အခန်း (၃၁၉-၃၂၀)
Vol. 25 Ch. 319-320
အပိုင်း(၃၁၉)
မိစ္ဆာသန္ဓေသား
[သင်သည် အမှောင်ဝိညာဉ်ဘိုးဘေး(အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၃)ကိုသုတ်သင်ခဲ့ပြီး သက်တမ်း ၉၆၇၀ ရရှိခဲ့ပါသည်]
ကုအန် စာတန်းကိုမြင်သော်လည်း သူအမူအရာက ပြောင်းလဲမသွားခဲ့ပေ။ အကယ်၍ တစ်ဖက်လူကသာ သူ့ကိုတိုက်ရိုက်လာမတိုက်ခိုက်လျှင် သူကလည်း သွားသတ်ပြီး အလုပ်ရှုပ်ခံခဲ့မည်မဟုတ်ပေ။
သူထိုလူ့ကို ဝိညာဉ်ချုပ်သိုင်းမသုံးခဲ့ရသည့် အကြောင်းအရင်းကတော့ ကျောက်တိုင်ထဲရှိ နေရာလွတ်ထဲတွင် ကောင်းကင်မိစ္ဆာများရှိနေသေး၍ ဖြစ်ပေသည်။
ကုအန်သာမန်အတိုင်း တုန့်ပြန်လိုက်၏။
“ဒီတိုင်းမိစ္ဆာဝိညာဉ်တစ်ခုပါ အဆင့်နိမ့်တာမြင့်တာက ကိစ္စရှိလို့လား”
ကိစ္စမရှိဘူးတဲ့လား!
ကျူရှင်းလန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမလဲ မသိခဲ့ပေ။
ကုအန် နတ်အတွေးက ကျောက်တိုင်ထဲရှိ မှောင်မည်းနေသော နေရာလွတ်ထဲကိုရောက်ရှ်ိနေပြီး ထိုနေရာတွင် ပို၍ပင်ကြောက်ဖို့ကောင်းသော ကောင်းကင်မိစ္ဆာတစ်ကောင်ရှိနေခဲ့သည်။
သူ့နတ်အာရုံက ထိုမိစ္ဆာ၏တည်နေရာကို ဖမ်းမိထားပြီးဖြစ်၏။
ထိုအရာမှာ မိစ္ဆာဥတစ်လုံးသာ ဖြစ်ပေသည်။
မိစ္ဆာချီမှဖွဲ့တည်လာသောမိစ္ဆာဥသည် ၁ကျန်းခန့်မြင့်မားကာ စကြာ၀ဠာထဲရှိ အားနည်းနေသော ကြယ်တစ်လံုးကဲ့သို့ ခပ်ဖျော့ဖျော့အလင်းရောင်ကို ထုတ်လွှင့်ပေးနေခဲ့၏။
ကုအန်နတ်အတွေးက ဥကိုဖြတ်သန်းကြည့်လိုက်သောအခါ အထဲတွင် မိစ္ဆာသန္ဓေသားတစ်ခုကို တွေ့လိုက်ရလေသည်။
မိစ္ဆာသန္ဓေသားကိုယ်တွင် လေးလံကာ ရှုပ်ထွေးလွန်းသော ကမ္မများက ရောထွေးပွေလိမ်နေပြီး ကုအန် ပင်မလွယ်ကူဘူးဟု ခံစားလိုက်ရသည်။ သူ့အသိစိတ်က သူသာထိုမိစ္ဆာသန္ဓေသားကိုသတ်လိုက်ပါက ပြဿနာကြီးများဖြစ်လာနိုင်သည်ဟု သတိပေးနေခဲ့၏။
ထို့နောက် သူ့နတ်အတွေးကိုပြန်ဆုတ်လိုက်ကာ ကျောက်တိုင်ရှိ စည်းများကိုအကောင်းအတိုင်း ပြန်ထားခဲ့လိုက်လေသည်။
သူကျူရှင်းလန်ဘက်လှည့်ကာ ပြောလိုက်၏။
“အခုကစပြီး ဘယ်သူမှဒီနေရာကိုမ၀င်ရတော့ဘူး နောက်ပြီးမင်းလည်းကျောက်တိုင်ကို နှောင့်ယှက်လို့မရဘူး အထဲမှာကြောက်စရာကောင်းပြီး ကိုင်တွယ်ရခက်တဲ့ ကောင်းကင်မိစ္ဆာတစ်ကောင်ရှိနေတယ် နောက်ပြီးအဲ့ဒီအရာက မနိုးထသေးဘူး”
ထိုစကားကိုကြားသောအခါ ကျူရှင်းလန်ရုတ်တရက်ကြောက်လန့်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“ကောင်းကင်မိစ္ဆာ…ဟုတ်နေပါပြီ အရင်ကပြဿနာကို အားလုံးပြေလည်သွားအောင် မဖြေရှင်းရသေးဘူး”
ကုအန် မမေးဘဲမနေနိုင်တော့ပေ။
“အရင်ကဒင်ထျန်းတောင်ထွတ်ရဲ့ အတွင်းရေးပြဿနာတွေက ကောင်းကင်မိစ္ဆာတွေနဲ့ ပတ်သက်နေတာလား”
“ဟုတ်ပါတယ် အဲ့ဒီကြောက်စရာမကောင်းဆိုးဝါးမိစ္ဆာက ကောင်းကင်မိစ္ဆာတစ်ကောင်ပါ ပြောကြတာတော့ အရင်တောင်ထွတ်သခင်ဟောင်းက ကောင်းကင်မိစ္ဆာကနေ အသွင်ပြောင်းထားတာတဲ့ ဂိုဏ်းကအဲ့ဒီအချိန်တုန်းက အဲ့ဒီသတင်းပြန့်သွားရင် ပြဿနာတွေဖြစ်လာမှာစိုးလို့ သတင်းကိုအုပ်ထားခဲ့တာ…”ကျူရှင်းလန်း ခေါင်းညိတ်ပြလိုက်ကာ သူ့မျက်နှာတွင်စိုးထိတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူပြောသည့် ပြဿနာတွေဆိုသည်မှာ မြင့်မြတ်ခုံရုံး၏ ပြဿနာဖြစ်ပြီး မြင့်မြတ်ခုံရုံးသည် ကောင်းကင်မိစ္ဆာများကို နက်နက်ရှိုင်းရှိုင်းစိုးရိမ်ကြသူများ ဖြစ်ကြပေသည်။
ကုအန် ရုတ်တရက် ယုယင်ယင်နှင့် ရှန်ရှင်းကျိအကြောင်းတွေးမိသွားခဲ့၏။။ ဤကမ္ဘာတွင် သူတို့လို ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာများ ရှိနေနိုင်ဦးမည်လော။
ထိုအရာက ဖြစ်နိုင်သည်ဟု သူခံစားလိုက်ရသည်။
သူသာမန်မဟုတ်သော ဇာတ်ကွက်တစ်ခုကို အစထုတ်မိလိုက်သလိုပင် ခံစားလိုက်ရ၏။
သူထိုကိစ္စထဲ ၀င်မပတ်သက်ချင်ပေ။ ထို့ကြောင့် ဤနေရာကိုစည်းပိတ်လိုက်ခြင်းဖြစ်ပြီး မိစ္ဆာသန္ဓေသားကလည်း သားလောင်းအဆင့်သာရှိနေသေးဆဲ ဖြစ်သည်။
“ဒီလိုဆိုမှတော့ ဒီအကြောင်းမပြောတာပဲပိုကောင်းမယ်ထင်တယ် နားလည်တယ်မဟုတ်လား” ကုအန် သတိပေးလိုက်၏။
အစကတော့ ဤကိစ္စကို မြင့်မြတ်ခုံရုံးကို အသိပေးလိုက်မည်ဟု သူစဉ်းစားမိသေးသေးသည်။ သို့သော် အသိပေးလိုက်ပါက သူအံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးကို သတ်လိုက်ခြင်းကိုပါ သံသယ၀င်ခံရပေလိမ့်မည်။ ထို့အပြင် သေမျိုးတောင်ထွတ်ကမ္ဘာကလည်း မြင့်မြတ်ခုံရုံးကို အပြည့်အ၀ယုံကြည်ပုံမပေါ်ဘဲ မဟုတ်လျှင် ဤကိစ္စကိုသူတို့အရင်ကတည်းက ဖုံးကွယ်ထားခဲ့လိမ့်မည် မဟုတ်ပေ။
နောက်ဆုံးတွင်သူသည် ဤနေရာသို့ ဆေးပင်စိုက်ရန်လာခြင်းဖြစ်ပြီး သေမျိုးတောင်ထွတ်ကမ္ဘာ၏ကိစ္စများက သူနှင့်လည်း သိပ်မဆိုင်လှပေ။
