← Chapters

အခန်း (၁၂၀၅-၁၂၀၆)

Vol. 70 Ch. 1205-1206

အခန်း (၁၂၀၅-၁၂၀၆)

Vol. 70 Ch. 1205-1206

အပိုင်း (၁၂၀၅)

ရှမ့်လန်သည် သိမ်းဆည်းရမိသော အထူးနဂါးနောင်တများကို မည်သည့်နေရာတွင် ဝှက်ထားသနည်း။ ရှေးဟောင်း အကျဉ်းထောင် အတွင်း၌ ဖြစ်သည်။ ထိုနေရာတွင် အချက်ပြလှိုင်း အားလုံးကို တားဆီးနိုင်သော အတားအဆီး အလွှာပေါင်းများစွာ ရှိသည်။ တော်ဝင်ရန်အင်ပါယာက အဝေးမှနေ၍ ဖောက်ခွဲချင်သည်လား။ မိုက်မဲသော အိပ်မက်သာ ဖြစ်ပေသည်။

ယခုအချိန်တွင် နေမင်းကြီးသည် တရားဝင် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ နုရှောင့်မြို့ ကောင်းကင်ယံရှိ သုည အချိန်ရေတွက်မှုသည် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

ဤတိုက်ပွဲ လုံးဝ ပြီးဆုံးသွားခဲ့ချေပြီ။ နှိုင်းယှဉ်၍ မရနိုင်အောင် အင်အားကြီးမားပြီး ခမ်းနားထည်ဝါသော တော်ဝင်ရန် အင်ပါယာသည် စစ်ရှုံးသွားခဲ့၏။

......

မင်းသမီး ကျိရွှမ်သည် ရှမ့်လန်၏ အရှက်မဲ့သော မျက်နှာကို ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်၏။ သဘာဝကျစွာပင် သူမ သွေးအန်ခြင်းကြောင့် မဟုတ်ပေ။ သူမ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် အစီအစဉ်ကို လုပ်ဆောင်စဉ်က သွေးအတော်များများ ဆုံးရှုံးခဲ့ရပြီး အချို့မှာ မျက်နှာပေါ်သို့ စင်ကြလာခြင်း ဖြစ်သည်။ ‘ရှမ့်လန်... ရှင်က တကယ်ပဲ ဉာဏ်နီဉာဏ်နက် များလွန်းတယ်။’

ရှမ့်လန်သည် အထူးနဂါးနောင်တများကို မည်သည့်နေရာတွင် ဝှက်ထားခဲ့ကြောင်း သူမ စဉ်းစား၍ပင် မရနိုင်ချေ။ အထူးနဂါးအရှိန်အဝါနှင့် နဂါးနောင်တကြားရှိ အချက်ပြလှိုင်းသည် မည်သည့် အတားအဆီးကို မဆို ဖောက်ထွင်းနိုင်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ကျန်ရှိသော နဂါးနောင်တများ မပေါက်ကွဲရ သနည်း။

သို့သော်ငြား မင်းသမီးကျိရွှမ် မည်မျှပင် မလိုလားသည် ဖြစ်စေ အဓိပ္ပာယ် မရှိတော့ပေ။ သူမ၏ နောက်ဆုံး ဝှက်ဖဲ ကျရှုံးခဲ့၏။ သူမ ဤတိုက်ပွဲကို ရှုံးနိမ့်ခဲ့သည်။ သူမသည် မိုးကုပ်စက်ဝိုင်းမှ အချိန်ရေတွက်မှု ပျောက်ကွယ်သွားသည် ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့၏။

တစ်ချိန်တည်းမှာပဲ ကျန်ရှိနေသော လျှပ်စီးမြွေများသည် အခြားသော အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်များ ဆီသို့ တိုးဝင်သွားကြသည်။

“ဖြောင်း… ဖြောင်း… ဖြောင်း… ဖြောင်း…” လျှပ်စီးမြွေများသည် အစွမ်းကုန် လျှပ်စီးများ ပစ်ခတ်လိုက်ကြ၏။

အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်များကို သယ်ဆောင်ထားသော ဗီဇပြောင်း သားရဲကြီးများသည် အော်ဟစ် လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှ မီးခိုးများ ထွက်ပေါ်လာပြီးနောက် ကောင်းကင်မှ ပြုတ်ကျသွားကြသည်။ “တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်၊ လေးကောင်...”

ကျန်ရှိသော အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ၁၂ ခုသည် မြူမဲများ ဖုံးလွှမ်းလျက် ပင်လယ်ထဲသို့ ပြုတ်ကျသွားကြ၏။

“ဘုန်း ဘုန်း ဘုန်း ဘုန်း...”

ပင်လယ်ထဲသို့ ပြုတ်ကျသွားသည့် ခဏ၌ ကြီးမားသော လှိုင်းလုံးကြီးများ ထကြွလာခဲ့သည်။

......

မင်းသမီး ကျိရွှမ်သည် နုရှောင့်မြို့ ကောင်းကင်ယံသို့ ပြန်လည် ရောက်ရှိလာ၏။ “ရှင် တော်တယ်။ ရှင် နိုင်ပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသမီး... ပြန်သွားပြီး ဒီဝမ်းနည်းစရာ သတင်းကို တော်ဝင်ရန်အိမ်ရှေ့စံဆီ ပြောပြလိုက်ပါ။ သူ သဘောထားကြီးပြီး သွေးမအန်ဖို့ မျှော်လင့်ပါတယ်။”

မင်းသမီး ကျိရွှမ်က သူ့ကို လျစ်လျူရှုလိုက်သည်။ ထိုအစား သူမ အော်ဟစ်လိုက်၏။ “ပျောက်ဆုံးနိုင်ငံရဲ့ မင်းသမီးတစ်ပါးက တကယ်ပဲ ထွက်မတွေ့တော့ဘူးလား။”

ပင်လယ်ပြင်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။ မိစ္ဆာမယ်တော် ထွက်ခွာသွားပုံ ရသည်။

ရှမ့်လန်က ပြောလိုက်၏။ “မင်းသားလျန်... ချန်မြို့တော်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျုပ်တို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးကြတာပေါ့။”

မင်းသားလျန်သည်လည်း ရှမ့်လန်ကို လျစ်လျူရှုလိုက်သည်။

မင်းသမီး ကျိရွှမ်က ရှမ့်လန်ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျန်းမိသားစုက လူသားအင်ပါယာကို သစ္စာဖောက်ပြီး ပျောက်ဆုံးနိုင်ငံက မိစ္ဆာတွေနဲ့ ပေါင်းခဲ့ဖူးတယ်။ ရှေးဟောင်းလောကတုန်းကလည်း ဒီလိုပဲ။ အခုလည်း ဒီလိုပါပဲ။ ရှင်က ဘာအခွင့်အရေးနဲ့ ကျိမိသားစုကို ထီးနန်းလုချင်ရတာလဲ။”

ရှမ့်လန်က ပြန်ပြောသည်။ “ကျိရွှမ်... ခင်ဗျား ဒီလိုလုပ်လို့ မရဘူးလေ၊ ဘုရင်မ မီဒူဆာက ခင်ဗျားထက် ပိုလှနေလို့ပဲ။ ဒါကို မနာလိုဖြစ်ပြီး စွပ်စွဲလို့ မရဘူး။”

