← Chapters

အခန်း (၁၂၂၁-၁၂၂၂)

Vol. 70 Ch. 1221-1222

အခန်း (၁၂၂၁-၁၂၂၂)

Vol. 70 Ch. 1221-1222

အပိုင်း (၁၂၂၁)

ထိုညတွင် ရှမ့်လန်သည် ဒီဘိုရာ၏ အခန်းတွင် အိပ်စက်ခဲ့သည်။ သူမသည် အလိမ္မာဆုံးနှင့် အရိုင်းစိုင်းဆုံး ကြောင်မလေး တစ်ကောင် ဖြစ်လာခဲ့၏။ ထို့အပြင် သူမ တစ်ခွန်းတည်းသော စကားကို ပြောဆိုခဲ့သည်။ သူမသည် သမီးလေးတစ်ယောက် လိုချင်ပြီး သူမ၏ ဘေးနားတွင် ထာဝရ ထားရှိချင်သည် ဟူ၍ပင်။

ဤစကားတစ်ခွန်းတည်းနှင့်ပင် ရှမ့်လန် အရာများစွာကို အာရုံခံစားမိလိုက်သည်။ ဒီဘိုရာသည် အလွန် အန္တရာယ်များသော ကြိုတင်စီစဉ်ထားသည့် အကြံအစည်များကို အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ သူမ၏ စိတ်ကူးထဲတွင် လိုကီသည် တော်ဝင်ချန်အင်ပါယာ၏ မင်းသား ဖြစ်လာရုံ သက်သက် မဟုတ်ပေ။

ဟယ်လင်သည် အိမ်ထောင်မပြုသေးသလို ဤတစ်သက်လုံး အိမ်ထောင်ပြုမည့်ပုံလည်း မပေါ်ပေ။ ထို့အပြင် သူမသည် လိုကီကို အလွန် ချစ်မြတ်နိုးသည်။ လိုကီသည် သူမ၏ အဒေါ် ဟယ်လင်နှင့် အလွန် တူညီကြောင်း ဒီဘိုရာက အမြဲတစေ အလေးပေး ပြောဆိုလေ့ ရှိသည်။ ထို့ကြောင့် အနာဂတ်တွင် သူမသည် ဟယ်လင်အား လိုကီကို သားအဖြစ် မွေးစားစေလိုပြီး ဒုတိယ အင်ပါယာ နေရာကို ဆက်ခံစေလိုခြင်း ဖြစ်သည်။

တော်ဝင်ချန်အင်ပါယာ ပိုမို အင်အားကြီးမားလာသည့် အချိန်တွင်ပင် သူမသည် ဟယ်လင်အား ရှီလွန် အင်ပါယာ၏ ထီးနန်းကို သိမ်းပိုက်စေပြီး လိုကီကို ရှီလွန်အင်ပါယာ ဖြစ်လာစေရန် ကူညီပေးဖို့ စီစဉ်ထား၏။

သဘာဝကျစွာပင် ဤကိစ္စမှာ အလွန် ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် လိုကီသည် ဟယ်လင်၏ တူတော်စပ်သော်လည်း သူ့တွင် ရှီလွန် အင်ပါယာ၏ သွေးသား မပါဝင်သောကြောင့် ဖြစ်၏။ သို့သော်ငြား အနည်းဆုံး လက်ရှိအချိန်တွင် ရော့ဆို မိသားစု၏ သဘောထားမှာ အလွန် ရှင်းလင်းနေသည်။

သူတို့သည် မြောက်ပိုင်းနှင့် တောင်ပိုင်း ပြန်လည်သင့်မြတ်ရေးကို အားပေးခြင်းမရှိသည့်အပြင် ရှီလွန် အင်ပါယာ၏ မြောက်ပိုင်းနှင့် တောင်ပိုင်း ဆန့်ကျင်ဘက် ဆက်ဆံရေးကို အဆက်မပြတ် စုတ်ဖြဲပစ်နေကြသည်။ ထို့အပြင် သူသည် စစ်ရေး အင်အားကို အဆက်မပြတ် တိုးချဲ့ရန် နည်းလမ်းများကို စဉ်းစားနေ၏။

ဤကိစ္စရပ်အားလုံးနှင့် ပတ်သက်၍ ရှမ့်လန်သည် အားပေးလိုစိတ် မရှိသော်လည်း တားဆီးရန်လည်း ရည်ရွယ်ချက် မရှိပေ။ သူ့တွင် ဤရည်မှန်းချက် မရှိသော်လည်း ဒီဘိုရာတွင် ဤရည်မှန်းချက် ရှိနေသည်ကို သူ တားဆီး၍ မရနိုင်ပေ။ ထို့အပြင် သူသည် အင်ပါယာ ဆော်ရွန်ကို အလွန် မကျေမနပ် ဖြစ်နေမိသည်။

သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။ ရုတ်တရက် နှင်းလင်းယုန်တစ်ကောင်သည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ၎င်းမှာ ဒီဘိုရာ၏ ပထမဆုံးသော လူယုံတော်နှင့် ဆရာဖြစ်သူ မြို့စားကြီး ပိုင်တင်ပင် ဖြစ်၏။

လွန်ခဲ့သော ကာလအနည်းငယ်က အနောက်မြောက်ဘက်တွင် ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ မူလန်နှင့် ဘိုးဘေးလော်တို့က နဂါးကြီး မွေးဖွားလာတော့မည်ဟု သံသယရှိကြသဖြင့် ချက်ချင်းပဲ လိုက်လံ ရှာဖွေခဲ့ကြသည်။ ပိုင်တင် သည်လည်း သူတို့နောက်သို့ လိုက်ပါသွားခဲ့သည်။

“အရှင်... အရှင်... နဂါးကြီး မွေးဖွားလာပါပြီ။ နဂါးကြီး မွေးဖွားလာမှုက အန်းရှီးမြို့ တစ်မြို့လုံးကို ပြာကျသွားစေခဲ့ပါပြီ။ အန်းရှီးမြို့ တစ်မြို့လုံး အပျက်အစီး အစအနအဖြစ် လုံးဝ ပြောင်းလဲ သွားခဲ့ပါပြီ။ မြို့ထဲက လူပေါင်း နှစ်သိန်းကျော် အားလုံး သေဆုံးသွားခဲ့ရပါပြီ။”

..........

ပိုင်တင်၏ စကားတစ်ခွန်းတည်းဖြင့် လူတိုင်း၏ နဂါးနှင့်ပတ်သက်သော စိတ်ကူးယဉ် အိပ်မက်များကို ရိုက်ချိုးပစ်လိုက်သည်။ လူအများစုက နဂါးဆိုသည်မှာ မြင့်မြတ်သည်၊ သည်းခံခွင့်လွှတ်တတ်သည်၊ ချစ်ခင်တတ်သည်၊ နက်နဲဆန်းကြယ်သည်ဟု ထင်မြင်ယူဆတတ်ကြ၏။ သဘာဝကျစွာပင် သူတို့သည် မြင့်မြတ်ပြီး နက်နဲဆန်းကြယ်ကြသည်မှာ မှန်ကန်သော်လည်း သူတို့သည် ပျက်စီးခြင်းဟုလည်း အဓိပ္ပာယ် ရပေသည်။

