← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 23 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 23 Ch. 291-292

အပိုင်း(၂၉၁)

မယုံနိုင်စရာ နည်းလမ်းများ

ညနေစောင်းချိန်တွင် ကောင်းကင်က နီရဲနေပြီး အာကာသထဲမှ ဥက္ကာခဲကြီးများကျရောက်လာသည့် မြင်ကွင်းက အဝောာ်လေး အံ့ဩစရာဖြစ်နေခဲ့သည်။ ထို‌ဥက္ကာခဲကြီးများ ကျဆင်းလာမှုက ကောင်းကင်ကြီးပြိုဆင်းလာသလို သက်ရှိတိုင်း ခံစားနေကြရ၏။

“အဲ့တာဘာကြီးလဲ”

“ဘယ်လိုလုပ်ကောင်းကင်မှာ အဲ့လောက်ကြီးတဲ့မီးတောက်ကြီးရှိနေတာလဲ”

“အဲ့တာက ငါ့တို့ကိုသက်ရောက်စေမှာလား”

“စိတ်မပူပါနဲ့ ငါတို့က အဓိပတိဂိုဏ်းထဲမှာပဲလေ ဂိုဏ်းအကာအကွယ်၀င်္ကပါက ငါတို့ကို ကာကွယ်ပေးလိမ့်မယ်”

“အဲ့တာက မဟာအေးစက်မိစ္ဆာဂိုဏ်းကမိစ္ဆာတွေ ပြဿနာရှာနေတာဖြစ်နိုင်လောက်လား”

တတိယတောင်ကြားတွင် တပည့်များဆွေးနွေးနေကြပြီး တရုတ်ကျားကစားနေသော ကြီးမြတ်သည့်ကျင့်ကြံသူများလည်း ချက်ချင်းနေရာမှ ပျောက်ကွယ်ကုန်ကြသည်။

လက်ကိုးချောင်းနတ်အရှင် ကောင်းကင်ကိုမျက်မှောင်ကြုံ့ကာ ကြည့်နေခဲ့၏။

သူနှင့်မျက်နှာချင်းဆိုင်တွေထိုင်နေသည့် ဒြပ်ငါးမျိုးခိုးယူသူ ကတော့ မှတ်ချက်ပေးလိုက်သည်။

“ဒီနတ်စွမ်းအားက သာမန်ဖြစ်ရပ်မဟုတ်ဘူး”

လက်ကိုးချောင်းနတ်အရှင် ဒြပ်ငါးမျိုးခိုးယူသူကိုကြည့်ကာ မေးလိုက်၏။

“မင်းဒီနှစ်တွေမှာ ခရီးတောက်လျှောက်သွားနေတာ ဘာကိုရှာနေတာလဲ”

ဒြပ်ငါးမျိုးခိုးယူသူ သူ့မေးခွန်းကိုမဖြေဘဲ ကောင်းကင်သို့သာ ညွှန်ပြလိုက်လေသည်။

ထိုစဉ် တောင်ကြားအ၀င်၀၌

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်တွင် စီးနေရင်း ကောင်းကင်ကိုကြည့်နေခဲ့သည်။ ကောင်းကင်ရှိ ဥက္ကာခဲများနှင့် မီးပင်လယ်ကလင်းရှီမှပြောင်းလဲသွားခြင်းဖြစ်ပြီး ထိုအရာက ကောင်းကင်ဈာန်အမတတစ်ပါးကြောင့််ဖြစ်လာခြင်းဖြစ်သောကြောင့် နေရာကျယ်ကြီးတစ်ခုလုံးကို သက်ရောက်နိုင်နေစေခြင်းဖြစ်သည်။

ကြည့်ရသည်မှာ နှစ်၁၀၀ဆိုသည်မှာ စကားသက်သက်သာဖြစ်ပုံပေါ်ပြီး ဤနှစ်များအတွင်း မဟာအေးစက်သောမိစ္ဆာဂိုဏ်းက သာမန်လူများထွက်ပြေးကုန်အောင် နည်းမျိုးစုံသုံး၍ တိုက်ခိုက်မည့်ပုံပင်။

ဒါပေါ့ အခြားဖြစ်နိုင်ချေတစ်ခုလည်းရှိသေးပြီး သူတို့ရှာဖွေနေသည့်သူကို ထွက်လာစေရန် လုပ်နေခြင်းလည်း ဖြစ်နိုင်သည်။

ပုဂ္ဂိုလ်ရေးရန်ငြှိုးကြောင့် သာမန်လူများကိုထိခိုက်ခံစားရအောင်လုပ်နေသောကြောင့် ကုအန်ဧ။် မြင့်မြတ်ခုံရုံးအပေါ် နားလည်မှုက ပြောင်းလဲသွားခဲ့၏။

မြင့်မြတ်ခုံရုံးသည် ခုံရုံးကြီးတစ်ခုလုံးက ကောင်းသောရည်ရွယ်ချက်ရှိပုံပေါ်သော်လည်း အဖွဲ့၀င်တစ်ဦးချင်းစီထဲတွင်တော့ အကျင့်ပျက်သူများ ရှိနေကြပုံပင်။

သူတို့တွေးခေါ်ပုံက ကုအန်နှင့်မတူခြင်းလည်း ဖြစ်နေနိုင်ပေသည်။

သူတို့သည် သာမန်လူများကို ကာကွယ်နိုင်သော်လည်း လျစ်လျူရှုထားခဲ့ကြ၏။

ယန်ကျင်းကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ဆရာအမူအရာက အေးဆေးဖြစ်နေသောအခါ သူလည်းစိတ်အေးသွားခဲ့သည်။

သူ့ဆရာအနားတွင်ရှိနေပါက ကောင်းကင်ကြီးပြိုကျလာလျှင်ပင် သူကြောက်မည်မဟုတ်ပေ။

လီလင်းထျန်လည်းယန်ကျင်းအနားကပ်လာပြီး ကောင်းကင်ကအဖြစ်အပျက်ကြီးအကြောင်း ဆွေးနွေးခဲ့၏။

ထိုစဉ် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုပုတ်လိုက်ကာ ရှေ့သို့အမြန်သွားဖို့ ပြောလိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ရှေ့သို့ အမြန်သွားလိုက်ချိန်တွင် မိုးကုတ်စက်ဝိုင်း၌ အလင်းလွှာတစ်ခုပေါ်လာခဲ့ပြီး ထိုအရာက အဓိပတိဂိုဏ်း၏ အကာအကွယ်၀င်္ကပါသာ ဖြစ်၏။

အဲ့တာက မြန်လိုက်တာ!

