← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 24 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 24 Ch. 307-308

အပိုင်း (၃၀၇)

တစ်ချက်လွှတ်အမိန့်

ကုအန် နတ်အတွေးအစစ်အမှန်အမတအဆင့်၉သို့ရောက်သွားသောအခါ ပြင်းထန်စွာ နှောင့်ယှက်ခံရထားသော စိတ်ဝိညာဉ်စွမ်းအင်များ နိယာမများအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ကြသည်။

ဘေးပတ်ပတ်လည်တွင်တော့ လာရောက်ထောက်လှမ်းသူများဖြင့်ခြေရှုပ်နေပြီး အာကာသထဲတွင်ပေါ်လာခဲ့သော မျက်လုံးကြီးတစ်စုံကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကုအန် သူ့မျက်လုံးများကို ပုံမှန်အတိုင်းဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်၏။

အသက်ပေါင်းများစွာ၏ ဘ၀များကိုမြင်ပြီးသွားသည့်နောက် သူ့တာအိုနှလုံးသားက တိုးတက်လာပြီဖြစ်ပြီး ဘာမှန်းမသိသောနေရာတစ်ခုတွင် သူနှင့်သက်ဆိုင်သောတာအိုတစ်ခုကိုပင် သူ‌ထိတွေ့မိနေပြီဖြစ်သည်။

တာအိုသည် ရှည်လျားကာ နက်နဲလှပြီး အလွန်ရှည်လျားသောကာလအကြာကြီးထိ မဖြစ်မနေ စုဆောင်းရန်လိုအပ်သော အရာဖြစ်၏။

လတ်တလောတွင် သူသည် ကျင့်ကြံခြင်းအဆင့်ကိုသာပိုင်ဆိုင်ထားခြင်းဖြစ်ပြီး သူ့တာအိုပိုသန်မာလာစေရန်တော့ လက်တွေ့လောကတွင် အစစ်အမှန်အချိန်တစ်ခုအထိ ဖြတ်သန်းပြီးရန် လိုအပ်ပေသည်။

ဒါပေါ့ ထိုအရာက ကုအန်သည် အဆင့်တူခြင်းယှဉ်လျှင် အားနည်းနေသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ တာအိုဆိုသည်မှာ သူ့အနာဂတ်ကျင့်ကြံခြင်းအတွက် လမ်းကြောင်းတစ်ခုသာဖြစ်၏။

အမတလမ်းစဉ်၏ကောင်းကင်ကိုးဆင့်တွင် နတ်အတွေးအစစ်အမှန်အမတသည် အဆင့် ၈ သို့ရောက်နေပြီး ဖြစ်သည်။

ချီကျင့်ကြံခြင်း၊အခြေခံတည်ဆောက်ခြင်း၊ဗဟိုအူတိုင်ဖွဲ့စည်းခြင်း၊ဝိညာဉ်အခြေတည်၊နတ်အသွင်ပြောင်းခြင်း၊ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း၊တစ်သားတည်းဖြစ်ခြင်း၊ဆန်းကြယ်နှလုံးသား၊မဟာယန၊နိဗာန၊အချုပ်အနှောင်မဲ့အမတ၊ မြေလျှောက်အမတ၊ ကောင်းကင်ဈာန်အမတ၊ အပူအပင်မဲ့ကမ္ဘာဦးအမတ၊ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတ၊ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတ၊ နတ်အတွေးအစစ်အမှန်အမတ!

မသိလိုက်မသိဖာသာနှင့်ပင် ကုအန်သည် အဆင့်ကြီးပေါင်းများစွာ တက်လှမ်းခဲ့ပြီးနေချေပြီ။

သူသည် အသက် ၂၂၀သာရှိနေသေးရာ သူ့အနာဂတ်အောင်မြင်မှုများက အကန့်အသတ်မဲ့လှသည်။

ကောင်းကင်ကိုးဆင့်အထက်တွင်ရော မည်သည့် အဆင့်ရှိပါသနည်း။

ကုအန် အဆုံးမဲ့အတွေးများထဲနစ်မြုပ်နေပြီး အရပ်မျက်နှာပေါင်းစုံသို့ ရွေ့လျားနေကြသော ပုံရိပ်များကိုပင် သတိမထားမိခဲ့ပေ။

နတ်အတွေးအစစ်အမှန်အမတကိုထားဦး အခုထိ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတများပင် ပေါ်မလာသေးဘဲ ကြည့်ရသည်မှာ ထိုသူများသည် အမှောင်ထဲတွင်သာ ပုန်းအောင်းနေကြသည့်ပုံပင်။

သူရင်ဆိုင်ခဲ့ရသည့် ဆန်းကြယ်လှသော ဧရာမမျက်လုံးကြီးများကိုတော့ သူယခုအခါ ပြန်လည်စဉ်းစားခဲ့သော်လည်း တစ်ဖက်လူ၏ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ခဲ့သေးပေ။

ထို့နောက် ကုအန် သက်တမ်းအလွှာကိုကြည့်ကာ မျက်မှောင်ကြုံ့သွားခဲ့၏။

အဆင့်ချိုးဖြတ်မှုတစ်ခုတည်းကပင် သက်တမ်းအလွှာမှ သူသက်တမ်း သန်း၅၀ကျော်လောက် ကုန်ကျခဲ့သည်။

ယခုအခါသူ့တွင်သက်တမ်း သန်း၃၀၀ကျော်သာကျန်တော့ပြီး ‌ယခုအဆင့်ချိုးဖြတ်ခြင်းက သန်း၃၀၀နီးနီးကုန်ကျခဲ့ပြီး နောက်တစ်ခါအဆင့်ချိုးဖြတ်ရင် ဘယ်လောက်ကုန်ကျမလဲဆိုတာ တွေးကြည့်၍ပင် မရပေ။

သို့သော်လည်း နတ်အတွေးအစစ်အမှန်အမတအဆင့်၉ နှင့်ဆိုလျှင်ပင် ကုအန် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့တော့ လုံလောက်နေပြီ ဖြစ်သည်။

ကုအန်မတ်တပ်ထရပ်လိုက်ပြီး တတိယတောင်ကြားရှိ အိမ်ထဲမှ မြင်ကွင်းကိုတွေးလိုက်၏။

သူတွေးလိုက်သည်နှင့် ချက်ချင်း သူ့အခန်းထဲပြန်ရောက်လာခဲ့လေသည်။

ဤသည်မှာ နတ်အတွေးအစစ်အမှန်အမတအဆင့်၏ စွမ်းအားသာ ဖြစ်၏။

နေရာတစ်ခုကိုတွေးလိုက်ရုံဖြင့် စိတ်ရှိရာသို့ရောက်သွားနိုင်ပြီး သူသည် နေရာတိုင်းတွင်ရှိနေနိုင်သော စွမ်းရည်ကိုအောင်မြင်သွားပြီဟု ပြော၍ ရပေသည်။

ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသည် ကုအန်မျက်စိထဲတွင် ကွဲပြားသွားခဲ့ပြီး သူနိယာမများကိုပိုမြင်နိုင်လာပြီး စကြာ၀ဠာကလည်း ပိုမိုရှင်းလင်းလာခဲ့၏။

သူနောက်တစ်ကြိမ် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို နတ်အာရုံသုံး၍ ထောက်လှမ်းကြည့်ရာ ဤတစ်ကြိမ်တွင် သူ့နတ်အာရုံက အရင်မြင်နိုင်စွမ်းထက်ကျော်လွန်သွားပြီး စည်းများ ၀င်္ကပါများချထားသော နေရာများကိုပင် ထိုအစွမ်းထက်တည်ရှိမှုများ မသိစေဘဲ ၀င်ကြည့်နိုင်သွားခဲ့သည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် အမှန်တကယ်ပင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများ ရှိနေကြပြီး သူတို့သည် အရေအတွက်အားဖြင့်တော့ နည်းကြသည်။ အားလုံးက တံခါးပိတ်ကျင့်ကြံခြင်း၀င်နေကြပြီး ကမ္ဘာ့ရေးရာကိစ္စများနှင့် ဝေးဝေးတွင်သာ နေနေခဲ့ကြ၏။

ကုအန်အကြည့်က သူတို့ကုန်းမြေတိုက်ကြီးထက် များစွာကြီးသော ကုန်းမြေတိုက်ကြီးတစ်ခုပေါ်တွင်တည်ရှ်ိပြီး မွေးကတည်းက နိဗာနအဆင့်က စတင်ကျင့်ကြံရသော အမတစိတ်ဝိညာဉ်မင်းဆက်ဆီရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင်လည်း အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများရှ်ိနေပြီး ရှာဖေွ‌ေလ့လာရန် နက်နဲ‌လှ‌‌ေသာ နေရာများတွင် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတများပင် ရှိနေကြ၏။

သူ့နတ်အတွေးဖြင့် အတင်းထိုးဖောက်၀င်ရောက်နိုင်သော်လည်း အတွင်းထဲရှိ တစ်ဖက်တည်ရှိမှုက ကျိန်းသေပေါက် သတိထားမိသွားပေလိမ့်မည်။

အမတစိတ်ဝိညာဉ်မင်းဆက်က သန်မာတယ်!

