အခန်း (၃၀၃-၃၀၄)
Vol. 23 Ch. 303-304
အပိုင်း (၃၀၃)
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့်၉ သို့ချိုးဖြတ်ခြင်း
နောက်တစ်နာရီခန့်ကြာသောအခါ ကုအန်၏ ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်ကျင့်စဉ်က ကမ္ဘာဦးအနန္တဖန်ဆင်းခြင်းကျင့်စဉ်အဖြစ်ပြောင်းလဲသွားပြီး သက်တမ်းသန်း၂၀က အဆင့်တစ်ဆင့်ပြောင်းလဲသွားသော်လည်း ကံကောင်းစွာဖြင့် ပြီးပြည့်စုံခြင်းအဆင့်ထိတော့ ရောက်ရှိသွာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူနတ်သိုင်းဖြစ်သော အန္တိမကိုယ်ပွားများ ဟူသောသိုင်းကို နိုးထသွားစေခဲ့သည်။
ထိုသိုင်းသည် ဒြပ်ငါးမျိုး၏မည်သည့်ဒြပ်စင်နှင့်မဆို ကိုယ်ပွားတစ်ခုပြောင်းလဲလို့ရသော သိုင်းဖြစ်သည်။ ထုတ်လို့ရသော ကိုယ်ပွားများသည် အရေအတွက်များပြားလှသောကြောင့် ထိုသိုင်းသည် တိုက်ခိုက်ရာတွင် အတော်ကြမ်းသောသိုင်းမျိုးဖြစ်ပြီး မည်သည့်ဒြပ်နှင့်မဆို ပြောင်းလဲ၍ရသောကြောင့်လည်း ပိုကြမ်းသွားခဲ့ခြင်းဖြစ်သည်။ ဒြပ်ငါးမျိုးတွင် တစ်မျိုးမျိုးကတော့ နေရာတိုင်းတွင် ရှိနေခြင်းဖြစ်၏။
သူဆက်အဆင့်မြှင့်နေခဲ့၏။
အရာအားလုံး၏စွမ်းအင်နှင့်ပုံသဏ္ဍာန်ကလည်း အနန္တအပျက်အဆီးလွတ်လပ်ခြင်းကျင့်စဉ်မှ တာအိုဟင်းလင်းပြင်ဆန်းကြယ်နတ်အတွေးကျင့်စဉ်အဖြစ်ပြောင်းလဲသွားခဲ့သည်။
သက်တမ်း သန်း၂၀ကုန်တာခြင်းတူသော်လည်း ထိုကျင့်စဉ်ကတော့ ဘာနတ်သိုင်းကိုမှ နိုးထမလာစေနိုင်ခဲ့ပေ။ သို့သော်လည်း ထိုကျင့်စဉ်ကိုယ်တိုင်ကိုက နတ်သိုင်းတစ်ခုဖြစ်နေခဲ့၏။
တာအိုဟင်းလင်းပြင်ဆန်းကြယ်နတ်အတွေးကျင့်စဉ်သည် တတ်မြောက်သွားသည်နှင့် ထိုသူ့ကို မည်သည့်နိယာမကမှထိန်းချုပ်ထား၍ မရတော့ပေ။ အတွေးတစ်ချက်တည်းနှင့် သူ့ကျင့်ကြံခြင်းအဆင့် အသက်ရှူသံ အသွင်အပြင်နှင့် အရာအားလုံးကို ဖိနှိပ်ထားလိုက်နိုင်မည်ဖြစ်ကာ အခြားသူများကလည်း ထိုသူ့ကိုဘယ်လိုမှ ထောက်လှမ်း၍ ရမည်မဟုတ်ေပ။
ဤကျင့်စဉ်နှင့်ဆိုပါက ကုအန် အသွင်ပြောင်းခြင်းနည်းစနစ်များ သုံးရန်မလိုတော့ပေ။
ဒါပေါ့ ထိုကျင့်စဉ်တွင် သူတန်ဖိုးအထားဆုံးအရာကတော့ ကျင့်ကြံခြင်းနှင့် အသက်ရှူသံကိုပါ ဖိနှိပ်ထားလို့ရသော အကျိုးသက်ရောက်မှု ဖြစ်၏။
ပြန်လည်မွေးဖွားခြင်းဆင့်ကဲဖြစ်စဉ်တွင် ချူလု လျင်မြန်စွာသေခဲ့ရခြင်းမှာ သူ့တွင် ထိုစွမ်းရည်နှစ်ခု လစ်ဟာနေခဲ့၍ ဖြစ်သည်။ ဒါပေါ့ ချန်ကျားလန်ကိုယုံကြည်ခြင်းကလည်း သူ့သေဆုံးခြင်း၏ အကြောင်းပြချက်တစ်ခုဖြစ်၏။
ကုအန် တာအိုဟင်းလင်းပြင်ဆန်းကြယ်နတ်အတွေးကို အမွေဆက်ခံပြီးသောအခါ နောက်ထပ်တစ်နာရီကုန်ဆုံးသွားခဲ့ပြန်သည်။
နောက်တစ်ခါအလှည့်ကျတာကတော့ သူ့ဓားသိုင်းဖြစ်ပြီး ဓားသိုင်းလည်း ထာ၀ရအဆုံးမဲ့နတ်ဓားသိုင်းအဖြစ်ပြောင်းလဲသွားခဲ့၏။
အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကတော့ နောက်အလှည့်ကျသူဖြစ်ကာ ခေတ်ပြောင်းခြေလှမ်း အဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုသိုင်းသည် သတ်မှတ်ထားသော အကွာအဝေးတစ်ခုအတွင်း ခြေတစ်လှမ်းချင်းစီက အချိန်ကိုပြောင်းပြန်လှန်ပစ်နိုင်ပြီး အရာအားလုံးကို သေရာမှရှင်ရာ ရှင်ရာမှသေရာသို့ ပြောင်းလဲပစ်နိုင်သည်။
ဒါပေါ့ ထိုခြေလှမ်းသိုင်းဖြင့် အမတဖြစ်လာအောင်တော့ လုပ်၍မရဘဲ သူ့တွင်ကန့်သတ်ချက်များရှိနေကာ ထိုသိုင်းက တိုက်ပွဲအတွက်သုံးဖို့သာ အဓိကရည်ရွယ်ထားခြင်း ဖြစ်၏။ (၀မ်လင်းရဲ့ ခြေလှမ်းသိုင်းလိုဖြစ်မယ်ထင်တယ် ဒါပေမယ့်သူက သိုင်းတစ်ခုအဆင့်တက်တိုင်း ရှေ့သိုင်းကစွမ်းရည်တွေလည်း အကုန်ပြန်ပြန်ပါလာတော့ ပိုကြမ်းတယ်- translator note)
အစွန်းကိုးပါးယင်ယန်ခန္ဓာကလည်း နောက်ဆုံးတွင် တက်လှမ်းခြင်းဟင်းလင်းပြင်ခန္ဓာတာအို အဖြစ်ပြောင်းလဲသွားခဲ့သည်။
ကုအန်ဝိညာဉ်ချုပ်သိုင်းကိုလည်း သက်တမ်း၅သန်းသုံးကာ အဆင့်မြှင့်ခဲ့ပြီး ထိုသိုင်းက မဟာအကျဉ်းထောင်ဝိညာဉ်အမတသိုင်းအဖြစ်ပြောင်းလဲသွားခဲ့၏။
အစက မြှင့်ခဲ့သော နတ်သိုင်းသုံးခုတွင် သူသက်တမ်းသန်း၂၀ဆီသုံးခဲ့ပြီး နောက်ဆုံးတစ်ခုတွင် ငါးသန်းသုံးခဲ့သောကြောင့် သက်တမ်း ၆၅သန်းကုန်သွားခဲ့သည်။
ခန္ဓာနှင့်ကျင့်စဉ်များကို ထည့်ပေါင်းပါက ကုအန် သက်တမ်း ၁၀၅ သန်းသုံးခဲ့ပြီး ဖြစ်၏။
သက်တမ်းအလွှာကုန်ကျမှုကလည်း မနည်းလှပေ။
အဆင့်မချိုးဖြတ်ဘဲနှင့်တောင် ထိုအခိုက်အတန့်တွင် သူ့ကိုယ်သူပြိုင်ဘက်ကင်းဟု သူခံစားနေခဲ့ရသည်။
သို့သော် သူသတိကြီးကြီးထားဖို့တော့ လိုနေသေးသည်။
သူအဆင့်ချိုးကိုချိုးဖြတ်ရမည်!