ကုအန်ကြိတ်၍ ကျေနပ်သွားခဲ့သည်။ အဓိပတိဂိုဏ်းသည် ဤနှစ်များအတွင်းကပ်ဘေးပေါင်းစုံနှင့် ကြုံလာရသောကြောင့် အထက်လူကြီးများသည် ဆရာသခင်ဓားအရှင်ကိုသာအားကိုးရုံမဟုတ်ဘဲ ဂိုဏ်းကိုလည်း ပုံစံမျိုးစုံဖြင့် ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားခဲ့ကြ၏။

မကြာခင်တွင် အဓိပတိဂိုဏ်းတစ်ခုလုံးကို အလင်းလွှာတစ်ခုက ဖုံးအုပ်သွားခဲ့ပြီး ထိုအခါမှ ဂိုဏ်းထဲရှိကျင့်ကြံသူများအားလုံး စိတ်အေးသွားခဲ့ကြသည်။

ဂိုဏ်းနှင့်မြို့ပေါင်းများစွာက အကာအကွယ်၀င်္ကပါကြီးများဖွင့်ကာ ကာကွယ်လိုက်ကြသော်လည်း အကာအကွယ်မဲ့နေသည့် နေရာပေါင်းများစွာလည်း ရှိနေသေးသည်။ ထိုနေရာများတွင် သက်ရှိပေါင်းများစွာလည်း ရှိနေကြသေး၏။

မြောက်ပင်လယ်တောင်တန်းဒေသတွင်

တောင်နတ်ဘုရားကျောင်းဆောင်၌

သူတော်စင်ရွှမ်မြောင် မြေပေါ်တွင်ထိုင်နေရင်း ကောင်းကင်ရှိအဖြစ်အပျက်များကိုကြည့်ကာ မျက်မှောင်ကြုံ့သွားခဲ့သည်။

သူစိုးရိမ်သည်က သူ့လုံခြုံရေးမဟုတ်ဘဲကမ္ဘာတစ်ဝှမ်းက သာမန်လူများ၏ လုံခြုံရေးကို ဖြစ်၏။

သာမန်သေမျိုးများက ဤအရာကိုမည်သို့ခုခံနိုင်ကြပါမည်နည်း။

သူတော်စင်ရွှမ်မြောင် ခြံ၀န်းထဲရှိ သူကိုယ်တိုင်ထွင်းထုထားသော တောင်နတ်ဘုရားကျောက်ရုပ်တုကို ကြည့်လိုက်မိသည်။ သူတောင်နတ်ဘုရားနှင့်တစ်လတစ်ကြိမ်လောက်တွေ့ရပါသော်လည်း သူ့နှလုံးသားထဲတွင် သူနှင့်ထိုနတ်ဘုရားက ဝေးကွာနေဆဲပင်။

သူလှည့်ကြည့်လိုက်ပြီးနောက် တောင်နတ်ဘုရားရုပ်တုကို ရှိခိုးလိုက်လေသည်။

ဥက္ကာခဲများက ကမ္ဘာမြေကြီးဆီဆက်လက်ဦးတည်လာနေပြီး ကောင်းကင်ရှိမီးပင်လယ်ကြီးကလည်း နီးကပ်လာသောကြောင့် ကောင်းကင်နှင့်မြေပြင်ကြားတွင် မီးကဲ့သို့ရဲရဲတောက်နေသော အရောင်ကပိုမိုပြင်းထန်လာခဲ့သည်။

ထို့နောက်တွင်….

ကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ ပန်းမန်သစ်ပင်များအားလုံးမှ အစိမ်းရောင်အလင်းများ ဖြာထွက်လာခဲ့ပြီး မီးပွားများလို ကောင်းကင်ပေါ်သို့ လျင်မြန်စွာ ထိုးတက်သွားခဲ့ကြ၏။

တောတောင်များထဲတွင်းတူ‌းနေသော လယ်သမားတစ်ယောက် သူ့ပတ်ပတ်လည်မှ အစိမ်းရောင်အလင်းများဖြာထွက်လာသောကြောင့် ကြောက်လန့်သွားခဲ့ရသည်။

မြို့များထဲတွင်လည်း မြို့သူမြို့သားများ သူတို့ခြံ၀န်းထဲရှိ သစ်ပင်ကြီးများ တုန်ခါလာကာ အစိမ်းရောင်အလင်းများက ကောင်းကင်ဆီတိုးတက်သွားသောသည်ကို မြင်တွေ့နေခဲ့ကြရ၏။

နန်းတော်ထဲတွင်…

လီရွှမ်တောက် နန်းတော်စာကြည့်တိုက်အ၀င်၀တွင်ရပ်နေရင်း ပန်းပင်များ၏သာမန်မဟုတ်သော ပုံစံကို‌ကြည့်ရှုနေကာ သူ့အမူအရာက တည်ကြည်နေခဲ့သည်။

ထိုအခိုက်တွင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးလူသားများ မိစ္ဆာများအားလုံး ပတ်၀န်းကျင်ရှိ သစ်ပင်ပန်းမန်များ၏ သာမန်မဟုတ်သော ဖြစ်ရပ်ကြောင့် အံ့အားသင့်နေခဲ့ကြ၏။

တတိယတောင်ကြားတွင်

ကုအန် နွားသိုးပေါ်မှဆင်းကာ သူ့ပတ်ပတ်လည်ကို ကြည့်လိုက်လေသည်။ အဓိပတိဂိုဏ်းထဲရှိ အပင်များမှ အစိမ်းရောင်အလင်းတန်းများထွက်မလာသောကြောင့် တပည့်များ အဓိပတိဂိုဏ်းအပြင်ဘက်တ‌ွင်လည်း ဆန်းကြယ်သောဖြစ်ရပ်ဖြစ်နေသည်ကို မသိကြဘဲ ကောင်းကင်ကိုကြည့်၍သာ ပဟေဠိဖြစ်နေခဲ့ကြသည်။

သို့သော်လည်း ပြင်ပရှိ အပင်များမှထိုးတက်လာသော အစိမ်းရောင်အလင်းများ အမြင့်တစ်ခုဆီရောက်သောအခါ ဂိုဏ်းထဲရှိကျင့်ကြံသူများပင် ထိုအလင်းများကို မြင်လာခဲ့ရ၏။

သူတို့ကြားထဲ ဆွေးနွေးချက်ပေါင်းစုံ ထွက်လာခဲ့ပြန်သည်။

ကုအန် အိမ်အောက်တွင်ရပ်နေရင်း ထိုဖြစ်ရပ်ကိုကြည့်နေစဉ် ရှောင်ယုလည်း ထွက်လာကာ သူနှင့်အတူ ကြည့်ရှုနေခဲ့၏။