အကယ်၍ မြင့်မြတ်ခုံရုံးသာမရှိလျှင် အမတစိတ်ဝိညာဉ်မင်းဆက်အတွက် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို စုစည်းဖို့က ခက်မည်မဟုတ်ပေ။ သို့သော်လည်း သူတို့သည် ထိုသို့သောက်စ္စမျိုးကို စိတ်၀င်စားဟန်မရဘဲ ကမ္ဘာကြီးနှင့် ခပ်ကင်းကင်း၌ သီးသန့်သာနေလိုသော ဆနွရှိကြသည်။ ထိုကုန်းမြေတွင် ၀င်ထွက်သွားလာနေသော အမတများကို ကုအန် မတွေ့ခဲ့ရပေ။

ထို့နောက်သူ့နတ်အတွေးက ကောင်းကင်နှင့်မြေပြင်အဆုံးတစ်ဖက်တွင်ရှိသော မြင့်မြတ်ခုံရုံးဆီ ရောက်ရှိသွားခဲ့ပြန်သည်။

မြင့်မြတ်ခုံရုံး၏ အခြေခံကျင့်ကြံခြင်းက အမတစိတ်ဝိညာဉ်မင်းဆက်လောက် မမြင့်သော်လည်း အရေအတွက်အားဖြင့်တော့ အမတစိတ်ဝိညာဉ်မင်းဆက်က လုံး၀ယှဉ်နိုင်သောအရာမဟုတ်ဘဲ အဆင့်တူခြင်းအရေအတွက်ဆိုလျှင်လည်း မြင့်မြတ်ခုံရုံးက ပို၍များပြားလှသည်။

အမတစိတ်ဝိညာဉ်မင်းဆက်က လမ်းကြောင်းတစ်ခုတည်းမှာသာ ဖွံ့ဖြိုးတိုးတက်နေတာဆိုလျှင် မြင့်မြတ်ခုံရုံးက နယ်ပယ်အသီးသီးတွင် တိုးတက်နေသည်ဟုပြော၍ ရပြီး သူတို့သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို လုံး၀ ထိန်းချုပ်ထားခဲ့ကြသည်။

မြင့်မြတ်ခုံရုံးတွင်လည်း ကုအန်အလွယ်တကူထောက်လှမ်းမရသော နေရာများရှိနေခဲ့၏။ သို့သော်လည်း သူအကြမ်းဖျင်းထောက်လှမ်းပြီးသောအခါတွင်တော့ မြင့်မြတ်ခုံရုံးက အမတစိတ်ဝိညာဉ်မင်းဆက်ထက် ပိုသန်မာမှန်း တွေ့ခဲ့ရသည်။

သူ့လေ့လာကြည့်ရှုမှုအတွင်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွင်း အခြားသက်ရှိများ မသိဘဲ သွားလာနေကြသော အပူအပင်မဲ့ကမ္ဘာဦးအမတများကိုလည်း ကုအန် မြင်ခဲ့ရသည်။

ထိုအရာကိုကြည့်ကာ သူကြိတ်၍ ပျော်ရွှင်သွားမိသည်။

ကံကောင်းစွာဖြင့် သူကောင်းကင်ဈာန်အမတအဆင့်ရောက်ခဲ့စဉ်က အဆင်အခြင်မဲ့မပြုမူခဲ့ပေ။ မဟုတ်လျှင်ထိုစဉ်က သူ့ဘေးသို့ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးရောက်နေလျှင်ပင် သူသိလိုက်မည်မဟုတ်ပေ။

နတ်အတွေးအစစ်အမှန်အမတအဆင့်သို့ရောက်ပြီးနောက် သူမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အခြေခံအုတ်မြစ်ကို ပိုမြင်လာခဲ့ရသည်။ ဒါပေါ့ သူ့တွင်ယုံကြည်မှုလည်း ရှိနေပြီး မြင့်မြတ်ခုံရုံးကိုအလွန်ကြောက်မနေတော့ပေ။

ကုအန်မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာကိုလည်းမြင်ခဲ့ရပြီး ထိုအရာက မမြင်နိုင်သောလမ်းကြောင်းတစ်ခုအဖြစ်ဖြင့် သမုဒ္ဒရာအနက်ပိုင်းထဲ ဦးတည်သွားကာ ပျက်သုဉ်းခြင်းနယ်မြေထဲ၀င်သွားသည်ကို တွေ့ခဲ့ရ၏။

စကြာ၀ဠာကြီးသည် ကျယ်ပြန့်ကာ အဆုံးမဲ့ပြီး ပျက်သုဉ်းခြင်းနယ်မြေသည် အရပ်မျက်နှာတစ်ခုတည်းတွင် ရှိနေခြင်းမဟုတ်ဘဲ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရှိသော အာကာသဒေသတစ်ခုလုံးကို ဝိုင်းပတ်ကာတည်ရှိနေခြင်းဖြစ်သည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ထိုပျက်သုဉ်းခြင်းနယ်မြေ၏ ဘက်ခြမ်းတစ်ခုနှင့် ပို၍ နီးကပ်ပေသည်။ ထို့ကြောင့်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ ပျံတက်သွားသော ကျင့်ကြံသူများသည် အသံမဲ့အပျက်အစီးနယ်မြေကို ဘက်ခြမ်းတစ်ခုတည်းတွင်သာ ရှိသည်ဟု အထင်မှားနေကြခြင်း ဖြစ်ဧ။။်

ကောင်းကင်ဈာန်အမတတစ်ပါးပင် အရပ်မျက်နှာနောက်တစ်ဖက်ရှိ ပျက်သုဉ်းခြင်းနယ်မြေကိုရောက်ရန် နှစ်ပေါင်းများစွာပျံသန်းဖို့ လိုအပ်ပြီး ဤအချက်က စကြာ၀ဠာကြီးမည်မျှကျယ်ပြန့်သလဲဆိုတာ မြင်ဖို့ လုံလောက်ပေသည်။

ကုအန် သူ့နတ်အတွေးများကို ပြန်ရုတ်လိုက်ကာ ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့၏။

ဤကမ္ဘာကြီးသည် အရင်ကသူထင်ခဲ့တာနှင့် ကွဲပြားနေခဲ့သည်။

အတိတ်ဘ၀ယဉ်ကျေးမှု၏ လွှမ်းမိုးမှုများအရ ‌အမတလမ်းစဉ်ရှ်ိလျှင် ကောင်းကင်အောက်ရှိ အရာအားလုံး ပြန်လည်မွေးဖွားခြင်း ယင်ယန် အစရှိသည်ကို အုပ်ချုပ်အမိန့်ပေးသည့် အမတများလည်း ရှိမည်ဟု သူထင်ခဲ့ခြင်းဖြစ်သည်။ တကယ့်လက်တွေ့တွင်တော့ ဘာမှရှိမနေခဲ့ပေ။

အမတလမ်းစဉ်ရှိနေသော်လည်း ကောင်းကင်တာအိုကိုအုပ်ချုပ်သော အမတများတော့ ရှိမနေခဲ့ပေ။

ပြန်လည်မွေးဖွားခြင်းနှင့် ယင်ယန်ရှိနေခဲ့သော်လည်း မြေအောက်ကမ္ဘာ၏အမိန့်တော်လိုအရာမျိုးတော့ ရှိမနေခဲ့ပေ။

ယခုအခါ စကြာ၀ဠာကြီးကိုလေ့လာကြည့်ပြီးနောက် ကုအန်တွင်ခံစားချက်တစ်ခုသာ ရှိတော့သည်။

ထိုအရာမှာ အပျက်အဆီးများသာ ဖြစ်၏။

တစ်ချက်လွှတ်အမိန့်လိုအရာမျိုး ရှိမနေခဲ့ပေ။

စကြာ၀ဠာကြီး၏ အဆုံးတစ်ဖက်တွင် ပိုကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခုတည်ရှိနေနိုင်ပြီး အသံမဲ့အပျက်အဆီးနယ်မြေက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ သက်ရှိများ၏ ခြေလှမ်းများကိုဟန့်တားထားခြင်းသာ ဖြစ်ရမည်လို့လည်း ကုအန် တွေးမိခဲ့သည်။ အထူးသဖြင့် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်မှ အခြားကုန်းမြေတိုက်ကြီးများအကြောင်း သူသိခဲ့ရပြီးချိန်ကတည်းက တွေးမိခြင်းဖြစ်၏။