အရှေ့တိုင်းနှင့် အနောက်တိုင်း ဒဏ္ဍာရီ နှစ်ခုလုံးတွင် နဂါးများ ရှိကြ၏။ အရှေ့တိုင်း ဒဏ္ဍာရီလာ နဂါးများသည် ကြင်နာတတ်သူများ မဟုတ်သော်လည်း အင်ပါယာကဲ့သို့သော မြင့်မြတ်ခြင်းကို ပိုင်ဆိုင်ကြပြီး ကောင်းကင်ဘုံ ကိုးလွှာအထက်တွင် ပျံသန်းကြသည်။ အနောက်တိုင်း ဒဏ္ဍာရီလာ နဂါးများမှာမူ မီးလျှံ၊ သေခြင်းတရား၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အေးစက်မှုတို့ကို ကိုယ်စားပြုကြ၏။

ကျန်းလီ အကောင်ပေါက်အောင် ပြုလုပ်ခဲ့သော နဂါးသည် မည်သည့်အမျိုးအစား ဖြစ်သည်ကို မည်သူမှ မသိရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ဤနဂါးနှစ်မျိုးလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် လောကမြေပေါ်ရှိ ဒဏ္ဍာရီများကို အခြေခံထားသောကြောင့် ဖြစ်သည်။

သို့သော်ငြား အနည်းဆုံး ဤနဂါးကမူ အလွန် ရက်စက်ကြမ်းကြုတ်သည်၊ ကြောက်မက်ဖွယ် ကောင်းသည်၊ ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးမားလှပေသည်။ လူဦးရေ နှစ်သိန်းကျော် နေထိုင်သော မြို့တစ်မြို့ကို မြို့ကြီးတစ်မြို့ဟု သတ်မှတ်နိုင်သော်လည်း ၎င်းက အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။ လူပေါင်း နှစ်သိန်းကျော် သည် ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရ၏။ ဤသည်မှာ နဂါးနောင်တထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေ၏။

...........

ရွှေကျောက်စိမ်းမြို့တော်တွင် ပျံသန်းရေး သားရဲများ မရှိချေ။ ဘိုးဘေးလော်က ၁၀ ကောင်ကျော် ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။ ပိုင်တင် မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်တွင် ရှမ့်လန်နှင့် ဒီဘိုရာတို့သည် အခန်းထဲမှ ထွက်လာပြီ ဖြစ်သည်။ သူ မနေနိုင်ဘဲ လန့်ဖျပ်သွားရပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ဦးတိုက်လိုက်၏။ “အရှင်... ကျုပ် ဂါရဝပြုပါတယ်။”

ယခုအချိန်တွင် ပိုင်တင်၏ သဘောထားသည် လွန်ခဲ့သော နှစ်အနည်းငယ်ကထက် များစွာ ပိုမို လေးစားသမှု ရှိနေသည်။ လွန်ခဲ့သော နှစ်များတည်းက သူသည် ရှမ့်လန်ကို လေးစားခဲ့သော်လည်း ယခုကဲ့သို့ မဟုတ်ပေ။

စွမ်းအားဟူသည် မည်မျှ အရေးကြီးကြောင်း တွေ့မြင်နိုင်ပေသည်။ ပိုင်တင်သည် လူကြီးလူကောင်း ပီသသူ တစ်ဦး ဖြစ်သော်လည်း သူ၏ သဘောထား ပြောင်းလဲသွားခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင် ဖြစ်သည်။

ယခင်က သူ ရှမ့်လန်ကို လေးစားရခြင်းမှာ ဒုတိယ အင်ပါယာ ဟယ်လင်၏ မောင်ဖြစ်သောကြောင့် ဖြစ်၏။ ယခုအခါတွင်မူ ရှမ့်လန်၏ နောက်ကွယ်တွင် တော်ဝင်ချန်အင်ပါယာတစ်ခုလုံး အစစ်အမှန် ရှိနေသောကြောင့် လေးစားရခြင်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ပိုင်တင်... အသေးစိတ် ရှင်းပြပါအုံး။”

“ဟုတ်ကဲ့ပါ အရှင်...”

ပိုင်တင်က ပြောလိုက်၏။ “လွန်ခဲ့တဲ့ လဝက်လောက်တည်းက ဒီမြေပြင်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်နေခဲ့ပါတယ်။ ငလျင်တွေ ခဏခဏ လှုပ်ခတ်နေတဲ့အတွက် နဂါး ဆင်းသက် လာတာနဲ့ ပတ်သက်နိုင်တယ်လို့ မိဖုရားခေါင်ကြီးနဲ့ ဘိုးဘေးလော်တို့က ခံစားမိခဲ့ကြပါတယ်။ ဒါကြောင့် နယ်စားကြီးက ကျုပ် လက်အောက်က အသန်မာဆုံး စစ်သည် ၁၀ ယောက်ကျော်ကို စေလွှတ်ပြီး ငလျင်ရဲ့ဇာစ်မြစ်ကို ရှာဖို့ မိဖုရားခေါင်ကြီး နောက်ကို လိုက်ပါစေခဲ့ပါတယ်။”

ရှမ့်လန် ခေါင်းညိတ်လိုက်၏။ ဤကောက်ချက်ချမှုမှာ အလွန် ကျိုးကြောင်းဆီလျော်ပေသည်။ နဂါးတစ်ကောင် သည် စွမ်းအင် အလုံအလောက် စားသုံးပြီးပါက အိပ်စက်ခြင်းကာလသို့ ရောက်ရှိသွားပြီး အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်လေ့ ရှိသည်။ အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားသည်နှင့် တပြိုင်နက် မြေကြီးကိုခွဲပြီး ထွက်ပေါ်လာတတ်သည်။

ပုံမှန်အားဖြင့် ၎င်းတို့သည် မြေအောက် သို့မဟုတ် ပင်လယ်ရေနက်ပိုင်းတွင် အိပ်စက်လေ့ ရှိကြသည်။ နိုးထလာသောအခါ မြေကြီး၌ ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်စေပြီး ငလျင်လှုပ်ခတ်စေတတ်၏။

ပိုင်တင်က ဆက်လက် ပြောဆိုလိုက်သည်။ “ကျုပ်တို့ လမ်းတစ်လျှောက်လုံး ပျံသန်းပြီး ငလျင်ရဲ့ ဇာစ်မြစ်ကို လိုက်ရှာခဲ့ကြတယ်။ ဒါပေမဲ့ ငလျင်တွေက ပိုပိုပြီး စိပ်လာတာကို တွေ့ရတယ်။ နောက်ဆုံးမှာ အန်းရှီးမြို့နားမှာ အင်အားပြင်းတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားလို့ ကျုပ်တို့ အမြန်ဆုံး ပျံသန်းသွားခဲ့ကြတယ်။ ဒါပေမဲ့ မိုင်တစ်ရာလောက် အကွာအဝေးကို ရောက်တော့ မကြုံစဖူး မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတယ်။”

ဤအကြောင်းပြောပြရင်း ပိုင်တင်သည် အသက်ရှူကျပ်လာပြီး တုန်ယင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမြင်ကွင်းသည် သူ၏ ဝိညာဉ်ကို မကြုံစဖူး တုန်လှုပ်ချောက်ချားစေခဲ့ကြောင်း ထင်ရှားလှ၏။

“အဲဒီအချိန်တုန်းက မြေကြီးထဲကနေ အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်နဲ့ မြေကြီး တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းတဲ့ အစိမ်းရောင် မီးတောက်တွေ ဝါးမြိုသွားခဲ့ပါတယ်။ ကျုပ်တို့ ဘာမှ မမြင်ရပါဘူး။ နဂါးကြီးရဲ့ ပုံသဏ္ဍာန်ကိုတောင် မမြင်ရပါဘူး။

