← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 23 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 23 Ch. 299-300

အပိုင်း(၂၉၉)

ကုအန်၏လှုပ်ရှားမှု

ဓားအလင်းကပျောက်ကွယ်သွားပြီးနောက် အေးစက်စက်အသံကြီးတစ်သံကောင်းကင်နှင့်မြေပြင်တွင် ဟိန်းထွက်လာခဲ့ပြီး ကြောင်အနေကြသော ကုန်းမြေတိုက်ကြီးက ကျင့်ကြံသူများအားလုံးနိုးထလာခဲ့ကြ၏။ သူတို့ ကုအန်၏ပုံရိပ်ကိုမမြင်လိုက်ကြရဘဲ လက်ကိုးချောင်းနတ်အရှင်နှင့်ဒြပ်ငါးမျိုးခိုးယူသူတို့ကိုသာ ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။

သို့သော် ဓားဆန္ဒကြီးကြောင့် သူတို့တစ်ယောက်ယောက်ကို သတိရမိသွားခဲ့ကြ၏။

ဆရာသခင်ဓားအရှင်!

“အဲ့တာ ဆရာသခင်ဓားအရှင်ပဲ မမှားနိုင်ဘူး အဲ့တာသူပဲဖြစ်ရမယ်!”

အဓိပတိဂိုဏ်းမှ ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက် စိတ်လှုပ်ရှားစွာပြောလိုက်ပြီး သူသည် ကောင်းကင်ပြုပြင်စင်မြင့်ရှ်ိ လမ်းမှန်ဂိုဏ်းဟူသောစာလုံးထဲမှ ဓားဆန္ဒကိုလေ့လာနေသူဖြစ်သောကြောင့် ဆရာသခင်ဓားအရှင်၏ဓားဆန္ဒကိုကောင်းကောင်းမှတ်မိပေသည်။

ချောင်တိုင်လည်းစိတ်လှုပ်ရှားသွားခဲ့ပြီး သူ့မျက်လုံးထဲ စိတ်၀င်စားမှုများဖြင့် ပြည့်နှက်သွားခဲ့၏။

ထိုအခိုက်တွင် ဆရာသခင်ဓားအရှင် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေကို ဆင်းသက်လာသောမြင်ကွင်းကိုပင် သူပြန်သတိရသွားခဲ့သည်။

ကပ်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ရသော ဒြပ်ငါးမျိုးခိုးယူသူကတော့ သက်ပြင်းတစ်ချက်ချလိုက်နိုင်ခဲ့ပြီး ချက်ချင်းနောက်ဆုတ်သွားကာ မိစ္ဆာစပ်တပ်နား ထပ်မကပ်ရဲတော့ပေ။

ကုအန် မိစ္ဆာမြူများပေါ်တွင် ရပ်နေပြီး လက်ထဲတွင် ဓားနှစ်လက်ကိုင်ဆောင်ထားချိန်တွင် ကျန်းထောင်ချီမြင့်သော မိစ္ဆာပုံရိပ်မ‌ျား အရပ်မျက်နှာပေါင်းစုံတွင် ပြိုကွဲသွားခဲ့ကြသည်။ သို့သော်လည်း ပိူများသောမိစ္ဆာအရိပ်များက သူ့ကိုချက်ချင်း ဝိုင်းထားလိုက်ကြပြန်၏။ ထိုပုံရိပ််များထဲတွင် ကျန်းသောင်းချီမြင့်သော ပုံရိပ်ကြီးများပင် ပါနေသေးသည်။

[သင်သည် မုန့်ချန်းလန်(မြေလျှောက်အမတအဆင့် ၇)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁၀၂၉၈ ရိတ်သိမ်းနိုင်ခဲ့ပါသည်]

[သင်သည် ရှူလင်ရှင်း(အချုပ်အနှောင်မဲ့အမတအဆင့် ၂) ကိုသတ်ဖြတ်ပြီး သက်တမ်း ၁၄၅၉ ရိတ်သိမ်းနိုင်ခဲ့ပါသည်]

[သင်သည် စစ်မှန်သောမန်ဝူယွမ်(မြေလျှောက်အမတအဆင့်၆) ကို သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁၂၀၈၀ ရိတ်သိမ်းနိုင်ခဲ့ပါသည်]

….

အသိပေးချက်များ ကုအန်ရှေ့တွင်တစ်ခုပြီးတစ်ခုဆက်တိုက်ပေါ်လာခဲ့ပါသော်လည်း သူချက်ချင်းထပ်မလှုပ်ရှားသေးဘဲ ပတ်ပတ်လည်ကိုသာ ကြည့်ရှုနေခဲ့၏။

မဟာအေးစက်မိစ္ဆာဂိုဏ်း၏တုန့်ပြန်မှုက အတော်လေးလျင်မြန်သည်ဟု ပြော၍ ရပေသည်။ သူလှုပ်ရှားလိုက်သည်နှင့် ကျန်ကျင့်ကြံသူများက ကြောက်လန့်မသွားဘဲ ချက်ချင်းပင် ၀င်္ကပါတစ်ခု ဖွဲ့တည်လိုက်ကြ၏။ သူတို့၀င်္ကပါက အတော်လေးနက်နဲလှပြီး အချိန်တိုအတွင်းဖွဲ့တည်နိုင်သလို ဆန်းကြယ်သောစွမ်းအားကြီးသော အစွမ်းများလည်းပါ၀င်နေခဲ့သည်။

ဓားအလင်းပျောက်ကွယ်သွားပြီး အသက်ရှူကြိမ်သုံးကြိမ်မတိုင်ခင်မှာပင် ချက်ချင်းဆိုသလို ကမ္ဘာကြီးကပြောင်းလဲသွားခဲ့ပြီး ကုအန် သူ ကြယ်များစုံလင်နေသော အာကာသထဲရောက်ရှိသွားသည်ကို တွေ့လိုက်ရပြီး မိစ္ဆာမြူများက သူ့အောက်တွင်ရှိနေဆဲဖြစ်ကာ ဓမ္မရတနာအမျိုးမျိုးကိုင်ဆောင်ထားသော မိစ္ဆာအရိပ်များကလည်း သူ့ကိုဝိုင်းပတ်ထားကြဆဲပင်။

ကုအန် အာကာသကြယ်နယ်မြေထဲရောက်ရှိသွားသောအခါ

ထိုဧရာမပုံရိပ်ကြီးများနှင့် တည်ရှိမှုကြီးများလည်း ကိုယ်ထင်ပြလာကြ၏။

ထိုနေရာတွင် တောင်နတ်ဘုရားများလို ခွန်အားကြီးလှသော သားရဲကြီးများလည်း ရှိနေသလို နတ်သမီးတမျှလှပေသော အမျိုးသမီးကျင့်ကြံသူများလည်း ရှိနေပြီး အတောင်များက လီ၁သောင်းလောက်ကျယ်ပြန့်သော ငှက်ကြီးများကလည်း ခေါင်းပေါ်တွင် ပျံဝဲနေခဲ့ကြသည်။

ကုအန်အောက်ရှ်ိ မိစ္ဆာမြူများလည်း ကြမ်းတမ်းစွာ ပြိုကွဲသွားကုန်ကြ၏။

“မင်းကတကယ်ပဲဘယ်သူများလဲ မင်းသရုပ်မှန်ကို ထုတ်မပြောရင်တော့ ငါတို့ကို မညှာတာတဲ့အတွက် အပြစ်မတင်ပါနဲ့”

ခုနကထွက်ပေါ်လာသောအသံကြီး ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ယခုအခေါက်တွင်တော့ ထိုအသံကြီးကပို၍ အေးစက်နေခဲ့၏။ ၀င်္ကပါတည်ဆောက်ပြီးသည့်နောက် သူပြန်ပြီးယုံကြည်မှု ရှ်ိလာဟန် ရပေသည်။

ကုအန် မော့ကြည့်လိုက်ရာ သူ့ကို၀န်းရံထားသော အလွှာ၏အထက်တွင် အမှောင်ထုကြီးရှိနေပြီး ထိုအမှောင်ထုကြီးထဲတွင် ဧရာမမျက်လုံးကြီးနှစ်လုံးပေါ်နေပြီး စိတ်ကူး၍မရသော တည်ရှိမှုကြီးတစ်ခုက သူ့ကို စကြာ၀ဠာပြင်ပမှ ကြည့်ရှုနေသလိုပင် ဖြစ်နေခဲ့၏။

[ဓားအရှင်ကျဲကျွမ်း(အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၈): ၇၈၀၄၅၀/၈၃၀၀၀၀/၈၈၀၀၀၀]

သက်တမ်း ၇သိန်း၈သောင်းကျော်နေထိုင်ခဲ့သော မွန်းစတားအိုကြီးတစ်ကောင်!

