အခန်း (၂၉၇-၂၉၈)
Vol. 23 Ch. 297-298
အပိုင်း(၂၉၇)
မဟာအေးစက်မိစ္ဆာဂိုဏ်း၏တိုက်ခိုက်မှုများ!
ရှန်ရှင်းကျိ၏စကားကို ကြားလိုက်သောအခါ တပည့်များအောင်ပွဲခံကုန်ကြပြီး ရှန်ရှင်းကျိကတော့ တစ်ခုခုကိုပြောသင့်မသင်သင့် တုန့်ဆိုင်းနေခဲ့မိသည်။
ဤကုန်းမြေတိုက်ကြီးသာမဟုတ်ဘဲ ဘယ်ကုန်းမြေတိုက်ကြီးမှ ရွေးချယ်မခံလိုက်ရဘူးဟု သူပြောပြချင်နေခဲ့၏။
ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုရှင်းလင်းပစ်ရန်မှာ အလွန်ကြီးမားသောစွမ်းအားကြီးလိုအပ်ပြီး ထိုသို့သောစွမ်းအားကြီးမျိုးကို မြေလျှောက်အမတအဆင့် ၉ ဖြစ်သောသူက အာရုံခံနိုင်ပေသည်။
သို့သော်လည်း ဤသေမျိုးများ သက်သက်မဲ့ကြောက်လန့်မနေစေရန် သူမပြောဖို့သာ ရွေးချယ်လိုက်၏။
နောက်ဘာဆက်ဖြစ်မလဲဆိုတာ သူတို့သိနေလျှင်တောင် သူတို့လုပ်နိုင်တာဘာများရှိမည်နည်း။
သူတို့ဟာသူတို့ ပျော်ပျော်ရွှင်ရွှင်နှင့် အပူအပင်ကင်းမဲ့စွာ နေထိုင်နေခြင်းက သူတို့အတွက် ပိုကောင်းပေသည်။
အချိန်ကဆက်လက်ကုန်ဆုံးသွားခဲ့၏။
လကွယ်ကာ နေပြန်ထွက်လာခဲ့ပြီး နောက်တစ်နေ့၏ နေအလင်းရောင်က ကောင်းကင်နှင့်မြေပြင်တစ်ခွင် ဖြန့်ကျက်လိုက်သောအခါမှသာ ကုန်းမြေတိုက်ကြီးပေါ်မှ သက်ရှိများ သက်ပြင်းချလိုက်နိုင်ခဲ့သည်။ အသက်နှုတ်အမတပြောသော တစ်ရက်ကို ကုန်းမြေတိုက်ကြီးတစ်ခုရှင်းလင်းမည်ဆိုသည်မှ ပထမဆုံးရက်တွင်တော့ သူတို့လွတ်မြောက်နိုင်ခဲ့ချေပြီ။
အဓိပတိဂိုဏ်း၏အခြေအနေကလည်း ပြန်လည်တည်ငြိမ်သွားပြီး မြင့်မြတ်မိသားစုအချို့ ဆုတ်ခွာသွားရုံမှလွဲပြီး ဂိုဏ်း၏ အခြေခံအုတ်မြစ်ကတော့ မလှုပ်မခါဆက်လက်တည်မြဲနေသေးသည်။
ကုအန် တတိယတောင်ကြားသို့ပြန်ရောက်သောအခါ တောင်ကြားက ပုံမှန်အတိုင်းပြန်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ရှောင်ချွမ်ထွက်သွားပြီးကတည်းက တောင်ကြားကို အန်းရှင်းက စီမံအုပ်ချုပ်ပေးနေခြင်းဖြစ်ပြီး သူမ၏နူးညံ့လှသောစရိုက်ကြောင့် တပည့်များက သူမကိုကြိုက်နှစ်သက်ကြပြီး ဘာပြဿနာထွေထွေထူးထူးမှ မရှိတတ်ပေ။
သူပြန်လာပြီးမကြာခင်တွင် ရှန်းကျန်သူ့ဆီရောက်လာခဲ့၏။
“နင်ပုန်းဖို့နေရာတစ်ခုလိုချင်လား” ရှန်းကျန် ကျေနပ်နေဟန်ဖြင့် ပြုးလိုက်ကာ မျက်နှာကာပုဝါအောက်ရှိ သူမမျက်လုံးများကလည်း တောက်ပနေခဲ့သည်။
ခပ်လှမ်းလှမ်းရှိဉယျာဉ်ဆီလမ်းလျှောက်သွားနေရင်း ကုအန် သာမန်အတိုင်းပြန်မေးလိုက်၏။
“ငါတို့ဘယ်လိုပုန်းလို့ရမှာလဲ”
ရှန်းကျန် သူ့ခြေလှမ်းများအတိုင်းလိုက်နေရင်း ရှင်းပြလိုက်သည်။
“ငါနင့်ကို ပန်းချီကားတစ်ခု ဒါမှမဟုတ် စာလိပ်တစ်ခုထဲထည့်ပေးပြီး ပုန်းခိုင်းထားလို့ရတယ် နောက်ပြီ အဲ့ဒီပန်းချီကား ဒါမှမဟုတ် စာလိပ်ကို ဖွက်ထားလိုက်ပေါ့ အဲ့တာဆို အဲ့တာကဒုက္ခသည်စခန်းလိုဖြစ်မသွားဘူးလား”
“ကုန်းမြေတိုက်ကြီးတွေကိုတောင် ရှင်းပစ်ဖို့ကြိုးစားနေတာကို နင်ကအဲ့ဒီဟာကို ဘယ်မှာသွားဖွက်မှာလဲ”
“ဒါပေါ့ မြေအောက်ထဲမှာလေ သူဆိုလိုတာက သေမျိုးတွေကိုရှင်းပစ်ပြီး ကုန်းမြေတိုက်ကြီးကိုဖျက်ဆီးပစ်မယ်ပဲပြောတာ ကမ္ဘာမြေကြီးတစ်ခုလုံးကိုလုံး၀ဖျက်ဆီးပစ်မှာမှမဟုတ်ဘဲ”
“အဲ့တာက အဓိပ္ပာယ်တော့ရှိပါတယ် ဒါနဲ့ နင်ကပါရမီရှင်တစ်ယောက်များလား”
ကုအန်ရုတ်တရက်သိရှိသွားဟန်ဖြင့် ရှန်းကျန်ကို အံ့အားတကြီးကြည့်လိုက်လေသည်။
မျက်နှာကာပုဝါအောက်ရှိ ရှန်းကျန်မျက်နှာရှုံ့မဲ့သွားခဲ့ပြီး ကုအန်လေသံထဲက သူမကိုရွဲ့ပြောနေသံကို သူမနားလည်တာ ရှင်းလင်းပေသည်။
ကုအန်ဆက်ပြောလိုက်၏။
“အတွေးလွန်မနေပါနဲ့ မနေ့က ငါတို့ကုန်းမြေတိုက်ကြီးရဲ့အဆုံးသတ်မဟုတ်ဘူးလို့ ငါအမြဲခံစားခဲ့မိတယ် ဒီနေ့ငါတို့ကုန်းမြေတိုက်ကြီး ဘယ်လောက်ငြိမ်းအေးနေတယ်ဆိုတာလည်း နင်မခံစားမိဘူးလား”
ထိုစကားကိုကြားသောအခါ ရှန်းကျန် မျက်လုံးများကျဉ်းမြောင်းသွားခဲ့ပြီး “နင်က မဟာအေးစက်မိစ္ဆာဂိုဏ်းရဲ့ တိုက်ခိုက်မှုက ဒီတိုင်းအခြေအနေကို ရှုပ်ထွေးအောင်လုပ်နေရံုလို့ ထင်နေတာလား”
“အဲ့လိုမျိုးပဲပေါ့ ကောင်းကင်ကတရားမျှတမှုရှိတယ်လို့ ငါယုံကြည်တယ် သေမျိုးတွေအတွက် စဉ်းစားပေးတတ်တဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူမျိုး အဲ့ဒီမှာ ရှိကိုရှိနေရမယ် မဟာအေးစက်မိစ္ဆာဂိုဏ်းလို ဆိုးယုတ်တဲ့ဂိုဏ်းမျိုးကတော့ ထာ၀ရမတည်မြဲနိုင်ဘူး!”
