← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 24 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 24 Ch. 305-306

အပိုင်း(၃၀၅)

တိုက်ခိုက်လိုစိတ် ကုအန်၏ရန်လိုမှု

စာတန်းကိုမြင်သောအခါ ကုအန် တွန့်ဆုတ်သွားမိသည်။

အရင်ကလိုဆိုရင်တော့ သူထိုတတိယမောင်းမ၏ ရာဇ၀တ်မှုကိုဖော်ထုတ်ပစ်မှာသေချာသော်လည်း ချူလု၏ တိုတောင်းသောဘ၀လေးက သူ့စိတ်အပေါ်အရိပ်မည်းကြီးလို လွှမ်းမိုးနေခဲ့၏။

သက်တမ်းသံသရာသည် ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး မူလသူ့ခန္ဓာကိုယ်အပေါ်သက်ရောက်မှုရှိမည်မဟုတ်သော်လည်း သူကစားနေသည်က သက်တမ်း ၁၀သန်းနှင့် ဖြစ်နေခဲ့သည်။

ထို့အပြင် စာတန်းကအကြမ်းဖျင်းဆန်လှပြီး သူထိုတတိယမောင်းမ၏ နောက်ခံရော အခြေအနေကိုရောပါ သေချာမသိရပေ။ အကယ်၍ ထိုတတိယမောင်းမကိုဖော်ထုတ်လိုက်ခြင်းက ကပ်ဘေးကြီးတစ်ခုကိုခေါ်လိုက်သလို ဖြစ်သွားလျှင် မည်သို့လုပ်မည်နည်း။

မေ့လိုက်တော့ အခုတော့ သည်းခံလိုက်သင့်တယ်!

ထိုအရာကဆိုးရွားနေလျှင်တောင် ထိုမကောင်းကြံမှုကို သူကိုယ်တိုင်တွေ့ကြုံခံစားနေရခြင်းမျိုးလည်း မဟုတ်ပေ။

[သင်သည် အဆိပ်ခတ်ခံရမှုကို မဖော်ထုတ်ခဲ့ခြင်းဖြင့် ရှောင်စံအိမ်အတွင်းရှိ ကသောင်းကနင်းဖြစ်နေမှုကို ဖြေရှင်းလုိက်သည်။

[အသက်၈နှစ်တွင် သင်သည်ဓားပညာစတင်လေ့ကျင့်ခဲ့ပြီး စိတ်ဝိညာဉ်မြက်ပင်တစ်ပင်ကို မတော်တဆဖြတ်မိသွားသောကြောင့် သက်တမ်း ၈ နှစ်ရိတ်သိမ်းသွားနိုင်ခဲ့ကာ သင့်အမတလမ်းစဉ်သည် အလှည့်အပြောင်းဖြစ်သွားခဲ့သည်]

[အသက် ၁၂နှစ်တွင် သက်တမ်းစုဆောင်းခြင်းစွမ်းရည်ကြောင့် သင့်ကျင့်ကြံခြင်းက ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရှိသွားခဲ့သည်]

[အသက် ၁၇တွင် မဟာမင်မင်းဆက်သည် မင်းဆက်သုံးခု၏ကျူးကျော်ခြင်းကိုခံလိုက်ရပြီး မင်းဆက်ပျက်သုန်းသွားကာ သင်သည်ရှောင်မိသားစုနှင့်အတူ တောင်ဘက်နယ်စပ်သို့ လိုက်သွားရင်း လမ်းတစ်လျှောက်လုံးတွင် ကြမ်းတမ်းသောတိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရပြီး သင့်ကျင့်ကြံခြင်းက လျင်မြန်စွာတိုးမြင့်လာခဲ့သည်]

[အသက်၁၈တွင် ထွက်ပြေးနေစဉ်အတွင်း အပြင်းအထန်ဒဏ်ရာရနေသော ကျင့်ကြံသူ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပြီး သူတို့တစ်ယောက်ချင်းစီက သူ့ကိုကယ်၍ အခြားသူကိုသတ်ပစ်ရန် ပြောနေခဲ့ကြသောကြောင့် သင်တွန့်ဆုတ်သွားခဲ့သည်]

[သင်ယောင်္ကျားကိုကယ်ပြီး မိန်းမကိုသတ်မှာလား သို့မဟုတ် မိန်းမကိုကယ်ပြီး ယောင်္ကျားကိုသတ်မှာလား]

ကယ်လည်းမကယ်ဘူး သတ်လည်းမသတ်ဘူး!

ကုအန် တွန့်ဆုတ်မနေဘဲ ရွေးချယ်မှုလုပ်လိုက်လေသည်။

[သင်သည်မလှုပ်ရှားခဲ့ဘဲ သူတို့နှစ်ယောက်သေသည်ကိုသာ စောင့်ကြည့်နေခဲ့ပြီး သူတို့သေပြီးနောက် သူတို့သိုလှောင်အိတ်များကို ယူခဲ့သည်]

ထိုစာတန်းကိုမြင်သောအခါ ကုအန် အကျယ်ကြီးအော်ဆဲချင်မိသွားခဲ့သည်။

ဘာလို့အရမ်းစိတ်လိုက်မာန်ပါလုပ်လိုက်တာလဲဟ!

နောက်နှစ်များသည် များစွာသော ထွက်ပြေးခြင်းများ တ်ုက်ပွဲများနှင့်သာ ပြည့်နှက်နေခဲ့၏။

[အသက် ၂၇အရွယ်တွင် မဟာတယန်ဂိုဏ်းမှ မဟာယနအဆင့်အကြီးအကဲတစ်ယောက်က သင့်ဆိီတွင် သူ့မျိုးဆက်များ၏ သိုလှောင်အိတ်ရှိ‌ေန‌ေသာ‌ေကြာင့် သင်သူ့မျိုးဆက်များကိုသတ်သည်ဟု သံသယရှိခဲ့ပြီး သင်ငြင်းဆန်ခဲ့သော်လည်း သူကတော့သတ်ရန်သာ ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သင်တို့နှစ်ယောက်လုံး ဒဏ်ရာအကြီးအကျယ်ရသွားကြကာ သင်သည် မိသားစုနှင့် ကွဲကွာသွားခဲ့သည်]

အသက်၂၇နှစ်အရွယ်မှာ မဟာယနအဆင့်နဲ့ တိုက်ခိုက်တာ!

ဒီရှောင်ရှန်းထျန်က ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ!