ထို့နောက် ရှမ့်လန်က လေးနက်စွာ ပြောလိုက်၏။ “ကျိရွှမ်... ပြန်သွားပြီး တော်ဝင်ရန် အိမ်ရှေ့စံကို ပြောလိုက်ပါ။ ကျုပ်က ငြိမ်းချမ်းရေးကို လိုလားတယ်။ စစ်ပွဲကို မလိုလားဘူး။ ဒါကြောင့် ထိုင်ပြီး ဆွေးနွေးဖို့ အချိန်တစ်ခု ရှာကြတာပေါ့၊ သူ ဒီတိုက်ပွဲမှာ ရှုံးသွားပြီ။ ဒါကြောင့် တော်ဝင်ရန်မင်းဆက်အနေနဲ့ တော်ဝင်ချန် အင်ပါယာ တည်ရှိတာကို အသိအမှတ်ပြုရမယ်။

ကျုပ်တို့ နှစ်ဖက်စလုံး တတိယဒေသတစ်ခုကို ရှာပြီး အရှေ့လောကရဲ့ နယ်မြေကို အပြီးသတ် ခွဲဝေကြဖို့ မျှော်လင့်ပါတယ်။ မြောက်ဘက်က တော်ဝင်ရန် ပိုင်ပြီး တောင်ဘက်က တော်ဝင်ချန် အင်ပါယာ ပိုင်စေရမယ်။ ကျုပ်တို့ အင်ပါယာ နှစ်ခု ကိုယ့်ကိစ္စ ကိုယ်လုပ်ကြတာပေါ့။”

မင်းသမီး ကျိရွှမ်က ဖျော့တော့စွာ ပြောလိုက်သည်။ “ရှမ့်လန်... တကယ်လို့ တော်ဝင်ရန် အင်ပါယာက ဒီတိုက်ပွဲမှာ နိုင်ပြီး နုရှောင့်မြို့ကို မြေလှန်ပစ်လိုက်ရင် ရှင့်အတွက် အကောင်းဆုံး ရလဒ် ဖြစ်လိမ့်မယ်။ ဘာလိုလဲဆိုတော့ တော်ဝင်ရန်အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မှာမို့လို့ပဲ။ ဒါပေမဲ့ အခု မီးတောက်မြို့တော်က ဂုဏ်သိက္ခာ အားလုံး ဆုံးရှုံးသွားပြီ၊ ကျွန်မတို့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး။ ဂုဏ်သိက္ခာ ပြန်ဆယ်ဖို့အတွက် ပိုပြီး ပြင်းထန်တဲ့ နည်းလမ်းတွေကို သုံးရတော့မယ်။ နှုတ်ဆက်ပါတယ် အရှင် ရှမ့်လန်”

မင်းသမီး ကျိရွှမ်၊ မင်းသားလျန်၊ မင်းသမီးကြီး ကျိနှင့် အခြားသူများသည် အသံလှိုင်း သားရဲကြီးများကို စီးနင်းလျက် ထွက်ခွာသွားကြ၏။

ရှမ့်လန်သည် သူတို့ကို မတားချင်၍ မဟုတ်ဘဲ တကယ် မတားနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် မင်းသမီး ကျိရွှမ် ဖြစ်ပြီး သူမ၏ သိုင်းပညာမှာ အလွန် အစွမ်းထက်လှသည်။

......

မင်းသမီး ကျိရွှမ် ထွက်ခွာသွားပြီးနောက် ရှမ့်လန် အမိန့်ပေးလိုက်၏။ “အသံလှိုင်း သားရဲကြီးတွေကို ဆယ်ယူကြ။”

ဤအရာများသည် ရတနာများ ဖြစ်သည်။

‘ကျေးဇူးပြုပြီး မသေကြပါနဲ့။ ကျေးဇူးပြုပြီး မသေကြပါနဲ့။’

အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ၁၂ ခုလည်း ရှိသေးသည်။ လျှပ်စီးမြွေတပ်တော်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ၎င်းတို့သည် ကောင်းကင်မှ ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ကြသည်။ အမြင့်ပေ ၁၉,၀၀၀ မှ ပြုတ်ကျလာခြင်း ဖြစ်သည်။ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ထောင်ပေါင်းများစွာသော လျှပ်စီးမြွေများ သည် ၎င်းတို့ကို အသည်းအသန် ပင့်မထားခဲ့ကြသည်။

ယုတ္တိသဘောအရ ဆိုလျှင် အပိုင်းပိုင်းအစစ ဖြစ်သွားသင့်သည်။ သို့သော်ငြား ထိုသို့ မဖြစ်ခဲ့ပေ။ အရေးကြီးသော အချိန်တွင် လျှပ်စီးမြွေ ထောင်ပေါင်းများစွာသည် ဤအထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်များကို ရစ်ပတ်ထားပြီး ပင်လယ်ထဲသို့ ဖြည်းညင်းစွာ ကျဆင်းစေခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် အကောင်းပကတိ ကျန်ရှိနေသေး၏။

ယခုတစ်ကြိမ်တွင် သူတို့ တကယ် ချမ်းသာသွားပြီ ဖြစ်သည်။ အထူးနဂါးနောင်တတစ်ခု ပေါက်ကွဲ သွားသော်လည်း ၅၁ ခု ကျန်ရှိနေသေးသည်။ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် တစ်ခု ပျက်စီးသွားသော်လည်း ၁၂ ခု ကျန်ရှိနေသေး၏။ ရှမ့်လန် အိပ်မက်မက်ခဲ့သော မဟာဗျူဟာ ချိန်ခွင်လျှာ ညီမျှမှုသည် ရောက်ရှိလာ ပေတော့မည်။

“ဆွဲတင်... ဆွဲတင်... ဆွဲတင်...”

အမိန့်သံများနှင့်အတူ လျှပ်စီးမြွေ တပ်တော်သည် အသံလှိုင်း သားရဲကြီးများကို တစ်ကောင်ပြီးတစ်ကောင် ကုန်းပေါ်သို့ ဆွဲတင်လာပြီး ရှမ့်လန် ပြင်ဆင်ထားသော သံလှောင်အိမ်ကြီး များထဲသို့ ထည့်သွင်းလိုက်ကြသည်။

ယခုတစ်ကြိမ်တွင် တော်ဝင်ရန် အင်ပါယာသည် သားရဲကြီး တစ်ထောင် စေလွှတ်ခဲ့သည်။ နောက်ဆုံးတွင် ရာဂဏန်းခန့် သာ ကျန်ရှိတော့သည်။ ရှမ့်လန်သည် ၉၃၁ ကောင်သာ ဖမ်းဆီးရမိခဲ့သည်။ သို့သော်ငြား အားလုံးကို ကယ်တင်နိုင်ပြီး အောင်မြင်စွာ ပြုပြင်မွမ်းမံနိုင်ပါက တကယ်ပင် ချမ်းသာသွားပေလိမ့်မည်။ ရှမ့်လန်သည် ထိပ်တန်း အဆင့်မီ ဝေဟင်တပ်တော်တစ်ခုကို ရုတ်တရက် ပိုင်ဆိုင်လာပေတော့မည်။

တစ်ရက်တိတိ ကြာပြီးနောက် ဤသားရဲကြီး ၉၀၀ ကျော်နှင့် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ၁၂ ခု အားလုံးကို နုရှောင့်မြို့သို့ သယ်ယူပို့ဆောင်ပြီး ဖြစ်သည်။ ထိုတင်မကသေးချေ။ ဗီဇပြောင်း သားရဲကြီး ၄၈ ကောင်ကိုပါ ပင်လယ်ထဲမှ ကုန်းပေါ်သို့ ဆွဲတင်နိုင်ခဲ့၏။

......