ကုအန်သူ့အမြင်ကိုပြောလိုက်ပြီး သူ့မျက်နှာပေါ်ဆုံးဖြတ်ချက် ပြတ်သားနေဟန်များ ပေါ်နေခဲ့သည်။
ရှန်းကျန် ရုတ်တရက် ကုအန်ကို ဘယ်လိုဆုံးဖြတ်ရမလဲ မသိဖြစ်သွားခဲ့၏။ လက်ရှိအခြေအနေအရ သူ့ကိုအရူးဟု ခေါ်နိုင်သော်လည်း ထိုကဲ့သို့သော အရူး ငတုံးငအမျိုးက အနောက်အရပ်သို့ခရီးသွားခြင်းနှင့် နတ်ဘုရားတို့၏ရာထူးများကို ရေးခဲ့သူလည်း ဖြစ်နေသေးသည်။
“ကောင်းကင်ကတရားမျှတတယ်လို့ နင်ပြောတယ်နော် ငါ့ကိုပြောပါဦး အဲ့ဒီကြီးမြတ်တဲ့ကျင့်ကြံသူတွေအလွန်မှာ တကယ့် အမတအစစ်တွေ ရှိနေနိုင်လောက်လား” ရှန်းကျန် ရုတ်တရက်စိတ်၀င်စားဟန်ဖြင့် မေးလိုက်၏။
နတ်ဘုရားတို့၏ရာထူးများနှင့် အနောက်အရပ်သို့ခရီးသွားခြင်းက ဒီတိုင်းစိတ်ကူးယဉ်ထားခြင်းမဟုတ်ဘဲ ကုအန်တကယ်မြင်တေွ့ခဲ့ဖူးသော တစ်ခုခုကို စိတ်ကူးများဖြင့် တန်ဆာဆင်ထားခြင်းဟု သူမ ယုံကြည်ပေသည်။
ကုအန်ပြောပြချက်အရ ထိုအရာက အမတတစ်ပါးသူ့အိပ်မက်ထဲ လာလမ်းပြသွားခြင်းဟုလည်း ဆိုနေသေး၏။
ကုအန်နှင့်ရှန်းကျန်တို့ ထိုအကြောင်းဆွေးနွေးနေစဉ် ကမ္ဘာတစ်ခုလုံးကတော့ အသက်နှုတ်အမတအကြောင်းသာ ဆွေးနွေးနေခဲ့ကြလေသည်။
နှစ်ရက်ကြာသောအခါ
လက်ကိုးချောင်းနတ်အရှင်နှင့် ဒြပ်ငါးမျိုးခိုးယူသူတို့ စီစဉ်ထားသလိုပင် တတိယတောင်ကြားသို့ အတူတူပြန်ရောက်လာခဲ့ကြ၏။
ကျားခုံရှေ့တွင် ထိုင်ပြီးသောအခါ သူတို့အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့မျက်လုံးများက လေးလံနေခဲ့ကြသည်။
“ခင်ဗျားလည်း အဲ့တာကိုခံစားမိလား” ဒြပ်ငါးမျိုးခိုးယူသူ ပြောလိုက်သည်။
လက်ကိုးချောင်းနတ်အရှင် တစ်ကွက်ရွှေ့လိုက်ပြီး ပြောလိုက်၏။
“ကောင်းကင်နဲ့မြေပြင်ပိုက်ကွန် လွတ်စရာလမ်းမရှိဘူး”
ဒြပ်ငါးမျိုးနတ်အရှင်လည်း တစ်ကွက်ရွှေ့လိုက်ကာ
“ခင်ဗျားက ဘာလို့ထွက်မပြေးတာလဲ ကျုပ်ကကျုပ်ကံကြမ္မာကို လက်ခံထားပြီးသား”
ပြောပြီးသည်နှင့် သူခပ်လှမ်းလှမ်းရှိ အိမ်ကိုကြည့်လိုက်မိသည်။
ကျိရှောင်ယုက သူ့မျှော်လင့်ချက်ဖြစ်၏။
နတ်အရှင်တိတ်ဆိတ်သွားပြီး ကြိတ်၍သာ သက်ပြင်းချလိုက်မိသည်။
ဒြပ်ငါးမျိုးခိုးယူသူ သူ့ကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်၏။
“ဆိုမှပဲ ခင်ဗျားဘာကိုရှာနေလဲဆိုတာ ကျုပ်တကယ် သိချင်မိတယ်”
လက်ကိုးချောင်းနတ်အရှင်က ပြန်မဖြေသောအခါ ဒြပ်ငါးမျိုးခိုးယူသူမျက်နှာတွင် တွေးတောနေဟန်တစ်ခုသာ ပေါ်လာခဲ့လေသည်။
….
ကမ္ဘာခြားနတ်နယ်မြေထဲတွင်
ပင်လယ်ကမ်းခြေ၌
ကမ္ဘာခြားနတ်နယ်မြေသခင် ကမ္ဘာခြားနတ်အသက်ကျောက်ပြားရှေ့တွင်ရပ်နေရင်း သူ့ပတ်ပတ်လည်တွင်မူ တစ္ဆေဘုရင်ကိုးပါးရပ်နေခဲ့ကာ ကောင်းကင်ကိုကြည့်ရှုနေခဲ့ကြ၏။
သွေးနီရောင်ကောင်းကင်အခြေတွင်မူ မြင်းမြှီးယပ်တစ်ခုက ဝဲလည်နေခဲ့သည်။
ကမ္ဘာခြားနတ်နယ်မြေသခင် အေးဆေးတည်ငြိမ်နေသော်လည်း တစ္ဆေဘုရင်များ၏မျက်လုံးများထဲတွင်တော့ မလွယ်ကူသည့် အကြည့်များ ရှိနေခဲ့၏။
“ကမ္ဘာခြားနတ်နယ်မြေသခင် ငါတို့နဲ့အတူချီတက်ဖို့ ပြင်ထားပါ”
အေးစက်စက်အသံကြီးတစ်သံက ကောင်းကင်မြေပြင်တစ်ခွင်ဟိန်းထွက်လာခဲ့သည်။
ခပ်လှမ်းလှမ်းရှိဂူထဲတွင် ကျန်းပုကူလည်းထိုအသံကြီးကိုကြားလိုက်ပြီး သူ့မျက်လုံးများ ပွင့်လာခဲ့ကာ ကမ္ဘာခြားနတ်နယ်မြေသခင်ကို စိတ်ပူသောကြောင့် သူ့မျက်ခုံးများတွန့်ကွေးသွားခဲ့၏။
အမူအရာမဲ့နေသောမျက်နှာဖြင့် ကမ္ဘာခြားနတ်နယ်မြေသခင် မေးလိုက်သည်။
“ဘယ်ကို တိုက်ခိုက်ဖို့ ချီတက်ရမှာလဲ”
“ထျန်းဝူချန်းကို ဒဏ်ခတ်ဖို့!”
