← Chapters

အခန်း (၂၀၄၇-၂၀၄၈)

Vol. 147 Ch. 2047-2048

အခန်း (၂၀၄၇-၂၀၄၈)

Vol. 147 Ch. 2047-2048

အပိုင်း(၂၀၄၇)

"မျိုးဆက်... မင်းရဲ့ အမွေအနှစ်ကို ရွေးချယ်ပါ"

ဝေ့ဝူယင်၏ ဝိညာဉ်ထဲတွင် အလုံးသုံးလုံး ပေါ်လာသည်။ တစ်လုံးမှာ အနက်ရောင် ငွေရောင် (သာမန်လူ)၊ တစ်လုံးမှာ အလင်းရောင် ငွေရောင် (နိုဘယ်) နှင့် နောက်ဆုံးတစ်လုံးမှာ အစစ်အမှန် ငွေရောင် (မင်းမျိုးမင်းနွယ်) တို့ ဖြစ်ကြသည်။

ထိုအလုံးတစ်ခုချင်းစီ၏ အတွင်းတွင် သေမျိုး၊ လျှို့ဝှက် သို့မဟုတ် ထာဝရရှင်သန်ခြင်းတို့နှင့် မသက်ဆိုင်သော်လည်း အရာအားလုံးကို ကိုယ်စားပြုနေသည့် စာလုံးတစ်လုံးစီ ပါရှိသည်။ ဝေ့ဝူယင်သည် ယင်းမှာ စကြဝဠာ၏ ပထမဆုံးသော စာရေးသားမှု ဖြစ်ကြောင်း ဗီဇအရ သိလိုက်သည်။

ဝေ့ဝူယင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြတ်သားစွာ တုံ့ပြန်လိုက်သည်။

"မက်ဂီ မင်းမျိုးမင်းနွယ်..."

သူ၏ အတွေးနှင့်အတူ အခြားအလုံးနှစ်လုံးမှာ ပျောက်ကွယ်သွားတော့သည်။ ရွေးချယ်ပြီးပါက ပြန်လှည့်၍ မရတော့ချေ။

ထိုခန့်ညားလှသော အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

"မျိုးဆက်... ရွေးချယ်ပါ"

ယခင်နှင့် ခြားနားစွာပင် ယခုတစ်ကြိမ်တွင် ဘာလုပ်ရမည်ကို လုံးဝ ညွှန်ပြမထားချေ။ အကယ်၍ ဖူရှီ၏ လမ်းပြမှုသာ မရှိလျှင် မည်သည့်နေရာမှ စတင်ရမည်ကို သိရှိနိုင်မည် မဟုတ်ပေ။ သူတို့သည် ဇဝေဇဝါဖြစ်ကာ အလိုအလျောက် ရှုံးနိမ့်သွားကြပေလိမ့်မည်။

ဝေ့ဝူယင်သည် သူ၏ ရွေးချယ်မှုကို ထုတ်ဖော်ပြောရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ မပြောနိုင်ခင်မှာပင် သူ့အသံအပါအဝင် အသံပေါင်း ၁၆ မျိုးကို သူ ကြားလိုက်ရသည်။ မဟုတ်သေး... အကုန်လုံးက သူ့ အသံပင်။

ဝေ့ဝူယင်၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဒုတိယစိတ်က လှုပ်ရှားလိုက်ခြင်းပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးကို သူ နားလည်သွားသည်။

အဘယ်ကြောင့်နည်း။ သူတို့၏ ရွေးချယ်မှုက

"ဖန်တီးခြင်း တာအို..."

ဟူ၍ ဖြစ်နေသောကြောင့်ပင်။

ဖူရှီ၏ စကားထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် အဂ္ဂိရတ် တာအို၏ အစိတ်အပိုင်းများကို ပြောခဲ့သော်လည်း အရာအားလုံးကို လွှမ်းခြုံထားသည့် တာအိုကြီးကိုလည်း ပြောခဲ့ဖူးသည်။

အားလုံး ပါဝင်နေသည့်အရာ... ဖန်တီးခြင်း...

သူတို့ ဘာလို့ သူ့ကို မပြောပြဘဲ ဖုံးကွယ်ထားခဲ့သနည်း ဆိုတာ ဝေ့ဝူယင် အခုမှ နားလည်တော့သည်။ ဝေ့ဝူယင်၏ စိတ်မှာ ဒုတိယစိတ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီး ဝိညာဉ်လေးလေးပါးကလည်း ကူညီပေးနေကြသည်။ ဝေ့ဝူယင်၏ ဒုတိယစိတ်သည် မက်ဂီတို့၏ အယူအဆများကို ကိုယ်စားပြုပြီး ပင်မစိတ်မှာ ကျင့်ကြံခြင်းကို အာရုံစိုက်သည်။ သူသည် နှစ်ခြမ်းကွဲသွားသလိုပင်။

သူ၏ စိတ်ထဲတွင် ဒေါသ မရှိဘဲ စိုးရိမ်စိတ်သာ ရှိသည်။ သူတို့၏ လုပ်ရပ်ကို သူ မတားဆီးခဲ့ပေ။

"မမှားစေနဲ့ဦးနော်..."

"မမှားစေရပါဘူး..."

ဧဒင်က အော်ပြောလိုက်သည်။

"ကျွန်တော် သူတို့ကို မရှုံးစေရပါဘူး... ဟဲဟဲ..."