‌အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင် ဆိုလျှင်တောင် သူတို့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထက် ပိုသန်မာသလို ပိုလည်းကြီးမားလှသည်။

ဤအရာမှာ ပုံမှန်သာဖြစ်၏။ ပိုင်ကျိယပြောပုံအရ လက်ရှိ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် အပိုင်းအစလေးတစ်ခုမျှသာဖြစ်ပြီး အစစ်အမှန်မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ဘယ်လောက်ကျယ်ပြန့်သလဲ စိတ်ကူးကြည့်ဖို့တောင် ခက်လှသည်။

ကုအန် သူ့ဂျူနီယာများနှင့် တပည့်များအကြောင်းလည်းမတွေးဘဲ မနေနိုင်ခဲ့ပေ။

ထိုအခါ သူ့မာနများလည်း အဝေးသို့လွင့်စင်ပျောက်ကွယ်သွားကုန်ရသည်။

နတ်အတွေးအစစ်အမှန်အမတသည် စွမ်းအားကြီးသော်လည်း ပြန်လည်မွေးဖွားခြင်းကိုအမိန့်ပေးနိုင်သောအဆင့်သို့ မရောက်ရှိသေးပေ။ အနည်းဆုံးတော့ သူ့အနားရှိလူများကို အမတများဖြစ်လာအောင် သူလုပ်မပေးနိုင်ခဲ့ပေ။

အချိန်အနည်းငယ်ကြာလျှင် သူရီလန့်ဆီသွားကာ သူမသက်တမ်းကို ဆွဲဆန့်ပေးရန် ကူညီနိုင်မလားဆိုတာ ကြည့်ဦးမည်ဟု ကုအန်စီစဉ်ထားခဲ့သည်။

ထို့နောက် ကုအန်လက်မြှောက်ကာ လက်ချောင်းတစ်ချောင်းဖြင့် စားပွဲကို ခေါက်လိုက်လေသည်။

ဤအရာမှာ လင်းရှီကူးပြောင်းနေခြင်းဖြစ်ပြီး သူကောင်းကင်ပိုင်းဖြတ်ပုဆိန်ထဲရှိ လင်းရှီကိုတိုးမြှင့်နေခြင်းဖြစ်ပြီး လမ်းမှန်ဂိုဏ်း ဟူသောစာလုံးကိုလည်း ပိုသန်မာလာအောင် လုပ်လိုက်ခြင်းဖြစ်၏။

ဆရာသခင်ဓားအရှင်၏ ဂုဏ်သိက္ခာကိုတည်ဆောက်ပြီးပြီဆိုမှတော့ သူထိုအရာကို ဆက်လက်ထိန်းသိမ်းထားရပေလိမ့်မည်။

…..

နွေရာသီကုန်ချိန်တွင်

ရာသီဥတုက တဖြည်းဖြည်းအေးလာခဲ့သည်။

တောအုပ်ထဲ၌ ကုအန် ယန်ကျင်းကို ကျင့်ကြံရာ၌ လမ်းညွှန်ပေးနေခဲ့၏။

ယန်ကျင်းသည် အသွားသုံးခုပါသော လှံကိုကိုင်ဆောင်ထားခြင်းဖြစ်ပြီး သူ့တိုက်ကွက်များက အလွန်လျင်မြန်ကာ အားကောင်းလှသော်လည်း လက်ချောင်းနှစ်ချောင်းသာ သုံးနေသောကုအန်က သူ့တိုက်ကွက်များအားလုံးကို ခုခံနေခဲ့သည်။

အသွားသုံးခုပါသောလှံက လီရွှမ်တောက်သူ့အတွက် ထုလုပ်ပေးထားသော နတ်လက်နက်ဖြစ်ပြီး ပုံမှန်အားဖြင့် ယန်ကျင်းထိုလက်နက်ကို ဆေးတောင်ကြားထဲတွင် ထုတ်လေ့မရှိပေ။

ဤနတ်လက်နက်က ကောင်းကင်ပိုင်းဖြတ်ပုဆိန်နှင့်ဆင်တူကာ သူသည် ဂျင်တစ်သန်းလေးလံပြီး တိုက်ကွက်များကို ပိုမိုအားကောင်းစေသော အထူးစည်းတစ်မျိုးလည်း လှံထဲတွင် ပါ၀င်ပေသည်။

ယန်ကျင်း ပိုပိုပြီး အံ့အားသင့်လာခဲ့၏။ သူ့ကြမ်းတမ်းလှသော တိုက်ကွက်များက သူ့ဆရာကို ဘယ်လိုမှမခြိမ်းခြောက်နိုင်ဘဲ သူ့ဆရာ၏ဖိနှိပ်မှုအောက်တွင် သူ့တိုက်ကွက်များက တောအုပ်ကိုပင် ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။

တစ်ချက်ကြည့်ရုံနှင့်ပင် သူ့ဆရာသည် သူထက်ပိုမြန်ကာ ပိုအားကောင်းသော သိုင်းဆရာတစ်ယောက်ပုံပေါ်နေခဲ့သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်ကတော့ တစ်ဖက်ရှိ မြေပြင်ပေါ်လဲလျောင်းကာ ကြည့်ရှုနေပြီး ထိုအရာက ဖြစ်သင့်သည်ထင်သောကြောင့် သူကတော့ အံ့့အားသင့်မနေပေ။

သူဂရုစိုက်သည်က ယန်ကျင်း၏အနေအထားသာ ဖြစ်၏။

ထိုကောင်လေးသည်ပိုသန်မာလာပြီး ယန်ကျင်းသာ မဟာယနအဆင့်ရောက်သွားပါက မည်သည့်ပုံစံရှိနေမလဲဆိုတာ သူတွေးပင်မတွေးနိုင်ခဲ့ပေ။

ထိုစဉ် ယန်ကျင်းခုန်လိုက်ကာ သုံးခွလှံဖြင့် ဒေါသတကြီး ခုတ်ပိုင်းချလိုက်၏။ ထိုအခါ ကုအန်က သူ့လှံသွားကို လက်ချောင်းနှစ်ချောင်းတည်းဖြင့် ညှပ်ဖမ်းထားလိုက်လေရာ ယန်ကျင်း တုန်ရီသွားခဲ့သည်။

“ကောင်းပြီ ဒီနေ့တော့နားလိုက်ရအောင်”

ကုအန်ပြောလိုက်ပြီး သူ့အသံက တည်ငြိမ်နေခဲ့၏။

ယန်ကျင်းလည်း လှံကိုသိမ်းလိုက်ကာ အမြန်ဦးညွှတ်လိုက်ကာ သူ့ဆရာ စိတ်ကျေနပ်သွားလားဆိုတာမသေချာသောကြောင့် သူ့နှလုံးသားကလေးလံနေခဲ့သည်။

သူ့ကျင့်ကြံခြင်းက နတ်အသွင်ပြောင်းခြင်းအဆင့် ၇ သို့ရောက်ရှိနေပြီဖြစ်ပြီး ထိုသည်က သူ့ကြိုးစားအားထုတ်မှုထက် သူ့ဆရာက ဆေးတွေအများကြီးပေးနေခဲ့၍ ဖြစ်၏။ ကျင့်ကြံခြင်းအလျင်တွင်တော့ ကုအန်သူ့ကို ကျေနပ်ပေသည်။

“ပြန်ကြစို့ အဓိကပုဂ္ဂိုလ်တစ်ယောက် ဒီနေ့အလည်လာလိမ့်မယ်”

ကုအန်ပြုံးကာ ပြောလိုက်၏။

ယန်ကျင်းလည်း စိတ်မ၀င်စားဘဲ မနေနိုင်ခဲ့ပေ။

ဘယ်အဓိကပုဂ္ဂိုလ်များလဲ!

