အခန်း (၂၉၃-၂၉၄)
Vol. 23 Ch. 293-294
အပိုင်း(၂၉၃)
နင်မဟာအေးစက်မိစ္ဆာဂိုဏ်းကို၀င်မလား
ကုအန် ဟူရှောင်ကျင်းအိမ်တွင် တစ်နာရီခန့်နေခဲ့ပြီး ကုအန်ထွက်သွားသောအခါ ဟူရှောင်ကျင်း စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုများဖြင့်ပြည့်ကာ ကျန်ရစ်ခဲ့၏။
စီနီယာသည် သူ့ကိုယုံကြည်နေကာ သူ့ကိုလှည့်စားနေစရာအကြောင်းလည်း မရှိပေ။
စီနီယာ့အတွက် သူ့လိုအဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကို အဘယ်ကြောင့်လှည့်စားဖို့လိုမည်နည်း။
သူခေါ်မသွားချင်ပါက သူလုပ်ဖို့လိုသည်မှာ ဟူရှောင်ကျင်းပါးစပ်ကိုပိတ်ဖို့ ခပ်တင်းတင်းတစ်ချက်ကြည့်လိုက်ရုံသာ ဖြစ်၏။
ထိုစဉ်
ကုအန် အဓိပတိဂိုဏ်းသို့ပြန်လာပြီးနောက် တတိယတောင်ကြားတွင်လမ်းလျှောက်နေရင်း ဘယ်ေမြေလျှာက်အမတက သူ့ကိုကူညီသင့်သလဲဆိုတာ တွေးနေခဲ့သည်။
မြေလျှောက်အမတများသည် အဆင့်နိမ့်ကျင့်ကြံသူလေးများ မဟုတ်လေရာ သူတို့ကိုထိန်းချုပ်ဖို့ မည်သို့လွယ်မည်နည်း။
လက်ကိုးချောင်းနတ်အရှင်ကတော့ ရွေးချယ်စရာမဟုတ်ပေ။ ထိုသူသည် အမတရှာဖွေကျွန်းကို ရောက်ဖူးသောကြောင့် သူ့သရုပ်မှန်ကို သိသွားနိုင်၏။
ရှန်ရှင်းကျိနှင့် ဒြပ်ငါးမျိုးခိုးယူသူတို့ကလည်း မယုံရပေ။
ကုအန် မလောပေ။ သူ့တွင်အချိန်ရှိနေသေးသည်။ လိုအပ်လာလျှင် သေမျိုးကျောက်စိမ်းပြားကိုသုံး၍ သေမျိုးအထွတ်အထိပ်ကမ္ဘာမှ သူ့ကိုကူညီဖို့ မြေလျှောက်အမတတစ်ပါးခေါ်လိုက်၍လည်း ရသေးသည်။
သေမျိုးအထွတ်အထိပ်ကမ္ဘာသည် ခွန်အားအရာတွင် မဟာအေးစက်မိစ္ဆာဂိုဏ်းကိုယှဉ်နိုင်ပြီး အမွေအနှစ်အရာတွင် သူတို့ကတောင် ပိုသာသေးသည်။ ထို့ကြောင့် သေမျိုးအထွတ်အထိပ်ကမ္ဘာက မဟာအေးစက်မိစ္ဆာဂိုဏ်းကိုမကြောက်ဘူးဟု သူခံစားရ၏။
မဟာအေးစက်မိစ္ဆာဂိုဏ်းသည် မြင့်မြတ်ခုံရုံး၏ ညစ်ပတ်သောအလုပ်များကို လုပ်ပေးရသူများဖြစ်ပြီး သေမျိုးအထွတ်အထိပ်ကမ္ဘာကတော့ မြင့်မြတ်ခုံရုံးတွင် ရုံးခန်းထိုင်နိုင်ကြသူများ ဖြစ်ကြသည်။ ဤရှည်လျားသော ဂိုဏ်းသက်တမ်းအတွင်း သေမျိုးအထွတ်အထိပ်ကမ္ဘာက မြင့်မြတ်ခုံရုံးသို့ အမတဘယ်နှစ်ပါးပို့လွှတ်ခဲ့ပြီးပါပြီနည်း။ သေမျိုးအထွတ်အထိပ်ကမ္ဘာသည် မဟာအေးစက်မိစ္ဆာဂိုဏ်းကိုမကြောက်ဘူးဟု ကုအန်ယုံကြည်၏။
ဒါပေါ့ လုံးလောက်သည့်အကျိုးအမြတ်မရဘဲနှင့်တော့ သေမျိုးအထွတ်အထိပ်ကမ္ဘာက မဟာအေးစက်မိစ္ဆာဂိုဏ်း၏နောက်ကွယ်က မြင့်မြတ်ဘုရင်ကို အပြစ်ပြုကာ ဆန့်ကျင်မည်မဟုတ်ပေ။
ပြန်တွေးကြည့်သောအခါ ထိုအရာက အကျိုးအကြောင်းသင့်သလို ကုအန်ခံစားလိုက်ရသည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကမည်မျှမြင့်နေပါစေ သူသည် အဆက်အသွယ်များနှင့် လူချစ်လူခင်များမှုဟူသော ကွန်ရက်ကြီးထဲမှ ရုန်းမထွက်နိုင်ပေ။
အမတလမ်းစဉ်တစ်ခုလုံးကို လျစ်လျူရှုထားနိုင်လောက်အောင် သန်မာသူသည်မှာ စိတ်ရှိသလို အဆင်အခြင်မဲ့ ပြုမူနိုင်ပေလိမ့်မည်။
ဤကမ္ဘာကြီး၏ ကမ္မနှောင်ကြိုးများက အလွန်ရှုပ်ထွေးလှပြီး ကမ္ဘာပေါ်ရှိသက်ရှိတိုင်းကို ဆက်သွယ်ပေးထား၏။ အားအနည်းဆုံးတည်ရှိမှုများ၏ ကမ္မနှောင်ကြိုးကို လိုက်ကြည့်လျှင်ပင် အားအကောင်းဆုံးတည်ရှိမှုများနှင့် ဆက်စပ်ကောင်းဆက်စပ်နေသည်ကို တွေ့မြင်နိုင်သည်။
ကုအန် ဆေးတောင်ကြားကိုစစ်ဆေးကြည့်လိုက်သောအခါ လက်ကိုးချောင်းနတ်အရှင်နှင့် ဒြပ်ငါးမျိုးခိုးယူသူတို့ကို မတွေ့ရဘဲ သစ်ပင်အောက်တွင် အနောက်အရပ်သို့ခရီးသွားခြင်းဖတ်နေသော ရှန်ရှင်းကျိကိုသာ တွေ့ခဲ့ရ၏။
ရှန်ရှင်းကျိ၏ အနောက်အရပ်သို့ခရီးသွားခြင်းစာအုပ်အပေါ်စွဲလန်းနေမှုကို ကုအန် နားမလည်နိုင်ဘဲ ရှန်ရှင်းကျိသည် တဖြည်းဖြည်း ပင်လယ်ဗုဒ္ဓဂိုဏ်းနှင့်ပိုမိုဝေးကွာလာကာ ဗုဒ္ဓဂိုဏ်းမှနေ့ရက်များအကြောင်းပင် သိပ်မပြောတော့သည်ကို ကုအန် သတိထားမိနေခဲ့သည်။
ကုအန်ရှန်ရှင်းကျိကို မနှောင့်ယှက်တော့ဘဲ ထိုအစားသူ့အိမ်သို့သာ ပြန်လာလိုက်၏။
….