လောကမြေကြီးကို တုန်လှုပ်စေတဲ့ ပေါက်ကွဲမှုကြီးရယ်။ ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းအင်တွေရယ်။ အန်းရှီးမြို့ တစ်မြို့လုံးကို ချက်ချင်း လွှမ်းခြုံသွားတဲ့ မီးတောက်ကြီးတွေ ရယ်ကိုပဲ မြင်လိုက်ရပါတယ်။ မိုင်ပေါင်းရာချီ ဝေးကွာနေတာတောင်မှ ကျုပ်တို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။”

ရှမ့်လန် အံ့အားသင့်သွားပြီး မေးလိုက်သည်။ “နဂါးက ကောင်းကင်ပေါ်ကနေ မီးမှုတ်တာ မဟုတ်ဘူးလား။”

“မဟုတ်ပါဘူး။”

ပိုင်တင်က ဖြေလိုက်သည်။ “ကျုပ်တို့က သိပ်ဝေးနေတော့ သေချာ မမြင်ရပါဘူး။ ပြီးတော့ ညအချိန် ဖြစ်နေတော့ ကျုပ်တို့ မြင်လိုက်ရတာက မီးတောက်တွေပါပဲ။ အရှေ့လောက စစ်ပွဲတုန်းက အသုံးပြုခဲ့တဲ့ နဂါးနောင်တလိုမျိုး ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ မီးတောက်တွေပါပဲ။”

ရှမ့်လန်၏ ဦးရေပြားများ ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤနဂါးကြီးသည် ‘Game of Thrones’ ထဲမှ နဂါးထက် များစွာ ပိုမို စွမ်းအားကြီးမားလှ၏။

ပိုင်တင်က ဆက်ပြောလိုက်သည်။ “ကျုပ်တို့ အမြန်ဆုံး ပျံသန်းသွားခဲ့ပေမဲ့ မိုင်အနည်းငယ် အကွာအဝေးကို ရောက်တဲ့အခါ သားရဲပျံတွေ အကုန်လုံး ရပ်တန့်သွားကြတယ်။ သူတို့ ရှေ့ဆက်မတိုးရဲတော့ဘဲ ပျံတောင် မပျံသန်းနိုင်တော့ဘူး။ မြေကြီးပေါ်မှာ ဝပ်ပြီး တုန်ယင်နေကြတယ်။ ကျုပ်တို့လည်း သားရဲပေါ်က ဆင်းပြီး ခြေကျင် ပြေးသွားရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး။

ကျုပ်တို့ အန်းရှီးမြို့ကို ရောက်တဲ့အချိန်မှာ မီးတွေတောင် ငြိမ်းနေပါပြီ။ ဘာလို့လဲဆိုတော့ လောင်စရာ ဘာမှ မကျန်တော့လို့ပါ။ ကျောက်တုံးတွေ အကုန်လုံး အရည်ပျော်ကျကုန်ပြီး မြို့တစ်မြို့လုံးက အပျက်အစီးတွေ ဖြစ်ရုံတင်မကဘဲ ပြာမှုန့်တွေနဲ့ ပြည့်နှက်နေပါတယ်။ မြို့ထဲက လူတွေကတော့ အကုန်လုံး ပြာကျသွားခဲ့ပါပြီ။

မြို့အစွန်နားက အနည်းငယ် နဂိုအတိုင်း ကျန်နေတဲ့ အလောင်းတွေတောင်မှ မီးလောင်ကျွမ်းပြီး ပြာကျနေပါပြီ။ ကျုပ်တို့ အဲဒီကိုရောက်တဲ့အချိန်မှာ နှင်းတွေ ကျနေပါတယ်။ ဒါပေမဲ့ အဲဒါက နှင်းအစစ် မဟုတ်ပါဘူး။ ပြာမှုန့်ဖြူဖြူတွေပါ။”

ရှမ့်လန်က မေးလိုက်သည်။ “မူလန်နဲ့ ဘိုးဘေးလော်ကော...”

ပိုင်တင်သည် ဦးစွာပထမ တစ်ဖက်သို့ လှည့်ကာ ဦးညွှတ်လိုက်ပြီး ဂါရဝပြုလိုက်၏။ “အရှင်မင်းသား...”

ရှမ့်ယီ ဤနေရာတွင် ရှိနေသည်ကိုး။ ဤပိုင်တင် ဆိုသူမှာ တကယ်ကို စေ့စပ်သေချာလွန်းလှပေသည်။ ရှမ့်ယီကို ဦးညွှတ်ပြီးနောက် ပိုင်တင်က ပြောလိုက်သည်။

“မိဖုရားခေါင်ကြီးနဲ့ ဘိုးဘေးလော်က အဲဒီနဂါးကြီးနောက်ကို ဆက်လိုက်သွားကြပါတယ်။ ဘာလို့လဲဆိုတော့ သူ ဖြတ်ပျံသွားတဲ့ နေရာတွေက မြေကြီးတွေ အကုန်လုံး တူးခြစ်ပြီး မီးလောင်ထားတဲ့အတွက် ခြေရာလက်ရာတွေက သိပ်ကို ထင်ရှားနေလို့ပါ။”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်ပိုင်တင်... ခင်ဗျား ပင်ပန်းသွားပြီ။ ကျုပ်တို့ ချက်ချင်း ထွက်ခွာကြမယ်။”

ထို့နောက် ရှမ့်လန်သည် အိပ်ခန်းထဲသို့ အလျင်အမြန် ပြန်ဝင်သွားပြီး ရှေးဟောင်း သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်လိုက်၏။

“ဖေဖေ...” ရှမ့်ယီက တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူလည်း လိုက်ပါချင်နေခြင်း ဖြစ်၏။

“မလိုက်နဲ့။ မင်း ဒီမှာပဲ နေခဲ့...”

ရှမ့်လန်က ပြောလိုက်သည်။ “မင်းက အင်အားလုံလောက်ပြီ ဆိုပေမဲ့ ဒီအခြေအနေမှာ ငယ်လွန်းသေးတယ်။”

ဒီဘိုရာက ပြောလိုက်၏။ “အရှင်... ကျွန်မ လိုက်ခဲ့ပါမယ်။”

“မလိုက်နဲ့။ မင်းလည်း ရွှေကျောက်စိမ်းမြို့တော် မှာပဲ နေခဲ့...”

ရှမ့်လန်က ပြောလိုက်သည်။ “အဲဒါက ရှေးဟောင်း သားရဲကြီးပဲ။ ငါ့အဖေ ကျန်းလီက အကောင်ပေါက်အောင် လုပ်ခဲ့တာ ဆိုပေမဲ့ ယဉ်ပါးအောင် မလုပ်ရသေးဘူး။ သူ့ရဲ့ ထွက်သက်လေ တစ်ချက်က လူတွေကို ပြာကျ သွားစေနိုင်တယ်။ ဒါကြောင့် မင်းတို့ လုံးဝ စွန့်စားလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါက မတူဘူး။ ငါ့မှာ ကာကွယ်ရေး အစီအမံတွေ ရှိတယ်။”

သံချပ်ကာ ဝတ်ဆင်ပြီးနောက် ရှမ့်လန်သည် ရှမ့်ယီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် လိုကီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး အသံလှိုင်း ပျံသန်းရေး သားရဲပေါ်သို့ တက်ရောက်ကာ ကောင်းကင်ယံသို့ ပျံတက်ပြီး အန်းရှီးမြို့ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့၏။

ပိုင်တင်သည်လည်း ရှမ့်ယီ၏ အသံလှိုင်း ပျံသန်းရေး သားရဲကို စီးနင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက လုံလောက်အောင် လျင်မြန်သောကြောင့်ပင်။

ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသော ရှမ့်လန်ကို ကြည့်ရင်း လိုကီက ရုတ်တရက် မေးလိုက်သည်။ “ကိုကို... အဲဒီနဂါးက ကျုပ်တို့မိသားစု ပိုင်တာလား။”

