← Chapters

အခန်း (၁၂၁၇-၁၂၁၈)

Vol. 70 Ch. 1217-1218

အခန်း (၁၂၁၇-၁၂၁၈)

Vol. 70 Ch. 1217-1218

အပိုင်း (၁၂၁၇)

ထို့နောက် တံဆိပ်တုံးတစ်ခု ပါရှိသည်။ ၎င်းမှာ ဤစာသည် မူလန်၏ လျှို့ဝှက်စာ ဖြစ်ကြောင်း အပြည့်အဝ သက်သေပြနိုင်သော ထူးခြားသည့် တံဆိပ်တုံးတစ်ခု ဖြစ်၏။ အတုလုပ်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤတံဆိပ်တုံးကို ရှမ့်လန် ကိုယ်တိုင် ထွင်းထုပေးထားခြင်း ဖြစ်ပြီး အလွန် ရင်းနှီးကျွမ်းဝင်သော လက်ဆောင် တစ်ခု ဖြစ်သောကြောင့်ပင်။

မူလန်သည် ယခင်က ၎င်းကို တစ်ခါမှ မသုံးစွဲဖူးဘဲ ယခုမှသာ သူမ၏ သက်သေအဖြစ် ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ထိုတံဆိပ်တုံး၏ ပုံသဏ္ဍာန်မှာ အဘယ်နည်း။ ၎င်းသည် တြိဂံပုံစံ ဖြစ်ပြီး ဘက်သုံးဖက်တွင် မြို့ရိုးများ ဝန်းရံထားသည်။ ၎င်းတို့မှာ နဂါးတံခါး၊ ဗာမေလီယံတံခါး နှင့် ရွှမ်ဝူတံခါး တို့ ဖြစ်ကြ၏။ အခြားသော မြို့တံခါးတစ်ခုသာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ထိုအချိန်က ဤတံဆိပ်တုံးကြောင့် မူလန်သည် မကျေမနပ် ဖြစ်ခဲ့ပြီး ရှမ့်လန်ကို အချိန်အတော်ကြာအောင် ကလေးဆိုးလေးလို ဂျီကျခဲ့ဖူးသည်။ ထို့ကြောင့် ဤစာသည် သေချာပေါက် မူလန်၏ ကိုယ်ပိုင်စာ ဖြစ်ပေသည်။

“ဒီလျှို့ဝှက်စာကို ဘယ်သူ ယူလာပေးတာလဲ။” ရှမ့်လန်က မေးမြန်းလိုက်သည်။

ခဏအကြာတွင် လူနှစ်ယောက် ရှမ့်လန်၏ ရှေ့သို့ ရောက်ရှိလာကြ၏။ ခေါင်းဆောင်ဖြစ်သူမှာ အရပ်ရှည်ပြီး ခန့်ညားထည်ဝါသော အနောက်တိုင်းသား တစ်ဦး ဖြစ်သည်။ ရှမ့်လန် လုံးဝ ထင်မှတ် မထားသော သူတစ်ဦးလည်း ဖြစ်ပေ၏။ ဒီဘိုရာ၏ ဦးလေး၊ မြို့စားအော်စတင် ရော့ဆို... မဟုတ်သေးချေ။ ယခုအခါ သူ့ကို နယ်စားကြီး အော်စတင် ရော့ဆို ဟု ခေါ်ဝေါ်ရပေမည်။

သူသည် ရုတ်တရက် သူ၏ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး ရှမ့်လန်၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြုလိုက်သည်။ “ကျုပ် အော်စတင် ရော့ဆိုက အရှေ့ဘက်လောကရဲ့ အထွတ်အထိပ် အင်ပါယာကို ဂါရဝ ပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

အံ့ဩစရာ ကောင်းသည်မှာ သူသည် တရုတ်စကားကို ပီသစွာ ပြောဆိုနေခြင်းပင် ဖြစ်၏။ အခြား တစ်ယောက်မှာ မိန်းမစိုး တာလွန် ဖြစ်သည်။ သူသည် ဒူးနှစ်ဖက်လုံး ထောက်ကာ ဦးတိုက်လိုက်၏။ “ကျုပ် တာလွန်က အရှေ့ဘက်လောကရဲ့ အထွတ်အထိပ် အင်ပါယာကို ဂါရဝ ပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်သည် ရှေ့သို့ တိုးသွားပြီး နယ်စားကြီး အော်စတင်ကို ဆွဲထူလိုက်ကာ အနောက်တိုင်း ဆန်ဆန် ပွေ့ဖက်လိုက်သည်။ “ချစ်ရတဲ့ ဦးလေး အော်စတင်... မတွေ့တာ ကြာပြီပဲ။”

အော်စတင်သည် အလွန် ဂုဏ်ယူဝမ်းမြောက်နေပုံရပြီး ရှမ့်လန်ကို ပြန်လည် ပွေ့ဖက်လိုက်၏။ “ချစ်ရတဲ့ အရှင်... မတွေ့တာ ကြာပါပြီ။ ရော့ဆို မိသားစု တစ်ခုလုံးက အရှင်ကို နေ့တိုင်း သတိရနေကြပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ကျုပ်ရဲ့ အဒေါ်လေးကော... သူ နေကောင်းရဲ့လား။”

“သိပ်ကောင်းပါတယ်။”

နယ်စားကြီး အော်စတင်က ပြောလိုက်သည်။ “အရှင်ရဲ့ ကျေးဇူးကြောင့် ကျုပ် အဲဒီလို ဇနီးကောင်း တစ်ယောက်ကို ရရှိခဲ့တာပါ။ အခုဆိုရင် ကျုပ်တို့မှာ သားနှစ်ယောက်၊ သမီးတစ်ယောက် ရနေပါပြီ။ ကျုပ်တို့ရဲ့ ကလေးတွေကို အရှင် ပေးသနားခဲ့တဲ့ လက်ဆောင်တွေ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါက သူတို့ဘဝရဲ့ အကြီးမားဆုံး ကောင်းချီးမင်္ဂလာပါပဲ။”

ယခင်ကဆိုလျှင် မိန်းမစိုး တာလွန်သည် ရှမ့်လန်ကို ဖားရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်၏။ သို့သော်ငြား ယခုအခါ ရှမ့်လန်က ဆွဲထူလိုက်ပြီးနောက် သူသည် တိတ်ဆိတ်စွာ ဦးညွှတ်ပြီး ဘေးတစ်ဖက်တွင် ရပ်နေလိုက်၏။

နယ်စားကြီး အော်စတင်သည် သူ၏ သခင်တစ်ပိုင်း ဖြစ်သည့်အတွက် သခင် စကားပြောနေချိန်တွင် ဝင်မပြောရဲပေ။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဦးလေး အော်စတင်... ကျုပ်ရဲ့မိန်းမနဲ့ ကလေးကို တွေ့ခဲ့ရလား။”

နယ်စားကြီး အော်စတင်က ဖြေကြားလိုက်၏။ “ဒါက ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ။ ကျုပ်တို့ အင်ပါယာ မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့စံမင်းသားလေးကို တွေ့ခွင့်ရခဲ့ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အလှအပနဲ့ မင်းသားလေးရဲ့ ဉာဏ်ပညာကို ဘယ်လို စကားလုံးနဲ့မှ ဖော်ပြလို့ မရနိုင်ပါဘူး။

ကျုပ်တို့ကို ခွင့်လွှတ်ပေးဖို့ ကိစ္စတစ်ခု ရှိပါတယ်။ ကျုပ်တို့ ရော့ဆို မိသားစုက ဧကရီမြို့တော်ရဲ့ မူလနေရာမှာ အဆောက်အအုံတွေ ဆောက်လုပ်ခဲ့ပါတယ်။ အဲဒါက အနောက်လောကမှာ အရှင်ရဲ့ယာယီ နန်းတော် ဖြစ်လာမှာပါ။ ပြီးတော့ အဲဒါက အင်ပါယာ မိဖုရားခေါင်ကြီး အပြည့်အဝ ပိုင်ဆိုင်တဲ့ နေရာ ဖြစ်လာမှာပါ။”