သို့သော် သူ့ကိုသတ်ဖြတ်ရာမှ သက်တမ်း ၅ထောင်ကျော်သာရမည်ဖြစ်သောကြောင့် ကုအန်အနည်းငယ်တော့ စိတ်ပျက်သွားခဲ့မိသည်။

ဓားအရှင်ကျဲကျွမ်း၏မျက်လုံးများပွင့်လာပြီးသည့်နောက် အသက်နှုတ်အမတအပါအ၀င် အပူအပင်မဲ့ကမ္ဘာဦးအမတ လေးပါး ပေါ်လာခဲ့ကြပြီး သူတို့တွင်တော့ သက်တမ်းများပေါပေါများများရှိနေသောကြောင့် ကုအန် စိတ်အခြေအနေအနည်းငယ်ပြန်ကောင်းသွားခဲ့၏။

“ဒါက မဟာအေးစက်မိစ္ဆာဂိုဏ်းရဲ့ လျူထျန်းကြယ်အမတဖမ်း၀င်္ကပါပဲ ဒီ၀င်္ကပါကိုတည်ဆောက်ပြီးသွားတာနဲ့ မင်းနတ်သိုင်းတွေဘယ်လောက်စွမ်းနေနေ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး”

ဓားအရှင်ကျဲကျွမ်း၏ ဆန်းကြယ်လှသောအသံကြီး ထွက်ပေါ်လာပြန်သည်။

ထို့နောက် အပူအပင်မဲ့ကမ္ဘာဦးအမတလေးပါးလည်း ဓမ္မရတနာများကိုယ်စီထုတ်ကာ နေရာခွဲ၍ နေရာယူလိုက်ကြပြီး သူတို့ရပ်တန့်သွားသည်နှင့် ၀င်္ကပါမှအက်ကွဲကြောင်းများ ထွက်ပေါ်လာသော အက်ကွဲ‌ေကြာင်းထဲမှ သက်တန့်များထွက်ပေါ်လာပြီး ထိုသက်တန့်များက ပုံရိပ်ယောင်သာမဟုတ်ဘဲ ဆန်းကြယ်သောစွမ်းအားတစ်မျိုးဖြင့် ဖွဲတည်ထားပုံ ပေါ်နေခဲ့သည်။

ကုအန် ဓားအရှင်ကျဲကျွမ်းကို‌ေမာ့ကြည့်ကာ မေးလိုက်၏။

“မဟာအေးစက်မိစ္ဆာဂိုဏ်းမှာ ပိုသန်မာတဲ့သူရှိသေးလား”

သူ့စကားကြောင့် ဓားအရှင်ကျဲကျမ်း၏မျက်လုံးများ ချက်ချင်းပြောင်းလဲသွားပြီး အခြားကြီးမြတ်သည့်ကျင့်ကြံသူများလည်း ကြောက်ရွံ့ကုန်ကြကာ ကြောက်ရွံ့မှုများပြည့်နေသော မျက်လုံးဖြင့် ကုအန်ကိုကြည့်နေခဲ့ကြသည်။

ပိုသန်မာတဲ့ တစ်ယောက်ယောက်လား!

ဘာလို့ဒီပုဂ္ဂိုလ်က အရမ်းမောက်မာနေရတာလဲ!

သို့သော် ကုအန်သုံးခဲ့သော ဓားချက်ကြောင့် ထိုအခိုက်တွင်ဘယ်သူမှသူ့ကို စိန်မခေါ်ရဲကြဘဲ သတိကြီးကြီးသာထားနေခဲ့ကြ၏။

အသက်နှုတ်အမတ၏အမူအရာလည်း ချက်ချင်းအရုပ်ဆိုးသွားခဲ့ပြီး တစ်ဖက်လူသည် မောက်‌မာနေရုံသက်သက်သာ ပြောနေခြင်းမဟုတ်မှန်း သူ့အသိစိတ်က သူ့ကိုပြောပြနေခဲ့သည်။

ထိုအခိုက်တွင် သူလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်လာခဲ့၏။

ကံကောင်းစွာဖြင့် သူသည် အလောတကြီးမပြုမူခဲ့မိပေ။ မဟုတ်လျှင် သူလည်း သူ့တပည့်ပိုင်ဟုန်လို ပြာမှုန့်အဖြစ်ပြောင်းလဲသွားနေပြီ ဖြစ်သည်။

အချိန်တစ်ခုအကြာထိ လျူထျန်းကြယ်အမတဖမ်း၀င်္ကပါထဲတွင် တိတ်ဆိတ်သွားခဲ့သည်။

“ကြည့်ရတာ ပိုသန်မာတဲ့သူမရှ်ိတော့တဲ့ပုံပဲ တကယ်စိတ်ပျက်စရာပဲ မင်းတို့ကအဆင်အခြင်မဲ့ ပြုမူလွန်းတယ် ငါကမင်းတို့မှာ နောက်ဆုတ်ဖို့အစီအစဉ်တွေရှိနေဦးမယ်ထင်ထားတာ”

ကုအန် ထပ်ပြောလိုက်ပြီး ချက်ချင်းပင် ကောင်းကင်စံအိမ်ဓားကို ပစ်လွှတ်လိုက်လေသည်။

ဝုန်းး!

ဓားချက်ထွက်ပေါ်သွားသည်နှင့် ဓားကအနက်ရောင်မြူထုပေါ်မှ ပျောက်ကွယ်သွားကာ မဟာအေးစက်မိစ္ဆာဂိုဏ်းမှကျင့်ကြံသူများကို တစ်ယောက်ချင်း သတ်ဖြတ်လေတော့သည်။ ကောင်းကင်စံအိမ်ဓားဧ။် ဓားသွားက သူတို့ရှေ့ရောက်ရှိသွားချိန်တွင် သူတို့ကိုယ်၌ အလင်းလွှာတစ်ခုပေါ်လာသော်လည်း ချက်ချင်းပြိုကွဲသွားကာ သူတို့ကို မကာကွယ်နိုင်ခဲ့ပေ။

ကောင်းကင်စံအိမ်ဓားက လမ်းတစ်လျှောက်ရှိလူတိုင်းကိုသတ်ဖြတ်ပြီး လီထောင်ချီဖြတ်သန်းသွားပြီးနောက် လျူထျန်းကြယ်အမတဖမ်း၀င်္ကပါကို တိုက်ရိုက်ဖောက်ထွင်းသွားကာ ပတ်၀န်းကျင်က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။

ကုန်းမြေတိုက်ကြီးက ကျင့်ကြံသူများကတော့ လေထံတွင်ရပ်နေရင်း ဓားအလင်းတစ်ခုက သူတို့ရှေ့ရှိကျယ်ပြန့်လှသော အနက်ရောင်မြူထုကိုပိုင်းဖြတ်သွားသည်ကိုသာ မြင်ခဲ့ရပြီး မြူထုထဲတွင် ဘယ်လိုတိုက်ပွဲဖြစ်နေသလဲဆိုတာ မသိခဲ့ကြပေ။

ကုအန် ဓားချက်ထုတ်ပြီးသည့်နောက် ဓားအရှင်ကျဲကျွမ်း ချက်ချင်းအမိန့်ပေးလိုက်၏။

“သတ်ကြ!”

