အခန်း (၃၂၉-၃၃၀)
Vol. 25 Ch. 329-330
အပိုင်း(၃၂၉)
အန်းရှင်း၏ အံ့အားသင့်မှု
ညဉ့်နက်ချိန်တွင် အန်းရှင်းကုအန်အခန်းတံခါးကိုလာခေါက်ခဲ့ပြီး ကုအန် အင်္ကျီလက်အိုးကိုတစ်ချက်ယမ်းလိုက်သောအခါ တံခါးကတိုက်ရိုက်ပွင့်သွားခဲ့လေသည်။
အန်းရှင်းအခန်းထဲ၀င်လာခဲ့ပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်၏။
ထို့နောက် သူမ ကုအန်၏စာကြည့်စားပွဲခုံနားချဉ်းကပ်သွားကာ သူ့ဆရာကိုစိတ်၀င်တစားကြည့်လိုက်လေသည်။
ကုအန်သည် သူမယခုလိုအချိန်မျိုးတွင် တစ်ယောက်ထဲခေါ်လေ့ခေါ်ထမရှိသောကြောင့် သူမသူ့ကိုစိတ်ဝင်တစားကြည့်နေမိခဲ့၏။
ကုအန် အောက်ထပ်မှချောင်းနားထောင်နေသောအရှိန်အဝါကိုခံစားမိနေရင်း ပြောလိုက်သည်။
“ယန်ကျင်းက အခုအတွေ့အကြုံရှာဖို့ထွက်သွားပြီ ဆရာအခုကစပြီး မင်းကိုကျင့်စဉ်တွေသင်ကြားပေးရင် ဘယ်လိုလဲ”
အန်းရှန်း အံ့အားသင့်သွားဟန်ဖြင့်မေးလိုက်၏။
“ဆရာအခုလည်းကျွန်မကို သင်ပေးနေတာပဲမဟုတ်ဘူးလား”
ကုအန်ခပ်ဟဟရယ်မောလိုက်ကာ
“အရင်က ဆရာကမင်းကိုစွမ်းအင်စုပ်ယူတဲ့နေရာမှာပဲ အထောက်အပံ့ပေးခဲ့တာပါ ဒါပေမယ့် အခုကတကယ်ပိုသန်မာလာအောင်ကူညီပေးမှာ”
ထိုစကားကိုကြားသောအခါ အန်းရှင်းတောက်ပစွာပြုံးလိုက်ပြီး
“တကယ်လို့ဆရာက ကျွန်မရဲ့နားလည်နိုင်စွမ်းနိမ့်ပါးမှုက်ို စိတ်ပျက်မသွားဘဲ သင်ကြားပေးမယ်ဆိုရင် ကျွန်မငြင်းစရာမရှိပါဘူး
“စိတ်မပူပါနဲ့”
ကုအန်သူ့ကိုနှစ်သိမ့်လိုက်ပြီး ဆေးတောင်ကြားထဲကကိစ္စများကို ဆက်ပြောနေခဲ့လိုက်သည်။
အောက်ထပ်မှ ခိုးနားထောင်နေသောအရှိန်အဝါကလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
တခဏကြာ စကားပြောပြီးသောအခါမှ ကုအန် အန်းရှင်းကို ထွက်သွားခွင့်ပြုလိုက်သည်။
ထို့နောက်တွင်တော့ သူတတိယတောင်ကြားမှထွက်သွားကာ ဆန်းကြယ်တောင်ကြားသို့ ဦးတည်သွားခဲ့၏။
ဆန်းကြယ်တောင်ကြားသို့ရောက်သောအခါမှ နျန်းချူဂူဆီဦးတည်သွားခဲ့ပြီး ထိုညကို ထျန်းယောင်အာနှင့် မိစ္ဆာနှစ်ကောင်ဖြင့် ကုန်ဆုံးရန် ပြင်ဆင်လိုက်လေသည်။
….
လင်းထိန်နေကာ ခမ်းနားလှသော ခန်းမကြီးတစ်ခုထဲတွင် ညီနေအောင်ရပ်နေသော လူတန်းရှည်ကြီးလေးခုရှိနေခဲ့ကာ သူတို့ကြားထဲတွင်လည်း ကျယ်၀န်းလှသောနေရာလွတ်များ ရှိနေခဲ့၏။
ထိုစဉ် ခန်းမထဲတွင် သက်တန့်ရောင်အလင်းတစ်ခုဖွဲ့တည်လာခဲ့ပြီး ကျန်းရှန်း၀မ်၏ပုံရိပ်ထွက်ပေါ်လာခဲ့သည်။
ကျန်းရှန်း၀မ် လျင်မြန်စွာခန်းမ၏ရှေ့ဆုံးနေရာလွတ်ဆီသို့ ဦးတည်သွားလိုက်ပြီး ခန်းမထဲရှိလှေကားရင်းသို့ရောက်သောအခါ ဦးညွတ်အရိုအသေပေးလိုက်၏။ လှေကားထိပ်တွင်မူ ရွှေပလ္လင်ထက်တွင် စံမြန်းနေသော ပုံရိပ်ကြီးတစ်ခု ရှိနေခဲ့သည်။
ထိုပုံရိပ်ကြီးသည် နဂါးနီတစ်ကောင်ချည်ထိုးထားသော ၀တ်ရုံကို၀တ်ဆင်ထားကာ သူ့ခေါင်းတွင်လည်း နဂါးသရဖူတစ်ခု၀တ်ဆင်ထားပြီး သူ့ကိုယ်ကိုတော့ သွေးရောင်နဂါးချီများက နဂါးအစစ်များ၀န်းရံနေသလို ရစ်သိုင်းနေခဲ့သည်။ ထိုလူ့ဟန်ပန်က အတော်လေးခမ်းနားထည်ဝါလှပြီး သူ့မျက်လုံးများကလည်း ကြယ်ပင်လယ်တစ်စင်းကဲ့သို့ စူးရှကာ နက်နဲသိမ်မွေ့နေခဲ့၏။
ထိုလူမှာ အမတစိတ်ဝိညာဉ်မင်းဆက်၏ အုပ်ချုပ်သူ ဧကရာဇ်ယန်ရှန်းမှလွဲ၍ အခြားမဟုတ်ပေ။
ကျန်းရှန်း၀မ် သူ့တာ၀န်အကြောင်းအသေးစိတ်ပြောပြပြီးသောအခါ ခန်းမကြီးထဲတွင် ဆွေးနွေးပြောဆိုသံများနှင့် ညံသွားခဲ့လေသည်။
“ဆရာသခင်ဓားအရှင်က ကျုပ်တို့ကို လေးစားမှုမပေးဘဲနေရဲတယ်လား မောက်မာလိုက်တာ!”