ရှမ့်ယီက ဖြေလိုက်သည်။ “ဟုတ်တယ်။ အဲဒါ ငါတို့ ကျန်းမိသားစု ပိုင်တာ။”

လိုကီသည် ချက်ချင်းပဲ ဒီဘိုရာကို ကြည့်ကာ မေးလိုက်၏။ “မေမေ... အင်ပါယာ ဆော်ရွန် မှာရော နဂါး ရှိသလား။”

မြို့စား ဒီဘိုရာက ခေါင်းခါလိုက်သည်။ “သူ့မှာ မရှိပါဘူး။”

အသက် ၆ နှစ်ပင် မပြည့်သေးသော လိုကီ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့သည်။ သူ့တွင် အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့သည်။ ‘ဆော်ရွန်မှာ နဂါးမရှိရင် ဘယ်လိုလုပ် အင်ပါယာ ဖြစ်နိုင်မှာလဲ။’

ဒီဘိုရာသည် ရှေ့သို့ တိုးသွားပြီး သားဖြစ်သူကို ပွေ့ချီလိုက်၏။

“မေမေ ရှေးဟောင်းစာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ ကျန်းမိသားစုက ရှေးခေတ်တည်းက တော်ဝင်မိသားစု ဖြစ်ခဲ့တာ။ သားနဲ့ ကိုကိုရှမ့်ယီ တို့က ဘိုးဘေးတွေရဲ့ ဘုန်းဂုဏ်ကျက်သရေကို ပြန်လည် ထူထောင်ရမယ်။ ပြီးတော့ ဘိုးဘေးတွေထက် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ အုတ်မြစ်ကို တည်ဆောက်ရမယ်။”

သူမ ပြောဆိုလိုက်သော စကားများသည် အနောက်တိုင်း အငွေ့အသက် မရှိတော့ဘဲ စစ်မှန်သော အရှေ့တိုင်း စကားလုံးများ ဖြစ်နေသည်။ ရှမ့်ယီသည် သူ၏အဒေါ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ညီလေးကို ကြည့်လိုက်၏။ သူသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူ ဖြစ်သည့်အတွက် အဒေါ်ဒီဘိုရာ၏ အတွေးများကို ပိုမို ရှင်းလင်းစွာ သိရှိနားလည်ထားသည်။

...............

ရှမ့်လန်နှင့် ပိုင်တင်တို့သည် အနောက်မြောက်ဘက်သို့ တောက်လျှောက် ပျံသန်းလာခဲ့ကြ၏။ “အန်းရှီးမြို့ က ရွှေကျောက်စိမ်းမြို့တော် နဲ့ မိုင် ၃,၅၀၀ လောက် ဝေးပါတယ်။ အဲဒါက ကျွန်းဆွယ်တစ်ခုဖြစ်ပြီး မြို့ပြနိုင်ငံ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ အချိန်အကြာကြီး ရှီလွန်မင်းဆက်အပေါ် သစ္စာရှိခဲ့ပေမဲ့ ဒုတိယ ရှီလွန် အင်ပါယာ လက်ထက်မှာ လွတ်လပ်တဲ့ မြို့ပြနိုင်ငံ ဖြစ်လာခဲ့ပြီး ရှီလွန် မင်းဆက်နဲ့ ဆက်ဆံရေး သိပ်အေးစက်ပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ဘာကြောင့်လဲ။”

ပိုင်တင်က ဖြေ၏။ “ဘာလို့လဲဆိုတော့ သူတို့က အလင်းရောင်နတ်ဘုရားကို ယုံကြည်တဲ့ အလွန် ဘာသာတရား ကိုင်းရှိုင်းသူတွေ ဖြစ်နေလို့ပါ။ ဒါက သိပ်ရှေးကျတဲ့ ဘာသာတရား တစ်ခုပါ။ ရှီလွန် အင်ပါယာ တောင်ဘက်ကို စစ်ချီလာတုန်းက သူတို့က မြောက်ဘက်စွန်းတိုက်ကြီးမှာ ရှိနေပြီးသားပါ။ ပထမ ရှီလွန် အင်ပါယာ ခေတ်တုန်းကဆိုရင် အဲဒါက ရှီလွန် အင်ပါယာရဲ့ နိုင်ငံတော် ဘာသာတရား ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒုတိယ ရှီလွန်အင်ပါယာ လက်ထက်မှာ ကျုပ်တို့ရဲ့ ယုံကြည်မှု စနစ်က ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်း မရှိတော့ပါဘူး။ ကျုပ်တို့ရဲ့ ယုံကြည်မှု စနစ်က စုံလင်ကွဲပြားလာပြီး လူအများအပြားက နတ်ဘုရားတွေကို မယုံကြည်ကြတော့ပါဘူး။”

ဤအချက်ကို ရှမ့်လန် သိရှိထားသည်။ ရှီလွန် မင်းဆက်၏ ယုံကြည်မှုစနစ်မှာ အမှန်တကယ်ပင် ရှုပ်ထွေးလှသည်။

ပိုင်တင်က ဆက်ပြောလိုက်၏။ “အဲဒါကို သည်းမခံနိုင်တဲ့ လူတစ်စု ရှိတယ်။ သူတို့က စုစည်းပြီး ရှီလွန် တိုက်ကြီးကနေ ထွက်ခွာသွားကြတယ်။ သူတို့က မိုးကုတ်စက်ဝိုင်းလို့ ခေါ်တဲ့ နေရာကို ရောက်လာပြီး အန်းရှီးမြို့ကို တည်ထောင်ခဲ့ကြတာပါ။ ဒါကြောင့် ဒီလူစုက အလင်းရောင်နတ်ဘုရား အပေါ် အလွန်အမင်း ကိုင်းရှိုင်းကြပါတယ်။ ဘာပဲပြောပြော သူတို့က ရှီလွန် အင်ပါယာအတွက် အမြဲ အကျိုးရှိစေတဲ့အတွက် ကျုပ်တို့က သူတို့ကို သိပ်ပြီး ရန်စလိုစိတ် မရှိပါဘူး။

ဒီမြို့ရဲ့ အခြေအနေ ဘယ်လိုပဲရှိရှိ အန်းရှီးမြို့ကတော့ ရှီလွန် အင်ပါယာမှာ အလှပဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ ဘုရင်မမြို့တော်လောက် အိပ်မက်ဆန်တာမျိုး မဟုတ်ပေမဲ့ ဂုဏ်သိက္ခာရှိတယ်။ ခန့်ညားတယ်။ ပြီးတော့ အနည်းငယ် သန့်ရှင်းမြင့်မြတ်မှု ရှိတယ်။ ဘာလို့လဲဆိုတော့ တစ်မြို့လုံးကို စကျင်ကျောက်ဖြူတွေနဲ့ တည်ဆောက်ထား လို့ပါပဲ။ အဲဒါက အလင်းရောင်နတ်ဘုရားရဲ့ အလင်းရောင်ကို ကိုယ်စားပြုတာပါ။ ဒါက အနုပညာ အဆန်ဆုံး မြို့တစ်မြို့ပါ။ ကံမကောင်းစွာနဲ့ပဲ အခုတော့ လုံးဝ ပျက်စီးသွားခဲ့ပါပြီ။”

အပိုင်း (၁၂၂၂)

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်အနေနဲ့ အများကြီး စိတ်မကောင်းပါဘူး။”

ပိုင်တင်သည် စကားတစ်ခွန်း ပြောချင်သော်လည်း ရပ်တန့်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်ပိုင်တင်... ပြောစရာ ရှိရင် ပြောပါ။”

