← Chapters

အခန်း (၅၁၁-၅၁၂)

Vol. 37 Ch. 511-512

အခန်း (၅၁၁-၅၁၂)

Vol. 37 Ch. 511-512

အပိုင်း(၅၁၁)

"စကားများနေတာ တော်စမ်း... မိစ္ဆာနတ်ဘုရား..."

ဇာ့ဖ်ကီယယ်သည် သူ၏ ကြောက်ရွံ့မှုကို ဖုံးကွယ်မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် လင်ကျဲသည် သူ၏ ဟင်းလင်းပြင်ကမ္ဘာအတွင်းသို့ ရောက်နေခြင်း ဖြစ်သည်။ မူအရဆိုလျှင် သူသည် လင်ကျဲကို လွယ်ကူစွာ ထိန်းချုပ်နိုင်ရမည် ဖြစ်သော်လည်း လင်ကျဲ၏ စွမ်းအားမှာ ကြီးမားလွန်းလှသည်။ ဤအမှန်တရားကို ဇာ့ဖ်ကီယယ်က မက်တာထရွန်ထက်ပင် ပို၍ သိမြင်နေသည်။

သူသည် သူ၏ ကြောက်ရွံ့မှုကို အော်ဟစ်သံဖြင့် ဖုံးကွယ်ရန် ကြိုးစားလိုက်၏။

"ဟင်းလင်းပြင်က ငါ့ကမ္ဘာပဲ၊ ဒီနေရာမှာရှိတဲ့ အရာအားလုံးရဲ့ အရှင်သခင်က ငါပဲ..."

ပြုံးနေသော လင်ကျဲက ခေါင်းခါပြလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ သူသည်လည်း ဇာ့ဖ်ကီယယ် ပြုလုပ်ခဲ့သကဲ့သို့ လက်မြှောက်၍ လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဖျောက်...

ကြည်လင်ပြတ်သားသော ထိုလက်ဖျောက်သံကြောင့် အရာအားလုံးမှာ တစ်စက္ကန့်စာမျှ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။ သို့သော် တစ်စက္ကန့်သာ ဖြစ်သည်။ အားလုံး အံ့ဩခွင့်ပင် မရလိုက်မီမှာပင် လှိုင်းလုံးကြီးများက လင်ကျဲကို လုံးဝ ဝါးမြိုသွားတော့သည်။ ရက်စက်ကြမ်းကြုတ်သော ပင်လယ်ပြင်သည် လူသားတို့ရှေ့တွင် ပေါ်လာခဲလှပြီး ရက်ဖာယယ်မှာမူ သံသယဖြစ်ဖွယ်မရှိသော ပင်လယ်၏ အရှင်သခင်ပင် ဖြစ်သည်။

လှိုင်းလုံးကြီးများသည် တောရိုင်းတိရစ္ဆာန်များအလား တွန့်လိမ်ခုန်အုပ်လာကြပြီး၊ အဇီးမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော ရှေးဟောင်းအဏ္ဏဝါ သတ္တဝါကြီးများမှာလည်း ရေနက်ပိုင်းမှ ထွက်ပေါ်လာကာ သားကောင်ကို ဝါးမြိုရန် လိုက်လံတိုက်ခိုက်ကြတော့သည်။

'မီးလျှံဓားလမ်းစဉ်' နှင့်အတူ ရပ်နေသော ဖစ်ချ်သည်လည်း ဇာ့ဖ်ကီယယ်၏ ဟင်းလင်းပြင်နယ်ပယ်ထဲတွင် ပါဝင်နေသည်။ သူသည် မည်သူမှ သတိမပြုမိအောင် နေထိုင်ရင်း စစ်တလင်းတစ်ခုလုံးကို မြင်တွေ့နေရသည်။

‘ရက်ဖာယယ်... သူက ရှေးဟောင်း ပင်လယ်နတ်မျိုးနွယ်ရဲ့ အကြွင်းအကျန် တစ်ဦးပဲ...’

ဖစ်ချ်က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။

ဝှစ်...