“တကယ်တော့ သူမှန်ပါတယ် နောက်ဆုံးကျသူက မြင့်မြတ်ခုံရုံးရဲ့ ချီကံကြမ္မာရာထူးကိုတောင်ငြင်းရဲတဲ့သူပဲမဟုတ်လား”
“ကြည့်ရတာ သူကပဋိပက္ခတွေဆီကနေ ဝေးဝေးမှာနေချင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ထဲက တစ်ယောက်ထင်တယ်”
“ကမ္ဘာကြီးက ရှုပ်ထွေးပြီးတော့ လူတိုင်းကပုန်းချင်တိုင်းပုန်းနေလို့မရပါဘူး မြင့်မြတ်ခုံရုံးက သူ့ကိုသံသယရှိလာမှာ သေချာတယ်”
“အခုမြင့်မြတ်ခုံရုံးကို မြင့်မြတ်၀န်ကြီးကလွှမ်းမိုးထားတာ ကျုပ်တို့လက်တစ်ချောင်းတောင် လှုပ်စရာလိုမှာမဟုတ်ဘူး သူ့လက်ပါးစေ မဟာမြေအောက်သူတော်စင်ဘုရင်ကေနတဆင့် သူ့အပြုအမူတွေကနေ ဆရာသခင်ဓားအရှင်ကို အပြစ်ပြုမိသွားမှာပဲ”
ကျန်းရှန်း၀မ် သူ့တာ၀န်ကိုသတင်းပို့ပြီးသည်နှင့် ခန်းမထဲဆူညီသွားခဲ့၏။
ကျန်းရှန်း၀မ်ကတော့ ထိုဆူညံသံများကိုလျစ်လျူရှုကာ ယန်ရှန်းဧကရာဇ်၏မျက်နှာကိုသာ ကြည့်နေပြီး သူ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေခဲ့သည်။
ယန်ရှန်းဧကရာဇ်ခပ်ဖြည်းဖြည်းမေးလိုက်၏။
“မင်းမြင်ခဲ့ပုံအရ သူပြောတာတွေက အမှန်တွေပဲလား”
သူ့အသံထွက်ပေါ်လာသောအခါ ခန်းမက တိတ်ဆိတ်သွားခဲ့သည်။
တခဏကြာတွန့်ဆုတ်ပြီးသောအခါ ကျန်းရှန်း၀မ် ဖြေလိုက်၏။
“ကျွန်တော်အဓိပတိဂိုဏ်းကနေ သိလာတာတွေကနေပြောရရင် သူ့လုပ်ရပ်တွေက တကယ်ပဲ သူ့စရိုက်နဲ့ထင်ဟပ်နေပါတယ် သူကအမြဲ အဓိပတိဂိုဏ်းကို အပြင်ရန်သူတွေက ကျူးကျော်လာမှသာ လှုပ်ရှားလေ့ရှိတာပါ အနည်းဆုံးတော့ သူအခြားကိစ္စတွေထဲ၀င်ပါတာမျိုး ဘယ်သူကမှမမြင်ဖူးပါဘူး ဂိုဏ်းရဲ့အကြီးအကဲတွေကလည်း ဆရာသခင်ဓားအရှင်ရဲ့ သရုပ်မှန်ကိုသိပုံမပေါ်ကြပါဘူး”
ယန်ရှန်းဧကရာဇ်နားထောင်နေရင်း သူ့မျက်လုံးများမှေးကျဉ်းသွားခဲ့သည်။
ဘယ်သူကမှ သူတွေးတောနေသည်ကို မနှောင့်ယှက်ရဲကြပေ။
တခဏအကြာတွင်
ယန်ရှန်းဧကရာဇ်ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ သူ့ကိုထပ်မနှောင့်ယှက်တော့ဘဲ နေကျတာပေါ့”
“ဟုတ်ကဲ့ပါ” ကျန်းရှန်း၀မ်လည်း ထိုစကားကြားမှ စိတ်သက်သာရာရသွားကာ ဖြေလိုက်၏။
ဆရာသခင်ဓားအရှင်ရဲ့ ကျင့်ကြံခြင်းကဘယ်အဆင့်လဲဆိုတာ သေချာမသိသော်လည်း မဟာအေးစက်မိစ္ဆာဂိုဏ်းကိုအလွယ်တကူချေမွပစ်နိုင်သောကြောင့် အနည်းဆုံးတော့ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတော့ ဖြစ်နိုင်ပေသည်။ သူ့ကျင့်ကြံခြင်းက ထိုထက်လည်းမြင့်ကောင်းမြင့်နေနိုင်ပြီး ဘယ်လိုပဲဖြစ်ဖြစ် သွားအပြစ်ပြုလို့ကောင်းသည့် သူမျိုးတော့ ဟုတ်မနေပေ။
မိတ်ဆွေမလုပ်နိုင်၍ ရန်သူလုပ်ပစ်စရာတော့လည်း လိုမနေခဲ့ပေ။
ထို့နောက် ကျန်းရှန်း၀မ် ဆက်ပြောလိုက်၏။
“ဒီတာ၀န်အတွင်းမှာ ကျွန်တော် အဓိပတိဂိုဏ်းမှာတစ်ယောက်ယောက်ကိုလာရှာတဲ့ ကောင်းကင်ဂိုဏ်းကလူတစ်ယောက်ကိုလည်း တွေ့ခဲ့ရပါတယ် ကြည့်ရတာ ဖယောင်းတိုင်ကမ္ဘာသူတော်စင်ဘုရင်ရဲ့ ပြန်လည်မွေးဖွားလာတဲ့ကိုယ်က အဓိပတိဂိုဏ်းထဲမှာ ရှိနေပုံပါပဲ”
“ကောင်းကင်ဂိုဏ်းလား ကြည့်ရတာမြင့်မြတ်ခုံရုံးတော့ ပိုပြဿနာများတော့မယ့်ပုံပဲ” ယန်ရှန်းဧကရာဇ် ပြောလိုက်ပြီး သူ့အသံကရွှတ်နောက်နောက်လေသံ ဖြစ်နေခဲ့သည်။
ကျန်းရှန်း၀မ်လည်းထိုအရာကိုခံစားမိပြီး မေးလိုက်၏။
“တကယ်လို့ပြဿနာတွေဖြစ်လာရင် ကျွန်တော်တို့၀င်ပါစရာလိုလား အရှင်မင်းကြီး”
ယန်ရှန်းဧကရာဇ်ထေ့ငေါ့လိုက်သည်။
“ဘာလို့ ၀င်ပါမှာလဲ မောက်မာလွန်းတဲ့ ကောင်းကင်ဂိုဏ်းနဲ့ ဖယောင်းတိုင်ကမ္ဘာသူတော်စင်ဘုရင်က အတိတ်တုန်းကလည်း ငါတို့အကူအညီကိုမလိုခဲ့ဘူး အဲ့တော့အခုလည်း ငါတို့က သူတို့ကိုသွားပြီးကမ်းလှမ်းမနေသင့်ဘူး သူတို့ကရှန်ထျန်းရဲ့ စေတနာကိုအထင်သေးနေကြတာ ရှန်ထျန်းသာမရှိရင် အခုအချိန်မြင့်မြတ်ခုံရုံးက ဒီကမ္ဘာရဲ့ အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုလောက်ပဲ ဖြစ်နေခဲ့မှာ”
ခန်းမထဲမှ အခြားအမတများလည်း အတိတ်ဖြစ်ရပ်များကို ပြန်ပြောင်းပြောနေခဲ့ကြပြီး ကောင်းကင်ဂိုဏ်းနှင့် ဖယောင်းတိုင်ကမ္ဘာသူတော်စင်ဘုရင်ရဲ့ ကံဆိုးမှုကို ကြိတ်၍၀မ်းသာနေခဲ့ကြသည်။
…….