ဒါပေါ့ သူသာ ထိုသန္ဓေသား၏ ကမ္မတရားများကိုလျစ်လျူရှုနိုင်လောက်အောင် သန်မာသည့်အချိန်ရောက်ရင်တော့ သူ့စိတ်အေးချမ်းရအောင် ထိုအရာကို သုတ်သင်ပစ်လိုက်မည်သာ။
ကျူရှင်းလန်ခေါင်းညိတ်ပြလိုက်သော်လည်း တွန့်ကွေးနေသော သူ့မျက်ခုံးများကတော့ ပြေလျော့မသွားခဲ့ပေ။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ကျောက်တိုင်ကိုတွေးတောနေဟန်ဖြင့် ကြည့်ရှုနေခဲ့၏။
ထို့နောက် ကျူရှင်းလန် ဂူကိုစည်းပိတ်လိုက်ပြီး ကုအန်ကတော့ သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ တောင်ထိပ်ဆီပြန်သွားခဲ့လေသည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်တွင် မေးမြန်းရန် မေးခွန်းများစွာ ရှိနေပါသော်လည်း ထိုကြီးမြတ်သည့် ကျင့်ကြံသူများ ကြားသွားမှာစိုးရိမ်သောကြောင့် စကားလုံးများကို လည်ချောင်းထဲတွင်သာ မြိုသိပ်ထားလိုက်ရသည်။
နောက်အချိန်များတွင် ကုအန် ဆေးပင်များ စတင်ရိတ်သိမ်းခဲ့၏။ သူရိတ်သိမ်းသော ဉယျာဉ်မှာ ကျူရှင်းလန်သူ့အတွက်တည်ဆောက်ပေးထားသော ဆေးဉယျာဉ်ကြီးဖြစ်ပြီး သာမန်အချိန်များတွင် ထိုဉယျာဉ်ကိုတပည့်များက စောင့်ပေးထားခြင်းဖြစ်သည်။
ကုအန် ကိုယ်တိုင် ဆေးပင်ခူးရန်လာသောအခါ အစကတော့တပည့်များအူကြောင်ကြောင်ဖြစ်နေသေးပါသော်လည်း နောက်တော့ အသားကျသွားကြ၏။
ဒင်ထျန်းတောင်ထွတ်တွင် နေ့၀က်ခန့်နေပြီးသောအခါ ကုအန် သက်တမ်းသိန်းချီပိုက်၍ အဓိအတိဂိုဏ်းသို့ ပြန်လာခဲ့လေသည်။
သူတစ်လတစ်ခါ ဒင်ထျန်းတောင်ထွတ်သို့ ဆေးပင်ခူးရန်လာတတ်ပြီး မနှစ်က ဒင်ထျန်းတောင်ထွတ်ကရသော သက်တမ်းသည် ၁သန်းပင်ကျော်သွားခဲ့ပြီး သူ့ထိုက်ကန်ကုန်းမြေတိုက်ကြီးကရသော သက်တမ်းကိုပင် ကျော်လွန်သွားခဲ့သည်။
အဓိပတိဂိုဏ်းသို့ပြန်ရောက်သောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်မေးဖို့ ပြင်လိုက်စဉ်တွင် ကုအန်သူ့ကိုတားလိုက်၏။
“စထွက်တုန်းက ငါပြောတာကိုမှတ်ထား ဘာမှမမေးနဲ့ မင်းတဖြည်းဖြည်းအရာအားလုံးကိုနားလည်လာလိမ့်မယ်” ကုအန်စကားလုံးများက သွေးအကျဉ်းထောင်မဟာသူတော်စင်၏လေးစားမှုကို ပို၍ပင် တိုးသွားစေခဲ့သည်။
သူ့သခင်က သူ့ကိုလမ်းညွှန်ပြသပေးနေသည်ဟု သူခံစားနေခဲ့ရ၏။
သူ့စရိုက်က အတော်လေး အလောတကြီးနိုင်လှပြီး ထိုအရာကြောင့်လည်း အခုလိုအဆုံးသတ်ခဲ့ရခြင်းဖြစ်ပေသည်။ သူတကယ်ပဲ သူ့တာအိုနှလုံးသားကိုတည်ငြိမ်လာအောင် လေ့ကျင့်ဖို့ လိုအပ်နေခဲ့၏။
သေမျိုးတောင်ထွတ်တွင် ကုအန်ကလေးစားခံ တောင်ထွတ်သခင်တစ်ယောက်ဖြစ်ပြီး အဓိပတိဂိုဏ်းတွင်တော့ သူက သာမန်တောင်ကြားသခင်တစ်ယောက်သာ ဖြစ်နေခဲ့သည်။
ကုအန် သာမန်အစေခံတပည့်များနှင့် ရယ်ရယ်မောမောစကားပြောနေသည်ကို တွေ့သောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်အတော်လေး လေးစားမိသွားခဲ့သည်။ သူ့ဆရာသည် ဟန်ဆောင်နေပုံနှင့်မတူဘဲ သူ့စိတ်ထဲတွင် သက်ရှိအားလုံးမှာ အတူတူသာဖြစ်ပုံပေါ်၏။
သက်ရှိတစ်ယောက်၏ ခွန်အားအရည်အသွေးသည် သူ့ကျင့်ကြံခြင်းအပေါ်တွင်မူတည်နေသော်လည်း သက်ရှိအားလုံး၏ဘ၀လမ်းစဥ်ကတော့ အတူတူသာ။
သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့သခင်ဆီက သင်ယူစရာများစွာ ကျန်နေသေးသည်ဟု ခံစားလိုက်ရလေသည်။
သို့သော် သူ့အတွေးများကတာရှည်မခံလိုက်ပေ။
အဘယ်ကြောင့်ဆိုသော် ကြွက်ဖက်တီးက သူ့ကိုထပ်မံလာရောက် စနောက်နေသောကြောင့်ဖြစ်၏။
သူ့ကို ပိုပြီးစိတ်တိုနေစေသောအရာမှာ ထိုကြွက်ဖက်တီးက ပို၍ပင် လျင်မြန်လာတာကိုသာဖြစ်သည်။
ထိုကြွက်ဖက်တီးတွင်လည်း ပြိုင်ဘက်ကင်းပါရမီမျိုးပိုင်ဆိုင်နေသည်ဟု သူမည်သို့မတွေးဘဲ နေနိုင်မည်နည်း။
ဤအရာကလုံး၀ အဓိပ္ပာယ်မရှ်ိလှပေ။
ထို့နောက် ကုအန် တတိယတောင်ကြား၏ အပိုင်းတိုင်းကို သွားရောက်စစ်ဆေးခဲ့၏။ တတိယတောင်ကြားတွင် ပြဿနာဆိုသည်မှာ မရှိသလောက်ရှားသော်လည်း တပည့်များ စိတ်လွတ်ကိုယ်လွတ်ဖြစ်မသွားစေရန် ကုအန် သူ့တာ၀န်အရ အပေါ်ယံတော့ စစ်ဆေးနေရပေလိမ့်မည်။
နွေရာသီကုန်ဆုံးကာ ဆောင်းဦးသို့ရောက်ရှိလာခဲ့သည်။
ဆောင်းဦးအစောပိုင်း အပြင်ကမ္ဘာဂူထဲ၌
ထျန်းယောင်အာ ထျန်းချင်း ထျန်းပိုင်တို့ အတူတူကုအန်ကိုတိုက်ခိုက်နေကြပြီး သူတို့ကိုယ်မှ မိစ္ဆာချီများက နဂါးများသဖွယ် ကုအန်ကိုဝန်းရံကာ တိုက်ခိုက်နေခဲ့ကြ၏။
သူတို့တိုက်ခိုက်မှုအားလုံးကိုရင်ဆိုင်နေရသော်လည်း ကုအန်ကတော့ ခပ်အေးအေးသာဖြစ်နေပြီး သူ့လက်တစ်ဖက်ယမ်းရုံဖြင့် သူတို့နတ်သိုင်းများအားလုံးကို ချေဖျက်ပြီးသား ဖြစ်သွားခဲ့သည်။