အောင်ပွဲမှာ သူ၏လက်ထဲတွင် ရှိနေပြီဟု ယူဆကာ ရက်ဖာယယ်သည် သမုဒ္ဒရာထဲမှ ထွက်ပေါ်လာသည်။ သူ၏ ပုံရိပ်မှာ ထွားကြိုင်းသော ခန္ဓာကိုယ်၊ လိပ်ကွေးနေသော ဆံပင်နှင့် မုတ်ဆိတ်မွှေးများရှိသည့် အမျိုးသားတစ်ဦးအသွင် ဖြစ်လာသည်။ အဖြူရောင် ရေမြှုပ်များကြားမှ သူ ထွက်လာချိန်တွင် သူ၏ အောက်ပိုင်းမှာ ငါးမန်းအမြီးကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။

ရက်ဖာယယ်သည် အပြည့်အဝ မပျော်နိုင်သေးချေ။ မျိုးသုဉ်းသွားပြီဖြစ်သော ပင်လယ်သတ္တဝါများစွာက လင်ကျဲ၏ ကြေမွနေသော ခန္ဓာကိုယ်ကို ပင်လယ်နက်ထဲသို့ ဆွဲချသွားကာ အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်သည်ကို မြင်ရပြီးနောက်မှသာ သူသည် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

ကာမာယယ်၏ သေဆုံးမှုကို ကြုံတွေ့ထားရသဖြင့် ရက်ဖာယယ်မှာ စိတ်မအေးနိုင်သေးပဲ ရေရွတ်လိုက်၏။

"မက်တာထရွန်၊ စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ တည်နေရာကို ငါ့ကို အမြန်ပြောစမ်း..."

သူ၏ အသံမှာ အက်ရှရှနှင့် ဟိန်းဟောက်နေပြီး သမုဒ္ဒရာထဲမှ ဆူနာမီလှိုင်းလုံးကြီး တစ်ခုအလားပင်။

သို့သော် မည်သည့် အဖြေမှ ပြန်မလာပေ။

"မက်တာထရွန်..."

ရက်ဖာယယ်က မျက်ခုံးပင့်ကာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရပြီး သူ၏ အပေါင်းအဖော်ကို လိုက်ရှာတော့သည်။

မည်သူမျှ ပြန်မဖြေသော်လည်း လင်ကျဲ၏ အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ်မှာ တစ်စချင်းစီ ရေမျက်နှာပြင်ပေါ်သို့ ဖြည်းညင်းစွာ ပေါ်လာသည်။ ထို့အပြင် ကာမာယယ်၏ ဝိညာဉ်များပါဝင်သော စာအုပ်မှာလည်း ထိုအကြွင်းအကျန်များနှင့်အတူ ပေါ်လာသည်။

"အနည်းဆုံးတော့ သူ သေသွားပြီပဲ..."

ရက်ဖာယယ် နောက်ဆုံးတွင် စိတ်အေးသွားရသည်။ နောက်တစ်ခဏတွင် သူသည် လင်ကျဲ၏ အကြွင်းအကျန်များ ဘေး၌ ပေါ်လာသည်။ ခန္ဓာကိုယ်ကို စစ်ဆေးရန် မဟုတ်ဘဲ စာအုပ်ကို ကောက်ယူရန် ဖြစ်သည်။ သူ ထိုစာအုပ်ကို သူ၏ ရင်ဘတ်နားတွင် ကပ်ထားရင်း တိုးညှင်းစွာ ပြောလိုက်၏။

"ကာမာယယ်၊ ငါ့သူငယ်ချင်း... ငါ ကောင်းကင်ဘုံကို ရောက်တဲ့အခါ မင်းကို ပြန်ရှင်သန်အောင် လုပ်ပေးမယ်..."

ထိုသို့ပြောပြီးနောက် သူသည် အောင်နိုင်သူတစ်ဦး၏ အပြုံးမျိုးဖြင့် ပြုံးလိုက်မိ၏။

"အနည်းဆုံးတော့ မင်းအတွက် ငါ ကလဲ့စားချေပေးနိုင်ခဲ့ပြီ"

ရက်ဖာယယ်သည် သူ၏ သူငယ်ချင်း၏ အကြွင်းအကျန်များနှင့် လင်ကျဲ၏ ခန္ဓာကိုယ်ဟု ယူဆရသောအရာများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ငါးများ၏ ဝါးမြိုခြင်းကို ခံထားရသဖြင့် အပိုင်းအစအချို့သာ ကျန်တော့သည်။ ခေါင်းတစ်ဝက်မှာ မရှိတော့ဘဲ မျက်နှာမှာလည်း အရိုးအထိ စားခံထားရသည်။ အူများမှာ ရေမှော်များအလား လွင့်မျောနေပြီး နီရဲသော သွေးများမှာလည်း ပြာလွင်သော သမုဒ္ဒရာထဲတွင် တဖြည်းဖြည်း ပျော်ဝင်နေသည်။

သို့သော်လည်း... ထိုအရာက လင်ကျဲ၏ ရုပ်အလောင်း မဟုတ်ပါချေ။ သူ ကိုယ်တိုင်၏ ရုပ်အလောင်းသာ ဖြစ်နေခဲ့ပေသည်။

‘ဒီရုပ်... နောက်ပြီး ဒီအဖြူရောင် ငါးအမြီး... အားလုံးက အရမ်းကို ရင်းနှီးလွန်းနေတယ်...’

