← Chapters

ကျင်းကျိတိုင်းပြည်တွင်

Vol. 4 Ch. 395

ကျင်းကျိတိုင်းပြည်တွင်

Vol. 4 Ch. 395

ရွှေစကြာဘုရင် စူးဖန်းနာ့သည် နန်းတွင်း အရာရှိများနှင့် အတူ နန်းတွင်းထဲတွင် သောက်စား ပျော်ပါးနေလေသည်။ အလွန်သာယာသည့် ရိုးရာ တူရိယာများကို အသုံးပြုပြီး တေးသီချင်း များကိုလည်း တီးမှုတ်၊ တီးခတ် နေကြလေသည်။

ရွှေစကြာ ဘုရင်စူးဖန်းနာ့သည် သူ၏ နန်းတွင်း အရာရှိများနှင့် အတူ သောက်စား ပျော်ပါးနေလေသည်။ ဒါဟာ တကယ့်ကို သက်သောင့်သက်သာနဲ့ ရိုးရာတရုတ် တူရိယာတွေကို သုံးပြီး တေးသီချင်း တီးမှုတ် တီးခတ်နေတယ်။

ရွှေစကြာဘုရင် ဆိုသည်က လောကတွင် ရှားပါး ပစ္စည်းများစွာကိုပင် ပေါများစွာ အသုံးပြုနိုင်သူ တစ်ယောက် ဖြစ်လေသည်။

တောင်ပင်လယ်မှ ပင်လယ်ဖလား၊ ဧရာမဝက်ဝံလက်၊ ကျုန်းစန်းတောင်မှ ဒေါင်းမြီး၊ မဟာနှင်းတောင်ပေါ်မှ ရေခဲတောင် ကြာပန်းကဲ့သို့သော ပစ္စည်းများပင်လျှင် ရွှေစကြာဘုရင်၏ ဘုရင့်ဘဏ္ဍာတိုက် ထဲတွင်တော့ သာမန်အရာမျှသာ ဖြစ်လေသည်။

လက်ရှိ အချိန်တွင်တော့ ရွှေစကြာဘုရင် အနှစ်သက်ဆုံး အစားအစာမှာ မိန်းကလေး ငယ်များ၏ ရင်သားပင် ဖြစ်လေသည်။ မိန်းကလေးငယ်များ၏ ရင်သားကို ဝိညာဉ် စွမ်းအား ပစ္စည်းဖြင့် အဆင့်မြှင့်တင်ကာ အထူးကောင်းမွန်သည့် အရက်ဖြင့် သန့်စင်ပြီး ပေါင်းထားခြင်းက အလွန်မှ အရသာရှိလှသည့် ဟင်းလျာပင် ဖြစ်လေသည်။

ရွှေစကြာဘုရင်သည် မိန်းကလေးငယ်များ၏ ရင်သားဟင်းလျာကို စားသောက်ရင်း အနောက်ဘက်ရှိ လင်စန်းတောင်တွင်ပင်လျှင် သူပိုင်ဆိုင်သည့် ချမ်းသာသုခကို မခံစားနိုင်ဟု တွေးတော နေမိသည်။

ရွှေစကြာ ဘုရင်သည် မိန်းကလေးငယ် ရင်သားဟင်းလျာကို အားပါးတရ စားသောက်နေဆဲ နန်းတော် တံခါးဝတွင် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မိုးခိုးငွေ့များ ပေါ်ထွက် လာလေသည်။ ထိုမီးခိုးငွေ့များသည် ရွှေစကြာဘုရင်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်မိသွားပြီး စတင် နေမကောင်း ဖြစ်လေတော့သည်။

နန်းတော်မှ လူအများကတော့ ထိုမီးခိုးငွေ့များမှာ စူးဖန်းနာ့ မျိုးနွယ်များ၏ ကတိပျက်မှုကြောင့် ယွိသောလော်ထံမှ ရောက်ရှိလာသည့် ကျိန်စာ ဖြစ်သည်ဟု နောက်ကွယ်တွင် ပြောဆိုကြလေသည်။

