အခန်း (၂၈၇-၂၈၈)
Vol. 22 Ch. 287-288
အပိုင်း(၂၈၇)
အသက်နှုတ်အမတ၊ ပင်လယ်ရဲ့ဒေါသကို ငြိမ်းအေးစေခြင်း
[အမည်- ကုအန်]
[သက်တမ်း- ၁၂၇၀၈၈၆၂]
[ခန္ဓာ-ကမ္ဘာဦးကမ္မခန္ဓာ]
[ကျင့်ကြံခြင်းအဆင့်- အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၉]
…
ကုအန် သစ်ပင်အောက်တွင် လှဲလျောင်းနေရင်း သူစနစ်ကိုပြန်စစ်ကြည့်က ာ အပြုံးတစ်ပွင့်သူ့မျက်နှာ၌ ပေါ်ပေါက်လာခဲ့သည်။
သူအဆင့်ချိုးဖြတ်ပြီး ၂၁နှစ်ကြာသွားပြီးသည့်နောက် သူ့သက်တမ်းကလည်း ၁၂သန်းပြန်ကျော်လာခဲ့ပြီးဖြစ်ရာ သူ့ကြိုးစားမှုများ အလဟသဖြစ်မသွားမှန်းသက်သေပြနေသောကြောင့် သူကျေနပ်ေနခဲ့သည်။
ဤအတိုင်းသာဆက်သွားနေပါက သက်တမ်း သန်းတစ်ရာဆိုသည်မှာ မဝေးလှတော့ပေ။
စနစ်ကိုကြည့်ပြီးသည့်နောက် ကုအန်နတ်အာရုံလွှင့်ကာ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကိူ ကြည့်ရှုလိုက်၏။
လတ်တလောတွင် ကျနး်ပုကူက နယ်မြေသခင်၏တပည့်တစ်ယောက်ဖြစ်လာပြီဖြစ်ပြီး နယ်မြေသခင် ကျန်းပုကူအပေါ် မကောင်းကြံလိုစိတ်မရှိသည်ကိုလည်း ကုအန် ခံစားနေရသည်။ ထိုလူသည် အပြောသက်သက်သာမဟုတ်ဘဲ ကျန်းပုကူကို အသိပညာများလည်း ပို့ချပေးနေကာ အခုထိ ကျန်းပုကူဂူမှ ထွက်မသွားသေးပေ။
သို့သော် ဤမျှအလောတကြီးသင်ကြားပေးနေပုံအရ ဒြပ်ငါးမျိုးခိုးယူခြင်းပြောခဲ့သော ကပ်ဘေးကနီးကပ်လာသည်ကို နယ်မြေသခင်လည်း သတိထားမိနေတာ သေချာနေခဲ့သည်။
ကုအန်ကတော့ လောမနေပေ။ နယ်မြေသခင်တွင် ထိုကပ်ဘေးအတွင် အခြားစီစဉ်ထားသော စွမ်းအားများရှိနေဦးမှာသေချာပြီး မဟုတ်လျှင်သူသည် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကိုပင် ဖွင့်လှစ်ရဲခဲ့မည်မဟုတ်ပေ။
သူတို့ကိုအရင်တိုက်ခိုက်ခိုင်းထားပြီး ကျနး်ပုကူ ပါ၀င်ပတ်သက်လာမှသာ သူက၀င်ပါမည်ဖြစ်သည်။
နောက်ဆုံးတွင် ပြဿနာ၏အရင်းအမြစ်ကိုရှင်းလင်းနိုင်တာ မသေချာသေးသရွေ့ ကုအန် ထိုပြဿနာထဲ တိုက်ရိုက်၀င်မပါလိုပေ။
ကျန်းပုကူ အခြေအနေကောင်းနေတာတွေ့သောအခါ ကုအန်လည်း စိတ်အေးသွားခဲ့ရ၏။
“အားလုံးအဝောာ်လေးအဆင်ပြေနေတာပဲ လူတိုင်းက အလုပ်ရှုပ်နေကြတယ် အလုပ်ရှုပ်တယ်ဆိုတာ ကောင်းတဲ့အရာပဲ”
ကုအန်နတ်အာရုံသုံး၍ သူဂရုစိုက်သောလူတိုင်းကိူ စစ်ဆေးကြည့်လိုက်ပြီး အားလုံးအဆင်ပြေနေသောအခါ သူ့မျက်နှာပေါ် အပြုးတစ်ပွင့် ပေါ်လာခဲ့၏။
ထို့နောက် သူထထိုင်လိုက်ကာ အပျင်းကြောတစ်ချက်ဆန့်လိုက်ပြီး ထိုနေရာမှထထွက်လာခဲ့လေသည်။
လမ်းတစ်လျှောက်လုံးတွင် တပည့်များစွာနှင့်တွေ့ခဲ့ပြီး တပည့်များက သူ့ကိုနှုတ်ဆက်သောအခါ သူလည်းနွေးနွေးထွေးထွေးပင် ခေါင်းညိတ်ပြုံးပြ၍ ပြန်နှုတ်ဆက်ခဲ့၏။
သူအိမ်အောက်သို့ ရောက်သောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် အပြင်ခန္ဓာကျင့်ကြံခြင်းအကြောင်း ဆွေးနွေးနေသော ယန်ကျင်းကိုတွေ့လိုက်ရသည်။ သွေးအကျဉ်းထောင်မဟာသူတော်စင်ကလည်း အပြင်ခန္ဓာကိုကျင့်ကြံသူဖြစ်ပြီး မဟုတ်လျှင် သူသွေးအဆီအနှစ်ကို ရရှိခဲ့မှာ မဟုတ်ပေ။
ကုအန်ချဉ်းကပ်လာသည်ကိုတွေ့သောအခါ ယန်ကျင်း အမြန်ထရပ်၍ အရိုအသေပေးလိုက်၏။
ကုအန်တခဏတွေးလိုက်ကာ ပြောလိုက်သည်။
“ကောင်းကာင်းနားထား ခဏနေရင် ဆရာမင်းကို တစ်ယောက်ယောက်နဲ့လက်ရည်စမ်းဖို့ ခေါ်သွားပြီး မင်းခွန်အားအစစ်ကိုစစ်ဆေးမယ်”
ထိုစကားကြောင့် ယန်ကျင်းမျက်လုံးများ ချက်ချင်းတောက်ပသွားခဲ့သည်။ သာမန်အားဖြင့် သူသည် လီလင်းထျန်နှင့်သာ လက်ရည်စမ်းရသောကြောင့် ပျင်းစရာကောင်းလှသည်။ အခုလို တကယ့်တိုက်ပွဲ တိုက်ခိုက်ရတော့မည်ဆိုလေရာ သူမည်ကဲ့သို့ မပျော်ဘဲနေနိုင်မည်နည်း။
သူတုန့်ပြန်မှုကိုမစောင့်တော့ဘဲ ကုအန်အပေါ်ထပ်သို့ တက်သွားခဲ့၏။
ခပ်လှမ်းလှမ်းတွင် ဒြပ်ငါးမျိုးခိုးယူခြင်း တရုတ်ကျားကစားရင်း ယန်ကျင်းကို ကြည့်ရှုနေခဲ့သည်။ ထိုကောင်လေးသည် ရတနာခန္ဓာတစ်မျိုးမျိုးပိုင်တာသေချာပြီး ထို့ကြောင့် သူကုအန်ကိုပို၍ပင် စိတ်၀င်စားလာခဲ့သည်။ ထိုလူသည် ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီနှင့် နီးကပ်သောဆက်ဆံရေးရှိနေနိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ သူ့နောက်ခံကလည်း သာမန်မဟုတ်တာ သေချာပေသည်။
သူကုအန်ကိုထောက်လှမ်းဖို့တော့ အစီအစဉ်မရှိဘဲ ယန်ကျင်းနှင့်သာ ဆက်ဆံရေးကောင်းဆောက်ထားဖို့ စဉ်းစားနေခဲ့သည်။
