အခန်း (၂၉၅-၂၉၆)
Vol. 23 Ch. 295-296
အပိုင်း(၂၉၅)
ကုန်းမြေတိုက်ကြီးကို ဓားတစ်ချက်တည်းနဲ့ နှစ်ပိုင်းပိုင်းလိုက်ရင်ရော
ထျန်းယတောင်ကြားတွင် ၁နာရီခန့်နေပြီးနောက် ကုအန် ယန်ကျင်းနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်တို့ပြန်လာခဲ့ကြပြီး လီလင်းထျန်ကတော့ တောင်ကြားတွင်သာ နေခဲ့ရသည်။
လီလင်းထျန် အမြင်တွင် အကယ်၍ မျှော်လင့်မထားတာတစ်ခုခုသာဖြစ်လာခဲ့ပါက သူနှင့် ကုအန် ယန်ကျင်းတို့နှင့် ပြန်တွေ့ရဖို့က ဒီတစ်သက်မဖြစ်နိုင်လောက်တော့ပေ။
သူတို့ထွက်ခွာသွားသောအခါ လီလင်းထျန် ကုအန်အား ရှောင်ယုကို နှုတ်ဆက်စကားပြောပေးဖို့ မှာလိုက်သေးသည်။
“သခင် ဒီကမ္ဘာပေါ်မှာ တကယ်ကြီး မဟာအေးစက်မိစ္ဆာဂိုဏ်းကိုတာဆီးဖို့ ဘယ်အင်အားစုမှမရှိဘူးလား”
သွေးအကျဉ်းထောင်မဟာသူတော်စင် ခံစားချက်များပြည့်နေသောအသံဖြင့် ပြောလိုက်၏။
ယန်ကျင်းကတော့ သူ့ဆရာကိုကြည့်လိုက်ပြီး သူ့ဆရာစိတ်အေးနေသောအခါ သူလည်းစိတ်အေးသွားခဲ့သည်။
ကုအန်တုန့်ပြန်လိုက်၏။
“ဘယ်လိုလုပ်မရှိနိုင်မှာလဲ ဂိုဏ်းတွေအများကြီး ဝိညာဉ်ငြိမ်းအေးစေတီဆီသွားပြီ မဟာအေးစက်မိစ္ဆာဂိုဏ်းကို တိုက်ခိုက်ကြတယ် သူတို့ကအင်အားမလုံလောက်ခဲ့ရုံပဲ”
သူအမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ ထိုကိစ္စစဖြစ်ကတည်းက ကျင့်ကြံသူများနှင့် မိစ္ဆာများ အုပ်လိုက် ဝိညာဉ်ငြိမ်းအေးစေတီဆီ သွားရောက်တိုက်ခိုက်ကြပြီး သူတို့သေဆုံးသွားခဲ့လျှင်တောင် နောက်လူများက ထိုလမ်းအတိုင်းသာ ဆက်လိုက်နေခဲ့ကြသေးသည်။
ကမ္ဘာကြီးက ကောင်းသည်ဆိုးသည်ကိုပြောရခက်သော်လည်း တရားမျှတမှုကတော့ အမှန်တကယ် တည်ရှိပေသည်။ အချို့သူများက ထိုတရားမျှတမှုကို သူတို့အသက်ထက်ပင် ပိုတန်ဖိုးထားကြသေး၏။
ထို့နောက် ကုအန်အဝေးသို့ ကြည့်လိုက်လေသည်။
မဟာအေးစက်မိစ္ဆာဂိုဏ်း မင်းတို့မှာ ငါကြောက်ဖို့ထိုက်တန်တဲ့ တစ်ခုခုရှိနေတာ ပိုကောင်းလိမ့်မယ် မဟုတ်ရင်တော့ မြင့်မြတ်ဘုရင်တောင် မင်းတို့ကို ကာကွယ်နိုင်မှာမဟုတ်ဘူး!
ထိုကိစ္စအတွက် မြင့်မြတ်ခုံရုံးကဒေါသထွက်သွားလျှင်တော့ ဘာလုပ်ရမည်နည်း။ မသတ်မဖြစ်သော သူများကို သတ်၍ ကောင်းကင်ပြင်ပသို့ ထွက်ပြေးနေရုံသာ။
ဘာပြဿနာမှသူ့ကိုတံခါးလာမခေါက်ရင်တော့ ကုအန်သည် အဓိပတိဂိုဏ်းထဲတွင် နှိမ့်ချ၍နေရသည်ကိုသာ ပိုကြိုက်သူ ဖြစ်၏။
သို့သော် ဖိတ်ခေါ်မထားသောပြဿနာများက တံခါးလာခေါက်ရင်တော့ သူက သူ့မာနကိုချိုးနှိမ်ထားမည့်သူ မဟုတ်ပေ။
အမတလမ်းစဉ်တစ်လျှောက်တွင် အရူးပေါင်းများစွာကို သတ်ဖြတ်ပြီးနောက် ကုအန် သူ့သက်တမ်းစုဆောင်းသည့်စနစ်က မည်မျှကြောက်စရာကောင်းသည်ကို သိနေပြီးဖြစ်သည်။ သူမဟုတ်ဘဲ ဘယ်သူ့လက်ထဲပဲရောက်သွားသွား ထိုစနစ်ကြောင့် တစ်ကမ္ဘာလုံး ကပ်ဘေးကိုရင်ဆိုင်ရပေလိမ့်မည်။
သူကတော့ သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်၍ နှိမ့်ချ၍သာ နေခြင်းမှာ သူကသူဖြစ်နေ၍ ဖြစ်၏။ လူတိုင်းတွင် ကိုယ်ပိုင်လမ်းစဉ်များရှိနေပြီး ကုအန်ကတော့ အမတလမ်းစဉ်ကို အပြစ်ရှိစိတ်မရှိဘဲသာ လျှောက်လှမ်းလိုပေသည်။
သို့သော်လည်း ကမ္ဘာကြီးက ပိုပြီးပရမ်းပတာဖြစ်လာလေလေ သူ့သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ပစ်လိုက်ချင်စိတ်များကလည်း ပိုလာလေလေပင်။
သူမဟာအေးစက်မိစ္ဆာဂိုဏ်းကလူများကို သတ်ပစ်ချင်နေခဲ့လေပြီ!
…..
