← Chapters

အခန်း (၂၀၃၇-၂၀၃၈)

Vol. 146 Ch. 2037-2038

အခန်း (၂၀၃၇-၂၀၃၈)

Vol. 146 Ch. 2037-2038

အပိုင်း(၂၀၃၇)

ဟူး... ဟူး...

ဝေ့ဝူယင်၏ ခန္ဓာကိုယ်သည် သေမျိုးထက် ကျော်လွန်ပြီး လျှို့ဝှက် အဆင့် အောက်တွင် နားလည်ရခက်သည့် လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းများဖြင့် စီးဆင်းနေသည်။ ၎င်းသည် နားလည်သဘောပေါက်မှုနှင့် သိမြင်မှုတို့၏ တံတားတစ်ခုဖြစ်ပြီး စကားလုံးများဖြင့် ဖော်ပြနိုင်သည်ထက် ပိုမိုနက်ရှိုင်းလှသော်လည်း မိမိ၏ မွေးနာမည်ကဲ့သို့ပင် ရိုးရှင်းစွာ သိရှိနိုင်သော အရာလည်း ဖြစ်သည်။

ခမ်းနားလွန်းလှပေသည်။

ဝေ့ဝူယင် ခန္ဓာကိုယ်အတွင်း၊ အထူးသဖြင့် အသိစိတ် ပင်လယ်၊ ထျန်းတျန်နှင့် အစစ်အမှန်နဂါးနှလုံးသားတို့တွင် 'လျှို့ဝှက်သင်္ကေတမျိုးစေ့' များသည် မဟာတာအိုတစ်ခုဖြစ်သော 'လျှို့ဝှက်တာအို' ကို ဖိတ်ခေါ်သည့် ကြိမ်နှုန်းတစ်ခုဖြင့် တုန်ခါနေကြသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် လောကကြီးထံမှ ထုတ်ယူရရှိသော လျှို့ဝှက်အမတေ များဖြင့် လျှို့ဝှက်သင်္ကေတမျိုးစေ့ ၈၁ စေ့ကို ဖန်တီးကာ လျှို့ဝှက်တာအို၏ အခြေခံကို တည်ဆောက်ရသည်။ ဤသည်မှာ လျှို့ဝှက် အာဏာရှင် အဆင့်၏ ဂိတ်တံခါးပင် ဖြစ်သည်။

မျိုးစေ့ ကိုးအုပ်စုသည် လျှို့ဝှက် လမ်းစဉ် ကိုးခုကို ဖြစ်ပေါ်စေသည်။ အစောပိုင်းကတည်းက အိုရီ၊ ဘုရင်၊ ဧဒင် နှင့် ခရာတို တို့သည် လျှို့ဝှက်သင်္ကေတမျိုးစေ့ ၈၁ စေ့စီ ဖန်တီးထားပြီး ဖြစ်သည်။ ဤသည်မှာ သူတို့၏ အစီအစဉ် စတင်ချိန် ဖြစ်သော်လည်း ၎င်းကို စတင် စိတ်ကူးမိချိန်ကား မဟုတ်ပေ။ သူတို့၏ အစီအစဉ်သည် ဆယ်စုနှစ်များစွာကြာ အားထုတ်မှုများအပေါ် အခြေခံထားပြီး ဝူယုထံမှ လျှို့ဝှက်အာဏာရှင်အဆင့်အကြောင်း စတင်သင်ယူကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ မျိုးစေ့လေးတစ်ခုသာ ဖြစ်ခဲ့သည်။ စိတ်ကူးသက်သက်သာ။ လမ်းကြောင်းအတိအကျ မရှိဘဲ ဖြစ်နိုင်ခြေအနည်းငယ်သာ ရှိခဲ့သော အကြမ်းထည် အယူအဆတစ်ခုသာ ဖြစ်သည်။ သို့သော် သူတို့သည် ထိုလမ်းစဉ်ကို စေ့စပ်သေချာသော အားထုတ်မှုနှင့် ကမ္ဘာပျက်မတတ် အန္တရာယ်များကြားမှ တစ်လှမ်းချင်း ထုဆစ်ခဲ့ကြသည်။ မျှော်လင့်ထားသည်ထက် ကျော်လွန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပြီး ထူးခြားသော ပါးနပ်မှု၊ လှည့်ကွက်များဖြင့် တစ်ခုချင်းစီကို ကျော်ဖြတ်ခဲ့ကြသည်။

ဤသည်မှာ သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ်ပင်။

သို့သော် သူတို့၏ ပန်းတိုင်အတွက် အကြီးမားဆုံး အတားအဆီးနှင့် ရင်ဆိုင်ခဲ့ရသည် - ၎င်းမှာ 'သဘာဝအလျောက် ပေါင်းစည်းခြင်း' ဖြစ်သည်။ 'ကြယ်တာရာ အမြုတေ' အဆင့်၏ ကိုးခုမြောက် အဆင့်ဖြစ်သော 'ကြယ်အမြုတေ အဆင့်’ သည် သေမျိုးအဆင့် သုံးဆင့်၏ အထွတ်အထိပ် ဖြစ်ပြီး၊ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံအားလုံး ဖြစ်သော ရည်ရွယ်ချက်များ၊ ဥပဒေသမျိုးစေ့များ၊ နယ်မြေမျိုးစေ့များ၊ ဝိညာဉ် ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်းများ၊ အလင်းရင်းမြစ်များ၊ မြေဆွဲအား ဗဟိုထုနှင့် လောကီ မျက်လုံး - အားလုံး ပေါင်းစည်းရမည်ဟု သတ်မှတ်ထားသည်။ ၎င်းတွင် ဝိညာဉ်များလည်း ပါဝင်သည်။

