အခန်း (၃၁၅-၃၁၆)
Vol. 24 Ch. 315-316
အပိုင်း(၃၁၅)
စစ်ပွဲခုံရုံး၊ ကောင်းကင်နဂါးဧကရာဇ်
[သင်သည် ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းကိုစတင်ရန် သက်တမ်း ၁၀သန်း အသုံးပြုခဲ့ပါသည်]
[တာအိုနိယာမများနှင့် စတင်ချိတ်ဆက်နေပါသည်]
[ပြန်လည်မွေးဖွားရန်နယ်ေမြတစ်ခုရှာဖွေနေပါသည်]
[အောက်ပါ နယ်မြေသုံးခုထဲမှ တစ်ခုရွေးချယ်ပါရမည်]
[၁ တဟုန်နယ်မြေ]
[၂ အမှောင်မဟာကောင်းကင်နှင့်မြေပြင်]
[၃ မူလနတ် မဟာကောင်းကင်နှင့်မြေပြင်]
ဟမ်!
အမှောင်မဟာကောင်းကင်နှင့်မြေပြင်ရှိနေပြန်ပြီ!
အနက်ရောင်နက်နဲခြင်းဧကရာဇ် ကျုပ်ကိုစောင့်နေလိုက် ကျုပ်တို့ နှစ်ဘ၀စာရန်ကြွေးက ချေဖျက်ပစ်လို့ရတဲ့အရာမဟုတ်ဘူး!
နယ်မြေများထက် မဟာကောင်းကင်နှင့်မြေပြင်များက ပိုအဆင့်မြင့်သည်ဟု ကုအန် အမြဲခံစားမိခဲ့ပြီး နယ်မြေဆိုသည်မှာ လုလင်ကျွမ်းတို့သွေးအကျဉ်းထောင်မဟာသူတော်စင်တို့လာခဲ့သော အဆင့်နိမ့်ကမ္ဘာမျိုးသာ ဖြစ်ပုံပေါ်ပေသည်။
ကုအန် တွေးနေရင်း သူ့ရှေ့၌ စာတန်းများပေါ်လာခဲ့၏။
[သင်သည် ပြန်လည်မွေးဖွားရန် မူလနတ်မဟာကောင်းကင်နှင့်မြေပြင်ကို ရွေးချယ်ခဲ့ပါသည်]
[ဤမဟာကောင်းကင်နှင့်မြေပြင်ရှိ တာအိုနိယာမများ၏ သန်မာမှုကြောင့် သက်တမ်းရိတ်သိမ်းခြင်းစနစ်ကို မစတင်နိုင်သလို လုပ်ဆောင်ချက်များလည်း ပွင့်မလာနိုင်ပါ]
[ပြန်လည်မွေးဖွားခြင်း ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် စတင်ပါပြီ]
[ပထမနှစ်တွင် သင်သည် နတ်ကုန်းမြေတိုက်ကြီး၏ နဂါးမိသားစုထဲတွင် မွေးဖွားလာခဲ့ပြီး သင့်မိဘများက သင့်ကို လုံကျန်း ဟုအမည်ပေးခဲ့ပါတယ်]
[အသက် ၃နှစ်အရွယ်တွင် သင်သည် နဂါးမိသားစု၏ အစစ်အမှန်သွေးမျိုးဆက်ကို နိုးထလာစေနိုင်ခဲ့ပြီး မိသားစု၏အကူအညီဖြင့် နဂါးသွေးအစစ်အမှန်ခန္ဓာ ကိုကျင့်ကြံနိုင်ခဲ့ပါတယ်]
[အသက် ၈နှစ်အရွယ်တွင် သင့်မိသားစုသည် သင့်အတွက် ကျင့်ကြံခြင်းဆရာတစ်ယောက်စီစဉ်ပေးခဲ့ပြီး သင်၏ အမတကျင့်ကြံခြင်းလမ်းစဉ်က တရား၀င် စတင်ခဲ့ပါတယ်]
[အသက် ၉နှစ်အရွယ်တွင် သင့်အဖေသည် သင့်အား သူ့သတ္တမြောက်သမီးေတာ်နှင့် သင့်ကို လက်ဆက်ပေးချင်နေသော နတ်မင်းဆက်ဧကရာဇ်နှင့်တွေ့ဆုံရန် ခုံရုံးသို့ခေါ်သွားခဲ့ပြီး လက်ခံမခံကို သင့်အားဆုံးဖြတ်ခိုင်းခဲ့ပါတယ် သင်လက်ခံပါမည်လား]
စာတန်းက ထိုနေရာတွင် ရပ်သွားခဲ့သည်။ ကုအန်အစက သူဘယ်လိုလုပ် နဂါးမိသားစုထဲ မွေးဖွားလာရသလဲလို့ အံ့အားသင့်သွားခဲ့မိ၏။ သူသည် လူသားဖြစ်ရခြင်းကိုသာ ပိုနှစ်သက်ပေသည်။
သို့သော် နတ်မင်းဆက်ပေါ်လာသောအခါမှသာ လုံ ဟူသည်မှာ မျိုးရိုးနာမည်တစ်ခုသက်သက်သာဖြစ်မှန်း သိသွားခဲ့ရ၏။
ကုအန် တခဏတွန့်ဆုတ်သွားပြီးနောက် ဤဘ၀တွင် ပြဿနာများကိုရှောင်ရှားကာ ဂရုတစိုက်နေမည်ဟု ဆုံးဖြတ်ထားသောကြောင့် လက်ခံလိုက်လေသည်။
[သင်သည် နတ်မင်းဆက်ဧကရာဇ်၏ စီစဉ်ပေးမှုကိုလက်ခံလိုက်ပြီးနောက် သတ္တမမင်းသမီး ဟန်ကျားအာ နှင့်သင့်အသက် ၁၆ပြည့်လျှင် လက်ထပ်ရပါမယ် ဧကရာဇ်ကလည်း အပေျာ်လွန်သွားပြီး ထိုကိစ္စကို တစ်တိုင်းပြည်လုံးသိအောင် ကြေငြာခဲ့ပါတယ်]
[အသက် ၁၃နှစ်အရွယ်တွင် သင်သည် ပြင်ပတွင်လေ့ကျင့်ရန်ထွက်လာပြီး အဆင့်၄ မိစ္ဆာသားရဲကို လက်ချည်းသက်သက်ဖြင့် ဆွဲဖြဲခဲ့သောကြောင့် သင့်မိသားစုကို အံ့အားသင့်သွားစေခဲ့ပါတယ်]
[အသက် ၁၆နှစ်တွင် သင်နှင့် ဟန်ကျားအာတို့ လက်ထပ်ခဲ့ကြပြီး သင်သည် နတ်မင်းဆက်၏တရား၀င်မင်းသားတစ်ပါး ဖြစ်လာခဲ့ပါတယ် ဧကရာဇ်က သင့်အား အားကောင်းသောမြင့်မြတ်မြို့စား ဘွဲ့ထူးကိုချီးမြှင့်ခဲ့ပြီး နတ်မင်းဆက်၏ ချီကံကြမ္မာကို သင့်အားပေးအပ်ခဲ့ပါတယ် ထိုအချိန်မှစ သင်သည် ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားလာခဲ့ပြီး ထိပ်တန်းပါရမီရှင်စာရင်းတွင် ပါ၀င်လာခဲ့ပါတယ်]
