← Chapters

အခန်း (၂၀၅၇-၂၀၅၈)

Vol. 147 Ch. 2057-2058

အခန်း (၂၀၅၇-၂၀၅၈)

Vol. 147 Ch. 2057-2058

အပိုင်း(၂၀၅၇)

"ဘာလဲ..."

တစ်ချိန်တည်း၌ သူတော်စင် နက်ပစ်သည် သူတော်စင် ပါခက်၏ ညာဘက်နားရွက်နားတွင် လွင့်မျောနေသော ဝိညာဉ် ကြားခံတစ်ခုဖြစ်သည့် ဝိညာဉ်ဆန်စပါးတစ်စေ့မှတစ်ဆင့် လှမ်း၍ မေးလိုက်သည်။ ထိုစပါးစေ့မှာ ပုံဆောင်ခဲတစ်ခုကဲ့သို့ တောက်ပနေ၏။ ဤဝိညာဉ်ဆန်စပါးကို သူ၏ ဝိညာဉ်ကျင့်စဉ်အား ပေးပို့ရန် အသုံးပြုခြင်းဖြစ်ပြီး၊ သူ၏ မဟာနယ်မြေမှ အင်အားကို အခြေခံကာ ကျန်းကျန့်ဝမ်အား ရှုံးနိမ့်သွားစေရန် အဓိက ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။

"..."

သူတော်စင် ပါခက်မှာလည်း ဒဏ်ရာကင်းစင်နေသည်တော့ မဟုတ်ပေ။ သူမသည် ညာလက်ဖမိုးဖြင့် နှာခေါင်းတစ်ဖက်နှင့် နှုတ်ခမ်းထောင့်တို့မှ စီးကျလာသော အဝါရောင်သွေးများကို သုတ်လိုက်သည်။ စောစောက တိုက်ခိုက်မှုမှာ သူမ၏ ဝိညာဉ်အကာအကွယ်ကို အားနည်းသွားစေခဲ့သည်။ အကယ်၍ သူတော်စင် နက်ပစ်နှင့် အခြားသူများ၏ အကူအညီသာ မပါခဲ့လျှင် သူမသည် ထိုအထပ်ထပ်သော တိုက်စစ်များအောက်၌ အစအနပင် မကျန်အောင် ပျက်စီးသွားလောက်ပေသည်။

ဤထိန်ကျန့်ဝမ်သည် ရှေ့ဖြစ်ဟောဆရာများနှင့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ ပြောကြားခဲ့သလောက်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် အလုံအလောက် ပြင်ဆင်မှုများ ရှိခဲ့သည်။ အထွတ်အထိပ် 'လျှို့ဝှက်လောက' အဆင့် ခုခံရေးအဆောင် ခြောက်ခုနှင့် အဆင့်စုံလှသော လျှို့ဝှက်လောက အဆင့် ခုခံရေး လက်နက်ကိရိယာ တစ်ရာကျော်တို့မှာ ဘာမျှမရှိတော့သည့်အလား ပျက်စီးသွားပြီး အမှောင်ဟင်းလင်းပြင်ထဲ၌ တောက်ပနေသော ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ဤခြေဦးတည့်ရာ လှည့်လည်နေသည့် လေလွင့် ကျင့်ကြံသူသည် ထိုတိုက်ကွက်ဖြင့် သူမကို သတ်ဖြတ်နိုင်ခဲ့မည်မှာ ဧကန်မလွဲပင်။ ပြင်ဆင်ထားသော ခုခံမှုများ ရှိလင့်ကစား သူမ၏ ဝိညာဉ်အကာအကွယ်မှာ အားနည်းသွားခဲ့ရသည် မဟုတ်ပါလား။

"..."

သူတော်စင် ပါခက်သည် စကားမပြောလိုဘဲ သူမ၏ အာရုံအားလုံးကို တိုက်ပွဲကြောင့် ပျက်စီးသွားသော နယ်မြေဆီသို့သာ ပုံဖော်ထားကြောင်း သူတော်စင် နက်ပစ် သိမြင်နိုင်သည်။ ကစဉ့်ကလျားဖြစ်သွားသော အချိန်နှင့် အာကာသတို့သည် ဝဲဂယက်များကို ဖန်တီးနေပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များမှာလည်း မတည်ငြိမ်ဘဲ ထစ်ချုန်းနေတော့သည်။ အဖြူရောင်၊ အဝါရောင်နှင့် သုံးရောင်ခြယ် အလင်းတန်းများမှာလည်း ဟိုတစ်ကွက် သည်တစ်ကွက် လက်ခနဲ ပေါ်နေကြသည်။ ၎င်းတို့မှာ သူတော်စင် နက်ပစ်၊ သူတော်စင် ပါခက် နှင့် ကျန်းကျန့်ဝမ်တို့၏ ကျန်ရှိနေသော အစွမ်းသတ္တိများပင် ဖြစ်သည်။

ဤနယ်မြေသည် သူတော်စင်များ သို့မဟုတ် လျှို့ဝှက်အရှင် အမြောက်အမြားက လာရောက် မရှင်းလင်းပေးပါက နှစ်ပေါင်း သောင်းချီတိုင်အောင် နေထိုင်၍ ရတော့မည် မဟုတ်ပေ။

"ငါ တစ်ခုခု ပေးပို့လိုက်တာကို အာရုံခံမိတယ်..."