သူတို့တောအုပ်ပြင်ပသို့လမ်းလျှောက်ထွက်လာကြပြီး လမ်းတစ်လျှောက်လုံးတွင် သွေးအကျဉ်းထောင်မဟာသူတော်စင် ယန်ကျင်း၏တိုက်ပွဲအကြောင်းသုံးသပ်ပေးနေကာ ယန်ကျင်းလည်း သူ့ကျင့်ကြံခြင်းအဆင့်ကိုသိသောကြောင့် ဂရုတစိုက်နားထောင်နေခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ

ကုအန် ဒြပ်ငါးမျိုးခိုးယူသူနှင့် တရုတ်ကျားကစားနေပြီး ဘေးတွင် လက်ကိုးချောင်းနတ်အရှင် ရှန်ရှင်းကျိ နှင့် လူအုပ်ကြီးက ကြည့်ရှုနေခဲ့ကြ၏။

ဒြပ်ငါးမျိုးခိုးယူသူ မျက်မှောင်ကြုံ့နေကာ နောက်တစ်ကွက်ချဖို့ တွန့်ဆုတ်နေခဲ့သည်။

ထို့နောက်တွင်တော့ ထည်ဝါလှသောအသံကြီးတစ်သံ အဓိပတိဂိုဏ်းတွင် ဟိန်းထွက်လာခဲ့ပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးဆီ ပဲ့တင်ထပ်သွားခဲ့၏။

“မြင့်မြတ်၀န်ကြီး၏အမိန့်တော် ဆရာသခင်ဓားအရှင်၏ သက်ရှိများကို ကယ်တင်ပေးခဲ့သောကုသိုလ်သည် မှတ်သားထိုက်စရာကောင်းသောကြောင့် ချီကံကြမ္မာသစ်သီးရာထူးကို ရယူရန် မြင့်မြတ်ခုံရုံးသို့ ၀င်ရောက်နိုင်သည်”

ထိုစကားလုံးများကိုကြားသောအခါ ဆေးတောင်ကြားရှိလူတိုင်း မော့ကြည့်လိုက်ကြပြီး ကုအန်လည်း မော့ကြည့်ချင်ယောင်ဆောင်လိုက်၏။

တခဏကြာတိတ်ဆိတ်သွားပြီးနောက်တွင်တော့ ဆေးတောင်ကြားတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။

“မြင့်မြတ်ခုံရုံးလား”

“ဆရာသခင်ဓားအရှင်အတွက် ဆုလဒ်တစ်ခုတဲ့လား”

“ဘာကိစ္စကြီးလဲ မြင့်မြတ်ခုံရုံးဆိုတာ ဘယ်လိုအင်အားစုလဲ”

“ချီကံကြမ္မာသစ်သီးရာထူးဆိုတာရော ဘာလဲ ကြားရတာတော့အတော်လေးစွမ်းအားကြီးမယ့်ပုံပဲ”

“မြင့်မြတ်၀န်ကြီးက ဘယ်သူလဲ ဆရာသခင်ဓားအရှင်ကိုတောင် ခန့်အပ်ရဲတယ် မောက်မာလိုက်တာ!”

တပည့်အများစု မကျေမနပ်ဖြစ်နေကြပြီး မြင့်မြတ်ခုံရုံးက ဆရာသခင်ဓားအရှင်ကိုမလေးစားဘူးဟုခံစားနေကြရကာ အနည်းဆုံးတော့ သူတို့သည် သူတို့ကိုယ်သူတို့ ဆရာသခင်ဓားအရှင်ထက် သန်မာသည်ဟု မှတ်ယူထားခဲ့ကြသည်။

ကုအန် ရယ်စရာကောင်းသည်ဟုခံစားလိုက်ရပြီး ခေါင်းကိုသာ ယမ်းနေမိသည်။

ငါ့ကိုခန့်အပ်ဖို့လား!

သို့သော် ဤဇာတ်ကွက်က အနောက်အရပ်သို့ခရီးသွားခြင်းထဲက ဇာတ်ကွက်နှင့်တော့ တစ်မျိုးတစ်ဖုံဆင်တူနေခဲ့၏။

ကံကောင်းစွာဖြင့် သူ့ကို မြင်းထိန်းကံကြမ္မာ ခန့်အပ်နေခြင်းတော့ မဟုတ်ပေ။

ထိုစဉ်တပည့်တစ်ယောက် မြင့်မြတ်ခုံရုံး၏‌အကြောင်း လက်ကိုးချောင်းနတ်အရှင်ကိုမေးလိုက်ပြီး လက်ကိုးချောင်းနတ်အရှင်လည်း သူသိသလောက်မဖုံးမကွယ် ပြောပြပေးခဲ့သည်။

မြင့်မြတ်ခုံရုံးသည် ဤကမ္ဘာကြီး၏အုပ်စိုးသူများဟု သိလိုက်ရသောအခါ တပည့်များ၏ မကျေနပ်မှုများ ပျောက်ကွယ်သွားကြပြီး ချက်ချင်းပင် ဆရာသခင်ဓားအရှင်ထွက်သွားမှာကို စိုးရိမ်လာခဲ့ကြသည်။

ဆရာသခင်ဓားအရှင်မရှိတော့လျှင် နောက်ကပ်ဘေးများကြုံလာရပါက သူတို့ဘာလုပ်ရမည်နည်း။

ထိုစဉ် ကုအန် သူ့ကိုသတင်းစကားလာပါးသော ကောင်းကင်ဈာန်အမတ ကောင်းကင်ပြုပြင်စင်မြင့်ပေါ် တက်သွားသည်ကို အာရုံခံမိလိုက်၏။

သူချက်ချင်းပင် စိတ်လှုပ်ရှားစရာမြင်ကွင်းကိုကြည့်ရှုရန် ထရပ်လိုက်လေသည်။

အပြင်စည်းမြို့ထဲတွင်လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်နေခဲ့ကြ၏။

ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရှိလူများလည်း ‌မြင့်မြတ်ခုံရုံးအကြောင်းဆွေးနွေးနေကြပြီး အများစုက မြင့်မြတ်ခုံရုံးသည် ဆရာသခင်ဓားအရှင်ကို တန်ဖိုးချနေသည်ဟု ယုံကြည်နေခဲ့ကြသည်။

ထိုစဉ် အဖြူရောင်၀တ်လူတစ်ယောက် လူအုပ်ထဲတွင် ‌လမ်းလျှောက်နေခဲ့၏။ သူ့ခြေလှမ်းများက မမြန်ဘဲ ပုံမှန်အတိုင်းသာ လျှောက်နေခြင်းဖြစ်ပြီး သူ့အင်္ကျီလက်အိုးများကတော့ရှည်လျားလှသောကြောင့် လေနှင့်လွင်နေခဲ့သည်။ ထိုသူ့မျက်နှာသည် ခန့်ညားလှပြီး လက်ထဲတွင်လည်း ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထားခဲ့၏။

သူ့မျက်နှာကပြုံးနေသော်လည်း သူ့စိတ်ထဲတွင်တော့ မထီမဲ့မြင်ပြုဟန်များဖြင့်ပြည့်နေခဲ့သည်။

“သေမျိုးတစ်စုကများ မြင့်မြတ်ခုံရုံးကိုမေးခွန်းထုတ်ရဲတယ်လား”

အဖြူရောင်ဝတ်လူ ဒေါသမထွက်ခဲ့သလို ထိုသေမျိုးများနှင့် သွားရှုပ်မည်လည်းမဟုတ်ပေ။ ဤနေရာသည် ဆရာသခင်ဓားအရှင်၏နယ်မြေဖြစ်သောကြောင့် သူ့ကိုသွားစော်ကားခြင်းမှာ ကောင်းသောအရာတော့မဟုတ်ပေ။

မဟာအေးစက်မိစ္တာဂိုဏ်းကိုရှင်းပစ်နိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်မျိုးက သူစော်ကား၍ ရနိုင်သောတည်ရှိမှုမျိုးလည်း ဟုတ်မနေခဲ့ပေ။

မြင့်မြတ်၀န်ကြီး၏ စာကိုပို့ပေးခဲ့ပြီးသည့်နောက် ဆရာသခင်ဓားအရှင်သဘောတူသည်မတူသည်ကို သူဂရုမစိုက်တော့ပေ။ သူအခုလုပ်ချင်နေသည်က ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စမ်းကြည့်ချင်နေခြင်းသာ ဖြစ်၏။

အဓိပတိဂိုဏ်းသို့မလာခင် ထိုက်ကန်မင်းဆက်တွင် ခရီးသွားနေစဉ်က သူထို ကောင်းကင်ပိုင်းဖြတ်ပုဆိန်အကြောင်းဒဏ္ဍာရီများကို ကြားခဲ့ဖူးပေသည်။

အပိုင်း(၃၀၈)