ကြည့်ရသည်မှာ သူ့လမ်းကအတော်လေးကြမ်းခဲ့ပုံပင်။

ကုအန်သည် ယေဘုယျဖော်ပြချက်များကိုသာ ဖတ်ရခြင်းဖြစ်သောကြောင့် သူ့လမ်းတွင် လူဘယ်နှစ်ယောက်သတ်ခဲ့ပြီးပြီလဲဆိုတာမျိုးကို မသိနုိင်ခဲ့ပေ။

[အသက် ၃၀အရွယ်တွင် သင်သည် ကျင့်ကြံခြင်း၌ အာရုံစိုက်ရန် လျူချင်းဂိုဏ်းသို့ ၀င်ခဲ့ပါသည်]

[အသက် ၄၅နှစ်တွင် ရှောင်မိသားစုသုတ်သင်ခံခဲ့ရပြီး ထိုအရာကြောင့် သင်အတော်လေး ဒေါသထွက်သွားခဲ့ကာ ရန်သူဘယ်သူလဲဆိုတာ စတင်စုံစမ်းခဲ့သည်]

[အသက်၅၀တွင် ငါးနှစ်ကြာစုံစမ်းပြီးနောက် ရှောင်မိသားစုကိုသတ်ဖြတ်သွားသောအင်အားစုမှာ အရှေ့ပိုင်းနက်နဲခြင်းနယ်မြေမှ လီမိသားစုဆိုတာ သိရှိသွားခဲ့ကာ လျူချင်းဂိုဏ်းမှထွက်လာပြီး အရှေ့ပိုင်းနက်နဲခြင်းနယ်မြေသို့ ထွက်ခွာလာခဲ့သည်]

အရှေ့ပိုင်းနက်နဲခြင်းနယ်မြေကိုတွေ့လိုက်ရသောအခါ ကုအန်တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရ၏။

အဘယ်ကြောင့် ဘယ်နေရာသွားသွား သူ့မိသားစုက ဖျက်ဆီးခံနေရပါသနည်း။

ပြောရလျှင် ဤဘ၀တွင်လည်း ကုအန်၌ မိသားစုဆွေမျိုးမရှိခဲ့ဘဲ ကျိမိသားစုတွင်သာ ကြီးပြင်းလာရသူ ဖြစ်သည်။ ထိုအရာက ကံကြမ္မာပေလော။

[အသက် ၆၀တွင် သင်သည် အရှေ့ပိုင်းနက်နဲခြင်းသူဝောာ်စင်စံအိမ်၏ လျှို့ဝှက်နယ်မြေပြိုင်ပွဲတွင် ၀င်ပြိုင်ခဲ့ပြီး အရှေ့ပိုင်းနက်နဲခြင်းနယ်မြေ၏ ပါရမီရှင်များကို ကျော်ကာ ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားသော ပါရမီရှင်တစ်ယောက်ဖြစ်လာခဲ့သည်]

[အသက် ၇၀တွင် သင်သည် အရှေ့ပိုင်းနက်နဲခြင်းသူတော်စင်စံအိမ်တွင် ကောင်းကင်မြင့်မြတ်ခန္ဓာကိုကျင့်ကြံခဲ့ပြီး စံအိမ်သခင်၏ သဘောကျနှစ်သက်ခြင်းကိုခံရကာ သူ့အငယ်ဆုံးသမီးနှင့် လက်ထပ်ထိမ်းမြားပေးလိုခဲ့သည် လက်ခံပါမည်လား]

လက်မခံဘူး!

[သင်သည် စံအိမ်သခင်၏ စိတ်စေတနာကောင်းကိုငြင်းဆန်ခဲ့ပြီးနောက် သူသည်သင့်အား တပည့်တစ်ယောက်အဖြစ်ခေါ်ယူခဲ့သည် ထို့နောက် အရှေ့ပိုင်းနက်နဲခြင်းစံအိမ်မှ အရင်းအမြစ်များစွာကို ထောက်ပံ့ပေးခဲ့သည်]

ထိုစာကိုမြင်သောအခါ ကုအန်ပြုံးလိုက်မိ၏။

ဒါကမှဟုတ်သေးတယ်!

နောက်ပိုင်းဘ၀တွင် ရှောင်ရှန်းထျန်ဘ၀က ခန္ဓာ ကျင့်စဉ် နှင့်နတ်သိုင်းများ ကျင့်ကြံခြင်း၌သာ ကုန်ဆုံးနေပြီး ကုအန်၏ရွေးချယ်မှုများကလည်း အကန့်အသတ်ရှိသောကြောင့် အမျိုးအစတစ်မျိုးစီတွင် တစ်ခုတည်းကိုသာ အာရုံစိုက်နေခဲ့ရသည်။

အချိန်များလျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

[အသက် ၁၃၇နှစ်တွင် သင်သည်နယ်မြေငါးခု မြင့်မြတ်ပြိုင်ပွဲတွင်ပါ၀င်ခဲ့ပြီး လွှမ်းမိုးနိူင်လွန်းသော သင့်ပုံစံကြောင့် ခေတ်တစ်ခေတ်၏ အသန်မာဆုံးပါရမီရှင်ဖြစ်လာခဲ့ပြီး ကောင်းကင်မြင့်မြတ်ခန္ဓာအကြောင်း တစ်ကမ္ဘာလုံးပျံ့နှံ့သွားခဲ့သည်]

[အသက် ၁၃၈နှစ်တွင် သင့်တာ၀န်အချိန်အတွင် လီမိသားစု၀င်တစ်ယောက်နှင့် တွေ့ခဲ့ပြီး နက်ရှိုင်းလှသောအမုန်းတရားကြောင့် လီမိသားစုနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး၀င်ပါလာကာ သင့်ကို သတ်တော့မလိုဖြစ်သွားခဲ့သည် ကံကောင်းစွာဖြင့် သင်ဒဏ်ရာအပြင်းအထန်ရနေချိန်တွင် ဟန်ကျင်းပေါ့ ဟုခေါ်သော ကျင့်ကြံသူတစ်ယောက်က ကယ်တင်ပေးခဲ့သည်]

[အသက် ၁၃၉နှစ်တွင် သင့်ဒဏ်ရာများအပြည့်အ၀မသက်သာသေးချိန်တွင် လီမိသားစုက ထပ်မံတိုက်ခိုက်ခဲ့ပြန်သည် ဟန်ကျင်းပေါ့က သူ့ယွမ်အနှစ်သာရ အဆုံးခံပြီး သင်နှင့်သူကလေးများကို နတ်သိုင်းတစ်ခုသုံး၍ အချိန်နှင့်အာကာသဟင်းလင်းပြင်ထဲ ပစ်ထည့်ပစ်ထည့်ပေးခဲ့ရာ သင်တို့သည် အမှောင်ကုန်းမြေတိုက်ကြီးထဲ ကျရောက်သွားခဲ့သည်]

[အသက် ၁၄၀တွင် ဟန်ကျင်းပေါ့၏ သားသည် အမှောင်ကုန်းမြေတိုက်ကြီးမှ အမှောင်ထုစွမ်းအား၏တိုက်စားခြင်းကို တောင့်မခံနိုင်တော့ဘဲ သတ်ဖြတ်ခံလိုက်ရကာ သူ့ဝိညာဉ်က မသေဆုံးသောအ‌ေမှာင်ဝိညာဉ်တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး သင်သည် သူ့ညီမကိုခေါ်ကာ သူ့ကို လိုက်ရှာခဲ့သည်]

[အသက် ၁၄၂နှစ်တွင် သင်တို့နှစ်ယောက်လုံး အမှောင်ထုကုန်းမြေတိုက်ကြီးထဲမှ လွတ်မြောက်ရန်ကြိုးစားမှု ကျရှုံးသွားခဲ့ပြီး ဟန်ကျင်းပေါ့သမီးလည်း မသေဆုံးနိုင်သောအမှောင်ဝိညာဉ်အဖြစ်ပြောင်းလဲသွားခဲ့ရာ သင်ဒေါသထွက်သွားပြီး မသေဆုံးနိုင်သောအမှောင်ဝိညာဉ်များကို လိုက်လံသတ်ဖြတ်ခဲ့သည်]

[အသက် ၁၄၃နှစ်တွင် သင်သည် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်မှ အနက်ရောင်နက်နဲခြင်းဧကရာဇ်နှင့် တွေ့ဆုံခဲ့ပြီး သင့်ဝိညာဉ်ချုပ်ငြိမ်းသွားခဲ့သည်]

[ပြန်လည်မွေးဖွားခြင်း ပြီးဆုံးသွားပါပြီ]

ဘာလဲဟ!