အိုရီ၏ စကားမှာ ယုံကြည်မှု သိပ်မရှိလှသော်လည်း ဝေ့ဝူယင် သူတို့ကို ယုံကြည်သည်။ သူတို့သည်လည်း သူကဲ့သို့ပင် မက်ဂီများ မဟုတ်ပါလား။

အကုန်ရမှ ဖြစ်မည်ဟု သူတို့ပြောခဲ့စဉ်က အားလုံး (အဂ္ဂိရတ် ဖော်စပ်ခြင်း၊ ပုံဖော်ခြင်း နှင့် ပန်းပဲ) ကို ဆိုလိုခြင်း ဖြစ်သည်။ ဧဒင် စာကြည့်တိုက် ဖြစ်ပေါ်လာကတည်းက မနားမနေ လေ့လာခဲ့သော သူ၏ ဒုတိယစိတ်သည် ဤအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါမည်လော။ ဝေ့ဝူယင် ရင်တထိတ်ထိတ်ဖြင့်သာ စောင့်ကြည့်နေရတော့သည်။

…

ငွေရောင်မြူခိုးများ ဝေရီနေသော ကျယ်ပြောလှသည့် ဟင်းလင်းပြင်ကြီးအတွင်း၌ အတိုင်းအဆမဲ့သော နယ်ပယ်တစ်ခု ရှိနေသည်။ ထိုနေရာတွင် မိုးနှင့်မြေဟူ၍ ခွဲခြား၍မရ၊ မိုးကုပ်စက်ဝိုင်းဟူ၍လည်း မြင်ကွင်း၌ မရှိချေ။ ထိုအရပ်၌ ငွေရောင်မျက်ဝန်းရှိသော ကိုယ်တုံးလုံး လူသားတစ်ဦး ရပ်နေသည်။

သူ၏ ခန္ဓာကိုယ်မှာ ကြွက်သားအဖုအထစ်မှအစ၊ အမွေးအမျှင်နှင့် ခြေလက်အင်္ဂါ အစိတ်အပိုင်းတိုင်းမှာ ထင်ရှားပြတ်သားလှ၏။ သူ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းတိုင်းသည် အစင်ကြယ်ဆုံးသော စွမ်းအင်များဖြင့် အကြိမ်ကြိမ် သွေးထားပြီး ဖြစ်သလို အမြင့်ဆုံးအဆင့်ထိလည်း လေ့ကျင့်ထားပြီး ဖြစ်သည်။

စကြဝဠာ၏ မူလအစများကို ဖူရှီ၏ လမ်းညွှန်မှုဖြင့် လေ့လာခဲ့ပြီးသည့် အပြင်... ယခင်က သူ၏ အစစ်အမှန် ဝိညာဉ်ကို ခွဲထုတ်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် ပေါင်းစပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးနောက် ဝေဝူယင်၏ ဝိညာဉ်သည် သက်ရှိထင်ရှား သတ္တဝါတစ်ဦးကဲ့သို့ပင် ထူးခြားပြောင်မြောက်စွာ တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

"ကြာခဲ့ပြီပဲ..."

ဝေဝူယင် တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ ရင်းနှီးကျွမ်းဝင်မှုနှင့်အတူ လွမ်းဆွတ်တမ်းတစိတ်တို့က လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့ကို ရိုက်ခတ်သွား၏။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ဝေဝူယင်သည် ထူးဆန်းသော အခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုစဉ်က သူ၏ စိတ်အာရုံကို နာမ်ပိုင်းဆိုင်ရာ သံကြိုးများဖြင့် ချည်နှောင်ခြင်း ခံထားရပြီး သူ၏ ထိန်းချုပ်မှုပြင်ပတွင် ရှိနေသော အခြားသော စိတ်အာရုံ မိတ္တူများကို တစ်ခုပြီးတစ်ခု ပြန်လည် ဝါးမြိုခဲ့ရဖူးသည်။

သူသည် ဧဒင်ကမ္ဘာ ဂိုဏ်းတွင် ပညာသင်ကြားခဲ့ဖူးသည်။ ဝေဝူယင်သည် မသိစိတ်ဖြင့် သူ၏ လည်ပင်းကို စမ်းမိသွားပြီး ထိုရင်းနှီးလှသော နွေးထွေးမှုကို ရှာဖွေမိသည်။ ထိုနှစ်များတုန်းက ပိုင်လင်သည် သူ့ကို ဆယ်နှစ်နီးပါးတိုင်တိုင် သစ္စာရှိစွာ စောင့်ဆိုင်းခဲ့ဖူးသည်။ သူ၏ နှလုံးသား အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော ပျော်ရွှင်ကြည်နူးမှုတို့သည် သူ၏ နှုတ်ခမ်းထက်တွင် ပြုံးယောင်သန်းစေသည်။

ထိုစဉ်က ဧဒင်သည် ဝိညာဉ်မရှိဘဲ အသိစိတ်သာရှိသော စိတ်နတ်ဆိုး တစ်မျိုး ဖြစ်ခဲ့ပြီး ဝေဝူယင်၏ ထူးခြားသော အခြေအနေကို အသုံးချကာ သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်၍ လွတ်မြောက်ရန် ကြံစည်ခဲ့ဖူးသည်။ သို့သော် အဆုံးသတ်တွင်မူ တိုက်တိုက်ဆိုင်ဆိုင်ပင် ဧဒင်သည် သူ၏ တတိယမြောက် ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်လာခဲ့ရသည်။ သူ၏ မူလအသိစိတ်သည် လိုအပ်ချက်အရ အခြားသော အသိစိတ်များကို ဝါးမြိုနိုင်သည့် စွမ်းရည်ရှိနေသည်ကို ဧဒင်ခမျာ မသိရှာခဲ့ပေ။