ငါက ဆရာသခင်ဓားအရှင်

အဖြူရောင်၀တ်စုံနှင့်လူ ဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့ပြီးနောက် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့သို့ ရောက်ရှိလာခဲ့ဧ။။်

ကျိုးယိကျင်း သူ၏ပုံမှန်မဟုတ်သောပုံစံကိုမြင်ပြီး စိတ်၀င်စားသွားကာ အသေးစိတ်အကဲခတ်ကြည့်နေခဲ့သည်။

အဖြူရောင်၀တ်စုံနှင့်လူပြုံး၍ ပြောလိုက်သည်။

“ငါကလုရှန်းယီပါ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကိုတစ်ခါလောက် ကြိုးစားကြည့်လို့ရမလား”

ဤကုန်းမြေတိုက်ကြီးရှိ သတ္တဝါများက အားနည်းလွန်းသောကြောင့် သဘာ၀အားဖြင့် သူတို့အတွက် ဆရာသခင်ဓားအရှင်၏အမွေအနှစ်ကိုဆက်ခံဖို့ မဖြစ်နိုင်ကြပေ။

အကယ်၍ သူအောင်မြင်သွားရင်တော့ ဤအရာကသူ့အတွက် ထင်မှတ်မထားသော အခွင့်အလမ်းကြီးတစ်ခုဖြစ်လာနိုင်ပေသည်။

သူ့သရုပ်မှန်ကိုဖယ်လိုက်လျှင် သူ့ကောင်းကင်ဈာန်အမတအဆင့်နှင့်ဆိုလျှင်တောင် မဟာအေးစက်မိစ္တာဂိုဏ်းက ကိုင်လှုပ်၍မရသော တည်ရှိမှုကြီးဖြစ်၏။ ထို့ကြောင့် ဆရာသခင်ဓားအရှင်သည် မြင့်မြတ်ဘုရင်တစ်ပါးနှင့် ယှဉ်နိုင်ရမည်ဟု လုရှန်းယီ သံသယရှိပေသည်။

“သွား ဒါပေမယ့် မင်းတစ်ရက်ကိုတစ်ကြိမ်ပဲ ကြိုးစားခွင့်ရှိတယ်နော်” ကျိုးယိကျင်း မောက်လညး်မမောက်မာသလို နှိမ့်လည်းမနှိမ့်ချသောအသံဖြင့် ပြောလိုက်၏။ ဤနှစ်များအတွင်း သူများစွာသော ကြီးမြတ်သည့်ကျင့်ကြံသူများကို တွေ့ခဲ့ရပြီးနောက် သူ့မာနကပိုပြီး ကြီးထွားလာခဲ့လေသည်။ သူ့မျက်လုံးထဲတွင် ဆရာသခင်ဓားအရှင်၏ဂုဏ်သိက္ခာမှာ အဓိပတိဂိုဏ်းထက်ပင် ကြီးမြင့်နေပြီဖြစ်၏။

အဖြူရောင်၀တ်စုံ၀တ်လူ၏အကြည့်သည် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဆီရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုအန် လူအုပ်ထဲတွင်ရပ်နေရင်း အဝေးမှအဖြူရောင်၀တ်လူကိုကြည့်ကာ သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။

[လုရှန်းယီ(ကောင်းကင်ဈာန်အမတအဆင့်၉): ၆၇၉၈၀/၅၀၀၀၀၀/၈၉၀၀၀၀]

သက်တမ်းအကန့်အသတ် ၈သိန်း၉သောင်း!

သူ့ဘ၀တစ်သက်တာလုံးတွင် သူဘယ်အဆင့်ရောက်မလဲဆိုတာက်ုတော့ ကုအန် မသိနိုင်ခဲ့ပေ။

အမတလမ်းစဉ်အဆင့်တွင် သေချာသောအဆင့်တစ်ခုသို့ရောက်သွားတိုင်း သက်တမ်းအကန့်အသတ်က တိုးလာတတ်ပေသည်။ သို့သော်လည်း ထိုသို့ချိုးဖြတ်ပြီးလျှင်ပင် သက်တမ်းတိုးမလာဘူးဆို‌ရင်တော့ ထိုသူဘယ်အဆင့်ထိရောက်မလဲဆိုတာ ပြောရခက်ဧ်။်။

ထို့အပြင် သူ့အမြင်တွင် အရင်အဆင့်ကြီးများအားလုံးတွင် ပြာပုံထဲမှ ပြန်လည်မွေးဖွားလာရသလို ခံစားချက်မျိုး ရှိနေခဲ့သည်။

ကုအန်အကြည့်များအောက်တွင် လုရှန်းယီ ပုဆိန်လက်ကိုင်ကိုဆုပ်ကိုင်လိုက်ပြီး သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့၏။

စင်မြင့်ပေါ်ရှိ အကြည့်များ လုရှန်းယီဆီပိုပိုရောက်ရှိလာကြပြီး အားလုံးက လုရှန်းယီကိုကြည့်ကာ ထိုသူသည် သာမန်နောက်ခံရှိသူတော့မဟုတ်ဘူးဟု တွေးနေခဲ့ကြသည်။

လုရှန်းယီအားစတင်ထည့်ခဲ့ပြီး တခဏအကြာတွင် ကောင်းကင်ပြုပြင်စင်မြင့်ပင် အနည်းငယ်လှုပ်ခါသွားပါသော်လည်း ပုဆိန်ကတော့ တစ်လက်မပင် လှုပ်မလာခဲ့ပေ။

ကျိုးယိကျင်း၏ လုရှန်းယီအပေါ်အကြည့်လည်း ပြောင်းလဲသွားခဲ့၏။ ကောင်းကင်ပြုပြင်စင်မြင့်ကိုလှုပ်ခါသွားစေသည်ဆိုခြင်းက လုရှန်းယီ၏ကျင့်ကြံခြင်းနက်နဲမှုကိုပြသနေပြီး ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မမနိုင်ခြင်းကတော့ သာမန်သာဖြစ်ပေသည်။ ဆရာသခင်ဓားအရှင်သည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်၏။

အနည်းဆုံးတော့ ကျိုးယိကျင်းနှလုံးသားထဲတွင် ဆရာသခင်ဓားအရှင်က ပြိုင်ဘက်ကင်းဖြစ်ပေသည်။

နေပါဦး!

ဒီကောင့်အသံက ခုနကအော်သွားတဲ့ကောင်အသံနဲ့ ဆင်တူနေပါလား!

ဆင်တူရုံတင်မဟုတ်ဘူး…ခုနကအသံနဲ့ တစ်ပုံစံတည်းတူနေတာ ပိုတိုးသွားပြီး ခုနကလိုဖိအားမရှိတော့ရုံပဲ!

ထိုသို့တွေးမိသွားပြီးသည့်နောက် ကျိုးယိကျင်း၏ လုရှန်းယီအပေါ်အကြည့်က ရန်လိုမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဘယ်လိုလုပ် ဒီလူယုတ်မာက ဆရာသခင်ဓားအရှင်ပိုင်နက်ကို ကျူးကျော်လာရဲတာလဲ!

လုရှန်းယီကြောင့် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်က ကောင်းကင်ပြုပြင်စင်မြင့်တစ်ခုလုံးရှိ လူများ၏အာရုံကို ဆွဲဆောင်သွားခဲ့၏။ သို့သော် သူအကြာကြီးမမခဲ့ဘဲ အသက်ရှူကြိမ်အနည်းငယ်ကြာပြီးသည့်နောက် လက်လွှတ်လိုက်လေသည်။

သူသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ နောက်ဆုတ်လိုက်ပြီး ပြုံး၍ ပြောလိုက်၏။

“ဆရာသခင်ဓားအရှင်က တကယ်ပဲ ဂုဏ်သတင်းတွေအတိုင်းပါပဲ ကျွန်တော်အထင်ကြီးလေးစားမိပါတယ်!”

