အခန်း (၂၀၃၉-၂၀၄၀)
Vol. 146 Ch. 2039-2040
အပိုင်း(၂၀၃၉)
ဝေ့ဝူယင်သည် လျှို့ဝှက်တရားစီရင်ရေး တိုင်လုံးပေါင်း ၃၆ တိုင်ကို အာရုံခံနိုင်သည့် သူ၏ ခွဲဖြာနေသော အသိစိတ်ထဲတွင် အေးစက်လှသော ရေစီးကြောင်းတစ်ခု လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရသည်။ ထိုအအေးဓာတ်သည် စိတ်ပျက်အားလျော့မှု အရိပ်အယောင်များ ပါဝင်နေသည်။ သို့သော် ခေတ္တမျှသာ ဖြစ်ပြီး၊ စိတ်ပျက်မှုနှင့် မကျေနပ်မှု အအေးဓာတ်သည် စိတ်ဝင်တစား စောင့်ကြည့်နေသော နွေးထွေးမှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
သူသည် လျှို့ဝှက်သင်္ကေတ မျိုးစေ့များ စတင်ဖြစ်ပေါ်ချိန်မှစ၍ သေမျိုးတာအိုနှင့် လျှို့ဝှက်တာအိုတို့၏ တည်ရှိမှုကို စက္ကန့်တိုင်း ခံစားခဲ့ရဖူးသည်။ သို့သော် သူ၏ ‘ကြယ်တာရာ ပါရဂွန် ခန္ဓာ' ဖွဲ့စည်းစဉ်ကကဲ့သို့သော အခြေအနေမျိုးတွင်မူ ထိုတာအိုတို့သည် စက်ရုပ်ကဲ့သို့ မဟုတ်ဘဲ အသိဉာဏ်၊ ပညာ၊ သတိနှင့် ပင်ကိုယ်စရိုက်တို့ရှိသော သက်ရှိများကဲ့သို့ သူ့အပေါ်တွင် အာရုံစိုက်လာကြသည်။ ယခုလည်း ထူးမခြားနားပေ။ သူတို့၏ အနှံ့အပြား တည်ရှိနေသော အာရုံများသည် သူ့ထံသို့ စုစည်းရောက်ရှိလာကြသည်။
ဝေ့ဝူယင်သည် 'ကောင်းကင် နှလုံးသား နည်းလမ်း’ ၏ ပြုပြင်မွမ်းမံထားသော နည်းလမ်းဖြင့် ကာကွယ်ထားသော သူ၏ ခွဲဖြာနေသော 'အစစ်အမှန် ဝိညာဉ်' သည် အာဏာရှင်အဆင့်သို့ တက်လှမ်းသည့် ဖြစ်စဉ်အတွင်း၌ တဖြည်းဖြည်း ပြန်လည်နုပျို လန်းဆန်းလာသည်ကို ခံစားလိုက်ရသည်။ သူသည် လျှို့ဝှက်အာဏာရှင်များ၏ အဆင့်သို့ စတင်ဝင်ရောက်နေပြီ ဖြစ်သည်။
ဤလုပ်ရပ်၏ ရလဒ်ကို အတတ်မသိနိုင်သော်လည်း၊ ဝေ့ဝူယင်သည် အသာတကြည်ပင် လက်ခံလိုက်ပြီး ကျန်ရှိသည်များကို သူ၏ ကျင့်ကြံခြင်း ဝိညာဉ်များအား ယုံကြည်စွာ လွှဲအပ်ထားလိုက်သည်။ သူ၏ ခွဲဖြာနေသော သေမျိုးတည်ရှိမှု အဆောက်အအုံ တစ်ခုချင်းစီကို ထိုနွေးထွေးမှုက တဖြည်းဖြည်း လွှမ်းခြုံသွားသည်။ ယင်းမှာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ပင်။
ချက်ချင်းဆိုသလိုပင် လျှို့ဝှက်လမ်းစဉ်၏ နားလည်ရခက်သော အချက်အလက်များသည် သူတစ်ပါးရေးထားသော စာအုပ်ကို ဖတ်နေရသလိုမျိုး မဟုတ်ဘဲ၊ ကိုယ်တိုင် သိမြင်သကဲ့သို့ ရှင်းလင်းလာတော့သည်။ သူ၏ 'အချိန်ဥပဒေသ' ပိုင်ဆိုင်မှုက 'အချိန်နောက်ပြန်လှည့်ခြင်း' နှင့် ဆင်တူသည်ကို လုပ်ဆောင်နိုင်သော်လည်း၊ ယခု အာရုံမှာ လျှို့ဝှက်တာအို၏ အချိန်နယ်ပယ်မှ လာသော အရာနှင့် ကွဲပြားသည်။ လျှို့ဝှက်တာအို၏ နည်းလမ်းမှာ ကောင်းကင်တာအို တစ်ခုထံမှ အဖိုးအခတစ်ခု ပေး၍ အကျိုးအကြောင်း ဆက်နွှယ်မှုကို နောက်ပြန်လှည့်ရန် တောင်းဆိုခြင်း ဖြစ်သည်။ ယင်းမှာ ဝေ့ဝူယင် မရရှိဖူးသေးသော 'အချိန်မြစ်' ကြီး၏ စီးဆင်းမှုနှင့် ဆက်သွယ်လိုက်ခြင်းပင် ဖြစ်သည်။