[အသက် ၁၈နှစ်အရွယ်တွင် သင်သည် ပိုသန်မာလာစေရန် ပြင်ပလောကသို့ ထွက်ခွာလိုခဲ့ပါတယ် ထို့ကြောင့် သင်သည် ဟန်ကျားအာကို နှုတ်ဆက်ထွက်ခွာခဲ့ပြီးသည့်နောက် တစ်နှစ်တည်းမှာပင် ဟန်ကျားအာသည် သင့်သားဖြစ်သော လုံရှင်း ကိုမွေးဖွားပေးခဲ့ပါတယ်]
[အသက် ၂၀အရွယ်တွင် သင်သည် နတ်ကုန်းမြေတိုက်ကြီး၏အစွန်အဖျားဒေသသို့ရောက်လာပြီး ထိုနေရာတွင် မကောင်းဆိုးဝါးနဂါးတစ်ကောင်က မြို့တစ်မြို့ကိုဖျက်ဆီးနေသည်ကို မြင်သောကြောင့် ထိုနဂါးကို ၀င်ရောက်သုတ်သင်ပေးခဲ့ပါတယ် ထိုစဉ် မျှော်လင့်မထားဘဲ သင်သည် နဂါးသွေးကိုစုပ်ယူနိုင်စွမ်းရှိသည်ကို သိခဲ့ရပြီး သင့်ချီသွေးများက ပို၍ သန်မာလာခဲ့ပါတယ်]
[အသက် ၂၁နှစ်တွင် သင့်ကိုကံကြမ္မာဖတ်ပေးချင်သော တာအိုပညာရှင်အဖိုးကြီးတစ်ယောက်နှင့် တွေ့ဆုံခဲ့ပါတယ် လက်ခံပါမည်လား]
စာတန်းကထိုနေရာတွင် ရပ်သွားခဲ့ပြီး ကြည့်ရသည်မှာ ထိုအဖိုးကြီးကသာမန်လူတော့ ဟုတ်ပုံမရပေ။
ကုအန် တခဏတွန့်ဆုတ်ပြီးနောက် လက်ခံမည် ကိုရွေးလိုက်၏။
[သင်သည် တာအိုပညာရှင်ကို သင့်ကံကြမ္မာဖတ်ပေးဖို့ သဘောတူခဲ့ပါတယ် သူသည် သင့်ကြွက်အားများ အရိုးများကို ဆွဲကိုင်ကြည့်ပြီးသည့်နောက် စတင်တွက်ချက်ပါတော့တယ် မကြာခင်တွင် သူတုန်လှုပ်သွားပြီး သင်သည် မွေးရာပါ နတ်ဧကရာဇ်ကံကြမ္မာကိုပိုင်ဆိုင်ထားကာ မဟာကောင်းကင်နှင့်မြေပြင်ကို အုပ်စိုးရမည့်အရှင်သခင်ဖြစ်လာမည်ဟု ပြောကြားခဲ့ပါတယ် ထို့နောက်တွင်တော့ ချက်ချင်းဆိုသလို ထိုတာအိုပညာရှင် ပေါက်ကွဲထွက်သွားပြီး သူ့သွေးများက သင့်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်]
[အသက် ၂၅နှစ်အရွယ်တွင် သင်သည်မတော်တဆ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်၏ ကမ္ဘာငယ်လေးထဲသို့ ၀င်မိသွားပြီး နတ်အပျက်အဆီးကျင့်စဉ်ဟူသော ကျင့်စဉ်ကို ရှာတွေ့ခဲ့ပါတယ်]
…….
နှစ်များ တစ်နှစ်ပြီးတစ်နှစ်ကျော်လွန်သွားခဲ့၏။
ကုအန် စာတန်းများကိုတောင့်တင်းစွာကြည့်နေပြီး ငယ်ငယ်လေးနှင့် သေဆုံးသွားမည်ကို စိုးထိတ်နေခဲ့မိသည်။
သူ့အသက် ၂၀၀ကျော်သွားသောအခါမှသာ သူပြုံးလိုက်နိုင်ခဲ့ပြီး ဤအရာက သူ့အတွက် စံချိန်အသစ်သာ ဖြစ်၏။
သို့သော်လည်း သက်တမ်းစုဆောင်းခြင်းစွမ်းရည်မရှိသောကြောင့် လုံကျန်း၏ ကျင့်ကြံခြင်းက ချူလုနှင့် ရှောင်ရှန်းထျန် တို့လောက် မမြန်ခဲ့ပေ။
အေးဆေးပဲသွားကြတာပေါ့!
ကုအန်ပို၍ပင် အလေးအနက်ဖြစ်လာခဲ့ပြီး ဤဘ၀တွင်တော့ ကြိုးစား၍ အသက်ရှင်သန်သာ ဆုံးဖြတ်ထားခဲ့သည်။
အချိန်များကုန်ဆုံးလာခဲ့ပြီး ရီလန်က ကုတင်ပေါ်တွင်တရားထိုင်နေချိန်တွင် ကုအန်က စားပွဲတွင်ထိုင်နေခဲ့ပြီး တစ်ခန်းလုံးက တိတ်ဆိတ်နေခဲ့၏။
တစ်နာရီခန့်ကြာသောအခါ
ကုအန် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိပြီး အခက်အခဲနှင့်ကြုံတွေ့နေရဟန်ဖြင့် သူ့အမူအရာက ရုပ်ဆိုးနေခဲ့သည်။
[အသက် ၁၈၇၆၃၂ နှစ်တွင် သင်သည် နဂါးမိသားစု၏ဘိုးဘေးနှင့်တွေ့ဆုံခဲ့ပြီး ထိုသူက သင့်ကိုယ်ထဲ ချီကံကြမ္မာကိုထည့်သွင်းပေးကာ အစွမ်းထက်ခန္ဓာတစ်ခုကို ဖန်တီးပေးမည်ဟု ပြောခဲ့ပါတယ် သင်လက်ခံမှာပါလား]
ကုအန်သည် နတ်ကုန်းမြေတိုက်ကြီး၏ စစ်ပွဲနတ်ဘုရားဟူသော အဆင့်အတန်းကို ရရှိခဲ့ပြီးဖြစ်ပြီး ယခုအခါ အာကာသထဲတွင် လှည့်လည်သွားလာနေရင်း သူ့ဘိုးဘေးနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်၏။
သူ့ဘိုးဘေးတွင် ရည်ရွယ်ချက်ကောင်းမရှိဘူးဟု သူအမြဲခံစားခဲ့ရသည်။
ထို့ကြောင့် သူထိုအရာကို လက်မခံချင်ခဲ့ပေ။
အကယ်၍ ဘိုးဘေးကသာကောင်းမွန်သောစိတ်ထားရှ်ိခဲ့ပါက သူ့ကမ်းလှမ်းချက်ကို မျိုးဆက်တစ်ယောက်က ငြင်းဆန်ခဲ့လျှင်တောင် သူ့ကိုအငြိုးအတေးထားမည် မဟုတ်ပေ။ အကယ်၍ ကောင်းမွန်သောစိတ်ထားမရှိလျှင်တော့ လက်မခံခြင်းက ကပ်ဘေးတစ်ခုဆီ ဦးတည်သွားစေနိုင်ပေသည်။ လက်ခံလိုက်ဖို့ကလည်း ထိုအရာက အန္တရာယ်ရှိသည့် အမှောင်ထုကြီးဟု သူခံသားနေခဲ့ရ၏။
လက်မခံဘူး!