ငါးနှစ်ကုန်ဆုံးသွားခဲ့သည်။
အသက် ၂၁၀ရှ်ိနေပြီဖြစ်သော ကုအန် ဆန်းကြယ်တောင်ကြားတွင် မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးသည့်နောက် သူ့စနစ်ကိုကြည့်လိုက်၏။
အခြားသူများ၏ ကျင့်ကြံခြင်းေအာင်မြင်မှုအပေါ်နားလည်မှုနှင့်ယှဉ်လျှင် ကုအန်၏နားလည်မှုကတော့ သူ့အောင်မြင်မှုက သူ့သက်တမ်းများ ဖြစ်ပေသည်။
သို့သော် ဤအရာက သက်တမ်းများသက်သက်ပေလော။ မဟုတ်ပေ။ ထိုအရာက သူ့့ကျင့်ကြံခြင်းကြီးတစ်ခုလုံး ဖြစ်၏။
မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးသောအခါ လုကျိကျားကုအန်ဆီချဉ်းကပ်လာပြီး ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်အတွက် လမ်းညွှန်မှုတောင်းခံခဲ့သည်။
သူ့စည်းကို ဖျက်ပြီးသည့်နောက် လုကျိကျားသက်တမ်းက ၄၁၀အထိတိုးလာခဲ့၏။ ထို့ကြောင့် ကုအန်သူ့ကို ပိုအဆင့်မြင့်သော ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ပေးခဲ့ခြင်းဖြစ်သည်။ သူ့ဤနှစ်များအတွင်းကြိုးစားမှုက ထိုအရာနှင့်ထိုက်တန်ပေသည်။
ကုအန် လုကျိကျားစကားများကိုနားထောင်ကာ စိတ်ရှည်ရှည်နှင့် လမ်းညွှန်ပေးနေခဲ့သောကြောင့် လုကျိကျား ထိတ်လန့်သွားခဲ့မိသည်။
ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို လေ့ကျင့်ပြီးကတည်းက သူ့စီနီယာအစ်ကိုကြီးသည် သာမန်လူမဟုတ်ဘဲ သူလည်းထိုကျင့်စဉ်ကို ကျင့်ကြံထားမှန်း လုကျိကျား သိသွားခဲ့ရ၏။ သူရရှိသော ဆေးပင်အရင်းအမြစ်များနှင့်ဆိုလျှင် သူ့စီနီယာအစ်ကိုကြီး၏ ကျင့်ကြံခြင်းက သူ့ထက်များစွာကျော်လွန်နေမှာ သေချာပေသည်။
လုကျိကျားကို လမ်းညွှန်ပေးပြီးသည့်နောက် ကုအန် လှည့်ထွက်သွားခဲ့ပြီး လုကျိကျားကတော့ ထိုနေရာတွင်ရပ်ပြီးသာ ကုအန်စကားများကို စဉ်းစားနေခဲ့၏။
ကုအန် တောထဲလမ်းလျှောက်ထွက်လာပြီး သဘာ၀ဂူ၈လုံး လမ်းအတိုင်း လျှောက်လာခဲ့သည်။
ယခုအခါ သဘာ၀ဂူ၈လုံးက လျှို့ဝှက်ချက်မဟုတ်တော့ပေ။ လုကျိကျားက ဆန်းကြယ်တောင်ကြားအောက်မှ ထိုနေရာကိုတွေ့ရှိသွား၍ ဖြစ်၏။ ထို့ကြောင့် လုကျိကျားသည် သူ့စီနီယာအစ်ကိုကြီး၏တောင်ကြားတစ်ခုခုဖြစ်သွားမှာစိုးသောကြောင့် တောင်ကြားမှတပည့်များ တောထဲ၀င်လျှင် အမြဲဂရုစိုက်စောင့်ကြည့်နေခဲ့ရသည်။
ဆန်းကြယ်တောင်ကြားတွင် သူလျှိုများက ဘယ်တုန်းကမှ ရှားပါးသောအရာမဟုတ်ခဲ့ပေ။
ကုအန် သဘာ၀ဂူ၈လုံးထဲရောက်သောအခါ ရင့်မှည့်နေသော ဆေးပင်များကိုရိတ်သိမ်းလိုက်ပြီး အဆိပ်အလောင်းကောင်ကို ဆေးပင်အသစ်များ စိုက်ပျိုးခိုင်းလိုက်၏။
အနန္တဆန်းကြယ်အဆိပ်သည် ကျန်းချောင်ယူလာခဲ့သော အရာဖြစ်ပေသည်။ အဆိပ်အလောင်းကောင်ကိုသုံး၍ ဆေးပင်များ ရိတ်သိမ်းမရသော်လည်း ပျိုးကြဲခြင်း မြေတူးခြင်းကဲ့သို့သော အရာမျိုးကိုတော့ အဆိပ်အလောင်းကောင်ကို ခိုင်း၍ ရ၏။
ကုအန် နွယ်စိမ်းပင်အောက်တွင် လှဲလျောင်းလိုက်သောအခါ ချက်ချင်းပင် နွယ်စိမ်းပင်မှ နွယ်နှစ်ချောင်းကျလာပြီး သူ့ပုခုံးများကို စတင်နှိပ်နယ်ပေးခဲ့သည်။
နွယ်စိမ်းပင်သည် စိတ်ဝိညာဉ်အသိညဏ်ပိုင်ဆိုင်ထားသော်လည်း သာမန်နေ့များတွင် တိတ်ဆိတ်နေရခြင်းကိုသာ ပိုနှစ်သက်၏။ ကုအန်လည်း သဘာ၀ဂူ၈လုံးထဲတွင် အေးအေးချမ်းချမ်းနေချင်သောကြောင့် သူ့ကိုဘာမှပြောမနေတော့ပေ။
တောင်ကြားများတွင်နေထိုင်ရသော ဘ၀က ပျော်စရာကောင်းသလို တစ်ခါတလေ သဘာ၀ဂူ၈လုံးထဲတွင် အခုလိုနေရခြင်းကလည်း ပျော်စရာကောင်းလှသည်။
ဒီညသူ့ဆီတစ်ယောက်ယောက်လာဖို့ရှ်ိသောကြောင့် ကုအန် ဒီညတော့ သဘာ၀ဂူ၈လုံးထဲတွင်သာ နေဖို့ စီစဉ်ထားခဲ့သည်။
သက်တောင့်သက်သာဖြစ်အောင်လှဲလျောင်းပြီးသည့်နောက် ကုအန် အမတရှာဖွေကျွန်းမှ၀ယ်လာသော အစွမ်းထက်အင်အားစုကြီးများ၏ အနိမ့်အမြင့်အတက်အကျများအကြောင်းရေးထားသော သမိုင်းစာအုပ်တစ်အုပ်ထုတ်တာ စတင်ဖတ်ရှုလေတော့သည်။
အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့၏။
ညဉ့်နက်ချိန်မတိုင်ခင်တွင် လျှောက်လမ်းမှ ခြေသံများဟိန်းထွက်လာခဲ့ပြီး ကုအန်ထိုင်ရာမှမထဘဲ တစ်ချက်ပင် မကြည့်ခဲ့ပေ။
မကြာခင်တွင်
ခပ်မှိန်မှိန်အမွှေးနံ့သာနံ့နှင့်အတူ ပုံရိပ်တစ်ခုရောက်ရှိလာခဲ့သည်။
ရောက်ရှ်ိလာသူသည် ခရမ်းရောင်၀တ်စုံ၀တ်ဆင်ထားပြီး ခါးရှ်ိခါးပတ်တွင် ကျောက်စိမ်းပြားများဖြင့်တန်ဆာဆင်ထားပြီး ဆံပင်များကိုသာမန်အတိုင်းစုစည်းထားပြီး ဆံထိုးနှစ်ချောင်းထိုးထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမ၏မျက်လုံးများသည် ကြည်လဲ့ကာ တောက်ပနေပြီး သူမ၏မျက်နှာလေးကလည်း ကျက်သရေရှ်ိစွာလှပနေလေသည်။ ထိုအမျိုးသမီးသည် ကုအန် ခါးလက်ထောက်၍ ကြည့်ရှုနေခဲ့၏။