ပိုင်တင်က ပြောလိုက်၏။ “တော်ဝင်ချန်အင်ပါယာရဲ့ အင်အားကြီးမားမှုက ကျုပ်တို့ကို သိပ်ပျော်ရွှင်စေပါတယ်။ အဲဒါက ရော့ဆိုမိသားစုကို ကြယ်တစ်ပွင့်လို တောက်ပလာစေပြီး အချမ်းသာဆုံး ပြည်နယ်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းလှိုင်းပြည်နယ်မှာ သာမက တောင်ပိုင်းတစ်ခုလုံးမှာပါ ကျုပ်ကို စိတ်မသက်မသာ ဖြစ်စေတဲ့ ရေစီးကြောင်းတစ်ခု ရှိနေပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “မြောက်ပိုင်းနဲ့ တောင်ပိုင်း ကွဲကွာမှုအကြောင်း ပြောနေတာလား။”

ပိုင်တင်က ပြောလိုက်၏။ “မှန်ပါတယ် အရှင်... အင်ပါယာ ဆော်ရွန် နန်းတက်စတုန်းက မြောက်ပိုင်းနဲ့ တောင်ပိုင်း ဆက်ဆံရေးက တဖြည်းဖြည်း ပိုနီးကပ်လာပြီး ပဋိပက္ခတွေလည်း နည်းပါးလာခဲ့ပါတယ်။ ဒါက ဒုတိယ အင်ပါယာ ဟယ်လင်ရဲ့ ကြိုးပမ်းမှုကြောင့်လို့ ပြောရင် ရပါတယ်။ ဒါပေမဲ့ အရှေ့ဘက်မှာ အရှင်ရဲ့ တော်ဝင်ချန်အင်ပါယာ လျင်မြန်စွာ ကြီးထွားလာတာနဲ့အမျှ ရော့ဆိုမိသားစုကို ရှီလွန်အင်ပါယာဆီကနေ ဆွဲထုတ်နေတဲ့ ကြီးမားတဲ့ အင်အားစုတစ်ခု ရှိနေသလိုပါပဲ။”

“ဆွဲထုတ်ခြင်း”

ဤစကားလုံးက အလွန် တိကျလှပေသည်။ တော်ဝင်ချန်အင်ပါယာသည် စကြဝဠာထဲမှ ဂြိုဟ်ကြီးတစ်လုံးကဲ့သို့ အဆက်မပြတ် ကြီးထွားလာပြီး ၎င်း၏ထုထည်က ပိုမို ကြီးမားလာသည်။ ၎င်းမှ ထုတ်လွှတ်သော ဆွဲငင်အားသည် လည်း ပိုမို အားကောင်းလာပြီး အနီးနားရှိ ဂြိုဟ်များအပေါ် ကြီးမားသော ဆွဲငင်အား သက်ရောက်စေသည်။ ဆွဲငင်အားက အတိုင်းအတာ တစ်ခုကို ကျော်လွန်သွားပါက အနီးနားရှိ ဂြိုဟ်များကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိပေသည်။

ယခင်က ရော့ဆို မိသားစုသည် အရှေ့က အရှေ့၊ အနောက်က အနောက်ဟု ပြောဆိုလေ့ ရှိသည်။ တော်ဝင်ချန်က တော်ဝင်ချန်၊ ရှီလွန်က ရှီလွန် ဟုသာ ပြောဆိုကြသည်။ ယခုအခါတွင်မူ ရော့ဆို မိသားစုသည် ထိုကဲ့သို့ လုံးဝ မပြောဆိုတော့ဘဲ အရှေ့တိုင်း ဘာသာစကားကို စုပေါင်း သင်ယူနေကြပြီ ဖြစ်၏။

“ဒုတိယ အင်ပါယာ ဟယ်လင် ကိုယ်တိုင်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်စိတ်ရှုပ်ထွေးနေပါတယ်။”

ပိုင်တင်က ပြောလိုက်သည်။ “သူက လိုကီကို သိပ်ချစ်တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက လိုကီကို သူ့နားမှာ ခေါ်ထားခဲ့တာ။ မကြာသေးမီက အရှင် အနောက်လောကကို လာမယ်ဆိုလို့ နယ်စားကြီး ဒီဘိုရာက လိုကီကို ရွှေကျောက်စိမ်းမြို့တော် ဆီ ပြန်ခေါ်လာခဲ့တာပါ။”

ဤစကားကို ကြားသောအခါ ရှမ့်လန်သည် ပိုမို နက်ရှိုင်းသော အဓိပ္ပာယ်များကို ကြားသိလိုက်ရသည်။ ဟယ်လင်သည် ဒီဘိုရာ၏ ရည်မှန်းချက်ကို မြင်တွေ့နေရသည့်အတွက် ဤအရာအားလုံးကို တားဆီးချင်နေခြင်း ဖြစ်၏။

သို့သော်ငြား သူမအနေဖြင့် သိသာလွန်းစွာ လုပ်ဆောင်၍ မရနိုင်သဖြင့် လိုကီကို ကိုယ်တိုင် လေ့ကျင့် သင်ကြားပေးရန် နည်းလမ်းရှာခဲ့ခြင်း ဖြစ်သည်။ လိုကီ၏စိတ်ထဲတွင် မှန်ကန်သော ဒဿနအချို့ကို ရိုက်သွင်းပေးပြီး ဒီဘိုရာ၏ ရည်မှန်းချက် လမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

“လေးစားရပါသော အရှင်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရှင်ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ကျုပ် အဆက်မပြတ် ကြားသိခဲ့ရပါတယ်။ ဒါပေမဲ့ ကျုပ် ပိုပြီး လေးစားမိတာက အရှင်မှာ အာဏာမက်မောမှု မရှိဘဲ လွတ်လပ်ပေါ့ပါးစွာ နေတတ်တာကိုပါပဲ။”

ပိုင်တင်က ဆက်ပြောလိုက်သည်။ “ဒါကြောင့် ဒီစကားတွေကိုပြောရတဲ့ စေတနာကို အရှင် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ဒီဘိုရာ နဲ့ တူညီတဲ့ အတွေးအမြင်ရှိတဲ့သူတွေ အများကြီး ရှိသလား။”

ပိုင်တင်က ပြောလိုက်သည်။ “သူနဲ့ တူညီတဲ့ အတွေးအမြင်ရှိတဲ့သူက သိပ်နည်းပါတယ်။ ဒါပေမဲ့ သူနဲ့ တူညီတဲ့ ရပ်တည်ချက် ရှိတဲ့သူတွေကတော့ အများကြီး ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ပိုင်းနဲ့ တောင်ပိုင်း ပဋိပက္ခကို ဆက်လက် ဖန်တီးနေသမျှ ကာလပတ်လုံး ဗဟိုခွာအားက ပိုမို ကြီးမားလာမှာမို့လို့ပါ။

တောင်ပိုင်းတစ်ခုလုံးက တရားမျှတတဲ့ နေရာတစ်ခုကို လိုလားနေကြပြီး သူတို့အားလုံးက ဒုတိယ အင်ပါယာ ဟယ်လင်ကို အင်ပါယာရဲ့ အုပ်စိုးသူ ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ဟယ်လင်မှာ သားသမီး မရှိပါဘူး။ ဒါကြောင့် မင်းသား လိုကီက သူနဲ့ အရင်းနှီးဆုံး လူတစ်ယောက် ဖြစ်လာတယ်။ လိုကီရဲ့ ခန္ဓာကိုယ်ထဲမှာ ရှီလွန် မင်းဆက်ရဲ့ သွေးသား မစီးဆင်းနေပေမဲ့ ဗီတာ လူမျိုးတွေက ဒါကို ဂရုမစိုက်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗီတာတွေေက ရှီလွန် လူမျိုး မဟုတ်ကြလို့ပါ။ ပြီးတော့ တောင်ပိုင်းတစ်ခုလုံးမှာ ဗီတာလူဦးရေက အများဆုံးပါပဲ။

