← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 25 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 25 Ch. 325-326

အပိုင်း(၃၂၅)

ကံကြမ္မာလမ်းစဉ်

ကုအန် ရှန်းကျန်ကို သက်တမ်းစစ်ဆေးခြင်းမသုံးဘဲ မနေနိုင်တော့ပေ။

[ရှန်းကျန်(နတ်အသွင်ပြောင်းခြင်းအဆင့် ‌၂): ၃၂၉/၁၂၀၀/၅၈၀၀]

သူမသက်တမ်းအကန့်အသတ်သည် ၁၀၀၀ကျော်တက်သွားခဲ့ပြန်လေပြီ!

သူမသည် မွေးရာပါ ညဏ်အလင်းခန္ဓာမျိုးပိုင်ဆိုင်ထားခြင်းဖြစ်နိုင်ပါသလော။

စိတ်၀င်စားမှုများဖြင့် ပြည့်နှက်သွားပြီး ကုအန် အနာဂတ်တွင် ရှန်းကျန်ကို ပိုလေ့လာရမည်ဟု ဆုံးဖြတ်လိုက်၏။

ရှန်းကျန် သူ့ပန်းချီဆွဲခြင်းဖြစ်စဉ်အကြောင်းကို ပြန်ပြောပြနေစဉ်တွင် ကုအန် သူ့ရှေ့ရှိ စာလိပ်ကိုသာ အသေးစိပ်ကြည့်ရှုနေခဲ့သည်။

ပုံအရ ကြည့်ရသည်မှာ သေမျိုးတစ်ယောက်က အမတတစ်ပါးဆီမှ ကရုဏာကိုတောင်းခံနေပုံဖြစ်ပုံသော်လည်း ထူးဆန်းသည်မှာ မြေပြင်ပေါ်ရှိ ‌ဒူးထောက်နေသောသူက ပြုံးနေပြီး ကောင်းကင်ထက်ရှိ စွမ်းအားကြီးသောအမတမှာ မျက်မှောင်ကြုံ့နေခြင်းဖြစ်သည်။

တိမ်များ၏ အနားသတ်များ တောင်တန်းများ၏မျဉ်းများနှင့် မြစ်များ၏ လှိုင်းများ စသည်တို့တွင် ကောင်းကင်နှင့်မြေပြင်၏ နိယာမမများလည်း ပါ၀င်နေခဲ့၏။ ဤစာလိပ်ကို ဖြန့်ချလိုက်သည်နှင့် အပြင်ဘက်ရှိကောင်းကင်နှင့်မြေပြင်နိယာမများကလည်း ထိုစာလိပ်နှင့် ပိုနီးကပ်သောနေရာသို့ တိုး၀င်သွားကြသည်။ နတ်အတွေးအစစ်အမှန်အမတတစ်ပါး၏ မျက်လုံးထဲတွင်တော့ ဤနေရာရှိ ကမ္ဘာကြီးသည် ပိုဖရိုဖရဲဖြစ်သွားသည်ကိုပင် မြင်နေခဲ့ရသည်။

ရှန်းကျန်ကတော့ သူမစကားများထဲတွင်သာနစ်မြုပ်နေပြီး ပတ်၀န်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်နိယာမများ ဘာဖြစ်သွားသလဲဆိုတာကို မခံစားမိခဲ့ပေ။ သူမ၏ ပန်းချီဆွဲခြင်းလုပ်ငန်းစဉ်ကိုသာ တက်တက်ကြွကြွမျှဝေနေခဲ့၏။

ကုအန် ရှန်းကျန်၏ ကမ္မတရားများကို စတင်စစ်ဆေးကြည့်လိုက်ပြီး သူမဘ၀၏ အတွေ့အကြုံများအားလုံးကို မြင်လိုက်ရလေသည်။

သတိမထားလိုက်မိဘဲနှင့် သူသည် ရှန်းကျန်နှင့် အနီးကပ်ဆုံးကမ္မနှောင်ကြိုးရှိသူတစ်ယောက်ဖြစ်လာသည်ကိုလည်း ကုအန် ရုတ်တရက်သိလိုက်ရသည်။

ရှန်းကျန်နှင့်တာအိုဂိုဏ်းကြားဆက်ဆံရေးကတော့ ပို၍ ဝေးကွာသွားခဲ့သည်။ သူမသည် ဂိုဏ်းချုပ်၏သမီးဖြစ်သော်လည်း သူမအဖေ၌ သားသမီးများစွာ ရှိနေသေးပြီး အဖေနှင့်သမီးကြားပုံမှန်ဆက်သွယ်မှုများမရှိသောအခါ သူတို့ဆက်ဆံရေးက တဖြည်းဖြည်းပို၍ ဝေးကွာသွားခဲ့ရသည်။ သူမအမေကတော့ အချိန်အတော်ကြာကတည်းက သေဆုံးသွားပြီး ဖြစ်သည်။

ကုအန် ရုတ်တရက် ရဲတင်းသောအတွေးတစ်ခုပင် တွေးလိုက်မိ၏။

ရှန်းကျန်သည် သူ့လွှမ်းမိုးခြင်းကိုခံလိုက်ရခြင်း ဖြစ်နိုင်ပါသလော။

နောက်ဆုံးတွင် သူသည် နတ်အတွေးအစစ်အမှန်အမတတစ်ပါးဖြစ်ပြီး သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားလျှင်တောင် သူ့အသက်အဆီအနှစ်က ပတ်၀န်းကျင်ရှိ တပည့်များနှင့် တူနေမည် မဟုတ်ပေ။

ဤနှစ်များအတွင်း ဆေးတောင်ကြားသို့၀င်လာသောတပည့်များနှင့် သူ့အကြား ဆရာတပည့်ဆက်ဆံရေးကလည်း ပိုမိုတိုတောင်းလာခဲ့သည်။ ဤသည်ကလည်း သူ၏လွှမ်းမိုးမှုကြောင့်သာ ဖြစ်ပေသည်။ တပည့်များသည် အရင်ထက်ပိုပြီးမြန်မြန် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ကုန်ကြခြင်း ဖြစ်သည်။

ရှန်းကျန်၏ မွေးရာပါနားလည်နိုင်စွမ်းကိုလည်း အထင်မသေးသင့်ပေ။သူမသည် ပန်းချီ ဂီတ လက်ရေးလှ စစ်တုရင် ကဲ့သို့သောပညာများ၌ အတော်လေး ပါရမီကောင်းသူ ဖြစ်သည်။ သို့သော်လည်း ကုအန်မရှိလျှင်တော့ သူမအတွက် ဤအဆင့်ကိုရောက်ဖို့က အတော်လေးခက်ခဲနေပေလိမ့်မည်။

တဖြည်းဖြည်းနှင့် ကုအန်၏ ကမ္မစွမ်းအားအပေါ်နားလည်မှုက ပို၍နက်ရှိုင်းလာခဲ့သည်။

ပြန်တွေးကြည့်သော် ကုအန်က အဓိပတိဂိုဏ်းတစ်ခုလုံးအပေါ် လွှမ်းမိုးထားခဲ့ခြင်းဖြစ်သည်။ အဓိပတိဂိုဏ်း၏ ဤနှစ်များအတွင်း လျင်မြန်စွာတိုးတက်ပြောင်းလဲလာမှုများကလည်း သူ့လွှမ်းမိုးမှုကြောင့်သာ ဖြစ်၏။

တခဏအကြာတွင်

ရှန်းကျန်အသံက ကုအန် အတွေးများကို လက်ရှိအခြေအနေဆီ ပြန်ဆွဲခေါ်သွားခဲ့သည်။

“ဟေးး နင်နားထောင်နေလား”

ကုအန် ရှန်းကျန်ကိုလှည့်ကြည့်လိုက်သောအခါ သူ့ကိုအံကြိတ်ကာ ကြည့်နေသောရှန်းကျန်ကို တွေ့လိုက်ရသည်။ ဒေါသထွက်နေသော်လည်း သူမပုံစံသည် ကြမ်းကြုတ်နေပုံပေါ်မနေဘဲ ကုအန်သူမပါးကိုသာ ဆွဲညှစ်ချင်စိတ်ဖြစ်သွားခဲ့၏။

“ငါနားထောင်နေပါတယ် နင်ကတကယ်အံ့ဩစရာပဲ နင်ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ငါတကယ်နားမလည်နိုင်ဘူး နင်ပြောတာသာအမှန်ဆိုရင် နင်ကတကယ်ညဏ်အလင်းပွင့်ဖို့ ပါရမီပါပုံရတယ်” ကုအန် ချီးကျူးလိုက်သည်။

ထိုစကားကိုကြားသောအခါ ရှန်းကျန်မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ထွက်ပေါ်လာခဲ့ပြီး ဂုဏ်ယူစွာ တခစ်ခစ်ရယ်၍ ပြောလိုက်၏။

“ဒါဆိုရင် ဒီပန်းချီကားကနင့်အတွက်ပဲ ငါဆက်ပြီးကျင့်ကြံလိုက်ဦးမယ်!”

