← Chapters

အခန်း (၅၁၃-၅၁၄)

Vol. 37 Ch. 513-514

အခန်း (၅၁၃-၅၁၄)

Vol. 37 Ch. 513-514

အပိုင်း(၅၁၃)

လင်ကျဲသည် အိုမင်းရင့်ရော်နေသော ဧရာမနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့၏။ သူ၏ ပိန်လှီလှသော ခန္ဓာကိုယ်မှာ ခြောက်သွေ့နေသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နှင့် ဆင်တူလှသည်။ သူ၏ ခြေသည်းလေးခု မြေပြင်ပေါ်သို့ နင်းချလိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်နယ်ပယ်တစ်ခုလုံး သိမ့်သိမ့်တုန်သွားတော့သည်။ သူ ဟိန်းဟောက်လိုက်ချိန်တွင် ပါးစပ်မှ ထွက်ပေါ်လာသော အနက်ရောင်မြူခိုးများမှာ ကပ်ဘေးတစ်ခု၏ အရှိန်အဝါကို ဆောင်ကြဉ်းလာခဲ့သည်။

နဂါးကြီး၏ အရေပြားမှာ မာကျောသော ကျောက်ဆောင်ကြီးများအလား ရှိနေပြီး တစ်ကိုယ်လုံးတွင် ခြောက်သွေ့သောအက်ကြောင်းများ နေရာအနှံ့ ပေါ်နေသည်။ ထိုအက်ကြောင်းများကြားတွင် ပွက်ပွက်ဆူနေသော ချော်ရည်များအလား နီရဲနေသည့် သွေးကြောများ စီးဆင်းနေသည်ကိုပင် မြင်တွေ့နေရသည်။

"ကပ်ဘေးနဂါး ဘာကတ်...”

ဇာ့ဖ်ကီယယ်သည် ထိတ်လန့်လွန်း၍ စိတ်များပင် ကစဉ့်ကလျား ဖြစ်ကုန်ကာ မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားတော့သည်။

"မစ္စတာ... မစ္စတာလင်ရဲ့ စစ်မှန်တဲ့ ရုပ်သွင်က တကယ်တော့..."

"မဟုတ်ဘူး..."

မိုက်ကယ်က ချက်ချင်း ငြင်းဆိုလိုက်သည်။ သူ ထိုနဂါးကြီးကို အသေအချာ စိုက်ကြည့်ကာ ပြောလိုက်၏။

"ဒါက အရင်က ရှေးဟောင်းနဂါးနှလုံးသားပဲ... ဒီမိစ္ဆာနတ်ဘုရားက ရှေးဟောင်းနဂါးရဲ့ သွေးတွေကို စုပ်ယူပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်ပုံဖော်လိုက်တာ"

မိုက်ကယ်သည် မူလက ထိုမိစ္ဆာ နတ်ဘုရားမှာ လူသားခန္ဓာကိုယ်ကိုသာ အိုးအိမ်အဖြစ် အသုံးပြုနိုင်သည်ဟု ထင်ခဲ့သော်လည်း၊ အမှန်စင်စစ်တွင် လူသားခန္ဓာကိုယ်မှာ အိုးအိမ်တစ်ခု မဟုတ်ဘဲ ဤမိစ္ဆာနတ်ဘုရား၏ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ မည်သည့်နေရာမှ လာသနည်း၊ သူက အမှန်တကယ် မည်သူနည်း ဆိုသည်ကိုမူ မိုက်ကယ် လုံးဝ မသိရှိပေ။

ဇာ့ဖ်ကီယယ်က ပတ်ဝန်းကျင်ကို ကြည့်ကာ တံတွေးတစ်ချက် မျိုချလိုက်၏။

"မိုက်ကယ်၊ မင်း မစ္စတာလင်ကို အကြီးအကျယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ... မင်းက အရူးပဲ၊ မင်း တကယ်ပဲ သူ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား..."

ဇာ့ဖ်ကီယယ် ဆက်လက် အော်ဟစ်နေသည်ကို မိုက်ကယ်က အံ့ဩစွာ ကြည့်နေမိသည်။

"မင်းရဲ့ မာနထောင်လွှားမှုနဲ့ အဆင်ခြင်မဲ့တဲ့ သုံးသပ်ချက်တွေသာ မရှိရင် သူက နဂါးအဖြစ် ပြောင်းလဲသွားမှာ မဟုတ်ဘူး... ဒီအတိုင်းသာ ဆက်သွားရင် ငါ့ရဲ့ ဟင်းလင်းပြင်နိုင်ငံတော်ကြီးတောင် လုံခြုံမှာ မဟုတ်တော့ဘူး"

"မင်းရဲ့ ဟင်းလင်းပြင်နယ်ပယ်က ဘာဖြစ်လဲ..."