သေမျိုးအဆင့်တွင် ကျင့်ကြံနေသရွေ့ ခွဲထွက်နေသော ဝိညာဉ်များသည် အမြဲတမ်း 'ကျင့်ကြံခြင်း ဝိညာဉ်' တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစည်းရမြဲ ဖြစ်သည်။ အကောင်းဆုံးမှာ ထိုသို့ပေါင်းစည်းပြီးနောက် ရရှိလာသော ကျင့်ကြံခြင်း ဝိညာဉ်သည် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို သန်မာလာခြင်းပင် ဖြစ်သည်။ ၎င်းမှာ သေမျိုးတာအိုက မဖြစ်မနေ လုပ်ဆောင်ခိုင်းသော မတွန်းလှန်နိုင်သည့် ပေါင်းစည်းခြင်း အင်အားစု ဖြစ်သည်။

သူတို့သည် ထိုပေါင်းစည်းခြင်း အင်အားစုကို ရင်ဆိုင်ခဲ့ရပြီး ၎င်းမှာ အနိုင်မရနိုင်သော အရာဖြစ်သည်။ အိုရီက ပေါင်းစည်းပြီးမှ ပြန်ခွဲထုတ်လျှင် သေမျိုးတာအိုကို လှည့်စားနိုင်လိမ့်မည်ဟု ရိုးရိုးလေး တွေးခဲ့သော်လည်း ကျန်ဝိညာဉ်သုံးခုက ချက်ချင်း ပယ်ချခဲ့သည်။ မဟာတာအိုကို ဤမျှ လွယ်လွယ်နှင့် လှည့်စားနိုင်ပါမည်လော။ သို့သော် ထိုပေါင်းစည်းခြင်း အင်အားကို လျှော့တွက်ခဲ့မိသဖြင့် သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုအခါ ဧဒင်က အရေးကြီးသော အချိန်တွင် အကြံတစ်ခု ရခဲ့သည်။ ပြင်ပသို့ ခွဲထုတ်ခြင်း ပင်...။ သူတို့သည် ဝေ့ဝူယင်၏ ဝိညာဉ်နှင့် စိတ်ကြားရှိ နယ်ခြားဖြစ်သော 'စိတ်မျက်လုံး' ထဲတွင် 'ဖီဆန်လေး' နှင့်အတူ ပုန်းအောင်းခဲ့ကြသည်။ သူတို့ လေးဦးသည် ထိုစည်းမျဉ်းကို ဖီဆန်ရန် လမ်းစတစ်ခု ဖော်ခဲ့ပြီး... ကံကောင်းထောက်မစွာဖြင့် အောင်မြင်ခဲ့သည်။

သူတို့ လေးဦးသည် အိုရီ၏ အဓိက စွမ်းအားဖြစ်သော 'မူလဥပဒေသ' နှင့် ဧဒင်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို အသုံးချကာ သဘာဝအလျောက် ပေါင်းစည်းခြင်းကို ဖီဆန်ပြီး သူတို့၏ လွတ်လပ်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်။ ၎င်းမှာ အလွန်ပင် ခက်ခဲလှသည်။ အမှန်အတိုင်း ပြောရလျှင် ကံတရားနှင့် ခိုင်မာသော စိတ်ဆန္ဒတို့ကြောင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အိုရီသည် ပေါင်းစည်းသွားသော ကြယ်တာရာ အမြုတေကို သူမ၏ ပြောင်းလဲခြင်း၊ ခွဲထုတ်ခြင်းနှင့် ပေါင်းစပ်ခြင်းဆိုင်ရာ သိမြင်မှုများဖြင့် လေးခုအဖြစ် ပြန်လည် ခွဲထုတ်နိုင်ခဲ့သည်။

ထိုအခါ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။ ဝေ့ဝူယင်သည် တစ်ခုလုံး၏ လေးပုံတစ်ပုံစီ ရှိသော အမြုတေ လေးခုကို ပိုင်ဆိုင်သွားပြီး၊ အဆင့်တက်ပြီးနောက်တွင် အမြုတေ တစ်ခုချင်းစီ၏ ကျင့်ကြံခြင်း ကန့်သတ်ချက်မှာ ပေါင်းစည်းထားသော အမြုတေ၏ လေးဆစီ ဖြစ်လာခဲ့သည်။ ဝေ့ဝူယင်သည် ပြည့်စုံသော ကြယ်တာရာ အမြုတေ လေးခုကို ရရှိခဲ့ပြီး တစ်ခုစီသည် ပေါင်းစည်းထားသည့် အမြုတေထက် လေးဆ ပိုမိုသော အလားအလာများကို ဆောင်ကြဉ်းလာခဲ့သည်။ ဤသည်မှာ သူ၏ ကျင့်ကြံခြင်းကို မယုံနိုင်လောက်အောင် ခက်ခဲစေခဲ့သည်။ အမြုတေ တစ်ခုတည်းအတွက် လိုအပ်သော အရင်းအမြစ်မှာပင် ရူးသွပ်စရာ ကောင်းနေပြီဖြစ်ရာ၊ လေးခုစလုံးကို အထွတ်အထိပ်သို့ ရောက်ရန် သူသည် လျှို့ဝှက်လောကအဆင့် ထွက်ကုန်များနှင့် နှစ်ပေါင်း နှစ်ဆယ်ခန့် အချိန်ပေးခဲ့ရသည်။