သူတော်စင် နက်ပစ်က သတိပေးလိုက်သည်။ ခဏတာမျှသာ ဖြစ်သော်လည်း သူ တစ်စုံတစ်ခုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ ဤတွေ့ရှိမှုကြောင့် သူ၏ စိတ်နှင့် နှလုံးသားထဲတွင် ဖော်ပြမရနိုင်သော တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

သူတော်စင် ပါခက်ကမူ သူတော်စင် နက်ပစ်ကို ဂရုမစိုက်ပေ။ သူမကိုယ်တိုင်လည်း ထိုအရာကို အာရုံခံမိသည်။

"ငါ ရောက်ပြီ"

သူတော်စင် အီမန်တက်၏ ဆွဲဆောင်မှုရှိသော အသံသည် သူတော်စင် ပါခက်၏ မိုင်ပေါင်းအနည်းငယ်အကွာသို့ ရောက်ရှိလာချိန်တွင် ပဲ့တင်ထပ်သွားသည်။ သူမသည် သူမ၏ မဟာနယ်မြေ ပြင်ပသို့ ရောက်ရှိနေသော်လည်း ထိုနေရာမှ စွမ်းအားအတော်အတန်ကို ဆွဲယူအသုံးပြုနိုင်ဆဲပင်။ သူမ အဘယ်ကြောင့် ရောက်မလာဘဲ နေပါမည်နည်း။ သူတော်စင် ပါခက်နှင့် သူတော်စင် နက်ပစ်တို့ နှစ်ဦးသား တစ်ခုခု ခိုးကြောင်ခိုးဝှက် လုပ်ဆောင်မည်ကို တားဆီးရန်အတွက် ဖြစ်သည်။

"ငါတို့ သူ့ကို ဖမ်းဆီးပြီး သူခိုးယူထားတဲ့ ပစ္စည်းတွေ ဘယ်ကို ပို့လိုက်သလဲဆိုတာကို ရှာရမယ်..."

သူတော်စင် နက်ပစ်က သတိပေးလိုက်သည်။ ခိုးယူခံရသော ပစ္စည်းပမာဏမှာ အလွန်ပင် များပြားလှသဖြင့် ထိုအရာအားလုံးကို သူ၏ ကိုယ်ပေါ်တွင် သို့မဟုတ် အတွင်းပိုင်း လောကထဲတွင် ထည့်ထားသည်မှာ လက်တွေ့မကျပေ။ ကန်းပန် ရှန့်ထို တစ်ဦးအတွက်ပင် ထိုသို့လုပ်ဆောင်ရန်မှာ ခက်ခဲလှပေလိမ့်မည်။

ထို့အပြင်... ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း များ အဝင်အထွက် ရှိသည်ကိုလည်း မတွေ့ရသလို အာကာသ ဒိုင်မန်းရှင်း သုံးခုစလုံးတွင်လည်း မည်သည့် လှုပ်ရှားမှုမျိုးကိုမျှ မတွေ့ရချေ။ ထို့ကြောင့် ထိုပစ္စည်းများသည် အမည်မဲ့ ဂလက်ဆီ၏ တစ်နေရာရာတွင် ရှိနေရမည် ဖြစ်သည်။ အနည်းဆုံးတော့ ဤသည်မှာ သူတို့၏ အကျိုးအကြောင်းအသင့်ဆုံး ယူဆချက်ပင် ဖြစ်သည်။

"ငါ သိပါတယ်..."

သူတော်စင် အီမန်တက်က သူမ၏ လက်စွပ်ကို ဝှေ့ယမ်းရင်း ပြန်လည် ဖြေကြားလိုက်သည်။ သူမသည် မည်သည့်ခေတ်မှ အမျိုးသားများကိုမဆို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေနိုင်လောက်သည့် ကမ္ဘာကျော် အလှနတ်သမီးတစ်ပါးပင် ဖြစ်ပြီး သူမ၏ ဆွဲဆောင်မှုမှာလည်း လတ်ဆတ်ဝေဆာနေဆဲပင်။

ဟူး... ဟူး...