နောက်ဆုံးတွင် ယန်ကျင်းသာ နှစ်၁၀၀၀၀လောက် ရှင်သန်နိုင်ခဲ့ပါက ထိုကောင်လေးသည် ကမ္ဘာပေါ်တွင်ထင်ရှားသော ပုံရိပ်တစ်ခုဖြစ်လာမှာ သေချာပေသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးနှင့် နှောင်ကြိုးများရှိနေခြင်းမှာ ကောင်းသောအရာသာ ဖြစ်၏။
ထို့ကြောင့် ဒြပ်ငါးမျိုးခိုးယူခြင်း ယန်ကျင်းကို မည်သည့်နတ်သိုင်းမှော်သိုင်းများ သင်ပေး၍ ချဉ်းကပ်ရမလဲဟု တွေးနေခဲ့သည်။
ကုအန်သည် သူတောင်ကြားမှ အခြားတပည့်များကို သင်ကြားခြင်းကိုခွင့်ပြုလေရာ ယန်ကျင်းကိုသင်ပေးလျှင်လည်း စိတ်မရှ်ိလောက်ပေ။
ထိုညနေတွင် ဒြပ်ငါးမျိုးခိုးယူခြင်း ယန်ကျင်းကို သွားရှာခဲ့၏။
“မိတ်ဆွေလေး ငါမင်းကိုလေ့လာနေတာကြာပြီ မင်းမှာ သာမန်မဟုတ်တဲ့ ပါရမီနဲ့နားလည်နိုင်စွမ်းရှ်ိနေတယ် ငါ့မှာ လက်သိုင်းနည်းစနစ်တစ်ခုရှိတယ် မင်းသင်ချင်လား” ဒြပ်ငါးမျိုးခိုးယူခြင်း ပြုံးကာ မေးလိုက်သည်။
ယန်ကျင်း ထိုလူသည် ကြီးမြတ်သောကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း သိနေခဲ့၏။ နောက်ဆုံးတွင်ထိုလူသည် လက်ကိုးချောင်းနတ်အရှင်ကို တရုတ်ကျားတွင် အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။
“ကြင်နာပေးမှုအတွက်ကျေးဇူးတင်ပါတယ် စီနီယာ ဒါပေမယ့် မလိုပါဘူး” ယန်ကျင်း ဦးညွှတ်အရိုအသေပေးလိုက်ကာ ယဉ်ယဉ်ကျေးကျေးငြင်းလိုက်၏။
ဒြပ်ငါးမျိုးခိုးယူခြင်းလည်း နောက်နည်းနည်းဆုတ်လိုက်ပြီး မေးလိုက်သည်။
“ငါကလုံလောက်အောင်ကြောက်စရာမကောင်းဘူးလို့ မင်းထင်လို့လား”
ယန်ကျင်းခေါင်းယမ်းကာ ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ကျွန်ဝောာ်က လက်သိုင်းတွေမှော်သိုင်းတွေ နတ်သိုင်းတွေကိုစိတ်မ၀င်စားပါဘူး ကျွန်တော့်အတွက်အဲ့တာတွေက ခွန်အားတိုးအောင်လုပ်တဲ့နေရာမှာ သိပ်မစွမ်းဘူးလို့ထင်လို့ပါ”
ဒြပ်ငါးမျိုးခိုးယူခြင်း စိတ်၀င်စားသွားကာ မေးလိုက်သည်။
“ဒါဆိုမင်းကဘာသင်ချင်တာလဲ”
ယန်ကျင်းပြန်မေးလိုက်သည်။
“စီနီယာ နတ်ဘုရားတို့၏ရာထူးများ ဒါမှမဟုတ် အနောက်အရပ်သို့ခရီးသွားခြင်းဖတ်ဖူးလား”
ဒြပ်ငါးမျိုးခိုးယူခြင်းခေါင်းညိတ်ပြကာ ဖြေလိုက်သည်။
“ဒါပေါ့ ဖတ်ဖူးတယ် မင်းနာမည်က ယန်ကျင်းဆိုတော့ မင်းလည်းစာအုပ်ထဲကလို တည်ရှိမှုတစ်ခုဖြစ်လာချင်တာလား ဒါပေမယ့် အဲ့တာကစိတ်ကူးယဉ်စာအုပ်တစ်အုပ်လေအဲ့ထဲက နည်းစနစ်ေတွ နတ်သိုင်းတွေက အစစ်တွေမှ မဟုတ်တာ”
ထိုစကားကြောင့် ယန်ကျင်းခေါင်းယမ်းကာ လှည့်သာ ထွက်သွားခဲ့၏။
“စောင့်ပါဦး ငါမင်းကိုလှံသိုင်းတစ်ခုသင်ပေးမယ်ဆိုရင်ရော အဲ့တာကငါပိုင်သမျှထဲ ကြောက်စရာအကောင်းဆုံး လက်နက်ရှည်သိုင်းတစ်ခုပဲ အဲ့တာကိုတတ်မြောက်သွားရင် ကမ္ဘာပေါ်မှာပြိုင်ဘက်ကင်းပြီး ရန်သူရှာတွေ့ဖို့တောင် ခက်လိမ့်မယ် အဲ့တာကမင်းခန္ဓာနဲ့လည်းအရမ်းသင့်တော်တယ်” ဒြပ်ငါးမျိုးခိုးယူခြင်း ယန်ကျင်းကိုအမြန်လှမ်းခေါ်ကာ ပြောလိူက်သည်။
ယန်ကျင်းရပ်ကာ လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲ မျှော်လင့်ချက် အနည်းငယ်တော့ ရှိလာခဲ့သည်။
ဒြပ်ငါးမျိုးခိုးယူခြင်းပြုံးကာ ပြောလိုက်၏။
“ဒီလှံသိုင်းနာမည်က ကောင်းကင်အဆုံးသတ် တာအိုပျက်သုဉ်း လှံသိုင်း ၃၆ ကွက်တဲ့ ဒီလှံသိုင်းကိုတတ်မြောက်ဖို့က အရမ်းခက်တယ် လက်ရှိကမ္ဘာပေါ်က ဘယ်သူမှ အမွေမဆက်ခံနိုင်ကြသေးဘူး”
ထိုစကားကိုကြားသောအခါ ယန်ကျင်းပြောလိုက်သည်။
“အဲ့လိုလား ဒါဆိုကျွန်တော်ကြိုးစားကြည့်ချင်တယ် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”
“လေ့ကျင့်ဖို့ သီးသန့်နေရာတစ်ခုရှာလိုက်”
“ဟုတ်ကဲ့ပါ”
သူတို့နှစ်ယောက် ဆေးတောင်ကြားထဲ၀င်သွားခဲ့ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း စိတ်၀င်စားသွားကာ နောက်မှလိုက်သွားခဲ့သည်။ ဒြပ်ငါးမျိုးနတ်အရှင် ထိုနွားသိုးတတ်မြောက်သွားနိုင်မည်ဟု မခံစားရသောကြောင့် သူ့ကိုမနှင်ထုတ်ခဲ့ပေ။
သို့သော် ယန်ကျင်းလို ရှားပါးသည် ရတနာခန္ဓာပိုင်ရှင်ကတော့ တတ်မြောက်နိုင်ပေသည်။
အိမ်ထဲတွင် ကုအန်ထိုမြင်ကွင်းကိုသတိထားမိသော်လည်း စိတ်မ၀င်စားခဲ့ပေ။ ဒြပ်ငါးမျိုးခိုးယူခြင်း အဆင်အခြင်မဲ့ မပြုမူရဲတာကို သူသိနေခြင်းကြောင့် ဖြစ်သည်။
သို့သော်သူထိုလှံသိုင်းကိုတော့ စိတ်၀င်စားနေခဲ့ပြီး ထိုသိုင်းက ဒြပ်ငါးမျိုးခိုးယူခြင်းပြောသလောက် အစွမ်းထက်နေမလားဆိုတာ သိချင်နေခဲ့၏။
