← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 25 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 25 Ch. 323-324

အပိုင်း(၃၂၃)

မကောင်းဆိုးဝါးသစ်ပင်

ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းတွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်သတင်းက ပျံ့မသွားဘဲ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးက ဒီအတိုင်း ဘာသဲလွန်စမှမရှိဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

ထို့နောက်တွင်တော့ ထိုက်ကန်ကုန်းမြေတိုက်ကြီးပေါ်တွင် ဆရာသခင်ဓားအရှင်အကြောင်းစုံစမ်းနေသူများ သိသိသာသာလျော့နည်းသွားပြီး ပင်လယ်ချိုးဖျက်နယ်မြေသခင်က ရွေးချယ်မှုတစ်ခုလုပ်လိုက်ပြီဟု ကုအန် ခန့်မှန်းလိုက်မိသည်။

အကယ်၍ မြင့်မြတ်ခုံရုံးကသာ သူ့ကိုမတိုက်ခိုက်လိုလျှင် သူကလည်းအလုပ်ရှုပ်ခံပြီး သူတို့ကို ရန်ငြှိုးထားနေမည် မဟုတ်ပေ။

ငြိမ်းချမ်းစွာနေထိုင်ခြင်းကသာ သူမျှော်လင့်သောအရာ ဖြစ်၏။

ပင်လယ်ချိုးဖျက်နယ်မြေထဲတွင် ငြိမ်းချမ်းသောကာလတစ်ခုအစပြုလာခဲ့ပြီး နယ်မြေအတွင်း ပါရမီရှင်များလည်း များစွာထပ်မံထွက်ပေါ်လာခဲ့ကြသည်။ ကုအန်ကတော့ ဤအဖြစ်အပျက်များကို ပြုံး၍သာ ကြည့်နေခဲ့၏။

မျက်စိတစ်မှိတ်အတွင်း နှစ်၅၀ ကုန်ဆုံးသွားခဲ့ပြန်သည်။

ကုအန် တတိယတောင်ကြားသို့ပြန်လာစဉ် သူ့စနစ်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့လေသည်။

[အမည်: ကုအန်]

[သက်တမ်း: ၂၉၃/၄၇၀၅၆၉၄၀၂]

….

ယနေ့တွင်သူ အပြင်ကမ္ဘာမှဆေးပင်များ ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး တစ်ချက်တည်းဖြင့် သက်တမ်း သန်း၄၀နီးနီး ရရှိခဲ့၏။

ထိုအရာက အတော်လေး များပြားလွန်းလှသည်။

ဤအရာမှာ ပထမအသုတ်သာ ရှိသေးပြီး နောက်နှစ်များတွင် အပြင်ကမ္ဘာဂူထဲ၌ သူပိုအဆင့်မြင့်သောဆေးပင်များ စိုက်ပျိုးထားသောကြောင့် သူ့သက်တမ်းက ပိုပိုတိုးလာဖို့သာ ရှ်ိတော့သည်။

နှစ် ၅၀ ကြာပြီးနောက် အဓိပတိဂိုဏ်းကလည်း အတော်လေးစွမ်းအားကြီးလာခဲ့၏။ စာရွက်ပေါ်က စာရင်းတွင်ကြည့်မည်ဆိုလျှင် ယခုအခါ အဓိပတိဂိုဏ်းက ကုန်းမြေတိုက်ကြီးပေါ်တွင် နံပါတ်၁ဂိုဏ်းဖြစ်နေပြီဖြစ်ပြီး သူနှင့်ယှဉ်နိုင်တာ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေသာ ရှိတော့သည်။

တတိယတောင်ကြားရှိ အစေခံတပည့်များကတော့ နှစ်၅၀အတွင်း အကြီးအကျယ်အစားထိုးခံလိုက်ရပြီး အဟောင်းများ ထွက်ခွာသွားကာ အသစ်များက အစားထိုး၀င်ရောက်လာခဲ့၏။ သို့သော်လည်း တောင်ကြားထဲရှ်ိ မြင်ကွင်းများကတော့ အရင်တိုင်းအတူတူသာ ရှိနေဆဲပင်။

လမ်းတစ်လျှောက်လုံးတွင် ကုအန် တပည့်များကို မရပ်မနားပြန်နှုတ်‌ဆက်နေခဲ့သည်။

ဤမြင်ကွင်းက အိမ်ရှေ့တွင်ရပ်နေသော ကျိရှောင်ယုကို တစ်မျိုးခံစားသွားစေခဲ့၏။

နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တောင်ကြားကအရင်အတိုင်းသာမပြောင်းမလဲတည်ရှ်ိနေခြင်းက သူ့ကိုခံစားသွားရစေခဲ့ခြင်းဖြစ်သည်။

ကုအန် အိမ်ရှေ့ရောက်သောအခါ ကျိရှောင်ယုကို အကဲခတ်ကြည့်ရှုလိုက်ပြီး ပြုံးပြလိုက်၏။

“နှစ်ပေါင်းများစွာကြာသွားပြီး ညီမလေး အရှိန်အဝါကလည်း ပိုပြီးတော့တောင်အံ့ဩစရာကောင်းနေပြီ”

ကျိရှောင်ယုသည် အစိမ်းရောင်၀တ်စုံကို၀တ်ဆင်ထားပြီး သူ့ပုံစံကအရင်အတိုင်းပင် ချစ်စရာကောင်းနေဆဲဖြစ်ကာ လေတိုက်သောအခါ သူမစကတ်အနားစများက လေနှင့်အတူ တိမ်စိုင်လို လွင့်နေခဲ့သည်။

သူမအကြည့်က ကုအန်ဆီရောက်သွားပြီး ပြောလိုက်၏။

“နှစ်ပေါင်းများစွာကြာသွားပြီးတော့ ညီမလေးက နတ်အသွင်ပြောင်းခြင်းအဆင့်ကိုရောက်သွားတဲ့အချိန် အစ်ကိုကြီးက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ပဲ ရှိနေသေးတယ် အစ်ကိုကြီးနောင်တမရဘူးလား”

နောင်တလား!

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

နင့်နောက်ကိုလိုက်ရင် အမြဲအန္တရာယ်တွေပဲ ကြုံနေရမှာပေါ့!