“ကြည့်ရတာ ဒီကုန်းမြေတိုက်ကြီးကို တစ်ယောက်ယောက်က ကာကွယ်ပေးနေပုံပဲ” ရှောင်ယုပြောလိုက်ရင်း သူမမျက်လုံးထဲတွင် အနီရောင်နှင့်အစိမ်းရောင်နှစ်ခုရောင်ပြန်ဟပ်နေကာ ကမ္ဘာနှစ်ခုတိုက်မိသွားသလိုပင်ဖြစ်နေခဲ့သည်။

ကုအန်၏မျက်နှာပေါ်တွင်လည်း အပေါ်ခြမ်းက အနီရောင်ဟပ်နေပြီး အောက်ခြမ်းက အစိမ်းရောင်ဟပ်နေခဲ့၏။ သူအံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။

“ညီမလေးဆိုလိုတာ ဒီဖြစ်ရပ်ကြီးနောက်မှာ ကျင့်ကြံသူတစ်ယောက်ရှိနေတယ်ပေါ့ သူတို့ကျင့်ကြံခြင်းကဘယ်လောက‌်တောင် မြင့်နေလိုက်မလဲ”

ကျိရှောင်ယု ကုအန်ကိုတစ်ချက်ကြည့်လိုက်၏။ ကုအန်တွင် ကျယ်ပြန့်သောကျင့်ကြံခြင်းမျိုးကို ဖုံးကွယ်ထားမည်ဟု သူမ မထင်သော်လည်း ထိုမျှတုံးအနေခြင်းမျိုးကလည်း မဖြစ်နိုင်ပေ။

လျင်မြန်စွာတိုးတက်လာသော ယန်ကျင်းကို ကုအန်က မကြာခဏဆိုသလိုအပြင်ခေါ်ထုတ်သွားတတ်သောကြောင့် ကုအန်ကလည်း ရိုးရှင်းသူတစ်ယောက်တော့ မဟုတ်နိုင်ပေ။ ကုအန်ဖုံးကွယ်ထားသောအရာကိုထားဦး သူ့အသိပညာကပင် သာမန်ကျင့်ကြံသူများယှဉ်နိုင်သောအရာ မဟုတ်ပေ။

“ဆရာသခင်ဓားအရှင်လှုပ်ရှားလိုက်တာ ဖြစ်နိုင်တယ်” ကျိရှောင်ယု မိုးကုတ်စက်ဝိုင်းကို ပြန်ကြည့်လိုက်ကာ ပြောလိုက်သည်။

ခန့်မှန်းတာတော်တယ်!

ကုအန် စိတ်ထဲတွင် ကျိရှောင်ယုကိုလက်မထောင်ပြလိုက်သော်လည်း သူ့အကြည့်ကတော့ ကောင်းကင်တွင်သာ ရှိနေခဲ့၏။

ကုန်းမြေတိုက်ကြီးပေါ်ရှိ သက်ရှိတိုင်း၏အကြည့်အောက်တွင် အစိမ်းရောင်အလင်းတန်းများက အနီရောင်အလင်းများနှင့် တိုက်မိသွားခဲ့ပြီး ကောင်းကင်တွင် အဆုံးမဲ့သော မီးရှူးမီးပန်းများဖောက်လိုက်သလို အလင်းရောင်များ ဖြာထွက်လာခဲ့သည်။

တခဏတိတ်ဆိတ်သွားပြီးနောက် ကမ္ဘာမြေကြီးတုန်ခါလာကာ ကောင်းကင်မှလေပြင်းများဆင်းသက်လာသော်လည်း ကုန်းမြေကို ခြိမ်းခြောက်နိုင်လောက်အောင်တော့ မပြင်းထန်ခဲ့ပေ။

ကုန်းမြေတိုက်ကြီးပေါ်ရှိ သက်ရှိများအားလုံးလည်း ထိုအခါမှ အစိမ်းရောင်အလင်းများက သူတို့ကို ကာကွယ်ပေးခြင်းဖြစ်မှန်း နားလည်သွားခဲ့ပြီး သက်ပြင်းချလိုက်နိုင်ခဲ့၏။

သို့သော် သူတို့မသိသည်မှာ ကုန်းမြေတိုက်တိုင်းတွင် ကာကွယ်သူမရှိတာကိုပင်။

ကုအန်က သူရှိသော ကုန်းမြေတိုက်ကိုပဲ ကာကွယ်ခဲ့ခြင်းဖြစ်ပြီး ထိုကုန်းမြေတိုက်ကမဟုတ်သော မရေတွက်နိုင်သောသက်ရှိများက စိတ်ပျက်အားငယ်ကာ သေဆုံးသွားခဲ့ကြရသည်။

ဝိညာဉ်ငြိမ်းအေးစေတီထိပ်ဖျားတွင်

အဖြူရောင်၀တ်စုံ၀တ် တာအိုပညာရှင် မျက်လုံးများပွင့်လာပြီး အံ့အားသင့်သွားခဲ့ကာ နတ်အာရုံသုံး၍ စစ်ကြည့်သော်လည်း မည်သည့်တိကျသည့် ခန့်မှန်းချက်မှ ရမလာသောကြောင့် သူ့အမူအရာကပို၍ ပျက်ယွင်းလာခဲ့သည်။

သူချက်ချင်းစိတ်ဝင်စားသွားပြီးထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

အဓိပတိဂိုဏ်းထဲတွင် ကုအန် ရှောင်ယုနှင့်စကားပြောနေရင်း လျင်မြန်စွာချဉ်းကပ်လာသော တည်ရှိမှုတစ်ခုကို သတိပြုမိသွားသောကြောင့် ကြိတ်၍ သက်ပြင်းချလိုက်မိ၏။

အဘယ်ကြောင့် သေလမ်းရှာနေသောတစ်ယောက်ယောက်က အမြဲရှိနေရပါသနည်း။

“အစ်ကိုဆန်းကြယ်တောင်ကြားကို တစ်ချက်သွားစစ်ကြည့်လိုက်ဦးမယ် နောက်မှပြောကြတာပေါ့” ကုအန်ပြောလိုက်ပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ထွက်ခွာသွားခဲ့၏။

ရှောင်ယုလည်း ဘာသံသယမှမ၀င်ဘဲ ကောင်းကင်ရှိဖြစ်ရပ်ကိုကြည့်ရင်းသာ ဆရာသခင်ဓားအရှင်၏ နတ်သိုင်းများကို အားကျနေခဲ့သည်။

