတစ်ပါးဖြစ်လာခဲ့ရင် ကျွန်တော့်မှာအမတအသိအကျွမ်းတစ်ယောက်ရှိလာမှာ အဲ့တာဆို ကျွန်တော်နောင်တမရှိတော့ပါဘူး”
လက်ကိုးချောင်းနတ်အရှင် သူကလည်းအမတတစ်ပါးပါလို့ ပြောလိုက်ချင်သော်လည်း ကုအန်အမူအရာကို ကြည့်လိုက်မိသောအခါ သူရှက်သလိုလိုခံစားလိုက်ရသည်။
ငါဘာတွေမှားနေတာလဲ!
ဘာလို့အဲ့လောက်သဘောထားကျဉ်းမြောင်းနေရတာလဲ!
ထို့နောက် လက်ကိုးချောင်းနတ်အရှင် ချူကျင့်ဖုန်း၏တည်နေရာကိုပြောပြခဲ့ပြီး သူသည်ချူကျင့်ဖုန်းကို ပင်လယ်ပြင်ရှိ ဂိုဏ်းခွဲတစ်ခုသို့ ပို့ထားခြင်းဖြစ်ပြီး ထိုဂိုဏ်းက ကြယ်ပင်လယ်အဖွဲ့စည်းလောက် အင်အားမကြီးသော်လည်း အဓိပတိဂိုဏ်းထက်တော့ အားကောင်းသောဂိုဏ်းဖြစ်၏။
ကုအန်သူ့ပင်လယ်ရပ်ခြား ပုံပြင်များကို ဂရုတစိုက်နားထောင်နေခဲ့လိုက်သည်။
ညနေချိန်နီးမှသာ ကုအန်သူ့အိမ်သို့ပြန်လာခဲ့၏။
ထိုရက်များအတွင်း သူကောင်းကင်ဈာန်အမတများတစ်ယောက်ပြီးတစ်ယောက်ပြန်လာနေကြသည်ကို တွေ့ခဲ့ရပြီး အများစုက ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းနားသို့သွားနေကြကာ တိုက်ပွဲကြီးတစ်ခု ဖြစ်တော့မည်မှာ သေချာလှသည်။
သူကုလားထိုင်ပေါ်တွင် ထိုင်နေကာ သူ့စိတ်ကိုအာရုံပြုထားလိုက်ရင်း သူ့ကိုယ်ထဲမှ မူလဝိညာဉ်က ထွက်ပေါ်လာခဲ့၏။
အံ့ဖွယ်ဓမ္မနယ်ပယ်ကမ္ဘာဦးအမတများ၏ မူလဝိညာဉ်သည် အပူအပင်မဲ့ကမ္ဘာဦးအမတများလို မည်သည့်သက်ရှိကမှ မမြင်နိုင်မထိတွေ့နိုင်ရုံသာမက အပူအပင်မဲ့ကမ္ဘာဦးအမတများပင် ထောက်လှမ်းမှ မရနိုင်ပေ။
ကုအန် အလျင်အမြန်ပင် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲ၀င်သွားခဲ့ပြီး လမ်းတစ်လျှောက်လုံးတွင်လည်း ကမ္ဘာငယ်လေးတိုင်း၌ တိုက်ပွဲများက ဖြစ်ပွားနေခဲ့သည်။
သူကမ္ဘာခြားနတ်နယ်မြေသခင်ရှိရာ အကြီးဆုံး ကမ္ဘာငယ်လေးထဲသို့ ၀င်သွားခဲ့လိုက်၏။
ထိုအခိုက်တွင် ကမ္ဘာခြားနတ်နယ်မြေသခင်က တိုက်ခိုက်မနေတော့သော်လည်း ထိုနေရာတွင် အခြားအပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၏ အရှိန်အဝါကတော့ရှိနေသေးပြီး တစ်ယောက်ယောက်အခုမှ ထိုနေရာကထွက်သွားသည့် လက္ခာပင်။
ကုအန် မှောင်မည်းကာ လေသံအနည်းငယ်ကြားနေရသော ဂူတစ်လုံးရှေ့သို့ ဆင်းသက်သွားခဲ့သည်။
သူဂူထဲသို့ အသံတိတ်၀င်သွားခဲ့ပြီး လေများက သူ့အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတဝိညာဉ်ကို အတားအဆီးမရှ်ိ ဖြတ်၍ တိုက်ခိုက်နေခဲ့၏။
လေတိုက်နေသော ဂူထဲ ဖြတ်သန်းသွားပြီးသောအခါ ယခုအခါ ကမ္ဘာခြားနတ်အာဃာတတစ္ဆေတစ်ကောင်ဖြစ်နေပြီဖြစ်သော ကျန်းပုကူ နေထိုင်ရာအခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေကာ သူ့ခြေထောက်ပေါ်မှ ဓမ္မရတနာအစစ်မဟုတ်ဘဲ ကမ္ဘာခြားနတ်စွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ပုဆိန်တစ်လက်ရှ်ိနေခဲ့သည်။