ကုအန်စိတ်ထဲတွင် ကြိတ်၍ ပြန်ပြောလိုက်မိသည်။ ဤနှစ်များအတွင်း သူနတ်အာရုံသုံး၍ ကျိရှောင်ယုကိုတစ်ခါတစ်ရံစစ်ဆေးလေ့ရှိပြီး ကျိရှောင်ယုသည် အန္တရာယ်များစွာနှင့်ရင်ဆိုင်ရလေ့ရှိကာ သေဘေးနှင့်ဆံချည်မျှင်တစ်မျှင်စာသာ ကပ်၍လွတ်မြောက်ခဲ့သော အကြိမ်များပင်ရှိခဲ့သေးသည်။ သူမဘာတွေကိုဖြတ်ကျော်ခဲ့ရသလဲဆိုတာ သူကောင်းကောင်းကြီး သိ၏။

“အစ်ကိုလုံး၀နောင်တမရပါဘူး ဒီနှစ်တွေထဲအစ်ကို့မှာလည်း အချိန်ကောင်းတွေရှ်ိခဲ့တာပဲ ကျင့်ကြံခြင်းအတွက်ကတော့ အစ်ကို့အတွက်က ဖြေးဖြေးနဲ့နှေးနှေးသွားရင်း နောက်ဆုံးကျ အောင်မြင်သွားမှာပဲ အစ်ကိုအခြေတည်ဝိညာဉ်ကို အနှေးနဲ့အမြန်တော့ ဖွဲ့တည်နိုင်သွားမှာပါ” ကုအန် ပုံမှန်အတိုင်းပြန်ပြောလိုက်သည်။

ကျိရှောင်ယု ကုအန်ကိုအသေးစိတ်အကဲခတ်လိုက်ပြီး ကုအန်လိမ်ညာနေခြင်းမဟုတ်မှန်း သိလိုက်သောအခါ သူမမျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့၏။

သူမကုအန်ဆီတွင် အကြိုက်ဆုံးအရာမှာ ကုအန်၏ စိတ်နေစိတ်ထားသာ ဖြစ်သည်။ သူသည် ဘယ်တော့မှ ဒေါသမထွက်တတ်သလို ဘယ်တော့မှာ သူများကိုအားကျခြင်းမျိုးလည်းမရှိပေ။ အမြဲပြုံး၍သာ နေတတ်သူ ဖြစ်၏။

“အစ်ကိုတို့အပေါ်ထပ်မှာ စကားပြောကြမလား”

ကျိရှောင်ယုတွင် ပြောစရာများစွာရှိမှန်းသိသောကြောင့် ကုအန်ပြုံးကာ မေးလိုက်သည်။

ကုအန်အတွက်တော့ ဤနှစ်ကာလများက သိပ်ရှည်လျားခဲ့ပုံ မပေါ်သော်လည်း အန္တရယ်မျိုးစုံနှင့်ကြုံတွေ့ခဲ့ရသော ကျိရှောင်ယုအတွက်တော့ ဤနှစ်ကာလများက အတော်လေးရှည်လျားခဲ့ပေသည်။ တစ်ခါတစ်ရံ ကျိရှောင်ယု မီးပုံဘေးတွင်တစ်ယောက်တည်းထိုင်ချိန်များ၌ တစ်ယောက်တည်းခပ်တိုးတိုးရေရွတ်နေတတ်သည်ကိုပင် ကုအန် တွေ့ခဲ့ဖူး၏။

အရိပ်ထဲတွင်ပုန်းကာ ကျိရှောင်ယုကို စောင့်ရှောက်နေသည့် ဒြပ်ငါးမျိုးခိုးယူသူကလည်း သူ့ရှေ့တွင် ဘယ်တော့မှပေါ်မလာဘဲ အရိပ်ထဲမှသာ စောင့်ရှောက်နေခြင်းဖြစ်သည်။

သူတို့အပေါ်ထပ်သို့ ရောက်သောအခါ ကျိရှောင်ယုသူကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို စတင်ပြောပြလေတော့သည်။ သူ့အတွေ့အကြုံများသည် အလွန်များပြားလှပြီး မိစ္ဆာများကိုသတ်ဖြတ်ခြင်း ကြောက်မက်ဖွယ်စွန့်စားခန်းများနှင့် ရန်ငြှိုးဟောင်းများကို ဖြေရှင်းခြင်းများပင် ပါနေသေးသည်။

ကုအန် သေချာနားထောင်နေလိုက်ပြီး တဖြည်းဖြည်းနှင့်အချိန်ကကုန်လွန်လာခဲ့သည်။

တစ်နာရီကျော်ခန့်ကြာသွားသောအခါ ကျိရှောင်ယု သူ့ဇာတ်လမ်းများကိုပြောပြနေခြင်း ပြီးဆုံးသွားခဲ့၏။

ထို့နောက် ကုအန်အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်လေသည်။

“စိတ်လှုပ်ရှားစရာကောင်းလိုက်တာ ပုံပြောသူတွေပြန်ပြောပြတဲ့ ပုံပြင်တွေလိုပဲ”

ကျိရှောင်ယု ရယ်မောလိုက်၏။

“ညီမလေး အရင်ဘ၀တစ်ခုကချန်ထားရစ်ခဲ့တဲ့ အ‌ေမွတွေကိုဆက်ခံခဲ့ရတာ ဒီခရီးကတန်ပါတယ် ဒါပေမယ့် ဒီဘ၀မှာဘယ်လောက်ထိရောက်အောင်သွားနိုင်မလဲဆိုတာတော့ ညီမလေးသေချာမသိသေးဘူး”

ထိုအမွေအနှစ်မှာ အချုပ်အနှောင်မဲ့အမတတစ်ပါးချန်ထားရစ်ခဲ့သော အမွေအနှစ်သာ ဖြစ်ပေသည်။

ကုအန် ထိုလျှို့ဝှက်နယ်မြေကို မြင်တွေ့ခဲ့ပြီးဖြစ်ပြီး ထိုနယ်မြေက အချုပ်အနှောင်မဲ့အမတတစ်ပါးတည်ဆောက်ထားသော နယ်မြေသာ ဖြစ်၏။ ကြည့်ရသည်မှာ ကျိရှောင်ယု၏ ဘ၀တစ်ခုက အချုပ်အနှောင်မဲ့အမတအဆင့်အထိ ရောက်နိုင်ခဲ့သည့်ပုံပင်။

လက်ရှိကျိရှောင်ယုအတွက်တော့ ထိုအဆင့်က သူလက်လှမ်းမမီနိုင်သော အဆင့်သာဖြစ်သည်။

ကုအန်ပြုံးကာ မေးလိုက်၏။

“ညီမလေး ရှေ့ဆက်ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ကျိရှောင်ယု ဖြေလိုက်သည်။

“နောက်ခရီးတစ်ခုမထွက်ခင် ဆယ်စုနှစ်အနည်းငယ်လောက် အခြေကျအောင်နေလိုက်ဦးမယ်”