ထိုစဉ်ထျန်းယောင်အာ အစွန်းကိုးပါးလွတ်လပ်ခြင်းခြေလှမ်းကိုသုံးကာ ကုအန် နောက်ဘက်တွင်ပေါ်လာခဲ့ပြီး သူ့လက်ဖဝါးကိုရိုက်ထုတ်လိုက်ရာ လက်ဖဝါးချက်က လျင်မြန်စွာ မီးဖီးနစ်တစ်ကောင်ပုံပြောင်းလဲသွားခဲ့ပြီး ကုအန်ကို ဝါးမြိုသွားခဲ့၏။
နောက်တစ်စက္ကန့်တွင်တော့ မီးဖီးနစ်ပုံရိပ်က ကြေမွသွားခဲ့ပြီး ထျန်းယောင်အာလည်း နောက်ပြန်လွင့်ထွက်သွားခဲ့လေသည်။
ထို့နောက် ကုအန် မရေတွက်နိုင်သော ခြေကန်ချက်အရိပ်များထုတ်လွှတ်လိုက်ရာ ထျန်းချင်းနှင့်ထျန်းပိုင်တို့လည်း အချိန်မီမကာကွယ်နိုင်ကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် နောက်သို့လွင့်ထွက်ကုန်ကြ၏။
မိစ္ဆာသုံးယောက် ခက်ခက်ခဲခဲအားယူ၍ ပြန်ထလိုက်ကြပြီး ကုအန်ကိုရှုံ့မဲ့နေသော အမူအရာဖြင့် ကြည့်ရှုနေခဲ့ကြသည်။
“တကယ်လို့ ဒါသာတကယ့်သေခြင်းရှင်ခြင်းတိုက်ပွဲဆို မင်းတို့သုံးယောက်သေနေလောက်ပြီး အပြင်ကလူအများစုက ငါတိုက်သလိုပဲတိုက်မှာမဟုတ်ဘူး” ကုအန် ခြေထောက်ကိုပြန်ရုတ်လိုက်ကာ သာမန်အတိုင်းပြောလိုက်၏။
ထျန်းယောင်အာမျက်လုံးများပြူးကျယ်သွားကာ မေးလိုက်သည်။
“အပြင်က သတ္တဝါတိုင်းက သခင့်လိုစွမ်းအားကြီးကြတယ်လား”
“မင်းထက်ပိုအစွမ်းထက်တဲ့လူဆိုတာ အမြဲရှိတယ် ကောင်းကင်တစ်ခုအထက်မှာ နောက်ထပ်ကောင်းကင်တစ်ခုရှ်ိတယ်” ကုအန် သာမန်အတိုင်းဖြေလိုက်၏။ သူ့ခြေကန်ချက်များကလည်း ထျန်းယောင်အာတို့ကို ဒဏ်ရာမရစေရန် သူထိန်းပြီးမှ ကန်လိုက်ခြင်း ဖြစ်ပေသည်။
“အဲ့ဒီလိုလား” ထျန်းယောင်အာ ကုအန်စကားကို အလွယ်တကူမယုံခဲ့ေပ။ ကုအန် သူတို့ကို အပြင်ကအကြောင်းများပြောတိုင်း သူကိုယ်တိုင်ကတော့ တည်ငြိမ်နေသောကြောင့် တမင်သူတို့ကြောက်အောင်ခြောက်နေသည်ဟုသာ သူမခံစားနေခဲ့ရသည်။
ကုအန် ထေ့ငေါ့လိုက်၏။
“ဘာပဲဖြစ်ဖြစ် မင်းတို့ကတော့ ထပ်လေ့ကျင့်ဖို့လိုနေသေးတယ်”
ထျန်းချင်းနှင့်ထျန်းပိုင် ချက်ချင်း ကုအန်လက်မောင်းများဆီ တွဲခိုလိုက်ကြပြီး ကုအန်စကားများက မှန်ကြောင်း ချိုသာစွာ ထောက်ခံလိုက်ကြလေသည်။
ဤအပြုအမူကြောင့် ထျန်းယောင်အာ အံကိုကြိတ်လိုက်မိသည်။ အဘယ်ကြောင့် ဤမိစ္ဆာလေးနှစ်ကောင်က ခရမ်းချဉ်းသီးပုတ်များနှင့် တူနေရပါသနည်း။
ကုအန်သူတို့ကို လမ်းညွှန်ချက်အနည်းငယ်ပေးပြီးသည့်နောက် ထွက်ခွာလာခဲ့၏။
ထျန်းယောင်အာကတော့ ထျန်းချင်းနှင့်ထျန်းပိုင်ကို စတင်ရိုက်နှက်လိုက်ပြီး ဒုတိယတိုက်ပွဲက စတင်လာခဲ့လေသည်။
…..
ဆောင်းဦးလေက တိုက်ခတ်နေပြီး ခြံ၀န်းထဲသစ်ရွက်များကြွေကျနေသောကြောင့် လူချမ်းသာတစ်ယောက်ပုံရသော အဖိုးကြီးတစ်ယောက် ခြံ၀နး်ထဲတွင် တံမြက်စည်းလှည်းနေခဲ့၏။
ထိုသူမှာ အသက်အရွယ်ရလာသော ရှောင်ချွမ်မှလွဲ၍ အခြားမဟုတ်ပေ။
ရှောင်ချွမ်သည် တံမြက်စည်းအရိုးကိုကိုင်ကာ ခပ်ဖြည်းဖြည်းသာ လှည်းကျင်းနေပြီး သူ့ပုံစံက တံမြက်စည်းလှည်းခြင်းသည် အမှိုက်များရှင်းလင်းစေရန်သာမကဘဲ သူ့စိတ်ကိုလည်း သန့်စင်နေစေသည့်ပုံပင်။
ထိုစဉ် ကောင်လေးတစ်ယောက်ခြံ၀န်းထဲပြေး၀င်လာပြီး ရှောင်ချွမ့်ကိုတွေ့သောအခါ မပြောဘဲ မနေနိုင်တော့ပေ။
“အဖိုး ဘာလို့တံမြက်စည်းထပ်လှည်းနေပြန်တာလဲ တံမြက်စည်းလှည်းရတာ အဲ့လောက်တောင်ပျော်စရာကောင်းလား မသိရင်ကျွန်တော်တို့မှာ အစေခံတွေမရှိတဲ့ပုံနဲ့”
ကောင်လေးသည် အပြာရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ဖြူဖွေးသောမျက်နှာနှင့် သူ့ဆံပင်များကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားကာ အသက် ၁၅ ၁၆သာရှိသေးပုံပေါ်သော သူ့ပုံစံက ငယ်မူငယ်သွေးအပြည့်ဖြစ်နေခဲ့သည်။
ရှောင်ချွမ်တံမြက်စည်းလှည်းနေခြင်းကိုမရပ်ခဲ့ဘဲ ကြင်ကြင်နာနာပြုံး၍ ပြောလိုက်၏။
“ပျော်စရာကောင်းလို့မဟုတ်ပါဘူး အဲ့တာက အလေ့အကျင့်တစ်ခုပဲ တံမြက်စည်းလှည်းခြင်းက အဖိုးကိုအတိတ်ကိုပြန်သတိရစေတယ် မင်းလည်းငါ့လိုအသက်ကြီးလာရင် အတိတ်ကိုပြန်လှည့်ကြည့်ရတာ ကြိုက်တတ်လာလိမ့်မယ် မင်းကငယ်သေးပြီး ဒါတွေနားမလည်ပါဘူး”
ကောင်လေး သူ့အနားပိုတိုးလာပြီး ခေါင်းထောက်လိုက်ကာ မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
“အဖိုး ကျွန်တော်ကြားဖူးတာ အဖိုးကအမတဂိုဏ်းတစ်ဂိုဏ်းမှာ လေ့ကျင့်ဖူးတယ်ဆို ဘာလို့ကျွန်တော်တို့ကိုလည်း အဓိပတိဂိုဏ်းမှာ ကျင့်ကြံဖို့လမ်းညွှန်မပေးတာလဲ ကျင့်ကြံခြင်းက သာမန်လူတွေအတွက်လည်း တားမြစ်ထားတဲ့အရာမဟုတ်ပါဘူး အခုဆို တရားသူကြီးရဲ့မြေးလေးတောင် ကျင့်ကြံဖို့ထွက်သွားပြီ”
“အဖိုး ကျွန်တော်တို့မိသားစုကငွေရှိပေမယ့် အဲ့တာကမလုံလောက်ဘူးနော် ကျွန်တော်တို့ရေရှည်ကို တွေးထားရမယ်”
သူဆက်၍ပြောနေပြီး ရှောင်ချွမ်ကတော့ သူ့စကားများကြောင့် ဒေါသထွက်မသွားဘဲ ခပ်အေးအေးသာ သူ့ကိုကြည့်နေခဲ့သည်။
ပြောပြီးသောအခါ ရှောင်ချွမ်ရုတ်တရက်မေးလိုက်၏။