[သင်သည် နဂါးမိသားစုဘိုးဘေး၏ အကူအညီကိုငြင်းဆန်ခဲ့ပါသည် ထို့ကြောင့် ဘိုးဘေး သင့်အား စိတ်ဆိုးသွားခဲ့ပြီး ဖိနှိပ်ချင်ေသာေကြာင့် တိုက်ခိုက်ခဲ့ပါတယ် တိုက်ပွဲကြီးတစ်ခုပြီးသည့်နောက်တွင်တော့ သင်သည် ဒဏ်ရာအပြင်းအထန်ရကာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်]
[အသက် ၁၈၇၆၃၃ တွင် သင်သည် နတ်သမီးကျိယွမ်နှင့်တွေ့ဆုံခဲ့ပြီး ကံကောင်းစွာဖြင့် သင့်ကိုသူမက ကယ်တင်ပေးခဲ့ပါတယ် သင့်ဒဏ်ရာများကလည်း သူမကျေးဇူးဖြင့် ပျောက်ကင်းသွားခဲ့ပါတယ်]
နောက်ထပ်စွန့်စားခန်းတစ်ခုလာပြီ!
နတ်သမီးကျိယွမ်သည် သူ့စွန့်စားခန်းခရီးတစ်လျှောက်လုံးတွင် လိုက်ပါခဲ့ပြီး သူ့အားအထီးကျန်မှုမှ သက်သာစေခဲ့ဧ။။်
သူ့ဇနီး ဟန်ကျားအာကတော့ သူ့အသက် ၁သိန်းပြည့်ကတည်းက သူ့ကိုနှုတ်ဆက်ထွက်ခွာသွားပြီဖြစ်ပြီး ထိုအရာကြောင့်လည်း ထိုစဉ်ကတည်းက သူသည် သူ့မျိုးဆက်များကိုထားခဲ့ကာ အာကာသထဲသို့ တစ်ယောက်တည်းထွက်လာရခြင်းဖြစ်သည်။
ကုအန်လည်း ရွေးချယ်ရတာပို၍ သက်သာလာခဲ့၏။ လုံကျန်းသည် အတော်လေးသန်မာပြီး သေခြင်းရှင်ခြင်းအခြေအနေတိုင်းတွင် လွတ်မြောက်လာစမြဲသာ ဖြစ်သည်။
နာရီ၀က်ထပ်ကြာသွားခဲ့သည်။
[အသက် ၃၅၀၈၉၆တွင် သင်သည် စကြာ၀ဠာလေးတစ်ခုကို စုစည်းနိုင်ခဲ့ပြီး စစ်ပွဲခုံရုံးကိုတည်ထောင်ကာ နတ်သမီးကျိယွမ်ကို လက်ထပ်ခဲ့ပါတယ် သင့်ကိုယ်သင် ကောင်းကင်နဂါးဧကရာဇ်ဟု ကြေငြာခဲ့ပြီး နတ်သမီးကျိယွမ်ကိုတော့ ကောင်းကင်ဧကရီဘွဲ့ထူ ပေးအပ်ခဲ့ပါတယ်]
အတော်လေး အထင်ကြီးစရာပဲ!
ကုအန်ရုတ်တရက် ဂိမ်းထဲတွင် ဂန္တ၀င်တွင်မယ့် အဆင့်သစ်တစ်ခုပွင့်သွားသလို အောင်မြင်မှုကို ခံစားလိုက်ရ၏။
ကုအန် စိတ်လှုပ်ရှားမှုကြောင့် လက်နှစ်ဖက်ကိုပွတ်ကာ ဆက်ဖတ်နေခဲ့သည်။
ေနာက်ထပ်နှစ်သောင်းချီကြာပြီးသည့်နောက်
[အသက် ၃၆၀၀၀၀ တွင် သင်သည် အတားအဆီးများကိုချိုးဖြတ်ကာ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်ကို အောင်မြင်သွားခဲ့ပြီး စကြာ၀ဠာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ် ထိုအခါ သင်၏ သက်တမ်းခိုးယူခြင်းစွမ်းရည်ကလည်း ပြန်ပွင့်လာခဲ့ပါတယ် လက်ခံပါမည်လား]
လာပြီ!
ဒီမှာပဲ!
ကုအန် တွန့်ဆုတ်မနေဘဲ လက်ခံမည်ကို ရွေးချယ်လိုက်လေသည်။
[သင်သည် သက်တမ်းခိုးယူခြင်းစနစ်ကို အသက်သွင်းလိုက်ပါပြီ ထို့နောက်သင်သည် စကြာ၀ဠာတစ်ခုစာ သက်ရှိများကို စတေးခဲ့ပြီး သင့်သက်တမ်းက ထောင်တက်သွားခဲ့ပါတယ်]
စတေးတာလား!
ကုအန်မျက်နှာ ဖြူဖျော့သွားခဲ့၏။
အဘယ်ကြောင့် သူသည်ထိုမျှအဆင်အခြင်မဲ့ရပါသနည်း။
[အသက် ၃၆၀၀၀၁ နှစ်တွင် သင်သည် အမတလမ်းစဉ်ကောင်းကင်ကိုးဆင့်ကို ကျော်လွန်ကာ နတ်ဘုရားများနှင့်အမတများကြားက သူတစ်ယောက်ဖြစ်လာခဲ့ပြီးနောက် အချိန်မြစ်ထဲမှ ကြောက်မက်ဖွယ်လက်ကြီးတစ်ဖက်ထွက်လာကာ သင့်ကို ချေမွသွားခဲ့ပါတယ်…]
[သင်သည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်]
[ပြန်လည်မွေးဖွားခြင်း ပြီးဆုံးသွားပါပြီ]
ဘာကြီးလဲ!
ဘာလို့အဲ့လို အဓိပ္ပာယ်မဲ့ ပြီးသွားရတာလဲ!
သက်တမ်းခိုးယူခြင်းစွမ်းရည်ကိုအသက်သွင်းပြီးသည့်နောက် ကုအန်ရွေးချယ်မှုတစ်ခုမှ မလုပ်ခဲ့ရပေ။
သူချက်ချင်းပင် အခန်းထဲကပျောက်သွားပြီးနောက် သမုဒ္ဒရာကြမ်းပြင်တွင်ပေါ်လာကာ သက်တမ်းအလွှာကို ဖွင့်လိုက်လေသည်။
သူထိုင်ချပြီးသည့်နောက် နောက်ဆုံးစာတန်းများကို ဖတ်လိုက်ပြီး အံကိုကြိတ်ထားလိုက်မိ၏။
ကောင်းတယ်!
အရမ်းကောင်းတယ်!
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်!