ကုအန်ခေါင်းမော့ကာသူ့ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်မောလိုက်ကာ
“မတွေ့ရတာကြာပြီနော်ကျန်းချောင် ဘာလို့ပိုနုသွားတဲ့ပုံပေါ်နေတာလဲ တားမြစ်ပညာရပ်တစ်ခုခု ကျင့်ကြံနေတာလား”
သူ့ရှေ့ရှိပုံရိပ်မှာ ကျန်းချောင်မှလွဲ၍ အခြားမဟုတ်ပေ။
ကျူဟွားဂိုဏ်းသည် ယခုအခါ ထိုက်ကန်မင်းဆက်တွင် ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်နေပြီဖြစ်ပြီး အဓိပတိဂိုဏ်းနှင့်ပင် ပူးပေါင်းမှုများ ရှိနေခဲ့၏။ သို့သော်ခြုံကြည့်လျှင် အဓိပတိဂိုဏ်းလောက်တော့ မသန်မာသေးပေ။
“ဘာအဓိပ္ပာယ်မရှ်ိတဲ့စကားလဲ မင်းဆရာဖွားဖွားက အမြဲနုပျိုနေပြီးသား”
ကျန်းချောင်ကုအန်ကိုတစ်ချက်ကြည့်လိုက်ကာ သူမဖိနပ်များကိုချွတ်လိုက်ပြီး မြက်ခင်းပေါ်ခြေဗလာနှင့် နင်းချလိုက်၏။
သူအပျင်းကြောတစ်ချက်ဆန့်လိုက်ကာ သက်ပြင်းချလိုက်သည်။
“နှစ်တွေအများကြီးကြာတာတောင် ဒီနေရာမှာနေရတာက သက်တောင့်သက်သာရှိနေတုန်းပဲ အိမ်လိုပဲ”
ကုအန်လည်း ထရပ်လိုက်ပြီး ခပ်ဟဟရယ်မောလိုက်ကာ
“ကျွန်တော်ကျန်းချောင်ရဲ့အခေါင်းကိုသိမ်းထားပေးတယ်နော် ခဏလောက်၀င်လှဲချင်လား”
“နင်အရိုက်ခံချင်နေတာလား”
ကျန်းချောင် လက်မြှောက်၍ ကုအန်ကိုရိုက်ချင်ယောင်ဆောင်လိုက်လေသည်။
ထို့နောက် သူမပြောလိုက်၏။
“ကောင်စုတ်လေး အခုနောက်ပိုင်းနင်သောကရောက်နေလား”
ကုအန်စိတ်ဝင်စားမေးလိုက်သည်။
“ဘာလို့ကျန်းချောင်က ကျွန်တော်သောကရောက်နေတယ်လို့ ထင်တာလဲ”
“အသက်နှုတ်အမတက သက်ရှိတွေအားလုံးကို သုတ်သင်ပစ်မယ်လို့ ကြေငြာထားတယ်လေ နင်ကသေရမှာကို အကြောက်ဆုံးပဲကို”
“ဟုတ်ပါတယ် အဲ့တာကစိုးရိမ်စရာပါ ဒါပေမယ့် စိတ်ပူနေလို့ဘာထူးမှာလဲ ကောင်းကင်ပြိုကျလာရင် အရပ်မြင့်တဲ့သူတွေထမ်းလားလိမ့်မယ်”
ကုအန် လက်ကိုဖြန့်ကာ ဟန်ပါပါပြောလိုက်ပြီး သူ့အမူအရာကြောင့် ကျန်းချောင်းရယ်မောလိုက်၏။ ထိုကောင်လေးနှင့် စကားပြောရလျှင် အမြဲစိတ်ပေါ့ပါးသွားရစမြဲပင်။
ကျန်းချောင် သူ့အနားပိုကပ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“နင်မဟာအေးစက်မိစ္ဆာဂိုဏ်းကို၀င်ချင်လား”
ကုအန်သူမကိုထူးထူးဆန်းဆန်းကြည့်လိုက်၏။
သူကျန်းချောင်ကိုအမြဲနတ်အာရုံဖြင့် ကြည့်နေခြင်းမဟုတ်ဘဲ တစ်ခါတလေမှသာ ကြည့်ခြင်းဖြစ်ပြီး သူမအဆင်ပြေနေလျှင် နတ်အာရုံကိုချက်ချင်း ပြန်သိမ်းလိုက်တာ ဖြစ်သည်။
ထို့ကြောင့် ကျန်းချောင် အေးစက်မိစ္ဆာဂိုဏ်းလိုဂိုဏ်းကြီးနဲ့ အဆက်အသွယ်တည်ဆောက်ထားနိုင်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
သူဘယ်လိုလုပ်ခဲ့တာလဲ!
ကုအန် ကျန်းချောင်၏ကမ္မနှောင်ကြိုးများကို စတင်ကြည့်ရှုနေရင်း မေးလိုက်သည်။
“မဟာအေးစက်မိစ္ဆာဂိုဏ်းကတစ်ယောက်ယောက်နဲ့သိလို့လား”
ထိုစဉ် ကမ္မပုံရိပ်များ ကုအန်အာရုံထဲ၀င်လာခဲ့ပြီး ကျန်းချောင်အတိတ်ကိုမြင်လိုက်ရ၏။
တကယ်တော့ တခဏဂိုဏ်းအစပြုခဲ့သော ကုန်းမြေတိုက်ကြီးသည် မဟာအေးစက်မိစ္ဆာဂိုဏ်းလက်အောက်တွင်ရှိနေခြင်းဖြစ်ပြီး ထိုအတွက်ကြောင့်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေက အခြားနယ်မြေများသို့ သွားရန် မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကိုအသုံးမပြုရဲခဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် မဟာအေးစက်မိစ္ဆာဂိုဏ်းက အာဏာရှင်များဖြစ်ကြပြီး တခဏဂိုဏ်းကသာမန်နယ်မြေတစ်ခုက ဂိုဏ်းတစ်ခုမျှသာဖြစ်ပြီး သူတို့ကနှိုင်းစရာပင်မဟုတ်ပေ။
တစ္ဆေမိခင်ပြောစကားအရ မဟာအေးစက်မိစ္ဆာဂိုဏ်း၏လွှမ်းမိုးမှုကြောင့် တခဏဂိုဏ်းအာဏာကလျော့ပါးသွားခဲ့ရခြင်းဖြစ်ပြီး အရင်က ထိုကမ္ဘာကြီးသည် မဟာအေးစက်မိစ္ဆာဂိုဏ်းအပိုင်မဟုတ်ပေ။
ထိုက်ကန်မင်းဆက်နှင့်ပေါင်းစည်းပြီးသည့်နောက် အခြားဂိုဏ်းများလိုပင် ကျူဟွားဂိုဏ်းကလည်း မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ၀င်ခွင့်ရခဲ့ပြီး တစ္ဆေမိခင် သူ့အိမ်ကိုပြန်ခွင့်ရသွားခဲ့သည်။ ထို့နောက် သူမမှတစ်ဆင့် ကျန်းချောင်က မဟာအေးစက်မိစ္ဆာဂိုဏ်းနှင့် အဆက်အသွယ်ရသွားခဲ့ခြင်းဖြစ်၏။
တစ္ဆေမိခင်သည် မဟာအေးစက်မိစ္ဆာဂိုဏ်းမှ လူတစ်ယောက်ကိုသိကာ ထိုလူက မဟာယနအဆင့်သာဖြစ်ပြီး မဟာအေးစက်မိစ္ဆာဂိုဏ်းထဲတွင် အဆင့်နိမ့်ပုံရိပ်တစ်ခုသာ ဖြစ်ပုံပေါ်သည်။