အောင်ပွဲခံရန် အချိန်မရှိချေ။ မင်းသမီး ကျိရွှမ် ပြောခဲ့သကဲ့သို့ပင် တော်ဝင်ရန် အင်ပါယာသည် လောက၏ အရှင်သခင် ဖြစ်သည်။ ယခု နုရှောင့်မြို့ကို ဖျက်ဆီးရန် ကျရှုံးခြင်းသည် ကြီးမားသော နိုင်ငံရေး အကျိုးဆက်များ ကို ဖြစ်ပေါ်စေလိမ့်မည်။

ထို့ကြောင့် မီးတောက်မြို့တော်သည် အင်ပါယာ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူရန် နည်းလမ်းပေါင်းစုံကို ကြံဆပေလိမ့်မည်။ မဟုတ်ပါက တော်ဝင်ရန် အင်ပါယာ၏ လက်အောက်ခံနိုင်ငံများသည် သစ္စာဖောက်ရန် ကြံစည်လာကြပေမည်။ ထိုသို့မဟုတ်ပါက အခြားနိုင်ငံများက တော်ဝင်ရန် အင်ပါယာ ပြိုလဲလုနီးပါး ဖြစ်နေပြီဟု သံသယ ဝင်လာကြပေမည်။ နုရှောင့်မြို့လေး တစ်မြို့ကိုတောင် သူတို့ မဖျက်ဆီးနိုင်ခဲ့ဘူး မဟုတ်ပါလား။

ယခုတစ်ကြိမ်တွင် ရှမ့်လန်သည် မီးတောက်မြို့တော်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သကဲ့သို့ ဖြစ်နေသည်။ ဂုဏ်သိက္ခာ ပြန်ဆယ်ချင်ပါက မီးတောက်မြို့တော်သည် ရှမ့်လန်၏ လက်မောင်းတစ်ဖက်ကို ချိုးပစ်ရမည် သို့မဟုတ် ထိုထက်ဆိုးသော အရာကို လုပ်ဆောင်ရပေမည်။

ယခင်က တော်ဝင်ရန်အင်ပါယာသည် ချန်မြို့တော်၊ ဝူ၊ ချောင်နှင့် ရွဲ့ နိုင်ငံများကို မဖျက်ဆီးနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အရှေ့တိုင်းအင်ပါယာ ဖြစ်သောကြောင့်ပင်။ ဤနိုင်ငံများသည် တော်ဝင်ရန် အင်ပါယာ၏ လက်အောက်ခံ နိုင်ငံများ ဖြစ်ခဲ့ဖူးပြီး ပြည်သူများသည်လည်း တော်ဝင်ရန် အင်ပါယာ၏ ပြည်သူများ ဖြစ်ကြသည်။

သို့သော်ငြား ယခု ရှမ့်လန်၏ ပါးရိုက်ခြင်း ခံလိုက်ရပြီဖြစ်ရာ သူတို့ ဂရုစိုက်နေမည် မဟုတ်တော့ချေ။ မီးတောက်မြို့တော် သည် ဤကိစ္စကို လွတ်ပေးထားမည် မဟုတ်ပေ။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော လက်စားချေမှုကို သေချာပေါက် ပြုလုပ်ပေလိမ့်မည်။ ပစ်မှတ်မှာ ချန်မြို့တော် ဖြစ်လာပေမည်။

ထို့ကြောင့် ရှမ့်လန်၌ အချိန်များစွာ မကျန်တော့ချေ။ မီးတောက်မြို့တော်၏ လက်စားချေမှုကို တားဆီးလိုလျှင် မဟာဗျူဟာ ချိန်ခွင်လျှာ ညီမျှမှုကို ပြန်လည် ရယူရမည်။ မီးတောက်မြို့တော်ကို ခြိမ်းခြောက်နိုင်သော ကြီးမားသည့် မဟာဗျူဟာ အင်အား ရှိရမည်။

ထို့ကြောင့် ပြန်လည် အသက်သွင်းထားသော အသံလှိုင်း သားရဲကြီး တပ်တော်ကို ချက်ချင်း ပြုပြင်မွမ်းမံ ရမည်။ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်ကိုလည်း ချက်ချင်း ပြုပြင်ရမည်။

......

မီးတောက်မြို့တော်

မင်းသမီး ကျိရွှမ် ခန်းမကြီးထဲသို့ ဝင်ရောက်လာ၏။ တော်ဝင်ရန် အိမ်ရှေ့စံသည် ရှေးဟောင်း စာလိပ်တစ်ခုကို လေ့လာနေ၏။ သူသည် အပြည့်အဝ အာရုံစိုက်ထားပုံ ရသည်။

ကျိရွှမ်သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ အချိန်အတော်ကြာပြီးနောက် တော်ဝင်ရန် အိမ်ရှေ့စံ မျက်လုံးဖွင့်လိုက်ပြီး ပြောသည်။ “ပြန်ရောက်လာပြီလား။ ပင်ပန်းသွားပြီ။”

မင်းသမီး ကျိရွှမ် ဒူးတစ်ဖက်ထောက်၍ ပြောလိုက်၏။ “အစ်ကိုတော်... ကျွန်မတို့ ရှုံးခဲ့တယ်။”

တော်ဝင်ရန်အိမ်ရှေ့စံ၏ လက်များ တုန်ယင်သွားသည်။ ရှုံးခဲ့တယ် ဟုတ်လား။

မည်သို့ ဖြစ်နိုင်မည်နည်း။ နုရှောင့်မြို့အပေါ် ထောက်လှမ်းရေး လုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ရှမ့်လန်၌ အသံလှိုင်း သားရဲကြီး တပ်တော်ကို ယှဉ်နိုင်သည့် စစ်တပ် မရှိချေ။

ရှမ့်လန်က အထူးနဂါးနောင်တကို ကြားဖြတ်ဟန့်တားနိုင်ခြင်းမှာ တုန်လှုပ်စရာကောင်းသော်လည်း မီးတောက်မြို့တော် က မျှော်လင့်ထားပြီးဖြစ်သလို ချက်ချင်းလည်း တုံ့ပြန်ခဲ့သည်။ အဘယ့်ကြောင့် ရှုံးရသနည်း။

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “အဆိုးရွားဆုံးကိစ္စ ဖြစ်ပျက်ခဲ့ပါတယ်။ ရှမ့်လန်က အထူးနဂါး နောင်တကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တာ အမှန်ပါပဲ။ ပြီးတော့ သူ့ကိုယ်ပိုင် အစွမ်းအစနဲ့ လုပ်ဆောင်ခဲ့တာပါ။ ရှေးဟောင်း မှတ်တမ်းတွေမှာပါတဲ့ အထူးကိရိယာတွေနဲ့ စွမ်းရည်တွေအားလုံး သူ့ဆီမှာ ရှိနေပါတယ်။”

