← Chapters

အရောင်တင်ခံလိုက်ရတဲ့ ကျောက်သား

Vol. 4 Ch. 387

အရောင်တင်ခံလိုက်ရတဲ့ ကျောက်သား

Vol. 4 Ch. 387

ဆန်းလျန်မှာ ကျောက်ရှောင်ယွီ၏ ဒဏ်ရာ သက်သာစေရန် သူ၏ မူလဝိညာဉ် ခန္ဓာမှ ဒြပ်စင်စွမ်းအား ငါးမျိုးကို ကျောက်ရှောင်ယွီ၏ ကိုယ်တွင်းသို့ ထည့်သွင်း ပေးနေသည့် အတွက် ကျောက်ရှောင်ယွီ၏ နတ်ဘုရားခန္ဓာတွင် အပြောင်းအလဲ ဖြစ်သွားသည်ကို သတိထားလိုက် မိလေသည်။

ဝမ်ရှီတောက်သည် တရားအလင်း သိမြင်ခြင်းကျမ်းကို ကျောက်ရှောင်ယွီ အတွက် အဓိကထား ဆွေးနွေးပေးခဲ့ခြင်း ဖြစ်လေသည်။ တရားအလင်း သိမြင်ခြင်း ကျမ်းစာသည် ကျောက်ရှောင်ယွီ ရရှိထားသည့် ဒဏ်ရာ အရင်းအမြစ်အထိ ရောက်ရှိသွားပြီး မူလဝိညာဉ်ခန္ဓာ၊ နတ်ဘုရား ဖြစ်ခြင်းနှင့် ရှန်ဝါဒများ အကြောင်းကို အသေးစိတ် နားလည် သွားစေလေသည်။

ဝမ်ရှီတောက်က သွယ်ဝိုက်သော နည်းလမ်းဖြင့် ကျောက်ရှောင်ယွီ၏ ဒဏ်ရာကို ကုသပေးသည်ကို သိသည့်တိုင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ တိတ်တဆိတ်ပင် နေခဲ့ကြလေသည်။

ဝမ်ရှီတောက်၏ တရား ဆွေးနွေးမှုပြီးသည်နှင့် ဆွေဟန်သုံးဖော်မှ တရားဆွေးနွေးခြင်းကို ဆက်လက် ပြုလုပ်ကြသည်။ လူတစ်ယောက်၏ ကျင့်စဉ်လမ်း အတွေ့အကြုံသည် နိမ့်ကျသည် ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ အားလုံးက လေးလေးစားစားဖြင့် နားထောင်ကြလေသည်။ အချို့သော သဘောတရားများက နားလည်ထားပြီးသား ဖြစ်သော်လည်း အခြားသူများ၏ ကွဲပြား ခြားနားသော အမြင်ကို သိမြင်ရသည်မှာလည်း ကောင်းသည့် အချက်ပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် တာအိုဆရာများသည် တစ်ယောက်နှင့် တစ်ယောက် အတွေ့အကြုံ ဖလှယ်ကြခြင်း ဖြစ်လေသည်။

ဧည့်သည်များက တာအိုတရား ဆွေးနွေးမှုကို ပြုလုပ်ကြပြီး နောက်ဆုံးတွင် ကျောက်ရှောင်ယွီ အလှည့်သို့ ရောက်ရှိ လာလေသည်။ ဧည့်သည်များက သူမကို စိတ်ဝင်စား နေကြလေသည်။ လော်ဝါဒ၏ သူတော်စင် မိန်းမပျိုသည် မည်သို့သော တာအိုတရားမျိုးကို ဆွေးနွေးမှာပါလိမ့်။

ကျောက်ရှောင်ယွီက သူမ၏ လှပသည့် မျက်ဝန်းများဖြင့် ဧည့်သည်များကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ငှက်ကလေးများ တေးသီကျူးသည့် အလား သာယာသည့် အသံဖြင့် တာအိုတရားကို စတင် ပြောကြားလေသည်။