မဟာအေးစက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများအားလုံး နတ်သိုင်း မှော်သိုင်းအစုံထုတ်သုံးလိုက်ကြပြီး အရောင်စုံလှသော သက်တန့်ကြီးလို စွမ်းအင်တန်းကြီးက ကုအန်ဆီ စုပြုံ ပြေး၀င်သွားခဲ့ကြသည်။

ထိုစဉ် ကုအန် သူ့လက်ကိုမြှောက်ကာ တစ်ခုခုကိုဖမ်းဆုပ်ဟန်လုပ်လိုက်ရာ သူ့လက်ဖဝါးပေါ် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

မူလကောင်းကင်ဖမ်းလက်!

ယနေ့သည် ကုအန်ထိုသိုင်းကို တိုက်ခိုက်ရာ၌ ပထမဆုံးအကြိမ်အသုံးပြုသည့်နေ့သာ ဖြစ်ပေသည်။

ကုအန်လက်ထဲရှိလူမှာ အဖြူရောင်၀တ်စုံ၀တ်ထား‌ေသာ ဓားအရှင်ကျဲကျွမ်းဖြစ်ပြီး ထိုအခိုက်တွင်သူ့မျက်နှာပေါ်၌ အကြောက်တရားများနှင့် စိတ်ပျက်အားငယ်မှုများသာ ပြည့်နှက်နေခဲ့၏။

ကုအန် သူ့ကိုဖုန်မှုန့်ဖြစ်သွားအောင် ချေမွပစ်လိုက်ပြီးသည့်နောက် ချင်းဟုန်ဓားကိုဆွဲကာ စတင်သတ်ဖြတ်လေတော့သည်။

….

ကုန်းမြေတိုက်ကြီးထဲတွင် ကျင့်ကြံသူများ အစွန်အဖျားဒေသသို့ သုတ်ခြေတင်လာခဲ့ကြသည်။ သူတို့ သမုဒ္ဒရာကိုတွေ့သောအခါ သူတို့အမူအရာများ ပြောင်းလဲကုန်ကြ၏။

ကြောက်စရာကောင်းလှသော အနက်ရောင်မြူထုကြီးက ကောင်းကင်နှင့်မြေပြင်ကြားတွင် တည်ရှိနေပြီး ထိုမြူထုကြီးက အရာရာအားလုံးကိုဝါးမြိုသွားတော့မလို ကြောက်စရာကောင်းလှကာ မြင်သူတိုင်းကို ကြောက်ရွံ့သွားစေခဲ့သည်။

မြူထုထဲတွင် အ‌ဆုံးမဲ့သော မိစ္ဆာများဒေါသထွက်နေကြသလို မြူထုကြီးက အပြင်းအထန်တုန်ခါနေခဲ့၏။

ကုန်းမြေတိုက်ကြီးရှိ ကျင့်ကြံသူများ၏ စိတ်ဓာတ်ပြိုလဲသွားခဲ့ပြီး ဘယ်သူမှ မတိုက်ခိုက်ချင်ကြတော့ပေ။

သူတို့မသိသည်မှာ မြူထုကြီးထဲတွင် အဆုံးမဲ့သောကျင့်ကြံသူများက တစ်ဖက်တည်းကို စုပြုံ၍ သွားနေကြသည်ကိုပင်။

မဟာအေးစက်မိစ္ဆာဂိုဏ်းမှကျင့်ကြံသူများ အမိန့်တစ်ခုရခဲ့ပြီး လျူထျန်းကြယ်အမတဖမ်း၀င်္ကပါထဲတွင် တိုက်ခိုက်မှုတစ်ခုရှိသောကြောင့် အားလုံး ထိုနေရာသို့သွား၍ စစ်ကူပေးရန်ဖြစ်သည်။

မိုးကြိုးတိမ်တိုက်များ ကောင်းကင်ကိုဖုံးလွှမ်းနေပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးက ဖိအားအောက်တွင်ရောက်ရှိနေခဲ့၏။

မိစ္ဆာနယ်မြေရှိ အဓိပတိဂိုဏ်း ဂိုဏ်းခွဲထဲတွင်

ရီလန် အိမ်ပေါ်တွင်ရပ်နေရင်း ကောင်းကင်ကိုမော့ကြည့်နေကာ သူမ၏ ဝိညာဉ်ဖြူဓားကိုဆုပ်ကိုင်ထားခဲ့သည်။ ဓားထဲမှ မည်သည့်သာမန်မဟုတ်မှုကိုမှ သူမမခံစားမိသော်လည်း သူမနှလုံးသားကတော့ မငြိမ်းချမ်းနိုင်ခဲ့ပေ။

“ကျွန်မတို့ ဒီကပ်ဘေးကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ပါတယ်…”

ရီလန်တစ်ယောက်တည်းရေရွတ်လိုက်ကာ ကြိတ်၍ ဆုတောင်းနေခဲ့သည်။

သူမတွင် အသက်ရှည်ရှည်နေရန် မျှော်လင့်ချက်မရှိသော်လည်း သူမဒီပုံစံကြီးနဲ့တော့ မသေချင်သေးပေ။ သူမတွင် မပြီးပြတ်သေးသော အလုပ်များ မသွားဖူးသေးသောနေရာများနှင့် သူမစီနီယာအစ်ကိုကြီးကိုပေးထားသော ကတိများကို ဖြည့်ဆည်းပေးရန်လည်း ရှ်ိနေသေးသည်။ သူမအဘယ်သို့ ဤကဲ့သို့ သေဆုံးချင်ပါမည်နည်း။

….

မိုးကြိုးတိမ်တိုက်များအောက်တွင် လက်ကိုးချောင်းနတ်အရှင်နှင့် ဒြပ်ငါးမျိုးခိုးယူသူတို့ ပုခုံးချင်းယှဉ်ရပ်နေပြီး သူတို့အမူအရာကိုပင်မထိန်းနိုင်တော့ဘဲ မျက်နှာပေါ် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

သူတို့တင်မဟုတ်ဘဲ ကုန်းမြေတိုက်ကြီးမှကျင့်ကြံသူများလည်းအတူတူသာခံစားနေရပြီး အသစ်ရောက်ရှိလာသူများလည်း သူတို့ပျံသန်းနေသည့်အလျင်ကို လျှော့လိုက်မိကြ၏။

အနက်ရောင်မြူထုထဲမှ မရေတွက်နိုင်သော ကျင့်ကြံသူများ ခုန်ထွက်လာခဲ့ကြပြီး မရေတွက်နိုင်သော ကျင့်ကြံသူများက ဓားအလင်းရောင်လက်နေသော တစ်နေရာတည်းကိုသာ စုပြုံ၍ တိုက်ခိုက်နေကြသည်။

အကွာအဝေးက လှမ်းလှ၍ တိုက်ပွဲကိုမမြင်နိုင်သော်လည်း လူတိုင်းသန်မာလှသော ဓားဆန္ဒကိုတော့ အာရုံခံမိနေခဲ့ကြ၏။

ဤတိုက်ပွဲသည် မျှတသောတိုက်ပွဲပင် ဟုတ်မနေခဲ့ဘဲ တစ်ဖက်သတ်ကြီး သတ်ဖြတ်နေသော တိုက်ပွဲသာ ဖြစ်နေခဲ့လေသည်။

မဟာအေးစက်မိစ္ဆာဂိုဏ်းဘက်မှလူများက အလွန်များလှပြီး လူပင်လယ်ကြီးကဲ့သို့ပင် ဖြစ်နေကာ ဝိုင်းပတ်တိုက်ခိုက်နေစဉ် သူတို့ဝိုင်းပတ်ခြင်းကိုခံထားရသော ကုအန်ကတော့ အေးဆေးလမ်းလျှောက်နေရင်း ဓားကိုလွှဲ၍ တိုက်ခိုက်နေခဲ့၏။ သူ့ဓားတစ်ချက်လွှဲလိုက်တိုင်းလည်း များပြားလှသော ကျင့်ကြံသူများ သေဆုံးကုန်ကြသည်။

သူ့ခွန်အားက မဟာအေးစက်မိစ္ဆာဂိုဏ်းကသူများကို ကြောက်လန့်သွားစေခဲ့၏။

“မကောင်းတော့ဘူး ငါတို့ကသူ့ပြိုင်ဘက်မဟုတ်ဘူး!”