ညအချိန်ကုန်လွန်သွားခဲ့သည်။
အာရုံတက်ချိန်တွင် တပည့်များ လေ့ကျင့်ခန်းလုပ်ရန် စုဝေးနေခဲ့ကြ၏။
ကုအန်လည်း ယန်ကျင်းနှင့်အတူ သူ့နောက်မှ ဒြပ်ငါးမျိုးခိုးယူခြင်းလည်း လိုက်လာသည်ကို ကြည့်နေခဲ့သည်။
ဒြပ်ငါးမျိုးခိုးယူခြင်းက ကြောင်အနေဟန်ရပြီး အရင်လို ခန့်ညားသောအမူအရာမျိုးရှိမနေတော့ဘဲ သူ့ပုံစံက ကြောက်စရာတစ်ခုခုနှင့်ကြုံခဲ့ရသည့်ပုံပင်။
ကုအန် ထိုအရာက ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။ ဒြပ်ငါးမျိုးခိုးယူခြင်းသည် ယန်ကျင်း၏ ခန္ဓာနှင့် နားလည်နိုင်စွမ်းကြောင့် အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။
တစ်ညတည်းနှင့် ယန်ကျင်းသည် ကောင်းကင်အဆုံးသတ်တာအိုပျက်သုဉ်းလှံသိုင်း ၃၆ ကွက်ကိုတတ်မြောက်သွားခဲ့ပြီးသူထိုလှံသိုင်း၏ စွမ်းအားအစစ်ကို မထုတ်လွှတ်နိုင်သေးသော်လည်း ထိုမျှကပင် ဒြပ်ငါးမျိုးခိုးယူခြင်းကို အံ့အားသင့်သွားစေခဲ့၏။
ယန်ကျင်း၏ရတနာခန္ဓာသည် ရတနာခန္ဓာများကြားထဲတွင်ပင် အကောင်းဆုံးတစ်ခုဖြစ်ရမည်ဟု သူသံသယရှိနေခဲ့သည်။ မမြဲသောထျန်း သေသွားသည်က နှမြောစရာကောင်းလှသည်။ မဟုတ်လျှင်ထိုကောင်က ရတနာခန္ဓာများအကြောင်းသိသောကြောင့် သူထိုကောင့်ကို မေး၍ ရနိုင်လောက်သည်။
“မင်းဘာတွေလုပ်လာတာလဲ” လီလင်းထျန် ယန်ကျငိးကိုကြည့်ကာ အံ့အားသင့်နေဟန်ဖြင့်မေးလိုက်၏။
ယန်ကျင်းအသက်ရှူသံက မူမမှန်သောကြောင့် သူမနေ့ညက အနားယူမထားမှန်း သိသာလှသည်။
ယန်ကျင်းဖြေလိုက်သည်။
“ကျင့်ကြံနေရုံပါ ထပ်မမေးနဲ့တော့”
လီလင်းထျန်အကြည့်က ယန်ကျင်းနောက်ရှိ ဒြပ်ငါးမျိုးခိုးယူခြင်းထံ ရောက်သွားပြီး တစ်ခုခုဖြစ်ခဲ့မှန်း နားလည်သွားခဲ့၏။
လေ့ကျင့်ခန်းလုပ်ပြီးသည့်နောက် သူဒြပ်င်ါးမျိုးခိုးယူခြင်းဆီ ချဉ်းကပ်သွားကာ ယန်ကျင်းကို မှော်သိုင်းတစ်ခုခုသင်ပေးခဲ့လားဟု မေးလိုက်သည်။ ဒြပ်ငါးမျိုးခိုးယူခြင်းကလည်း ခေါင်းညိတ်ကာ အမှန်အတိုင်းပြန်ဖြေခဲ့၏။
“ခင်ဗျား ကျွန်တော့်ကိုလည်းသင်ပေးလို့ရမလား ကျွန်တော့်ပါရမီကလည်း မဆိုးပါဘူးး” လီလင်းထျန် ချက်ချင်းသင်ချင်သွားခဲ့သည်။
ဒြပ်ငါးမ်ျုးခိုးယူခြင်း သူ့ကိုသေချာအကဲခတ်လိုက်ကာ
“မင်းပါရမီက တကယ်ကောင်းပါတယ် ဒါပေမယ့်ငါ့ကိုဆွဲဆောင်နိုင်ဖို့တော့ လိုနေသေးတယ် မင်းကျင့်ကြံခြင်းကိုအရင်မြှင့်လိုက် ငါမျက်စိကျလာတဲ့တစ်နေ့ကျ မင်းကိုသင်ပေးမယ်”
“မျက်စိကျဖို့လား”
လီလင်းထျန်စိတ်တိုသွားခဲ့၏။ သူသည်အမြဲတမ်းအထက်စီး၌သာနေပြီး လိုချင်တာရခဲ့သူဖြစ်ပြီး အခုလိုအငြင်းခံရခြင်းက ရှားပါးလှသည်။
တတိယတောင်ကြား၌လာနေခြင်းကိုပင် ကုအန်ကသူ့ကို မငြင်းခဲ့ပေ။
လီလင်းထျန်းလက်သီးကိုဆုပ်လိုက်ကာ ဒေါသတကြီးထွက်ခွာသွားခဲ့၏။
ဒြပ်ငါးမျိုးခိုးယူခြင်းကတော့ လုံး၀ဂရုမစိုက်ပေ။ လီလင်းထျန်၏ကမ္မတရားများက ရှင်းလင်းပြီး သူ့နောက်ခံက သူ့ကိုခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
လီလင်းထျန်နောက်ခံက သူ့ကိုပြဿနာလာရှာပြီး သူ့ဘ၀ကိုအနည်းငယ်အပျင်းဖြေပေးရန်ပင် သူမျှော်လင့်နေသေးသည်။
ဒြပ်ငါးမျိုးခိုးယူခြင်း တရုတ်ကျားကစားရန်သွားဖို့ပြင်လိုက်ချိန်တွင် ရှန်ရှင်းကျိ၏တားဆီးခြင်းကို ခံလိုက်ရ၏။
“အောမိတောဖော ဒကာလေး ကိုယ်တော်တို့စကားပြောလို့ရမလား” ရှန်ရှင်းကျိ ဒြပ်ငါးမျိုးခိုးယူခြင်းကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
ဒြင်ငါးမျိုးခိုးယူခြင်းလည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ယောက် တောင်ကြားမှ ထွက်ခွာသွားခဲ့၏။
…..
ဆောင်းဦးရောက်ရှိလာခဲ့ပြီး တတိယတောင်ကြားကို ဆောင်းဦးအငွေ့အသက်များက ဖုံးလွှမ်းထားခဲ့ပြီး တပည့်များ သစ်ရွက်ခြောက်များ လှဲကျင်းနေခဲ့ရသည်။
အိမ်ထဲတွင် မိန်းကလေးရှန်း ကုအန်အား သူ့ဖန်တီးမှုအသစ်အကြောင်း စိတ်လှုပ်ရှားစွာ ပြောနေခဲ့၏။
ကုအန်ကတော့ သူ့ တောင်အရပ်ခရီး ကိုစိတ်၀င်စားမှုမရှိဘဲ သူ့နတ်အာရုံက ပင်လယ်ပြင်တွင်သာ ရောက်ရှိနေခဲ့သည်။
ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအထက်တွင် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားနေပြီး လူတစ်ယောက်က တစ္ဆေဘုရင်သုံးပါးကို တစ်ယောက်တည်းဖြင့် တိုက်ခိူက်နေခဲ့သည်။
ကောင်းကင်ဈာန်အမတ!