ပင်လယ်ပြင်ရှိ နှစ်ခြမ်းကွဲနေသော ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးဘေးတွင် မိုးထိအောင်မြင့်သော ဝိညာဉ်ငြိမ်းအေးစေတီတည်ရှိနေခဲ့သည်။
ထိုနေရာတစ်၀ိုက်ရှိ ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များပြည့်နေပြီး တစ်ခါတစ်ရံတွင် မိုးကြိုးများပင် ပစ်ချတတ်သေး၏။
ဝိညာဉ်ငြိမ်းအေးစေတီပထမထပ်၌
အသက်နှုတ်အမတကြာပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ့ဘေးတွင် သူ့လိုထိုင်နေသော သူ ၃ယောက်ရှိနေကာ အကုန်လုံးက ဘယ်သူကမှဘယ်သူ့ထက် မသာကြပုံပင်။ ခန်းမထဲတွင်တော့ မတ်တပ်ရပ်နေသော မဟာအေးစက်မိစ္ဆာဂိုဏ်းကကျင့်ကြံသူ ရာချီရှိနေပြီး အကုန်လုံးက ရယ်မောကာစကားနေကြပြီး ဘယ်နေရာမှာမှ မိစ္ဆာနှင့် မတူကြပေ။ သူတို့သည် တန်ဖိုးကြီးပစ္စည်းများဖြင့် တန်ဆာဆင်ထားပြီး ဂုဏ်သိက္ခာရှိသော ပုံသဏ္ဍာန်မျိုးရှိနေကြကာ အချို့့ဆိုလျှင် နားလည်ရခက်ကာ ညဏ်ကြီးပုံမျိုးပင် ပေါ်နေကြသေး၏။
အသက်နှုတ်အမတဘေးရှိ အနီရောင်၀တ်အမျိုးသမီး မျက်လုံးများပွင့်လာပြီး သူ့ဘက်လှည့်ကာ မေးလိုက်သည်။
“အစ်ကို ကျွန်မတို့ ဘယ်လောက်ကြာအောင်စောင့်နေရမှာလဲ သေမျိုးနယ်မြေမှာ ကျွန်မတို့လေးယောက် မရှင်းလင်းနိုင်တဲ့သူ ရှိသေးလို့လား”
အခြားအပူအပင်မဲ့ကမ္ဘာဦးအမတနှစ်ပါးလည်း မျက်လုံးများပွင့်လာကြပြီး သူတို့အကြည့်က အသက်နှုတ်အမတဆီ ရောက်နေခဲ့ကြသည်။
အသက်နှုတ်အမတမျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာကာ ပြောလိုက်၏။
“သတိထားခြင်းဆိုတာ အန္တရာယ်ကယ်ခြင်းရဲ့ မိဘပဲ ပိုင်ဟုန့်သေဆုံးခြင်းက ထူးဆန်းလွန်းတယ် ငါတို့အဆင်အခြင်မဲ့လုပ်လို့မရဘူး ဒီကုန်းမြေတိုက်ကြီးမှာ ဘာပုန်းကွယ်နေလဲဆိုတာ သတိရကြ”
အပူအပင်မဲ့ ကမ္ဘာဦးအမတသုံးပါးတိတ်ဆိတ်သွားခဲ့ကြ၏။ နှစ်သိန်းချီ ရှင်သန်လာကြသူများဖြစ်ကြပြီး မုန်တိုင်းမျိုးစုံကို ကြုံတွေ့ခဲ့ဖူးသူများဖြစ်သောကြောင့် အသက်နှုတ်အမတစကားကို သူတို့နားလည်ကြပေသည်။
တကယ်တော့ စွမ်းအားပိုကြီးလာလေလေ ပိုပြီးသတိထားဖို့ လိုလာလေလေပင်။
ထိုအခိုက်တွင် ခန်းမထဲမှ လူတစ်ယောက်ရှေ့သို့တက်လာပြီး ခပ်ကျယ်ကျယ်ပြောလိုက်၏။
“ဂုဏ်သရေရှ်ိအရှင်တို့ အဲ့ဒီဆန်းကြယ်တဲ့တည်ရှိမှုရဲ့ အကန့်အသတ်ကိုသိရှိဖို့နဲ့ ငါတို့လမ်းမှာပိတ်နေတဲ့အဲ့ဒီလူတွေကို ထပ်နှင်ထုတ်လိုက်ဖို့ ဘာလို့ နောက်ထပ်ကပ်ဘေးတစ်ခုလောက် မဖန်တီးပေးရမှာလဲ”
သူ့စကားကြောင့် ခန်းမတစ်ခုလုံးသဘောတူသံများဖြင့် ပွက်လောရိုက်သွားပြီး ပိုင်ဟုန်အတွက် ကလဲ့စားချေပေးဖို့ အော်ဟစ်နေခဲ့ကြသည်။
အသက်နှုတ်အမတ လူအုပ်ရှေ့ရှိ ထိုစကားကိုပြောလိုက်သော အပြာရောင်၀တ်စုံ၀တ် တာအိုပညာရှင်ကို ကြည့်လိုက်၏။ ထိုသူသည် သူ့ခါးတွင် ရတနာဓားတစ်လက်ကိုချိတ်ဆွဲထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကိုင်ထားကာ ဒီတိုင်းရပ်နေရုံနှင့်ပင် သူ့ကိုယ်ထဲက ဓားဆန္ဒကကြောက်စရာကောင်းနေခဲ့၏။
“ချင်းရှင် မင်းဘာလုပ်ချင်လဲ” အသက်နှုတ်အမတမေးလိုက်သည်။
ထိုအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ချင်းရှင်စိတ်ကြီး၀င်နေသော အပြုံးမျိုးပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။
“ကျွန်ဝောာ်က သမုဒ္ဒရာတွေ လတွေကို ပိုင်းဖြတ်နိုင်တဲ့ ရတနာဓားတစ်လက်ကို ကိုင်ဆောင်တယ် ကျွန်တော်အဲ့ဒီကုန်းမြေတိုက်ကြီးကို ဓားတစ်ချက်တည်းနဲ့ နှစ်ပိုင်းပိုင်းလိုက်ရင်ရော”
ပြောပြီးသည်နှင့် လူအုပ်ကြီးဘက်သို့ လက်မြှောက်ပြလိုက်ရာ လူအုပ်ကြီး လက်ခုပ်သံ ချီးကျူးသံများဖြင့် ပြည့်နှက်သွားလေတော့သည်။
ထိုကျင့်ကြံသူများသည် လုံး၀ကြောက်ရွံ့မှုရှိမနေဘဲ မဟာအေးစက်မိစ္တာဂိုဏ်းကို ဆန့်ကျင်ရဲ့သည့်သူကိုသာ စိတ်၀င်စားနေခဲ့ကြ၏။
အခြားသေမျိုးနယ်မြေမှာဆိုရင်တော့ သူတို့စိုးရိမ်ကောင်းစိုးရိမ်နိုင်သော်လည်း အခုလိုေနရာကေတာ့ ကျားများကြားထဲရောက်နေသော ကြက်လေးလို ဖြစ်နေလေရာ သူတို့မည်သို့ ကြောက်ရွံ့တော့မည်နည်း။
ချင်းရှင်း၏ ပုံစံကိုကြည့်ပြီး အပူအပင်မဲ့ ကမ္ဘာဦးအမတများ ပြုံးလိုက်ကြ၏။ သူတို့ကိုယ်တိုင်ပျိုးထောင်ပေးခဲ့သောကောင်လေးက အခုလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေသည်ကိုတွေ့သောအခါ သူတို့ကျေနပ်နေခဲ့ကြသည်။
တခဏကြာတွန့်ဆုတ်နေပြီးနောက် အသက်နှုတ်အမတခေါင်းညိတ်ပြလိုက်၏။
ထိုသည်ကိုကြည့်ပြီး ချင်းရှင်၏အပြုံးပို၍ကြီးမားလာကာ
“ဒီလိုဆိုမှမှတော့ ကျွန်တော်အခုပဲသွားလိုက်ပါ့မယ် နောက်လိုက်တပည့်တွေ ငါနဲ့လိုက်ပြီး ပျော်စရာကောင်းတဲ့မြင်ကွင်းကို ကြည့်ရှုကြမယ်”
အသက်နှုတ်အမတဆက်ပြောလိုက်၏။
“အဝေးကြီးမသွားနဲ့”
“ဆရာ စိတ်ချပါ!”