တော်ဝင်ရန် အိမ်ရှေ့စံ၏ မျက်နှာ အနည်းငယ် ပျက်ရွင်းသွား၏။

မင်းသမီး ကျိရွှမ်က ဆက်ပြောသည်။ “ဒါပေမဲ့ အဲဒီလို ဖြစ်ရင်တောင် ကျွန်မတို့ အပြည့်အဝ အောင်ပွဲ ခံနိုင်ပါသေးတယ်။ အဓိကအချက်က ရှမ့်လန်ဟာ အနောက်လောကက ပျောက်ဆုံးနိုင်ငံ မျိုးဆက်တွေနဲ့ ပူးပေါင်းပြီး ပျောက်ဆုံးနိုင်ငံရဲ့ ပင်လယ်မွန်းစတားတပ်တော်ဆီက အကူအညီ ရယူခဲ့လို့ပါ။ မမျှော်လင့်ဘဲ ကျွန်မတို့ရဲ့ အသံလှိုင်းသားရဲကြီး တပ်တော်နဲ့ နှင်းလင်းယုန် တပ်တော်တို့ လုံးဝ ချေမှုန်းခံလိုက်ရပါတယ်။ ဒါက တိုက်ပွဲ အစီရင်ခံစာပါ။

နောက်ဆုံး အချိန်မှာ ရှမ့်လန် သိမ်းသွားထားတဲ့ အထူးနဂါးနောင်တတွေကို အဝေးကနေ ဖောက်ခွဲဖို့ ကြိုးစားခဲ့ပေမဲ့ အားလုံး ကျရှုံးခဲ့ပါတယ်။ သူက နဂါးနောင်တတွေ အားလုံးကို အလွန်ထူးခြားတဲ့ နေရာ တစ်ခုမှာ ဝှက်ထားပါတယ်။ စွမ်းအင် အတားအဆီး အပြည့်ရှိတဲ့ နေရာမျိုးပါ။”

တော်ဝင်ရန် အိမ်ရှေ့စံသည် တိုက်ပွဲ အစီရင်ခံစာကို ယူလိုက်ပြီး သေချာစွာ ဖတ်ရှုလိုက်သည်။ ထပ်ခါတလဲလဲ ဖတ်ရှုသည်။ ဤသည်မှာ နာကျင်စရာပင်။ သူတို့သည် အထူးနဂါးနောင်တ ၅၂ ခု၊ အသံလှိုင်း သားရဲကြီး ၁,၀၀၀ နှင့် နှင်းလင်းယုန် ၁၀,၀၀၀ ဆုံးရှုံးခဲ့ရသည်။ ရင်ကွမ်း၊ စေတီတောင်နှင့် ရှမ့်လန်တို့ နှစ်အနည်းငယ်ကြာ တိုက်ခိုက်ခဲ့သော်လည်း ဤမျှ ဆုံးရှုံးမှုမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။

သို့သော်ငြား တော်ဝင်ရန် အိမ်ရှေ့စံသည် ဤအရာများကို ဂရုမစိုက်ချေ။ ဤတစ်ကြိမ် အကြီးမားဆုံး ဆုံးရှုံးမှုမှာ တော်ဝင်ရန်၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ ရှမ့်လန်သည် သူ့မျက်နှာကို ပါးရိုက်လိုက်သကဲ့သို့ ခံစားရသည်။ မီးတောက်မြို့တော် ၏ မျက်နှာကို ပါးရိုက်လိုက်ခြင်းပင်။

ပြည်သူ့အသံက မည်သို့ ဖြစ်လာမည်နည်း။

မကြာသေးမီကပင် မီးတောက်မြို့တော်သည် စေတီတောင်နှင့် အမှောင်ရဲတိုက်ကို လောကမြေပေါ်မှ လုံးဝ ဖယ်ရှားပစ်ခဲ့သည်။ သူတို့သည် လောကကို တုန်လှုပ်စေခဲ့ပြီး အမြင့်မြတ်ဆုံး အာဏာစက်ကို တည်ဆောက်ကာ မီးတောက်မြို့တော်သည် အမြင့်မြတ်ဆုံးနှင့် ထိပါး၍ မရကြောင်း ကြေညာခဲ့သည်။

သို့သော်ငြား ဤရှုံးနိမ့်မှုနှင့်အတူ ခက်ခဲစွာ တည်ဆောက်ခဲ့ရသော လောက၏ အရှင်သခင် အာဏာစက်သည် ပျောက်ကွယ်သွားခဲ့၏။

နိုင်ငံများနှင့် လောကသူလောကသားများ၏ ရင်ထဲတွင် ချိန်ခွင်လျှာ တစ်ခု ရှိသည်။ လူတိုင်း၏ ရင်ထဲတွင် ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာသည် အံ့ဖွယ်ရာများကို ထပ်ခါတလဲလဲ ဖန်တီးခဲ့သော်လည်း တော်ဝင်ရန် အင်ပါယာနှင့် ယှဉ်လျှင် အားနည်းနေဆဲ ဖြစ်သည်။ အရှေ့လောက၏ တရားဝင် အစိုးရသည် တော်ဝင်ရန် မင်းဆက်သာ ဖြစ်သည်။ သို့သော်ငြား ယခုအခါ ချိန်ခွင်လျှာသည် တော်ဝင်ချန် အင်ပါယာဘက်သို့ ဖြည်းညင်းစွာ ယိမ်းယိုင်လာနေပြီ ဖြစ်သည်။

“ဒီလူက တကယ်ပဲ အရာရာကို လုပ်နိုင်တာပဲ။ အံ့သြစရာ၊ အံ့သြစရာပဲ။” တော်ဝင်ရန် အိမ်ရှေ့စံသည် လက်သီးကို ဆုပ်လိုက်ပြီး တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရင်ဝူမင်ဟာ သဘာဝလွန် အင်အားစုတွေရဲ့ အစည်းအဝေးမှာ စေတီတောင် ကိုယ်ပွား အဖြစ် တက်ရောက်ခဲ့တယ်။ အဲဒါက ကျုပ်မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ “ဒါကြောင့် စေတီတောင် ပျက်စီးသွားခဲ့ရတယ်။”

“အခုတစ်ကြိမ် ရှမ့်လန်ရဲ့ ပါးရိုက်ချက်က ပိုပြီး ပြင်းထန်တယ်။ တစ်လောကလုံးက ဒီအသံကို ကြားလိုက် ရသလိုပဲ။ လူဘယ်နှစ်ယောက်ကများ အောင်ပွဲခံနေကြမလဲ။ လူဘယ်နှစ်ယောက်ကများ ‘ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ’ လို့ အော်ဟစ်နေကြမလဲ၊ လူဘယ်နှစ်ယောက်ကများ တော်ဝင်ရန် အင်ပါယာဟာ အမြင့်မြတ်ဆုံးနဲ့ ပြိုင်ဘက်ကင်း မဟုတ်တော့ဘူးလားလို့ တိတ်တဆိတ် သံသယ ဝင်နေကြမလဲ။”

အပိုင်း (၁၂၀၆)

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “ခမည်းတော်... တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာလို့ ရမလား။ သူသာ ထွက်လာရင် တောက်ပသော နေမင်းကြီးကဲ့သို့ ဖြစ်လာမှာပါ။ အမှောင်ထုတွေ၊ မိစ္ဆာတွေနဲ့ ဘီလူးတွေ အားလုံး ပျက်သုဉ်းသွားမှာပါ။”

တော်ဝင်ရန် အိမ်ရှေ့စံ ခေါင်းခါလိုက်၏။ “ဒီကိစ္စလောက်နဲ့ ခမည်းတော်က တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာရမယ်ဆိုရင် ကျုပ်က တော်ဝင်ရန် အင်ပါယာကို ဆက်ခံဖို့ အရည်အချင်း မရှိတော့ဘူးပေါ့။”

ထို့နောက် တော်ဝင်ရန် အိမ်ရှေ့စံသည် ထိုင်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “အမတ်တွေကို ခေါ်လိုက်။ အစည်းအဝေး အသေးစား တစ်ခု လုပ်မယ်။”

......