တစ္ဆေဘုရင်များသည် ကောင်းကင်ဈာန်အမတအဆင့် ၉ များဖြစ်ကြပြီး ထိုသို့သော တည်ရှိမှုများကို တစ်ယောက်တည်းဖိနှိပ်ထားနိုင်သည့် ကောင်းကင်ဈာန်အမတမျိုးရှိနေသေးသောကြောင့် ကုအန်စိတ်ဝင်စားသွားမိ၏။
“နင်သေချာရောနားထောင်နေလား” မိန်းကလေးရှန်း မကျေမနပ်မေးလိုက်သည်။
ကုအန်ပြုံးကာ ပြောလိုက်၏။ “ဒါပေါ့ ငါနားထောင်နေတယ် ဒါပေမယ့် နင့်စာအုပ်ထက် နင့်ကျင့်ကြံခြင်းကို ပိုစိတ်၀င်စားမိတယ်”
[မိန်းကလေးရှန်း(ဝိညာဉ်အခြေတည်အဆင့် ၇): ၂၃၁/၈၈၀/၄၄၀၀]
မိန်းကလေးရှန်းရဲ့ သက်တမ်းအကန့်အသတ်က တကယ်တိုးလာတာပဲ!
ထိုအရာက ကုအန်ကိူအံ့အားသင့်သွားစေခဲ့ပြီး အရင်က မိန်းကလေးရှန်းသက်တမ်းက ၂၅၀၀သာရှိခဲ့ခြင်း ဖြစ်၏။
သနားစရာသူတပည့်လေးများက ကြိုးစားကာ ညဏ်အလင်းပွင့်မည့်အခွင့်အရေးကိုရှာဖွေနေကြစဉ်တွင် ရှန်းကျန်ကတော့ ဘာမှမလုပ်ဘဲ တစ်နေ့တစ်နေ့ စာရေးလိုက် ပန်းချီဆွဲလိုက် လုပ်နေရင်း သူ့သက်တမ်းက အလိုလိုတက်လာနေခဲ့သည်။ ထိုအရာနောက်တွင် မည်သည့်အကြောင်းပြချက်ရှိနေနိုင်ပါသနည်း။
စာရေးခြင်းနှင့်ပန်းချီကလည်း ကျင့်ကြံခြင်းလမ်းစဉ်များ ြဖစ်ကာင်းဖြစ်နေနိုင်ပေသည်။
ရှန်းကျန် ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြောလိုက်သည်။
“အဲ့တာကအဆင်ပြေပါတယ် ငါကြိုးစားကျင့်ကြံနေတယ်”
ကုအန် သူမလိမ်နေတာကို ဖော်မနေတော့ပေ။ သူနတ်အာရုံသုံး၍ ကြည့်လိုက်တိုင်း ရှန်းကျန်သည် စာရေးလိုက် ပန်းချီဆွဲလိုက် ဂီတဖန်တီးခြင်းများသာ လုပ်နေတတ်ပြီး ထိုအရာများကြောင့် မောပန်းသွားပုံလည်းမရပေ။
ဒါပေါ့ အခုလိုကြည့်လိုက်တော့လည်း သူမလုပ်ရပ်များက အဓိပ္ပာယ်မရှိတာတော့ မဟူတ်ပေ။
ရှန်းကျန်ပုံစံအရ သူမသည် သူမပါရမီနှင့် နားလည်နိုင်စွမ်းတိုးလာခြင်းကို သတိထားမိပုံလည်း မရပေ။
ကုအန်လည်း သူမကိူသတိမပေးခဲ့ပေ။ သူမသည် ငယ်သေးသောကြောင့် ကျင့်ကြံခြင်းကိုလောနေစရာမလိုသေးပေ။ သူသတိပေးလိုက်မှ သူမထိုခံစားချက်မျိုးဘယ်တော့မှ ထပ်မရနိုင်တော့တာမျိုးပင် ဖြစ်သွားနိုင်သေးသည်။
“နင်ရော ဘယ်လိုလဲ ဘာလို့နင့်ကျင့်ကြံခြင်းကဘာမှတိုးတက်မလာသလို ခံစားနေရတာလဲ” ရှန်းကျန် မျက်ခုံးပင့်သွားကာ ပြောလိုက်၏။
ထိုစကားကြောင့် ကုအန်အမူအရာညှိုးကျသွားပြီး သက်ပြင်းချလိုက်သည်။
ရှန်းကျန်လည်းမျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ဘာဖြစ်လို့လဲ ပြဿနာတစ်ခုခုရှိလို့လား”
“ဘာမှမဟုတ်ပါဘူး ကောင်းကင်ကံကြမ္မာကိုခံစားရတာ ပိုတိုးလာရုံပါ ငါဆေးတွေဘယ်လောက်သုံးသုံးအဆင့်ချိုးဖြတ်ရတာ ပိုခက်လာတယ် နင်ဒီခံစားချက်ကိုနားမလည်ပါဘူး ငါ့အနာဂတ် အမတကျင့်ကြံခြင်းကိုမမြင်နိုင်တော့ဘူး ကြည့်ရတာ ငါ့အမတလမ်းစဉ်က ဒီလောက်ပဲဖြစ်ပူံရတယ်” ကုအန် သက်ပြင်းချလိုက်၏။
ထိုစကားကိူကြားသောအခါ ရှန်းကျန်ပါးစပ်ဟ၍ နှစ်သိမ့်ပေးရန်ပြင်လိုက်သော်လည်း ဘယ်လိုနှစ်သိမ့်ပေးရမယ် မသိခဲ့ပေ။
ပါရမီဆိုသည်မှာ အရှိတရားသာဖြစ်၏။ ကုအန်မိတ်ဆွေ ဝူကျဲသည် အမြင့်သို့ထိုးတက်နေခဲ့ပြီး လီယက ပိုတောင်ကြမ်းသေးသည်။ ယခုအချိန်တွင် သူသည် အဓိပတဂိုဏး်၏ မျက်နှာပင် ဖြစ်နေပြီဖြစ်သည်။
ကုအန်အားတင်း၍ ပြုံးကာ ပြောလိုက်၏။
“မိန်းကလေးရှန်း ငါ့ဘ၀ကတိုကောင်းတိုလိမ့်မယ် ဒါပေမယ့် နင်ကတော့မဟုတ်ဘူး…”
သူဆက်ပြောဖို့ပြင်လိုက်စဉ်တွင် ကောင်းကင်မြေပြင်တစ်ခွင်ကို အားလှိုင်းကြီးတစ်ခုက လွှမ်းမိုးသွားခဲ့ပြီး သူ့စကားကိုကြားဖြတ်သွားသော စကားသံကြီးတစ်သံ ကောင်းကင်မြေပြင်တစ်ခွင်တွင် ဟိန်းထွက်လာခဲ့သည်။
“ငါက မဟာအေးစက်သောမိစ္ဆာဂိုဏ်းက အသက်နှုတ်အမတပဲ ဒီနေ့ ငါပင်လယ်ချိုးဖျက်အက်ကွဲကြောင်းဆီ ဆင်းသက်လာပြီးတော့ နောက်နှစ်တစ်ရာအတွင်း ငါ့ကိုဘယ်သူမှ အနိုင်မယူနိုင်ရင် ပင်လယ်ရဲ့ဒေါသကို ဖြေဖျောက်ပေးဖို့ င့ါစကားသံကိုကြားတဲ့ သက်ရှိတိုင်းကို သုတ်သင်ပစ်မယ်”
မဟာအေးစက်သောမိစ္ဆာဂိုဏ်း!