ချင်းရှင်လက်သီးဆုပ်ဦးညွတ်အရိုအသေပေးလိုက်ပြီးနောက် လူတစ်အုပ်နှင့် ထွက်ခွာသွားခဲ့လေသည်။
အနီရောင်၀တ်အမျိုးသမီးပြောလိုက်၏။
“အခုကအစ်ကိုပြောပြီး ကိစ္စကိုအရှိန်မြှင့်ဖို့ အချိန်ကောင်းပဲနော် နှောင့်နှေးနေရင်က ပြဿနာတွေကိုသယ်လာနိုင်တယ်”
အသက်နှုတ်အမတတုန့်ဆိုင်းနေပြီးနောက် ထပ်၍ ခေါင်းညိတ်ပြလိုက်ပြန်သည်။
….
အဓိပတိဂိုဏ်းရှိ တောက်ပနေသော ခန်းမကြီးတစ်ခုထဲတွင်
အကြီးအကဲများစုဝေးနေကြပြီး ထိုထဲတွင် လုလင်ကျွမ်းနှင့် လက်ကိုးချောင်းနတ်အရှင်တို့လည်းပါပြီး အများစုက မျက်မှောင်ကြုံ့နေခဲ့ကြသည်။
လုပိုင်ထျန်း ဂိုဏ်းချုပ်ခုံတွင်ထိုင်နေရင်း သူ့ဘေးတွင် အဓိပတိအကြီးအကဲငါးယောက်ရှိနေကြကာ အားလုံးက စိတ်ပျက်လက်ပျက်ဖြစ်နေကြပုံပင်။
လက်ထောက်ဂိုဏ်းချုပ် ကျိဟန်ထျန်းပြောလိုက်၏။
“ဂိုဏ်းချုပ် ဂိုဏ်းချုပ်တွေးနေတာကိုသာပြောလိုက်ပါ အဲ့တာမှကျုပ်တို့ပြင်ဆင်ထားနိုင်မှာ ကပ်ဘေးက ကျုပ်တို့ခေါင်းပေါ်ရောက်လာမှ ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူး အားလုံးနောက်ကျသွားလိမ့်မယ်”
ထိုအခါ အခြားအကြီးအကဲများလည်း ထပြောလာကြပြီ းလုပိုင်ထျန်းကို လောနေခဲ့ကြသည်။
လုပိုင်ထျန်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။
“ဒီတစ်ခါနောက်ဆုတ်လိုက်တာနဲ့ ငါတို့နဲ့ဆရာသခင်ဓားအရှင်ကြားက ချိတ်ဆက်နေမှုက လုံး၀ပြတ်တောက်သွားမှာကို ငါကြောက်နေမိတယ်”
လူအနည်းငယ်ကသူ့စကားကို သဘောတူခဲ့ကြသည်။
အကြီးအကဲတစ်ယောက်ထရပ်လာကာ ငြင်းလိုက်၏။
“အသက်ရှင်သန်ဖို့က အရေးအကြီးဆုံးအရာပါ ဒီကစ္စအပေါ်သူ့အမြင်ကို သိဖို့နေပါဦး အခုထိ ကျုပ်တို့ထဲကဘယ်သူမှ ဆရာသခင်ဓားအရှင်ကို မမြင်ဖူးကြသေးဘူး နောက်ပြီး ကျုပ်တို့ကိုယ်ကျုပ်တို့လည်း ဆရာသခင်ဓားအရှင်နဲ့ သွားယှဉ်လို့မရဘူး အကယ်၍သူကထွက်ပြေးချင်ရင် အေးဆေးထွက်ပြေးလို့ရတယ် သူ့တာအိုအဆင့်က ကျုပ်တို့ထက် အများကြီးမြင့်တယ်”
ထိုအကြောင်းအရာကို အခြားသူများရလည်း လိုက်ပြောကြပြီး သူတို့သည်ထိုအရာကို သူတို့ဖာသာဆုံးဖြတ်ထားခြင်းမဟုတ်ဘဲ နောက်ကွယ်ရှိမိသားစုများ တပည့်များအပေါ်စဉ်းစား၍ ဆုံးဖြတ်ထားကြခြင်းဖြစ်၏။
ယခုအခါ အဓိပတိဂိုဏ်းတွင် တပည့်သန်းချီရှိနေပြီဖြစ်ကာ နေရာအနှံ့တွင် ပြန့်ကျဲနေကြသာ ကျင့်ကြံသူအရေအတွက်က ရေတွက်၍ပင် မရပေ။
ကုကျုံးလည်း သက်ပြင်းချလိုက်ပြီး သူလည်းဒီတစ်ခါတော့ လုပိုင်ထျန်းကို မထောက်ခံခဲ့ပေ။
လုလင်ကျွမ်းလည်း အဓိပတိဂိုဏ်းကိုပြောင်းရွှေ့စေချင်နေပြီး ယခုသူအဓိပတိဂိုဏ်းမှ ထွက်သွားဖို့ တွန့်ဆုတ်နေခြင်းမှာ တတိယတောင်ကြားမှလူများကြောင့်ဖြစ်ပြီး ဤကပ်ဘေးအတွင်း တောင်ကြားမှလူများ မသေဆုံးသွားစေ၍ သူမျှော်လင့်နေခဲ့မိသည်။
လုပိုင်ထျန်းအမူအရာမည်းမှောင်လာပြီး အသက်ပြင်းပြင်းတစ်ချက် ထပ်ရှူလိုက်ကာ ပြောလိုက်၏။
“တကယ်လို့များ ထွက်သွားချင်တဲ့သူရှိေနရင် ထွက်သွားနိုင်တယ် ဒါပေမယ့် ဂိုဏ်းမှာ ဘာမှမကျန်တော့ရင်ေတာင် အဓိပတိဂိုဏ်းကတော့ ဒီကုန်းမြေကြီးပေါ်မှာပဲ ကျန်ရှိနေလိမ့်မယ် အဲ့တာက ငါတို့ရပ်တည်ချက်ပဲ ဆရာသခင်ဓားအရှင်ရှ်ိမနေရင် လက်ရှိ အဓိပတိဂိုဏ်းဆိုတာလည်း ရှိလာမှာမဟုတ်ဘူး!”