၎င်းမှာ ပေါင်းစည်းထားသော ကြယ်တာရာ အမြုတေ ၁၆ ခုကို ကျင့်ကြံနေရသကဲ့သို့ပင်။ ခက်ခဲမှု အပိုင်းတွင်မူ ထိုထက်ပင် သာလွန်နိုင်ပါသည်။

ထို့ပြင် သူတို့သည် တစ်ဦးစီ ကိုယ်တိုင် မွမ်းမံထားသော ၈၁ စေ့စီသော လျှို့ဝှက်သင်္ကေတမျိုးစေ့များကိုလည်း သီးခြားစီ ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

အိုရီသည် ဤပြောင်းလဲမှုကို စတင် သတိပြုမိစဉ်က သူ၏ ဆင်ခြင်တုံတရား ကင်းမဲ့မှုကြောင့် အစီအစဉ် ပျက်စီးသွားပြီဟု ထင်ကာ ဝမ်းနည်းပူဆွေးပြီး မိမိကိုယ်ကိုယ် အပြစ်တင်ခဲ့သည်။ အခြားသူများက အိုရီကို အကြိမ်ကြိမ် ချော့မြှော့ခဲ့ရပြီး၊ သူတို့သည် သီးခြားစီ ဖြစ်သော်လည်း နက်ရှိုင်းစွာ ချိတ်ဆက်နေဆဲ ဖြစ်ကြောင်း ဝေ့ဝူယင်က အတည်ပြုပေးပြီးနောက်မှသာ သူမသည် စိတ်သက်သာရာရကာ ရွှင်မြူးလာပြီး နောက်ထပ် ကပ်ဘေးများကို ရင်ဆိုင်ရန် အားခဲနိုင်ခဲ့ခြင်း ဖြစ်သည်။

အစီအစဉ် မပျက်စီးခဲ့ပေ။

ထို့ကြောင့် သူတို့ လုပ်ဆောင်ရမည့် နောက်ထပ် အဆင့်မှာ - လျှို့ဝှက်အဆင့်သို့ တက်လှမ်းရာတွင်လည်း ဤလမ်းစဉ်အတိုင်း ဆက်သွားရန်ပင်...။

ဝေ့ဝူယင်က ကြယ်တာရာ ဝိညာဉ်များအား သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ်မှာ သူတို့ ကိုယ်ပိုင် ဖြစ်သည်ဟု ပြောလေ့ရှိသည်။ ထို့အတူ သူ၏ လမ်းစဉ်သည်လည်း သူ၏ ကိုယ်ပိုင် ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးမှာ လုံးဝ လွတ်လပ်သော်လည်း နက်ရှိုင်းစွာ ချည်နှောင်ထားကြခြင်း ဖြစ်သည်။ ခရာတိုက ဝေ့ဝူယင်ကို ဖခင်ကဲ့သို့ သတ်မှတ်ထားသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ကျန်သူများကလည်း ထိုနည်းတူပင် ခံစားကြရသည်။

ပြောရလျှင်... ဝေ့ဝူယင်သည် စံပြ ဖခင်တစ်ဦးကဲ့သို့ပင်...။ သူသည် သူတို့ကို ဘယ်တော့မှ ကျွန်ပြုခြင်း မရှိသလို၊ တစ်ဖက်သတ် တောင်းဆိုခြင်းလည်း မရှိပေ။ ဝေ့ဝူယင်မှာ သူတို့ကို အလေးထား ဆက်ဆံပြီး ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပေးထားသည်။ သူတို့၏ သဘောထားများကို မေးမြန်းပြီး အကြံဉာဏ်များကိုလည်း အလေးထားသည်။ လိုအပ်လျှင် အပြန်အလှန် အားကိုးနိုင်ရန်အတွက်သာ တောင်းဆိုထားခြင်း ဖြစ်သည်။

"အားလုံး သေချာပြီလား..."

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ လျှို့ဝှက်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ဘေးပတ်ပတ်လည်တွင် 'မျိုးစေ့ ကပ်ဘေး တံခါး' လေးခု ပေါ်ထွက်လာသည်။ ထိုတံခါးများသည် သူ၏ ဆန္ဒအတိုင်း သူ့ကို ဗဟိုပြု၍ ဖြည်းညှင်းစွာ စတင် လည်ပတ်နေကြသည်။ ၎င်းမှာ သူ၏ ကြယ်တာရာ ဝိညာဉ်များက သူ၏ အတွင်းပိုင်းမှ လှုပ်ရှားနေသောကြောင့် ဖြစ်သည်။

"နောက်ဆုံးတော့ ဒီနေရာကို ရောက်လာခဲ့ပြီ..."

ဧဒင်က ပြောလိုက်သည်။

"ဝရား..."

ခရာတိုကလည်း ဟိန်းဟောက်လိုက်သည်။

"ဟမ်း..."

ကင်းက တုံ့ပြန်သည်။

"ငါတို့ လုပ်နိုင်တယ်... ငါတို့ လုပ်နိုင်တယ်... ငါတို့ လုပ်နိုင်တယ်..."