နေမကောင်းဖြစ်သည့် နောက်ပိုင်းတွင်တော့ စူးဖန်းနာ့ဘုရင်သည် သူ၏ အိပ်ဆောင် အတွင်းတွင်သာ နေပြီး မည်သူ့ကိုမှ တွေ့ဆုံခြင်း မရှိတော့ပေ။ ဘုရင်နှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည့် နန်းရင်းဝန်ကြီးသည် ဘုရင်၏ ကိုယ်ပေါ်မှ နီရဲသ ည့်အစက်အပြောက်များကို မတော်တဆ တွေ့မိသောကြောင့် စူးဖန်းနာ့ဘုရင်၏ ကွက်မျက်ခြင်းကို ချက်ချင်း ခံခဲ့ရလေသည်။

စူးဖန်းနာ့ဘုရင် ဖျားနာပြီးသည့် နောက်ပိုင်းတွင်တော့ ဆယ်ရက်ကြာမျှ နှင်းများ ပြင်းထန်စွာ အဆက်မပြတ် ကျဆင်းခဲ့လေသည်။

ကျင်းကျိ တိုင်းပြည်တစ်ခုလုံးမှာ ရေခဲမြို့တော်ကြီး အလား နှင်းများ ဖုံးလွှမ်းလျက် ရှိလေတော့သည်။

သို့သော် သနားစရာ ပြည်သူများမှာတော့ နွေးထွေးသည့် အဝတ်အစားများလည်း မရှိ၊ အစားအသောက်လည်း မရှိသည့်အတွက် ကြီးစွာသော ဘေးဒုက္ခကို ခံစားကြရလေသည်။ သူတို့သည် အအေးဒဏ်ကို ခံနိုင်ရန်အတွက် အိမ်ထောင့် တစ်နေရာတွင်သာ ကုပ်နေကြရလေသည်။

ယခုအချိန်တွင် ကျင်းကျိတိုင်းပြည်တွင် ဖျားနာသူတိုင်းမှာ အသက်မရှင်နိုင်ဘဲ သေကြသည်ကသာ များလေသည်။

သို့သော် နှင်းများ ကျဆင်းနေသည့် အချိန် သုံးရက်ပြည့်သည့် နေ့တွင် ကျင်းကျိ တိုင်းပြည် အတွင်းသို့ ထူးဆန်းသည့် လူနှစ်ယောက် ရောက်ရှိလာလေသည်။

မိန်းကလေး တစ်ယောက်နှင့် ယောကျ်ားလေး တစ်ယောက်ဖြစ်ပြီး နှစ်ယောက်လုံးမှာ အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးပေ။

မိန်းကလေးမှာ မင်းသမီးလေး တစ်ပါးအလား ချောမော လှပလွန်းလေသည်။ သာမန် အရပ်သား ပြည်သူများတွင် မတွေ့နိုင်သည့် လှပမှုမျိုးကို ပိုင်ဆိုင် ထားလေသည်။

ကျင်းကျိ ပြည်သူများသည် မင်းသမီးတစ်ပါး သို့မဟုတ် ဘုရင့်မိဖုရားသာလျှင် ထိုကဲ့သို့သော အလှတရားမျိုးကို ပိုင်ဆိုင်နိုင်သည်ဟု တွေးမိကြလေသည်။

သို့သော်… လူအများသည် မိန်းကလေးကို စေ့စေ့ပင် မကြည့်ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် မိန်းကလေး၏ မျက်ဝန်းများမှာ ကျင်းကျိ တိုင်းပြည်ရှိ အထက်ဆုံးဆိုသည့် ဓားထက်ပင် စူးရှထက်မြက်ကာ တောက်ပ နေသောကြောင့် ဖြစ်လေသည်။