“ထျန်းပန်ပြိုင်ပွဲတောင်စတင်တော့မှာ အဲ့တာက စိတ်လှုပ်ရှားစရာလေးတွေကြည့်ရဖို့ အခွင့်အရေးကောင်းတစ်ခုပဲ အခုနောက်ပိုင်း အဓိပတိဂိုဏ်းကလည်း အရင်လိုမဟုတ်တော့ဘူး ဒီထျန်းပန်ပြိုင်ပွဲက စည်ကားနေမှာသေချာတယ် ပြောကြတာတော့ အခုနောက်ပိုင်း ဂိုဏ်းထဲကို အချုပ်အနှောင်မဲ့အမတတစ်ပါးတောင် ၀င်လာခဲ့သေးတယ်တဲ့ ညီမလေး အဲ့ဒီအချုပ်အနှောင်မဲ့အမတအကြောင်း ကြားပြီးပြီလား” ကုအန်ထျန်းပန်ပြိုင်ပွဲအကြောင်းပြောလိုက်ပြီး ထိုအကြောင်းပြောသောအခါ သူပို၍ စကားများလာခဲ့သည်။

ကျိရှောင်ယု သူ့ကိုအနည်းငယ်ပြုံးကာ ကြည့်ရှုနေခဲ့၏။

ဤလူသည် ကမ္ဘာကြီးစည်ကားနေတာကိုကြည့်ရတာ အခုထိကြိုက်နေတုန်းပင်။

ကုအန်ပြောသော ထျန်းပန်ပြိုင်ပွဲအကြောင်းနှင့် ပြတင်းပေါက်အပြင်မှ ‌ပိုးမွှားမြည်သံများကို နားထောင်ရင်း ကျိရှောင်ယု စိတ်ကအေးချမ်းခြင်းအခြေအနေတစ်ခုကို ၀င်ရောက်သွားခဲ့လေသည်။

ယခုအခါ သူကမ္ဘာကြီး၏ မည်သည့်ကပ်ဘေးကိုမှ မသိတော့ဘဲ သူ့စိတ်အတွင်းထဲတွင် မည်သည့်ဖိအား စိုးရိမ်ပူပန်မှုမှမရှိဘဲ အေးချမ်းမှုကို ခံစားနေခဲ့ရ၏။

နေ့လည်ခင်းကို ကျိရှောင်ယုနှင့်အတူကုန်ဆုံးခဲ့ပြီးသည့်နောက် နောက်ဆုံးတွင် ကုအန် တတိယတောင်ကြားမှထွက်ခွာသွားကာ သဘာ၀ဂူ၈လုံး ဆီရောက်ရှိလာခဲ့သည်။

ထို့နောက် အမွှေးတိုင်အိုးကြီးတစ်အိုးနှင့်ပတ်ပတ်လည်တွင် ကိရိယာပေါင်းစုံရှိနေသော နွယ်စိမ်းပင်ဆီသူရောက်ရှိလာခဲ့၏။

နောက်ပိုင်း နှစ်၃၀အတွင်း သူလက်နက်သန့်စင်သောပညာကို လေ့လာနေခြင်းဖြစ်ပြီး ဤနှစ်များအတွင်း မည်သည့်ထင်ရှားသော လက်နက်မျိုးမှ မသွန်းလုပ်နိုင်ခဲ့သော်လည်း လက်နက်သွန်းလုပ်ခြင်းကိုတော့ နားလည်သဘောပေါက်လာခဲ့သည်။

ယခုအခါ သူသွန်းလုပ်သောလက်နက်များကို အဓိပတိဂိုဏ်းက အသည်းအသန်လိုချင်နေသော်လည်း သူကတော့ ဂိုဏ်းကိုမပေးခဲ့ပေ။ ဆေးပင်များမျိုးစေ့များပြန်၀ယ်ရန်အတွက် ‌စိတ်ဝိညာဉ်ကျောက်တုံးများရှာရန် အမတရှာဖွေကျွန်းတွင်သာ ပြန်ရောင်းခဲ့၏။

နတ်အတွေးအစစ်အမှန်အမတတစ်ယောက်ဖြစ်သော ကုအန်အဖို့ အမတရတနာများကို သွန်းလုပ်ရန်မခက်ခဲသော်လည်း အထွတ်အထိပ်အမတရတနာများကိုတော့ မသွန်းလုပ်နိုင်သေးပေ။

အထွတ်အထိပ်အမတရတနာများသည် အမတလမ်းစဉ်ကောင်းကင်ကိုးဆင့်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သူများသာသွန်းလုပ်နိုင်သော ဓမ္မအသုံးအဆောင်မျိုး ဖြစ်ပေသည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် အထွတ်အထိပ်အမတရတနာများကို ပိုင်ဆိုင်ကြသူများမှာ နယ်မြေသခင်များသာ ဖြစ်ကြပြီး တစ်ဦးချင်းကိုင်ဆိုင်နိုင်သော သူမှာလည်း အနည်းငယ်သာ ရှိ၏။

လုံကျန်းတွင်လည်း ထိုကဲ့သို့သော ရတနာမျိုးတစ်ခုရှိခဲ့ပြီး သူအမတလမ်းစဉ်ကောင်းကင်ကိုးဆင့်ထိပ်ဆုံးသို့ရောက်ရှိသောအခါ ထိုရတနာတစ်ခုတည်းဖြင့် စကြာ၀ဠာတစ်ခုလုံးကို ဖိနှိပ်ထားခဲ့ကာ အတော်လေး ကြောက်စရာကောင်းလှပေသည်။

ထို့နောက် ကုအန်သွန်းလုပ်နေစဉ်တွင် သူ့ပုခုံးကို နွယ်စိမ်းပင်က နွယ်ကြိုးများသုံး၍နှိပ်ပေးနေခဲ့၏။

“သခင် အဲ့ဒီလူကို တကယ်ပဲဘာမှမလုပ်တော့ဘူးလား” ကျန်းချောင်အသံနှင့်ခပ်ဆင်ဆင်တူသော နွယ်စိမ်းပင်၏အသံထွက်ပေါ်လာခဲ့လေသည်။

ကုအန်ဖြေလိုက်၏။

“အဲ့တာက အဆင်ပြေပါတယ် တစ်ဖက်လူအတွက် ဒီနေရာကိုခြေချနိုင်ဖို့ မဖြစ်နိုင်ပါဘူး”

ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းကြောင့် အဓိပတိဂိုဏ်း၏ ထျန်းပန်ပြိုင်ပွဲက ပင်လယ်ရပ်ခြားကျင့်ကြံသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုရောက်ရှ်ိလာသော ပင်လယ်ရပ်ခြားကျင့်ကြံသူများထဲတွင် နွယ်စိမ်းပင်ကြောကသောတည်ရှိမှုတစ်ခု ပါလာခဲ့ပြီး ကုအန်အစကတည်းက ထိုတည်ရှိမှုကို သတိထားမိခဲ့ပြီး ဖြစ်၏။