ထို့နောက် လက်သီးလက်ဝါးဆုပ်ကာ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို အရိုအသေပေးလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။

လမ်းတစ်လျှောက်ရှ်ိ ကျင့်ကြံသူများလည်း သူ့ကိုလမ်းဖယ်ပေးလိုက်ကြပြီး အပြစ်ပြုမိမှာကို ကြောက်ရွံ့နေခဲ့ကြသည်။ ခုနက အဖြစ်အပျက်အရ ထိုလူသည် သူတို့စော်ကား၍ ရသောသူ မဟုတ်ပေ။

ကုအန်လည်း လူအုပ်ကြားထဲရပ်နေရင်း လုရှန်းယီကိုကြည့်ရှုနေခဲ့၏။

မကြာခင်တွင် လုရှန်းယီ စင်မြင့်ပေါ်မှပျောက်ကွယ်သွားပြီး ထိုနေရာရှိကျင့်ကြံသူများကြားဆွေးနွေးသံများ ထွက်ပေါ်လာလေတော့သည်။

ထို့နောက် ကုအန်လည်းစင်မြင့်ပေါ်မှ ဆင်းခဲ့လိုက်၏။ သူဒီကိုရောက်နေပြီဆိုတော့ မြို့ထဲဟိုဟိုဒီဒီတော့သွားကြည့်ရဦးမည်။ မဟုတ်လျှင် ဒြပ်ငါးမျိုးခိုးယူသူနှင့် လက်ကိုးချောင်းနတ်အရှင်တို့က သူဒီကို လုရှန်းယီကိုသက်သက်လာကြည့်တာဟု သံသယရှိသွားနိုင်ပေသည်။

ဒါပေါ့ တကယ့်အရေးကြီးဆုံးအကြောင်းပြချက်ကတော ့ကုအန် ဒြပ်ငါးမျိုးခိုးယူသူနှင့် တရုတ်ကျားမကစားလိုတော့၍ ဖြစ်၏။

ထိုကောင်များသည် တဖြည်းဖြည်းကစားနှုန်းက ပိုပိုနှေးလာနေပြီး ကုအန်လည်း သူတို့၏ယုတ်မာသောအကြံအစည်ကို နားလည်ပေသည်။ ထိုကောင်များသည် တမင်သက်သက် သူစိတ်မရှည်တော့အောင် အချိန်ဆွဲနေခြင်းသာ ဖြစ်၏။

တကယ်လည်းထိုအခိုက်တွင်ဒြပ်ငါးမျိုးခိုးယူသူက ‌နောက်ဆုံးပွဲမှာ သရေဟုသာ ယူဆရမည်ဟု ငြင်းဆန်နေချိန်ဖြစ်သည်။ အခြားသူများက မယုံကြသော်လည်း ဒြပ်ငါးမျိုးနတ်အရှင်ကတော့ အလျှော့မပေးပေ။

ကုအန်ဆေးခန်းမသို့ တစ်ချက်သွားကြည့်လိုက်ပြီး ထိုနေရာတွင် ယခုနှစ်မှစ၀င်သော တပည့်များမှလွဲ၍ ကျန်သည့်သူအားလုံးက သူ့ကိုသိကြပေသည်။ သူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဖြစ်တာကိုထားဦး သူ့ဆေးတောင်ကြားမှ တစ်နှစ်တစ်နှစ်ထွက်နှုန်းသည်လည်း အဓိပတိဂိုဏ်းတွင် အမြင့်ဆုံးဖြစ်၏။

နတ်အတွေးအစစ်အမှန်အမတအဆင့်သို့ ရောက်သွားသည့်တိုင်အောင် ကုအန် ထိုသူများနှင့်စကားပြောရသည်ကို ကြိုက်နေဆဲဖြစ်သည်။

မြင့်မြတ်ခုံရုံးက ဖိတ်ကြားမှုကိုတော့ သူ့စိတ်ထဲအများကြီးမထားလိုပေ။

မြင့်မြတ်ခုံရုံးသို့ သွားလိုက်ပါက ပြဿနာများဖြစ်လာနိုင်ပြီး သူထိုအရာကိုမလိုချင်သည်မှာလည်း သေချာလှ၏။ အကယ်၍ သူသွားလိုက်ပြီးမှ ထိုကိစ္စနှင့်ပတ်သက်ပြီး မြင့်မြတ်ခုံရုံးနှင့် ရန်သူများအဖြစ်အဆုံးသတ်သွားလျှင် မည်သို့လုပ်မည်နည်း။

ကုအန်သည် တခဏဂိုဏ်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေနှင့် မဟာအေးစက်မိစ္ဆာဂိုဏ်းတို့ကို ရှင်းပစ်ခဲ့သော်လည်း ကြင်နာတတ်သောနှလုံးသားရှိကာ ငြိမ်းချမ်းရေးကိုမြတ်နိုးသူသာ ဖြစ်၏။

အကယ်၍ ရန်သူများမပြုလုပ်မိစေရန် ရှောင်ရှားနိုင်လျှင် ထိုအရာက အကောင်းဆုံးသာ ဖြစ်သည်။

နေမ၀င်ခင်တွင် ကုအန် တောင်ကြားသို့ပြန်ရောက်လာခဲ့ပြီး သူပြန်ရောက်လာချိန်တွင် ဒြပ်ငါးမျိုးခိုးယူသူလည်း မရှိတော့ပေ။

နောက်ရက်များတွင် လုရှန်းယီသည် အဓိပတိဂိုဏ်းမှထွက်သွားလိုပုံမ‌ရသေးဘဲ ဂိုဏ်းထဲတွင်သာ လှည့်ပတ်သွားလာနေခဲ့၏။ ကုအန်လည်း ထိုလူ သူ့ဆေးတောင်ကြားထဲရောက်မလာဖို့သာ မျှော်လင့်နေခဲ့သည်။

တတိယတောင်ကြားတွင် များစွာသော ကျားများနဂါးများပုန်းအောင်းနေပြီးဖြစ်ပြီး ‌ထိုနေရာက နောက်ထပ်ထပ်လက်မခံနိုင်တော့ပေ။

….

နွေရာသီ ကုန်ဆုံးကာ ဆောင်းဦးသို့ရောက်ရှိလာခဲ့၏။

တတိယတောင်ကြားရှ်ိ အပင်အိုကြီးတစ်ပင်အောက်တွင် ကုအန် ကြယ်ခုနှစ်လုံးမှန်ကိုထုတ်ကာ ရှိုးထုတ်နေခဲ့သည်။

သူ့ရှေ့တွင်တော့ လုရှန်းယီထိုင်နေပြီး ပျက်ယွင်းနေသောအမူအရာနှင့် ကျားစေ့ကိုကိုင်ထားကာ ချရမလိုလိုနှင့် အတန်ကြာတုန့်ဆိုင်းနေခဲ့၏။

ဒြပ်ငါးမျိုးခိုးယူသူနှင့် လက်ကိုးချောင်းနတ်အရှင်တို့ကတော့ သူတို့ဘေးတွင် ပြုံးပြုံးကြီးထိုင်နေခဲ့ကြသည်။

အမတလမ်းစဉ်ဧ။် ကောင်းကင်ကိုးဆင့်တွင် အသက်၇၀၀၀၀မပြည့်သေးဘဲ ကောင်းကင်ဈာန်အမတအဆင့်သို့ ရောက်ရှိနေသူသည် ‌အသေအချာပင် ဤခေတ်၏ ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်နိုင်သူဖြစ်၏။ ကောင်းကင်ဈာန်အမတဖြစ်သော ဒြပ်ငါးမျိုးနတ်အရှင်ပင် လုရှန်းယီထံမှ အန္တရာယ်ရှိသော အရှိန်အဝါကို ခံစားနေခဲ့ရသည်။ လုရှန်းယီသည် တရုတ်ကျား၏စည်းမျဉ်းများကို သင်ယူပြီးသည့်နေ့မှာပင် ဒြပ်ငါးမျိုးနတ်အရှင်ကို အနိုင်ယူခဲ့သူ ဖြစ်၏။

သူ့ကမ္ဘာပေါ်တွင် ဒုတိယတရုတ်ကျားအတော်ဆုံးလူ‌ဟူသော ရာထူးကိုဆုံးရှုံးလိုက်ရသောကြောင့် ဒြပ်ငါးမျိုးနတ်အရှင်သည် လုရှန်းယီကို အမြဲမကျေမနပ်ဖြစ်နေခဲ့သည်။

ဒီနေ့တော့ နောက်ဆုံးတွင် လုရှန်းယီ သူ့နေရာရောက်သွားသည်ကို မြင်တွေ့ခဲ့ရလေပြီ။

ရုတ်တရက် လုရှန်းယီကုအန်ကိုမျက်လုံးလှန်ကြည့်လိုက်ကာ အသံနက်ကြီးဖြင့် မေးလိုက်၏။

“မဖြစ်နိုင်တာ! မင်းကဘယ်သူလဲ”