သေစမ်း ထပ်ပြီး အနက်ရောင်နက်နဲခြင်းဧကရာဇ်ပဲလားဟ!

ဘာလို့သူက ဒီတစ်ခေါက် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ် အဆင့်ကိုရောက်နေတာလဲ!

ကုအန်မျက်လုံးများပြူးကျယ်သွားကာ သူ့ဒေါသကိုမထိန်းနိုင်တော့ပေ။

အကယ်၍ အနက်ရောင်နက်နဲခြင်းဧကရာဇ်မှာသာ သက်တမ်းရိတ်သိမ်းသောစနစ်ရှိလျှင် သူကုအန်ဆီမှ ရန်လိုမှုကို ခံစားမိမည်ဖြစ်သည်။

ထိုကောင်သည် သူ့ကို နှစ်ဘ၀လုံး သတ်ဖြတ်ခဲ့ရာ သူမည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ကုအန်ချက်ချင်း အခန်းထဲမှပျောက်ကွယ်သွား သမုဒ္ဒရာကြမ်းပြင်သို့ တည်နေရာခုန်ကူးသွားခဲ့ကာ သက်တမ်းအလွှာကို ဖွင့်လိုက်လေသည်။

ကျယ်ပြန့်လှသောမှတ်ညဏ်များက သူ့စိတ်ထဲ တိုး၀င်လာခဲ့ကြ၏။

တစ်နာရီခန့်ကြာသောအခါ

ကုအန်မျက်လုံးများပွင့်လာပြီး သူ့မျက်နှာတွင် စိတ်ရှုပ်ထွေးသော အမူအရာများ ရှိနေခဲ့သည်။

ရှောင်ရှန်းထျန်ဧ။်ဘ၀သည် ချူလုထက် ပိုအဆင်ပြေပြီး သူသည် များစွာသော ရန်ငြှိုးများ ကျေးဇူးတရားများကို ကြုံတွေ့ခဲ့ရပြီး ခေတ်တစ်ခေတ်၏အသန်မာဆုံးပါရမီရှင်ဟူသော ဘွဲ့ကိုလည်း ရရှိခဲ့ကာ လှပသောအမျိုးသမီးများစွာနှင့်လည်း ဆုံတွေ့ခဲ့ရသည်။

နောင်တရစရာကောင်းသည်မှာ နောက်ဆုံးတော့ သူသေခဲ့ရ၏။

မှတ်ညဏ်များထဲမှ ကုအန် အမှောင်ကုန်းမြေတိုက်ကြီး၏ ကြောက်စရာကောင်းပုံများကိုလည်း ‌ေတွ့ခဲ့ရပြီး ထိုနေရာသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးထက် ကြီးမားကာ ကောင်းကင်ပြင်ပကိုဖောက်ထွက်ရန်လည်းဘယ်လိုမှ မဖြစ်နိုင်သည့်အပြင် အမှောင်ထုအားဟုခေါ်‌သော စွမ်းအားတစ်မျိုးကလည်း သူ့ကိုယ်ကိုတစ်ချိန်လုံး ဝါးမြိုနေခဲ့သည်။

အကယ်၍ ကောင်းကင်မြင့်မြတ်ခန္ဓာတွင်သာလုံလောက်သောစွမ်းအားမရှိလျှင် ရှောင်ရှန်းထျန်အစကတည်းက သေနေလောက်ပြီဖြစ်သည်။

‌တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်ရောက်နေသော အနက်ရောင်နက်နဲခြင်းဧကရာဇ်ကလည်း အတော်လေ‌းကြောက်စရာကောင်းသည်ဟု ပြော၍ရပေသည်။ ကုအန် မှတ်ညဏ်များကိုသာ ရရှ်ိခဲ့ခြင်းမဟုတ်ဘ‌ဲ ထိုစဉ်က သူ့ခံစားချက်အတွေ့အကြုံများကိုပါ ရရှိခဲ့ခြင်း ဖြစ်၏။

အနက်ရောင်နက်နဲခြင်းဧကရာဇ်သူ့ကို သတ်ဖြတ်စဉ်က ထိုသူသည် တမင်သက်သက် သူ့ခန္ဓာကိုယ်အသားများကို အကောင်းအတိုင်းဖြစ်အောင် ချန်ထားခဲ့သည်။

သူ့ခန္ဓာကိုယ်သည် အနက်ရောင်နက်နဲခြင်းဧကရာဇ်ဧ။် အသုံးပြုခြင်းကိုခံနေရသည်ဟူသော အတွေးက ကုအန်ကို ကြက်သီးထသွားစေခဲ့သည်။

အမှောင်ကုန်းမြေတိုက်ကြီးက ဘယ်မှာလည်းဆိုတာလည်း ကုအန်မသိပေ။ အကယ်၍ အခွင့်အခါသင့်၍ သူထိုအနက်ရောင်နက်နဲခြင်းဧကရာဇ်နှင့်တွေ့ဆုံရပြီး ထိုလူ့ကျင့်ကြံခြင်းကလည်း သူ့လောက်ကောင်းမနေလျှင် သူထိုလူ့ကို နောင်တရသွားအောင် လုပ်ပစ်မည်ဖြစ်သည်။

ဒုတိယပြန်လည်မွေးဖွားခြင်းကလည်း အသက် ၁၄၃နှစ်တွင် ပြီးဆုံးသွားရာ အဝောာ်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှ၏။

သို့သော်လည်း အကျိုးအမြတ်ကတော့ အရင်တစ်ခေါက်ကထက် ပိုပေသည်။ ကောင်းကင်မြင့်မြတ်ခန္ဓာက သူ့ကမ္ဘာဦးအန္တိမခန္ဓာလောက်မကောင်းသော်လည်း သူထိုအရာကို သူ့တပည့်များဆီ လွှဲပြောင်းပေး၍ ရသေး၏။

သူ့အတွက်တကယ့်အကျိုးအမြတ်ကတော့ ရှောင်ရှန်းထျန်၏စိတ်ဖြစ်သည်။

ရှောင်ရှန်းထျန်သည် တိုက်ခိုက်လိုစိတ်တစ်မျိုးကိုကျင့်ကြံခဲ့ပြီး ထိုစိတ်က သူဒဏ်ရာရလေလေ သူ့တိုက်ခိုက်နိုင်စွမ်းက ပိုသာလေလေဟူဟော စွမ်းရည်ကိုထုတ်လွှတ်ပေးနိုင်သည်။ ထိုစွမ်းရည်နှင့်ဆိုပါက အဆင့်တူခြင်းတွင် ပြိုင်ဘက်ကင်းဖြစ်သွားရုံသာမက အဆင့်ကျော်ပြီးတိုက်ခိုက်ရန်အခွင့်အရေးပင် ရှ်ိလာမည်ဖြစ်သည်။

ဒါပေါ့ ကုအန်အတွက်တော့ ထိုစိတ်ကို ကပ်ဘေးကျော်ဖြတ်ရာတွင် အဓိကထား၍ သုံးမည်ဖြစ်သည်။

ထိုစိတ်နှင့်ဆိုလျှင် သူကပ်ဘေးကျော်ဖြတ်ရာ၌ ပိုလွယ်ကူလာနိုင်ပါမည်လော။

ကုအန်တွေးနေရင်း တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်ကသူက အနက်ရောင်နက်နဲခြင်းဧကရာဇ်ထက်ပိုသန်မာလောက်မလားဆိုတာ တွေးနေမိသည်။