သူမ လက်စွပ်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဂလက်ဆီအဆင့်ရှိ ဆူနာမီလှိုင်းကြီးနှင့်တူသော အဖြူအနက် သဲမှုန်များ ပေါ်ပေါက်လာခဲံသည်။ ၎င်းမှာ ကြယ်စင်စု နယ်မြေတစ်ခုလုံးကိုပင် ဝါးမြိုပစ်နိုင်လောက်သည်။

သူမသည် ထိုသဲများကို အသုံးချ၍ သူခိုး၏ ဝိညာဉ်အော်ရာ ကျန်ရှိနေသော ကစဉ့်ကလျားနယ်မြေကို လွှမ်းခြုံပိတ်ဆို့လိုက်ပြီး၊ သူမ၏ နုနယ်လှပသော လက်နှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဧရာမ အရွယ် နေကြယ်ကြီး ထက်ပင် ကြီးမားသော သဲလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး၊ ထိုသဲများသည် အဖြူအနက်ရောင်ရှိသော အစိုင်အခဲလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထောင်ချောက်တစ်ခုပင်...။

'လျှို့ဝှက်သဲကန္တာရ အကျဉ်းထောင် အာဏာရှင်ကျင့်စဉ်...'

သူမသည် ဤကျင့်စဉ်ကို ထုတ်ဖော်ရန်အတွက် သူမ၏ လျှို့ဝှက်စွမ်းအား သုံးဆယ်ရာခိုင်နှုန်းကို အသုံးပြုလိုက်ရသည်။ ဤကျင့်စဉ်မှာ အလွန်ပင် ထူးကဲလှ၏။ ၎င်းသည် အတွင်းရှိ မွေးရာပါ စွမ်းအင်များနှင့် လျှို့ဝှက်စွမ်းအားများကို တဖြည်းဖြည်းချင်း စုပ်ယူနိုင်စွမ်း ရှိသည်။

"ဉာဏ်အလင်းရ သူတော်စင် တစ်ယောက်တောင် ဒါကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး... အထူးသဖြင့် ရှစ်မျက်နှာ နတ်ဘုရား ကျော့ကွင်းက အပြည့်အဝ အသက်ဝင်နေတဲ့ အချိန်မှာပေါ့"

သူတော်စင် အီမန်တက်က ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် မှတ်ချက်ပေးလိုက်သည်။

"ငါ သူ့ရဲ့ ကျန်ရှိနေတဲ့ စွမ်းအင်တွေကို ခြေမှုန်းပစ်မယ်၊ ပြီးရင် သူ့ရဲ့ ဝိညာဉ်ကလွဲလို့ ကျန်တာအားလုံးကို စုပ်ယူ..."

ဘုန်း...

လုံးဝန်းသော အကျဉ်းထောင်ကြီး၏ အစိတ်အပိုင်းတစ်ခုမှာ ပြင်းထန်စွာ ဖောင်းထွက်လာသည်။

"..."

သူတော်စင် သုံးဦးစလုံး တိတ်ဆိတ်သွားကြသည်။

ထို့နောက်...

ဘုန်း...

သဲကန္တာရအောက်မှ ထိုးထွက်လာသော သဲမြွေကြီးတစ်ကောင်ကဲ့သို့ပင်၊ ကမ္ဘာကြီးတစ်ခုစာခန့်ရှိသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားကာ ကြည်လင်တောက်ပသော အလင်းတန်းများ လွှမ်းခြုံထားသည့် ရုပ်သွင်တစ်ခုသည် ထိုအပေါက်ထဲမှ ဖြည်းညှင်းစွာ လွင့်မျောထွက်လာသည်။

သူတို့၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ကျုံ့သွားကြသည်။ ကျန်းကျန့်ဝမ်၏ အစစ်အမှန် ရုပ်သွင်မှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် မြူခိုးများ မရှိတော့သလို၊ သူ၏ စစ်ဝိညာဉ်ခန္ဓာကိုယ်မှ ဒဏ်ရာအားလုံးမှာလည်း လုံးဝ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ထိန်ကျန့်ဝမ် ဖြစ်ကြောင်း သူတို့ နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့ကြလေပြီ။ ကျန်းကျန့်ဝမ်၏ မျက်နှာတွင်မူ သူ၏ လက်ချောင်းများနှင့် လက်ဖဝါးများကို အံ့အားသင့်စွာ ကြည့်ရှုနေသည့် အမူအရာမျိုး ရှိနေသည်။

စောစောက သူသည် အလိုလို နှာချေချင်စိတ် ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ အသစ်ဝင်ရောက်လာသော စွမ်းအားများကို လက်ခံနိုင်ရန် ကြိုးစားနေခြင်းကြောင့် ဖြစ်ဟန်တူသည်။ ထိုစွမ်းအားများကို ထုတ်လွှတ်ရန်အတွက် ထူးဆန်းသော နည်းလမ်းတစ်ခု လိုအပ်ခဲ့ရာ... နှစ်ကြိမ်တိုင်တိုင် နှာချေလိုက်ရသည်။

"ဒါက... နှာနှစ်ခါ ချေလိုက်ရုံတင်..."