ပြောပြီးသည်နှင့် သူမလှည့်ထွက်သွားခဲ့လေသည်။

ကုအန် သူမကိုလိုက်မပို့တော့ဘဲ ထိုအစား စားပွဲပေါ်ရှိ ပန်းချီကားကိုသာ ကြည့်ရှုနေခဲ့မိသည်။

အောက်ထပ်မှလာသော စိတ်ဝိညာဉ်စွမ်းအားပြန်ရုတ်သွားသည်ကိုလည်း သူခံစားမိခဲ့သော်လည်း ဂရုမစိုက်ခဲ့ပေ။

သူကုလားထိုင်တွင်ထိုင်ကာ စာလိပ်ကိုသာကြည့်နေရင်း အတွေးနွံနစ်နေခဲ့၏။

သူ၏ ပတ်၀န်းကျင်မှလူများအပေါ်လွှမ်းမိုးမှုမှာ သူ့ချည်းကြောင့်သက်သက်သာမဟုတ်ဘဲ ကောင်းကင်နှင့်မြေပြင်၏ တွန်းအားကြောင့်လည်း ပါဝင်ပေသည်။ ဤသည်ကိုတွေးမိပြီး ကောင်းကင်နှင့်မြေပြင်၏နည်းလမ်းများအပေါ် ကုအန်၏နားလည်မှုက ပိုနက်ရှိူင်းလာခဲ့သည်။

သူက သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားလိုသော်လည်း ကောင်းကင်နှင့်မြေပြင်ကသူ၏ ပတ်၀န်းကျင်အပေါ် လွှမ်းမိုးနိုင်မှုကို ဖုံးကွယ်မထားစေလိုခဲ့ပေ။

ကောင်းကင်နှင့်မြေပြင်၏တွန်းအားသည် သမုဒ္ဒရာလှိုင်းများနှင့်တူပြီး ကမ္မစွမ်းအားကတော့ ပင့်ကူအိမ်များနှင့် တူပေသည်။ သက်ရှိတိုင်းက ထိုအရာများမှ တောင့်ခံဖို့ရော လွတ်မြောက်ဖို့ပါ မဖြစ်နိုင်ပေ။

အရာရာတိုင်းတွင် အကျိုးနှင့်အပြစ်ဟူ၍ ရှိကြ၏။ ကုအန် သူ့ပတ်၀န်းကျင်ကိုတိုးတက်အောင်ကူညီနေစဉ်တွင် ကမ္မစွမ်းအားပင့်ကူအိမ်များကိုလည်း ပို၍ ဆွဲဆောင်သွားစေမိခဲ့သည်။

ထိုအခိုက်တွင် စွမ်းအားကြီးပုဂ္ဂိုလ်များ အဘယ်ကြောင့် တံခါးပိတ်သာကျင့်ကြံနေကြသလဲဆိုတာကို ကုအန် နားလည်သွားခဲ့၏။ ဤသည်က ကျင့်ကြံခြင်းက အချိန်များစွာ လိုရုံသက်သက်ကြောင့်သာ မဟုတ်နိုင်လောက်ပေ။

မဟာအေးစက်မိစ္ဆာဂိုဏ်းတွင်ပင် တံခါးပိတ်ကျင့်ကြံနေသော စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိ‌နေသေးသည်။ ဂိုဏ်းက ကပ်ဘေးတစ်ခုဖြစ်ပေါ်စေပြီး ပင်လယ်ချိုးဖျက်နယ်မြေဆီ ကျူးကျော်ကာ ဂိုဏ်းတစ်ခုလုံး ပျက်သုဉ်းသွားခဲ့ရသောအခါ ထိုသူများကတော့ လွတ်မြောက်သွားခဲ့ရသည်။ ကြည့်ရသည်မှာ ဤသည်ကလည်း ကမ္မတရားများကိုရှောင်ကွင်း၍ ရှင်သန်နည်းတစ်ခု ဖြစ်ပုံပေါ်ပေသည်။

ကုအန် ဤတွေ့ရှိမှုကြောင့် ကြောက်ရွံ့တော့မသွားခဲ့ပေ။ သူအခုတွေးမိနေသည်မှာ ကောင်းကင်နှင့်မြေပြင်က သက်ရှိအများစုကြောက်ရွံ့ကြသော ကမ္မတရားနှင့် ကံကြမ္မာနိယာမများကို ဘယ်လိုလည်ပတ်နေသလဲဆိုတာကိုပင်။

ကံကြမ္မာ!

ကုအန် ထိုအရာက ကျပန်းဖြစ်နေသည်ဟုတော့ ဘယ်တုန်းကတော့ မယုံခဲ့ပေ။ ထိုအရာကျပန်းဖြစ်နေခြင်းမှာ လူတစ်ယောက်က ထိုနိယာမများထဲတွင် တည်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်၏စွမ်းအားက ထိုနိယာမများကို ကျော်လွန်သွားနိုင်ခဲ့လျှင် အဘယ်သို့ ထိုကံကြမ္မာစွမ်းအား၏ ထိန်းချုပ်ခြင်းကို ခံရပါမည်နည်း။

ကုအန် တစ်ညလုံးမလှုပ်မယှက်ဘဲအခန်းထဲတွင်ထိုင်နေခဲ့ပြီး နောက်တစ်နေ့မနက်ရောက်မှသာ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းကာ အပြင်စည်းမြို့ဆီ စိတ်လှုပ်ရှားစရာများကြည့်ရှုရန် ထွက်ခွာလာခဲ့၏။

ညတစ်ညကုန်ဆုံးသွားပြီဖြစ်သော်လည်း ကျိုးယိကျင်းက ညဏ်အလင်းပွင့်ခြင်းအခြေအနေတွင်သာ ရှိနေဆဲဖြစ်ကာ အဓိပတိဂိုဏ်းမှအကြီးအကဲတစ်ရာကျော်က သူ့ပတ်ပတ်လည်တွင် ၀န်းရံပေးနေကြပြီး ဘယ်သူမှအနားကို အကပ်မခံခဲ့ပေ။

ကျိုးယိကျင်း၏ကျင့်ကြံခြင်းက အဓိပတိဂိုဏ်းတွင် မပြောပလောက်သော်လည်း သူသည်ဆရာသခင်ဓားအရှင်၏အမွေအနှစ်ကိုဆက်ခံလိုက်သောကြောင့် အခြေအနေများက ပြောင်းလဲသွားခဲ့ရသည်။ ဂိုဏ်းက ထိုအရာကိုအရေးကြီးကိစ္စတစ်ခုအဖြစ်သဘောထားပြီး ထိုသို့သဘောထားခြင်းက ဆရာသခင်ဓားအရှင်ကို လေးစားမှုပေးခြင်းတစ်ခုဟု မှတ်ယူထားကြသည်။

ကုအန် အပြင်စည်းမြို့သို့ရောက်ပြီးမကြာခင်တွင် များစွာသော လူငယ်လူရွယ်လေးများ၀န်းရံထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရ၏။ သူတို့သည် လူအုပ်ထဲလမ်းလျှောက်နေကာ ပတ်ပတ်လည်ကို စိတ်၀င်တစားကြည့်ရှုနေကြပြီး သူတို့အတွက်မြင်မြင်သမျှက အသစ်အဆန်းဖြစ်နေခဲ့သည်။

“ချွမ်ယွဲ့ မတွေ့တာကြာပြီနော်”