လူငယ်မှာလည်း အလွန်သိမ်မွေ့သည့် ဟန်ပန်ရှိလေသည်။ ကျင်းကျိတိုင်းပြည်တွင် ထိုလူငယ်ကဲ့သို့ သိမ်မွေ့လွန်းသည့် လူငယ်မျိုး တစ်ယောက်မှ မရှိပေ။ သူ၏ အသားအရေမှာ နှင်းပွင့်အလား ဖြူစင်လွန်းပြီး မျက်ဝန်းများမှာလည်း အလွန် လှပလေသည်။ သူ၏ မျက်ဝန်းများမှာ အလွန်မှ နက်ရှိုင်းပြီး ပညာအလင်းနှင့် ပြည့်ဝသော မျက်ဝန်းများ ဖြစ်လေသည်။

အသက်ကြီးသူများက ထိုလူငယ်သည် လွန်ခဲ့သည့်တစ်ချိန်က ကျင်းကျိတိုင်းပြည်သို့ ရောက်ရှိ လာခဲ့ဖူးသည့် အလွန်တော်သည့် စာပေပညာရှင် တစ်ယောက်နှင့် ဆင်တူသည်ဟု ပြောကြလေသည်။

ထိုစာပေပညာရှင်သည် ဆင်းရဲသားများ၊ သူဌေး သူကြွယ်များသာမက နန်းတွင်းအမှုထမ်း၊ အရာထမ်းများကိုပါ စာပေများ ဟောပြော သင်ကြားပေးခဲ့သည်။ သူ၏ သင်ကြားပေးမှုမှာ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးက ယုံကြည် လက်ခံကြလေသည်။

နောက်ဆုံးတွင်တော့ ထိုလူငယ်သည် မြည်းတစ်ကောင်နှင့် သုံးရက်သုံးည အဆွဲခံရကာ နာကျင်မှုဝေဒနာ ပြင်းပြစွာ ခံစားရင်း သေဆုံးခဲ့ရလေသည်။

ထိုအချိန်မှစပြီး ကျင်းကျိ တိုင်းပြည်တွင် ဗဟုသုတ များစွာရှိသည့် ပညာရှင် မရှိတော့ပေ။

ကျင်းကျိတိုင်းပြည်မှ တိုင်းသူ ပြည်သားများမှာလည်း ဘုရင်ကို ပိုပြီး မလွန်ဆန် ဝံ့ကြတော့ပေ။

ထိုအချိန်က စာပေသမား လူငယ်ကို ထောက်ခံခဲ့ကြသည့် များစွာသော နန်းတွင် အရာထမ်း၊ အမှုထမ်းများ အားလုံးမှာ ကွက်မျက် ခံခဲ့ရလေသည်။

နန်းတွင်းပြင်ပတွင် စွန့်ပစ်ထားသည့် လူသေများ၊ ခြေပြတ် လက်ပြတ်များ၊ လူသေတို့၏ အရိုးများမှာ မြှုပ်နှံပေးမည့် မိသားစုဝင်ပင် မရှိဘဲ ပျံ့ကျဲလျက် ရှိကြလေသည်။

"ဒီနေရာက တကယ့်ကို မျှော်လင့်ချက် ကင်းမဲ့နေတဲ့ နေရာတစ်ခုပဲ"

ထိုစကားလုံးများမှာ စာပေသမားလူငယ် မသေခင် နောက်ဆုံး ပြောသွားသည့် စကားများပင် ဖြစ်လေသည်။

ယခုအချိန်အထိပင် ထိုစကားလုံးများကို တိုင်းသူပြည်သားများ သာမက သူဌေးသူကြွယ် များပင် အသိအမှတ် ပြုခဲ့ကြလေသည်။

စာပေပညာရှင်နှင့် ခပ်ဆင်ဆင်တူသည့် လူငယ်သည် သူ့ကိုယ်သူ တာအိုဆရာ တစ်ပါးဖြစ်သည်ဟု ပြောဆိုပြီး မြို့တော်ထဲတွင် ရွှေများကို အသုံးပြုကာ အိမ်တစ်လုံး ဝယ်လိုက်လေသည်။