ငွေရောင်ပြောင်းသွားသော သူ၏ မျက်ဝန်းများတွင် အံ့သြမှုများ ပြည့်နှက်လျက် သူတော်စင် သုံးဦးကို ကြည့်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသူတော်စင် သုံးဦး၏ လျှို့ဝှက်ဝိညာဉ်များကို လွှမ်းခြုံထားသော ရှုပ်ထွေးလှသည့် ဥပဒေသ အော်ရာများကို သူ မြင်နေရပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှလည်း အရောင်စုံလှသော ဓာတ်ငွေ့သဏ္ဌာန် အော်ရာများ ထွက်ပေါ်နေသည်။ ထိုအော်ရာများသည် အပြင်သို့ ထွက်လာသော်လည်း အမြဲတမ်းပင် လျော့ပါးမသွားဘဲ ကုန်ခန်းနိုင်ခြင်း မရှိသည့်အလား ပြည့်နှက်နေသည်။

‘ဒါက... ဝိညာဉ် အမြင်လား...’

"သူ့ကို ဖမ်းစမ်း..."

သူတော်စင် နက်ပစ်က အမြန်ဆုံး တုံ့ပြန်လိုက်သည်။

"..."

သူတော်စင် ပါခက်သည် ချက်ချင်းပင် သူမ၏ လျှို့ဝှက်အော်ရာကို ထုတ်ဖော်လိုက်ရာ မိုင်ပေါင်းများစွာအတွင်းရှိ စွမ်းအင်များနှင့် အလင်းတန်းများမှာ ကစဉ့်ကလျား ဖြစ်ကုန်သည်။ သူမသည် သားရဲတစ်ကောင်ကဲ့သို့ ပြင်းထန်သော အကြည့်များဖြင့် ကြည့်လိုက်ပြီး၊ ကြွက်သားများ တင်းမာကာ အသက်ကို အရှိန်အဟုန်ဖြင့် ရှူထုတ်လိုက်သည်။ ထို့နောက်... တစ်ဂလက်ဆီလုံးကို လွှမ်းခြုံသွားသော ခြင်္သေ့မကြီး၏ ဟိန်းသံကို ကြားလိုက်ရတော့သည်။

ဝရား...

သူတော်စင် အီမန်တက်၏ မျက်လုံးများမှာမူ ပြူးကျယ်သွားကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ သူမသည် 'လျှို့ဝှက်သဲကန္တာရ အကျဉ်းထောင်' ၏ သဘောသဘာဝနှင့် သူမ ထည့်ဝင်ထားသော စွမ်းအားပမာဏကို အသိဆုံး ဖြစ်သည်။ ၎င်းမှာ မိမိကိုယ်ကို အားဖြည့်ရန် စွမ်းအင်များကို စုပ်ယူနိုင်သလို၊ စွမ်းအင်အခြေခံ တိုက်ခိုက်မှုများကိုလည်း အပြင်းအထန် ခုခံနိုင်စွမ်း ရှိသည်။ အလွန်အမင်း များပြားလှသော စွမ်းအားမျိုး မဟုတ်လျှင် သာမန် ခွန်အားသက်သက်ဖြင့်သာ ထိုအကျဉ်းထောင်ကို ဖောက်ထွက်နိုင်မည် ဖြစ်သည်။

သူမသည် ကြယ်တံခွန်တစ်ခုကဲ့သို့ 'လျှို့ဝှက်သဲကန္တာရ မဟာနယ်မြေ' ဆီသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

ကျန်းကျန့်ဝမ်၏ ငွေရောင်မျက်ဝန်းများမှာ ဖီဆန်သော ရောင်စဉ်များဖြင့် တောက်ပလာသည်။ သူသည် ထွက်ပြေးသွားသော အီမန်တက်၏ နောက်ကျောကို ကြည့်ကာ အေးအေးဆေးဆေးပင် မေးလိုက်သည်။

"ဟေ့... မင်း ဘယ်ကို သွားမလို့လဲ..."

***

အပိုင်း(၂၀၅၈)

"ဟေ့... မင်း ဘယ်ကို သွားမလို့လဲ..."

ကျန်းကျန့်ဝမ်၏ စကားသံများသည် ဟင်းလင်းပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး အချိန်နှင့် အာကာသကို ထိုးဖောက်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုအသံလှိုင်းများသည် ကစဉ့်ကလျားဖြစ်နေသော စွမ်းအင်အားလုံးကို ငြိမ်သက်သွားစေပြီး သူတော်စင် အီမန်တက်၏ လျှို့ဝှက်ဝိညာဉ်ကို တိကျစွာ ရိုက်ခတ်လိုက်တော့သည်။

ဘုန်း...