သစ်ပင်တစ်ပင်အောက်တွင် ဒြပ်ငါးမျိုးခိုးယူသူနှင့် လက်ကိုးချောင်းနတ်အရှင် ကျားခုံ၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေရင်း ကောင်းကင်ကိုမော့ကြည့်နေခဲ့ကြ၏။

ဒြပ်ငါးမျိုးခိုးယူသူ ပြောလိုက်သည်။

“ပြဿနာကို‌ေတာ့ ဆွဲ‌ေဆာင်ခံလုိက်ရပြီ အဲ့ဒီကောင်ရောက်လာပြီ”

လက်ကိုးချောင်းနတ်အရှင်သူ့ဘက်လှည့်ကာ မေးလိုက်သည်။

“ဘယ်ကောင်လဲ”

“အသက်နှုတ်အမတရဲ့တပည့်တစ်ယောက် မဟာအေးစက်သောမိစ္ဆာဂိုဏ်းက တုနှိုင်းမဲ့ကျင့်ကြံခြင်းကို ပိုင်ဆိုင်တဲ့ နာမည်ကျော်ပါရမီရှင် ပိုင်ဟုန်” ဒြပ်ငါးမျိုးခိုးယူသူတုန့်ပြန်လိုက်၏။

လက်ကိုးချောင်းနတ်အရှင်မျက်နှာပြောင်းလဲသွားခဲ့ပြီး သူလည်း ပိုင်ဟုန်ကိုကြားဖူးတာ သိသာလှသည်။

ဒြပ်ငါးမျိုးခိုးယူသူ ခပ်ဟဟရယ်မောလိုက်ကာ

“ကြည့်စရာ ပွဲတစ်ခုကတော့ရှိလာတော့မယ် ပါရမီရှင်တိုင်းမှာ ပြစ်ချက်တစ်ခုရှိကြတယ် အဲ့တာက ယုံကြည်မှုလွန်ကဲတာပဲ!”

အနားရှိ ရှန်ရှင်းကျိလည်း ကောင်းကင်ကိုမော့ကြည့်နေရင်း ဒြပ်ငါးမျိုးခိုးယူသူစကားကို နားထောင်နေခဲ့သည်။

သူထိုညကလက်ကြီးအကြောင်း ပြန်မစဉ်းစားဘဲ မနေနိုင်ခဲ့ဘဲ ပိုင်ဟုန့်ကို စာနာသွားခဲ့မိ၏။

ကမ္ဘာပေါ်တွင် ပုန်းကွယ်နေသော စွမ်းအားကြီးပုဂ္ဂိုလ်များ များစွာရှိကြပြီး ကျင့်ကြံခြင်းကဘယ်လောက်မြင့်နေနေ ဒီကမ္ဘာကြီးကိုအထင်မသေးသင့်ပေ။

ဤသည်က ရှန်ရှင်းကျိ ပင်လယ်ဗုဒ္ဓဂိုဏ်းကထွက်လာပြီးနောက် အကြီးဆုံးမားဆုံး နားလည်သွားခဲ့သည့်အရာသာဖြစ်သည်။

အခြားတစ်နေရာတွင်

နီရဲနေသော ကောင်းကင်အောက်တွင် အောက်ဘက်ရှိရေပြင်ကျယ်ကိုလုံး၀ ငုံ့မကြည့်ဘဲ ပိုင်ဟုန် ရှေ့သို့သာကြည့်၍ ပျံသန်းနေခဲ့၏။

သူ့အကြည့်က ခပ်လှမ်းလှမ်းရှိကုန်းမြေတိုက်ကြီးဆီသာ ရောက်နေခဲ့သည်။

သူ့နတ်အာရုံအတွင်း ကြီးမြတ်သည့်ကျင့်ကြံသူများစွာက သူ့နတ်စွမ်းအားကို မျိုးစုံသော နည်းလမ်းများကိုသုံးကာ ခုခံနေခဲ့ကြသည်။ သို့သော်လည်း ထိုကုန်းမြေတိုက်ကြီးက သုံးသောနည်းလမ်းကတော့ထူးဆန်းလှပြီး ပိုစိတ်၀င်စားစရာကောင်းသည့်အချက်မှာ သူထိုလင်းရှီ၏ ကမ္မစွမ်းအားကိုထောက်လှမ်း၍ မရခြင်း ဖြစ်သည်။

ထိုအရာ၏နောက်ကွယ်ကလူက သူ့ဆရာပြောသောသူနှင့် ဆက်စပ်မှုရှိကောင်းရှိနေနိုင်ပေသည်။

ထိုအကြောင်းတွေးပြီး ပိုင်ဟုန့်မျက်လုံးထဲ စိတ်၀င်စားသည့်အရိပ်အယောင်များ ပေါ်လာခဲ့၏။

သူသည် သူ့ဆရာအမိန့်အရသာလုပ်နေခြင်းမဟုတ်ဘဲ သူ့အခွင့်အလမ်းကိုလည်း ရှာဖွေနေခြင်းဖြစ်သည်။

ဖက်!

လက်ကြီးတစ်ဖက်သူ့ပုခုံးပေါ်ကျလာခဲ့ပြီး အမြန်နှုန်းအပြည့်ဖြင့် ပျံသန်းနေသောသူ့ကိုယ်က ချက်ချင်းရပ်တန့်သွားကာ သူ့ကိုယ်ထဲရှိချီသွေးများ ဗြောင်းဆန်သွားခဲ့ပြီး မူလဝိညာဉ်ပင် ထွက်သွားတော့မလို ဖြစ်သွားခဲ့သည်။

သူရုန်းထွက်ဖို့ကြိုးစားလိုက်ရာတွင် သူ့ကိုယ်သူထိန်းချုပ်လို့မရတော့သည်ကို ကြောက်စရာကောင်းစွာ သိသွားခဲ့ရ၏။

သူမူလဝိညာဉ်ကိုပင်ထုတ်မရတော့သောကြောင့် သူ့စိတ်ထဲကြောက်လန့်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

ချက်ချင်း ပိုင်ဟုန် ဖြစ်နိုင်ချေများစွာကိုတွေးတောလိုက်၏။

အသက် ၁၅၀၉၀၈အရွယ် ကောင်းကင်ဈာန်အမတအဆင့် ၉ ပိုင်ဟုန်က ဒီမှာသေ‌ရတော့မှာပဲ!