ကုအန် စနစ်ကိုဖွင့်ကြည့်လိုက်ပြီး ကျင့်ကြံခြင်းအဆင့်ကိုအာရုံစိုက်ကာ ကြည့်နေခဲ့၏။
ထိုအခိုက်တွင်ပင်လယ်ပြင်တစ်ခုလုံးတွင် မိုးထိအောင်မြင်သော လှိုင်းလုံးကြီးများတက်လာနေပြီး မုန်တိုင်းကြီးတစ်ခုကိုရင်ဆိုင်နေရကာ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၏ နတ်အာရုံကလည်း ပင်လယ်ပြင်ကို ရှာဖွေစစ်ဆေးနေခဲ့သည်။
ဤနေရာသည် ကောင်းကင်နှင့်မြေပြင်၏ ငြင်းဆန်မှုကြောင့် နာကျင်ခံစားနေရသည့် ပျောက်ဆုံးဝိညာဉ်များနှင့် တစ္ဆေရိုင်းများသာရှိသော လူမနေသည့်နယ်မြေတစ်ခုဖြစ်သောကြောင့် ကုအန်သိပ်တော့ ဂရုမစိုက်ခဲ့ပေ။
သူခဏတာတွန့်ဆုတ်ပြီးနောက် ကျင့်ကြံခြင်းထဲ သက်တမ်း ၅သန်းထည့်ဖို့ ဆုံးဖြတ်လိုက်၏။
သူမြှင့်ခဲ့သော သက်တမ်းသန်း၁၀၀ကျော်တန်ကျင့်စဉ်များ နတ်သိုင်းများကြောင့် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်နှင့် အထက်အဆင့်များကြား ကွာဟချက်က သေးငယ်သွားမလားဆိုတာကို သူမသေမချာဖြစ်နေခဲ့သည်။
[သင်သည် နှစ်ပေါင်း၃၀၀၀၀ကြာစွမ်းအင်စုပ်ယူခဲ့ပြီး ကမ္ဘာဦးအနန္တဖနဆင်းခြင်းကျင့်စဥ်တွင် အောင်မြင်မှုများကြောင့် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်သို့ ထိုးဖောက်နိုင်ခဲ့ကာ ကပ်ဘေးကိုဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် ကြမ္မာခြောက်ဆင့်အန္တိမဟင်းလင်းပြင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်မှု ကျရှုံးခဲ့သည်]
ကပ်ဘေးတစ်ခါခေါ်ဖို့ သက်တမ်း ၃၀၀၀၀!
ကုအန် အရင်ကအံ့ဖွယ်ဓမ္မနယ်ပယ်အဆင့်သို့ ချိုးဖြတ်စဉ်ကတောင် တစ်ခါကပ်ေ့ဘးခေါ်ဖို့ သက်တမ်း ၆၀၀၀၀ သုံးရတာကို စဉ်းစားမိပြီး စိတ်လှုပ်ရှားသွားခဲ့၏။
သို့သော် ပိုအံ့အားသင့်စရာကောင်းသော ဖြစ်ရပ်က ဖြစ်ပွားလာခဲ့သည်။
[သင်သည်စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၃သိန်းကြာလုပ်ဆောင်ခဲ့ပြီး ကမ္ဘာဦးအနန္တဖန်ဆင်းခြင်းကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ ကပ်ဘေးကိုဆင့်ခေါ်နိုင်ခဲ့သည်။ သင်သည် ကြမ္မာခြောက်ဆင့်အန္တိမဟင်းလင်းပြင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီး သင့်ကျင့်ကြံခြင်းကို တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့်၁ သို့တိုးမြှင့်နိုင်ခဲ့သည်]
ဆယ်ကြိမ်တည်းနဲ့ အောင်မြင်ခြင်း!
ငါကစောက်ရမ်းသန်မာနေတာပဲဟ!
ကုအန် စိတ်တက်ကြွသွားခဲ့သော်လည်း ထပ်ကြည့်နေရင်း သူ့အပြုံးကတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့်ငယ်များအတွက် သက်တမ်းလိုအပ်ချက်က ဆက်လက်တိုးမြင့်နေခဲ့သည်။
[သင်သည် သက်တမ်း ၄သန်းကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းကို တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့်၈ သို့တိုးမြှင့်နိုင်ခဲ့သည်]
[သင်သည် သက်တမ်း ၄.၇သန်းကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းကို တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့်၉ သို့တိုးမြှင့်နိုင်ခဲ့သည်]
[သင်သည် သက်တမ်း၅သန်းကြာ စွမ်းအင်စုပ်ယူခဲ့ပြီး ကမ္ဘာဦးအနန္တဖန်ဆင်းခြင်းကျင့်စဥ်တွင် အောင်မြင်မှုများကြောင့် သင့်ကျင့်ကြံခြင်းကို နတ်အတွေးအစစ်အမှန်အမတနယ်ပယ်သို့ထိုးဖောက်နိုင်ကာ ကပ်ဘေးကိုဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် ကောင်းကင်တာအို ဆန်းကြယ်ဟင်းလင်းပြင်ကပ်ဘေး ၄၉ခုကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှုံးခဲ့သည်]
အဲ့တာက ကောင်းတယ်!
သက်တမ်းငါးသန်းတည်းနှင့် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်သို့ ရောက်ရှိရန်မှာ မျှော်လင့်မထားသော အံ့အားသင့်စရာကြီးတစ်ခုသာ ဖြစ်၏။
သို့သော် နောက်အဆင့်ကြီးတစ်ခုသို့ ချိုးဖြတ်ရန်မှာ ကပ်ဘေးတစ်ခါဆင့်ခေါ်ဖို့ သက်တမ်း ၃သိန်းလိုသောကြောင့် အကြိမ်တစ်ရာကျရှုံးပါက သက်တမ်းသန်း၃၀ ကုန်မည်ဖြစ်ပြီး ၂၀၀ကျရှုံးလျှင် သက်တမ်း သန်း၆၀ ကုန်မည်ဖြစ်သည်။
ထိုအရာကတော့ အတော်ကြီးကြမ်းလွန်းလှသည်။
နတ်အတွေးအစစ်အမှန်အမတက အဲ့လောက်တောင် စွမ်းအားကြီးတာလား!
ကုအန်ထိုအကြောင်းအများကြီးတော့ တွေးမနေခဲ့ပေ။ နတ်အတွေးအစစ်အမှန်အမတကိုထားဦး တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်ကိုပင် သူတစ်ခါမှ မကြားခဲ့ဖူးပေ။
နောက်တစ်ကြိမ် သဘာ၀စိတ်ဝိညာဉ်စွမ်းအင်များက သူ့ကိုယ်ထဲစီး၀င်လာကြပြန်ပြီး သမုဒ္ဒရာတွင် စွမ်းအင်ကျဆင်းသည့် နယ်မြေကလည်း ပို၍ကျယ်ပြန့်လာခဲ့သည်။
သေစမ်း!
ဒီအဖြစ်အပျက်ကနည်းနည်းတော့ ကြီးနေပြီ!