ယင်းခံစားချက်မှာ... စက်ဆုပ်ဖွယ် ကောင်းလှသည်။
သူ၏ 'အချိန်ဥပဒေသ' မှာ မိမိကိုယ်ပိုင် ခွန်အားဖြင့် အချိန်စီးဆင်းမှု၏ အကျိုးအကြောင်းကို ပြောင်းလဲနိုင်စွမ်း ရှိသောကြောင့် ယခုနည်းလမ်းကို အဆင့်နိမ့်သည်ဟု ထင်မြင်မိခြင်း ဖြစ်နိုင်သည်။ သို့သော် ဤဆက်သွယ်မှုသည် သူ၏ ကိုယ်ပိုင်အစွမ်းထက် များစွာ ပိုမိုကျယ်ပြန့်သော ကန့်သတ်ချက်များလည်း ရှိကြောင်း သူ နားလည်လိုက်သည်။ အကြောင်းကား... သူ့အနေဖြင့် လုံလောက်သော အသက်စွမ်းအားနှင့် စတေးမှုများ ပေးနိုင်ပါက အံ့အားသင့်ဖွယ် အချိန်စီမံခန့်ခွဲမှုများကို ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် - သက်ရှိ ဝိညာဉ်၊ အသိစိတ်ပင်လယ်နှင့် မှတ်ဉာဏ်များကို အာကာသနှင့် အချိန်တို့ကို ဖြတ်ကျော်စေပြီး ငယ်ရွယ်သော 'အစစ်အမှန် ဝိညာဉ်' နှင့် ပေါင်းစည်းစေခြင်းမျိုး ဖြစ်သည်။ ကောင်းကင်တာအိုသည် စန်းယွန်းလီကို ဖန်တီးရန် ဤလုပ်ဆောင်ချက်ကို အသုံးချခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ကုန်ကျစရိတ်မှာ မည်သည့် လျှို့ဝှက်အာဏာရှင်မျှ မတတ်နိုင်လောက်အောင် များပြားလှသော်လည်း၊ ယင်းကို ဖြစ်နိုင်စေသည်မှာ လျှို့ဝှက်လမ်းစဉ်မှ ဆင်းသက်လာသော ဤနက်နဲသည့် ဆက်သွယ်မှုကြောင့်သာ ဖြစ်ပေသည်။
နားလည်မှုအသစ်များ၏ နက်နဲမှုများ အတွင်း နစ်မြုပ်နေစဉ်၊ ဝေ့ဝူယင်သည် သူ၏ ပေါင်းစည်းထားသော အသိစိတ်မျှင်လေးမှာ တစ်စစ ပိုမိုခိုင်မာကာ ရှင်းလင်းလာသည်ကို ခံစားရသည်။ အိုရီယန်နာ၊ ဘုရင်၊ ဧဒင်နှင့် ခရာတို တို့သည် သူတို့၏ ကာလရှည်ကြာ စောင့်စားခဲ့သော အစီအစဉ်၏ နောက်ထပ်ခြေလှမ်းများကို စတင်လိုက်ကြပြီ ဖြစ်သည်။ သူတို့သည် ဝေ့ဝူယင်၏ သေမျိုး အစစ်အမှန် ဝိညာဉ်ကို အာဏာရှင်အစစ်အမှန် ဝိညာဉ်အဖြစ်သို့ ပြောင်းလဲရန် ခွင့်ပြုလိုက်ကြသည်။
လျှို့ဝှက်တာအို၏ 'ပြည့်စုံသွားခြင်း' ကို အစွဲအလမ်းကြီးသော ဂုဏ်သတ္တိနှင့် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းကို အသုံးချကာ၊ အသစ်ပြန်လည် လန်းဆန်းလာသည့် ပြီးပြည့်စုံသော အစစ်အမှန် ဝိညာဉ်လေးခု ပေါ်ထွန်းလာတော့သည်။
အစစ်အမှန် ဝိညာဉ်များ ကွဲထွက်သွားသောအခါ၊ ၎င်းနှင့်အတူ ပါသွားသော ကျင့်ကြံခြင်း အခြေခံ၏ နက်နဲသည့် အင်အားများလည်း ကွဲထွက်သွားခဲ့သည်။ ဥပဒေသများ၏ သာမညအာဏာစက်များ၊ အသိစိတ်ပင်လယ်၊ ကြယ်တာရာ ပါရဂွန် ခန္ဓာ၏ အခြေခံတည်ဆောက်ပုံ၊ အပြစ်သားမျိုးစေ့များ ဖြစ်ကြသော မာနနှင့် ရမ္မက်တို့သည်လည်း မမျှော်လင့်ဘဲ ကွဲထွက်သွားကြသည်။ 'ဖီဆန်လေး' သည်လည်း အသံတိတ်ပင် လေးခုကွဲသွားကာ စိတ်မျက်လုံး လေးခုတွင် ပုန်းကွယ်နေခဲ့ပြီး၊ ကျန်ရှိသမျှ အရာအားလုံးသည် လေးခုစီ ကွဲထွက်သွားခဲ့သည်။