ထိုသည်မှာ အသွင်ပြောင်းအပင်မိစ္ဆာတစ်ကောင်ဖြစ်ပြီး သူ့ကျင့်ကြံခြင်းက မြေလျှောက်အမတအဆင့်ကိုရောက်ရှိနေပြီဖြစ်သော်လည်း သူ့ကျင့်ကြံခြင်းကို ဖိနှိပ်ကာ ထျန်းပန်ပြိုင်ပွဲကို မဟာယနအဆင့်တစ်ယောက်အဖြစ် ၀င်ပြိုင်မည့်သူ ဖြစ်ပေသည်။

မြေလျှောက်အမတတစ်ယောက်က သူ့ကိုခြိမ်းခြောက်နိုင်စွမ်းမရှိသောကြောင့် ကုအန်သူ့ကိုဂရုမစိုက်ခဲ့ပေ။

သူဂရုစိုက်သည်မှာ အမတစိတ်ဝိညာဉ်မင်းဆက်မှရောက်ရှိလာသော တစ်ယောက်ဖြစ်ပြီး ထိုသူက အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ဖြစ်သော်လည်း အချုပ်အနှောင်မဲ့အမတအဖြစ်သာ ဟန်ဆောင်ပြီး ဂိုဏ်းထဲတွင်ရောက်ရှိနေခဲ့သည်။

ဒါပေါ့ အချုပ်အနှောင်မဲ့အမတအဆင့်ကပင် အဓိပတိဂိုဏ်းအတွက် ဂုဏ်သရေရှ်ိ ဧည့်သည်တော်အဖြစ်ဆက်ဆံဖို့ လုံလောက်‌၏။

ကုအန် ထိုအမတစိတ်ဝိညာဉ်မင်းဆက်မှလူ၏ အလည်ရောက်ရှိလာမှုကို စိတ်၀င်စားနေခဲ့သည်။

လာမည့်ထျန်းပန်ပြိုင်ပွဲကတော့ အတော်လေး စိတ်၀င်စားစရာပင်။

“သခင် သူ့ကိုယဥ်ပါးလာ‌ေအာင် လုပ်မှာလား” နွယ်စိမ်းပင် သတိထား၍ မေးလိုက်၏။

ကုအန် သူစိတ်ပူနေသည်ထင်သေ‌ာကြောင့် နှစ်သိမ့်ပေးလိုက်လေသည်။

ထိုစဉ် နွယ်စိမ်းပင်၏ ကုအန်ကိုနှိပ်ပေးနေသော နွယ်ကြိုးများ အနည်းငယ်တုန်ရီသွားပြီး သူ့အသံထွက်ပေါ်လာခဲ့၏။

“ဒါဆို သခင်သူ့ကိုဖမ်းပြီး ကျွန်မကိုစားခိုင်းလိုက်လို့ ရမလား”

ကုအန် သူ့ကိုအံ့အားသင့်သွားဟန်ဖြင့် လှည့်ကြည့်လိုက်လေသည်။

နင်က အစကတော့သူ့ကိုကြောက်နေပြီး အခုတော့သူ့ကိုတောင် ပြန်စားချင်နေပြီလား!

နွယ်စိမ်းပင်သည် မိစ္ဆာဂိုဏ်းဖြစ်သော ရွက်ဝါတစ်ထောင်မျှော်စင်မှလာခြင်းဖြစ်မှန်း ကုအန် မေ့လုနီးနီးပင် ဖြစ်သွားခဲ့၏။ ထို့ကြောင့် ထိုအပင်သည် မကောင်းဆိုးဝါးသစ်ပင် ဖြစ်လာနိုင်ပေသည်။

“ဘာမကောင်းတဲ့စိတ်ကူးမှ ရှိမနေနဲ့ သတိထားနေနော် ငါမင်းကိုပြန်စားပစ်လိုက်မယ်” ကုအန် မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။

နွယ်စိမ်းပင်သည် သူ့သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်နိုင်ပုံမပေါ်သောကြောင့် ကုအန် သူ့တပည့်များ၏လုံခြုံရေးအတွက် စိုးရိမ်သွားမိသည်။

သူသည် နွယ်စိမ်းပင်ကို နွယ်စိမ်းသီးများအတွက်သာ ဆက်ထားနေခြင်းဖြစ်ပြီး မရှိမဖြစ်လိုအပ်နေခြင်းမျိုး မဟုတ်တော့ပေ။

ကုအန်၏ မကျေမနပ်ဖြစ်သွားပုံကိုတွေ့သောအခါ နွယ်စိမ်းပင်တိတ်ဆိတ်သွားပြီး ကုအန်ကိုပို၍ ဂရုစိုက်ကာ နှိပ်ပေးနေခဲ့၏။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ အပြင်စည်းမြို့သို့ ရောက်ရှ်ိလာခဲ့သည်။

မြို့ကြီးသည် စည်ကားသိုက်မြိုက်နေပြီး မြို့ထဲတွင် မိစ္ဆာများ လူသားများ၏အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့၏။

နှစ်ပေါင်း ၅၀ ကျော်လွန်သွားပြီးနောက် ကုအန်တွင် အသိအကျွမ်းပို၍ပင်များလာခဲ့ပြီး မြို့ထဲဘယ်နေရာသွားသွား သူ့ကိုနှုတ်ဆက်သူများနှင့်သာ ကြုံနေခဲ့ရသည်။

သူကျိုးယိကျင်း၏သား ကျိုးလင်နှင့်ပင်တွေ့ခဲ့သေးပြီး ဓားတာအိုကိုသာမလေ့ကျင့်ခဲ့ပါက သူကလည်း ပါရမီရှင်တစ်ယောက်သာ ဖြစ်၏။

ယခုအခါ ကျိုးလင်သည် ဓားတာအိုကိုလုံး၀စွန့်လွှတ်လိုက်ပြီဖြစ်ပြီး ဂိုဏ်းထဲတွင် ပါရမီရှင်တစ်ယောက်အဖြစ် ထင်ပေါ်လာပြီ ဖြစ်သည်။

သူတို့နှစ်ယောက်သည် နှစ်တိုင်းဆုံလေ့ရှိကြပြီး သူတို့့ကြားဆက်ဆံရေးက ခိုင်မြဲနေဆဲသာ။ လမ်းအတူတူလျှောက်နေရင်း လမ်းတစ်လျှောက်လုံးတွင် ကျိုးလင် သူ့အဖေအကြောင်းများ ကုအန်ကို ပြောပြနေခဲ့၏။

သူ့အဖေသည် ဆရာသခင်ဓားအရှင်ကြောင့် ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်ကို ‌စော်ကားမိလိုက်ပြန်ပြီ ဖြစ်သည်။