သူတော်စင် အီမန်တက်သည် ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင် သူမ၏ ဝိညာဉ်အကာအကွယ် မှာ တုန်ခါသွားရပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလွှာများမှာလည်း တုန်ရီလျက် ရှေ့သို့ အဟုန်ဖြင့် ပြေးနေသည့် အရှိန်မှာ လုံးဝ ရပ်တန့်သွားခဲ့ရသည်။

သူမသည် အမှောင်ဟင်းလင်းပြင်ထဲ၌ သဘာဝမကျစွာ တန့်ခနဲ ဖြစ်သွားသည်။ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူငယ်အိမ်မှာလည်း အဆုံးစွန်အထိ ကျုံ့သွားရ၏။

သူမ၏ ကိုယ်ပေါ်သို့ သက်ရောက်လာသော 'အဟုန် ဥပဒေသ' ၏ ဖိနှိပ်မှုကို သူမ ခံစားလိုက်ရပြီး ၎င်းမှာ ခုခံရန် မဖြစ်နိုင်သလောက်ပင်။ သူမ၏ ဗီဇစိတ်အရ လျှို့ဝှက်ဝိညာဉ်နှင့် ဝိညာဉ်တို့က ပြန်လည် တိုက်ခိုက်လိုက်ရာ သူမ၏ လျှို့ဝှက်အော်ရာများမှာ အရှိန်အဟုန်ပြင်းစွာဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဤနယ်မြေအတွင်းရှိ ကြယ်တာရာများ၏ တည်နေရာမှာ တိုက်ပွဲကြောင့် ပျက်စီးနေခဲ့ပြီး ဖြစ်သော်လည်း၊ သူမ၏ ပြင်းထန်လှသော အော်ရာကြောင့် ဂြိုဟ်များ၊ ကြယ်များ နှင့် လကမ္ဘာများမှာ စွမ်းအားမုန်တိုင်းအတွင်း၌ ဝဲဂယက်သဏ္ဌာန် လွင့်စဉ်ကုန်ကြပြန်သည်။

သူတော်စင် ပါခက်သည် အီမန်တက်၏ အော်ရာလှိုင်းများကြောင့် လွင့်စဉ်မသွားစေရန် နုနယ်သော်လည်း ကျစ်လျစ်သန်မာကာ လက်သည်းချွန်များ ရှိသည့် သူမ၏ လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်ရသည်။ သူမက ဟိန်းဟောက်ရင်း အမှောင်ဟင်းလင်းပြင်ထဲတွင် ကျွမ်းထိုးမှောက်ခုံ ဖြစ်နေစဉ် ခြေလက်များကို အသုံးချကာ လေထဲတွင် ဟန်ချက်ထိန်းလိုက်သည်။ ထို့နောက် သူမ၏ လက်သည်းများဖြင့် အာကာသ မျက်နှာပြင်နှင့် အပျက်အစီး မန်နာ များကို ကုတ်ခြစ်ကာ ခြေကုပ်ယူလိုက်ရ၏။ လက်သည်းများက အာကာသ မျက်နှာပြင်ထဲသို့ စိုက်ဝင်သွားပြီးနောက် အီမန်တက်၏ အော်ရာရိုက်ခတ်မှုများကို ခုခံရင်း သူမ အီမန်တက်ဆီသို့ လှမ်းကြည့်လိုက်သည်။

"နင် ဘာလုပ်နေတာလဲ..."

သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူတော်စင် နက်ပစ်၏ ဝိညာဉ်စွမ်းအားများ ပါဝင်သော ဝိညာဉ်ဆန်စပါးမှာ လွင့်စင်သွားခဲ့ပြီ ဖြစ်သဖြင့် ဤအော်ရာမုန်တိုင်းအတွင်း သူမ၏ 'ဝိညာဉ်အာရုံ' ဖြင့် ရှာမတွေ့နိုင်တော့ပေ။ ထို့အပြင် သူမသည် 'အစစ်အမှန် ဝိညာဉ်အဆင့်' သို့ မရောက်သေးဘဲ ဉာဏ်အလင်းရရုံသာ ရှိသေးသဖြင့် ဝိညာဉ်အမြင်မှာလည်း မရှိချေ။ ဤအော်ရာမုန်တိုင်းအတွင်း သူမသည် မျက်စိကန်းနေသူနှင့် မခြားတော့ဘဲ ကမ္ဘာကြီးတစ်ခုလုံးမှာ အီမန်တက်၏ အော်ရာကြောင့် အဖြူအနက်ရောင်များအဖြစ် ပြောင်းလဲနေတော့သည်။

ပါခက်သည် အံကို တင်းတင်းကြိတ်လျက် အထပ်ထပ်သော ခုခံမှုများကိုသာ ပြုလုပ်ထားနိုင်တော့သည်။ သူမ၏ ပတ်ဝန်းကျင်တွင် ခြင်္သေ့ အကောင်ပေါင်းများစွာ ခုန်ပေါက်နေသည့် ဝိညာဉ်ပုံရိပ်များဖြင့် ပြည့်နှက်နေသော 'လျှို့ဝှက် ကာကွယ်ရေး အလွှာ' တစ်ခုကို ဖန်တီးထားရသည်။