ကုအန် ကြိတ်ပြီးတော့ သတိထားနေရပြီး သူသေမျိုးကမ္ဘာကြီးကို နောက်တစ်ကြိမ်ထပ်ပြီး ကပ်ဘေးတစ်ခုသယ်ဆောင်လာနိုင်သည်ဟု ခံစားနေခဲ့ရ၏။
အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်မှ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ် အဆင့် ၉ သို့ တက်လှမ်းရန်လိုအပ်သည့် စိတ်ဝိညာဉ်စွမ်းအင်ပမာဏမှာ ကုအန်ထင်ထားသည်ထက်ပင် များပြားနေခဲ့သည်။ သို့သော် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ထိုအရင်းအမြစ်ကို ထောက်ပံ့နိုင်မည်ဟု သူယုံပေသည်။
အကယ်၍ သူ့အဆင့်ချိုးဖြတ်မှုကသာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့လျှင် ထိုအရာက ဤကမ္ဘာတွင် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတများက ဤကမ္ဘာတွင် အနည်းငယ်သာ ရှိနေခြင်းဟု ညွှန်ပြနေခြင်းဖြစ်သည်။
သူ့အတွင်းပိုင်းပြောင်းလဲမှုများကို ခံစားနေရင်း ကုအန်ပတ်၀န်းကျင်ကို လေ့လာနေခဲ့၏။
စိတ်ဝိညာဉ်စွမ်းအင်ကျဆင်းသည့် နယ်မြေအကျယ်အ၀န်းကလည်း မိနစ်သုံးဆယ်အတွင်း မဟာအေးစက်မိစ္ဆာဂိုဏ်းက ရှင်းလင်းဖို့ကြံစည်ထားသော နယ်မြေအကျယ်အ၀န်းထက်ပင်ပိုကြီးမားလာခဲ့သည်။
အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
တစ်နာရီခန့်ကြာသောအခါ ကုအန် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ထို့နောက် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်၏ ဆန်းကြယ်မှုများက သူ့စိတ်ထဲ တိုး၀င်လာခဲ့ကြ၏။
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတများသည် စကြာ၀ဠာစည်းမျဉ်းများဆီ တက်လှမ်းနိုင်ကာ စကြာ၀ဠာကိုဖြတ်၍ ခရီးသွားနိုင်ကြသူများ ဖြစ်ကြသည်။
စကြာ၀ဠာဟုခေါ်သောအရာမှာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကဲ့သို့သော နယ်မြေများ မရေတွက်နိုင်အောင်ရှိသောနေရာဖြစ်ပြီး ထိုအဆင့်သို့ရောက်ရှိမှသာ စကြာ၀ဠာအလွှာကို တစ်ချက်လောက်ထိကြည့်နိုင်မည်ဖြစ်၏။ ဒါပေါ့ စကြာ၀ဠာတိုင်းကတော့ အလွယ်တကူဖြတ်သန်းသွားလာ၍ မရပေ။ ထိုစကြာ၀ဠာများကြားထဲတွင်လည်း ခွန်အားကွာဟချက်က ရှိနေသေးသည်။
ဆန်းကြယ်အမတတစ်ပါး၏ စွမ်းအားကထိုထက်ပိုပြီးပင် ကြမ်းလှပြီး သူသည် အရာအားလုံးကို သက်ရှိများအဖြစ် ပြောင်းလဲပစ်နိုင်၏။
ဤအဆင့်သို့ရောက်ရှိခြင်းသည် လူတစ်ယောက်၏ ကိုယ်ပိုင်တာအိုကို ပထမဆုံးအကြိမ်ဖွဲ့တည်နိုင်ခြင်းဖြစ်သည်။ တာအိုဟုခေါ်သောအရာမှာ ကျင့်ကြံခြင်းလမ်းစဉ်များအားလုံး ပေါင်းစည်းထားသော အရာသာဖြစ်ပြီး ထိုအရာကို ထုတ်ဖော်ပြသ၍လည်းရ၏။ ထိုအရာဖြင့် တာအိုပုံသဏ္ဍာန်တစ်ခုဖွဲ့တည်နိုင်ကာ တာအိုပုံသဏ္ဍာန်ကိုတိုက်ပွဲထဲတွင်သုံးပြီး အရာအားလုံးကို ဖိနှိပ်ပစ်နိုင်ပေသည်။
ကုအန် ဆန်းကြယ်အမတအဆင့်က ယူဆောင်လာပေးသော အရာများကြောင့် ထိုအထဲနစ်မြုပ်နေခဲ့ပြီး သတိပင်လွတ်နေခဲ့ရသည်။
သူ့ကျင့်ကြံခြင်းက တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့် ၂ သို့ရောက်သွားသောအခါမှသာ သူ့အသိစိတ်ပြန်လည်နိုးထလာခဲ့၏။
သူမော့ကြည့်လိုက်သောအခါ စကြာ၀ဠာကြီးက သူနှင့်အရမ်းဝေးသလို သူမခံစားရတော့ပေ။ သူ့အကြည့်နှင့် နတ်အာရုံက ပြီးပြည့်စုံစွာပေါင်းစပ်နေပြီး သူ့ကိုစကြာ၀ဠာ၏အဆုံးကိုပင် ချောင်းကြည့်နိုင်စွမ်းကို ပေးထားခဲ့သည်။
သူကျိပိုင်ယေပြာခဲ့ေသာ အသံမဲ့အပျက်အဆီးနယ်မြေကိုမြင်ခဲ့ရပြီး ထိုနေရာသည် မည်းမှောင်နေကာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထုတ်လွှင့်နေပြီး ထိုအရာကြောင့် ကုအန်ပင် အလွယ်တကူစိမ့်၀င်နိုင်ဖို့ မလွယ်လှပေ။
သူထိုနယ်မြေထဲတွင် သူ့ကိုသတိထားမိသွားစေနိုင်သော အရှိန်အဝါများကိုလည်း အာရုံခံမိခဲ့ပြီး အရိှန်အ၀ါက တစ်ယောက်တည်းမဟုတ်ဘဲ အများကြီးဖြစ်သည်။
အချိန်က ဆက်လက်ကုန်ဆုံးသွားခဲ့၏။
ကုအန် များစွာသောကျင့်ကြံသူများချဉ်းကပ်လာခြင်းကို သတိထားမိနေခဲ့သည်။ မော့ကြည့်လိုက်သောအခါ မြင့်မြတ်ခုံရုံးတည်ရှိရာ နေရာမှ ကျင့်ကြံသူများစွာ ပျံသန်းထွက်ပေါ်လာခဲ့ကြပြီး အရေအတွက်က မဟာအေးစက်မိစ္ဆာဂိုဏ်းထက်ပင် များနေသေးသည်။
သူ့အဆင့်ချိုးဖြတ်မှုက မြင့်မြတ်ခုံရုံးကို သတိပေးခဲ့လေပြီ။
မြင့်မြတ်ခုံရုံးနှင့်ယှဉ်ပါက မဟာအေးစက်မိစ္ဆာဂိုဏ်းသည် ဘာမှကိုမဟုတ်ဘူးလို့ ပြောရမည်ဖြစ်သည်။
ပျံထွက်လာသော ကျင့်ကြံသူများထဲတွင် အနိမ့်ဆုံးက အချူပ်အနှောင်မဲ့အမတများဖြစ်ကြပြီး အရေအတွက်က ၅သန်းကျော်ကာ ဆက်လက်တိုးမြင့်လာနေဆဲပင်။