လျှို့ဝှက်တာအိုသည် ဝေ့ဝူယင်၏ တည်ရှိမှု မပြည့်စုံသည်ကို မြင်သောအခါ၊ လျှို့ဝှက်တာအို ကိုယ်တိုင်မှ မဟုတ်ဘဲ ပြင်ပအင်အားတစ်ခုသည် 'အချိန်မြစ်' နှင့် ဆက်သွယ်သကဲ့သို့ပင် ဝေ့ဝူယင်၏ အစစ်အမှန် ဝိညာဉ်များအတွင်းသို့ အေးစက်စွာ စီးဝင်လာသည်။ ၎င်းသည် မည်သည့်အရာကို ဖြတ်ကျော်ရသည်ဖြစ်စေ၊ ဝေ့ဝူယင်တွင် ဘာရှိသည်ဖြစ်စေ ဂရုမစိုက်ဘဲ ပြန်လည်နုပျိုစေသည့် ပြုပြင်ရေး အင်အားများကိုသာ သွန်းလောင်းပေးလေတော့သည်။
လူတိုင်း၏ အစစ်အမှန် ဝိညာဉ်သည် ကျင့်ကြံရင်း၊ နေထိုင်ရင်း ကြီးထွားလာတတ်သည်။ ထိုကြီးထွားမှုများကို ငရဲဘုံ၏ ဆယ့်ရှစ်ပါးသော ကပ်ဘေးများက လူဝင်စားခြင်းအတွက် အကုန်အစင် ဖျက်ဆီးပစ်လေ့ရှိသည်။ ယခု အင်အားမှာမူ အစစ်အမှန် ဝိညာဉ်နှင့် ၎င်း၏ အသေးစိတ် အချက်အလက်များကို မူလအတိုင်း ပြန်လည် တည်ဆောက်ပေးနိုင်သည့် အရာဖြစ်သည်။
ဝူယု ၏ ရုပ်ခန္ဓာ ပျက်စီးသွားချိန်တွင်ဖြစ်စေ၊ လရောင်ဖြာ ဧကရီနှင့် ထန်ရှင်းယွင်တို့၏ ကြောက်မက်ဖွယ် ရလဒ်များတွင်ဖြစ်စေ၊ သူတို့၏ ဝိညာဉ်က မှတ်မိနေသော မူလရုပ်ခန္ဓာဖြင့် ပြန်လည် မွေးဖွားလာနိုင်ခြင်းမှာ 'ထာဝရပြန်လည်မွေးဖွားခြင်း ဆေးလုံး' က ဝိညာဉ်တွင် ထင်ဟပ်နေသော ပုံရိပ်ကို ပြန်လည် ဖန်တီးပေးခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် ပြင်ပနည်းလမ်းများဖြင့် ရုပ်ရည်ကို ပြောင်းလဲထားသော အလှပဂေးများနှင့် သူရဲကောင်းများသည် ပြန်လည်မွေးဖွားချိန်တွင် သူတို့၏ ရုပ်မှန်ကို ပြန်လည်ရရှိကြခြင်း ဖြစ်သည်။ ဝိညာဉ်များကို ဆေးကြောပစ်လျှင်ပင်၊ အစစ်အမှန် ဝိညာဉ် ထိခိုက်မှုမရှိသရွေ့ သူတို့၏ မူလရုပ်ရည်အတိုင်း ရှိနေမည်ဖြစ်သည်။ အစစ်အမှန် ဝိညာဉ်ကို ထိပါးခြင်းမှာ ကောင်းကင်တာအိုက တားမြစ်ထားသော အရာဖြစ်ပြီး၊ ထိုသို့ပြုလုပ်သူသည် ကြီးမားသော 'ကမ္မအပြစ်' ကို ရရှိလိမ့်မည် ဖြစ်သည်။ သူတော်စင် နွေဦးကွင်းပြင်သည် ယင်း၏ သာဓကပင် ဖြစ်တော့သည်။
ဝေ့ဝူယင်၏ အစစ်အမှန် ဝိညာဉ် အခြေခံတွင် သာမည ဥပဒေသများ၊ အပြစ်သားမျိုးစေ့များ၊ အင်ပါယာ အဆင့်အတန်းနှင့် သူ၏ ကမ္မ တန်ဖိုးတို့ပင် ပါဝင်နေသည်။ အခြေခံအားဖြင့် အရာအားလုံး... သူ၏ ကျင့်ကြံခြင်း ဝိညာဉ်လေးခု အပါအဝင်ပင်။
"စပြီ... စနေပြီ..."
အိုရီ၏ အသံက ဝေ့ဝူယင်၏ ခွဲဖြာနေသော အသိစိတ်ထဲတွင် မိုးကြိုးသံကဲ့သို့ မြည်ဟီးသွားသည်။
ဝေ့ဝူယင်သည် ဤအင်အားက သူ၏ တာဝန်တစ်ခုတည်းကိုသာ ဇောက်ချလုပ်ဆောင်နေသည်ကို ခံစားလိုက်ရသည်။
'ဖြစ်နိုင်ပါ့မလား...'
သူ၏ အတွေးများမှာ အလွှာလေးခုအဖြစ် ပေါင်းစပ်သွားပြီး ကြယ်တာရာ ဝိညာဉ်လေးခုကို အာရုံခံလိုက်သည်။
ကြယ်တာရာ ဝိညာဉ်လေးခု...
ကွဲပြားနေသော အသိစိတ် လေးခု...