နှစ်နာရီကြာပြီးနောက် မီးတောက်မြို့တော် နန်းတော်၏ ခန်းမကြီးထဲတွင် အရေးပေါ် အစည်းအဝေး ကျင်းပနေ၏။

လူအနည်းငယ်သာ ရှိသော်လည်း အားလုံးသည် တော်ဝင်ရန်အင်ပါယာ၏ အရေးပါသော အမတ်ကြီးများ ဖြစ်ကြသည်။ တုံ့ကျန်းဘုရားကျောင်းနှင့် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ ကိုယ်စားလှယ်များလည်း ပါဝင်ကြသည်။

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်၏။ “ကျုပ်တို့ နုရှောင့်မြို့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။”

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အရေးပါသော အမတ်ကြီးများ သိပြီးဖြစ်သောကြောင့်ပင်။

တော်ဝင်ရန် အိမ်ရှေ့စံက ဆက်ပြောသည်။ “ကျိရွှမ်... တိုက်ပွဲ အကြောင်းစုံကို အမတ်မင်းတွေကို ဖတ်ပြလိုက်ပါ။”

“အမိန့်တော် အတိုင်းပါ။” ကျိရွှမ်က ပြောလိုက်သည်။ သို့နှင့် သူမသည် စာလုံးရေ ထောင်ချီသော တိုက်ပွဲ အစီရင်ခံစာ ကို စာလုံးတစ်လုံးမကျန် ဖတ်ပြလိုက်၏။

တော်ဝင်ရန် အိမ်ရှေ့စံက မေးလိုက်သည်။ “အမတ်မင်းတို့... ဘာဆက်လုပ်ကြမလဲ။ ရှမ့်လန်က မီးတောက်မြို့တော် နဲ့ ဆွေးနွေးချင်တယ်တဲ့။ ကျုပ်ကို သူ့ရဲ့ တော်ဝင်ချန် အင်ပါယာအဖြစ် အသိအမှတ် ပြုစေချင်တယ်။ ပြီးတော့ နယ်မြေ ခွဲဝေချင်တယ်။ မြောက်ဘက်က တော်ဝင်ရန် ပိုင်ပြီး တောင်ဘက်က တော်ဝင်ချန် ပိုင်ရမယ်တဲ့။ သူက တော်ဝင်ရန်နဲ့ တန်းတူ ဖြစ်ချင်နေတယ်။”

“ရိုင်းစိုင်းလိုက်တာ။”

“ရှမ့်လန်က အရှက်တရား မရှိဘူး။ မိုးကောင်းကင်နဲ့မြေကြီး ဘယ်လောက် ကျယ်ပြောမှန်း မသိတဲ့ကောင်ပဲ။” တော်ဝင်ရန် အင်ပါယာ၏ အမတ်ကြီးများ ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ကြ၏။

“အိမ်ရှေ့စံမင်းသား... ကျုပ်တို့က ပြည်သူ့အသံကို ဦးဆောင်ပြီး တိုက်ခိုက်သင့်ပါတယ်။ နုရှောင့်မြို့ ရှုံးနိမ့်မှုရဲ့ ဆိုးကျိုးတွေကို ဖယ်ရှားပစ်ရမယ်။”

“လိုအပ်ရင် ကျောက်စိမ်းဖြူမြို့က သံတမန်ကို မီးတောက်မြို့တော်ဆီ လာလည်ဖို့ ဖိတ်ခေါ်လို့ ရပါတယ်။”

“ချန်နိုင်ငံထဲမှာ ပြည်တွင်းပုန်ကန်မှုတွေဖြစ်အောင် လျှို့ဝှက်ကြံစည်လို့ ရပါတယ်။” အမတ်ကြီးများက အကြံပြုကြသည်။

သို့သော်ငြား ဤအရာများသည် အဓိပ္ပာယ် မရှိကြောင်း သူတို့ ကောင်းစွာ သိကြသည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ရန် အင်ပါယာ၌ ရွေးချယ်စရာ မရှိသောကြောင့်ပင်။ သို့သော်ငြား ဤဆုံးဖြတ်ချက်သည် ကြီးမားလွန်းသဖြင့် တော်ဝင်ရန် အိမ်ရှေ့စံ ကိုယ်တိုင် ဆုံးဖြတ်မှသာ ဖြစ်ပေမည်။

တော်ဝင်ရန်အိမ်ရှေ့စံက ညာလက်ကို မြှောက်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ရှမ့်လန်က ဆွေးနွေးချင်တယ် ဟုတ်လား။ အိပ်မက်မက်နေလိုက်။ တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိပါးလို့ မရဘူး။

ကျုပ်အမိန့် ပြန်တမ်းကို ထုတ်ပြန်လိုက်။ စစ်သည် တစ်သန်း စုဆောင်းပြီး ချန်နိုင်ငံကို တိုက်ခိုက်ကြ၊ ချန်မြို့တော် ကို ကျူးကျော်ကြ။ လျှပ်စီးလိုအရှိန်နဲ့ ချန်နိုင်ငံရဲ့ စတုရန်းကီလိုမီတာ တစ်သန်း နယ်မြေကို ရှင်းလင်းပစ်၊ တော်ဝင်ရန် အင်ပါယာကို တော်လှန်ရဲတဲ့ သစ္စာဖောက် မှန်သမျှကို သတ်ပစ်။

သွေးစွန်းတဲ့ လက်တွေ့တရားကို သုံးပြီး တော်ဝင်ရန် အင်ပါယာဟာ လောကရဲ့ အရှင်သခင် ဖြစ်နေဆဲ ဆိုတာကို တခြားနိုင်ငံတွေ သိအောင် လုပ်ကြ။”

တော်ဝင်ရန် အိမ်ရှေ့စံ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ခန်းမကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။

“အမိန့်တော် အတိုင်းပါ အိမ်ရှေ့စံမင်းသား” အမတ်ကြီးများ ဒူးထောက်၍ ဦးညွှတ်လိုက်ကြ၏။

မင်းသားလျန်အသစ်က မေးလိုက်သည်။ “အိမ်ရှေ့စံမင်းသား... ကျုပ်တို့ ချန်နိုင်ငံကို သိမ်းပိုက်ပြီးရင် တော်ဝင်ရင် နိုင်ငံတော် အဖြစ် သတ်မှတ်မလား၊ ဒါမှမဟုတ်...”