ကျန်းပုကူမျက်ခုံးများက တင်းကြပ်နေအောင်တွန့်ကွေးနေပြီး သူနာကျင်မှုတစ်ခုခုကို တောင့်ခံနေရပုံပင်။
သူ့မူလဝိညာဉ်၏အသိစိတ်ကို ပြန်ရပြီဖြစ်သော်လည်း သူ့ဝိညာဉ်ကိုဝါးမြိုပစ်ရန် တဖြည်းဖြည်းတိုက်စားနေသော ကမ္ဘာခြားနတ်စွမ်း၏ တိုက်စားမှုကိုတော့ သူတောင့်ခံနေခဲ့ရသေးသည်။ ထိုအရာက ကမ္ဘာခြားနတ်နယ်မြေသခင်ပင် ဘာမှမတတ်နိုင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၏။
ကုအန် သူ့နာကျင်နေသော အမူအရာကိုတွေ့သောအခါ သက်ပြင်းသာချလိုက်မိသည်။
စီနီယာအစ်ကိုကျန်းသာ ဤအရာကိုမြင်လျှင် မည်မျှ သောကရောက်သွားပါလိမ့်မည်နည်း။
ကုအန် စာကလေးတစ်ကောင်အဖြစ်ပြောင်းကာ အနီးရှ်ိ ကျောက်တုံးတစ်တုံးပေါ် ပျံသန်းသွားခဲ့၏။
သူတကျီကျီအသံအနည်းငယ်ပေးလိုက်ပြီး ထိုအသံကြောင့် ကျန်းပုကူမျက်လုံးများပွင့်လာကာ စာကလေးကိုမြင်သောအခါ သူကြောင်အသွားခဲ့သည်။
“မင်းက…”
ကျန်းပုကူမျက်နှာပျော်ရွှင်မှုကြောင့် တောက်ပလာပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် စာကလေး အတောင်ကိုတဖြတ်ဖြတ်ခတ်၍ တိတ်တိတ်နေဖို့ အချက်ပြလိုက်၏။
ကျန်းပုကူချက်ချင်းနားလည်သွားသော်လည်း စိတ်ကတော့ လှုပ်ရှားနေဆဲသာ။
သူစာကလေးဘာလဲဆိုတာ သေချာမသိသော်လည်း ထိုစာကလေးအပေါ် သူကျေးဇူးကြွေးများပင် တင်နေခဲ့သည်။
သူသေခြေင်းတရားနှင့် နီးကပ်နေခဲ့စဉ်က စာကလေးကသူ့ကို ဂူတစ်လုံးထဲခေါ်သွားခဲ့ပြီး ထိုနေရာတွင် သူမိစ္ဆာအမြုတေနှင့် ကောင်းကင်ပိုင်းဖြတ်ပုဆိန်သိုင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်၏။
သူစာကလေးကိုပြန်တွေ့ရကြောင်း အိပ်မက်များမက်ဖူးပါသော်လည်း ဒီနေရာတွင်တွေ့ရမည်လို့တော့ စိတ်ကူးမထားခဲ့မိပေ။
ထိုအခိုက်တွင် ကျန်းပုကူ အလိုလိုကံကောင်းသလို ခံစားလိုက်ရသည်။ စာကလေးကဘာပဲဖြစ်နေပါစေ သူအမှောင်ထဲရောက်နေစဉ် သူ့ကိုလာရှာသောတစ်ယောက်ယောက်ရှ်ိနေသည်မှာ မည်မျှပျော်စရာကောင်းသောအရာဖြစ်ပါသနည်း။
စာကလေးသူ့ကိုရုတ်တရက်ပျံသန်းလာခဲ့ပြီး ကျန်းပုကူကလည်း မရှောင်ခဲ့ပေ။
ထို့နောက် သူ့နှဖူးကိုတစ်ချက်ဆိတ်လိုက်ရာ သူ့စိတ်ထဲ မှတ်ညဏ်များစွာ တိုး၀င်လာခဲ့ပြီး သူငေးကြောင်သွားခဲ့၏။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ကျန်းပုကူအသိစိတ်ပြန်၀င်လာသောအခါ သူ့စိတ်ထဲ နတ်သိုင်းတစ်ခု၏ မှတ်ညဏ်များဖြင့် ပြည့်နှက်နေခဲ့၏။
“အကန့်အသတ်မဲ့ လွတ်လပ်ခြင်းခြေလှမ်း….”