အေးစက်စက်အသံကြီးတစ်သံထပ်မံထွက်ပေါ်လာခဲ့ပြီး ကမ္ဘာခြားနတ်နယ်မြေသခင်နှင့် တစ္ဆေဘုရင်တို့၏အမူအရာများ ပြောင်းလဲသွားခဲ့ကြ၏။
မဟာအေးစက်မိစ္ဆာဂိုဏ်းနှင့် ထိုတည်ရှိမှုကြီးက အမှန်တကယ် တိုက်ခိုက်ကြပေတော့မည်။
ဤတိုက်ပွဲက ကမ္ဘာကြီး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်လာပေလိမ့်မည်။
……
ကြယ်ပင်လယ်အဖွဲ့အစည်း၏ ကမ္ဘာငယ်လေးတစ်ခုထဲတွင်
အန်းဟောင် နန်းတော်တံခါး၀တွင်ရပ်နေရင်း ကျွန်းပေါ်မှ ဝင်ထွက်သွားလာကာ ပျံသန်းနေကြသော တပည့်များကို မျက်မှောင်ကြုံ့၍ ကြည့်နေခဲ့၏။
ထိုစဉ်ပုံရိပ်တစ်ခုသူ့ဘေးတွင်ပေါ်လာပြီး ထိုသူက သူ့ဆရာ သူတော်စင်ဖူချန်း ဖြစ်သည်။
အန်းဟောင် အမြန်ပြောလိုက်၏။
“ဆရာ ဆရာရောက်လာတာကောင်းတယ် ကျွန်တော်ဆရာနဲ့ပြောစရာရှိတယ်…”
“လမ်းရောက်မှပြောကြတာပေါ့ ဆုတ်ခွာဖို့ပြင်ထား ဆရာတို့ဒီနေ့ ဆုတ်ကြမယ်!” သူတော်စင်ဖူချန်း လေးလေးနက်နက်ပြောလိုက်သည်။
“ဘာလို့လဲ” အန်းဟောင် မမေးဘဲ မနေနိုင်ခဲ့ပေ။
“မဟာအေးစက်မိစ္ဆာဂိုဏ်းက အဓိကတိုက်ပွဲကြီးကို တိုက်ခိုက်တော့မှာ သူတို့က မင်းဆရာနေတဲ့ ကုန်းမြေတိုက်ကြီးကိုပစ်မှတ်ထားနေကြတယ် သူတို့က မင်းဆရာကို သုတ်သင်ချင်နေကြတာ” သူတော်စင်ဖူချန်း ရှင်းပြလိုက်၏။
ထိုစကားကိုကြားသောအခါ အန်းဟောင် စိတ်ညစ်သွားခဲ့သည်။
သူပြန်မပြောနိုင်ခင် သူတော်စင်ဖူချန်းဆက်ပြောလိုက်၏။
“မင်းကျင့်ကြံခြင်းနဲ့ဆို မင်းဆရာကိုကူညီနိုင်မှာမဟုတ်ဘူး အဲ့တာကြောင့် စောစောထွက်ခွာသွားတာအကောင်းဆုံးပဲ မင်းဆရာက သန်မာပေမယ့် မဟာအေးစက်မိစ္ဆာဂိုဏ်းရဲ့ အားကုန်ထုတ်တိုက်ခိုက်တာကိုတော့ တောင့်ခံနိုင်မှာမဟုတ်ဘူး မဟုတ်ရင် သူအခုထိ ခုခံနေတဲ့အနေအထားနဲ့ပဲ ရှိနေမှာမဟုတ်ဘူးလေ”
အန်းဟောင်အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်ဝောာ်က ကျွန်တော့်ဆရာအတွက်စိတ်ပူနေတာမဟုတ်ပါဘူး ကျွန်တော်ပြန်ကိုပြန်သွားရမယ်!”
အန်းရှင်းသည် အဓိပတိဂိုဏ်းထဲတွင် ရှိနေသေးရာ သူသူမကိုမည်သို့ စွန့်ပစ်နိုင်မည်နည်း။
သူချက်ချင်း နယ်မြေထဲမှ ခုန်ထွက်ဖို့ ကြိုးစားလိုက်စဉ်တွင် ရုတ်တရက် အဖြူရောင်အမွှေးရှည်များက သူ့ကိုယ်ကို ရစ်ပတ်သွားပြီး ထိုအမွှေးများက သူတော်စင်ရွှမ်မြောင်၏ မြင်းမြှီးယပ်မှ ဖြစ်ပေသည်။
“ဆရာ!” အန်းဟောင် မချိတင်ကဲအော်လိုက်သောကြောင့် အနားမှတပည့်များပင် အံ့အားသင့်ကုန်ကြ၏။
သူတော်စင်ဖူချန်းမြင်းမြှီးယပ်ကိုကိုင်ထားရင်း ဂါထာများရွတ်ဆိုလိုက်ကာ မြင်းမြှီစအမွှေးများက ရှည်ထွက်လာခဲ့ပြီး အန်းဟောင်တစ်ကိုယ်လုံးကို ရစ်ပတ်သွားကာ သူ့ကိုစကားပင်မပြောနိုင်တော့အောင် လုပ်လိုက်လေသည်။
“ဆရာတောင်းပန်ပါတယ် တပည့်!”
ထိုမြင်ကွင်းကြောင့် အခြားတပည့်များလည်း တိတ်ဆိတ်သွားခဲ့ကြ၏။ သူတို့အားလုံးလည်း နှလုံးသားထဲတွင် လေးလံနေကြပြီး ချစ်ရသူများကို ထားခဲ့ရသည့်ခံစားချက်ကိုသူတို့လည်း နားလည်နေခဲ့ကြသည်။
ကြယ်ပင်လယ်အဖွဲ့အစည်း ထွက်ပြေးပေတော့မည်!