ကုအန်ထိုဂိုဏ်းကိုကြားဖူးပြီး ထိုဂိုဏ်းက ပင်လယ်ဗုဒ္ဓဂိုဏ်းနှင့်ပင် ယှဉ်နိုင်သော ဂိုဏ်းကြီးဖြစ်၏။ အချို့မိစ္ဆာဂိုဏ်းများကို မြင့်မြတ်ခုံရုံးက အသိအမှတ်ပြုပေးထားပြီး ထိုမိစ္ဆာများသုတ်သင်ခြင်းကိုခံရသော နယ်မြေများမှာ မြင့်မြတ်ခုံရုံ၏ ပစ်ပယ်ခြင်းကို ခံထားရသောနေရာများ ဖြစ်ကြပေသည်။
သူတို့ကုန်းမြေတိုက်ကြီးနှင့် အနီးတစ်ဝိုက်ရှိ ပင်လယ်များကို မြင့်မြတ်ခုံရုံးက ပစ်ပယ်လိုက်ပြီပေလော!
အပိုင်း(၂၈၈)
ကောင်းကင်နှင့်ချိတ်ဆက်နေသည့် နောက်ခံ
“မဟာအေးစက်သောမိစ္ဆာဂိုဏ်း အသက်နှုတ်အမတ သူတိူ့ကဘယ်ကလဲ”
ရှန်းကျန် မျက်မှောင်ကြုံ့ကာပြောလိုက်ပြီး သူ့မျက်လုံးထဲ မလွယ်ကူသည့်အရိပ်အယောင်များ ရှိနေခဲ့သည်။
ကုအန်ပြန်ပြောလိုက်၏။
“ငါလည်းသေချာမသိဘူး ဒါပေမယ့်အသံအရတော့ ပင်လယ်ပြင်က အကောင်ကြီးကြီးတစ်ကောင်ဖြစ်လောက်တယ် ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းလာခဲ့ပြီးတဲ့နောက် ကိစ္စကြီးတွေဖြစ်လာပြန်ပြီပဲ”
ရှန်းကျန်သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
“အများကြီး မစိုးရိမ်ပါနဲ့ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းက ငါတို့နဲ့ဝေးလွန်းပါတယ် ကမ္ဘာပေါ်မှာ စွမ်းဆောင်နိုင်တဲ့သူတွေရှိနေဦးမှာလဲ မကောင်းမှုက ကောင်းမှုကိုဘယ်တော့မှ ဖုံးလွှမ်းသွားနိုင်မှာမဟုတ်ဘူး ငါတို့ဒါကိုဖြတ်ကျော်နိုင်မှာပါ”
ကုအန် ခေါင်းညိတ်ပြလိုက်ပြီး သူ့စိတ်ထဲတွင်တော့ အမြင်တစ်ခုရှိနေခဲ့၏။
မဟာအေးစက်သောမိစ္ဆာဂိုဏ်း၏ နောက်ကွယ်တွင်ရှိနေသော အင်အားစုများမှာ ကောင်းကင်ဘုံအမြင့်ကြီးမှ လူများ ဖြစ်ကြသည်။
ကျိပိုင်ယပြောစကားအရ ရှေးခေတ်ကတည်းက မဟာအေးစက်သောမိစ္ဆာဂိုဏ်းနှင့် သူတို့လိုချီကံကြမ္မာဆင်တူရှိသော ဂိုဏ်းများသည် မြင့်မြတ်ခုံရုံး၏ဓားလိုဖြစ်ကာ ခုံရုံးကတိုက်ရိုက်ဆောင်ရွက်မရသော ကိစ္စများကို ဆောင်ရွက်ရသူဖြစ်၏။
ဒါပေါ့ မြင့်မြတ်ခုံရုံးက မကောင်းဆိုးဝါးဆန်နေတာတော့ မဟုတ်ဘဲ သူတို့သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံး၏ ကောင်းကျိုးကိုသာ ပိုကြည့်ရခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ခါတလေတွင် နယ်မြေအချို့ကို စတေးပစ်ရတတ်သည်။
အကယ်၍ မြင့်မြတ်ခုံရုံးက ဤနယ်မြေကို စွန့်ပစ်ခဲ့တာဆိုလျှင် အကြောင်းအရင်းက ့ဘာဖြစ်နိုင်ပါမည်နည်း။
ထိုအရာက ကမ္ဘာခြားနတ်နယ်မြေသခင်နှင့်တော့ မဆိုင်တာသေချာပေသည်။
ကမ္ဘာခြားနတ်နယ်မြေက သူတို့နှင့် ဘာဆက်စပ်မှုမှမရှိလေရာ သူတို့ကိုသုတ်သင်ခြင်းက ဘာမှမဆိုင်လှပေ။
ကုအန် ထိုကိစ္စနောက်ကွယ်တွင် ပိုနက်နဲသောအကြောင်းများ ရှိနေနိုင်သည်ဟု ခံစားမိနေခဲ့သည်။
ကုအန် နတ်အာရုံဖြင့်ကြည့်လိုက်ကာ အသက်နှုတ်အမတသည် တိုက်ခိုက်နေသော ကောင်းကင်ဈာန်အမတတစ်ပါးမဟုတ်ဘဲ အပူအပင်မဲ့ကမ္ဘာဦးအမတသာဖြစ်မှန်း တွေ့လိုက်ရ၏။ သူရောက်ရှိလာမှုကြောင့် တိုက်ပွဲပင် ရပ်တန့်သွားခဲ့ရသည်။
ကုအန် အသက်နှုတ်အမတ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်း ထောင့်စွန့်တစ်နေရာတွင် စေတီတစ်ဆူကို နေရာချနေခြင်းကိုလည်း တွေ့လိုက်ရသည်။ ထိုစေတီသည် ဆက်လက်ကြီးထွားလာခဲ့ပြီး ကျန်းတစ်သိန်းလောက်ထိ မြင့်မားသွားကာ ထိပ်ဖျားက တိမ်စိုင်များထဲပင် ၀င်နေခဲ့၏။ ထို့နောက် အသက်နှုတ်အမတက ထိုစေတီထဲ၀င်သွားပြီး တစ္ဆေဘုရင်သုံးကောင်က ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲ၀င်သွားစဉ်တွင် သူတို့နှင့်တိုက်ခိုက်နေသော ကောင်းကင်ဈာန်အမတလည်း စေတီထဲလိုက်၀င်သွားခဲ့သည် ။ ထိုအမတနှင့် အသက်နှုတ်အမတက တစ်ဖက်တည်းဖြစ်တာသေချာပေသည်။
ကုအန် နောက်နှစ်ရာချီအတွင်း နောက်ထပ် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး လှုပ်ရှားဦးမလားဆိုတာကိုလည်း စိတ်၀င်စားနေခဲ့မိ၏။
မကြာခင်တွင် ရှန်းကျန် ကုအန်ကိုနှုတ်ဆက်ကာ ပြန်သွားခဲ့သည်။ ကုအန်လည်း အိမ်ပေါ်မှဆင်းလာပြီး တပည့်များနှင့် အသက်နှုတ်အမတကိစ္စအကြောင်း ဆွေးနွေးရန် ပြင်ဆင်လိုက်လေသည်။
အသက်နှုတ်အမတ၏ ခြိမ်းခြောက်မှုက တစ်ကမ္ဘာလုံးကို ၀ရုန်းသုန်းကားဖြစ်သွားစေခဲ့ပြီး သက်ရှိတိုင်းက ထိုအကြောင်းကို ဆွေးနွေးနေခဲ့ကြ၏။
ကုအန် ကျားနယ်မြေသို့ရောက်သောအခါ လက်ကိုးချောင်းနတ်အရှင်နှင့် ဒြပ်ငါးမျိုးခိုးယူခြင်းတို့ အဓိပတိဂိုဏ်းမှ ကြီးမြတ်သည့်ကျင့်ကြံသူများနှင့် ထိုကိစ္စအကြောင်းဆွေးနွေးနေသည်ကို တွေ့ခဲ့ရပြီး အခြားတပည့်များကလည်း စိတ်၀င်တစားနားထောင်နေခဲ့ကြသည်။
ရှန်ရှင်းကျိလည်း ထိုလူအုပ်ကြားထဲရှိနေပြီး သူကတော့ ဘာမှမပြောဘဲ နားထောင်ရုံသာ ထောင်နေခဲ့၏။
ရှန်ရှင်းကျိ ဒြပ်ငါးမျိုးခိုးယူခြင်းနှင့် တွေ့ပြီးကတည်းက သူတို့ကြားတွင် သေ့ဘာတူညီမှုတစ်ခုရခဲ့ပုံပေါ်ပြီး ဘာပဋိပက္ခမှ မဖြစ်ခဲ့ကြပေ။
“မဟာအေးစက်သောမိစ္ဆာဂိုဏ်းက နှစ်တစ်သန်းလောက် သမိုင်းရှိတဲ့ ဂိုဏ်းကြီးပဲ အသက်နှုတ်အမတဆိုတာကလည်း အဲ့ဒီဂိုဏ်းရဲ့ ဒဏ္ဍာရီလာပုံရိပ်တစ်ခု သူအသက်ရှင်နေဦးမယ်လို့ ငါတစ်ခါမှ ထင်မထားခဲ့ဖူးဘူး ငါတို့တော့ အခုပြဿနာတက်နေပြီ” သူမြင့်မြတ်ခုံရုံးအကြောင်းတော့ မပြောခဲ့ဘဲ ထိုအရာကို သတိထားနေတာ ရှင်းလင်းလှသည်။
နှစ်တစ်သန်း!