အိုရီက သူမ၏ စွမ်းအင်များကို ထုတ်ဖော်ရင်း စိတ်လှုပ်ရှားစွာ သုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်သည်။

ဝေ့ဝူယင် ဒုတိယအကြိမ် ထပ်မမေးတော့ပေ။ မလိုအပ်တော့ချေ။ သူတို့သည် တားမြစ်ချက်တစ်ခုကို ကျူးလွန်တော့မည် ဖြစ်ပြီး၊ ၎င်းမှာ သူ၏ အဆုံးသတ်ပင် ဖြစ်သွားနိုင်သည်။ သူတို့သည် လျှို့ဝှက် အာဏာရှင် အဆင့်သို့ သီးခြားစီ တက်လှမ်းကြတော့မည် ဖြစ်သည်။

သေမျိုးအဆင့် ကပ်ဘေးအားလုံးကို သူတို့ အတူတူ ရင်ဆိုင်ခဲ့ကြသည်။ ဝိညာဉ်လေးခုမှာ တစ်ခုတည်းသော ဝိညာဉ်မှ ခွဲထွက်လာခြင်း ဖြစ်သဖြင့် ကပ်ဘေးများ ထပ်နေခြင်းမှာ သဘာဝပင်။ သို့သော် ဤအရူး လေးယောက်သည် သူတို့၏ ကပ်ဘေးများကို ပေါင်းစပ်ပစ်ခြင်း သို့မဟုတ် အဆင့်ဆင့် ပြန်လည် ဖိတ်ခေါ်ခြင်းဖြင့် သူတို့၏ အကျိုးအမြတ်များကို အဆပေါင်းများစွာ တိုးပွားစေခဲ့ကြသည်။

ဝိညာဉ်လေးခုမှာ ဆက်လက် လှုပ်ရှားနေပြီး 'မျိုးစေ့ ကပ်ဘေး တံခါး' လေးခုမှာလည်း လျှို့ဝှက်အလင်းတန်းများကြားတွင် ဝေ့ဝူယင်ကို ပတ်ချာလည် လည်ပတ်နေကြသည်။ ယင်းတို့ကား... ဖီဆန်ခြင်းနှင့် ရဲရင့်ခြင်းတို့၏ ပြယုဂ်များပင်။

"နာတော့ နာလိမ့်မယ်နော်..."

ဧဒင်က သတိပေးလိုက်သည်။

"..."

ဝေ့ဝူယင် အသက်ကို ပြင်းပြင်းရှူရင်း တိတ်ဆိတ်စွာ အသိအမှတ်ပြုလိုက်ကာ မိမိကိုယ်ကိုယ် ပြင်ဆင်လိုက်သည်။ ချက်ချင်းပင် မိုင်ပေါင်း သောင်းနှင့်ချီသော ဟင်းလင်းပြင်ကြီးမှာ တုန်ခါသွားတော့သည်။

ကောင်းကင် နှလုံးသား ချီနည်းလမ်း...

ဤနည်းလမ်း၏ အခြေခံမူမှာ ဝိညာဉ်ကို ခွဲထုတ်စဉ်တွင် ကာကွယ်ပေးရန်ဖြစ်ပြီး၊ ထို့နောက် စိတ်၊ ရုပ်နှင့် အမတေ (စွမ်းအင်) တို့ကို ပေါင်းစပ်ကာ ဒုတိယမြောက် 'ချီနှလုံးသား' ကို ဖန်တီးရန် ကြားခံနယ်အဖြစ် အလုပ်လုပ်ပေးခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုနည်းလမ်းကို ပြုပြင်မွမ်းမံခဲ့ပြီး လုံးဝ လွတ်လပ်ပြီး ချို့ယွင်းချက်မရှိသော 'ကျင့်ကြံခြင်း ဝိညာဉ်' တစ်ခုကို ဖန်တီးခဲ့သည်။ တစ်နည်းအားဖြင့် သူသည် ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို အသစ်မှ ပြန်စခဲ့ခြင်း ဖြစ်သည်။

ခရာတို မွေးဖွားလာချိန်တွင်မူ... သူ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲ၍ မရတော့ပေ။ မိမိ၏ ဝိညာဉ်ကို အညီအမျှ ခွဲထုတ်နိုင်သည့် ကန့်သတ်ချက်မှာ လေးခုဖြစ်ကြောင်း သူ မသိမီကတည်းကပင် သူ၏ 'အစစ်အမှန် ဟင်းလင်းပြင် နဂါး' သွေးမျိုးဆက်ကြောင့် ငါးခုမြောက်ကို တားဆီးထားခဲ့ပြီးသား ဖြစ်သည်။

သို့သော် ဝိညာဉ်လေးခုမှာ အမြဲတမ်း ရည်မှန်းချက် ကြီးမားခဲ့ကြပြီး သူတို့၏ မူလအစကိုလည်း ဘယ်တော့မှ မမေ့ခဲ့ကြပေ။ အမှန်တော့ ဤနည်းလမ်းကပင် သူတို့ကို ဤနေရာအထိ ရောက်အောင် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် သာမန် ကျင့်ကြံခြင်း ဝိညာဉ်များနှင့် သူတို့ကြားရှိ ခြားနားချက်ကို အသုံးချကာ ကပ်ဘေးများကို အထပ်ထပ် ရယူခဲ့ကြပြီး၊ ယခုအခါတွင် 'မျိုးစေ့ ကပ်ဘေး တံခါး' လေးခုကို တစ်ပြိုင်နက်တည်း ဖိတ်ခေါ်လိုက်ကြပြီ ဖြစ်သည်။