သူမက ဝမ်ကျီတောက် ပြောကြားခဲ့သည့် တရားအလင်း သိမြင်ခြင်း ကျမ်းစားကို သူမ၏ ရှုထောင့် အမြင်ဖြင့် ပြန်လည် ပြောကြားခြင်း ဖြစ်လေသည်။

ဧည့်သည့်များသည် သူမကို အလွန်အံ့သြစွာဖြင့် ငေးမော ကြည့်နေ မိကြလေတော့သည်။

သူမ၏ ကြည့်မဝနိုင်လွန်းသည့် လှပမှုကြောင့် ငေးမော ကြည့်နေမိကြခြင်း သာမက သူမက တရားအလင်း သိမြင်ခြင်း ကျမ်းစာကို ဖန်ဆင်းရှင် တည်ရှိမှုဘက်တွင် အမြင်ပြောင်းကာ ပြန်လည် ဖွင့်ဆို ပြောကြားခြင်း ဖြစ်လေသည်။

သူမက တရားအလင်း သိမြင်ခြင်း ကျမ်းစာကို ကြာပန်း ကိုးပွင့်ကျင့်စဉ် ကျမ်းနှင့် ပေါင်းစပ်လိုက်သည့် အခါ နားထောင်သူများကို အမြင်သစ်တစ်ခု ဖြစ်ပေါ်စေလေသည်။ သူမက စကြဝဠာ၏ ကျယ်ပြန့်မှုနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင် အကြောင်းကို ထည့်သွင်း ပြောဆိုခဲ့သည်။

သူမ၏ ဟောပြောချက်များသည် နားထောင်သူ အားလုံး၏ စိတ်ထဲတွင် ချက်ချင်းပင် စွဲထင် သွားခဲ့လေသည်။

သူမ၏ တာအိုတရားသံ အဆုံးသတ် သွားသည်နှင့် ဧည့်သည်အားလုံးက သူမကို မတ်တတ်ရပ်ကာ ဂုဏ်ပြု လိုက်ကြလေသည်။

ဝမ်ရှီတောက်၏ တရားအလင်း သိမြင်ခြင်း ကျမ်းစာကို သူမက အချိန်တိုလေး အတွင်းမှာပင် တစ်လုံးမကျန် အကုန် နားလည် သွားခဲ့သည်ကို ဧည့်သည်များက အံ့သြနေကြလေသည်။

ဆန်းလျန်သည် လူငယ် ကျင့်ကြံသူ မျိုးဆက်တွင် အခြားသူများထက် ထွန်းလင်းခဲ့သူ တစ်ယောက် ဖြစ်သလို ကျောက်ရှောင်ယွီသည်လည်း ကြာပန်းကိုးပွင့် ကျောင်းတော်၏ သမိုင်းကြောင်း တစ်လျှောက်လုံးတွင် အထင်ရှားဆုံး နတ်ဘုရား မိန်းမပျို ဖြစ်ကြောင်း အားလုံးက လက်ခံခဲ့ကြလေပြီ။

ကျောက်ရှောင်ယွီပင်လျှင် ထိုမျှတော်နေလျှင် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဆန်းလျန်သည် မည်မျှ တော်လိုက်ပါမည်နည်။

ထိုအတွေးက ဧည့်သည်များကို ပိုပြီး စိတ်လှုပ်ရှား စေလေသည်။

ဆန်းလျန်က ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းကို ဆွေးနွေး လေမည်လား၊ သိချင် နေမိကြလေသည်။

ဧည့်သည်များမှာ အလွန် စိတ်လှုပ်ရှား နေကြသည့်တိုင် မျက်နှာများကတော့ တည်ငြိမ် နေကြဆဲ ဖြစ်လေသည်။ ဆွေဟန် သုံးဖော်သာလျှင်  ဟန်မဆောင်နိုင်ဘဲ သိလိုစိတ် ပြင်းပြစွာဖြင့် ဆန်းလျန်ကို လှမ်းကြည့် နေကြလေသည်။