စုဝေးနေကြသော တပည့်များ၏မျက်လုံးများ ပြူးကျယ်သွားကြပြီး နှစ်တစ်သန်းဆိုတာ ဘယ်လောက်များလဲဟု စိတ်ကူးကြည့်နေခဲ့ကြသည်။
ကုအန်လည်း သေချာနားထောင်နေခဲ့ပြီး တစ်ခါတရံတွင် အနားရှိတပည့်များနှင့်အတူ အံ့အားသင့်သည့်အမူအရာများ လုပ်ပြနေခဲ့သည်။
ထိုစဉ် ပင်မမြို့တော်ထဲ၌
လုလင်ကျွမ်း သူ့ဆရာစံအိမ်သို့ရောက်လာခဲ့ပြီး ဆရာတပည့်နှစ်ယောက်ခြံ၀န်းထဲတွင် စကားပြောနေခဲ့ကြ၏။
“မဟာအေးစက်သောမိစ္ဆာဂိုဏ်းက ထင်ရှားမှုမှာ ပင်လယ်ဗုဒ္ဓဂိုဏ်းနဲ့ယှဉ်နိုင်တယ် အမွေအနှစ်အပိုင်းမှာတော့ သူတို့ကတောင် ပိုသန်မာသေးတယ် တကယ်လို့ သူတို့ကသာ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းနောက်ကွယ်က အရိပ်မည်းကြီးဆိုရင် ငါတို့တော့ ဒုက္ခရောက်ပြီ…” အနောက်ပိုင်းမြင့်မြတ်မိခင် မြင့်မြတ်ခုံရုံးအကြောင်းပါ ဆက်ပြောပြလိုက်သည်။
လုလင်ကျွမ်း မြင့်မြတ်ခုံရုံးအကြောင်း ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သောကြောင့် အံ့အားသင့်သွားခဲ့၏။
နောက်ဆုံးတွင် ဤကမ္ဘာကြီးသည် မည်မျှကျယ်ပြန့်ပါသနည်း။
မြင့်မြတ်ခုံရုံးက ဤနယ်မြေကို စွန့်ပစ်လိုက်ပြီဟူ၍လည်း မြင့်မြတ်မိခင် သံသယရှိနေခဲ့သည်။ မဟုတ်လျှင် အေးစက်သောမိစ္ဆာဂိုဏ်းက ထိုသို့ ပြုမူရဲမည်မဟုတ်ဘဲ နှစ်တစ်ရာဆိုသည်မှာလည်း ထိုဒေသရှိ ဂိုဏ်းကြီးများကို ရွှေ့ပြောင်းဖို့ အချိန်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုစကားကိုကြားသောအခါ လုလင်ကျွမ်းမမေးဘဲ မနေနိုင်ခဲ့ပေ။
“နှစ်တစ်ရာ…အမတဂိုဏ်းကြီးတွေပဲ အဲ့အချိန်အတွင်း ရွှေ့ပြောင်းလို့ရလိမ့်မယ် ဒါပေမယ့် မရေတွက်နိုင်တဲ့သက်ရှ်ိတွေက တကယ်ကြီးသုတ်သင်ခံရတော့မှာလား”
မြင့်မြတ်မိခင်လေးလေးနက်နက်ပြောလိုက်သည်။
“မဟာအေးစက်သောမိစ္ဆာဂိုဏ်းက မရေတွက်နိုင်တဲ့ သက်ရှ်ိတွေကိုသတ်ဖြတ်ပြီးပြီ ဒီပင်လယ်ချိုးဖျက်အက်ကွဲကြောင်းသက်ရောက်တဲ့ ကုန်းမြေတိုက်ကြီးတွေနဲ့ ရေနယ်မြေတွေကို သုတ်သင်ပစ်ဖို့ဆိုတာ သူတို့အတွက်ဘာမှမဟုတ်ဘူး မြင့်မြတ်ခုံရုံးကလည်း အများကြီးဂရုစိုက်နေမှာမဟုတ်ဘူး ဒီဒေသကသက်ရှိတွေရဲ့ ကျဆုံးမှုကလည်း ကမ္ဘာကြီးတစ်ခုလုံးနဲ့ယှဉ်ရင် ဘာမှဟုတ်နေမှာမဟုတ်ဘူး”
လုလင်ကျွမ်း မျက်ခုံးကိုခပ်တင်းတင်းတွန့်ကွေးထားမိသည်။
မြင့်မြတ်မိခင်ဆက်ပြောလိုက်၏။
“ငါဒီကပ်ဘေးနောက်က တကယ့်အကြောင်းအရင်းကိုသိရဖို့ ပြန်ရဦးမယ်”
လုလင်ကျွမ်းခေါင်းညိတ်ပြလိုက်ပြီး ဤကပ်ဘေး၏ အဆိုးဆုံးဖြစ်နိုင်ချေများထိ ကြိုတွေးနေခဲ့မိသည်။
တက်လှမ်းသူတစ်ယောက်အနေနှင့် သူမအတွက်ထွက်ပြေးရခြင်းက ဘာမှမဟုတ်တော့သော်လည်း အဓိပတိဂိုဏ်းတွင် အကြာကြီးနေလာခဲ့ပြီးသည့်နောက် သူမတွင်စိတ်ပူစရာများ ရှိလာခဲ့သည်။ သူမနှင့် ပတ်သက်သူများကိုမည်သို့ကူညီပေးရမလဲဆိုတာ သူမစဉ်းစားနေခဲ့၏။
မြင့်မြတ်မိခင်ကလည်း ဤကမ္ဘာကြီး၏ ကိစ္စအရှုပ်အထွေးများအကြောင်း ဆက်ပြောပြနေခဲ့သည်။
အစကတော့ ကမ္ဘာခြားနတ်နယ်မြေပေါ်ပေါက်လာခြင်းက ဤဒေသကို အန္တရာယ်ပေးချင်လို့ ဟူ၍သာ သူမတွေးခဲ့မိသော်လည်း အခုတော့ကိစ္စများက ထိုမျှရိုးရှင်းပုံမပေါ်တော့ပေ။ ဤကိစ္စကြီးနောက်ကွယ်တွင် အင်အားစုများစွာ ရှိနေသေးသည့်ပုံပင်။
…..