"ဒါက ငါလား..."

သူငယ်ချင်း ဖြစ်သူ ပါဝင်နေသော စာအုပ်မှာ ရေထဲသို့ ဗြုန်းခနဲ ပြုတ်ကျသွားပြီး ရက်ဖာယယ်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားတော့သည်။

"တကယ်ကို နှမြောဖို့ကောင်းလိုက်တာ ဟူး..."

လင်ကျဲက ပြုံးလျက် ပြောလိုက်သည်။ သမုဒ္ဒရာကြီးမှာ တစ်ခါမျှ တည်ရှိမနေခဲ့ဖူးသည့်အလား ချက်ချင်းပင် ကွယ်ပျောက်သွားပြီး မြေပြင်ပေါ်တွင် ရက်ဖာယယ်၏ ခန္ဓာကိုယ် အကြွင်းအကျန် အပိုင်းအစအချို့သာ ကျန်ရစ်တော့သည်။

"ဘယ်တုန်းကလဲ..."

မိုက်ကယ်သည် ရက်ဖာယယ်၏ အလောင်းကို ကြည့်ရင်း လည်ချောင်းထဲတွင် ခဲလုံးကြီး တစ်လုံး ပိတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် စကားလုံးအနည်းငယ် ထွက်လာရန်ပင် မနည်း အားယူနေရ၏။

"ဘယ်တုန်းက... ရက်ဖာယယ်က ဒီလို ဖြစ်သွားရတာလဲ..."

"အိပ်မက်... ဘုံ..."

ကမ္ဘာ့အစွန်းအဖျားမှ မက်တာထရွန်၏ ထိတ်လန့်တုန်လှုပ်နေသော အသံမှာ သူ၏ အပေါင်းအဖော်များ၏ နားထဲသို့ ပဲ့တင်ထပ်ဝင်ရောက်လာသည်။

"အိပ်မက်ဘုံကြီး... ရောက်လာပြီ!"

မက်တာထရွန်၏ သတိပေးချက်ထဲတွင် အတိုင်းသား မြင်နေရသော ကြောက်ရွံ့မှုများ ပါဝင်နေသည်။ လင်ကျဲ၏ အိပ်မက်ဘုံ ဆင်းသက်လာသည်ကို မြင်လိုက်ရသည့် ခဏမှာပင် သူသည် လုံးဝဥဿုံ ရူးသွပ်သွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။

"သူက ရက်ဖာယယ်ကို အိပ်မက်ဘုံထဲ ဆွဲသွင်းလိုက်တာတင် မဟုတ်ဘူး... အိပ်မက်ဘုံကြီး တစ်ခုလုံး ရောက်လာပြီး နိယာမ အားလုံးကို ဖျက်ဆီးပစ်လိုက်တာ... အဲဒါကြောင့် ရက်ဖာယယ်က အစစ်အမှန်နဲ့ အိပ်မက်ကို ခွဲခြားမရတော့တာပဲ"

"သူကိုယ်သူ ပြန်သတ်မိသွားတာပေါ့ ဟုတ်လား"

ဖစ်ချ်သည် 'မီးလျှံဓားလမ်းစဉ်' အဖွဲ့ဝင်များ၏ နောက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေရင်းမှ သူ၏ အသံမှာလည်း အံ့ဩလေးစားမှုကြောင့် တုန်ယင်နေသည်။

မိုက်ကယ်သည် မယုံကြည်နိုင်ဖြစ်နေမိသည်။ အိပ်မက်ဘုံဆိုသည်မှာ သူ တစ်သက်လုံး ကြိုးပမ်းအားထုတ်ခဲ့သည့် အရာဖြစ်သော်လည်း ၎င်းမှာ မူလစုန်းမကြီးျားက ပိတ်လှောင်ထားခဲ့သော ကမ္ဘာတစ်ခု မဟုတ်ပါလား။