***

အပိုင်း(၂၀၃၈)

ဝေ့ဝူယင်တို့သည် ယခင် နည်းလမ်းဟောင်းကို စွန့်ပစ်ခြင်း မပြုခဲ့ပေ။ သူတို့၏ ကိုယ်ပိုင် သိမြင်မှုများဖြင့် ၎င်းကို ပိုမို ကောင်းမွန်အောင်၊ ပိုမို ကျယ်ပြန့်အောင် ပြုပြင်ခဲ့ကြသည်။ သေမျိုးအဆင့်တွင်ပင် ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် အတွေ့အကြုံပိုင်း၌ ပဲ့တင်သံ ဝိညာဉ် အဆင့် ကျွမ်းကျင်သူများကို ယှဉ်နိုင်သည့် တစ်ဦးတည်းသော သူများမှာ သူတို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ကိုယ်တိုင်က ဝိညာဉ်များ ဖြစ်နေသောကြောင့်ပင်...။

ထို့ကြောင့် သူတို့သည် ထိုနည်းလမ်းကို နောက်ဆုံးအကြိမ် အသုံးချရန် ဆုံးဖြတ်လိုက်ကြသည်။

ပစ်မှတ်က အဘယ်နည်း။

ဝေ့ဝူယင်သည် အံကို တင်းတင်းကြိတ်ကာ သူ၏ 'စိတ်မျက်လုံး' ကို အကြွင်းမဲ့ ယုံကြည်မှုဖြင့် ဖွင့်လှစ်လိုက်သည်။ အိုရီ၊ ဘုရင်, ဧဒင် နှင့် ခရာတို တို့သည် 'သေမျိုး ကြယ်တာရာ ဖျက်ဆီးခြင်း ကပ်ဘေး' အတွင်း ပုန်းအောင်းခဲ့သကဲ့သို့ပင် သူ၏ 'စိတ်မျက်လုံး' အတွင်းသို့ စီးဝင်သွားကြသည်။

သူတို့ အတူတူ ရောက်ရှိသွားသောအခါ 'မျိုးစေ့ ကပ်ဘေး တံခါး' လေးခုမှာ ပျောက်ကွယ်လုနီးပါး တုန်ခါသွားသည်။ သူတို့ အချိန်မဆွဲဘဲ အမြန် လုပ်ဆောင်ကြသည်။ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် တစ်ဦးချင်းစီ၏ တာဝန်များကို ယူကြတော့သည်။

ဧဒင်က ဝေ့ဝူယင်၏ ဝိညာဉ်ကို ရှာဖွေလိုက်သည်။ ထို့နောက် သူတို့အားလုံး တစ်ခုတည်းအဖြစ် ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။ ဝေ့ဝူယင်၏ ဖြစ်တည်မှု တစ်ခုလုံးမှ ဝိညာဉ်ကို ထိုးဖောက်သွားသည့် နာကျင်မှုကြီး တစ်ခု ပေါ်ထွက်လာတော့သည်။ သူ၏ တင်းကြိတ်ထားသော အံကြားမှ ကောင်းကင်ဘုံကို တုန်ခါစေမည့် အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

ကြယ်တာရာ ဝိညာဉ်များသည် ဝေ့ဝူယင်၏ ဝိညာဉ်ကို ရှာဖွေနေခြင်း မဟုတ်ပေ။ သူတို့သည် သူ၏ ဖြစ်တည်မှု၏ အနက်ရှိုင်းဆုံး အခြေခံ ဖြစ်သော 'အစစ်အမှန် ဝိညာဉ်' ကို ရှာဖွေနေကြခြင်း ဖြစ်သည်။

ဝေ့ဝူယင် တစ်ယောက် သတိလက်လွတ် ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ စိတ်စွမ်းအား အားလုံးကို အသုံးပြုကာ သတိကို မပျောက်အောင် ထိန်းထားရသည်။

ရွှင်း...

ဆေဘာသံတစ်ချက် ထွက်ပေါ်လာသည်။ ဖြတ်တောက်လိုက်သည့် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

ဝရား...

နဂါးဟိန်းသံ တစ်ချက် ထွက်ပေါ်လာသည်။ အသားများကို တစ်စစီ ဆွဲဖြဲလိုက်သည့် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

ဘုန်း...

ရှေးဦး ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။ အရာအားလုံးကို စတင် ဖန်တီးလိုက်သည့် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

ဝူး...

အမြစ်များ စီးဝင်သွားသံနှင့် သစ်ရွက်များ လေထဲတွင် လွင့်ပါးသွားသံတို့ ပေါင်းစပ်ထားသော သဘာဝအကျဆုံး ဂီတသံတစ်ခုမှာလည်း သူ၏ ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သွားတော့သည်။

ဝေ့ဝူယင်သည် သူ၏ စိတ်ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် အရာအားလုံး လေးခုအဖြစ် ကွဲထွက်သွားသည်ကို ခံစားလိုက်ရသည်။

သတိလေး ဝေဝေဝါးဝါးဖြင့် သူသည် မိမိကိုယ်ကိုယ် နွေးထွေးသော ဖိအားတစ်ခုက လွှမ်းခြုံထားသည်ကို ခံစားမိသည်။ ထိုနွေးထွေးမှုထဲတွင် ဝေ့ဝူယင်သည် သူ၏ သက်တမ်းကို ထုတ်ယူခံရပြီး လေးကြိမ်တိုင်တိုင် ပြန်လည် ဖြည့်တင်းပေးနေသဖြင့် သေခြင်းတရား နီးကပ်လာသကဲ့သို့ ခံစားရသည်။