ပြောပြီးသည်နှင့် သူစိတ်အေးသွားခဲ့ရသည်။
သူ့မျက်နှာပေါ်အပြုံးတစ်ပွင့်ပေါ်လာပြီး နောက်ဆုံးတော့ သူ့ပုခုံးပေါ်က ၀န်ထုပ်၀န်ပိုးကြီးကို သူလွှတ်ချနိုင်ခဲ့ချေပြီ။
သူ့ထုတ်ပြန်မှုကြောင့် ခန်းမထဲ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြ၏။
“ဂိုဏ်းချုပ် ပြန်စဉ်းစားပါဦး!”
“တကယ်ကြီး အဲ့လိုဆုံးဖြတ်မယ်ဆိုရင် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့မှာသွားပြီး ဘာလို့အကြီးအကဲဆီက အကြံညဏ်မတောင်းတာလဲ ဂိုဏ်းချုပ်ဒီလိုအဆင်အခြင်မဲ့တဲ့ ဆုံးဖြတ်ချက်မျိုးချလို့့မရဘူးလေ”
“ဟုတ်တယ် ဂိုဏ်းကဘာမှမကျန်တော့ရင်တောင်ဆိုတာ ဘာကိုဆိုလိုတာလဲ ဒါဆိုကျုပ်တို့ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ”
“ဂိုဏ်းကအရာအားလုံးပဲ ကျုပ်တို့အားလုံး အတူတကွဆုတ်ခွာသင့်တယ်”
“ဂိုဏ်းချုပ် အတူတူထွက်ခွာရေအာင်ပါ ကျုပ်တို့ဆရာသခင်ဓားအရှင်ကိုလည်း ကျုပ်တို့နဲ့အတူတူလိုက်ခဲ့ဖို့ မေးလို့ရတယ်လေ”
လုပိုင်ထျန်း သူတို့စကားများကိုနားထောင်ရင်း သူတို့ကြောင်သူတော်ကြွက်သူခိုးဆန်မှုကို ခံစားမိနေခဲ့သည်။
တာ၀န်ယူရမှာနဲ့သေရမှာကိုကြောက်နေတဲ့ သူရဲဘောကြောင်တဲ့လူတစ်သိုက်ပဲ!
သူတစ်ခုခုပြောရန်ပြင်လိုက်စဉ်တွင် ကောင်းကင်နှင့်မြေပြင်တစ်ခွင် အသံကြီးတစ်သံဟိန်းထွက်လာခဲ့၏။
“ဒီနေ့ကစပြီး ငါ့တပည့် ချင်းရှင်ကတစ်နေ့ကို ဒေသတစ်ခုရှင်းလင်းမယ် ကမ္ဘာ့အဆင့်တည်ရှိမှုကြီးတွေ ခင်ဗျားတို့အချိန် ကုန်သွားပြီ ဒီနေ့ကစပြီး ဘယ်ကံဆိုးတဲ့ဒေသကအရင်ဆုံး ရှင်းလင်းခံရမလဲဆိုတာသာ စောင့်ကြည့်နေကြတော့”
အသက်နှုတ်အမတအသံပျောက်ကွယ်သွားသည်နှင့် ခန်းမထဲရှိလူတိုင်း ကျောရိုးများအေးစက်သွားခဲ့ကြသည်။
သူတို့ကြောက်သည်မှာ အသက်နှုတ်အမတ၏စကားများကြောင့်မဟုတ်ဘဲ ဓားဆန္ဒတစ်ခုက သူတို့အားလုံးကို ပစ်မှတ်ထားလိုက်သည်ကို ခံစားလိုက်ရ၍ ဖြစ်၏။
ကုန်းမြေတိုက်ကြီးပေါ်က ထင်ရှားသောတည်ရှိမှုတိုင်း ထိုဓားဆန္ဒကြီးကို ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
အပိုင်း(၂၉၆)
သေခြင်းတရားအတွက် နောက်ဆုံးအချိန်သတ်မှတ်ချက်
တတိယတောင်ကြားထဲတွင်
ကုအန်နှင့် အန်းရှင်းတို့ ဆေးဉယျာဉ်ထဲတွင်ရပ်နေရင်း ကုအန် အန်းရှင်းအား နောက်ဘာစိုက်ရမလဲဆိုတာ ညွှန်ကြားနေခဲ့သည်။ အန်းရှင်းလည်း ဂရုတစိုက်နားထောင်နေခဲ့၏။
ထို့နောက်တွင် အသက်နှုတ်အမတ၏အသံကြီးက ဟိန်းထွက်လာခဲ့လေသည်။
သူသည်အမှန်တကယ်ပင် ကောင်းကင်မြေပြင်အောက်ရှိ နယ်မြေများကို တစ်ရက်တစ်ခု ရှင်းလင်းပစ်ဖို့ စီစဉ်နေခြင်းဖြစ်၏။
အန်းရှင်းဘာမှပင်ဆက်မတွေးနိုင်ခဲ့ဘဲ ဓားဆန္ဒကြီးကျရောက်လာသောကြောင့် သူ့့အမူအရာ ချက်ချငး်ပြောင်းလဲသွားခဲ့ရသည်။
အစက စည်ကားနေသော ဆေးတောင်ကြားလည်းချက်ချင်း တိတ်ဆိတ်သွားခဲ့၏။
အန်းရှင်း သူ့ကိုတောင်ကြီးတစ်လုံးဖိထားသလို အသက်မရှုနိုင်အောင်ပင်ဖြစ်နေပြီး သူမအမူအရာက ပိုပြီးဖြူဖျော့လာခဲ့သည်။
ရုတ်တရက် သူမပုခုံးပေါ်လက်တစ်ဖက်ကျလာခဲ့ပြီး သူမနှလုံးသားကိုတုန်ရီသွားစေခဲ့၏။ သူမဘာမှမစဉ်းစားနိုင်ခင်မှာပင် သူ့ကိုယ်ပေါ်ရှိဖိအားက ပျောက်ကွယ်သွားခဲ့လေသည်။
သူမပြန်လှည့်ကြည့်လိုက်ပြီး ထိုလက်ကသူမဆရာ၏လက်ဖြစ်မှန်း သိလိုက်ရသောအခါမှ သူမစိတ်အေးသွားခဲ့မိ၏။
“ဆရာ သူတို့ကကျွန်မတို့ ကုန်းမြေတိုက်ကြီးကိုရွေးလိုက်တာ ဖြစ်နိုင်လောက်လား” အန်းရှင်းသတိထား၍ မေးလိုက်သည်။
သူမသည်ပုံမှန်ရက်များတွင် အပူအပင်မဲ့စွာနေထိုင်တတ်သော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါတွင်တော့ ကြောက်ရွံ့နေခဲ့၏။
အသက်နှုတ်အမတ၏စကားဆုံးသည်နှင့် ဓားဆန္ဒကြီးကျရောက်လာသောကြောင့် သူတို့ကုန်းမြေတိုက်ကြီးကို ပထမဆုံးအနေနှင့်ရွေးချယ်လိုက်ကြောင်း ရှင်းလင်းနေခဲ့သည်။
ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ စိတ်အေးချင်ယောင်ဆောင်နေလိုက်၏။
“ရှင်းရှင်းလင်းလင်းမသိသေးဘူး အရင်ဆုံးအိမ်ထဲ၀င်နေကြတာပေါ့ အဓိပတိဂိုဏ်းထဲမှာရှိနေသေးသရွေ့ အဲ့ဒီလိုကပ်ဘေးတွေက အစ်ကိုတို့ကိစ္စမဟုတ်ပါဘူး ကံကိုပဲ ပုံချလိုက်ကြတာပေါ့”
အန်းရှင်းထပ်ပြောချင်သော်လည်း ကုအန်သူ့ကို အတင်းဆွဲခေါ်သွားခဲ့လိုက်သည်။
ထို့နောက် ဆေးတောင်ကြားထဲ အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြန်၏။
“အောမိတောဖော!”