“သေစမ်း သူကဒါကိုတမင်လုပ်နေတာပဲ ဘာနတ်သိုင်းမှမသုံးဘဲ ငါတို့ကိုတမင်သက်သက်ဓားချီပဲသုံးပြီး သတ်နေတာ…”

“လျူထျန်းကြယ်အမတဖမ်း၀င်္ကပါတောင် သူ့ကြောင့်ပျက်ဆီးသွားတာ ငါတို့မှာဘယ်လိုလုပ် နိုင်ဖို့အခွင့်အရေးရှိတော့မှာလဲ”

“ဂရုစိုက်ကြ သူ့ဓားကဒီလမ်းအတိုင်းလာနေပြီ!”

“ဆုတ်ကြ! အမြန်ဆုတ်ကြ!”

ကမ္ဘာကြီးတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေကြပြီး ကုအန်ဓားက သူတို့အသက်ကိုသာမက စိတ်ဓာတ်ကိုလည်း သတ်ဖြတ်ပစ်ခဲ့သည်။

အသက်နှုတ်အမတလည်း ကုအန်နားမကပ်ရဲဘဲ အဝေးမှသာ အဝေးမှသုံးရသောနတ်သိုင်းများသုံး၍ တိုက်ခိုက်နေခဲ့၏။ သူနတ်သိုင်းတစ်ခုသုံးလိုက်ရာ ဧရာမလက်ကြီးတစ်ဖက်ကုအန်ပေါ်ကျသွားသော်လည်း ကုအန်ကိုယ်ကိုထိသည်နှင့် ထိုလက်ကြီးက ပြိုကွဲသွားခဲ့၏။

ကုအန် သာမန်အတိုင်းသာ အနက်ရောင်မြူများပေါ်လမ်းလျှောက်ရင်း ဓားကိုလွှဲယမ်းနေပြီး မည်သည့်ဓားသိုင်းကိုမှပင်သုံးမနေခဲ့ပေ။

မဟာအေးစက်မိစ္ဆာဂိုဏ်းမှလူများ လျူဟွမ်ကြယ်အမတဖမ်း၀င်္ကပါကိုတည်ဆောက်ဖို့ ကြိုးစားလိုက်တိုင်းလည်း ကုအန် ဓားချီ၏ဖျက်ဆီးခြင်းကိုသာ ခံလိုက်ကြရသည်။

ကုအန်သူ့ရှေ့တွင်ပေါ်လာသော အသိပေးချက်များကို ကြည့်နေရင်း စိတ်ရှုပ်ထွေးမလာစေရန် သူသည် သတ်ချင်၍သတ်နေခြင်းမဟုတ်ဘဲ တရားမျှတမှုအတွက်သတ်နေခြင်းဟူသော ခံစားချက်ကိုသာ နှလုံးသွင်းထားလိုက်၏။

ရုတ်တရက်!

ကုအန်ရပ်တန့်လိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံးလည်း သူနှင့် လီတစ်ရာပတ်ပတ်လည်ရောက်အောင် အကွာအဝေးထားလိုက်ကြကာ ရပ်တန့်သွားပြီး ဘယ်သူမှ ရှေ့မတိုးရဲခဲ့ကြပေ။

မဟာအေးစက်မိစ္ဆာဂိုဏ်းမှကျင့်ကြံသူများအားလုံး တိတ်ဆိတ်နေခဲ့ပြီး ကုအန်ကိုသာ ကြောက်လန့်‌ေနဟန်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

အသက်နှုတ်အမတအံကြိတ်ကာ ပြောလိုက်၏။

“ဂိုဏ်းချုပ်မကြာခင်ရောက်လာတော့မှာ အားလုံးပဲ မကြောက်ကြနဲ့!”

သူ့အသံက မဟာအေးစက်မိစ္ဆာဂိုဏ်းကလူတိုင်းနားထဲ ပဲ့တင်ထပ်သွားသော်လည်း ထိုစကားလုံးများက သူတို့စိတ်ဓာတ်ကိုမြှင့်တင်မပေးနိုင်ခဲ့ပေ။

“မကြောက်နဲ့ တဲ့လား”

ကုအန်၏ ထေ့ငေါ့နေသောအသံကြီးထွက်ပေါ်လာခဲ့ပြီး သူ့ပြောပုံက ကမ္ဘာ့အကြီးဆုံးဟာသကြီးကို ကြားလိုက်ရသလိုပင်။

အသက်နှုတ်အမတမပြောနိုင်ခင်တွင် ကုအန် နေရာမှပျောက်ကွယ်သွားခဲ့ပြီး မဟာအေးစက်မိစ္ဆာဂိုဏ်းမှကျင့်ကြံသူများ ကြောက်လန့်သွားခဲ့ကြသည်။

“အဲ့ဒီအပေါ်မှာ…”

စိတ်ပျက်အားငယ်မှုများဖြင့်ပြည့်နေသော အသံတစ်သံထွက်ပေါ်လာခဲ့၏။

မရေတွက်နိုင်သော မိစ္ဆာများ ကျင့်ကြံသူများ မော့ကြည့်လိုက်ကြရာ အားလုံး အံ့အားသင့်ကုန်ကြသည်။

သူတို့မြင်လိုက်ရသည်မှာ သာမန်မျက်စိနှင့်ပင် တိုင်းတာ၍မရလောက်အောင်ကြီးသော ဧရာမပုံရိပ်ကြီးတစ်ခုဖြစ်ပြီး ထိုပုံရိပ်ကြီးက တိမ်တိုက်များပေါ်တွင် ရပ်နေကာ တိမ်တိုက်များပေါ်ရှိ သူ့အပေါ်ပိုင်းကိုသာ မြင်ရပုံမှာ ဆန်းကြယ်လှကာ ကျန်းတစ်သောင်းလောက်မြင့်သော မိစ္ဆာအရိပ်များကပင် သူ့ရှေ့တွင် သေးငယ်သွားခဲ့ကြပြီး ထိုပုံရိပ်က ကုအန်မှလွဲ၍ အခြားမဟုတ်ပေ။

ထိုအခိုက်တွင် ကျင့်ကြံသူများအားလုံးကို ဖိအားကြီးတစ်ခုက ဖိနှိပ်ထားပြီး သူတို့အားလုံးလှုပ်မရကြတော့ပေ။

အချို့ကြီးမြတ်သည့်ကျင့်ကြံသူများ အလိုလိုအောက်ငုံ့ကြည့်လိုက်မိကြချိန်တွင် အနက်ရောင်မြူထုများအောက်မှ ခရမ်းရောင်မီးတောက်နယ်မြေကြီးတစ်ခုက သူတို့ဆီ တိုး၀င်လာနေသည်ကို တွေ့လိုက်ရ၏။

အသက်နှုတ်အမတလည်း ငုံ့ကြည့်လိုက်မိပြီး သူ့အမူအရာချက်ချင်းပြောင်းလဲသွားခဲ့ရသည်။

ဘာကြီးလဲ မီးနယ်မြေကြီးလား!

မဟုတ်ပေ ထိုအရာက လက်ကြီးတစ်ဖက်ဆိုတာ မမှားနိုင်ပေ!

သူတို့အားလုံးကို ဖမ်းဆုပ်ပစ်ဖို့ လုံလောက်အောင်ကြီးသည့် လက်ကြီးတစ်ဖက်!