သူတိုးတိုးရေရွတ်လိုက်ပြီး သူ့အာရုံထဲ ထိုနတ်သိုင်း၏ လျှို့ဝှက်နက်နဲမှုများက ရောင်ပြန်ဟပ်လာခဲ့သည်။
သူယခု သူ့ကိုယ်ထဲကနာကျင်မှုကို ထိုနတ်သိုင်းကျင့်၍ အာရုံလွှဲနိုင်လေပြီ။
ကမ္ဘာခြားနတ်နယ်မြေသခင်၏စကားအရ သူ့ထိုကမ္ဘာခြားနတ်စွမ်းအင်၏တိုက်စားမှုကို တောင့်ခံရမည်ဖြစ်ပြီး တောင့်မခံနိုင်လျှင် ကမ္ဘာခြားနတ်အာဃာတတစ္ဆေအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။
စာကလေးကတော့ သူ့ကိုဤနည်းလမ်းဖြင့် ကူညီပေးချင်နေပုံပေါ်သည်။
ကျန်းပုကူနှလုံးသားထဲ နွေးထွေးမှုများပြည့်သွားပြီး ဤနာကျင်မှုက သည်းမခံနိုင်စရာမဟုတ်ဘူးလို့ တွေးလိုက်မိသည်။
ကမ္ဘာခြားနတ်အာဃာတတစ္ဆေအဖြစ်ချက်ချင်းပြောင်းလဲသွားသူ မည်မျှရှိနေပါသနည်း။ သူ့တွင်တော့ အခုလို အခွင့်အရေးမျိုးရှိနေသေးရာ သူမည်သို့ မပျော်ဘဲနေမည်နည်း။
“ငါကြိုးစားကျင့်ကြံရမယ် ဒီကနေ စောစောထွက်သွားနိုင်ရင် လီယလည်း စိတ်ပူနေရမှာမဟုတ်တော့ဘူး နောက်ပြီး ဆရာဦးလေးကု…ငါဒီမှာ နှစ်ရာချီထောင်ချီ နေခဲ့ရရင် ဆရာဦးလေးကုကို ပြန်မြင်နိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးသွားရနိုင်လား” ကျန်းပုကူတွေးမိပြီး လောလာခဲ့သည်။
ဆရာဦးလေးကုသည် မရိုးရှင်းကြောင်းသူအမြဲခံစားမိပြီး ဆရာဦးလေးကုက သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတာတောင်ဖြစ်နိုင်၏။ သို့သော် မည်မျှဖုံးကွယ်ထားပါစေ သူသည် လီယထက်ပင် ငယ်သူဖြစ်လေရာ ကမ္ဘာခြားနတ်မြို့တော်လိုအခွင့်အရေးမျိုးပိုင်ဆိုင်ထားသော လီယထက် ဘယ်လိုမှ မြင့်နေစရာမရှ်ိပေ။
ထို့နောက် ကျန်းပုကူ မတ်တပ်ရပ်လိုက်ကာ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကို စတင်လေ့ကျင့်လေတော့သည်။
သူအခန်းထဲတွင် ခြေလှမ်းကွက်များရွှေ့ကာ လေ့ကျင့်နေရင်း အခ်ျန်ကိုပင် မေ့လျော့သွားကာ သူ့နာကျင်မှုကိုလည်း မေ့လျော့သွားခဲ့၏။ ကျင့်ကြံနေသည့်အတွက် သူ့စိတ်ကလည်း ထင်မှတ်မထားလောက်အောင် ကြည်လင်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း အချိန် ၂နှစ်က ကုန်ဆုံးသွားခဲ့၏။
ကျန်းပုကူဂူထဲတွင် အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကို မနားမနေလေ့ကျင့်နေခဲ့သည်။ သူ့အတွက် နတ်သိုင်းလေ့ကျင့်ရခြင်းက ပင်ပန်းစရာမဟုတ်ဘဲ ကမ္ဘာခြားနတ်စွမ်းအင်တိုက်စားမှုကို တောင့်ခံသည့်နည်းလမ်းတစ်ခု ဖြစ်၏။