အမတရှာဖွေကျွန်းအထက်တွင် တိမ်မည်းများက မျောလွင့်နေခဲ့ကြသည်။
ခြံ၀နး်ထဲ၌ ကုအန် ယန်ကျင်းနှင့် ဟူရှောင်ကျင်းတို့ အတူတူထိုင်နေခဲ့ကြပြီး ဟူရှောင်ကျင်းက သူရထားသော မဟာအေးစက်မိစ္ဆာဂိုဏ်းသတင်းများကို ပြောပြနေခဲ့သည်။
အသက်နှုတ်အမတစကားပြောသွားသည်မှာ သုံးရက်ကြာမြင့်ခဲ့ပြီဖြစ်၏။ ထိုရက်များအတွင်း ဂိုဏ်းအသီးသီးက မဟာအေးစက်မိစ္ဆာဂိုဏ်းအကြောင်း သတင်းများကို ထုတ်ပြန်ခဲ့ကြသည်။
ယန်ကျင်းလည်း ထိုသတင်းကိုသေချာနားထောင်နေခဲ့၏။ ဟူရှောင်ကျင်းပြောပုံအရ မဟာအေးစက်မိစ္ဆာဂိုဏ်းသည် ပို၍ပင် ကြောက်စရာကောင်းနေပြီး သူတို့သည် ဤကမ္ဘာပေါ်တွင် နံပါတ် ၁ မိစ္ဆာဂိုဏ်းသာ ဖြစ်သည်။
ထိုဂိုဏ်း၏ မရေတွက်နိုင်သော မိစ္ဆာအရေအတွက်ကြောင့် သူတို့ကပို၍ပြိုင်ဘက်ကင်းပုံပေါ်နေပြီး ထိုဂိုဏ်းအကြောင်းကြားရသူတိုင်း ကြက်သီးမွှေးညှင်းပင် ထသွားရ၏။
တကယ့်ကပ်ဘေးကြီးတစ်ခုက ဆင်းသက်လာချေပြီ။
တခဏကြာပြောပြီးသောအခါ ဟူရှောင်ကျင်း သူခြောက်သွေ့နေသော လည်ချောင်းကိုအစိုဓာတ်ပေးရန် လက်ဖက်ရည်တစ်ချိုက်သောက်လိုက်သည်။ ထို့ေနာက် ကုအန်မေးလိုက်သည်။
“ငါပြောထားတဲ့ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီအကြောင်းရော တစ်ခုခုေတွ့ခဲ့သေးလား”
ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီသည် ကျိရှောင်ယု၏ အတိတ်ဘ၀ဖြစ်ပြီး ကုအန်ထိုအရာကို အမြဲမှတ်မိပေသည်။
ဟူရှောင်ကျင်းခေါင်းယမ်းကာ ပြောလိုက်၏။
“ကျွန်တော်ဘာမှမတွေ့ခဲ့ဘူး အဲ့လိုလူတစ်ယောက်တည်ရှိခဲ့လား ဆိုတာတောင်အံ့ဩမိတယ် ဒါပေမယ့် စီနီယာမေးတာဆိုတော့ အဲ့လိုလူတစ်ယောက်ရှိတော့ရှိမှာသေချာပါတယ် ကျွန်တော့်အဆင့်က နိမ့်လွန်းလို့သာ အဲ့လိုသတင်းမျိုးမရမိတာနေမယ် အနည်းဆုံးတော့ အမတရှာဖွေကျွန်းမှာ အဲ့အကြောင်းသတင်းတစ်စတောင်မရှိဘူး”
ကုအန်လည်း ထိုစကားကြောင့် စိတ်တော့ပျက်မသွားခဲ့ပေ။
ထိုစဉ် ဟူရှောင်ကျင်းလက်ဖက်ရည်ခွက်ကိုချလိုက်ကာ တွန့်ဆုတ်နေခဲ့၏။
တခဏကြာရပ်တန့်နေပြီးသောအခါ သူမြေပြင်၌ဒူးထောက်ထိုင်လိုက်ကာ ကုအန်အန်ကိုဦးညွတ်လိုက်လေသည်။
ထို့နောက် သူလက်သီးဆုပ်၍ အသနားခံသောအမူအရာဖြင့် မော့ကြည့်ကာ
“ ကျွန်နော့်ကို စီနီယာနဲ့အတူခေါ်သွားပေးဖို့ တောင်းဆိုပါတယ် မဟာအေးစက်မိစ္ဆာဂိုဏ်းက စွမ်းအားကြီးလွန်းတယ် အမတရှာဖွေကျွန်းက အထက်ပိုင်းပုဂ္ဂိုလ်တွေက ပြောင်းရွှေ့ဖို့ပြင်နေကြပြီ ကျွန်တော့်လို ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်က နှစ်တစ်ရာအတွင်း အေးစက်မိစ္ဆာဂိုဏ်းဖျက်ဆီးမယ့်ဒေသကလွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး တကယ်လို့ ကံကောင်းပြီးလွတ်သွားခဲ့ရင်တောင် တစ်နေရာရာမှာ အသက်ရှင်ဖို့က မလွယ်ပါဘူး စီနီယာ စီနီယာက သွားချင်တဲ့နေရာကိုသွားနိုင်တဲ့ အချုပ်အနှောင်မဲ့အမတတစ်ပါးပါ ကျွန်တော့်ကိုခေါ်သွားပေးလို့ ရမလား ကျွန်တော်ဟူရှောင်ကျင်းက နွားလို မြင်းလို အလုပ်အကျွေးပြုလိုပါတယ်!”
ဘေးတွင်ထိုင်နေသော ယန်ကျင်း စိတ်ရှုပ်ထွေးသွားခဲ့သည်။
ဘာမှမဟုတ်သော ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်!
ထိုသို့သောတည်ရှ်ိမှုမျိုးသည် ဆေးတောင်ကြားတွင် အားကျခံတည်ရှိမှုဖြစ်သော်လည်း ပင်လယ်ပြင်မှာတော့ အသက်ရှင်ဖို့ပင် မလွယ်ပေ။
ကုအန်တခဏတွေးကာ ပြောလိုက်သည်။
“မလောပါနဲ့ စိတ်အေးအေးထားပြီး အချိန်တစ်ခုအထိ အမတရှာဖွေကျွန်းမှာပဲနေဦး တကယ်လို့ ပင်လယ်အင်အားစုတွေက မဟာအေးစက်မိစ္ဆာဂိုဏ်းကို တကယ်ကြီးမနိုင်ကြတော့ဘူးဆိုရင် ငါမင်းကို ငါနဲ့အတူခေါ်သွားမယ် အဲ့အချိန်ထိတေ့ာ့ ငါ့အတွက် ဒီပင်လယ်ကာကွယ်စံအိမ်ကို စောင့်ကြည့်ပေးထား သူတို့အမတရှာဖွေကျွန်းကို စွန့်ခွာသွားရင် ဒီနေရာကို ငါယူမယ်”
ယခုလိုအခြေအနေမျိုးတွင် ကုအန် အမတရှာဖွေကျွန်းကိုယူဖို့ စိတ်ကူးရှိနေသေးသောကြောင့် ဟူရှောင်ကျင်း အံ့အားသင့်သွားခဲ့သည်။
ယန်ကျင်းလည်း သူ့ဆရာကို ကြည့်လိုက်မိ၏။
အဘယ်ကြောင့် သူ့ဆရာက မဟာအေးစက်မိစ္ဆာဂိုဏ်းကို မကြောက်ရပါသနည်း။
သူ့ဆရာသည် အချုပ်အနှောင်မဲ့အမတတစ်ပါးဟု ပြောပါသော်လည်း အချုပ်အနှောင်မဲ့အမတသည် သူ့အဆင့်မဟုတ်ခြင်းပေလော!