အဝေးရှိ လက်ကိုးချောင်းနတ်အရှင် ဒြပ်ငါးမျိုးခိုးယူသူနှင့် ကုန်းမြေတိုက်ကြီးကကျင့်ကြံသူများအားလုံး ကြက်သေသေနေခဲ့ကြသည်။

သမုဒ္ဒရာ၏အစွန်အဖျားသို့ မြို့တစ်မြို့လျင်မြန်စွာ ချဉ်းကပ်လာခဲ့ပြီး ထိုမြို့မှာ ကမ္ဘာခြားနတ်မြို့တော်သာ ဖြစ်၏။

လီယ မြို့ထဲရှိ မျှော်စင်ထိပ်တွင်ရပ်နေရင်း မျက်လုံးများ ပြူးကျယ်ကာ တုန်ရီနေခဲ့သည်။ သူမြင်နေရသည်မှာ အဆုံးမဲ့အောင်ကျယ်ပြန့်သော အနက်ရောင်မြူထုကြီးအောက်မှ လက်ကြီးတစ်ဖက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုလက်ကြီး၏အရွယ်အစားအပြည့်အစုံကို သူ့မျက်လုံးနှင့်ပင် ပြည့်စုံအောင်မမြင်နိုင်ခဲ့ပေ။

ထိုမျှကြီးမားသော လက်ကြီးတည်ရှိနေမည်ဟု သူတစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ အကယ်၍ ကောင်းကင်နှင့်မြေပြင်တွင်သာ လက်ကြီးတစ်ဖက်ရှိနေပါက ထိုလက်ကြီးက ယခုလိုလက်ကြီးသာ ဖြစ်မှာ‌သေချာပေသည်။

အပိုင်း(၃၀၀)

သက်တမ်း သန်း၁၀၀သို့ ချိုးဖြတ်ခြင်း!

“ငါအိပ်မက်မက်နေတာမဟုတ်ဘူးမလား”

လီယခပ်တိုးတိုးရေရွတ်လိုက်ကာ ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်ကို မေးခွန်းထုတ်လိုက်သည်။

အမတစိစိတ်ဝိညာဉ်လည်း မျက်လုံးများပြူးကျယ်နေကာ မယုံကြည်နိုင်မှုကြောင့် ပါးစပ်များ ဟနေခဲ့၏။

သူတို့အမြင်မှကြည့်ပါက ဧရာမလက်ကြီးသည် သမုဒ္ဒရာကြီးလောက်ပင် ကြီးမားနေပြီး လက်ချောင်းများကိုမြင်ရ၍သာ လက်ဟုပြော‌နိုင်ခြင်းဖြစ်သည်။

ထိုအရာကြီးက ကုန်းမြေတိုက်ကြီးကိုကိုပင် အလွယ်တကူချေမွပစ်နိုင်သည်ဟု ခံစားနေရ၏။

ထိုစဉ် လီယ ဧရာမလက်ကြီးပေါ်က မိစ္ဆာချီကိုမှတ်မိသွားပြီး ရင်းနှီးသလိုခံစားလိုက်ရသည်။

နေဦး!

အဲ့တာက မူလဘိုးဘေးရဲ့လက်ကြီးမလား!

ထိုအခိုက်တွင် သူ့ကိုယ်ထဲမှသွေးများဆူပွက်လာသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားလာခဲ့၏။

တစ်ချိန်တည်းမှာပင်

ကုန်းမြေတိုက်ကြီးရှိသက်ရှိများအားလုံးလည်း ထိုပုံရိပ်ကြီးကိုမြင်နေကြရပြီး သူ့ကြီးမားမှုကြောင့် လမ်းတစ်လျှောက်ရှိတိမ်များ တောင်တန်းများက ကွယ်မနေတော့ကာ သူတို့စိတ်ကူးယဉ်မှုကိုကျော်လွန်နေသော ပုံရိပ်ကြီးကို မြင်နေခဲ့ကြရသည်။

တတိယတောင်ကြားရှိတပည့်ထောင်ချီ ပါးစပ်များပွင့်အာနေကာ ပုံရိပ်ကြီးကို မော့ကြည့်မိနေခဲ့ကြ၏။

ကျိရှောင်ယုလည်း အိမ်ထဲမှထွက်လာခဲ့ပြီး ကုအန် ပုံရိပ်ကြီးကိုမြင်သောအခါ ကြက်သေသေသွားခဲ့သည်။

“အဲ့တာဘာကြီးလဲ”

“အဲ့တာဆရာသခင်ဓားအရှင်ပဲ သူ့ပုံရိပ်ကြီးဟ!”

“တကယ်ကြီးလား ဘာလို့အဲ့လောက်ကြီးကြီးနိုင်နေရတာလဲ အဲ့တာကပုံရိပ်ယောင်လား”

“ငါသိနေခဲ့တယ် ဆရာသခင်ဓားအရှင်ကငါတို့ကိုဘယ်တော့မှ ပစ်ပယ်ထားမှာမဟုတ်ဘူးကွ”

အောင်ပွဲခံသံများ ကုန်းမြေတိုက်ကြီးတစ်ခွင်ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး ထိုမိစ္ဆာအရိပ်နတ်သိုင်း၏ပုံရိပ်ကြီးကကြောက်စရာကောင်းသော်လည်း ထိုသည်က ဆရာသခင်ဓားအရှင်၏ပုံရိပ်ဖြစ်နေလေရာ လူတိုင်းစိတ်ဓာတ်များ တက်ကြွကုန်ကြတော့သည်။

ဆရာသခင်ဓားအရှင်၏ လမ်းမှန်လမ်းစဉ်အပေါ် မည်မျှတန်ဖိုးထားသည်ဟူသော ဂုဏ်သတင်းကလည်းရှိနေပြီး သူသတ်ခဲ့သောသူများထဲတွင် မကောင်းဆိုးဝါးမဟုတ်တာ တစ်ယောက်မှရှိမနေခဲ့ပေ။

အကယ်၍ဂိုဏ်းများကြားက သာမန်ပြိုင်ဆိုင်မှုများလောက်ဆိုရင်တော့ ဆရာသခင်ဓားအရှင်ကဘယ်တော့မှဝင်မပါခဲ့ပေ။ အကယ်၍ သူသာ၀င်ပါခဲ့လျှင်လည်း အဓိပတိဂိုဏ်းက မိုးအောက်မြေပြင်တွင်ထိပ်ဆုံးကဂိုဏ်းဖြစ်နေလောက်ချေပြီ။

ထို့ကြောင့်လည်း ဂိုဏ်းတိုင်းကဆရာသခင်ဓားအရှင်ကိုလေးစားကြခြင်းဖြစ်ပြီး သူ့ကို အဓိပတိဂိုဏ်း၏ကံကောင်းခြင်းဟု မှတ်ယူထားကြသည်။ အဓိပတိဂိုဏ်းနှင့်ရင်ဆိုင်ရာတွင် သူတို့ဆရာသခင်ဓားအရှင်ကို သတိထားကြရသော်လည်း သူတို့မကောင်းဆိုးဝါးဆန်သောလုပ်ရပ်များမလုပ်သေးသ‌ေရွ့တော့ ဆရာသခင်ဓားအရှင် သူတို့ကိုအန္တရာယ်ပေးမှာကို ဘယ်သူမှစိတ်မပူကြပေ။

ထိုအချိန်တွင် ကုန်းမြေတိုက်ကြီးတွင်နေထိုင်ရန် ရွေးချယ်ခဲ့သောဂိုဏ်းတိုင်းက နွေဦးပွဲတော်စောရောက်လာသလိုကို စည်စည်ကားကားအောင်ပွဲခံနေခဲ့ကြသည်။

ကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းများ အောင်ပွဲခံနေကြချိန်တွင် မဟာအေးစက်မိစ္ဆာဂိုဏ်းကတော့ စိတ်ပျက်အားငယ်နေခဲ့ကြ၏။