“ဆရာသခင်ဓားအရှင်က အခုကုန်းမြေတိုက်ကြီးကိုကာကွယ်နေတယ်ဆိုပေမယ့် သူတစ်ယောက်တည်းအင်အားက ဘယ်လိုလုပ် မဟာအေးစက်မိစ္ဆာဂိုဏ်းကြီးတစ်ခုလုံးကို ယှဉ်နိုင်မှာလဲ ပြီးတော့ သူကလည်းငါ့ကိုဘာအလုပ်မှမခိုင်းဘူးလေ အဲ့တာကြောင့် ငါနင့်ကို မဟာအေးစက်မိစ္ဆာဂိုဏ်းကိုခေါ်သွားမလို့ ပြန်လာခဲ့တာ အဲ့ဒီမှာဆေးပင်တွေစိုက်တော့ရော ဘာထိခိုက်သွားမှာမလို့လဲ မဟာအေးစက်မိစ္ဆာဂိုဏ်းကို၀င်ပြီးရင် အဲ့ဒီကိစ္စကိုလည်း စီစဉ်လို့ရတယ်” ကျန်းချောင် လေးလေးနက်နက်အကြံပေးလိုက်သည်။
ကုအန်ကျန်းေချာင်ေစတနာေကြာင့်ခံစားလည်းသွားရသလို ရယ်ချင်စရာလည်းကောင်းသည်ဟု ခံစားလိုက်ရ၏။
အဘယ်ကြောင့်သူမသည် အမြဲအလွယ်တကူ ဘက်ပြောင်းနေရပါသနည်း။
ကုအန်ခေါင်းယမ်းကာ ပြောလိုက်သည်။
“မလိုက်တော့ပါဘူး ဒါပေမယ့် ကျေးဇူးတင်ပါတယ် စွမ်းအားကြီးလွန်းတဲ့ မဟာအေးစက်မိစ္ဆာဂိုဏ်းမှာဘယ်လိုလုပ်စိတ်အေးအေးနဲ့ ဆေးပင်စိုက်လို့ရမှာလဲ ဂိုဏ်းထဲ၀င်ပြီးမကြာဘူး ကျွန်တော့်ကို ဆေးအဖြစ်ပြောင်းလဲလိုက်ရင်ဘယ်လိုလုပ်မလဲ သူတို့က မိစ္ဆာဂိုဏ်းလေ”
ကျန်းချောင်သူ့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ကာ
“ငါရှိနေရင် ဘယ်သူကနင့်ကိုအနိုင်ကျင့်ရဲမှာလဲ”
“ကျန်းချောင်က ကျင့်ကြံခြင်းမြင့်လို့လား”
“မဟာအေးစက်မိစ္ဆာဂိုဏ်းက အဆင့်မြင့်ပုဂ္ဂိုလ်တွေကြားမှာတော့ ဘယ်မြင့်လိမ့်မလဲ ဒါပေမယ့်နင့်ကိုကာကွယ်ဖို့ကတော့ လိုတာထက်တောင်ပိုနေသေးတယ် ငါနဲ့ပဲ အေးအေးဆေးဆေးလေး လိုက်နေစမ်းပါ”
“ဒါဆို ကျွန်တော်က ကျန်းချောင်စိတ်ကျေနပ်အောင်အမြဲမျက်နှာလိုမျက်နှာရလုပ်နေရမှာလား”
“ဒါပေါ့ ဒီလိုဆိုရင်ရော အခုငါ့ခြေထောက်တွေ နည်းနည်းညောင်းနေတယ် လာနှိပ်ပေးဦး”
“ဖွီ အရှက်မရှိလိုက်တာ!”
ကုအန်ထိုအရာကို ဘယ်တော့မှ သဘောတူမည်မဟုတ်ပေ။ ယောင်္ကျားတစ်ယောက်သည် သေလို့ရသော်လည်း အစော်ကားခံလို့တော့ မရပေ။
ကျန်းချောင်ကုအန်၏ခေါင်းမာပုံကိုကြည့်ကာ ထပ်စချင်သွားသော်လည်း အခုတော့ပိုအရေးကြီးသည့်ကိစ္စကိုပြောရန် လိုနေသေးသည်။
သူပြောလိုက်၏။
“ကုအန် ဒီတစ်ကြိမ်ကမတူဘူး မဟာအေးစက်မိစ္ဆာဂိုဏ်းက ကြီးမြတ်တဲ့ကျင့်ကြံသူတွေအများကြီးဒီကိုပို့ထားတယ် သူတို့က ကြယ်ပင်လယ်အဖွဲ့အစည်းတို့ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေတို့နဲ့ ယှဉ်လို့ရတာမဟုတ်ဘူး ကြယ်ပင်လယ်အဖွဲ့အစည်းတောင်ဆုတ်ခွာဖို့ စဉ်းစားနေကြပြီ သူတို့ကိုမပြောနဲ့ဦး နင်မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို သိတယ်မဟုတ်လား ဒီကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းတိုင်းနီးပါးမှာလည်း မြေအောက်ကမ္ဘာလမ်းကိုးသွယ်က တစ်ဆင့် ဆုတ်ခွာချင်တဲ့သူတွေရှိနေကြပြီ နင်တို့ အဓိပတိဂိုဏ်းလည်းပါတယ်”
ကုအန်တိတ်ဆိတ်သွားခဲ့၏။
ကျန်းချောင်ဆက်ပြောလိုက်သည်။
“တကယ်တော့ မဟာအေးစက်မိစ္ဆာဂိုဏ်းကို၀င်တာ မကောင်းတာတော့မဟုတ်ပါဘူး နင်အဲ့ဒီမှာ အခွင့်အလမ်းကြီးတွေရှာတွေ့ကောင်းတွေ့နိုင်တယ် မွေးရာပါပါရမီကို ကံကြမ္မာကသတ်မှတ်ပေးထားတာဆိုပေမယ့် ဒီကမ္ဘာပေါ်မှာ နောက်ပိုင်းမှ ကံကြမ္မာကိုပြောင်းပြန်လှန်ပစ်နိုင်ကြတဲ့သူတွေ ရှိနေကြတယ် နင်အမတလမ်းစဉ်ကို မလျှောက်လှမ်းချင်ဘူးလား”
ကုအန်သူမကိုကြည့်ကာ ပြန်ပြောလိုက်သည်။
“ကြင်နာပေးလို့ကျေးဇူးတင်ပါတယ်ကျန်းချောင် ဒါပေမယ့် ကျွန်တော်တကယ်မသွားချင်ဘူး ဒီနေရာမှာ ကျွန်တော်ပစ်ပယ်ထားလို့မရတဲ့သူတွေ အရာတွေအများကြီးရှိနေတယ် ကျန်းချောင်ပြောတဲ့ ကံကြမ္မာဆိုတာကရော ဒီကမ္ဘာပေါ်မှာ အန္တရာယ်မရှိတဲ့ ကံကြမ္မာကောင်းဆိုတာ ဘယ်မှာရှိလို့လဲ ကျွန်တော် ဒီသဘာ၀ဂူ၈လုံးကို ရောက်ခါစကတောင် သေမလိုဖြစ်သွားခဲ့ရသေးတယ်မလား”
ထိုစကားများကြောင့် ကျန်းချောင် စိတ်တိုလာခဲ့၏။ အဘယ်ကြောင့်ထိုကောင်လေး ဤမျှခေါင်းမာနေရပါသနည်း။
ကုအန်ထပ်ပြောလိုက်သည်။
“နောက်ပြီး ဒီကပ်ဘေးက မကျော်လွှားနိုင်တာမဟုတ်ဘူးလို့ ကျွန်တော်ခံစားရတယ် ကျွန်တော်ဆရာသခင်ဓားအရှင်ကိုယုံကြည်တယ် ကောင်းမှုက မကောင်းမှုကိုအောင်နိုင်မှာပဲလို့ ယုံကြည်တယ် ဒီကမ္ဘာပေါ်မှာ မဟာအေးစက်မိစ္ဆာဂိုဏ်းကိုအနိုင်ယူနိုင်သူတွေ ရှိနေဦးမှာပဲ”
“ကျွန်တော်စာအုပ်တွေ မကြာခဏဖတ်လေ့ရှ်ိတယ် စာအုပ်တွေထဲမှာပြောတာက လူသားကမနားမနေကြိုးစားရင် ကောင်းကင်ကအောင်မြင်အောင်လုပ်ကိုလုပ်ပေးလိမ့်မယ် တဲ့ မဟာအေးစက်မိစ္ဆာဂိုဏ်းက လူ့အသက်တွေကိုအကြောင်းပြချက်မရှိသတ်ဖြတ်ကြတယ် သူတို့ဘယ်လောက်ပဲစွမ်းအားကြီးကြီး သူတို့အဆုံးသတ်ကရောက်လာမှာပဲ သူတို့နဲ့အတူနေတာ က လမ်းမှန်လမ်းစဉ်မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူပြတ်ပြတ်သားသားဆုံးဖြတ်သွားပြီးဟန်ဖြင့် သူ့လက်ထဲက စာအုပ်ကိုသာ ဖတ်ဖို့ပြင်လိုက်လေသည်။