အခြားနယ်မြေတစ်ခု၌
လီယ ကမ္ဘာခြားနတ်မြို့တော်ကိုစီးကာ နယ်မြေထဲမှ ထိုးဖောက်ပြေးသွားပြီး သူ့ကိုဘယ်သူကမှ မတားဆီးခဲ့ပေ။
သူကြယ်ပင်လယ်ကိုဖြတ်ကာ မိုးကုတ်စက်ဝိုင်းဆီ ဦးတည်နေခဲ့၏။
“တပည့် သေချာစဉ်းစားပါဦး မင်းတစ်ခါထွက်သွားပြီးရင် ပြန်လမ်းဆိုတာ မရှိတော့ဘူး…”
အိုမင်းနေသောအသံတစ်သံထွက်ပေါ်လာခဲ့ပြီး လီယ လှည့်ကြည့်လိုက်သောအခါ သူ့ဆရာပုံရိပ်ကိုတော့ မမြင်ခဲ့ရပေ။
သူမဖြေခဲ့ဘဲ သူ့ပုခုံးပေါ်က ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်ကိုသာ ရှေ့ဆက်ဖို့ ညွှန်ကြားလိုက်လေသည်။
အမတစိတ်ဝိညာဉ်ဟိန်းဟောက်လိုက်သောအခါ ကမ္ဘာခြားနတ်မြိုတော်က ချက်ချင်းပင် အလွန်လျင်မြန်သောနှုန်းဖြင့်မိုးကုတ်စက်ဝိုင်းဆီ ဆက်သွားခဲ့၏။
တခဏကြာပျံသန်းလာပြီး ဘယ်သူမှသူ့ကိုလာမတားဆီးမှ လီယ စိတ်အေးသွားပြီး သူ့အကြည့်များက ခက်ထန်လာခဲ့သည်။
“ဂျူနီယာညီလေးကု ငါ့ကိုစောင့်နေပါ!”
“နောက်ပြီး ဘိုးဘေးအိုကြီး ခင်ဗျား ကျုပ်အကြောင်းတွေးနေသေးလားဆိုတာ သိချင်မိတယ်!”
လီယတိတ်တဆိတ်တွေးနေခဲ့ပြီး သူ့အမူအရာကတော့ လေးလံနေခဲ့သည်။
သူအစကတော့ ကျန်းပုကူ ကမ္ဘာခြားနတ်အမတတစ္ဆေဖြစ်သွားမှုကြောင့် သူ့ခံစားချက်များ သက်ရောက်ခံနေရသော်လည်း နောက်ပိုင်းတွင် ကြယ်ပင်လယ်အဖွဲ့အစည်းကပါ ဆုတ်ခွာတော့မည်ဟု ကြားသောအခါ သူကြောက်လန့်လာခဲ့မိသည်။
ကြယ်ပင်လယ်အဖွဲ့အစည်းသည် ပင်လယ်ပြင်ရှိ အဓိကဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်ပြီး အောင်မြင်ဖို့ အခွင့်အရေးတစ်ခုမှမရှိလျှင် သူတို့ကသူတို့နယ်မြေကို စွန့်ပစ်ကြမည်မဟုတ်ပေ။
မဟာအေးစက်မိစ္ဆာဂိုဏ်းက ဆရာသခင်ဓားအရှင်ကို ပစ်မှတ်ထားနေသည်ဟုကြားသောအခါ သူဆရာသခင်ဓားအရှင်ကို သိပ်စိတ်မပူခဲ့ပေ။ သူ့မူလဘိုးဘေးကြီးသည် အလွန်အစွမ်းထက်လှပြီး ထွက်ပြေးချင်ပါက အလွယ်တကူထွက်ပြေးနိုင်မည့်သူသာ ဖြစ်၏။ သူစိတ်ပူသည်က ထွက်မပြေးနိုင်မည့် လူများကို ဖြစ်သည်။
သူအမြန်သွားရပေမည်။
လီယလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး သူရောက်ချိန်တွင် ကုန်းမြေတိုက်ကြီး ပျက်ဆီးနေမှာကို ကြောက်ရွံ့နေခဲ့မိသည်။
ကမ္ဘာခြားနတ်အမတစိတ်ဝိညာဉ်ကတော့ ကြောက်လန့်မနေဘဲ လေထဲတွင်သာ ခုန်ပေါက်ကာ ပျော်ရွှင်နေခဲ့၏။ သူ့ကိုကြည့်ပြီး လီယ စိတ်တိုသလို မနာလိုသလိုပင် ခံစားလိုက်ရသည်။
ဤသတ္တဝါသည် ဘာကိုမှကြောက်ရွံ့မှုမရှ်ိဘဲ သူ့ယုံကြည်ချက်က ဘယ်ကနေလာနေလဲ မသိပေ။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
နှစ်နာရီခန့်ကြာသောအခါ
လီယ မျေှာ်စင်ထိပ်တွင် တရားထုိင်ေနရင်း တစ်ခုခုကိုအာရုံခံလိုက်မိပြီး သူ့မျက်လုံးများပွင့်လာချိန်တွင် ကမ္ဘာခြားနတ်မြို့တော်က အမှောင်ထု၏ လွှမ်းမိုးခြင်းခံနေရသည်ကို တွေ့လိုက်ရသည်။ သူအလိုလိုမော့ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများက မယုံနိုင်မှုဖြင့် ပြူးကျယ်သွားခဲ့၏။
“ဘယ်လို…ဘယ်လို…ဖြစ်နိုင်မှာလဲ…”
လီယ တစ်ယောက်တည်းရေရွတ်လိုက်ပြီး သူ့အသံကတုန်ရီနေကာ သူ့မျက်လုံးထဲစိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
…
တတိယတောင်ကြား၌
ဉယျာဉ်ခြံစည်းရိုးရှေ့တွင် ကုအန် သူ့ကြွက်သားများကိုဆန့်ကာ အကြောလျှော့နေခဲ့၏။
သူ့ဘေးမှဖြတ်သွားရင်း ယုယင်ယင်စိတ်၀င်တစားမေးလိုက်သည်။
“နင်ဘာတွေလုပ်နေတာလဲ ဒီမနက် မနက်ခင်းလေ့ကျင့်ခန်းမရှိဘူးလား”
ကုအန်ပြန်ဖြေလိုက်၏။
“ဒီတိုင်းကိုယ်လက်လှုပ်ရှားနေတာပါ အဲ့တာကိုခွင့်ပြုမထားဘူးလား”
လာမည့်တိုက်ပွဲမှာ တိုက်ပွဲကြီးဖြစ်မည်မှန်း သေချာလှသည်။
မဟာအေးစက်မိစ္ဆာဂိုဏ်းက အမှန်တကယ်ကြောက်လန့်သွားသည်ဟု ပြော၍ ရ၏။
အရပ်မျက်နှာအားလုံးမှ တိုက်ခိုက်နေသော သိပ်သည်းလှသည့်အရှိန်အဝါများက အလွန်ပင် ဖိအားများလွန်းနေပြီး သူတို့ရောက်သည်နှင့် ကုန်းမြေတိုက်ကြီးမှ လူများမြင်သွားခဲ့ပါက ဤကုန်းမြေတိုက်သားများ၏ ခြေထောက်များ တုန်ရီကုန်ကြပေလိမ့်မည်။
ယုယင်ယင်သူ့ကိုကြည့်ကာ မမေးဘဲမနေနိုင်တော့ပေ။
“လူတိုင်းက ကပ်ဘေးအကြောင်းစိတ်ပူနေကြတာ နင်ကဘာလို့ထိတ်လန့်နေပုံမပေါ်တာလဲ”