ဆောင်းဦးလေကတောအုပ်ကိုဖြတ်၍ တိုက်နေပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်မြေပြင်တွင်လှဲလျောင်းနေရင်း အန်းရှင်း၏လေ့ကျင့်နေမှုကိုကြည့်ကာ တွေးတောနေခဲ့၏။
ကုအန်ကတော့ အနီးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖတ်ရှုနေခဲ့သည်။
ထိုစဉ် သွေးအကျဉ်းထောင်မဟာသူတော်စင် ကုအန်ဘက်လှည့်ကာ မေးလိုက်၏။
“သခင် သူတရားထိုင်နေတာ ၅နာရီလောက်ရှိနေပြီ သူ့မှာကျွန်တော်မမြင်နိုင်တဲ့ ပါရမီတစ်ခုခုများရှိနေတာလား”
အရင်ကသူယန်ကျင်းကိုဖောက်၍ မမြင်နိုင်ခဲ့သောကြောင့် အခုလိုအန်းရှင်းကိုတွေ့သည့်အခါလည်း သူ့ကိုယ်သူသံသယ၀င်နေခြင်း ဖြစ်သည်။
ကုအန်စာရွက်တစ်မျက်နှာလှန်လိုက်ပြီး တုန့်ပြန်လိုက်၏။
“ကမ္ဘာပေါ်မှာ သာမန်မဟုတ်တဲ့ပါရမီရှင်တွေက အများကြီးမရှိဘူး ငါကသူ့ကိုလမ်းစဉ်ညဏ်အလင်းပွင့်စေချင်ရုံပါပဲ”
သွေးအကျဉ်းထောင်မဟာသူတော်စင်မျက်လုံးများ ပြူးကျယ်သွားကာ တုန်လှုပ်သွားခဲ့သည်။
ကုအန် ကျိုးယိကျင်းကို ညဏ်အလင်းဖွင့်ပေးတုန်းက ကျိုးယိကျင်းသည် အရင်ကတည်းက ဓားတာအိုတွင် အတွေ့အကြုံနှင့်ပါရမီရှိနေခဲ့ခြင်းကြောင့် သူသိပ်တော့အများကြီး မတွေးမိခဲ့ပေ။
သို့သော် အန်းရှင်းကတော့ မတူပေ။
သူမသည် အတွေ့အကြုံမရှိသော ကောင်မလေးတစ်ယောက်သာဖြစ်ပြီး စွမ်းအားကြီးမားသူတစ်ယောက်၏ အလားအလာနှင့်ဟန်မျိုးလည်း ရှိမနေခဲ့ပေ။
ဤကဲ့သို့ သာမန်လူတစ်ယောက်ကိုရော အမှန်တကယ်ပြောင်းလဲ၍ ရနိုင်ခြင်းပေလော။
သွေးအကျဉ်းထောင်မဟာသူတော်စင် ရုတ်တရက် ယန်ကျင်း၏သာမန်မဟုတ်မှုက သူ့သခင်ကောင်းကင်ကိုဖီဆန်၍ ပုံသွင်းခဲ့ပေခြင်းလောဟု ခံစားမိသွားခဲ့သည်။
သူ့နှလုံးသားထဲ စိတ်လှုပ်ရှားမှုများ တောက်လောင်လာခဲ့ပြီး ဤကဲ့သို့သောတည်ရှ်ိမှုမျိုးနောက်လိုက်ရသည့်အတွက် အတော်လေးစိတ်လှုပ်ရှားနေခဲ့၏။
“တကယ်လို့ ယန်ရှင်းပြန်လာပြီးတော့ အဲ့ဒီအချိန်အန်းရှင်းက သူ့ကိုကျော်တက်သွားတာတွေ့သွားရင် စိတ်၀င်စားစရာကောင်းမှာပဲ”
သွေးအကျဉ်းထောင်မဟာသူတော်စင် တွေးလိုက်မိပြီး ကုအန်အန်းရှင်းကို လေ့ကျင့်ပေးနေသည်က ထိုအကြောင်းပြချက်ကြောင့်ဟူ၍ပင် ခံစားလိုက်မိသည်။
သနားစရာ ယန်ကျင်းလေး!
ဘာပဲဖြစ်ဖြစ် ဤအရာက သူ့ရွေးချယ်မှုမှန်ကန်သည်ဟု ညွှန်ပြနေသောကြောင့် သွေးအကျဉ်းထောင်မဟာသူတော်စင် ပျော်ရွှင်လာခဲ့သည်။
ကုအန်စာဖတ်နေဟန်ပေါ်သော်လည်း တကယ်တော့ ပင်လယ်ထဲတွင်စွန့်စားခန်းထွက်နေသော ယန်ကျင်းကိုကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။
ယန်ကျင်းကို ကောင်းကင်ဂိုဏ်းကနောက်ယောင်ခံလိုက်နေသည်ကို သူတွေ့ခဲ့ရပြီး ထိုသူမှလွဲ၍တော့ ယန်ကျင်းနောက်ဘယ်သူမှ လိုက်မနေခဲ့ပေ။ ဤအရာက ယန်ကျင်း၏သရုပ်မှန်ကို မဟာမြေအောက်သူတော်စင်ဘုရင် မမြင်သေးဘူးဟု ညွှန်ပြနေခဲ့သည်။
ထိုအရာက ယခုအချိန်တွင် ယန်ကျင်းအပေါ်ဘာပြဿနာမှကျရောက်လာမှာမဟုတ်ဘူးလို့လည်း ညွှန်ပြနေခဲ့၏။
တခဏအကြာတွင်
ကုအန်နတ်အာရုံက ကောင်းကင်ပြင်ပသို့ရောက်သွားခဲ့ပြီး အပူအပင်မဲ့ကမ္ဘာဦးအမတနှစ်ပါးတိုက်ခိုက်နေသည်ကို တွေ့ခဲ့ရကာ ထိုမြင်ကွင်းကရှားပါးမြင်ကွင်းတစ်ခုပင်။
ကုအန် ကြီးမြတ်သောကျင့်ကြံသူများစွာ ထိုတိုက်ပွဲကို အမှောင်ထဲမှကြည့်ရှုနေကြသည်ကိုလည်း ခံစားမိခဲ့ပြီး ထိုသူများ၏ နတ်အာရုံများပင် တစ်ခုနှင့်တစ်ခုဖြတ်သန်းသွားမိကြသေးသည်။ ထိုအရာကြောင့် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ပုန်းနေသောကျားများနဂါးများနှင့်ပြည့်နေသော နေရာဆိုတာ သူပိုသေချာလာခဲ့သည်။
ညနေအချိန်တွင် ကုအန်နတ်အာရုံကို ပြန်ရုတ်လိုက်ပြီး နောက်ဆုံးတွင် သူ့အာရုံကို အန်းရှင်းဆီကိုသာ ပြန်ပို့လိုက်၏။
ထိုစဉ် အန်းရှင်းမျက်လုံးများဖြည်းဖြည်းချင်းပွင့်လာပြီး သူ့စိတ်ထဲ ကျင့်စဉ်နှစ်ခုက ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်။
ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်နှင့် အရာအားလုံး၏စွမ်းအင်နှင့်ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပညာရပ်!