အပိုင်း(၂၉၄)
ကမ္ဘာကြီးက ပြောင်းလဲသွားပြီ
ကုအန်စကားကိုကြားသောအခါ ကျန်းချောင် တိတ်ဆိတ်သွားခဲ့သည်။
သူ့စိတ်ထဲတစ်ခုခုပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။ သူသည် အမြဲတမ်း ရွေးချယ်စရာများနှင့် ရင်ဆိုင်ခဲ့ရပြီး အရင်ဆုံး ရွက်ဝါတစ်ထောင်မျှော်စင်မှ အဓိပတိဂိုဏ်းသို့ ထွက်ပြေးလာခဲ့သည်။ ထို့နောက် အဓိပတိဂိုဏ်းမှ တခဏဂိုဏ်းဆီသို့ ကူးပြောင်းခဲ့ပြန်ပြီး အခုလို တခဏဂိုဏ်းပျက်၍ သူကိုယ်တိုင်ကျူဟွားဂိုဏ်းကိုတည်ထောင်ချိန်မှာပင် မဟာအေးစက်မိစ္ဆာဂိုဏ်းကို ထွက်ပြေးချင်နေပြန်ခဲ့သည်။
သူမရွေးချယ်မှုများအားလုံးက မှားယွင်းခဲ့ခြင်းပေလော။
ကြည့်ရသည်မှာ သူမဘာပြောပြောကုအန်က လက်ခံတော့မည့်ပုံမပေါ်ပေ။
ကုအန်လည်း သူမခံစားချက်အခြေအနေကိုမြင်နေပြီး သူအများကြီးပြောမိသွားမှာကို ကြောက်ရွံ့သွားခဲ့သည်။ နောက်ဆုံးတွင် လူတိုင်းကသူ့လိုယုံကြည်မှုရှိနေကြခြင်းမဟုတ်ပေ။ လူတိုင်းကို သူ့စံဖြင့်သွားတိုင်း၍ ပြောမရနိုင်ပေ။
“ကျွန်တော့်ဘဘာ၀ကိုက ခရီးအဝေးကြီးသွားပြီး ပြောင်းရရွှေ့ရတာမျိုးကို မကြိုက်တာပါ ကျန်းချောင်ကတော့ ကျွန်တော့်ဖက်အများကြီး ပိုသန်မာတာပဲ စွန့်စားလို့ရပါတယ် ဒါပေမယ့် မှတ်ထားရမှာက ဘယ်သူ့ကိုမှအပြည့်အ၀မယုံမိစေနဲ့ အထူးသဖြင့် မိစ္ဆာဂိုဏ်းတွေပဲ” ကုအန် ပြောလိုက်၏။
ထိုအခါမှ ကျန်းချောင်လည်း သတိပြန်၀င်သွားခဲ့သည်။
သူမဘာတွေတွေးနေပါသနည်း။
အကယ်၍ သူမထွက်မပြေးလျှင် သူမသေရပေလိမ့်မည်။
ကုအန်နှင့်ယှဉ်လျှင် သူမကျင့်ကြံခြင်းကလျင်မြန်စွာတိုးတက်နေချိန်ဖြစ်၏။ သူမလမ်းစဉ်က ခက်ခဲကာကြမ်းတမ်းခဲ့သော်လည်း ထိုအရာက သူမအောင်မြင်မှုများသာ ဖြစ်ပေသည်။
ယခုအခါသူမသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၇ ကိုပင် ရောက်ရှိနေခဲ့ချေပြီ။
ထိုအကြောင်းတွေးလိုက်မိပြီး ကျန်းချောင်ပြုံးလိုက်ကာ ကုအန်ကိုတစ်ချက်ကြည့်၍ ပြောလိုက်သည်။
“နင်ငါ့ကို ထပ်ပြီးငြင်းပြန်ပြီ ဂရုစိုက်ထားနော် ဒီလိုသာဖြစ်နေရင် မဟုတ်ရင်ငါနင့်ကိုဂရုစိုက်ချင်မှစိုက်တော့မှာ နင်ဒုက္ခတစ်ခုခုတွေ့လို့ အဲ့အချိန်မှငါ့ကိုသတိရရင် အရမ်းနောက်ကျသွားလိမ့်မယ်”
ကုအန် လေးလေးနက်နက်ပြောလိုက်သည်။
“ကျန်းချောင်အန္တရာယ်ကင်းနေသရွေ့ ကျွန်တော့်ကိုမေ့သွားလည်းကိစ္စမရှိပါဘူး ဒီဘ၀မှာ ကျန်းချောင်နဲ့ဆုံရတွေ့ရတာလည်း ကံကောင်းခြင်းတစ်ခုပါပဲ”
သူ့စကားများကြောင့် ကျန်းချောင်ခံစားသွားခဲ့ရပြီး ထိုကောင်စုတ်လေးသည် ဘယ်လိုစကားပြောရမလဲတကယ်သိတာပဲဟု တွေးလိုက်မိသည်။ အကယ်၍ သူ့ကျင့်ကြံခြင်းသာ မြင့်နေပါက သူ့အနားတွင် ကောင်မလေးတွေမည်မျှတောင် ဝိုင်းနေလိုက်ပါမည်နည်း။
ဒါပေါ့ ကုအန်က သူမကိုကျေနပ်သွားအောင်သက်သက်ပြောနေတာမဟုတ်တာကိုလည်း သူမယုံပေသည်။
သူနှင့်နှစ်ပေါင်းများစွာသိလာပြီးသည့်အချိန်တွင်ပင် ကုအန်သည် သူမဆီကဘာကိုမှ မတောင်းဆိုဖူးခဲ့ပေ။
ကျန်းချောင် ကုအန်ကိုကြည့်ကာ စနောက်လိုက်ချင်သော်လည်း စကားလုံးများက လည်ချောင်းထဲမှ ထွက်မလာခဲ့ပေ။
ထိုသည်မှာ ယခုအခြေအနေက မတူညီသောကြောင့် ဖြစ်၏။
ကုအန်သည်မဟာအေးစက်မိစ္ဆာဂိုဏ်း၏စွမ်းအားကို အထင်သေးနေသည်ဟု သူမခံစားနေခဲ့ရသည်။ တကယ်တော့ လွန်ခဲ့သောနှစ်များက ကောင်းကင်မီးတောက်ကပ်ဘေးကျရောက်ခဲ့စဉ်က ဆရာသခင်ဓားအရှင်ကာကွယ်ပေးခဲ့၍သာ ဤကုန်းမြေတိုက်ကြီးပေါ်က လူများက ထိုကပ်ဘေးကြောက်စရာကောင်းပုံကို မသိခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ပင်လယ်ပြင်တွင်မူ သတ္တဝါများစွာ သေကြေပျက်ဆီးသွားခဲ့ရသည်။
ထိုကပ်ဘေးကိုပြုလုပ်ခဲ့သူက မဟာအေးစက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး အခုတော့ မဟာအေးစက်မိစ္ဆာဂိုဏ်းက မိစ္ဆာတစ်အုပ်လုံးလမ်းတွင်ရောက်နေခဲ့ကြချေပြီ။ ထိုအကြောင်းတွေးလိုက်ရုံနှင့်ပင် သူမစိတ်ပျက်အားငယ်သွားခဲ့မိပြီး အနိုင်ရရန်မျှော်လင့်ချက် နည်းနည်းလေးမှ မမြင်ရပေ။
ဤကမ္ဘာပေါ်တွင်ဘယ်သူက မဟာအေးစက်မိစ္ဆာဂိုဏ်းလို ဧရာမဂိုဏ်းကြီးကို အနိုင်ယူနိုင်မည်နည်း။
ကျန်းချောင်း အသာအယာပြုံးနေသော ကုအန်မျက်နှာကိုကြည့်ကာ နှလုံးသားထဲနာကျင်လာခဲ့ရသည်။
အရူးကောင်လေး စာအုပ်ထဲမှာရေးထားတာတွေက အမြဲမှန်နေတာမှ မဟုတ်ဘဲ!