ဧကရီမြို့တော် ဆိုသည်မှာ ရှမ့်လန်က အနောက်လောကတွင် တည်ဆောက်ခဲ့သော အခြေစိုက် စခန်းငယ်လေး ဖြစ်သည်။ ၎င်းသည် ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်၏ တောင်ဘက်အဆုံးတွင် တည်ရှိသည်။

“လွန်ခဲ့တဲ့ တစ်လခွဲလောက်က မိဖုရားခေါင်ကြီးနဲ့ မင်းသားလေးတို့ ရော့ဆိုမိသားစုဆီ အလည်လာခဲ့ ကြပါတယ်။ သူတို့က လျှို့ဝှက်စာတစ်စောင် ရေးပြီး ပို့ပေးဖို့ ကျုပ်တို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါက ကျုပ်တို့အပေါ် အကြီးမားဆုံး အသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုပါပဲ။”

နယ်စားကြီး အော်စတင်က ဆက်လက် ပြောဆိုလိုက်၏။ “ဘရွတ် ကိုယ်တိုင် လာပို့ချင်ပေမဲ့ အနောက်လောကမှာ မိဖုရားခေါင်ကြီးကို ပြုစုစောင့်ရှောက်ဖို့က သူ့တာဝန်လို့ ခံယူထားတဲ့အတွက် ကျုပ်တို့ပဲ လာပို့လိုက်ရတာပါ။”

အမှန်စင်စစ် ဤစာကို တာလွန် လာပို့လျှင်လည်း ရပေသည်။ သို့သော်ငြား ရော့ဆို မိသားစုသည် သူတို့၏ လေးစားမှုနှင့် အလေးထားမှုကို ပြသလိုသည့်အတွက် မိသားစု၏ ဒုတိယခေါင်းဆောင် ဖြစ်သော နယ်စားကြီး အော်စတင် ကိုယ်တိုင် လာရောက် ပို့ဆောင်ခိုင်းခြင်း ဖြစ်ပေသည်။ သဘာဝကျစွာပင် နယ်စားကြီး အော်စတင်သည် စာထဲမှ အကြောင်းအရာများကို လုံးဝ ဖတ်ရှုခဲ့ခြင်း မရှိပေ။

ထို့နောက် ရှမ့်လန်သည် နယ်စားကြီး အော်စတင်အတွက် ကြိုဆိုပွဲ အခမ်းအနား ကျင်းပပေးလိုက်သည်။ တက်ရောက်သူ လူဦးရေ မများပြားသော်လည်း အဆင့်အတန်းမှာ အလွန် မြင့်မားလှ၏။ ရှမ့်လန် ကိုယ်တိုင် အပြင် နိုင်ငံနှစ်ခုမှ အိမ်ရှေ့စံမင်းသားများ၊ နိုင်ငံတစ်ခုမှ ဘုရင်မနှင့် အိမ်ရှေ့စံမင်းသားတို့ တက်ရောက်ကြသည်။

ဤအချက်က နယ်စားကြီး အော်စတင်ကို အလွန် ကျေနပ်သွားစေခဲ့၏။ အနောက်လောကသည် ထိုကဲ့သို့သော အရာများကို အလွန် အလေးထားပေသည်။ ရှီလွန်မင်းဆက်၏ ညစာစားပွဲများတွင် သူ အများဆုံး ထိတွေ့ခွင့်ရသည်မှာ မြို့စားအဆင့်သာ ဖြစ်၏။ ထို့အပြင် ဤအဆင့်ရှိသော ညစာစားပွဲမျိုးတွင် သူသည် ဂုဏ်ထူးဆောင် ဧည့်သည်တော် အဖြစ် ပါဝင်ခွင့် မရနိုင်ပေ။

သို့သော်ငြား ဤစားပွဲတွင်မူ သူသည် အကြွင်းမဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော် ဖြစ်သည်။ သူ့ဘေးတွင် မင်းသားအဆင့်ရှိသော မြင့်မြတ်သူများက ခြံရံထားကြသည်။ ဤသည်မှာ သူ ရှီလွန်မင်းဆက်သို့ ပြန်ရောက်သည့်အခါ တစ်သက်လုံး ကြွားဝါ၍ ရမည့် ကိစ္စ ဖြစ်၏။

သေချာသည်မှာ နောင်တစ်ချိန်တွင် သူ မည်သည့်ပွဲသို့ တက်ရောက်သည် ဖြစ်စေ ယနေ့ညစာ စားပွဲအကြောင်းကို သူ၏ ဘဝဂုဏ်ကျက်သရေတစ်ခုအဖြစ် ပေါ့ပေါ့ပါးပါး ထည့်သွင်းပြောဆိုတော့မည်။ အဘယ်ကြောင့်ဆိုသော် ရှီလွန် မင်းဆက်တွင် အဆင့်အတန်း ခွဲခြားမှုမှာ အလွန် ပြင်းထန်သောကြောင့် ဖြစ်သည်။

ရှမ့်လန်က တော်ဝင်ရန် အင်ပါယာကို စစ်ပွဲတစ်ခု အနိုင်ယူလိုက်ကြောင်း သိရှိလိုက်ရသောအခါ နယ်စားကြီး အော်စတင် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူသည် ရော့ဆိုမိသားစု အောင်ပွဲရသည်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေ၏။

“အရှင် နယ်စားကြီး... ဒါက တော်ဝင်ချန်အင်ပါယာရဲ့ နယ်မြေပါပဲ။”

ဝန်ကြီးချုပ် ဆော့ရွှမ်းက ပြောဆို လိုက်သည်။ “စုစုပေါင်း စတုရန်းကီလိုမီတာ ၄.၅ သန်း ကျယ်ဝန်းပြီး လက်အောက်ခံနိုင်ငံ ငါးနိုင်ငံ ရှိပါတယ်။ စုစုပေါင်း လူဦးရေ သန်း ၁၀၀ ကျော် ရှိပါတယ်။”

နယ်စားကြီး အော်စတင်က အာမေဋိတ် ပြုလိုက်၏။ “ကောင်းကင်ဘုံ ... ဘာလို့ ဒီလောက်တောင် စည်ပင်ဝပြောနေရတာလဲ။”

ဝန်ကြီးချုပ် ဆော့ရွှမ်းက ပြောလိုက်သည်။ “ကျုပ်တို့ အခု ရောက်နေတာက နုရှောင့်မြို့တော်ပါ။ တိတိကျကျ ပြောရရင် ဒါက တော်ဝင်ချန်အင်ပါယာရဲ့ မြို့တော် မဟုတ်ပါဘူး။ ဒါက စက်မှုဇုန် အခြေစိုက်စခန်း တစ်ခုသာ ဖြစ်ပါတယ်။ ကျုပ်တို့ရဲ့ မြို့တော် အစစ်အမှန်က ချန်မြို့တော်မှာ ရှိပါတယ်။ အဲဒါက လူဦးရေ ၁.၃ သန်းကျော် ရှိတဲ့ မြို့ကြီးတစ်မြို့ပါ။ နန်းတော်တစ်ခုတည်းတင် ကိုးစတုရန်းကီလိုမီတာလောက် ကျယ်ဝန်းပါတယ်။ ခင်ဗျား အချိန်ရရင် ကျုပ်တို့ရဲ့ ချန်မြို့တော်ကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။”

နယ်စားကြီး အော်စတင်က ပြောလိုက်၏။ “အဲဒါက ကျုပ်တို့ရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်လာမှာပါ။”