ကုအန် ပိုင်ဟုန့်သက်တမ်းကိုကြည့်ကာ တွေးလိုက်သည်။

ကုအန် ဝိညာဉ်ချုပ်သိုင်းသုံးဖို့ အစီအစဉ်မရှိဘဲ ပိုင်ဟုန့်ကိုချက်ချင်းသတ်ပစ်ဖို့ စီစဉ်ထားခြင်းဖြစ်၏။

သူပိုင်ဟုန့်ကို ခဏစောင့်ဆိုင်းပေးနေခဲ့ခြင်းမှာ ပိုင်ဟုန်လုပ်ခဲ့သော မကောင်းမှုများအတွက် သူ့ကိုလည်း မသေခင်စိတ်ပျက်အားငယ်မှုကို ခံစားစေချင်သေး၍ ဖြစ်သည်။

ပိုင်ဟုန် သူ့ပုခုံ‌းပေါ်ရှိလက်၏ဖိအားကိုခံစားမိပြီး တစ်ခုခုပြောရန်ပြင်လိုက်စဉ်တွင် လက်ကသူ့ပုခုံးကိုဖိချလိုက်လေသည်။

ကုအန်တစ်ချက်ညှစ်လိုက်ရုံနှင့် ပိုင်ဟုန်၏ ခန္ဓာနှင့်ဝိညာဉ်က ပြာမှုန်အဖြစ်ပြောင်းလဲသွားခဲ့ရ၏။

ထို့နောက်သူလည်းချက်ချင်းကျောက်ကွယ်သွားခဲ့သည်။

ဆန်းကြယ်တောင်ကြားနားရှိတောအုပ်ထဲတွင် ကုအန် ဆေးပင်များစစ်ဆေးနေချင်ယောင်ဆောင်နေချိန်တွင် သူ့ရှေ့၌ စာကြောင်းတစ်ကြောင်းပေါ်လာခဲ့၏။

သူသက်တမ်း ၃၈၀၀၀ ရိတ်သိမ်း၍ ရခဲ့ခြင်းဖြစ်သည်။

သိပ်မဆိုးပါဘူး!

ကုအန် အသက်နှုတ်အမတလာကလဲ့စားချေမှာကိုလည်း မကြောက်ရွံ့ခဲ့ပေ။ အကယ်၍ သူလာလျှင် ကုအန်သူ့ကိုလည်း သတ်ပစ်လိုက်မည်သာ။

အပူအပင်မဲ့ကမ္ဘာဦးအမတလေးက အံ့ဖွယ်ဓမ္မနတ်အမတကို ခြိမ်းခြောက်နိုင်မည်လော။

အကယ်၍ ပိုသန်မာသောတည်ရှိမှုပေါ်လာပြီး သူနိုင်ဖို့လည်းမသေချာရင်တော့ သူထွက်ပြေးမည်ဖြစ်သည်။

အခုထိတော့ မြင့်မြတ်ဘုရင်က လှုပ်ရှားဦးမည့်ပုံမပေါ်သေးဘဲ ကြည့်ရသည်မှာ သူ့ပုံရိပ်ကို မထိခိုက်စေလို၍ ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် သူသာဘာကိုမှဂရုမစိုက်လျှင် သူ့ရန်သူ၏ပြန်လည်မွေးဖွားခြင်းကို အဘယ်ကြောင့်ကိုယ်တိုင်လာမရှာရသနည်း။

ကောင်းကင်ရှိမီးပင်လယ်ကြီးက မိနစ်၃၀ကြာမှ ပျောက်ကွယ်သွားခဲ့သည်။ ကုန်းမြေတိုက်ကြီးကို ဖုံးလွှမ်းထားသော အစိမ်းရောင်အလင်းများကလည်း လေနှင့်အတူလွင့်ပါးပျောက်ကွယ်သွားခဲ့ကာ ညဉ့်အချိန်ရောက်ရှိလာခဲ့သည်။

ကုအန်တတိယတောင်ကြားဆီပြန်ရောက်သောအခါ ကျိရှောင်ယုက သူ့အခန်းထဲ ပြန်ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူတရုတ်ကျားကစားရာ‌ေနရာတွင် ခုနကအဖြစ်အပျက်ကြီးအ‌ေကြာင်း‌ေဆွး‌ေနွး‌ေန‌ေသာ တပည့်အုပ်ဆီသာသွားလိုက်ပြီး ထိုနေရာတွင် လက်ကိုးချောင်းနတ်အရှင်နှင့် ဒြပ်ငါးမျိုးခိုးယူသူတို့ရှိနေခြင်းကြောင့် တပည့်များ၏ အသိပညာများပိုတိုးနေပြီး သူတို့သည် ဆရာသခင်ဓားအရှင်၏ အံ့ဩစရာကောင်းသော နည်းလမ်းများအကြောင်းလည်း ပိုမိုသိရှိလာခဲ့ကြ၏။

အပိုင်း(၂၉၂)

စီနီယာ၏သရုပ်မှန်

ဝိညာဉ်ငြိမ်းအေးစေတီထဲ၌

အသက်နှုတ်အမတမျက်လုံးများပွင့်လာကာ မျက်ခုံးများတွန့်ကွေးသွားပြီး သူ့မျက်လုံးထဲ သံသယများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဘာလို့သူအရှိန်အဝါပျောက်သွားတာလဲ”

အသက်နှုတ်အမတ စတင်တွက်ချက်ကြည့်လိုက်ပြီး သူ့တပည့်သေဆုံးသွားတယ်ဆိုတာမျိုးကိုတော့ သူလုံး၀ မတွေးမိပေ။ သူ့တပည့်၏ကျင့်ကြံခြင်းကို သူသာအသိဆုံးဖြစ်၏။ အဆင့်တူချင်းတွင် ပိုင်ဟုန်သည် တစ္ဆေဘုရင်သုံးပါးကိုပင် တစ်ယောက်တည်းနဲ့ ယှဉ်နိုင်သူဖြစ်ပြီး ထိုအရာက သူ့ခွန်အားဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ပြသနေခဲ့သည်။ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးနှင့်ရင်ဆိုင်ရလျှင်ပင် သူ့တပည့်က ချက်ချင်းကြီးသေဆုံးသွားမယ့်သူမဟုတ်ပေ။

သို့သော်လည်း သူဘယ်လိုတွက်တွက် ပိုင်ဟုန်ဘယ်မှာလဲဆိုတာ ဘယ်လိုမှတွက်မရခဲ့ပေ။

ဤသည်က ပိုင်ဟုန်သေဆုံးသွားပြီဟုညွှန်ပြနေခဲ့ပြီး သေဆုံးရုံသာမကဘဲ လေနှင့်အတူပြန့်ကျဲသွားကာ ကောင်းကင်နှင့်မြေပြင်ကပင် သူ့တည်ရှိမှုကို ဖျက်ပစ်လိုက်သည်နှင့် တူနေခဲ့သည်။