ကုအန်၏ လက်ချောင်းကြီးများဖြည်းဖြည်းချင်းတက်လာပုံက ရှေးဟောင်းဧရာမတောင်ထိပ်ကြီးများ ကျဆင်းလာပုံနှင့်တူနေပြီး အမတလမ်းစဉ်အဆင့်များပင် အံ့အားတကြီးငေးကြည့်နေခဲ့မိကြသည်။

အသက်နှုတ်အမတလင်းရှီသုံး၍ ကြိုးစားရုန်းကန်နေသော်လည်း တစ်လက်မမှ လှုပ်မရခဲ့ဘဲ သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်လို ခံစားနေခဲ့ရ၏။

အချိန်မည်မျှကြာမြင့်ခဲ့ပါပြီနည်း။

သူနိဗာနအဆင့်သို့ရောက်ချိန်မှစပြီး အပူအပင်မဲ့ကမ္ဘာဦးအမတဖြစ်လာချိန်အထိ အခုလိုတစ်ခါမှ အရှက်မရခဲ့ဖူးပေ။

အခြားအပူအပင်မဲ့ကမ္ဘာဦးအမတများလည်း သူ့လိုသာ ခံစားနေကြရခြင်းဖြစ်ပြီး ဘယ်လောက်ကြိုးစားရုန်းရုန်း သူတို့နားလည်နိုင်စွမ်းအထက်တွင်ရှိနေသော အရာမှ ဘယ်လိုမှမလွတ်မြောက်ခဲ့ကြပေ။

သူတို့တောင်ထိုမျှ အကျိုးသက်ရောက်ခံနေရလျှင် အခြားကျင့်ကြံသူများအတွက်တော့ ပြောနေစရာပင်မလိုတော့ပေ။

ဤလက်ကြီးက သန်းချီသော မဟာအေးစက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ မိစ္ဆာများကို ဖမ်းချုပ်လိုက်လေသည်။ မဟာအေးစက်မိစ္ဆာဂိုဏ်းမှ စစ်ကူရောက်လာသော ကျင့်ကြံသူများလည်း ထိုဧရာမလက်ကြီးကိုမြင်သောအခါ အမိန့်များ နောက်ဆက်တွဲအကျိုးဆက်များကို ဂရုမစိုက်တော့ဘဲ ခြေဦးတည့်ရာ ထွက်ပြေးကြလေတော့သည်။

ကုအန်သူ့လက်ထဲရှိ မဟာအေးစက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ မိစ္ဆာများကို ငုံ့ကြည့်လိုက်၏။

သူလည်းတွန့်ဆုတ်နေခဲ့မိသည်။

အများကြီးသတ်ဖြတ်ခြင်းက သူ့အသိစိတ်ကို ၀န်ပိသွားစေနိုင်ပြီး သူ့ဆီသို့ပြဿနာကြီးများလည်း သယ်ဆောင်လာနိုင်ပေသည်။

သို့သော်လည်း ပိုင်ဟုန်သတ်ဖြတ်ခဲ့သော မရေတွက်နိုင်သောအသက်များအကြောင်း ပြန်တွေးမိသောအခါ သူ့နှလုံးသားမာကျောသွားခဲ့၏။

ထိုမျှဆိုးယုတ်သောဂိုဏ်းမျိုးက သုတ်သင်ခံရမည်ဆိုလျှင်ပင် ခံရသင့်ပေသည်။ အကယ်၍ ထိုလုပ်ရပ်အတွက် ကောင်းကင်မှအပြစ်ပေးခံရမည်ဆိုလျှင်တော့ ကုအန် ကောင်းကင်၏ရပ်တည်ချက်ကို မေးခွန်းထုတ်ရတော့မည်သာ။

ကုအန် အတွေးများရှင်းလင်းသွားသောအခါ သူ့လက်ကြီးကို ညှစ်ချလိုက်လေသည်။

သူ့လက်ကြီးက ကြီးမားလွန်းသောကြောင့် တစ်ချက်ညှစ်လိုက်သည်နှင့် မုန်တိုင်းကြီးတစ်ခုတိုက်ခတ်သွားပြီး မိုးကုတ်စက်ဝိုင်းတွင် ပင်လယ်လှိုင်းကြီးများလည်း ဖြစ်ပေါ်သွားခဲ့၏။

လေပြင်းများတိုက်ခတ်သွားသောကြောင့် ကမ္ဘာခြားနတ်မြို့တော်၏ အကာအကွယ်၀င်္ကပါပင် အလိုလိုပွင့်သွားခဲ့သည်။

လီယ တုန်ရီနေသော အကာအကွယ်၀င်္ကပါထဲတွင်ရှိနေရင်း သူ့ဘေးကင်းရေးကိုပင် စိတ်မ၀င်စားနိုင်ဘဲ သူ့အကြည့်က အဝေးသို့သာရောက်နေကာ တုန်ရီနေခဲ့၏။

ထိုအားကောင်းလှသောလက်ကြီးညှစ်လိုက်သောမြင်ကွင်းက အတော်လေး ခမ်းနားလွန်းလှပေသည်။

အမတကျင့်ကြံခြင်းက ထိုအဆင့်သို့အမှန်တကယ်ရောက်နိုင်လောဟူ၍ပင် သူ့အံ့အားသင့်နေခဲ့မိ၏။

မူလဘိုးဘေးကြီးသည် ကျင့်ကြံရာမှ အမတဖြစ်သွားသော အမတမျိုးမဟုတ်ဘဲ တကယ့်အမတမျိုးလားဟူ၍ပင် သူသံသယဖြစ်သွားခဲ့သည်။

ကုအန်လက်ကြီးကိုညှစ်ချလိုက်သောအခါ ကောင်းကင်နှင့်မြေပြင်တစ်ခွင်တိတ်ဆိတ်သွားခဲ့ပြီး ကုန်းမြေတိုက်ကြီးနှင့်ပင်လယ်ကိုလွှမ်းမိုးထားသော ဖိအားကလည်း ပျောက်ကွယ်သွားခဲ့၏။

ကောင်းကင်ပေါ်ရှိမိုးကြိုးတိမ်တိုက်များလည်း ပျောက်ကွယ်သွားကာ ကောင်းကင်ကြီးက ပြန်လည်ကြည်လင်သွားခဲ့သည်။

[သင်သည် ပိလဲ့(အချုပ်အနှောင်မဲ့ အမတအဆင့်၇) ကိုသတ်ဖြတ်ပြီး သက်တမ်း ၁၂၂၈ ရရှိခဲ့ပါသည်]

[သင်သည် ချင်စုရှင်း(နိဗာနအဆင့် ၉)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၄၃၂နှစ်ရရှိခဲ့ပါသည်]

…….

စာတန်းများကုအန်ရှေ့ဆက်တိုက်ပေါ်လာခဲ့ပြီးသည့်နောက် သူပျောက်ကွယ်သွားခဲ့၏။ သူရှိနေခဲ့သော ကောင်းကင်ကြီးကိုကြည့်ကာ တည်ရှိမှုတိုင်း အံ့အားသင့်နေခဲ့ကြသည်။

ပင်လယ်ပြင်ကိုဖုံးလွှမ်းထားသော အနက်ရောင်မြူထုကလည်းပျောက်ကွယ်သွားပြီး ဤသည်က ကပ်ဘေး၏အဆုံးသတ်ဖြစ်မှန်း ထင်ရှားနေခဲ့၏။

လီယလည်း အသိပြန်၀င်သွားပြီး ကမ္ဘာခြားနတ်မြို့တော်ကို ကုန်းမြေတိုက်ကြီးဆီ အပြေးနှင်ခိုင်းလေတော့သည်။

အဝေးတွင် မိုးကြိုးတိမ်တိုက်များပေါ်၌ ကမ္ဘာခြားနတ်နယ်မြေသခင်ရပ်နေပြီး သူ့နောက်တွင်အဆုံးမဲ့သော ကမ္ဘာခြားနတ်အာဃာတတစ္ဆေများရှိနေကြပြီး အားလုံးက ကြောက်လန့်မှုကြောင့် သိသိသာသာတုန်ရီနေခဲ့ကြသည်။