၎င်းမှာ သူတစ်သက်လုံး ရှာဖွေနေခဲ့သည့် နတ်ဘုရားဖြစ်လာမည့် လမ်းစဉ်ပင် ဖြစ်သည်။

‘ဒါဆိုရင်... စာအုပ်ဆိုင်ပိုင်ရှင်က အိပ်မက်ဘုံရဲ့ အရှင်သခင် ဖြစ်နေတာလား... ပြီးတော့ ငါ ကိုယ်တိုင်တွေ့ခဲ့တဲ့၊ ငါ့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်တဲ့ 'ကျမ်းစာ' ထဲမှာ ရေးထားတဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့ နတ်ဘုရားကရော... သူပဲလား...’

‘သူက ဘုရားသခင်လား...’

...

မိုက်ကယ်သည် 'မိုက်ကယ်' ဟူသော အမည်ကို မခံယူမီက လူသားကမ္ဘာတွင် ကျင်လည်ခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိုက်ကယ်သည် အချိန်နှင့်အမျှ အသိတရားနှင့် စွမ်းအားများ ရရှိလာခဲ့သည့် 'အလင်းဓာတ်' အစုအဝေးတစ်ခုသာ ဖြစ်ခဲ့သည်။ အလင်းရောက်သည့်နေရာတိုင်းတွင် အရာခပ်သိမ်းမှာ ထင်ရှားလာစမြဲပင်။ သူ အလင်း၏နိယာမကို ကျွမ်းကျင်လာချိန်တွင် 'ထိုးထွင်းသိမြင်ခြင်း မျက်လုံး' ကိုလည်း တစ်ပြိုင်နက် ရရှိခဲ့ပြီး သာမန်လောကရှိ မည်သည့်အရာမှ သူ၏အကြည့်ကို မလွတ်ကင်းနိုင်ခဲ့ပေ။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က 'သက်စောင့်စုန်းမကြီး' ၏ စောင့်ရှောက်မှုအောက်ရှိ လူသားမျိုးနွယ်သည် ခေတ်သစ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ စုန်းမကြီး၏ စွမ်းအားများ လုံးဝကွယ်ပျောက်သွားသော်လည်း သူမသည် စိုးရိမ်စရာအချို့ကို ချန်ထားခဲ့သည်။ ၎င်းမှာ ဒုတိယခေတ်တွင် ရောက်ရှိလာခဲ့ပြီး အဇီးတွင် ပြန်လည်ပေါ်ပေါက်လာရန် တိတ်တဆိတ် အခွင့်အရေးစောင့်နေသော မိစ္ဆာနတ်ဘုရားပင် ဖြစ်သည်။

အကယ်၍ 'သူ' သာ ပြန်လည်ပေါ်ပေါက်လာပါက လူသားမျိုးနွယ်မှာ ပျက်စီးသွားပေလိမ့်မည်။

ဤနိမိတ်ဖတ်ချက်ကြောင့် လူသားများသည် ထိုမိစ္ဆာနတ်ဘုရားကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြသော်လည်း လူသားတို့၏ အတ္တဆန်သောသဘာဝ... မဟုတ်သေး၊ အားနည်းသူများ သေသည်ရှင်သည်ကို ဂရုမစိုက်ဘဲ ထိုမိစ္ဆာနတ်ဘုရား၏ စွမ်းအားကိုသာ တပ်မက်ကြသည့် သူတို့၏ တိရစ္ဆာန်ဆန်သော ဗီဇကြောင့်သာ ဖြစ်သည်။ တည်ထောင်ခဲ့သမျှသော အဖွဲ့အစည်းအားလုံးမှာ အခြေခံအားဖြင့် ထိုမိစ္ဆာနတ်ဘုရားကို ဗဟိုပြုထားကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် 'လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်' သည် ထိုမိစ္ဆာနတ်ဘုရား၏ စွမ်းအားကို ဖမ်းဆုပ်ရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း... မြေအောက်ခရိုင်တွင် အိပ်မောကျနေသော ထိုရတနာ၊ သို့မဟုတ် 'အချိန်ကိုက်ဗုံး' ကို မက်မောခြင်း မရှိခဲ့ကြသူများလည်း ရှိသည်။ မိုက်ကယ်သည်လည်း အပါအဝင်ဖြစ်သည်။