ဝမ်ရှီတောက်သည် သူ၏မေးစေ့ထက်ရှိ မုတ်ဆိတ်များကို အသာအယာ ပွတ်သပ်ရင်း ပြုံးနေလေသည်။

သူ၏ ဂိုဏ်းတူညီလေး ဖြစ်သူ စုန့်ချင်းယီထံမှ ဆန်းလျန်၏ အကြောင်းများကို သူက ကြားဖူးထားပြီးသား ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ တာအိုတရားသံ ပျောက်ကွယ် သွားသည်နှင့်-

ဆန်းလျန်၏ တာအိုတရားသံက ထွက်ပေါ် လာလေသည်။

တောင်ပေါ်ရှိ ရှေးဟောင်း ခေါင်းလောင်းကြီးတစ်ခုကို ကြေးနီတူဖြင့် ရိုက်ခတ်လိုက်သည့် အလား ဆန်းလျန်၏ အသံသည် မိုးနှင့်မြေတွင် ပဲ့တင်ထပ်သွားပြီး ပဲ့တင်သံများသည် တေးသံသာအလား ကြားရသူတိုင်း၏ စိတ်ကို အေးချမ်းစေလေ၏။

ဆန်းလျန်ပြောသည့် စကားလုံးတိုင်းသည် လူတိုင်း၏ စိတ်နှလုံးကို ဖမ်းစားနိုင်လွန်းပြီး တစ်ချိန်တည်းမှာပင် အိပ်မက်ကမ္ဘာ တစ်ခုအတွင်းသို့ ရောက်နေသည့် အလား ခံစားကြရလေသည်။ ဆန်းလျန်က ရူပဗေဒ သဘောတရားများနှင့် စကြဝဠာ၏ ကျယ်ပြန့်မှုများကို မျှဝေခဲ့သည်။

ထို့နောက်တွင်တော့…

ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်လည်နေသော နွေးထွေးမှုကို ရောင်ပြန် ဟပ်စေသည့် နေရောင်ခြည် တစ်စသည် တောက်ပလာလေသည်။

လရောင်ကဲ့သို့ ကြည်လင်သည့် ရေစင်သည် စကြဝဠာ တစ်ခုလုံးကို စိုစွတ်စေပြီး လေနုအေးသည် လောက တစ်ခုလုံးကို အေးမြသွားအောင် တိုက်ခတ် လာလေသည်။

သတ္တဝါများ သန္ဓေတည် မွေးဖွား ကြီးပြင်းလာသကဲ့သို့ စကြဝဠာသည်လည်း သန္ဓေတည် မွေးဖွား ကြီးပြင်း လာလေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအား ပြသမှုများထဲတွင် မည်သည့် ရင်သပ် ရှုမောဖွယ် ရောင်ခြည်များနှင့် ထူးဆန်းသည့် စွမ်းအားများ ပါဝင်ခြင်းမရှိပါ။ အားလုံးသည် သဘာဝတရား အတိုင်းသာ ဖြစ်လေသည်။

မိုးကောင်းကင်မှာ သတ္တုဒြပ်စင် ဖြစ်လေသည်။ မြေကြီးမှာ မြေဒြပ်စင် ဖြစ်ပြီး နေရောင်ခြည်မှာ မီးဒြပ်စင် ဖြစ်လေသည်။ စကြဝဠာ တစ်ခုလုံးကို စိုစွတ်စေသည့် လရောင်ကဲ့သို့ ရေစင်က ရေဒြပ်စင်ဖြစ်ပြီး သစ်ပင်များကို ရှင်သန်စေသည့် လေနုအေးက သစ်သားဒြပ်စင် ဖြစ်လေသည်။

သတ္တဝါများ သန္ဓေတည် မွေးဖွား ဖြစ်တည်ခြင်းမှ စပြီး စကြဝဠာ ဖြစ်တည် ဖွဲ့စည်းခြင်းအထိ ဒြပ်စင်စွမ်းအား ငါးမျိုးဖြင့် ပတ်သက် ဆက်နွှယ်ကာ မွေးဖွားဖြစ်တည် လာခဲ့သည်ကို တွေ့မြင်ရလေသည်။