အသက်နှုတ်အမတမျက်ခုံးများ ပို၍တွန့်ကွေးသွားခဲ့ပြီး သူ့နှလုံးသားထဲ ဒေါသများ တုန်လှုပ်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး လှုပ်ရှားလိုက်ခြင်းပေလော။

ထိုကဲ့သို့သော ကိစ္စမျိုးကိုလုပ်ရန်မှာ အပူအပင်မဲ့ကမ္ဘာဉီးအမတထဲတွင်ပင် အဆင့်မြင့်သောသူသာ ဖြစ်ရပေမည်။

အသက်နှုတ်အမတအရင်ဆုံးစဉ်းစားလိုက်မိသည့်သူမှာ မြင့်မြတ်ခုံရုံးမှတည်ရှိမှုတစ်ခုဖြစ်၏။ ထိုကဲ့သို့ကြောက်စရာကောင်းသောတည်ရှိမှုတစ်ခုက အဘယ်ကြောင့် သေမျိုးနယ်မြေတွင် ပုန်းအောင်းနေရပါသနည်း။

အသက်နှုတ်အမတအမြင်၌ သေမျိုးနယ်မြေတွင် အသန်မာဆုံးသူများမှာ ကောင်းကင်ဈာန်အမတများဖြစ်ကြပြီး သူတို့သည်ပင် ကောင်းကင်ပြင်ပရှိစွမ်းအားကို ထိရုံသာ ထိနိုင်ကြသူများ ဖြစ်ကြသည်။

ကမ္ဘာခြားနတ်နယ်မြေသခင်ပင် ဤဒေသကိုနှစ်ပေါင်းများစွာကြာ ဖိနှိပ်ထားနိုင်လေရာ ဤနေရာတွင် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးမည်သို့ ရှိနေနိုင်သနည်း။

နေဦး!

အသက်နှုတ်အမတရုတ်တရက် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေကို တွေးမိသွားခဲ့သည်။

ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက သူ့အမြင်တွင် သာမန်သာဖြစ်သော်လည်း ထိုဂိုဏ်းကို သူသတိရသေး၏။ ထိုဂိုဏ်းသည် သူထောက်ခံသော မြင့်မြတ်ဘုရင်ကိုပင် ထောက်ခံသောဂိုဏ်းဖြစ်ပြီး မြင့်မြတ်ဘုရင်ထံတွင် မျက်နှာရရန် အမြဲကြိုးစားနေသော်လည်း မြင့်မြတ်ဘုရင်ကတော့ သူတို့ကိုအထင်သေးပေသည်။ ပြောရလျှင် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေသည် သူတို့နှင့် တစ်ဖက်တည်းဖြစ်သောဂိုဏ်းဟု ဆိုနိုင်ပေသည်။

သူ့တာအိုမိတ်ဆွေတစ်ယောက်က ပြောခဲ့ဖူးသည်မှာ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေသည် အရင်က သူတို့ကိုအကူအညီလာတောင်းခဲ့ဖူးသော်လည်း သူ့မိတ်ဆွေက သူ၀င်ပါဖို့ မတန်ဘူးထင်သောကြောင့် သူ့အောက်ကသူများနှင့်သာ လွှတ်ထားပေးလိုက်သည်။ ထို့နောက်တွင်တော့ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ ပျက်ဆီးသွားခဲ့၏။ သူ့မိတ်ဆွေလည်း ထိုအရာက ပြည်တွင်းအာဏာပြိုင်မှုများကြောင့်ဟုယူဆကာ အများကြီးမတွေးခဲ့ပေ။

အခုတော့ ထိုသို့သောကိစ္စမျိုးက သူ့တွင်ဖြစ်လာခဲ့ချေပြီ။ ဤကုန်းမြေတိုက်ကြီးသည် တစ်ခုခုကို ဖုံးကွယ်ထားခြင်းပေလော။

သို့မဟုတ် ပြန်လည်မွေးဖွားလာသည့်တည်ရှိမှုနှင့် တစ်ခုခုပတ်သက်နေခြင်းပေလော။

အသက်နှုတ်အမတမျက်လုံးများ တဖြတ်ဖြတ်လက်သွားပြီး ထိုအရာက ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ ပျော်ရွှင်မှုကြောင့်ဖြစ်၏။

သာမန်လူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက သူ့ရည်ရွယ်ချက်မဟုတ်ဘဲ သူ့ရည်ရွယ်ချက်က ပြန်လည်မွေးဖွားလာသည့်တည်ရှိမှုကို အတင်းဆွဲထုတ်ဖို့‌ဖြစ်သည်။ အခုတော့ ထိုသူနှင့်သက်ဆိုင်လောက်သည့် လက္ခဏာများပြသနေပြီဖြစ်ရာ သူမည်သို့မပျော်ဘဲနေမည်နည်း။

ချက်ချင်းပင် သူကြေးဆီမီးအိမ်တစ်လုံးကို ထုတ်ကာ မီးစာဆီသို့ မှော်သိုင်းများ ထုတ်သုံးလိုက်လေတော့သည်။

မိတ်ဆွေဟောင်းကြီးများကို ခေါ်ရန် အချိန်ကျခဲ့ချေပြီ။

…..

ပိုင်ဟုန်ကြောင့်ဖြစ်ပွားခဲ့ရသော ကပ်ဘေးက အတော်လေးကြီးမားလွန်းလှသည်။အဓိပတိဂိုဏ်းရှိသော ကုန်းမြေတိုက်ကြီးကတော့ ထိုကပ်ဘေးကို မခံခဲ့ရဘဲ ဂိုဏ်းပေါင်းများစွာက ထိုအရာက ဆရာသခင်ဓားအရှင်ကြောင့်ဆိုတာကိုသိကြပြီး ဆရာသခင်ဓားအရှင်နာမည်က ကုန်းမြေတိုက်ကြီးပေါ်တွင် နောက်တစ်ကြိမ် ကျော်ကြားသွားခဲ့ပြန်သည်။

ကုန်းမြေတိုက်ကြီးက စိတ်လှုပ်ရှားစွာ အံ့အားသင့်နေကြချိန်တွင် ပင်လယ်ပြင်ကတော့ တိတ်ဆိတ်နေခဲ့၏။ များစွာသော ကျွန်းများမှာ မီးပင်လယ်အဖြစ် ပြောင်းလဲနေခဲ့ကြသည်။