သူတကယ်ပဲ သူ့အစွမ်းအကုန်သုံး၍ အနက်ရောင်နက်နဲခြင်းဧကရာဇ်ကို စိန်ခေါ်ချင်နေခဲ့၏။

ထို့နောက်တွင်တော့ သူပင်လယ်ကြမ်းပြင်မှပျောက်ကွယ်သွားပြီး တတိယတောင်ကြားရှ်ိ သူ့အိမ်ထဲ ပြန်ရောက်သွားခဲ့လေသည်။

မှတ်ညဏ်ကူးပြောင်းခြင်းကြောင့် ဂယက်အနည်းငယ်ထသွားသေးသော်လည်း အရင်ကအဖြစ်အပျက်ကြီးလောက်တော့ မကြီးတော့ပေ။

ကုအန်ကုလားထိုင်တွင်ထိုင်နေရင်း ရုတ်တရက် နောက်တစ်ကြိမ်ကြိုးစားကြည့်ချင်လာသလို ခံစားလိုက်ရဧ။။်

သူနောက်တစ်ကြိမ်တော့ အမှောင်ကုန်းမြေတိုက်ကြီးကိုရွေးတော့မည်မဟုတ်ပေ။ အနက်ရောင်နက်နဲခြင်းဧကရာဇ်ကို ခေါင်းမာမာနှင့် ဆက်ရင်ဆိုင်နေစရာလည်းမလိုပေ။

‌

မေ့လိုက်တော့!

ကံဆိုးတာပဲ!

ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်တွင် ကုအန်သည် အရေးကြီးသောဆုံးဖြတ်ချက်များလောက်ကိုသာ ချပေးရခြင်းဖြစ်ပြီး ကျန်တာက သူ့ဟာသူဖြစ်ပျက်နေခြင်းဖြစ်သောကြောင့် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်က လျှို့ဝှက်လွန်းလှသည်။

ထို့အပြင်ကုအန်တွင်လည်း အဆင့်ချိုးဖြတ်ရန်ကျန်သေးသောကြောင့် အခုတော့ မေ့ထားလိုက်တာသာ ကောင်းပေသည်။

ထို့နောက် ကုအန် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကိုထုတ်ကာ စတင်လှန်လှောပြီး သူ့စိတ်ကိုလုံး၀ပြောင်းနိုင်သွားခဲ့၏။

ဒီစာအုပ်က တကယ့်အံ့ဖွယ်ပဲ!

အကယ်၍အခုအချိန်ရွှမ်ထျန်းယီသေသွားလျှင်တောင် ဤစာအုပ်ကြောင့် သူ့စိတ်ထဲတွင် ရွှမ်ထျန်းယီက သူတော်စင်တစ်ပါးဖြစ်နေပြီးဖြစ်သည်။

…..

မဟာအေးစက်မိစ္ဆာဂိုဏ်း ဆရာသခင်ဓားအရှင်အမြစ်ပြတ်သုတ်သင်ခြင်းကို ခံလိုက်ရသောသတင်းက အချိန်အတန်ကြာအထိ ဆက်လက်ပျံ့နှံ့နေပြီး ထိုသတင်းကြောင့် ဆရာသခင်ဓားအရှင်၏ဂုဏ်သတင်းကလည်း ပိုလို့မွှေးပျံ့လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းနှစ်၀က်ကုန်ဆုံးသွားကာ နှစ်ဆုံးချိန်သို့ ရောက်ရှ်ိလာခဲ့၏။

ဆောင်းနှင်းများက ကောင်းကင်နှင့်မြေပြင်တစ်ခွင်ကို လွှမ်းခြုံထားခဲ့ကြသည်။

ကုအန် အိမ်ထဲတွင် စာအုပ်တစ်အုပ်ရေးနေပြီး စာအုပ်မှာ ရှောင်ရှန်းထျန်နှင့် ချူလုတို့တစ်ဘ၀လုံး လေ့ကျင့်ခဲ့သော တာအိုမှော်ပညာများ နတ်သိုင်းများအကြောင်းမှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကိုချက်ချင်းတော့ တစ်ယောက်ယောက်ဆီပေးစရာမရှိသေးဘဲ သူအပျော်သာရေးနေခြင်းဖြစ်၏။အကယ်၍ အနာဂတ်တွင် ပေးစရာရှိလာလျှင်တော့ သူချက်ချင်းထုတ်ပေး၍ ရနိုင်သည်။

ထိုစဉ် သူတစ်ခုခုကိုအာရုံခံလိုက်မိပြီး စုတ်တံကိုချကာ အခန်းထဲမှချက်ချင်းပျောက်ကွယ်သွားခဲ့၏။

အဝေးရှိ သမုဒ္ဒရာပေါ်တွင်

ကျိပိုင်ယ တိမ်များကြားထဲ လွင့်နေသော ဘူးသီးခြောက်ကြီးပေါ်တွင် ခြေနှစ်ချောင်းချ၍ ထိုင်နေခဲ့သည်။

သူရုတ်တရက် အရှ်ိန်အဝါတစ်ခုချဉ်းကပ်လာသည်ကို ခံစားလိုက်မိပြီး သူ့မျက်လုံးများ ပွင့်သွားခဲ့၏။

ထို့နောက်တွင်တော့ ပုံရိပ်တစ်ခုသူ့ဆီချဉ်းကပ်လာသည်ကို တွေ့လိုက်ရပြီး သူ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။

ထိုသည်မှာ သူ‌ေတွ့ချင်နေသော မုန့်လန် သာဖြစ်၏။

ကုအန်အမြန်ပင် ကျိပိုင်ယရှေ့ပျံသွားခဲ့ပြီး လက်သီးလက်ဝါးဆုပ်၍ နှုတ်ဆက်လိုက်ကာ

“တာအိုမိတ်ဆွေပိုင် ဒီမှာတွေ့မယ်လို့ မျှော်လင့်မထားမိဘူး”

ကျိပိုင်ယလည်း ပြန်နှုတ်ဆက်လိုက်ပြီး ပြုံးလိုက်ကာ

“တာအိုမိတ်ဆွေမုန့် မတွေ့တာကြာပြီ အဆင်ပြေရဲ့လား မင်းရော မဟာအေးစက်မိစ္ဆာဂိုဏ်းရဲ့ သက်ရောက်မှုခံလိုက်ရသေးလား”

“မခံရပါဘူး ကျွန်တော်အဲ့တုန်းက ဒီမှာရှိမနေဘူးလေ မဟာအေးစက်မိစ္ဆာဂိုဏ်းရှင်းလင်းခံလိုက်ရတယ်ကြားမှ ကျွန်တော်ပြန်လာခဲ့တာ” ကုအန်ခေါင်းယမ်းကာ ပြောလိုက်သည်။

အဆင်ပြေလားတဲ့လား!

အတော်လေးပြေတာပေါ့ အခုပဲ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ် အဆင့်၉ ကိုချိုးဖြတ်လာတာလေ!