မဆင်မခြင်နိုင်လှသော ကျင့်ကြံခြင်း ဝိညာဉ်များနှင့် ဒုတိယစိတ်အာရုံတို့ တာအို အသိအမှတ်ပြုခြင်းကို ကျော်ဖြတ်နိုင်ရန် စောင့်ဆိုင်းနေစဉ်တွင် ဝေဝူယင်သည် ထိုအတိတ်ဟောင်းကို ပြန်လည်အမှတ်ရရင်း မိမိကိုယ်ကို မေးခွန်းထုတ်မိသည်။ သူသည် အဘယ်ကြောင့် ထိုကဲ့သို့သော အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ခဲ့ရသနည်း။

အပြစ်သား၏ ထုံးတမ်း ကို ခံယူပြီးနောက် "ကောင်းကင်တံတိုင်း" ဟု သူခေါ်ဆိုသော မာန ကပ်ဘေးကြောင့် ဝေဝူယင်သည် ပြင်းထန်သော ဦးနှောက်တုန်ခါမှုကို ခံစားခဲ့ရပြီး သူ၏ ဦးနှောက်မှာ ဆိုးရွားစွာ ပျက်စီးသွားခဲ့ဖွယ် ရှိသည်။ ထိုကဲ့သို့ မိမိကိုယ်မိမိ မေ့လျော့သွားခြင်းနှင့် အမှတ်သညာများ ပျောက်ဆုံးသွားခြင်းတို့ကြောင့်ပင် သူသည် ပထမမြောက် ငရဲကပ်ဘေးကို မည်သည့် အခက်အခဲမျှမရှိဘဲ လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ငါ့အမေမှာလည်း မှတ်ဉာဏ် ပြဿနာတွေ ရှိခဲ့တာပဲ..."

ဝေဝူယင်သည် တွေးတောမိပြန်သည်။ ဤအချက်ကို သူ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးပြီး ၎င်းမှာ မျိုးရိုးလိုက်သော အခြေအနေ သို့မဟုတ် ပျက်စီးသွားသည်များကို ပြန်လည်ပြုပြင်ရန် ကြိုးစားသည့် စိတ်၏ ဗီဇတုံ့ပြန်မှုတစ်ခုဟု သူ ယူဆခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းမှာ ဘာသာစကားအားလုံးနီးပါးကို ဖတ်ရှုနားလည်နိုင်သော မက်ဂီတို့၏ ဗီဇစွမ်းရည်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူ ယုံကြည်နေသည်။

သူ၏ မိခင်သည် သူ ကလေးဘဝတွင် ကြုံတွေ့ခဲ့ရသော ဘေးဒုက္ခများအပြီး၌ ပြောင်းလဲသွားခဲ့သည့် မျက်နှာအမူအရာကို ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သည်။ သူမသည် သူ ပြန်ရောက်လာသည်ကို ခဏတာမျှ သိရှိခဲ့သည်။ ထိုခဏလေးသည် သူ၏ နှလုံးသားထဲတွင် ယခုတိုင် စွဲထင်နေဆဲ ဖြစ်သည်။ အကယ်၍ ထိုအချိန်က သူသာ စကားအနည်းငယ် ပြောနိုင်ခဲ့လျှင်၊ မေးခွန်းအချို့ မေးနိုင်ခဲ့လျှင် သို့မဟုတ် သူမကို သူ၏ ဘဝထဲတွင် ဆက်ရှိနေစေရန် အကြံအချို့ ပေးနိုင်ခဲ့လျှင် အတိုင်းထက်အလွန် ကောင်းလေမည်။

သူ၏ နှလုံးသားထဲတွင် အမြဲတစေ ကိန်းအောင်းနေသော အမှန်တရားတစ်ခု ရှိသည်။ ထိုအမှန်တရားကို မျှော်လင့်ချက်များနှင့် အိပ်မက်များဖြင့် ဖုံးကွယ်ထားချင်သော်လည်း ဖူရှီ၏ လမ်းညွှန်မှုနှင့် မှတ်ဉာဏ်များ ပြန်လည်ရရှိပြီးနောက်တွင်မူ ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။ ထိုအမှန်တရားမှာ... သူ၏ မိဘနှစ်ပါးသည် မိခင်ဖြစ်သူ၏ ရောဂါအတွက် ဆေးရှာရန် ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ကွယ်လွန်သွားခဲ့ခြင်းပင် ဖြစ်သည်။

သူတို့သည် အသစ်တဖန် စတင်နိုင်မည့် ထူးခြားသော နေရာတစ်ခုကို ရှာမတွေ့ခဲ့သလို၊ သေမျိုးဘဝကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ခြင်းလည်း မရှိခဲ့ပေ။ မက်ဂီတို့၏ ကမ္မဒဏ်ကြောင့် ဝေဝူယင်၏ ဘဝကို မထိခိုက်စေရန် သူနှင့် သူ၏ အစ်ကိုကြီး ဖြစ်သူကို စွန့်ခွာခဲ့ရခြင်းလည်း မဟုတ်ပေ။