“တကယ်လို့ အမတဂိုဏ်းကိုသွားပြီးမှ မင်းပါရမီကအရမ်းသာမန်ဆန်နေမယ် မင်းဘေးနားကလူတွေအားလုံးနောက်ကို ရောက်နေမယ် သူတို့မင်းကိုဆက်တုိက်နောက်ကောက်ချထားခဲ့တာကို ကြုံရမယ် အဲ့လိုသာဆို မင်းဘာဆက်လုပ်မလဲ”
ကောင်လေးမယုံကြည်နိုင်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ
“ဘယ်လိုလုပ်ကျွန်တော်က အဲ့လောက်ဆိုးနိုင်မှာလဲ”
“မင်းအဖိုးငါကတော့ အဲ့လောက်ဆိုးခဲ့တယ်”
“ဒါပေမယ့် လူတွေကမတူဘူးလေ ဟုတ်တယ်မလား တကယ်လို့ ကျွန်တော်တို့မိသားစုထဲကနေ ပါရမီရှင်တစ်ယောက်များထွက်ပေါ်လာခဲ့ရင် အဲ့တာက အဖိုးကိုလည်းအကျိုးရှိစေမှာပဲ မဟုတ်လား”
“ဟီး မင်းဦးလေးလည်း တစ်ခါက အမတဂိုဏ်းတစ်ခုကို သွားခဲ့တယ် သူ့ပါရမီကသာမန်ဖြစ်ပြီးတော့ ကျင့်ကြံသူတွေရဲ့ ပဋိပက္ခတွေကြားမှာ သူသေမလိုတောင် ဖြစ်ခဲ့ရတယ် တစ်ယောက်ယောက်ရဲ့ ပါရမီက သာမန်ဟုတ်လားမဟုတ်ဘူးလားဆိုတာ မင်းအဖိုးငါ့ရဲ့ အတွေ့အကြုံတွေအရ မြင်နိုင်ပါတယ်”
ရှောင်ချွမ်ခေါင်းယမ်းကာ ပြောလိုက်သည်။ ဤနှစ်များအတွင်း သူ့မျိုးဆက်များက ဤမေးခွန်းကိုတစ်ယောက်ပြီးတစ်ယောက်လာမေးကြပြီး သူကလည်း ကျင့်ကြံရန်သူ့မျိုးဆက်များကို ပို့ခဲ့ဖူးသော်လည်း ရလဒ်ကတော့ အမြဲစိတ်ကျေနပ်စရာတစ်ခါမှ ရှိမလာခဲ့ပေ။
ဒါပေါ့ သူသူ့မျိုးဆက်များကို သူ့အစ်ကိုကြီး၀န်ထုပ်၀န်ပိုးမဖြစ်ရအောင် အဓိပတိဂိုဏ်းကိုတော့ တစ်ခါမှ မပို့ခဲ့ပေ။
အကယ်၍ သူတို့အခြားဂိုဏ်းများမှာတောင် မအောင်မြင်ခဲ့ရင် အဓိပတိဂိုဏ်းကိုပို့လို့ မည်သို့ဖြစ်မည်နည်း။
“ဒါပေမယ့် အဖိုးတကယ်ကြီးအဲ့လောက်ရှင်းရှင်းလင်းလင်းမြင်နိုင်လို့လား” ကောင်လေးမျက်လုံးများပြူးလာကာ ပြောလိုက်ပြီး သူ့မျက်နှာက အလောတကြီးနိုင်နေမှုကြောင့် နီမြန်းတောင်လာခဲ့သည်။
ရှောင်ချွမ်တုန့်ပြန်ဖို့ပြင်လိုက်စဉ်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ကုအန် ခြံ၀န်းထဲ၀င်လာခဲ့ပြီးတစ်ခုခုကိုရှာနေပုံဖြင့် ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုနေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ကုအန် ရှောင်ချွမ့်ကိုမြင်သွားသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့၏။
သူ့အဖိုးအမူအရာကိုမြင်သောအခါ ကောင်လေးလည်းလှည့်ကြည့်လိုက်ပြီး ကုအန်ကိုတွေ့သောအခါ အကဲခတ်လိုက်ပြီးမေးလိုက်သည်။
“ခင်ဗျားကဘယ်သူလဲ ကျွန်တော်ခင်ဗျားကိုအရင်ကမမြင်ဖူးပါဘူး”
ထပ်!
ရှောင်ချွမ် ကောင်လေးနောက်စေ့ကိုမနာေအာင်တစ်ချက်ခေါက်လိုက်ပြီး ပြုံးကာ ဆူလိုက်၏။
“မင်းကအစေခံတွေကလွဲပြီး အိမ်ထဲကလူတွေအကုန်လုံးကိုမှတ်မိနိုင်လို့လား သွားတော့”
ကောင်လေးနှုတ်ခမ်းဆူသွားပြီး ကုအန်ကိုအကဲခတ်ကာ ထွက်သွားခဲ့လေသည်။
[ချွမ်ယွဲ့(ချီကျင့်ကြံခြင်းအဆင့် ၁): ၁၅/၈၀/၁၈၀]
ကောင်လေးထွက်သွားသည်နှင့် ရှောင်ချွမ် ကုအန်ဆီပြေး၀င်သွားပြီး စိတ်လှုပ်ရှားစွာ ပြေးဖက်လိုက်၏။
“စီနီယာအစ်ကိုကြီး ဘယ်လိုရောက်လာတာလဲ” ရှောင်ချွမ်စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကုအန် အနည်းငယ်မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်၏။
“ဘာလို့ မင်းမြေးဒီမှာရှိနေတုန်းက အစ်ကိုကြီးကို စီနီယာအစ်ကိုကြီးလို့ မခေါ်ခဲ့တာလဲ”
ရှောင်ချွမ် ဖြေလိုက်သည်။
“အဲ့တာက ကျွန်တော့်မျိုးဆက်တွေ အစ်ကိုကြီးသရုပ်မှန်ကိုသိသွားရင် အစ်ကိုကြီးကိုလိုက်တွယ်ကပ်နေမှာကို ကာကွယ်ဖို့ပါ အစ်ကိုကြီးက အဓိပတိဂိုဏ်းက အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ပဲလေ အနည်းဆုံးတော့ သူတို့မျက်လုံးထဲမှာပေါ့”
ရှောင်ချွမ်မျက်နှာပေါ်က အိုမင်းနေသောလက္ခဏာများကိုကြည့်ကာ ကုအန်အတိတ်ကို ပြန်လွမ်းဆွတ်မိသွားခဲ့သည်။
“ဘာလို့ ကလေးတွေကိုအမတလမ်းစဉ်ကိုလျှောက်လမ်းဖို့ တားရတာလဲ”
“ကျွန်တော်သူတို့ကို တားဆီးတာမဟုတ်ပါဘူး သူတို့ကကျွန်တော့်အဆက်အသွယ်တွေကိုသုံးပြီး ဂိုဏ်းထဲ၀င်ချင်ကြတာ သူတို့သာတကယ်ပါရမီရှိရင် ကျွန်တော်၀င်မပါဘဲနဲ့ကို သူတို့တဖြည်းဖြည်းအမြင့်ကိုတက်နိုင်သွားကြမှာပါ”
ရှောင်ချွမ်ခေါင်းယမ်းကာ ဖြေလိုက်သည်။ သူ့စကားများက အဓိပ္ပာယ်ရှိသည်ဟု ကုအန်လည်းခံစားလိုက်ရ၏။
ဆယ်စုနှစ်များကျော်လွန်သွားခဲ့ပြီးသည့်နောက် ရှောင်ချွမ်သည် ပို၍ ရင့်ကျက်လာခဲ့ပြီး အချိန်၏တိုက်စားမှုများက သူ့အပေါ်တွင် နှုန်းအနှစ်များအဖြစ်ကျန်ရစ်ခဲ့ကာ သူသည် အရင်လို ကုအန်နောက်လိုက်ပြီး တိတ်ဆိတ်နေတတ်သော လူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။
အပိုင်း(၃၂၀)
ဘ၀ကိုချောင်းကြည့်ခြင်း၊ ကောင်းကင်ဆန္ဒဟုခေါ်သောအရာ