ကျိပိုင်ယကုအန်ကို ဘူးသီးခြောက်ပေါ်ဖိတ်ခေါ်လိုက်ပြီး ကုအန်လည်း တက်လိုက်ကာ သူတို့နှစ်ယောက် မဟာအေးစက်မိစ္ဆာဂိုဏ်းနှင့် ဆရာသခင်ဓားအရှင်အကြောင်း စတင်ဆွေးနွေးကြတော့သည်။

ကျိပိုင်ယလည်း ထိုကိစ္စကြောင့်တုန်လှုပ်နေပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွင်း ထိုကဲ့သို့သောကိစ္စမျိုးဖြစ်သွားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

မဟာအေးစက်မိစ္ဆာဂိုဏ်းသည် သေမျိုးအထွတ်အထိပ်ကမ္ဘာနှင့် မယှဉ်နိုင်သော်လည်း အရမ်းကြီးကွာနေတာမျိုးတော့မဟုတ်ပေ။ မဟာအေးစက်မိစ္ဆာဂိုဏ်းကိုပင် တစ်ယောက်တည်းဖြင့်ရှင်းနိုင်သူ၏ တာအိုအဆင့်ကတော့ စိတ်ကူး၍မရလောက်သည့် အဆင့်တွင် ရှိနေလောက်ပေသည်။

မဟာအေးစက်မိစ္ဆာဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူတွေရှိနေသေးပါသော်လည်း သူတို့သည် သစ်ပင်လဲသွားသော မျောက်အုပ်ကဲ့သို့ပြန့်ကြဲနေကာ ရန်သူများ၏ လိုက်သတ်ခြင်းကို ခံနေကြရသည်။

ကျိပိုင်ယ ဆရာသခင်ဓားအရှင်အကြောင်းစိတ်၀င်စားနေပြီး ကုအန်ကိုမေးမြန်းခဲ့သော်လည်း ကုအန်ကတော့ သူတံခါးပိတ်ကျင့်ကြံနေ၍ ဆရာသခင်ဓားအရှင် ဘယ်တုန်းကထွက်ပေါ်လာသလဲဆိုတာမသိလိုက်ဘူးဟုသာ ဖြေခဲ့၏။

သူတို့နှစ်ယောက်အချိန်အတန်ကြာစကားပြောခဲ့ပြီး အချိန်အများစုမှာ ကုအန်ကမေးခွန်းများမေးပြီး ကျိပိုင်ယကဖြေနေခြင်းသာ ဖြစ်သည်။

ကုအန်ရုတ်တရက်မေးလိုက်၏။

“တာအိုမိတ်ဆွေပိုင် အမှောင်ကုန်းမြေတိုက်ကြီးဆိုတာကို ကြားဖူးလား”

ကျိပိုင်ယ ‌မျက်မှောင်ကြုံ့သွားကာ အံ့အားသင့်ဟန်ဖြင့်မေးလိုက်သည်။

“အမှောင်ကုန်းမြေတိုက်လား မကြားဖူးဘူး အဲ့တာကစွမ်းအားကြီးလား ဘယ်နေရာမှာရှိတာလဲ”

ထိုစကားကိုကြားသောအခါ ကုအန် ပြန်ပြောလိုက်သည်။ “ကျွန်တော်လည်းသေချာမသိဘူး စီနီယာတစ်ယောက်ပြောတာ ကြားလိုက်မိတာ အဲ့တာကြောင့်ကျွန်တော်လည်းစိတ်၀င်စားသွားလို့”

ထို့နောက်တွင်တော့ ကုအန် ကျိပိုင်ယကိုနှုတ်ဆက်ခဲ့လိုက်သည်။

ထိုစဉ် ကျိပိုင်ယ အမြန်ပြောလိုက်၏။

“သေမျိုးအထွတ်အထိပ်ကမ္ဘာမှာ မကြာခင်နှစ်တစ်သောင်းညီလာခံကျင်းပဖို့ရှိတယ် အထွတ်အထိပ်အရှင်သခင်တစ်‌ေယာက်အ‌ေနနဲ့ မင်းလာကိုလာရမယ်နော်”

ကုအန်ခေါင်းညိတ်ပြလိုက်ပြီးနောက် ပျံသန်းထွက်ခွာသွားခဲ့လေသည်။

သူအဝေးသို့ရောက်သောအခါ ကျိပိုင်ယခပ်တိုးတိုးရေရွတ်နေမိ၏။

“အနက်ရောင်ကုန်းမြေတိုက်….ဘာလို့အဲ့တာကိုတစ်နေရာရာမှာ ကြားဖူးသလို ခံစားနေရပါလိမ့်…”

အပိုင်း(၃၀၆)

နတ်အတွေးအစစ်အမှန်အမတအဆင့်၉သို့ချိုးဖြတ်ခြင်း

ပိုင်ကျိယကိုနှုတ်ဆက်ပြီးသည့်နောက် ကုအန် တတိယတောင်ကြားကိုသာ ပြန်လာခဲ့လိုက်သည်။

သူရေးနေသောစာအုပ်ကို လက်စသတ်ပြီးသောအခါ အိမ်အောက်သို့ဆင်းလာပြီး တပည့်များနှင့်အတူ နှင်းများကိုရှင်းလင်းနေခဲ့၏။

နှင်းများကိုရှင်းလင်းနေစဉ် သူ့အတွေးများကတော့ ကောင်းကင်ပြင်ပဆီသာ ရောက်ရှိနေခဲ့သည်။

ဘယ်အချိန်တွင် ထိုလှည့်ပတ်သွားလာနေသော မြင့်မြတ်ခုံရုံးက ကျင့်ကြံသူများက ပြန်သွားကြမည်နည်း။

ထိုသူများသည် သူ့ကိုမတားဆီးနိုင်ကြပါသော်လည်း သူ့အဆင့်ချိုးဖြတ်မှုကြောင့် အနီးရှိကျင့်ကြံသူများကို ဆွဲဆောင်မိသွားပြီး တစ်ယောက်ယောက် သူ့သက်တမ်းအလွှာထဲ ကျူးကျော်လာမှာကို သူကြောက်ရွံ့နေခဲ့မိခြင်းဖြစ်၏။

ကုအန် မလိုအပ်ဘဲ မြင့်မြတ်ခုံရုံးနှင့်ရန်သူမဖြစ်လိုသလို သူ့ကျင့်ကြံခြင်းအစစ်ကိုတစ်ယောက်ယောက် သိရှိသွားမှာမျိုးကိုလည်း မလိုလားခဲ့ပေ။

ထို့ကြောင့် သူစောင့်ဆိုင်းရုံသာ တတ်နိုင်ပေသည်။

ဆောင်းရာသီကုန်ဆုံးကာ နွေဦးရောက်ရှိလာခဲ့ပြီး နှစ်တစ်နှစ်က ကုန်ဆုံးသွားခဲ့ပြန်၏။

ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းကသေမျိုးကမ္ဘာတစ်ခုလုံးဆီ ပျံ့နှံ့နေပြီဖြစ်ပြီး ချီးကျူးမှုများ ပို၍ ပို၍ ရရှိနေခဲ့သည်။

ဆရာသခင်ဓားအရှင်၏ လှုပ်ရှားမှုက ပထမဆုံးအကြိမ်မဟုတ်သောကြောင့် ပင်လယ်နှင့်ယှဉ်လျှင် ကုန်းမြေတိုက်ကြီးကလူများကတော့ အရမ်းကြီးအံ့အားသင့်တာမျိုး မရှိကြတော့ပေ။