သူတို့၏ ဘဝ သို့မဟုတ် သေဆုံးမှု နောက်ကွယ်တွင် ကြီးကျယ်ခမ်းနားသော ဇာတ်လမ်းတစ်ပုဒ် ရှိနေလိမ့်မည်ဟု သူ တကယ်ကို မျှော်လင့်ခဲ့ဖူးသည်။ သူနှင့် သူ၏ အစ်ကိုဖြစ်သူကို အဘယ်ကြောင့် တစ်ယောက်တည်း ထားခဲ့ရသနည်း ဆိုသည်ကို အကြောင်းပြချက် ပေးနိုင်မည့် တစ်ခုခု... ဘာပဲဖြစ်ဖြစ် တစ်ခုခု...

သို့သော်လည်း...

သူတို့သည် စိတ်ဝေဒနာကို ပျောက်ကင်းစေသည်ဟူသော ဒဏ္ဍာရီလာ ဆေးဖက်ဝင်အပင်ကို ရှာဖွေရန် နတ်ဆိုးတောင်တန်းဆီသို့ ထွက်ခွာသွားခဲ့ကြသည်။ သူ အမှတ်ရနေသည့်အတိုင်း၊ သူ ကြားခဲ့ရသည့်အတိုင်းပင် ဖြစ်သည်။ ကံကြမ္မာ၏ ဆိုးရွားလှသော အလှည့်အပြောင်းကြောင့် သူ အသက်ငါးနှစ်သား အရွယ်တွင် သူတို့သည် နတ်ဆိုးသားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အသား၊ အရိုးမကျန် ဝါးမြိုခြင်း ခံခဲ့ရလေသည်။ သူတို့၏ ကယ်တင်ခြင်း ခရီးစဉ်မှာ သဘာဝတရား၏ နတ်ဆိုးဆန်သော ရက်စက်မှုကြောင့် လမ်းခုလတ်မှာပင် နိဂုံးချုပ်ခဲ့ရသည်။

သူ၏ ဖခင်သည် အနန္တ ကုန်းမြေတိုက်ကြီး၏ စံနှုန်းနှင့်တောင် ကျင့်ကြံခြင်း အခြေခံ အားနည်းသူဖြစ်ပြီး မိခင်မှာမူ ကျင့်ကြံခြင်း စိုးစဉ်းမျှ မရှိသူ ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးတောင်တန်းသို့ သွားရောက်ခြင်းမှာ အစကတည်းက ကြောက်မက်ဖွယ်ကောင်းသော စွန့်စားမှုတစ်ခု ဖြစ်ခဲ့သည်။

ဝတ်စုံနက် ဝေဝူယင်သည် လျှို့ဝှက် အာဏာရှင် အဆင့်သို့ ရောက်ရှိပြီးနောက် ထိုနေရာသို့ ပြန်လည်သွားရောက်ခဲ့ဖူးသည်။ သူသည် အချိန်နောက်ပြန်လှည့်ခြင်း စွမ်းအားနှင့် အခြားသော လျှို့ဝှက် အာဏာရှင်အချို့၏ အကူအညီဖြင့် သူ၏ မိဘများကို ပြန်လည် အသက်သွင်းရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း သူ၏ မိဘများ ကွယ်လွန်ခဲ့သော နေရာသို့ ရောက်ရှိသောအခါတွင်မူ သူ မည်သည့်အခါမျှ မကြိုးစားခဲ့ပေ။ မက်ဂီနှင့် အချိန်နောက်ပြန်လှည့်ခြင်း၏ အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးဆိုးရွားလှသည်။ ဆယ်စုနှစ်ပေါင်းများစွာကို နောက်ပြန်လှည့်ရန် ကြိုးစားခြင်းမှာ မဖြစ်နိုင်သလောက် ခက်ခဲလှပြီး အကယ်၍ ကြိုးစားခဲ့ပါက သူကိုယ်တိုင်လည်း အသက်ပျောက်သွားနိုင်သည်။ ၎င်းမှာ အချိန်မြစ် နှင့် ကောင်းကင်ဘုံ၏ သဘာဝ သံသရာစက်ဝန်းကို ဆန့်ကျင်ကျူးကျော်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့်ပင် ဝတ်စုံနက် ဝေဝူယင်သည် အာကာသ ဝေဟင်ဂိုဏ်း နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထိုမျှော်လင့်ချက်ကြောင့်ပင် ခရာတို သည် လျူယင်လန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

မျှော်လင့်ချက်ဆိုသည်မှာ အလွန်ပြင်းထန်သော မူးယစ်ဆေးတစ်မျိုးဖြစ်သလို နှလုံးသားထဲမှ မိစ္ဆာတစ်ကောင်လည်း ဖြစ်သည်။ သူတို့၏ အာကာသနှင့် အချိန်ဆိုင်ရာ ကျွမ်းကျင်မှုများအပေါ် အားကိုးပြီး အချိန်မြစ်၏ တောင်းဆိုမှုများနှင့် လျှို့ဝှက်တာအို၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့သည်။ သို့သော် သံသရာစက်ဝန်းကဲ့သို့သော သဘာဝတရားများကို နောက်ပြန်လှည့်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း သူ နားလည်သွားခဲ့သည်။