နေ့တိုင်း သူ၏ အိမ်အပြင်ဘက်တွင် အိုးကြီးတစ်လုံးဖြင့် ရေနွေးများ တည်လေ့ရှိသည်။

တာအိုဆရာထံမှ ရေနွေးတစ်ခွက် သောက်ခွင့်ရသူသည် ဖျားနာမှုများ ပျောက်ကင်း သွားရုံသာမက အချိန်ကြာမြင့်စွာပင် ဆာလောင် မွတ်သိပ်မှုများကင်းဝေးပြီး ခန္ဓာကိုယ်မှာလည်း အားအင်နှင့် ပြန်လည် ပြည့်နှက် လာကြလေသည်။

ဆင်းရဲသားများစွာသည် တာအိုဆရာ၏ ရေနွေးအပေါ်တွင် မူတည်ပြီး အသက်ရှင်သန် နေကြရလေသည်။

အမှန်တော့ ရေနွေးမှာ သာမန် ရေနွေးမဟုတ်ပေ။ အင်းစာရွက်ကို ပြာချကာ ခတ်ထားသည့် အင်းရေနွေး ဖြစ်လေသည်။ ထိုရေနွေးကို ပရိတ်ရေဟု ခေါ်ဆိုနိုင်ပြီး ရောဂါမှန်သမျှကို ကုသပေးနိုင်သလို ဆာလောင် မွတ်သိပ်ခြင်းကိုလည်း သက်သာ စေလေသည်။

ကျင်းကျိတိုင်းပြည်မှ လူတိုင်းမှာ ထိုရေနွေးကို တစ်ခွက်စီ ရရှိကြလေသည်။ နှစ်ခါယူချင်၍တော့ မရပေ။

ရေနွေး ဝေငှပြီးသည်နှင့် တာအိုဆရာသည် အိမ်ခေါင်မိုးထက်တွင် ထိုင်ကာ ပုံပြင်များကို ပြောပြလေ့ ရှိလေသည်။ ဆင်းရဲသား တိုင်းသူပြည်သားများ၏ ဘဝတွင် ဖျော်ဖြေမှုဆိုသည်မှာ မရှိသလောက် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ပြောသည့် ပုံပြင်များမှာ မည်မျှပင် ရိုးရှင်းပါစေ စိတ်ပါဝင်စားစွာဖြင့် နားထောင်ကြလေသည်။

နောက်ပိုင်းတွင်တော့ ဆန်းလျန်ပြောသည့် ပုံပြင်များကို နားထောင်ရန် အတွက် သူဌေးသူကြွယ် များနှင့် နန်းတွင်းအမှုထမ်း၊ အရာထမ်းများပါ ရောက်လာ ကြလေတော့သည်။

တာအိုဆရာမှာ အခြားသူမဟုတ်။ ဆန်းလျန်ပင် ဖြစ်လေသည်။

ဆန်းလျန်ပြောသည့် ပုံပြင်များသည် ဗုဒ္ဓဘာသာ ကျမ်းဂန်များထဲမှ ပုံပြင်များဖြစ်သည့် အတွက် ဗဟုသုတနှင့် ပြည့်ဝကာ စိတ်ကိုလည်း ကြည်လင်စေလေသည်။

ဆန်းလျန်တွင် ရှည်လျားသည့် ဆံနွယ်များရှိနေပြီး သူ့ကိုယ်သူ "တာအိုဆရာ ဖြစ်သည်" ဟုသာ ပြောဆိုခဲ့ခြင်းမရှိလျှင် အားလုံးက ဆန်းလျန်ကို ဘုန်းတော်ကြီး တစ်ပါးဟု ထင်မှတ်ကြမည် ဖြစ်လေသည်။

ညဉ့်နက်သည့် အခါတွင်တော့ နှင်းများကျဆင်းလာပြီး လေအေးများလည်း တိုက်ခတ် လာသည့် အတွက် ဆန်းလျန်က လူအများကို ပြန်လွှတ် လိုက်လေသည်။