မိုက်ကယ်က ဇာ့ဖ်ကီယယ်၏ ကော်လာကို ဆွဲကိုင်လိုက်သည်။

"မင်းက ကိုယ့်အသက်ကိုယ်ပဲ ငဲ့ကွက်တတ်တဲ့ သူရဲဘောကြောင်တဲ့ကောင်ပဲ..."

လင်ကျဲမှာမူ ဤနှစ်ယောက် ရုတ်တရက် ရန်ဖြစ်နေကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။

‘ဟေး၊ 'မီးလျှံဓားလမ်းစဉ်' မှာ လူသုံးယောက်ပဲ ကျန်တော့တာလေ...’

သူတို့ ရန်ဖြစ်နေစဉ်အတွင်း လင်ကျဲ၏ ခန္ဓာကိုယ်မှာ ဧရာမနဂါးကြီးတစ်ကောင်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် ခေါင်းငုံ့ကာ မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်ပြီး ဤအခြေအနေမှာ အတော်လေး အံ့သြဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။

အတိတ်၊ အနာဂတ်နှင့် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး၏ မှတ်ဉာဏ်များမှာ သူ၏ စိတ်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ လင်ကျဲသည် ယခုအခါ သူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အတွင်း ရရှိခဲ့သည့် လူသားဘဝ အတွေ့အကြုံများမှာ သူ့အတွက် တန်ဖိုးဖြတ်မရနိုင်အောင် ရှိနေဆဲပင်။ မြေပြင်ပေါ်ရှိ ပြာများကို မြင်ရသောအခါ လင်ကျဲမှာ အနည်းငယ် ဒေါသထွက်လာမိသည်။ ထိုခန္ဓာကိုယ်အပေါ် သူ၏ ခံစားချက်မှာ အတော်လေး ရှုပ်ထွေးလှသည်။

နဂါးခန္ဓာကိုယ်နှင့် အသားကျသွားပြီးနောက် လင်ကျဲသည် ခေါင်းမော့ကာ ရန်ဖြစ်နေသော ထိုနှစ်ဦးကို စိုက်ကြည့်လိုက်သည်။

လေ့ကျင့်မှုများမှတစ်ဆင့် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသော အောက်လမ်း မှော်ပညာရှင် တစ်ဦး ဖြစ်လာခဲ့သော်လည်း ဇာ့ဖ်ကီယယ်မှာ စိတ်နှလုံးထဲတွင် လူသားတစ်ဦးသာ ဖြစ်နေဆဲဖြစ်ပြီး လူသားတို့၏ တိရစ္ဆာန်ဆန်သော ဗီဇနှင့် သူရဲဘောကြောင်မှုများ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အသက်ရှင်သန်နိုင်ရန်အတွက် သူသည် ချက်ချင်းပင် လက်လျှော့လိုက်ရာ သူ၏ ဟင်းလင်းပြင်နိုင်ငံတော်ကြီးမှာလည်း တခဏချင်းအတွင်း ပြိုလဲသွားတော့သည်။

ဇာ့ဖ်ကီယယ်သည် ကြောက်ရွံ့မှုကြောင့် သူ၏ ဟင်းလင်းပြင်ကမ္ဘာကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။ သို့သော် တစ်နည်းအားဖြင့် ပြောရလျှင် သူသည် လင်ကျဲကို 'အပြင်းအထန် ဒဏ်ရာရအောင်' လုပ်နိုင်ခဲ့ဆဲပင်။

ကွဲအက်သွားသော မှန်တစ်ချပ်ကဲ့သို့ပင် အက်ကြောင်းများမှာ နေရာအနှံ့ ပျံ့နှံ့သွားပြီးနောက် အရာအားလုံး ကြေမွပျက်စီးသွားတော့သည်။

အစစ်အမှန်ကမ္ဘာတွင် လင်ကျဲ၏ ရှေးဟောင်းနဂါးခန္ဓာကိုယ်မှာ နေရောင်အောက်တွင် ပေါ်ထွက်လာခဲ့ပြီး၊ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် (၂၃) လမ်းမကြီးတစ်ခုလုံး တခဏချင်း ပျက်စီးသွားရသည်။ မြေပြင်မှာ သိမ့်သိမ့်တုန်သွားသော်လည်း ၎င်းမှာ ခဏတာသာ ဖြစ်သည်။