အချုပ်အနှောင်မဲ့အမတအပါး ၅သန်းကျော်ဆိုသည်မှာ မည်မျှကြမ်းသောအရာဖြစ်သနည်း။
သူ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများနှင့် အပူအပင်မဲ့ကမ္ဘာဦးအမတများ၏အရှိန်အဝါကိုလည်း အာရုံခံမိနေခဲ့ပြီး ထိုထဲတွင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတဆယ်ပါးကျော် ပါ၀င်နေခဲ့သည်။
မြင့်မြတ်ခုံရုံးမှကျင့်ကြံသူများသည် ကုန်းမြေတိုက်ကြီးများကို ကာကွယ်ရန် လူခွဲ၍ သွားနေခဲ့ကြ၏။
သမုဒ္ဒရာထဲတွင် ကမ္ဘာကိုတုန်လှုပ်သွားစေနိုင်သော လှိုင်းလုံးကြီးများက မွှေနောက်နေပြီး လျင်မြန်စွာ စိတ်ဝိညာဉ်စွမ်းအင်ကျဆင်းနေမှုကြောင့် ကုန်းမြေတိုက်ကြီးများစွာလည်း ပြိုကွဲနေခဲ့ကြသည်။
မြင့်မြတ်ခုံရုံးထွက်လာပြီး သာမန်လူများကိုကာကွယ်နေသည်ကို တွေ့လိုက်ရသောအခါမှ ကုအန်သက်ပြင်းတစ်ချက်ချလိုက်နိုင်ပြီး သူ့ မြင့်မြတ်ခုံရုံးအပေါ်အမြင်ကလည်း အတော်လေးမြင့်သွားခဲ့၏။
သူ သူ့အဆင့်ချိုးဖြတ်မှုက မရေတွက်နိုင်သောသက်ရှိများကို သုတ်သင်ပစ်လိုက်တာမျိုး ဖြစ်မသွားစေလိုခဲ့ပေ။
ကြည့်ရသည်မှာ မဟာအေးစက်မိစ္ဆာဂိုဏ်းကိုထောက်ခံသောသူသည် မြင့်မြတ်ခုံရုံးက မြင့်မြတ်ဘုရင်တစ်ပါးတည်းသာ ဖြစ်နိုင်ပေသည်။
အနာဂတ်တွင် သူနှင့်မြင့်မြတ်ခုံရုံးတို့ ရန်သူများဖြစ်လာလျှင်တောင် မုန်းတီးမှုကိုထားဦး ယနေ့သူတို့၏လုပ်ရပ်ကြောင့် ကုအန်သူတို့ကို သုတ်သင်တော့မည် မဟုတ်ပေ။
ဒါပေါ့ မြင့်မြတ်ခုံရုံးနှင့် မိတ်ဆွေဆက်ဆံရေးတည်ဆောက်နိုင်လျှင်တော့ ပိုကောင်းသော အရာဖြစ်၏။
ကျင့်ကြံခြင်းဆိုသည်မှာ တိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းများအကြောင်းသာ မဟုတ်ပေ။
မဟာအေးစက်မိစ္ဆာဂိုဏ်းကိုသတ်ဖြတ်ခြင်းမှ အကျိုးအမြတ်များစွာရသည်ဆိုသော်လည်း ထိုအရာကြောင့် တည်ရှိမှုပေါင်းများစွာ၏ သတိထားခြင်းကိုတော့ ခံလိုက်ရသည်။ အခုဖြစ်ရပ်ကို ကြည့်လျှင်ပင် တိုက်ပွဲပြီးတာဘာမှမကြာသေးသော်လည်း အရင်ကတစ်ခါမှမကြားဖူးသော အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများစွာ ပေါ်ပေါက်လာခဲ့၏။
အကယ်၍ သူသာ မောက်မာလွန်းနေလျှင် နတ်အတွေးအစစ်အမှန်တစ်ပါးထက်ပင် ပိုကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုပေါ်လာပြီး သူ့ကိုလက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်သွားလျှင် သူဘာလုပ်နိုင်မည်နည်း။
ချူလု၏ အတွေ့အကြုံများမှာ သင်ခန်းစာတစ်ခုဖြစ်ပေသည်။
ဒါပေါ့ ချူလုသေဆုံးမှုမှာ မှားယွင်းသောသူအပေါ်ယုံကြည်ခဲ့မှုကြောင့်လည်း ပါ၏။
ကုအန်သူ့ကို ကြိတ်၍ မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။
ဒီကောင်က ဘယ်လိုလုပ် ကိုယ်သတ်ထားတဲ့မိသားစုထဲက မိန်းကလေးကို လက်ထပ်ရဲရတာလဲ!
မြင့်မြတ်ခုံရုံး၏လှုပ်ရှားပေးမှုကြောင့် ကုအန်ပို၍ပင်စိတ်အေးသွားသလို ခံစားနေခဲ့ရသည်။
ထို့ကြောင့် သူတာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်၏ ပြောင်းလဲခြင်းတွင်သာ အာရုံစိုက်ထားခဲ့လိုက်၏။
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့် ၉ သို့ရောက်သွားလျှင် မဟာအေးစက်မိစ္ဆာဂိုဏ်းနောက်ကွယ်က မြင့်မြတ်ဘုရင်ပင် သူ့ကိုဘာလုပ်နိုင်တော့မည်နည်း။
အကယ်၍ ထိုမြင့်မြတ်ဘုရင်ကလည်း တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတဖြစ်နေခဲ့လျှင်တော့ ကုအန်အားကုန်ထုတ်တိုက်ကာ နောက်တစ်ဆင့်ကို ချိုးဖြတ်မည်ဖြစ်သည်။
အပိုင်း(၃၀၄)
အဆိပ်ခတ်ခံရခြင်း
ညဉ့်လွှာရုံအောက်ရှိ ကျယ်ပြန့်လှသောသမုဒ္ဒရာကြီးတွင် ကြီးမြတ်သောကျင့်ကြံသူများစွာက သွားလာနေကြပြီး ပင်လယ်ထဲမှ သားရဲကြီးများလည်း ခုန်ထွက်နေကြသောကြောင့် ညဉ့်မြင်ကွင်းမှာ ကြောက်စရာကောင်းနေခဲ့သည်။
ကုအန်ရှိသော စွန့်ပစ်ကျွန်းပတ်ပတ်လည်တွင်လည်း ဧရာမလှိုင်းလုံးကြီးများထနေပြီး အချိန်မရွေးကျွန်းကို ဖုံးအုပ်သွားတော့မည့်ပုံပင်။
သူကတော့ အဆင့်ချိုးဖြတ်ခြင်းပြီးဆုံးဖို့ စောင့်ဆိုင်းနေဆဲဖြစ်သည်။ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်တွင် အဆင့်ငယ်လေးများချိုးဖြတ်ရန် လိုအပ်သော စိတ်ဝိညာဉ်စွမ်းအင်ပမာဏကပင် အရင်အဆင့်များ အဆင့်ကြီးချိုးဖြတ်ရန် လိုအပ်သော စိတ်ဝိညာဉ်စွမ်းအင်ပမာဏထက် များပြားနေခဲ့၏။
ကုအန် အပြင်ကမ္ဘာကိုလေ့လာနေရင်း သူ့ချိုးဖြတ်ခြင်းက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို သက်ရောက်မှုရှိသွားမလားဆိုတာ သိချင်နေခဲ့သည်။