တကယ်တော့ ရှေးခေတ်အချိန်များကတည်းက လူကောင်းများကသာ မကောင်းဆိုးဝါးများကို အနိုင်ယူနိုင်ခဲ့ကြသော်လည်း လူတွေမသိသည်မှာ မကောင်းဆိုးဝါးများ နိုင်သွားသည့်အခါမျိုးတွင် ထိုမကောင်းဆိုးဝါးများက လူကောင်းအသစ်ဖြစ်လာတာကိုသာ ဖြစ်သည်။
….
ကျန်းချောင်ချက်ချင်းထွက်မသွားဘဲ သဘာ၀ဂူ ၈လုံးထဲတွင်ရက်အနည်းငယ်နေခဲ့ပြီး ထိုရက်များအတွင်း ကုအန်လည်းသူ့ဆီမကြာခဏလာနေကာ သူလာတိုင်းတွင်လည်း ကျန်းချောင်ကသူ့ကို မဟာအေးစက်မိစ္ဆာဂိုဏ်း၏ဒဏ္ဍာရီများကိုပြောပြပြီး ဖျောင်းဖျတတ်၏။
ကုအန်ကဆက်လက်ငြင်းဆန်နေဆဲဖြစ်သော်လည်း မတိုးသာမဆုတ်သာဆက်ဆံရေးမျိုးဖြစ်သောကြောင့် သူကျန်းချောင်နှင့်ထိပ်တိုက်တော့မတွေ့ခဲ့ပေ။
လ၀က်ကုန်ဆုံးသွားခဲ့သည်။
ရာသီဥတုက ပူလောင်နေဆဲသာ။
ကုအန် လှေကားမှဆင်းလာချိန်တွင် လှေကားခြေရင်း၌ ကျိရှောင်ယုနှင့် ဆုံလိုက်ရ၏။
“အဲ့ဒီအမျိုးသမီးကဘယ်သူလဲ” ကျိရှောင်ယု ကုအန်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။ သူမအမူအရာက တည်ငြိမ်နေသော်လည်း သူမမျက်လုံးများကတော့ ထက်ရှနေခဲ့၏။
ကုအန် အံ့အားသင့်သွားကာ မေးလိုက်သည်။
“ဘယ်အမျိုးသမီးလဲ”
“အစ်ကို့ကိုယ်ပေါ်မှာ အခြားအမျိုးသမီးတစ်ယောက်ရဲ့ အနံ့တစ်ခုရှိနေတယ်”
“အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လို့လဲ”
ကုအန် အရေးမစိုက်ဟန်ဖြင့် ခပ်ဟဟရယ်မောလိုက်၏။ နောက်ဆုံးတွင် ကမ္ဘာကြီးပေါ်၌ ကိစ္စများကိုရှင်းပြရာတွင် ဂရုမစိုက်သလို နေလေလေ သံသယကလျော့လာလေလေပင်။
တကယ်တော့ သူနှင့်ကျန်းချောင်ကြားဘာမှမဖြစ်ခဲ့သော်လည်း သူမမဟာအေးစက်မိစ္ဆာဂိုဏ်းဆီ၀င်မယ့် အကြံအစည်ကို ထုတ်ဖော်ပြီး သစ္စာမဖောက်နိုင်ပေ။
ကုအန်ကျန်းချောင်ကိုလည်း ထိုဂိုဏ်းကိုမ၀င်ဖို့ အတင်းပြောမနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူလည်းမဟာအေးစက်မိစ္ဆာဂိုဏ်း၏အင်အားကို ကောင်းကောင်းမသိသေး၍ ဖြစ်ပေသည်။ အကယ်၍ သူမကိုင်တွယ်နိုင်တာမျိုးဖြစ်နေလျှင် သူလည်း ပြေးရမည်သာ။
ကျိရှောင်ယု ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုသေမျိုးကမ္ဘာက လေထုပြောင်းလဲနေတာကို သတိမထားမိဘူးလား”
ကုအန်ပတ်၀န်းကျင်ကိုကြည့်လိုက်ကာ ပြောလိုက်၏။
“ဘယ်လိုပြောင်းလဲလို့လဲ တံမြက်စည်းလှည်းရမယ့်သူက လှည်းနေတယ် တရုတ်ကျားကစားချင်တဲ့သူက ကစားနေတယ် ဟိုကိုကြည့် နွားသိုးတစ်ကောင်ကို စနောက်နေတဲ့ ကြွက်ဖြူတစ်ကောင်တောင်ရှိနေသေးတယ်”
ကျိရှောင်ယု သူ့အကြည့်ကိုလိုက်ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ မရယ်မောဘဲ မနေနိုင်ခဲ့ပေ။
“စိတ်မရှိပါနဲ့ ကမ္ဘာကြီးကအဆင်ပြေနေပါတယ် ဘ၀မှာ လက်ရှိပစ္စုပ္ပာန်ကို တန်ဖိုးထားနေရုံနဲ့ လုံလောက်ပါတယ်လေ” ပြောပြီးသည်နှင့် သူမအခန်းထဲသို့ ကျင့်ကြံဖို့ ပြန်သွားခဲ့လေသည်။
ကုအန် သူမကိုတားဖို့မကြိုးစားခဲ့ပေ။ ထိုအစားဆေးတောင်ကြားကိုသာ ကြည့်ရှုနေခဲ့၏။
သူလည်း ကျိရှောင်ယုမြင်သည်ကိုမြင်ပြီး ပို၍ပင် ရှင်းရှင်းလင်းလင်းမြင်ရသေးသည်။
ပိုင်ဟုန်က ကောင်းကင်မီးတောက်ကပ်ဘေးကိုပြသပြီးကတည်းက ပင်လယ်ပြင်တွင် ထွက်ပြေးနေကြသူများဖြင့် ပြည့်လာခဲ့ပြီး ထိုအရာက အဓိကကုန်းမြေတိုက်ကြီးကိုပင် ကူးစက်လာခဲ့ကာ မြင့်မြတ်မိသားစုများက တောင်အရပ်ရှိပင်လယ်ကို ထွက်ပြေးသူကပြေး မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ပြေးသူကပြေး ဖြစ်ကုန်ကြ၏။
ထို့အပြင် မဟာအေးစက်မိစ္ဆာဂိုဏ်း၏ ကျူးကျော်မှုကြီး စတင်တော့မယ်ဟူသော သတင်းကလည်း ပျံ့နေပြီး တကယ်တော့ထိုသတင်းကို မဟာအေးစက်မိစ္ဆာဂိုဏ်းကခန့်အပ်ထားသော သူများက ကုန်းမြေတိုက်ကြီးကို ကြောက်ရွံ့ကုန်ကြစေရန် တမင်သတင်းလွှင့်နေကြခြင်း ဖြစ်သည်။
ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းရှိ ဝိညာဉ်ငြိမ်းအေးစေတီတွင်တော့ မဟာအေးစက်မိစ္ဆာဂိုဏ်းမှ မရေတွက်နိုင်သော ကျင့်ကြံသူများရောက်နေကြပြီး ထိုထဲတွင် ကျင့်ကြံခြင်းအနိမ့်ဆုံးသူမှာ နိဗာနအဆင့်ဖြစ်ပြီး ကောင်းကင်ဈာန်အမတများက ၁၀၀ကျော်ပင် ရှိနေခဲ့သည်။ အသက်နှုတ်အမတအပြင် စေတီထဲတွင် နောက်ထပ် အပူအပင်မဲ့ကမ္ဘာဦးအမတသုံးပါးပင် ရောက်နေကြသေးသည်။
အပူအပင်မဲ့ကမ္ဘာဦးအမတလေးပါး!