ထို့နောက် သူသည် မြေပုံရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေပြီး မေးမြန်းလိုက်သည်။ “လေးစားရပါသော ဝန်ကြီးချုပ်... မြောက်ဘက်က ဒီလောက် ကျယ်ဝန်းတဲ့ နယ်မြေကြီးက ကျုပ်တို့ရဲ့ အကြီးမားဆုံး ရန်သူ တော်ဝင်ရန် အင်ပါယာလား။”

“ပထမဆုံးအနေနဲ့ပြောရရင် ကျုပ်က ဝန်ကြီးချုပ် မဟုတ်ပါဘူး။ ကျုပ်က တော်ဝင်ချန်အင်ပါယာရဲ့ ဂုဏ်ထူးဆောင် ဝန်ကြီးချုပ်သာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် အစစ်အမှန်က ချန်မြို့တော်မှာ ရှိပါတယ်။ သူကလည်း မင်းသားတစ်ပါးပါပဲ။”

ဝန်ကြီးချုပ် ဆော့ရွှမ်းက ပြောဆိုလိုက်၏။ “ပြီးတော့ ခင်ဗျား ပြောတာ မှန်ပါတယ်။ တော်ဝင်ချန် အင်ပါယာကလွဲရင် ဒီမြေပုံပေါ်က ကျန်တဲ့ နယ်မြေတွေ အကုန်လုံးက တော်ဝင်ရန် အင်ပါယာ ပိုင်ဆိုင်တာပါ။ ဒါပေမဲ့ ခင်ဗျား နောက်တစ်ခါ လာလည်တဲ့အချိန်ကျရင် တော်ဝင်ရန် အင်ပါယာဆိုတာ ရှိတော့မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်ပါတယ်။ အရှင်က အရှေ့ဘက်လောကရဲ့ တစ်ခုတည်းသော အင်ပါယာ ဖြစ်လာပါလိမ့်မယ်။”

နယ်စားကြီး အော်စတင်က ပြောလိုက်သည်။ “အဲဒါက ကျုပ်တို့ ရော့ဆို မိသားစုရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ မင်းသားအစစ်အမှန် တစ်ပါးက ကျုပ်တို့ ရော့ဆို မိသားစုမှာ ပေါ်ထွက် လာတော့မှာမို့လို့ပါပဲ။”

ဝန်ကြီးချုပ် ဆော့ရွှမ်းက ပြောလိုက်သည်။ “ကျုပ်လည်း အရှင်မင်းသား လိုကီ ကို တွေ့ဆုံချင်နေပါပြီ။ လာမဲ့နှစ်အနည်းငယ်အတွင်း သူ တော်ဝင်ချန်အင်ပါယာကို ရောက်လာလိမ့်မယ်လို့ ကျုပ် စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်။”

နယ်စားကြီး အော်စတင်က ပြောလိုက်သည်။ “ဒါက ကျုပ်တို့ တွေးထားတဲ့အတိုင်းပါပဲ။ လိုကီ ၁၀ နှစ် ပြည့်ရင် သူ့ကို တော်ဝင်ချန်အင်ပါယာဆီ ပညာသင် လွှတ်ပါ့မယ်။ အရှေ့တိုင်းရဲ့ ဉာဏ်ပညာက မရှိမဖြစ် လိုအပ်တာကိုး။”

ဤလူနှစ်ယောက် ပြောဆိုနေသော ‘အရှင်မင်းသား လိုကီ’ ဆိုသည်မှာ ဒီဘိုရာ၏ သား၊ လိုကီကျန်းရော့ဆို ပင် ဖြစ်သည်။ သူသည် အနောက်လောကတွင် ကျန်းလီ ဟူသော အမည်ကို အသုံးပြုပြီး ကျန်း နှင့် ရော့ဆို ဟူသော မျိုးရိုးနာမည် နှစ်ခုလုံးကို ယူထားသည်။

ဆော့ရွမ်းက ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်၏။ “နယ်စားကြီး... ရှီလွန် အင်ပါယာမှာ ရှိတဲ့ ကျုပ်တို့ရဲ့ သံတမန်အဖွဲ့ဆီက ကြားတာတော့ မြောက်ပိုင်းနဲ့ တောင်ပိုင်း ပဋိပက္ခက ပိုပြီး ပြင်းထန် လာနေတယ်ဆို။”

နယ်စားကြီး အော်စတင်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ အဲဒါတွေ အကုန်လုံးက မြောက်ပိုင်းရဲ့ မာန်မာနကြီးမှုနဲ့ အရည်အချင်း မရှိမှုတွေကြောင့်ပါပဲ။ ဒုတိယ ဘုရင်မ ဟယ်လင်ရဲ့ အုပ်ချုပ်မှုအောက်မှာ တောင်ပိုင်းက စည်းလုံးနေပါတယ်။ ရှီလွန် လူမျိုးပဲဖြစ်ဖြစ်၊ ဗီတာ လူမျိုးစုပဲဖြစ်ဖြစ် ကျုပ်တို့ အားလုံး ဒုတိယ ဘုရင်မရဲ့ အာဏာစက်အောက်မှာ စည်းလုံးနေကြပါတယ်။

လူတိုင်းမှာ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ အလုပ်လုပ်လိုစိတ်တွေ ရှိကြပါတယ်။ ကျုပ်တို့ရဲ့ လူဦးရေက မြောက်ပိုင်းထက် ၁.၃ ဆ ပိုများပြီး အခွန်ပေးဆောင်မှုက မြောက်ပိုင်းထက် ၁.၆ ဆ ပိုများပါတယ်။ ဒါပေမဲ့ တောင်ပိုင်းက ထိုက်တန်တဲ့ လေးစားမှုကို မရရှိပါဘူး။”

ဝန်ကြီးချုပ် ဆော့ရွှမ်းက မေးလိုက်၏။ “အရှင် ဆော်ရွန်က တရားမျှတတယ်လို့ နာမည်ကြီးတယ် မဟုတ်လား။”

နယ်စားကြီး အော်စတင်က ပြောလိုက်သည်။ “လူတွေက အမြဲတမ်း ဘက်လိုက်တတ်ကြပါတယ်။ တကယ်တမ်း တရားမျှတဖို့ ဆိုတာ သိပ်ခက်ခဲပါတယ်။ အရှင်ကျန်းလို လူမျိုးက သိပ်ရှားပါးလွန်း ပါတယ်။”

ဝန်ကြီးချုပ် ဆော့ရွှမ်းက ပြောလိုက်၏။ “နှမြောစရာပါပဲ။ တော်ဝင်ချန်အင်ပါယာမှာတော့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို တန်းတူ ဆက်ဆံတယ်ဆိုတာ ခင်ဗျား သိသင့်ပါတယ်။ ကျုပ်တို့ရဲ့ ဝန်ကြီးချုပ် မင်းသား ရှားကျင်း ဆိုရင် သဲကန္တာရ လူရိုင်းမျိုးနွယ်ပါ။ ခင်ဗျား တွေ့ဖူးတဲ့ မင်းသမီး အာယုနာနာ ဆိုရင်လည်း ချင်နိုင်ငံကပါပဲ။ မဟာအတွင်းဝန် တွိုင်း ဆိုရင်လည်း လူဖြူတစ်ယောက်ဖြစ်ပြီး ကြီးမားတဲ့ စွမ်းဆောင်ရည် တွေကြောင့် မြို့စားဘွဲ့ ပေးအပ်ခံထားရပါတယ်။”

နယ်စားကြီး အော်စတင်က မေးလိုက်သည်။ “တကယ်လား။ အရှင်တွိုင်း ကကော ဘယ်ရောက်နေလဲ။”

ဝန်ကြီးချုပ် ဆော့ရွှမ်းက ပြောလိုက်သည်။ “သူက ဘယ်ကိစ္စနဲ့မှ သူ့ရဲ့ ဓာတ်ခွဲခန်းကို စွန့်ခွာလို့ မရပါဘူး။ ဓာတ်ခွဲခန်းနဲ့ နှစ်နာရီလောက် ဝေးကွာသွားတာနဲ့ သူက ဖျားသလို၊ တက်ချင်သလို ၊ ဝက်ရူးပြန်သလို ဖြစ်လာတတ်လို့လေ။”

ထို့နောက် ဝန်ကြီးချုပ် ဆော့ရွှမ်းက ဆက်လက် ပြောဆိုလိုက်၏။ “ခင်ဗျားတို့ တောင်ပိုင်းဒေသ မတရား ဆက်ဆံခံနေရတဲ့အတွက် ကျုပ် အများကြီး စိတ်မကောင်းပါဘူး။ လိုအပ်ရင် တော်ဝင်ချန်အင်ပါယာ အနေနဲ့ တရားမျှတစွာ ဝင်ရောက်စွက်ဖက်ပေးဖို့ ဆန္ဒရှိပါတယ်။”

‘သောက်ကျိုးနည်း...’