အာဃာတတစ္ဆေများအဖြစ် အဆင့်နှိမ့်ခံထားကြရသော်လည်း သူတို့တွေ့ခဲ့ရသော တည်ရှိမှုကြီးဆီမှ အကြောက်တရားကို သူတို့ခံစားနေကြရဆဲပင်။

ထိုသို့သော တည်ရှိမှုမျိုးကို မည်သို့အနိုင်ယူ၍ရပါမည်နည်း။

သူတို့ကြောက်ရွံ့နေခဲ့ကြပြီး ကမ္ဘာခြားနတ်နယ်မြေသခင် သူတို့ကိုတိုက်ခိုက်လိုက်ဖို့ အမိန့်ပေးမှာကို ကြောက်လန့်နေခဲ့ကြ၏။

ကံကောင်းစွာဖြင့် ထိုကြောက်မက်ဖွယ်တည်ရှိမှုကြီးပျောက်ကွယ်သွားချိန်ထိ ကမ္ဘာ‌ခြားနတ်နယ်မြေသခင်က သူတို့ကို တိုက်ခိုက်ဖို့ အမိန့်မပေးခဲ့ပေ။

နယ်မြေသခင် နောက်လှည့်ကာပြောလိုက်သည်။

“ကမ္ဘာခြားနတ်နယ်မြေကို ပြန်ကြမယ်”

ကုအန်ခွန်အားက သူ့ကိုအားရကျေနပ်သွားစေခဲ့ပြီး သူ့ကိုယ်သူညဏ်ကြီးသူဟု ခံစားသွားရစေခဲ့သည်။

ကျန်းပုကူနှင့် ကံကြမ္မာချင်းချိတ်ဆက်ခဲ့ခြင်းမှာ သူ့ရွှေကွက်ကောင်းတစ်ခုသာ ဖြစ်သွားခဲ့၏။

ပြန်သွားနေရင်း သူ့စိတ်ထဲ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု သန်းလာခဲ့လေသည်။

…..

ကုအန်ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်လာခဲ့ပြီး သဘာ၀ဂူ၈လုံးထဲတွင် ကျန်းချောင် အနားမယူနိုင်ဖြစ်နေသည်ကို ခံစားလိုက်ရပြီး သူမခြေလှမ်းများက ရှုပ်ထွေးနေခဲ့သည်။ ကုအန်ချက်ချင်းပင် သဘာ၀ဂူ၈လုံးဆီ ဦးတည်ထွက်လာခဲ့၏။

ကုအန် ဂူလမ်းကြောင်းဆီရောက်သောအခါ ကျန်းချောင်ခြေလှမ်းများက ချက်ချင်းရပ်တန့်သွားခဲ့သည်။

ထိုစဉ် ကုအန်ရှေ့တွင် အသိပေးချက်များ ဆက်လက်ပေါ်နေခဲ့၏။

သူဂူအ၀င်ဝရှေ့သို့ မရောက်သေးခင်တွင် အသိပေးချက်နှစ်ခုက သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။

[ပထမဆုံးအကြိမ်သင်သည် သက်တမ်း သန်း၁၀၀ပြည့်သွားခဲ့ပြီး သက်တမ်းသံသရာလုပ်ဆောင်ချက်ကို ရရှိခဲ့ပါသည်]

[သက်တမ်းသံသရာ: နှစ်တစ်ရာကြာတိုင်း တစ်ခါအသုံးပြုနိုင်မည်ဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းဆင့်ကဲဖြစ်စဉ်သို့ ၀င်ရောက်နိုင်မည်ဖြစ်ကာ တစ်ခါသုံးတိုင်း သက်တမ်း၁၀သန်းကုန်ကြမည်ဖြစ်ပြီး ပြန်လည်‌ေမွးဖွားခြင်းဆင့်ကဲဖြစ်စဉ်တွင် တိုးတက်မှုပြောင်းလဲမှုများက လက်တွေ့လောကဆီသို့လည်း သက်ရောက်မှုရှိမည်ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်အတွင်း ရရှိခဲ့သောမှတ်ညဏ်များအားလုံးကို သင့်စိတ်ထဲလွှဲပြောင်းပေးမည်ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းဆင့်ကဲ‌ေပြာင်းလဲခြင်းဖြစ်စဥ် ကြာချိန်မှာ အကန့်အသတ်မဲ့ဖြစ်ပြီး သင့်ကမ္မရွေးချယ်မှုများအပေါ် မူတည်ပါသည်။ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်မှ မှတ်ညဏ်များနှင့် လက်တွေ့လောကအသိစိတ်‌ပေါင်းစည်းရန် အချိန် ၁နာရီသာ ကြာမြင့်ပါမည်]

[သင်သည် ကျူချန်းမင်(မဟာယနအဆင့် ၉)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၄၈၇ နှစ်ရရှိခဲ့ပါသည်]

….

သက်တမ်းသံသရာ!

သက်တမ်း ၁၀သန်းကိုမြင်သောအခါ ထိုအရာကဈေးကြီးသည်ဟု ခံစားလိုက်ရသည်။

သို့သော် ရှင်းလင်းချက်ကိုမြင်သောအခါ ထိုမျှဈေးက သိပ်တော့မဆိုးလှပေ။

အကယ်၍ ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်အတွင်း သူသာ လုံလောက်အောင်အသက်ရှင်နိုင်ခဲ့ပါက ထိုဘ၀တစ်သက်တာတွင် ရရှိသော တာအိုမှော်ပညာများ၊နတ်သိုင်းများနှင့် တာအိုအောင်မြင်မှုများက သက်တမ်း ၁၀သန်းမက တန်နိုင်ပေသည်။

ဒါပေါ့ သူသက်တမ်း ၁၀၀ပြည့်အောင်တောင် မရှင်သန်နိုင်ခဲ့ဘဲ သက်တမ်း ၁၀သန်းဆုံးသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်သည်။

ဤအရာက ကြီးမားသော လောင်းကစားကြီးတစ်ခုပင်!

ကုအန်တွေးနေစဉ် ကျန်းချောင်အသံထွက်ပေါ်လာခဲ့၏။

“နင်ဘာလို့အဲ့မှာရပ်နေတာလဲ ၀င်လာခဲ့”

ထိုစကားကြောင့်ကုအန်လည်း ရှေ့သို့ ဆက်သွားခဲ့လိုက်သည်။

သက်တမ်းရိတ်သိမ်းသည့် အသိပေးချက်များကတော့ သူ့ရှေ့တွင်ဆက်လက်ပေါ်လာနေဆဲသာ။

သူအစက အဆင့်မြင့်ဆေးပင်များသုံး၍ သက်တမ်းသန်း၁၀၀သို့တက်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း အချို့လူများက ကံကောင်းခြင်းကိုမလိုချင်ကြဘဲ ကိုယ့်ကိုကိုယ်သေခြင်းတရားဆီ အတင်းတွန်းပို့နေခဲ့ကြသည်။

မိမိကိုယ်ကိုယ်အထင်ကြီးကာ ရမ်းကားလိုသူများကို ကောင်းကင်ကအပြစ်မပေးလျှင် သူကအပြစ်ပေးမည်ဖြစ်သည်။

…..