ဤအင်အားစုသည် သေမျိုးကမ္ဘာဤအစိတ်အပိုင်းကို လွှမ်းမိုးပစ်ဖို့ ကောင်းကောင်းကြီး လုံလောက်၏။
သို့သော် အဓိကအချက်ကတော့ မဟာအေးစက်မိစ္ဆာဂိုဏ်းက စစ်ကူများထပ်ပို့နေသေးခြင်းပင်။
ကုအန် မလှုပ်ရှားရသေးသည့် အကြောင်းအရင်ကလည်းထိုအရာကြောင့်သာ ဖြစ်ပြီး သူမဟာအေးစက်မိစ္ဆာဂိုဏ်း၏ တကယ့်အင်အားကို မသိရှိသေး၍ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့သော် သူဒီတိုင်းထိုင်စောင့်နေခြင်းတော့မဟုတ်ဘဲ နတ်အာရုံသုံးကာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးတွင် ဤနေရာနှင့်ဝေးပြီး ငြိမ်းချမ်းမည့်နေရာတစ်ခုကို ရှာဖွေနေခဲ့၏။ အကယ်၍ သူမဟာအေးစက်မိစ္ဆာဂိုဏ်းကို ရင်မဆိုင်နိုင်ခဲ့လျှင် သူဂရုစိုက်သူများကို ခေါ်ဆောင်ကာ ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ပြီး အရာအားလုံးကိုအသစ်ကပြန်စမည်ဖြစ်သည်။
ထိုအရာအားလုံးက မဟာအေးစက်မိစ္ဆာဂိုဏ်းတွင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတ ရှိလားမရှိလားဆိုတာပေါ်တွင်သာ မူတည်နေပေသည်။
အခုထိတော့ သူမြင်သမျှထဲ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၅ ကအမြင့်ဆုံးဖြစ်၏။
တခဏစောင့်ကြည့်ပြီးသည့်နောက် ကုအန်ထွက်ခွာလာခဲ့သည်။
တစ်နာရီခန့်ကြာသောအခါ
သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းကာ ကုအန် ထျန်းယတောင်ကြားသို့ရောက်လာခဲ့ပြီး သူ့နောက်တွင် ယန်ကျင်းနှင့် လီလင်းထျန်တို့ပါလာခဲ့သည်။ လီလင်းထျန်မျက်နှာက စိတ်မရှည်သည့်အမူအရာဖြစ်နေပြီး သူထျန်းယတောင်ကြားသို့ မလာချင်တာ ထင်ရှားနေခဲ့၏။
လီရွှမ်တောက် တောင်ကြားတွင်စောင့်ဆိုင်းနေခဲ့သည်။
ကုအန် နှင့် ယန်ကျင်းတို့တစ်သိုက် လီရွှမ်တောက်ရှ်ိသော ခြံ၀န်းထဲသို့ ၀င်လာခဲ့၏။
ယခုအခါ လီလင်းထျန်ကျင့်ကြံခြင်းက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၈ သို့ရောက်နေပြီဖြစ်သောကြောင့် လီရွှမ်တောက်ကျေနပ်နေကာ သူ့ကို ကျင့်ကြံခြင်းကိုလျစ်လျူရှုမထားသည့်အတွက် ချီးကျူးနေခဲ့သည်။
“တည့်တည့်ပဲပြောမယ်ဗျာ ကျွန်တော်ပြန်မသွားချင်ဘူး နောက်ပြီး ခမည်းတော် ကအကောင်းကြီးရှိနေသေးတာပဲ ကျွန်တော့်ကို အိမ်ရှေ့စံမင်းသားခန့်ဖို့လည်း မလိုပါဘူး!” လီလင်းထျန် ရုတ်တရက်ပြောလိုက်သည်။
လီရွှမ်တောက်ခေါင်းယမ်းကာ ပြုံးနေစဉ် ကုအန်ကတော့ ထိုအရာက ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။
လီရွှမ်တောက်သည် ထာ၀ရဧကရာဇ်လုပ်လိုသူ ဖြစ်သည်။ ပုံမှန်အားဖြင့် သူ့အတွက် အိမ်ရှေ့မင်းသားများက ခြိမ်းခြောက်မှုဖြစ်ပြီး သူလီလင်းထျန်ကို အိမ်ရှေ့စံခန့်အပ်ရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ သူ့အမေ ဧကရီယန်နှင့် ယန်မိသားစုကြောင့်သာ ဖြစ်သည်။
လီလင်းထျန်စကားလုံးများကြောင့် သူထိုကောင်လေးအပေါ် လေးစားမှုရှိသွားပြီး အမြင်သစ်နှင့်ပင် ကြည့်လိုက်မိသည်။
ဒီကောင်လေးသည်လည်း ဘယ်လိုအရူးလုပ်ရမလဲ သိပုံပေါ်ပေသည်။
လီရွှမ်တောက် အလေးအနက်ဖြစ်လာကာ
“ဒါကမင်းအိမ်ပြန်မယ့်အကြောင်းမဟုတ်ဘူး မင်းအမေမိသားစုက သူတို့ရွက်လွှင့်တာမှာ မင်းကိုခေါ်သွားကြမှာ ဒီကိစ္စအတွက်ဆွေးနွေးစရာမရှိတော့ဘူး မင်းအမေက တင်းကြပ်တဲ့အမိန့်ထုတ်ပြီးသွားပြီ”
လီလင်းထျန်လည်း ဘာလို့လဲဟုမေးလိုက်ချင်သော်လည်း သူအကြောင်းအရင်းကို ချက်ချင်းပင်နားလည်သွားခဲ့၏။
တခဏကြာ ခြံ၀န်းထဲရှ်ိလေထုက တိတ်ဆိတ်သွားခဲ့သည်။
လီရွှမ်တောက် ကုအန်ကိုလှည့်ကြည့်ကာ မေးလိုက်၏။
“အဓိပတိဂိုဏ်းက အစီအစဉ်ချရသေးပုံမပေါ်ဘူး မင်းရော လင်းထျန်နဲ့အတူတူထွက်သွားချင်လား”
အဓိပတိဂိုဏ်းအစီအစဉ်မချရသေးသည့် အကြောင်းအရင်းကို ကုအန် လုပိုင်ထျန်းဆီမှကြားလာသည်မှာ ဂိုဏ်း၏အကြီးအကဲခန်းမတွင် အကြိမ်ပေါင်းများစွာ ဆွေးနွေးနေခဲ့သည်က သူတို့ထွက်ခွာခြင်းက ဆရာသခင်ဓားအရှင်ကို အပြစ်ပြုမိမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်၏။ သူတို့ကို ိစတ်လိုလက်ရ ကာကွယ်ပေးချင်သူ ရှိနေချိန်တွင် သူတို့ကမည်သို့ထွက်ပြေးနိုင်မည်နည်း။
ဆရာသခင်ဓားအရှင်သည် သူ့အတွက်သူ လှုပ်ရှားခဲ့ခြင်းမဟုတ်ဘဲ သေမျိုးအားလုံးအတွက် လှုပ်ရှားပေးခဲ့သူ ဖြစ်ပေသည်။
လုပိုင်ထျန်း ကုအန်ကိုလည်းထိုကိစ္စအပေါ်အမြင်ကို မေးမြန်းခဲ့ပြီး ကုအန်ကတော့ မဖြေခဲ့ပေ။
သူအဓိပတိဂိုဏ်းကို ကိုယ်တိုင်သာ ဆုံးဖြတ်စေလိုသည်။
အကယ်၍ အဓိပတိဂိုဏ်းကထွက်ပြေးဖို့ ဆုံးဖြတ်လိုက်လျှင်တော့ သူလိုက်သွားမည်မဟုတ်ဘဲ တစ်နေရာရှာ၍သာ ပုန်းအောင်မည်ဖြစ်ဧ။။် ထို့နောက်တွင်တော့ ဂိုဏ်းနှင့်သူ့ကြားဆက်သွယ်နေမှုက ပြတ်တောက်သွားပေလိမ့်မည်။
ကုအန်သည် ဂိုဏ်းအပေါ်မည်သည့်အကြွေးတင်ထားခြင်းမဟုတ်ဘဲ ဂိုဏ်းကသာ သူ့အပေါ်အကြွေးတင်နေခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် အဓိပတိဂိုဏ်းဆုံးဖြတ်တာကိုပဲ လိုက်နာမှာပါ ကျွန်တော်အဓိပတိဂိုဏ်းက ထွက်မသွားနိုင်ဘူး” ကုအန် ဖြေလိုက်သည်။
ထိုစကားကိုကြားသောအခါ လီလင်းထျန် အမြန်၀င်ပြောလိုက်၏။
“ခမည်းတော် ကျွန်တော်လည်း…”
“ပိတ်ထားစမ်း!”