သို့သော် မိုက်ကယ်သည် ဘိုင်ဘယ် ဟုခေါ်သော စာအုပ်တစ်အုပ်ကို ရရှိခဲ့သည်။ ဤစာအုပ်သည် တစ်ခါမျှ စိတ်ကူးမယဉ်ဖူးသော ကောင်းကင်ဘုံအကြောင်းကို ဖော်ပြထားသည်။ ၎င်းမှာ အိပ်မက်ဘုံသို့ သွားရာ လမ်းကြောင်းသစ်တစ်ခုပင်။ ထိုစာအုပ်ထဲတွင် 'ဘုရားသခင်' ဟု သိကြသော အရှင်သခင်သည် ကောင်းကင်တမန် ၁၃ ပါးနှင့်အတူ စိုးစံနေပြီး၊ ၎င်းမှာ 'မီးလျှံဓားလမ်းစဉ်' ဟူသော အမည်၏ မြစ်ဖျားခံရာလည်း ဖြစ်သည်။

ယခု လင်ကျဲ ပြသနေသော ကြီးမားလှသော စွမ်းအားများကြောင့် မိုက်ကယ်သည် သူ့ကို ထို 'ဘုရားသခင်' နှင့် တဖြည်းဖြည်း ထပ်တူပြုလာမိသည်။ မိုက်ကယ်၏ အတွေးများမှာ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ဆီသို့ ပြန်ရောက်နေစဉ် သူ၏အပေါင်းအဖော်များက သူ့ကို လှုပ်နှိုးလိုက်ကြသည်။

"မိုက်ကယ်၊ ငါတို့ အခု ဘာလုပ်ကြမလဲ..."

မက်တာထရွန်၏ အကူအညီမဲ့နေသော အသံက နားထဲသို့ ဝင်လာသည်။ ထိုအခါမှ မိုက်ကယ်သည် သူ၏မှတ်ဉာဏ်များထဲမှ ပြန်လည်နိုးထလာပြီး စာအုပ်ဆိုင်ပိုင်ရှင်ကို ကြည့်လိုက်ရာ၊ သူက အေးအေးလူလူပင် လမ်းလျှောက်လာနေသည်ကို တွေ့ရသည်။

ဂါဘရီရယ်၊ ဆန်ဒါလ်ဖွန်၊ ရာဇီရယ် မှသည် ဇာ့ဖ်ကီယယ်၊ ကာမာယယ် နှင့် ရက်ဖာယယ် အထိ... သူ၏ အပေါင်းအဖော် ခြောက်ဦးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ မဟုတ်သေး၊ သူ၏ နောက်တွင် တစ်ဦး ကျန်သေးသည် ... 'ဟာနီရယ်' ပင်။

မိုက်ကယ် လှည့်ကြည့်လိုက်သောအခါ ဖစ်ချ်က သူ့ကို ပြုံးကြည့်နေဆဲ ဖြစ်သည်။

သူ သိသင့်ခဲ့သည်။ ထိုအရာက အတုအယောင်ပင်။ အစစ်အမှန် ဟာနီရယ်က သေသွားတာ ကြာလှပြီ ဖြစ်သည်။

***

အပိုင်း(၅၁၂)

ဖစ်ချ်ကို လျစ်လျူရှုလိုက်ပြီး မိုက်ကယ်သည် သူ၏ ညာဘက်မျက်လုံးကို ထိလိုက်ကာ ဘယ်ဘက်မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ထိုခဏတွင် သူ၏ ညာဘက်မျက်လုံးမှ စိမ်းဖန့်ဖန့်အလင်းများ ထွက်ပေါ်လာတော့သည်။

'ထိုးထွင်းသိမြင်သောမျက်လုံး' သည် မိုက်ကယ်က အတိတ်နှင့် အနာဂတ်၊ ဘေးအန္တရာယ်နှင့် ကံကြမ္မာ... အရာခပ်သိမ်းကို စောင့်ကြည့်ရန် အသုံးပြုသည့်အရာ ဖြစ်သည်။ ကမ္ဘာ့အပြင်ဘက်က အရာများပင် သူ၏အကြည့်ကို မလွတ်နိုင်ပေ။ သူက ၎င်းကို အခရာ အဆင့် လက်နက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ ဤမျက်လုံးတစ်စုံကြောင့်ပင် သူသည် အပေါင်းအဖော်များစွာကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဘယ်ဘက်မျက်လုံးကို ပိတ်လိုက်ပြီးနောက် မိုက်ကယ်သည် 'ထိုးထွင်းသိမြင်သောမျက်လုံး' ကို အသုံးပြုကာ လင်ကျဲကို ပစ်မှတ်ထားလျက် အော်ဟစ်လိုက်သည်။

"အရာခပ်သိမ်းမှာ အဆုံးသတ် ရှိရမယ်... လင်ကျဲ၊ မင်း ဘယ်လိုသေမလဲဆိုတာ ငါ့ကို ပြစမ်း..."