ယခုအခါ ဝေဝူယင်သည် ထိုအမှတ်တရများကို ပြန်လည်သုံးသပ်ကြည့်လျှင်၊ သူ၏ အာကာသနှင့် အချိန်ဆိုင်ရာ နားလည်မှု၊ လက်ရှိ ကျင့်ကြံခြင်း အဆင့်နှင့် ငရဲပြည်အကြောင်း သိရှိမှုတို့အရ အကယ်၍ သူသာ ထိုစဉ်က အချိန်နောက်ပြန်လှည့်ခြင်းဖြင့် သူ၏ မိဘများကို ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားခဲ့ပါက ဖူရှီ၏ အကူအညီမရှိခဲ့လျှင်... သူ၏ အသက်ပါ ဆုံးရှုံးသွားမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

***

အပိုင်း(၂၀၄၈)

သဘာဝတရား၏ ကမ္မပြစ်ဒဏ်များသည် ဝေ့ဝူယင်၏ လက်ရှိတည်ရှိမှု အဆင့်ထက် ကျော်လွန် မနေတော့သော်လည်း၊ သူ၏ စွမ်းအားမှာ ကျင့်ကြံခြင်း အဆင့်တူ လျှို့ဝှက် အာဏာရှင်များနှင့် ယှဉ်လျှင်သာ ကြီးမားခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော အရာမျိုးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်သေးပေ။ ပုံမှန်အားဖြင့် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်၏ မှတ်ဉာဏ်များအရ "ပဲ့တင်ထပ် ဝိညာဉ်" အဆင့် ပညာရှင်များသည် ဝိညာဉ်များကို ပြန်လည်ခေါ်ဆောင်နိုင်ပြီး တစ်ဆင့်ခံဝင်စားခြင်း မျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိသည်။

သို့သော် သေဆုံးချိန်နှင့် ပြန်လည်အသက်သွင်းချိန်ကြား ကာလမှာ တိုတောင်းဖို့ လိုအပ်ပြီး ကုန်ကျစရိတ်မှာလည်း ကြီးမားလှသည်။ သူတို့သည် ကြာမြင့်စွာကတည်းက သေဆုံးသွားသူများအတွက် အချိန်နောက်ပြန်လှည့်ခြင်းကို မသုံးကြပေ။ အကြောင်းကား... ၎င်းမှာ ပြန်လမ်းမဲ့သော လမ်းဖြစ်ပြီး အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက အချိန်ဆိုင်ရာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။

ထို့ပြင် ဝေဝူယင် တစ်ဦးတည်းသာ ထိုသို့ ကြိုးစားချင်ခဲ့သည်မဟုတ်။ ဤစွမ်းအားကို ရရှိထားသော လျှို့ဝှက် အာဏာရှင် အများအပြားသည် မည်သည့် စတေးမှုမျိုးကိုမဆို လုပ်ဆောင်ရန် အသင့်ရှိကြသော်လည်း သူတို့၏ မသိနားမလည်မှုကြောင့် အချည်းနှီးသာ အသက်ဆုံးရှုံးခဲ့ကြရသည်။

ဝေဝူယင်သည် ထိုအကြောင်းကို တွေးတောရင်း စိတ်လှုပ်ရှားလာမိသည်။ မိဘများအပေါ် ထားရှိခဲ့သော သူ၏ မျှော်လင့်ချက်အားလုံးသည် ဖူရှီက မှတ်ဉာဏ်များ ပြန်ပေးလိုက်ပြီးနောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ဖူရှီသည် သူ၏ မက်ဂီမျိုးရိုးရှိသော မိခင်နှင့် ပတ်သက်သည့် အမှတ်တရများကို အဘယ်ကြောင့် ဖယ်ရှားထားခဲ့သည်ကိုလည်း သူ နားလည်သွားခဲ့သည်။ အကယ်၍ ဝေဝူယင်သာ ထိုအကြောင်းကို သိရှိခဲ့ပါက သူ၏ နှလုံးသားကို တုန်လှုပ်စေနိုင်ပြီး သူ၏ လမ်းကြောင်းတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည်။ ပဲ့တင်ထပ် ဝိညာဉ်အဆင့်၏ တစ်ဆင့်ခံဝင်စားခြင်းတွင်ပင် အချိန်ကန့်သတ်ချက်နှင့် လိုအပ်ချက်များ ရှိနေသည်။ အကယ်၍ ဝေဝူယင်သာ ထိုအရာများကို သိခဲ့ပါက သူသည် ထိုအချိန်ကန့်သတ်ချက်ကို မှီရန်အတွက် အလျင်စလို ကျင့်ကြံခြင်း လမ်းစဉ်ကို ရွေးချယ်ခဲ့မိပေလိမ့်မည်။ ပြန်စဉ်းစားကြည့်လျှင် ၎င်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

မျက်စိကို မှိတ်ထားရင်း သူ၏ ပါးပြင်ထက်တွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။ ၎င်းမှာ နွေးထွေးပြီး လှုံ့ဆော်မှု ပေးစွမ်းနိုင်သည်။ ထို့နောက် မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ သူ၏ အသိစိတ် ပင်လယ်အတွင်းရှိ ဉာဏ်အလင်းရ ပညာရှိ မြူခိုးများသည် အရည်အဆင့်ထိ သိပ်သည်းလာပြီး သူ၏ စိတ်မျက်လုံး ထဲသို့ စိမ့်ဝင်နေသည်ကို မြင်လိုက်ရသည်။

"ငါ့ရဲ့ ဒုတိယစိတ်ကတော့ အံ့ဩစရာ တစ်ခုခုကို လုပ်နေပုံပဲ..."