ပိုင်ဟုန်ထုတ်လွှတ်လိုက်သော နတ်စွမ်းအားကို သာမန်ဂိုဏ်းများကမည်သို့ခံနိုင်ရည်ရှိလိမ့်မည်နည်း။

ဂိုဏ်းများက ကာကွယ်ရေးဝင်္ကပါများကိုဖွင့်လှစ်ခဲ့လျှင်တောင်

ကောင်းကင်ကမီးတောက်များကို ကာကွယ်ဖို့ကမလွယ်လှချေ။ ထို့‌ကြောင့်လည်း ကုအန်ဝင်လှုပ်ရှားခဲ့ထခြင်းဖြစ်သည်။

ဤကောင်းကင်မီးတောက်ကြောင့် သေမျိုးကမ္ဘာနယ်မြေရှိ လူသုံးပုံတစ်ပုံလောက်ပင် သေဆုံးသွားခဲ့ရ၏။

ကပ်ဘေးဖြစ်ပွားပြီး ၇ရက်မြောက်နေ့တွင်

ကုအန်အမတရှာဖွေကျွန်းသို့ ရောက်လာခဲ့ပြီး ကျွန်းပေါ်တွင်လေထုက လေးလံနေကာ လူအနည်းငယ်သာသွားလာနေပြီး လမ်းမများပေါ်တွင် တင်းမာသောလေထုရှိနေခဲ့သည်။

ကျွန်းပေါ်ရှိအဆောက်အဦးများက ထိခိုက်ပျက်ဆီးမှုရှိမနေသော်လည်း ပတ်ပတ်လည်ရှိပင်လယ်ပြင်တွင် ငါးအသေများ သတ္တဝါများ၏အလောင်းများရှိနေပုံအရ အမတရှာဖွေကျွန်းသည် ကောင်းကင်မီးတောက်၏သက်ရောက်မှုကို ခံလိုက်ရသည့်ပုံပင်။

ကောင်းကင်ဈာန်အမတတစ်ပါး၏စွမ်းအားက သက်ရှိအားလုံးကို ရှင်းလင်းပစ်ရန် လုံလောက်ပေသည်။

ကုအန် ဟူရှောင်ကျင်းကို ခေါ်ခဲ့ပြီး သူ့ကိုတွေ့မှသာ ဟူရှောင်ကျင်း စိတ်အေးသွားခဲ့ရ၏။

“စီနီယာ စီနီယာရောက်လာတာ ၀မ်းသာလိုက်တာ!”

ဟူရှောင်ကျင်းအသံက ပျော်ရွှင်မှုများဖြင့်ပြည့်နေပြီး လွန်ခဲ့သော၇ရက်က သူအမတကျွန်းပေါ်တွင် သေရတော့မည်ဟု တကယ်ထင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မသေခဲ့သော်လည်း နောက်ရက်များတွင် နေ့တိုင်းတုန်ရီနေကာ နောက်ကပ်ဘေးတစ်ခုဘယ်တော့ကျလာမလဲဆိုတာ စိုးရိမ်နေခဲ့ရ၏။

ကုအန် စနောက်လိုက်သည်။

“အဲ့‌လောက်ကြောက်နေတာလား”

ဟူရှောင်ကျင်းခေါင်းညိတ်ပြလိုက်၏။

“ဘယ်လိုလုပ်မကြောက်ဘဲ နေနိုင်မှာလဲ မီးတောက်ကြီးတွေကို စီနီယာမြင်ခဲ့တယ်မလား ကောင်းကင်မှာပေါ်နေတာ ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ အဲ့တာကိုကြည့်ပြီး နောက်ကွယ်ကလူရဲ့ ကျင့်ကြံခြင်းကို ခန့်မှန့်လို့ရတယ်”

ထိုသူက အချုပ်အနှောင်မဲ့အမတအဆင့်ထက် ကျော်လွန်နေသူဟုလည်း သူပြောချင်နေခဲ့သည်။ သူကျွန်းပေါ်တွင် အချုပ်အနှောင်မဲ့အမတများကိုမြင်ဖူးပြီး ထိုသူများ တိုက်ခိုက်သည်ကိုလည်းတွေ့ဖူးသောကြောင့် ယှဉ်၍ပြောနိုင်ခြင်း ဖြစ်သည်။

သို့သော်ကုအန်ကလည်း အချုပ်အနှောင်မဲ့အမတဖြစ်သောကြောင့် ထိုစကားကိုရင်ထဲသာ သိမ်းထားလိုက်၏။

“စိတ်မပူပါနဲ့” ကုအန် နှစ်သိမ့်လိုက်သည်။

“မကောင်းမှုက ကောင်းမှုကိုဘယ်တော့မှအနိုင်မရဘူး ဒီကပ်ဘေးကနောက်ကွယ်ကလူက ကျိန်းသေပေါက် သုတ်သင်ခံရလိမ့်မယ်”

တကယ်တော့ ထိုကပ်ဘေးနောက်ကွယ်က ပိုင်ဟုန်က သေပင်သေနေခဲ့ချေပြီ။

ကုအန် အမတရှာဖွေကျွန်းပေါ်နောက်ကျမှရောက်လာရခြင်းမှာ အဓိပတိဂိုဏ်းကို အသက်နှုတ်အမတက ရုတ်တရက်တိုက်ခိုက်မည့်အန္တရာယ်မှ ကာကွယ်နေခဲ့ရ၍ ဖြစ်သည်။

သို့သော် ပိုင်ဟုန်သေသွားသည်ကို သိသော်လည်း အသက်နှုတ်အမတက ပေါ်မလာခဲ့ပေ။ ထိုလူ တစ်ခုခုကိုကြိတ်ကြံနေပုံ ပေါ်ပေသည်။

ယခုအချိန်တွင် ဘာတွေကျလာမလဲဆိုတာသိရစေရန် သစ်ပင်ကိုလှုပ်ယမ်းကြည့်လိုက်ဖို့ အခွင့်အရေးတစ်ခုရှိနေသည်ဟု ကုအန်ခံစားနေခဲ့ရ၏။

နောက်ဆုံးတွင် မဟာအေးစက်သောမိစ္ဆာဂိုဏ်းဆိုသည်မှာ ဧရာမဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး ဂိုဏ်းသားဘယ်လောက်ရှိသလဲဆိုတာပင် ရေတွက်မရသော ဂိုဏ်းကြီးဖြစ်သည်။