ဤစကားသည် ပူးပေါင်းကြံစည်မှု အနံ့အသက်များ လွန်စွာ ရနေသည်။ ထို့နောက် နယ်စားကြီး အော်စတင်နှင့် ဝန်ကြီးချုပ် ဆော့ရွှမ်းတို့သည် အရင်းနှီးဆုံး မိတ်ဆွေများကဲ့သို့ တီးတိုး စကားပြောဆိုနေကြသည်။

နယ်စားကြီး အော်စတင်သည် မူလက မြောက်ပိုင်း၏ အသန့်စင်ဆုံးသော မင်းမျိုးမင်းနွယ် ဖြစ်သည်။ သူသည် တောင်ပိုင်းမှ ဖြစ်သော်လည်း ဗီတာလူမျိုးစုကို အလွန် ခွဲခြားဆက်ဆံတတ်သူ ဖြစ်၏။ ယခုအခါတွင်မူ သူတို့သည် တောင်ပိုင်းသားများ ဖြစ်ကြောင်း တဖွဖွ ပြောဆိုနေ၏။

........

ထို့နောက် ရှမ့်လန်နှင့် မဟာအတွင်းဝန် တွိုင်းတို့သည် နေ့ရောညပါ သုတေသန ပြုလုပ်ကြပြီး ထပ်ခါတလဲလဲ စမ်းသပ်မှုများ ပြုလုပ်ကြသည်။ သူတို့၏ ပစ်မှတ်မှာ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာပင် ဖြစ်၏။

ယခုတစ်ကြိမ်တွင် တော်ဝင်ရန် အင်ပါယာက အလျှော့ပေးလိုက်ပြီဖြစ်ရာ စေတီတောင် နယ်မြေသည် ရှမ့်လန် ပိုင်ဆိုင်သည့် နယ်မြေ ဖြစ်သွားခဲ့၏။ လက်ရှိတွင် ထိုနေရာ၌ လူသူကင်းမဲ့နေပြီး တစ်ခုတည်းသော ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို တော်ဝင်ရန် အင်ပါယာက အပြည့်အဝ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သော်လည်း ရှမ့်လန်သည် အပျက်အစီး အစအန အချို့ကို သယ်ဆောင်လာစေပြီး ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို ပြန်လည် တည်ဆောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ရှမ့်လန်သည် နုရှောင့်မြို့မှ ထွက်ခွာပြီး အနောက်ဘက်တွင် မူလန်နှင့် တွေ့ဆုံကာ နဂါးကို ရှာဖွေလိုပေသည်။ သို့သော်ငြား ထိုသို့ မသွားရောက်မီ နုရှောင့်မြို့၏ လုံခြုံရေးကို အာမခံချက် ရှိစေရန် လုပ်ဆောင်ရပေမည်။

သဘာဝကျစွာပင် ပျောက်ဆုံးမိစ္ဆာမယ်တော်သည် နုရှောင့်မြို့ ပတ်ဝန်းကျင် ရေပြင်တွင် ဆက်လက် ရှိနေပေလိမ့်မည်။ သူမ၏ စိတ်စွမ်းအင်မှာ အလွန် ကြီးမားလှ၏။ ယခင်က သူမသည် ပျောက်ဆုံး နိုင်ငံတော်၏ အပျက်အစီး တစ်ခုလုံးကို လွှမ်းခြုံထားနိုင်ခဲ့ပြီး ယခုအခါတွင်မူ နုရှောင့်မြို့ ပတ်ဝန်းကျင် ရေပြင်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်ပေသည်။ ထို့အပြင် မြွေပျံတပ်တော် နှင့် ယဉ်ပါးအောင် မွေးမြူထားသော အသံထက်မြန်သည့် ဝေဟင်သားရဲ ကိုးရာကျော် ပါဝင်သည့် တပ်တော်တို့ ရှိနေသဖြင့် နုရှောင့်မြို့သည် လုံးဝ ထိုးဖောက်၍ မရနိုင်သော ခံတပ်ကြီးသဖွယ် ဖြစ်နေသည်။

သို့သော်ငြား ရှမ့်လန် ထွက်ခွာသွားသည်နှင့် တပြိုင်နက် နဂါးနောင်တကို မည်သူမှ ကြားဖြတ် ဟန့်တားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ အမှန်စင်စစ် တော်ဝင်ရန်အင်ပါယာ အနေဖြင့် နုရှောင့်မြို့ဆီသို့ နဂါးနောင်တ ပစ်လွှတ်နိုင်ခြေမှာ အလွန် နည်းပါးသော်လည်း သူတို့အနေဖြင့် သတိထားရပေမည်။

နဂါးနောင်တကို ကြားဖြတ်ဟန့်တားခြင်းနှင့် ပတ်သက်၍ ရှမ့်လန်သည် AI မှတ်ဉာဏ်တု စနစ်နှင့် နဂါးအရှိန်အဝါ ပစ်လွှတ်စင်မှတစ်ဆင့် လုပ်ဆောင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးနောင်တသည် လျင်မြန်သော်လည်း ၎င်း၏ ပျံသန်းရာ လမ်းကြောင်းမှာ အလွန် ပုံသေဆန်သောကြောင့် ဖြစ်၏။

တိကျသော တွက်ချက်မှုများမှတစ်ဆင့် ကြိုတင် ကြားဖြတ်ဟန့်တားနိုင်ပေသည်။ သို့သော်ငြား သူ့တွင် ဤသို့တွက်ချက်နိုင်စွမ်း ရှိသော်လည်း နုရှောင့်မြို့ရှိ အခြားသူများတွင်မူ မရှိကြပေ။ သို့သော်ငြား မဟာအတွင်းဝန် တွိုင်းသည် သဘောတရား အသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းမှာ နဂါးနောင်တ၏ စွမ်းအင်ကို ရစ်ပတ် နှောင်ဖွဲ့ခြင်းနှင့် ပိတ်လှောင်ခြင်း ဖြစ်သည်။

ထို့နောက် ဤသီအိုရီအရ သူသည် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် သုံးခုကို ကြားဖြတ်ဟန့်တားရေး ကိရိယာများအဖြစ် ပြုပြင်ပြောင်းလဲရန် စီစဉ်ထားသည်။ သဘာဝကျစွာပင် ၎င်းသည် သီအိုရီ အဆင့်သာ ရှိသေးပြီး အောင်မြင်ရန် လျှောက်လှမ်းရမည့် ခရီးလမ်းမှာ ရှည်လျားနေသေး၏။ သို့သော်ငြား ရှမ့်လန်တွင် အချိန် သိပ်မရှိတော့ပေ။

...