ရှန်ရှင်းကျိ၏စကားသံထွက်ပေါ်လာသောအခါ ဆေးတောင်ကြားထဲရှိလူတိုင်း စိတ်သက်သာရာရသွားကြပြီး အိမ်များထဲပြေး၀င်ကုန်ကြတော့သည်။
ဂျိန်းးးး
ကမ္ဘာကြီးတုန်ခါသွားကာ အဓိပတိဂိုဏ်း၏ ရွှေရောင်ဂိုဏ်းအကာအကွယ်၀င်္ကပါကြီး ပွင့်လာခဲ့လေသည်။
ကုအန်တို့ အိမ်ရှေ့ရောက်ချိန်တွင် ကျိရှောင်ယုလည်း သူ့အိမ်ထဲမှ ထွက်လာခဲ့၏။ သူမ ကောင်းကင်ကိုကြည့်နေရင်း သူ့နှဖူးပေါ်ရှ်ိ အနီရောင်တာအိုအမှတ်အသားထဲမှ မီးတောက်အသေးလေးတစ်ခုက တဖြတ်ဖြတ်ခါလာခဲ့သည်။
ထိုသည်ကိုမြင်သောအခါ ကုအန် အမြန်သူမဆီ ချဉ်းကပ်သွားခဲ့ပြီး မေးလိုက်၏။
“ညီမလေးကြောက်မနေဘူး မဟုတ်လား”
ကုအန်သူမမြင်ကွင်းကို ပိတ်ရပ်လိုက်သောကြောင့် ကျိရှောင်ယု၏တာအိုအမှတ်အသား ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူမအမူအရာလည်း တည်ငြိမ်သွားခဲ့ပြီး ခေါင်းညိတ်ပြလိုက်၏။
“မကြောက်ပါဘူး ကြည့်ရတာ အသက်နှုတ်အမတက ညီမလေးတို့ကုန်းမြေတိုက်ကြီးကို ပစ်မှတ်ထားနေတဲ့ပုံပဲ အဲ့တာက လွန်ခဲ့တဲ့နှစ်တွေက ဆရာသခင်ဓားအရှင်ရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်နေလိမ့်မယ်”
ကုအန်သူမကိုနှစ်သိမ့်လိုက်ကာ
“အများကြီးမတွေးပါနဲ့ တကယ်လို့ ရန်သူကဒီလိုနည်းလမ်းတိုင်း ဆက်လုပ်နေတယ်ဆိုရင် အဲ့တာက ဆရာသခင်ဓားအရှင် အနီးအနားမှာရှိနေတယ်လို့ ဆိုလိုနေတယ် တောင်ကြားကိုအစ်ကို့အစား ဂရုစိုက်ပေးဦး အစ်ကို
ဆန်းကြယ်တောင်ကြားကို တစ်ချက်သွားကြည့်လိုက်ဦးမယ်”
ပြောပြီးသည်နှင့် ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီထွက်သွားခဲ့လေသည်။
ကျိရှောင်ယု ထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ပြီး တစ်ခုခုပြောချင်နေသော်လည်း ပြောစရာစကားလုံးရှာမတွေ့ခဲ့ပေ။ ဤမြင်ကွင်းမျိုးကိုလည်း သူမတစ်နေရာရာတွင် မြင်တွေ့ခဲ့ဖူးသည်ဟု ခံစားနေခဲ့ရ၏။
ကုအန်ဆန်းကြယ်တောင်ကြားသို့ အမြန်ရောက်ရှိလာခဲ့ပြီး လုကျိကျားက တပည့်များကိုကာကွယ်ပေးဖို့ တောင်ကြားထဲခေါ်နေသည်ကို တွေ့လိုက်ရသည်။ သူခွင့်ပြုသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ထိုသည်ကိုအခွင့်ကောင်းယူပြီး သူ့ကိုဘယ်သူမှ အရေးစိုက်မနေကြသည်ကိုတွေ့သောအခါ ဆေးပင်များစစ်ဆေးတော့မည့်ပုံဖြင့် တောအုပ်ထဲ၀င်သွားခဲ့သည်။
“နင်သေချင်နေတာလား ဒီလိုအချိန်မှာတောင် နင့်ပန်းပင်တွေဆေးပင်တွေကို ဂရုစိုက်နေသေးတယ် နင်ရူးနေတာသေချာတယ်”
ကျန်းချောင်အသံ သူ့နောက်မှထွက်ပေါ်လာခဲ့ပြီး လှည့်ကြည့်လိုက်သောအခါ အရုပ်ဆိုးနေသော အမူအရာဖြင့် သူ့ဆီလမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရ၏။
သူမကုအန်ကိုကြည့်ကာ မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
“အခုငါလည်း ထွက်ပြေးချင်တောင် ပြေးမရတော့ဘူး အတူတူသေဖို့ စောင့်နေကြတာပေါ့”
ဓားဆန္ဒကြီးလျင်မြန်စွာ ချဉ်းကပ်လာနေခြင်းကို သူမလည်းခံစားမိနေပြီး ယခုအခါ ထွက်ပြေးဖို့ကြိုးစားရင်တောင် မြေအောက်ကမ္ဘာလမ်းကိုးသွယ်ဆီ မရောက်လောက်တော့ပေ။
ကုအန် မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်ကာ စိတ်ရှုပ်ေနဟန်ဖြင့် မြက်ပင်များကို ထိုးလိုက်ပြီး ပြန်ထသောအခါ သစ်ရွက်လက်တစ်ဆုပ်ကောက်လာခဲ့လိုက်ပြီး သူ့မျက်နှာက မကြည်မလင်ဖြစ်နေခဲ့သည်။
ကျန်းချောင်သူ့အမူအရာကိုကြည့်ပြီး ရုတ်တရက်ရယ်မောလိုက်ကာ စနောက်လိုက်၏။
“ဘာဖြစ်လို့လဲ ကြောက်နေတာလား”
ကုအန်သူ့ဒေါသကိုဖွင့်ထုတ်ဟန်ဖြင့် လက်ထဲကသစ်ရွက်များကို ရှေ့သို့ ပစ်လွှတ်လိုက်လေသည်။ ထို့နောက် ကျန်းချောင်းဘက်လှည့်ကြည့်ကာ ပြောလိုက်၏။