နောက်ထပ်နာမည်တစ်ခု ကုအန်၏ ရန်ငြှိုးစာရင်းထဲ ပါ၀င်လာခဲ့လေသည်။
ထို့နောက်တွင်တော့ သူ့ဦးနှောက်ထဲများပြားလှသော မှတ်ညဏ်များ စီး၀င်လာခဲ့၏။
ဤသည်မှာ ကောင်းကင်နဂါးဧကရာဇ်လုံကျန်း၏ တစ်ဘ၀စာ မှတ်ညဏ်များသာ ဖြစ်ပေသည်။
မှတ်ညဏ်များကို ရရှိပြီးမှသာ ကုအန် လုံကျန်း၏ပါရမီ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိသွားခဲ့ရ၏။ သူသည် မွေးကတည်းက တမူထူးကာ မိသားစု၏မျှော်လင့်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
သူနှင့် ဟန်ကျားအာကြားအချစ်ကလည်း ကုအန်ကိုအတော်လေး ခံစားသွားရစေခဲ့သည်။
လုံကျန်း အာကာသထဲလျှောက်သွားသောအခါ သူ့ဘ၀ကပိုပြီးပင် သာမန်မဆန်တော့ဘဲ ဇာတ်လမ်းများက အတော်လေးစိတ်ထိခိုက်စရာ ဖြစ်လာခဲ့သည်။
မှတ်ညဏ်များအတွင်း ကုအန် နတ်သမီးကျိယွမ်၏ တုနှိုင်းမဲ့သော ကျက်သရေနှင့် အလှတရားကိုပင် မြင်ခဲ့ရသေး၏။
အပိုင်း(၃၁၆)
ကောင်းကင်နဂါးနှင့်ကျိမိသားစု
ကုအန် လုံကျန်း၏မှတ်ညဏ်များကို ဆက်ခံနေရင်း သူ၏ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်အပေါ် ရန်လိုမှုက တဖြည်းဖြည်း အားနည်းသွားခဲ့၏။
ဒီလုံကျန်းက မောက်မာလွန်းတယ်!
သူသည် သူ့မိန်းမ ဟန်ကျင်းအာမသေခင်က သူ့ကိုယ်သူထိန်းထိန်းသိမ်းသိမ်းနေခဲ့သေးသော်လည်း ကောင်းကင်ပြင်ပသို့ထွက်လာပြီးနောက်တွင်တော့ သူ့ကိုယ်သူ လုံး၀လွှတ်လိုက်ပြီး အဆင်အခြင်မဲ့ ပြုမူခဲ့သည်။
သူတည်ထောင်ခဲ့သော စစ်ပွဲခုံရုံးကလည်း နိုင်လိုမင်းထက်ပြုမူလှပြီး သူတို့နောက်ကိုလိုက်သူများကို မြှောက်စားကာ ဆန့်ကျင်သူများကို သတ်ဖြတ်ပစ်ခဲ့သည်။
လုံကျန်း စတေးခဲ့သော ကမ္ဘာတွင်လည်း အပြစ်မဲ့သူများ များစွာပါ၀င်ခဲ့ပြီး ထိုသူများသည် ဘာမှတောင်မတုံ့ပြန်နိုင်ခဲ့ဘဲ ရုတ်ချည်း ကမ္ဘာတစ်ခုလုံး ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်။
အရင်က ရှောင်ရှန်းထျန်သည် မောက်မာလွန်းသည်ဟု ကုအန်ခံစားမိခဲ့သော်လည်း လုံကျန်းနှင့်ယှဉ်သောအခါတွင်တော့ သူကဘာမှမဟုတ်တော့ပေ။
အကယ်၍ ကုအန်သာ ထိုအချိန်ကရှိနေခဲ့ပြီး လုံကျန်းကိုသတ်ဖြတ်နိုင်သော စွမ်းအားမျိုးပိုင်ဆိုင်ထားလျှင်လည်း သူတစ်ခုခုတော့ လုပ်ခဲ့မိလိမ့်မည်သာ။
ကုအန် လုံကျန်း၏ မှတ်ညဏ်များနှင့်ပေါင်းစည်းပြီးသောအခါ လုံကျန်း၏ ကောင်းကင်နဂါးဧကရာဇ်ဘ၀တွင် ကိုယ်တိုင်နေခဲ့ရသလို ခံစားသွားရပြီး ထိုဘ၀ကိုပြန်လှည့်ကြည့်မိသောအခါ သူ့တွင် နောင်တများဖြင့် ပြည့်နှက်နေခဲ့ရ၏။
လုံကျန်း ကောင်းကင်ကိုးဆင့်အထက်ကို မတက်လှမ်းခင်တွင် နတ်သမီးကျိယွမ်က လမ်းစဉ်ညဏ်အလင်းအတွက် အခြားသက်ရှိများကို မသတ်ဖြတ်ပစ်ဖို့ အကြံပေးခဲ့ဖူးသည်။ လုံကျန်းကတော့ နားမထောင်ခဲ့ပေ။ ထိုကိစ္စကြောင့်ပဲ သူတို့နှစ်ယောက် ခွာပြဲသွားခဲ့ကြရ၏။
ကုအန် မှတ်ညဏ်များကိုဆက်ခံပြီးသောအခါတွင်တောင် ထိုမှတ်ညဏ်များထဲ နစ်မြောမိနေဆဲသာ ဖြစ်သည်။
သူသည် ကုအန်ဖြစ်သလို လုံကျန်းလည်း ဖြစ်နေပြန်၏။
ထိုခံစားချက်က ကုအန်ကိုဖော်ပြ၍မရသောခံစားချက်တစ်မျိုးကို ဖြစ်ပေါ်သွားစေခဲ့သည်။
ဤသည်မှာ အတိတ်ဘ၀၏ မှတ်ညဏ်ကိုလက်ရှိဘ၀တွင် ပြန်မှတ်မိသွားသောလူတစ်ယောက် ခံစားရသည့်အရာ ဖြစ်ပုံပေါ်ပေသည်။
တူညီသောသူဆိုတာ သေချာသော်လည်း စရိုက်များကတော့ တူညီမနေခဲ့ပေ။
လုံကျန်း၏ မှတ်ညဏ်များကို အမွေဆက်ခံပြီးသည့်နောက် ကုအန်အမြင်များစွာပွင့်သွားကာ သူ့တာအိုနှလုံးသားတည်ငြိမ်သွားရုံမကဘဲ လုံကျန်း၏အစွမ်းအထက်ဆုံး နတ်သိုင်းများကိုလည်း ရရှိခဲ့၏။
ကောင်းကင်နဂါးပြန်လည်မွေးဖွားခြင်းဓမ္မပုံရိပ်!