အပိုင်း (၁၂၁၈)

“အစ်ကို... ညီမတို့မှာ အချိန် သိပ်မရှိတော့ဘူး။”

မင်းသမီးလေး ကျန်းနင်က ပြောဆိုလိုက်သည်။ “ညီမ တွက်ချက်ကြည့်ပြီးပြီ။ ညီမတို့မှာ အများဆုံး အချိန် တစ်နှစ်အောက်ပဲ ရှိတော့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တော်ဝင်ရန် အင်ပါယာက သီးခြားခွဲ ကျင့်ကြံနေခဲ့တာ။ တားမြစ်မျှော်စင် အောက်မှာ တကယ်ပဲ နဂါးကြီး တစ်ကောင် ရှိနေတယ်။

မီးနဂါး ကြယ်တံခွန် ဒီလောကကြီးကို ဝင်တိုက်ပြီး လုံးဝ ပျောက်ကွယ်သွားတည်းက ဒီနဂါးရဲ့ နှလုံးခုန်သံ စတင်လာခဲ့တာ။ အစ်ကို... ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညီမ ဆွဲထားတဲ့ ပုံပါ။ နဂါးကြီးရဲ့ နှလုံးခုန်သံနဲ့ စွမ်းအင် အဆင့်ကို အပြည့်အဝ ထင်ဟပ်နေတယ်။”

မင်းသမီးလေး ကျန်းနင်က ထူထဲသော စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်သည်။ ၎င်းတွင် သက်ဆိုင်ရာ မျဉ်းကွေးများဖြင့် ပြည့်နှက်နေ၏။ ရှမ့်လန် လုံးဝ ကြောင်အသွားခဲ့ရသည်။ သူမက သူ့ကို အစ်ကိုဟု တဖွဖွ ခေါ်နေသော သူ့ရှေ့ရှိ အမွှာညီမလေးကို မယုံနိုင်စွာ ကြည့်လိုက်မိ၏။

“ညီမက သိပ်ကို အာရုံခံစားလွယ်တဲ့ လူတစ်ယောက်ပါ။”

မင်းသမီးလေး ကျန်းနင်က ဆက်ပြောလိုက်သည်။ “ညီမက အာရုံခံစားလွန်းလို့ လေတိုက်တာ၊ ဖုန်မှုန့်တွေ၊ နေရောင်ခြည်တွေကိုတောင် ထိတွေ့ခံစားလို့ မရတာလေ။ နဂါးရဲ့ နှလုံးခုန်သံကို တခြားလူတွေ မကြားနိုင်ပေမဲ့ ညီမကတော့ ခံစားလို့ ရတယ်။

အစ်ကို... အစ်ကိုက ညီမအတွက် နဂါးသေတ္တာကို ဖွင့်ပေးပြီးတည်းက ညီမ အဲဒီထဲမှာ နေ့တိုင်း နှစ်နာရီလောက် နေခဲ့တယ်။ ညီမရဲ့ ခန္ဓာကိုယ် တဖြည်းဖြည်း ပြန်ကောင်းလာတယ်။”

ကျန်းနင်က ဆိုလိုက်၏။ “ဒါပေမဲ့ နဂါးသေတ္တာထဲမှာ နှလုံးခုန်သံကို ကြားရရုံတင်မကဘူး။ သူ့ရဲ့ စွမ်းအင် အရှိန်အဝါကိုပါ ခံစားလို့ ရနေတယ်။ အဲဒါက တဖြည်းဖြည်း ပိုပြီး အားကောင်းလာတယ်။

သူ့ရဲ့ နှလုံးခုန်သံကလည်း ပိုမြန်လာပြီး ပိုပြင်းထန်လာတယ်။ သူ့နှလုံးခုန်သံက အတိုင်းအတာ တစ်ခုအထိ ရောက်သွားရင် သူ နိုးထလာလိမ့်မယ်။ အဲဒါကြောင့် တော်ဝင်ရန် အင်ပါယာက အလျှော့ပေးလိုက်တာပါ။ အင်ပါယာ ကျင့်ကြံရာကနေ ထွက်လာမယ့် နေ့ရက်ဟာ နဂါးကြီး နိုးထလာမယ့် နေ့ရက်ပါပဲ။

အဲဒီနေ့ ရောက်ရင် အင်ပါယာက နဂါးကို စီးနင်းပြီး လောကထဲက ရန်သူမှန်သမျှ အကုန်လုံး ချေမှုန်း ခံရလိမ့်မယ်။ နဂါးနောင်တက ဘယ်လောက်တောင် စွမ်းအားကြီးသလဲ။ ဒါပေမဲ့ အဲဒါက နဂါးရဲ့ ရိုးတွင်းခြင်ဆီ ကနေ လုပ်ထားတာလေ။ နဂါးကြီး နိုးထလာတာနဲ့ နဂါးနောင်တထောင်ပေါင်းများစွာထက်မက ရှိလာလိမ့်မယ်။ ညီမတို့ရဲ့ တော်ဝင်ချန်အင်ပါယာလည်း ပျောက်ကွယ်သွားရလိမ့်မယ်။ ညီမရဲ့ စောင့်ကြည့်ချက်အရဆိုရင် သူက အများဆုံး တစ်နှစ်အတွင်းမှာ နိုးထလာလိမ့်မယ်။”

အချိန်အတော်ကြာပြီးနောက် ရှမ့်လန်က မေးလိုက်သည်။ “နင်လေး... ဒီအကြောင်းကို တခြားဘယ်သူ့ကို ပြောပြခဲ့သေးလဲ။”

ကျန်းနင်က ပြောလိုက်၏။ “ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ တော်ဝင်ရန် အင်ပါယာ နန်းတော်ထဲမှာ ရှိတုန်းက ဒီအကြောင်းကို တွေးတောင် မတွေးခဲ့ဘူး။ နုရှောင့်မြို့ကို ပြန်ရောက်မှသာ အချက်အလက်တွေကို မှတ်တမ်းတင်ပြီး တွက်ချက်ကြည့်တာပါ။ နန်းတော်ထဲမှာ စာတစ်လုံးမှ မချန်ထားခဲ့သလို မယ်တော်ကြီးကိုလည်း ဘာမှ မပြောခဲ့ပါဘူး။”

မင်းသမီးလေး ကျန်းနင်သည် အချက်အချို့တွင် သူ၏ သမီး ယောင်ယောင်နှင့် တူညီသည်။ သူမသည် အလွန် ဉာဏ်ကောင်းပြီး အာရုံခံစားလွယ်ကာ ထူးခြားသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ ရှမ့်လန်သည် သူမ၏ ပုံဆွဲချက်များကို ကြည့်ရှုပြီးနောက် အားလုံးကို ဦးနှောက်ထဲတွင် မှတ်သားလိုက်ပြီး မီးရှို့ ဖျက်ဆီးပစ်လိုက်သည်။

“ဘယ်သူ့ကိုမှ မပြောနဲ့နော်။ ဒီကိစ္စကို ညီမလေး စိတ်ပူစရာ မလိုတော့ဘူး။ ညီမလေးက လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ပဲ နေပါ။”

ရှမ့်လန်သည် သူမ၏ ဦးခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ “ဒါနဲ့... ကျင်းမူကုန်းနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရလဲ။”

ကျန်းနင်က ပြောလိုက်သည်။ “အစ်ကိုကြီးက လက်ထပ်စေချင်ရင် ညီမ လက်ထပ်ပါ့မယ်။ သူ့ကို ညီမ တော်တော်လေး သဘောကျပါတယ်။ သူက ညီမ တွေ့ဖူးသမျှထဲမှာ အချစ်ဖို့အကောင်းဆုံး လူတစ်ယောက် ဖြစ်လောက်တယ်။”

ထိုစကားကို ကြားသောအခါ ရှမ့်လန်သည် စိတ်ထဲတွင် တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်။ ကျန်းနင်က အလွန် ထူးခြားလွန်းသည်။ သူမသည် အလွန် ဉာဏ်ကောင်းသော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုသည် အသက် ၁၆ နှစ်တွင် ရပ်တန့်နေခဲ့၏။ ခန္ဓာကိုယ်သာမက သူမ၏ စိတ်ခံစားမှုများပါ ရပ်တန့်နေခြင်း ဖြစ်၏။

“အစ်ကို ညီမလေးကို ဘာမှ အတင်းအကျပ် မခိုင်းပါဘူး။ အရာအားလုံးက ညီမသဘောပါပဲ။ ညီမလေး ပျော်ရွှင်ရင် ပြီးတာပါပဲ။” ရှမ့်လန်က ပြောလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ လျှင်မြန်သော ခြေသံများ ကြားလိုက်ရပြီး ကျင်းမူကုန်း၏ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ “နင်နင်... မြန်မြန်၊ မြန်မြန်... အစ်ကို လေးနာရီပဲ ခွင့်ရတယ်။ အစ်ကိုရဲ့ စာအုပ်အသစ်အတွက် ဇာတ်လမ်း အကြမ်းဖျင်း ရေးထားတယ်။ ဆုံးဖြတ်လို့မရတဲ့ အရေးကြီးတဲ့ အချက်တချို့ ရှိနေလို့... တို့ ဆွေးနွေးရအောင်...”