'ဒါက အဆုံးသတ်လား... တကယ်လို့ ဒါက ဒီလောက်အထိ သက်တောင့်သက်သာရှိပြီး နွေးထွေးနေမယ်ဆိုရင်တော့... ဒါဟာ ဖြစ်သင့်တဲ့ အရာပါပဲ'

သူ၏ အတွေးများမှာ ဝေဝါးနေသည်။ သက်တမ်းကို ထုတ်ယူခြင်းမှာ ခဏချင်းသာ ဖြစ်ပြီး၊ အကယ်၍ ကပ်ဘေးအတွက် လိုအပ်သော သက်တမ်းမှာ မိမိ၌ ကျန်ရှိသော ပမာဏထက် များနေပါက ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။

ဝေ့ဝူယင်သည် သေမျိုးအဆင့်တွင် မကြုံစဖူးသော လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး သာမန် ကျင့်ကြံသူများထက် ကျော်လွန်သော သက်တမ်း ကန့်သတ်ချက်များကို ချိုးဖျက်ခဲ့ပြီးသား ဖြစ်သည်။ သာမန် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦး၏ သက်တမ်းနှင့် ဝိညာဉ်သက်တမ်းမှာ ၁,၅၀၀ နှစ် ဖြစ်သည်။ ထူးခြားသော ကျင့်ကြံသူများမှာမူ ၂,၀၀၀ နှစ် သို့မဟုတ် ထိုထက်မက ရရှိနိုင်ကြသည်။

ဝေ့ဝူယင်သည် ‘မူလဒြပ်စင်’ နှင့် 'အစစ်အမှန် နဂါးလမ်းစဉ်' တို့ကို ကျင့်ကြံထားသဖြင့် သက်တမ်းမှာ များပြားလှသည်။ ထို့ပြင် ကင်းနှင့် ဧဒင် တို့ကြောင့် ဝိညာဉ်သက်တမ်းမှာလည်း မနည်းလှပေ။ သေမျိုးတစ်ဦး အနေဖြင့် ဝေ့ဝူယင်သည် အသက် ၄,၀၀၀ မှ ၅,၀၀၀ ခန့်အထိ နေနိုင်စွမ်း ရှိသည်။

ထို့ကြောင့် သူ၏ လျှို့ဝှက် ခြေချမှု လေးကြိမ်အတွက် လိုအပ်သော နှစ် ၃,၂၀၀ မှာ လွယ်လွယ်ကူကူပင် ပေးဆောင်နိုင်ခဲ့သည်။

ရုတ်တရက်... ဝေ့ဝူယင်သည် ဝက်သစ်ချပင်ကဲ့သို့ ထူထဲပြီး ကောင်းကင်ကို ထိုးဖောက်နေသော အလွန်မြင့်မားသည့် တိုင်ကြီး ကိုးတိုင်ရှေ့တွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် မြင်ကွင်းမှာ လေးမျိုး ကွဲပြားနေပြီး စုစုပေါင်း တိုင် ၃၆ တိုင် ဖြစ်နေသည်။ ၎င်းတို့သည် သာယာသော လျှို့ဝှက်အသံများကို ထုတ်လွှင့်နေကြသည်။

ထိုတိုင်များသည် အဖြေနှင့် ပြီးမြောက်မှုကို တောင်းဆိုနေကြကြောင်း သူ သိသည်။ ၎င်းတို့မှာ 'လျှို့ဝှက်လမ်းစဉ်၏ စီရင်ချက်တိုင်များ' ပင် ဖြစ်သည်။ သူတို့သည် လျှို့ဝှက်တာအိုအပေါ် တစ်ဦးတစ်ယောက်၏ သိမြင်မှုကို စစ်ဆေးပြီး 'လျှို့ဝှက်သင်္ကေတ' များအဖြစ် ဆုလာဘ်များကို ချီးမြှင့်ကြသည်။ လျှို့ဝှက်သင်္ကေတ အပိုင်းအစပေါင်းများစွာသည် တိုင် ၃၆ တိုင်ကို ဝန်းရံနေပြီး ၎င်းတို့ကို မှန်ကန်စွာ ပေါင်းစပ်ရန် တောင်းဆိုနေကြသည်။

ဝေ့ဝူယင်သည် သင်္ကေတ အပိုင်းအစ တစ်ခုချင်းစီကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ကို ခံစားရသည်။ ၎င်းတို့မှာ သူ ကျင့်ကြံခဲ့သော သင်္ကေတများ သိန်းနှင့်ချီ၊ သန်းနှင့်ချီ၍ ကွဲအက်သွားခြင်း ဖြစ်သည်။

ကျင့်ကြံသူများသည် ဤတိုင်များကို ရင်ဆိုင်ရင်း သူတို့၏ သိမြင်မှုကို သက်သေပြရသည်။ 'လျှို့ဝှက်ဝိညာဉ် အဆင့်’ သို့ ရောက်ရန် တိုင်တစ်တိုင်ကို အပြည့်အစုံ ပြီးမြောက်ရုံသာ လိုသော်လည်း၊ ၀.၁ ရာခိုင်နှုန်းသာ ပြီးမြောက်လျှင်ပင် လျှို့ဝှက်ကြယ်တာရာ အဆင့်သို့ တက်လှမ်းနိုင်သည်။

ဝေ့ဝူယင်၏ အတွေးများမှာ ဝေဝါးလွန်းသဖြင့် ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ပေ။ သူ၏ 'အစစ်အမှန် ဝိညာဉ်' ခွဲထွက်သွားခြင်းက သူ့ကို မီလီစက္ကန့် တိုင်းတွင် သေခြင်းတရားနှင့် ပျောက်ကွယ်ခြင်းတို့၏ အနားသတ်သို့ တွန်းပို့နေသည်။ ထူးခြားသော ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် သူ ချက်ချင်း သေဆုံးသွားနိုင်သည်။

ထိုအချိန်တွင် မျက်တောင် တစ်ခပ်စာမျှ အတွင်း...