ကုအန်နှင့်ရှောင်ချွမ်တို့ ခြံ၀န်းထဲတွင်ထိုင်ကာ အတိတ်အကြောင်း စိတ်အားတက်ကြွစွာ ပြောနေခဲ့ကြသည်။
ဟိုအရင်ကနေ့ရက်များအကြောင်းပြောရင်း သူတို့သက်ပြင်းများစွာချခဲ့မိကြပြီး မရှိတော့သော အသိအကျွမ်းဟောင်းများအကြောင်းပြောရာတွင်တော့ တိတ်ဆိတ်သွားခဲ့ကြသည်။
“အစ်ကိုမင်းကို တောင်ကြားပြင်ပကိုပို့ခဲ့တာ ဆယ်စုနှစ်တွေများစွာကြာသွားပြီ မင်းဘ၀နဲ့ပတ်သက်ပြီးကျေနပ်ရဲ့လား”
ကုအန် မေးလိုက်၏။
ရှောင်ချွမ်ပြုံးကာပြောလိုက်သည်။
“သေချာတာပေါ့ ကျွန်တော်စိတ်ကျေနပ်ပါတယ် အနည်းဆုံးတော့ ကျွန်တော့်မှာနောင်တမရှိဘူး သေမျိုးတစ်ယောက်အနေနဲ့ အမတလမ်းစဉ်ကိုတောင် ချောင်းကြည့်ခွင့်ရခဲ့သေးတာ ကျွန်တော့်မှာဘာမကျေနပ်စရာရှိခဲ့မှာလဲ ဒါမျိုးဘ၀ကို မကျေနပ်တဲ့သူကတော့ တစ်ဘ၀လုံးမှာ ဖိအားတွေနဲ့နေထိုင်သွားရမှာပဲ အဲ့လိုလူတွေက ကျင့်ကြံခြင်းဘယ်လောက်မြင့်မြင့် စိတ်ကျေနပ်မှုဘယ်တော့မှ ရလာမှာမဟုတ်ဘူး”
ကုအန် လက်ဖက်ရည်ခွက်ကိုမြှောက်ကာ ရှောင်ချွမ်ကိုချီးကျူးလိုက်လေသည်။ ဘ၀အပေါ် ဤကဲ့သို့သော အမြင်ရှိဖို့မှာ အတော်လေးခက်ခဲသောအရာဖြစ်၏။
ကုအန်အရင်ကတော့ ရှောင်ချွမ်ကြိုးကြိုးစားစားမကျင့်ကြံခဲ့သည့်အတွက် မကျေမနပ်ဖြစ်ခဲ့ဖူးသည်။ သို့သော် သူ့တွင်အခုလိုအမြင်မျိုးရှိနေသည့်အခါ သူ့ဘ၀က တစ်ဘ၀လုံးစိုးရိမ်ပူပန်မှုများဖြင့် နေကြရသည့်ကျင့်ကြံသူများထက် ပိုကျေနပ်စရာကောင်းသည်ဟု သူခံစားလိုက်ရ၏။
သို့သော် ရှောင်ချွမ်သည်နှစ်ပေါင်းများစွာအသက်မရှင်နိုင်သည်ကို တွေးမိသောအခါ သူသူ့ကိုခွဲခွာဖို့ တွန့်ဆုတ်နေခဲ့သည်။
သူထိုကဲ့သို့သောအရာမျိုးကို ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းတွင်တော့ များစွာတွေ့ကြုံခဲ့ဖူး၏။ အထူးသဖြင့် လုံကျန်း၏ ဘ၀တွင်ဖြစ်သည်။ လုံကျန်းသည် နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီး ထိုကဲ့သို့သောအရာမျိုးကို တွေ့ကြုံခံစားခဲ့ရသောကြောင့် သူ့အပြုအမူစိတ်နေစိတ်ထားများက ပြောင်းလဲသွားခဲ့ခြင်းဖြစ်၏။ အထူးသဖြင့် သူ့ချစ်ဇနီးသေဆုံးပြီးသွားသည့်နောက်တွင် ထိုအရာက သူ့စိတ်နေစိတ်ထားများကို ပြောင်းလဲသွားစေခဲ့ခြင်းဖြစ်သည်။
လုံကျန်းသည် စွမ်းအားကြီးလှသော်လည်း သူ့ဘ၀တွင်နောင်တများစွာရှ်ိခဲ့ပြီး ထို့ကြောင့်လည်း အာကာသထဲကို တစ်ယောက်တည်းထွက်ခွာသွားခဲ့ခြင်းဖြစ်၏။
ရှောင်ချွမ် ကုအန်ခံစားချက်ကိုနားလည်ဟန်ဖြင့် သူ့ကိုနှစ်သိမ့်လိုက်သည်။
“စီနီယာအစ်ကိုကြီးက အစ်ကိုကြီးကမိသားစုတစ်ခုကို မစတင်ခဲ့ပေမယ့် အစ်ကိုကြီးကိုဂရုစိုက်တဲ့သူတွေအများကြီးရှိကြတာပဲ အစ်ကိုကြီးကတစ်ယောက်တည်းမဟုတ်ပါဘူး”
ကုအန်ရုတ်တရက်မေးလိုက်၏။
“တကယ်လို့သူတို့အားလုံးက မင်းလိုသာဆို အဲ့ဒီအခါအစ်ကိုကြီးဘာလုပ်ရမလဲ”
ရှောင်ချွမ်ငေးကြောင်သွားခဲ့ပြီးနောက် ကုအန်မျက်လုံးထဲကိုသေချာစိုက်ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး အဲ့ဒီမေးခွန်းကိုလူတိုင်းကစိုးရိမ်စရာလိုပေမယ့် အစ်ကိုကြီးကတော့မလိုဘူးလေ အစ်ကိုကြီးက အနားမှာရှိတဲ့လူတိုင်းကို ကြင်ကြင်နာနာအကောင်းဆုံးဆက်ဆံပေးခဲ့တာပဲ အစ်ကိုကြီးမှာ နောင်တရစရာဘာမှမရှိပါဘူး”
“ကျွန်တော်ဒီလောက် စိတ်အသိညဏ်ပွင့်လင့်နေတာကလည်း အစ်ကိုကြီးဆီကနေ သင်ယူခဲ့လို့ပါ ကျွန်ဝောာ်ငယ်ငယ်လေးကတည်းက အစ်ကိုကြီးကို အားအကျဆုံးပဲ စီနီယာအစ်ကိုလီယက ဘယ်လောက်ပဲစွမ်းအားကြီးကြီး ကျွန်တော်သူ့ကို အားမကျဘူး အစ်ကိုကြီးကတော့ ဘ၀ကိုအပူအပင်ကင်းကင်းနေနိုင်ရုံမကဘဲ အနားကလူတွေကိုလည်း ကာကွယ်ပေးနိုင်တယ် အဲ့တာကြောင့် ကျွန်တော်အစ်ကိုကြီးကို လေးစားအားကျခဲ့ရတာ”
ပြောပြီးသည့်နောက် ရှောင်ချွမ် ထပ်ပြုံးလိုက်ပြန်လေသည်။
ကုအန် ရုတ်တရက်လှုံ့ဆော်မှုတစ်ခုခုကို ခံစားလိုက်ရ၏။
ဒီတစ်ကြိမ်တော့ သူရှောင်ချွမ်ဖြစ်ချင်သော ဆန္ဒအတိုင်းလိုက်လုပ်ပေးတော့မည် မဟုတ်ပေ။
ကုအန် စာအုပ်တစ်အုပ်ထုတ်ကာ စားပွဲပေါ်တင်ပေးလိုက်ပြီး ရှောင်ချွမ်လည်းစာအုပ်ကိုကြည့်၍ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ဒါက ဘာလဲ”
“ဒီထဲမှာ မှော်သိုင်းတစ်မျိုးကို မှတ်တမ်းတင်ထားတယ်…” ကုအန် သူ့ကိုရှင်းပြလိုက်ပြီး တစ်ကြောင်းလောက်ရှင်းပြလိုက်ရုံဖြင့် ရှောင်ချွမ် ငေးငိုင်သွားခဲ့ရ၏။
ကုအန်ဤအခွင့်အရေးကိုယူကာ ရှောင်ချွမ့်ကို လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းအခြေအနေသို့ တွန်းပို့ပေးလိုက်ခြင်း ဖြစ်ပေသည်။
ဆောင်းဦးလေကဆက်လက်တိုက်ခတ်နေပြီး ကြွေကျလာသောသစ်ရွက်ခြောက်များက မြေပြင်ပေါ်ကြွေမကျလိုဟန်ဖြင့် လေနှင့်အတူ လွင့်မျောနေကြလေသည်။
…..