ထို့နောက် ကျင်းမူကုန်းသည် အခန်းထဲသို့ ဒုန်းစိုင်း ဝင်ရောက်လာခဲ့သည်။

“ယောက်ဖ...”

ကျင်းမူကုန်း ကြောင်အသွားခဲ့ရ၏။ “ကျုပ်... ကျုပ်က နင်နင်ကို လာရှာတာပါ။”

ရှမ့်လန်က ပြောလိုက်သည်။ “ဆက်လုပ်ကြလေ။”

ထို့နောက် သူသည် အပြင်သို့ ထွက်ခွာသွားခဲ့၏။

ထို့နောက် ကျင်းမူကုန်းနှင့် ကျန်းနင်တို့သည် စာအုပ်အသစ်၏ ဇာတ်လမ်းအကြမ်းဖျင်းအကြောင်း ရပ်နားခြင်း မရှိဘဲ ပြောဆိုနေကြသည်။ သူတို့၏ ဦးခေါင်းများသည် ထိကပ်လုနီးပါး ဖြစ်နေကြ၏။ သူတို့သည် အရင်းနှီးဆုံး သူငယ်ချင်းများကဲ့သို့ ဖြစ်နေသော်လည်း ချစ်သူရည်းစားများကဲ့သို့ ခံစားချက်မျိုး မရှိပေ။

အဓိကအချက်မှာ မင်းသမီးလေး ကျန်းနင်သည် အသက်မငယ်တော့သော်လည်း ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းမဲ့သော မိန်းကလေးငယ်လေး တစ်ယောက်နှင့် အလွန် တူညီနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမကို မြင်တွေ့ပြီးနောက် ကျင်းမူကုန်းသည် သူမ၏အစ်ကိုတစ်ယောက်ကဲ့သို့ တစ်သက်လုံး ကာကွယ် စောင့်ရှောက်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

........

ပျောက်ဆုံးမိစ္ဆာမယ်တော်သည် ရှမ့်လန်၏ရှေ့တွင် သူမ၏ မျက်နှာအစစ်အမှန်ကို ပြသခြင်း မရှိသေးပေ။ နှုတ်ဆက်ချိန်တွင်ပင် သူမ ပေါ်မလာခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်သည် ပင်လယ်ရေဖြင့် ပြုလုပ်ထားဆဲပင်။

“အရှင်ရှမ့်လန်... စိတ်မပူပါနဲ့။ ကျွန်မတို့က ရှေးဟောင်း အမှတ်တရတွေနဲ့ မဟာမိတ် ကတိကဝတ်တွေကို ရှင့်ထက် ပိုပြီး ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။”

မိစ္ဆာမယ်တော်က ပြောဆိုလိုက်၏။ “ဒါပေမဲ့ ရှင့်မှာ အချိန် သိပ်မရှိတော့ဘူး။ ကျွန်မတို့မှာလည်း အချိန် သိပ်မရှိတော့ဘူး။ အနောက်ဘက် ကောင်းကင်ယံမှာ စုစည်းနေတဲ့ စွမ်းအင်တွေ ပိုပြီး အားကောင်းလာတာ၊ ပိုပြီး ကြောက်စရာ ကောင်းလာတာကို ကျွန်မ ခံစားနေရတယ်။ ကျွန်မတောင်မှ တုန်လှုပ်မိတယ်။”

မိစ္ဆာမယ်တော် ပြောဆိုသော အနောက်မြောက်ဘက် ကောင်းကင်ယံ ဆိုသည်မှာ ရန်မြို့တော်၏ အထက် ကောင်းကင်ယံ ဖြစ်ပေလိမ့်မည်။ သူမသည် သာမန်လူများနှင့် ကွာခြားပြီး စွမ်းအင်အရှိန်အဝါများကို အာရုံခံနိုင်စွမ်းမှာ ပို၍ စူးရှထက်မြက်သည်။

“ဒါကြောင့် ရှင့်မှာ ဝှက်ဖဲတွေ ရှိရင် မြန်မြန် ထုတ်သုံးတော့။”

မိစ္ဆာမယ်တော်က ဆက်ပြောလိုက်၏။ “မဟုတ်ရင် အဲဒီအရာ တကယ်ထွက်လာတဲ့အခါ ရှင့်ရဲ့ တော်ဝင်ချန်အင်ပါယာ သွားပြီပဲ။ ကျွန်မတို့ ပျောက်ဆုံးနိုင်ငံရဲ့ မျိုးဆက်တွေလည်း သွားပြီပဲ။ မိစ္ဆာတြိဂံ နယ်မြေကလည်း အဲဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး။”

ရှမ့်လန် သက်ပြင်းချလိုက်မိသည်။ “ကျုပ် သိပါတယ်။ မီးနဂါး ကြယ်တံခွန် မြေကြီးကို ဝင်တိုက်ပြီး ပျောက်ကွယ်သွားတုန်းက သမိုင်းကြောင်း ပြောင်းလဲတော့မယ်ဆိုတာ ကျုပ် သိလိုက်တယ်။ ဒါပေမဲ့ အဲဒီ အချိန်ကာလက ကျုပ် ထင်ထားတာထက် ပိုပြီး အရေးကြီးနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ မိစ္ဆာမယ်တော်... ကျုပ် ခဏလောက် ခရီးထွက်ရမယ်။ နုရှောင့်မြို့ကို ကာကွယ်ပေးထားနိုင်မလား။”

မိစ္ဆာမယ်တော် က ပြောလိုက်၏။ “ကျွန်မ ပြောပြီးပြီပဲ။ ကျွန်မတို့က ရှေးဟောင်း အမှတ်တရတွေနဲ့ မဟာမိတ် ကတိကဝတ်တွေကို ရှင့်ထက် ပိုပြီး မှတ်မိပါတယ်လို့။ ရှင် စိတ်ချလက်ချ သွားနိုင်ပါတယ်။”

‘သောက်ကျိုးနည်း... ခင်ဗျား ဘာတွေ ပြောနေတာလဲ။ စိတ်ချလက်ချ သွားနိုင်ပါတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။’

သို့သော်ငြား မိစ္ဆာမယ်တော်သည် တမင်တကာ ပြောဆိုနေခြင်း ဖြစ်ပေလိမ့်မည်။ သူတို့သည် မဟာမိတ်များ ဖြစ်ကြသော်လည်း သူမသည် အငြိုးအတေး ထားရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေး ရရင် ရသလို စိတ်ဒုက္ခပေးနေခြင်း ဖြစ်သည်။

...............