ထို့နောက် ကုအန် ဟူရှောင်ကျင်းနောက်မှလိုက်၍ ကျွန်း၏အပျက်အဆီးများကို လိုက်ကြည့်ခဲ့၏။

ဟူရှောင်ကျင်းပြောပုံအရ ဤကပ်ဘေးကိုကြုံတွေ့ခဲ့ရပြီးနောက် ကျွနး်သခင်က အမတရှာဖွေကျွန်းကို စွန့်ပစ်ဖို့သေချာသွားခဲ့ပြီး အရေးကြီးသောအရာများ တပည့်များကိုပင် စတင်ရွှေ့ပြောင်းနေပြီဖြစ်ပြီး ဟူရှောင်ကျင်းတို့လို အဆင့်နိမ့်အစေခံများကတော့ ဘယ်သွားရမလဲမသိသောကြောင့် ပင်လယ်ကာကွယ်စံအိမ်ထဲတွင် ကြောက်လန့်တကြားသာဖြစ်နေခဲ့ကြသည်။

အရင်က အမတရှာဖွေကျွန်းသည် သူတို့အိမ် သူတို့၏အကြီးမားဆုံး အထောက်အပံ့ဖြစ်ခဲ့သော်လည်း ပင်လယ်ကာကွယ်စံအိမ်က သူတို့ကို အတူတူခေါ်မသွားခဲ့ပေ။

ထိုစကားကိုကြားသောအခါ ကုအန် ဟူရှောင်ကျင်းကို သူနှင့် အတူလိုက်ဖို့ မကမ်းလှမ်းဘဲ ဆေးပင်များ၀ယ်ဖို့သာပြောသောကြောင့် ဟူရှောင်ကျင်းပို၍ ကြောက်လန့်လာခဲ့ရသည်။

ဤအခေါက်က ကုအန်၏ အမတရှာဖွေကျွန်းသို့ နောက်ဆုံးအကြိမ်လာခြင်းဖြစ်မှာကို ဟူရှောင်ကျင်း ကြောက်ရွံ့နေခဲ့၏။

တစ်နာရီခန့်ကြာသောအခါ

သူတို့နှစ်ယောက် ဟူ‌ရှောင်ကျင်းခြံ၀န်းထဲ ရောက်လာခဲ့ပြီး ကုအန်ထိုင်ပြီးသောအခါ ဟူရှောင်ကျင်းသူ့အတွက် ဝိုင်ငှဲ့ပေးလိုက်သည်။

ကုအန်လည်းမငြင်းခဲ့ဘဲ သူ့အပြုအမူကြောင့် ဟူရှောင်ကျင်း ပို၍ စိတ်မအေးနိူင်ဖြစ်သွားခဲ့ရသည်။

ဟူရှောင်ကျင်း ဝိုင်ငှဲ့ပေးပြီးသောအခါ ကုအန် ပြောလိုက်၏။

“စိတ်အေးအေးထားပါ ငါကအမတရှာဖွေကျွန်းကို လက်ခံယူဖို့ တကယ်ဆန္ဒရှိနေတာ မကြာခင် အမတရှာဖွေကျွန်းကို လက်လွှဲယူဖို့ မြေလျှောက်အမတတစ်ပါးပို့လိုက်မယ် နောက်ပြီး မင်းရဲ့ပင်လယ်ကာကွယ်စံအိမ်ထဲကအဆင့်ကလည်း မြင့်တက်လာလိမ့်မယ် တစ်ဖက်မှာတော့ မင်းကြိုးကြိုးစားစားလည်း ကျင့်ကြံရလိမ့်မယ် ဒါမှအနာဂတ်မှာ မင်းအဆင့်မြင့်ရာထူးတွေနဲ့ ထိုက်တန်လာမှာ”

မြေလျှောက်အမတလား!

ဟူရှောင်ကျင်းအနည်းငယ်တုန်ရီနေကာ ပြောလိုက်၏။

“စီနီယာ စီနီယာကတကယ်ဘယ်သူလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား”

ကုအန်သည် အချုပ်အနှောင်မဲ့အမတတစ်ပါးသာ ဖြစ်သော်လည်း မြေလျှောက်အမတတစ်ပါးကိုဖိတ်ခေါ်နိုင်လေရာ သူ့တွင်နောက်ခံကြီးရှိလိမ့်မည်ဟု ညွှန်ပြနေခဲ့သည်။

ဤအရာက ဟူရှောင်ကျင်းကို အံ့အားသင့်သွားစေခဲ့၏။

လူတစ်ယောက်က ဘယ်လောက်သန်မာနေပါစေစေ အင်အားစုကြီးတစ်ခုကိုတော့ ယှဉ်မရပေ။

ကုအန် ပြန်ပြောလိုက်၏။

“ငါ့သရုပ်မှန်ကိုမင်းမသိတာပိုကောင်းပါတယ် အများကြီးသိတာ မင်းအတွက်အကျိုးမရှ်ိဘူး တကယ်လို့ အနာဂတ်မှာအသက်နှုတ်အမတရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘူးဆိုရင်တောင် ငါမင်းကိုအဝေးကိုခေါ်သွားမှာပါ ငါ့မှာမင်းငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မယ့် နေရာတစ်ခုရှိတယ် ဒါပေမယ့် အဲ့ဒီမတိုင်ခင်တော့ ငါအလောင်းအစားတစ်ခုလုပ်ချင်တယ် ပင်လယ်က

ကြီးမြတ်တဲ့တည်ရှိမှုတစ်ခုခုက အသက်နှုတ်အမတကို ချေမွပစ်နိုင်မလားဆိုတာကိုပေါ့”

ဟူရှောင်ကျင်း အခါခါခေါင်းညိတ်ပြလိုက်၏။ ဘာပဲဖြစ်ဖြစ် သူ့အလုပ်က ကုအန်ခြေသလုံးကိုဖက်ထားဖို့သာ ဖြစ်သည်။

ဒါပေါ့ စိတ်အနက်ပိုင်းထဲတွင်တော့ အသက်နှုတ်အမတက အနိုင်ယူမရသော တည်ရှိမှုဟု သူယုံနေပေသည်။

လွန်ခဲ့သောကပ်ဘေးက ကောင်းကင်မီးတောက်များ၏ကြောက်စရာကောင်းမှုက သူ့စိတ်ထဲစွဲနေပြီး ပြန်တွေးမိတိုင်းပင် ကြောက်လန့်နေရဆဲပင်။

“စီနီယာ ကျွန်တော်အခုဘာလုပ်ပေးဖို့လိုလဲ” ဟူရှောင်ကျင်း လေးလေးစားစားမေးလိုက်သည်။

All Chapters