ဝေဝူယင်သည် တွေဝေစွာ ရေရွတ်လိုက်သည်။ ဉာဏ်အလင်းရ ပညာရှိ မြူခိုးများ သိပ်သည်းလာခြင်းနှင့် လှုပ်ရှားမှုများသည် သူ၏ ဒုတိယစိတ်အာရုံက သူ၏ အသိပညာနှင့် စိတ်စွမ်းအား အနက်ရှိုင်းဆုံးနေရာထိ ဆင်းသက်နေခြင်းကို ပြသနေခြင်း ဖြစ်သည်။

တာအို အသိအမှတ်ပြုခြင်း၏ စမ်းသပ်မှု သုံးခုတွင် ပထမမှာ လေ့လာစောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း ဖြစ်ပြီး၊ ဒုတိယမှာ အသိပညာ (လက်ရှိ သိထားသည်နှင့် အသစ်ဖန်တီးနိုင်စွမ်း) ကို စမ်းသပ်ခြင်း ဖြစ်ကာ၊ နောက်ဆုံးမှာမူ လက်တွေ့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစမ်းသပ်မှု သုံးခုမှာ အလွန်ပင် ပြင်းထန်လှသည်။ သူ၏ ဒုတိယစိတ်အာရုံသည် ယခင်က အသိပညာ စမ်းသပ်မှုကို ကျရှုံးခဲ့ဖူးသည်။ အမှန်တကယ်တော့ သူသည် ဆိုးရွားစွာ ကျရှုံးခဲ့ခြင်း ဖြစ်သည်။

ဝတ်စုံနက် ဝေဝူယင်တွင် ထူးကဲသော အဂ္ဂိရတ် ပါရမီ ရှိသော်လည်း သူ၏ အဂ္ဂိရတ် တာအို နားလည်မှုမှာ လျှို့ဝှက် အာဏာရှင် အဆင့်သို့ ရောက်ပြီးစတွင် "သေမျိုး အဂ္ဂိရတ် ရှန့်ထို" သို့မဟုတ် "မြေကြီး အဂ္ဂိရတ် ရှန့်ထို" အဆင့်ခန့်သာ ရှိသေးသည်။

မက်ဂီ သာမန်လူ၏ အသိပညာ စမ်းသပ်မှုမှာပင် အထွတ်အထိပ် အဆင့်တွင် ရှိနေပြီး လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ပညာနှင့် နီးစပ်နေသည်။ ထို့ကြောင့် သူသည် ဧဒင်၏ အသိပညာကို အားကိုးသော်လည်း ကျရှုံးခဲ့ရခြင်း ဖြစ်သည်။ အကြောင်းမှာ ဧဒင်သည် အဂ္ဂိရတ် ဖော်စပ်ခြင်းတွင် ကျော်ကြားသော်လည်း သူ၏ အသိပညာနှင့် ဉာဏ်ရည်မှာ ဝေဝူယင်၏ နားလည်မှုအပေါ်မှာသာ အခြေခံထားသောကြောင့် ဖြစ်သည်။ ၎င်းမှာ ထိုကဏ္ဍတွင် အားသာချက် မရှိလှပေ။ လက်တွေ့ စမ်းသပ်မှုကိုမူ သူ စမ်းသပ်ခွင့်တောင် မရခဲ့ချေ။

အသိပညာ စမ်းသပ်မှုတွင် ဤမျှ အခက်အခဲရှိရခြင်းမှာ ဖူရှီ ပြောခဲ့သလိုပင်... အဂ္ဂိရတ် တာအိုသည် အခြားသော တာအို ခုနစ်မျိုးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး အတိုင်းအဆမဲ့ ဖန်တီးခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ အဂ္ဂိရတ် တာအိုကို ရွေးချယ်ခဲ့ပါက မက်ဂီ သာမန်လူ တစ်ဦးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန် လွယ်ကူလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ မွေးရာပါ အဂ္ဂိရတ် ပါရမီဆိုသည်မှာ ထိုတာအို ခုနစ်မျိုးစလုံးနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ဤအချက်ကပင် အဘယ်ကြောင့် အဂ္ဂိရတ် တာအိုအတွက် မွေးရာပါ ပါရမီကို ပိုင်ဆိုင်ရန် ခက်ခဲလှသည်ကို ရှင်းပြနေသည်။ ကံမကောင်းစွာဖြင့် ဝေဝူယင်သည် ထိုစကားများကို သတိမပြုမိခဲ့ဘဲ ဖူရှီ၏ စကားကိုသာ တိုက်ရိုက် လက်ခံခဲ့မိသည်။ သူ၏ ကြီးပြင်းလာပုံမှာ ဝေဝူယင်၏ အမြဲမပြတ်သော အခွင့်အလမ်း ရှာဖွေမှုနှင့် နိုးကြားမှုတို့နှင့် မကိုက်ညီခဲ့ပေ။