တော်ဝင်ရန် အိမ်ရှေ့စံက ပြတ်သားစွာ ပြောလိုက်သည်။ “တော်ဝင်ရန် အင်ပါယာရဲ့ နယ်မြေအဖြစ် သတ်မှတ်မယ်။ အမိန့်မနာခံတဲ့သူ ဘယ်သူ့ကိုမဆို သတ်ပစ်။ တစ်သန်း သတ်လို့ မလုံလောက်ရင် နှစ်သန်း သတ်၊ သုံးသန်းသတ်။ အတိုချုပ်ပြောရရင် ကျန်းမျိုးနွယ် ရာစုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ ဒီမြေကို ကျိမျိုးနွယ်က လွှဲပြောင်း ရယူတော့မယ်။ ရှမ့်လန်က မီးတောက်မြို့တော်မှာ လူတစ်ယောက်ကို ပါးရိုက်ခဲ့တယ်။ ကျုပ်က သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းပြီး ဖြတ်တောက်ပစ်မယ်။”

မီးတောက်မြို့တော်၏ အမိန့်ပြန်တမ်း ထွက်ပေါ်လာသည်နှင့် တော်ဝင်ရန် အင်ပါယာ တစ်ခုလုံးနှင့် လောက တစ်ခုလုံး တုန်လှုပ်သွားကြသည်။ ချန်နိုင်ငံ၊ ဝူ၊ ချောင်နှင့် ရွဲ့ နိုင်ငံများသည် အောင်ပွဲခံရန် အချိန်ပင် မရလိုက်ချေ။ ထိတ်လန့်တုန်လှုပ်မှု အခြေအနေသို့ ရောက်ရှိသွားကြ။

ချန်နိုင်ငံရှိ ပြည်သူများသည် ကြောက်လွန်း၍ သွေးပျက်မတတ် ဖြစ်ကုန်ကြသည်။ လွန်ခဲ့သည့် နှစ် ၃၀ ကျော်က မြင်ကွင်းမျိုး တဖန်ပြန်လည် ဖြစ်ပေါ်လာဦးမည်လား။ စစ်သည် တစ်သန်းက ချန်နိုင်ငံကို ကျူးကျော်ပြီး မီးရှို့၊ သတ်ဖြတ်၊ လုယက်ကြဦးမည်လား။ အလောင်းများနှင့် သွေးများ မြစ်ချောင်းသဖွယ် စီးဆင်းဦးမည်လား။ အကယ်၍ ထိုသို့သာ ဖြစ်မည် ဆိုပါက နုရှောင့်မြို့ တိုက်ပွဲကို မနိုင်ခဲ့လျှင် ပိုကောင်းပေမည်။

......

ရှမ့်လန်သည် မီးတောက်မြို့တော်နှင့် အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်မထားခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် တော်ဝင်ရန်အင်ပါယာနှင့် ယှဉ်လျှင် သူ့အင်အားမှာ အလွန် အားနည်းသောကြောင့် ဖြစ်သည်။ တော်ဝင်ရန် အင်ပါယာသည် နုရှောင့်မြို့ကို ဖျက်ဆီးရန် ကြိုးပမ်းမှုတွင် ရှုံးနိမ့်ခဲ့သော်လည်း သူတို့၏ အံ့မခန်း အင်အားကို ပြသခဲ့ပြီး ဖြစ်သည်။

မဟာဗျူဟာမြောက် တာဝေးပစ် တိုက်ခိုက်မှုသည် အထူးနဂါးနောင်တ ၅၂ ခုကို လွယ်ကူစွာ ပစ်လွှတ်နိုင် ခဲ့သည်။ အသံလှိုင်း အစွမ်းထက် သားရဲကြီး ၁,၀၀၀ ကို စေလွှတ်နိုင်ခဲ့သည်။ နှင်းလင်းယုန် တပ်တော်သည် သောင်းချီကာ ရှိ၏။

ရှမ့်လန်တွင် ငရဲမီးဗုံးများ ရှိသော်လည်း မီးတောက်မြို့တော်၏ အိပ်မက်ဆိုးကျောက်တုံးဗုံးများသည် ပိုမို အစွမ်းထက်သည်။ အရေးကြီးဆုံး အချက်မှာ ပျောက်ဆုံးနိုင်ငံ၏ လျှပ်စီးမြွေ တပ်တော်သည် နုရှောင့်မြို့ကို ကာကွယ်ပေးနိုင်သော်လည်း ချန်မြို့တော်ကို ကာကွယ်မပေးနိုင်ခြင်းပင်။ အဘယ်ကြောင့် ဆိုသော် သူတို့သည် ပင်လယ်နှင့် ခွဲခွာ၍ မရသလို ကုန်းမြေ အတွင်းပိုင်းသို့လည်း မဝင်ရောက်နိုင် သောကြောင့်ပင်။

ထို့ကြောင့် ဘုရင်မ မီဒူဆာ၏ ပျောက်ဆုံးနိုင်ငံသည် ဆက်တိုက် အနိုင်ရနေသော်လည်း ရှေးဟောင်း အရှေ့အင်ပါယာ ၏ ကုန်းမြေပေါ်ရှိ မြို့ကြီးများကို မသိမ်းပိုက်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ပင်လယ်အင်ပါယာ ဖြစ်သောကြောင့်ပင်။ ပျောက်ဆုံးနိုင်ငံ၏ မြို့ကြီး ထက်ဝက်သည် ပင်လယ် ရေအောက်တွင် ရှိသည်။

ပျောက်ဆုံးနိုင်ငံ၏ မည်သည့် စစ်တပ်မှ ပင်လယ်နှင့် ခွဲခွာ၍ မရပေ။ အထူးအသေခံ ရေခူများသည် ကောင်းကင်သို့ ပျံတက်နိုင်သော်လည်း ရေခူသာ ဖြစ်နေဆဲပင်။ လျှပ်စီးမြွေ တပ်တော်သည် အစွမ်းထက်သော လျှပ်စစ်ငါးရှဉ့်များနှင့် ပိုတူသည်။ ၎င်းတို့ အားလုံးသည် ရေနေသတ္တဝါများသာ ဖြစ်ကြ၏။

ထို့အပြင် တော်ဝင်ရန်နန်းတော်ရှိ တားမြစ်မျှော်စင်တွင် ဧရာမ နဂါးကြီးတစ်ကောင် ရှိနေနိုင်ပြီး နှစ်အနည်းငယ်ကြာ ထွက်မလာသေးသော တော်ဝင်ရန်အင်ပါယာလည်း ရှိနေသည်။ ထို့ကြောင့် ရှမ့်လန်၏ စီမံကိန်းတွင် နောက်ထပ် စစ်ပွဲ မရှိတော့ချေ။

တော်ဝင်ရန် အင်ပါယာက နုရှောင့်မြို့ကို ဖျက်ဆီးမည့် အစီအစဉ်ကို တားဆီးပြီးနောက် သူသည် မီးတောက် မြို့တော်နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး တော်ဝင်ချန် အင်ပါယာ တည်ရှိကြောင်းကို အသိအမှတ်ပြုခိုင်းမည်။

အနာဂတ်တွင် စစ်ပွဲများ ရှိတော့မည် မဟုတ်ဘဲ အဆုံးအဖြတ် တိုက်ပွဲ တစ်ခုသာ ရှိတော့မည်။ တော်ဝင်ချန် အင်ပါယာ၏ သိပ္ပံယဉ်ကျေးမှုနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့ အမှန်တကယ် ပေါင်းစပ် အောင်မြင်သွားသောအချိန်၊ တော်ဝင်ချန် အင်ပါယာ၏ တပ်တော်သစ်သည် ငါးသိန်းအထိ ရောက်ရှိလာသော အချိန်၊ အရေးကြီးဆုံးအချက် အနေဖြင် ရှမ့်လန်သည် ဖခင်ဖြစ်သူ ကျန်းလီ ထားရစ်ခဲ့သော နဂါးကို ရှာတွေ့သောအချိန်ပင် ဖြစ်သည်။

ထိုအချိန် ရောက်မှသာ သူသည် မီးတောက်မြို့တော်ကို တိုက်ခိုက်ပြီး တော်ဝင်ရန် အင်ပါယာနှင့် သူသေကိုယ်သေ တိုက်ခိုက်မည်။

ထို့ကြောင့် ယခုအချိန်တွင် သူသည် မီးတောက်မြို့တော်ကို အရှုံးပေးခိုင်းပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ဖိအားပေးရမည်။ တော်ဝင်ချန် အင်ပါယာနှင့် ၄.၅ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းသော နယ်မြေကို အသိအမှတ်ပြုခိုင်းရမည်။ ထိုသို့ ဖြစ်လာစေရန် သူသည် အခြေအနေကို ချိန်ခွင်လျှာ ညှိရပေမည်။

......