ကြယ်တာရာ ဝိညာဉ် လေးခုစလုံးသည် သူတို့၏ ရည်ရွယ်ချက်များကို ဟန်ချက်ညီအောင် ညှိလိုက်ကြသည်။

သူတို့... ကျရှုံးသွားခဲ့လေပြီ။

...

ကျင့်ကြံခြင်း အဆင့်ကြီး တစ်ခုစီတိုင်း၌ တိုင်းတာ၍ မရနိုင်အောင် နက်နဲသိမ်မွေ့သည့် အဆင့်ခွဲများစွာ တည်ရှိနေပြီး၊ ၎င်းတို့သည်ပင် သက်ရှိအပေါင်းတို့၏ နှလုံး မြည်တမ်းနေရသည့် ကျင့်ကြံခြင်း၏ အခက်အခဲများပင် ဖြစ်တော့သည်။

ကျင့်ကြံခြင်း လမ်းစဉ်တွင် သတိမမူမိလောက်အောင် သေးငယ်သော်လည်း ပြောင်းလဲ၍မရနိုင်သော အမှန်တရားတစ်ခုကြောင့် အရေးမပါသလို ဖြစ်နေသည့် အချက်ကလေးတစ်ခု ရှိသည်။ ၎င်းမှာ သာမန်သေမျိုးအဆင့်ကို ကျော်လွန်၍ လျှို့ဝှက် နယ်ပယ်သို့ တက်လှမ်းပြီးပါက သေမျိုးလောကသို့ ပြန်ဆင်းရန် လမ်းမရှိခြင်းပင် ဖြစ်သည်။

အသေးစိတ် ရှင်းပြရသော်... လျှို့ဝှက်အာဏာရှင်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းပြီးနောက် သေမျိုးတို့ နားမလည်နိုင်သော အသိပညာစမ်းသပ်မှုကို ရှုံးနိမ့်ခဲ့လျှင်ပင်၊ လျှို့ဝှက်အာဏာရှင်များထဲတွင် အနိမ့်ဆုံးအဆင့်ဖြစ်သော 'လျှို့ဝှက်ကြယ်တာရာ အဆင့်' ကျင့်ကြံသူ ဖြစ်လာမည်ဖြစ်ပြီး သေမျိုးတာအိုသို့ ပြန်သွားနိုင်သည့် လမ်းစဟူ၍ မရှိတော့ချေ။

အဂ္ဂိရတ်တာအို၏ 'သေမျိုးပြန်လည် ဆေးလုံး' ကဲ့သို့သော သဘာဝ ကန့်သတ်ချက်ကို ကျော်လွန်သည့် ရှားပါးဖြစ်ရပ်အချို့ ရှိသော်လည်း၊ ၎င်းတို့မှာ ယာယီမျှသာဖြစ်ပြီး ကျင့်ကြံသူတစ်ဦးကို သေမျိုးအဖြစ်သို့ အပြည့်အဝ ပြန်မရောက်စေနိုင်ချေ။ ဝေ့ဝူယင်သည် လရောင်ဖြာ ဧကရီ၏ လျှို့ဝှက်ဝိညာဉ်နှင့် မှတ်ဉာဏ်များကို အကုန်အစင် ဖျက်ဆီးပစ်ခဲ့လျှင်ပင်... သူမ၏ ဝိညာဉ်မှာ လူပြန်ဝင်စားသော အခါ ဘဝသစ်မှာ သေမျိုးတာအိုသို့ မည်သည့်အခါမျှ ပြန်လည်ရောက်ရှိမည် မဟုတ်ပေ။

လျှို့ဝှက် အာဏာရှင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သူများသာ သိရှိနိုင်သော သတင်းအချက်အလက် တစ်ခုရှိသည်။ ယင်းမှာ သေမျိုးတို့နှင့် လုံးဝမသက်ဆိုင်သဖြင့် မျိုးဆက်သစ်တို့အား ရှင်းပြနေရန်ပင် မလိုသော အချက်ဖြစ်သည်။ ၎င်းမှာ 'လျှို့ဝှက်အာဏာရှင်အဆင့်' သို့ တက်လှမ်းသည့် ဖြစ်စဉ်အတွင်း၌ ပါဝင်သော ဝိညာဉ်အား ပြန်လည်နုပျိုလန်းဆန်းစေခြင်းနှင့် ပြုပြင်ပေးခြင်း ဂုဏ်သတ္တိပင် ဖြစ်တော့သည်!