ပင်လယ်ထက်တွင် အနက်ရောင်၀တ်စုံ၀တ်ထားသောလီယ အနက်ရောင်လင်းယုန်တစ်ကောင်၏ ကျောပေါ်တွင်ရပ်ကာ သူ့အကြည့်က အဝေးသို့ရောက်ရှိနေခဲ့၏။ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထက်တွင် ခမ်းနားကာ ထည်ဝါလွန်းသော ကျွန်းမျောကြီးတစ်ခုရှိနေပြီး ထိုကျွန်းပေါ်ရှိ မြို့မှ သက်ရှိအားလုံးကိုအမိန့်ပေးနေသလို ဆန်းကြယ်သည့် အံ့ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။
“ပင်လယ်ချိုးဖျက်နယ်မြေသခင်မြို့တော်…”
လီယခပ်တိုးတိုးရေရွတ်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်မိ၏။
ထိုစဉ် ကမ္ဘာခြားနတ်အမတစိတ်ဝိညာဉ် သူ့ပုခုံးပေါ်တွင်ပေါ်လာကာ ပြောလိုက်လေသည်။
“အဲ့ဒီမှာပုန်းအောင်းနေတဲ့ ကြောက်စရာကောင်းတဲ့အရာတွေရှ်ိနေတယ် အဲ့တာက ငါ့ကိုစားပစ်လိမ့်မယ် အနားကိုမသွားနဲ့”
ထိုစကားကိုကြားသောအခါ လီယ၏မျက်ခုံးများ ပို၍တွန့်ကွေးသွားခဲ့၏။ အမတစိတ်ဝိညာဉ်အခုလိုစကားမျိုးပြောတာကို သူပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်ပေသည်။
သူအသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ခြေကိုတစ်ချက်ဆောင့်လိုက်ရာ လင်းယုန်နက်က အရှိန်ပြင်းပြင်းဖြင့် တိုး၀င်လာသောမြှားတစ်စင်းကဲ့သို့ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲ ထိုးဆင်းသွားခဲ့၏။
အနက်ရောင်အက်ကွဲကြောင်းထဲရောက်မှသာ လီယစိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိပြီး အောက်ဘက်သို့စိုက်ကြည့်နေရင်း သူ့အကြည့်များက ပြတ်သားနေခဲ့သည်။
“ကျန်းပုကူ ငါ့ကိုစောင့်နေပါ ငါမင်းကိုလက်လျှော့မှာမဟုတ်ဘူး!”
လီယ သူ့အင်္ကျီလက်အိုးထဲရှိ လက်သီးကိုကျစ်နေအောင် ဆုပ်ထားမိပြီး သူ့ဓားလေးကြီးကိုထုတ်ကာ တိုက်ပွဲအတွက် အသင့်ပြင်ထားခဲ့လိုက်၏။
ထိုစဉ်
ဆန်းကြယ်တောင်ကြားနှင့် ခပ်လှမ်းလှမ်းနေရာတစ်ခုတွင် ကုအန် ဆေးပင်များရိတ်သိမ်းနေခဲ့သည်။ ထိုအချိန်တွင် သူမတ်တပ်ထရပ်လိုက်ပြီး အဝေးသို့လှမ်းကြည့်လိုက်မိ၏။
သူရှောင်ချွမ်ကို ညဏ်အလင်းပွင့်စေခဲ့သည်မှာ ၁၀နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုအချိန်ကတည်းက သူရှောင်ချွမ့်ကိုသွားမတွေ့တော့ဘဲ သူ့ဘ၀တွင်သာ သူနစ်မျောနေခြင်းဖြစ်ပေသည်။
ဤ၁၀နှစ်အတွင်း သူ့သက်တမ်းကလည်း ၁၈သန်းကျော်လာသောကြောင့် နှစ်တိုင်းသူပျော်ရွှင်နေခဲ့မိ၏။
ဒီနေ့မတိုင်ခင်တွင်မှ ကမ္ဘာခြားနတ်အမတစိတ်ဝိညာဉ်က သူ့ကို သူအန္တရာယ်ရှိသော တည်ရှိမှုတစ်ခုကို အာရုံခံခဲ့မိကြောင်း သတင်းပို့ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာခြားနတ်အမတစိတ်ဝိညာဉ်သည် ပင်လယ်ချိုးဖျက်နယ်မြေသခင်မြို့တော်ထဲတွင် သူ့သဘာ၀ရန်သူဖြစ်သော ဆိုးယုတ်သည့် အရာတစ်ခုကို အာရုံခံခဲ့မိခြင်းဖြစ်သည်။
ကုအန် နတ်အတွေးဖြင့်စစ်ဆေးကြည့်လိုက်သောခါ ထိုမြို့တော်ထဲတွင် ကောင်းကင်မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရ၏။
နောက်ထပ်ကောင်းကင်မိစ္ဆာ!
ဤကောင်းကင်မိစ္ဆာသည် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်ကို ပိုင်ဆိုင်ထားပြီး သူသည် အနက်ရောင်ဝိညာဉ်ဘိုးဘေးနှင့်မတူဘဲ အသက်ရှင်နေသောတစ်ယောက်ယောက် ဖြစ်သည်။
သူသည် စည်းပေါင်းများစွာဖြင့် ကာရံထားသော အနက်ရောင်နေရာတစ်ခုထဲတွင် ပုန်းအောင်းနေပြီး ကုအန်ဘယ်လိုကြည့်ကြည့် ဖမ်းဆီးခံထားရသော အကျဉ်းသားတစ်ယောက်နှင့်တော့ တူမနေခဲ့ပေ။
မဟာအေးစက်မိစ္ဆာဂိုဏ်းနောက်ကွယ်က မြင့်မြတ်ဘုရင်သည် ကောင်းကင်မိစ္ဆာများဖြင့် အဆက်အသွယ်ရှိနေခြင်းပေလော။
ကုအန် သူတို့ကို သတိမပေးခဲ့ပေ။ သူ့အနေနှင့် မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ဖို့က လွယ်ကူသော်လည်း ကမ္မတရားများကို ဖြတ်တောက်ဖို့ကတော့ ခက်ခဲလှ၏။ ယခုအခါ အခြေအနေက နှစ်ဖက်လုံးက စောင့်ဆိုင်းနေကြသည့်ပုံစံဖြစ်နေပြီး တစ်ဖက်က ဘာကိုစောင့်နေလဲ ကုအန်သေချာမသိသော်လည်း သူကတော့ စောင့်ဆိုင်းနေရင်း နှစ်တိုင်းနှစ်တိုင်း ပိုသန်မာလာမည်သာ။
ဤကမ္ဘာပေါ်တွင် အပူအပင်မဲ့ကမ္ဘာဦးအမတများကပင် ရှားပါးလေရာ နတ်အတွေးအမတတစ်ပါးအနေနှင့် ကုအန် ကမ္ဘာပေါ်ရှိကိစ္စတိုင်းကို ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက်ရှ်ိပေသည်။
ကုအန်အချိန်အတန်ကြာစောင့်ကြည့်ပြီးမှ သူ့နတ်အာရုံကို ပြန်ရုတ်လိုက်၏။
သူထိုမြင့်မြတ်ဘုရင်၏ တွက်ချက်နေမှုများကိုလည်း မကြောက်ရွံ့ပေ။ သူကြောက်ရွံ့သည်က ထိုမြင့်မြတ်ဘုရင်သည် ကောင်းကင်မိစ္ဆာများ၏နယ်ရုပ်တစ်ကောင်ဖြစ်နေမည်ကိုသာ။
ကုအန် ဆေးပင်များဆက်ခူးနေရင်း လေပင်ချွန်နေခဲ့သည်။
ဆေးပင်ခူးပြီးသောအခါ သူဆန်းကြယ်တောင်ကြားမှ ထွက်ခွာလာခဲ့၏။
ထို့နောက် သူချွမ်စံအိမ်၏ခေါင်မိုးတစ်ခုပေါ်ရပ်ကာ ခြံ၀န်းထဲတွင် ကျင့်ကြံနေသော ရှောင်ချွမ့်ကို ကြည့်ရှုနေခဲ့သည်။
ညဏ်အလင်းပွင့်ပြီးသည့်နောက် ရှောင်ချွမ်သည် ကျင့်ကြံခြင်းတွင် အချိန်ပိုသုံးလာခဲ့ပြီး ထိုအရာကိုဘယ်သူ့ကိုမှတော့ မပြောခဲ့ပေ။
ကုအန် ရှောင်ချွမ်၏သက်တမ်းအကန့်အသတ် ၄၁၅ အထိတိုးလာသည်ကိုလည်း တွေ့ခဲ့ရ၏။
သိပ်မဆိုးပါဘူး!