ထိုအင်အားသည် သူ့ကို ပြည့်စုံအောင် လုပ်ပေးနေရုံသာမက၊ သူ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို ပြန်လည် ဖန်တီးပေးနေခြင်း ဖြစ်သည်။ ပျောက်ဆုံးနေသော သို့မဟုတ် ပျက်စီးနေသော အစိတ်အပိုင်းများကို ပြုပြင်ကာ 'ပြီးပြည့်စုံသော အာဏာရှင်အဆင့်' သို့ ရောက်ရှိစေရန် ကူညီပေးနေခြင်း ဖြစ်သည်။
အိုရီ၊ ဘုရင်၊ ဧဒင် နှင့် ခရာတို...
"ဟီး ဟီး..."
လေးကြိမ်တိုင်တိုင် ပဲ့တင်ထပ်သွားသည်။
"ဟမ့်"
လေးကြိမ်တိုင်တိုင် ပဲ့တင်ထပ်သွားသည်။
"ဝရား..."
လေးကြိမ်တိုင်တိုင် ပဲ့တင်ထပ်သွားသည်။
နောက်ဆုံးတွင်မှ...
"စိတ်မပူနဲ့... ကျွန်တော်တို့အားလုံး အတူတူပဲ... အကုန်လုံး သိပြီးသား... ဘာလုပ်ရမလဲဆိုတာ သိတယ်"
ဧဒင်၏ တည်ငြိမ်သော အသံမှာ ဝေ့ဝူယင်၏ အစစ်အမှန် ဝိညာဉ်ထဲတွင် ပဲ့တင်သံများနှင့်အတူ ပျံ့လွင့်သွားသည်။
ပေါင်းစည်းခြင်း အင်အား...
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ ဝေ့ဝူယင်သည် ကြယ်တာရာ ဝိညာဉ် ၁၆ ခုလုံးမှ ပြင်းထန်သော ပေါင်းစည်းခြင်း အင်အားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
၁၆ ခု...
နောက်ဆုံးအဆင့်တွင် သူ၏ အစစ်အမှန် ဝိညာဉ်များ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည့် ခံစားချက်မှာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ပင်။ သူ့ဘက်က မခုခံဘဲ အသာတကြည် လက်ခံထားသောကြောင့်၊ ဤခံစားချက်မှာ သေမျိုးကြယ်တာရာ ကပ်ဘေးကို ရင်ဆိုင်စဉ်က သူ၏ ဝိညာဉ်များ ထိုအင်အားမှ ထွက်ပြေးရန် ပျက်ကွက်ခဲ့လျှင် ကြုံတွေ့ရမည့် ခံစားချက်နှင့် ထူးမခြားနားပေ။
ကံကောင်းသည်က ဝေ့ဝူယင်၏ အစစ်အမှန် ဝိညာဉ်လေးခုမှာ အခြေခံချင်း တူညီနေခြင်းပင် ဖြစ်သည်။ သို့သော် သူ၏ ဝိညာဉ်များသည်သာ စရိုက်နှင့် မှတ်ဉာဏ်များ ကွဲပြားနေခဲ့လျှင်၊ သူတို့၏ ကိုယ်ပိုင် အမှတ်သညာများ ပေါင်းစည်းသွားကာ အရာသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။
လေးခုလုံးသည် တစ်ခုတည်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အိုရီသည် အခြားသော အိုရီသုံးဦးနှင့် ပေါင်းစည်းသွားသည်။ ဘုရင်သည်လည်း ထိုနည်းတူ၊ ခရာတိုနှင့် ဧဒင်တို့သည်လည်း ထိုနည်းတူပင်။ ယင်းတွင် သူတို့၏ အသစ်စက်စက် လျှို့ဝှက်အမြုတေ များလည်း ပါဝင်သည်။
ကြယ်တာရာ ပါရဂွန် ခန္ဓာသည် အလွှာလေးခုအဖြစ် ပေါင်းစပ်သွားသည်။ သာမည ဥပဒေသများ ပေါင်းစည်းသွားကာ၊ ကောင်းကင်ဘုံနှင့်အတူ ဟိန်းသံများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ယခင်ကထက် များစွာ ပိုမိုကြီးမား၊ ကျယ်လောင်၊ တောက်ပပြီး ခိုင်မာလာတော့သည်။ 'ဖီဆန်လေး' သည်လည်း အခြားသော ဗားရှင်းသုံးခုနှင့် ပေါင်းစပ်သွားသည်။
အရာအားလုံး...
အရာအားလုံး ပေါင်းစည်းသွားပြီ ဖြစ်သည်။
တဖြည်းဖြည်းနှင့် ဝေ့ဝူယင်၏ အသိစိတ်လေးခုမှာ တစ်ခုတည်း ဖြစ်လာသည်။
ထို့နောက်...
ဘုန်း...
***
အပိုင်း(၂၀၄၀)
ဘုန်း...
ဝေ့ဝူယင်၏ စိတ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အပြည့်အဝ ပြန်လည် ခံစားလိုက်ရသည်။
သူ၏ ငွေရောင်မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ၊ ဝေးကွာလှသော ဂလက်ဆီများနှင့် ကမ္ဘာလောကများ၏ အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံကို မြင်လိုက်ရသည်။ သူသည် ဟင်းလင်းပြင် သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် လှဲလျောင်းနေသကဲ့သို့ အမှောင်ဟင်းလင်းပြင်ထဲ၌ ခြေပစ်လက်ပစ် မျောပါနေသည်။
"..."