“ကျွန်တော်မကြောက်ပါဘူး ဒီဘ၀မှာ အခုလိုအထင်သေးခံရတာက ရွံရှာစရာကောင်းတယ်လို့ ခံစားလိုက်ရလို့ပါ”
ကျန်းချောင်တိတ်ဆိတ်သွားကာ ပြောလိုက်သည်။
“ငါနဲ့သဘာ၀ဂူ၈လုံးထဲလိုက်ခဲ့”
ကုအန်ခေါင်းညိတ်ပြလိုက်ပြီး သူမနောက်မှလိုက်သွားခဲ့လေသည်။
ကျန်းချောင်ကတော့ ကုအန် ပစ်လွှတ်လိုက်သော သစ်ရွက်များက မြေပေါ်မှ ပြန်ထလာခဲ့ပြီး တစ်ရွက်ချင်းစီတိုင်းက တုန်ခါနေတာကို သတိမထားမိခဲ့ပေ။
သူတို့ ဂူထဲရောက်သွားသောအခါ သစ်ရွက်များလည်း တောအုပ်ထဲမှ ပျောက်ကွယ်သွားလေတော့သည်။
……
ဝိညာဉ်ငြိမ်းအေးစေတီရှေ့တွင် မဟာအေးစက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူသောင်းချီ လေပေါ်တွင် ရှိနေကြပြီး အားလုံးက ဓားတစ်လက်ကိုင်ဆောင်ထားသော ချင်းရှင်ကို ကိုကြည့်ရှုနေခဲ့ကြ၏။
“ဒီလိုကြောက်စရာဓားဆန္ဒမျိုး အစ်ကိုကြီးချင်းရှင်ရဲ့ အထွတ်အထိပ်ဆန်းကြယ်ဓားတာအိုက အသွင်ပြောင်းခြင်းအဆင့်ကိုတောင်ရောက်နေပြီပဲ”
“တကယ်စွမ်းအားကြီးလွန်းတယ် ဒီဓားဆန္ဒက ကောင်းကင်ဈာန်အမတတွေကိုတောင် ပိုင်းဖြတ်ပစ်နိုင်လောက်တယ်”
“ငါကြားဖူးတာတော့ အစ်ကိုကြီးပိုင်ဟုန်က လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အစ်ကိုကြီးချင်းရှင်ကို ရှုံးနိမ့်ခဲ့ဖူးတယ်တဲ့”
“အထွတ်အထိပ်ဆန်းကြယ်ဓားတာအိုကို ဖန်တီးသူ အထွတ်အထိပ်ဆန်းကြယ်ဘိုးဘေး ဟိုးအရင်ကတည်းက မြင့်မြတ်နယ်မြေကို သွားခဲ့သူ အထွတ်အထိပ်ဆန်းကြယ်ဓားတာအိုမှာ ဒီလောက်အဆင့်ထိရောက်နေတာ အစ်ကိုကြီးချင်းရှင်ပဲရှိတယ်”
“ဒီဓားချက်မျိုးကို လူတိုင်းဂရုစိုက်ကြည့်သင့်တယ် ဒါက ရှားပါးတဲ့မြင်ကွင်းမျိုးပဲ”
မဟာအေးစက်မိစ္ဆာဂိုဏ်းမှ ကြီးမြတ်သောကျင့်ကြံသူများအားလုံး ဆွေးနွေးနေခဲ့ကြ၏။
ပိုင်ဟုန်သေဆုံးသွားသည်ကို အကုန်သိကြသော်လည်း သူတို့ကြောက်မနေကြပေ။ ယခုအခါ သူတို့ဘက်ကအသာကြီးဖြစ်ပြီး သူတို့နောက်တွင်လည်း အပူအပင်မဲ့ကမ္ဘာဦးအမတလေးပါးရှိနေလေရာ သူတို့မည်သို့ သေနိုင်မည်နည်း။
ချင်းရှင် ရတနာဓားကို သူ့ရှေ့တွင်ထားလိုက်ပြီး ဓားသွားက သူ့မျက်လုံးများနှင့်တစ်တန်းတည်း ရှေ့တည့်တည့်တွင် ရှိနေခဲ့သည်။
ရုတ်တရက်သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်လုံးများက အစိမ်းရောင်ပြောင်းသွားခဲ့၏။
မျက်လုံးပွင့်သွားသည်နှင့် သူ့ဓားဆန္ဒက အပြည့်အ၀ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဆူညံသံများအားလုံး တိတ်ဆိတ်သွားခဲ့လေသည်။
လူတိုင်း၏အကြည့်များ ချင်းရှင်ဆီရောက်နေချိန်တွင် ချင်းရှင် သူ့ဓားကိုခုတ်ပိုင်းလိုက်လေတော့သည်။
ဓားအလင်းတစ်ချက်ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်အေးစက်သွားကာ ကောင်းကင်ရှိတိမ်တိုက်များပင် ပျောက်ကွယ်သွားခဲ့ရသည်။
ချင်းရှင် ဓားချက်ထုတ်လိုက်သည်နှင့် သူ့ဓားဆန္ဒက ကြောက်စရာဓားချီအဖြစ်ပြောင်းလဲသွားပြီး သူ့သူငယ်အိမ်များကလည်း မှေးကျဉ်းသွားခဲ့လေသည်။
သူ့သူငယ်အိမ်များထဲတွင်တော့ အစိမ်းရောင်အစက်လေးများက လျင်မြန်စွာ ကြီးထွားလာခဲ့၏။
ကြည့်နေသူများမျက်လုံးထဲတွင် ချင်းရှင်၏ဓားချက်က မိုင်သောင်းချီးရှည်သောဓားချီကြီးအဖြစ်ပြောင်းလဲသွားပြီး လခြမ်းကွေးတစ်ခုနှယ်ကောင်းကင်ကို ဖြတ်သန်းသွားခဲ့လေသည်။
ထိုအခိုက်တွင် မိုးကုတ်စက်ဝိုင်းမှ အစိမ်းရောင်အစက်လေးများ ပျံသန်းလာခဲ့ပြီး ထိုအစိမ်းရောင်အစက်လေးများ၏ အလျင်ကပိုပြီးပင်မြန်ဆန်နေကာ ဘယ်သူမှ တုန့်ပြန်ချိန်မရလိုက်ပေ။
ဝုန်း!