ထို့နောက် သူရှောင်ချွမ့်၏ ကမ္မတရားများကို ချောင်းကြည့်လိုက်လေသည်။
သာမန်နေ့များတွင် ကုအန် သူ့လုပ်ငန်းဆောင်တာများကို လုပ်ရုံသာမကဘဲ ကျင့်လည်းကျင့်ကြံသေး၏။ ထိုအချိန်တွင် သူအလေ့လာဆုံးအရာမှာ ကမ္မစွမ်းအားအကြောင်းသာ ဖြစ်သည်။
သူယခုအခါ သေမျိုးများ၏ ဘ၀တစ်ခုလုံးကို စစ်ဆေးကြည့်ရှုနေနိုင်ပြီဖြစ်၏။ အကယ်၍ အသက် ၃နှစ်အရွယ်ကလေးတစ်ယောက် သူ့ရှေ့တွင်လာရပ်နေလျှင်တောင် သူထိုကလေး၏ ဘ၀အဆုံးသတ်ကိုပါ တစ်ခါတည်း မြင်နေနိုင်ပြီ ဖြစ်သည်။
မျှော်လင့်ထားသလိုပင် ရှောင်ချွမ့်ဘ၀က ပြောင်းလဲသွားခဲ့၏။
အရင်က ရှောင်ချွမ်သည် နောင်တကင်းကင်းဖြင့် သေဆုံးသွားသောမြင်ကွင်းကိုသာ ကုအန် မြင်ခဲ့ရခြင်းဖြစ်သည်။ အခုတော့ ရှောင်ချွမ်သည် အရင်ထက်ပိုပြီး အသက်ရှည်ရှည်နေရကာ သူ့မျိုးဆက်ထဲတွင်လည်း ကျင့်ကြံခြင်းအတွက် ပါရမီကောင်းသော မျိုးဆက်တစ်ယောက်ထွက်လာသည်ကို သူတွေ့ခဲ့ရ၏။
သို့သော် သူကြည့်နေရင်း ကုအန်မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
ရှောင်ချွမ်သည် အသက် ၄၁၃ နှစ်တွင်သေဆုံးသွားခဲ့ပြီး သူ့သက်တမ်းအကန့်အသတ်ပြည့်ချိန်ထိ မနေခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် သူ့မျိုးဆက်တစ်ယောက်က စွမ်းအားကြီးမိသားစုတစ်ခုကို အပြစ်ပြုမိခဲ့ပြီး ထိုမိသားစုက ချွမ်မိသားစုကို ဖျက်ဆီးပစ်လိုက်ခြင်းကြောင့် ရှောင်ချွမ်ပါသေဆုံးသွားခဲ့ရခြင်း ဖြစ်၏။
ကုအန်ရုတ်တရက် ရှောင်ချွမ်၏ညဏ်အလင်းပွင့်ခြင်းက ကောင်းသောအရာရောဟုတ်လားဟု တွေးမိသွားခဲ့သည်။
သို့သော် ပြန်တွေးမိသောအခါ ထိုကိစ္စဖြစ်ပျက်လာလျှင် ထိုအချိန်တွင် သူ၀င်ပါလိုက်၍ ရပေသည်။
သူသည် ရှောင်ချွမ့်ဘ၀ ကမ္မတရားတွင် အကြီးဆုံးကိန်းရှင်ကြီးတစ်ခုသာ ဖြစ်၏။
ထိုအတွေးနှင့်အတူ ကုအန် အခြားချွမ်မိသားစုမှလူများ၏ ဘ၀ကိုလည်း စစ်ဆေးကြည့်ရှုနေခဲ့သည်။
သေမျိုးတစ်ယောက်၏ဘ၀သည် ရှည်လျားပုံပေါ်သော်လည်း သူ့မျက်လုံးထဲတွင်တော့ အတော်လေးတိုတောင်းနေခဲ့၏။ သူတို့ ဆယ်စုနှစ်များစွာကြာသော အတွေ့အကြုံများသည် သူ့အတွက်တော့ လျှပ်တပြက်အတွင်းဖြစ်ပျက်နေသလိုသာ ဖြစ်နေပြီး ဖိအားရော ၀န်ထုပ်၀န်ပိုးပါနည်းနည်းမှ ရှိမလာခဲ့ပေ။ ဤသည်က နတ်အတွေးအစစ်အမှန်အမတတစ်ပါး၏ စွမ်းအားသာ ဖြစ်သည်။
နတ်အတွေးအစစ်အမှန်အမတမပြောနှင့် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတများပင် ဤအရာကိုလုပ်ဆောင်နိုင်ပေသည်။
အကြာခင်တွင် ကုအန်အကြည့်က ချွမ်ချီဟုခေါ်သော ကောင်လေးတစ်ယောက်ဆီ ရောက်ရှိသွားခဲ့၏။
[ချွမ်ချီ(ချီကျင့်ကြံခြင်း မစတင်ရသေး): ၃/၁၂၀/၁၀၅၀]
ထိုကဲ့သို့သော ပါရမီမျိုးသည် ရှောင်ချွမ့်မျိုးဆက်များထဲတွင် အသန်မာဆုံး ပါရမီသာ ဖြစ်သည်။
ကုအန် ချွမ်ချီ့ဘ၀ကိုလည်း စတင်စစ်ဆေးကြည့်လိုက်၏။
ကျင့်ကြံခြင်းမိသားစုကို အပြစ်ပြုမိသူမှာ ချွမ်ချီတော့ မဟုတ်ပေ။ အခြားမိသားစု၀င်တစ်ယောက်သာ ဖြစ်သည်။ ရှောင်ချွမ်သေဆုံးပြီးသွားသည့်နောက်မှ ချွမ်ချီကထွက်ခွာသွားပြီး အမတကျင့်ကြံခြင်းလောကထဲ ရောက်ရှိသွားခဲ့၏။
ထိုကောင်လေးသည် သူ့သက်တမ်းအကန့့်အသတ်ကိုကျော်လွန်ကာနေထိုင်ခဲ့ရပြီး ဤအရာက သူသည်ကံကြမ္မာကောင်းတစ်ခုခုကို ကြုံတွေ့ခဲ့ရသည်ဟု ညွှန်ပြနေခဲ့သည်။ သို့သော် ဘာကံကြမ္မာလဲဆိုတာတော့ ကုအန် အတိအကျမမြင်ခဲ့ရပေ။
ချွမ်ချီ ကောင်မလေးတစ်ယောက်နှင့်တွေ့ဆုံခဲ့ပြီးကတည်းက သူ့ကမ္မတရားကကျိုးပြတ်သွားကာ ကုအန်လည်း အနာဂတ်ကို ကြည့်ရှု၍မရတော့ပေ။
ကောင်မလေးကိုမြင်သည်နှင့် ထိုကောင်မလေးတွင် ကောင်းကင်မိစ္ဆာစိတ်ဝိညာဉ်ရှိနေမှန်း ကုအန်ပြောနိုင်ပေသည်။
နောက်ထပ် ကောင်းကင်မိစ္ဆာ!
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲ စိမ့်၀င်နေသော ကောင်းကင်မိစ္ဆာပေါင်း မည်မျှရှိနေပါပြီလဲ!