ဆန်းလျန်သည် စကားတစ်လုံးမှ မပြောဘဲ ဒြပ်စင်စွမ်းအား ငါးမျိုးနှင့် ဖြစ်တည်ခြင်း တရားကို ဆက်စပ် ပြခဲ့လေသည်။

ဧည့်သည်များစွာမှာ ဆန်းလျန်၏ သရုပ်ဖော်ပြချက်မှ တစ်ဆင့် တရားအလင်းများစွာ ရခဲ့ကြလေသည်။

ရောင့်ရဲခြင်း ဝတ်ကျောင်းတော်သည် ကောင်းကင် တံခါး ရေလက်ကြား အနားတွင် တည်ရှိပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းမှာ မတူညီသော နယ်ပယ်နှစ်ခု ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ သဟဇာတ ဖြစ်စေသည့် ဒြပ်စင်စွမ်းအား တာအိုတရားသည် ထိုမတူညီသည့် အတွင်းနှင့် အပြင်ကို တံတားတစ်စင်း အလား ဆက်စပ် ပေးလိုက်လေသည်။

ဝတ်ကျောင်းတော် အပြင်ဘက်မှ မြစ်ရေစီးဆင်းသံကို အားလုံး ကြားလိုက်ကြရလေသည်။ ဆန်းလျန်၏ တာအိုတရားကို မြစ်ရေက လှိုင်းတံပိုးများ ရိုက်ခတ်ကာ ဝမ်းမြောက်ဝမ်းသာ ထောက်ခံ နေလေသည်။

ရောင့်ရဲခြင်း ဝတ်ကျောင်းတော် ခေါင်မိုးထိပ်တွင် တိမ်တိုက်များ စုဝေးလာကြပြီး ငှက်တို့သည် ကခုန်လျှက်ရှိကြလေသည်။

ရောင့်ရဲသော ဗိမာန်၏ ထိပ်တွင် တိမ်များစုဝေးကြပြီး၊ ငှက်တို့သည် ကခုန်လျက် သားရဲသည် မြည်တမ်းလျက် နေ၏။

ဝတ်ကျောင်းတော်၏ အိမ်ရှင်မှာ ဝမ်ရှီတောက် ဖြစ်လေသည်။

သို့သော် ဝတ်ကျောင်းတော် အတွင်းတွင် တင်ပျဉ်ခွေ ထိုင်နေသော ဆန်းလျန်၏ ခမ်းနားမှုသည် ဝမ်ရှီတောက်ကို ကျော်လွန် သွားလေသည်။

ဆန်းလျန် ပုံဖော်ပြသသည့် တာအိုတရား ပြီးဆုံးသွားသည်နှင့် ဆန်းလျန်က အားလုံးကို ပြုံးပြ လိုက်လေသည်။

ထို့နောက် ကျောက်ရှောင်ယွီ၏ လက်ကိုကိုင်ကာ မည်သူ့ကိုမှ စောင်းငဲ့ မကြည့်တော့ဘဲ ဝတ်ကျောင်းတော် အတွင်းမှ ထွက်ခွာ သွားလေတော့သည်။

သို့သော်… ဆန်းလျန်၏ အမူအရာသည် မောက်မာလွန်းသည်ဟု သူတို့ မခံစားကြရပါ။ ဆန်းလျန်သည် အလွန်မြင့်မြတ်သည့် နတ်ဘုရား တစ်ပါးအဖြစ် သူတို့အားလုံး အသိအမှတ် ပြုလိုက် ကြလေသည်။

ဧည့်သည်များ အားလုံးသည် ငြိမ်သက် တိတ်ဆိတ်ပြီး ဆန်းလျန်၏ တာအိုတရားကို အချိန်ကြာမြင့်စွာ တွေးတော ကြံဆ နေကြလေသည်။