သူတော်စင် အီမန်တက်ကမူ ပြန်မဖြေအားပေ။ သူမသည် သူမ၏ လျှို့ဝှက်အော်ရာများကို အေးဆေးစွာ ဖြတ်သန်းလာနေသည့် ရုပ်သွင်တစ်ခုကိုသာ စိုက်ကြည့်နေမိသည်။ ကြည်လင်တောက်ပသော အလင်းတန်းများသည် ထိုသူ၏ ခန္ဓာကိုယ်ထက်တွင် ချောမွေ့စွာ စီးဆင်းနေပြီး၊ သူမ၏ အဖြူအနက်ရောင် အော်ရာများသည် ထိုသူ၏ ရှေ့မှောက်တွင် ကလေးကစားစရာတစ်ခုကဲ့သို့ ဘေးသို့ ဖယ်ရှားခြင်း ခံနေရသည်။

သူမ၏ မျက်ဝန်းများထဲတွင် ကျန်းကျန့်ဝမ်၏ ပုံရိပ်မှာ အထင်းသား ပေါ်လွင်နေသည်။ သူသည် ထိန်ကျန့်ဝမ်၏ ဖော်ပြချက်များနှင့် တူညီသော်လည်း ထူးခြားသော ကွဲပြားမှုအချို့ ရှိနေသည်။ သူသည် ပုံမှန်အားဖြင့် ဝတ်ရုံကိုသာ ဝတ်ဆင်လေ့ရှိသော်လည်း ယခုမူ ခြေစွပ်၊ ပခုံးစွပ် နှင့် လက်စွပ်များပါဝင်သော စစ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် စစ်တပ်တစ်ခုမှ မွေးဖွားလာသော စစ်သည်တော်တစ်ဦးနှင့် တူလှပေသည်။

အတိတ်က ဖော်ပြချက်များတွင် ကျန်းကျန့်ဝမ်သည် မိစ္ဆာဆန်ဆန် ကျင့်ကြံသူတစ်ဦး၏ အေးအေးလူလူ ရှိလှသော အရှိန်အဝါမျိုး ရှိသည်ဟု ဆိုသော်လည်း၊ ယခုမူ သူသည် ထာဝရစစ်ပွဲ၏ အော်ရာများဖြင့် တုန်ခါနေတော့သည်။ သူသည် စစ်မြေပြင်ကို အချိန်အကန့်အသတ်မရှိ သိမ်းပိုက်ခဲ့သော ဖြူစင်တောက်ပသည့် စစ်ဝတ်စုံဝတ် ရှေးဟောင်း 'စစ်ဝိညာဉ်' တစ်ဦးနှင့် တူလှသည်။ ဤမြင်ကွင်းမှာ သူမ၏ နှလုံးသားနှင့် ဝိညာဉ်ကို အနက်ရှိုင်းဆုံးအထိ တုန်လှုပ်သွားစေသည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော ကြည်လင်သည့် အလင်းတန်းမှာလည်း ပြိုင်ဘက်ကင်းကာ ပြီးပြည့်စုံလွန်းလှသည်။ သူသည် 'စစ်တာအို' ၏ ကောင်းချီးကို ခံယူထားသော ခေတ်အဆက်ဆက်၏ 'အနှိုင်းမဲ့ အရှင်သခင်' တစ်ဦးနှင့် တူလှပေသည်။ သူတော်စင် ပါခက်၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်၌ပင် သူသည် ဒဏ်ရာကင်းစင်နေဆဲပင်။

သူ၏ လက်သီးများမှာ ဗလာဖြစ်သော်လည်း ထိုနေရာမှ ထွက်ပေါ်နေသော ကြည်လင်သည့် အလင်းတန်းများသည် တောက်ပသော အဖြူရောင်မီးလျှံများအဖြစ် ဟုန်ခနဲ တက်လာသည်။ အီမန်တက်၏ နှလုံးခုန်သံမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့၏။ သို့သော် သူမဆီသို့ ဦးတည်လာမည်ဟု ထင်ထားသော လက်သီးချက်မှာ သူ၏ နံဘေး၌သာ ရှိနေသေးသည်။ ထိုငွေရောင်မျက်ဝန်းများသည် သူမကို သတိကြီးစွာဖြင့် အကဲခတ်နေပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။ သူက နက်ရှိုင်းသော အရာတစ်ခုခုကို မေးခွန်းထုတ်နေသည့်အလားပင်။

အမှန်တကယ်လည်း ထိုသို့ပင်ဖြစ်သည်။ ကျန်းကျန့်ဝမ်သည် အီမန်တက်၏ ပတ်ဝန်းကျင်ရှိ အရှိန်အဟုန်အားလုံးကို ရပ်တန့်ရန် သူ၏ အသံကို အသုံးပြုခဲ့သည်။ ခဏတာမျှ သူမသည် လုံးဝ ရပ်တန့်သွားခဲ့ရ၏။ အကယ်၍ သူမသာ ပြင်းထန်စွာ တုံ့ပြန်ခြင်း မပြုခဲ့လျှင် သူမ၏ မွေးရာပါ စွမ်းအင်များ၊ လျှို့ဝှက်စွမ်းအားများနှင့် အတွေးများသည် အရှိန်အဟုန် မရရှိနိုင်တော့ဘဲ ရပ်တန့်နေသည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