တရုတ်ကျားသည် အတော်လေးသိမ်မွေ့လွန်းလှပြီး တစ်ဖက်လူက သူ့ကိုအနိုင်ယူနေနိုင်ခြင်းသည် သူ့ရွှေ့ကွက်များကို ကြိုသိနေခြင်းကြောင့်ဟု သူခံစားနေခဲ့ရသည်။ ထိုအရာသည် ဘာကိုဆိုလိုနေပါသနည်း။ ထိုအရာက တစ်ဖက်လူ၏ကောက်ချက်ချနိုင်စွမ်းသည် သူ့ကိုကျော်လွန်နေသည်ဟု ဆိုလိုနေ၏။

သူ့ပါရမီနှင့်နားလည်နိုင်စွမ်းသည် ‌မြင့်မြတ်ခုံရုံးတွင် ထိပ်တန်းဟုပြောမရသော်လည်း ပါရမီရှင်တစ်ယောက်ဆိုတာတော့ သေချာပေသည်။

ထို့ကြောင့် ကုအန်၏နားလည်နိုင်စွမ်းသည် သူ့ကိုကျော်လွန်နေသည်ဟု သူမယုံပေ။

ထိုအခါ ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။

ဤပုဂ္ဂိုလ်သည် သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားတာသာ ဖြစ်ရပေလိမ့်မည်။

ထိုစကားကိုကြားသောအခါ ကုအန်ဂုဏ်ယူဟန်ဖြင့် ပြုံးလိုက်ပြီး “ငါမင်းကိုပြောပြမယ် ငါက ဆရာသခင်ဓားအရှင်ပဲ မင်းအဲ့တာကိုယုံလား”

ကလေး မင်းကငါ့လက်ထဲက အထွတ်အထိပ်အမတရတနာနဲ့ ခေါင်းပေါ်က အထွတ်အထိပ်ရတနာကိုတောင် မမြင်နိုင်ဘဲ ငါ့ကျင့်ကြံခြင်းကို ဖောက်ကြည့်ဖို့ ရည်ရွယ်နေတာလား!

ကုအန်စကားလုံးများကိုကြားသောအခါ လုရှန်းယီ ချက်ချင်းပင် ထရပ်လိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်၏။

ဒြပ်ငါးမျိုးခိုးယူသူ လက်ကိုးချောင်းနတ်အရှင်နှင့် ဘေးရှိလူအုပ်ကြီးလည်း တခဏတာ ကြောင်အသွားကြပြီးနောက် ခွက်ထိုးခွက်လန် ရယ်လေတော့သည်။

လုရှန်းယီ သူတို့ကိုကြည့်ကာ စိတ်ရှုပ်‌သွားခဲ့၏။ ထိုကိစ္စတွင် ဘယ်အရာက ရယ်စရာကောင်းနေပါသနည်း။

ဤလူများသည် ဆရာသခင်ဓားအရှင်ကို အပြစ်ပြုမိမှာကို မကြောက်ပေခြင်းလော။

လက်ကိုးချောင်းနတ်အရှင် မရယ်ဘဲမနေနိုင်ခဲ့ဘဲ ပြောလိုက်၏။ “ညီငယ်လေး မင်းဆန္ဒရှိရင် အနီးတစ်ဝိုက်မှာ စုံစမ်းကြည့်လိုက်ဦး ဒီကောင့်အသက်က ၂၀၀ကျော်ပဲရှိသေးတာ ဘယ်လိုလုပ် ဆရာသခင်ဓားအရှင်ဖြစ်နိုင်မှာလဲ ဆရာသခင်ဓားအရှင် ကျော်ကြားလာတာကမှ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကကို”

ထိုစကားကိုကြားသောအခါ လုရှန်းယီ ကုအန်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။

ယခုအခါ ကုအန်က ဆရာသခင်ဓားအရှင်ဆိုတာကို သူမယုံတော့ပေ။ အသက် ၂၀၀ကျော်နှင့် ဘာအောင်မြင်မှုမျိုး ရရှိနိုင်ပါမည်နည်း။

သူ့လိုပါရမီမျိုးနှင့်ဆိုလျှင်တောင် အများဆုံး ဆန်းကြယ်နှလုံးသားအဆင့်လောက်ထိသာ ကျင့်ကြံနိုင်ပေလိမ့်မည်။

နိဗာနအဆင့်အောက်ရှိ အဆင့်တစ်ဆင့်မှာ ပြောဖို့တန်ပါသလော။

ထိုအဆင့်များသည် ပုရွက်ဆိတ်များနှင့် မခြားပေ။

အကယ်၍သူတို့က ဆရာသခင်ဓားအရှင်သည် အသက်၂၀၀သာရှိသေးသည်ဟု ပြောလျှင်လည်း သူယုံမည်မဟုတ်ပေ။

ဆရာသခင်ဓားအရှင်သည် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကို ကျော်လွန်နေသော တည်ရှိမှုကြီးသာ ဖြစ်ရပေလိမ့်မည်။

“မင်း…”လုရှန်းယီ ကုအန်ကိုစိုက်ကြည့်ကာ အတော်လေး ဒေါသထွက်နေခဲ့၏။

ထိုစဉ် ကုအန်မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

“တစ်ယောက်ယောက်လာရှာနေပြီ မင်းတို့ပဲဆက်ကစားထားလိုက်ကြတော့”

ပြောပြီးသည်နှင့် သူထွက်ပြေးလေတော့သည်။

လုရှန်းယီ ထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ပြီး အချိန်အတန်ကြာအထိ အကြည့်မလွှဲနိုင်ခဲ့ပေ။

သူကုအန်ကို ရန်လိုစိတ်မထွက်ပေါ်လာ၍သာ ကံကောင်းပေသည်။ မဟုတ်လျှင် လုရှန်းယီ ဒီနေ့နေ၀င်ချိန်ကိုပင် တွေ့ရတော့မည်မဟုတ်ပေ။

ဒြပ်ငါးမျိုးခိုးယူသူ ချက်ချင်းပင် ကုအန်ဖယ်သွားသောနေရာကိုယူလိုက်ပြီး ပြောလိုက်၏။

“ဆက်ဆော့ရအောင် ငါမင်းကစားကွက်ကို ဖြေရှင်းနိုင်ပြီထင်တယ်”

လုရှန်းယီအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ထိုင်သာထိုင်နေခဲ့လေသည်။

ကုအန်သည် တောင်ကြားသခင်တစ်ယောက်ဖြစ်သောကြောင့် အမြဲထွက်ပြေးနေ၍ရမည်မဟုတ်ဘဲ သူကလည်း သာမန်သေမျိုးလေးတစ်ယောက်ကို အနိုင်မယူနိုင်ဘူးဟု သူမယုံပေ။

ကုအန် အကြောင်းပြချက်ပေးသွားခြင်းမဟုတ်ပေ။ အမှန်တကယ်ပင် တစ်ယောက်ယောက်သူ့ကိုလာရှာနေ‌ခြင်းဖြစ်၏။

သူအိမ်အောက်တွင် စောင့်နေခဲ့လိုက်သည်။

တခဏအကြာတွင် ပုံရိပ်တစ်ခု တောင်ကြားထဲ ပျံသန်း၀င်ရောက်လာခဲ့ပြီး ထိုသူက ရွှမ်ထျန်းယီသာ ဖြစ်၏။

“အစ်ကိုကြီး!မတွေ့ရတာကြာပြီ!” ကုအန် ပျော်ရွှင်စွာ ပြောလိုက်သည်။

ရွှမ်ထျန်းယီကတော့ အရင်လိုပင် တက်ကြွနေဆဲသာ။ သူကုအန်ပုခုံးကိုပုတ်လိုက်ပြီး သူ့တစ်ကိုယ်လုံးကိုလေ့လာလိုက်ကာ ချီးကျုးလိုက်၏။

“ညီလေး မင်းဘယ်ကောင်းကောင်း၀တ်စားရမလဲ သင်ထားတာပဲ မင်းမှာငါ့အရှိန်အဝါနည်းနည်းရှိနေပြီ ဒါပေမယ့် မင်းကျင့်ကြံခြင်းကတော့ တက်မလာသေးဘူး မင်းငါ့ကိုသိက္ခာချနေတာပဲကွ”

သစ်ပင်အောက်တွင် တရုတ်ကျားကစားနေသော လုရှန်းယီလည်း ထိုစကားသံများကိုကြားလိုက်ရပြီး သူ့သံသယများ ပျောက်ဆုံးသွားခဲ့လေသည်။

မဟာယနအဆင့်ဂျူနီယာကျင့်ကြံသူတစ်ယောက်ကို အစ်ကိုကြီးဟုခေါ်နေသူမှာ အဘယ်သို့ နက်နဲသောဆရာသခင်တစ်ယောက်ဖြစ်နိုင်တော့မှာမည်နည်း။