လက်ရှိအချိန်မှာ ဒုတိယ အင်ပါယာ ဟယ်လင်က သိပ်ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ သူမက ဗီတာတွေရဲ့ အဆင့်အတန်းကို အဆက်မပြတ် မြှင့်တင်ပေးနေတယ်။ ရာထူးတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးနေတယ်။ ဒါပေမဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်း ပဋိပက္ခ ပြင်းထန်လာလေလေ၊ ဗီတာတွေရဲ့ အဆင့်အတန်း မြင့်မားလာလေလေ၊ ဗဟိုခွာအားက ပိုမို ကြီးမားလာလေလေ ဖြစ်နေပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်ပိုင်တင်... ခင်ဗျားရဲ့ စိတ်ရှုပ်ထွေးမှုကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ကျုပ် ခင်ဗျားကို ဘာကတိမှ ပေးလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ စောလွန်းနေသေးလို့ပါ။ ပြီးတော့ ကျုပ်မှာ အင်ပါယာ ဆော်ရွန်နဲ့ ပဋိပက္ခ ရှိနေတယ်။ ဒီပဋိပက္ခက မကြီးမားပါဘူး။ ညှိနှိုင်းလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ထင်တာက ဒါမှမဟုတ် ကျုပ် စိုးရိမ်တာက ဒီပဋိပက္ခဟာ ညှိနှိုင်းလို့ မရနိုင်တဲ့ အခြေအနေအထိ ပြောင်းလဲသွားမှာကိုပါပဲ။”

“အရှင် ဆိုလိုတာက...” ပိုင်တင် အံ့အားသင့်သွား၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ သူက ဒီကိစ္စကို လက်လျှော့မယ်လို့ ခင်ဗျား ထင်သလား။”

ပိုင်တင် ခေါင်းခါလိုက်၏။ သူသည် အင်ပါယာ ဆော်ရွန် အကြောင်း ကောင်းစွာ နားမလည်သော်လည်း အကယ်၍ ဤနဂါးက အနောက်လောကတွင် ပေါ်ထွက်လာပါက သူသည် လက်လွှတ်ခံလိုစိတ် ရှိမည် မဟုတ်ပေ။ သူက ၎င်းကို ရှီလွန်အင်ပါယာ၏ ဒဏ္ဍာရီလာ သားရဲအဖြစ် သေချာပေါက် သတ်မှတ်ပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီနဂါးက ကျုပ်တို့ ကျန်းမိသားစု ပိုင်တာ မဟုတ်လား။”

ပိုင်တင်က ဖြေ၏။ “မှန်ပါတယ်။ ဒီနဂါးကို အရှင်ရဲ့ ခမည်းတော်က အကောင်ပေါက်အောင် လုပ်ခဲ့တာလို့ ဘိုးဘေးလော် ပြောတာ ကြားဖူးပါတယ်။ ဒါကြောင့် ဒါက ကျန်းမိသားစု ပိုင်တာပါ။”

...........

တစ်ရက် ကြာပြီးနောက် ရှမ့်လန်သည် နောက်ဆုံးတွင် အန်းရှီးမြို့၏ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ပြီး ရှေ့မှ မြင်ကွင်းကြောင့် လုံးဝ ကြောင်အသွားခဲ့ရသည်။ ‘ဒါ... ဒါက လုံးဝ ဖျက်ဆီးခံလိုက်ရတာပဲ။’

ဤမြို့သည် လုံလောက်အောင် ကြီးမားသော်လည်း ယခုအခါ လုံးဝ အရည်ပျော်ကျနေပြီး မြေပြင်ပေါ်တွင် ခြောက်သွေ့နေသော ချော်ရည်များဖြင့် ပြည့်နှက်နေသည်။ မိုင်ပေါင်းများစွာ ရှည်လျားသော မြို့တစ်မြို့ လုံးသည် ပျက်စီးသွားခြင်း မဟုတ်ဘဲ တွန့်လိပ်နေသော အပျက်အစီး တစ်ခုအဖြစ် အရည်ပျော် သွားခဲ့ခြင်း ဖြစ်၏။

အလောင်း အများအပြား မရှိချေ။ သောင်းဂဏန်းခန့်သာ ရှိပြီး အားလုံးမှာ မီးကျွမ်းနေကြသည်။ သူတို့သည် မြို့အစွန်တွင် ပြေးလွှားနေကြပြီး ပြေးနေရင်းဖြင့် ပြာကျသွားခဲ့ကြခြင်း ဖြစ်သည်။ အန်းရှီးမြို့ တစ်မြို့လုံးတွင် လူဦးရေ နှစ်သိန်း သုံးသိန်းခန့် ရှိသော်လည်း ကျန်လူများမှာမူ လုံးဝ ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။

“သူက ပင်လယ်ကြမ်းပြင် အောက်ကနေ ထိုးထွက်လာတာ ဖြစ်လောက်တယ်။” ပိုင်တင်က ပြောလိုက်၏။

ရှမ့်လန်သည် တချောင်ကို ပုတ်လိုက်ပြီး အမိန့်ပေးသည်။ “ပင်လယ်ထဲ ဝင်ရအောင်”

တချောင်သည် ရုတ်တရက် အောက်သို့ ထိုးဆင်းလိုက်ပြီး အန်းရှီးမြို့ အနောက်ဘက်ရှိ ပင်လယ်ကြမ်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထင်ထားသည့်အတိုင်းပင် ပင်လယ်ကြမ်းပြင်တွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ရှိနေ၏။

ရှမ့်လန် တောက်ခေါက်လိုက်မိ၏။ ဤနဂါး မည်မျှကြီးမားမည်ကို သူ စိတ်ကူး၍ပင် မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအက်ကွဲကြောင်းကြီးသည် အလွန် တုန်လှုပ်ဖွယ် ကောင်းပြီး အဆုံးမဲ့ တွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ အဘယ်ကြောင့် ၎င်းက အန်းရှီးမြို့ကို ဖျက်ဆီးခဲ့သနည်း။ တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းလား။ သို့မဟုတ် ရိုးရှင်းစွာ ဖျက်ဆီးလိုက်ခြင်းလား။

.........

ထို့နောက် ရှမ့်လန်သည် အန်းရှီးမြို့ကို နာရီဝက်ခန့် ရှာဖွေခဲ့သည်။ ဤနဂါး ဖျက်ဆီးပုံသည် နဂါးနောင်တနှင့် အလွန် တူညီပြီး ထွက်ပေါ်လာသော အပူချိန်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှသည်။

“သွားကြစို့။” ရှမ့်လန်က အမိန့်ပေးလိုက်၏။ ထို့နောက် သူတို့နှစ်ဦးသည် နဂါး ထားရစ်ခဲ့သော ခြေရာများနောက်သို့ လိုက်ကာ မြောက်ဘက်သို့ ဦးတည်သွားခဲ့ကြ၏။

မူလန်နှင့် ဘိုးဘေးလော်တို့ ဆက်လက် လိုက်လံရှာဖွေခဲ့ခြင်းမှာ မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် ခြေရာလက်ရာများမှာ အလွန် ထင်ရှားနေသောကြောင့် ဖြစ်၏။ လေထဲတွင် မီတာထောင်ပေါင်းများစွာ အမြင့်၌ ရှိနေလျှင်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ မြေပြင်ပေါ်တွင် မီးလောင်ကျွမ်းထားသော လမ်းကြောင်းတစ်ခု ရှိနေပြီး ၎င်းမှာ နဂါး ဖြတ်ပျံသွားစဉ်က ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အပူရှိန်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