ထိုအရာက လင်ကျဲ၏ ပထမဆုံး နဂါးအသွင်ပြောင်းခြင်း ဖြစ်သောကြောင့် သူကိုယ်တိုင်၏ ခန္ဓာကိုယ် အရွယ်အစားကို လျှော့တွက်မိခဲ့ခြင်း ဖြစ်သည်။ လူများမှာ အော်ဟစ်ပြေးလွှားနေကြပြီး၊ ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမကြီးမှာ ဒုတိယခေတ်တွင်သာ ရှိခဲ့ဖူးသည့် ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာမှုကြောင့် ပရမ်းပတာ ဖြစ်သွားတော့သည်။ ထိုကဲ့သို့သော အစွမ်းထက်သည့် သတ္တဝါကြီးကို မျက်မြင်တွေ့လိုက်ရရုံနှင့်တင် သာမန်လူသားများကို ရူးသွပ်သွားစေရန် လုံလောက်လှသည်။

လင်ကျဲ၏ ရွှေရောင်နဂါးမျက်ဝန်းများမှာ ထိတ်လန့်တကြား ထွက်ပြေးနေကြသော လူအုပ်ကြီးကို ကြည့်ရင်း ကျယ်ပြန့်သွားသည်။ သူသည် မိမိ၏ ခန္ဓာကိုယ်ကို အလိုအလျောက် ပြန်လည် ကျုံ့လိုက်ချင်မိသွား၏။ အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းနဂါး၏ တည်ရှိနေမှုသက်သက်ကပင် လူသားများကို သေဆုံးစေနိုင်သောကြောင့် ဖြစ်သည်။

‘လူသားတွေက သိပ်အားနည်းတာပဲ...’

လင်ကျဲ ထိုအခိုက်အတန့်တွင် သဘောပေါက်လိုက်သည်။ သူသည် သာမန်လူသားတစ်ဦး မဟုတ်တော့သော်လည်း လူသားတို့၏ အသိတရားနှင့် ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားရန်မှာ လိုအပ်လှသည်။ သူ ဂျိုးဇက်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

"လူတွေကို ကာကွယ်ပေးလိုက်ပါ..."

ထို့နောက် သူသည် ဟာနီရယ်အဖြစ် ဟန်ဆောင်ကာ ဘေး၌ ရပ်ကြည့်နေသော ဖစ်ချ်ဘက်သို့ လှည့်လိုက်သည်။

"ဒီအတိုင်းပဲ ရပ်ကြည့်မနေနဲ့ဦးလေ..."

ချက်ချင်းပင် ဖစ်ချ်မှာ ခေါင်းညိတ်ပြလိုက်သည်။

ဂျိုးဇက်မှာ မစ္စတာလင်၏ စကားကို ကြားသောအခါ အံ့ဩသွားမိသော်လည်း၊ မကြာမီမှာပင် အတိုင်းမသိ ဝမ်းသာသွားရသည်။

"ဟုတ်ကဲ့ပါ မစ္စတာလင်..."

‘မစ္စတာလင်က တကယ်ကို တရားမျှတတဲ့သူပဲ၊ အဲဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး... ငါ့ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ်... မစ္စတာလင်က လူသားမျိုးနွယ်ရဲ့ စစ်မှန်တဲ့ အကာအကွယ်ပေးသူ ဖြစ်လာလိမ့်မယ်...’

ဂျိုးဇက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မိမိကိုယ်ကိုယ် မီးလျှံများဖြင့် လောင်ကျွမ်းစေလိုက်သည်။ တောက်ပလှသော အလင်းတန်းများက စစ်တလင်း တစ်ခုလုံး၌ ချက်ချင်း ပြည့်နှက်သွားသည်။ ထိုစူးရှလှသော အလင်းရောင်ကြောင့် သာမန်လူသားများမှာ ခဏတာ မျက်စိကွယ်သွားကြပြီး ထိုမိစ္ဆာနတ်ဘုရားကို မမြင်နိုင်ကြတော့ပေ။

ဂျိုးဇက်သည် ဖရန်ကာကို ပြန်လည်တည်ဆောက်ထားပြီးဖြစ်သော စာအုပ်ဆိုင်အတွင်းသို့ တွန်းပို့လိုက်သည်။