အသံတစ်သံသူ့နားထဲရောက်လာ၍ ချွမ်ယွဲ့အလိုလိုလှည့်ကြည့်မိလိုက်ရာ ကုအန်နှင့်သူ့ဘေးတွင်ရပ်နေသော သွေးအကျဉ်းထောင်မဟာသူတော်စင်ကို တွေ့လိုက်ရလေသည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်က လူကြီးတစ်ယောက်အရပ်ခန့် မြင့်မားကာ လွှမ်းမိုးနိုင်သော ပုံသဏ္ဍာန်ဖြစ်သော်လည်း ထိုထက်ကြီးသော စီးတော်သားရဲများကိုမြင်ဖူးသောကြောင့် ချွမ်ယွဲ့ကြောက်တော့ မကြောက်သွားခဲ့ပေ။

ချွမ်ယွဲ့ ကုအန်ကိုသံသယဖြင့်ကြည့်လိုက်ကာ မေးလိုက်၏။

“မိတ်ဆွေက…”

တစ်ဖက်လူက သားရဲတစ်ကောင်ကိုစီးနင်းနိုင်ပြီး ကျင့်ကြံသူဖြစ်တာသေချာလှသောကြောင့် သူသတိထား၍ ဆက်ဆံရပေလိမ့်မည်။

ချွမ်ယွဲ့မိသားစုမှ မျိုးဆက်လေးများကတော့ အဓိပတိဂိုဏ်းထဲတွင် သူတို့အဖိုးကို သိသောသူရှ်ိနေသောကြောင့် အံ့အားသင့်နေခဲ့ကြသည်။

ကုအန်ပြုံးကာ ပြောလိုက်၏။

“ငါ့ကိုမေ့သွားပြီလား မင်းအသက်၁၅နှစ်လောက်တုန်းက ငါမင်းနဲ့မင်းအိမ်မှာတွေ့ခဲ့တာလေ မင်းက မင်းအဖိုးကိုတောင် အမတလမ်းစဉ်အပေါ်လျှောက်လှမ်းချင်လို့ ပူဆာနေသေးတယ်”

ချွမ်ယွဲ့ကြက်သေသေသွားပြီး သူ့မျက်လုံးများပြူးကျယ်သွားကာ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်လေသည်။

“မိတ်ဆွေက အဲ့ဒီတုန်းက ကျွန်တော့်အဖိုးဆီကိုအလည်လာတဲ့သူပဲ ဘယ်လိုလုပ်…”

ငယ်ရွယ်လိုက်တာ!

ကုအန်မေးလိုက်သည်။

“မင်းအဖိုးရော နေကောင်းရဲ့လား”

ချွမ်ယွဲ့အမြန်ပြန်ဖြေလိုက်သည်။

“သူအတော်လေးနေကောင်းပါတယ် သူ့နေ့ရက်တွေကို ကျင့်ကြံလိုက် လက်ဖက်ရည်သောက်လိုက်နဲ့ကုန်ဆုံးနေတာပါ သူ့မှာဘာအပူအပင်မှမရှိဘူး”

ချွမ်ယွဲ့မိသားစု၏မျိုးဆက်များကတော့ တစ်ယောက်နှင့်တစ်ယောက်သာ ‌ကြည့်ရှုနေခဲ့ကြသည်။ သူတို့အဖိုး၏ အဖိုးဆိုသည်မှာ မူဘဘိုးဘေးကြီးသာ မဟုတ်ပါလော။

သူတို့ရှောင်ချွမ့်ကို တစ်ခါနှစ်ခါသာတွေ့ခဲ့ဖူးပြီး သူတို့စိတ်ထဲတွင်ရှောင်ချွမ်က သူတို့လက်လှမ်းမမီနိုင်သူဖြစ်ကာ လေးစားရုံသာတတ်နိုင်သူ ဖြစ်သည်။

စကားပြောပြီးသည့်နောက် ချွမ်ယွဲ့သည် သူ့မျိုးဆက်များကိုခေါ်ကာ အသိပညာချဲ့ထွင်ရင်း အခွင့်အလမ်းများလာရှာခြင်းဖြစ်ကြောင်း သိရှိသွားခဲ့၏။

ကုအန် သူ့အင်္ကျီလက်အိုးထဲမှ တံဆိပ်ပြားတစ်ခုထုတ်ကာ ချွမ်ယွဲ့ဆီပစ်ပေးလိုက်သည်။

“တကယ်လို့ မင်းတို့ပါရမီကအရမ်းမကောင်းဘဲ အခြားအဆက်အသွယ်တွေလည်းမရှိဘူးဆိုရင် သူတို့ကို ဝေယျာ၀စ္စခန်းမဆီလွှတ်လိုက် ဒီတံဆိပ်ပြားနဲ့ဆိုရင် မင်းတို့ တတိယဆေးတောင်ကြားကို ၀င်ခွင့်ရလိမ့်မယ်”

ချွမ်ယွဲ့တံဆိပ်ပြားကိုအလိုလိုဖမ်းလိုက်မိချိန်တွင် ကုအန်ကတော့ သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ ထွက်ခွာသွားခဲ့လေသည်။

ချွမ်ယွဲ့ ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုလှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။

“စီနီယာ ကျွန်တော်စီနီယာ့ကိုဘယ်လိုခေါ်ဝေါ်သင့်သလဲ”

ကုအန်လက်သာမြှောက်ပြလိုက်ပြီး ဘာမှမပြောခဲ့ပေ။

ချွမ်ယွဲ့လည်း သူ့လက်ထဲရှ်ိတံဆိပ်ပြားကိုသာ စိုက်ကြည့်နေခဲ့ပြီး ပဟေဠိဖြစ်နေခဲ့၏။

ထိုအခိုက်တွင် အခြားအမျိုးသားကျင့်ကြံသူတစ်ယောက် သူ့အနားကပ်လာကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ညီကို မင်းကတတိယတောင်ကြားနဲ့ အချိတ်အဆက်ရှိရလောက်အောင်ကံကောင်းတာပဲ အဲ့ဒီမှာဆို အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်ဖို့ကတော့ သေချာတယ် မင်းကျင့်ကြံခြင်းအတွက် အခြေခိုင်သွားတာပေါ့”

အခြေခံတည်ဆောက်ခြင်းအဆင့်!

ချွမ်ယွဲ့မိသားစုမှမျိုးဆက်များ၏ မျက်နှာများတောက်ပသွားခဲ့ပြီး သူတို့အသက်ရှူသံများ မြန်ကုန်ကြသည်။

ချွမ်ယွဲ့အလျင်အမြန်ထိုကျင့်ကြံသူကို အရိုအသေပေးလိုက်ကာ တတိယတောင်ကြားအကြောင်း မေးမြန်းခဲ့၏။

ထိုကျင့်ကြံသူလည်း တတိယတောင်ကြား၏ထောင်ချီသောတပည့်များ ထောင်ချီသောဆေးပင်များနှင့် ကြီးမြတ်သောကျင့်ကြံသူများကို ထိုနေရာတွင် မြင်တွေ့ရနိုင်ခြင်းများကို မိတ်ဆက်ပေးလိုက်ရာ ထိုသတင်းအချက်အလက်များကြောင့် ချွမ်ယွဲ့ကြက်သေသေသွားခဲ့ရသည်။

သူတို့အခုပဲ တွေ့ခဲ့သောသူက ထိုမျှလွှမ်းမိုးမှုရှိနေခြင်းပေလော။

သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ချွမ်ယွဲ့မေးလိုက်၏။

“ကျွန်တော်တို့ ခုနကတွေ့ခဲ့တဲ့သူ့ကိုမိတ်ဆွေသိလား”

ထိုလူခေါင်းယမ်းကာပြုံးလိုက်ပြီး ချွမ်ယွဲ့ပုခုံးကိုပုတ်ကာ ထွက်ခွာသွားသောကြောင့် ချွမ်ယွဲ့ကုအန်အပေါ်ပိုပြီးပင် စိတ်၀င်စားသွားခဲ့ရသည်။

အဝေးရှိကုအန်ကတော့ ခြောက်ကပ်ကပ်သာ ပြုံးလိုက်မိသည်။ ထိုကလေးသည် အမြဲထိုကဲ့သို့သော လှည့်ကွက်များကစားရခြင်းကို နှစ်သက်ပေသည်။