နုရှောင့်မြို့ တိုက်ပွဲပြီးဆုံးပြီးနောက် ရှမ့်လန်သည် တစ်မိနစ်ပင် မနားခဲ့ချေ။ သူ ရရှိထားသော အထူးနဂါး အရှိန်အဝါကို ပြုပြင်ရန် အသည်းအသန် ကြိုးစားခဲ့သည်။ တော်ဝင်ရန် အင်ပါယာကို မဟာဗျူဟာမြောက် ထိုးနှက်ချက် ပေးနိုင်သည့် စွမ်းရည် ရှိနေသရွေ့ မီးတောက်မြို့တော်သည် ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ လိမ္မာစွာ ပြန်လာပြီး အရှုံးကို ဝန်ခံပေလိမ့်မည်။ ထိုသို့မဟုတ်ပါက အောင်ပွဲရသည်အထိ စစ်ပွဲကို ချဲ့ထွင်သွားပေလိမ့်မည်။

သူ ရရှိထားသော အထူးနဂါးအရှိန်အဝါသည် ထိခိုက်မှု သိပ်မရှိသဖြင့် ရှမ့်လန်သည် တစ်ခုကို အမြန် ပြုပြင်နိုင်ခဲ့သည်။ သို့သော်ငြား သူ ပြဿနာ တစ်ခုကို သတိပြုမိလိုက်သည်။ သူ့တွင် အခွင့်အာဏာ မရှိချေ။ ရှေးဟောင်းဘုရင် လက်စွပ် ရှိလျှင်ပင် သူ့တွင် ပစ်ခတ်ခွင့် အာဏာ မရှိပေ။

ထို့နောက် သူသည် ရှေးဟောင်း အကျဉ်းထောင်သို့ သွားရောက်ပြီး အထူးနဂါးနောင်တတစ်ခုကို ထုတ်ယူကာ နုရှောင့်မြို့၏ နဂါးအရှိန်အဝါ ပစ်လွှတ်စက်ပေါ်တွင် တပ်ဆင်လိုက်သည်။ ထို့နောက် ပစ်ခတ်၍ မရကြောင်း သူ သိလိုက်ရသည်။ ထို့အပြင် ရှမ့်လန်သည် ဤအထူးနဂါးနောင်တကို အသက်မသွင်းနိုင်ချေ။

ဤအရာက သေစေနိုင်လောက်သည့် ထိုးနှက်ချက် တစ်ခုပင်။ အလွန် ဆိုးရွားသော အခြေအနေ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကျိမိသားစု၏ နဂါးနောင်တသည် ကျန်းမိသားစုနှင့် မတူညီပေ။ ကျန်းမိသားစုဝင် ရှမ့်လန် အနေဖြင့် အထူးနဂါးနောင်တကို ပစ်ခတ်ခွင့် အာဏာ မရှိသလို ဖောက်ခွဲ၍လည်း မရနိုင်ပေ။

သူသည် ဤမဟာဗျူဟာ လက်နက်များကို အလကား သက်သက် ရလိုက်ခြင်းပင်။ ဆိုလိုသည်မှာ ရှမ့်လန် အနေဖြင့် တော်ဝင်ရန် အင်ပါယာကို မဟာဗျူဟာမြောက် ထိုးနှက်ချက် ပေးနိုင်ဦးမည် မဟုတ်ချေ။ အကယ်၍ ထိုသို့သာ ဖြစ်ပါက မီးတောက်မြို့တော်၏ လက်စားချေမှုကို သူ တားဆီးနိုင်မည် မဟုတ်တာ သေချာသည်။

......

မီးတောက်မြို့တော် နန်းတော်တွင် မင်းသမီး ကျိရွှမ်က မေးလိုက်၏။ “အစ်ကိုတော်... တိုက်ပွဲက ဘယ်လောက်ထိ ရောက်သွားမလဲ။”

တော်ဝင်ရန် အိမ်ရှေ့စံက ဖြေလိုက်သည်။ “မြို့တော်ကို ဝင်တိုက်ပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်မယ်။”

မင်းသမီး ကျိရွှမ်က မေးပြန်၏။ “ဝူ၊ ‌ချောင်နဲ့ ရွဲ့ နိုင်ငံတွေကရော”

တော်ဝင်ရန် အိမ်ရှေ့စံက တည်ငြိမ်စွာ ပြောလိုက်သည်။ “တစ်နှစ်အတွင်း ခမည်းတော်က တံခါးပိတ် ကျင့်ကြံရာ ကနေ ထွက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် နုရှောင့်မြို့၊ ရှမ့်လန်၊ ပျောက်ဆုံးနိုင်ငံနဲ့ မိစ္ဆာတြိဂံနယ်မြေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။”

“နားလည်ပါပြီ။”

တော်ဝင်ရန် အိမ်ရှေ့စံက ဆက်ပြော၏။ “ပြီးတော့ ချန်နိုင်ငံကို တိုက်မယ့် စစ်သည် တစ်သန်း ဆိုတာက နာမည်ခံ သက်သက်ပါ။ စစ်သည်တစ်သန်း စုဆောင်းဖို့က အချိန်အကြာကြီး ယူရတယ်။ တုံ့ကျန်း ဘုရားကျောင်းနဲ့ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်ရဲ့ လျှို့ဝှက် စစ်တပ်တွေ၊ တော်ဝင်ရန်အင်ပါယာရဲ့ လျှို့ဝှက် စစ်တပ်တွေ၊ နှင်းလင်းယုန် ၂၀,၀၀၀ နဲ့ အသံလှိုင်း သားရဲကြီး ၃,၀၀၀၊ အားလုံးကို လဝက်အတွင်း စုစည်းရမယ်။

ရက် ၂၀ အတွင်း တိုင်းပြည်ထဲ ဝင်တိုက်ပြီး တစ်လအတွင်း မြို့တော်ကို သိမ်းပိုက်ရမယ်။ မိုးကြိုးပစ်သလို အရှိန်နဲ့ မြို့တော်ကို သိမ်းပိုက်ရမယ်။ ဒါမှ လောကလောကကို တုန်လှုပ်စေနိုင်ပြီး နုရှောင့်မြို့တိုက်ပွဲ ရှုံးနိမ့်မှုကို ပြန်လည် ကုစားနိုင်မှာ။”

မင်းသမီး ကျိရွှမ်က မေးလိုက်သည်။ “ရှမ့်လန်က ကျွန်မတို့ရဲ့ အထူးနဂါးအရှိန်အဝါနဲ့ အထူးနဂါးနောင်တကို သုံးနိုင်မလား၊ တကယ်လို့ သုံးနိုင်ရင် အကျိုးဆက်က မှန်းဆလို့ မရနိုင်ဘူး။ ဆိုလိုတာက သူက တော်ဝင်ရန် အင်ပါယာကို ဘယ်အချိန် ဘယ်နေရာကမဆို မဟာဗျူဟာမြောက် ထိုးနှက်ချက် ပေးနိုင်တယ်ဆိုတဲ့ သဘောပဲ။”