ထိုကျင့်စဉ်များကို ကုအန်အဆင့်မြှင့်ပြီးဖြစ်သော်လည်း အန်းရှင်းအတွက်ကတော့ ထိုမျှဖြင့်ပင် တစ်သက်လုံး တွေးတောကျင့်ကြံသွားဖို့ လုံလောက်နေပြီဖြစ်သည်။
ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်သည် သူမ၏အခြေခံအုတ်မြစ်ကျင့်စဉ်ဖြစ်လာမည်ဖြစ်ကာ အရာအားလုံး၏စွမ်းအင်နှင့်ပုံသဏ္ဍာန်ကတော့ သူမစွမ်းအားကိုဖုံးကွယ်ပေးထားမည်ဖြစ်ပြီး နှစ်ခုလုံးက သူမ၏ ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်နှင့် လိုက်ဖက်ပေသည်။
အသိပြန်၀င်သွားသောအခါ သူမမျက်နှာပေါ်တွင် တုန်လှုပ်သွားသော အကြည့်တစ်ချက်ပေါ်လာခဲ့၏။
“အရမ်း…အရမ်းနက်နဲလိုက်တာ…”
အန်းရှင်း ကုအန်ကိုအလိုလိုကြည့်လိုက်မိပြီး သူမမျက်လုံးထဲတွင် အံ့အားသင့်မှုများ စိတ်ရှုပ်ထွေးမှုများ မလွယ်ကူမှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူမသတိထားဟန်ဖြင့် မေးလိုက်၏။
“ဆရာ ဒါကဆရာကျွန်မကို နောက်ဆုံးအကြိမ်တုန်းကပြောထားဖူးတဲ့အရာကြောင့်လား”
ကုအန်လက်ထဲတွင်စာအုပ်ကိုင်ထားရင်း အသာအယာခေါင်းညိတ်ပြလိုက်ကာ
“ဘယ်လိုခံစားရလဲ”
“ကောင်းတယ် ဒါပေမယ့်…”
အန်းရှင်းသူ့စိတ်ထဲရှိ မေးခွန်းကိုမေးဖို့တွန့်ဆုတ်နေကာ သူ့မေးခွန်းက ကုအန်ကိုအပြစ်ပြုမိသွားမှာလည်း ကြောက်ရွံ့နေခဲ့သည်။
အဘယ်ကြောင့် သူ့ဆရာက အရမ်းစွမ်းအားကြီးနေရပါသနည်း။
သူ့ဆရာသည် အမတတစ်ပါးပေလော။
ကုအန်ခပ်အေးအေးပြောလိုက်သည်။
“အခုကစပြီး ဆရာမင်းကိုလေ့ကျင့်ပေးသွားတယ် မင်းဒီကိစ္စကိုဘယ်သူ့ကိုမှပြောလို့တော့မရဘူး”
အကြောင်းပြချက်အချို့ကြောင့် ထိုစကားလုံးများကိုကြားလိုက်သောအခါ အန်းရှင်းနှလုံးသား တုန်ရီသွားခဲ့၏။
ဒီအသံကို အရမ်းရင်းနှီးနေတယ်…
ထိုအခိုက်တွင် သူ့နက်ရှိုင်းလှသောမှတ်ညဏ်များထဲမှ ပုံရိပ်သည် ကုအန်ပုံရိပ်နှင့် တစ်ထပ်တည်းကျသွားခဲ့လေသည်။
ဖြစ်နိုင်တာက…
မဖြစ်နိုင်တာ…
ဆရာသည် အသက်၃၀၀ကျော်သာ ရှိနေသေးခြင်းမဟုတ်ပါလော။
သူက ဘယ်လိုလုပ် အရမ်းကြောက်စရာကောင်းနေတာလဲ!
ကုအန် စာအုပ်ကိုချလိုက်ကာ အန်းရှင်းကိုကြည့်ပြီး
ပြောလိုက်သည်။
“အဓိပတိဂိုဏ်းရဲ့ကုအန်ဆိုတဲ့သရုပ်က တကယ်တော့ ဆရာ့ရဲ့ဟန်ဆောင်ထားတဲ့ သရုပ်တစ်ခုပါပဲ မင်းခန့်မှန်းတာမှန်တယ် ဆရာကသူပဲ အစကတည်းက မင်းမှာဆရာတစ်ယောက်တည်းပဲ ရှိခဲ့တာပါ”
ထိုစကားများကိုကြားသောအခါ အန်းရှင်း ချက်ချင်းထရပ်လိုက်ပြီး သူမမျက်လုံးများ အရည်လဲ့လာကာ သူမခန္ဓာကိုယ်က တုန်ရီလာခဲ့သည်။
“ဆရာ…”
သူမခံစားချက်များ၏လွှမ်းမိုးခြင်းကိုခံလိုက်ရပြီး အန်းရှင်း ကုအန်လက်မောင်းထဲပြေး၀င်သွားကာ တရှုံ့ရှုံ့ငိုလေတော့သည်။
ကုအန်အကူအညီမဲ့စွာ ပြောလိုက်၏။
“ဘာလို့ငိုနေတာလဲ မသိရင်ဆရာတို့ နှစ်ပေါင်းများစွာမတွေ့ခဲ့ရတာကျလို့ ဆရာမင်းကိုဒီနှစ်တွေထဲမှာလည်း မမျှမတမဆက်ဆံခဲ့ဘူး မဟုတ်လား”
အန်းရှင်း ကုအန်ရင်ခွင်ထဲတွင်မျက်နှာအပ်ထားကာ တရှုံ့ရှုံ့ငိုနေရင်း ပြောလိုက်သည်။
“ကျွန်မကို မမျှမတမဆက်ဆံခဲ့ပါဘူး…အဲ့တာကဒီတိုင်း…ဒီနှစ်တွေမှာ ကျွန်မအမြဲမျှော်လင့်နေခဲ့တဲ့အရာက တကယ်ဖြစ်ပျက်နေခဲ့လိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး…ကျွန်မက အရမ်းရူးတာပဲ ဘယ်လိုလုပ်ကမ္ဘာပေါ်မှာ ကျွန်မအပေါ်အရမ်းကောင်းတဲ့လူက နှစ်ယောက်ရှိနေမှာလဲ…ဆရာ ကျွန်မဆရာ့ကိုအရမ်းလွမ်းနေခဲ့တာ…”
သွေးအကျဉ်းထောင်မဟာသူတော်စင်ကတော့ စိတ်ရှုပ်ထွေးနေခဲ့၏။
သူတို့နှစ်ယောက်က အရင်ကတည်းက ဆရာတပည့်တွေလားဟ!