အိမ်ခေါင်မိုးထက်တွင် ဆန်းလျန်နှင့် ဖန်းယန်ယင်းသာ ထိုင်လျက် ကျန်ရစ် ခဲ့ကြလေသည်။

"ဆရာဦးလေး၊ ကျွန်မတို့ ဒီမြို့မှာ ရောက်နေတာ သုံးရက်တောင်ရှိပြီ၊ ဒီမြို့က ပြည်သူတွေရဲ့ဘဝက တော်တော်ဆိုးတာပဲ၊ နန်းတွင်း အမှုထမ်းတွေ၊ သူဌေးသူကြွယ်တွေ၊ ဆင်းရဲသားတွေ အားလုံးကို ကြည့်ရတာ မျှော်လင့်ချက် ကင်းမဲ့နေကြသလိုပဲ၊ ဒါတွေအားလုံးက တိုုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်မကောင်းလို့ ဖြစ်ရတာ၊ အဲဒီဘုရင်က နတ်ဆိုးတစ်ကောင် ထက်တောင် ဆိုးသေးတယ်၊ မကောင်းမှုတွေလည်း အများကြီး လုပ်တယ်၊ ဒါနဲ့များတောင် ဘာလို့ တရားကိုသိမြင်ပြီး တန်ခိုးစွမ်းအား ရှိနေရသေးတာလဲ"

ဖန်းယန်ယင်းက သူမသိချင်နေသည့်အရာကို မေးလိုက်လေသည်။

"သူက တရားကို မသိနိုင်ဘူးလို့ မင်းက ဘာလို့ထင်ရတာလဲ"

ဆန်းလျန်က သူမကို ပြန်မေးလိုက်သည်။

"တပည့် သိပ်တော့မသိပါဘူး၊ ဒါပေမယ့် ရှီးဟွမ်မှာတုန်းက ဘုန်းတော်ကြီးတွေ အများကြီး တွေ့မြင်ဖူးပါတယ်၊ သူတို့က တရားကို သိမြင်ကြပြီး မေတ္တာတရား ရှိကြတယ်"

ဖန်းယန်ယင်းက ဆန်းလျန်၏ အမေးကို ရိုးရှင်းစွာပင် ပြန်ဖြေလိုက်လေသည်။

ရှီးဟွမ်ဒေသသည် ဗုဒ္ဓဘာသာ လွှမ်းမိုးသည့် ဒေသဖြစ်သည့် အတွက် ဖန်းယန်ယင်းမှာလည်း ဗုဒ္ဓဘာသာနှင့် မစိမ်းလှပေ။

"လောကမှာ ဟွေခဲ့ဆရာတော်တို့လို ပေါင်ယွဲ့ ဆရာတော်ကြီးတို့လို လေးစားစရာ ဆရာတော်ကြီးတွေ ရှိပေမယ့် ဘုန်းတော်ကြီး အားလုံးက မေတ္တတရားနဲ့ ပြည့်ဝနေတယ် ဆိုတာ သေချာလို့လား ယန်ယင်း၊ အချို့ ဘုန်းတော်ကြီးတွေက သူတို့ကို ကိုးကွယ်သူတွေ များလာအောင် လောဘ ရှေ့ထားပြီး လာဘ်လာဘကို မျှော်ကိုးကြတယ်၊ ခမ်းနားတဲ့ ဝတ်ကျောင်းတော်ကြီးတွေ ဆောက်ကြတယ်၊ အဲဒီဝတ်ကျောင်းတော်ကြီးတွေ ဆောက်လုပ်ဖို့ လူပေါင်း ဘယ်နှယောက် စတေးခံရသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး"

ဆန်းလျန်က ပြောလိုက်သည်။

ဆန်းလျန်၏ စကားများကြောင့် ဖန်းယန်ယင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ မည်သည့် အရာမဆို မသိနိုင်သည့် လျှို့ဝှက်ချက်များ ရှိကြစမြဲပင် မဟုတ်ပါလား။ လောကတွင် သူမ မသိသေးသည့် အရာများမှာလည်း များစွာရှိမည် ဖြစ်လေသည်။