ဟူရှောင်ကျင်းကုအန်ကိုဖျောင်းဖြချင်သော်လည်း အပြစ်ပြုမိမှာကြောက်သောကြောင့် သဘောသာတူလိုက်ရသည်။
ကုအန်သူ့တွန့်ဆုတ်နေမှုကို မြင်သောကြောင့် နှစ်သိမ့်လိုက်၏။
“ဒီကမ္ဘာကြီးကိုအထင်မသေးနဲ့ မဟုတ်ရင် အခုအချိန် ကမ္ဘာခြားနတ်အာဃာတတစ္ဆေတွေ ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းမိုးနေလောက်ပြီ မဟုတ်လား”
သူ့နှစ်သိမ့်စကားကြောင့် ဟူရှောင်ကျင်းလည်း ခေါင်းညိတ်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
ကုအန်လက်ယမ်းပြကာ သူ့ကိုထ၍ စားပွဲတွင်သာလာထိုင်ဖို့ ဖိတ်ခေါ်လိုက်၏။
ထို့နောက် ဟူရှောင်ကျင်း မဟာအေးစက်သောမိစ္ဆာဂိုဏ်းအကြောင်းထပ်ပြောပြခဲ့ပြီး သူထိုဂိုဏ်းအကြောင်းအတော်လေးသိသော်လည်း အသက်နှုတ်အမတအကြောင်းကိုတော့ ဘာမှမသိခဲ့ပေ။
သို့သော် ကုအန်ကတော့ အမတရှာဖွေကျွန်းကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာသာ တွေးတောနေခဲ့သည်။
အရင်ဆုံး သူအာဏာတည်ဆောက်ရန် ရုပ်သေးတစ်ရုပ်လိုအပ်မည်ဖြစ်ပြီး သူကတော့ နောက်ကွယ်ကသာ ကြိုးကိုင်မည်ဖြစ်သည်။
အမတရှာဖွေကျွန်း၏ များစွာသော ကုန်သွယ်ရေးလမ်းကြောင်းများကြောင့် သူ့အတွက်ဆေးပင်ဝယ်ယူရတာ ပိုလွယ်ကူလာမည်ဖြစ်ပြီး ထိုအရာက အတော်လေးလည်းစိတ်၀င်စားစရာကောင်းလှ၏။
အမတရှာဖွေကျွန်းကိုဖိနှိပ်ထားရန် သူအနည်းဆုံး မြေလျှောက်အမတတစ်ပါးတော့ လိုအပ်မည်ဖြစ်သည်။
ဤရွေးချယ်မှုကိုတော့ သေချာဂရုစိုက်လုပ်ဖို့ လိုအပ်၏။
အချိန်များလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မိုးကပိုသည်းလာခဲ့သည်။
နှစ်နာရီခန့်ကြာသောအခါမှ ကုအန် ယန်ကျင်းနှင့်အတူပြန်လာခဲ့ပြီး အဓိပတိဂိုဏ်း၏ တောအုပ်ထဲ ပြန်ရောက်လာခဲ့ဧ်။။
“ဆရာ တကယ်ကြီး မဟာအေးစက်မိစ္ဆာဂိုဏ်းကိုတားနိုင်မယ့် တစ်ယောက်ယောက်ရှိနိုင်လောက်လား” ယန်ကျင်း သတိထားနေဟန်ဖြင့် မေးလိုက်သည်။
သူသူ့ဆရာ၏စွမ်းအားအကြောင်းတိုက်ရိုက်မမေးရဲသောကြောင့် သွယ်ဝှိုက်၍သာ မေးလိုက်ခြင်းဖြစ်၏။
ကုအန်ရှေ့ဆက်သွားနေရင်း ဖြေလိုက်သည်။
“ဘယ်သူက သေချာသိမှာလဲ ဘာပဲဖြစ်ဖြစ် မင်းဆရာငါကတော့ ယုံကြည်မှုမရှိဘူး”
ယုံကြည်မှုမရှ်ိရုံပဲလား!
ယန်ကျင်းကြိတ်၍ တုန်လှုပ်သွားမိသည်။ သူ့ဆရာ၏ အစစ်အမှန်သရုပ်က မည်သည့်အရာဖြစ်နေပါသနည်း။
ကုအန်ကတော့ ယန်ကျင်းအတွေးများကို သတိမထားမိခဲ့ပေ။
ဟူရှောင်ကျင်းစကားများကို နားထောင်ပြီးသည့်နောက် ယန်ကျင်းစိတ်ထဲတွင် မဟာအေးစက်သောမိစ္ဆာဂိုဏ်းက ပြိုင်ဘက်ကင်းမိစ္ဆာဂိုဏ်းကြီးအဖြစ် ပုံပေါ်နေပြီဖြစ်သည်။ ထိုသို့သော အရာမျိုးသည် ဇာတ်လမ်းပုံပြင်များထဲတွင် နောက်ဆုံးလူဆိုးကြီးများသာ ဖြစ်ကြဧ်။်။ အခုတော့ သူ့ဆရာက ထိုသို့သောဂိုဏ်းမျိုးကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိရုံသာဖြစ်ပြီး စိန်ခေါ်ဖို့တော့ ယုံကြည်ချက်ရှိနေသေးရာ သူမည်သို့ မအံ့ဩဘဲ နေပါမည်နည်း။
“ကျင်းအာ ကြိုးစားပြီးကျင့်ကြံ တကယ်လို့ငါတို့ဒီကပ်ဘေးမှာ ရှင်သန်နိုင်ခဲ့ရင်တောင် အနာဂတ်မှာလည်း ကပ်ဘေးတွေကြုံတွေ့ရဦးမှာပဲ ရှေးခေတ်ကတည်းက ကြီးမြတ်တဲ့ကျင့်ကြံသူဖြစ်လာဖို့ ကပ်ဘေးတွေအများကြီးကို ရင်ဆိုင်ကျော်ဖြတ်ရတယ် အန္တရာယ်များလေလေ ငါတို့ကကျင့်ကြံခြင်းမှာ ပိုအာရုံစိုက်ရလေလေပဲ” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။
ယန်ကျင်းခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
“တပည့် ဒီစကားတွေကိုအမြဲမှတ်ထားပါ့မယ် နောက်ပြီးတပည့် ဆရာ့လိုလည်း အမြဲကြိုးစားကျင့်ကြံနေပါတယ်”
သူ့ဆရာက ယခုလိုအဆင့်မျိုးထိရောက်အောင် နှစ်ပေါင်းမည်မျှကျင့်ကြံခဲ့ရလဲဆိုတာ သူသိချင်နေခဲ့သည်။ နှစ်ပေါင်းသောင်းချီပေလော သို့မဟုတ် သူ့ဆရာက မဟာအေးစက်သောမိစ္ဆာဂိုဏ်းထက်ပင် ပိုအသက်ရှည်ပြီး သေမျိုးများကြား လာကစားနေသော အမတတစ်ပါးပေလော။
သူ့ဆရာသူ့ကို မလှည့်စားဘူးလို့တော့ သူယုံပေသည်။ ဘာပဲဖြစ်ဖြစ် သူ့ဆရာသည် အခုလိုအခြေအနေကိုရောက်ဖို့ အခက်အခဲပေါင်းများစွာကို ကျော်လွှားလာရလောက်ပေသည်။
ကုအန် ယန်ကျင်းကို ဆက်ဆုံးမနေခဲ့၏။ နောက်ဆုံးတွင် တပည့်တစ်ယောက်ရှိရခြင်း၏ ပျော်စရာအကောင်းဆုံးအပိုင်းမှာ အခုလိုဆုံးမရခြင်း ဖြစ်သည်။
ယန်ကျင်းကတော့ သူ့ဆရာအတွေးများကိုမသိဘဲ ကြိတ်၍သာ လေးစားနေခဲ့လေသည်။