တစ်ဖက်မှကြည့်လျှင် ဤစာအုပ်ဆိုင်မှာ 'မီးလျှံဓားလမ်းစဉ်' ၏ ဖျက်ဆီးမှုကို ခံခဲ့ရခြင်း မဟုတ်ပေ။ ထိုထက် မစ္စတာလင်က ဤတိုက်ခိုက်မှုကို ကြိုတင်မြင်ခဲ့ပြီး သူသွားစရာရှိသည်ဟု ပြောကာ ရှောင်တိမ်းခဲ့ခြင်းသာ ဖြစ်သည်။

မစ္စတာလင်က သူဘယ်သွားရမလဲဆိုတာကို သိပြီဟု ပြောခဲ့ချိန်တွင် ဂျိုးဇက်သည် ရင်ထဲမှနေ၍ သဘောပေါက်လိုက်သည်။ သူ ဘယ်ကို သွားမည်ဆိုသည်ကို အတိအကျ မသိသော်လည်း... ဤစာအုပ်ဆိုင်မှာ အနာဂတ်တွင် ရှိနေတော့မည် မဟုတ်ပေ။

...

ဆင်းရဲသားလူထုမှာ ထိခိုက်မှုမရှိတော့သည်ကို မြင်ရသောအခါ လင်ကျဲ၏ နဂါးမျက်ဝန်းများက ထိုနှစ်ဦးထံသို့ တစ်ဖန် ပြန်လည် ကျရောက်သွားသည်။ ပို၍ တိကျစွာ ပြောရလျှင် ကျန်ရှိနေသော တစ်ဦးထံသို့ ဖြစ်သည်။

အောက်လမ်း မှော်ပညာရှင် တစ်ဦးဖြစ်သလို လူသားသွေးလည်း ပါဝင်နေသူဖြစ်သည့်အလျောက် ဇာ့ဖ်ကီယယ်မှာ အခြေအနေကို အကဲဖြတ်ရာတွင် အတော်လေး ကျွမ်းကျင်လှသည်။ သူသည် မိုက်ကယ်နှင့်အတူ နတ်ဘုရားဖြစ်ရန် အိပ်မက်မက်ခဲ့သော်လည်း၊ အသက်ရှင်နေမှသာ အရာအားလုံး ဖြစ်မြောက်နိုင်မည် မဟုတ်ပါလား။ သူသည် နှစ်ပေါင်းထောင်ချီအောင် အသက်ရှင်နေနိုင်ခဲ့ခြင်းမှာလည်း ဤကဲ့သို့ မိမိကိုယ်ကိုယ် ကာကွယ်တတ်သည့် မူဝါဒကြောင့်ပင် ဖြစ်သည်။

ဇာ့ဖ်ကီယယ်မှာ ခိုးထွက်ပြေးသွားပြီဖြစ်ကြောင်း မိုက်ကယ် သတိမထားမိခဲ့ပေ။ သို့သော် လင်ကျဲအတွက်မူ ဇာ့ဖ်ကီယယ် မည်မျှပင် ဝေးဝေးပြေးပါစေ၊ သူ၏ လက်လှမ်းမီရာတွင်သာ ရှိနေသည်။

လင်ကျဲသည် နဂါးခြေသည်းတစ်ဖက်ကို မြှောက်လိုက်ရာ အပြာရောင်မီးလျှံများက သူ၏ လက်ဖဝါးထဲတွင် ဘောလုံးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ ထွက်ပြေးနေသော ဇာ့ဖ်ကီယယ်၏ ပုံရိပ်မှာ ထိုအပြာရောင်မီးလျှံ၏ ဗဟိုတွင် ပေါ်ထွက်လာသည်။

လင်ကျဲသည် သူ၏ ခြေသည်းကို ဆုပ်ချလိုက်ရာ ထိုအပြာရောင် မီးလုံးကြီးမှာ တခဏချင်းအတွင်း ကြေမွသွားတော့သည်။ ပြေးလွှားနေသော ဇာ့ဖ်ကီယယ်၏ ပုံရိပ်မှာ ချက်ချင်းပင် ရပ်တန့်သွားပြီး၊ သူ၏ နှလုံးခုန်သံမှာလည်း ထိုအခိုက်အတန့်တွင်ပင် အရှိန်အဟုန်ဖြင့် မြန်လာကာ အသက်ရှူရပ်သွားတော့သည်။

ဘုန်း...