လင်ကျဲ မိုက်ကယ်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ အဝေးမှနေ၍ မျက်လုံးတစ်ဖက်ကို အုပ်ကာ စစ်ကြေညာနေသော ထိုသူကို ကြည့်ရသည်မှာ လင်ကျဲ အရင်က ကြည့်ဖူးသည့် အန်နီမေးလ်များထဲမှ စိတ်ကူးယဉ်လွန်နေသူ သူရဲကောင်းမလေးတစ်ယောက်နှင့် တူနေသည်ဟု လင်ကျဲ ရိုးသားစွာ တွေးမိလိုက်သည်။

ထို့အပြင် ရွှေရောင်ဆံပင်နှင့် ပြာလွင်သော မျက်လုံးများရှိသည့် မိုက်ကယ်မှာ လူသားပုံစံ ဖြတ်ညှပ်ကပ်လုပ်ထားသည့်အလား အလွန်တရာ လုပ်ကြံဖန်တီးထားလွန်းသည်ဟု ထင်ရသည်။

လင်ကျဲက သူ့ကို မည်သို့ လှောင်ပြောင်နေသည်ကို မိုက်ကယ် သိနိုင်မည်မဟုတ်သော်လည်း လင်ကျဲကို ကြည့်လိုက်ချိန်တွင် မိုက်ကယ်မှာ ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်များမှာ တဖြည်းဖြည်း ကွေးညွှတ်သွားခဲ့တော့၏။

"...ငါ မြင်လိုက်ပြီ"

သူက မယုံကြည်နိုင်သော အသံဖြင့် ပြုံးလျက် ပြောလိုက်သည်။ သူ တကယ်မြင်လိုက်ရလိမ့်မည်ဟု မည်သည့်အခါမျှ မထင်ခဲ့မိပေ။

"မင်းက စစ်မှန်တဲ့ နတ်ဘုရား မဟုတ်ဘူး... မင်းက မိစ္ဆာနတ်ဘုရားရဲ့ ရုပ်သေးရုပ်သက်သက်ပဲ... လက်ပါးစေ သက်သက်ပဲ... ဒီခန္ဓာကိုယ်က အဲဒီမိစ္ဆာနတ်ဘုရားအတွက် အိုးအိမ်တစ်ခုပဲလေ... မင်းက အစကနေ အဆုံးအထိ လူသားတစ်ယောက်ပဲ... မင်း သေမယ့်နည်းလမ်းကို ငါ အသေအချာ မြင်လိုက်ပြီ..."

လင်ကျဲသည် ခေါင်းကို တစ်ချက်စောင်းကာ ရူးကြောင်ကြောင် စကားများ ပြောနေသော မိုက်ကယ်ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

မိုက်ကယ်က လက်ကို ရှေ့သို့ဝှေ့ယမ်းကာ ဇာ့ဖ်ကီယယ်ကို အမိန့်ပေးလိုက်သည်။

"ဒီဟင်းလင်းပြင်နယ်ပယ်ကို အပြီးတိုင် ဖျက်ဆီးခြင်းနယ်မြေအဖြစ် ပြောင်းလဲပစ်လိုက်..."

ဇာ့ဖ်ကီယယ်က ပြန်မဖြေပေ။ သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီး လင်ကျဲကို အလွန်အမင်း ကြောက်လန့်နေခြင်း ဖြစ်သည်။ သူသည် ချက်ချင်းပင် လက်များကို ဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်၏ အရှင်သခင်ပီပီ ဟင်းလင်းပြင်ကြီးက အရာအားလုံးကို ဝါးမြိုပစ်ရန် ပြုလုပ်လိုက်သည်။

ဘုန်း... ဘုန်း...