ခြေလှမ်းသံများက ဂူထဲတွင် ဟိန်းထွက်လာသောကြောင့် သူ့အာရုံကထိုအသံဆီရောက်သွားခဲ့သည်။
သူ့လှည့်ကြည့်လိုက်ရာ အခန်းထဲ၀င်လာသော ကမ္ဘာခြားနတ်နယ်မြေသခင်ကို တွေ့လိုက်ရ၏။
ကျန်းပုကူသူ့ကိုအရင်ကတွေ့ဖူးသောကြောင့် ကြောက်မနေတော့ပေ။
ကမ္ဘာခြားနတ်နယ်မြေသခင်သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“မင်းလေ့ကျင့်နေတဲ့နတ်သိုင်းက ခန့်မှန်းလို့မရအောင် ကြီးမားတဲ့အပြောင်းအလဲတွေပါ၀င်နေတယ် ကောင်းကောင်းလေ့ကျင့် မင်းအနာဂတ်က သာမန်မဟုတ်မှာသေချာတယ်”
ထိုစကားကြောင့် ကျန်းပုကူအံ့အားသင့်သွားခဲ့၏။
သူ့နတ်သိုင်း၏သဘာ၀ကိုသိနေသော်လည်း တစ်ဖက်လူက ထိုအကြောင်းဘာမှဆက်မမေးခဲ့ပေ။
ထိုလူသည် စာကလေးကို သိနေခြင်းပေလော။
ကျန်းပုကူမေးရန်ပြင်လိုက်စဉ်တွင် ကမ္ဘာခြားနတ်နယ်မြေသခင်ပြောလိုက်သည်။
“မင်းသူငယ်ချင်းက ကမ္ဘာခြားနတ်မြိ့ုေတာ်ကိုပိုင်ဆိုင်ထားပေမယ့် သူကအဲ့ဒီမြို့တော်ရဲ့ စွမ်းအားအစစ်ကိုမသုံးနိုင်ဘူး မင်းငါ့ကိုဆရာအဖြစ်သတ်မှတ်ပြီး ငါ့အမွေအနှစ်ကိုဆက်ခံချင်လား အနာဂတ်မှာ မင်းက ကမ္ဘာခြားနတ်မြို့တော်ကိုမင်းအပိုင်အဖြစ်ရရှိသွားလိမ့်မယ် ဒါပေါ့ မင်းမလိုချင်ရင်လည်း ငါ့အမွှေအနှစ်ကိုပဲဆက်ဆံပြီး အနာဂတ်မှာ အထွတ်အထိပ်အမတရတနာတစ်ခုရဖို့က ခက်ခဲမယ့်အရာမဟုတ်ဘူး”
သူကဆရာတစ်ယောက်အဖြစ် သတ်မှတ်ဖို့လား!
ကျန်းပုကူ ထိုအရာကိုဆုံးဖြတ်ဖို့ အနည်းငယ်နှေးကွေးနေခဲ့၏။ သူကမ္ဘာခြားနတ်နယ်မြေထံမှ ဖိအားကိုခံစားနေရပြီး ထိုဖိအားကိုသူလုံး၀မခုခံနိုင်ခဲ့ဘဲ ဘာကိုမှ လိမ်ပင်မလိမ်နိုင်ခဲ့ပေ။
ထိုသို့သောအခြေအနေမျိုးတွင် ကမ္ဘာခြားနတ်နယ်မြေသခင်က သူ့ကိုအန္တရာယ်ပြုရန် တွက်ချက်နေတာဆိုလျှင် အဘယ်ကြောင့်အခုလို စမ်းသပ်နေစရာလိုတော့မည်နည်း။
နယ်မြေသခင်သူ့အတွေးကိုခန့်မှန်းမိဟန်ဖြင့် ရှင်းပြလိုက်သည်။
“ငါစိတ်၀င်စားတာက မင်းမဟုတ်ဘူး မင်းနောက်ကွယ်က တည်ရှ်ိမှုပဲ အခုမင်းကံတရားက ငါနဲ့ချိတ်ဆက်နေတယ် ငါသေရင် မင်းလည်းသေရမယ် အနည်းဆုံးတော့ ငါတို့ကတစ်ဖက်တည်းမှာရှိနေကြတယ် အဲ့တော့ ငါကမင်းနောက်ကွယ်ကလူနဲ့ ဆက်ဆံရေးကောင်းရှိထားရင် ငါ့အတွက်အကျိုးအမြတ်ချည်းပဲ ဘာအန္တရာယ်မှမရှိဘူး”