သို့သော် လူသားကမ္ဘာတွင်အပြောင်းအလဲတစ်ခုတော့ရှိခဲ့သည်။ ထိုအပြောင်းအလဲမှာ အရင်က ထွက်ပြေးသွားကြသော အင်အားစုများ ပြန်၀င်လာကြချိန်တွင် သူတို့သည် အရင်လောက်လွှမ်းမိုးမှုမရှိကြတော့ဘဲ ကျန်ရစ်ခဲ့သောအင်အားစုများက အထောက်အပံ့များပိုရကာ လျင်မြန်စွာ ကြီးထွားလာကြခြင်း ဖြစ်၏။

ကျန်းချောင်လည်း ကျူဟွားဂိုဏ်းဆီပြန်သွားခဲ့ပြီး ဂိုဏ်းကိုအေးအေးချမ်းချမ်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေခဲ့သည်။

ကုအန်‌နေ့များမှာလည်း ပုံမှန်အတိုင်းသာ ပြန်ဖြစ်သွားခဲ့၏။

သူမသိလိုက်ခင်မှာပင် အချိန်၁၀နှစ်က ကုန်ဆုံးသွားခဲ့သည်။

ကောင်းကင်ပြင်ပတွင်လှည့်ပတ်သွားလာနေကြသော မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများ လူစုခွဲသွားကြပြီး ထိုအချိန်က ကုအန်စောင့်နေသော အချိန်သာ ဖြစ်၏။

သူချက်ချင်းပင် တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

တစ်ချက်လှမ်းလိုက်ရုံဖြင့် သူအရင်ကတည်းက စဉ်းစားထားခဲ့သော စကြာ၀ဠာအနက်ပိုင်းထဲရှိနေရာတစ်ခုသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာသည် ဧရာမဥက္ကာခဲကြီးတစ်လုံးဖြစ်ပြီး အဓိပတိဂိုဏ်းတည်ရှ်ိသော ကုန်းမြေတိုက်ကြီးထက်ပင်ကြီးသောနေရာကြီး ဖြစ်သည်။

ကုအန်ဥက္ကာခဲကြီးပေါ်ဆင်းသက်လာခဲ့၏။ အဝေးသို့လှမ်းကြည့်လိုက်ပါက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ထိုနေရာနှင့် အတော်လေးဝေးသည်ဟု ထင်ရပေသည်။ ကောင်းကင်ဈာန်အမတတစ်ပါးပင် မျက်လုံးသက်သက်နှင့် ဤနေရာကိုလှမ်းထောက်လှမ်း၍ ရမည်မဟုတ်ပေ။

နောက်လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် အလွန်နက်မှောင်နေသည်ကိုသာ တွေ့ခဲ့ရ၏။ ထိုနေရာကတော့ အသံမဲ့အပျက်အဆီးနယ်မြေကြီးတည်ရှိရာ နေရာ ဖြစ်သည်။

ဤသည်က ကုအန်ရည်ရွယ်ချက်က၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်၏။ သူ့ကြောင့်ဖြစ်သော သာမန်မဟုတ်သည့်ဖြစ်ရပ်များကို ကောင်းပင်မိစ္ဆာတစ်ကောင်ကြောင့်ဖြစ်သည်ဟု မြင့်မြတ်ခုံရုံးကို ထင်စေလိုခြင်းဖြစ်သည်။

သူထိုင်ချလိုက်ပြီးနောက် သက်တမ်းအလွှာကို ဖွင့်လိုက်၏။

ထို့နောက်စနစ်ကို ဖွင့်ကြည့်လိုက်သည်။

[အမည်:ကုအန်]

[သက်တမ်း: ၂၂၀/၆၃၉၆၆၀၃၄၂]

[ခန္ဓာ: ကမ္ဘာဦးအန္တိမခန္ဓာ]

[ကျင့်ကြံခြင်းအဆင့်: တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနယ်ပယ်အဆင့်၉]

ဤသက်တမ်းကိုကြည့်ရသည်မှာ အတော်လေးစိတ်ကျေနပ်စရာ ကောင်းလှပေသည်။

သူဒီတစ်ခါ အဆင့်ချိုးဖြတ်ရာတွင် ဂရုတော့ပိုစိုက်ရပေမည်။ အရင်တစ်ခါ အဆင့်ချိုးဖြတ်စဉ်က သက်တမ်းအလွှာကုန်ကျမှုကပင် ၁၀သန်းကုန်ဆုံးခဲ့ပြီး ထိုအရာကလည်း လျစ်လျူရှုထား၍ မရသောအရာသာ ဖြစ်၏။

ကုအန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ကျင့်ကြံခြင်းကိုတိုက်ရိုက်မြှင့်တင်မည်ဟု ဆုံးဖြတ်လိုက်သည်။

သက်တမ်း ၃သိန်းကို ကပ်ဘေးတစ်ကြိမ်ဆိုတာကလည်း အတော်လေးလန့်စရာကောင်းနေခဲ့၏။

သက်တမ်း သန်း၁၀၀ တစ်ခါတည်းထည့်!

[သင်သည်စွမ်းအင်စုပ်ယူခြင်းကို နှစ်သုံးသိန်းကြာ စုပ်ယူခဲ့ပြီး အနန္တဖန်ဆင်းခြင်းကျင့်စဉ်တွင်အောင်မြင်မှုများ ရရှ်ိခဲ့ပြီး နတ်အတွေးအစစ်အမှန်အမတအဆင့်သို့ ဖောက်ထွက်နိုင်ကာ ကပ်ဘေးကိုရင်ဆိုင်ခဲ့ရသည်။ သို့သော် ကောင်းကင်တာအို ၄၉ပါး ဆန်းကြယ်ဟင်းလင်းပြင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှုံးခဲ့သည်]

[သင်သည်စွမ်းအင်စုပ်ယူခြင်းကို နှစ်‌ေခြာက်သိန်းကြာ စုပ်ယူခဲ့ပြီး အနန္တဖန်ဆင်းခြင်းကျင့်စဉ်တွင်အောင်မြင်မှုများ ရရှ်ိခဲ့ပြီး နတ်အတွေးအစစ်အမှန်အမတအဆင့်သို့ ဖောက်ထွက်နိုင်ကာ ကပ်ဘေးကိုရင်ဆိုင်ခဲ့ရသည်။ သို့သော် ကောင်းကင်တာအို ၄၉ပါး ဆန်းကြယ်ဟင်းလင်းပြင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှုံးခဲ့သည်]

……

ကုအန်ကျရှုံးသော်လည်း အမူအရာမပျက်သာ ရှိနေခဲ့သည်။

သူ့တွင် သက်တမ်း သန်း၅၀၀ကျန်သေးပြီး ထိုပမာဏအကုန်လုံးကိုသုံးရပြီး သူ့ကိုခြောက်သွေ့သွားစေလိမ့်မယ်လို့တော့ သူမယုံပေ။

သို့သော်လည်း ကြောက်စရာကောင်းတာတစ်ခုခုက အမှန်တကယ် ဖြစ်ပွားခဲ့၏။

သူ့ကျရှုံးမှု အကြိမ်တစ်ရာကျော်လာသောအခါ သူ့အမူအရာအနည်းငယ်ပျက်ယွင်းလာခဲ့သည်။

ကျရှုံးမှ အကြိမ်၂၀၀ကျော်လာချိန်တွင်တော့ သူအတော်လေး အရုပ်ဆိုးနေခဲ့‌လေပြီ။

သက်တမ်းသန်း၁၀၀လုံး အသုံးပြုသွားပြီးချိန်မှာတော့ သူ့လဲကျတော့မလိုပင် ဖြစ်သွားခဲ့ရသည်။

ကောင်းကင်တာအို ၄၉ပါး ဆန်းကြယ် ဟင်းလင်းပြင်ကပ်ဘေးဆိုတာဘာကြီးလဲ!