ကုအန်အန်းရှင်းကျောကိုပုတ်နေရင်း ပြောလိုက်သည်။
“မင်းဆရာကို လွှတ်ပါဦး အခုမင်းကကြီးပြင်းနေပြီပဲ အခြားသူတွေကို ဒီလိုပုံစံမျိုး မြင်ခိုင်းမလို့လား”
အန်းရှင်း ကုအန်ကိုလွှတ်လိုက်ကာ မြေပြင်တွင်ဒူးထောက်လိုက်ပြီး မျက်ရည်များသုတ်လိုက်ကာ သူမမျက်နှာေပါ်တွင် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့၏။
“ဆိုတော့ ဆရာကကျွန်မတို့ကို လှည့်စားခဲ့တာကိုး တကယ်လို့ စီနီယာအစ်ကိုသာ ဆရာက ကျွန်မတို့ဆရာဆိုတာသာသိသွားခဲ့ရင် ကြေကွဲသွားမှာပဲ နေပါဦး ဆရာအရင်ကတည်းက စီနီယာအစ်ကိုကြီးကို သတိထားစောင့်ကြည့်နေလို့ သူ့ကိုသိနေခဲ့တာလား”
အန်းရှင်း မျက်လုံးများပြူးကျယ်သွားကာ ပြောလိုက်ပြီး သူမပုံစံက ထုံးတမ်းစဉ်လာများထက် ပိုပြီးရင်းနှီးပုံဖြင့်ပြောဆိုလာသော်လည်း လေးစားမှုကင်းမဲ့ပုံတော့ ပေါ်မနေခဲ့ပေ။ သူမဆရာသည် သူမကို ကယ်တင်ခဲ့သူဖြစ်ပြီး သူမကိုအမတလမ်းစဉ်ပေါ်တင်ပေးခဲ့သူဖြစ်သောကြောင့် သူမအတွက်တော့ အဖေလိုလူဖြစ်ပေသည်။
သူမအဖေရှေ့တွင် ထုံးတမ်းစဉ်လာများလုပ်နေစရာ မလိုပေ။
ကုအန်ပြောလိုက်၏။
“အဲ့လိုပြောလို့ရပါတယ် ဒါပေမယ့် ဆရာတို့ဆက်ဆံရေးက အပေါ်ယံမှာတော့အရင်လိုပဲရှိနေရဦးမယ် မင်းစီနီယာအစ်ကိုကိုလည်းမပြောနဲ့”
အန်းရှင်းချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး သူမမျက်လုံးများက နီရဲနေသော်လည်း စိတ်လှုပ်ရှားနေခဲ့သည်။
ရုတ်တရက် သူသွေးအကျဉ်းထောင်မဟာသူတော်စင်ကို တစ်ချက်ကြည့်လိုက်ကာ တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။
“ဆရာ ဒါပေမယ့် သူကြားသွားတယ်…”
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ရှူးရှူးရှားရှားဖြစ်သွားခဲ့သည်။
ငါ့နောက်ကွယ်မှာ ငါ့အတင်းပြောနေတာလား!
ငါကနင်တို့တပည့်တွေထက်တောင် သခင်နဲ့ပိုနီးကပ်တဲ့ သခင့်ရဲ့အယုံကြည်ရဆုံးစီးေတာ်သားရဲကွ!
ကုအန်ပြုံးလိုက်၏။
“သူ့ကိုအထင်မသေးနဲ့ နွားသိုးမိစ္ဆာဘုရင် မင်းဇာတ်လမ်းသူမကိုပြောပြလိုက်”
ထို့နောက်တွင်တော့ သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့ဇာတ်လမ်းကိုဂုဏ်ယူစွာ ပြောပြလေတော့သည်။
တက်လှမ်းသူ!
မဟာယနအဆင့်!
ထိုအချက်နှစ်ချက်ကပင် အန်းရှင်းကိုအံ့အားသင့်သွားစေဖို့ လုံလောက်နေပြီ ဖြစ်သည်
သူကုအန်ဘက်လှည့်ကြည့်လိုက်ကာ မေးလိုက်၏။
“ဆရာ ဒါဆိုယန်ကျင်းက ကျွန်မဂျူနီယာမောင်လေးလို့ ဆိုလိုနေတာမလား အခုသူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်မှာလဲ”
အပိုင်း(၃၃၀)
ဆရာ ဆရာကတကယ်ပဲ ဘယ်အဆင့်မှာလဲ
“သူကကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ပြီးနေပြီ”
ကုအန်ဘာမှအရေးမကြီးသောကိစ္စတစ်ခုကိုပြောလိုက်သလို သာမန်အတိုင်းပြောလိုက်၏။
အန်းရှင်းကတော့ ထပ်မံအံ့အားသင့်သွားခဲ့ပြီး အံ့အားသင့်မှုကြောင့် ပွင့်အာသွားသောပါးစပ်ကိုပင် လက်ဖြင့်အုပ်လိုက်ရပြီး သူမပုံစံက ဖြစ်ရပ်မှန်ကိုလက်မခံနိုင်သောပုံ ဖြစ်သွားခဲ့သည်။
သူနှင့်အန်းဟောင်သည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တစ်ရက်တည်း စတင်လျှောက်လှမ်းခဲ့ကြသူများ ဖြစ်သောကြောင့် အန်းဟောင်၏ကျင့်ကြံခြင်းအလျင်က မည်မျှသာမန်မဟုတ်သလဲ သူမသိပေသည်။ ယန်ကျင်းဆိုသည်မှာလည်း သူမမျက်စိအောက်တွင်သာ ကြီးပြင်းလာသူဖြစ်သောကြောင့် ထိုကောင်လေး၏အလျင်ကလည်း အန်းဟောင်ထက်မနိမ့်ဘူးဟု သူမခံစားနေခဲ့ရ၏။
ထိုအရာက အတော်လေးကြမ်းလွန်းလှသည်။
ရုတ်တရက် အန်းရှင်းဘာပြောရမလဲ မသိတော့ပေ။
ကုအန်သူမကိုကြည့်ကာ ပြုံးလိုက်ပြီး
“ကောင်းကောင်းကျင့်ကြံ မင်းရှေ့နှစ်ယောက်ကို ကျော်တက်နိုင်ဖို့ ကြိုးစား”
အန်းရှင်းတွန့်ဆုတ်သွားခဲ့၏။
“ဒါပေမယ့် ကျွန်မပါရမီက…”
နောက်ဆုံးတွင် သူမသည် ကုအန်လက်အောင်တွင်ကျင့်ကြံခဲ့သူဖြစ်သော်လည်း အန်းဟောင်နှင့်ယန်ကျင်းတို့၏ မွန်းစတားဆန်မှုကိုမြင်ခဲ့ရသူဖြစ်သောကြောင့် သူမကိုယ်သူမယုံကြည်မှုမရှိ ဖြစ်နေခဲ့သည်။
“အတိတ်ကအတိတ်ပဲ ဆရာမင်းကိုဘာမှတောင် လုပ်မပေးရသေးဘူး ဘာလို့ယုံကြည်ချက်မရှိဖြစ်နေမှာလဲ မင်းစီနီယာအစ်ကိုကရော သူ့လမ်းစဉ်တစ်လျှောက်လုံး ချောမွေ့နေတယ်ထင်လို့လား ဒီနှစ်တွေထဲမှာ ဆရာသူ့ကိစ္စတွေကိုမရေတွက်နိုင်လောက်အောင် ၀င်ပါပေးခဲ့ရတာ အဲ့ဒီကောင်လေးက အမြဲဆရာ့ကိုဒုက္ခပေးရတာ ကြိုက်တဲ့ကောင်လေး”
ကုအန် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
ဘာလို့ စီနီယာအစ်ကိုကြီးကငါ့ကိုအဲ့ဒီကိစ္စပြောမပြခဲ့တာလဲ!