ထိုညတွင် ရှမ့်လန်သည် ချောင်ယောင်းအာကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် နုရှောင့်မြို့မှ တချောင်ကို စီးနင်းကာ အနောက်ဘက်သို့ ပျံသန်းထွက်ခွာသွားခဲ့၏။

‘မူလန် အသည်းနှလုံးလေး... ယောက်ျား လာပြီ။ ရှမ့်ယီ... ဖေဖေ လာပြီ။ ပြီးတော့ အဲဒီ အမည်မသိ နဂါးကြီး... ကျုပ် လာပြီ။’

ရှမ့်လန်အတွက် အခြေအနေမှာ အလွန် ရှင်းလင်းနေသည်။ တော်ဝင်ရန် အင်ပါယာသည် ဤနှစ်များ တစ်လျှောက်လုံး တားမြစ်မျှော်စင် အတွင်း၌ အရာတစ်ခုတည်းအတွက် သီးခြားခွဲ ကျင့်ကြံနေခဲ့ခြင်း ဖြစ်၏။ နဂါး၏ ဉာဏ်အလင်းပွင့်ခြင်းပင် ဖြစ်သည်။ သူသည် နဂါးကို နိုးထစေချင်ရုံ သက်သက် မဟုတ်ဘဲ နဂါးကို နားလည်ပြီး ထိန်းချုပ်လိုခြင်း ဖြစ်ပေသည်။

ရှမ့်လန်၏ ကောက်ချက်ချမှုမှာ မှန်ကန်သည်။ တော်ဝင်ရန်အင်ပါယာ၏ တိုးတက်လာမှုသည် မီးနဂါး ကြယ်တံခွန် ပေါ်ထွန်းလာမှုနှင့် တိုက်ဆိုင်နေပေသည်။ တော်ဝင်ရန်အင်ပါယာ၏ နဂါးသည် မည်သည့်အချိန်က အကောင်ပေါက်ခဲ့သနည်း။ အဘယ်ကြောင့် မေ့မြောနေရသနည်း။ သူ မသိရှိပေ။

အနာဂတ်ကာလတွင် သိပ္ပံပညာနှင့် ရှေးဟောင်း ယဉ်ကျေးမှုများ ပေါင်းစပ်ပြီး အထွတ်အထိပ်သို့ ရောက်ရှိ သွားသည့်အခါ သူသည် အန္တိမ စွမ်းအားကို ပိုင်ဆိုင်လာပေလိမ့်မည်။ သို့သော်ငြား အနည်းဆုံး လက်ရှိအချိန်တွင်မူ နဂါးသည် ဤလောက၏ အန္တိမ စွမ်းအား ဖြစ်ပေသည်။ နဂါးနောင်တ၏ စွမ်းအားကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။

အကယ်၍ ရှမ့်လန်သာ ကျန်းလီ ထားရစ်ခဲ့သော နဂါးကို ရှာမတွေ့ပါက အင်ပါယာ နဂါးစီးနင်းလာသည့်အခါ တော်ဝင်ချန်အင်ပါယာသည် ပျက်စီးသွားရပေလိမ့်မည်။ လောကတွင် ရန်သူမရှိစေရ ဟူသော သူ၏ အိပ်မက် သည် လုံးဝ ပျက်စီးသွားရပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် လောကပေါ်၌ ဘေးကင်းသော နေရာဟူ၍ ရှိတော့မည် မဟုတ်ပေ။ နဂါးကို ထိန်းချုပ်လိုက်နိုင်သည်နှင့် တပြိုင်နက် တော်ဝင်ရန် အင်ပါယာသည် အရှေ့ဘက်လောက တစ်ခုတည်းကိုသာ မကဘဲ ဤလောကတစ်ခုလုံးကိုပါ ပေါင်းစည်းသွားပေလိမ့်မည်။

ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် အနောက်ဘက်သို့ ဆက်လက် ပျံသန်းလာခဲ့သည်။ နုရှောင့်မြို့ သည် အနောက်လောကနှင့် မိုင်ပေါင်း ၃၀,၀၀၀ ကျော် ကွာဝေး၏။ တချောင်ပင်လျှင် အကြိမ်ပေါင်းများစွာ ရပ်နားပြီး အနားယူရသည်။

သို့သော်ငြား သူသည် တစ်ဦးတည်းသော ခရီးသည် မဟုတ်ပေ။ အရှေ့လောကနှင့် အနောက်လောကကြား ကုန်သွယ်မှုသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ လမ်းတစ်လျှောက်တွင် ကုန်သည်သင်္ဘောအုပ်စုများကို တွေ့မြင်နေရ၏။

သုံးရက်နှင့် လေးည ကြာပြီးနောက် ရှမ့်လန်သည် နောက်ဆုံး၌ အနောက်လောက၏ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့၏။ သူသည် ရင်းနှီးကျွမ်းဝင်သော ယမ်းစိမ်းကျွန်းကို တဖန် ပြန်လည် တွေ့မြင်လိုက်ရသည်။ ၎င်းသည် အမေဇုန်အင်ပါယာ၏ မွေးမြူရေး ကျွန်းတစ်ကျွန်းလည်း ဖြစ်၏။

ငါးနှစ် ကြာပြီးနောက် ရှမ့်လန်သည် နောက်ဆုံးတွင် အနောက်လောကသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ ယမ်းစိမ်းကျွန်းသည် များစွာ ပြောင်းလဲသွားခဲ့လေပြီ။ ကြီးမားသော ကျောက်ထုတ်လုပ်ရာ စခန်းကြီးတစ်ခု ဖြစ်လာခဲ့ပြီး လူများဖြင့် ပြည့်နှက်နေသည်။ ကျွန်းပေါ်တွင် အိမ်ခြေများဖြင့် ပြည့်နှက်နေပြီး သင်္ဘော တစ်ဒါဇင်ကျော် ဆိုက်ကပ်ထားနိုင်သော ဆိပ်ကမ်းကြီး တစ်ခုပင် ရှိနေသေးသည်။

သင်္ဘောတိုင်းတွင် တော်ဝင်ချန်အင်ပါယာ၏ အလံကို လွှင့်ထူထားကြသည်။ ကျွန်းပေါ်တွင် တပ်စွဲ ထားသော တပ်ဖွဲ့များသည်လည်း တော်ဝင်ချန်အင်ပါယာမှ ဖြစ်ကြ၏။ သူ၏ လက်အောက်ငယ်သားများသည် အလွန် ထူးချွန်ကြသည်။ သူ၏ အမိန့်မပါဘဲ ကိစ္စများစွာကို ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ကြ၏။

သူ သတိမထားမိလိုက်မီမှာပင် တော်ဝင်ချန်အင်ပါယာ၏ ဩဇာအာဏာသည် ပင်လယ် မိုင်ပေါင်းသောင်းချီ ကျော်လွန်သည့်တိုင် ပြန့်နှံ့သွားခဲ့လေပြီ။ အမေဇုန် ဘုရင်မအီဒါ သည် သူ့အတွက် သမီးလေးတစ်ယောက် မွေးဖွားပေးခဲ့သည်။ ရှမ့်လန်သည် သမီးဖြစ်သူကို အလွန် တွေ့ဆုံချင်သော်လည်း သူ့တွင် အချိန်မရှိပေ။

သူသည် သက်ပြင်းတစ်ချက်ချကာ ဆက်လက် ပျံသန်းသွားခဲ့၏။ မကြာမီ ရှမ့်လန်သည် ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်အပေါ်သို့ ရောက်ရှိလာခဲ့ပြီး ဧကရီမြို့တော်အသစ်ကို တွေ့မြင်လိုက်ရသည်။

ဤနေရာသည် တစ်ချိန်က အနောက်လောကရှိ သူ၏ အခြေစိုက်စခန်း ဖြစ်ခဲ့ဖူး၏။ မူလန်ကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။ ယခုအခါ မြို့ကြီးတစ်မြို့ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ အနည်းဆုံး လူဦးရေ နှစ်သိန်း၊ သုံးသိန်းခန့် ရှိမည် မဟုတ်ပါလား။ ထို့အပြင် အဆောက်အအုံများကို သဟဇာတ ဖြစ်အောင် တည်ဆောက်ထားသဖြင့် အထူးပင် လှပနေ၏။

ဆိပ်ကမ်းသည် ပို၍ပင် စည်ကားနေသေး၏။ အလံများ၏ ထက်ဝက်မှာ ရှီလွန် အင်ပါယာ၏ အလံများ ဖြစ်ကြပြီး ကျန်ထက်ဝက်မှာ တော်ဝင်ချန်အင်ပါယာ၏ အလံများ ဖြစ်ကြသည်။ ထို့အပြင် ဧကရီမြို့တော် ကောင်းကင်ယံ တစ်ခုလုံးတွင် တော်ဝင်ချန်အင်ပါယာ၏ အလံများဖြင့် ပြည့်နှက်နေသည်။ မြို့ရိုးပေါ်ရှိ တပ်ဖွဲ့ဝင်များသည်လည်း တော်ဝင်ချန်အင်ပါယာ၏ သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

...