'အဟုန် ဥပဒေသ' သည် အလွန်ပင် နက်ရှိုင်းလှပြီး တစ်ချက်ထက်တစ်ချက် ပိုမိုအားကောင်းသော လက်သီးချက်များကို ပစ်လွှတ်နိုင်ရုံသာ မဟုတ်ပေ။ သို့သော် ယခင်က ကျန်းကျန့်ဝမ်သည် သူ၏ အထွတ်အထိပ် အချိန်၌ပင် သူတော်စင်များကို ဤမျှအထိ သက်ရောက်မှု မရှိစေနိုင်ခဲ့ဖူးချေ။ ယခုမူ သူသည် အီမန်တက်၏ အရှိန်အဟုန်များကို ဖယ်ရှားခြင်းဖြင့် အလွန်ပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

အမှန်စင်စစ် သူသည် အေးအေးဆေးဆေးပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် ထိုသက်ရောက်မှုမှာ စက္ကန့်၏ တစ်သန်းပုံတစ်ပုံခန့်သာ ကြာမြင့်ခဲ့သည်။ သို့သော် ထိုအချိန်မှာပင် သူမကို ကြားဖြတ်တားဆီးရန် လုံလောက်ခဲ့ပြီ။

“ဒါက အရှင်မင်းကြီးရဲ့ စွမ်းအင်တွေလား...”

ကျန်းကျန့်ဝမ်သည် သူ၏ မီးလျှံတောက်နေသော အဖြူရောင်လက်သီးများဆီသို့ အာရုံပြောင်းလိုက်၏။ ကြည်လင်သော အလင်းတန်းများက သူ၏ အသူရာ အင်အားကို အားဖြည့်ပေးနေသယောင် ရှိသည်။ ဤမျှ အရည်အသွေးမြင့်မားပြီး များပြားလှသော လျှို့ဝှက်စွမ်းအားမျိုးကို သူ တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူ၏ ယခင် လျှို့ဝှက်စွမ်းအားများမှာပင် ယခုစွမ်းအားနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

ရုတ်တရက် သူတော်စင် အီမန်တက်က စကားပြောလာ၏။

"ရှင်က ထိန်ကျန့်ဝမ် မဟုတ်လား..."

သူမ၏ လျှို့ဝှက်အော်ရာမှာ ပြင်းထန်စွာ တုန်ခါနေဆဲ ဖြစ်ပြီး မည်သည့်အချိန်တွင်မဆို တုံ့ပြန်ရန် အသင့်ရှိနေသည်။ ဤမျှ ပြင်းထန်သော အော်ရာကို ထုတ်ဖော်ရန် လျှို့ဝှက်စွမ်းအား အမြောက်အမြား ကုန်ဆုံးမည် ဖြစ်သော်လည်း သူမ ထိုအော်ရာကို မလျှော့ချရဲပေ။ သူမ၏ အရှိန်အဟုန်များ ရပ်တန့်သွားသော ခံစားချက်မှာ သူမ၏ ဝိညာဉ်ထဲတွင် ထိတ်လန့်ဖွယ်ရာ စွဲထင်ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။ အနည်းငယ်မျှ လွတ်ဟာသွားသည်နှင့် သာမည ဥပဒေသရှိသော ထိပ်တန်း သူတော်စင်တစ်ဦးသည် သူမ၏ ဝိညာဉ်အကာအကွယ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည် သို့တည်းမဟုတ်... သူမကို သတ်ပစ်နိုင်သည် မဟုတ်ပါလား။

ကျန်းကျန့်ဝမ်သည် သူ၏ အကြည့်ကို အီမန်တက်ရှိရာ နေရာအတိအကျသို့ ပို့လိုက်သည်။ သူ ငွေရောင်မျက်ဝန်းများနှင့် ဆုံလိုက်ချိန်တွင် သူမ၏ ဝိညာဉ်ပင် တုန်ရီသွားသည်ကို 'ဝိညာဉ်အမြင်' အသစ်ဖြင့် ကျန်းကျန့်ဝမ် မြင်တွေ့လိုက်ရသည်။ ကစဉ့်ကလျား ဖြစ်နေသော အော်ရာများကြားမှ သူမကို ထိုမျှ တိကျစွာ ရှာတွေ့လိမ့်မည်ဟု သူမ မထင်ထားခဲ့သည်မှာ ထင်ရှားသည်။

သူမက ချိုသာစွာ ပြုံးလိုက်သည်။ အခြား ဘာမှမပြောဘဲ ကူကယ်ရာမဲ့ပြီး ရှုံးနိမ့်သွားသည့် အမူအရာမျိုးဖြင့် သူ့ကို ပြုံးပြနေခြင်း ဖြစ်သည်။ ဤသည်မှာ လက်နက်ချကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြောဆိုနေခြင်းပင်။

“ဟား... ဟား... ဟား...”