တဖြည်းဖြည်း ပတ်ဝန်းကျင်မှ အသံများ ငြိမ်သက် တိတ်ဆိတ် လာလေသည်။

မြစ်ရေစီးသံလည် ငြိမ်သက်သွားပြီ ဖြစ်သလို ငှက်များလည်း တေးဆိုခြင်း မရှိကြတော့ပေ။

ဝမ်ရှီတောက်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"ပြင်ပက ဝေဖန်မှုတွေကို လက်ခံခြင်းအားဖြင့် လူတွေက ကိုယ့်ကိုယ်ကိုယ် အရောင်တင်နိုင်သတဲ့၊ အခုတော့ ကျုပ်ကိုယ်ကျုပ် အရောင်တင် ခံလိုက်ရတဲ့ ကျောက်သားလို ခံစားလိုက်ရပြီ"

ဧည့်သည်များက ဝမ်ရှီတောက်၏ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည့် စကားကို ကြားရသည့် အတွက် ရယ်မော လိုက်ကြသည်။

"ခင်ဗျားက ကျောက်သားဆိုရင် ကျုပ်တို့က မြေကြီးတွေပေါ့ဗျာ"

သူတို့က ပြောလိုက်ကြသည်။

ဝတ်ကျောင်းတော်ထဲတွင် ရယ်မောသံများ ဖုံးလွှမ်း သွားလေသည်။

"ဒီနေ့ တာအိုတရား ဆွေးနွေးမှုတွေကို နောက်မျိုးဆက်တွေကို လွှဲပြောင်း ပေးသင့်တယ်၊ တာအို ရောင်းရင်းဝမ်၊ ဒီနေ့ ဆွေးနွေးပွဲလေးကို နိဂုံး ချုပ်ပေးပါဦးဗျာ"

ဆရာကျင့်ဟယ်က ပြောလိုက်လေသည်။

ဧည့်သည်များက ဆရာကျင့်ဟယ်၏ အကြံပြုချက်ကို ထောက်ခံ လိုက်ကြလေသည်။

"ဟုတ်တယ်ဗျ…"

ဝမ်ရှီတောက်က ပြုံးလိုက်ရင်း…

"ကျင့်ဟယ်၊ မင်းက ကျုပ်ကို ထပ်ပြီး အရှက်ခွဲဦး မလို့လား"

သို့သော် … သူက လက်ချောင်းများကို စုတ်တံသဖွယ် အသုံးပြုကာ လေထဲတွင် စာလုံးများကို အံ့သြဖွယ်ရာ ရေးသား လိုက်လေသည်။

သူရေးနေသည့် စာများကို ဧည့်သည် ကျင့်ကြံသူ အချို့က လိုက်လံ ရွတ်ဆို ကြည့်ကြလေသည်။

"ဒီနေ့ ခွဲခွာပြီးတာနဲ့ သူ့ဘဝနဲပ သေခြင်းရှင်ခြင်း အကြောင်းကို ဘယ်သူမှ မသိနိုင်ပါဘူး၊ သို့သော် ခမ်းနား ထည်ဝါသည့် တာအိုတရားကြောင့် ကျွန်ုပ်သည် ကျန်ရှိသည့် လက်ကျန် သက်တမ်း တစ်ခုလုံး နှစ်သိမ်းနေနိုင်ရန် လုံလောက်ပေသည်"

ထို့နောက် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းသည် နောက်အနှစ်တစ်ရာ တံခါးပိတ်တော့မည်ဟု ဝမ်ရှီတောက်က ကြေညာလိုက်လေသည်။

မည်သူ့ကိုမှ ဝင်ခွင့်ပြုတော့မည် မဟုတ်သလို မည်သူ့ကိုမှလည်း အပြင်သို့ ထွက်ခွင့်ပြုမည် မဟုတ်ပေ။

လာမည့် လင်ထိုင်တာအို ပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ဝင်ခွင့် လက်မှတ်ကို ယူဆောင် လာသည့် တပည့်တစ်ဦးကိုသာ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း အပြင်ဘက်သို့ စေလွှတ်မည် ဖြစ်လေသည်။

ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း တံခါးပိတ်သွားပြီ ဖြစ်သည့်အတွက် ဝမ်ရှီတောက်နှင့် တာအိုကျင့်ကြံသူ ဧည့်သည်များမှာ နောက်ထပ် တွေ့ဆုံနိုင်ပါမည်လား ဆိုသည်ကိုတော့ မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

***

All Chapters