‌ကျိုးယိကျင်းသည် နေ့နေ့ညည ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို စောင့်ရှောက်နေပြီး ထိုသို့ကာကွယ်နေရင်း ကြီးမြတ်သည့်ကျင့်ကြံသူအချို့ကိုလည်း အပြစ်ပြုခဲ့မိ၏။ ထို့ကြောင့် ထိုသူများက သူတို့ ကျိုးမိသားစုကို စောင့်ကြည့်စုံစမ်းခဲ့ကြသည်။ ကံကောင်းသည်မှာ ဆရာသခင်ဓားအရှင်ကြောင့် ဘယ်သူမှ ကျိုးမိသားစုကိုမထိရဲသော်လည်း ကျိုးမိသားစုကတော့ သူတို့မိသားစုအပေါ် ဘယ်အချိန်ကပ်ဘေးကျရောက်လာမလဲဟုသာ ရင်တထိတ်ထိတ်နှင့် နေနေခဲ့ကြရ၏။

ရုတ်တရက် ကုအန် သူကျိုးယိကျင်းကို အကြံညဏ်အချို့ပေးသင့်သည်ဟု ခံစားလိုက်ရသည်။ အရိုးသားဆုံးပြောရလျှင် သူလည်းကျိုးယိကျင်း၏ စိတ်အားထက်သန်မှုကို ခံစားမိပြီး ထိုသူကအသိအမှတ်ပြုခံရဖို့ ထိုက်တန်ပေသည်။

သူဤအခွင့်အရေးကိုယူကာ ကျိုးယိကျင်း၏ကြိုးစားမှုများ အလဟသဖြစ်မသွားစေရန်အတွက် လမ်းညွှန်ပေးသင့်၏။

တခဏစကားပြောပြီးနောက် သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပြီး ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စိတ်ဖြင့်ဆက်သွယ်ကာ လမ်းကြောင်းပြောင်းခိုင်းလိုက်လေသည်။

လမ်းတစ်လျှောက်လုံးတွင် တစ်ဖက်တစ်ချက်၌ လူအုပ်ကြီးဖြင့်ပြည့်နေပြီး ကုအန် လမ်းတွင်မြင်မြင်သမျှကို စိတ်၀င်တစား ကြည့်ရှုမိနေခဲ့သည်။

အခြားပြိုင်ပွဲများနှင့် မတူသည်မှာ ထျန်းပန်ပြိုင်ပွဲက နှစ်တစ်ရာကြာမှတစ်ခါကျင်းပခြင်းဖြစ်သောကြောင့် အဓိပတိဂိုဏ်းအတွက်ပိုအရေးပါသလို ထိုက်ကန်ကုန်းမြေတိုက်ကြီးအတွက်လည်း ပိုအရေးပါသော ပြိုင်ပွဲကြီးတစ်ခု ဖြစ်၏။ ဂိုဏ်းပေါင်းများစွာ အဓိပတိဂိုဏ်းဆီရောက်လာကြသောကြောင့် ဂိုဏ်းထဲတွင်ရောင်းချရန် ပစ္စည်းအသစ်များလည်း ပေါ်ပေါက်လာခဲ့ကြသည်။

မိနစ်သုံးဆယ်ခန့်ကြာသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်ပြီး ကုအန်လည်း သူ့အပေါ်မှဆင်းလိုက်ကာ အံ့ဖွယ်မျှော်စင် ဟုခေါ်သော ဆိုင်တစ်ခုထဲ ၀င်သွားခဲ့၏။

ခန်းမထဲ၀င်သွားလိုက်သည်နှင့် သူ့အမြင်အာရုံတွင် ရတနာများစွာဖြင့်ပြည့်နှက်သွားပြီး ကုအန်အကြည့်က ရတနာတစ်ခုချင်းစီအပေါ် ရောက်ရှိနေခဲ့သည်။

[ကျန်းရှန်း၀မ်(အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၇): ၃၅၉၀၉၈/၇၀၀၀၀၀/၂၅၀၀၀၀၀]

သက်တမ်းအကန့်အသတ် ၂.၅ သန်း!

ကုအန် ဤလူ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်သို့ ရောက်နိုင်မရောက်နိုင် တွက်ချက်ကြည့်လိုက်၏။

ဤလူသည် အမတစိတ်ဝိညာဉ်မင်းဆက်မှရောက်လာသူဖြစ်ကာ ယခုအခါ ခန်းမထဲရှိ စင်တစ်ခုရှေ့တွင်ရပ်ကာ ပုလွေကျိုးတစ်လက်ကို ကစားနေခဲ့သည်။

ကုအန် ရှေ့ဆက်သွားလိုက်ပြီး သူ့ဘေးမှ ဖြတ်ကျော်သွားခဲ့၏။

ထို့နောက် သူတို့နှစ်ယောက်လုံး စင်တစ်ခုတည်းရှေ့တွင်ရပ်ကာ ရတနာများကိုကြည့်ရှုနေခဲ့သော်လည်း ကျန်းရှန်း၀မ် သူ့ကိုဂရုမစိုက်ခဲ့ပေ။

တစ်ခဏကြာသောအခါ ကျန်းရှန်း၀မ် ကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့လေသည်။

“လူငယ်လေး မင်းနှဖူးပေါ်က ရွှေရောင်အမှတ်အသားက ဘယ်ကလာတာလဲ” ကျန်းရှန်း၀မ်မေးလိုက်ပြီး သူ့အသံကညင်သာနေကာ မည်သည့်ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်၏ ဟန်မျိုးမှ ရှိမနေခဲ့ပေ။

ကုအန်သူ့နှဖူးကိုထိကြည့်ကာ ပြုံးလိုက်ပြီး

“တစ်ညတုန်းက ကျွန်တော်နိုးလာတော့ ဒီရွှေ‌ေရာင်အမှတ်အသားက ပေါ်နေတာပဲ တာအိုမိတ်ဆွေက ဒီအရာရဲ့ ဇာစ်မြစ်ကိုသိလို့လား”

အပိုင်း(၃၂၄)

တာအို၏လမ်းပြမှု

“ဒါက တာအိုအမှတ်အသားတစ်ခုပါ တာအိုရဲ့ စဦးသရုပ်သကန်တစ်ခုကိုလည်း ကိုယ်စားပြုတယ် အချို့ကတော့ အဲ့ဒီလိုအမှတ်အသားနဲ့အတူမွေးဖွားလာကြတယ် အချို့ကတော့ ကျင့်ကြံရင်းနဲ့မှ ရရှိကြတယ် ဘာပဲဖြစ်ဖြစ် အဲ့ဒီလိုအမှတ်အသားပိုင်ဆိုင်ထားတယ်ဆိုကတည်းက မင်းက တဖြည်းဖြည်းနဲ့ သေမျိုးဘ၀ကတက်လှမ်းပြီး အမတတစ်ပါးဖြစ်လာလိမ့်မယ်လို့ ဆိုလိုနေတယ် ဒီအဖိုးကြီးက ကြိုတင်ပြီး ဂုဏ်ပြုထားပါရစေ”