အခုတော့ စိတ်ဝိညာဉ်စွမ်းအင်ကျဆင်းမှုပမာဏက ပို၍ပင် ကြမ်းတမ်းလာခဲ့၏။ သို့သော်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတစ်ခုလုံးနှင့် ယှဉ်ရင်တော့ နယ်မြေတစ်ခုလုံးကို လှုပ်ခါသွားနိုင်ဖို့ မလုံလောက်သေးပေ။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက အလွန်ကျယ်ပြန့်လွန်းလှပေသည်။
အချိန်များကုန်ဆုံးသွားသည်နှင့် အမျှ သမုဒ္ဒထောင့်ပေါင်းစုံတွင် ကာကွယ်နေသည့် ကျင့်ကြံသူပမာဏကလည်း ပိုများလာခဲ့ပြီး ဂိုဏ်းများက ထိုသူများကိုမြင်သော်လည်း ဘယ်သူမှသွားမထောက်လှမ်းရဲကြပေ။ မင်းဆက်တစ်ခုလုံး အမတများဖြင့်ပြည့်နေသည့်မင်းဆက်ပင် သမုဒ္ဒရာထဲ သူတို့လူများ ပို့ပေးခဲ့၏။
ကုအန် ရုတ်တရက်စိတ်ဝင်စားစရာတစ်ခုကိုရှာတွေ့သွားခဲ့သည်။ ထိုသည်မှာ မြင့်မြတ်ခုံရုံးနှင့် အမတစိတ်ဝိညာဉ်မင်းဆက်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ တစ်ဖက်တစ်ချက် ဆန့်ကျင့်ဘက်အရပ်တွင်ရှိနေကြခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခုဝေးနိုင်သမျှဝေးထားကြကာ သူတို့ကြားထဲ နယ်မြေသတ်မှတ်ချက်ရှိနေတာ ထင်ရှားလှသည်။
နောက်တစ်ခါ ပိုင်ကျိယနှင့်တွေ့မှ အမတစိတ်ဝိညာဉ်မင်းဆက်အကြောင်း မေးကြည့်ရပေဦးမည်။
သမုဒ္ဒရာတစ်ပြင်လုံးတွင် ကုန်းမြေတိုက်ကြီးများကိုကာကွယ်ရန် ကျင့်ကြံသူများရောက်နေသည်ကို ကုအန်မြင်ခဲ့ရပြီး အဓိပတိဂိုဏ်းရှိသော ကုန်းမြေတိုက်ကြီးနားတွင်ကာကွယ်မည့် ကျင့်ကြံသူများ ရှိနေခဲ့ကြဧ်။။
မြင့်မြတ်ခုံရုံး၏ လုပ်နိုင်စွမ်းက အတော်လေးကြောက်စရာကောင်းလွန်းလှသည်။ သူတို့သည် အချိန်ခဏလေးအတွင်း ကုန်းမြေတိုက်ကြီးများအားလုံးကို ကာကွယ်ရန် စွမ်းဆောင်နိုင်ခဲ့ပြီး သူ့မြင့်မြတ်ခုံရုံးဟူသော နာမည်နှင့် ထိုက်တန်လှ၏။
ကုအန် အနီးရှိ အပူအပင်မဲ့ကမ္ဘာဦးအမတကတော့ ပစ်မှတ်အထားခံလိုက်ရကာ မြင့်မြတ်ခုံရုံးမှလူများလိုက်ခြင်းကို ခံနေရပြီး ကောင်းကင်ပြင်ပသို့ပင် ထွက်ပြေးသွားခဲ့ရသည်။
ကုအန်သူ့ကိုယ်သူ ကြိတ်မကြိမ်းမောင်းဘဲ မနေနိုင်ခဲ့ပေ။
ငါ့အပြစ်တွေပါ ငါ့အပြစ်တွေပါ!
တစ်ဖက်လူ သူ့ကြောင့်အမှုပတ်သွားရသော်လည်း ကုအန်တွင်ရွေးချယ်စရာမရှ်ိခဲ့ပေ။ သူအဆင့်တော့ ချိုးဖျက်ရမည်ဖြစ်သည်။ ဘယ်နေရာမှာ ချိုးဖြတ်ဖြတ်ထိုကဲ့သို့သော အာရုံများစွာကိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး ကောင်းကင်ပြင်ပတွင်ဆိုလျှင်တောင် အနီးရှိကောင်းကင်ဈာန်အမတများ၏အာရုံကိုဆွဲဆောင်မိမည်ဖြစ်ပြီး ထိုသည်က ပို၍ပင် အန္တရာယ်များသေးသည်။
သို့သော်လည်း လက်ရှိအဖြစ်အပျက်များအရ ကုအန်နောက်တစ်ခါအဆင့်ချိုးဖြတ်လျှင်တော့ ကောင်းကင်ပြင်ပကိုသာ ရွေးချယ်ရပေတော့မည်။
ကောင်းကင်ပြင်ပကအန္တရာယ်များသော်လည်း တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်ကလည်း အားတော့နည်းမနေပေ။
ကုအန် နတ်အတွေးအစစ်အမှန်အမတဟူသော စာလုံးကိုမြင်ထားပြီး သူ့မှာလည်း သက်တမ်းများစွာရှိနေသေးသောကြောင့် သူထိုအဆင့်သိုမရောက်မချင်း စိတ်အေးနိုင်မည်တော့ မဟုတ်တော့ပေ။
နောက်တစ်ခါအဆင့်တက်လျှင်တော့ နတ်အတွေးအစစ်အမှန်အမတ အဆင့်၉ ကိုရောက်လျှင် သူ့ကိုယ်သူထိန်းရန်လိုအပ်ပြီး သက်တမ်းများ ထည့်၍ နောက်တစ်ဆင့်ကိုချောင်းကြည့်ဖို့ မသင့်တော့ပေ။ ထိုသို့ကြည့်မိလျှင် အခုလိုမျိုး အဆင့်တက်ချင်စိတ်ကို ထိန်းမနိုင်တာမျိုး ထပ်ဖြစ်လာနိုင်ပေသည်။
ကုအန်တိတ်တဆိတ်တွေးနေခဲ့၏။
လကွယ်ကာ နေထွက်လာခဲ့သည်။
မနက်ရောက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်ကျဆင်းမှုက တဖြည်းဖြည်းလျော့နည်းလာပြီး သမုဒ္ဒရာကပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။
ကုအန် နောက်ဆုံးတွင် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမဆနယ်ပယ် အဆင့်သို့ရောက်ရှိသွားချေပြီ။
သူ့မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် သူ့နှဖူးပေါ်ရှိ ရွှေရောင်အမှတ်အသားကလည်း အရောင်လက်လာခဲ့ပြီး ပုံရိပ်ေယာင်ဒေါင်လိုက်ရွှေရောင်မျက်လုံးတစ်လုံးပေါ်လာခဲ့လေသည်။
ထို့နောက် ကမ္ဘာဦးနတ်မျက်လုံး၏ သူငယ်အိမ်များက တဖြည်းဖြည်းအနက်ရောင်အဖြစ်ပြောင်းလဲသွားပြီး မီးခိုးရင့်ရောင်ဖြစ်သွားကာ ဒေါင်လိုက်မျက်လုံးကို ပို၍ပင် ကြောက်စရာကောင်းကာ ဖိအားများပုံ ပေါ်သွားစေခဲ့၏။
အတွေးတစ်ချက်တည်းနှင့်ပင် ကုအန်၏ ကမ္ဘာဦးနတ်မျက်လုံးက ပျောက်ကွယ်သွားခဲ့လေသည်။