ဇာ့ဖ်ကီယယ်သည် မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားကာ အသက်ပျောက်သွားတော့သည်။

မိုက်ကယ်သည် လင်ကျဲက ဇာ့ဖ်ကီယယ်ကို အလွယ်တကူ ဖြေရှင်းလိုက်သည်ကို ကြည့်ကာ မှင်တက်သွားရသည်။

‘ဒီတစ်ခါတော့ ငါ လင်ကျဲရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်...’

မိုက်ကယ်သည် သူ၏ မျက်လုံးနှစ်ဖက်လုံးကို ပိတ်လိုက်သည်။ သူသည် အရာအားလုံးကို အလင်းမှတစ်ဆင့် ထိန်းချုပ်သူဖြစ်ပြီး၊ အလင်းဓာတ် အစုအဝေးတစ်ခုအဖြစ် သူ၏ စွမ်းအားများမှာ အချိန်နှင့်အမျှ တိုးပွားလာခဲ့ရာ၊ ယခုအခါတွင် သူ စုဆောင်းထားသမျှသော စွမ်းအားအားလုံးကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်တော့သည်။

"အဇီးတောင်မှ နေမင်းရဲ့ အလင်းအောက်ကနေ မလွတ်နိုင်ဘူး... မင်းက အဇီးပေါ်ကို ဆင်းသက်ချင်တာလား... ဒါဆိုရင် ငါက အဇီးကို ဖျက်ဆီးပစ်လိုက်မယ်၊ ဒါဆိုရင် ဘယ်သူမှ ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး..."

မိုက်ကယ်သည် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေတော့သည်။

***

အပိုင်း(၅၁၄)

ဂျိုးဇက်နှင့် ဖစ်ချ်တို့သည် လူအုပ်ကြားထဲသို့ သွားကာ ကာကွယ်ရေး နည်းစနစ်များကို အသုံးပြုပြီး လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြသည်။ ဂျိုးဇက်၏ မျက်စိရှေ့တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ဖြတ်သွားသဖြင့် သူသည် ထိုသူကို ရှောင်တိမ်းရန် မသိစိတ်ဖြင့် ကြိုးစားလိုက်သည်။

‘ကလျာ...’

ဂျိုးဇက်သည် သူ၏ ရဲဘော်ဟောင်းကို ချက်ချင်း မှတ်မိလိုက်သည်။ သို့သော် ဂျိုးဇက်မှာ အရပ်ဝတ်အရပ်စားနှင့် ဖြစ်ပြီး မုတ်ဆိတ်မွှေးများလည်း လပေါင်းများစွာ မရိတ်ရသေးသဖြင့် ကလျာ သူ့ကို မှတ်မိလိမ့်မည် မဟုတ်ဟု ယူဆလိုက်သည်။

ဂျိုးဇက်သည် မိဘမဲ့ကလေးငယ်တစ်ဦးကို ပွေ့ချီလျက် (၂၃) လမ်းမရှိ လမ်းကြားတစ်ခုထဲသို့ ပြေးဝင်လိုက်သည်။

"ရုဒ်... မြန်မြန်သွား၊ မင်းရဲ့ အဘွားကို ခေါ်ပြီး ဒီကနေ ထွက်သွားတော့"

ဂျိုးဇက်က ကြောက်လန့်တကြား ငိုနေသော ကလေးငယ်ကို ညင်သာစွာ ပြောလိုက်သည်။

"ဂျိုးဇက်..."

ရင်းနှီးသော အသံတစ်ခုက သူ့ထံသို့ ဦးတည်လာသည်။ သူသည် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်မိ၏။

‘ငါ အမိခံလိုက်ရပြီ... တကယ်ပဲ ကလျာပဲ...’

ကလျာမျာ 'လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်' မှ မဟာ ရောင်စဉ် သူရဲကောင်း (၁၀) ဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ သူမသည် နာမည်အကြီးဆုံး မဟုတ်သော်လည်း လူထုအပေါ်တွင် စစ်မှန်ပြီး တရားမျှတသူ ဖြစ်ကာ အစွမ်းလည်း ထက်လှသည်။

"လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်က လူတွေလည်း ရောက်လာပြီပဲ..."