“ဘာလို့လဲဆိုတော့ ငါကမကြောက်လို့ပေါ့ မကြောက်တော့ မလန့်တော့ဘူးလေ” ကုအန်ပုံမှန်အတိုင်း ပြန်ဖြေလိုက်ပြီး သူ့စကားများကြောင့် ယုယင်ယင်သူ့ကိုမျက်စောင်းထိုးလိုက်ပြီး ထရိုက်ချင်စိတ်ပင်ပေါ်သွားခဲ့သည်။
သူမကုအန်ကို လုံး၀နားမလည်တော့ပေ။ သူမအတွေ့အကြုံအရ ကုအန်သည် သေရမည်ကိုကြောက်သော်လည်း တကယ်ကပ်ဘေးနှင့်ရင်ဆိုင်ရသောအခါတွင်တော့ သူကကြောက်ရွံ့ပုံပေါ်မနေတော့ပေ။
သူသည် တကယ့်နားလည်ရခက်သည့် လူတစ်ယောက်သာ ဖြစ်၏။
ထို့ကြောင့်လည်း သူမစိတ်ညစ်ရသည့်အခါတိုင်း ကုအန်နှင့်စကားပြောချင်ခြင်းဖြစ်သည်။ ထိုသည်မှာ သူ့ကြောက်ရွံ့မှုမရှိသည့် ပုံစံကြောင့်ဖြစ်နိုင်၏။
ကုအန်သူမအတွေးကို ခန့်မှန်းမိနေပြီး ပြုံးလိုက်ကာ
“နင်စိုးရိမ်ရိမ် မရိမ်ရိမ် အဲ့တာကဘာမှပြောင်းလဲမသွားဘူးမဟုတ်လား”
ယုယင်ယင်ပါးစပ်ဟလိုက်သော်လည်း ဘယ်လိုတုန့်ပြန်ရမလဲ သေချာသိမနေခဲ့ပေ။
ထိုစဉ် ကုအန် သူ့ကောင်းကင်စံအိမ်ဓားကို ရုတ်တရက်ဆွဲထုတ်လိုက်၏။
ဓားအလင်းက ယုယင်ယင်မျက်နှာကိုရောင်ပြန်ဟပ်သွားခဲ့ပြီး သူမကိုငေးကြောင်နေသောအခြေအနေမှပင် နိုးထသွားစေခဲ့သည်။
ကုအန်ဓားကိုကိုင်ထားစဉ်တွင် သူ့နှဖူးမှ ရွှေရောင်အမှတ်အသားက လက်နေပြီး သူ့ပုံစံက သာမန်လူနှင့်မတူဘဲ ကမ္ဘာမြေပေါ်မှ အမတအရှင်တစ်ပါးနှင့် တူနေခဲ့၏။
ကုအန်၏ကျင့်ကြံခြင်းက အထင်ကြီးလောက်စရာမကောင်းသော်လည်း သူ့အသွင်အပြင်နှင့် ပုံစံက ဤကမ္ဘာမှကင်းကွာနေပြီး သေမျိုးတစ်ယောက်နှင့်ဘယ်လိုမှမတူတာကိုတော့ ယုယင်ယင် လက်ခံပေသည်။
ကုအန် ဓားကိုယုယင်ယင်ဘက်သို့ ဦးတည်ကာ မြှောက်လိုက်ချိန်တွင် ဓားသွားရောင်က သူမမျက်လုံးများကိုရောင်ပြန်ဟပ်သွားခဲ့ပြီး ကြက်သီးမွှေးညှင်းထသွားခဲ့၏။
“တကယ်လို့ ဒီဓားကသာနင့်ရင်ထဲကအကြောက်တရားတွေကို ပိုင်းဖြတ်ပစ်နိုင်ရင် အဲ့တာက ဘယ်လောက်တောင်အံ့အားသင့်စရာကောင်းနေလိမ့်မလဲ”
ကုအန်မျှော်မှန်းတောင့်တနေဟန်ဖြင့် ပြောလိုက်သည်။
ယုယင်ယင်ကတော့ ငေးကြောင်၍သာကျန်နေရစ်ခဲ့၏။
Htet Paing:
အပိုင်း(၂၉၈)
အသန်မာဆုံးဓား!
ကုအန်အပေါ် နေရောင်ကထိုးကျနေခဲ့ပြီး သူ့ကိုယ်မှ နှင်းဆီတိမ်လွှာတစ်ထပ်က ၀တ်ရုံလို တွဲခိုကျနေပြီး သူ့တည်ရှိမှုတစ်ခုလုံးက တောက်ပနေသည်ဟု ယုယင်ယင်ခံစားနေခဲ့ရသည်။
ကုအန် အမှန်တရားကိုပြောနေခြင်းဆိုသည်ကိုလည်း သူမယုံပေသည်။
ကုအန်အကြည့်သူမအပေါ်ကျလာခဲ့ပြီး မျက်ခုံးပင့်လိုက်ကာ မေးလိုက်၏။
“ဘာလဲ နင်ငါ့ရဲ့အမှန်တရားလမ်းစဉ်အရှိန်အဝါရဲ့ ဆွဲဆောင်ခြင်းကိုခံလိုက်ရတာလား”
ယုယင်ယင် အသိပြန်၀င်လာပြီး မျက်စောင်းတစ်ချက်ထိုးလိုက်ကာ
“ဘယ်သူပြောလဲ နင့်ဓားကသာတကယ်အဲ့လောက်စွမ်းအားကြီးနေရင် နင်က ဒီမှာတွင်းတူးပြီးပုန်းနေပါဉီးမလား”
“ဟီးဟီး အမြန်ထွက်သွားတော့ ငါ့ကျင့်ကြံခြင်းကိုမနှောင့်ယှက်နဲ့”
ယုယင်ယင်နှာတစ်ချက်မှုတ်လိုက်ကာ ထွက်ခွာသွားခဲ့သည်။
သူမလှည့်လိုက်ပြီးချိန်မှာတော့ သူမမျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
ထိုအရူးကောင်နှင့်စကားပြောရတာ တကယ်ပဲ အကျိုးသက်ရောက်မှုတော့ ရှ်ိပေသည်။ ယခုအခါ သူမနှလုံးသားက ပေါ့ပါးနေခဲ့၏။
တစ်ချိန်တည်းမှာပင် သစ်ပင်အောက်၌ ရှန်ရှင်းကျိ မျက်လုံးများပွင့်လာပြီး သူ့မျက်လုံးများက နက်နဲနေခဲ့သည်။ သူ လက်ထဲရှိပုတီးကိုခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ခပ်မြန်မြန်စိပ်နေခဲ့ပြီး စိတ်သောကရောက်နေတာ ထင်ရှားလှ၏။
သူ့ဘေးတွင်တော့ ဝူရှင်းနှင့် လက်ကိုးချောင်းနတ်အရှင်တို့ ကျားကစားနေကြပြီး ထရပ်လိုက်ကြသည်။ (ဒီဝူရှင်းက ကုအန်တပည့်ဝူရှင်းမဟုတ်ဘူးနော် ဒြပ်ငါးမျိုးခိုးယူသူ ဝူရှင်း သူတို့နှစ်ယောက်ကနာမည်တူနေတာ- translator note)
“ဒီပွဲကို သရေပဲမှတ်လိုက်ကြတာပေါ့” လက်ကိုးချောင်းနတ်အရှင် ဆက်ဆွေးနွေးရန်မရှိတော့ပုံဖြင့် ပြောလိုက်၏။
ဝူရှင်းမျက်လုံးများ မယုံနိုင်ဟန်ဖြင့် ပြူးကျယ်သွားကာ
“ခင်ဗျားက ကျုပ်အကုန်စားတာတောင်ခံရတော့မှာလေ အဲ့တာတောင် သရေလို့ ခေါ်ရဲသေးတယ်လား”
လက်ကိုးချောင်းနတ်အရှင် မထူးခြားဟန်မျက်နှာထားနှင့် ပြန်ပြောလိုက်သည်။
“အဆုံးသတ်ကိုမရောက်သေးခင်အထိ ဘာဖြစ်လာမလဲဆိုတာ မသေချာသေးပါဘူး!”