သူဖြည်းဖြည်းချင်းထရပ်လိုက်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ရုံနှင့် သူ့ပုံရိပ်က ကျွန်းပေါ်မှ ပျောက်ကွယ်သွားခဲ့၏။
ချက်ချင်းဆိုသလိုပင် သူနျန်းချူဂူထဲသို့ ရောက်ရှ်ိလာခဲ့လေသည်။
ထျန်းယောင်အာ ထျန်းချင်းနှင့် ထျန်းပိုင်တို့ သူတို့အိမ်များထဲတွင် ကျင့်ကြံနေပြီး ဂူကြီးကတိတ်ဆိတ်နေကာ ရေကျသံကိုသာ ကြားနေရပြီး နက်နဲသောအေးချမ်းမှုတစ်ခုကို ဆောင်နေခဲ့သည်။
ထိုစဥ် ကုအန် လက်ခုပ်တစ်ချက်တီးလိုက်ကာ မိစ္ဆာများနိုးထလာခဲ့ကြသည်။ သူတို့အမြန်ပင်အိမ်ထဲမှ ထွက်လာကြပြီး ကုအန်ကိုမြင်သောအခါ အပျော်ရွှင်သွားပြီး သူ့ဆီအမြန်ပြေးလာကြလေတော့သည်။
“သခင် ဒီနှစ်ရက်အတွင်း အပြင်မှာဘာတွေဖြစ်နေတာလဲ”
“ဟုတ်တယ် ကြောက်စရာကောင်းတဲ့အရှိန်အဝါကြီးတစ်ခုဖြတ်သွားတယ်”
“သခင် အဆင်ပြေရဲ့လား”
မိစ္ဆာသုံးယောက်စိတ်လှုပ်ရှားစွာ ပြောနေကြပြီး တက်တက်ကြွကြွပင်မေးခွန်းများမေးနေခဲ့ကြ၏။
ကုအန်လည်း သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားလိုက်ရသည်။ သူအစကတည်းက သူတို့ဆီလာခဲ့သင့်သော်လည်း အခုတော့ သူတို့ကိုသက်သက်မဲ့ အချိန်ကြာကြာစိတ်ပူအောင် ပစ်ထားခဲ့မိသည်။
“လာကြ အပြင်ကမ္ဘာဂူကိုသွားကြမယ်” ကုအန် မိစ္ဆာသုံးယောက်ကိုခေါ်ပြီး ဂူထဲ၀င်သွားခဲ့၏။
လမ်းတစ်လျှောက်လုံးတွင် မိစ္ဆာများမေးခွန်းများစွာမေးနေပြီး ကုအန်လည်း ဘာကိုမှဖုံးကွယ်မထားဘဲ ရင်ဆိုင်ခဲ့ရသော ကပ်ဘေးများအကြောင်း ပြောပြခဲ့လိုက်သည်။
ကမ္ဘာခြားနတ်အာဃာတတစ္ဆေများ၊ ကမ္ဘာခြားနတ်တစ္ဆေဘုရင်၊ မဟာအေးစက်မိစ္ဆာဂိုဏ်းနှင့် ကောင်းကင်မီးတောက်ကပ်ဘေး အစရှိသဖြင့် ကပ်ဘေးများအကြောင်းအားလုံးပြောပြလိုက်ရာ မိစ္ဆာများ ကြောက်ရွံ့မှုကြောင့် တုန်ရီပင်သွားခဲ့ကြသည်။
သို့သော် ကုအန်ဆီမှ ကပ်ဘေးပြီးဆုံးသွားကြောင်း ကြားလိုက်ရမှသာ သူတို့သက်ပြင်းချလိုက်နိုင်ခဲ့၏။
ကပ်ဘေးကို ဘယ်သူကဖြေရှင်းပေးလိုက်သလဲဆိုတာ သိချင်သွားသော်လည်း ကုအန်က သူလည်းသေချာမသိဘူးဟု ပြောခဲ့လိုက်သည်။
သူတို့အပြင်ကမ္ဘာဂူသို့ရောက်သောအခါ ကုအန် အင်္ကျီလက်အိုးကိုဝေ့ယမ်းလိုက်ရာ မရေတွက်နိုင်သော သိုလှောင်အိတ်များ သိုလှောင်လက်စွပ်များနှင့် သိုလှောင်ဓမ္မရတနာမျိုးစုံ သူ့လက်အိုးထဲမှ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ် စုပုံသွားခဲ့၏။
မိစ္ဆာသုံးယောက် ကြက်သေသေသွားခဲ့သည်။
ထျန်းယောင်အာ မမေးဘဲ မနေနိုင်တော့ပေ။
“ဘာလို့အရမ်းများနေတာလဲ”
ကုအန်မဖြေခဲ့ပေ။ သိုလှောင်ရတနာများအားလုံးကို တောင်တစ်လုံးထဲ ထည့်ပြီးသည့်နောက် ကုအန်နတ်အာရုံဖြင့်စစ်ကာ စည်းများအားလုံးကိုဖယ်ရှားခဲ့ပြီး အန္တရာယ်ရှိနိုင်သောအရာများကို ဖျက်ဆီးပစ်ခဲ့သည်။
“ငါဒါတွေကို နင်တို့ကိုအပ်ထားခဲ့မယ် သာမန်နေ့တွေမှာ အစွမ်းထက်တည်ရှ်ိမှုကြီးတွေကို ဆွဲဆောင်မသွားမိအောင် ဒါတွေကိုမထိဖို့ ရှောင်ရမယ်နော်” ကုအန်သူတို့ကို သတိပေးလိုက်၏။
တကယ်တော့ သူတို့ဘယ်လိုထိထိ ဘယ်တည်ရှိမှုကိုမှ ဆွဲဆောင်မည်နိုင်မည်မဟုတ်ပေ။ သူတို့မတော်တဆကိုယ့်ကိုကိုယ်ထိခိုကအောင်လုပ်မိမှာကိုသာ ကုအန်စိုးရိမ်ခြင်းဖြစ်သည်။
မိစ္ဆာသုံးကောင်ကတော့ ငေးကြောင်စွာခေါင်းညိတ်ပြလိုက်ကြပြီး အခုထိ အခြေအနေကို မဖမ်းဆုပ်နိုင်သေးပေ။
ကုအန်ဘာမှထပ်ရှင်းပြမနေတော့ဘဲ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ထျန်းပိုင် မေးလိုက်သည်။
“ကျွန်မတို့ကို ကပ်ဘေးကနေကယ်တင်ပေးခဲ့တဲ့ ဆန်းကြယ်တဲ့စွမ်းအားကြီးတည်ရှိမှုကြီးဆိုတာ သခင်များလား”
ထျန်းယောင်အာလည်း သံသယရှ်ိနေခဲ့၏။ ကုအန်အရင်က ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်က သူ့ပြိုင်ဘက်မဟုတ်ဘူးဟု ပြောကတည်းက ကုအန်သည်သူ့အစွမ်းကိုဖုံးကွယ်ထားသည်ဟု သူမသံသယရှိနေတာဖြစ်ပြီး အခုတော့ ပိုပြီးရင် သေချာသွားခဲ့လေသည်။
ကုအန်ဘာလို့ သူ့ကျင့်ကြံခြင်းအစစ်ကို ဖုံးကွယ်ထားသလဲဆိုတာကိုသာ သူမနားမလည်ခဲ့ခြင်းဖြစ်၏။
ထိုစဉ်
ကုအန် အဓိပတိဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
အဓိပတိဂိုဏ်းရှိသော ကုန်းမြေတိုက်ကြီးက မနေ့ကအဖြစ်အပျက်ကြီး၏ရိုက်ခတ်ခြင်းကို မခံလိုက်ရဘဲ ကောင်းကင်နှင့်မြေပြင်တစ်ခွင် အနည်းငယ် လေကြမ်းသွားသလောက်သာ ဖြစ်ခဲ့၏။
သူအရင်ဆုံး သဘာ၀ဂူ၈လုံးထဲသို့သွားကာ ကျန်းချောင်ကို မဟာအေးစက်မိစ္ဆာဂိုဏ်း ရှင်းလင်းခံလိုက်ရပြီဟူသော သတင်းကိုသွားပေးခဲ့ပြီး ကျန်းချောင်လည်း တုန်လှုပ်သွားကာ ချက်ချင်းထွက်ခွာသွားခဲ့သည်။