“ကျုပ်တို့ ရောက်လာတုန်းကဆိုရင် မြေကြီးက နီရဲနေတုန်းပဲ။”

ပိုင်တင်က ပြောလိုက်၏။ “အဲဒါကြောင့် မိဖုရားခေါင်ကြီးနဲ့ ဘိုးဘေးလော်တို့က ဆက်လိုက်သွားဖို့ ဆုံးဖြတ်လိုက်ကြတာ။ ပြီးတော့ ကျုပ်ကို ရွှေကျောက်စိမ်းမြို့တော်ဆီ ပြန်ပြီး သတင်းပို့ခိုင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ အရှင် လာမယ့် ရက်အနည်းငယ်အတွင်း ရောက်လာမှာကို စိုးရိမ်လို့ပါ။”

ရှမ့်လန် ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဦးသည် မြေပြင်ပေါ်ရှိ ခြေရာများအတိုင်း မြောက်ဘက်သို့ ဆက်လက် လိုက်ပါသွားခဲ့ကြသည်။ ဤနဂါးက ဘယ်နေရာကို သွားနေသနည်း။ နှစ်ရက်နှင့် နှစ်ည ပျံသန်းပြီးနောက် ဤလမ်းကြောင်းအတိုင်း သူတို့သည် မိုင်ပေါင်း တစ်သောင်းနီးပါး လိုက်ပါလာခဲ့ကြသည်။

သူတို့သည် နဂါးကို မတွေ့ရှိသေးသလို ဘိုးဘေးလော်နှင့် မူလန်တို့ကိုလည်း မတွေ့ဆုံရသေးပေ။ ရှမ့်လန်သည် နဂါး ထားရစ်ခဲ့သော ခြေရာများနောက်သို့ ဆက်လက် လိုက်ပါသွားခဲ့၏။ ရုတ်တရက် မြေပြင်ပေါ်ရှိ မီးလောင်ကျွမ်းထားသော ခြေရာများ ပျောက်ကွယ်သွားခဲ့၏။

ဤအရာက အရမ်း ထူးဆန်းနေ၏။ မိုင်ပေါင်း တစ်သောင်းကျော် ရှည်လျားသော ခြေရာများက ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။ ဤနေရာသည် မြေပြင်၏ အဆုံး မဟုတ်သေးပေ။ ပင်လယ် မဟုတ်သေးပေ။ ဤနေရာသည် မြေပြင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး နဂါး၏ မီးလောင်ရာများသည် တဖြည်းဖြည်း မှေးမှိန်သွားခြင်း မဟုတ်ဘဲ ထင်ရှားနေဆဲ ဖြစ်သည်။

တောင်တန်းများ ဖြစ်စေ၊ မြေပြင် ဖြစ်စေ သစ်ပင်အားလုံး မီးလောင်ကျွမ်းနေပြီး ကျောက်တုံးများနှင့် မြေဆီလွှာ အားလုံးသည်လည်း နီရဲအောင် ပူကျက်ပြီးမှ အေးစက်သွားခဲ့ခြင်း ဖြစ်သည်။ ဘာကြောင့် ရုတ်တရက် ပျောက်ကွယ် သွားရသနည်း။

ထို့အပြင် ဤနေရာသည် သာမန် မြေပြင်သာဖြစ်ပြီး တွင်းနက်ကြီးများ၊ ဂူများနှင့် အက်ကွဲကြောင်းများ မရှိပေ။ နဂါးသည် ဤနေရာတွင် မြေကြီးထဲသို့ တိုးဝင်သွားခြင်း မဖြစ်နိုင်ပေ။ နဂါးသည် ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားပြီး အလွန် မြင့်မားစွာ ပျံသန်းသွားသောကြောင့် မြေကြီးကို မီးမလောင်ကျွမ်းစေတော့ခြင်းလား။

ဘာကြောင့် ဤသို့ ဖြစ်ရသနည်း။ ယခင်က အမြင့်ပေ တစ်ခုတည်းတွင်သာ ပျံသန်းလာခဲ့ပြီး ဘာကြောင့် ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားရသနည်း။

မူလန် ဘယ်ရောက်သွားပြီနည်း။ ဘိုးဘေးလော် ကော။

“ဒါက သိပ်ထူးဆန်းတယ်။ အကယ်၍ နဂါးက ဒီနေရာမှာ ကောင်းကင်ကို ထိုးတက်သွားတယ်ဆိုရင် ဘိုးဘေးလော်နဲ့ မိဖုရားခေါင်ကြီးတို့လည်း ဒီနေရာကို ရောက်လာခဲ့မှာပဲ။ သူတို့က စာချန်ထားခဲ့တာမျိုး၊ မြေကြီးပေါ်မှာ စာရေးထားခဲ့တာမျိုး လုပ်ခဲ့မှာ သေချာတယ်။ ကျုပ်တို့ သေချာပေါက် လိုက်လာမယ်ဆိုတာ သူတို့ သိနေတာပဲ။” ပိုင်တင်က ပြောလိုက်သည်။

မှန်ပေသည်။ ဤသည်မှာ အလွန် ထူးဆန်းလှသည်။ ဤဧရိယာတွင် မည်သည့် အမှတ်အသားမှ မကျန်ရှိသလို စာလည်း မရှိပေ။ ဘိုးဘေးလော်နှင့် မူလန်တို့ ဘယ်ရောက်သွားကြသနည်း။

သဘာဝကျစွာပင် ရှမ့်လန် အနေဖြင့် သူတို့၏ လုံခြုံရေးအတွက် သိပ်စိုးရိမ်စရာ မလိုပေ။ ရှမ့်ယီ၏ ပြောစကားအရ မူလန်သည် လုံလောက်အောင် စွမ်းအားကြီးမားနေပြီ ဖြစ်ပြီး ဘိုးဘေးလော်သည် ပို၍ပင် စွမ်းအား ကြီးမားလှသည်။ သူမ၏ ကျင့်ကြံမှုသည် ဂိုဏ်းချုပ်ရန်ထက်ပင် ပိုမို မြင့်မားကောင်း ၊ မြင့်မားနိုင်သည်။ သို့သော်ငြား အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားကြသနည်း။

ရှမ့်လန်သည် အနိမ့်ပိုင်းတွင် ဆက်လက် ပျံသန်းပြီး ဤနေရာရှိ တည်နေရာတိုင်းကို ရှာဖွေရန် သူ၏ စွမ်းအားကြီးမားသော စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဘိုးဘေးလော်နှင့် မူလန်တို့ စကားလုံး တစ်စုံတစ်ရာ ထားရစ်ခဲ့ခြင်း ရှိမရှိ သူ သိချင်နေမိသည်။

သို့သော်ငြား သူ ဘာမှ ရှာမတွေ့ခဲ့ပေ။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ မူလန်နှင့် ဘိုးဘေးလော်တို့သည် စကားလုံး အချို့တော့ သေချာပေါက် ထားရစ်ခဲ့ပေလိမ့်မည်။ ရှမ့်လန်သည် မူလနေရာသို့ ပြန်သွားပြီး နဂါး၏ မီးလောင်ရာ လမ်းကြောင်း ပျောက်ဆုံးသွားသော နေရာသို့ ပြန်ရောက်သောအခါ X-ray အမြင်ကို ဖွင့်လိုက်၏။