တော်ဝင်ရန် အိမ်ရှေ့စံက တည်ငြိမ်စွာ ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။”

တကယ် မဖြစ်နိုင်ချေ။ တော်ဝင်ရန် အင်ပါယာသည် မရေမတွက်နိုင်သော ရှေးဟောင်း ကျန်းမိသားစု၏ နဂါးနောင်တများ ကို သိမ်းပိုက်ခဲ့ဖူးသည်။ ကျူးမိသားစု၏ လျှို့ဝှက်စခန်းဆိုသည်မှာ အစိတ်အပိုင်း အနည်းငယ် သာ ရှိသေးသည်။

မီးတောက်မြို့တော်သည် ဆယ်နှစ်ကျော်ကြာ ကြိုးစားခဲ့သော်လည်း ကျန်းမိသားစု၏ နဂါးနောင်တကို မဖြေရှင်းနိုင်ခဲ့ချေ။ မင်းသမီးလေး ကျိနင်၏ အကူအညီပင် အသုံးမဝင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နဂါးနောင်တ ကို အသက်သွင်းရန်အတွက် သွေးသားတော်စပ်မှု အခွင့်အာဏာ သာမက စိတ်ဆန္ဒပါ လိုအပ် သောကြောင့်ပင်။

တော်ဝင်ရန် အိမ်ရှေ့စံက ဆက်ပြော၏။ “အရှေ့လောကမှာ နဂါးနောင်တနှစ်မျိုးပဲ ရှိတယ်။ ရှေးဟောင်း ကျိမိသားစုရဲ့ နဂါးနောင်တနဲ့ ရှေးဟောင်း ကျန်းမိသားစုရဲ့ နဂါးနောင်တပဲ။ လွန်ခဲ့တဲ့ ၁၇ နှစ်တည်းက ကျုပ်တို့က ကျန်းမိသားစုရဲ့ နဂါးနောင်တကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတယ်။ ပညာရှင် သုံးထောင်ကျော် သုံးပြီး နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပေမဲ့ အားလုံး ကျရှုံးခဲ့တယ်။

ကျုပ်တို့ ၁၇ နှစ် ကြာတာတောင် မဖြေရှင်းနိုင်ခဲ့ဘူး။ ရှမ့်လန်က ရက်ပိုင်းလောက်နဲ့ ကျိမိသားစုရဲ့ နဂါးနောင်တ ကို တကယ် ဖြေရှင်းနိုင်ပါ့မလား။ တစ်လအတွင်း ကျုပ်တို့ မြို့တော်ကို ကျူးကျော်မယ်။ တိုင်းပြည်ကို သိမ်းပိုက်မယ်။ လူတစ်သန်းကို သတ်ပစ်မယ်။ တော်ဝင်ရန်အင်ပါယာရဲ့ အရှင်သခင် ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။”

......

တော်ဝင်ရန် အင်ပါယာ ဘက်တွင် စစ်သည် သန်းချီ စုစည်းနေကြသည်။ ဤသည်မှာ လောကကို ပြသရန် ဟန်ပြသက်သက်ဖြစ်၏။ လျင်မြန်စွာ စုစည်းနေသူများမှာ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၊ တုံ့ကျန်း ဘုရားကျောင်း နှင့် တော်ဝင်ရန်အင်ပါယာ၏ လျှို့ဝှက်စစ်တပ်များ ဖြစ်ကြသည်။ စုစုပေါင်း အရေအတွက်သည် နှစ်သိန်းခွဲထက် မကျော်လွန်ပေ။

သို့သော်ငြား ဤစစ်သည် နှစ်သိန်းခွဲ အနက် ငါးသောင်းကျော်သည် ဝေဟင်စစ်သည်များ ဖြစ်ကြသည်။ အထူးသဖြင့် တော်ဝင်ရန် အင်ပါယာ၏ လျှို့ဝှက်စစ်တပ်သည် ရှေးဟောင်း ကျိမိသားစု၏ လျှို့ဝှက် လက်နက်မျိုးစုံ ကို သယ်ဆောင်ထားကြသည်။

အသံလှိုင်း သားရဲကြီး သုံးထောင် တပ်တော်တစ်ခုတည်းဖြင့်ပင် လုံးဝ ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။ တော်ဝင်ချန် အင်ပါယာသည် အစွမ်းကုန် ကြိုးစားလျှင်ပင် မီးတောက်မြို့တော်၏ တိုက်ခိုက်မှုကို တားဆီးနိုင်မည် မဟုတ်ချေ။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရှမ့်လန်အနေဖြင့် ကျိမိသားစု၏ နဂါးနောင်တကို ဖြေရှင်းနိုင်ရန်ပင် ဖြစ်သည်။ အောင်မြင်သွားသည်နှင့် မီးတောက်မြို့တော်၏ တိုက်ခိုက်မှု အားလုံး အချည်းနှီး ဖြစ်သွားပေ လိမ့်မည်။ သူတို့၏ လက်စားချေမှု အားလုံးသည် ပျက်စီးသွားပေလိမ့်မည်။ နုရှောင့်မြို့ တိုက်ပွဲ ရှုံးနိမ့်မှု၏ ခါးသက်သော အသီးကို မျိုချရုံသာ ရှိတော့မည်။

သို့သော်ငြား တော်ဝင်ရန် အိမ်ရှေ့စံ ပြောသည်မှာ မှန်ကန်ပေသည်။ မီးတောက်မြို့တော်သည် ၁၇ နှစ်လုံးလုံး အချိန်ကုန်ခံခဲ့သော်လည်း ကျန်းမိသားစု၏ နဂါးနောင်တကို မဖြေရှင်းနိုင်ခဲ့ချေ။

ရှမ့်လန်အတွက် ကျန်ရှိသော အချိန်မှာ ရက် ၂၀ ထက် မကျော်လွန်ပေ။

အောင်ပွဲ၏ အသီးအပွင့်များကို ကာကွယ်ရန်၊ ချန်မြို့တော်ကို ကာကွယ်ရန်၊ တော်ဝင်ချန် အင်ပါယာ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်နှင့် မီးတောက်မြို့တော်၏မျက်နှာကို နောက်တစ်ကြိမ် ပါးရိုက်ရန် ရှမ့်လန်သည် နောက်ထပ် အံ့ဖွယ်ရာ တစ်ခုကို ဖန်တီးရပေမည်။

ဤအံ့ဖွယ်ရာသည် ထင်သလောက် ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း နုရှောင့်မြို့ အောင်ပွဲထက် များစွာ ပိုမို အရေးပါသည်။ ထို့အပြင် ပိုမို နက်ရှိုင်းသော အဓိပ္ပာယ် ရှိသည်။ သူသည် ကျိမိသားစု၏ နဂါးနောင်တကို ဖြေရှင်းနိုင်သရွေ့ တော်ဝင်ရန်အင်ပါယာသည် တော်ဝင်ချန်အင်ပါယာ၏ နယ်မြေ တစ်လက်မကိုမှ ကျူးကျော်နိုင်တော့မည် မဟုတ်ပေ။

......

All Chapters