ဓားချီပြိုကွဲသွားပြီး ချင်းရှင်မျက်လုံးများ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေချိန်တွင် အစိမ်းရောင်အလင်းက မျက်စိတစ်မှိတ်အတွင်း သူ့ဆီရောက်ရှိလာခဲ့၏။
အချိန်ကရပ်တန့်သွားသလိုပင် သူ့ဆီပျံသနး်လာသော သစ်ရွက်ကြွေများကို သူမြင်နေခဲ့ရသည်။
ထို့နောက် ကြောက်မက်ဖွယ်ဓားချီကိုသယ်ဆောင်လာသော သစ်ရွက်က သူ့ခန္ဓာရော ဝိညာဉ်ကိုပါ ဖျက်ဆီးသွားလေတော့သည်။
ထိုသည်က သစ်ရွက်တစ်ရွက်သာမဟုတ်ဘဲ ဒါဇင်ချီသော သစ်ရွက်များဖြစ်ပြီး ထိုသစ်ရွက်များက မဟာအေးစက်မိစ္ဆာဂိုဏ်းက ကျင့်ကြံသူများကို သတ်ဖြတ်သွားကာ ဝိညာဉ်ငြိမ်းအေးစေတီကို တုန်ခါသွားစေခဲ့၏။
အသက်နှုတ်အမတနှင့် အခြားအပူအပင်မဲ့ကမ္ဘာဦးအမတသုံးပါး ချက်ချင်း လေထုအလွှာထဲမှ ပေါ်ပေါက်လာခဲ့ပြီး ပတ်ပတ်လည်ရှိတပည့်များကို နတ်သိုင်းများသုံး၍ ကာကွယ်လိုက်ကြရသည်။
တိတ်ဆိတ်မှု!
ကမ္ဘာကြီးကတိတ်ဆိတ်နေသွားခဲ့ပြီး မဟာအေးစက်မိစ္ဆာဂိုဏ်းမှတပည့်များ အစကလို တည်ငြိမ်ေအးေဆးမနေတော့ဘဲ ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ကြသည်။
အသက်နှုတ်အမတခေါင်းလှည့်ကြည့်လိုက်သောအခါ သစ်ရွက်များက ဝိညာဉ်ငြိမ်းအေးစေတီတွင် စိုက်နေသည်ကိုတွေ့လိုက်ရပြီး သူ့မျက်လုံးများ မှေးကျဉ်းသွားခဲ့၏။
အဲ့တာက သစ်ရွက်တွေ….
တိုက်ခိုက်မှုက လျင်မြန်လွန်းလှပြီး သူတို့သတိထားမိလိုက်ကြချိန်တွင် တပည့်များဖြစ်ေသာ ကောင်းကင်ဈာန်အမတ ၁၂ပါး က သေဆုံးနေခဲ့ချေပြီ။
အသက်နှုတ်အမတကို လုပ်ငန်းစဉ်ကိုအမြန်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သော အနီရောင်၀တ်အမျိုးသမီးပင် ယခုအခါ ဘာမှမပြောနိူင်တော့ပေ။ အပူအပင်မဲ့ကမ္ဘာဦးအမတများဖြစ်သော်လည်း သူတို့ပင် စိုးရိမ်ပူပန်နေခဲ့ကြချေပြီ။
ရန်သူသည်အလွန်လျင်မြန်လှပြီး သူတို့တပည့်များကို သူတို့မျက်စိအောက်တွင်ပင် သတ်ဖြတ်ပစ်ခဲ့သည်။
ထိုသည်က တစ်ယောက်ယောက်က သူတို့မျက်နှာကိုဖြတ်ရိုက်လိုက်သလိုဖြစ်ပြီး ခပ်ဖျဉ်းဖျဉ်းခံစားနေခဲ့ကြရ၏။
….
ကုအန် ကျန်းချောင်နောက်သို့လိုက်ပြီး သဘာ၀ဂူ ၈ လုံးထဲရောက်ချိန်၌ သူ့ရှေ့တွင် စာတန်းများဆက်တိုက်ပေါ်လာခဲ့ကြသည်။
ထိုတိုက်ခိုက်မှုမှ သူသက်တမ်း ၄၃၀၀၀၀ ရရှိခဲ့လေသည်။
ကုအန် သူ့အားကုန်သုံးပြခဲ့ခြင်းမဟုတ်ဘဲ ထိုသည်ကပင် အသက်နှုတ်အမတတို့ကို ကြောက်ရွံ့သွားစေဖို့ လုံလောက်နေပြီဖြစ်သည်။ ယခုအခါ သူတို့အရှုံးမပေးချင်လျှင် ပိုသန်မာသော မကြာခင်တည်ရှိမှုများကို သွားခေါ်ရတော့မည့်အချိန်ဖြစ်၏။ အကယ်၍ ဘယ်သူမှခေါ်စရာရှိမနေခဲ့ရင်တော့ သေမျိုးနယ်မြေကိုသုတ်သင်ဖို့ လက်လျှော့ခဲ့လျှင်တောင် ကုအန် သူတို့ကိုအလွတ်ပေးမည်မဟုတ်ပေ။
ဟမ်!