ဤနတ်သိုင်းသည် တာအိုမှော်ပညာဖြင့် လူတစ်ယောက်၏ ဓမ္မပုံရိပ်တစ်ခုကို ဖွဲ့တည်နိုင်ရုံသာမကဘဲ အသုံးပြုသူနှင့်အတူ ယှဉ်တွဲတိုက်ခိုက်ရန် ထိုသူ၏ အတိတ်ဘ၀က ဓမ္မပုံရိပ်တစ်ခုကိုပင် ဖွဲ့တည်နိုင်သော နတ်သိုင်းဖြစ်သည်။
ဤနတ်သိုင်းကို ဖန်တီးပြီးနောက် လုံကျန်းသည် မျိုးဆက်ပေါင်းသောင်းချီဖန်တီးဖို့ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်များစွာ ဖြတ်သန်းရန် ဆန္ဒရှ်ိခဲ့သော်လည်း ထိုအချိန်တွင် မတော်တဆ သက်တမ်းခိုးယူခြင်းစွမ်းရည်က ပွင့်သွားခဲ့သည်။ ထိုအခါ လုံကျန်း ထိုနတ်သိုင်းကို စမ်းသပ်ဖို့စိတ်ကူးမရှိတော့ဘဲ သက်တမ်းများစတေးခြင်းဖြင့်သာ သူ့ကျင့်ကြံခြင်းကိုမြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့၏။
ကုအန် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ပြီးနောက် ကျွန်းပေါ်မှပျောက်ကွယ်သွားကာ ရီလန့် အိမ်ထဲတွင်ပြန်ပေါ်လာခဲ့လေသည်။
ထိုအခိုက်တွင် ရီလန်ကတော့ လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းဖြစ်စဉ်ထဲတွင်သာ ရှိနေသေး၏။
ထို့ကြောင့် ကုအန်လည်းစားပွဲတွင်သာ ဆက်ထိုင်နေလိုက်ပြီး လုံကျန်း၏ဘ၀အကြောင်း သုံးသပ်နေခဲ့သည်။
ကောင်းကင်ကိုးဆင့်ထက်ကို ကျော်လွန်သွားသော လုံကျန်းသည် အတော်လေးစွမ်းအားကြီးလှပြီး နိယာမများကို အလွယ်လေးထိန်းချုပ်နိုင်သည့် ခံစားချက်က ကုအန်ကို အခုထိပင်စွဲလန်းနေစေခဲ့သေးသည်။
တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏စွမ်းအားကလည်း သူ့ကိုအတော်လေး ကြောက်လန့်သွားစေခဲ့သည်။
သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ လက်တစ်ဖက်တည်းနှင့် ချေမွှခြင်းကို ခံလိုက်ရခြင်းဖြစ်ပြီး သူ့ပုံစံအစစ်ကိုတောင် မမြင်ခဲ့ရပေ။
လုံကျန်း၏ဘ၀ကို နားလည်ပြီးနောက် ကုအန် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်အပေါ်လည်း ရန်လိုစိတ်မရှ်ိတော့ပေ။ လုံကျန်းသည် ချူလုနှင့် ရှောင်ရှန်းထျန်တို့နှင့်မတူဘဲ သူ့သေခြင်းတရားကို သူကိုယ်တိုင်သာ ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ကုအန် စိတ်ရှုပ်သွားသလိုလည်း ခံစားလိုက်ရ၏။
အကယ်၍ ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းကသာ အမှန်တကယ်တည်ရှိနေတာဆိုလျှင် သူသည် မကောင်းဆိုးဝါးတည်ရှိမှုတစ်ခုကို ဖန်တီးမိသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။
ထိုအရာကို သူမလုပ်ချင်လျှင်တောင် ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းတွင် ထိုသူ၏စရိုက်လက္ခဏာများကို သူထိန်းချုပ်မရနိုင်ပေ။
သို့သော် ပြောင်းလဲမွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က သူ့အတွက်အတော်လေး အကျိုးရှိပေသည်။ ထိုအရာမှတစ်ဆင့် များစွာသော တိုက်ခိုက်ရေးအတွေ့အကြုံများ နတ်သိုင်းများကို ရရှိနိုင်ရုံသာမက သူ့ပြန်လည်မွေးဖွားခြင်းအပေါ်နားလည်မှုကိုလည်း ပိုတိုးတက်လာစေခဲ့သည်။ ထို့ကြောင့် ဤအရာကိုလက်လျှော့ဖို့ကတော့ သူ့အတွက်ခက်ခဲလွန်းလှသည်။
အများကြီးတွေးပြီးသည့်နောက် ကုအန် သူ့ကိုယ်သူ အတွေးပင့်ကူအိမ်ထဲ ထောင်ချောက်မိနေသလို ခံစားလိုက်ရ၏။ အဘယ်ကြောင့် အများကြီးအတွေးလွန်နေဖို့ လိုပါမည်နည်း။
ပိုမိုသန်မာလာစေမည့် လမ်းစဉ်သည် အပြစ်မဲ့သူများကိုလုံး၀မထိခိုက်စေဖို့ မဖြစ်နိုင်ပေ။ များစွာသော မှားခြင်းမှန်ခြင်းဝိသေသများမှာ ရှုထောင့်အမြင်များပေါ်တွင်သာ အခြေခံ၍ သတ်မှတ်ထားကြခြင်း ဖြစ်ပေသည်။
အများဆုံးမှ နောက်တစ်ကြိမ်တွင် ထိုကဲ့သို့သောအခြေအနေများနှင့် ရင်ဆိုင်ရပါက သက်တမ်းခိုးယူခြင်းစွမ်းရည်ကို အသက်မသွင်းလိုက်ဘဲ သူ့ကိုယ်ပိုင်စွမ်းအားအပေါ်တွင်သာ မှီခို၍ ဆက်လက်ကျင့်ကြံခိုင်းလိုက်ရုံသာ ရှိသည်။
တကယ်တော့ သက်တမ်းခိုးယူခြင်းစွမ်းရည်မရှိလျှင်တောင် လုံကျန်းပါရမီကအတော်လေး သန်မာလှသည်။
ထို့နောက် ကုအန် ကောင်းကင်နဂါးပြန်လည်မွေးဖွားခြင်းဓမ္မပုံရိပ် နတ်သိုင်းကို စတင်ကြည့်ရှုလိုက်၏။
ကြည့်ရှုပြီးနောက် ဤနတ်သိုင်းကို သူတစ်နေရာရာတွင်မြင်ဖူးပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်။