ကုအန်သူမနောက်ကို လိုက်မသွားခဲ့ပေ။ထိုအစား တည်နေရာကူးပြောင်းခြင်းအစီအရင်သုံး၍ တတိယတောင်ကြားသို့သာ ပြန်ခဲ့လိုက်၏။
၂ရက်ကြာသွားပြီးချိန်မှာပင် တောင်ကြားရှ်ိလေထုက အသက်၀င်နေဆဲသာဖြစ်ပြီး အများစုက မဟာအေးစက်မိစ္ဆာဂိုဏ်းအကြောင်း ဆွေးနွေးနေခဲ့ကြသည်။
ဒြပ်ငါးမျိုးခိုးယူသူနှင့် လက်ကိုးချောင်းနတ်အရှင်တို့လည်း သူတို့ တရုတ်ကျားကစားပွဲကိုဆက်ကစားနေခဲ့ကြပြီး တစ်ခါတစ်ရံ အော်သံများထွက်လာတတ်သောကြောင့် ဘေးနားရှိတပည့်များလည်း ရယ်မောနေခဲ့ကြ၏။
အလုပ်လုပ်နေသော အစေခံတပည့်များလည်း တက်ကြွစွာ လုပ်နေခဲ့ကြကာ စိတ်ဝိညာဉ်ကြွက်ဖြူပင် ထူးထူးဆန်းဆန်းအိပ်ယာနိုးနေခဲ့ပြီး အန်းရှင်းခြေထောက်အောက်တွင် ၀ပ်ကာ သူမပွတ်သတ်ပေးနေတာကို ခံနေခဲ့သည်။
အရာအားလုံးက ဟန်ချက်ညီနေပုံပေါ်သောကြောင့် ကုအန်မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကိုနေ့တိုင်းမြင်လို၍ သူအန္တရာယ်များသည့်ကြားက ၀င်ပါပေးခဲ့ခြင်းဖြစ်၏။
ကုအန်သူ့အိမ်ထဲ၀င်သွားလိုက်ပြ နတ်အာရုံကိုတော့ ကောင်းကင်ပြင်ပဆီလွှင့်လိုက်သည်။
သူ့နောက်တစ်ကြိမ်အဆင့်ချိုးဖြတ်မှုက ကောင်းကင်ပြင်ပတွင် ဖြစ်မည် ဖြစ်၏။
မနေ့ကအဖြစ်အပျက်ကြောင်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် ကင်းလှည့်နေသော ကျင့်ကြံသူကြီးများရှ်ိနေပြီး သူတို့မရှိတော့မှသာ ကုအန် သူ့နောက်တစ်ကြိမ်အဆင့်ချိုးဖြတ်မှုကို စတင်မည်ဖြစ်သည်။
သူ့လက်ကျန်သက်တမ်းများနှင့်ဆိုပါက နတ်အတွေးအစစ်အမှန်အမတအဆင့်သို့ ချိုးဖြတ်ဖို့က မခက်ခဲသင့်ပေ။
ထိုအကြောင်းတွေးပြီး ကုအန်ခံစားချက်ပို၍ပင် ကောင်းလာခဲ့၏။
အိမ်ပေါ်ထပ်သို့ တက်သွားရင်း လေပင်ချွန်နေသောကြောင့် အိမ်အောက်တွင် လှဲနေသော သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့သခင်ကိုကြည့်ကာ အတွေးနစ်သွားခဲ့သည်။
ကုအန် အိမ်ထဲ၀င်သွားပြီး တံခါးပိတ်လိုက်တော့မှသာ သူတွေးလိုက်မိ၏။
“သခင်က ထပ်ပြီးပိုသန်မာလာတဲ့ပုံပဲ သူ့အဆင့်က ဘယ်လောက်တောင်မြင့်နေတာလဲ”
မဟာအေးစက်မိစ္ဆာဂိုဏ်းရှင်းလင်းခံရသည့်နေ့က ကောင်းကင်တွင်ပေါ်လာသော ဧရာမပုံရိပ်ကြီးကို သူလည်းမြင်ခဲ့ရပြီး ချက်ချင်းပင် ထိုအရာက သူ့သခင်မှန်း သူသိသွားခဲ့သည်။
ကုအန်လက်ထဲအခုလို အဆုံးသတ်ခဲ့ရခြင်းက သူ့အတွက် မယုံနိုင်စရာကောင်းသော ကံကြမ္မာကောင်းကြီးတစ်ခုပဲဟု သူယုံကြည်နေခဲ့၏။
အခြားသူများသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရချင်တောင် မရနိုင်ကြပေ။
ထိုအကြောင်းတွေးရင်း သူ့မျက်နှာပေါ် ဂုဏ်ယူနေသည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။
နှစ်တစ်ထောင်ဟူသော ကတိကတော့ အခုပြောစရာပင်မလိုတော့ပေ။
နှစ်တစ်ထောင်ပြည့်ရင်တောင် မြင်းပဲဖြစ်ရရ နွားပဲဖြစ်ရရ သူကုအန်ကို အမှုထမ်းရင်းသာ ဆက်နေမည်ဖြစ်သည်။
သူသည် တတိယတောင်ကြား၏တပည့်ခေါင်းဆောင်နေရာကို မျက်စိကျနေခြင်းဖြစ်၏။ အန်းရှင်း၏ပါရမီအရ သူမသည် ထိုအချိန်တွင် မြေအောက်ရောက်နေမည်ဖြစ်ရာ သူ့ကိုမည်သူက ပြိုင်ဆိုင်နိုင်တော့မည်နည်း။
ယန်ကျင်းအတွက်ကတော့ ထိုကောင်လေးက အပြင်လောကထွက်သွားမှာ သေချာပေသည်။ သူ့တွင်လည်း ရည်မှန်းချက်အချို့ ရှိနေခဲ့၏။
တစ်ချိန်တည်းမှာပင်
အိမ်ထဲ၌ ကုအန် ကုလားထိုင်တွင်မှီ၍ ထိုင်နေရင်း ဤအနေအထားက သက်တောင့်သက်သာရှိလှသည်ဟု တွေးနေခဲ့သည်။
သူ့လက်ကျန်းသက်တမ်း သန်း၆၀၀ကျော်ကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းများလည်း ကွေးတက်သွားခဲ့၏။
သူကြိုးစားမှုကိုအားလျှော့လိုက်လို့တော့ မဖြစ်ပေ။
သူအနာဂတ်တွင်လည်း ဆေးပင်များကြိုးကြိုးစားစား စိုက်ရပေဦးမည်။ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်က သူ့ရည်ရွယ်ချက်မဟုတ်သလို နတ်အတွေးအစစ်အမှန်အမတကလည်း သူ့ရည်ရွယ်ချက်မဟုတ်သေးပေ။ သူ့ရည်ရွယ်ချက်အစစ်က အမတလမ်းစဉ်အဆုံးထိ လျှောက်လှမ်းဖို့သာ ဖြစ်ပေသည်။
ယခုအခါ သူသည်သန်မာနေပြီဖြစ်ပါသော်လည်း ကမ္ဘာပေါ်တွင် သူဖြတ်သန်းမမြင်နိုင်သောအရာများ ရှိနေသေးသောကြောင့် သူကြိုးစား၍ ကျင့်ကြံရပေဦးမည်။
နောက်ရက်များတွင် ကုအန် ဆေးတောင်ကြားများကြားလှည့်ပတ်သွားလာရင်း သူ့ပုံမှန်ဘ၀သို့ ပြန်ရောက်သွားခဲ့၏။
ထိုအချိန်အတွင်း သူတော်စင်ရွှမ်မြောင်က သူ့ကို ဆရာသခင်ဓားအရှင်အပေါ်အမြင်ကို မေးမြန်းခဲ့ပြီး သူလည်း မယုတ်မလွန်သာချီးကျူးပေးခဲ့သည်။
ငါးရက်ကြာပြီးနောက်
ကုအန် ကုန်းမြေတိုက်ကြီးထဲ အားကောင်းသောကျင့်ကြံသူတစ်စု ခိုး၀င်လာကာ ဆရာသခင်ဓားအရှင်အပေါ်လူထုအမြင်ကိုစုံစမ်းနေကြောင်း သတိထားမိသွားခဲ့၏။