ကျန်းရှန်း၀မ်ပြုံး၍ ပြောလိုက်ပြီး သူ့မျက်လုံးထဲတွင် အားကျသည့်အရိပ်အယောင်များ ရှိနေခဲ့သည်။

ကုအန်ချက်ချင်း လက်သီးဆုပ်အရိုအသေပေးလိုက်ကာ ပြောလိုက်၏။

“ကျွန်တော့်နာမည်က ကုအန်ပါ ဒီကတာအိုမိတ်ဆွေရဲ့ နာမည်ကိုသိပါရစေ”

ကျန်းရှန်း၀မ် သူ့ကမ္မကိုတွက်ချက်နေသည်ကိုလည်း ကုအန် ခံစားမိနေခဲ့သည်။ သို့သော် သူစိတ်တော့မပူခဲ့ပေ။ သူ့ကမ္မအသွင်အပြင်ကို သူဖုံးကွယ်ထားပြီးသားဖြစ်ပြီး သူ့ထက်ကျင့်ကြံခြင်းမြင့်သော တစ်ယောက်ယောက်က မတွက်သရွေ့ သူ့ကို သာမန်အစေခံတပည့်တစ်ယောက်အဖြစ်သာ မြင်ရမည်ဖြစ်သည်။

“ငါက ကျန်းရှန်း၀မ်ပါ ဟိုးအဝေးကြီးကနေလာခဲ့တာ မင်းနဲ့ဆုံတွေ့ရတာက ကံကြမ္မာပါပဲ ဘာလို့ငါ့ကိုမြို့ထဲကိုလိုက်မပြရမှာလဲ ငါအဓိပတိဂိုဏ်းနဲ့ထျန်းပန်ပြိုင်ပွဲအကြောင်း လေ့လာချင်သေးတယ်”

သူကလည်း ထိုကိစ္စအတွက်သာလာခြင်းဖြစ်သောကြောင့် ကုအန် ကျန်းရှန်း၀မ်၏တောင်းဆိုမှုကို မငြင်းဆန်ခဲ့ပေ။

သူတို့နှစ်ယောက် ရတနာမျှော်စင်ထဲမှ ထွက်ခွာလာခဲ့ကြသည်။ ကုအန်၏ စီးတော်သားရဲကိုတွေ့သောအခါ မူလစိတ်ဝိညာဉ်သို့ပြန်သွားခြင်းလမ်းစဉ်ကို ဖောက်မမြင်နိုင်သောကြောင့် ကျန်းရှန်း၀မ် ဘာထူးဆန်းတာကိုမှ မတွေ့ရှိခဲ့ပေ။

လမ်းတစ်လျှောက်လုံးတွင် ကုအန် အဓိပတိဂိုဏ်းအကြောင်း ပြောပြပေးနေခဲ့၏။ ဆရာသခင်ဓားအရှင်အကြောင်း ပြောသောအခါတွင်မူ ကျန်းရှန်း၀မ် အသေးစိတ်များကိုပါ မေးမြန်းနေခဲ့သည်။

ဆရာသခင်ဓားအရှင်အကြောင်းပြောသောအခါ ကုအန်အတော်လေးစိတ်အားထက်သန်စွာ ချီးမွမ်းခန်းဖွင့်နေခဲ့၏။

ထိုသည်ကိုကြားသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်ထဲတွင် အတော်လေးခံစားသွားခဲ့ရသည်။

သူ့သခင်၏ အပြုအမူများကို သူတကယ်လေးစားရ၏။

သူသာ ကျန်းရှန်း၀မ်ဆိုလျှင်လည်း ကုအန်နှင့်ဆရာသခင်ဓားအရှင်ကို ဘယ်လိုမှ ဆက်စပ်တွေးမိလိမ့်မည် မဟုတ်ပေ။

မသိလိုက်မသိဖာသာနှင့် သူတို့နှစ်ယောက်ကောင်းကင်ပြုပြင်စင်မြင့်အနီးသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအခါကုအန်ပြုံးကာ မေးလိုက်၏။

“ကောင်းကင်ပိုင်းဖြတ်ပုဆိန်က အဲ့မှာရှိတာ တာအိုမိတ်ဆွေ တစ်ခါလောက်စိန်ခေါ်ကြည့်ချင်လား”

ကျန်းရှန်း၀မ် အဝေးကိုကြည့်ကာ ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ငါမမနိုင်တာသေချာနေမှတော့ မမတော့ပါဘူး”

သူကုအန်ဘက်လှည့်ကာ ပြောလိုက်၏။

“ငါအဓိပတိဂိုဏ်းမှ အချိန်အတော်ကြာအောင်နေဦးမှာ နောက်တစ်ခါငါတို့တွေ့ရင် ငါမင်းကိုတစ်ခွက်လောက်လိုက်တိုက်ပါ့မယ် တကယ်လို့တစ်ယောက်ယောက်က မင်းကိုအဓိပတိဂိုဏ်းကထွက်ခွာဖို့ လာဆွယ်ရင် မင်းငြင်းသင့်တယ် တာအိုအမှတ်အသားတစ်ခုကိုပိုင်ဆိုင်တာက မွေးရာပါကံကောင်းခြင်းတစ်မျိုးပဲ ဒါပေမယ့်အဲ့တာကကပ်ဘေးတွေကိုလည်း ဆွဲဆောင်စေနိုင်တယ် အနည်းဆုံးတော့ အဓိပတိဂိုဏ်းထဲမှာဆိုရင် ဆရာသခင်ဓားအရှင်ရဲ့အကာအကွယ်ရှိနေတော့ ဘယ်သူမှလာရှုပ်ရဲမှာမဟုတ်ဘူး”

ပြောပြီးသည့်နောက် သူလှည့်ထွက်သွားခဲ့လေသည်။

ကုအန် ထွက်ခွာသွားသောထိုလူ့ပုံရိပ်ကိုကြည့်နေရင်း ထိုလူက အတော်လေးစိတ်သဘောထားကောင်းမွန်သည်ဟု ခံစားလိုက်ရ၏။

အရင်က အမတစိတ်ဝိညာဉ်မင်းဆက်သည် လူသားများနှင့် သီးသန့်နေထိုင်ခဲ့ကြသောကြောင့် ထိုသူများသည် မာနကြီးမည်ဟု ကုအန် ထင်ခဲ့မိသည်။ သို့သော် ယနေ့အဖြစ်အပျက်ကကုအန်၏ အမတစိတ်ဝိညာဉ်မင်းဆက်အပေါ်အမြင်ကို ပြောင်းလဲသွားစေခဲ့၏။