သေစမ်း သူငါ့ကိုတကယ်ကြီးဖုံးကွယ်ထားတာပဲ!
အန်းရှင်းအံကြိတ်လိုက်ကာ ကုအန်ကိုကြည့်ပြီး မေးလိုက်၏။
“ဒါဆို ကျွန်မမှာရော စီနီယာအစ်ကို့ကို ကျော်တက်နိုင်ဖို့အခွင့်အရေးရှိလား ဆရာ”
ကုအန်လေးလေးနက်နက်ပြောလိုက်သည်။
“ဒါက မင်းဘယ်လောက်ဆုံးဖြတ်ချက်ပြတ်သားမလဲနဲ့ ဘယ်လောက်ဆန္ဒရှိမလဲဆိုတဲ့ပေါ်မူတည်တယ် ဘယ်သူကမှ ဘယ်သူ့ထက်ပိုသန်မာရမယ်လို့ ကြိုတင်ပြီး ကံကြမ္မာကပြဌာန်းထားတာမဟုတ်ဘူး”
ထိုစကားလုံးများက အန်းရှင်းရည်မှန်းချက်များကိုတောက်လောင်လာစေခဲ့ပြီး သူမမျက်လုံးထဲတွင်ပင် စိတ်ဆန္ဒမီးတောက်များတောက်လောင်လာခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်ကတော့ စိတ်မကျေမနပ်ဖြစ်နေခဲ့၏။
ငါပြီးအောင်တောင် မကြွားရသေးဘူးလေ!
….
တတိယတောင်ကြားသို့ ပြန်ရောက်လာပြီးနောက် အန်းရှင်းခံစားချက်အလွန်ကောင်းမွန်နေပြီး လမ်းတွင်တွေ့သမျှလူတိုင်းကို လိုက်၍ နှုတ်ဆက်နေခဲ့သည်။ သူမသည် စီနီယာတပည့်တစ်ယောက်ဖြစ်သောကြောင့် တောင်ကြားရှ်ိတပည့်တိုင်းကလည်း သူမကိုအလွန်လေးစားကြ၏။
သူမချွမ်ယွဲ့ဘေးမှဖြတ်သွားသောအခါ ချွမ်ယွဲ့ပြံုးကာသူမကို မေးလိုက်သည်။
“စီနီယာအစ်မ ဘာလို့အရမ်းပျော်နေတာလဲ”
အန်းရှင်းပြုံးကာဖြေလိုက်၏။
“ဘာလို့လဲဆိုတော့ ဒီညလရောင်ကအရမ်းလှနေလို့ပေါ့”
ချွမ်ယွဲ့ပဟေဠိဖြစ်သွားခဲ့ပြီး အန်းရှင်းကတော့ ရှင်းမပြဘဲထိုအစား သူ့ကိုသာဖြတ်၍ ဆက်သွားခဲ့သည်။
အိမ်ထဲတွင် ကုအန် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကိုထုတ်၍ ဖတ်နေစဉ် ခဏကြာသောအခါ ကျိရှောင်ယု အပေါ်ထပ်သို့တက်လာခဲ့၏။
“ဒီနေ့အစ်ကိုတို့နှစ်ယောက် ဘယ်သွားကြတာလဲ” ကျိရှောင်ယု သူ့ကိုစိုက်ကြည့်ကာ မေးလိုက်သည်။
ကုအန်ဖြေလိုက်၏။
“အစ်ကိုတို့ ကျင့်ကြံခြင်းအတွက်သွားကြတာပါ”
“တကယ်လား အစ်ကိုသူ့ကိုဘာသင်ပေးနိုင်လို့လဲ”
“ကောင်းပြီလေ အစ်ကိုက ယန်ကျင်းကိုလည်းကောင်းကောင်းသင်ပေးနိုင်ခဲ့တယ်မဟုတ်လား ညီမလေးစောင့်သာကြည့်နေပါ ယန်ကျင်းကတစ်နေ့မှာ သူ့နာမည်ကိုတည်ဆောက်ပြီး ဒီကမ္ဘာကြီးကို ကိုင်လှုပ်ပစ်လိမ့်မယ်”
ကျိရှောင်ယုမျက်ခုံးပင့်လိုက်ကာ တခဏတိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။
“အစ်ကိုက ဆရာသခင်ဓားအရှင်တော့ မဟုတ်ဘူးမလား”
ကုအန်မျက်နှာရုတ်ချည်းပြောင်းလဲသွားကာ အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။
“ညီမလေးဘယ်လိုသိလဲ”
“တကယ်ကြီးလား”
“အမှန်အတိုင်းပြောရရင် တကယ်တော့အစ်ကိုက ဆရာသခင်ဓားအရှင်ရဲ့ တပည့်တစ်ယောက်ပါ!”