ထိုကျင့်ကြံသူများသည် မြင့်မြတ်ခုံရုံးက ဖြစ်ကြပေသည်။
သူတို့သည် ဤကုန်းမြေတိုက်ကြီးကိုသာ စုံစမ်းနေခြင်းမဟုတ်ဘဲ မဟာအေးစက်မိစ္ဆာဂိုဏ်းနှင့် အနီးရှိပင်လယ်ပြင်တစ်ဝိုက်ကိုလည်း စုံစမ်းနေခဲ့ကြ၏။
ကုအန်ထိုကိစ္စထဲ ဝင်မပါခဲ့ပေ။ စုံစမ်းနေပြီဆိုကတည်းက မြင့်မြတ်ခုံရုံးက အထက်လူကြီးများဤကိစ္စကိုသိရှိသွားပြီဟု ညွှန်ပြနေပြီး ထိုသို့ဆိုလျှင် မဟာအေးစက်မိစ္ဆာဂိုဏ်းနောက်က မြင့်မြတ်ဘုရင်လည်း အဆင်အခြင်မဲ့လှုပ်ရှားရဲတော့မည် မဟုတ်ပေ။
ဆေးတောင်ကြားများအားလုံးက ရင့်မှည့်သောအပင်များအားလုံးကို ရိတ်သိမ်းပြီးသည့်နောက် ကုအန်စတင်အနားယူခဲ့၏။
သူလက်ကိုးချောင်းနတ်အရှင်နှင့်လည်း ကျားသွားကစားခဲ့သေးပြီး သုံးပွဲဆက်အနိုင်ယူပစ်ခဲ့သည်။
ဒြပ်ငါးမျိုးခိုးယူသူလည်း စိတ်၀င်စားသွားပြီး သူနှင့်အတူကစားချင်သွားခဲ့၏။
ပွဲစပြီး တစ်နာရီအကြာတွင် ကုအန်မတ်တပ်ထရပ်လိုက်ကာ ကြယ်ခုနှစ်လုံးကြေးမုံကိုကိုင်၍ အထာကျကျပြုမူနေခဲ့သည်။
ကျောက်ခုံပေါ်ရှိ ဒြပ်ငါးမျိုးခိုးယူသူကတော့ ကြောင်အနေပြီး ကျားခုံကိုသာ စိုက်ကြည့်နေခဲ့မိသည်။
ဘေးနားရှိတပည့်များကတော့စိတ်လှုပ်ရှားနေပြီး ကုအန်ကို ဝိုင်းချီးမွမ်းနေခဲ့ကြသည်။
ဒြပ်ငါးမျိုးခိုးယူသူသည် အမြဲနိုင်နေသောကြောင့် မောက်မာနေသူဖြစ်ရာ ထိုလူ့ကို သူတို့ဆရာကအနိုင်ယူလိုက်ချိန်တွင် သူတို့မည်သို့ မပျော်ဘဲနေပါမည်နည်း။
လက်ကိုးချောင်းနတ်အရှင်ကတော့ ရယ်ချင်ပက်ကျိဖြစ်နေခဲ့၏။ ဤသည်မှာ တရုတ်ကျားကစားရာတွင် သူညံ့သည်ထက် ထိုကောင်လေးကို ကျားကစားရာတွင် တော်လွန်းနေသူ ဖြစ်နိုင်ပေသည်။
ကုအန်တပည့်များချီးကျူးနေသည့်ကြားမှ ပြုံးပြုံးကြီး ထွက်ခွာသွားခဲ့၏။
ငါ့ကိုနိုင်ဖို့လား!
နောက်နှစ်သန်း၁၀၀လောက် သွားလေ့ကျင့်လိုက်ဦး!
ထိုကောင်းကင်ဈာန်အမတအဆင့်များသည် အစွမ်းထက်သည်ကိုတော့ သူလက်ခံပြီး ထိုသူများသည် သူ့ထက် အဆင့်ငယ် ၂၇ဆင့်သာ နိမ့်ကျသူများ ဖြစ်ကြသည်။
အိမ်ပြန်ရောက်သောအခါ ကုအန်ထိုင်ချလိုက်ပြီး သူ့စနစ်ကိုဖွင့်ကြည့်လိုက်၏။
ကုအန် အရင်တစ်ခါသက်တမ်းသံသရာသုံးခဲ့စဉ်က နောင်တရသလိုခံစားခဲ့ရသောကြောင့် နောက်တစ်ပွဲကစားကြည့်ချင်နေခဲ့သည်။ အပြင်တွင်လည်း မြင့်မြတ်ခုံရုံးမှလူများ ရှိနေသေးသောကြောင့် သူ့အဆင့်ချိုးဖြတ်ဖို့က လောစရာတော့ လိုမနေသေးပေ။
တစ်ပွဲတည်းပဲ လုံး၀နောက်ထပ်မဆော့ဘူး!
“သင်သည် သက်တမ်းသံသရာအတွက် သက်တမ်း၁၀သန်းသုံးခဲ့ပြီး ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် စတင်ခဲ့ပါသည်”
“တာအိုနိယာမများနှင့် ဆက်သွယ်နေပါသည်”
“ပြန်လည်မွေးဖွားမည့်ကမ္ဘာရှာဖွေနေပါသည်”
“အောက်ပါကမ္ဘာများထဲမှ တစ်ခုကိုရွေးချယ်နိုင်ပါသည်”
၁- မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ”
၂- အစွန်းကိုးပါးမဟာကောင်းကင်နှင့်မြေပြင်
၃- အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်
ကုအန် အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်ကို မရွေးချယ်ခင် တခဏတွန့်ဆုတ်နေခဲ့မိသည်။
တစ်ခါကျရှုံးလျှင် နောက်တစ်ခါကတော့ အောင်မြင်ရပေမည်။
သူတူညီသောအမှားမျိုးကိုနှစ်ခါထပ်လုပ်တော့မည်မဟုတ်ပေ။
“သင်သည် အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်တွင် ပြန်လည်မွေးဖွားရန်ရွေးချယ်ခဲ့ပါသည်”
“ထိုကမ္ဘာကြီး၏ တာအိုနိယာမများသည် သင်ပါရမီကိုဖုံးကွယ်မထားနိုင်ပါ သင်သည်သက်တမ်းရိတ်သိမ်းသောစွမ်းရည်ကို ရရှိဦးမည်ဖြစ်ပါသော်လည်း လုပ်ဆောင်ချက်များကိုတော့ မရရှ်ိနိုင်ပါ”
“ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် စတင်ပါပြီ”
“ပထမဆုံးနှစ်တွင် သင်သည် ပေ့ချင်းနယ်မြေ၏ မဟာရှမြင့်မြတ်မင်းဆက် တော်၀င်မိသားစုတစ်ခုတွင်မွေးဖွားခဲ့ပြီး သင့်မိဘများက သင့်ကို ရှောင်ရှန်းထျန်ဟု အမည်ပေးခဲ့သည်”
“အသက်ငါးနှစ်အရွယ်တွင် သင်အိပ်ပျော်နေရင်း သင့်ဖခင်၏ တတိယမောင်းမ၏အဆိပ်ခတ်ခြင်းကိုခံခဲ့ရသည် သင်အသိစိတ်ပျောက်ဆုံးမသွားခင် သူမ၏ပုံသဏ္ဍာန်ကိုမြင်ခဲ့ရသည် ကံကောင်းစွာဖြင့် သင့်အမေကသင့်ကိုအချိန်မီတွေ့ရှိခဲ့ပြီး အသက်ကိုကယ်တင်နိုင်ခဲ့သည် သင့်ခွန်အားများပြန်လည်ရရှိလာသောအခါ သင့်အဖိုးက မိသားစု၀င်များကို ခန်းမကြီးထဲတွင် စုဝေးရန် ဆင့်ခေါ်ခဲ့သည် သင့်အဖိုးစုံစမ်းစစ်ဆေးချိန်တွင် သင့်ကိုအဆိပ်ခတ်သူမှာ တတိယမောင်းမဟု ထုတ်ဖော်မှာပါလား”