ထို့နောက် ကုအန် အဝေးမှ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင် နေ့နေ့ညည ရပ်စောင့်နေသာ ကျိုးယိကျင်းကို လှမ်းကြည့်လိုက်သည်။

ယခုအခါ ကောင်းကင်ပိုင်းဖြတ်ပုဆိန်အကြောင်းပြောဆိုကြသည့်အခါတိုင်း ကျိုးယိကျင်းနာမည်ကိုရှောင်၍ ပြောရန်ခက်သော အ‌ခြေအနေသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

ထို့နောက် ကုအန် ဓားဆန္ဒများရောပြွန်းနေသော သူ့နတ်အတွေးကို ကျိုးယိကျင်း၏မျက်လုံးထဲ ထည့်ပေးလိုက်သောကြောင့် ကျိုးယိကျင်း ငေးကြောင်သွားခဲ့လေသည်။

ချက်ချင်းပင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်မှ ဆင်းကာ အခြားအရပ်မျက်နှာတစ်ခုသို့သွားလိုက်ပြီး ကောင်းကင်ပြုပြင်စင်မြင့်ထက်ကတော့ ဆင်းမသွားခဲ့ပေ။

အဝေးသို့မရောက်သေးသော ကျန်းရှန်း၀မ်လည်း သူ့ခြေလှမ်းများကိုရပ်လိုက်ကာ အံ့အားသင့်သွားဟန်ဖြင့် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ပြန်ကြည့်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျိုးယိကျင်းကိုယ်ထဲမှ ဓားဆန္ဒတစ်ခုပေါက်ကွဲထွက်ပေါ်လာပြီး သူ့အနားရှိကျင့်ကြံသူများအားလုံး ချက်ချင်းနောက်ဆုတ်လိုက်ကြရကာ သူ့အနီးတစ်ဝိုက်က ကွက်လပ်ကလေး ဖြစ်သွားခဲ့သည်။

ကျိုးယိကျင်းမျက်လုံးများက စိတ်ဝိညာဉ်မရှိတော့သလို ဗလာကျင်းနေပြီး ဓားဆန္ဒများက သူ့ကိုယ်မှထိုးတက်နေပြီး သူ့ဆံပင်များပင် လေပေါ်ထောင်ကာလွင့်နေခဲ့၏။

ထိုဓားဆန္ဒမှာ ဆရာသခင်ဓားအရှင်၏ဓားဆန္ဒမှန်း သိသွားသောအခါမှသာ အဓိပတိဂိုဏ်းကအထက်လူကြီးများ သက်ပြင်းချလိုက်နိုင်ကြသည်။

“သူဘာဖြစ်သွားတာလဲ”

“အဲ့တာ ဆရာသခင်ဓားအရှင်ရဲ့ဓားဆန္ဒပဲ သေချာဂရုစိုက်ကြည့် ကျိးယိကျင်းရဲ့ဓားဆန္ဒပိုသန်မာလာနေတယ်”

“ဆရာသခင်ဓားအရှင်ကသူ့ကိုလမ်းပြနေတာလား”

“သူသာဆိုရင်တော့ ငါနားလည်နိုင်ပါတယ် သူဒီနေရာကိုကာကွယ်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီကိုး”

“ဆိုတော့ သူမလိမ်ခဲ့ဘူးပဲ ဆရာသခင်ဓားအရှင်က တကယ်ကြီးအရင်က သူ့ပုခုံးကိုပုတ်သွားဖူးတာ ထင်တယ်”

ကျင့်ကြံသူများ ဆွေးနွေးပြောဆိုကုန်ကြပြီး ကျိုးယိကျင်းကတော့ ဓားဆန္ဒပင်လယ်ထဲနစ်မြုပ်နေကာ သူ့ကိုယ်သူဘာဖြစ်နေသလဲဆိုတာပင် သတိမထားမိတော့ပေ။

ခပ်လှမ်းလှမ်းရှိ ကျန်းရှန်း၀မ် ကျိုးယိကျင်းဆီမှထွက်ပေါ်လာသော ဓားဆန္ဒကိုကြည့်ကာ စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

သူသည် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးဖြစ်သော်လည်း ဆရာသခင်ဓားအရှင်၏ ၀င်ပါမှုကိုသတိမထားမိလိုက်ဘဲ ကျိုးယိကျင်းကိုယ်ထဲ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒဘယ်လိုရောက်သွားသလဲဆိုတာတောင် မတွက်ချက်နိုင်ခဲ့ပေ။

ထိုအခိုက်တွင် သူ့သေးနုတ်မှုကို သူနားလည်သွားခဲ့ရသည်။

အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးသည် အပူအပင်မဲ့နေနိုင်ရုံသာဖြစ်ပြီး မဟာတာအိုကိုနားလည်သဘောပေါက်သော အဆင့်တစ်ဆင့်မဟုတ်ခဲ့ပေ။

သူ့မျက်လုံးထောင့်က ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုမြင်နေခဲ့ရသော်လည်း ဤအဖြစ်အပျက်က ကုအန်ကြောင့်ဖြစ်သွားတာဆိုတာကို လုံး၀သတိမထားမိခဲ့ပေ။

ကုအန် လုံး၀ပြန်လှည့်မကြည့်ဘဲ သူ့စွမ်းရည်ရော ဂုဏ်သတင်းကိုပါ အပြည့်အ၀ ဖုံးကွယ်ထားခဲ့လိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း စင်မြင့်ထက်က ဆူညံပွက်လောရိုက်နေသံများကို ကြားသော်လည်း ဒဏ္ဍာရီလာဆရာသခင်ဓားအရှင်က သူ့ကျောပေါ်မှသူဖြစ်သောကြောင့် သူလှည့်မကြည့်ခဲ့ပေ။

အမတများ လှုပ်ရှားသောအခါ သေမျိုးများ အံ့ဩဘနန်းဖြစ်ရသည်က သာမန်ကိစ္စသာ ဖြစ်ပေသည်။

ကျန်းရှန်း၀မ်နှင့်တွေ့ပြီးနောက် ကုအန် မြို့ထဲတွင်လိုအပ်သည်များ လှည့်ပတ်၀ယ်ပြီးမှသာ တတိယတောင်ကြားဆီ ပြန်သွားခဲ့၏။

ကုအန် တတိယတောင်ကြားသို့ပြန်ရောက်သောအခါ အန်းရှင်းကိုရှာကာ သူ၀ယ်လာသည်များကို သူ့လက်ထဲအပ်ခဲ့လိုက်သည်။