“ဟီးး”
“ဘာလဲ အစ်ကို့ကိုမယုံဘူးလား ဟုတ်ပြီလေ ဒါဆိုလည်း အစ်ကိုကဆရာသခင်ဓားအရှင်ပဲ”
ကျိရှောင်ယု ကုအန်ကိုမျက်လုံးလှန်ကြည့်လိုက်ကာ ပြောလိုက်သည်။
“အစ်ကိုက အမြဲအဓိပ္ပာယ်မရှိတာတွေပဲ ပြောနေတော့တာပဲ ညီမလေးအစ်ကို့လျှို့ဝှက်ချက်တွေကိုမေးတိုင်း အစ်ကိုကရှောင်ပြေးနေတယ် ဒါပေမယ့် ညီမလေးကတော့ အစ်ကို့ကို ညီမလေးကိစ္စမှန်သမျှဝေမျှပေးရတယ်”
ထိုအချိန်တွင် သူမလေသံက ၀မ်းနည်းနေသည့်လေသံပါပေါက်နေခဲ့သည်။
ကုအန်အကူအညီမဲ့စွာ ဖြေလိုက်၏။
“အစ်ကို့ချစ်ရတဲ့ ညီမလေးရယ် အစ်ကိုလည်းညီမလေးကိစ္စတွေကို သိချင်ပါတယ်ကွ ဒါပေမယ့် ညီမလေး ညီမလေးကိစ္စတွေကိုပြောပြတိုင်းအစ်ကို့မှာ ဘယ်နေ့စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်က အစ်ကိုတို့အိမ်တံခါးကိုလာခေါက်မလဲဆိုပြီး ကြောက်ကြောက်နဲ့ နားထောင်ရတာ အစ်ကိုကသေမှာကြောက်လို့မဟုတ်ပါဘူး ဒါပေမယ့်လည်း သူတို့ကအစ်ကို့ကိုညှင်းပန်းနှိပ်စက်လို့
တကယ်လို့အစ်ကိုက ၀န်ခံလိုက်ရင်တောင် သူတို့ကအစ်ကိုဘာပြောပြော ယုံချင်မှယုံမှာလေ…”
ကုအန်ပြောလိုက်သောအခါ ကျိရှောင်ယုမျက်နှာပေါ်တွင် နောင်တရသွားသောအကြည့်တစ်ချက်ပေါ်လာခဲ့၏။
ကုအန်ဘက်မှကြည့်ပြန်လျှင်လည်း သူမထိုကဲ့သို့ပြောနေသည်များက သူ့အတွက်အတော်လေး ဖိအားရှိနေပုံပင်။
ကုအန်ပြောပြီးသောအခါ ကျိရှောင်ယု
မေးလိုက်သည်။
“ညီမလေး အစ်ကို့ကိုပြောနေတာတွေကို ရပ်လိုက်သင့်လား”
“တကယ်လား”
“မဟုတ်ဘူး ညီမလေးကတော့ဆက်ပြောနေဦးမှာပဲ အစ်ကိုကြီးကတစ်သက်မှာတစ်ခါပဲသေရမှာလေ နောက်ပြီး ညီမလေးဒါကိုပြောနေတယ်ဆိုတာ ဒီတိုင်းပြောချင်လို့ပြောနေတာမှမဟုတ်ဘဲ”
ပြောပြီးသည်နှင့် ကျိရှောင်ယု လှည့်ထွက်သွားခဲ့လေသည်။
ကုအန်ကတော့ရယ်မောလိုက်မိပြီး ဒီကောင်မလေးစရိုက်က ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။
ထို့နောက်တွင်တော့ သူအစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကို ပြန်ကိုင်လိုက်ပြီး ဆက်ဖတ်နေခဲ့သည်။
လတ်တလောတွင် ရွှမ်ထျန်းယီကစာအုပ်အသစ်မထုတ်သောကြောင့် ကုအန်အတော်လေးပျင်းရိနေပြီး မကျေမနပ်လည်းဖြစ်နေခဲ့သည်။
သူ့ကို ပုခုံးတစ်ချက်လောက်သွားပုတ်လိုက်ရမလား!
မေ့လိုက်ပါတော့ ဒါကငါ့ဂုဏ်သိက္ခာကိုထိခိုက်စေလိမ့်မယ်!
ရှန်းကျန်သူတို့စာပေလောကထဲပြန်လာလျှင်လည်းမဆိုးလှပေ။သူမတွင်လည်း ရွှမ်ထျန်းယီကိုကျော်တက်နိုင်လောက်မည့် ပါရမီမျိုး ရှိပေသည်။
…..
ကောင်းကင်အောက်ရှိ တိမ်ဖြူဖြူများထက်မှ အမြင့်တစ်နေရာတွင် ကုအန်သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းထားပြီး အန်းရှင်းကတော့ သူ့ဘေးတွင်မတ်တပ်ရပ်နေခဲ့သည်။
အန်းရှင်းသည် တစ်ကိုယ်လုံးဖြူစွတ်နေသော အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားကာ သူ့မျက်နှာတွင် ကျောက်စိမ်းမျက်နှာဖုံးတစ်ခုတပ်ထားပြီး ထိုအခိုက်တွင် သူမကျောက်စိမ်းမျက်နှာဖုံးကို ဂရုစိုက်နေခဲ့၏။
“ဆရာ ကျွန်မတို့ဘယ်သွားနေတာလဲ” အန်းရှင်း ကုအန်ဘက်လှည့်ကာ မေးလိုက်သည်။
“မင်းဆရာရဲ့ နောက်ထပ်ဂိုဏ်းခွဲတစ်ခုကို” ကုအန်ဖြေလိုက်၏။
ထိုစကားကိုကြားသောအခါ အန်းရှင်းစိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။
“ဆရာ ဆရာကတကယ်ပဲဘယ်အဆင့်မှာလဲ စီနီယာလက်ကိုးချောင်းနတ်အရှင်တောင် ဆရာ့အယောင်ဆောင်ထားမှုကို ဖောက်မမြင်နိုင်ခဲ့ဘူး”
“ဆရာက လက်ကိုးချောင်းနတ်အရှင် ဒြပ်ငါးမျိုးခိုးယူသူနှင့် ရှန်ရှင်းကျိတို့ထက် နည်းနည်းလေးပိုမြင့်တယ်”
ကုအန်မပြောလိုသည်ကိုတွေ့သောအခါ အန်းရှင်းလည်း ဆက်မမေးတော့ဘဲ သူတို့ခရီးစဉ်ပန်းတိုင်အကြောင်းသာ စိတ်၀င်စားနေခဲ့၏။
ထို့နောက် ပင်လယ်လေအေးတစ်ချက်သူ့ရှေ့မှ ဖြတ်တိုက်သွားပြီး အန်းရှင်းခေါင်းလှည့်ကြည့်လိုက်ရာ ရုတ်ချည်းဆိုသလို သူ့မျက်နှာပြောင်းလဲသွားခဲ့ရသည်။
သူမအမြင်အာရုံထဲသို့ မိုးထိအောင်မြင့်သော တောင်မတ်ကြီးများတစ်လုံးပြီးတစ်လုံး၀င်လာသောကြောင့် သူမအံ့ဩတုန်လှုပ်နေခဲ့ရ၏။
ကုအန်ကတော့ အန်းရှင်းကိုတစ်ချက်ကြည့်လိုက်ပြီး တစ်မျိုးတစ်မည်ခံစားလိုက်ရသည်။