ဇာ့ဖ်ကီယယ် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်စားတတ်ပြီး အဆိပ်ပြင်းလှသော လေထုက ဟင်းလင်းပြင်အတွင်း ပျံ့နှံ့သွားသည်။ ဖရန်ကာနှင့်အတူ စာအုပ်ဆိုင် အပျက်အစီးများကြားတွင် ရပ်နေသော ဂျိုးဇက်သည် ချက်ချင်းပင် မီးလျှံများကို ထုတ်ဖော်လိုက်ပြီး ထိုအဆိပ်ငွေ့များကို လောင်ကျွမ်းစေကာ ဖရန်ကာကို ကာကွယ်လိုက်သည်။

လင်ကျဲသည် နေရာအနှံ့ ပျံ့လွင့်နေသော ပုပ်စော်နံသည့် မြူခိုးများကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဘာလဲ..."

သူ မသိစိတ်ဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်သော်လည်း ထိုလက်မှာ စတင် ဆွေးမြည့်နေပြီဖြစ်သည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ ဤမြူခိုးမှာ ထူးခြားသော စွမ်းအားကြီး အစွမ်းမျိုး မဟုတ်ဘဲ ဂျိုးဇက်ကဲ့သို့သော သူများအတွက် အလွယ်တကူ ရှောင်ရှားနိုင်သည့်အရာ ဖြစ်သည်။ သို့သော် သာမန်လူသားများအတွက်မူ ၎င်းကို ခုခံနိုင်စွမ်း မရှိပေ။

"ငါ မမှားဘူး... မင်းရဲ့ ခန္ဓာကိုယ်က တကယ့်ကို သာမန်လူသား ခန္ဓာကိုယ်ပဲ..."

မိုက်ကယ်က သူ၏ ညာဘက်မျက်လုံးဖြင့် လင်ကျဲကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

လင်ကျဲသည် မိုက်ကယ်၏ ရူးသွပ်နေသော အမူအရာကို မြင်ကာ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် စိတ်ကူးလိုက်ရုံဖြင့်ပင် သူ၏ ဆွေးမြည့်နေသော လက်မှာ ပြန်လည် ပုံမှန်ဖြစ်လာပြီး အခြားသော ပျက်စီးသွားသည့် နေရာများမှာလည်း ပြန်လည် ကြီးထွားလာသည်။ လင်ကျဲသည် မိမိ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်နေစဉ် မိုက်ကယ်၏ ဟစ်အော်သံကို ရုတ်တရက် ကြားလိုက်ရ၏။

"ချေမှုန်းခြင်း... ချက်ချင်း သေဆုံးစေခြင်း..."

မိုက်ကယ်သည် ယခင်က ပိတ်ထားသော သူ၏ ဘယ်ဘက်မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ရာ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာသည်။ လင်ကျဲ၏ ခန္ဓာကိုယ်မှာ ပြန်လည်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

"အလင်းရှိတဲ့နေရာမှာ အရိပ်မရှိစေရဘူး... ငါ မြင်သမျှ အရာအားလုံး သေခြင်းတရားရဲ့ ကံကြမ္မာကနေ မလွတ်စေရဘူး"

မိုက်ကယ်က ရူးသွပ်စွာ အော်ဟစ်သည်။

"ကဲ... ဒီလူသား ခန္ဓာကိုယ်က ပြာအဖြစ် ပြောင်းလဲသွားစေရမယ်..."

လင်ကျဲမှာ သူ၏ ခန္ဓာကိုယ်က ဖန်ကွဲသကဲ့သို့ အက်ကွဲလာသဖြင့် အံ့ဩစွာ မျက်ခုံးပင့်လိုက်မိသည်။

"အောင်မြင်ပြီ..."

မိုက်ကယ်မှာ ဝမ်းသာလွန်း၍ ခုန်ပင် ခုန်မိလုနီးပါး ဖြစ်သွားသည်။

"အခုမှ နိုးထလာတဲ့ မိစ္ဆာနတ်ဘုရား... မဟုတ်ဘူး၊ ဒီမိစ္ဆာနတ်ဘုရားရဲ့ စွမ်းအားကို ရထားတဲ့ သာမန်လူသားတစ်ယောက်ပဲ... မင်းရဲ့ ခန္ဓာကိုယ်က တကယ့် သာမန် သွေးသားပဲ... အိုးအိမ်တစ်ခုအနေနဲ့ မင်းရဲ့ တာဝန်က ပြီးဆုံးသွားပြီ"

သူက ပြုံးလျက် ပြောလိုက်သည်။ နောက်တစ်ခဏတွင် လင်ကျဲ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကြေမွသွားပြီး အရိပ်တစ်ခုသာ ကျန်ရစ်တော့သည်။

"ဒီအရိပ်ကမှ တကယ့် မိစ္ဆာနတ်ဘုရားပဲ..."