ချွမ်ယွဲ့ကို တတိယတောင်ကြားအကြောင်းမိတ်ဆက်ပေးခဲ့သောသူမှာ တတိယတောင်ကြားမှ အခြေခံတည်ဆောက်ခြင်းအောင်မြင်သွားသော တပည့်တစ်ယောက်သာ ဖြစ်၏။

ယခုအခါ တတိယတောင်ကြားမှ အခြေခံတည်ဆောက်ခြင်းအဆင့်အောင်မြင်သွားသူများသည် တစ်သောင်းကျော်ရှိနေပြီဖြစ်ပြီး ထို့ကြောင့်လည်း ကုအန်ဘယ်သွားသွား ရင်းနှီးသောမျက်နှာများကို မြင်နေရခြင်းဖြစ်သည်။

ထိုအဖြစ်ကြောင့် ကုအန်၏ ဂုဏ်သတင်းကလည်း ပိုမိုကျယ်ပြန့်လာခဲ့၏။ ထိုသောင်းချီသော ကျင့်ကြံသူများကို အခြေခံတည်ဆောက်ခြင်းဆေးလုံးထောက်ပံ့ရန် အပြင်စည်းဂိုဏ်းရော အတွင်းစည်းဂိုဏ်းရောတွင် မည်သူက ထောက်ပံ့နိုင်ပါမည်နည်း။

ထို့အပြင် ဤနှစ်များတွင် ကုအန်ကအစေခံတပည့်ဖြစ်လာ‌ရန် လိုအပ်ချက်ကိုလည်း မတိုးမြှင့်ခဲ့သောကြောင့် သူ့အပေါ်လူအများက လေးစားအားကျနေခဲ့ကြခြင်း ဖြစ်သည်။

ခုနှစ်ရက်ကြာသောအခါ

ထျန်းပန်ပြိုင်ပွဲကြီးက တရား၀င်စတင်ခဲ့ချေပြီ!

ထိုပြိုင်ပွဲတွင် လက်ကိုးချောင်းနတ်အရှင်က အဓိပတိဂိုဏ်းကိုယ်စားပြုအဖြစ် ၀င်ပြိုင်ပေးခဲ့၏။ လီယပြန်မလာနိုင်သောကြောင့် ဂိုဏ်းက ‌သူတို့အတွက်တုိက်ခုိက်‌ေပးရန် မြေလျှောက်အမတတစ်ပါးလိုနေခဲ့ခြင်းကြောင့် လက်ကိုးချောင်းနတ်အရှင်က ၀င်တိုက်ခိုက်ပေးခြင်းဖြစ်သည်။ ဂိုဏ်းကသူ့ကိုဘယ်လိုဆွဲဆောင်လိုက်လဲဆိုတာကိုတော့ ကုအန် မသိခဲ့ပေ။

ထိုနေ့တွင် လုပိုင်ထျန်း ကုအန်ဆီရောက်ရှိလာခဲ့ပြီး ထျန်းပန်ပြိုင်ပွဲကြည့်ရှုနေသော ကုအန်ကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့၏။

အိမ်ထဲတွင်ထိုင်ပြီးသောအခါ လုပိုင်ထျန်း အခြားကိစ္စများအကြောင်းမပြောဘဲ သူ့သား လုရှန် အကြောင်းပြောပြခဲ့သည်။

“အဲ့ဒီကလေးက လီရွှမ်တောက်ကို မျက်ကန်းထောက်ခံနေတယ် ထိုက်ကန်မင်းဆက်ကဘယ်လောက်ပဲ တိုးတက်တိုးတက် အဲ့တာက လီမိသားစုရဲ့ကမ္ဘာပဲလေ သူ့ဘာရမှာမလို့လဲ” လုပိုင်ထျန်း မကျေမနပ်ပြောလိုက်၏။

ကုအန်ကတော့ သူတို့သားအဖကြားကိစ္စများကို ၀င်ပြောရန် တွန့်ဆုတ်နေခဲ့သည်။

လီရွှမ်တောက်နှင့်လုပိုင်ထျန်းကို တူညီသောသူများဟု ပြော၍ရပြီး သူတို့လုပ်ရပ်များရော သားများအပေါ်ဆက်ဆံပုံများကပါ တူညီကြပေသည်။

ကုအန် သူတို့ကမ္မတရားများအပေါ် ၀င်ရှုပ်ဖို့တော့ ဆန္ဒရှိမနေပေ။ အပြင်လူတစ်ယောက်ဧ။်အမြင်ကလည်း မိသားစုကိစ္စများတွင် ဘာမှအသုံး၀င်မနေပေ။

“လတ်တလောလီရွှမ်တောက်က သူ့ကို ပင်လယ်ချိုးဖျက်နယ်မြေသခင်မြို့တော်ကို လွှတ်ဖို့စီစဉ်နေတယ် အဲ့တာက ကောင်းချီးလားကျိန်စာလားဆိုတာ ငါသေချာမသိဘူး ပင်လယ်ခ‌ျိုးဖျက်နယ်မြေတည်ဆောက်မှုကလည်း ဆရာသခင်ဓားအရှင်ကို ပစ်မှတ်ထားဆန့်ကျင်ဖို့ဦးတည်နေတာလို့ ငါခံစားနေရတယ်”

လုပိုင်ထျန်း စိတ်ပူနေဟန်ဖြင့် ပြောလိုက်သည်။

ကုအန် ပြန်မေးလိုက်၏။

“ဂိုဏ်းချုပ်က ဘာလို့အဲ့လိုထင်တာလဲ”

“မဟာအေးစက်မိစ္ဆာဂိုဏ်းပျက်သုဉ်းပြီးမကြာခင် ပင်လယ်ချိုးဖျက်နယ်မြေကိုတည်ဆောက်ခဲ့တာ အဲ့တာက နယ်မြေအတွင်းကိစ္စတွေကို စီမံအုပ်ချုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ငါ့ကိုယ်ငါ မြင့်မြတ်ခုံရုံးနေရာကနေစဉ်းစားကြည့်ရင် ဒီနယ်မြေတည်ဆောက်မှုက ဆရာသခင်ဓားအရှင်ရဲ့ စွမ်းအားကြီးမားလာမှုကို ကာကွယ်ဖို့နဲ့ သူ့ကိုစုံစမ်းထောက်လှမ်းနေဖို့ပဲ”

“အဲ့လိုသာဆို ဂိုဏ်းချုပ်ဘာလို့ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဆီသွားပြီး ဆရာသခင်ဓားအရှင်ကိုထွက်သွားဖို့ သွားမပြောတာလဲ”

“အဓိပ္ပာယ်မရှိတာ အဲ့လိုသွားပုတ်လေလွင့်စကားတွေအနာဂတ်မှာ မပြောနဲ့”

လုပိုင်ထျန်းတစ်ချက်ကြည့်ကာ ခပ်တင်းတင်းပြောလိုက်၏။

ကုအန်ကတော့ အကူအညီမဲ့သာ ပြုံးမိလိုက်လေသည်။

ထို့နောက် လုပိုင်ထျန်း လီလင်းထျန်အကြောင်းပြောခဲ့၏။ ဤနှစ်များအတွင်း လီလင်းထျန်၏ ဂုဏ်သတင်းက ကြီးမားလာကာ ရွှေစာရင်းညီလာခံနှင့်ဂိုဏ်းတစ်ရာညီလာခံတို့တွင် ၀င်ပြိုင်ပြီး ထိပ်ဆုံးနေရာကိုရရှိခဲ့မှုကြောင့် ဤနှစ်များတွင် သူ့အောင်မြင်မှုက အန်းဟောင်နှင့် လုရှန်တို့ကိုပင် ကျော်လွန်နေခဲ့သည်။

ထိုအကြောင်းကိုတော့ ကုအန်သိပ်စိတ်မ၀င်စားခဲ့ပေ။ လီလင်းထျန် ထိုက်ကန်ကုန်းမြေတိုက်ကြီးကိုပြန်လာရခြင်းက ယန်ကျင်းကိုဦးတည်ပစ်မှတ်ထားနေခြင်းကြောင့်ဆိုတာ သူသေချာသိနေပြီး လူငယ်များ၏ကိစ္စများတွင် ၀င်ပါဖို့လည်း သူအတော်လေးပျင်းရိနေခဲ့သည်။