ဝူရှင်းခေါင်းယမ်းကာ ပြုံးလိုက်သော်လည်း ဘာမှပြောမနေတော့ဘဲ လေထုထဲတွင်သာ ပျောက်ကွယ်သွားခဲ့သည်။
လက်ကိုးချောင်းနတ်အရှင်လည်း တောင်ကြားတစ်ဝိုက်လုံးကိုကြည့်လိုက်ပြီး သူ့အကြည့်က ခပ်လှမ်းလှမ်းက ကုအန်ဆီရောက်ရှိသွားခဲ့၏။
“နှမြောစရာကောင်းလိုက်တာ ငါမင်းကိုတစ်ပွဲတောင်အနိုင်မကစားနိုင်သေးဘူး”
လက်ကိုးချောင်းနတ်အရှင် တစ်ယောက်တည်းရေရွတ်လိုက်ပြီးနောက် သူလည်းပျောက်ကွယ်သွားခဲ့လေသည်။
အကြောလျှော့နေသော ကုအန်ကတော့ လူသားများ မိစ္ဆာများ ကုန်းမြေတိုက်ကြီး၏ အစွန်အဖျားများသို့ အပြေးအလွှားပျံသန်းနေသည်ကို မြင်နေခဲ့ရ၏။
ကပ်ဘေးမတိုင်ခင်တွင် အချို့က ထွက်ပြေးချင်ကြပြီး အချို့ကတော့ တိုက်ခိုက်ချင်ကြသည်။
ပြန်တိုက်ချင်သူများကတော့ သတ္တိ လမ်းမှန်းလမ်းစဉ်နှင့် အသိစိတ်၏စေ့ဆော်မှုများကြောင့် တိုက်ကြခြင်းဖြစ်ပြီး ယခုအခါ ထိုသူများအားလုံးက စိတ်ဆုံးဖြတ်ခဲ့ကြပြီးချေပြီ။
တကယ့်မေးခွန်းမှာ သူတို့တကယ့် မဟာအေးစက်မိစ္ဆာဂိုဏ်း၏ အင်အားကိုရင်ဆိုင်ရလျှင် ထိုကဲ့သို့သောသတ္တိမျိုးရှိနေဦးမလားဆိုသော မေးခွန်းပင် ဖြစ်၏။
ကုအန် တည်နေရာကူးပြောင်းအစီအရင်ဆီလျှောက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူ့ကိုနှုတ်ဆက်သွားသော လူများအားလုံး၏ မျက်နှာကညှိုးငယ်နေကြပြီး အားလုံးက အတွေးကိုယ်စီနှင့် ဖြစ်နေခဲ့ကြသည်။
ဆန်းကြယ်တောင်ကြားသို့ရောက်သောအခါ ကုအန် ဆေးတောင်ကြား၏ အစွန်အဖျားသို့ဦးတည်သွားလိုက်၏။
တောအုပ်ထဲ၀င်ပြီးသောအခါ သူကောင်းကင်စံအိမ်ဓားနှင့် ချင်းဟုန်ဓားကိုထုတ်ကာ တစ်ဖက်စီကိုင်လိုက်လေသည်။
ကုအန် လင်းရှီသုံး၍ ချင်းဟုန်ဓားနှင့် ဝိညာဉ်ဖြူဓားကြားမှ ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သောကြောင့် ဓားကတုန်ခါနေခဲ့၏။
သူသူ့ဂျူနီယာညီမလေး၏ ကြောက်ရွံ့မှုကိုလည်း ခံစားမိနေခဲ့သည်။
“မကြောက်ပါနဲ့ ဂျူနီယာညီမလေး ဒါတွေကမကြာခင်ပြီးသွားတော့မှာပါ”
ကုအန် တစ်ယောက်တည်းရေရွတ်လိုက်ပြီး သူ့စကားဆုံးသည်နှင့် သူ့ကိုယ်ကို ခရမ်းရောင်မိစ္ဆာချီများက ဖုံးအုပ်သွားလေတော့သည်။
ထို့ေနာက် သူ့ပုံရိပ်တောအုပ်ထဲတွင် အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့၏။
…..