မိုက်ကယ်က ပြောလိုက်ပြီး ဂျိုးဇက်ဘက်သို့ လှည့်လိုက်သည်။ ပို၍ တိကျစွာ ပြောရလျှင် ဂျိုးဇက်၏ နောက်ကွယ်ရှိ ဖရန်ကာ ထံသို့ ဖြစ်သည်။

ထိုမိန်းကလေးမှာ သာမန်လူသား ဖြစ်သင့်သော်လည်း သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နိယာမမှာ ထူးခြားလှသည်။ သူမသည် မိစ္ဆာနတ်ဘုရား၏ နောက်ထပ် ပစ်မှတ်ထားခံရမည့် အိုးအိမ်ဖြစ်လာနိုင်သဖြင့် သူမကို ချက်ချင်း ဖယ်ရှားပစ်ရန် လိုအပ်သည်။

အသက်ရှင်ကျန်ရစ်သော 'ကောင်းကင်တမန်' များမှာလည်း မျှော်လင့်ချက်အချို့ ပြန်လည် ရရှိလာကြသည်။

"ပျော်ဖို့ စောပါသေးတယ်... အဲဒီမိန်းမကို အရင် သတ်ရမယ်"

မိုက်ကယ်သည် သူ၏ ဘယ်ဘက်မျက်လုံးထဲသို့ စွမ်းအားများ ထည့်သွင်းကာ မျက်လုံးကို တင်းတင်းပိတ်ထားသော ဖရန်ကာကို စိုက်ကြည့်လိုက်သည်။

"ငါ တကယ်ပဲ အိုးအိမ်တစ်ခု သက်သက်ပဲ ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတဲ့ အကြိမ်တွေ ရှိတယ်..."

ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် မိုက်ကယ်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

လွင့်မျောနေသော အနက်ရောင် မြူခိုးများမှာ ပြာအဖြစ် ပြောင်းလဲသွားသော လင်ကျဲ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ မိုက်ကယ်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီခန္ဓာကိုယ်က ပြာဖြစ်သွားပြီလေ..."

ဘေးနားတွင် ရပ်နေသော ဇာ့ဖ်ကီယယ်မှာလည်း ဟင်းလင်းပြင် အရှင်သခင်တစ်ဦး၏ အရှိန်အဝါမျိုး မရှိတော့ဘဲ မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

"ရှေးဟောင်းနဂါးရဲ့ သွေး..."

လင်ကျဲ၏ ခန္ဓာကိုယ်ပြာများကြားတွင် တောက်လောင်နေသော သွေးကြောများကို မြင်လိုက်ရချိန်တွင် မိုက်ကယ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

ပြာများကြားတွင် ကျန်ရှိနေသော ရှေးဟောင်းနဂါး သွေးမျိုးဆက်မှာ ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်လာပြီး၊ တဖြည်းဖြည်းနှင့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အလား အိုမင်းရင့်ရော်နေသော ဧရာမ နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

"တစ်နည်းအားဖြင့် ပြောရရင် ငါက နတ်ဘုရားလည်း မဟုတ်သလို ကိုးကွယ်ရာ အရာတစ်ခုလည်း မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ငါက ဆုတောင်းတွေကို မဖြည့်ဆည်းပေးနိုင်သလို၊ တောင်းပန်စကားတွေကိုလည်း နားမထောင်ပေးလို့ပဲ"

နဂါးကြီး၏ ခန္ဓာကိုယ်ထဲမှ လင်ကျဲ၏ အသံမှာ အဝေးမှလာသကဲ့သို့ ထွက်ပေါ်လာသည်။

"ဒါပေမဲ့ မင်းတို့က ငါ့ကို နတ်ဘုရားလို့ သတ်မှတ်ချင်ရင်လည်း သတ်မှတ်နိုင်ပါတယ်။ အဲဒါက ခင်ဗျားတို့ရဲ့ အမြင်ပဲလေ၊ ငါက ဝင်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး..."

"ဒါပေမဲ့..."

လင်ကျဲသည် မြေပြင်ပေါ်ရှိ ပြာများကို ငုံ့ကြည့်လိုက်သည်။

"လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလုံးလုံး ငါ အသုံးပြုခဲ့တဲ့ ဒီသာမန်လူသား ခန္ဓာကိုယ်လေးကို ငါ အတော်လေး သဘောကျခဲ့တာ"

All Chapters