သူပိုပြီးစိတ်၀င်စားသောအရာမှာ ယနေ့ အဓိပတိဂိုဏ်းဆီရောက်ရှိလာသည့် ကြီးမြတ်သောကျင့်ကြံသူတစ်ယောက်အကြောင်းသာ ဖြစ်၏။

Htet Paing:

အပိုင်း(၃၂၆)

ကောင်းကင်ဂိုဏ်း၊ အမတဘုရင်ဒဏ္ဍာရီ

လုပိုင်ထျန်း ထွက်သွားပြီးသည့်နောက် ကုအန် ထျန်းပန်ပြိုင်ပွဲကို ကြည့်ရှုရန် ခြံ၀န်းထဲပြန်ဆင်းလာခဲ့သည်။

ယခုအခါ ဆန်းကြယ်နှလုံးသားအဆင့်များတိုက်ခိုက်နေကြခြင်းဖြစ်ပြီး တိုက်ပွဲပုံရိပ်က ကောင်းကင်တွင်ဟပ်နေကာ တောင်ကြားထဲရှိတပည့်များကြား ဆွေးနွေးသံများဖြင့် ဆူညံနေခဲ့၏။

“ကြောက်စရာကောင်းလိုက်တာ အဲ့တာက ဆန်းကြယ်နှလုံးသားအဆင့်ဆိုတာလား”

“ဒါကဘာဟုတ်သေးမှာလဲ မဟာယနအဆင့်တိုက်ပွဲရောက်တဲ့အထိစောင့်နေလိုက်ဦး အဲ့တာကမှ တကယ့်စိတ်လှုပ်ရှားစရာကွ အမတလမ်းစဉ်အဆင့်တွေဆိုပြောစရာတောင်မလိုဘူး ဒီတောင်ကြားကနေတောင် မင်းဖိအားကိုခံစားရလိမ့်မယ်”

“မျက်စိပွင့်နားပွင့်သွားတာပဲ ငါတို့ရောအဲ့ဒီလိုအဆင့်ထိရောက်နိုင်မလား သိချင်မိတယ်”

“ဘာလို့မရောက်နိုင်ရမှာလဲ ကြိုးစားပြီးသာကျင့်ကြံ တတိယတောင်ကြားထဲ၀င်ပြီး မင်းအခြေခံကိုတည်ဆောက်နိုင်ရင်ကို မင်းကအခြားတပည့် ၉၀ရာခိုင်နှုန်းထက် သာနေပြီ”

“အဲ့တာမှန်တယ် တစ်ယောက်ယောက်က မြင့်မြတ်မိသားစုကဆိုရင်တောင် ပါရမီမလုံလောက်ရင် အစေခံတပည့်ဘ၀က စရမှာပဲ မင်းကမ္ဘာခြားနတ်မြို့တော်က လီယကိုသိတယ်မလား သူကငါ့ဆရာရဲ့ ဂျူနီယာညီလေးလေ သူတို့ကဆေးတောင်ကြားကို တစ်ရက်ထဲ၀င်ခဲ့တာ”

“ငါသိပါတယ် ငါ့ဆရာတစ်ခါကပြောဖူးတယ် လီယက သူ့မျှော်လင့်ချက်မဲ့နေတဲ့ အနာဂတ်အကြောင်းတွေးပြီး ခဏခဏငိုတတ်တယ်တဲ့ ဆရာကပဲ သူ့ကိုအားပေးနှစ်သိမ့်ခဲ့ရတာ”

တပည့်များပြောဆိုနေကြပြီး သူတို့စကားဝိုင်းကအကြောင်းအရာများကလည်း အစုံပင်။ ယခုအခါ ‌တတိယတောင်ကြားတွင် တပည့်ဟောင်းများကို တပည့်သစ်များက အစားထိုးပြီး တပည့်များကတောင်ကြားဆီနှစ်စဉ် ၀င်လာနေခဲ့ကြသည်။

ယခုအခါ တတိယတောင်ကြားတွင် စာရင်းသွင်းထားသော တပည့်အရေအတွက်မှာ ၁၈၀၀ ပင်ကျော်နေပြီဖြစ်သည်။

ကုအန်လည်း ခြံ၀န်းထဲရောက်သောအခါ အန်းရှင်းဘေးတွင်ထိုင်လိုက်ပြီး ခုနကတိုက်ပွဲဘယ်လိုပြီးသွားလဲ ပြန်မေးနေခဲ့၏။

အန်းရှင်းမဖြေရသေးခင်မှာပင် ယုယင်ယင်ရောက်လာပြီး ကုအန်၏မျက်နှာချင်းဆိုင်ခုံတွင် ၀င်ထိုင်လိုက်ကာ စကားဝိုင်းဝဲ၀င်ပြီးအခြေအနေကို အားရပါးရ ပြောပြနေခဲ့သည်။

သူ့စိတ်လှုပ်ရှားနေမှုမှာ တိုက်ပွဲတွင် သူတို့ကြယ်ပင်လယ်အဖွဲ့အစည်းမှ စီနီယာတစ်ယောက်ပါနေ၍ ဖြစ်ပြီး ထိုစီနီယာက သူလေးစားအားကျရသူလည်း ဖြစ်သည်။

ထျန်းပန်ပြိုင်ပွဲ၏ ပထမနေရာကိုထိုစီနီယာသိမ်းယူသွားနိုင်လိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။

ကုအန်ကတော့ သူမအတွေးကြောင့် ပြုံးသာပြုံးလိုက်မိသည်။

ဤထျန်းပန်ပြိုင်ပွဲသည် ပုန်းနေသော နဂါးများကျားများဖြင့်ပြည့်နှက်နေခြင်းဖြစ်ပြီး သူတို့ကျင့်ကြံခြင်းအစစ်နှင့်သရုပ်မှန်ကို ဖုံးကွယ်ထားသူများစွာ ရှိနေခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲတွင် ပထမနေရာရဖို့မှာ မလွယ်လှပေ။

အဓိပတိဂိုဏ်းထဲသို့ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးရောက်လာမှုကိုလည်း ဘာကြောင့်ရောက်လာသလဲဆိုတာ ကုအန် ‌စဉ်းစားမိနေခဲ့သည်။

ဘယ်လိုပဲကြည့်ကြည့် အံ့ဖွယ်ဓမ္မနယ်ပယ်အမတတစ်ပါးက ထျန်းပန်ပြိုင်ပွဲတွင် ၀င်ပြိုင်ခြင်းမှာ သူ့အဆင့်သူနှိမ့်ချနေခြင်းသာဖြစ်ပြီး သူတို့သည် ဆရာသခင်ဓားအရှင်ကိုစော်ကားသလိုဖြစ်ကာ ကပ်ဘေးကိုပင်ဆွဲဆောင်သွားစေနိုင်သေးသည်။

ကုအန်သူ့ရည်ရွယ်ချက်ကိုနားမလည်ခဲ့ပေ။

အမတစိတ်ဝိညာဉ်မင်းဆက်က လူများပို့ခဲ့သလို မြင့်မြတ်ခုံရုံးကလည်း ဂိုဏ်းဆီထောက်လှမ်းရန်လူများပို့ခဲ့ပြီး အခုတော့ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးပင် ပေါ်လာခဲ့ချေပြီ။

လတ်တလောတွင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတများက ဆန်းကြယ်သောတည်ရှိမှုများသာ ဖြစ်ကြ၏။ အမတဂိုဏ်းများအတွက် အမြင့်ဆုံးရောက်နိုင်သောအဆင့်မှာ အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သာ ဖြစ်ပြီး တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနှင့်အထက်အဆင့်များကိုတော့ ကုအန်ပင်တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

အန်းရှင်းကတော့ လက်ကိုးချောင်းနတ်အရှင်က ပထမနေရာကိုယူနိုင်မည်ဟု ထင်ကြေးပေးထားပြီး သူမနှင့်ယုယင်ယင်တို့ ငြင်းခုန်နေခဲ့ကြ၏။ သို့သော် အန်းရှင်း၏ နူးညံ့သိမ်မွေ့သောစိတ်ထားကြောင့် သူမယုယင်ယင်ကို ငြင်းလို့မနိုင်ခဲ့ပေ။