သို့သော် ယခုအခါတွင်မူ ထိုကျင့်ကြံခြင်း ဝိညာဉ် လေးခုနှင့် သူ၏ ဒုတိယစိတ်အာရုံတို့သည် "ဖန်တီးခြင်း တာအို" ကို ရွေးချယ်လိုက်ကြသည်။ ၎င်းမှာ ဖန်တီးခြင်း ပညာရှင်များ၏ တာအိုကို စိန်ခေါ်ခြင်းပင် ဖြစ်သည်။ ထိုထဲတွင် အဂ္ဂိရတ် တာအို၏ အခြားသော အစိတ်အပိုင်းများ ဖြစ်သည့် အဂ္ဂိရတ် ဖော်စပ်ခြင်း၊ ဆင့်ကဲပြောင်းလဲခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့ ပါဝင်သည်။

စာသားထွင်းထုခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့မှာ အဆောင်များ၊ သင်္ကေတများ နှင့် အစီအရင်များ နှင့် များစွာ သက်ဆိုင်သည်။ ဝေဝူယင်သည် သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ချီ သင်္ကေတများ၊ ကြယ်တာရာ သင်္ကေတများ၊ အဂ္ဂိရတ် သင်္ကေတများ၊ လောကနှလုံးသား ရည်ရွယ်ချက်အတွက် သုံးသော လောကသင်္ကေတများနှင့် ပါရမီရှင်များ၏ ဥပဒေသများနှင့် ပဲ့တင်ထပ်စေရန် သုံးသော ကောင်းကင်သင်္ကေတများကို မြင်တွေ့ခဲ့ဖူးသည်။ ထို့ပြင်... လျှို့ဝှက် သင်္ကေတများကိုလည်း မြင်ဖူးသည်။

သူသည် သင်္ကေတ အမြောက်အမြားကို တွေ့ကြုံခဲ့ဖူးသည်။ သူ ရောက်ခဲ့သော လူ့အဖွဲ့အစည်းများတွင် အဆော င်ကျင့်စဉ်ကို တက်ကြွစွာ ကျင့်ကြံသူ မရှိသော်လည်း ထိန်ကျန့်ဝမ် နှင့် သူတော်စင် နွေဦးကွင်းပြင်တို့၏ အသိပညာများကို ထုတ်ယူပြီးနောက်တွင် သူသည် ၎င်းတို့၏ အခြေခံကို နားလည်လာခဲ့ပြီ ဖြစ်သည်။

ထို့ပြင် သူသည် လောက ပုရောဟိတ်ပိုင်ကို သတ်ဖြတ်ပြီးနောက် သူမ၏ အသိပညာများကို ရယူခဲ့သလို၊ အဂ္ဂိရတ် ရှန့်ထို အဖြူရောင် ကောင်းကင် သတိလစ်နေစဉ်တွင်လည်း သူမ၏ မှတ်ဉာဏ်များကို ရှာဖွေခဲ့ဖူးသည်။

ထိုနက်နဲလှသော မှတ်ဉာဏ်များစွာသည် သူ လျှို့ဝှက် အာဏာရှင်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် ပိုမို ရှင်းလင်းလာခဲ့သည်။ ထို့ကြောင့် သူ၏ ဒုတိယစိတ်အာရုံသည် ထိုအသိပညာများကို အာရုံစိုက်ကာ အစာခြေ ယူနေမည် ဖြစ်သည်။ ဝေဝူယင်သည် ထိုမှတ်ဉာဏ်များနှင့် အသိပညာများ၏ သိပ်သည်းပြီး သန့်စင်သော ဗားရှင်းကို မရရှိသေးပေ။ ထို့ပြင် သူ၏ ဒုတိယစိတ်အာရုံသည် ကျန်းယု (ရှုယု) နှင့် ကျန်းရီကောင်း (ဟွမ်ရီကောင်း) တို့ကဲ့သို့သော စစ်ဝိညာဉ်များ၏ စိတ်အာရုံထဲသို့ ဝင်ရောက် လေ့လာရန်အတွက် စစ်ဥပဒေသ အဆောင်ကို မကြာခဏ အသုံးပြုလေ့ရှိသည်။ ဧဒင်၏ စွမ်းအားများသည် တိုးတက်လာပြီးနောက်တွင် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ ဒုတိယစိတ်အာရုံသည်လည်း အသိပညာအတွက် အလွန် ဆာလောင်နေ၏။ ထိုဆာလောင်မှု မရှိပါက သူသည် "အာရုဏ်ဦး ပုံရိပ်ယောင် နည်းလမ်း" ကဲ့သို့သော အံ့ဩဖွယ်ရာ နည်းစနစ်များစွာကို ဖန်တီးနိုင်မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ဤတိုးတက်မှုသည် သူ့ကို စိတ်အေးချမ်းသာမှု ပေးစွမ်းနိုင်သည်။

မကြာမီမှာပင် ဉာဏ်အလင်း ပညာရှိ မြူခိုးများသည် စိတ်မျက်လုံးထဲသို့ မိုးရေကဲ့သို့ တဖွဲဖွဲ ကျဆင်းလာသည်။ ဝေဝူယင်မှာ ထိုမိုးရေထဲတွင် "စိုရွှဲ" နေတော့သည်။

"ဒီစမ်းသပ်မှုတွေက ဘယ်လောက်တောင် ခက်ခဲမလဲ..."