ကုအန်နွယ်စိမ်းပင်အခြေသို့ရောက်သောအခါ သူအော်မရယ်ဘဲမနေနိုင်ခဲ့ပေ။

ကျန်းချောင်သည် တွင်းတစ်တွင်းတူးထားပြီး ထိုထဲတွင် အခေါင်းတစ်လုံးထည့်ထားခဲ့၏။

ထိုအရာသည် ဘာဖြစ်ပါသနည်း။ သူမသည် ကိုယ့်ကိုကိုယ်မြေမြှုပ်ပစ်ဖို့ စီစဉ်နေခြင်းလော။

ကျန်းချောင်း အခေါင်းကိုလက်ညှိုးထိုးကာ ပြောလိုက်သည်။

“အထဲမှာ ငါနဲ့အတူ၀င်လှဲ ဒါနဲ့ဆိုငါတို့ကပ်ဘေးက လွတ်မြောက်ရင် လွတ်မြောက်နိုင်လိမ့်မယ်”

ကုအန်တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။

“အဲ့တာက တကယ်ကြီးလိုအပ်လို့လား”

ကျန်းချောင်သူ့ကိုမျက်‌စောင်းထိုးလိုက်ကာ အမြန်အခေါင်းထဲတွန့်းပို့လိုက်လေသည်။ ကုအန် မူလတာအိုစွမ်းအင်ကို ဖိနှိပ်ထား၍သာ တော်သေးသည်။ မဟုတ်လျှင် ကျန်းချောင်‌သေနေမည်ဖြစ်သည်။

ကုအန် ရွေးစရာမရှိတော့ဘဲ အခေါင်းထဲ၀င်လိုက်ရပြီး ကျန်းချောင်လည်း သူ့နောက်မှလိုက်၀င်လာကာ သူ့ကိုအတင်းဆွဲလှဲခိုင်းလိုက်၏။ အခေါင်းထဲလှဲနေရင်း သူမလက်ကိုဝေ့ယမ်းလိုက်ရာ အခေါင်းအဖုံးက အုပ်သွားပြီး အမှောင်ထုကသူတို့ကိုဖုံးလွှမ်းသွားခဲ့လေသည်။

အပြင်မှကြည့်လျှင် အခေါင်းသည် မြေကြီးထဲလျင်မြန်စွာ နစ်မြုပ်သွားသည်ကိုမြင်နိုင်ပြီး မကြာခင်တွင် အမြင်အာရုံမှ ပျောက်ဆုံးသွားခဲ့၏။

အခေါင်း၏ ကျဉ်းမြောင်းလှသော နေရာလွတ်ထဲတွင် ကုအန်နှင့်ကျန်းချောင်တို့ ပြွတ်သိပ်ကြပ်နေခဲ့ကြသည်။

ထိုအခိုက်တွင် ကုအန်နှလုံးသားက ငြိမ်းအေးနေခဲ့၏။

လူပေါင်းများစွာကို သတ်ဖြတ်ခြင်းသည် အားလုံးကမိစ္ဆာတွေဆိုလျှင်တောင် ချက်ချင်းစိတ်အေးချမ်းသွားအောင်လုပ်ဖို့ မလွယ်လှပေ။ သူ့စိတ်သူပြန်ထိန်းညှိဖို့ အချိန်လိုအပ်သေးသည်။

ယခုအခါတွင် အမှောင်ထုထဲတွင် လှဲလျောင်းနေရင်း သူစိတ်အခြေအနေက တည်ငြိမ်နေခဲ့၏။

ကျန်းချောင်ခန္ဓာကိုယ်စတင်လှုပ်ရှားလာပြီး သူမလက်မောင်း၏ ပျော့ပျောင်း‌နေမှုကိုခံစားနေရကာ သူမလည်း ကြပ်သိပ်နေခြင်းကို ခံစားနေရတာ သေချာလှကာ ကုအန်ကိုအတင်းဖိတွန်းနေခဲ့သည်။

ကုအန်မမေးဘဲ မနေနိုင်တော့ပေ။

“တကယ်လို့ ကပ်ဘေးမလာသေးရင် ကျွန်တော်တို့က ဘယ်အချိန်ထိအခုလို‌ေနရဉီးမှာလဲ”

ကျန်းချောင်နှင့်အတူ အခေါင်းထဲ ကြပ်သိပ်နေရခြင်းကိုရယ်စရာကောင်းသည်ဟု သူခံစားနေရပြီး ထိုအရာက သူ့အတွက်အတွေ့အကြုံအသစ်အဆန်းတစ်ခုပင်။

“ဆယ်စုနှစ်အနည်းငယ်လောက်ပေါ့ အနည်းဆုံးတော့ အသက်နှုတ်အမတပြောတဲ့ နှစ်၁၀၀မရောက်မချင်း ငါတို့ ထွက်သွားလို့မရဘူး”

“အဲ့လောက်တောင်ကြာမှာလား မဖြစ်ဘူး ကျွန်တော်ပြန်သွားရမယ် တောင်ကြားကကျွန်တော့်တပည့်တွေကို စွန့်ပစ်လိုက်လို့ မရဘူး”

“ဟမ့် အဲ့ဒီအကြောင်းစဉ်းတောင်မစဉ်းစားနဲ့ အခုနင်ဒီမှာ လှဲနေပြီးပြီ ထွက်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့”

သူမစကားလုံးများ ထွက်ပေါ်လာပြီးနောက် ကုအန်သူ့ဘယ်လက်ကို သူမလက်ဖြင့် ဆုပ်ကိုင်ထားလိုက်ခြင်းကို ခံစားလိုက်ရသည်။

သူမလက်များက အေးစက်နေပြီး အလောင်းကောင်တစ်ကောင်လိုပင်။

ကုအန် ရုန်းဖို့ကြိုးစားလိုက်သော်လည်း သူမကအတင်းဆုပ်ကိုင်ထားခဲ့၏။

သက်တမ်းအသိပေးချက်များ ကုန်သွားမှသာ ကုအန်ပုံမှန်အသိစိတ်ပြန်၀င်သွားခဲ့သည်။ သူ့စနစ်ကိုတော့ နောက်မှဖွင့်ပြီး ပျော်ရွှင်မှုကိုသက်တောင့်သက်သာလေးခံစားမည်ဟု ဆုံးဖြတ်ထားလိုက်၏။

သူပြောလိုက်သည်။

“ဒီလိုကြီးကြပ်သိပ်နေတာ နည်းနည်းတော့ သက်တောင့်သက်သာမဖြစ်ဘူးလို့ မထင်ဘူးလား ဒီလိုကြီးဆယ်စုနှစ်နည်းနည်းလောက် ကြပ်သိပ်နေရင် ကျွန်တော်သေတောင်သေသွားနိုင်တယ်”

ကျန်းချောင်းဘာမှမပြောဘဲ သူမခန္ဓာကိုယ်ကိုသာ နေရာပြောင်းလိုက်လေသည်။

ကုအန်ချက်ချင်း တောင့်တင်းသွားခဲ့၏။

ကျန်းချောင်နေရာပြောင်းကာ သူ့အပေါ်လှဲလျောင်းလိုက်ခြင်းဖြစ်ပြီး သူတို့မျက်နှာများက နီးကပ်နေခဲ့ကြသည်။

အမှောင်ထုထဲတွင် ကုအန် ကျန်းချောင်၏အသက်ရှူသံ အနည်းငယ်တောက်လောင်လာသည်ကို ခံစားမိခဲ့ပြီး ထိုအရာကအနည်းငယ်သာဖြစ်သော်လည်း သူ့အာရုံကမလွတ်ခဲ့ပေ။

ရုတ်တရက် ကျန်းချောင်းမျက်နှာက ကုအန်ရင်ဘတ်ပေါ်အပ်သွားပြီး သူမခြေထောက်များထဲမှ တစ်ချောင်းက သူ့ခြေထောက်ကိုပွတ်သပ်နေသည်ကို ခံစားလိုက်ရ၏။

ဆိုးတာပဲ!

အခြေအနေတွေလွန်ကုန်တော့မယ်!

ကုအန် လုပ်ချောင်းတစ်ချက်ဟမ့်လိုက်ကာ

“ကျန်းချောင်ကိုယ်က ဘာလို့အရမ်းလေးနေတာလဲ”

ကျန်းချောင်အသက်ရှူသံ ရုတ်တရက်ပြောင်းသွားပြီး ကုအန် သူ့ခါးပေါ်လက်တစ်ဖက်ရောက်လာကာ လက်ချောင်းများက သူ့ဗိုက်သားကို ဆွဲဆိတ်လိုက်သည်ကို ခံစားလိုက်ရလေသည်။

All Chapters