ရင်းနှီးသော ခံစားချက်များက သူ့ကို လွှမ်းခြုံလာသည်။ ကြယ်တာရာ ဝိညာဉ်လေးခု၏ တိုးညှင်းသော တုန်ခါသံများမှာ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း၊ ယခုအခါ ၎င်းတို့သည် ကြယ်တာရာ အမြုတေထဲတွင် မဟုတ်တော့ဘဲ 'လျှို့ဝှက်အမြုတေ' ထဲတွင် ကိန်းဝပ်နေကြပြီ ဖြစ်သည်။ လျှို့ဝှက်အမြုတေများသည် လျှို့ဝှက်ဆန်းကြယ်သော အော်ရာများကို ထုတ်လွှတ်နေသည့် တောက်ပသော နေကြယ်များနျင့် တူညီနေသည်။ သူတို့၏ အခြေခံ စွမ်းအင်များသည် သေမျိုးအဆင့်တွင် မရှိတော့ဘဲ လျှို့ဝှက်တာအိုနှင့် ဆက်သွယ်နိုင်သော 'လျှို့ဝှက်အင်အား' အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယင်းမှာ မကြုံစဖူးသော အသွင်ကူးပြောင်းမှုပင်။
သူ၏ စိတ်မျက်လုံးထဲတွင် 'ဖီဆန်လေး' သည် နေမင်း အော်ရာများကို ထုတ်လွှတ်နေသည်။ ယခင်က မူလကြယ်တာရာ ပါရဂွန် ခန္ဓာသာဆိုလျှင်၊ ဤနေမင်းအော်ရာ လှိုင်းများသည် သူ၏ အသိစိတ်ပင်လယ်ကို ဖျက်ဆီးပစ်မည်မှာ သေချာသည်။ သို့သော် သူ၏ အသိစိတ်ပင်လယ်သစ်မှာ အခြားသုံးခုနှင့် ပေါင်းစည်းထားပြီး အခြေခံကျသော အသွင်ပြောင်းမှုကို ကြုံတွေ့ထားရပြီး ဖြစ်သည်။
ဖော်ပြရန် ခက်ခဲလှသော်လည်း၊ သူသည် ထိုကွဲပြားခြားနားမှုကို အနီးကပ် ခံစားနေရသည်။
ယင်းမှာ အခြားသော အာဏာရှင်အဆင့် ခြေချခြင်းများနှင့် လုံးဝမတူပေ။
ထူးခြားလှသော လျှို့ဝှက်အလင်းတန်းများ ထွက်ပေါ်နေသည့် ငွေရောင်မျက်လုံးများဖြင့် လက်များကို ငုံ့ကြည့်ရင်း၊ ဝေ့ဝူယင်သည် အရာအားလုံး ပြောင်းလဲသွားပြီဟု ခံစားလိုက်ရသည်။
"ငါတို့ လျှို့ဝှက် အာဏာရှင်အဆင့်ကို ရောက်ပြီလား"
ဝေ့ဝူယင်က မေးလိုက်ရာ သူ၏ အသံမှာ ပဲ့တင်ထပ်သွားသည်။
"ဟုတ်တယ်..."
သူသည် ပေါင်းစည်းထားသော တုံ့ပြန်မှု လေးခုကို ရရှိလိုက်သည်။ အသံတစ်ခုချင်းစီတွင် အခြားအသံသုံးခု ထပ်နေသကဲ့သို့ ဖြစ်နေပြီး သာယာသော ဂီတသံတစ်ခုကဲ့သို့ပင်။ ဤဖြစ်စဉ်မှာ မြန်ဆန်ပြီး ထင်သလောက် မရှုပ်ထွေးသော်လည်း၊ လုပ်ရပ်ကိုယ်တိုင်မှာမူ လောကကြီးကို အံတုဖီဆန်လိုက်ခြင်းပင် ဖြစ်သည်။
ကာလအတန်ကြာပြီးနောက်တွင် သူ အောင်မြင်ခဲ့လေပြီ...။
လျှို့ဝှက်အာဏာရှင်အဆင့်၏ ပထမအဆင့်၊ သေမျိုးနှင့် လျှို့ဝှက်နယ်ပယ်တို့အကြား နောက်ဆုံးသော ဆက်သွယ်မှု...
လျှို့ဝှက်ကြယ်တာရာ အဆင့်...