“ကျွန်တော့်နောက်ခံလား သူကဘယ်သူလဲ” ကျန်းပုကူ အံ့အားသင့်သွားပြီး မေးလိုက်၏။
ကမ္ဘာခြားနတ်နယ်မြေသခင်ကတော့ အံ့အားသင့်မသွားခဲ့ပေ။ သူကျန်းပုကူ၏ မှတ်ညဏ်များကို ကြည့်ရှုပြီးဖြစ်ပြီး ထိုထဲတွင် အချို့အပိုင်းများက စစ်ဆေးခြင်းကိုတားဆီးရန် ဖျက်ထားခြင်းခံခဲ့ရပြီး သဲသဲကွဲကွဲမမြင်ကာ သူလည်း ထိုနောက်ကွယ်က အင်အားကိုသတိထားမိ၍ ထိုထက်ပိုပြီး မစစ်ဆေးရဲခဲ့ပေ။
“တကယ်လို့မင်းမသိရင် အများကြီးမမေးနဲ့ အများကြီးသိတာကမကောင်းဘူး ငါဖြစ်ဖြစ် သူဖြစ်ဖြစ် မင်းကိုအန္တရာယ်ပေးချင်ရင် ဘာနည်းလမ်းမှသုံးနေစရာမလိုဘူး မင်းကအဲ့လောက်မတန်ဘူး” နယ်မြေသခင် ခပ်ဖြည်းဖြည်းပြောလိုက်သည်။
နားထောင်ပြီး ကျန်းပုကူတိတ်ဆိတ်သွားခဲ့သည်။ သူဒေါသထွက်မသွားဘဲ စာကလေးကိုပို၍ပင် ကျေးဇူးတင်သွားမိ၏။
အကယ်၍ စာကလေးက သူ့ကိုကြိုးကိုင်နေတာဆိုရင်တောင် သူလက်ခံနိုင်ပေသည်။ အနာဂတ်တွင် သူစာကလေးကို ပြန်လည်ပေးဆပ်ရပေလိမ့်မည်။
ကမ္ဘာခြားနတ်နယ်မြေသခင်နှင့်သူ့ကြားတွင်တော့ ပြေလောက်စရာတိုက်ရိုက်ရန်ငြှိုးမျိုးရှိမနေကြပေ။ အကယ်၍သူဤနေရာတွင်သေသွားရလျှင်တောင် ဘယ်သူ့ကိုမှ ဤနေရာကို သူ့သေဘာနှင့်သူလာခဲ့ခြင်းဖြစ်ေသာေကြာင့် အပြစ်တင်မရပေ။
ကျန်းပုကူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။
“ကောင်းပြီ!”
ထို့နောက် သူဒူးတစ်ဖက်ထောက်လိုက်ကာ လက်သီးဆုပ်အရိုအသေပေးလိုက်၏။
“ကြီးမြတ်တဲ့ ဆရာသခင် ကျေးဇူးပြု၍ ဒီတပည့်ရဲ့အရိုအသေပေးခြင်းကို လက်ခံပေးပါ”
ပြောပြီးသည်နှင့် သူရှိခိုးဦးချလိုက်လေသည်။
ကမ္ဘာခြားနတ်နယ်မြေသခင်၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
“ငါ့ကိုဆရာလို့ဘယ်သူမှမခေါ်ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ငါ့နောက်ဆုံးတပည့်ကအခုဆို အမြင့်ကြီးမှာရောက်နေပြီ ငါနဲ့အဆက်အသွယ်တစ်ခုခုလုပ်ရမှာ ကြောက်နေတဲ့ပုံပဲ”
သူ့လေသံက သူ့ကိုယ်သူ လှောင်ပြောင်နေသံများဖြင့် ပြည့်နေခဲ့သည်။
ကျန်းပုကူမော့ကြည့်ကာ မေးလိုက်၏။
“ဆရာ့တပည့်ကဘယ်သူလဲ”
ကမ္ဘာခြားနတ်နယ်မြေသခင်မျက်နှာပေါ်မှ အပြုံးက လွင့်ပါးသွားကာ ထေ့ငေါ့လိုက်သည်။
“သူလား မြင့်မြတ်ခုံရုံးကခွေးတစ်ကောင်ပါပဲ!”