သူ ခန့်မှန်းနိုင်သည့် အရာ တစ်ခုတည်းသာ ရှိပေသည်။ ဖန်တီးခြင်း တာအို၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး ပထမအကြိမ်တွင် ကျရှုံးခြင်း မရှိခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် မက်ဂီ မင်းမျိုးမင်းနွယ်၏ အဆင့်မှာမူ အလွန်ပင် ခက်ခဲမည်မှာ သေချာလှသည်။

နောက်ဆုံးတွင် မိုးသည် ရပ်တန့်သွားသည်။ ဝေဝူယင်သည် သူ၏ စိတ်မျက်လုံး အတွင်းရှိ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီး အနည်းငယ် ကျုံ့သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ ဒုတိယစိတ်အာရုံက ဝိညာဉ်နှင့် စိတ်စွမ်းအားများကို အလွန်အကျွံ သုံးစွဲလိုက်သောကြောင့် ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်မှု လက္ခဏာပင် ဖြစ်သည်။ ဝေဝူယင်သည် သူ၏ ပုံရိပ်မှာလည်း ခဏတာမျှ ဝေဝါးသွားသည်ကို ခံစားလိုက်ရ၏။ သို့သော် သူ ဖယ်ထုတ်ခြင်း မခံရသေးသည်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် နောက်ဆုံး စမ်းသပ်မှုဖြစ်သော "ဖန်တီးခြင်း တာအို အသိအမှတ်ပြုခြင်း" ထိ ရောက်ရှိသွားမည်ဟု သူ မျှော်လင့်ထားသည်။

"ဟီး... ဟီး... ဟီး...”

“ဟဲ... ဟဲ... ဟဲ...”

“ဟား... ဟား... ဟား...”

အိုရီ၏ ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံ သုံးကြိမ် ထွက်ပေါ်လာသည်။ ထို့နောက် နောက်ခံတွင် ဧဒင်၏ တိုးတိတ်သော ရယ်သံကိုလည်း ကြားလိုက်ရသည်။

အိုရီသည် အယ်ဖာ မူလ ကြယ်တာရာ ဝိညာဉ် တစ်ခု ဖြစ်သည်။ သူမသည် ဒြပ်စင်များ အပါအဝင် အရာအားလုံး၏ မူလအစ၊ ကမ္ဘာဦး အယူအဆကို ကိုယ်စားပြုသည်။ ဝေဝူယင်သည် ၎င်းကို အထူးတလည် မလေ့လာခဲ့သော်လည်း အိုရီတွင် အံ့ဩဖွယ်ရာ ဖန်တီးခြင်း စွမ်းရည်များ ရှိနေသည်။

ဝေဝူယင် သူ့ မျက်လုံးများကို ထိတွေ့လိုက်သောအခါ ဖန်တီးခြင်း မျက်လုံး၏ နတ်ဘုရား မျိုးစေ့ လှုပ်ခတ်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ လက်ရှိ ပုံရိပ်တွင် ဖြစ်ပေါ်နေခြင်း မဟုတ်သော်လည်း ထိုလှုပ်ရှားမှုမှာ ပြင်းထန်လွန်းလှသဖြင့် သူ၏ အစစ်အမှန် ဝိညာဉ်ကိုပါ ရိုက်ခတ်ပြီး သူ့ကို သက်ရောက်မှု ရှိစေခြင်း ဖြစ်သည်။ ဖန်တီးခြင်း မျက်လုံးဟူသော အမည်တွင် "ဖန်တီးခြင်း" ဟု ပါဝင်သော်လည်း ၎င်းမှာ ရုပ်ဝတ္ထု တာအို နှင့်သာ သက်ဆိုင်သော စွမ်းအား ဖြစ်သည်။ ထိုအမည်မှာ အမွမ်းတင်ထားခြင်းသာ ဖြစ်၏။ အမှန်စင်စစ် ပုံရိပ်ယောင် မျက်လုံး သည် စိတ်တာအို အဆင့်တွင် ဖန်တီးခြင်းနှင့် သက်ဆိုင်သည်။ ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု နိမ့်ကျခြင်း မရှိဘဲ တစ်ခုလုံး၏ အစိတ်အပိုင်းများသာ ဖြစ်ကြသည်။

ထို့နောက် သူ၏ ပုံရိပ်ယောင် မျက်လုံး နိုးကြားလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် အမှန်တရား မျက်လုံး ပါ နိုးကြားလာပြန်သည်။

"ငါ နားလည်ပြီ ထင်တယ်..."

ဝေ့ဝူယင် မထိန်းချုပ်နိုင်သော အပြုံးတစ်ခုဖြင့် တိုးတိုးလေး ပြောလိုက်သည်။ ဧဒင်နှင့် အိုရီတို့၏ အစီအစဉ်ကို သိရှိသွားပြီးနောက် သူ၏ စိုးရိမ်မှုအားလုံး ပျောက်ကွယ်သွားတော့သည်။ သူတို့ကို အရှုံးမပေးစေရဘူးဟူသော အိုရီ၏ ကတိစကားမှာ ခိုင်မာသော ယုံကြည်ချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။

အချိန်အတော်ကြာသွားပြီးနောက်...

"ဟီး... ဟီး... ဟီး...”

“ဟဲ... ဟဲ... ဟဲ...”

“ဟား... ဟား... ဟား...”

ဝေ့ဝူယင်သည် မဆင်မခြင်နိုင်လှသော ကြယ်တာရာ ဝိညာဉ် လေးခုနှင့် သူ၏ ကိုယ်ပိုင် အောင်ပွဲခံ ရယ်မောသံများကို ကြားလိုက်ရလေတော့သည်။

All Chapters