ဂျိုးဇက်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည်။ 'လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်' သည် သာမန်လူထုကို ကာကွယ်ပေးသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ပါလား။ အထက်လူကြီးများက အကျင့်ပျက်ခြစားနေသော်လည်း ကလျာ ဂရက် နှင့် ဝင်စတန် တို့ကဲ့သို့ ကာကွယ်ရန် တိုက်ပွဲဝင်နေသည့် သူရဲကောင်းများစွာ ရှိနေဆဲ ဖြစ်သည်။

ဂျိုးဇက်ကိုယ်တိုင်လည်း တစ်ချိန်က ထိုသူများထဲမှ တစ်ဦး ဖြစ်ခဲ့သည်မှာ ရယ်စရာကောင်းလှသည်။

"တကယ်ပဲ နင်ပဲလား... နင် မသေသေးဘူးပဲ..."

ကလျာသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး ဂျိုးဇက်၏ ပုခုံးကို ဆွဲကိုင်လိုက်သည်၊ သူမ၏ မျက်ဝန်းများမှာလည်း နီရဲနေသည်။

ဂျိုးဇက်သည် ဤကဲ့သို့သော ရဲဘော်ဟောင်းတစ်ဦးအပေါ်တွင် စိမ်းကားစွာ မနေနိုင်ပေ။ သူသည် သက်ပြင်းတစ်ချက် ချလိုက်၏။

"ကလျာ... ငါ့မှာ သေချင်ယောင် ဟန်ဆောင်ခဲ့ရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်... ငါတို့ရဲ့ နှစ်ရှည်လများ ခင်မင်မှုကို ထောက်ထားပြီး ငါ့အကြောင်းကို မျှော်စင်ကို အစီရင်ခံစာ မတင်ဖို့ ငါ တောင်းပန်ချင်တယ်ဟာ... ပြီးတော့ ပိုအရေးကြီးတာက... မေလီဆာကို မသိစေနဲ့ဦး"

မေလီဆာ၏ အမည်ကို ကြားလိုက်ရချိန်တွင် ကလျာ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

"မေလီဆာ... သူက..."

"သူ ဘာဖြစ်လို့လဲ..."

ဂျိုးဇက်က စိုးရိမ်တကြီးဖြင့် ကလျာ၏ ချပ်ဝတ်တန်ဆာကို လှမ်းဆွဲလိုက်မိသည်။

"သူက အကြီးအကဲ ခေါင်းဆောင် ဗဲလေ့စ်ကို တိုက်ခိုက်ပြီးနောက်မှာ ဗဟိုခရိုင် တရားရုံးကို ပို့ခံလိုက်ရတယ်... သူက နင့်အတွက် ကလဲ့စားချေပေးတာလို့ ပြောခဲ့တယ်"

ကလျာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဘာကြီး..."

ဂျိုးဇက်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသည် မေလီဆာအား လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်၏ မကောင်းမှုများအကြောင်း အရိပ်အမြွက် ပေးခဲ့ဖူးသည်မှာ မှန်သော်လည်း၊ သူမက ဤမျှအထိ ပြင်းပြင်းထန်ထန် တိုက်ရိုက် အရေးယူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဂျိုးဇက် ရုတ်တရက် အသက်ရှူဖို့ပင် ခက်ခဲသွားသလို ခံစားလိုက်ရတော့သည်။

...

နော်ဇင်မြို့၏ ဗဟိုစီမံခန့်ခွဲရေးဌာန၊ မြေအောက် ပေတစ်ထောင်အကွာတွင် ရှိသော အရပ်ဒေသ...

ဧရာမ ပြောင်းပြန်သစ်ပင်ကြီးထံမှ ရစ်ခွေတွန့်လိမ်နေသော သစ်ကိုင်းသစ်ခက်တို့သည် အောက်သို့ တွဲလောင်းကျနေကြ၏။ ထိုသစ်ပင်ကြီး၏ တည့်တည့်အောက်တွင်မူ လုံးဝန်းသော ဖန်လုံးတစ်လုံးရှိပြီး ထိုအထဲ၌ ဖြူလွလွ မြူခိုးမြူငွေ့တို့ ဝဲကယက်ထနေသည်။ ထိုဖန်လုံးသည် ရင်းနှီးပြီးသား မြင်ကွင်းတစ်ခုကို ထင်ဟပ်ပြသနေလေသည်။

အဖြူရောင် ဝတ်ရုံရှည်များ ဆင်မြန်းထားကြသော အထက်လမ်းမှော်ဆရာ အိုကြီးဆယ်ဦးကျော်တို့သည် စုရုံးကာ ဖန်လုံးထဲမှ မြင်ကွင်းကို အာရုံစိုက်၍ ကြည့်ရှုနေကြ၏။ ထိုမြင်ကွင်းမှာ (၂၃) လမ်းမပေါ်မှ မြင်ကွင်းပင် ဖြစ်သည်။