ထင်ထားသည့်အတိုင်းပင် သူ တွေ့ရှိလိုက်ရ၏။ မူလန်သည် ဤနေရာတွင် စာအချို့ ရေးသားထားခဲ့ပြီး ၎င်းမှာ အလွန် ဝါးတားတား ဖြစ်နေသည်။ ဤဧရိယာသည် နဂါး၏ အပူရှိန်ကြောင့် မြေပြင်တစ်ခုလုံး အရည်ပျော်ကျပြီး အထူးကျောက်တုံး တစ်မျိုးအဖြစ် အခဲလိုက် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် ထူးခြားမှု တစ်စုံတစ်ရာ မရှိသကဲ့သို့ ဖြစ်နေသည်။

သို့သော်ငြား မူလန်သည် ၎င်းအပေါ်တွင် မီးလျှံကို အသုံးပြု၍ စာရေးသားခဲ့ပြီး ၎င်းသည် အထူးသတ္တု တစ်မျိုးဖြင့် ပြုလုပ်ထားသော မီးလျှံ ဖြစ်သည်။ သာမန် မျက်စိဖြင့် ကြည့်လျှင် လုံးဝ ခြားနားမှု မရှိသော်လည်း X-ray အမြင်အောက်တွင်မူ စာလုံးများသည် အလွန် ရှင်းလင်းနေသည်။

“ယောက်ျားရေ... ရွှေကျောက်စိမ်းမြို့တော်ကို မြန်မြန်ပြန် .... နဂါးရဲ့ နောက်ထပ်ပစ်မှတ်က ရွှေကျောက်စိမ်း မြို့တော်ပဲ။ ချစ်တယ်။ ချစ်တယ်။ ရှင့်ကို ချစ်တဲ့ မူလန်...”

ဤအချိန်၌ပင် မူလန်သည် ‘ချစ်တယ်’ ဟူသော စကားလုံးကို သုံးစွဲနေဆဲပင်။ သို့သော်ငြား ပါဝင်သော အကြောင်းအရာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး မူလန်၏ လက်ရေးမှာ အလွန် ဖရိုဖရဲ ဖြစ်နေသဖြင့် အလျင်စလို ရေးသားထားကြောင်း သိသာလှ၏။

ထို့အပြင် ရှမ့်လန် ရွှေကျောက်စိမ်းမြို့တော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူမ မသိရှိနိုင်ပေ။ သူမ အကြမ်းဖျင်း ခန့်မှန်းထားခြင်းသာ ဖြစ်ပေလိမ့်မည်။

နဂါး၏ နောက်ထပ် ပစ်မှတ်က ရွှေကျောက်စိမ်းမြို့တော် ဟုတ်လား။ အဘယ်ကြောင့်နည်း။ ဤမြို့များကို ဖျက်ဆီးရန် သူ့တွင် ပစ်မှတ် ရှိနေသည်လား။ အဘယ့်ကြောင့် ရွှေကျောက်စိမ်းမြို့တော် ဖြစ်ရသနည်း။ လုံးဝ အဓိပ္ပာယ် မရှိပေ။

မူလန်သည် အချိန် အလွန်နည်းပါးနေသဖြင့် အကြောင်းပြချက် ရေးသားရန်ပင် အချိန်မရခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နဂါး၏ နောက်ထပ် ပစ်မှတ်က ရွှေကျောက်စိမ်းမြို့တော်ဖြစ်ကြောင်း မူလန် သေချာနေသည်ဆိုလျှင် သူမ ဘာကြောင့် ပြန်မသွားသနည်း။

ရွှေကျောက်စိမ်းမြို့တော်သည် ဒီဘိုရာ၏ နယ်မြေ ဖြစ်ပြီး ထိုနေရာတွင် အရှေ့တိုင်းသား သောင်းနှင့်ချီ ရှိနေသည်။ ရှမ့်ယီ သည်လည်း ရွှေကျောက်စိမ်းမြို့တော် တွင် ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် မူလန်နှင့် ဘိုးဘေးလော်တို့သည် ဤနေရာတွင် အရေးပေါ်ကိစ္စတစ်ခုနှင့် ကြုံတွေ့နေရပြီး ပြန်သွား၍ မရတာမျိုး ဖြစ်နိုင်သည်။

ထိုသို့ဆိုလျှင် ဘိုးဘေးလော်ကဲ့သို့ ထိပ်တန်း အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီး တစ်ဦးကို ဤမျှ စိုးရိမ်ပူပန်စေသော သူမှာ မည်သူ ဖြစ်နိုင်မည်နည်း။ အဖြေက ပေါ်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ ကျောက်စိမ်းဖြူမြို့တော်လား။

ရှမ့်လန်သည် ပူးပေါင်းကြံစည်မှု အနံ့အသက်ကို ရရှိလိုက်သည်။ တုန်လှုပ်ဖွယ် ကောင်းသော ပူးပေါင်းကြံစည်မှု တစ်ခုပင်။ နဂါးက အဘယ့်ကြောင့် ရွှေကျောက်စိမ်းမြို့တော် ကို ဖျက်ဆီးချင်ရသနည်း။ တစ်စုံတစ်ယောက်က လမ်းညွှန်နေခြင်းလား။

အနည်းဆုံး ယခုအချိန်အထိ မည်သူမှ နဂါးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ သူက အလွန် စွမ်းအား ကြီးမားလွန်းလှသည်။ ရှမ့်လန်၏ ကောက်ချက်အရ တော်ဝင်ရန်အရှင်သည် နဂါးကို ထိန်းချုပ်နိုင်ရန် နဂါးဉာဏ်ပညာကို နားလည်သဘောပေါက်ရန် နှစ်အနည်းငယ် လိုအပ်ဦးမည်။

သူ နောက်ဆက်တွဲ ဘာလုပ်သင့်သနည်း။ မြောက်ဘက်သို့ ဦးတည်ပြီး မူလန်နှင့် ဘိုးဘေးလော်ကို ဆက်လက် ရှာဖွေသင့်လား။ သို့မဟုတ် တောင်ဘက်သို့ ဦးတည်ပြီး ရွှေကျောက်စိမ်းမြို့တော်သို့ ပြန်သင့်လား။

ရှမ့်လန်သည် လျှင်မြန်စွာပင် အဖြေတစ်ခု ရရှိလိုက်သည်။ မူလန်နှင့် ဘိုးဘေးလော်တို့သည် ကျောက်စိမ်းဖြူမြို့မှ လူများနှင့် တွေ့ဆုံရလျှင်ပင် သူတို့၏ အသက်အန္တရာယ် ရှိလိမ့်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက် အနေဖြင့် ရွှေကျောက်စိမ်းမြို့တော် သည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ဒီဘိုရာ ထိုနေရာတွင် ရှိနေပြီး ရှမ့်လန်၏ သားနှစ်ယောက်လုံး ထိုနေရာတွင် ရှိနေကြသည်။ အန်းရှီးမြို့မှ မြင်ကွင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ အကယ်၍ နဂါးက ရွှေကျောက်စိမ်းမြို့တော်ကို ဖျက်ဆီးချင်သည် ဆိုပါက မည်သူမှ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

“သွားစို့၊ သွားစို့၊ သွားစို့... ရွှေကျောက်စိမ်းမြို့တော် ကို ချက်ချင်း ပြန်ကြမယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်ပိုင်တင်... ကျုပ်ရဲ့ ခန့်မှန်းချက် မှန်သွားပြီလို့ ထင်တယ်။ တစ်စုံတစ်ယောက်က နဂါးကို အသုံးပြုပြီး ရွှေကျောက်စိမ်းမြို့တော်ကို ဖျက်ဆီးချင်နေတယ်။”

All Chapters