သူဘယ်သူလဲဆိုတာသိသွားပြီးကတည်းက အန်းရှင်းသည် အရင်နှင့်မတူညီတော့သောလူတစ်ယောက်လိုပြောင်းလဲသွားပြီး သူမ၏ငယ်ဘ၀သို့ ပြန်ရောက်သွားသလို တက်ကြွလန်းဆန်းနေခဲ့သည်။
ဤအရာက သူမသည် ကုအန်ကို အစစ်အမှန်မိသားစု၀င်တစ်ယောက်အဖြစ်သတ်မှတ်ထားမှန်း ညွှန်ပြနေခဲ့၏။
မိဘများရှေ့တွင်ဆိုလျှင် ကလေးများသည် စိတ်ရှိတိုင်းပြောဆိုပြုမူတတ်ကြပြီး မိဘများမရှိသောအခါတွင်တော့ သူတို့သည် မည်ကဲ့သို့ပြောဆိုပြုမူရမလဲဆိုတာ သင်ကြားကြရပေသည်။
အန်းရှင်းလည်း ထိုသို့သာဖြစ်ပြီး ကုအန်ကတော့ ဤမြင်ကွင်းကိုကြည့်ကာ ပျော်ရွှင်နေခဲ့၏။ နောက်ဆုံးတွင် အန်းရှင်းကြီးပြင်းလာမှုကို နှစ်ပေါင်းများစွာကြာသည်ထိ ကုအန်တစ်ချိန်ကုန်စောင့်ကြည့်နေခဲ့ရပြီး သူ့နှလုံးသားထဲတွင် အန်းရှင်းက သူ့သမီးတစ်ယောက်နှင့် မခြားလှပေ။
“မင်းကိုကြည့်ပါဦး ဘာမှမမြင်ဖူး မတွေ့ဖူးတဲ့ပုံလုပ်နေတယ် ဒါကသေမျိုးတောင်ထွတ်လို့ခေါ်တယ် သခင်ကဒီနေရာမှာ ဒင်ထျန်းတောင်ထွတ်သခင်ပဲ!” သွေးအကျဉ်းထောင်မဟာသူတော်စင် သူကိုယ်တိုင်က ဒင်ထျန်းတောင်ထွတ်သခင်ဖြစ်နေသလို မာနကြီးစွာ ပြောလိုက်လေသည်။
အန်းရှင်း အံ့အားသင့်သွားပြီး ပြောလိုက်၏။
“ဒင်ထျန်းတောင်ထွတ်လား ကျွန်မအဲ့တာကိုကြားဖူးတယ် အရင်ကစီနီယာလုက ဒီကို၀မ်လိညီလာခံ လာတက်ရောက်ဖူးသေးတယ်လေ…ဆိုတော့ အဲ့လိုကိုး အံ့ဩစရာမရှိတော့ပါဘူး ဆရာ စီနီယာလုသာ ဆရာကသူ့ကိုလျှို့ဝှက်ပြီး ဂရုစိုက်ပေးခဲ့တာကိုသိရင် သူ့ရဲ့ဆရာ့အပေါ်စွဲလန်းမှုမျိုးနဲ့ဆို ဆရာနဲ့အမြဲအတူနေသွားရဖို့ ချက်ချင်းရောက်လာပြီး ကတိတောင်းမှာ သေချာတယ်”
ကုအန်၏ချောမောလှသောမျက်နှာ နီမြန်းသွားကာ လုပ်ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်သည်။
“ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ မင်းလိုမိန်းမငယ်လေးကဘယ်လိုဖြစ်လို့ ဒီလိုစကားလုံးမျိုးတွေ ပြောနိုင်ရတာလဲ မင်းဆရာက ဘယ်တော့မှ သူနဲ့တာအိုလက်တွဲဖော်ဖြစ်လာမှာမဟုတ်ဘူး”
“ဆိုတော့ သူကမထိုက်တန်လို့လား” သွေးအကျဉ်းထောင်မဟာသူတော်စင် မကျေမချမ်း၀င်ပြောလိုက်၏။ သူ့ကိုအမြဲငတုံးနွားဟုခေါ်သော ထိုတက်လှမ်းသူအပေါ် သူလုံး၀ ကျေနပ်နေခြင်းမရှိပေ။
အန်းရှင်းပါးစပ်ကိုလက်ဖြင့်အုပ်၍ တခစ်ခစ်ရယ်မောလိုက်ကာ ပြောလိုက်သည်။
“နောက်ဆုံးတော့ အဲ့ဒီအမျိုးသမီးတွေကို ဆရာဘာလို့အမြဲငြင်းနေလဲဆိုတာကျွန်မနားလည်သွားပြီ သူတို့က ဆရာ့ကိုဆွဲချဖို့ပဲ ရှိတာကိုး”
သူမ သူမဆရာကိုလေးစားအားကျမိသွားခဲ့သည်။ သူမဆရာသည် အမြဲပေးသာပေးတတ်ပြီး ဘာကိုမှပြန်ရဖို့ မမျှော်လင့်တတ်သူဖြစ်ပေသည်။ ထိုကဲ့သို့သော သူမဆရာ၏ ဆွဲဆောင်မှုကိုထိုအမျိုးသမီးများ မည်သို့တောင့်ခံနိုင်ကြပါမည်နည်း။
ထို့အပြင် ဆရာသခင်ဓားအရှင်က သာမန်တောင်ကြားသခင်လေးတစ်ယောက်ဖြစ်နေမည်ဟုလည်း ဘယ်သူကမှထင်ထားမည် မဟုတ်ပေ။
ဆရာက အမှန်တကယ် စိတ်ရှည်လွန်းလှပေသည်။
အန်းရှင်းလည်း စိတ်ထဲတွင် သူမဆရာလို ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာချင်စိတ်များ ပေါ်လာခဲ့ရသည်။ သေမျိုးများအလယ်တွင် ကမ္ဘာကြီး၏ အပြောင်းအလဲများကို ပြုံး၍ကြည့်နေရခြင်းမှာ အတော်ကောင်းသောခံစားချက် ဖြစ်၏။
အကယ်၍ သူမသာ သူမစီနီယာအစ်ကိုနှင့်ဂျူနီယာမောင်လေးတို့ကို ကျော်တက်သွားနိုင်လျှင်လည်း သူမကျင့်ကြံခြင်းကိုဖုံးထားကာ ထိုနှစ်ယောက်အချင်းချင်းတိုက်ခိုက်နေကြသည်ကိုသာ ပြုံး၍ ကြည့်နေမည် ဖြစ်သည်။
တွေးကြည့်ရုံနှင့်ပင် အန်းရှင်း စိတ်လှုပ်ရှားလာခဲ့မိ၏။
ထိုအခိုက်တွင် ကျယ်ပြန့်လှသောအရှိန်အဝါကြီးတစ်ခုဆင်းသက်လာခဲ့ပြီး သူမရှေ့ကတိမ်ပင်လယ်ကြီးပြန့်ကြဲသွားကာ သူမဆံပင်များလည်း လေနှင့်လွင့်သွားခဲ့ရသည်။ သူမမော့ကြည့်လိုက်သောအခါ မျက်လုံးများပြူးကျယ်သွားခဲ့ရ၏။
သူမရှေ့တွင်ရှိနေသည်မှာ တိမ်တိုက်များကိုဖြတ်ကာ မိုးထိအောင်မြင့်သော အစိမ်းရောင်တောင်ကြီးတစ်လုံးဖြစ်ပြီး ထိုတောင်ကြီးက ပတ်ပတ်လည်ရှိတောင်များအားလုံးထက် သိသိသာသာမြင့်နေခဲ့သည်။
ကုအန်ကတော့ အမူအရာမဲ့စွာသာရှိနေပြီး သူဒီနေ့ဤနေရာသို့ ရောက်လာရသည့် အကြောင်းပြချက်မှာလည်း ဤပစ္စည်းကြောင့်သာ ဖြစ်သည်။
ထိုပစ္စည်းမှာ သေမျိူးတောင်ထွတ်ကမ္ဘာပိုင်သော အထွတ်အထိပ်အမတရတနာတစ်ခုသာ ဖြစ်၏။