ကုအန်လည်း သူ့အဖိုးတန်တပည့်လေးရှူံးနိမ့်နေသည်ကို ‌ကြည့်မနေနိုင်သောကြောင့် ၀င်ငြင်းလေရာ ဒေါသကြောင့် ယုယင်ယင်မျက်နှာ နီရဲလာခဲ့လေသည်။

၂ရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

ထိုနေ့တွင် မနက်အစောပိုင်း၌

အာရုံတက်ပြီးရုံသာ ရှ်ိသေးသော်လည်း မြို့အထက်တွင် ပုံရိပ်များစွာဖြင့် စည်ကားသိုက်မြိုက်နေခဲ့သည်။

ထိုစဉ် လမ်းကျဉ်းလေးတစ်ခုထဲ၌ ကျန်းရှန်း၀မ်လမ်းလျှောက်နေရင်း သူ့နောက်ရှိ လူကိုအသာပြန်လှည့်ကြည့်လိုက်၏။

“ဘာလို့ မင်းငါ့နောက်ကလိုက်လာတာလဲ” ကျန်းရှန်း၀မ် ခပ်အေးအေးမေးလိုက်သည်။

သူ့နောက်ကိုလိုက်လာသူက ဆံပင်ဖြူများနှင့်အဖိုးကြီးတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်မှ အမတတစ်ပါး၏ အရှိန်အဝါမျိုးထွက်ပေါ်နေကာ သူ့တည်ရှိမှုကပင် သူ့နားကဖြတ်သွားသောသူများကို နောက်တစ်ချက်ထပ်ကြည့်မိလောက်အောင် ဆွဲဆောင်နေခဲ့သည်။

ဆံဖြူအဖိုးအို ကျန်းရှန်း၀မ်ကို စိုက်ကြည့်ကာ မေးလိုက်၏။

“ဘာလို့ အမတစိတ်ဝိညာဉ်မင်းဆက်က လူတစ်ယောက်က ဒီကိုလာခဲ့တာလဲ”

ကျန်းရှန်း၀မ် အမူအရာပြောင်းလဲမသွားဘဲ ထိုလူ့ကိုပြန်မေးလိုက်သည်။

“မင်းတောင်မဖြေရင် ငါကဘာလို့ဖြေရမှာလဲ”

အဖိုးကြီးဖြေလိုက်သည်။

“မင်းငါ့ကို ကောင်းကင်ဂိုဏ်းလို့ခေါ်လို့ရတယ်”

ကောင်းကင်ဂိုဏ်း!

ကျန်းရှန်း၀မ်မျက်နှာဖြူဖျော့သွားကာ မယုံသင်္ကာမှုတစ်ချက်သူ့မျက်နှာတွင်ဖြတ်ပြေးသွားပြီး မေးလိုက်၏။

“ကောင်းကင်ဂိုဏ်းလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လွန်ခဲ့တဲ့နှစ်၅၀၀၀၀တုန်းက ခင်ဗျားက….”

ကောင်းကင်ဂိုဏ်းဖြတ်ပြောလိုက်သည်။

“အခုမင်းအလှည့်ပဲ ဖြေတော့”

ကျန်းရှန်း၀မ်အကြည့်များဖြတ်ကနဲတစ်ချက်လက်သွားကာ တခဏကြာတိတ်ဆိတ်သွားခဲ့၏။

“မင်းပြဿနာမဖြစ်ချင်တာ သေချာပါတယ် ဒီဂိုဏ်းထဲမှာ မြင့်မြတ်ခုံရုံးကလူတွေလည်းရှိနေတယ်” ကောင်းကင်ဂိုဏ်း၏ အေးစက်စက်အသံက ကျောရိုးများကိုပင်အေးစက်သွားစေနိုင်သည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကျန်းရှန်း၀မ်ပြောလိုက်၏။

“ကျုပ်ကဒီမှာ ဆရာသခင်ဓားအရှင်ကို ခန့်အပ်ဖို့ရှိနေတာ ခင်ဗျားကရော”

ကောင်းကင်ဂိုဏ်းဖြေလိုက်သည်။

“ငါကအသိအကျွမ်းဟောင်းတစ်ယောက်အတွက် လာခဲ့တာ”

“အသိအကျွမ်းဟောင်းတစ်ယောက်လား ဘယ်သူလဲ”

“ငါတို့ရည်ရွယ်ချက်ချင်း ပဋိပက္ခမဖြစ်နိုင်ဘူးဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ထပ်မနှောင့်ယှက်ကြတော့ရအောင်”

ပြောပြီးသည်နှင့် ကောင်းကင်ဂိုဏ်းလှည့်ထွက်သွားခဲ့၏။

ထို့နောက်တွင်တော့ အသံတစ်သံထွက်ပေါ်လာခဲ့သည်။

“တာအိုမိတ်ဆွေကျန်း ဒီမှာဘာလုပ်နေတာလဲ”

ပြောလိုက်သူမှာ ကုအန်မှလွဲ၍ အခြားမဟုတ်ပေ။ သူနှင့် ကောင်းကင်ဂိုဏ်းတို့မျက်နှာချင်းမှ တစ်ယောက်နှင့်တစ်ယောက် ဖြတ်သွားခဲ့ကြ၏။

[ကောင်းကင်ဂိုဏ်း(အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတ အဆင့်၇) ၇၈၉၀၂၃/၁၇၀၀၀၀၀/၁၇၅၀၀၀၀]

နှစ်၇သိန်းကျော်နေခဲ့တဲ့ ကြောက်စရာမွန်းစတားအိုကြီးပဲ!

ကုအန်တွေးလိုက်ပြီးနောက် ကျန်းရှန်း၀မ်ကိုကြည့်ကာ သူ့မျက်နှာတွင် အံ့အားသင့်သွားသော အပြုံးတစ်ခုပေါ်လာခဲ့သည်။

ကုအန်မြင်သောအခါ ကျန်းရှန်း၀မ်လည်း ပြုံးလိုက်မိ၏။

ကောင်းကင်ဂိုဏ်းလမ်းကြားထဲမှထွက်သွားသောအခါ ကုအန်မေးလိုက်သည်။

“ခုနကလူက ဘယ်သူများလဲ သူကမိတ်ဆွေကိုဒုက္ခပေးနေတာလား ကျွန်တော် ဥပဒေရေးရာခန်းမကိုအကြောင်းကြားပေးဖို့ လိုသေးလား”

ထိုစကားကြောင့် ကျန်းရှန်း၀မ်အပြုံးကပို၍ပင် ကြီးမားသွားခဲ့သည်။ သူရယ်မောကာ ပြောလိုက်၏။

“လုံး၀ ဒုက္ခမပေးပါဘူး ဒါပေမယ့် မင်းသူ့ကျင့်ကြံခြင်းအဆင့်ကိုသိလား”

“သူ့ကျင့်ကြံခြင်းအဆင့်ကဘာလဲ နတ်အသွင်ပြောင်းခြင်းအဆင့်လား ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းလား တစ်သားတည်းဖြစ်ခြင်းလား”

ကုအန်ဆက်ပြောနေခဲ့ပြီး ကျန်းရှန်း၀မ်ကတော့ ပြုံးလိုက်ကာ စကားလွှဲလိုက်လေသည်။

“မင်းကရော ဒီကိုဘာလို့ရောက်လာတာလဲ”

ကုအန် တုန့်ပြန်လိုက်သည်။

“ကျွန်တော်က ဆေးပင်တွေအတွက် ဆေးမျိုးစေ့တွေ ၀ယ်ဖို့လာတာပါ မိတ်ဆွေကရော”

ထို့နောက် သူတို့နှစ်ယောက်သူတို့ကြားကကျင့်ကြံခြင်းကွာဟမှုများကို ဘေးဖယ်ကာ ညီတူညီမျှအတိုင်းသား စကားဆက်ပြောနေခဲ့ကြသည်။

တခဏကြာသောအခါ ကုအန် မေးလိုက်၏။

“မိတ်ဆွေက အတော်လေး အထင်ကြီးစရာကောင်းတယ် ထျန်းပန်ပြိုင်ပွဲအတွက် စာရင်းမပေးခဲ့ဘူးလား”

“မပေးခဲ့ပါဘူး ငါကဒီကိုအခြားကိစ္စအတွက်ရောက်နေတာလေ”