…
"ငါ အာဏာရှင်အဆင့် တက်လှမ်းတာ ဘယ်လောက် ကြာသွားသလဲ"
ဝေ့ဝူယင်၏ မေးခွန်းစကားသံက လျှို့ဝှက်ဆန်းကြယ်သော ဂီတသံစဉ်တစ်ခုကဲ့သို့ နူးညံ့ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။ စကားပြောဆိုလိုက်သည့် သာမန်လုပ်ဆောင်ချက်ကလေးကပင် နားမလည်နိုင်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသကဲ့သို့ ရှိနေပြီး၊ သူသည် လျှို့ဝှက်တာအို၏ စိုးမိုးရာနယ်ပယ်အတွင်းသို့ အခြေချနေထိုင်ပြီးဖြစ်ကြောင်း ပြသနေသည်။ သူသည် သေမျိုးအဆင့်ကို ကျော်လွန်ကာ လျှို့ဝှက်ဆန်း ကြယ်မှုများထဲသို့ နက်နဲစွာ နစ်မြုပ်သွားသည့် အစစ်အမှန် လျှို့ဝှက်အာဏာရှင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။
ဧဒင်၏ အသံမှာ သူ၏ အသိစိတ်ပင်လယ်ထဲ၌ ပဲ့တင်သံလေးခုအဖြစ် ထွက်ပေါ်လာသည်။
"၃၆ ရက်ပါ"
"၃၆ ရက်... ဟုတ်လား"
ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးအစုံမှာ လျှို့ဝှက်အလင်းတန်းများ ထွက်ပေါ်နေပြီး ဝေးကွာလှသော အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ဟင်းလင်းပြင် သားရဲများ၊ အမှောင်ဟင်းလင်းပြင်၏ ဆန်းကြယ်သော ဖြစ်ရပ်များနှင့် လှပစွာ လည်ပတ်နေသော ဂလက်ဆီများကို သူ မြင်နေရသည်။ ယင်းမှာ အံ့ဩကြည်နူးဖွယ် ကောင်းလှသလို သူ၏ ဝိညာဉ်၊ နှလုံးသားနှင့် စိတ်တို့ကိုပါ လှုပ်ခတ်စေသည်။
လျှို့ဝှက်အသွင်ကူးပြောင်းမှု ပြီးမြောက်ရန် ၃၆ ရက်မျှ ကြာမြင့်ခဲ့သည်ဟု တွေးမိသောအခါ ဝေ့ဝူယင်မှာ အံ့ဩမိသော်လည်း၊ ကြယ်တာရာ ဝိညာဉ်လေးခု၏ ရဲရင့်သော လုပ်ရပ်နှင့် ဖြစ်ပျက်ခဲ့သမျှ အစီအစဉ်များကို ပြန်စဉ်းစားကြည့်လျှင် ယင်းမှာ လျော်ကန်သင့်မြတ်သော အချိန်ပင် ဖြစ်သည်။ စုမေ့သည် လျှို့ဝှက် အာဏာရှင်အဆင့်သို့ တက်လှမ်းရန် ၈၁ နာရီသာ ကြာမြင့်ခဲ့သော်လည်း၊ သူမ၏ ဖြစ်စဉ်မှာ ဝေ့ဝူယင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
"အဆင်ပြေသွားတာပဲ..."
ဝေ့ဝူယင်က သူ၏ လက်မောင်းများကို လှုပ်ယမ်းကြည့်လိုက်ရာ အာကာသနှင့် အချိန်တို့သည် ရေကဲ့သို့ လက်မောင်းတစ်လျှောက် စီးဆင်းသွားပြီး မြင်သာသော လှိုင်းတွန့်များကို ဖြစ်ပေါ်စေသည်။ အာဏာရှင် တည်ရှိမှု အဆောက်အအုံကို ရရှိထားပြီဖြစ်၍ သူ၏ 'အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်' မှာ မည်သည့် ကန့်သတ်ချက်မျှမရှိဘဲ အပြည့်အဝ စီးဆင်းနိုင်ပြီဖြစ်သည်။ ယခင်က ကြယ်တာရာ ပါရဂွန် ခန္ဓာကြောင့် ထိုကန့်သတ်ချက်များ လျော့ပါးခဲ့သော်လည်း၊ သူ၏ ဝိညာဉ်မှာ သေမျိုးတာအို နယ်ပယ်ထဲတွင်သာ ရှိနေသေးသဖြင့် စွမ်းရည်အများစုကို အပြည့်အဝ အသုံးမပြုနိုင်ခဲ့ချေ။
"တကယ့်ကို သီသီလေးပါပဲ..."
ဧဒင်က သက်ပြင်းချရင်း ဆိုသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ အပြင်ပန်းအားဖြင့် တည်ငြိမ်နေသော်လည်း ဝေ့ဝူယင်၏ အစစ်အမှန် ဝိညာဉ်ကို လေးခုခွဲပြီးနောက် ပြန်လည် ထိန်းသိမ်းထားရန် အတွက် သူတို့ လေးဦးမှာ အလွန်အမင်း ရုန်းကန်ခဲ့ရသည်။ အမှားအယွင်း တစ်ချက်ကလေး ရှိရုံဖြင့် ဝေ့ဝူယင် သေဆုံးမည်မှာ သေချာလှသည်။