မကြာခင်တွင် သူမှတ်မိသွားခဲ့၏။
ဤနတ်သိုင်းနှင့် ကျိမိသားစု၏ ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံတွင် တူညီမှုများ ရှိနေခဲ့သည်။
ထိုအကြောင်း သူကျိရှောင်ယုကို နောက်မှမေးဖို့ စီစဉ်ထားလိုက်၏။
နေ၀င်ကာ လထွက်လာခဲ့သည်။
ဤသို့ဖြင့် ညတစ်ညကုန်လွန်သွားခဲ့၏။
ရီလန်ဖြည်းဖြည်းချင်း နိုးထလာခဲ့ပြီးနောက် သူနိုးထပြီးနောက် ရှင်းရှင်းလင်းလင်းမမှတ်မိသော အိပ်မက်တစ်ခုကို မက်နေခဲ့သလို ခံစားလိုက်ရသည်။
သူ့မျက်လုံးများပွင့်သွားသောအခါ ကမ္ဘာကြီးတစ်ခုလုံးက ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။
သူ့အကြည့်က စားပွဲဆီရောက်သွားပြီး စာအုပ်တစ်အုပ်ထိုင်ဖတ်နေသော ကုအန်ကို တွေ့လိုက်ရသည်။
ကုအန်သူမဖက်လှည့်လာကာ ပြုံး၍ မေးလိုက်သည်။
“နိုးပြီလား”
[ရီလန်(နတ်အသွင်ပြောင်းခြင်းအဆင့်၅): ၂၂၂/၆၀၀/၈၀၀]
သူမသက်တမ်းအကန့်အသတ်က နှစ်၂၀၀ တိုးတက်လာခဲ့၏။
ထိုအခါမှ ကုအန် စိတ်အေးသွားသော သက်ပြင်းတစ်ချက် ချလိုက်နိုင်ခဲ့ကာ သူ့မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့သည်။
သို့သော် သက်ရောက်မှုကတော့ အဝောာ်လေးအားနည်းနေသေးသည်။ နောက်ဆုံးတွင် သူသည် နတ်အတွေးအစစ်အမှန်အမတတစ်ပါး မဟုတ်ပါလော။
ကုအန် ရီလန့်ကို သေချာဂရုစိုက်၍ စစ်ဆေးကြည့်သောအခါ သူမခန္ဓာကိုယ်မှ သိမ်မွေ့သောအငွေ့အသက်တစ်ခု ပျောက်ကွယ်သွားသည်ကို သတိထားမိခဲ့၏။ ဤအရာမှာ ကောင်းကင်နှင့်မြေပြင်၏နိယာမနှင့်တူသော်လည်း ထောက်လှမ်းကြည့်ဖို့ ပို၍ ခက်ပေသည်။
“ညီမလေး ဘယ်လိုအိပ်ပျော်သွားတာလဲ” ရီလန် ပဟေဠိဖြစ်နေဟန်ဖြင့် မေးလိုက်၏။
ကုအန်မျက်လုံးလှန်ကြည့်လိုက်ကာ ပြောလိုက်သည်။
“အစ်ကိုကြီးကိုလာမေးနေတာလား အစ်ကိုကြီးကစိတ်ဆိုးရမှာမဟုတ်ဘူးလား ဒါပေမယ့်အစ်ကိုကြီးညီမလေးကို အပြစ်မပြောဘူးနော် စဉ်းစားကြည့် အစ်ကိုကြီးကညီမလေးကိုတွေ့ဖို့လာခဲ့တယ် ညီမလေးကတော့ စကားပြောနေရင်းအိပ်ပျော်သွားပြီးတော့ အစ်ကိုကြီးကိုထားခဲ့တယ်”
ရီလန့်မျက်နှာတွင် ရှက်ရွံ့သည့်အမူအရာတစ်ခုပေါ်လာပြီးနောက် မေးလိုက်၏။
“ဒါဆို အစ်ကိုကြီးဘာလို့ မနှိုးခဲ့တာလဲ”
“ညီမလေးက အိပ်နေရင်းတောင်ကျင့်ကြံနေတာ အဲ့တာကသာမန်အိပ်ပျော်တာမျိုးဟုတ်မနေတာ သေချာနေတော့ အစ်ကိုကြီးဘယ်လိုလုပ် နှောင့်ယှက်ရဲတော့မှာလဲ” ကုအန် မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်သည်။
“အစ်ကိုကြီးသွားတော့မယ် နောက်မှ နောက်တစ်ကြိမ်ညီမလေးကိုတွေ့ဖို့ လာခဲ့ဦးမယ်”
“အစ်ကိုကြီး ဘာလို့နောက်ထပ်ရက်နည်းနည်းလောက် ထပ်မနေတာလဲ”
“မရဘူး ဆေးတောင်ကြားကအစ်ကိုကြီးမရှိလို့မဖြစ်ဘူး”
“တကယ်ကြီးလား ညီမလေးကြားခဲ့တာ အစ်ကိုကြီးက ဆေးတောင်ကြားကိုအမြဲ လက်လွှဲထားတာဆို”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူတို့နှစ်ယောက်တခဏကြာ ရန်ဖြစ်ခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ကုအန်ထွက်သွားဖို့သာ ဆုံးဖြတ်ခဲ့၏။
ရီလန်သူ့ကို အိမ်ဂိတ်တံခါး၀ထိ လိုက်ပို့ခဲ့သည်။
ထို့နောက် ကုအန် သူ့ခြေလှမ်းများကိုရုတ်တရက်ရပ်တန့်လိုက်ပြီး နောက်ပြန်လှည့်ကာ မေးလိုက်သည်။
“ညီမလေးရဲ့ နှလုံးသားထဲမှာဘယ်အရာက ပိုအရေးကြီးလဲ ကောင်းခြင်းလား ဆိုးခြင်းလား ဒါမှမဟုတ် ချစ်ခြင်းမေတ္တာလား”
သူထိုမေးခွန်းကိုမေးလိုက်ခြင်းမှာ လုံကျန်းနှင့် နတ်သမီးကျိယွမ်၏ ခွဲခွာရမှုကို သတိရမိ၍ ဖြစ်သည်။ လုံကျန်းသည် သူ့အပြစ်နှင့်သူဖြစ်ရခြင်းဖြစ်သော်လည်း ကျိယွမ်မရှိတော့သည့်နောက် လုံကျန်း၏အထီးကျန်မှုက ကုအန်ကို သက်ပြင်းချမိစေခဲ့သည်။
လုံကျန်းသည် အတော်လေးမောက်မာသည်ဟု ပြော၍ရသော်လည်း သူ့အနားရှိလူများအပေါ်တွင်တော့ အတော်လေးကောင်း၏။ သူသည် ထိုသူများကိုတတ်နုိင်သေလာက် ကောင်းပေးခဲ့ပြီး သူတို့ဆီမှ ဘာကိုမှပြန်မျှော်လင့်မထားခဲ့ပေ။
ရီလန်တခဏစဉ်းစားပြီးသည့်နောက် ကျက်သရေရှိစွာပြုံးလိုက်ကာ ပြောလိုက်သည်။
“တကယ်လို့ အစ်ကိုကြီးက မကောင်းဆိုးဝါးဆိုရင် ညီမလေးကိုယ်တိုင်ကမကောင်းဆိုးဝါးလိုက်ဖြစ်မှာတော့မဟုတ်ဘူး ဒါပေမယ့် အစ်ကိုကြီးညီမလေးကို မစွန့်ပစ်သရွေ့ အမြဲနောက်ကလိုက်နေမယ်”
ကုအန်ပြုံးကာ ပြောလိုက်၏။