“ကျွန်တော်ကူညီပေးလို့ရနိုင်လား”

“အကူအညီတော့ မလိုသေးပါဘူး”

“ဟုတ်ပါပြီ ဒါဆိုရင်ကျွန်တော်မိတ်ဆွေကို ထပ်နှောင့်ယှက်မနေတော့ပါဘူး”

ကုအန် ဦးညွတ်အရိုအသေပေးကာ နှုတ်ဆက်လိုက်ပြီး ထွက်ခွာသွားခဲ့လေသည်။

ကျန်းရှန်း၀မ် ထွက်ခွာသွားသောကုအန်ပုံရိပ်ကိုကြည့်ပြီး သူ့ရင်ထဲ တွန့်ဆုတ်မှုတစ်ခုကို ခံစားနေခဲ့ရ၏။

ကုအန်ကတော့ ကျန်းရှန်း၀မ် သူ့ကိုဘာကြောင့်ခန့်အပ်ချင်နေသလဲဆိုတာကို တွေးနေခဲ့မိသည်။ သူအရင်ကတွေးထားသည်မှာ အမတစိတ်ဝိညာဉ်မင်းဆက်သည် သူစိမ်းများကိုမကြိုက်နှစ်သက်ကြသူများ ဖြစ်ကြသည်ဟု တွေးထားမိခြင်းဖြစ်ပြီး အခုလို သူ့ကိုကိုယ်တိုင်လာပြီးခန့်အပ်ဖို့ကြိုးစားနေသည်မှာ သူတို့တွင် အကြံအစည်တစ်ခုခုတော့ ရှိကိုရှိရပေလိမ့်မည်။

လမ်းကြားမှထွက်လာပြီးသည့်နောက် ကုအန် မြို့ထဲတွင် ထျန်းယောင်အာအတွက် စိတ်၀င်စားစရာ လက်၀တ်ရတနာလေးများ ၀ယ်နေခဲ့၏။

အပြင်ကမ္ဘာဂူကို အုပ်ချုပ်ရသည်က အတော်လေးအလုပ်ရှုပ်လှသော အရာဖြစ်သောကြောင့် သူမကိုကုအန်ကပစ်ထားသည်ဟု မတွေးမိစေရန် သူမကြိုက်နှစ်သက်တာလေးများလည်း လုပ်ပေးရန် လိုပေသည်။

လမ်းနှစ်လမ်းဖြတ်လာပြီးသည့်နောက် ကုအန် ကောင်းကင်ဂိုဏ်းကို သတိထားမိလိုက်၏။

သူတို့နှစ်ယောက် လမ်းပေါ်တွင်တစ်ယောက်နှင့်တစ်ယောက်ဖြတ်သွားသောအခါတွင် ကောင်းကင်ဂိုဏ်းရုတ်တရက် ကုအန်ပုခုံးကို လှမ်းကိုင်လိုက်သည်။

ကုအန် မျက်လုံးများကျဉ်းမြောင်းသွားကာ တစ်ယောက်ယောက်က ပုခုံးကိုလာကိုင်ခြင်းကိုခံရတာက မလွယ်ဘူးဟု ခံစားလိုက်ရသည်။

သူကောင်းကင်ဂိုဏ်းကိုလှည့်ကြည့်လိုက်ကာ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်၏။

“မိတ်ဆွေက…ဟမ်…ခုနကလူပဲမလား”

ကောင်းကင်ဂိုဏ်းအကြည့်က ကုအန်ခေါင်းပေါ်ရှိ အမတဘုရင်သရဖူဆီရောက်နေပြီး သူ့အကြည့်က သရဖူကိုဖောက်ကြည့်နေခဲ့သည်။

ကုအန်လည်း အတော်လေးစိတ်လှုပ်ရှားသွားခဲ့၏။ ဤလူက သူ့ခေါင်းပေါ်ရှိ ပုံဖျက်ထားသော အမတဘုရင်သရဖူကို မြင်နိုင်သွားခြင်းပေလော။

“ဒီညအဓိပတိဂိုဏ်းကထွက်ခဲ့ ငါမင်းကိုလာရှာမယ် မင်းကိုအသစ်ပြန်လည်မွေးဖွားဖို့ အခွင့်အရေးတစ်ခုပေးမယ်”

ပြောပြီးသည်နှင့် ကောင်းကင်ဂိုဏ်းသူ့လမ်းသူဆက်လျှောက်သွားခဲ့သည်။

ကုအန်ကတော့ စိတ်ရှုပ်သွားခဲ့၏။

ကောင်းကင်ဂိုဏ်း၏စကားအရ သူသည် ကုအန်ကိုဆရာသခင်ဓားအရှင်ဟု ခန့်မှန်းမိသွားခြင်းတော့ ဖြစ်ပုံမပေါ်ပေ။

သို့သော် သူဤကဲ့သို့ပြောသွားသော အကြောင်းပြချက်က ဘာများဖြစ်နိုင်ပါသနည်း။

ကုအန်ထွက်သွားသော ထိုလူ့ကိုကြည့်ကာ တွေးနေခဲ့မိသည်။

ခပ်လှမ်းလှမ်းလူအုပ်ထဲမှ ကျန်းရှန်း၀မ်လည်း မျက်မှောင်ကြုံ့ကာ နောက်ဆုံးတွင်သက်ပြင်းချလိုက်မိပြီး ကောင်းကင်ဂိုဏ်းနှင့်ဆန့်ကျင်ဘက်အရပ်သို့ ထွက်သွားခဲ့လေသည်။

နေ့လည်ခင်းတွင် ပြိုင်ပွဲကအရှိန်တက်နေပြီး နိဗာနအဆင့်နှစ်ယောက်တိုက်ခိုက်နေခြင်းဖြစ်ကာ ထိုထဲမှတစ်ယောက်က အဓိပတိဂိုဏ်းကဖြစ်ပေသည်။ သို့သော် နှစ်ယောက်လုံး၏ဇစ်မြစ်ကတော့ သမုဒ္ဒရာကသာ ဖြစ်၏။

နှစ်ယောက်လုံးက မှော်သိုင်းများ နတ်သိုင်းများ အိမ်မွေးမိစ္ဆာသားရဲများ ၀င်္ကပါများနှင့် ပညာရပ်မျိုးစုံသုံးကာ တိုက်ခိုက်နေကြပြီး ကြည့်ရှုနေသူများကို အမတလမ်းစဉ်အဆင့်ဆိုတာ ဒါပါလားဟုသိသွားအောင် ပြသပေးနေခဲ့သည်။

ကျင့်ကြံခြင်းမြင့်လေလေ တစ်ဖက်လူကိုအလွယ်တကူအနိုင်ယူဖို့ ခက်ခဲလေဖြစ်သောကြောင့် တိုက်ပွဲကကြာလေ ပြင်းထန်လေ ဖြစ်လာခဲ့၏။

ကုအန်လည်း ဤအရာကအတော်လေး ဖျော်ဖြေမှုပေးနိုင်သည်ဟု ခံစားနေခဲ့ရသည်။ သူတို့ကျင့်ကြံခြင်းက သာမန်သာဖြစ်သော်လည်း တိုက်ခိုက်နေပုံများကတော့ အထင်ကြီးစရာကောင်းလှသည်။

ကုအန်လို ရန်သူကိုချက်ချင်းအဆုံးသတ်တတ်သည့်သူမျိုးအဖို့တော့ ဤကဲ့သို့သောတိုက်ပွဲအတွေ့အကြုံမျိုးကို အားကျရုံသာ တတ်နိုင်ပေသည်။

ညဉ့်အချိန်ရောက်သောအခါ

ကုအန်ဆန်းကြယ်တောင်ကြားမှ တစ်ယောက်တည်း ပျံသန်း ထွက်ခွာလာခဲ့၏။

သူတမင်သက်သက် မျက်မှောင်ကိုကြုံ့ထားကာ တောင့်တင်းနေသော အမူအရာမျိုးလုပ်ထားခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ

ကုအန် သူ့ဆီချဉ်းကပ်လာသော လင်းရှီတစ်စကိုအာရုံခံလိုက်မိပြီး တောအုပ်တစ်ခုထဲ ဆင်းသက်ခဲ့၏။