အကယ်၍ အာဏာရှင်အဆင့် တက်လှမ်းခြင်းမှ ပေါ်ပေါက်လာသော ပြုပြင်ရေးအင်အားသာ အားနည်းခဲ့လျှင် သို့မဟုတ် ကန့်သတ်ချက် ရှိခဲ့လျှင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ ထိုနေရာ၌ပင် ရပ်တန့်သွားပေလိမ့်မည်။ ထို့ပြင် သူတို့လေးဦးမှာလည်း တစ်စိတ်တစ်ဝမ်းတည်း ရှိနေရန် လိုအပ်သည်။ တစ်ဦးတစ်ယောက်က သီးခြားရပ်တည်လိုသော စိတ်ကလေး ပေါ်လာရုံဖြင့် အစီအစဉ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ အောင်မြင်ခဲ့သည်။ ကြယ်တာရာ ဝိညာဉ်တစ်ခုချင်းစီမှာ လျှို့ဝှက်အာဏာရှင်အဆင့်၏ အခြေခံ အဆောက်အအုံကို ရရှိသွားကြပြီး လျှို့ဝှက်စွမ်းအင်များကို ထုတ်လွှတ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် စုပ်ယူခြင်းတို့ကို ပြုလုပ်နိုင်ကြပြီဖြစ်သည်။ ဝေ့ဝူယင်အနေဖြင့် လျှို့ဝှက်အာဏာရှင်များကို အကဲခတ်ရန် 'ကောင်းကင်ဘုံ နတ်မျက်လုံးများ' ကို အားကိုးနေရန် မလိုတော့ပေ။
ယခင်က သူတော်စင် နွေဦးကွင်းပြင်နှင့် တိုက်ခိုက်စဉ်က ဝေ့ဝူယင်မှာ ကောင်းကင်ဘုံ နတ်မျက်လုံးများ ခေတ္တကွယ်သွားသဖြင့် လျှို့ဝှက်အင်အားများကို မမြင်နိုင်ဘဲ အားနည်းချက် ဖြစ်ခဲ့ဖူးသည်။ ယခုမူ သူ၏ သာမန်မျက်လုံး သို့မဟုတ် ဝိညာဉ်အာရုံဖြင့်ပင် အလွယ်တကူ မြင်နိုင်ပြီဖြစ်သည်။ ယင်းမှာ သေမျိုးဘဝဖြင့် အာဏာရှင်များကို တိုက်ခိုက်ရသည့် အဓိက အားနည်းချက်ကို ဖြေရှင်းပေးလိုက်ခြင်းပင် ဖြစ်သည်။
"သီသီလေး မဟုတ်ဘူး... ငါတို့ အပိုင်တွက်ထားတာ"
ဘုရင်က အံ့ဩဖွယ်ရာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူတို့၏ ရဲရင့်လှသော အစီအစဉ်မှာ အပြစ်အနာအဆာမရှိ ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။
သူတို့ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
"ကောင်လေးတွေ... မင်းတို့ တစ်ယောက်ကိုမှ ငါ မသံသယဖြစ်ခဲ့ပါဘူး"
ဝေ့ဝူယင်က ပြုံးလိုက်ရင်း သူ၏ ခန္ဓာကိုယ်၊ အသိစိတ်ပင်လယ်နှင့် ဖီဆန်လေး ကိန်းဝပ်ရာ စိတ်မျက်လုံးတို့ကို စစ်ဆေးလိုက်သည်။ အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်၊ ဧဒင်နန်းတော်၊ ဖီဆန်လေး၊ ကြယ်တာရာ ပါရဂွန် ခန္ဓာနှင့် လျှို့ဝှက်အမြုတေထဲမှ ဝိညာဉ်များ... အားလုံးမှာ ကြီးမားလှသော အတိုင်းအတာဖြင့် အသွင်ပြောင်းသွားကြပြီဖြစ်သည်။
ဖီဆန်လေး၏ နေမင်းလှိုင်းများသည်ပင် အလွန်အမင်း ပြင်းထန်လှသည်။ ယခင်ကသာဆိုလျှင် သူ၏ အသိစိတ်ပင်လယ်မှာ လောင်ကျွမ်းသွားပေလိမ့်မည်။ ယခုမူ ထိုစွမ်းအင်များသည် သူ၏ အရိုး၊ သွေး၊ အသားနှင့် ဆဲလ်များကို အစဉ်တစိုက် ကျစ်လျစ်စေပြီး ကြယ်တာရာ ဝိညာဉ်များအတွက် လျှို့ဝှက်အင်အားအဖြစ် ပြောင်းလဲရန် စွမ်းအင်များကို ထောက်ပံ့ပေးနေသည်။
"ငါ့ရဲ့ အစစ်အမှန် ဝိညာဉ်က ပွားများလာပြီးမှ ပြန်ပေါင်းစည်းသွားတာပဲ"
ဝေ့ဝူယင် သိလိုက်သည်။ ဝိညာဉ်ကို လေးခုခွဲလိုက်စဉ်က ဥပဒေသများ၊ အပြစ်သားမျိုးစေ့များနှင့် ရုပ်ခန္ဓာကိုပါ လေးပုံပုံကာ သူ့ကိုယ်သူ အသေးစားဗားရှင်းလေး လေးခုအဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုအရာအားလုံးကို လျှို့ဝှက်တာအို၏ ပြုပြင်ရေးအင်အားက ပြီးပြည့်စုံသော အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့သည်။
ပုံမှန်အားဖြင့် အစစ်အမှန် ဝိညာဉ်တစ်ခုသည် အစစ်အမှန် ဝိညာဉ်လေးခုကိုသာ မွေးဖွားပေးနိုင်ပြီး 'ကောင်းကင်ဘုံနှလုံးသား စွမ်းအင်ကျင့်စဉ်' အရ ဝိညာဉ်တစ်ခုမှာ နှစ်ကြိမ်သာ ထပ်မံခွဲထွက်နိုင်သည်။ သို့သော် ဝေ့ဝူယင်မှာ ထိုစဉ်က အစစ်အမှန် ဝိညာဉ်လေးခု ရှိနေသဖြင့် ကျင့်ကြံခြင်း ဝိညာဉ် ၁၆ ခုအထိ ပိုင်ဆိုင်ခွင့် ရသွားခြင်းဖြစ်သည်။