ဓားဆန္ဒကြီးရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် ကျန်းချောင်မျက်နှာပေါ် အံ့အားသင့်သည့်အရိပ်အယောင်ပေါ်လာခဲ့လေသည်။
ထို့နောက် ကုအန်မေးလိုက်၏။
“အဲ့တာက ကျွန်တော်တို့ဒီကပ်ဘေးက လွတ်သွားတာဖြစ်နိုင်လောက်လား”
ကျန်းချောင်လှည့်မကြည့်ဘဲ ဖြေလိုက်သည်။
“အသေအချာတော့ ပြောလို့မရဘူး”
သူတို့နှစ်ယောက်အတူတူသွားနေကြရင်း နွယ်စိမ်းပင်နားတွင် ကျန်းချောင်၀င်္ကပါများစီရင်နေသည်ကို တွေ့သောအခါ ကုအန် သူမဘာလုပ်နေလဲဆိုတာ မေးလိုက်၏။
“၀င်္ကပါရဲ့ နယ်မြေကကျဉ်းလေလေ သူ့ကာကွယ်နိုင်စွမ်းက ပိုအားကောင်းလေလေပဲ ငါတို့ဒီကပ်ဘေးက လွတ်မြောက်နိုင်မလား ကြည့်ချင်မိတယ် အလောင်းအစားလုပ်လိုက်ကြတာပေါ့ တကယ်လို့ ဒါအလုပ်မဖြစ်ရင်လည်း ငါတို့သေမှာပဲဟာ ဒီတော့ ပူပန်နေလို့အပိုပဲ” ကျန်းချောင်သာမန်အတိုင်းပြန်ဖြေလိူက်သောကြောင့် ကောင်းကင်ဈာန်အမတဓားချက်ကို ၀င်္ကပါအသေးလေးဖြင့်ကာရန်ကြိုးစားနေသော ကျန်းချောင်အတွက် ကုအန် ရယ်ရမလိုငိုရမလိုဖြစ်သွားခဲ့သည်။
ထိုစဉ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကလည်း တင်းမာနေခဲ့၏။
ဓားဆန္ဒကပျောက်ကွယ်သွားသော်လည်း ကုန်းမြေတိုက်ကြီးပေါ်မှလူများ၏ အနာက ချက်ချင်းကျက်မသွားခဲ့ပေ။
လူပေါင်းများစွာထွက်ပြေးနေကြပြီး ထိုလူအုပ်ထဲတွင် အဓိပတိဂိုဏ်းမြင့်မြတ်မိသားစုများပင်ပါကြောင်း ကုအန် တွေ့နေခဲ့ရသည်။
တတိယတောင်ကြားထဲ၌
ကျိဟန်ထျန်း ကျိရှောင်ယုကိုအမြန်လာရှာခဲ့ပြီး သူတို့နှစ်ယောက်အိမ်ထဲတွင် စကားပြောခဲ့ကြ၏။
“ကျွန်မထွက်သွားမှာမဟုတ်ဘူး” ကျိရှောင်ယု အမူအရာမဲ့စွာ ပြောလိုက်သည်။
ထိုစကားကြောင့်ကျိဟန်ထျန်း စိတ်တိုလာသော်လည်း အကြောင်းပြချက်အချို့ကြောင့် သူမကိုကြည့်ကာ သူမနှင့်မျိုးရိုးရော နာမည်ပါတူသော မျိုးဆက်တစ်ယောက်ကို သတိရသွားခဲ့၏။
သူတို့သည် ရုပ်ချင်းမတူသော်လည်း ထိုအခိုက်တွင် သူတို့အမူအရာများက တစ်ပုံစံတည်းတူညီနေခဲ့ကြသည်။
ကျိဟန်ထျန်းဒေါသများပျောက်ကွယ်လာခဲ့ပြီး လေးလေးနက်နက်ပြောလိုက်၏။
“အသက်နှုတ်အမတက ဒီကုန်းမြေတိုက်ကြီးကို ရွေးချယ်ချယ်မချယ်ချယ် အနာဂတ်မှာ ကပ်ဘေးတွေကို ရင်ဆိုင်ရဦးမှာပဲ ကျိမိသားစုက မျိုးဆက်ချန်ထားခဲ့ဖို့လ်ုိတယ်လေ နင်ဘာလို့ဆက်နေချင်နေတာလဲ”
ကျိရှောင်ယု သူ့ကိုကြည့်လိုက်ကာ
“တစ်ယောက်ယောက်ကတော့ နေကိုနေရမယ် ကျွန်မနေရာကို သူများကိုပေးလိုက်လို့ရပါတယ် နောက်ပြီး ပြေးရင်ရော ဘယ်နေရာကိုထွက်ပြေးနိုင်မှာလဲ”
ကျိဟန်ထျန်း ဒေါသထွက်လာခဲ့ရပြန်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူကျိရှောင်ယုတစ်ယောက်ကို မိသားစုတွင်နေရန် ဖျောင်းဖျရာ၌ မအောင်မြင်ခဲ့ပေ။ အခုလည်း နောက်တစ်ယောက်ကို ဖျောင်းဖျဖို့က မဖြစ်နိုင်ပြန်ပေ။
ဤမျိုးဆက်သစ်လေးများက အဘယ်ကြောင့်သူကိုဆန့်ကျင်နေကြသလဲ သူနားမလည်နိုင်ခဲ့ပေ ။
သူကတော့ အမြဲတမ်းသူတို့ကောင်းကျိုးကိုသာ ရှေးရှုပေးနေခဲ့ခြင်း ဖြစ်၏။
“အချိန်မရှိတော့ဘူး ဘိုးဘေးအခြားမိသားစု၀င်တွေကို သွားဖျောင်းဖျတာပိုကောင်းပါလိမ့်မယ်” ကျိရှောင်ယု သတိပေးလိုက်သည်။
ကျိဟန်ထျန်သူမကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းထွက်ခွာသွားခဲ့၏။
ကျိရှောင်ယုသည် သူ၏တိုက်ရိုက်မျိုးဆက်မဟုတ်သောကြောင့် သူဖျောင်းဖျရုံသာတတ်နိုင်ပြီး အတင်းဆွဲခေါ်သွား၍မရပေ။
ကျိဟန်ထျန်းထွက်သွားသည်နှင့် ကျိရှောင်ယုတခဏတွေးလိုက်ပြီးနောက် အိမ်ပြင်သို့ ထွက်လာခဲ့လိုက်၏။
သူမခြံ၀န်းထဲထွက်လာသောပြီး ကောင်းကင်တွင် ပျံသန်းနေကြသော ကျင့်ကြံသူများစွာကို ကြည့်နေခဲ့သည်။ ထိုကျင့်ကြံသူများသည် ထွက်ပြေးနေကြခြင်းလော တိုက်ပွဲအတွက်ပြင်ဆင်နေကြခြင်းလောတော့ မသေချာခဲ့ပေ။
“မဟာအေးစက်မိစ္ဆာဂိုဏ်း…”
ကျိရှောင်ယု ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူမနှဖူးပေါ်မှ တာအိုအမှတ်အသားမှ အနီရောင်မီးတောက်လေး တောက်လောင်လာခဲ့ပြန်သည်။
အချိန်များက ကုန်ဆုံးသွားခဲ့ပြီး လူတိုင်းက သောကနှင့်ပူပန်မှုများဖြင့် ပွေလိမ်နေခဲ့ကြသည်။
တစ်နာရီခန့်ကြာမှသာ လေထုက စတင်ပြေလျော့လာခဲ့၏။
အကြီးအကဲလု ရှန်ရှင်းကျိကိုကြည့်ကာ မေးလိုက်သည်။
“စီနီယာ ကျွန်တော်တို့ကိုရွေးချယ်မခံရဘူးလား”
အခြားတပည့်များလည်း ရှန်ရှင်းကျိကို ကြည့်လိုက်ကြ၏။ ရှန်ရှင်းကျိ၏နောက်ခံက ဆန်းကြယ်ပြီး ဂိုဏ်းအကြီးအကဲများကပင် သူ့ကိုတလေးတစားဆက်ဆံသောကြောင့် သူက သူတို့မြင်နိုင်သည်ထက်တော့ ပိုမြင်နိုင်မည့်သူ ဖြစ်ပေသည်။
ရှန်ရှင်းကျိ မျက်ခုံးများ တင်းတင်းကြပ်ကြပ်တွန့်ကွေးနေခဲ့ပြီး ကောင်းကင်ကိုကြည့်ကာ ပြောလိုက်၏။
“တကယ်ပဲ ငါတို့အရွေးမခံခဲ့ရဘူး…”
သူ့စကားကိုကြားသောအခါ တပည့်များ ပျော်ရွှင်ကုန်ကြလေသည်။