"ဒါပေမယ့် ဘုန်းတော်ကြီးတွေက ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်ကြသူတွေပါ၊ သူတို့က ချိုးခြံတဲ့ အကျင့်ကို ကျင့်သုံးကြပြီး လူတွေကိုလည်း ကူညီကြတာပဲ၊ သူတို့က တရားကို သိမြင်သလို ကရုဏာတရားလည်း ကြီးမားကြပါတယ်"

ဖန်းယန်ယင်းက ပြန်ပြောလိုက်သည်။

"ရှီးဟွမ်ဒေသက ပြည်သူတွေကရော ကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင် ကြရလို့လား ယန်ယင်း"

ဆန်းလျန်က ပြန်မေးလိုက်သည်။

ဆန်းလျန်၏ အမေးကြောင့် ဖန်းယန်ယင်းမှာ မည်သို့ ပြန်ပြောရမှန်း မသိ ဖြစ်သွား ရလေသည်။ သူမက ယွဲ့ထော် တိုင်းပြည်ရှိ အထက်တန်းလွှာ မိသားစုမှ သမီးပျိုတစ်ယောက် ဖြစ်လေသည်။ ထို့နောက် ချန်ကျန့်မေက သူမကို တပည့်အဖြစ် လက်ခံခဲ့သည်။ သူမသည် ငယ်စဉ် ကတည်းကပင် ခိုင်မာသည့် စိတ်ထားရှိခဲ့သူ ဖြစ်သည့်အတွက် ဓားသိုင်း ကျင့်ကြံမှုတွင် ထူးခြားသည့် တိုးတက်မှုကို ရရှိခဲ့သည်။ သူမသည် လောကအကြောင်း၊ ဆင်းရဲသား ပြည်သူများ အကြောင်းကို သိပ်ပြီး သိရှိသူ မဟုတ်ပေ။

ယခု ကျင်းကျိ တိုင်းပြည်သို့ရောက်မှသာ ကျင်းကျိပြည်သူများ၏ ဆင်းရဲဒုက္ခများကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်း ဖြစ်လေသည်။

တရားကို သိမြင်သူသည် မေတ္တာ၊ ဂရုဏာနှင့် ပြည့်ဝရမည်ဟု သူမ ခံယူထားသည့် ခံယူချက်သည် ရွှေစကြာ ဘုရင်ကို ကြည့်ကာ သံသယ ဝင်လာတော့သည်။

ကျင်းကျိတိုင်းပြည်မှာ ပြည်သူများ ခံစားခဲ့ရသလောက် မဆိုးဝါးသည့်တိုင် ရှီးဟွမ်ဒေသမှ ပြည်သူများမှာလည်း လွယ်ကူသည့် ဘဝများကို ပိုင်ဆိုင်ကြသူများတော့ မဟုတ်ခဲ့ပေ။ ပြည်သူများ ဆိုသည်က မတရား ခေါင်းပုံဖြတ်မှုကို ခံကြရသည့် သူများသာ ဖြစ်လေသည်။

ဆန်းလျန်က ညင်သာသည့် လေသံဖြင့်…

"တကယ်တမ်း တရားဓမ္မကို နက်နက်ရှိုင်းရှိုင်း နားလည်တဲ့ သူတွေဟာ အဆင့်အတန်း နိမ့်ကျတဲ့ ပြည်သူတွေရဲ့ ဘဝကိုလည်း ပြောင်းလဲ ပေးနိုင်စွမ်း ရှိရမယ်၊ ပြည်သူတွေဘက်က ရပ်တည် ပေးနိုင်ရမယ်၊ ပြည်သူတွေ ခံစားရတဲ့ ဆင်းရဲဒုက္ခဟာ မနည်းလှပါဘူး၊ ဘာသာတရားက "သည်းခံရမယ်" ဆိုတာ တစ်ခုတည်းပဲ သင်ကြား ပေးနေလို့တော့ မဖြစ်ဘူးလေ"

***

All Chapters