မြေပေါ်ရောက်သောအခါ သူချက်ချင်း ကြောက်လန့်နေပုံ ဟန်ဆောင်လိုက်သည်။ ကောင်ကင်ဂိုဏ်းပုံရိပ်ကိုတွေ့သောအခါမှသာ သူစိတ်အေးသွားခဲ့၏။

ကောင်းကင်ဂိုဏ်းအမှောင်ထဲမှပေါ်လာပြီး သူ့ကိုချီးကျူးလိုက်လေသည်။

“မင်းကသတ္တိရှိသားပဲ အမတဘုရင်သရဖူကို လက်ခံရဲတာ အံ့ဩစရာမဟုတ်တော့ပါဘူး မင်းကိုဘာလို့အဲ့ဒီသရဖူက ဝါးမြိုမပစ်သလဲငါမသိပေမယ့် ကြည့်ရတာ အဲ့ဒီအထွတ်အထိပ်အမတရတနာက မင်းကိုအသိအမှတ်ပြုထားပုံပဲ မင်းမှာဆရာရှိလား”

ကုအန်ခေါင်းယမ်းလိုက်ကာ

“မရှိပါဘူး ကျွန်တော့်ခေါင်းပေါ်ကဟာက အမတဘုရင်သရဖူလား ကျွန်တော်ဒါကိုတစ်နေရာရာမှာ ခလုတ်တိုက်မိပြီး ကောက်ရခဲ့တာ”

ကုအန် သူ့ကမ္မကို ပြောင်းလဲထားပြီးဖြစ်ပြီး ကောင်းကင်ဂိုဏ်းတွက်ကြည့်လည်း အမှန်မြင်ရမည်မဟုတ်ပေ။

ဒါပေါ့ ကောင်းကင်ဂိုဏ်းကလည်း သူ့ကမ္မကိုတွက်ချက်ထားပြီးဖြစ်ပြီး ကုအန် သရဖူကို ရတနာမျှော်စင်မှ ဈေးပေါပေါဖြင့်ဝယ်ခဲ့သည်ဟု တွက်ချက်ထားမိပြီး ဖြစ်သည်။ ထိုအခိုက်တွင် သရဖူက မည်သည့်အရောင်မှထွက်မနေဘဲ ဘာမှလည်းထူးခြားပုံ ရမနေခဲ့ပေ။

ဘယ်လိုလုပ် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတတစ်ယောက်ယောက်၏လှည့်ကွက်ကို အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတက ဖောက်မြင်သွားနိုင်ခဲ့ပါသနည်း။

“မင်း ဒီသရဖူရဲ့ ဇာစ်မြစ်ကိုသိချင်လား မင်းသိသွားပြီးရင်တော့ အေးချမ်းတဲ့ဘ၀မှာနေရတော့မှာ မဟုတ်တော့ဘူး” ကောင်းကင်ဂိုဏ်း ကုအန်ကိုပြောလိုက်ကာ သူ့အသံက ငြင်သာနေခဲ့သည်။

ကုအန်ခြောက်ကပ်ကပ်ပြုံးလိုက်ကာ ပြောလိုက်၏။

“ကျွန်တော်ပြန်ဆုတ်လို့ရသေးလား”

“မရဘူး မင်းရောက်လာပြီးတာနဲ့ ပြန်ဆုတ်မရတော့ဘူး”

“ဒါဆို ဘာလို့မေးနေတာလဲ”

“ကောင်းကင်ဂိုဏ်းရဲ့လမ်းစဉ်က ကောင်းကင်တာအိုပဲ နောက်ပြီး ကောင်းကင်တာအိုက လူသားတွေရဲ့ဆန္ဒကို လိုက်လျောရတယ်”

“ကျွန်တော်မှသဘောမတူရသေးတာ အဲ့လိုတွက်လို့ရလို့လား”

“မင်းလာခဲ့တယ်လေ အဲ့တော့ တွက်လို့ရတယ်”

ဤလူက အကျိုးအကြောင်းမသင့်ဘူးဟု ကုအန်ခံစားလိုက်ရသည်။ သို့သော် ကောင်းကင်ဂိုဏ်းဆီမှ မည်သည့်ရန်လိုမှုကိုမှ မခံစားရသောကြောင့် ကုအန်နားထောင်ဖို့သာ ဆုံးဖြတ်လိုက်လေသည်။

အပင်များစိုက်ရင်း တစ်ခါတစ်လေ စိတ်လှုပ်ရှားစရာလေးများ ကြုံရတာလည်းဆိုးတော့မဆိုးလှပေ။

ကောင်းကင်ဂိုဏ်းဆီမှ မည်သည့်ရန်လိုမှုမှမခံစားရ၍လည်း သူလုပ်ရဲခြင်းဖြစ်သည်။

“အမတဘုရင်သရဖူကို ဟိုးကမ္ဘာဦးအချိန်ကတည်းက ရှိခဲ့တဲ့ အမတဘုရင်ကသွန်းလုပ်ခဲ့တာ ကောင်းကင်နဲ့မြေပြင်ပထမဆုံးကွဲသွားတဲ့ အချိန်‌ေပါ့ အဲ့ဒီတုန်းက မြင့်မြတ်ခုံရုံးမရှိဘူး ကောင်းကင်ပြင်ပမှာ ကောင်းကင်တာအိုနိယာမတွေလည်းမရှိဘူး…”

ကောင်းကင်ဂိုဏ်း၏အသံက ဆန်းကြယ်သောအရှိန်အဝါများဖြင့် ပြည့်နေသောကြောင့် ကုအန်ရှေးခေတ်အချိန်များကိုပင် ပြန်မြင်ယောင်သွားမိခဲ့သည်။

ကျယ်ပြန့်လှသော ကမ္ဘာကြီးထဲတွင် ဧရာမသားရဲကြီးများက လှည့်လည်သွားနေပြီး မည်သည့် မင်းဆက် ဂိုဏ်း စနစ် မှရှိမနေခဲ့ပေ။

သူအမတဘုရင်၏ပုံရိပ်ကိုလည်း မြင်ယောင်လာမိပြီး ထိုသူ၏ကြောက်မက်ဖွယ်အရှိန်အဝါက လုံကျန်းကိုပင် ပြန်မြင်ယောင်သွားစေခဲ့သည်။

ဤအရာက အမတဘုရင်သည် လုံကျန်းနှင့်အဆင့်တစ်ခုတည်းတွင် တည်ရှိခဲ့သည်ဟု ညွှန်ပြနေခဲ့သည်။

အမတလမ်းစဉ် ကောင်းကင်ကိုးဆင့်၏ ကိုးဆင့်မြောက်အဆင့်!

အမတဘုရင်က ငါကအမတဘုရင် ဟုကြေငြာလိုက်သောအခါ မိုးခြိမ်းသံများထွက်ပေါ်လာကာ ကမ္ဘာကြီးပေါ်တွင် သဘာ၀ကပ်ဘေးအမျိုးမျိုးပင် ထွက်ပေါ်လာခဲ့သည်။

“သူ့ကိုယ်သူ မြင့်မြင့်တွေးမိပြီး အမတဘုရင်က ကောင်းကင်တာအိုကိုစိန်ခေါ်ခဲ့တယ် သက်ရှိတွေအားလုံးကိုစုစည်းပြီး ကောင်းကင်ပြင်ပကိုထွက်ဖို့ကြိုးစားခဲ့တယ် အဲ့ဒီလိုလုပ်ရင်းသူက ကောင်းကင်တွေရဲ့ဆန္ဒကို စော်ကားခဲ့မိတယ် နောက်ဆုံးတော့သူက ကောင်းကင်တာအိုရဲ့ကျိန်စာသင့်ပြီး သေဆုံးသွားခဲ့ရပြီးတော့ သူ့ကိုယ်ပိုင်တာအိုကို အမတသရဖူထဲထည့်ပြီး ချိတ်ပိတ်ခဲ့တယ် အမတဘုရင်သရဖူက သမိုင်းမှာပထမဆုံးမှတ်တမ်းတင်ထားခဲ့တဲ့ အထွတ်အထိပ်အမတရတနာပဲ အနည်းဆုံးတော့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ ပထမဆုံး အထွတ်အထိပ်အမတရတနာပဲ” ကောင်းကင်ဂိုဏ်း၏လေသံက ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

All Chapters