“အတွေးမလွန်ပါနဲ့ အစ်ကိုကြီးကဒီတိုင်းစာအုပ်တစ်အုပ်ထဲက ဇာတ်ကွက်တစ်ခုကို စဉ်းစားလိုက်မိလို့”
ပြောပြီးသည့်နောက် သူလှည့်ထွက်သွားခဲ့လေသည်။
ရီလန်ကတော့ သူ့နောက်ကျောပုံရိပ်ကိုကြည့်ရင်း တွေးနေခဲ့မိ၏။
……
ရာသီဥတုက နွေရာသီသို့ ချဉ်းကပ်လာခဲ့သည်။
တောအုပ်ထဲ၌
ကုအန် ကျိရှောင်ယု ပုံရိပ်ကိုကြည့်ရင်း သူ့မျက်လုံးထဲ စိတ်၀င်စားသည့်အရိပ်အယောင်များ ပေါ်ပေါက်နေခဲ့၏။
ကျိရှောင်ယု၏ နှဖူးထက်က အနီရောင်တာအိုအမှတ်အသားက အလင်းရောင်များ တောက်နေခဲ့သည်။ သူမအရှိန်အဝါရုတ်တရက်ပြောင်းလဲသွားကာ သူမညာလက်ကိုမြှောက်လိုက်ပြီး ရှုပ်ထွေးလှသော လက်ဟန်အမျိုးမျိုးပြုလုပ်ပြီးနောက် သူမနောက်တွင် ရှုပ်ထွေးလှေသာ အမှတ်အသားများရှိကာ တောက်ပနေသော တံခါးတစ်ချပ်နှင့်တူသည့် ရွှေရောင်စက်ဝိုင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။
ရွှေစက်ဝိုင်းပွင့်လာသည်နှင့် အတွင်းမှ ရွှေရောင်နဂါးများ ပေါ်ထွက်လာခဲ့ကြလေသည်။
သူမ၏ ကောင်းကင်နဂါးမိစ္ဆာဖိနှပ်ပုံစံက အရင်ဘ၀နှင့်ကွဲပြားနေသော်လည်း ထိုသိုင်းကို တစ်ချက်ကြည့်ရုံဖြင့် ကုအန် မှတ်မိနိုင်သည်။ ထိုသိုင်း၏ အနှစ်သာရသည် ကောင်းကင်နဂါးပြန်လည်မွေးဖွားခြင်းဓမ္ပပုံရိပ်နှင့် ဇာစ်မြစ်ခြင်းဆင်တူသော်လည်း အတော်လေးပိုအားနည်းကာ ကောင်းကင်နဂါးပြန်လည်မွေးဖွားခြင်းဓမ္မပုံရိပ်လောက်လည်း မရှုပ်ထွေးခဲ့ပေ။
ထိုတွေ့ရှိမှုက ကုအန် နှလုံးသားကိုတုန်ရီသွားစေခဲ့သည်။
ကောင်းကင်နဂါးပြန်လည်မွေးဖွားခြင်းဓမ္မပုံရိပ်သည် လုံကျန်းကိုယ်တိုင်တီထွင်ထားသော နတ်သိုင်းဖြစ်လေရာ ကျိမိသားစုသည် လုံကျန်းနှင့် ဆက်စပ်နေခြင်းပေလော။
လုံကျန်း၏ မှတ်ညဏ်များထဲတွင် သူသည်ထိုသိုင်းကို သူ့အား လုံရှင်းကိုသာလွှဲပေးခဲ့ခြင်းဖြစ်ပြီး လုံရှင်းဆီမှတစ်ဆင့် ထိုနတ်သိုင်းက ပြန့်ပွားသွားခြင်းပေလော။
ချူလုနှင့် ရှောင်ရှန်းထျန်တို့၏ ဘ၀အတွေ့အကြုံများအရ သူတို့၏ အချိန်ကာလသည် ကုအန်၏လက်ရှိအချိန်ကာလနှင့် ကွာခြားနိုင်ပေသည်။
ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းက သူ့အား အတိတ်ကိုပို့လိုက်ခြင်းပေလော။
ကျိရှောင်ယု ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံကို သိမ်းလိုက်ကာ ကုအန်နားချဉ်းကပ်လာပြီး မေးလိုက်၏။
“ဘယ်လိုနေလဲ”
ကုအန် သူမထိုနတ်သိုင်းကို ဘာကြောင့်မြင်ချင်နေလဲ သူမမသိသော်လည်း ထိုနတ်သိုင်းက သူတို့မိသားစုဧ။် ကျော်ကြားသောနတ်သိုင်းဖြစ်လေရာ ကုအန်ကိုထုတ်ပြလိုက်ခြင်းက ဘာမှပြဿနာမရှိနိုင်ပေ။
“တကယ်ပဲ ကြောက်စရာကောင်းတယ် အဲ့တာကအစ်ကို့ကိုအတော်လေး အံ့အားသင့်သွားစေခဲ့တာ ဒီနတ်သိုင်းကိုဖန်တီးခဲ့တဲ့သူက နတ်ဘုရားလိုတည်ရှိမှုတစ်ခုပဲဖြစ်ရမယ် ဒါနဲ့ ကျိမိသားစုမှာ ဒီနတ်သိုင်းဖန်တီးသူရဲ့ မှတ်တမ်းမျိုးရှိလား” ကုအန် အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။
ကျိရှောင်ယု တခဏတွေးပြီးနောက်ပြောလိုက်၏။
“ဒီနတ်သိုင်းမှာ ရှေးကျတဲ့ဇာစ်မြစ်တစ်ခုရှိတယ် အဲ့တာကို ဘိုးဘေးတစ်ယောက်ကဖန်တီးခဲ့တာ ဘယ်သူဖန်တီးခဲ့လဲဆိုတာတော့ သေချာမသိဘူး အစ်ကိုကြီးသိချင်ရင် ညီမလေးပြန်သွားတဲ့အခါ ရှာပေးလို့ရတယ်”
ကုအန် ခေါင်းညိတ်ပြလိုက်၏။
“အစ်ကိုတကယ်စိတ်၀င်စားတယ် ကျိမိသားစုသမိုင်းကြောင်းအကြောင်းကို အခြေခံပြီး စာအုပ်တစ်အုပ်လည်းရေးချင်တယ်”
ထိုစကားကိုကြားသောအခါ ကျိရှောင်ယုပြုံးလိုက်ပြီး ပြောလိုက်သည်။
“လက်ထောက်ဂိုဏ်းချုပ်က အစ်ကိုကျိမိသားစုအကြောင်းစာအုပ်တစ်အုပ်ရေးပေးဖို့ မျှော်လင့်နေတာ”
သူတို့နှစ်ယောက်စကားဆက်ပြောနေခဲ့ကြပြီး ကျိရှောင်ယု အခြားနတ်သိုင်းများကိုထုတ်ပြခဲ့သော်လည်း ကုအန်ကစိတ်၀င်စားပုံမပေါ်သောကြောင့် ထိုအကြောင်းကိုတော့ ဆက်မပြောကြတော့ပေ။
သူတို့နှစ်ယောက် ဆေးတောင်ကြားဆီသို့သာ ပြန်လှည့်လာခဲ့ကြလေသည်။
“ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံကို ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီဖန်တီးခဲ့တာ ဒါမှမဟုတ် သူအဲ့တာကိုစအသုံးပြုခဲ့တာလည်းဖြစ်နိုင်တယ်”
တောအုပ်ထဲမှ အသံတစ်သံထွက်ပေါ်လာခဲ့ပြီးနောက် ဒြပ်ငါးမျိုးခိုးယူသူ သူတို့ရှေ့တွင် ပေါ်ပေါ်လာခဲ့လေသည်။