အဲ့လောက်တောင်ကြမ်းရလားဟ!

ကုအန် အဆင့်ချိုးဖြတ်ပြီးသွားလျှင်တော့ ထိုကပ်ဘေး၏ဇစ်မြစ်ကို သူစုံကိုစုံစမ်းရပေလိမ့်မည်။

အဆင့်တူခြင်းအတွင်းမှာပင် ကပ်ဘေးများမှာ ပုံသေမရှိကြပေ။ သေမျိုးအထွတ်အထိပ်ကမ္ဘာတွင်ဆိုလျှင် မှတ်တမ်းတင်ထားသော ကပ်ဘေးပေါင်း တစ်ထောင်ကျော်ရှ်ိ၏။

အမတကျင့်ကြံခြင်းကမ္ဘာတွင် သတ်မှတ်ထားသည့်စည်းမျဉ်းမှာ အဆင့်တူအတွင်းသင်က ပိုစွမ်းအားကြီးလေလေ သင်ရင်ဆိုင်ရသော ကပ်ဘေးကလည်း ပိုကြမ်းလေလေပင်။ သို့သော် ပိုကြောက်စရာကောင်းသောကပ်ဘေးများကို ရင်ဆိုင်ကြရသူများကလည်း ဗလာသက်သက်ဖြင့်ရင်ဆိုင်ကြခြင်းမဟုတ်ဘဲ ၀င်္ကပါများ ဓမ္မရတနာများနှင့် ဂိုဏ်း၏သင်ကြားမှုများကို အထောက်အပံ့အဖြစ်အသုံးပြုကြသည်။

ကုအန်ကတော့ ကိုယ့်အားကိုယ်သာကိုးရခြင်းဖြစ်၏။

နောက်ဆုံးတွင် သေချာစဉ်းစားကြည့်သော် သူကိုယ်တိုင်ကပင် ကြောက်စရာကောင်းလောက်အောင်သန်မာနေချိန်တွင် သူ့လိုလူက အဘယ်ကြောင့် အကြိမ်၃၀၀ကျော် ကျရှုံးခဲ့ရပါသနည်း။

ကုအန်အံကိုတင်းတင်းကြိတ်လိုက်ပြီး သက်တမ်း သန်း၃၀ထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

သက်တမ်းသန်၁၀၀ကနေမှ သန်း၃၀သာပြောင်းထည့်လိုက်ခြင်းမှာ သူကြော်က်ရွံ့နေ၍မဟုတ်ဘဲ အောင်မြင်ခါနီးပြီဟု ခံစားနေရချိန်တွင် သူ့သက်တမ်းများ အလေအလွင့်ဖြစ်မသွားစေလို၍ ဖြစ်၏။

သို့သော်…

အားလုံးထပ်ကျရှုံးသွားခဲ့ပြန်သည်။

ကုအန်မျက်လုံးများနီရဲနေပြီး သူထိုအရာကို မယုံနိုင်ခဲ့ပေ။

နောက်ထပ်သက်တမ်းသန်း၃၀!

သက်တမ်း သန်း၅၀၀အထိ သုံးရဲတယ်ကွ!

ကုအန်ထိုသို့တွေးလိုက်ချိန်တွင် သူထပ်မံကျရှုံးသွားခဲ့ပြန်သည်။

နောက်ထပ်သန်း၃၀!

ကျရှုံး!

ကျရှုံး!

ကျရှုံး!

ကုအန်ထပ်ထည့်ဖို့ ပြင်လိုက်ချိန်တွင် သူ့ရှေ့၌ မတူညီသောစာကြောင်းတစ‌်ကြောင်း ပေါ်လာခဲ့လေသည်။

သူအောင်မြင်ခဲ့လေပြီ!

[သင်သည်စွမ်းအင်စုပ်ယူခြင်းကို နှစ်၂၃.၃သန်း စုပ်ယူခဲ့ပြီး အနန္တဖန်ဆင်းခြင်းကျင့်စဉ်တွင်အောင်မြင်မှုများ ရရှ်ိခဲ့ပြီး နတ်အတွေးအစစ်အမှန်အမတအဆင့်သို့ ဖောက်ထွက်နိုင်ကာ ကပ်ဘေးကိုရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ကောင်းကင်တာအို ၄၉ပါး ဆန်းကြယ်ဟင်းလင်းပြင်ကပ်ဘေးကိုအောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်အတွေးအစစ်အမှန်အမတအဆင့် ၁ သို့ရောက်ရှိသွားခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၂၆သန်းကြာ စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းက နတ်အတွေးအစစ်အမှန်အမတအဆင့် ၂သို့ရောက်ရှိသွားခဲ့သည်]

[သင်သည်စွမ်းအင်စုပ်ယူခြင်းကို နှစ်သန်း ၃၀ကြာစုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းက တိုးမြင့်လာခဲ့သည်]

သက်တမ်း၄သန်းက အဆင့်ငယ်တစ်ဆင့်မြှင့်ဖို့ မလုံလောက်ဘူးလား!

နတ်အတွေးအမတတွေက အဲ့လောက်တောင်ကြမ်းတယ်လား!

သူ့ခန္ဓာကိုယ်ထဲ စိတ်ဝိညာဉ်စွမ်းအင်များစီး၀င်နေသည်ကို ခံစားရင်း ကုအန် သက်တမ်းများဆက်ထည့်နေခဲ့၏။

အဆင့်၃!

အဆင့်၄!

သူစိတ်အေးစေရန် အဆင့်၉ သို့ရောက်ကိုရောက်ရပေမည်။

နောက်ဆုံးတွင် သူနောက်ထပ်သက်တမ်း ၅၄သန်းထပ်သုံးခဲ့ပြီးနောက် နတ်အတွေးအစစ်အမှန်အမတအဆင့် ၉ သို့ရောက်ရှိသွားခဲ့၏။

သူ့ခန္ဓာကိုယ်ကစုပ်ယူနေသော စိတ်ဝိညာဉ်စွမ်းအားကလည်း တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်ကိုချိုးဖြတ်တုန်းကလည်း အများကြီးကျော်လွန်နေခဲ့သည်။ ထိုမျှသာမဟုတ်ဘဲ သူ့ကိုယ်ထဲသို့ စကြာ၀ဠာထဲတွင် ပျံ့နှံ့နေသော စကြာ၀ဠာနိယာမများကိုလည်း စုပ်ယူနေကြောင်း ကုအန်ခံစားမိနေခဲ့၏။

သူထိုအရာကိုခံစားကြည့်ရန် ချက်ချင်းမျက်လုံးများ ပိတ်ချလိုက်လေသည်။

သူ့မျက်လုံးများကိုပိတ်ချလိုက်သည်နှင့် စကြာ၀ဠာနိယာမများက ပိုမိုရှင်းလင်းလာခဲ့ပြီး ထိုအရာများသည် လေထုအလွှာပါးထဲတွင် ပျောက်ဆုံးသွားပြီးနောက် သက်တမ်းအလွှာထဲတွင် မသိမသာပေါ်လာခဲ့ကြ၏။