သေမျိုးတစ်ဦး၏ တည်ရှိမှု အဆောက်အအုံကို အာဏာရှင်တစ်ဦး၏ တည်ရှိမှု အဆောက်အအုံအဖြစ် ပြောင်းလဲခြင်းမှာ အံ့ဖွယ်အတိ ဖြစ်သည်။ လျှို့ဝှက်တာအိုသည် ပြီးပြည့်စုံခြင်း... မဟုတ်သေး ပြည့်စုံသွားခြင်းအပေါ်တွင် အလွန်အမင်း အာရုံစိုက်လေသည်။

ဝေ့ဝူယင်နှင့် သူ၏ ကြယ်တာရာ ဝိညာဉ်လေးခုသည် ဤအချက်ကို ‘ဝတ်စုံနက် ဝေ့ဝူယင်' ၏ မှတ်ဉာဏ်နှင့် ဘဝအတွေ့အကြုံများကို စုပ်ယူပြီးမှသာ သိရှိခဲ့ရခြင်း ဖြစ်သည်။ ထို ဝေ့ဝူယင်သည် ကျင့်ကြံခြင်း အဆင့်များကိုသာ အပြင်းအထန် တက်လှမ်းခဲ့သဖြင့်၊ သူ၏ ထူးကဲသော ပါရမီနှင့် နည်းလမ်းများကို အသုံးချဖို့ အခွင့်အရေးများစွာကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ ပြန်လည် နှိုင်းယှဉ်ကြည့်ပါက၊ ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင်ရမည် ဖြစ်သော်လည်း မိမိ၏ အခြေခံအုတ်မြစ်ကိုသာ အမြင့်ဆုံးအထိ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သော ယခု ဝေ့ဝူယင်ထက် များစွာ နိမ့်ပါးနေသည်ကို တွေ့ရမည် ဖြစ်သည်။

ဤသေးငယ်သော အချက်အလက်လေးသည်ပင် ကြယ်တာရာ ဝိညာဉ်လေးခုအတွက် ရူးသွပ်လုနီးပါး ဖြစ်သော အစီအစဉ်တစ်ခုကို ပေါ်ပေါက်စေခဲ့သည်။

ထို့ပြင် သူတို့သည် ကျင့်ကြံခြင်းလောကတွင် မကြုံစဖူးလောက်အောင် ရယ်စရာကောင်းလှသည်ဟု ထင်ရသော အချက်တစ်ခုကို လေ့လာကာ ပုံတူကူးယူခဲ့ကြပြီး၊ ယင်းကို အပြည့်အဝ အသုံးချနိုင်ခဲ့ကြသည်။

၎င်းမှာ အခြားမဟုတ်၊ သူတို့၏ ကြယ်တာရာ အမြုတေများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးခဲ့သော 'သေမျိုးတာအို၏ ပေါင်းစည်းခြင်း အင်အား' ပင် ဖြစ်သည်။ ကြယ်တာရာ သခင် တစ်ဦး၏ ကျင့်ကြံခြင်း အခြေခံကို ပေါင်းစည်းရန် ကြိုးပမ်းသော သေမျိုးတာအို၏ ဇွဲထက်သန်မှုကို သူတို့ အထင်သေးခဲ့မိကြောင်း သိလိုက်ရစဉ်က ထိုအင်အားသည် သူတို့အား အနှိုင်းမဲ့ ထိတ်လန့်မှုကို ပေးခဲ့ဖူးသည်။

သူတို့သည် ထိုပေါင်းစည်းခြင်း အင်အား၏ အစိတ်အပိုင်းအချို့ကို စုဆောင်း သိမ်းဆည်းထားခဲ့ကြသည်။ ဧဒင် နှင့် အိုရီ တို့သည် မနားမနေ ပူးပေါင်းကာ ထိုအင်အား၏ ပုံစံတူတစ်ခုကို ဖန်တီးခဲ့ကြသည်။ ဝေ့ဝူယင်သည် ကြယ်တာရာတို့၏ သံသရာထဲသို့ တစ်ဖန်ပြန်ဝင်၍ 'ဖီဆန်လေး' ၏ ကျင့်ကြံခြင်းကို အဆင့်တစ်ဆင့် တက်လှမ်းခဲ့ပြီးနောက်တွင်မှ ထိုအင်အားကို စိတ်ချလက်ချ ပြန်လည်ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူတို့၏ ယခုကြိုးပမ်းမှုမှာ 'အန္တရာယ်ရှိသည်' ဟူသော စကားလုံးထက်ပင် များစွာ ပိုလွန်နေသေးသည်။ ၎င်းမှာ ကောင်းကင်ဘုံကို စိန်ခေါ်ခြင်းထက်ပင် ပို၍ စွန့်စားရသည်။ ဝေ့ဝူယင်သည် ထိုဝေဝါးနေသော ပုံရိပ်ကို သူ၏ ဆေဘာဖြင့် ခုတ်ပိုင်းရန် ရဲဝံ့ခဲ့သလို၊ မရေရာမှုနှင့် ဘေးအန္တရာယ်များလှသော လမ်းကို တလှမ်းချင်း လှမ်းရန် သူ၏ ကြယ်တာရာ ဝိညာဉ်လေးခုကလည်း ရဲရင့်စွာ တုံ့ပြန်ခဲ့ကြသည်။

မျိုးစေ့ကပ်ဘေး တံခါး၏ 'ပထမအကြိမ် အာဏာရှင်အဆင့် ခြေချခြင်း' ကို ကျရှုံးအောင် ပြုလုပ်ခြင်းမှာလည်း ထိုခြေလှမ်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေသည်။

All Chapters