တောင်ကြားတွင် မျိုးစုံသောဆေးပင်များ ဆေးများ လျှို့ဝှက်စာအုပ်များနှင့် မှော်အသုံးအဆောင်များ ကိုသိုလှောင်ပေးထားပြီး အစေခံတပည့်များက ထိုအရာများကို မြို့ထဲတွင်ထက်သက်သာသော ဈေးနှုန်းဖြင့် ၀ယ်ယူနိုင်ကြ၏။ ဤအတွက်ကြောင့် တပည့်များက ကုအန်ကိုအလွန်ကျေးဇူးတင်နေကြပြီး ထို့ကြောင့်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်၍ တောင်ကြားမှထွက်ခွာသွားသော တပည့်များကပင် ကုအန်ကိုတွေ့တိုင်း ဆရာဟုခေါ်ကာ နှုတ်ဆက်နေသေးကြခြင်း ဖြစ်သည်။

ထိုအရာများအားလုံးကိုစီစဉ်ပေးပြီးသောအခါ ကုအန် အပေါ်ထပ်သို့ စာဖတ်ရန်တက်သွားဖို့ ပြင်လိုက်၏။

တိုက်တိုက်ဆိုက်ဆိုက်ပင် ထိုအချိန်၌ ကျန်းရှန် ပျံသန်းရောက်ရှ်ိလာခဲ့လေသည်။

ကုအန်လည်း ရွေးစရာမရှိဘဲ သူ့ကိုသာစောင့်နေခဲ့လိုက်ရ၏။

ဤနှစ်များအတွင်း ရှန်းကျန်သည် အလေလိုက်နေခြင်းမဟုတ်ဘဲ သူမအသိအမြင်များကို အဓိပတိဂိုဏ်းဆီ မျှဝေကာ ကူးပြောင်းခြင်းကျောက်စိမ်းပြားများ ထုတ်လုပ်ခြင်း၌ ကူညီပေး‌ေနခဲ့ခြင်းဖြစ်သည်။ သူမကြိုးပမ်းမှုကြောင့် တပည့်များသည် ကျင့်ကြံရာ၌ စာသာဖတ်ရုံမဟုတ်ဘဲ ရုပ်ပုံများကိုပါကြည့်ပြီး ကျင့်ကြံနိုင်ပြီဖြစ်သောကြောင့် ဂိုဏ်းသားများကသူမကို အတော်လေး လေးစားနေခဲ့ကြသည်။

“အပေါ်ထပ်အမြန်လိုက်ခဲ့ ကောင်းတာတစ်ခုခုရှိတယ်!”

ရှန်းကျန် အသည်းအသန်ပြောလိုက်ပြီး အပေါ်ထပ်သို့လျှင်မြန်စွာ တက်သွားခဲ့၏။ ကုအန်လည်း နောက်မှလိုက်သွားခဲ့လိုက်သည်။

အခန်းထဲ၀င်ပြီး တံခါးပိတ်ပြီးသောအခါ ကုအန် အောက်ထပ်မှ စိတ်ဝိညာဉ်စွမ်းအင်‌ခပ်ပျော့ပျော့ကို ခံစားမိလိုက်ပြီး ကြည့်ရသည်မှာ ကျိရှောင်ယု ချောင်းနားထောင်နေပုံပင်။

ရှန်းကျန် စားပွဲတွင်၀င်ထိုင်ပြီးနောက် စာလိပ်တစ်လိပ်ကိုထုတ်ကာ စားပွဲပေါ်တွင် အမြန်ဖြန့်ချလိုက်၏။

ကုအန် လမ်းလျှောက်လာပြီး စာလိပ်ပေါ်ရှိ ပုံကိုမြင်လိုက်ရလေသည်။ ထိုပုံမှာ အဝတ်အစားမပါသောလူတစ်စုက မြေပြင်တွင်ဒူးထောက်ထိုင်ကာ ကောင်းကင်ပေါ်ရှိ အမတများလိုထည်ဝါစွာ၀တ်ဆင်ထားကာ တိမ်ပျံစီးနင်းနေသည့် လူတစ်အုပ်ကို လက်ယမ်းပြနေသော ပုံဖြစ်သည်။

“ငါအရင်က မပြည့်စုံတဲ့ရှေးဟောင်းစာအုပ်အထူကြီးတစ်အုပ်ကိုစိတ်၀င်စားသွားပြီး‌ေတာ့ အဲ့တာကို‌ေန့တိုင်းလေ့လာခဲ့တာ ပြီးတော့ ငါဒီပြီးပြည့်စုံတဲ့ ပုံကို အာရုံခံပြီးစိတ်ကူးရင်း ဆွဲနုိင်ခဲ့တာ ကြည့်ရတာ တာအိုကငါ့ကိုလမ်းပြပေးနေပုံပဲ” ရှန်းကျန် ဂုဏ်ယူစွာ ပြောလိုက်၏။

သူတကယ်ကြီး စိတ်ကူးနဲ့ဆွဲနိုင်ခဲ့တာလား!

ကုအန် မျက်လုံးသက်သက်ဖြင့် ကြည့်ရုံနှင့်ပင် ဤပုံ၏အရောင်များ၌ ထင်ရှားသော ကောင်းကင်နှင့်မြေပြင်နိယာမများပါ၀င်နေခြင်းကို မြင်တွေ့နေခဲ့ရသည်။

တကယ်ပဲ ‌တာအိုကရှန်းကျန်ကို လမ်းပြနေတာဖြစ်နိုင်လောက်လား!

တစ်ခုခုကတော့ မှားနေချေပြီ။

ဘာလို့ ရှန်းကျန်လဲ!

ကုအန်ရုတ်တရက် ရှန်းကျန်သည် တာအိုကို ဂီတ စစ်တုရင် လက်ရေးလှနှင့် ပန်းချီပညာများမှ ရရှိသွားနိုင်မလားဟု သံသယရှိမိသွားခဲ့သည်။

လူတစ်ယောက်သည် အမတလမ်းစဉ်အဆင့်သို့မရောက်သေးဘဲ ကောင်းကင်နှင့်မြေပြင်နိယာမများကို နားလည်သဘောပေါက်နိုင်ပါသလော။

ထိုအရာကြီးက အတော်လေးအဓိပ္ပာယ်မရှိလှပေ။

သူမသည်လည်း ပြန်လည်မွေးဖွားလာသော အမတတစ်ပါးပေလော။

ထိုအရာကလည်း မဖြစ်နိုင်ပေ။ အကယ်၍ သူမကသာ ပြန်လည်မွေးဖွားလာသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဆိုလျှင် ကျိရှောင်ယု နှင့် ယန်ကျင်းတို့တွင်တွေ့ရသလို သဲလွန်စအချို့တော့ ကုအန် တွေ့ရမည် ဖြစ်သည်။

သို့သော် ရှန်းကျန်မှာကတော့ မည်သည့်ထင်ရှားသည့် နောက်ခံမှ ရှိမနေခဲ့ပေ။

All Chapters