ကုန်းမြေတိုက်ကြီး၏ အစွန်တွင် မိုးထိအောင်မြင့်သော လှိူင်းလုံးကြီးများက ကမ်းခြေကို ရိုက်ခတ်နေခဲ့ကြသည်။
တောင်များအထက်ရှိ လေထဲတွင် ကြီးမြတ်သောကျင့်ကြံသူများရှိနေပြီး သူတို့နောက်တွင် ကျယ်ပြန့်လွန်းသော မြင်ကွင်းကျယ်ကြီးရှိနေကာ သူတို့ေရှ့တွင်တော့ အဆုံးမဲ့သော သမုဒ္ဒရာကြီးရှိနေခဲ့၏။
သူတို့သည် ဂိုဏ်းပေါင်းစုံမှ လာကြခြင်းဖြစ်ပြီး အဓိပတိဂိုဏ်း၊သုံးပါးတစ်ဆူတောင်၊ခန်းထျန်ဂိုဏ်း၊တာအိုပညာရှင်ဂိုဏ်း၊ ဓားဂိုဏ်း၊ မီးတောက်ဂိုဏ်း၊ ကျူဟွားဂိုဏ်း အစရှ်ိသည့် ဂိုဏ်းပေါင်းစုံမှ ဖြစ်ကြသည်။
ကုန်းမြေတိုက်ကြီးပေါ်ရှိ ဂိုဏ်းပေါင်းစုံက ကုန်းမြေတိုက်ကြီး၏ အစွန်အဖျားများသို့ ကျင့်ကြံသူများ ဆက်ပို့နေခဲ့ကြ၏။ သူတို့ကတော့ လူတစ်ရာကျော် အလျင်အမြန်စုဝေးထားသော အဖွဲ့တစ်ဖွဲ့သာဖြစ်ပြီး ကျန်ကျင့်ကြံသူများက လမ်းတွင်လာနေခဲ့ကြသည်။
ကျင့်ကြံသူအရေအတွက်တိုးလာလေလေ သူတို့ရင်ထဲယုံကြည်မှုက ပိုရှိလာလေလေပင်။
အဓိပတိဂိုဏ်းက မဟာယနအဆင့်၉ ဖြစ်သော ချောင်တိုင်က ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်လာခဲ့ကာ ပတ်၀န်းကျင်ရှိကျင့်ကြံသူများကို စိတ်တည်ငြိမ်အောင်လုပ်ပေးပြီး တိုက်ပွဲအတွက် ညွှန်းကြားနေခဲ့၏။
ထို့နောက်တွင်တော့ ကြောက်စရာကောင်းလွန်းသော ဖိအားကြီးတစ်ခုဆင်းသက်လာခဲ့ပြီး သူတို့အားလုံးနောက်ပြန်လှည့်ကြည့်လိုက်ကြသည်။ ထိုအခါသူတို့အမူအရာများ ဖြူဖျော့သွားခဲ့ပြီး ယုံကြည်မှုရှိလှသော ချောင်တိုင်ပင် စိတ်ပျက်အားငယ်သွားခဲ့ရသည်။
ကျယ်ပြန့်လှသော အနက်ရောင်မြူများက မိုးကုတ်စက်ဝိုင်းမှ အမှောင်ထုလှိုင်းကြီးလို ထိုးတက်လာကာ ရပ်တန့်မရဘဲ ကောင်းကင်နှင့်မြေပြင်ကို ဝါးမြိုသွားခဲ့၏။
အနက်ရောင်မြူရှေ့တွင် ကျွန်းများ သားရဲမိစ္ဆာများက ဖုန်မှုန့်များလို သေးနုတ်နေခဲ့သည်။ ပျံသန်းနိုင်သော သားရဲများပင် အနက်ရောင်မြူ၏ဖုံးအုပ်ခြင်းကိုခံလိုက်ရပြီး သူတို့ကံကြမ္မာဘာဖြစ်သွားလဲတော့ မသိပေ။
မြူ၏အထက်တွင်တော့ ပုံရိပ်မျိုးစုံရှိနေပြီး အ၀တ်အစားမျိုးစုံနှင့် ဓမ္မရတနာမျိုးစုံကို ကိုင်ဆောင်ထားကြသည်။ အချို့၏နောက်တွင် တောက်ပသော ဓမ္မရတနာများက လွင့်မျောနေပြီး အချို့က ကြမ်းကြုတ်သော သားရဲကြီးများကို စီးလာပြီး အချို့ကတော့ ဓားချီပေါ်တွင် လက်နောက်ပစ်၍ ရပ်နေခဲ့ကြသည်။ သူတို့တစ်ယောက်ချင်းစီ၏နောက်တွင် သူတို့ပုံတူဖြစ်သော ပေတစ်ထောင်ခန့်မြင့်မားသော ပုံရိပ်ကြီးများရှိနေကြပြီး မိစ္ဆာနတ်ဘုရားများနှင့်ပင် တူနေခဲ့၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရေတွက်၍ရမသော ပေတစ်ထောင်ခန့်မြင့်သည့် ပုံရိပ်များစွာကို တွေ့နိုင်ပြီးမြင်ကွင်းက ဖိအားများလွန်းလှသည်။
ထိုအခိုက်တွင် ကုန်းမြေတိုက်ကြီးမှကျင့်ကြံသူများအားလုံး ကြက်သေသေနေကြပြီး အားလုံးမိုးကြိုးပစ်ခံလိုက်ရသလို လေထဲတွင် တောင့်တင်းနေခဲ့ကြ၏။
ပေတစ်ထောင်မြင့်သော ပုံရိပ်ကြီးများနောက်မှ ပိုကြောက်စရာကောင်းသော တည်ရှိမှုကိုလည်း ချောင်တိုင်မြင်နေခဲ့ရသည်။ ထိုပုံရိပ်ကြီးလည်း ရှေ့သို့သာလျှောက်လာနေခဲ့ခြင်းဖြစ်ပြီး ပေတစ်ထောင်မြင့်သောပုံရိပ်များက သူ့ခြေချင်း၀တ်လောက်ပင်မရှိလေရာ သူ့အရွယ်အစားအစစ်ကို စိတ်ကူး၍ပင် မရနိုင်ပေ။
အချို့က ဘေးပတ်ပတ်လည်လို့ ကြည့်ရန်ကြိုးစားလိုက်ကြသော်လည်း ထိုနေရာများတွင်လည်း ပုံရိပ်ကြီးများက ပြန့့်ကျဲနေသည်ကိုသာ တွေ့ခဲ့ရ၏။ ထိုအခါသူတို့စိတ်ဓာတ်များ ကျကုန်ကြလေသည်။
“ငါတို့ဘယ်လို နိုင်နိုင်မှာလဲ…” တစ်ယောက်ယောက်က ခါးသက်သက်ရယ်မောလိုက်ကာ ပြောလိုက်၏။
ဘယ်သူမှမတုန့်ပြန်နိုင်ကြဘဲ သူတို့သတ္တိများက လွင့်ပါးကုန်ကြလေပြီ။
တိမ်တိုက်များအထက်တွင် လက်ကိုးချောင်းနတ်အရှင်နှင့် ဝူရှင်းတို့ပုခုံးချင်းယှဉ်ကာရပ်နေကြပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို မဟာအေးစက်မိစ္ဆာဂိုဏ်းကဝိုင်းထားသည်ကို ကြည့်ရှုနေခဲ့ကြသည်။
“အရမ်းများလွန်းတယ် ကမ္ဘာခြားနတ်နယ်မြေတောင် ဒီမှာရှိနေတယ်…”
ဝူရှင်းလည်း ဤမိစ္ဆာကျင့်ကြံသူများက ကမ္ဘာခြားနတ်အာဃာတတစ္ဆေများအောက်မနည်းမှန်း အာရုံခံမိနေခဲ့၏။ အရေးအကြီးဆုံးအရာမှာ ထိုကျင့်ကြံသူများ၏အရှိန်အဝါက အံ့အားသင့်စရာကောင်းလှပြီး အချို့အရှိန်အဝါများဆိုလျှင် သူ့ကိုပင် သတိထားမိသွားစေလောက်သည်။
လက်ကိုးချောင်းနတ်အရှင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ တစ်ခုခုကိုရှာဖွေနေဟန်ဖြင့် ကုန်းမြေတိုက်ကြီးကို စစ်ဆေးကြည့်လိုက်၏။
“ဒီလိုအဖြစ်အပျက်မျိုးနဲ့ဆို သူတော်စင်ကမ္ဘာ့မြင့်မြတ်ဘုရင်က တကယ်ကြီးဒီနေရာမှာ ပြန်လည်မွေးဖွားလာတာ ဖြစ်နိုင်လား” ဝူရှင်း မမေးဘဲ မနေနိုင်တော့ပေ။
လက်ကိုးချောင်းနတ်အရှင် အဝေးသို့ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ မြင့်မြတ်နှလုံးသားနိုးထလာခဲ့ရင် မြင့်မြတ်ဘုရင်ကလည်း သူ့စွမ်းရည်တွေနဲ့ အလျင်အမြန်ပဲ တိုးတက်လာနိုင်လိမ့်မယ် အရေးအကြီးဆုံးအရာကတော့ မဟာအေးစက်မိစ္ဆာဂိုဏ်းက မြင့်မြတ်ခုံရုံးကလည်း မြင့်မြတ်ဘုရင်ရဲ့အရှ်ိန်အဝါကို ထောက်လှမ်းမိသွားမှာ ကြောက်နေတာပဲ”
ထိုစကားကိုကြားသောအခါ ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပြီး ဝူရှင်း ရှေ့တက်သွားခဲ့သည်။
“မင်းဘာလုပ်ဖို့ စီစဉ်နေတာလဲ” လက်ကိုးချောင်းနတ်အရှင် သိချင်ဟန်ဖြင့် မေးလိုက်သည်။
ဝူရှင်း ပြန်လှည့်ပင် မကြည့်ဘဲရယ်မော၍သာ လက်ကာပြလိုက်ပြီး ပြောလိုက်၏။
“ခင်ဗျားကိုပြောဖို့မေ့သွားတယ် ကျုပ်က ကမ္ဘာခြားနတ်အာဃာတစ္ဆေဘုရင် ဝူရှင်းလေ ဝူရှင်းဆိုတာက ကျုပ်အမည်လွှဲတစ်ခုပဲ!”