ကျန်းကျန့်ဝမ်က ရယ်မောလိုက်သည်။ ဤအခြေအနေမှာ သူ့အတွက် ရယ်စရာကောင်းနေသည်။ သူမသည် အပြစ်ပြောစရာမရှိအောင် လှပလွန်းလှသဖြင့် မည်သည့် သွေးကြွနေသော အမျိုးသားမဆို ထိုအမူအရာအောက်တွင် အညံ့ခံကာ စေ့စပ်ညှိနှိုင်းမှုများ စတင်ပေလိမ့်မည်။ သို့သော် သူမအတွက် ကံဆိုးသည်က သူသည် အမျိုးသားတစ်ဦး ဖြစ်ခြင်းကို စွန့်လွှတ်ခဲ့ပြီးပြီ ဖြစ်သည်။ ယနေ့တွင် သူသည် 'စစ်ဝိညာဉ်' တစ်ဦးသာ ဖြစ်သည်။ အရှင်သခင်၏ အမိန့်အရ သူသည် ကောင်းကင်ဘုံကိုပင် စစ်ကြေညာရပေဦးမည်။

ဘုန်း...

ကျန်းကျန့်ဝမ်က ပြိုင်ဘက်ကင်းလှသော မိစ္ဆာအရှိန်အဟုန်ဖြင့် သူ၏ လက်သီးကို ရှေ့သို့ ထိုးနှက်လိုက်သည်။ ဂလက်ဆီ၏ တစ်ဝက်ခန့်မှာ တုန်ခါသွားရတော့၏။

အသူရာ ပထမလက်သီး...

မီးလျှံတောက်နေသော အဖြူရောင် အလင်းတန်းမှာ လေထုထဲသို့ ထိုးထွက်သွားပြီး အဖြူအနက်ရောင် အော်ရာများကို ရေထဲသို့ ဖိအားပြင်းသော လေများ ဝင်ရောက်သွားသည့်အလား ထိုးဖောက်သွားတော့သည်။

သူတော်စင် အီမန်တက်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ သူမသည် အနက်ရောင် သဲကန္တာရနှင့် ဝင်လုဆဲဆဲ အဖြူရောင်နေမင်း၏ ပုံရိပ်များ ပါဝင်သော 'အိုင်ကမ်' ဟု ခေါ်သည့် သစ်သားဒိုင်းလွှားတစ်ခုကို အလျင်အမြန် ခေါ်ယူလိုက်ပြီး သူမ၏ ရှေ့တွင် ကာကွယ်လိုက်သည်။ ဤဒိုင်းမှာ သာမန်ဒိုင်းတစ်ခု မဟုတ်ပေ။

၎င်းမှာ ဥပဒေသတစ်ခု၏ အော်ရာကို ထုတ်လွှတ်နေသည်။

ကောင်းကင်ဘုံ ရတနာ တစ်ခုပင်။

သူမသည် သူမ၏ ကျန်ရှိသမျှ အစွမ်းအားလုံးကို ထိုဒိုင်းထဲသို့ ပုံအောလိုက်သည်။ သူတော်စင် ပါခက်ကဲ့သို့ 'လျှို့ဝှက်လောက' အဆင့် ရတနာများကို မသုံးဘဲ၊ အီမန်တက်မှာမူ လက်သီးတစ်ချက်တည်းမှ သေစေနိုင်သော အန္တရာယ်ကို အာရုံခံမိသဖြင့် လုံးဝ နောက်မဆုတ်ဘဲ ခုခံလိုက်ခြင်း ဖြစ်သည်။ ထိုဒိုင်းမှာ မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ဒိုင်းပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဂြိုဟ်တစ်ခုလုံးကိုပင် ရပ်တန့်နိုင်လောက်စွမ်း ရှိပေသည်။

သူမသည် ဒိုင်းကို ရှေ့တွင် ထားလျက် အမှောင်ဟင်းလင်းပြင်ကို ခြေကုပ်ယူကာ အားတင်းထားလိုက်သည်။ သူမ၏ မျက်နှာနှင့် ဝိညာဉ်မှာ တည်ကြည်လေးနက်နေပြီး သဲကန္တာရ၏ ရဲစွမ်းသတ္တိနှင့် ခွန်အားဆိုင်ရာ မန္တန်တစ်ခုကို ရွတ်ဆိုနေသည်။ ထိုမန္တန်မှာ တစ်ဝက်ခန့်သာ ရှိသေးချိန်တွင်...

ဘုန်း...

All Chapters