မကြာခင်တွင် ကုအန် အသံမဲ့အပျက်အဆီးနယ်မြေမှ ထွက်ပေါ်လာသော နတ်အာရုံတစ်ခုကို ခံစားမိလိုက်လေသည်။

ထိုအရာမှာ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး ဖြစ်၏။

အချိန်များကုန်လာသည်နှင့်အမျှ သူ့အဆင့်ချိုးဖြတ်ခြင်းမှ ဆူညံသံများက ပိုကျယ်လောင်လာခဲ့ပြီး နတ်အာရုံများကို ပိုမိုဆွဲဆောင်နိုင်လာကာ ထိုနတ်အာရုံများထဲတွင်အနိမ့်ဆုံးက ကောင်းကင်ဈာန်အမတများ ဖြစ်ကြသည်။

မိနစ်သုံးဆယ်ကြာပြီးနောက် ကုအန် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါး၏ နတ်အာရုံကိုပင် အာရုံခံမိခဲ့၏။

ကံကောင်းစွာဖြင့် ထိုကောင်များသည် ကိုယ်ထင်မပြရဲကြဘဲ နတ်အာရုံဖြင့်သာ ထောက်လှမ်းရဲကြသည်။

တစ်နာရီခွဲခန့်ကြာသွားခဲ့၏။

ကုအန်တစ်ခုခုကိုသတိထားမိသွားပြီး သူ့မျက်လုံးများကိုဖွင့်လိုက်လေရာ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

သူအာကာသအမှောင်ထုထဲတွင် မျက်လုံးတစ်စုံကို မြင်လိုက်ရခြင်းဖြစ်ပြီး ထိုမျက်လုံးများက သာမန်သေမျိုးတစ်ယောက်၏ မျက်လုံးများလိုသာ ဖြစ်၏။

ထိုမျက်လုံးကြီးများသည် အလွန်ကြီးမားလှပြီး ကြယ်များ ကုန်းမြေတိုက်ကြီးများက သူ့ရှေ့တွင် ဖုန်မှုန့်များလို ဖြစ်နေခဲ့သည်။

ကုအန်သူ့ကို တစ်ယောက်ယောက်ကစောင့်ကြည့်နေသလို ခံစားလိုက်ရပြီး မသက်မသာခံစားလိုက်ရ၏။

သက်တမ်းအလွှာကို ဖောက်ကြည့်၍ ရနိုင်ပါသလော။

တခဏအကြာတွင်တော့ မျက်လုံးကြီး ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခါမှ ကုအန်လည်း သက်ပြင်းချလိုက်နိုင်ခဲ့၏။

အဲ့လိုညစ်ပတ်တဲ့လှည့်ကွက်မျိုးလာသုံး‌ချင်နေတာလား!

အဲ့လိုထွက်ပြရုံနဲ့ ငါကကြောက်ပြီး ခုန်ထွက်လာပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်မယ်ထင်နေလား!

သည်းမခံနိုင်စရာပဲ!

ထို့နောက်တွင်တော့ သူ့အဆင့်ချိုးဖြတ်မှုအောင်မြင်သွားပြီး သူ့စိတ်ထဲနတ်အတွေးအစစ်အမှန်အမတနှင့်ဆိုင်သော မှတ်ညဏ်များ တိုး၀င်လာခဲ့သည်။

နတ်အတွေးအစစ်အမှန်အမတဟူ‌‌ေသာ နာမည်တွင် နတ်အတွေးအမတဆိုသည်မှာ သူ့နတ်အာရုံသည် နတ်အတွေးအ‌ဖြစ်ပြောင်းလဲသွားခြင်းဖြစ်ပြီး ရန်သူများကို အတွေးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သလို အတွေးတစ်ချက်တည်းဖြင့် နတ်သိုင်းများ မှော်သိုင်းများကို အသုံးပြု၍ရ၏။

အစစ်အမှန်အမတဆိုသည်ကတော့ ထိုပုဂ္ဂိုလ်များသည် အစစ်အမှန်အမတများသာ ဖြစ်ကြသည်။

သူ့အသွေးအသားများနှင့်စိတ်ဝိညာဉ်က ပြောင်းလဲခြင်းအဆင့်တစ်ခုသို့ ၀င်ရောက်နေပြီး ပြီးပြည့်စုံသွားသည်နှင့် သူက ကောင်းကင်ဖန်ဆင်းမှုနှင့် လိုက်လျောညီထွေရှိသော အမတတစ်ပါးအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအရာက ကျင့်ကြံခြင်းအဆင့်တိုးရုံသာ မဟုတ်ပေ။

ကုအန်သိစိတ်က အမွေအနှစ်များအတွင်းနစ်မြုပ်နေပြီး သူပုံရိပ်များစွာကို မြင်နေခဲ့ရသည်။

သူသည် သူနှင့်ကမ္မဆက်သွယ်မှုရှိနေသော တည်ရှိမှုတိုင်း၏ အတိတ်ဘ၀ကိုချောင်းကြည့်၍ ရနေပြီး ထိုခံစားချက်က အတော်လေးထူးဆန်းလှ၏။

သို့သော်လည်း သူကျိရှောင်ယု၏အတိတ်ဘ၀ကိုတော့ကြည့်မရဘဲ ဒီဘ၀တွင် ကျိရှောင်ယု ဘယ်နေရာကစတင်မွေးဖွားခဲ့့သလဲဆိုတာလောက်သာ ကြည့်ရခဲ့သည်။

အံ့ဩစရာအကောင်းဆုံးအရာကတော့ သူချူလုနှင့်ရှောင်ရှန်းထျန်တို့နှင့် ကမ္မဆက်သွယ်မှုရှိသော တည်ရှိမှုများ၏ ဘ၀များကိုပင် ချောင်းကြည့်၍ ရနေခြင်းဖြစ်၏။

ထိုသို့သာဆိုလျှင် ဤအရာက ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်သည် လက်‌တွေ့လောကသို့ ပြောင်းလဲသွားနိုင်သည်ဟု ဆိုလိုမနေပါဘူးလော။

ဤအရာက ကုအန်ကို အတွေးများစွာပွားသွားစေခဲ့သည်။

ကုအန်သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ကမ္မပုံရိပ်များထဲ နစ်မြုပ်နေကာ ထိုအရာကမသက်မသာခံစားရမယ့်အစား ဖော်ပြ၍မရသော စိတ်အေးသည့်ခံစားချက်ကိုပါ ခံစား၍ ရနေခဲ့၏။

ကုအန် နတ်အတွေးအမတအဆင့်ဆီအောင်မြင်စွာ ချိုးဖြတ်နိုင်ချိန်မှာပင် ထိုပုံရိပ်များထဲမှ မထွက်နိုင်သေးပေ။

ကျင့်ကြံခြင်းက ဆက်လက်ချိုးဖြတ်နေခဲ့လေသည်။

အဆင့်၁ မှ အဆင့်၂!

အဆင့်၂ မှ အဆင့်၃!

တဖြည်းဖြည်းနှင့် အားကောင်းသောတည်ရှိမှုများလည်း သူရှိသော ဥက္ကာခဲကြီးပေါ်မှ ဖြတ်သန်း၍ ပျံသန်းသွားခဲ့ကြ၏။

All Chapters