ထိုလမ်းမပေါ်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

ဇက်ဖ်ကီရယ်၏ ဟင်းလင်းပြင်နယ်ပယ် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသောအခါ ဖုံးကွယ်ထားသော တိုက်ပွဲမြင်ကွင်းမှာ ဗဟိုစီမံခန့်ခွဲရေးဌာန၏ တရားစီရင်ရေးဗျူရို အဖွဲ့ဝင်များရှေ့တွင် အထင်အရှား ပေါ်ပေါက်လာခဲ့သည်။ ထိုမြင်ကွင်းက သူတို့အားလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့၏။

"သူက... နဂါးတစ်ကောင်လား..."

တရားစီရင်ရေးဗျူရို၏ စာရေးစာချီလုပ်ငန်းများကို ရာစုနှစ်ပေါင်းများစွာ တာဝန်ယူခဲ့သော အက်စမိုးဒီးယပ်စ်သည် တုန်တုန်ယင်ယင်ဖြင့် ဖန်လုံးထဲရှိ လင်ကျဲကို လက်ညိုးထိုးရင်း ရေရွတ်လိုက်သည်။

"မဟုတ်ဘူး..."

ထိုပြောင်းပြန်သစ်ပင်ကြီးကို အကြာမြင့်ဆုံး စောင့်ရှောက်ခဲ့သည့် ဘားရ်က သူ၏ ရှည်လျားသော မုတ်ဆိတ်အုံကြီးကို သပ်ရင်း ပြောလိုက်သည်။

"ဒါက အပေါ်ယံ အခွံတစ်ခုသက်သက်ပဲ၊ အရင်က လူသားလူငယ်လေးရဲ့ အသွင်သဏ္ဌာန်လိုမျိုးပေါ့..."

"ဒီပုံစံကို ငါမြင်ဖူးတယ်..."

လျှို့ဝှက်ဓမ္မထုံးတမ်းမျှော်စင်မှ အကြီးအကဲ ဗဲလေ့စ်က ဝင်ပြောသည်။ သူသည် တစ်ချိန်က မိစ္ဆာနတ်ဘုရား၏ ကျိန်စာသင့်ကာ မလှုပ်မယှက်နိုင် ဖြစ်ခဲ့သော်လည်း ယခုအခါ မေလီဆာ၏ မီးလျှံများကြောင့် အသက်ဓာတ် ပြန်လည်ရရှိလာခဲ့သူ ဖြစ်သည်။

"ဒီနဂါးက မူလ စုန်းမကြီး ဆစ်ဗာရဲ့ လက်အောက်ခံ ကပ်ဘေးနဂါး ဘာကက် ပဲ... စာအုပ်ဆိုင်ပိုင်ရှင်က မူလ စုန်းမကြီးတွေနဲ့ တကယ်ပဲ ပတ်သက်နေတာကိုး"

ဗဲလေ့စ်က တွေးတောရင်း ပြောလိုက်၏။

ကျန်သူများကလည်း ခေါင်းညိတ်ထောက်ခံရင်း ဖန်လုံးထဲမှ တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေကြသည်။ စာအုပ်ဆိုင်ပိုင်ရှင် နဂါးအသွင် ပြောင်းလဲသွားပြီးနောက် မိုက်ကယ် နှင့် ဇာ့ဖ်ကီရယ်တို့ အချင်းချင်း အငြင်းပွားနေကြသည်မှာ ကြည့်ရသည်မှာ ရယ်စရာကောင်းလှ၏။

"မီးလျှံဓားလမ်းစဉ်ဆိုတာ လူရမ်းကားအုပ်စုသက်သက်ပါပဲ"

တရားစီရင်ရေးဗျူရို အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဂ္ဂါသယ်က ကဲ့ရဲ့ရှုံ့ချလိုက်သည်။ အခြေအနေအရ စာအုပ်ဆိုင်ပိုင်ရှင်မှာ သူတို့၏ အငြင်းပွားမှုကို သဘောကျနေဟန်ရှိပြီး ငြိမ်သက်စွာ စောင့်ကြည့်နေလေသည်။

မိုက်ကယ် အာရုံလွင့်နေစဉ်အတွင်း ဇာ့ဖ်ကီရယ်သည် အခွင့်ကောင်းယူကာ ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားသော်လည်း စာအုပ်ဆိုင်ပိုင်ရှင်ကမူ တည်ငြိမ်စွာပင် လက်ကို မြှောက်၍ ဆုပ်ကိုင်လိုက်ရာ ဇာ့ဖ်ကီရယ်မှာ ကျယ်လောင်သော အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

ပြောင်းပြန်သစ်ပင်အောက်ရှိ တရားစီရင်ရေးဗျူရို အဖွဲ့ဝင်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားကြ၏။

"ငါမှတ်မိသလောက်တော့ ဇာ့ဖ်ကီရယ်က အခရာအဆင့်ကို စောစောစီးစီး ရောက်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ..."