နောက်ထပ် နာရီအနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ရွှေကျောက်စိမ်းမြို့တော် ကောင်းကင်ယံ၊ ရော့ဆို မိသားစု ရဲတိုက်၏ အထက်သို့ ရောက်ရှိလာခဲ့၏။

‘ချစ်ရတဲ့ မူလန်... မင်း ယောကျ်ား ရောက်လာပြီ။’

သူသည် အောက်မှ လူများကို သတိပေးသည့် အနေဖြင့် ကောင်းကင်ယံတွင် ဦးစွာပထမ လှည့်ပတ် ပျံသန်းလိုက်သည်။ ထို့နောက် သူ ဆင်းသက်လိုက်၏။ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် အမျိုးသမီးတစ်ဦး၊ လူငယ်တစ်ဦးနှင့် ကလေးတစ်ယောက်တို့သည် သူ့ထံသို့ ပြေးလာကြ သည်။

ထိုလူငယ်သည် ခြေလှမ်းအနည်းငယ် ပြေးလာပြီးနောက် နေရာမှာပင် ရပ်တန့်သွားခဲ့၏။ သူသည် ရှမ့်လန်ကို မျက်ရည်များ ဝဲလျက် ကြည့်ရှုကာ အက်ကွဲသောအသံဖြင့် ခေါ်လိုက်သည်။ “ဖေ... ဖေဖေ...”

ရှမ့်လန်၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ရှေ့မှ ချောမောခန့်ညားသော လူငယ်လေးကို ကြည့်ရှုရင်း တုန်ယင်သောအသံဖြင့် ပြောလိုက်၏။ “ရှမ့်ယီ... ယီလေး... မင်းက ဒီလောက်တောင် ကြီးသွားပြီလား။”

..........

ရှမ့်ယီသည် ယခုအခါ အသက် ၉ နှစ် ဝန်းကျင်ခန့် ရှိပြီ ဖြစ်သည်။ နာမည်ခံ အသက်အရ ၁၀ နှစ် ဝန်းကျင်ခန့် ရှိပြီ ဖြစ်သော်လည်း ၁၃ နှစ်၊ ၁၄ နှစ်အရွယ် လူပျိုပေါက်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ၏ အရပ်မှာ ၁.၇ မီတာ (၅ ပေ ၇ လက်မ) နီးပါး ရှိနေပြီ ဖြစ်၏။ တကယ်ကို အရပ်ရှည်လွန်းလှပေသည်။

သူ၏မျက်နှာတွင် ကလေးဆန်မှုများ ကျန်ရှိနေသေးသော်လည်း အနာဂတ်တွင် ဤကောင်လေးသည် ရှမ့်လန်ထက် ပိုမို ချောမောခန့်ညားလာပေလိမ့်မည်။ သို့သော်ငြား ရှမ့်လန်၏ စိတ်ထဲတွင် ရှမ့်ယီ၏ ငယ်ဘဝ ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။ သူတို့ လမ်းခွဲခဲ့စဉ်က ရှမ့်ယီသည် အသက် နှစ်နှစ်ခန့်သာ ရှိသေး၏။ သူ မွေးဖွားလာစဉ်က အခြားသော ကလေးများထက် ပိုမို ဉာဏ်ကောင်းပြီး ကောက်ကျစ်စဉ်းလဲခဲ့သည်။ မွေးကင်းစ အရွယ်မှာပင် လူစကားကို နားလည်ခဲ့၏။

သို့သော်ငြား မွေးကင်းစ အရွယ်တည်းက မူလန်ကို သေလုမြောပါး ဒုက္ခပေးခဲ့သောကြောင့် ရှမ့်လန်သည် အလွန် ကလေးဆန်စွာဖြင့် သူ့ကို အပြစ်တင်ခဲ့ဖူးသည်။ ရှမ့်လန်သည် ရှမ့်ယီ ကလေးဘဝတုန်းက ပွေ့ဖက်ခြင်းမျိုး ရှားပါးခဲ့၏။ ထိုအချိန်တုန်းက ရှမ့်လန်သည် ရှမ့်မီကို အချစ်ဆုံး ဖြစ်ခဲ့သည်။ သူသည် ဘယ်လက်ဖြင့် ရှမ့်မီ၊ ညာလက်ဖြင့် ရှမ့်လီ တို့ကို ပွေ့ချီလေ့ရှိပြီး ရှမ့်ယီမှာမူ မြေကြီးပေါ်တွင် ရပ်လျက် ငိုကြွေးနေတတ်သည်။

မူလန် အသွင်ပြောင်းပြီးနောက် သူမသည်လည်း အလုပ်များနေခဲ့၏။ သူမသည် နေ့တိုင်းလိုလို အပြင်ထွက် တိုက်ခိုက် နေရသည်။ ထို့ကြောင့် ရှမ့်ယီ ငယ်စဉ်က ပင်းအာ ကသာ သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရသည်။ ပင်းအာ၏ နှုတ်ကျိုးနေသော စကားမှာ “ဘာလုပ်နေကြတာလဲ၊ ဘာလို့ ဒီကလေးလေးကို ဒီလို ဆက်ဆံနေကြတာလဲ။” ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ရှမ့်လန်၏ မှတ်ဉာဏ်ထဲတွင် ရှမ့်ယီသည် အချိန်အများစု၌ ငိုကြွေးနေတတ်သူ ဖြစ်၏။ မိဘများ၏ ခြေထောက်ကို ဖက်တွယ်ကာ မြေကြီးပေါ် လူးလိမ့်နေတတ်သည်။ မျက်ရည်မထွက်ဘဲ အော်ဟစ်ငိုကြွေး တတ်သော အမျိုးအစား ဖြစ်၏။

အတိုချုပ် ပြောရလျှင် ရှမ့်ယီ ငယ်စဉ်က ဉာဏ်ကောင်းပြီး ကောက်ကျစ်စဉ်းလဲသူ၊ မြေကြီးပေါ်တွင် လူးလိမ့်နေတတ်သူ ဖြစ်သည်။ ဤသည်မှာ ရှမ့်လန်တွင် ရှိသော ရှမ့်ယီအပေါ် အမြင်ပင် ဖြစ်၏။ သို့သော်ငြား ယခုအခါ သူသည် ဤမျှလောက် ကြီးပြင်းလာခဲ့လေပြီ။ သူသည် တည်ငြိမ်သည်၊ ချောမောသည်၊ အကဲခတ် တော်သည်၊ ရင့်ကျက်သည်၊ ဉာဏ်ပညာ ကြီးမားလှပေသည်။

ခေတ္တမျှ ရှမ့်လန် နေရခက်သွားခဲ့ရသည်။ သူသည် မတော်တဆ ရှမ့်ယီ၏ ကြီးပြင်းလာမှုများကို လွဲချော်ခဲ့ရသည်။ ဤသည်မှာ သူ့သား ဖြစ်ပြီး သူ အချစ်ဆုံး ကလေး ဖြစ်သင့်၏။

All Chapters