ကျိရှောင်ယု မျက်မှောင်ကြုံ့သွားပြီး သူမအမူအရာကမကျေမနပ်ဖြစ်သွားခဲ့သည်။
ဒြပ်ငါးမျိုးခိုးယူသူ သူတို့စကားဝိုင်းကိုခိုးနားထောင်နေတာကို ကုအန် အစကတည်းက သတိထားမိပြီးသားဖြစ်ပြီး သူကလည်း ဤနတ်သိုင်းက ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီနှင့် ပတ်သက်နေလား သိချင်နေခြင်းဖြစ်သောကြောင့် စိတ်တော့မရှိခဲ့ပေ။
လတ်တလောတွင် ကျိမိသားစု၌ ကောင်းကင်ပြင်ပကိုသွားလာနိုင်တာ ပြန်လည်မွေးဖွားခြင်းလမ်းစဉ် ဧကရီတစ်ယောက်သာ ရှိသေးပေသည်။
ဒြပ်ငါးမျိုးခိုးယူသူ ကျိရှောင်ယုမျက်နှာပေါ်မှ မကျေမနပ်ဖြစ်နေသောအမူအရာကိုမြင်ကာ ရယ်မောလိုက်ပြီး ပြောလိုက်၏။
“သူတစ်ခါက ပြောဖူးတယ် ဒီစကြာ၀ဠာကြီးရဲ့အလွန်မှာ သူတောင်ဘာမှန်းမသိတဲ့ ပိုကျယ်ပြန့်တဲ့စကြာ၀ဠာကြီးတစ်ခုရှိသေးတယ်တဲ့”
ထိုစကားကိုကြားသောအခါ ကုအန်ရုတ်တရက် လုံမျိုးနွယ် သို့မဟုတ် စစ်ပွဲခုံရုံးက အခုထိတည်ရှိနေနိုင်သေးသည်ဟု သံသယဖြစ်သွားမိသည်။
ဒါပေါ့ ထိုအရာကတော့ ခန့်မှန်းချက်တစ်ခုမျှသာ ဖြစ်၏။
သူသည် လုံကျန်းမှတ်ညဏ်များနှင့်ပေါင်းစည်းပြီးနောက် လုံကျန်းဖြစ်လာသော်လည်း လုံမျိုးနွယ်နှင့်စစ်ပွဲခုံရုံးကိုသွားရှာဖို့ စိတ်ကူးမရှိပေ။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှာ ရိုးရိုးသားသားနေထိုင်ခြင်းကသာ သူ့အတွက် အမှန်ကန်ဆုံး လမ်းစဉ်ဖြစ်ပေသည်။
သန်မာသည့်လူများတောင် အခြားသူများ၏ ဖိချေပစ်ခြင်းကို ခံရနိုင်သေး၏။
“ရှင်ဘာလို့ အမြဲကျွန်မတို့စကားဝိုင်းကို ခိုးနားထောင်နေတာလဲ” ကျိရှောင်ယု မကျေနပ်ဟန်ဖြင့်ပြောလိုက်ပြီး သူမနှဖူးပေါ်ရှိ တာအိုအမှတ်အသားမှ ထူးဆန်းသောအလင်းရောင်များ တောက်လာခဲ့လေသည်။
ဒြပ်ငါးမျိုးခိုးယူသူ လက်မြှောက်အရိုအသေပေးလိုက်ကာ ပြောလိုက်၏။
“ငါ့မှာ အန္တရာယ်ပြုလိုတဲ့ရည်ရွယ်ချက်မရှိပါဘူး မင်းသံသယတွေကင်းသွားအောင် ငါမကူညီရဘူးလား မင်းပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီအဖြစ် ပြန်လည်ပြောင်းလဲသွားနိုင်မှပဲ ငါကျေနပ်ရလိမ့်မယ်”
ပြောပြီးသည်နှင့် သူပျောက်ကွယ်သွားခဲ့လေသည်။
ကုအန် ကျိရှောင်ယုကို နှစ်သိမ့်လိုက်၏။
“သူ့အကြောင်းစိတ်မပူပါနဲ့ အနာဂတ်မှာ အစ်ကိုသူ့ကိုကျားခုံပေါ်မှာ ဘယ်လိုနင်းချေမလဲ ညီမလေးစောင့်ကြည့်နေလိုက်”
ကျိရှောင်ယု သူမတာအိုအမှတ်အသားမှအလင်းေရာင်များကိုကိုပြန်ရုတ်သိမ်းလိုက်ပြီး အသာအယာခေါင်းညိတ်ပြလိုက်သည်။
ကုအန်အတွက်လည်း ထိုအရာက သာမန်ကိစ္စလေးသာဖြစ်ပြီး သိရုံနှင့်လုံလောက်ကာ သူအများကြီးမစုံစမ်းချင်ပေ။
လုံကျန်း၏ ကမ္မများက အလွန်ထင်ရှားလှသောကြောင့် သူထိုကမ္မထဲ ဝင်မပတ်သက်ချင်ခဲ့ပေ။
သို့သော် ထိုကိစ္စက သူ့စိတ်ကူးများကိုတော့ အတော်လေးမွှေနှောက်သွားနိုင်ခဲ့သည်။
အကယ်၍ ပြန်လည်မွေးဖွားခြင်းက အတိတ်ကိုသွားရတာဆိုလျှင် ယခုအခါ အနက်ရောင်နက်နဲခြင်းဧကရာဇ်က မည်မျှ သန်မာနေလောက်မည်နည်း။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်ေမြကရော သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ကြည့်ရှုမှုအောက်တွင် ရှိနေခြင်းပေလော။
ကုအန် အနာဂတ်တွင် ပိုသတိထား၍ နေထိုင်ရမည်ဟုခံစားမိခဲ့ပြီး သူသက်တမ်းခိုးယူနိုင်သောစနစ်အကြောင်း ဘယ်သူ့ကိုမှ အသိပေး၍ မဖြစ်တော့ပေ။
အချိန်ငါးနှစ်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဤနှစ်တွင် သတင်းကြီးတစ်ခုပျံ့နှံ့လာခဲ့ပြီး ထိုသတင်းကြောင့် ပွက်လောရိုက်ကုန်ကြ၏။
ထိုသတင်းမှာ ပင်လယ်ချိုးဖျက်နယ်မြေကိုတည်ထောင်လိုက်သော သတင်းသာ ဖြစ်သည်။
ထိုနယ်မြေကို မြင့်မြတ်ခုံရုံးကတည်ထောင်လိုက်ခြင်းဖြစ်ပြီး နယ်မြေဧရိယာမှာ အလယ်တွင် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကြီးရှိကာ မဟာအေးစက်မိစ္ဆာဂိုဏ်းက သတ်ဖြတ်ရန်ကြေငြာခဲ့သော နယ်မြေတစ်ဝိုက်လုံး ဖြစ်၏။
ထိုသတင်းက ကုန်းမြေတိုက်ကြီးပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ထိုသတင်းနှင့်အတူ လီရွှမ်တောက်ကလည်း ဤကုန်းမြေတိုက်ကြီးကို ထိုက်ကန်ကုန်းမြေတိုက်ကြီးဟု ခေါ်တွင်စေမည်ဖြစ်ကြောင်း ကမ္ဘာတစ်ခုလုံးကို ကြေငြာလိုက်လေသည်။