ကြည့်ရသည်မှာ ထိုကောင်၏တရုတ်ကျားတီထွင်မှုသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းထိုးထွင်းညဏ်များကိုသုံး၍ ထွင်ထားခြင်းဖြစ်ပုံပေါ်သည်။

အိမ်ထဲရောက်သောအခါ ရွှမ်ထျန်းယီ သူ့အတွေ့အကြုံများအကြောင်းပြန်ပြောပြခဲ့ပြီး သူသည် အာဃာတတစ္ဆေများနှင့်ရင်ဆိုင်ခဲ့ရကာ အတွေအကြုံလည်း အတော်လေး ရရှိသွားခဲ့သည်။

ကုအန်သေချာနားထောင်နေရင်း တစ်ခါတစ်ရံ ထိတ်လန့်သွားဟန်များ ပြနေသောကြောင့် ရွှမ်ထျန်းယီ ကျေနပ်နေခဲ့၏။

သူသူ့ညီလေးနှင့်စကားပြောရသည်ကို ကြိုက‌်ပေသည်။

ရွှမ်ထျန်းယီ အန်းဟောင်နှင့်လီယအကြောင်းလည်း ပြောပြခဲ့ပြီး အထူးသဖြင့်အန်းဟောင်အကြောင်းဖြစ်ကာ အားကျမှုများဖြင့် ပြောပြနေခဲ့၏။

ပြိုင်ဘက်ကင်းပါရမီရှင်ဆိုတာ ဘာလဲဆိုတာကိုသူကောင်းကောင်းကြီး နားလည်ပေသည်။ အန်းဟောင်နှင့်ယှဉ်ပါက သူ့ပါရမီသည် အတော်လေးသာမန်ဆန်လွန်းလှ၏။

သူအန်းဟောင်၏ဆရာက ဆရာသခင်ဓားအရှင်ဆိုတာလည်း သိရှိခဲ့ရသည်။

“ဘယ်လို သူ့ဆရာက…အံ့ဩစရာမရှိတော့ဘူး….အံ့ဩစရာမရှိတော့ပါဘူး…” ကုအန် အံ့အားသင့်သွားခဲ့၏။

အိမ်ကို ရွှမ်ထျန်းယီက စည်းဖြင့်ကာကွယ်ထားခြင်းကြောင့် အခြားတပည့်များ သူတို့စကားဝိုင်းကိုကြားမှာ စိတ်ပူစရာမလိုပေ။ ဒြပ်ငါးမျိုးခိုးယူသူနှင့် လက်ကိုးချောင်းနတ်အရှင်တို့အတွက်ကတော့ သူတို့ကြားတော့ရော ဘာဖြစ်သနည်း။ အကယ်၍သူတို့သာ ထိုသတင်းကြောင့် အန်းဟောင်ကိုအကွက်ချကြံစည်ချင်လျှင်တော့ ကုအန် သူတို့၏ တရုတ်ကျားမိတ်ဆွေဆက်ဆံရေးကို ထောက်နေမည် မဟုတ်ပေ။

“မဟာအေးစက်မိစ္ဆာဂိုဏ်းဆုတ်သွား‌တော့ ပင်လယ်က ကသောင်းကနင်းဖြစ်လာတယ် အရင်က ပင်လယ်ပြင်ကနေ အင်အားစုအတော်များများကဆုတ်ခွာသွားတော့ သူတို့နယ်မြေနဲ့ အရင်းအမြစ်တွေကကျန်ခဲ့တယ်လေ အဲ့တာတွေကို ပင်လယ်ပြင်ကအင်အားစုတွေ ဝိုင်းလုနေကြတယ် လုနေတဲ့ထဲ ကြယ်ပင်လယ်အဖွဲ့အစည်းလည်းပါတယ်” ရွမ်ထျန်းယီ ပြောလိုက်သည်။

နှစ်ပေါင်းများစွာကြာသွားခဲ့သော်လည်း ထိုကိစ္စအကြောင်းပြန်ပြောရခြင်းက သူ့ကိုစိတ်လှုပ်ရှားနေစေဆဲပင်။

ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းကိုစစ်မှန်သောအောင်မြင်မှုကြီး ယူဆောင်လာခဲ့ခြင်းဖြစ်၏။

သူတို့နှစ်ယောက် စိတ်အားထက်သန်စွာစကားပြောနေခဲ့ကြသည်။

ထိုစဉ် လုရှန်းယီကတော့ ဒြပ်ငါးမျိုးခိုးယူသူကိုအနိုင်ယူပြီးနောက် ထိုလူနောက်တစ်ပွဲဆော့ဖို့ပြောတာကို ဂရုမစိုက်တော့ဘဲ ထထွက်လာခဲ့၏။

သူတောင်ကြားကိုလျှောက်ပတ်ကြည့်နေခဲ့ပြီး သူ့အာရုံကို ရှန်ရှင်းကျိက ဆွဲဆောင်သွားခဲ့သည။်

“ပင်လယ်ဗုဒ္ဓဂိုဏ်း ဟမ့်…..” လုရှန်းယီ အကြံတစ်ခုခုရှိနေဟန်ပေါ်သော်လည်း ရှန်ရှင်းကျိနားကပ်မသွားဘဲ သူ့အကြည့်ကိုသာ လွှဲခဲ့လိုက်၏။

သူတောင်ကြားထဲရှိလူတိုင်းကို လေ့လာကြည့်နေခဲ့သည်။

ဤဆေးတောင်ကြားသည် အတော်လေးထူးဆန်းလွန်းပြီး တောင်ကြားတွင်ရှိနေသူများမှာ အလွန်အမင်းအားနည်းလွန်းသူများနှင့် အမတများဖြစ်နေကာ ကွာဟမှုကအတော်လေး ကြီးမားလွန်းလှသည်။

ရုတ်တရက်

သူ့အကြည့်က လူတစ်ယောက်ဆီရောက်သွားခဲ့ပြီး ဤတစ်ကြိမ်တော့ သူ့မျက်လုံးများအရောင်တောက်သွားခဲ့၏။

သူ့အကြည့်အတိုင်းသွားလိုက်ရင်း ပေါင်းနှုတ်နေသော ယန်ကျင်းဆီရောက်သွားခဲ့သည်။

ကျင့်ကြံခြင်းကွာဟချက်ကြောင့် ယန်ကျင်း သူ့နောက်တွင်ရပ်နေသော လုရှန်းယီကို သတိမထားမိခဲ့ပေ။

ထိုစဉ် သူ့နောက်မှအသံတစ်သံထွက်ပေါ်လာခဲ့၏။

“မင်းနာမည်ဘယ်လိုခေါ်လဲ”

ယန်ကျင်း အလိုလိုမတ်တပ်ထရပ်လိုက်ပြီး လှည့်ကြည့်လိုက်လေသည်။

သူလုရှန်းယီကိုအရင်က အဝေးကမြင်ခဲ့ဖူးပြီး ထိုလူတွင် အရေးပါသောရာထူးရှိကာ သာမန်ကျင့်ကြံသူမဟုတ်မှန်း သိခဲ့၏။

“ကျွန်တော့်နာမည်က ယန်ကျင်းပါ ဘာကိစ္စရှိလို့လဲ သိပါရစေ စီနီယာ” ယန်ကျင်းလက်သီးဆုပ်၍ ဦးညွတ်ကာ ပြောလိုက်ပြီး သူ့ပုံစံက လေးစားသော်လည်း အရမ်းကြီးရိုကျိုးနေဟန်တော့ မပြဘဲ မျှခြေအနေအထားတွင်သာ ရှ်ိနေခဲ့သည်။

“ယန်ကျင်းလား” လုရှန်းယီ ရေရွတ်လိုက်ပြီး ထိုနာမည်ကိုအရင်ကကြားဖူးနေသည်ဟု ပြန်စဉ်းစားလိုက်မိ၏။

ထိုနာမည်ကို သူအဓိပတိဂိုဏ်း၏ တပည့်နှစ်ယောက်စကားဝိုင်းတွင် ကြားခဲ့ဖူးခြင်းဖြစ်ပြီး တစ်ယောက်က စစ်မှန်သောအရှင်သခင်အားလန် ယန်ကျင်းက မဟာသူဝောာ်စင် စွန်းဝူခုံးထက် ပိုကြောက်စရာကောင်းသည်ဟု ယူဆထားခြင်းဖြစ်သည်။ ထိုအကြောင်းကို သူတို့နှစ်ယောက်ငြင်းခုန်နေကြခြင်း ဖြစ်၏။

All Chapters