ကုအန်မျက်မှောင်ကြုံ့လိုက်ပြီး အခြားသူများကို ဆက်လက်ကြည့်ရှုနေခဲ့၏။
သူခေါင်မိုးပေါ်တွင် ရပ်နေသော်လည်း ခြံ၀န်းထဲဖြတ်သွားသော ဘယ်သူမှ သူ့ကိုမမြင်ခဲ့ရပေ။
မိနစ်သုံးဆယ်ခန့်ကြာမှ ကုအန် တတိယတောင်ကြားဆီ ပြန်လာခဲ့လိုက်သည်။
သူတည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ထွက်လာပြီးနောက် ကမ္မတရားနှင့်ကံတရားဟူသော အရာအကြောင်း စဉ်းစားနေခဲ့မိ၏။
“ကုအန် တရုတ်ကျားတစ်ပွဲလောက်ဆော့ဖို့ လာဦး!”
အသံတစ်သံထွက်လာ၍ ကုအန်လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင်က လက်ကိုးချောင်းနတ်အရှင်မှလွဲ၍ အခြားမဟုတ်ပေ။
လတ်တလောတွင် လုရှန်းယီနှင့် ဒြပ်ငါးမျိုးခိုးယူသူက တောင်ကြားမှထွက်ခွာသွားပြီဖြစ်ပြီး ကျန်ရှိသည့် ကြီးမြတ်သည့်ကျင့်ကြံသူများမှာ လက်ကိုးချောင်းနတ်အရှင်နှင့် ရှန်ရှင်းကျိတို့သာ ကျန်ရှ်ိတော့သည်။ ရှန်ရှင်းကျိကတော့ တရုတ်ကျားကို စိတ်မ၀င်စားဘဲ အနောက်အရပ်သို့ခရီးသွားခြင်းနှင့် နတ်ဘုရားတို့၏ရာထူးများ ကိုလေ့လာရခြင်းကိုသာ ပို၍ စိတ်၀င်စားပေသည်။
ကုအန် ရှန်ရှင်းကျိထိုစာအုပ်နှစ်အုပ်ကို အဲ့လောက်စိတ်၀င်စားနေရသလဲ နားမလည်နိုင်ခဲ့ပေ။ သို့သော် သူ့ရွေးချယ်မှုကိုတော့ သူလေးစား၏။
ကုအန် လက်ကိုးချောင်းနတ်အရှင်ဆီလမ်းလျှောက်သွားနေရင်း ကမ္မတရားနှင့်ကံတရားအကြောင်း ဆက်လက်စစ်ဆေးနေခဲ့သည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းက ပိုမြင့်လေလေ သူမြင်နိုင်သောတစ်ဖက်လူ၏ သက်တမ်းက ပိုနည်းလေလေပင်။
လက်ကိုးချောင်းနတ်အရှင်၏ သက်တမ်းနှင့်ကမ္မတရားက အတော်လေးရှုပ်ထွေးလှပေသည်။ ထို့ကြောင့် ကုအန်သူ့ကို နှစ်ပေါင်း ၅၀ထက်ပိုပြီး မကြည့်ရှုနိုင်ခဲ့ပေ။
ကုအန် တရုတ်ကျားခုံရှေ့တွင်ထိုင်ချပြီးသည့်နောက်တွင် ကျားသေတ္တာကိုဖွင့်ကာ မေးလိုက်၏။
“အကြီးအကဲ အကြီးအကဲကနှစ်ပေါင်းများစွာ နေလာခဲ့တာ ကျွန်တော့်ကို တစ်ခုပြောပြပါလား ကျင့်ကြံသူတွေက သေမျိုးတွေရဲ့ဘ၀ကို ရည်ရွယ်ချက်ကောင်းနဲ့ဆိုရင်တောင် ၀င်ပါသင့်ရဲ့လား”
ကုအန်ထိုမေးခွန်းမျိုးမေးလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် လက်ကိုးချောင်းနတ်အရှင်သူ့ကို အံ့ဩတကြီးကြည့်လိုက်မိသည်။
“မင်းမှန်ကန်တဲ့လူကို မေးလိုက်တာပဲ ငါကတော့ ၀င်မပါသင့်ဘူးလို့ထင်တယ် ကျင့်ကြံခြင်းကိုယ်တိုင်က သဘာကိုဆန့်ကျင်ရတဲ့ လမ်းစဉ်တစ်ခုပဲ သေမျိုးတစ်ယောက်ရဲ့ ဘ၀မှာ၀င်ပါလိုက်တာက သူတို့ကို ကပ်ဘေးတွေပဲဖြစ်လာစေမှာ ဒီစကြာ၀ဠာထဲမှာ အလိုလိုရှိနေတဲ့ ကောင်းကင်ဆန္ဒဆိုတာရှ်ိတယ် ငါအရင်ကစမ်းသပ်မှုတစ်ခုနဲ့ကြုံခဲ့ရတယ် အဲ့ဒီစမ်းသပ်မှုကနေ ငါပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး လက်ချောင်းတစ်ချောင်းကို ဆုံးရှုံးခဲ့ရတယ် အဲ့ဒီအချိန်ကစပြီး ကောင်းကင်ဆန္ဒတကယ်ရှ်ိတယ်ဆိုတာ ငါယုံသွားခဲ့တာပဲ”
“ကောင်းကင်ရဲ့အထက်မှာ ကျင့်ကြံသူတွေရဲ့ သိစိတ်နဲ့လိုက်မမီနိုင်တဲ့ တိကျတဲ့စွမ်းအားတစ်ခုရှိတယ် အဲ့ဒီအရာက သက်ရှိအားလုံးရဲ့ ကံတရားတွေကိုထိန်းချုပ်တာ ငါ့ကျင့်ကြံခြင်းကမြင့်လာလေလေ အဲ့ဒီအရာရဲ့ ကျယ်ပြန့်မှုကို ပိုခံစားမိလေလေပဲ”
ပြောပြီးသည်နှင့် လက်ကိုးချောင်းနတ်အရှင်၏မျက်လုံးထဲ ကြောက်ရွံ့သောအရိပ်အယောင်တစ်ခု ပေါ်လာခဲ့လေသည်။
ကုအန်စိတ်၀င်တစားမေးလိုက်၏။
“အဲ့တာက မြင့်မြတ်ခုံရုံးကလား”
လက်ကိုးချောင်းနတ်အရှင်ခေါင်းယမ်းကာ ပြောလိုက်သည်။
“မဟုတ်ဘူး မြင့်မြတ်ခုံရုံးကလည်း အဲ့ဒီစွမ်းအားရဲ့ သနားညှာတာမှုအောက်မှာပဲရှိတာ ငါသိသလောက်ဆိုရင် ဒီကမ္ဘာကြီးနဲ့ စကြာ၀ဠာရဲ့ကြားမှာ သေမျိုးတွေ ပျံထွက်သွားလို့မရအောင် တားဆီးထားတဲ့ အကာအရံတစ်ခုရှ်ိတယ် အဲ့တာက နိယာမတစ်ခုလိုမျိုးပဲ မြင့်မြတ်ခုံရုံးကလည်း အဲ့ဒီနိယာမကို လိုက်နာရတယ်”
ကုအန် မော့ကြည့်လိုက်မိပြီး သူလည်းထိုနိယာမများကို သတိပြုမိပေသည်။ ထိုအရာက ကောင်းကင်ဈာန်အမတအဆင့်အောက်များကို ကောင်းကင်ပြင်ပသို့ ထွက်မသွားနိုင်အောင် ကာရံထားသော အကာအရံဖြစ်ပြီး နတ်အတွေးအစစ်အမှန်အမတတစ်ယောက်အနေနှင့်ပင် ကုအန် ထိုနိယာမများကို ဖောက်၍ မမြင်နိုင်ခဲ့ပေ။
လုံကျန်းနေခဲ့သော နတ်မူလနယ်မြေတွင်တော့ ထိုကဲ့သို့သော နိယာမမျိုး ရှိမနေခဲ့ပေ။
ကုအန် ကောင်းကင်သို့မော့ကြည့်နေရင်း တရုတ်ကျားခုံ၏ အလယ်တွင် ကျားစေ့တစ်စေ့ချလိုက်လေသည်။ လက်ကိုးချောင်းနတ်အရှင်ကတော့ သူအနိုင်ကျင့်ခံလိုက်ရသလို ခံစားလိုက်ရပြီး ရှုံမဲ့သွားခဲ့ရ၏။