ဗျူရိုအဖွဲ့ဝင် တစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အခရာအဆင့်ရှိသူတစ်ဦးကို လင်ကျဲက ပိုးဟပ်တစ်ကောင်ကို ချေဖျက်သကဲ့သို့ အလွယ်တကူ ကိုင်တွယ်နိုင်သည်မှာ မယုံနိုင်စရာပင်။

"ငါတို့ထဲမှာ စာအုပ်ဆိုင်ပိုင်ရှင်ကို ယှဉ်နိုင်မယ့်သူ ရှိလား..."

ဘာရ်က ရုတ်တရက် မေးလိုက်သည်။

‘ဒါကတော့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ... ‘

ဗဲလေ့စ်က ဖန်လုံးကို စိုက်ကြည့်ရင်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်၏။ ထိုစဉ် သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

"ဂျိုးဇက်..."

ဂျိုးဇက်သည် အသက်ရှင်လျက် ရှိနေရုံသာမက လင်ကျဲ၏ အမိန့်အရ သာမန်လူသားများကို ကာကွယ်ပေးနေသည်ကို မြင်လိုက်ရသဖြင့် ဗဲလေ့စ်မှာ မယုံကြည်နိုင် ဖြစ်သွားရသည်။

"သူက တကယ်ပဲ အသက်ရှင်နေသေးတာလား..."

ဗဲလေ့စ်၏ ကောက်ကျစ်သော ဦးနှောက်မှာ ချက်ချင်း အလုပ်လုပ်တော့သည်။ အခြေအနေမှာ မဟန်တော့ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်၏။

"ကျွန်တော်တို့ ဒုက္ခရောက်ပြီ စီနီယာဘာရ်"

ဗဲလေ့စ်က မျက်မှောင်ကြုတ်လျက် ကြားဖြတ်ပြောလိုက်သည်။

"ဂျိုးဇက် အသက်ရှင်နေတုန်းပဲ... မေလီဆာတစ်ယောက် လျှို့ဝှက်ဓမ္မထုံးတမ်းမျှော်စင်ရဲ့ အမှန်တရားကို ဘာလို့ ချက်ချင်း သိသွားသလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး... သူက သူ့သမီးကို တိတ်တဆိတ် သတင်းပေးခဲ့တာပဲ ဖြစ်ရမယ်... အခု မေလီဆာကို ချက်ချင်း သတ်ရမယ်... မဟုတ်ရင် ဂျိုးဇက်က သူတို့သားအဖကြားက သွေးသားတော်စပ်မှုနဲ့ မီးလျှံစွမ်းအားကို ခြေရာခံပြီး ဒီနေရာကို ရောက်လာလိမ့်မယ်။"

နော်ဇင်တစ်ခုလုံးကို စောင့်ရှောက်ထားသည့် ဤပြောင်းပြန်သစ်ပင်နှင့် 'သစ်ပင်များ၏ မူလ စုန်းမကြီး' မှာ အဇီးကမ္ဘာ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်များ ဖြစ်ကြသည်။

ဗဲလေ့စ်၏ စကားကို ကြားသောအခါ ဘာရ်သည်လည်း ထိတ်လန့်သွားပြီး ဦးနှောက်ဆေးခြင်း ခံထားရသော မေလီဆာဘက်သို့ လှည့်ကြည့်လိုက်သည်။ မူလက သူမကို လက်နက်တစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။

"သူ့ကို မြန်မြန်သတ်လိုက်တော့"

ဘာရ်က တိုက်တွန်းလိုက်သည်။

ရွှမ်း...

အဂ္ဂါသယ်၏ ညာလက်တွင် ဓားတစ်စင်း ပေါ်လာပြီး မေလီဆာထံသို့ ဝေ့ယမ်းခုတ်ပိုင်းလိုက်၏။ အချိန်ကိုက် ဆိုသလိုပင် မြေအောက်ကမ္ဘာတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားလေသည်။

ဂျိမ်း... ဝုန်း...

All Chapters