လက်ကိုးချောင်းနတ်အရှင်မျက်မှောင်ကြုံ့သွားသော်လည်းလ ဒေါသတော့ထွက်မသွားခဲ့ပေ။ ဝူရှင်းကိုသာ ဆက်ကြည့်နေခဲ့၏။
“ဝူရှင်း မင်းနေရာမင်းပြန်လာခဲ့!”
ကမ္ဘာခြားနတ်နယ်မြေသခင်၏အသံကြီးထွက်ပေါ်လာပြီး အသံက ရှင်းလင်းကာ ကျယ်လောင်လှသည်။
ဝူရှင်း အရှိန်ကိုပိုမြှင့်လိုက်သော်လည်း ရုတ်တရက်သူ့မျက်နှာမည်းမှောင်သွားခဲ့၏။ သူ့မော့ကြည့်လိုက်ရာ အလွန်ကြီးမားလှပြီးကောင်းကင်ကိုပင် ဖုံးအုပ်ထားနိုင်သော လက်ကြီးတစ်ဖက် မိစ္ဆာစပ်တပ်နောက်မှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
ထိုလက်ကြီး၏အရွယ်အစားကို စကားနှင့်ပင် ဖော်ပြ၍မရလောက်ပေ။
ဝူရှင်းကြောက်လန့်သွားကာ နေရာတွင်ပင် ကြက်သေသေ၍ ရပ်နေမိသည်။
ဆိုးတာပဲ!
ဝူရှင်းမျက်လုံးထဲ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်သွားခဲ့၏။
ထိုအခိုက်တွင် သူ့အမြင်အာရုံထဲ အားကောင်းလှသော ဓားအလင်းတစ်ချက်၀င်ရောက်လာပြီး သူ့ရှေ့ရှ်ိဧရာမလက်ကြီးက ချက်ချင်းပြိုကွဲသွားခဲ့သည်။
သူ့မသိစိတ်က ဓားအလင်းလာရာကို လိုက်ကြည့်လိုက်မိရာ တုန်လှုပ်မှုကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
သူ့ဘ၀တစ်သက်တာလုံးတွင် ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်သော ပုံရိပ်တစ်ခုကို သူမြင်လိုက်ရခြင်း ဖြစ်သည်။
ထိုသည်မှာ အစွန်းကိုးပါးယင်ယန်ခန္ဓာကို အသုံးပြုထားသော ကုအန်သာ ဖြစ်၏။
ကုအန်သည် ခရမ်းရောင်မိစ္ဆာချီများဖြင့် ၀နး်ရံထားသော ဓားနှစ်လက်ကိုကိုင်ထားပြီး ဝူရှင်းကိုဖြတ်သွားခဲ့သည်။ သူ့စကားလုံးများ လည်ချောင်းထဲတွင်သာ တစ်နေချိန်တွင် ကုအန်က အရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး လျှပ်တစ်ပြက်အချိန်အတွင်းမှာပင် ဓားအလင်းတစ်ချက်ပေါ်လာပြီး အနက်ရောင်မြူထုကို ခပ်ရဲရဲ ပိုင်းဖြတ်သွားလေတော့သည်။
ဝူရှင်းမတုန့်ပြန်နိုင်ခင်တွင် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
သူ့ပါးစပ်များ ဟသွားကာ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေခဲ့မိသည်။
ဓားအလင်းသည် မိစ္ဆာစပ်တပ်ထဲ၀င်သွားကာ ပေတစ်ထောင်မြင့်သောပုံရိပ်ကြီးများကို ခါးမှပိုင်းဖြတ်သွားခဲ့ခြင်း ဖြစ်၏။ ဓားအလင်းေကြာင့်တစ်ကမ္ဘာလုံး၏ အရောင်အဆင်းပင် ချက်ချင်းပျောက်ကွယ်သွားခဲ့ရသည်။
ကုန်းမြေတိုက်ကြီးက ကျင့်ကြံသူများကတော့ ကြောင်အနေဟန်ဖြင့် မျက်လုံးများကိုပိတ်လိုက်ကြရပြီး ထိုဓားအလင်းကို သေမျိုးဝိညာဉ်များက ကြည့်ရှု၍မရနိုင်ကြပေ။
တိမ်များအထက်ရှိ လက်ကိုးချောင်းနတ်အရှင်လည်း စိတ်ဝိညာဉ်တုန်လှုပ်သွားခဲ့ရ၏။
သူ့မျက်လုံးထဲတွင် မိစ္ဆာပုံရိပ်များသုတ်သင်ခံလိုက်ရကာ အနက်ရောင်မြူပြိုကွဲသွားပြီး ဓားအလင်းတစ်ခုက ကောင်းနှင့်ေမြပြင်ကို နှစ်ခြမ်းခြမ်လုိက်ေတာ့မလို အလျင်အမြန်ပြန့်ကားသွားသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်တွင် နှစ်ပေါင်း ၁သိန်းနှင့်၇သောင်း ရှင်သန်လာခဲ့ပြီးသော လက်ကိုးချောင်းနတ်အရှင်သူ့တစ်ဘ၀လုံးတွင်မြင်ခဲ့ဖူးသမျှထဲ အသန်မာဆုံးသော ဓားချက်ကို တွေ့လိုက်ရလေသည်။
“မင်းက….ဘယ်သူလဲ”
တုန်လှုပ်ခြင်းနှင့်ဒေါသများပြည့်နေသော အသံကြီးတစ်သံထွက်ပေါ်လာခဲ့ပြီး သူ့လေသံထဲတွင် ကြောက်လန့်မှုများလည်း ရောစွက်နေခဲ့၏။