လီရွှမ်တောက် တစ်ချက်ဟောက်လိုက်ကာ သူ့မျက်လုံးများက ထက်ရှနေခဲ့သည်။
ထိုခဏတော့ လီလင်းထျန်းပင် ကြောက်ရွံ့မှုကိုခံစားလိုက်ရ၏။
ယန်ကျင်နှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်တို့လည်း လီရွှမ်ဝောာက်ကို ထိတ်လန့်သွားဟန်ဖြင့် ကြည့်လိုက်မိကြသည်။
အဘယ်ကြောင့် ဤဧကရာဇ်က သာမန်လူပုံ မပေါ်နေရပါသနည်း။
“ဒီအခြေအနေက အရင်ကနဲ့မတူဘူး မင်းအဓိပတိဂိုဏ်းနဲ့လိုက်သွားရင် မင်းတစ်သက်လုံးမင်းအမေကို ပြန်တွေ့ရဖို့ အခွင့်အရေးမရှိတော့ဘူး မင်းပြန်ကိုပြန်သွားရမယ်” လီရွှမ်တောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ အေးးစက်စက်ပြောလိုက်၏။
ဤတစ်ကြိမ်လုံး သူ့ခံစားချက်က ဆိုးရွားနေခြင်းဖြစ်ပြီး သူထိုအရာကို ဖိနှိပ်ထားခြင်းသာ ဖြစ်သည်။
သူနှစ်ပေါင်းများစွာ ကြိုးစား၍ ဧကရာဇ်နေရာကိုရရှိရန် တည်ဆောက်ပြီးချိန်တွင် ကပ်ဘေးကြီးတစ်ခုရောက်လာ၍ အကုန်ဖျက်ဆီးပစ်တော့မှာကို သူမည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ကုအန် လီရွှမ်တောက်ကိုကြည့်ကာ မေးလိုက်သည်။
“ဦးလေး ဦးလေးကရော”
လီလင်းထျန်လည်း လီရွှမ်ဝောာက်ကို ဒေါသတကြီးကြည့်လိုက်၏။
လီရွှမ်တောက်စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကိုကြည့်နေရင်း ပြောလိုက်သည်။
“လူတိုင်းက ထွက်ပြေးနိုင်ပေမယ့် ငါကတော့မရဘူး တကယ်လို့ ငါသေရမယ်ဆိုရင်တောင် ငါ့ပြည်သူတွေနဲ့ပဲ အတူတူသေမယ်”
ထိုက်ကန်မင်းဆက်တွင် လူပေါင်းများစွာရှိပြီး လူတိုင်းကလည်းထွက်ပြေးနိုင်မည်မဟုတ်ပေ။ အကယ်၍သူသာထွက်ပြေးသွားခဲ့ပါက ထိုက်ကန်မင်းဆက် ဖရိုဖရဲဖြစ်သွားမှာ သေချာပေသည်။
လီလင်းထျန်းလည်း ကြောင်အသွားခဲ့ပြီး လီရွှမ်တောက်အပေါ်ကြည့်သောအကြည့်များ ပျော့ပြောင်းလာခဲ့၏။
ယန်ကျင်းလည်း သူ့ကိုနတ်လက်နက်တစ်ခုလက်ဆောင်ပေးခဲ့သော ဧကရာဇ်အပေါ်လေးစားလာခဲ့မိသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း လီရွှမ်တောက် ထိုမျှပြတ်သားနေမည်မထင်သောကြောင့် အံ့အားသင့်သွားခဲ့၏။
ကုအန် လီရွှမ်တောက်ကို သတိပေးလိုက်သည်။
“ဦးလေး ဦးလေးတစ်ခါကပြောခဲ့တဲ့ ရည်မှန်းချက်ကိုမေ့သွားပြီလား”
လီရွှမ်တောက်ဖြေလိုက်သည်။
“ငါ့ပြည်သူတွေမရှိဘဲ ဧကရာဇ်ပလ္လင်ကိုရတော့ရော ဘာလုပ်ရတော့မှာလဲ သူ့အင်ပါယာကို မကာကွယ်နိုင်တဲ့ ဧကရာဇ်ဟာ ရှုံးနိမ့်သွားတဲ့ ဧကရာဇ်ပဲ အင်ပါယာအသစ်ပြန်လည်တည်ဆောက်နိုင်ရင်တောင် အဓိပ္ပာယ်မရှိတော့ဘူး”
သူ့စကားများကြောင့် လူတိုင်းသူ့ကို လေးစားအားကျကုန်ကြသည်။
လျူဟွမ် ဒူးထောက်လိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“အရှင်မင်းကြီး ကျွန်တော်မျိုးအရှင်မင်းကြီးနောက်လိုက်ပြီး သေသည်အထိ အမှုတော်ထမ်းရွက်ဖို့ ဆန္ဒရှိပါတယ်”
လီရွှမ်တောက် လက်ကိုသာယမ်းပြလိုက်ပြီး ဘာမှအများကြီးမပြောခဲ့ပေ။
သူထိုစကားများကို ရိုးရိုးသားသားပြောလိုက်ခြင်းဖြစ်သော်လည်း သူ့ကံကြမ္မာတစ်ခုလုံးကို ကံတရားဆီပုံအပ်လိုက်ခြင်းမျိုးတော့ မဟုတ်ပေ။
သူအလောင်းအစားလုပ်နေခြင်းသာ ဖြစ်ပေသည်။
ဆရာသခင်ဓားအရှင် မဟာအေးစက်မိစ္ဆာဂိုဏ်းကို ပြောင်းပြန်လှန်ပစ်နိုင် မပစ်နိုင်ကို သူလောင်းနေခြင်းဖြစ်၏။
အရင်ကပ်ဘေးများအတွင်း ဆရာသခင်ဓားအရှင်ယူဆောင်လာပေးသော အံ့ဩတုန်လှုပ်စရာခံစားချက်များကို သူမမေ့သေးပေ။
ကောင်းကင်တွင်မီးတောက်များပြည့်ေနစဉ်က အစိမ်းရောင်အလင်းများကောင်းကင်ဆီထိုးတက်လာပြီး သက်ရှိအားလုံးကို မျှော်လင့်ချက် ယူဆောင်ပေးခဲ့သော ခံစားချက်မျိုးကို သူမမေ့နိုင်ခဲ့ပေ။
ဆရာသခင်ဓားအရှင်က ကွဲပြားသည်ဟု သူခံစားရပြီး သူ့ကွဲပြားပုံက တက်လှမ်းသွားသည့်တည်ရှိမှုတစ်ခုလိုမျိုး ကွဲပြားနေခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ကြီးမြတ်သည့်ကျင့်ကြံသူများစွာရှိသော်လည်း ဆရာသခင်ဓားအရှင်ကသာ အထူးခြားဆုံးဖြစ်၏။
ဆရာသခင်ဓားအရှင်ဆီမှ သူ့အရှိန်အဝါတစ်မျိုးကို ခံစားမိပေသည်။
ထိုအရာက ပြိုင်ဘက်ကင်းသည့် အရှိန်အဝါသာ ဖြစ်၏။
ဆရာသခင်ဓားအရှင်၏ နှလုံးသားထဲ ကြင်နာမှုကိန်း၀ပ်နေသမျှကာလပတ်လုံး ဤကုန်းမြေတိုက်ကြီးက အေးချမ်းနေလိမ့်မည်သာ။