၎င်းတို့ ပြန်လည်ပေါင်းစည်းသွားသောအခါ ဝိညာဉ်လေးခုမှာ တစ်ခုတည်း ပြန်ဖြစ်သွားပြီး ကျင့်ကြံခြင်း ဝိညာဉ် ၁၆ ခုမှာ ၄ ခုအဖြစ်သို့ ပြန်လည် ပေါင်းစပ်သွားသည်။ ထို့ကြောင့် သဘာဝနိယာမများကို ချိုးဖောက်ခြင်း မရှိပေ။ ဤယုတ္တိအတိုင်းပင် သူ၏ လျှို့ဝှက်အမြုတေများသည် လေးဆခန့် ပိုမိုကြီးမားလာပြီး ၎င်းတို့၏ အစွမ်းမှာလည်း လေးဆခန့် ပိုမိုမြင့်မားသွားဖွယ် ရှိသည်။ ယင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာပင်။
မကြုံစဖူးသော ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့သော်လည်း ဝေ့ဝူယင်၏ စိတ်ထဲ၌ ခါးသီးမှုအချို့ ကျန်ရှိနေသေးသည်။ သူသည် လျှို့ဝှက်လောက အဆင့် ထုတ်ကုန်များကို ၁၇ နှစ်တိုင်တိုင် သုံးစွဲပြီးမှ ဤအထွတ်အထိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ လျှို့ဝှက်ကြယ်တာရာ အဆင့်မှာ အစစ်အမှန် လျှို့ဝှက်အာဏာရှင် ဖြစ်လာရန် အသွင်ကူးပြောင်းသည့် နောက်ဆုံးလမ်းဆုံပင် ဖြစ်သည်။
"ငါ့ရှေ့မှာ လျှောက်ရမယ့် လမ်းတွေ အဝေးကြီး ကျန်သေးတယ်"
ဝေ့ဝူယင် ပြုံးလိုက်၏။ ထိုခါးသီးမှုများမှာ ပျောက်ကွယ်သွားပြီး ကြည်နူးမှုနှင့် မျှော်လင့်ချက်များက အစားထိုးဝင်ရောက်လာသည်။
လျှို့ဝှက်ကြယ်တာရာ အဆင့်ကို ထူးချွန်သော ပါရမီရှင်များနှင့် မိစ္ဆာစရိုက်ရှိသော ကျင့်ကြံသူများက သူတို့၏ ကန့်သတ်ချက်များကို မြှင့်တင်ရန် အသုံးချလေ့ရှိကြသည်။ သူတို့သည် ကပ်ဘေးကို ရည်ရွယ်ချက်ရှိရှိ ရှုံးနိမ့်စေခြင်းဖြင့် လျှို့ဝှက်အမြုတေနှင့် လျှို့ဝှက်ခန္ဓာကိုယ်ကို အခိုင်အမာ မတည်ဆောက်သေးဘဲ လျှို့ဝှက်တာအို၏ အကူအညီဖြင့် ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ကြသည်။
ဒုတိယအဆင့်ဖြစ်သော 'လျှို့ဝှက်ဝိညာဉ် အဆင့်' သို့ ရောက်ရှိသွားပါက လျှို့ဝှက်အမြုတေနှင့် လျှို့ဝှက်ခန္ဓာကိုယ်၏ ပမာဏနှင့် အရည်အသွေးမှာ အသေသတ်မှတ်ပြီးသား ဖြစ်သွားလိမ့်မည်။ ထိုမှတစ်ဆင့် ပြောင်းလဲမည့်အရာမှာ လျှို့ဝှက်ရည်ရွယ်ချက် သာ ဖြစ်တော့သည်။
ကျင့်ကြံသူတစ်ဦးသည် မိမိကိုယ်ကို ကျင့်ကြံခြင်းထက် လျှို့ဝှက်ရည်ရွယ်ချက်ကိုသာ ကျင့်ကြံရတော့သည်။ ၎င်း၏ အင်အားမှာ မိမိအတွင်းရှိ လျှို့ဝှက်သင်္ကေတ အရေအတွက်ပေါ်တွင်သာ မူတည်သည်။ မည်သူမျှ ထိုအချက်တွင် အသာမရနိုင်ပေ။ ကွဲပြားသည်မှာ ထိုသင်္ကေတများကို လှုံ့ဆော်ပေးမည့် လျှို့ဝှက်အင်အားနှင့် 'အာဏာရှင် ကျင့်စဉ်များ’ ၏ နက်နဲလှသော အသုံးချမှုများသာ ဖြစ်သည်။
"အခု ငါ လျှို့ဝှက် အာဏာရှင်အဆင့် ရောက်ပြီဆိုတော့၊ ငါ့ရဲ့ အခြေခံကို အမြင့်ဆုံးရောက်အောင် ကျင့်ကြံဖို့အတွက် 'လျှို့ဝှက်ကောင်းကင်' အဆင့် ထုတ်ကုန်တွေ လိုအပ်လာပြီလား..."
ဝေ့ဝူယင်က သူ၏ လိုအပ်ချက်များ အကြောင်း အကြမ်းဖျင်း တွက်ချက်ကြည့်ရာ ယခု ပေါင်းစည်းမှု အတွက် လေးဆထက်ပင် ပိုမိုများပြားသော ရင်းမြစ်များကို လိုအပ်နေကြောင်း သိလိုက်ရသည်။ သူသည် လျှို့ဝှက် အာဏာရှင် ပထမ အဆင့်တွင်သာ ရှိသေးသော်လည်း ပဲ့တင်ထပ် ဝိညာဉ် အဆင့် သုံးစွဲသည့် ရင်းမြစ်များကို ရယူရန် စဉ်းစားနေပြီ ဖြစ်သည်။